အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ...
By FlowerRainButterfly
1.5M 191K 3.7K
အပိုင်း (၁) ချိုမြိန်သောမျှစ်လေးများ
စွမ်းရည်ပြည့်ဝသောမုဆိုးကြီးနှင့် ရစ်ငှက်လေးများ
မုဆိုးကြီးနဲ့တောဝက်ကြီးနှစ်ကောင်
မုဆိုးကြီးနှင့်တောဝက်ကြီးနှစ်ကောင်-2
မုဆိုးကြီးနှင့်တောဝက်ကြီးနှစ်ကောင်-3
တောဝက်ကြီးများအားရောင်းရန် ဆိပ်ကမ်းမြို့သို့အလည်တစ်ခေါက်
တောဝက်ကြီးများအားရောင်းရန် ဆိပ်ကမ်းမြို့သို့အလည်တစ်ခေါက်-2
တောဝက်ကြီးများအားရောင်းရန် ဆိပ်ကမ်းမြို့သို့အလည်တစ်ခေါက်-3
တောဝက်ကြီးများအားရောင်းရန် ဆိပ်ကမ်းမြို့သို့အလည်တစ်ခေါက်-4
မုဆိုးကြီး၏ ပြည့်တန်ဆာအိမ်အားဖောက်ထွင်းမှု
အပိုင်း (၁၁) မုဆိုးကြီး၏ စျေးဝယ်ထွက်ခြင်း
အပိုင်း (၁၂) တစ်ချိန်က အမှိုက်ကောင်ကပြောင်းလဲသွားပြီတဲ့
မုဆိုးကြီးပြောတဲ့ ကျိုးရှီနဲ့စုရှီတို့အကြောင်း
မုဆိုးကြီးအိမ်ကစားသောက်ပွဲ
မုဆိုးကြီးအိမ်ကစားသောက်ပွဲ-2
ရှောင်မိန်ပါဝင်သော ဆိပ်ကမ်းမြို့ကမိသားစုခရီးစဥ်
အပိုင်း (၁၇)
အပိုင်း (၁၈)
အပိုင်း (၁၉)
အပိုင်း (၂၀)
အပိုင်း (၂၁) မုဆိုးကြီး၏ နေအိမ်ဖောက်ထွင်းခံရမှု
လဲ့ရှီနှင့်ရှောင်အိမ်၏အရှက်မဲ့မှု
ရုံးတော်၏စီရင်ချက်
ရုံးတော်၏စီရင်ချက် -2
ရုံးတော်၏စီရင်ချက် -3
အပိုင်း (၂၆)
အပိုင်း (၂၇)
ရှောင်ဟန်ကဆံထိုးလေးကိုဖွတ်ထားတယ်
မုဆိုးကြီး၏ငွေသုံးကြမ်းမှုပေါက်ကြားခြင်း
မုဆိုးကြီး၏နွေးထွေးသောမိသားစု
အပိုင်း (၃၁)
အပိုင်း (၃၂)
မုဆိုးကြီးအိမ်သို့ရောက်ရှိလာတဲ့ မဖိတ်ခေါ်ထားသောဧည့်သည်များ
အပိုင်း (၃၄)
အပိုင်း (၃၅)
အပိုင်း (၃၆)
အပိုင်း (၃၇) ချောင်ရန်၏အလည်ပတ်ရောက်ရှိလာမှု
အပိုင်း (၃၈) စံပါယ်ပင်လေးသုံးပင်
💖Chibi💖
မုဆိုးကြီးအိမ်သို့ အသားဝယ်ချင်သူများရောက်ရှိလာခြင်း
အပိုင်း (၄၀)
နန်ချောင်းရွာက ရွာသားတစ်ဦးသေဆုံးခြင်း
အပိုင်း (၄၃)
အပိုင်း (၄၂)
အပိုင်း (၄၄)
အပိုင်း (၄၅)
အပိုင်း (၄၆)
အပိုင်း (၄၇)
အပိုင်း (၄၈)
အပိုင်း (၄၉)
မုဆိုးကြီးက ဇနီးလေးရဲ့စကားကိုနားမထောင်ဘဲ တောင်ပေါ်ကိုတတ်သွားပြီ
❌❌
မုဆိုးကြီး၏ဝက်ဝံအမဲလိုက်ခရီးစဥ်
မုဆိုးကြီးပြန်လာပြီ
