[Unicode]
"ကိုမဟာ ကျွန်တော်သားနဲ့ ပတ်သက်ပြီး ကျွန်တော် တောင်းပန်ပါတယ်"
ဖုန်းထဲမှထွက်လာသော တစ်ဖက်လူ၏ အသံကြောင့် ဦးခွန်းမြတ်မဟာ ပြုံးလိုက်သည်။ ထိုသို့ဖုန်းဆက်ပြီး တောင်းပန်စကားဆိုလာမည်ဆိုသည်ကိုလည်း သူသိပါသည်။ လွန်ခဲ့တဲ့ နာရီဝက်လောက်က ခွန်းဆက်သူငယ်ချင်းတွေက ခွန်းဆက်နဲ့ မာန့်အားလာပို့ကာ အကြောင်းစုံရှင်းပြသွားသည်ကြောင့် သူသိပြီးသားဖြစ်သည်။ ခွန်းဆက်ဘက်က လက်လွန်ခဲ့သည်ဆိုပေမယ့် တကယ်အပြစ်လုပ်ထားသူက သူတိူ့ဘက်ကဖြစ်နေသည်ကြောင့် တရားစွဲမည်တော့ မဟုတ်ပေ။ အကယ်၍ တရားစွဲလာခဲ့လျှင် ငွေအင်အားသုံးပေးလျှင် အဆင်ပြေသည်။ ဥပဒေ၏ အထက်တွင် ငွေရှိနေသည် မဟုတ်ပါလား။ ငွေဆိုသည့်အရာက စကားလုံးလေး တစ်လုံးထဲဆိုပေမယ့် သိပ်ကိုစကားပြောပါသည်။ ငွေကြောင့် အမှန်ကနေလည်း အမှားဖြစ်သွားနိုင်သလို အမှားကနေလည်း အမှန်ဖြစ်သွားနိုင်သည်လေ။
ဦးခွန်းမြတ်မဟာ နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်သည်။ ထို့နောက် မတင်းလွန်းမလျှော့လွန်းသော လေသံဖြင့် တစ်ဖက်လူအား ပြတ်ပြတ်သားသား ပြောလိုက်သည်။
"နောက်တစ်ခါ ကျွန်တော့်သားနှစ်ယောက်ဆီကိုသာ လာမရှုပ်ပါစေနဲ့... ဒီတစ်ခါတော့ ခင်ဗျားမျက်နှာကြောင့် ဘာမှမဖြစ်ခဲ့သလိုထားလိုက်မယ်... နောက်ဆို ကျွန်တော့်အဆိုးမဆိုပါနဲ့"
"ဟုတ်ကဲ့ စိတ်ချပါ... ကျွန်တော်သူ့ကို နိုင်ငံခြားပို့တော့မှာပါ... ဒါကြောင့် နောက်တစ်ခါ မရှိစေရပါဘူး... ဒီတစ်ခါအတွက် ကျေးဇူးတင်ပါတယ်"
"ကောင်းပါပြီ"
ခွန်းမြတ်မဟာ ဖုန်းချလိုက်ပြီး သူရှေ့တွင်ထိုင်ကာ ဒေါသထွက်နေသော သားဖြစ်သူကိုကြည့်လိုက်သည်။ မင်္ဂလာပွဲကို အသည်းအသန်ငြင်းခဲ့သော ခွန်းဆက်ရောင်နီနှင့် အခုသူရှေ့မှာ ထိုင်နေသော ခွန်းဆက်ရောင်နီက တစ်ယောက်တည်းလားဟုပင် မေးယူရလောက်အောင်ထိ ကွဲပြားနေသည်။ ဒီလောက်အချိန်လေးအတွင်း ခွန်းဆက်ကို ခံစားချက်တွေရှိသွားအောင် လုပ်နိုင်သော သား အလင်္ကာသည် တကယ်ကိုချီးကျူးလောက်ပါသည်။ ခွန်းဆက် ထိုသို့ဖြစ်သွားအောင်လည်း အမေတူသားလေး အလင်္ကာက တကယ့်ကိုအလှတရားလေးပင်။
ဦးခွန်းမြတ်မဟာ သူ့သားကိုကြည့်ကာ ပြုံးလိုက်သည်။
"သားငယ်"
"Daddy ဘာလို့ ဒီအတိုင်းအလျှော့ပေးလိုက်တာလဲ"
ဒေါသတကြီး ဟိန်းထွက်လာသော ခွန်းဆက်အသံ။အသက်ရှုသံတို့က သိသိသာသာပြင်းထန်လို့နေသည်။ အက်ကွဲစွာထွက်လာသော အသံမှာလည်း ဒေါသထွက်နေခြင်း၏ သက်သေပင်ဖြစ်သည်။ သားဖြစ်သူ ဒီလောက်ထိ စိတ်တိုဒေါကထွက်နေခြင်းကို မြင်ဖူးခြင်းသည် ဦးခွန်းမြတ်အတွက် ပထမဆုံးပင်ဖြစ်သည်။ မင်္ဂလာဆောင်ရန် အတင်းအကျပ်ဖိအားပေးခံရတုန်းက ခွန်းဆက်ဒီလောက်ထိ ဒေါသမထွက်ခဲ့ပေ။
သူသာနောက်ကျမှရောက်သွားခဲ့လျှင်ဆိုသော စိုးရိမ်ပူပန်မှုက ယခုချိန်ထိမပြယ်သေးပေ။ ပိုင်စိုးဟန်တွဲထားသော မာန့်ပုံစံကို ပြန်မြင်ယောင်လာတိုင်း ပိုင်စိုးဟန်အား အသေသတ်ပစ်ချင်စိတ်များက မထိန်းနိုင်မသိမ်းနိုင်ရုန်းကြွလို့လာသည်။
