အခန်း ၈ ရွှေအမှုဟောင်း (အပိုင်း ၁)
ကျယ်ဝန်းသော အခန်းက ခန်းဆီးများ၊ ကန့်လန့်ကာများ သို့မဟုတ် ကြေးမုံမှန်များ မရှိဘဲ အမျိုးသမီးတစ်ဦးနှင့် လုံးဝ မတူပေ။ သို့သော်လည်း မဟော်ဂနီကုတင်ကြီးပေါ်တွင် သေးသွယ်ပြီး နူးညံ့သိမ်မွေ့ပုံရသော အမျိုးသမီးငယ်လေးတစ်ဦး လဲလျောင်းနေသည်။ သူမက သူမ၏မျက်လုံးများကို မှိတ်ထားပေမယ့် သူမမျက်နှာပေါ်တွင် နာကျင်များ မရှိသလို အရောင်ဖျော့နေခြင်းလည်း မရှိပေ။ သူမက အိပ်ပျော်နေသကဲ့သို့ ငြိမ်သက်နေသည်။ သို့သော် အခန်းအတွင်းမှ လေထုကတော့ သူမကဲ့သို့ ငြိမ်းချမ်းမနေဘဲ ကုတင်ဘေးတွင် ရပ်နေသော အဘိုးကြီးက သူ့ချွေးတွေကို မကြာခဏ သုတ်နေရင်း မိန်းခလေး၏သွေးခုန်နူန်းကို စမ်းသပ်နေသည်။ အခန်းအလယ်မှ အလွန်စိတ်တိုဒေါသထွက်နေသော စစ်သူကြီးကြောင့် သူက ထိတ်လန့်တုန်လှုပ်နေပြီး အခန်း၏အလယ်နေရာကို လှည့်တောင် မကြည့်ဝံ့ပေ။
အချိန်အတော်ကြာပြီးနောက် အဘိုးအိုက သူ့လက်ကို ဖြည်းညှင်းစွာ ပြန်ဆွဲထုတ်လိုက်ပြီး စုယွိက ချက်ချင်း ရှေ့ကို တိုးလာကာ စိုးရိမ်တကြီးနဲ့ "ဘယ်လိုနေသေးလဲ"
သူ့ကို ဆေးကုသဖို့ အိမ်တော်ကို လာခေါ်တဲ့ စစ်သည်ငယ်လေးက သတိလစ်နေတဲ့ မိန်းကလေးက စစ်သူကြီးစု၏ဇနီးဟု ပြောပြခဲ့သည်။ ထို့ကြောင့် သူက ရောဂါရှာဖွေမှုတွင် မှားသွားမည်ကို စိုးရိမ်သောကြောင့် လုံးဝ မပေါ့ဆရဲပေ။ စုယွိ၏ အကြည့်အောက်တွင် အဘိုးအိုက အေးစက်သော ချွေးများ ထွက်နေသော်လည်း အဓိပ္ပါယ်ကို အတိအကျမဖော်ပြဝံ့ဘဲ တုန်တုန်ယင်ယင်ဖြင့် "သခင်မလေး... သူ(မ)ရဲ့သွေးခုန်နှုန်းက ပျော့ပျောင်းပြီး အသက်ရှုသံကလည်း တည်ငြိမ်တယ်... ပုံမှန်လိုပါပဲ... ဒီလူအိုကြီးက သိပ်အရည်အချင်း မရှိဘဲ ဗဟုသုတ နည်းတာကြောင့် ဘာရောဂါလဲဆိုတာတော့ မပြောနိုင်ပါဘူး"
လာပြန်ပြီ နောက်ထပ် သမားယောင်တစ်ယောက်!