အပိုင်း (၅၃)
ဝက်ဝံကြီးများကိုရောင်းရန် ဆိပ်ကမ်းမြို့သို့အလည်တစ်ခေါက်
ဟင်းလင်းပြင်လေလံပွဲ
အပိုင်း (၅၆)
စံပါယ်ပင်လေးက မျိုးစိတ်သစ်ပါတဲ့
မိသားစုအတွက် လက်ဆောင်တွေ ဝယ် ဝယ် ဝယ်
အပိုင်း (၅၉)
ဟွမ်ဟွာ၏ဖိတ်ခေါ်မှု
မုဆိုးကြီးနှင့် ဟွမ်ဟွာ၏ ထိပ်တိုက်တွေ့ဆုံမှု
အပိုင်း (၆၂)
အပိုင်း (၆၃)
အပိုင်း (၆၄)
အပိုင်း (၆၅)
မုဆိုးကြီးပြန်လာပြီ
ဇနီးလေး ငွေလက်မှတ်တွေကိုမင်းသိမ်းထားလိုက်
ပိုင်မိန်ရဲ့စံပါယ်ပင်လေးမရှိတော့ဘူး
(69)
ပိုင်လီ
မုဆိုးကြီးပြောတဲ့ ကျိုးရှီရဲ့ယုတ်မာမှုအကြောင်း
အပိုင်း (၇၁)
ကျိုးရှီ၏အလိမ်ညာပြဇာတ်
ထူးခြားဆန်းပြားသောချီးကားများ
အပိုင်း (၇၃)
အပိုင်း (၇၄)
အပိုင်း (၇၅)
အပိုင်း (၇၆)
အပိုင်း (၇၇)
အပိုင်း (၇၈)
အပိုင်း (၇၉)
အပိုင်း (၈၀)
အပိုင်း (၈၁)
အပိုင်း (၈၂)
အပိုင်း (၈၃)
အပိုင်း (၈၄)
အပိုင်း (၈၅)
အပိုင်း (၈၆)
အပိုင်း (၈၇)
အပိုင်း (၈၈)
အပိုင်း (၈၉)
ဇနီးလေး... ကလေးယူချင်နေတာလား?
မြေဝယ်ယူမှု
အပိုင်း (၉၂)
အပိုင်း (၉၃)
အပိုင်း (၉၄)
အပိုင်း (၉၅)
စပျစ်သီးခူးဖို့သွားခြင်း
စပျစ်သီးလေးများ
main story complete
(98)
(99)
အပိုင်း (၁၀၀)
(101)
(102)
၁၁၃
အပိုင်း (၁၀၄)
အပိုင်း (၁၀၅)
အပိုင်း (၁၀၆)
အပိုင်း (၁၀၇)
စပျစ်သီးဝိုင်ပြုလုပ်ခြင်း
အပိုင်း (၁၀၉)
အပိုင်း (၁၁၀)
အပိုင်း (၁၁၁)
အပိုင်း (၁၁၂)
အပိုင်း (၁၁၃)
တည်သီးလေးများကိုခူးဆွတ်ခြင်း
ဇနီးလေး၏ယုံကြည်မှု
ချောင်မိသားစုသို့ အလည်တစ်ခေါက်
စပျစ်ဝိုင်လက်ဆောင်
အပိုင်း (118)
စံပါယ်ပင်လေးအကြောင်းအားနှုတ်ပိတ်ခြင်း
ဇနီးလေးစိတ်ဆိုးသွားခြင်း
paid gp
ဇနီးလေးစိတ်ဆိုးသွားခြင်း-2
ဇနီးလေးအားချော့မြူခြင်း
လူဆိုးလေးရှောင်ဝူ
အပိုင်း (၁၂၅)
ဇနီးလေးရွေးပေးတဲ့လက်ဆောင်
အပိုင်း (၁၂၇)
အပိုင်း (၁၂၈)
အပိုင်း (၁၂၉)
လှည်းအပြည့် စျေးဝယ်ထွက်ခြင်း
အပိုင်း (၁၃၁)
ကျွန်စျေးသို့အလည်တစ်ခေါက်
အပိုင်း (၁၃၃)
အစေခံများ
ဇနီးလေး ကိုယ်မင်းကို ဂရုစိုက်ပေးမယ်
အိမ်အသစ်ဆောက်လုပ်ခြင်း
အပိုင်း (၁၃၇)
ကျိုးရှီကိုနှင်ထုတ်ခြင်း
အပိုင်း (၁၃၉)
မီးပုံးပွဲတော်
အပိုင်း (၁၄၁)