"မင်းကို လျှော့ပေးတယ်လို့ ဘယ်သူပြောတာလဲ"
ဦးခွန်းမြတ်မဟာ ခွန်းဆက်ကို မျက်ခုံးပင့်ကာမေးသည်။
"အခုပဲ daddy ပြောတာလေ... ဒီနေ့ မိုးထက်တို့သာ အဲ့မှာမရှိခဲ့ရင် မာန်...ဟာကွာ"
ခွန်းဆက် ဆက်မပြောနိုင်တော့သလို လက်နှစ်ဖက်ဖြင့် ဆံပင်များကို ထိုးဆွပစ်သည်။ရင်ဘက်ကလည်း အရှိန်ပြင်းစွာ နိမ့်ချည်မြင့်ချည်ဖြစ်လို့နေသည်။မိုးထက်တို့မရှိခဲ့လျှင်ဆိုသည့်နောက်တွင် ခွန်းဆင် ဆက်တွေးဖို့ မ၀ံ့ရဲ။
ဦးခွန်းမြတ်မဟာက အပြုံးလေးဖြင့်
"ကဲ ငါ့သား သွားနားတော့... အလင်္ကာကို တစ်ယောက်တည်း မထားထားနဲ့"
ခွန်းဆက်လည်း သူ့ဖခင်စကားကြောင့် ခေါင်းညိတ်လိုက်ကာ သူ့အခန်းရှိရာဆီ လှမ်းခဲ့တော့သည်။ လှေကားမှ အပေါ်သို့တက်သွားသော သားဖြစ်သူအားကြည့်ကာ
"ဒီမယ် ငါ့သား... မင်းနဲ့အလင်္ကာတို့ကို ထိပါးလာတဲ့သူတိုင်းကို daddy က လွယ်လွယ်လွှတ်ပေးမယ်လို့များ မင်းထင်နေရော့သလား"
*********************************
ခွန်းဆက် အခန်းထဲဝင်လာတော့ ကုတင်ပေါ်တွင် အေးချမ်းစွာ မှေးဆက်နေသူ၏ မျက်နှာလေးကို စိုက်ကြည့်မိသည်။ မျက်ဝန်းများကို မှိတ်ထားသည်မို့ ဖြူစင်သော မျက်နှာလေးက အေးချမ်းနေသည်။မျက်တောင်ရှည်ရှည်များက ဖြာစင်းနေလျှက်။ နဖူးပေါ် ဆံပင်လေးများ ကျိုးတိုကျဲတဲ ကျနေပုံက ကလေးလေးသဖွယ်။ နှာတံစင်းစင်းနှင့် ပါးဖောင်းဖောင်းလေးများက လိုက်ဖက်ညီစွာ။ညာဘက် ပါးမို့လေးပေါ် တည်ရှိနေသာ မှဲ့နက်ကလေးက ခွန်းဆက်၏ ကမ္ဘာ ကို နစ်မြုပ်ထားဟန်။ နှင်းဆီလိုရဲနေသော နှုတ်ခမ်းဖူးဖူးလေးက ကြမ်းရမ်းပစ်ချင်စရာ။
ခွန်းဆက် ကုတင်ပေါ် တစောင်းဝင်ထိုင်လိုက်ကာ မာန့်ဘေးတစ်ဖက်တစ်ချက်တွင် လက်ထောက်လျှက်အပေါ်စီးကနေ မာန့်မျက်နှာကို အုပ်မိုးကြည့်နေသည်။ အချိန်အတော်ကြာစိုက်ကြည့်ပြီးနောက် ညာဘက်လက်တစ်ဖက် မြှောက်တက်သွားကာ လက်ညိုးလေးဖြင့် မျက်တောင်ရှည်ရှည်လေးများကို ဖွဖွတို့ထိကြည့်နေသည်။တစ်ဖန်နှာတံတစ်လျှောက် လက်ညိုးလေးဖြင့် ဖွဖွပွတ်သပ်လာရင်း နှုတ်ခမ်းလေးအနားအရောက် ရပ်တန့်သည်။
နီရဲနေသော နှုတ်ခမ်းဖူးဖူးလေးအားကြည့်ကာ ခွန်းဆက် ရေငတ်လို့လာသည်။ လက်မဖြင့် အပေါ်နှုတ်ခမ်းလွှာလေးကို ဖွဖွတို့ထိကြည့်မိတော့ ထိုလက်မမှတစ်ဆင့် ခန္ဓာကိုယ်ထဲသို့ လျှပ်စီးကြောင်းစီးဆင်းသွားသလို တုန်တက်လို့သွားသည်။ ဖွဖွတို့ထိကြည့်နေရာမှ အားဖြင့်ဖိလိုက်မိတော့ နှုတ်ခမ်းနှစ်လွှာပွင့်ဟလို့သွားကာ ခွန်းဆက်၏ လက်မလေးက ပူပူနွေးနွေးအာခံတွင်းလေးထဲ ၀င်ရောက်လို့သွားသည်။ ခွန်းဆက် တစ်ကိုယ်လုံး အေးစက်တောင့်ခဲသွားတော့သည်။ ချက်ချင်းပင် လက်မအားနောက်သို့ ပြန်ဆွဲယူလိုက်သည်။ ထိုလက်ဖြင့်ပင် မှဲ့နက်လေးရှိသော ပါးပြင်လေးအား အသာပွတ်သပ်နေလိုက်သည်။
အသက်ရှုသံမှန်မှန်လေးဖြင့် အိပ်ပျော်နေသော မာန့်ကိုကြည့်ရင်း ပါးဖောင်းဖောင်းလေးတစ်ဖက်ကို ပွတ်သပ်ကာဖြင့် ခွန်းဆက် တစ်ယောက်တည်း ရေရွတ်သည်။