စုယွိက ဒေါသတကြီးနဲ့ အော်လိုက်သည်။ "ထွက်သွား"
အဘိုးအိုက မြန်မြန်ထရပ်ပြီး ပြေးထွက်သွားပေမယ့် စုယွိက တံခါးအပြင်ဘက်မှ စစ်သည်တွေကို အော်ဟစ် ဆူပူနေသည်။ "မင်းတို့တွေ ဒီလိုအယောင်ဆောင်ထားတဲ့ သမားတော်တွေကိုပဲ ရှာနေတော့မှာလား"
စစ်သည်များက စိတ်မသက်မသာဖြင့် ပြန်ဖြေလိုက်သည်။ "စစ်သူကြီးကို အကြောင်းပြန်ပါတယ်၊ မြို့တော်က နာမည်ကြီး သမားတော်တွေ အားလုံးကို ဖိတ်ခေါ်ပြီးပါပြီ"
မနေ့က မနက်ကနေ အခုထိ သမားတော် တစ်ဒါဇင်ကျော် ဖိတ်ကြားခဲ့ကြပြီး သူတို့ တတ်နိုင်သမျှ သမားတော်များကို ရှာဖွေခဲ့ကြသည်။
ဒါက စုယွိ ကြားချင်တဲ့ အရာမဟုတ်မှန်း သိသာနေပြီး သူက ဒေါသတကြီးနဲ့ "နောက်တစ်ကြိမ် ထပ်ရှာကြ"
"ဟုတ်ကဲ့"
ကုတင်ပေါ်မှလူက အသက်မဲ့နေသလို ငြိမ်သက်စွာ လဲလျောင်းနေပြီး စုယွိက ထိုကဲ့သို့ချင်းမော့ကို မမြင်ချင်ပေ။ သူမက မာနကြီးပြီး မောက်မာနေတဲ့ ပုံစံနဲ့ပဲ သင့်တော်ပြီး ဒီလို ဖြစ်မနေသင့်ပါဘူး။
စုယွိက အံကြိတ်ရင်း သူ့ဘေးနားမှာ အေးအေးဆေးဆေး ထိုင်နေတဲ့ စုရန်ကို လှမ်းပြောလိုက်သည်။ "အာ့ကော၊ ငါတို့ နန်းတော်ထဲဝင်ပြီး တော်ဝင်သမားတော်ကို လာကြည့်ခိုင်းရမလား"
စုရန်က ခေါင်းယမ်းပြီး တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။ "နန်းတော်မှာရှိတဲ့ တော်ဝင်သမားတော်တွေကို သွားနှောက်ယှက်ဖို့က အဆင်မပြေဘူး၊ အရမ်းကြီးတော့ စိတ်ပူနေစရာ မလိုပါဘူး။ သမားတော်တွေအားလုံးက သူ(မ)ရဲ့ သွေးခုန်နှုန်းက တည်ငြိမ်တယ်လို့ ပြောခဲ့တယ်။ အဲ့တာကြောင့် ဒါက အရေးပေါ်ကိစ္စတော့ မဟုတ်သေးဘူး၊ ကြီးကြီးကျယ်ကျယ် ပြသနာ မရှိလောက်ပါဘူး။ သူ(မ)ကို နောက်ထပ် ရက်အနည်းငယ်လောက် အနားယူခိုင်းပြီး စောင့်ကြည့်ကြရအောင်"
သူတို့ ဖိတ်ခေါ်ထားခဲ့သော သမားတ်ေတွေ အားလုံးက မြို့တော်မှာရှိတဲ့ နာမည်ကြီးသမားတော်တွေပါ။ အဲ့တာတောင်မှ ရောဂါက ဘာလဲဆိုတာကို ဘယ်သူကမှ မပြောနိုင်တာကြောင့် ဖြစ်နိုင်ချေ နှစ်ခုပဲ ရှိပါတယ်။ တစ်ခုက သူမက ထူးဆန်းတဲ့ ရောဂါတစ်ခုကို ခံစားနေရတာ ဖြစ်နိုင်ပြီး ထိုသို့ဖြစ်နေခဲ့လျှင် တော်ဝင်သမားတော်များလည်း ကုသနိုင်မည် မဟုတ်ပေ။ နောက်ထပ်တစ်ခုက သူမ လုံးဝ နေမကောင်း ဖြစ်နေတာ မဟုတ်ဘူးဆိုတာပါပဲ။
စုရန်က ဘာမှ အမှားအယွင်းမရှိသလို ပြုမူနေခဲ့ပေမယ့် စုယွိကတော့ သည်းမခံနိုင်တော့ဘဲ "သူ(မ) မေ့မြောနေတာ နှစ်ရက်လောက်ရှိနေပြီ၊ အဲ့တာက ဘယ်လိုဖြစ်နိုင်မှာလဲ၊ ကျန်းမာတဲ့လူတောင် မစားမသောက်ဘဲ ဘယ်နှစ်ရက်လောက် အသက်ရှင်နိုင်မယ်ထင်လဲ။ ဒီအယောင်ဆောင်သမားတော်တွေက အကြာကြီး စမ်းသပ်ပြီးတာတောင် သင့်တင့်တဲ့ အဖြေလေးတစ်ခုတောင်မှ မပေးနိုင်ကြဘူး!"
