အခန်း ၈ ရွှေအမှုဟောင်း (အပိုင်း ၂)
ပြန်လာပြီလားဟ??!!!!
ကုယွင်က မျက်မှောင်ကြုတ်လိုက်ပြီး သူမစိတ်ထဲကနေ တွေးလိုက်ကာ တုန့်ဆိုင်းမနေတော့ဘဲ ကုတင်ကြီးဆီသို့ ပြန်ပြေးသွားလိုက်သည်။ သူမ အိပ်ယာပေါ်လှဲချပြီးသည်နှင့် တံခါးက ကျယ်လောင်စွာ တွန်းဖွင့်ခံလိုက်ရသည်။
"မြန်မြန် ဘာကြည့်စမ်း၊ သူ(မ) ဘာဖြစ်နေတာလဲ" စုယွိ၏ မိုးခြိမ်းသံလို အသံကြီး ထွက်ပေါ်လာသည်။
အချိန်အတော်ကြာပြီးနောက်၊ ကုယွင်က သူမ၏ လက်ကောက်ဝတ်ပေါ်သို့ လက်တစ်ဖက်ရောက်လာတာကို ခံစားလိုက်ရသည်။ အချိန်အတော်ကြာတဲ့အထိ ထိုသမားတော်က မရှင်းပြနိုင်သေးတာကြောင့် စုယွိက မျက်ခုံးများက ပိုမို ရှုံ့တွလာကာ မမေးဘဲ မနေနိုင်တော့ပေ "သူ(မ) ဘယ်လိုနေသေးလဲ"
သမားတော်က ဇဝေဇဝါဖြင့် "သခင်မ မေ့မြောနေတာ ဘယ်လောက်ကြာနေပြီလဲ"
"နှစ်ရက်ရှိပြီ၊ ဒီကြားထဲမှာ ရေတောင် မသောက်ရသေးဘူး" အဲ့တာကြောင့် သူ ဘယ်လောက် စိတ်ပူနေတယ်ဆိုတာကို အတိအကျတောင် မပြောနိုင်တော့ဘူး။
သမားတော်က သူ့လက်ကို ဖြည်းညင်းစွာ ပြန်ရုတ်သိမ်းလိုက်ပြီး စုယွိကို ဦးညွှတ်ကာ ပြန်ပြောလိုက်သည်။ "အခု သခင်မရဲ့ သွေးခုန်နှုန်းက သန်မာနေသေးတယ်၊ အစာနဲ့ ရေမရဘဲ နှစ်ရက်ကြာ အစာငတ်နေတဲ့ သာမန်လူတွေရဲ့ သွေးခုန်နှုန်းနဲ့ လုံးဝမတူဘူး။ ဒီရောဂါက နည်းနည်းတော့ ထူးဆန်းတယ်လို့ မြင်တယ်။ လောလောဆယ်တော့ ဆုံးဖြတ်ချက် မချဝံ့ပါဘူး၊ ကျေးဇူးပြုပြီး အနီးကပ်ကြည့်ခွင့်ပေးပါ"
သူလည်း ဒီရောဂါမျိုးကို တစ်ခါမှ မမြင်ဖူးပါဘူး။
ကုယွင်က စိတ်ထဲကနေ မချိပြုံးသာ ပြုံးနိုင်တော့သည်။ ဘယ်သူက သွေးခုန်နှုန်း သန်မာနေချင်မလဲဟ!!! ငါ အမြန်ပြေးလာခဲ့ရလို့ တစ်ခဏလေးအတွင်း ပြန်မထိန်းချုပ်နိုင်သေးတာဟဲ့။
ထိုသမားတော် ပြောတာကိုကြားတော့ စုယွိက ဒေါသတွေနဲ့ ပြည့်နှက်သွားပြီး "မင်းက ငါရဲ့အချိန်တွေကို ဖြုန်းနေတာပဲ၊ မင်း အဖြေထုတ်နိုင်တဲ့အချိန်ရောက်ရင် လူနာက ငတ်ပြီး သေနေလောက်ပြီ၊ ထွက်သွားတော့!"