"ပိုင်ချင်တယ်... မဟုတ်ဘူး ခင်ဗျားက ကျွန်တော့်အပိုင်ပဲ... အလင်္ကာမုန်းမာန်ဆိုတဲ့ခင်ဗျားက ခွန်းဆက်ရောင်နီဆိုတဲ့ ကျွန်တော်တစ်ယောက်တည်းရဲ့ အပိုင်ပဲ ဖြစ်ရမယ်... ကျွန်တော်ကလွဲရင် ခင်ဗျားကို ဘယ်သူမှ မပိုင်စေရဘူး...ဘယ်သူ့ကိုမှလဲ ပိုင်ဆိုင်ခွင့်မပေးနိုင်ဘူး...ဘယ်သူမှလည်း လုယူလို့မရစေရဘူး... ခင်ဗျားကိုယ်တိုင်တောင် ခင်ဗျားကိုယ် ခင်ဗျား မပိုင်တော့တဲ့အထိ ခင်ဗျားက ကျွန်တော့်အပိုင်ပဲ"
ထို့နောက် ခွန်းဆက် ခေါင်းလေးကို အသာငုံ့လာရင်း နီနီရဲရဲ နှုတ်ခမ်းဖူးဖူးလေးကို ငုံထွေးလိုက်တော့သည်။ အချိန်အတော်အကြာအထိ နှုတ်ခမ်းသားနှစ်ခုသည် ဂဟေစပ်ထားသည့်အတိုင်း ထိစပ်နေခဲ့ကြသည်။
*********************************
"ပိုင်စိုးဟန် မင်းအရှက်မရှိဘူးလားဟမ်... အဲ့ဒါ ကာမပိုင်ရှိတဲ့ ယောက်ကျားကွ"
ဦးမင်းဟန် တစ်ယောက် ဆေးရုံကုတင်ပေါ်တွင် ထိုင်ကာ ခေါင်းငိုက်စိုက်ချထားသော မိမိသားဖြစ်သူကို စိတ်ပျက်စွာကြည့်မိသည်။ ငယ်ငယ်ကတည်းက ပိုးလိုမွေးခဲ့ရသော သားဖြစ်သူ၏မျက်နှာထက် ဒဏ်ရာဒဏ်ချက်များကို မြင်ရသည်က မိမိရင်ကို ဓားနဲ့မွှန်းနေသလို နာကျင်လှသည်။ သို့်ပေမယ့် တစ်ဖက်အသိုင်းအ၀ိုင်းက ထိပါးချင်တိုင်းထိပါးလို့ရတဲ့ သူတွေမဟုတ်။ ထိုသူတွေအနေဖြင့် လူတစ်ယောက်ကို ဘယ်သူမှမသိအောင် ရှင်းပစ်လိုက်ဖို့ဆိုတာ ကလေးကစားသလို လွယ်ကူသည်။ မိမိသားကိုပင် ဒီလောက်လွှတ်ထားပေးတာဖြင့် ကျေးဇူးတင်စရာကောင်းနေပေသည်။
"မနက်ဖြန် မင်းအဒေါ်တွေရှိတဲ့ ပြင်သစ်ကို သွားဖို့စဉ်းစားထား"
"Daddy!!"
သူပြောတော့ သားဖြစ်သူဆီက အထွန့်တက်သလိုအသံမျိူး ထွက်လာခဲ့သည်။ ဦးမင်းဟန် သားဖြစ်သူကို ကြည့်ရင်း ရင်ထဲဆို့နစ်လို့လာခဲ့သည်။
မင်းအတွက်ပါ သားရယ်... မင်းအတွက်ပါ.....
"ဒီမယ် ပိုင်စိုးဟန်... မင်းဘယ်သူ့ကို သွားထိခဲ့လဲသိလား"
"သားသိပါတယ်"
ထွက်လာသံက တိုးတိုးသာသာ။အမြဲတမ်းခေါင်းမော့ရင်ကော့နေတက်သူက ဆို့နစ်ကြေကွဲနေဟန် ခေါင်းငိုက်စိုက်ချထားပုံက ဖခင်ဖြစ်သူအတွက် ရင်ကွဲစရာ။ ရင်နာလိုက်တာ သားရယ်။ မင်းရဲ့ ဒီလိုပုံစံက ဒီဖအေကို ရင်ကွဲစေလိုက်တာ သားရယ်။ မင်းချစ်တဲ့သူသာ ကာမပိုင်မဟုတ်ခဲ့ရင် အဖေဒူးထောက်ပြီးတောင် ငါ့သားစိတ်တိုင်းကျ ဖြစ်စေရပါမယ်။ ဒါပေမယ့် သားရယ်။
"အေး...သိတယ်ဆို ကိုယ့်စိတ်ကိုကိုယ် ပြင်ဆင်တော့"
"သား အစ်ကို့ကို ချစ်တယ် daddy "
"မင်းပြောလေဆိုးလေပါလား... သူတို့ရဲ့အရှိန်အဝါနဲ့ လုပ်ပိုင်ခွင့်တွေက ငါတို့ကို မြောင်းထဲရောက်သွားစေမယ့်အပြင် မင်းကိုပါ ဒီ ကမ္ဘာပေါ်က မရှိခဲ့ဖူးတဲ့ လူတစ်ယောက်လိုလုပ်ပစ်နိုင်တယ်ကွ"
သူပြောတော့ ဘာမှပြန်မပြော။ ခေါင်းကိုသာ ငိုက်စိုက်ထားသည်။ ငိုနေပြီဆိုသည်ကိုတော့ ကြမ်းပြင်ပေါ်တစ်စက်စက်ကျနေသော ရေစက်ကလေးများက သက်သေပြနေသည်။
အဖေ ရင်တွေနာလိုက်တာ သားရယ်.....
