ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်...

By KimHsuYoon99

114K 13.8K 109

Associated name : 佛系少女穿书日常 Author : 十六月西瓜 , shiliu yue xig... More

Description
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 24
Chapter 23
Chapter 25
Chapter 26
Chapter 27
Good news😍
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 64
Chapter 63
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86
Chapter 87
Chapter 88
Chapter 89
Chapter 90
Chapter 91
Chapter 92
Chapter 93
Chapter 94
Chapter 95
Chapter 96
Chapter 97
Chapter 98
Chapter 99
Chapter 100
Chapter 101
Chapter 102
Chapter 103
Chapter 104
Chapter 105
Chapter 106
Chapter 107
Chapter 108

Chapter 65

824 91 2
By KimHsuYoon99

Unicode

ကုမျန်ပြီးနောက်၊ "Ask the Immortal"ရဲ့ အဖွဲ့သားအများအပြားကလည်း ဆုရရှိခဲ့ကြတယ်။

"Ask the Immortal" ရိုက်ကူးရေးအဖွဲ့က ထိုညမှာ အကြီးမားဆုံးအနိုင်ရရှိခဲ့သူလို့ ဆိုနိုင်တယ်။

ခန်ယန်ယန်က "တစ်နှစ်တာရဲ့ အလားအလာအရှိဆုံး ဇာတ်ပို့ဆု" ကို ရရှိခဲ့ပြီး အခြားဇာတ်ပို့ဇာတ်ကောင်တွေလည်း ဆုအသီးသီး ရရှိခဲ့ကြတယ်။

"Ask the Immortal" ထဲက အမျိုးသားဇာတ်ဆောင်အဖြစ် သရုပ်ဆောင်ထားတဲ့ လော့ချယ်ကတော့ ထိုညမှာ တန်ဖိုးအရှိဆုံးနဲ့ အလေးဆုံးဆုဖြစ်တဲ့ "Man of the Year Award" ကို ရရှိခဲ့တယ်။

ဆုပေးပွဲပြီးတဲ့နောက်မှာ အိမ်ပြန်ကြရပြီ။

ကော်ဇောနီပေါ်ထပ်လျှောက်ဖို့ မလိုအပ်တော့တဲ့အတွက် ကုမျန်က ဆုပေးပွဲရဲ့ ပရိတ်သတ်ထိုင်တဲ့ နေရာကနေထွက်ပြီး လော့ချယ်နဲ့ သီးခြားခွဲထွက်သွားလိုက်တယ်။

သူမရဲ့လက်ထောက်နဲ့အေးဂျင့်ကို တွေ့လိုက်ရတာနဲ့တပြိုင်နက် သတင်းထောက်အုပ်စုက သူတို့ရဲ့ မိုက်ခရိုဖုန်းတွေနဲ့ အရူးအမူးဝိုင်းလိုက်ကြ‌တော့တယ်။

"မိန်းကလေးကုမျန် မင်းလည်ပင်းပေါ်က စိန်လည်ဆွဲက ဘယ်က ရောက်လာတာလဲ"

"မိန်းကလေးကုမျန်၊ ငါမမှားရင် မင်းလည်ပင်းမှာဝတ်ထားတဲ့ လည်ဆွဲက သန်းရာချီတန်တဲ့ ပန်းရောင်ဂလက်ဆီပဲဖြစ်ရမယ် တစ်နည်းဆိုရရင် မင်းရဲ့ဝတ်စုံကလည်း သန်း ၁၀၀ ကျော်မှာပေါ့ ဟုတ်တယ်မလား"

"မိန်းကလေးကုမျန် မင်းက ရေပန်းစားချင်လို့ အရမ်းထင်ထင်ပေါ်ပေါ်ဖြစ်အောင် ၀တ်ဆင်ထားတာလား"

"မိန်းကလေးကုမျန် မင်းမှာ အားကောင်းတဲ့ နောက်ခံရှိတယ်ဆိုတဲ့ ကောလဟာလတွေ အင်တာနက်ပေါ်မှာ ရှိနေတယ် အဲ့ဒါဟုတ်လား"

သတင်းထောက်တွေဆီကနေ မေးခွန်းတစ်ခုပြီးတစ်ခု ထွက်ပေါ်လာတယ်။

........