သမားတော်က အထိတ်တလန့်ဖြင့် အမြန်ပြန်ဆုတ်ခွာသွားခဲ့ရသည်။ သူက စစ်သူကြီးအိမ်တော်မှ မည်သူ့ကိုမှ စော်ကားရန် တက်နိုင်သူ မဟုတ်ပေ။
တစ်ခန်းလုံး ပြန်လည်တိတ်ဆိတ်သွားပြီး စုယွိက ကုတင်ဆီသို့ လျှောက်လာကာ အပြင်ဘက်မှ နေရောင်က ပြတင်းပေါက်စက္ကူမှတဆင့် ကျဆင်းပြီး လင်းလက်နေသော သူမမျက်နှာကို ငုံကြည့်လိုက်သည်။ သူမမျက်လုံးအောက်မှ မျက်တောင်ရှည်ရှည်လေးများက စင်းကျနေပြီး အိပ်ပျော်နေပုံရကာ အလွန်ချစ်စရာကောင်းသော အသွင်အပြင်ကို ပေးစွမ်းနေသည်။ သို့သော် ထိုအရာက စုယွိကို နှစ်သိမ့်မှုတစ်စုံတရာ မပေးနိုင်ဘဲ စိတ်မသက်မသာ ခံစားရစေသည်။ သူ၏နှလုံးသားထဲမှ နာကျင်ခြင်းကြောင့်လား ဒေါသဖြစ်ခြင်းကြောင့်လား မသိနိုင်ပေမယ့် သူက ကုတင်ဘောင်ကို ပြင်းပြင်းထန်ထန် ထိုးနှက်လိုက်ရာ ကုတင်က ပြင်းပြင်းထန်ထန် လှုပ်ခါသွားတာကို ကုယွင်တောင်မှ ခံစားလိုက်ရသည်။
ဒီကလေးက ဘာလုပ်ချင်နေတာလဲ??!
"ငါ နေမကောင်းဖြစ်တဲ့ အချိန်ရောက်လာရင် နင် ငါ့အတွက် သမားတော်ရှာပေးလို့ ရတယ်။ သူတို့ မကုသပေးနိုင်ရင်တော့ ငါ အသက်ရှင်ဖို့ ငါ့ကျဲကျဲကို ရှာဖို့ ဝန်ကြီးချုပ်အိမ်တော်ကို ခေါ်သွားပေးပါ"
ထိုနေ့က သူ ဟာသလိုထင်ခဲ့သည့် သူမ၏စကားများက သူ့စိတ်ထဲတွင် ရုတ်တရက် ပဲ့တင်ထပ်သလို ထွက်ပေါ်လာတာကြောင့် စုယွိက ထိတ်လန့်သွားသည်။
ဟုတ်တယ်၊ သူမရဲ့အစ်မ ရှိသေးတယ်။ ချင်းမော့ကို သူတို့ မကုသနိုင်ရင် သူမကို သူမရဲ့အစ်မဆီကို ခေါ်သွားရလိမ့်မယ်။
စုယွိက တံခါးအပြင်ဘက်မှ စစ်သည်များကို လှမ်းအော်လိုက်သည်။ "လာကြစမ်း၊ မြန်မြန်သွားပြီး ဝေါယာဥ်ပြင်ကြ၊ မြန်မြန်လုပ်"
ဝေါယာဥ် ပြင်တော့မှာလား??! ကုယွင်က ဝမ်းသာသွားသည်။ ချင်း၊ နင် ငါ့ကို စောင့်နေနော်!!!