မိတဆိုးလေးဖြစ်တဲ့သားဖြစ်သူကို လိုတိုင်းတ တတိုင်းရနိုင်တဲ့ ဘ၀မျိုးမှာပျော်ရွှင်စွာ ကြီးပြင်းစေခဲ့တဲ့သူ့အတွက် သားဖြစ်သူရဲ့ မျက်ရည်တွေဟာ ငရဲတစ်ပါးပင်။ ဦးမင်းဟန် အံ့ကိုကြိတ်လက်သီးကို တင်းတင်းဆုပ်ကာ ပိုင်စိုးဟန်ကို ကျောခိုင်းလိုက်သည်။
"Daddy စကားနားထောင်ပါ သား... မနက်ဖြန် ပြင်သစ်ကို သွားဖို့ပြင်ဆင်ပါ"
ဦးမင်းဟန် ဆေးရုံခန်းထဲတွင် ပခုံးများလှုပ်နေသည်အထိ ငိုရှိုက်နေသော သားဖြစ်သူကို အခန်းအပြင်ဘက်မှ ကြည့်နေရင်း မျက်နှာတွင်လည်း မျက်ရည်များစွာနှင့်။
"မင်းအတွက်ပါ ကလေးရယ်...သိပ်ကိုကြောက်ဖို့ကောင်းတဲ့ ဒီမိသားစုနဲ့ဝေးရာကို ပို့ရတာ သားအတွက်ပါ"
*************************************
"Daddy "
Daddy ဟုခေါ်ကာ မျက်ရည်တစ်ပိုင်းနဲ့ မိမိဆီပြေးလာသော သမီးဖြစ်သူအား ဟိန်းလင်းလျာ ရင်ခွင်ဖွင့်ကာ ကြိုလိုက်သည်။ကိုယ်လုံးလေး တုန်ခါနေသည်အထိ ရင်ခွင်ထဲဝယ် ကလေးတစ်ယောက်လို ရှိုက်ကြီးတငင်ငိုနေသော သမီးဖြစ်သူ၏ ခေါင်းလေးကို ပွတ်သပ်ပေးနေရင်း
"ဘာဖြစ်လာတာလဲ သမီး"
"ကိုကို... ကိုကိုကလေ အင့်"
စကားကိုဆုံးအောင် မပြောနိုင် ရှိုက်သံများနှင့်ငိုကြွေးနေသော သမီးဖြစ်သူမျက်နှာလေးကို ပင့်မော့စေကာ နဖူးထက်ကျနေသော ဆံစလေးများကို သပ်တင်ပေးလိုက်သည်။ ထို့နောက် နူးညံ့သောအပြုံးလေးဖြင့် ကြည့်ကာ လေပြေလေးဖြင့် ချော့ကာမေးသည်။
"သမီးကိုကိုက ဘာဖြစ်လို့လဲ "
"ကိုကိုက ဟိုကောင့်ကို တကယ်ချစ်သွားပြီထင်တယ် daddy...သမီး ကိုကို့ကို မပိုင်ဆိုင်ရတော့ဘူးလားဟင်"
ပြောရင်း မျက်ရည်များ တာကျိုးသလိုစီးကျလာသော မာယာ။ လင်းလျာ မာယာမျက်ရည်များကို ညင်သာစွာသုတ်ပေးလိုက်သည်။
"သမီးက ဘာဖြစ်လို့ အဲ့လိုထင်နေတာလဲ"
မာယာ ငိုသံများကိုထိန်းလိုက်ရင်း ဖခင်ဖြစ်သူအား ဖြစ်ပျက်ခဲ့သော အကြောင်းစုံကို ပြောပြလိုက်သည်။ ထိုသို့ပြောနေစဉ် ရှိုက်သံများကလည်း တစ်ခါတစ်ခါ ထွက်ပေါ်နေသေးသည်။
"သမီး daddy ကိုကြည့်"
မာယာ ဖခင်ဖြစ်သူ မျက်နှာကိုကြည့်မိတော့ အပြုံးလေးတစ်ပွင့်ဆင်မြန်းထားသည်ကို တွေ့ရသည်။ ထိုအပြုံးက သူ့ရင်ကို အေးချမ်းသွားစေခဲ့သည်။
"သမီး ကိုကိုက သမီးအတွက်ပဲ ဖြစ်စေရမယ်...daddy ကိုယုံနော်"
မာယာ ခေါင်းလေးညိတ်ပြလိုက်ကာ ရင်ခွင်ထဲပိုတိုးဝင်လိုက်သည်။
"ကဲ သွားနားတော့ သမီး"
"ဟုတ်"
ဟိန်းလင်းလျာ သမီးဖြစ်သူ ထွက်သွားရာဆီကိုကြည့်ပြီးနောက် ဖုန်းကိုယူကာ နံပါတ်တစ်ခုဆီ ခေါ်ဆိုလိုက်တော့သည်။ ကြောက်စရာအတိပြီးသော အပြုံးကိုလည်း နှုတ်ခမ်းထက် ဆင်မြန်းထားသေးသည်။
"Hello"
"....."
"ငါ K group ရဲ့ သားမက်ဖြစ်သူကို အရှင်လိုချင်တယ်... သူ့ခန္ဓာကိုယ်ကို ဘာခြစ်ရာမှမထင်စေနဲ့"
" ....."
"မြန်လေကောင်းလေကွာ... မင်းတို့လိုချင်သလောက် ငါပေးမယ်"
"....."
"ဒါပဲ"
ဖုန်းချလိုက်ပြီးနောက် မျက်ဝန်းများကို မှေးကျဉ်းလိုက်သည်။
"ငါ့သမီးရဲ့မျက်ရည်တွေအတွက် မင်းရဲ့ခန္ဓာကိုယ်နဲ့ အစားထိုးပေးရမှာပေါ့ ဟားဟား "