ကုမျန်က သူမရဲ့နားကို နာကျင်မှုကြောင့် ပွတ်သပ်လိုက်တယ်။

အေးဂျင့်က ကုမျန်ကို အနီးကပ် ကာကွယ်ပေးနေပြီး သက်တော်စောင့်အများအပြားကလည်း ရူးသွပ်နေတဲ့ သတင်းထောက်တွေကို တားဆီးဖို့ ကြိုးစားခဲ့ကြတယ်။

ရှောင်ကျူးက ကုမျန်ရဲ့လည်ပင်းကို ထိတ်ထိတ်လန့်လန့်နဲ့ ကာကွယ်ထားတယ်။ကုမျန်က သူမရဲ့လည်ပင်းမှာ ပန်းရောင်ဂလက်ဆီကို ၀တ်ဆင်ထားတာလေ။ လည်ဆွဲက သတင်းထောက်တွေကြောင့် ပျက်စီးသွားရင် ငိုတောင် ငိုနိုင်တော့မှာမဟုတ်ဘူး။

သက်တော်စောင့်တွေက အခြေအနေကို ထိန်းချုပ်ဖို့ အစွမ်းကုန် ကြိုးစားနေပေမယ့်လည်း ထိန်းချုပ်မှုကနေ အနည်းငယ်လွတ်ထွက်နေခဲ့ပြီပင်။

အစွန်နားက မိုက်ကရိုဖုန်းတစ်လုံးက တွန်းထုတ်ခံလိုက်ရပြီး ကုမျန်ရဲ့ မျက်နှာကို ထိုးမိလုနီးပါးဖြစ်သွားခဲ့တယ်။

ကုမျန်က နှုတ်ခမ်းတင်းတင်းစေ့လိုက်ပြီး extendedမိုက်ခရိုဖုန်းကို တိုက်ရိုက်ဆုပ်ကိုင်ကာ စကားအနည်းငယ်လောက် အတိုချုံးပြီး အလျင်စလိုပြောလိုက်ရတယ်။ "ကျွန်မ ရေပန်းမစားချင်ဘူး လည်ဆွဲနဲ့ပတ်သက်ပြီး ဘာမှတ်ချက်မှလည်း မရှိဘူး၊ ကျွန်မရဲ့ နောက်ခံကိုပြောရရင် သာမန်သန်မာ‌ရုံလောက်ပါပဲ “

စကားပြောပြီးနောက်၊ အေးဂျင့်နဲ့လက်ထောက်ဖြစ်သူနဲ့အတူ ကုမျန်က နေရာကနေ အမြန်ထွက်ခွာသွားခဲ့တယ်။

သူမတို့ထွက်သွားတော့ သတင်းထောက်တွေက သူတို့ရဲ့မျက်နှာပေါ်က စိတ်လှုပ်ရှားမှုတွေကို တုံ့ပြန်ဖော်ပြခဲ့ကြတယ်။

ဖျော်ဖြေရေးနယ်ပယ်ထဲမှာဆို ကုမျန်က အမှန်တကယ်ပင် ရှင်းလင်းပြတ်သားလှတယ်။ အခြားကြယ်ပွင့်တွေအားလုံးက ချီတုံချတုံဖြစ်တတ်ကြပြီး သူတို့ရဲ့မေးခွန်းတွေကို ပွင့်ပွင့်လင်းလင်း တခါမှဖြေလေ့မရှိကြဘူး။

ကုမျန်တစ်ယောက်တည်းကသာ ဖျော်ဖြေရေးနယ်ပယ်ထဲက ရှားပါးလှတဲ့ ရိုးသားသူလေးဖြစ်ပြီး မေးခွန်းအားလုံးကို ဖြေပေးတဲ့သူဖြစ်တယ်။

သူတို့မေးတဲ့မေးခွန်းတွေ ဘယ်လောက်ပဲခက်ခဲပါစေ ကုမျန်က သူတို့ကို ကျေနပ်လောက်တဲ့ အဖြေတွေပေးပြီး ခေါင်းစီးတွေကိုလည်း ပေးနိုင်တယ်။