အချိန်အတော်ကြာအောင် သယ်ဆောင်ခံလိုက်ရပြီးနောက် နောက်ဆုံးတွင် ထူးထူးခြားခြား သာယာသော အိမ်တော်တစ်ခုသို့ ရောက်ရှိလာကြသည်။ ဝေါယဥ်ပေါ်တွင် လဲလျောင်းနေသော ကုယွင်က အပြင်ကို မမြင်ရဘဲ စုယွိနှင့် အေးစက်စက်သော ယောက်ျားလေးတစ်ယောက် တစ်စုံတစ်ခု ပြောနေသည့် အသံကိုသာ ကြားလိုက်ရသည်။ ထိုနောက် ထိူလူက သူတို့ အနားယူနိုင်ရန် ဧည့်ခန်းမ၏တစ်ဖက်ခြမ်းဆီသို့ ခေါ်ဆောင်သွားခဲ့သည်။
ခဏအကြာတွင် တစ်ယောက်ယောက်ဝင်လာပုံရသည်။
"ဝန်ကြီးချုပ်လို့" အမြဲတမ်းမာနကြီးနေတက်သော စုယွိ၏ လေသံတွင်ပင် လေးစားမှု အရိပ်အယောင်များ ပါဝင်နေသည်။
"စစ်သူကြီးစု" တုန့်ပြန်လာသည့် နူးညံ့သိမ်မွေ့သောလေသံကတော့ လေပြေသံကဲ့သို့ပင်။
ကုယွင်က အနည်းငယ် စပ်စုချင်လာသည်။ နူးညံ့သိမ်မွေ့တဲ့ အသံနဲ့ ယောက်ျားလေးတဲ့လား?? ဘယ်လောက်တောင် ထူးဆန်းလိုက်သလဲ? သူမ မျက်လုံးကို အနည်းငယ်ဖွင့်ကြည့်လိုက်ရာ အရပ်ရှည်ရှည်ပုံရိပ်တစ်ခု လျှောက်လာနေသည်ကိုသာ မြင်လိုက်ရသည်။ သူ့၏အသွင်အပြင်ကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေမယ့် သူ့အမူအရာမှ ကျက်သရေရှိမှုက ထိုလူ၏ကြီးကျယ်ခမ်းနားမှုနှင့် အမူအကျင့်များကို ပြသနေပြီဖြစ်သည်။
"စစ်သူကြီးစု၊ အရမ်းလည်း စိတ်ပူ မနေပါနဲ့၊ လင်အာက မကြာခင် ဒီကို ရောက်လာပါလိမ့်မယ်"
သူ၏ အမြဲတမ်း နူးညံ့နေပုံရသောအသံကို ကြားရသည်မှာ ဘယ်သောအခါမှ ငြီးငွေ့စေမည် မဟုတ်သော်လည်း "လင်အာ" ဟူသော ခေါ်သံက ကုယွင်၏တစ်ကိုယ်လုံးကို ယားယံသွားစေခဲ့သည်။
သူမ တိတ်တဆိတ် ကျိန်ဆဲနေချိန်မှာပဲ စုယွိ၏အနည်းငယ် အံ့အားသင့်နေသော အသံက ထွက်လာပြန်သည်။
"မင်းက ချင်းဖုန့်လား?"
သွယ်လျသော အမျိုးသမီးတစ်ဦးက ခန်းမဘေးဘက်တွင် ပေါ်လာပြီး ကုယွင်၏နှလုံးက ရုတ်တရက် ကြွတက်လာသည်။ တကယ်ပဲ ချင်းလား?? သူမက ကန့်လန့်ကာ ပိတ်ပါးစနောက်တွင်ရှိနေပြီး ထိုအမျိုးသမီး၏အမူအရာကို ရှင်းရှင်းလင်းလင်း မမြင်ရသော်လည်း သူမ၏ အေးစက်သော စိတ်နေစိတ်ထားက ချင်းနှင့် အလွန်ဆင်တူနေသည်။
အမျိုးသမီးက ဝေါယဥ်ဘက်သို့ လျောက်လာပြီး ကုယွင်ကို တစ်ချက်ကြည့်လိုက်သည်။ သူမက ဘာမှ မပြောပေမယ့် နူးညံ့တဲ့ယောကျာ်းသံက ထွက်လာပြန်သည်။ "သူ(မ) ဘယ်လိုနေလဲ၊ တော်ဝင်သမားတော်အချို့ကို လာကြည့်စေချင်သေးလား"
အမျိုးသမီးက ခေါင်းယမ်းလိုက်ပြီး "အဆင်ပြေပါတယ်၊ ကျွန်မ သူ(မ)ကို ကျွန်မအခန်းထဲကို အရင်ခေါ်သွားမယ်၊ ကျွန်မအတွက် ငွေအပ်တစ်စုံ ပြင်ဆင်ပေးပါ၊ အဆင်မပြေမှ တော်ဝင်သမားတော်ကို ခေါ်လည်း နောက်မကျသေးပါဘူး"
ထိုအေးစက်စက် အသံက သူမကို အရမ်းသက်တောင့်သက်သာ ဖြစ်စေတယ်လို့ ကုယွင်က ပိုပိုပြီး ခံစားလာရတယ်။ ဒီလူက ချင်းဖြစ်ရမယ်။ အဲ့လိုသာမဟုတ်ရင်၊ သူမရဲ့ညီမလေးက တကယ်ကျန်းမာနေတယ်ဆိုတာကို ချင်းဖုန့်က သိနေမှာ မဟုတ်ဘူးလား??