*********************************
#22.2.2024
#🍁Moe Kyal Phyu🍁
**********
click ကြဖို့ မမေ့ကြနော် ပေပေီတို့...တစ်ထောင့်တစ်နေရာကနေပဲ ဖြစ်ဖြစ် ကိုယ်တို့ လုပ်နိုင်သလောက် လုပ်ပေးကြရအောင်...❤
[Zawgyi]
"ကိုမဟာ ကြၽန္ေတာ္သားနဲ႔ ပတ္သက္ၿပီး ကြၽန္ေတာ္ ေတာင္းပန္ပါတယ္"
ဖုန္းထဲမွထြက္လာေသာ တစ္ဖက္လူ၏ အသံေၾကာင့္ ဦးခြန္းျမတ္မဟာ ၿပံဳးလိုက္သည္။ ထိုသို႔ဖုန္းဆက္ၿပီး ေတာင္းပန္စကားဆိုလာမည္ဆိုသည္ကိုလည္း သူသိပါသည္။ လြန္ခဲ့တဲ့ နာရီ၀က္ေလာက္က ခြန္းဆက္သူငယ္ခ်င္းေတြက ခြန္းဆက္နဲ႔ မာန္႔အားလာပို႔ကာ အေၾကာင္းစံုရွင္းျပသြားသည္ေၾကာင့္ သူသိၿပီးသားျဖစ္သည္။ ခြန္းဆက္ဘက္က လက္လြန္ခဲ့သည္ဆိုေပမယ့္ တကယ္အျပစ္လုပ္ထားသူက သူတိူ႕ဘက္ကျဖစ္ေနသည္ေၾကာင့္ တရားစြဲမည္ေတာ့ မဟုတ္ေပ။ အကယ္၍ တရားစြဲလာခဲ့လွ်င္ ေငြအင္အားသံုးေပးလွ်င္ အဆင္ေျပသည္။ ဥပေဒ၏ အထက္တြင္ ေငြရိွေနသည္ မဟုတ္ပါလား။ ေငြဆိုသည့္အရာက စကားလံုးေလး တစ္လံုးထဲဆိုေပမယ့္ သိပ္ကိုစကားေျပာပါသည္။ ေငြေၾကာင့္ အမွန္ကေနလည္း အမွားျဖစ္သြားႏိုင္သလို အမွားကေနလည္း အမွန္ျဖစ္သြားႏိုင္သည္ေလ။
ဦးခြန္းျမတ္မဟာ ႏႈတ္ခမ္းတြန္႔႐ံု ၿပံဳးလိုက္သည္။ ထို႔ေနာက္ မတင္းလြန္းမေလွ်ာ့လြန္းေသာ ေလသံျဖင့္ တစ္ဖက္လူအား ျပတ္ျပတ္သားသား ေျပာလိုက္သည္။
"ေနာက္တစ္ခါ ကြၽန္ေတာ့္သားႏွစ္ေယာက္ဆီကိုသာ လာမ႐ႈပ္ပါေစနဲ႔... ဒီတစ္ခါေတာ့ ခင္ဗ်ားမ်က္ႏွာေၾကာင့္ ဘာမွမျဖစ္ခဲ့သလိုထားလိုက္မယ္... ေနာက္ဆို ကြၽန္ေတာ့္အဆိုးမဆိုပါနဲ႔"
"ဟုတ္ကဲ့ စိတ္ခ်ပါ... ကြၽန္ေတာ္သူ႕ကို ႏိုင္ငံျခားပို႔ေတာ့မွာပါ... ဒါေၾကာင့္ ေနာက္တစ္ခါ မရိွေစရပါဘူး... ဒီတစ္ခါအတြက္ ေက်းဇူးတင္ပါတယ္"
"ေကာင္းပါၿပီ"
ခြန္းျမတ္မဟာ ဖုန္းခ်လိုက္ၿပီး သူေရွ႕တြင္ထိုင္ကာ ေဒါသထြက္ေနေသာ သားျဖစ္သူကိုၾကည့္လိုက္သည္။ မဂၤလာပြဲကို အသည္းအသန္ျငင္းခဲ့ေသာ ခြန္းဆက္ေရာင္နီႏွင့္ အခုသူေရွ႕မွာ ထိုင္ေနေသာ ခြန္းဆက္ေရာင္နီက တစ္ေယာက္တည္းလားဟုပင္ ေမးယူရေလာက္ေအာင္ထိ ကြဲျပားေနသည္။ ဒီေလာက္အခ်ိန္ေလးအတြင္း ခြန္းဆက္ကို ခံစားခ်က္ေတြရိွသြားေအာင္ လုပ္ႏိုင္ေသာ သား အလကၤာသည္ တကယ္ကိုခ်ီးက်ဴးေလာက္ပါသည္။ ခြန္းဆက္ ထိုသို႔ျဖစ္သြားေအာင္လည္း အေမတူသားေလး အလကၤာက တကယ့္ကိုအလွတရားေလးပင္။
ဦးခြန္းျမတ္မဟာ သူ႕သားကိုၾကည့္ကာ ၿပံဳးလိုက္သည္။
"သားငယ္"
"Daddy ဘာလို့ ဒီအတိုင္းအေလွ်ာ့ေပးလိုက္တာလဲ"
ေဒါသတႀကီး ဟိန္းထြက္လာေသာ ခြန္းဆက္အသံ။အသက္႐ႈသံတို႔က သိသိသာသာျပင္းထန္လို႔ေနသည္။ အက္ကြဲစြာထြက္လာေသာ အသံမွာလည္း ေဒါသထြက္ေနျခင္း၏ သက္ေသပင္ျဖစ္သည္။ သားျဖစ္သူ ဒီေလာက္ထိ စိတ္တိုေဒါကထြက္ေနျခင္းကို ျမင္ဖူးျခင္းသည္ ဦးခြန္းျမတ္အတြက္ ပထမဆံုးပင္ျဖစ္သည္။ မဂၤလာေဆာင္ရန္ အတင္းအက်ပ္ဖိအားေပးခံရတုန္းက ခြန္းဆက္ဒီေလာက္ထိ ေဒါသမထြက္ခဲ့ေပ။