သူမက ဖျော်ဖြေရေးနယ်ပယ်ရဲ့ ရွှံနောက်ထဲက ကြည်လင်သန့်ရှင်းတဲ့ ရေစီးကြောင်းလေးပင်။

ကုမျန်ရဲ့ ထူးခြားတဲ့ဟန်ပန်နဲ့ သတင်းထောက်တွေ မေးတဲ့မေးခွန်းတွေကို အထူးပူးပေါင်းဆောင်ရွက်မှုကြောင့် သူမက ထိုနေရာရှိ သတင်းထောက်များစွာကို အထင်ကြီးသွားစေခဲ့တယ်။

ထိုနေ့က ကုမျန်ကို အင်တာဗျူးတဲ့ သတင်းထောက်တွေထဲမှ တစ်ယောက်က သူမကို အင်တာဗျူးဖို့ "Ask the Immortal" ရိုက်ကူးရေးအဖွဲ့ဆီ အပြေးအလွှားလာခဲ့ဖူးတဲ့ သတင်းထောက်ဖြစ်တယ်။

အဲဒီအင်တာဗျူးအပြီးမှာ သတင်းထောက်က ရာထူးတိုးခဲ့ပြီး သိပ်မကြာခင်မှာပဲ လစာပါတိုးသွားခဲ့ကာ ချောမောလှပတဲ့ ချစ်သူကောင်မလေးတစ်ယောက်လည်း ရခဲ့တယ်။

သူ့ကောင်မလေးက ကုမျန်ရဲ့ fangirl လေးပင်။

ခုလည်း ထုံးစံအတိုင်း ကုမျန်က သူတို့ကို ခေါင်းစီး ရက်ရက်ရောရော ပေးလိုက်ပြန်ပြီ။

သူမကြောင့် ရာထူးတိုးသွားခဲ့တဲ့ သတင်းထောက်က ကုမျန်အကြောင်းကို ကောင်းကောင်းရေးရမယ်လို့ စိတ်ထဲ တိတ်တိတ်လေး တွေးလိုက်မိတယ်။

ကားထဲရောက်နေပြီဖြစ်တဲ့ သူမရဲ့လက်ထောက်၊ အေးဂျင့်နဲ့သက်တော်စောင့်တွေ အကာအကွယ် ပေးထားတဲ့ ကုမျန်က သတင်းထောက်တွေကို  သူမအထင်ကြီးသွားစေမိမယ်လို့ မသိခဲ့ဘူး။ သတင်းထောက်များစွာက သူမအကြောင်း ကောင်းတာလေးတွေပဲ ပြောချင်တာကို မပြောနဲ့ဦး။သူတို့က သူမကို ပထမဆင့်သရုပ်ဆောင်တောင် ဖြစ်စေချင်ကြတယ်။

သတင်းထောက်တွေရဲ့အမြင်အရ၊ ကုမျန်မကျော်ကြားတာက ရိုးရိုးရှင်းရှင်းပင် သည်းမခံနိုင်စရာပေ။

ကားထဲဝင်ပြီးနောက် ရှောင်ကျူးက အမောတကောဖြစ်နေပြီး သူမရဲ့ရင်ဘတ်ကို အားနဲ့မာန်နဲ့ ပုတ်လိုက်တယ်။

သူမက သက်ပြင်းချလိုက်ပြီး ခေါင်းကုတ်ကာ "မျန်းမျန်၊ သာမန်သန်မာရုံပါပဲဆိုတဲ့ စကားလုံးက ဘာအဓိပ္ပာယ်လဲ"

ကုမျန်က မျက်လုံးတွေကိုမှိတ်ထားပြီး မဖြေခင် သူမရဲ့ခေါင်းကို ထိုင်ခုံပေါ် သက်တောင့်သက်သာနဲ့ မှီထားလိုက်ကာ"အဲဒါက အရှိအတိုင်းပြောတာလို့ ဆိုလိုတာပဲ"

သူမရဲ့နောက်ခံက အမှန်တကယ်ကို သာမန်လူတွေထက် များစွာသန်မာတယ်။ ဒါ့အပြင် ကုကော်အန်းမှာ သမီးလေးတစ်ယောက်သာရှိတာကြောင့် သဘာဝကျကျပင် သူမကို supportဖို့နဲ့ အရင်းအမြစ်ကောင်းတွေအားလုံးကို အားစိုက်မထုတ်ပဲနဲ့တောင် လုပ်ပေးနိုင်တယ်။