စုယွိက ပေါ့ပေါ့ပါးပါး ခေါင်းညိတ်ပြလိုက်တာကြောင့် စစ်သည်လေးယောက်က ထမ်းစင်ကို မြှောက်လိုက်ကြပြီး အုပ်စုလိုက် ကျိုက်ရှင်းအဆောင်ဆီသို့ လျှောက်သွားကြသည်။ အမျိုးသမီးက ကုယွင်အတွက် စောင် ကူခြုံပေးလိုက်ပြီး ခန်းဆီးအပြင်ဘက်မှာ ရပ်နေတဲ့ စုယွိဆီကို လှည့်ကြည့်ကာ "စစ်သူကြီးစု အပ်စိုက်ကုထုံးက ခနလေးနဲ့ ပြီးတဲ့ကိစ္စ မဟုတ်ပါဘူး။ ရှင် ဘာလို့ အိမ်တော်ကို အရင်မပြန်တာလဲ? သူ(မ)နိုးလာတဲ့အခါ တစ်ယောက်ယောက်နဲ့ ပြန်ပို့ခိုင်းလိုက်ပါ့မယ်"
"ဘာမှ စိတ်ပူစရာ မလိုပါဘူး၊ ကုသပေးရုံပဲ၊ အပြင်မှာ စောင့်နေမယ်" စုယွိ၏ အသံက ကျယ်လောင်ပြီး ပြတ်သားနေသည်။
အမျိုးသမီးက မျက်လုံးပြူးသွားပြီး "ဒါဆို ရှင့်သဘောပဲ"
ခဏကြာတော့ တံခါးက ဆောင့်ပိတ်ခံလိုက်ရတာကြောင့် အသံကျယ်ကျယ် ထွက်လာသည်။
ကုယွင်က ဤအမျိုးသမီးက ချင်းဖြစ်ကြောင်း သူ့စိတ်ထဲတွင် သေချာနေသော်လည်း ခနလောက် ငြိမ်သက်နေခဲ့သည်။ ထိုအမျိုးသမီးက ငွေရောင်အပ်တစ်ချောင်းကို ကိုင်ထားပြီး သူမကို အကြာကြီး စိုက်ကြည့်နေသည်။
ခဏအကြာတွင် အမျိုးသမီးက ရုတ်တရက် သူမအပေါ်ကို ဖြည်းညှင်းစွာ အုပ်မိုးလာပြီး "ယွင်၊ နင် မနိုးလာရင် ငါ အပ်နဲ့ထိုးတော့မှာနော်!"
သူမကို ယွင်လို့ခေါ်တယ်ပေါ့.... တကယ်ကို ချင်း ပဲဟ!
❤️❤️❤️Thank you so much for your lovely supports❤️❤️❤️
အခန္း ၈ ေ႐ႊအမႈေဟာင္း (အပိုင္း ၂)
ျပန္လာၿပီလားဟ??!!!!