ဇနီးလေး ကိုယ်မင်းကို ချစ်မြတ်နိုးတယ်
ဇနီးလေး ကိုယ်မင်းကို ချစ်မြတ်နိုးတယ်-2
အသေးလေးတွေရဲ့ ဗိုက်လုံးလေးတွေက မတူညီဘူး
ရှောင်အိမ်ရဲ့ အကြံသစ်
ပိုင်အမေ၏ အရိပ်အမွတ်
နှစ်ကိုယ်ကြားစကားဝိုင်း
ရှောင်အိမ်၏တောင်းပန်လာမှု
အပိုင်း (၁၄၉)
အပိုင်း (၁၅၀)
မုဆိုးကြီး၏ ကတုံးလေးကိုစမ်းသပ်မှု
ယွီလျန်ဟွားမှာငွေတချို့ဖြုန်းခြင်း
6.5K 821 2
By FlowerRainButterfly
အပိုင်း (၁၂၄) ယွီလျန်ဟွားမှာငွေတချို့ဖြုန်းခြင်း
ပိုင်လီက မည်သည့်နည်းလမ်းမျိုးကို သုံးလိုက်သည်တော့မသိပေ။ ရှောင်ဝူလေးကို သန့်ရှင်းရေးလုပ်ပေးပြီးနောက် ပြန်ခေါ်လာချိန်တွင် ထိုကောင်လေးက ငြိမ်သွားပြီး သူ့အဖေကို ကပ်ချွဲနေတာကို တွေ့လိုက်ကျရတော့သည်။
အဲဒီနောက် သူတို့က မနက်စာကို အတူတကွ စားခဲ့ကျပြီး အပြင်သွားဖို့အတွက် အောက်ထပ်ဆင်းလာတဲ့အချိန်မှာ တခြားလူတွေကလည်း မြင်းရုပ်တွေအရောင်းထွက်ဖို့ ပြင်ဆင်နေခဲ့ကျပါပြီ။
ဆိပ်ကမ်းမြို့လိုနေရာမှာ ဒီလိုသစ်ဆန်းတဲ့ ကလေးကစားစရာမျိုးက အရောင်းသွက်တယ်ဆိုပေမယ့်လည်း တစ်ရက်ထဲနဲ့တော့ အကုန်မရောင်းနိုင်ခဲ့တာကြောင့် သူတို့တွေက ဒီနေ့ရော ထွက်ဖို့လိုနေပြီး ပိုင်လီက မြင်းရုပ်တွေရောင်းဖို့ကို ပိုင်ကျန်းနဲ့ပိုင်စန်း ရှိတာကြောင့် ပိုင်အဖေနဲ့ပိုင်ဝူကို သူတို့နဲ့လိုက်ခဲ့ဖို့ခေါ်ပေမယ့် ပိုင်အဖေသည် သူတို့နှင့်စျေးဝယ်ထွက်မည့်အစား မြင်းရုပ်တွေ ရောင်းတဲ့နေရာမှာ ကူညီဖို့သာ ပိုစိတ်ဝင်စားနေပေသည်။ ပိုင်ဝူကလည်း ထူးမခြားနားပါပဲ။ ဒါကြောင့် ပိုင်လီတို့က သူတို့ချည်းသာ ထွက်လာခဲ့ရတော့သည်။
ဆိပ်ကမ်းမြို့က နွေဦးအစမှာ လှုပ်ရှားအသက်ဝင်လျက်ရှိပြီး စည်းကားနေ၏။ အသေးလေးတွေက ဟိုဒီသွားလာနေတဲ့ မြည်းလှည်းမျိုးစုံကိုကြည့်ပြီး စိတ်ဝင်စားနေတာကြောင့် ပိုင်လီက မေးလိုက်သည်။
"တစ်ခုလောက်လိုချင်လား အဖေဝယ်ပေးရမလား"
ဒါကိုကြားတော့ ပိုင်မိန်အပါဝင် အသေးလေးများသည် အရမ်းတတ်ကြွသွားကျပြီး သူတို့ကအပြင်ဆင်နဲ့ အလှဆင်ထားတာမတူသည့် မြင်းလှည်းမျိုးစုံကို လိုက်ကြည့်လျက် သူတို့က မည်သည့်ပုံစံ လိုချင်ကြောင်းအား ပြောဆိုလာကျပေသည်။
ရှောင်ဝူက တစ်ခုကိုလက်ညိုးထိုးလျက်...