ဒါကြောင့် ရွှယ်ကွေ့၀မ်နဲ့မတူဘဲ၊ သူမက အရင်းအမြစ်တွေ လုံးဝမချို့တဲ့သလို အရင်းအမြစ်တွေကို ဖမ်းဆုပ်ဖို့ အလုပ်ကြိုးကြိုးစားစားလုပ်ဖို့လည်း မလိုအပ်ပေ။

ဒါပေမယ့် အစစ်အမှန်သူဌေးတွေနဲ့ယှဉ်ရင်တော့ သူမရဲ့နောက်ခံက မလုံလောက်ပါဘူး။

ဥပမာအားဖြင့်၊ ပေချန်းရှိ ကျိမိသားစုနဲ့ ဟောင်ကောင်ရှိ ချန်းမိသားစုပင်။

လော့ချယ်ရဲ့အိမ်အစစ်ဖြစ်တဲ့ ဟောင်ကောင်ရှိ ချန်းမိသားစုက အံ့အားသင့်လောက်စရာ နောက်ခံရှိတယ်။

အဲဒါက ကုမျန် 'သာမန်သန်မာရုံပါပဲ 'လို့ ဖြေရတဲ့အကြောင်းရင်းဖြစ်တယ်။ နှိုင်းယှဉ်မှုက မလုံလောက်ဘူးလေ။

အေးဂျင့်လီနန်က သူ့နဖူးကိုရိုက်လိုက်မိတယ်။

အဲဒီအဖြေမျိုးက ကုမျန်ပြောနိုင်တဲ့ အဖြေမျိုးပဲ။

ကုမျန်နဲ့အချိန်များစွာ ကုန်ဆုံးပြီးနောက် လီနန်က သူမရဲ့စိတ်နေစိတ်ထားကို နည်းနည်းနားလည်လာပြီ။

သူမက လိမ်ရတာကို အထင်သေးပြီး တကယ်တော့ အနည်းငယ်လည်း အာဏာရှင်ဆန်လှတယ်။

သူအရင်က ကုမျန်နဲ့သာမတွေ့ဖြစ်ခဲ့ရင်၊ ဒီလိုစရိုက်မျိုးရှိတဲ့ လူတွေက ဖျော်ဖြေရေးနယ်ပယ်ကို အရမ်းဖရိုဖရဲဖြစ်စေလောက်ပြီး ပူဖောင်းတလုံးလို ပေါ်လာဖို့တောင် မဖြစ်နိုင်လောက်ဘူးလို့ ခံစားရမှာသေချာပေါက်ပဲ။

ဒါပေမယ့် ကုမျန်ကိုတွေ့ပြီးနောက်မှာတော့ သူ့ရဲ့ကမ္ဘာ့အမြင်က ပြန်လည်ဆန်းသစ်သွားခဲ့ပြီ။

ပရိတ်သတ်တွေအပြင် သတင်းထောက်တွေနဲ့ ဆယ်လီဘရစ်တီတော်တော်များများက သူမရဲ့ ပင်ကိုယ်စရိုက်ကို သဘောကျကြတယ်။

ဒါကို အရူးတစ်ယောက်အတွက် ကောင်းချီးတစ်ခုလို့ မှတ်ယူနိုင်တယ်။

Paid gpမှာ Ch 253နဲ့ complete သွားပါပြီရှင့်။ အကုန်ပြီးမှ ဖတ်မယ့်ကလေးတွေက ငွေလွှဲ 5000/ Atom bill 6000နဲ့ ၀င်လို့ရပါပြီနော်။ ၀င်မယ်ဆို message box ဒါမှမဟုတ် tele acc @hsuyoonkim 99ကို လာပေးပါရှင့်။





Zawgyi

ကုမ်န္ၿပီးေနာက္၊ "Ask the Immortal"ရဲ႕ အဖြဲ႕သားအမ်ားအျပားကလည္း ဆုရရွိခဲ့ၾကတယ္။

"Ask the Immortal" ရိုက္ကူးေရးအဖြဲ႕က ထိုညမွာ အႀကီးမားဆုံးအနိုင္ရရွိခဲ့သူလို႔ ဆိုနိုင္တယ္။

ခန္ယန္ယန္က "တစ္ႏွစ္တာရဲ႕ အလားအလာအရွိဆုံး ဇာတ္ပို႔ဆု" ကို ရရွိခဲ့ၿပီး အျခားဇာတ္ပို႔ဇာတ္ေကာင္ေတြလည္း ဆုအသီးသီး ရရွိခဲ့ၾကတယ္။