ကုယြင္က မ်က္ေမွာင္ၾကဳတ္လိုက္ၿပီး သူမစိတ္ထဲကေန ေတြးလိုက္ကာ တုန႔္ဆိုင္းမေနေတာ့ဘဲ ကုတင္ႀကီးဆီသို႔ ျပန္ေျပးသြားလိုက္သည္။ သူမ အိပ္ယာေပၚလွဲခ်ၿပီးသည္ႏွင့္ တံခါးက က်ယ္ေလာင္စြာ တြန္းဖြင့္ခံလိုက္ရသည္။
"ျမန္ျမန္ ဘာၾကည့္စမ္း၊ သူ(မ) ဘာျဖစ္ေနတာလဲ" စုယြိ၏ မိုးၿခိမ္းသံလို အသံႀကီး ထြက္ေပၚလာသည္။
အခ်ိန္အေတာ္ၾကာၿပီးေနာက္၊ ကုယြင္က သူမ၏ လက္ေကာက္ဝတ္ေပၚသို႔ လက္တစ္ဖက္ေရာက္လာတာကို ခံစားလိုက္ရသည္။ အခ်ိန္အေတာ္ၾကာတဲ့အထိ ထိုသမားေတာ္က မရွင္းျပႏိုင္ေသးတာေၾကာင့္ စုယြိက မ်က္ခုံးမ်ားက ပိုမို ရႈံ႕တြလာကာ မေမးဘဲ မေနႏိုင္ေတာ့ေပ "သူ(မ) ဘယ္လိုေနေသးလဲ"
သမားေတာ္က ဇေဝဇဝါျဖင့္ "သခင္မ ေမ့ေျမာေနတာ ဘယ္ေလာက္ၾကာေနၿပီလဲ"
"ႏွစ္ရက္ရွိၿပီ၊ ဒီၾကားထဲမွာ ေရေတာင္ မေသာက္ရေသးဘူး" အဲ့တာေၾကာင့္ သူ ဘယ္ေလာက္ စိတ္ပူေနတယ္ဆိုတာကို အတိအက်ေတာင္ မေျပာႏိုင္ေတာ့ဘူး။
သမားေတာ္က သူ႔လက္ကို ျဖည္းညင္းစြာ ျပန္႐ုတ္သိမ္းလိုက္ၿပီး စုယြိကို ဦးၫႊတ္ကာ ျပန္ေျပာလိုက္သည္။ "အခု သခင္မရဲ႕ ေသြးခုန္ႏႈန္းက သန္မာေနေသးတယ္၊ အစာနဲ႔ ေရမရဘဲ ႏွစ္ရက္ၾကာ အစာငတ္ေနတဲ့ သာမန္လူေတြရဲ႕ ေသြးခုန္ႏႈန္းနဲ႔ လုံးဝမတူဘူး။ ဒီေရာဂါက နည္းနည္းေတာ့ ထူးဆန္းတယ္လို႔ ျမင္တယ္။ ေလာေလာဆယ္ေတာ့ ဆုံးျဖတ္ခ်က္ မခ်ဝံ့ပါဘူး၊ ေက်းဇူးျပဳၿပီး အနီးကပ္ၾကည့္ခြင့္ေပးပါ"
သူလည္း ဒီေရာဂါမ်ိဳးကို တစ္ခါမွ မျမင္ဖူးပါဘူး။
ကုယြင္က စိတ္ထဲကေန မခ်ိၿပဳံးသာ ၿပဳံးႏိုင္ေတာ့သည္။ ဘယ္သူက ေသြးခုန္ႏႈန္း သန္မာေနခ်င္မလဲဟ!!! ငါ အျမန္ေျပးလာခဲ့ရလို႔ တစ္ခဏေလးအတြင္း ျပန္မထိန္းခ်ဳပ္ႏိုင္ေသးတာဟဲ့။
ထိုသမားေတာ္ ေျပာတာကိုၾကားေတာ့ စုယြိက ေဒါသေတြနဲ႔ ျပည့္ႏွက္သြားၿပီး "မင္းက ငါရဲ႕အခ်ိန္ေတြကို ျဖဳန္းေနတာပဲ၊ မင္း အေျဖထုတ္ႏိုင္တဲ့အခ်ိန္ေရာက္ရင္ လူနာက ငတ္ၿပီး ေသေနေလာက္ၿပီ၊ ထြက္သြားေတာ့!"