သူသာေနာက္က်မွေရာက္သြားခဲ့လွ်င္ဆိုေသာ စိုးရိမ္ပူပန္မႈက ယခုခ်ိန္ထိမျပယ္ေသးေပ။ ပိုင္စိုးဟန္တြဲထားေသာ မာန္႔ပံုစံကို ျပန္ျမင္ေယာင္လာတိုင္း ပိုင္စိုးဟန္အား အေသသတ္ပစ္ခ်င္စိတ္မ်ားက မထိန္းႏိုင္မသိမ္းႏိုင္႐ုန္းႂကြလို႔လာသည္။
"မင္းကို ေလွ်ာ့ေပးတယ္လို႔ ဘယ္သူေျပာတာလဲ"
ဦးခြန္းျမတ္မဟာ ခြန္းဆက္ကို မ်က္ခံုးပင့္ကာေမးသည္။
"အခုပဲ daddy ေျပာတာေလ... ဒီေန႔ မိုးထက္တို႔သာ အဲ့မွာမရိွခဲ့ရင္ မာန္...ဟာကြာ"
ခြန္းဆက္ ဆက္မေျပာႏိုင္ေတာ့သလို လက္ႏွစ္ဖက္ျဖင့္ ဆံပင္မ်ားကို ထိုးဆြပစ္သည္။ရင္ဘက္ကလည္း အရိွန္ျပင္းစြာ နိမ့္ခ်ည္ျမင့္ခ်ည္ျဖစ္လို႔ေနသည္။မိုးထက္တို႔မရိွခဲ့လွ်င္ဆိုသည့္ေနာက္တြင္ ခြန္းဆင္ ဆက္ေတြးဖို႔ မ၀ံ့ရဲ။
ဦးခြန္းျမတ္မဟာက အၿပံဳးေလးျဖင့္
"ကဲ ငါ့သား သြားနားေတာ့... အလကၤာကို တစ္ေယာက္တည္း မထားထားနဲ႔"
ခြန္းဆက္လည္း သူ႕ဖခင္စကားေၾကာင့္ ေခါင္းညိတ္လိုက္ကာ သူ႕အခန္းရိွရာဆီ လွမ္းခဲ့ေတာ့သည္။ ေလွကားမွ အေပၚသို႔တက္သြားေသာ သားျဖစ္သူအားၾကည့္ကာ
"ဒီမယ္ ငါ့သား... မင္းနဲ႔အလကၤာတို႔ကို ထိပါးလာတဲ့သူတိုင္းကို daddy က လြယ္လြယ္လႊတ္ေပးမယ္လို႔မ်ား မင္းထင္ေနေရာ့သလား"
*********************************
ခြန္းဆက္ အခန္းထဲ၀င္လာေတာ့ ကုတင္ေပၚတြင္ ေအးခ်မ္းစြာ ေမွးဆက္ေနသူ၏ မ်က္ႏွာေလးကို စိုက္ၾကည့္မိသည္။ မ်က္၀န္းမ်ားကို မိွတ္ထားသည္မို႔ ျဖဴစင္ေသာ မ်က္ႏွာေလးက ေအးခ်မ္းေနသည္။မ်က္ေတာင္ရွည္ရွည္မ်ားက ျဖာစင္းေနလွ်က္။ နဖူးေပၚ ဆံပင္ေလးမ်ား က်ဳိးတိုက်ဲတဲ က်ေနပံုက ကေလးေလးသဖြယ္။ ႏွာတံစင္းစင္းႏွင့္ ပါးေဖာင္းေဖာင္းေလးမ်ားက လိုက္ဖက္ညီစြာ။ညာဘက္ ပါးမို႔ေလးေပၚ တည္ရိွေနသာ မွဲ႔နက္ကေလးက ခြန္းဆက္၏ ကမာၻ ကို နစ္ျမဳပ္ထားဟန္။ ႏွင္းဆီလိုရဲေနေသာ ႏႈတ္ခမ္းဖူးဖူးေလးက ၾကမ္းရမ္းပစ္ခ်င္စရာ။
ခြန္းဆက္ ကုတင္ေပၚ တေစာင္း၀င္ထိုင္လိုက္ကာ မာန္႔ေဘးတစ္ဖက္တစ္ခ်က္တြင္ လက္ေထာက္လွ်က္အေပၚစီးကေန မာန္႔မ်က္ႏွာကို အုပ္မိုးၾကည့္ေနသည္။ အခ်ိန္အေတာ္ၾကာစိုက္ၾကည့္ၿပီးေနာက္ ညာဘက္လက္တစ္ဖက္ ေျမႇာက္တက္သြားကာ လက္ညိဳးေလးျဖင့္ မ်က္ေတာင္ရွည္ရွည္ေလးမ်ားကို ဖြဖြတို႔ထိၾကည့္ေနသည္။တစ္ဖန္ႏွာတံတစ္ေလွ်ာက္ လက္ညိဳးေလးျဖင့္ ဖြဖြပြတ္သပ္လာရင္း ႏႈတ္ခမ္းေလးအနားအေရာက္ ရပ္တန္႔သည္။
နီရဲေနေသာ ႏႈတ္ခမ္းဖူးဖူးေလးအားၾကည့္ကာ ခြန္းဆက္ ေရငတ္လို႔လာသည္။ လက္မျဖင့္ အေပၚႏႈတ္ခမ္းလႊာေလးကို ဖြဖြတို႔ထိၾကည့္မိေတာ့ ထိုလက္မမွတစ္ဆင့္ ခႏၶာကိုယ္ထဲသို႔ လွ်ပ္စီးေၾကာင္းစီးဆင္းသြားသလို တုန္တက္လို႔သြားသည္။ ဖြဖြတို႔ထိၾကည့္ေနရာမွ အားျဖင့္ဖိလိုက္မိေတာ့ ႏႈတ္ခမ္းႏွစ္လႊာပြင့္ဟလို႔သြားကာ ခြန္းဆက္၏ လက္မေလးက ပူပူေႏြးေႏြးအာခံတြင္းေလးထဲ ၀င္ေရာက္လို႔သြားသည္။ ခြန္းဆက္ တစ္ကိုယ္လံုး ေအးစက္ေတာင့္ခဲသြားေတာ့သည္။ ခ်က္ခ်င္းပင္ လက္မအားေနာက္သို႔ ျပန္ဆြဲယူလိုက္သည္။ ထိုလက္ျဖင့္ပင္ မွဲ႔နက္ေလးရိွေသာ ပါးျပင္ေလးအား အသာပြတ္သပ္ေနလိုက္သည္။