"အဲဒါ အဲဒါ သားက အဲလိုပုံလေးလိုချင်တယ်!"
ရှောင်ဖူသည် သူ့ညီလေးနှင့်အမြင်မတူဘဲ တခြားတစ်စီးကိုညွှန်ပြလျက်ဖြင့်...
"ရှောင်ဝူလေး ဟိုတစ်ခုက ပိုမလှဘူးလား"
ဤစကားဝိုင်းတွင် ပိုင်မိန်က ဝင်ပူးပေါင်းခဲ့ပြီးနေုက် သူမလေးသည် အသေးလေးနှစ်ယောက်လုံးနှင့် အမြင်မတူခဲ့ပေ။
"မဟုတ်ဘူး ဒေါ်လေးငယ်အထင်တော့ ဟိုနားက​တစ်ခုက ပိုလှတယ်လားလို့ ကြည့် ပြင်ဆင်ထားတာက အရမ်းကောင်းတယ်လေ"
အသေးလေးများသည် သူမစကားကြောင့် သူတို့အဒေါ်ညွှန်ပြသည့် မြင်းလှည်းတစ်စီးသို့ ကြည့်လိုက်ကျပြီး ထိုတစ်စီးက ပိုလှကြောင်းကို လက်ခံလိုက်ကျလေသည်။ ဘာလို့ဆို သူတို့ရဲ့ ကလေးအမြင်လေးတွေက ပိုင်မိန်ရဲ့အမြင်နဲ့ မယှဥ်နိုင်ခဲ့ဘူးလေ။ အဲဒီနောက် သူတို့သည် ထိုမြင်းလှည်းတွင် အလှဆင်ထားသည့်ပုံစံလေးများကို ဆွေးနွေးနေခဲ့ကျ၍ လှည်းမောင်းနေတဲ့ပိုင်လီက ကလေးတွေ တတ်ကြွနေတာကိုကြည့်ပြီး မြင်းလှည်းတစ်စီးလောက် တကယ်ဝယ်ပေးဖို့ ဆုံးဖြတ်လိုက်၏။
အဲဒီအချိန်မှာ ပိုင်လီက နောက်က အကြည့်တစ်ခုတစ်ခုကို သတိထားမိသွားတာကြောင့် လှည့်ကြည့်လိုက်တော့ ရှောင်ဟန်က သူ့ကို ကြည့်နေတာကို တွေ့လိုက်ရပြီး ထိုအကြည့်တွေက လက်မြောက်အရှုံးပေးထားမှုတွေ အပြည့်နှင့်ပင်။ ကြည့်ရတာ ရှောင်ဟန်က ပိုင်လီကို "ခင်ဗျား ကလေးတွေကို အရမ်းအလိုလိုက်လွန်းနေတာ မဟုတ်ဘူးလား" လို့ မေးချင်နေပေမယ့် အဖြေကိုသိနေတဲ့အတွက် မေးဖို့ပျင်းရိနေပုံရ၏။
ပိုင်လီက ရှောင်ဟန်ကို တစ်ချက်ပြုံးပြခဲ့ပြီးနောက် ရှေ့ပြန်လှည့်သွားခဲ့ကာ သူက အမြန်ရှင်းပြလာတော့သည်။
"အဟမ်း.. မြင်းလှည်းက ကျွဲလှည်းထက်ပိုမြန်တယ် ဆိပ်ကမ်းမြို့နဲ့ရွာက ဝေးလွန်းတော့ မြန်မြန်သွားဖို့လိုအပ်လာရင် မြင်းလှည်းတစ်စီးလောက် ရှိထားတာက မဆိုးပါဘူးလေ"
ဒါကိုကြားတော့ ရှောင်ဟန်က ကောင်းကင်ကိုမော့ကြည့်လိုက်မိပြီး နွေဦးနေ့ရဲ့မနက်ခင်းက အရမ်းသာယာနေတာကို တွေ့လိုက်ရ၏။ ပြီးတော့ သူ့ရဲ့သားလေးတွေက တတ်ကြွပျော်ရွှင်နေပြီး သူ့ခင်ပွန်းက မိသားစုကို အလိုလိုက်ဖို့ ကြိုးစားနေတဲ့အခါ သူက ဒီလို သာယာတဲ့လေထုလေးကို မဖျက်စီးတော့ဖို့ဆုံးဖြတ်လိုက်သည်။