သမားေတာ္က အထိတ္တလန႔္ျဖင့္ အျမန္ျပန္ဆုတ္ခြာသြားခဲ့ရသည္။ သူက စစ္သူႀကီးအိမ္ေတာ္မွ မည္သူ႔ကိုမွ ေစာ္ကားရန္ တက္ႏိုင္သူ မဟုတ္ေပ။
တစ္ခန္းလုံး ျပန္လည္တိတ္ဆိတ္သြားၿပီး စုယြိက ကုတင္ဆီသို႔ ေလွ်ာက္လာကာ အျပင္ဘက္မွ ေနေရာင္က ျပတင္းေပါက္စကၠဴမွတဆင့္ က်ဆင္းၿပီး လင္းလက္ေနေသာ သူမမ်က္ႏွာကို ငုံၾကည့္လိုက္သည္။ သူမမ်က္လုံးေအာက္မွ မ်က္ေတာင္ရွည္ရွည္ေလးမ်ားက စင္းက်ေနၿပီး အိပ္ေပ်ာ္ေနပုံရကာ အလြန္ခ်စ္စရာေကာင္းေသာ အသြင္အျပင္ကို ေပးစြမ္းေနသည္။ သို႔ေသာ္ ထိုအရာက စုယြိကို ႏွစ္သိမ့္မႈတစ္စုံတရာ မေပးႏိုင္ဘဲ စိတ္မသက္မသာ ခံစားရေစသည္။ သူ၏ႏွလုံးသားထဲမွ နာက်င္ျခင္းေၾကာင့္လား ေဒါသျဖစ္ျခင္းေၾကာင့္လား မသိႏိုင္ေပမယ့္ သူက ကုတင္ေဘာင္ကို ျပင္းျပင္းထန္ထန္ ထိုးႏွက္လိုက္ရာ ကုတင္က ျပင္းျပင္းထန္ထန္ လႈပ္ခါသြားတာကို ကုယြင္ေတာင္မွ ခံစားလိုက္ရသည္။
ဒီကေလးက ဘာလုပ္ခ်င္ေနတာလဲ??!
"ငါ ေနမေကာင္းျဖစ္တဲ့ အခ်ိန္ေရာက္လာရင္ နင္ ငါ့အတြက္ သမားေတာ္ရွာေပးလို႔ ရတယ္။ သူတို႔ မကုသေပးႏိုင္ရင္ေတာ့ ငါ အသက္ရွင္ဖို႔ ငါ့က်ဲက်ဲကို ရွာဖို႔ ဝန္ႀကီးခ်ဳပ္အိမ္ေတာ္ကို ေခၚသြားေပးပါ"
ထိုေန႔က သူ ဟာသလိုထင္ခဲ့သည့္ သူမ၏စကားမ်ားက သူ႔စိတ္ထဲတြင္ ႐ုတ္တရက္ ပဲ့တင္ထပ္သလို ထြက္ေပၚလာတာေၾကာင့္ စုယြိက ထိတ္လန႔္သြားသည္။
ဟုတ္တယ္၊ သူမရဲ႕အစ္မ ရွိေသးတယ္။ ခ်င္းေမာ့ကို သူတို႔ မကုသႏိုင္ရင္ သူမကို သူမရဲ႕အစ္မဆီကို ေခၚသြားရလိမ့္မယ္။
စုယြိက တံခါးအျပင္ဘက္မွ စစ္သည္မ်ားကို လွမ္းေအာ္လိုက္သည္။ "လာၾကစမ္း၊ ျမန္ျမန္သြားၿပီး ေဝါယာဥ္ျပင္ၾက၊ ျမန္ျမန္လုပ္"
ေဝါယာဥ္ ျပင္ေတာ့မွာလား??! ကုယြင္က ဝမ္းသာသြားသည္။ ခ်င္း၊ နင္ ငါ့ကို ေစာင့္ေနေနာ္!!!