"Ask the Immortal" ထဲက အမ်ိဳးသားဇာတ္ေဆာင္အျဖစ္ သ႐ုပ္ေဆာင္ထားတဲ့ ေလာ့ခ်ယ္ကေတာ့ ထိုညမွာ တန္ဖိုးအရွိဆုံးနဲ႕ အေလးဆုံးဆုျဖစ္တဲ့ "Man of the Year Award" ကို ရရွိခဲ့တယ္။

ဆုေပးပြဲၿပီးတဲ့ေနာက္မွာ အိမ္ျပန္ၾကရၿပီ။

ေကာ္ေဇာနီေပၚထပ္ေလွ်ာက္ဖို႔ မလိုအပ္ေတာ့တဲ့အတြက္ ကုမ်န္က ဆုေပးပြဲရဲ႕ ပရိတ္သတ္ထိုင္တဲ့ ေနရာကေနထြက္ၿပီး ေလာ့ခ်ယ္နဲ႕ သီးျခားခြဲထြက္သြားလိုက္တယ္။

သူမရဲ႕လက္ေထာက္နဲ႕ေအးဂ်င့္ကို ေတြ႕လိုက္ရတာနဲ႕တၿပိဳင္နက္ သတင္းေထာက္အုပ္စုက သူတို႔ရဲ႕ မိုက္ခရိုဖုန္းေတြနဲ႕ အ႐ူးအမူးဝိုင္းလိုက္ၾက‌ေတာ့တယ္။

"မိန္းကေလးကုမ်န္ မင္းလည္ပင္းေပၚက စိန္လည္ဆြဲက ဘယ္က ေရာက္လာတာလဲ"

"မိန္းကေလးကုမ်န္၊ ငါမမွားရင္ မင္းလည္ပင္းမွာဝတ္ထားတဲ့ လည္ဆြဲက သန္းရာခ်ီတန္တဲ့ ပန္းေရာင္ဂလက္ဆီပဲျဖစ္ရမယ္ တစ္နည္းဆိုရရင္ မင္းရဲ႕ဝတ္စုံကလည္း သန္း ၁၀၀ ေက်ာ္မွာေပါ့ ဟုတ္တယ္မလား"

"မိန္းကေလးကုမ်န္ မင္းက ေရပန္းစားခ်င္လို႔ အရမ္းထင္ထင္ေပၚေပၚျဖစ္ေအာင္ ၀တ္ဆင္ထားတာလား"

"မိန္းကေလးကုမ်န္ မင္းမွာ အားေကာင္းတဲ့ ေနာက္ခံရွိတယ္ဆိုတဲ့ ေကာလဟာလေတြ အင္တာနက္ေပၚမွာ ရွိေနတယ္ အဲ့ဒါဟုတ္လား"

သတင္းေထာက္ေတြဆီကေန ေမးခြန္းတစ္ခုၿပီးတစ္ခု ထြက္ေပၚလာတယ္။

........

ကုမ်န္က သူမရဲ႕နားကို နာက်င္မႈေၾကာင့္ ပြတ္သပ္လိုက္တယ္။

ေအးဂ်င့္က ကုမ်န္ကို အနီးကပ္ ကာကြယ္ေပးေနၿပီး သက္ေတာ္ေစာင့္အမ်ားအျပားကလည္း ႐ူးသြပ္ေနတဲ့ သတင္းေထာက္ေတြကို တားဆီးဖို႔ ႀကိဳးစားခဲ့ၾကတယ္။

ေရွာင္က်ဴးက ကုမ်န္ရဲ႕လည္ပင္းကို ထိတ္ထိတ္လန႔္လန့္နဲ႕ ကာကြယ္ထားတယ္။ကုမ်န္က သူမရဲ႕လည္ပင္းမွာ ပန္းေရာင္ဂလက္ဆီကို ၀တ္ဆင္ထားတာေလ။ လည္ဆြဲက သတင္းေထာက္ေတြေၾကာင့္ ပ်က္စီးသြားရင္ ငိုေတာင္ ငိုနိုင္ေတာ့မွာမဟုတ္ဘူး။