သူ ဖျက်စီးချင်လို့လည်း မရပါဘူး။ သူသာမြင်းလှည်းကစျေးကြီးလွန်းပြီး သူတို့တွေမှာ ကျွဲလှည်းတွေရှိနေလို့ မဝယ်လည်းရတယ်လို့သာ ပြောလိုက်ရင် မြင်းလှည်းဝယ်မှ ကောင်းမယ့် အကျိုးကြောင်းစကားတွေနဲ့ မြင်းလှည်းရှိထားရင် ရလာမယ့် ကောင်းကျိုးတွေကို သူ့ခင်ပွန်းက တသီကြီးပြောလာတော့မှာလေ။ နောက်ဆုံးမှာတော့ သူ့ခင်ပွန်းကသာ အနိုင်ရသွားမယ့်လူပဲကို။ ဒီတော့ သူဘာလို့များ ကောင်းမွန်တဲ့အခြေနေလေးကို ဖျက်စီးနေဦးမှာလဲ။ သူ့မိသားစုသာ ပျော်တယ်ဆိုရင် သူလည်း လက်ခံနိုင်ဖို့ ကြိုးစားရုံပဲပေါ့။
သို့ဖြင့် သူတို့၏ ပထမဆုံးဦး တည်ရာသည် ခြွင်းချက်မရှိ ယွီလျန်ဟွားပါပင်။
သူတို့တွေ ယွီလျန်ဟွားကိုရောက်တော့ ပိုင်လီကကလေးတွေချီပြီး ဒုတိယထပ်ကို ဦးဆောင်ကာခေါ်သွားခဲ့ပါတယ်။ တကယ်တော့ ပိုင်လီက ထိပ်တန်းရတနာတွေရှိတဲ့ တတိယထပ်ကို ခေါ်သွားချင်တာပေမယ့် ဒီတစ်ခေါက်က ရှားရှားပါးပါး သူ့ဇနီးလေးရဲ့ ခွင့်ပြုချက်နဲ့လာတာဆိုတော့ သူက တတိယထပ်ကို ခဏမေ့ထားလိုက်တော့မယ်။
တတိယထပ်တွင် တာဝန်ခံအမျိုးသမီးက ပိုင်လီတို့မိသားစု လာမှန်းတွေ့တော့ ထလာပြီး သူမကပြုံးပြုံးကြီးဖြင့် ဒါသည် မနေ့က သူမုဆိုးပိုင်ရဲ့ဇနီးနဲ့ ရင်းရင်းနှီးနှီး စကားပြောဆိုခဲ့၍ဟု တွေးနေခဲ့လေသည်။ ပေါင်းသင်းနိုင်မှုရဲ့စွမ်းအားဆိုတာ ဒါပဲလေ။
တာဝန်ခံအမျိုးသမီးသည် အပြုံးဖြင့် ကြိုဆိုလိုက်ပြီး...
"အိုက်ယား! မုဆိုးပိုင်တို့မိသားစုပါလား ဒီတလောကျွန်မတို့ ကံစပ်နေတယ်ထင်တယ်နော် မနေ့ကမှ မုဆိုးပိုင်ရဲ့ ဇနီးနဲ့ကလေးတွေကို ပြဇာတ်ရုံမှာတွေ့ခဲ့သေးတာလေ"
တာဝန်ခံအမျိုးသမီးသည် အရင်တစ်ခေါက်က ပိုင်လီတစ်ခါထဲဝယ်သွားတဲ့ ပမာဏကို မှတ်မိနေစဲဖြစ်တာကြောင့် အလွန်ပျော်ရွှင်နေပါသည်။
သူမက ထပ်ပြောလိုက်၏။
" အရင်ထိုင်ကျပါဦး ကျွန်မတို့ ရတနာတွေကို ယူလာပြပါ့မယ်"