အခ်ိန္အေတာ္ၾကာေအာင္ သယ္ေဆာင္ခံလိုက္ရၿပီးေနာက္ ေနာက္ဆုံးတြင္ ထူးထူးျခားျခား သာယာေသာ အိမ္ေတာ္တစ္ခုသို႔ ေရာက္ရွိလာၾကသည္။ ေဝါယဥ္ေပၚတြင္ လဲေလ်ာင္းေနေသာ ကုယြင္က အျပင္ကို မျမင္ရဘဲ စုယြိႏွင့္ ေအးစက္စက္ေသာ ေယာက္်ားေလးတစ္ေယာက္ တစ္စုံတစ္ခု ေျပာေနသည့္ အသံကိုသာ ၾကားလိုက္ရသည္။ ထိုေနာက္ ထိူလူက သူတို႔ အနားယူႏိုင္ရန္ ဧည့္ခန္းမ၏တစ္ဖက္ျခမ္းဆီသို႔ ေခၚေဆာင္သြားခဲ့သည္။
ခဏအၾကာတြင္ တစ္ေယာက္ေယာက္ဝင္လာပုံရသည္။
"ဝန္ႀကီးခ်ဳပ္လို႔" အၿမဲတမ္းမာနႀကီးေနတက္ေသာ စုယြိ၏ ေလသံတြင္ပင္ ေလးစားမႈ အရိပ္အေယာင္မ်ား ပါဝင္ေနသည္။
"စစ္သူႀကီးစု" တုန႔္ျပန္လာသည့္ ႏူးညံ့သိမ္ေမြ႕ေသာေလသံကေတာ့ ေလေျပသံကဲ့သို႔ပင္။
ကုယြင္က အနည္းငယ္ စပ္စုခ်င္လာသည္။ ႏူးညံ့သိမ္ေမြ႕တဲ့ အသံနဲ႔ ေယာက္်ားေလးတဲ့လား?? ဘယ္ေလာက္ေတာင္ ထူးဆန္းလိုက္သလဲ? သူမ မ်က္လုံးကို အနည္းငယ္ဖြင့္ၾကည့္လိုက္ရာ အရပ္ရွည္ရွည္ပုံရိပ္တစ္ခု ေလွ်ာက္လာေနသည္ကိုသာ ျမင္လိုက္ရသည္။ သူ႔၏အသြင္အျပင္ကို ရွင္းရွင္းလင္းလင္း မျမင္ႏိုင္ေပမယ့္ သူ႔အမူအရာမွ က်က္သေရရွိမႈက ထိုလူ၏ႀကီးက်ယ္ခမ္းနားမႈႏွင့္ အမူအက်င့္မ်ားကို ျပသေနၿပီျဖစ္သည္။
"စစ္သူႀကီးစု၊ အရမ္းလည္း စိတ္ပူ မေနပါနဲ႔၊ လင္အာက မၾကာခင္ ဒီကို ေရာက္လာပါလိမ့္မယ္"
သူ၏ အၿမဲတမ္း ႏူးညံ့ေနပုံရေသာအသံကို ၾကားရသည္မွာ ဘယ္ေသာအခါမွ ၿငီးေငြ႕ေစမည္ မဟုတ္ေသာ္လည္း "လင္အာ" ဟူေသာ ေခၚသံက ကုယြင္၏တစ္ကိုယ္လုံးကို ယားယံသြားေစခဲ့သည္။
သူမ တိတ္တဆိတ္ က်ိန္ဆဲေနခ်ိန္မွာပဲ စုယြိ၏အနည္းငယ္ အံ့အားသင့္ေနေသာ အသံက ထြက္လာျပန္သည္။
"မင္းက ခ်င္းဖုန႔္လား?"
သြယ္လ်ေသာ အမ်ိဳးသမီးတစ္ဦးက ခန္းမေဘးဘက္တြင္ ေပၚလာၿပီး ကုယြင္၏ႏွလုံးက ႐ုတ္တရက္ ႂကြတက္လာသည္။ တကယ္ပဲ ခ်င္းလား?? သူမက ကန႔္လန႔္ကာ ပိတ္ပါးစေနာက္တြင္ရွိေနၿပီး ထိုအမ်ိဳးသမီး၏အမူအရာကို ရွင္းရွင္းလင္းလင္း မျမင္ရေသာ္လည္း သူမ၏ ေအးစက္ေသာ စိတ္ေနစိတ္ထားက ခ်င္းႏွင့္ အလြန္ဆင္တူေနသည္။
အမ်ိဳးသမီးက ေဝါယဥ္ဘက္သို႔ ေလ်ာက္လာၿပီး ကုယြင္ကို တစ္ခ်က္ၾကည့္လိုက္သည္။ သူမက ဘာမွ မေျပာေပမယ့္ ႏူးညံ့တဲ့ေယာက်ာ္းသံက ထြက္လာျပန္သည္။ "သူ(မ) ဘယ္လိုေနလဲ၊ ေတာ္ဝင္သမားေတာ္အခ်ိဳ႕ကို လာၾကည့္ေစခ်င္ေသးလား"
အမ်ိဳးသမီးက ေခါင္းယမ္းလိုက္ၿပီး "အဆင္ေျပပါတယ္၊ ကြၽန္မ သူ(မ)ကို ကြၽန္မအခန္းထဲကို အရင္ေခၚသြားမယ္၊ ကြၽန္မအတြက္ ေငြအပ္တစ္စုံ ျပင္ဆင္ေပးပါ၊ အဆင္မေျပမွ ေတာ္ဝင္သမားေတာ္ကို ေခၚလည္း ေနာက္မက်ေသးပါဘူး"
ထိုေအးစက္စက္ အသံက သူမကို အရမ္းသက္ေတာင့္သက္သာ ျဖစ္ေစတယ္လို႔ ကုယြင္က ပိုပိုၿပီး ခံစားလာရတယ္။ ဒီလူက ခ်င္းျဖစ္ရမယ္။ အဲ့လိုသာမဟုတ္ရင္၊ သူမရဲ႕ညီမေလးက တကယ္က်န္းမာေနတယ္ဆိုတာကို ခ်င္းဖုန႔္က သိေနမွာ မဟုတ္ဘူးလား??