အသက္႐ႈသံမွန္မွန္ေလးျဖင့္ အိပ္ေပ်ာ္ေနေသာ မာန္႔ကိုၾကည့္ရင္း ပါးေဖာင္းေဖာင္းေလးတစ္ဖက္ကို ပြတ္သပ္ကာျဖင့္ ခြန္းဆက္ တစ္ေယာက္တည္း ေရရြတ္သည္။
"ပိုင္ခ်င္တယ္... မဟုတ္ဘူး ခင္ဗ်ားက ကြၽန္ေတာ့္အပိုင္ပဲ... အလကၤာမုန္းမာန္ဆိုတဲ့ခင္ဗ်ားက ခြန္းဆက္ေရာင္နီဆိုတဲ့ ကြၽန္ေတာ္တစ္ေယာက္တည္းရဲ႕ အပိုင္ပဲ ျဖစ္ရမယ္... ကြၽန္ေတာ္ကလြဲရင္ ခင္ဗ်ားကို ဘယ္သူမွ မပိုင္ေစရဘူး...ဘယ္သူ႕ကိုမွလဲ ပိုင္ဆိုင္ခြင့္မေပးႏိုင္ဘူး...ဘယ္သူမွလည္း လုယူလို႔မရေစရဘူး... ခင္ဗ်ားကိုယ္တိုင္ေတာင္ ခင္ဗ်ားကိုယ္ ခင္ဗ်ား မပိုင္ေတာ့တဲ့အထိ ခင္ဗ်ားက ကြၽန္ေတာ့္အပိုင္ပဲ"
ထို႔ေနာက္ ခြန္းဆက္ ေခါင္းေလးကို အသာငံု႔လာရင္း နီနီရဲရဲ ႏႈတ္ခမ္းဖူးဖူးေလးကို ငံုေထြးလိုက္ေတာ့သည္။ အခ်ိန္အေတာ္အၾကာအထိ ႏႈတ္ခမ္းသားႏွစ္ခုသည္ ဂေဟစပ္ထားသည့္အတိုင္း ထိစပ္ေနခဲ့ၾကသည္။
*********************************
"ပိုင္စိုးဟန္ မင္းအရွက္မရိွဘူးလားဟမ္... အဲ့ဒါ ကာမပိုင္ရိွတဲ့ ေယာက္က်ားကြ"
ဦးမင္းဟန္ တစ္ေယာက္ ေဆး႐ံုကုတင္ေပၚတြင္ ထိုင္ကာ ေခါင္းငိုက္စိုက္ခ်ထားေသာ မိမိသားျဖစ္သူကို စိတ္ပ်က္စြာၾကည့္မိသည္။ ငယ္ငယ္ကတည္းက ပိုးလိုေမြးခဲ့ရေသာ သားျဖစ္သူ၏မ်က္ႏွာထက္ ဒဏ္ရာဒဏ္ခ်က္မ်ားကို ျမင္ရသည္က မိမိရင္ကို ဓားနဲ႔မႊန္းေနသလို နာက်င္လွသည္။ သို္႔ေပမယ့္ တစ္ဖက္အသိုင္းအ၀ိုင္းက ထိပါးခ်င္တိုင္းထိပါးလို႔ရတဲ့ သူေတြမဟုတ္။ ထိုသူေတြအေနျဖင့္ လူတစ္ေယာက္ကို ဘယ္သူမွမသိေအာင္ ရွင္းပစ္လိုက္ဖို႔ဆိုတာ ကေလးကစားသလို လြယ္ကူသည္။ မိမိသားကိုပင္ ဒီေလာက္လႊတ္ထားေပးတာျဖင့္ ေက်းဇူးတင္စရာေကာင္းေနေပသည္။
"မနက္ျဖန္ မင္းအေဒၚေတြရိွတဲ့ ျပင္သစ္ကို သြားဖို႔စဥ္းစားထား"
"Daddy!!"
သူေျပာေတာ့ သားျဖစ္သူဆီက အထြန္႔တက္သလိုအသံမ်ဴိး ထြက္လာခဲ့သည္။ ဦးမင္းဟန္ သားျဖစ္သူကို ၾကည့္ရင္း ရင္ထဲဆို႔နစ္လို႔လာခဲ့သည္။
မင္းအတြက္ပါ သားရယ္... မင္းအတြက္ပါ.....
"ဒီမယ္ ပိုင္စိုးဟန္... မင္းဘယ္သူ႕ကို သြားထိခဲ့လဲသိလား"
"သားသိပါတယ္"
ထြက္လာသံက တိုးတိုးသာသာ။အၿမဲတမ္းေခါင္းေမာ့ရင္ေကာ့ေနတက္သူက ဆို႔နစ္ေၾကကြဲေနဟန္ ေခါင္းငိုက္စိုက္ခ်ထားပံုက ဖခင္ျဖစ္သူအတြက္ ရင္ကြဲစရာ။ ရင္နာလိုက္တာ သားရယ္။ မင္းရဲ့ ဒီလိုပံုစံက ဒီဖေအကို ရင္ကြဲေစလိုက္တာ သားရယ္။ မင္းခ်စ္တဲ့သူသာ ကာမပိုင္မဟုတ္ခဲ့ရင္ အေဖဒူးေထာက္ၿပီးေတာင္ ငါ့သားစိတ္တိုင္းက် ျဖစ္ေစရပါမယ္။ ဒါေပမယ့္ သားရယ္။
"ေအး...သိတယ္ဆို္ ကိုယ့္စိတ္ကိုကိုယ္ ျပင္ဆင္ေတာ့"
"သား အစ္ကို႔ကို ခ်စ္တယ္ daddy "
"မင္းေျပာေလဆိုးေလပါလား... သူတို႔ရဲ႕အရိွန္အဝါနဲ႔ လုပ္ပိုင္ခြင့္ေတြက ငါတို႔ကို ေျမာင္းထဲေရာက္သြားေစမယ့္အျပင္ မင္းကိုပါ ဒီ ကမာၻေပၚက မရိွခဲ့ဖူးတဲ့ လူတစ္ေယာက္လိုလုပ္ပစ္ႏိုင္တယ္ကြ"
သူေျပာေတာ့ ဘာမွျပန္မေျပာ။ ေခါင္းကိုသာ ငိုက္စိုက္ထားသည္။ ငိုေနၿပီဆိုသည္ကိုေတာ့ ၾကမ္းျပင္ေပၚတစ္စက္စက္က်ေနေသာ ေရစက္ကေလးမ်ားက သက္ေသျပေနသည္။
အေဖ ရင္ေတြနာလိုက္တာ သားရယ္.....