ယွီလျန်ဟွား၏ ဒုတိယထပ်သည် တစ်ဝက်လောက်ကို ဧည့်သည်သခင်မများထိုင်ရန် သေချာပြုလုပ်ပေးထားပြီး ထိုနေရာက စားပွဲဝိုင်းတစ်ခုလိုပင်ဖြစ်သော်လည်း ခုံတစ်ခုံနှင့်တစ်ခုံမှာ သိပ်တော့မနီးကပ်လှပေ။ အရင်တစ်ခါ ပိုင်လီလာတုန်းက ကံကောင်းစွာနဲ့ ဝယ်သူတစ်ယောက်မှ မရှိခဲ့ပေမယ့် ဒီတစ်ခေါက်မှာတော့ တခြားဝယ်သူနှစ်ယောက်ရှိိနေခဲ့ပါတယ်။ အဲဒါက အဆင့်တန်းမြင့်မားတဲ့ သခင်မတစ်ယောက်လို ဝတ်စားထားတဲ့ အမျိုးသမီးတစ်ယောက်နဲ့ အနည်းငယ်အသက်ကြီးနေပြီဖြစ်တဲ့ ကောတစ်ယောက်ပါပဲ။
ဒုတိယထပ်မှာ သူတို့နှစ်ယောက်က ရှိနေခဲ့ပေမယ့် အတူတူလာခြင်းမဟုတ်တာ သိသာပြီး ထိုနှစ်ဦးထိုင်နေကျသောခုံများသည် ဝေးကွာလွန်းသည်။ နေရာက အကျယ်ကြီးရှိတာကြောင့် ပိုင်လီကလည်း သူ့မိသားစုကို တစ်ခြားတစ်ဖက်ကို ခေါ်သွားလိုက်ပါတယ်။ ဒီအချိန်မှာ ဧည့်သည်သုံးစု ထိုင်နေကျတဲ့ပုံက တြိဂံပုံစံလိုပဲ။
အသက်လေးဆယ်နားဟုထင်ရသော ကောသည်ကျောက်စိမ်းလက်ကောက်တစ်ကွင်းကို စိတ်ဝင်စားစွာကြည့်နေပြီး သူသည် ပိုင်လီတို့ဝင်လာတာကိုပင် သိလိုက်ပုံမပေါ်ချေ။ သူက ထိုလက်ကောက်အကြောင်းကို သူ့နောက်မှာရပ်နေတဲ့ သူ့ရဲ့အစေခံမလေးနဲ့ တီးတိုးဆွေးနွေးနေခဲ့တာပါ။
သို့သော် တခြားတစ်ယောက်သည်မူ သိပ်အေးချမ်းပုံမရပေ။ ငယ်ရွယ်သေးပုံရတဲ့ ထိုသခင်မက ပိုင်လီတို့ကို တာဝန်ခံအမျိုးသမီးက ထကြိုဆိုတဲ့အခါ ပျော်ပုံမရတော့ပါဘူး။ ပိုင်လီတို့ထိုင်အပြီးမှာ တာဝန်ခံအမျိုးသမီးက ပိုင်လီတို့ကို ပစ္စည်းတွေပြဖို့အတွက်ကိုယ်တိုင် ပြင်ဆင်ညွှန်ကြားနေတဲ့အခါ သူမက ပိုလို့တောင်မပျော်တော့ဘဲ...
"အမျိုးသမီးစန်း ရှင်က အဲတာတွေကို တခြားသူတွေနဲ့ထားခဲ့လို့မရဘူးလား ဒီမှာ ကျွန်မကို ဒီရတနာတွေအကြောင်းလာရှင်းပြဦးလေ ဒီကောင်မလေးက ဘာမှသိတာမဟုတ်ဘူး"
ထိုအခါ ထိုသခင်မအား ပစ္စည်းတွေပြပေးနေသောကောင်မလေးက ခေါင်းငုံသွားလေသည်။ သူမလေးရဲ့စိတ်ထဲမှာတော့ တွေးနေခဲ့ပါတယ်။
ကျွန်မက ရှင့်ကို အကုန်ရှင်းပြနေတာပဲ မဟုတ်ဘူးလား။ ရှင်မေးတာတွေကို ကျွန်မမဖြေနိုင်တာများရှိခဲ့လို့လား!