စုယြိက ေပါ့ေပါ့ပါးပါး ေခါင္းညိတ္ျပလိုက္တာေၾကာင့္ စစ္သည္ေလးေယာက္က ထမ္းစင္ကို ေျမႇာက္လိုက္ၾကၿပီး အုပ္စုလိုက္ က်ိဳက္ရွင္းအေဆာင္ဆီသို႔ ေလွ်ာက္သြားၾကသည္။ အမ်ိဳးသမီးက ကုယြင္အတြက္ ေစာင္ ကူၿခဳံေပးလိုက္ၿပီး ခန္းဆီးအျပင္ဘက္မွာ ရပ္ေနတဲ့ စုယြိဆီကို လွည့္ၾကည့္ကာ "စစ္သူႀကီးစု အပ္စိုက္ကုထုံးက ခနေလးနဲ႔ ၿပီးတဲ့ကိစၥ မဟုတ္ပါဘူး။ ရွင္ ဘာလို႔ အိမ္ေတာ္ကို အရင္မျပန္တာလဲ? သူ(မ)ႏိုးလာတဲ့အခါ တစ္ေယာက္ေယာက္နဲ႔ ျပန္ပို႔ခိုင္းလိုက္ပါ့မယ္"
"ဘာမွ စိတ္ပူစရာ မလိုပါဘူး၊ ကုသေပး႐ုံပဲ၊ အျပင္မွာ ေစာင့္ေနမယ္" စုယြိ၏ အသံက က်ယ္ေလာင္ၿပီး ျပတ္သားေနသည္။
အမ်ိဳးသမီးက မ်က္လုံးျပဴးသြားၿပီး "ဒါဆို ရွင့္သေဘာပဲ"
ခဏၾကာေတာ့ တံခါးက ေဆာင့္ပိတ္ခံလိုက္ရတာေၾကာင့္ အသံက်ယ္က်ယ္ ထြက္လာသည္။
ကုယြင္က ဤအမ်ိဳးသမီးက ခ်င္းျဖစ္ေၾကာင္း သူ႔စိတ္ထဲတြင္ ေသခ်ာေနေသာ္လည္း ခနေလာက္ ၿငိမ္သက္ေနခဲ့သည္။ ထိုအမ်ိဳးသမီးက ေငြေရာင္အပ္တစ္ေခ်ာင္းကို ကိုင္ထားၿပီး သူမကို အၾကာႀကီး စိုက္ၾကည့္ေနသည္။
ခဏအၾကာတြင္ အမ်ိဳးသမီးက ႐ုတ္တရက္ သူမအေပၚကို ျဖည္းညႇင္းစြာ အုပ္မိုးလာၿပီး "ယြင္၊ နင္ မႏိုးလာရင္ ငါ အပ္နဲ႔ထိုးေတာ့မွာေနာ္!"
သူမကို ယြင္လို႔ေခၚတယ္ေပါ့.... တကယ္ကို ခ်င္း ပဲဟ!
❤️❤️❤️Thank you so much for your lovely supports❤️❤️❤️