မိတဆိုးေလးျဖစ္တဲ့သားျဖစ္သူကို လိုတိုင္းတ တတိုင္းရႏိုင္တဲ့ ဘ၀မ်ဳိးမွာေပ်ာ္ရႊင္စြာ ႀကီးျပင္းေစခဲ့တဲ့သူ႕အတြက္ သားျဖစ္သူရဲ႕ မ်က္ရည္ေတြဟာ ငရဲတစ္ပါးပင္။ ဦးမင္းဟန္ အံ့ကိုႀကိတ္လက္သီးကို တင္းတင္းဆုပ္ကာ ပိုင္စိုးဟန္ကို ေက်ာခိုင္းလိုက္သည္။
"Daddy စကားနားေထာင္ပါ သား... မနက္ျဖန္ ျပင္သစ္ကို သြားဖို႔ျပင္ဆင္ပါ"
ဦးမင္းဟန္ ေဆး႐ံုခန္းထဲတြင္ ပခံုးမ်ားလႈပ္ေနသည္အထိ ငို႐ိႈက္ေနေသာ သားျဖစ္သူကို အခန္းအျပင္ဘက္မွ ၾကည့္ေနရင္း မ်က္ႏွာတြင္လည္း မ်က္ရည္မ်ားစြာႏွင့္။
"မင္းအတြက္ပါ ကေလးရယ္...သိပ္ကိုေၾကာက္ဖို႔ေကာင္းတဲ့ ဒီမိသားစုနဲ႔ေ၀းရာကို ပို႔ရတာ သားအတြက္ပါ"
*************************************
"Daddy "
Daddy ဟုေခၚကာ မ်က္ရည္တစ္ပိုင္းနဲ႔ မိမိဆီေျပးလာေသာ သမီးျဖစ္သူအား ဟိန္းလင္းလ်ာ ရင္ခြင္ဖြင့္ကာ ႀကိဳလိုက္သည္။ကိုယ္လံုးေလး တုန္ခါေနသည္အထိ ရင္ခြင္ထဲ၀ယ္ ကေလးတစ္ေယာက္လို ႐ိႈက္ႀကီးတငင္ငိုေနေသာ သမီးျဖစ္သူ၏ ေခါင္းေလးကို ပြတ္သပ္ေပးေနရင္း
"ဘာျဖစ္လာတာလဲ သမီး"
"ကိုကို... ကိုကိုကေလ အင့္"
စကားကိုဆံုးေအာင္ မေျပာႏိုင္ ႐ိႈက္သံမ်ားႏွင့္ငိုေႂကြးေနေသာ သမီးျဖစ္သူမ်က္ႏွာေလးကို ပင့္ေမာ့ေစကာ နဖူးထက္က်ေနေသာ ဆံစေလးမ်ားကို သပ္တင္ေပးလိုက္သည္။ ထို႔ေနာက္ ႏူးညံ့ေသာအၿပံဳးေလးျဖင့္ ၾကည့္ကာ ေလေျပေလးျဖင့္ ေခ်ာ့ကာေမးသည္။
"သမီးကိုကိုက ဘာျဖစ္လို႔လဲ "
"ကိုကိုက ဟိုေကာင့္ကို တကယ္ခ်စ္သြားၿပီထင္တယ္ daddy...သမီး ကိုကို႔ကို မပိုင္ဆိုင္ရေတာ့ဘူးလားဟင္"
ေျပာရင္း မ်က္ရည္မ်ား တာက်ဳိးသလိုစီးက်လာေသာ မာယာ။ လင္းလ်ာ မာယာမ်က္ရည္မ်ားကို ညင္သာစြာသုတ္ေပးလိုက္သည္။
"သမီးက ဘာျဖစ္လို႔ အဲ့လိုထင္ေနတာလဲ"
မာယာ ငိုသံမ်ားကိုထိန္းလိုက္ရင္း ဖခင္ျဖစ္သူအား ျဖစ္ပ်က္ခဲ့ေသာ အေၾကာင္းစံုကို ေျပာျပလိုက္သည္။ ထိုသို႔ေျပာေနစဥ္ ႐ိႈက္သံမ်ားကလည္း တစ္ခါတစ္ခါ ထြက္ေပၚေနေသးသည္။
"သမီး daddy ကိုၾကည့္"
မာယာ ဖခင္ျဖစ္သူ မ်က္ႏွာကိုၾကည့္မိေတာ့ အၿပံဳးေလးတစ္ပြင့္ဆင္ျမန္းထားသည္ကို ေတြ႕ရသည္။ ထိုအၿပံဳးက သူ႕ရင္ကို ေအးခ်မ္းသြားေစခဲ့သည္။
"သမီး ကိုကိုက သမီးအတြက္ပဲ ျဖစ္ေစရမယ္...daddy ကိုယံုေနာ္"
မာယာ ေခါင္းေလးညိတ္ျပလိုက္ကာ ရင္ခြင္ထဲပိုတို္း၀င္လိုက္သည္။
"ကဲ သြားနားေတာ့ သမီး"
"ဟုတ္"
ဟိန္းလင္းလ်ာ သမီးျဖစ္သူ ထြက္သြားရာဆီကိုၾကည့္ၿပီးေနာက္ ဖုန္းကိုယူကာ နံပါတ္တစ္ခုဆီ ေခၚဆိုလိုက္ေတာ့သည္။ ေၾကာက္စရာအတိၿပီးေသာ အၿပံဳးကိုလည္း ႏႈတ္ခမ္းထက္ ဆင္ျမန္းထားေသးသည္။
"Hello"
"....."
"ငါ K group ရဲ႕ သားမက္ျဖစ္သူကို အရွင္လိုခ်င္တယ္... သူ႕ခႏၶာကိုယ္ကို ဘာျခစ္ရာမွမထင္ေစနဲ႔"
" ....."
"ျမန္ေလေကာင္းေလကြာ... မင္းတို႔လိုခ်င္သေလာက္ ငါေပးမယ္"
"....."
"ဒါပဲ"
ဖုန္းခ်လိုက္ၿပီးေနာက္ မ်က္၀န္းမ်ားကို ေမွးက်ဥ္းလိုက္သည္။
"ငါ့သမီးရဲ႕မ်က္ရည္ေတြအတြက္ မင္းရဲ႕ခႏၶာကိုယ္နဲ႔ အစားထိုးေပးရမွာေပါ့ ဟားဟား "
*********************************
#22.2.2024
#🍁Moe Kyal Phyu🍁
**********
click ၾကဖို႔ မေမ့ၾကေနာ္ ေပေပီတို႔...တစ္ေထာင့္တစ္ေနရာကေနပဲ ျဖစ္ျဖစ္ ကိုယ္တို႔ လုပ္ႏိုင္သေလာက္ လုပ္ေပးၾကရေအာင္...❤