သို့သော် သူမသည် ဒါကို ဘယ်တော့မှ ထုတ်ပြောခွင့်ရမည်မဟုတ်ပေ။ ဘာလို့ဆို သူမနားက ဒီသခင်မက ဆိပ်ကမ်းမြို့ရဲ့ အကြီးမားဆုံး ကုန်သည်အုပ်စုတွေထဲက ကုန်သည်ကြီးတစ်ယောက်ရဲ့ ဒုတိယဇနီးဖြစ်နေလို့ပါပဲ။
တခြားမြို့တွေမှာ ကုန်သည်တွေကို မျိုးရိုးနိမ့်တယ်ဆိုပြီး နိမ်လို့ရကောင်းရနိုင်ပေမယ့် ဆိပ်ကမ်းမြို့ကတော့ ကုန်သည်တွေကြီးစိုးရာ အရပ်ဒေသဖြစ်လို့ ဒီလိုအင်အားကြီးမားတဲ့ ကုန်သည်အဖွဲ့တွေကို အပြစ်မပြုမိတာက ကောင်းပါလိမ့်မယ်။
ထိုသခင်မသည် ပြောပြီးနောက် ပိုင်လီတို့ကို မလိုလားစွာ ကြည့်လာခဲ့လေသည်။ သူမရဲ့အကြည့်တွေက နိမ့်ချမှုတွေပြည့်နေပြီး ပေါ်တင်အရမ်းဆန်လွန်းပါတယ်။
ပိုင်လီက ဒါကိုမြင်တော့ မျက်ခုံးပင့်မိသွားရုံကလွဲပြီး ဘာမှမဖြစ်သွားပေမယ့် သူ့ရဲ့ဇနီးလေးကတော့ အနည်းငယ် ကြောက်ရွံ့သွားပုံရတယ်။ ဒါကြောင့် ပိုင်လီက သူ့ဇနီးလေးရဲ့ပုခုံးကိုညခပ်ဖွဖွပုတ်ပေးလိုက်ပြီး ဤနေရာတွင် သူရှိနေကြောင်း ဘယ်သူမှ အနိုင်ကျင့်နိုင်မည်မဟုတ်ကြောင်းကို သတိပေးလိုက်၏။
ဒါကိုမြင်တော့ တဖစ်က်အမျိုးသမီးရဲ့ မျက်လုံးတွေက ပိုဆိုးဝါးလာခဲ့ပါတယ်။
ဒီလူတွေက လူမြင်ကွင်းမှာတောင် ဘယ်လိုလုပ် ဒီလိုပြုမူရဲကျတာလဲ။ မလျော်ကန်လိုက်တာ!
သူမသည် သိက္ခာရှိသည့် သခင်မတစ်ပါးလို ပြုမူနေသော်လည်း တကယ်တော့ အလွန်မနာလိုနေတာပင်ဖြစ်သည်။ သူမက လူတွေအမြင်မှာတော့ ကုန်သည်ကြီးရဲ့ အလိုလိုက်ခံရတဲ့ ဒုတိယဇနီးဆိုပေမယ့် သူမတို့အိမ်တော်ထဲမှာ ဆိုရင်တော့ ပထမဇနီးကသာ အပြည့်ဝအာဏာရှိပြီး သူမက ကိုယ်လုပ်တော်တစ်ယောက်ထက် ဘာမှမပိုခဲ့ပါဘူး။
သူမရဲ့ခင်ပွန်းက သူမကို အပေးကမ်းရက်ရောပေမယ့် အဲတာက ကုန်သည်တွေမှာ အရမ်းပေါသောနေတဲ့ငွေကြေးတွေသာဖြစ်ပြီး သူမက ဘယ်တော့မှ ပထမဇနီးကို မကျော်နိုင်ခဲ့ဘူး။ သူမခင်ပွန်းမှာ အချောလှတွေများစွာရှိပြီး ကံကောင်းစွာနဲ့ သူမက သူမခင်ပွန်းရဲ့ အကြိုက်ဆုံးဖြစ်နေပေမယ့်လည်း ပထမဇနီးကသာ အိမ်တော်ထဲမှာ အာဏာအပြည့်ဝရရှိထားတာဖြစ်လို့ သူမမှာ ကလေးမွေးခွင့်တောင် မရှိခဲ့ဘူး။ ပြီးတော့ ပထမဇနီးကလည်း သူမကိုဟာသတစ်ခုလိုပဲဆက်ဆံခဲ့တယ်လေ။
မင်းက ခင်ပွန်းအတွက် ကလေးမွေးမပေးနိုင်ဘဲနဲ့ဘယ်လိုလုပ် ရှုပ်ပွေတတ်တဲ့ ခင်ပွန်းဘေးမှာ နေရာမြဲနိုင်မှာလဲ။ ဒါကိုသိနေတဲ့ပထမဇနီးက သူမကိုကလေးကို မွေးခွင့်မပေးတာကလွဲရင် သခင်မတစ်ပါးလိုပဲ နေခွင့်ပြုခဲ့တယ်။