သက္ေတာ္ေစာင့္ေတြက အေျခအေနကို ထိန္းခ်ဳပ္ဖို႔ အစြမ္းကုန္ ႀကိဳးစားေနေပမယ့္လည္း ထိန္းခ်ဳပ္မႈကေန အနည္းငယ္လြတ္ထြက္ေနခဲ့ၿပီပင္။

အစြန္နားက မိုက္ကရိုဖုန္းတစ္လုံးက တြန္းထုတ္ခံလိုက္ရၿပီး ကုမ်န္ရဲ႕ မ်က္ႏွာကို ထိုးမိလုနီးပါးျဖစ္သြားခဲ့တယ္။

ကုမ်န္က ႏႈတ္ခမ္းတင္းတင္းေစ့လိုက္ၿပီး extendedမိုက္ခရိုဖုန္းကို တိုက္ရိုက္ဆုပ္ကိုင္ကာ စကားအနည္းငယ္ေလာက္ အတိုခ်ဳံးၿပီး အလ်င္စလိုေျပာလိုက္ရတယ္။ "ကြၽန္မ ေရပန္းမစားခ်င္ဘူး လည္ဆြဲနဲ႕ပတ္သက္ၿပီး ဘာမွတ္ခ်က္မွလည္း မရွိဘူး၊ ကြၽန္မရဲ႕ ေနာက္ခံကိုေျပာရရင္ သာမန္သန္မာ‌႐ုံေလာက္ပါပဲ “

စကားေျပာၿပီးေနာက္၊ ေအးဂ်င့္နဲ႕လက္ေထာက္ျဖစ္သူနဲ႕အတူ ကုမ်န္က ေနရာကေန အျမန္ထြက္ခြာသြားခဲ့တယ္။

သူမတို႔ထြက္သြားေတာ့ သတင္းေထာက္ေတြက သူတို႔ရဲ႕မ်က္ႏွာေပၚက စိတ္လႈပ္ရွားမႈေတြကို တုံ႕ျပန္ေဖာ္ျပခဲ့ၾကတယ္။

ေဖ်ာ္ေျဖေရးနယ္ပယ္ထဲမွာဆို ကုမ်န္က အမွန္တကယ္ပင္ ရွင္းလင္းျပတ္သားလွတယ္။ အျခားၾကယ္ပြင့္ေတြအားလုံးက ခ်ီတုံခ်တဳံျဖစ္တတ္ၾကၿပီး သူတို႔ရဲ႕ေမးခြန္းေတြကို ပြင့္ပြင့္လင္းလင္း တခါမွေျဖေလ့မရွိၾကဘူး။

ကုမ်န္တစ္ေယာက္တည္းကသာ ေဖ်ာ္ေျဖေရးနယ္ပယ္ထဲက ရွားပါးလွတဲ့ ရိုးသားသူေလးျဖစ္ၿပီး ေမးခြန္းအားလုံးကို ေျဖေပးတဲ့သူျဖစ္တယ္။

သူတို႔ေမးတဲ့ေမးခြန္းေတြ ဘယ္ေလာက္ပဲခက္ခဲပါေစ ကုမ်န္က သူတို႔ကို ေက်နပ္ေလာက္တဲ့ အေျဖေတြေပးၿပီး ေခါင္းစီးေတြကိုလည္း ေပးနိုင္တယ္။

သူမက ေဖ်ာ္ေျဖေရးနယ္ပယ္ရဲ႕ ႐ႊံေနာက္ထဲက ၾကည္လင္သန့္ရွင္းတဲ့ ေရစီးေၾကာင္းေလးပင္။

ကုမ်န္ရဲ႕ ထူးျခားတဲ့ဟန္ပန္နဲ႕ သတင္းေထာက္ေတြ ေမးတဲ့ေမးခြန္းေတြကို အထူးပူးေပါင္းေဆာင္႐ြက္မႈေၾကာင့္ သူမက ထိုေနရာရွိ သတင္းေထာက္မ်ားစြာကို အထင္ႀကီးသြားေစခဲ့တယ္။

ထိုေန႕က ကုမ်န္ကို အင္တာဗ်ဴးတဲ့ သတင္းေထာက္ေတြထဲမွ တစ္ေယာက္က သူမကို အင္တာဗ်ဴးဖို႔ "Ask the Immortal" ရိုက္ကူးေရးအဖြဲ႕ဆီ အေျပးအလႊားလာခဲ့ဖူးတဲ့ သတင္းေထာက္ျဖစ္တယ္။

အဲဒီအင္တာဗ်ဴးအၿပီးမွာ သတင္းေထာက္က ရာထူးတိုးခဲ့ၿပီး သိပ္မၾကာခင္မွာပဲ လစာပါတိုးသြားခဲ့ကာ ေခ်ာေမာလွပတဲ့ ခ်စ္သူေကာင္မေလးတစ္ေယာက္လည္း ရခဲ့တယ္။

သူ႕ေကာင္မေလးက ကုမ်န္ရဲ႕ fangirl ေလးပင္။

ခုလည္း ထုံးစံအတိုင္း ကုမ်န္က သူတို႔ကို ေခါင္းစီး ရက္ရက္ေရာေရာ ေပးလိုက္ျပန္ၿပီ။

သူမေၾကာင့္ ရာထူးတိုးသြားခဲ့တဲ့ သတင္းေထာက္က ကုမ်န္အေၾကာင္းကို ေကာင္းေကာင္းေရးရမယ္လို႔ စိတ္ထဲ တိတ္တိတ္ေလး ေတြးလိုက္မိတယ္။

ကားထဲေရာက္ေနၿပီျဖစ္တဲ့ သူမရဲ႕လက္ေထာက္၊ ေအးဂ်င့္နဲ႕သက္ေတာ္ေစာင့္ေတြ အကာအကြယ္ ေပးထားတဲ့ ကုမ်န္က သတင္းေထာက္ေတြကို  သူမအထင္ႀကီးသြားေစမိမယ္လို႔ မသိခဲ့ဘူး။ သတင္းေထာက္မ်ားစြာက သူမအေၾကာင္း ေကာင္းတာေလးေတြပဲ ေျပာခ်င္တာကို မေျပာနဲ႕ဦး။သူတို႔က သူမကို ပထမဆင့္သ႐ုပ္ေဆာင္ေတာင္ ျဖစ္ေစခ်င္ၾကတယ္။

သတင္းေထာက္ေတြရဲ႕အျမင္အရ၊ ကုမ်န္မေက်ာ္ၾကားတာက ရိုးရိုးရွင္းရွင္းပင္ သည္းမခံနိုင္စရာေပ။

ကားထဲဝင္ၿပီးေနာက္ ေရွာင္က်ဴးက အေမာတေကာျဖစ္ေနၿပီး သူမရဲ႕ရင္ဘတ္ကို အားနဲ႕မာန္နဲ႕ ပုတ္လိုက္တယ္။

သူမက သက္ျပင္းခ်လိဳက္ၿပီး ေခါင္းကုတ္ကာ "မ်န္းမ်န္၊ သာမန္သန္မာ႐ုံပါပဲဆိုတဲ့ စကားလုံးက ဘာအဓိပၸာယ္လဲ"

ကုမ်န္က မ်က္လုံးေတြကိုမွိတ္ထားၿပီး မေျဖခင္ သူမရဲ႕ေခါင္းကို ထိုင္ခုံေပၚ သက္ေတာင့္သက္သာနဲ႕ မွီထားလိုက္ကာ"အဲဒါက အရွိအတိုင္းေျပာတာလို႔ ဆိုလိုတာပဲ"

သူမရဲ႕ေနာက္ခံက အမွန္တကယ္ကို သာမန္လူေတြထက္ မ်ားစြာသန္မာတယ္။ ဒါ့အျပင္ ကုေကာ္အန္းမွာ သမီးေလးတစ္ေယာက္သာရွိတာေၾကာင့္ သဘာဝက်က်ပင္ သူမကို supportဖို႔နဲ႕ အရင္းအျမစ္ေကာင္းေတြအားလုံးကို အားစိုက္မထုတ္ပဲနဲ႕ေတာင္ လုပ္ေပးနိုင္တယ္။

ဒါေၾကာင့္ ႐ႊယ္ေကြ႕၀မ္နဲ႕မတူဘဲ၊ သူမက အရင္းအျမစ္ေတြ လုံးဝမခ်ိဳ႕တဲ့သလို အရင္းအျမစ္ေတြကို ဖမ္းဆုပ္ဖို႔ အလုပ္ႀကိဳးႀကိဳးစားစားလုပ္ဖို႔လည္း မလိုအပ္ေပ။