တစ်ခါတစ်ခါဆို ပထမဇနီးရဲ့အကြည့်တွေက သူမကိုဒီလိုပြောနေသလိုပဲ။
"မင်း ဒီနေရာမှာ ဘယ်လောက်မြဲမလဲဆို ငါကြည့်မယ်" အဲလိုမျိုးပေါ့။
ယောင်္ကျားတွေဆိုတာက ဒီလိုပါပဲ။ ပါးစပ်ကသာ သူမကို အကြိုက်ဆုံးလို့ပြောနေပေမယ့် တကယ့်တကယ်ကျတော့ တရားဝင် သိက္ခာရှိရှိ လက်ထပ်ထားတဲ့ ပထမဇနီးကသာ အရေးပါတဲ့သူ ဖြစ်နေမှာပဲ။
ထို့ကြောင့် သူမသည် မနေ့ညက သူမခင်ပွန်းအား အစွမ်းကုန်ပြုစုထားလို့ ဆုလဒ်အနေနှင့် ရလာသည့်ငွေများနှင့် စိတ်ပြေလက်ပျောက် လက်ဝတ်ရတနာတချို့လာဝယ်တာဖြစ်သည်။ ဒါပေမယ့် သူမဘာမြင်လိုက်ရလဲဆိုတာကို ကြည့်ဦး။
မုဆိုးရဲ့မိသားစု ဟုတ်လား!။ ဘယ်လောက်တောင် မွဲတေနေပြီး နိမ့်ကျလိုက်သလဲ!!။
ဒါပေမယ့် အဲတာကအဆိုးဆုံး မဟုတ်သေးဘဲ သူတို့က နွေးထွေးတဲ့ မိသားစုပုံစံနဲ့ ရောက်လာတဲ့!။ခင်ပွန်းက ဇနီးအတွက် ရတနာလိုက်ဝယ်ပေးပြီး သူတို့မှာ အရမ်းချစ်စရာကောင်းတဲ့ ကလေးတွေလည်း ရှိသေးတယ်တဲ့လေ!!။
သူမက ဒုတိယဇနီးအနေနဲ့ သူမခင်ပွန်းအတွက် အိပ်ယာပေါ်ကလွဲပြီး အသုံးမဝင်နေချိန်မှာ၊ သူမက ကလေးအရမ်းလိုချင်နေပေမယ့် ပထမဇနီးက အမြဲကလေးမရအောင် ဆေးတွေညဖိအားပေးသောက်ခိုင်းနေတဲ့ချိန်မှာလေ!!
သူတို့က သူမကိုလာလှောင်နေတာလားပဲ!
ပိုင်လီသည် ထိုအမျိုးသမီးမျက်ဝန်းထဲမှဘမလိုမှုတွေကို ဖြတ်ခနဲမြင်ခဲ့ရသော်လည်း အဲတာသည် သူနဲ့ဘာမှကိုဆိုင်မနေချေ။ သူက ကြားထဲမှနေရခက်နေသည့် တာဝန်ခံအမျိုးကိုပဲ ...
"ရပါတယ် ကျွန်တော်တို့အတွက် တခြားသူတွေ ပြပေးလည်းအဆင်ပြေတယ် အမျိုးသမီးစန်း အရင်ရောက်တဲ့သူကိုပဲ ဦးစားပေးလိုက်ပါ"
......................
(AN/ paid gpမှာ ပြီးသွားပါပြီ။ gpဝင်လို့ရပါသေးတယ်။ 124ကနေ နောက်ပိုင်း အကုန်ကို 6000ပါရှင်။💖)
###
သူမက ထပ်ပြောလိုက်၏။
......................
Continue Reading
You'll Also Like
1.5M 191K 157
225K 19.9K 54
What's going on with savage male empress Ru Ru from heaven ? MAHARVERSE SEASON 2|| START DATE - June 26 2023 END DATE - May 9 2024
193K 17.9K 22
28.2K 1.6K 51
နတ်မိစ္ဆာဘုရင်လေးနဲ့ လူသားအိမ်ရှေ့စံလေးတို့ရဲ့အချစ်ဇာတ်လမ်းလေးပါ။ ဘာသာပြန်လုံးဝမဟုတ်ပါ❌❌