ဒါေပမယ့္ အစစ္အမွန္သူေဌးေတြနဲ႕ယွဥ္ရင္ေတာ့ သူမရဲ႕ေနာက္ခံက မလုံေလာက္ပါဘူး။

ဥပမာအားျဖင့္၊ ေပခ်န္းရွိ က်ိမိသားစုနဲ႕ ေဟာင္ေကာင္ရွိ ခ်န္းမိသားစုပင္။

ေလာ့ခ်ယ္ရဲ႕အိမ္အစစ္ျဖစ္တဲ့ ေဟာင္ေကာင္ရွိ ခ်န္းမိသားစုက အံ့အားသင့္ေလာက္စရာ ေနာက္ခံရွိတယ္။

အဲဒါက ကုမ်န္ 'သာမန္သန္မာ႐ုံပါပဲ 'လို႔ ေျဖရတဲ့အေၾကာင္းရင္းျဖစ္တယ္။ ႏွိုင္းယွဥ္မႈက မလုံေလာက္ဘူးေလ။

ေအးဂ်င့္လီနန္က သူ႕နဖူးကိုရိုက္လိုက္မိတယ္။

အဲဒီအေျဖမ်ိဳးက ကုမ်န္ေျပာနိုင္တဲ့ အေျဖမ်ိဳးပဲ။

ကုမ်န္နဲ႕အခ်ိန္မ်ားစြာ ကုန္ဆုံးၿပီးေနာက္ လီနန္က သူမရဲ႕စိတ္ေနစိတ္ထားကို နည္းနည္းနားလည္လာၿပီ။

သူမက လိမ္ရတာကို အထင္ေသးၿပီး တကယ္ေတာ့ အနည္းငယ္လည္း အာဏာရွင္ဆန္လွတယ္။

သူအရင္က ကုမ်န္နဲ႕သာမေတြ႕ျဖစ္ခဲ့ရင္၊ ဒီလိုစရိုက္မ်ိဳးရွိတဲ့ လူေတြက ေဖ်ာ္ေျဖေရးနယ္ပယ္ကို အရမ္းဖရိုဖရဲျဖစ္ေစေလာက္ၿပီး ပူေဖာင္းတလုံးလို ေပၚလာဖို႔ေတာင္ မျဖစ္နိုင္ေလာက္ဘူးလို႔ ခံစားရမွာေသခ်ာေပါက္ပဲ။

ဒါေပမယ့္ ကုမ်န္ကိုေတြ႕ၿပီးေနာက္မွာေတာ့ သူ႕ရဲ႕ကမၻာ့အျမင္က ျပန္လည္ဆန္းသစ္သြားခဲ့ၿပီ။

ပရိတ္သတ္ေတြအျပင္ သတင္းေထာက္ေတြနဲ႕ ဆယ္လီဘရစ္တီေတာ္ေတာ္မ်ားမ်ားက သူမရဲ႕ ပင္ကိုယ္စရိုက္ကို သေဘာက်ၾကတယ္။

ဒါကို အ႐ူးတစ္ေယာက္အတြက္ ေကာင္းခ်ီးတစ္ခုလို႔ မွတ္ယူနိုင္တယ္။

Paid gpမွာ Ch 253နဲ႕ complete သြားပါၿပီရွင့္။ အကုန္ၿပီးမွ ဖတ္မယ့္ကေလးေတြက ေငြလႊဲ 5000/ Atom bill 6000နဲ႕ ၀င္လို႔ရပါၿပီေနာ္။ ၀င္မယ္ဆို message box ဒါမွမဟုတ္ tele acc @hsuyoonkim 99ကို လာေပးပါရွင့္။

Continue Reading

You'll Also Like

237K 35.4K 84
သည်းထိတ်ရင်ဖိုဇာတ်လမ်းတွေကိုနှစ်သက်တဲ့စာရေးဆရာမရှီရှန်းက ရေးလက်စစာအုပ်များစွာကိုရပ် တန့်ခဲ့တယ် မြောက်များစွာသော ‌အဓိကဇာတ်ဆောင်တွေကို ဝမ်းနည်းစရာအဆုံး...
250K 14.9K 40
My priority /property/privacy
319K 45.1K 84
I don't own this story. Credit to Original Author/s and English Translator/s. Title-In the Apocalpyse,Jiao Jiao Struggled Every Day [JJSED] Author...