စုရန်က တိုးတိုးလေး သက်ပြင်းချလိုက်သည်။ ဒီလူက ဘာလို့ ဒီလောက် ခေါင်းမာနေတာလဲ??! သူ စကားပြောခါနီးတွင် စုယွိ၏ အရပ်ရှည်သောခန္ဓာကိုယ်က တံခါးဆီသို့ လျင်မြန်စွာ လျှောက်လှမ်းနေပြီ ဖြစ်သည်။
စုရန်က စိုးရိမ်တကြီးနဲ့ "မင်း ဘယ်သွားမလို့လဲ"
"သမားတော် သွားရှာမလို့"
စကားဆုံးတာနဲ့ လူက ခြံအပြင်ဘက်ရောက်သွားပြီး ပျောက်ကွယ်သွားခဲ့သည်။
စုရန်က လျင်မြန်စွာ ထွက်ခွာသွားသော စုယွိ၏ကျောပြင်ကို စိုက်ကြည့်နေပြီးနောက် ကုတင်ပေါ်တွင် ငြိမ်သက်စွာ လဲလျောင်းနေသော အမျိုးသမီးကို ကြည့်လိုက်မိပြန်ပြီး ရုတ်တရက် ဆိုးရွားသော ကြိုတင်သတိပေးချက်တစ်ခုကို ခံစားလိုက်ရသည်။
ခဏအကြာတွင် စုရန်လည်း အခန်းထဲမှ ထွက်သွားပြီး ညနက်နက်အချိန်မှာ နောက်ဆုံးတော့ အရာအားလုံးက အေးဆေးတည်ငြိမ်တဲ့ အခြေအနေကို ပြန်ရောက်သွားခဲ့သည်။
ကုတင်ပေါ်တွင် အမြဲတမ်း ငြိမ်သက်စွာ လဲလျောင်းနေသော အမျိုးသမီးက ရုတ်တရက် မျက်လုံးများ ပွင့်သွားသည်။ သူမ၏ မျက်လုံးများက ကြည်လင်သန့်စင်ပြီး စူးရှထက်မြက်နေကာ နှစ်ရက်ကြာ မေ့မြောနေသူတစ်ဦးနှင့် လုံးဝ မတူနေပေ။ ကုယွင်က သူမ၏တောင့်တင်းနေသော လက်ချောင်းများကို ညင်သာစွာ လှုပ်ရှားလိုက်ပြီး သူမ စိတ်ထဲတွင် ကျိန်ဆဲနေခြင်းကို မတားနိုင်တော့ပေ။
အားးး၊ သူမက ဆာလောင်မှာကို မကြောက်သလို ပတ်၀န်းကျင်က ဆိုးရွားနေမည်ကိုလည်း ဂရုမစိုက်ပေ၊ သို့သော် နာရီသုံးဆယ်ကျော်ကြာ မလှုပ်မယှက် နေရပြီးနောက် သူမ အမှန်တကယ်ပင် တောင့်တင်းနေခဲ့သည်။ ထို့အပြင် သမားတော်တွေက မူမမှန်တာ တစ်ခုခုကို သတိမထားမိအောင် ညီညီညာညာ အသက်ရှူနေဖို့လည်း လိုအပ်သေးသည်။ ဒါက တောထဲမှာ ၇၂ နာရီကြာ အသက်ရှင်နေထိုင်ရတာထက်တောင် ပိုခက်နေသေးတယ်!
အိမ်အပြင်မှာ ဘယ်သူမှ မရှိနေတာကို သူမ ခံစားနိုင်တာကြောင့် ကုယွင်က စိတ်အေးလက်အေးနဲ့ ဖြည်းဖြည်းချင်း ထထိုင်ပြီး ကုတင်ရှေ့က ကျောက်ကြမ်းပြင်ပေါ်တွင် ခြေဗလာဖြင့် မတ်တပ်ရပ်နေလိုက်သည်။ အေးမြတဲ့လေက သူမခြေဖဝါးကို ထိတွေ့လာပြီး ကုယွင်က ထိုအရာကို ချက်ချင်း ခံစားလိုက်နိုင်ပြီး အများကြီး လန်းဆန်းသွားခဲ့သည်။ ကုယွင်က သူ့လည်ပင်းကို လှုပ်ခါနေရင်း ဟိုလှည့် သည်ကြည့်လုပ်နေသည်။ ဒါက ရိုးရိုးရှင်းရှင်း အလှဆင်ထားတဲ့ ကျယ်ဝန်းတဲ့ အခန်းဖြစ်ပြီး အသုံးဝင်တဲ့ ပစ္စည်းတွေက အရမ်းကို သပ်ရပ်နေတာကို မြင်နိုင်တယ်။ ဆိုတော့ ဒါက ဧည့်ခန်းဖြစ်နိုင်တယ်။
သူမက နံရံပေါ်ရှိ လက်ရေးလှနှင့် ပန်းချီကားပေါင်းများစွာကို တစ်ချက်ကြည့်လိုက်ပြီး အလယ်မှ ရှစ်မြှောင့်ပုံရုပ်ပုံက ကုယွင်၏ မျက်လုံးများကို စွဲဆောင်သွားခဲ့သည်။ ထိုပုံ၏ လက်ရာမြောက်သော ကောက်ကြောင်းများနှင့် ပုံသဏ္ဍာန်များကို ကြည့်ပြီးနောက် ၎င်းက သူမ အချိန်မကူးပြောင်းလာခင်က သူမ မြင်ခဲ့သော ပါ့ကွားပြား၏ ပုံစံဖြစ်ပြီး၊ စုမိသားစု၏ မိသားစုသင်္ကေတဟု ခေါ်တွင်သော ပုံဖြစ်သည်။
ဒီပန်းချီကားထဲက ပုံက မှင်သွေးကျောက်တုံးထက် အများကြီး ပိုရှင်းလင်းပြီး ကုယွင်က အဲဒါကို ကူးဆွဲချင်တာကြောင့် အိမ်ခန်းတဝိုက်တွင် ရှာဖွေလိုက်ရာ စက္ကူ၊ စုတ်တံနှင့် မှင်ကို ရှာတွေ့ခဲ့သည်။ အချိန် ချွေတာရန်အတွက် ကုယွင်က ဆွဲထားသော ပန်းချီကားကို ယူလိုက်ပြီး ဆန်စက္ကူဖြင့် ထပ်အုပ်ကာ မှင်အနည်းငယ်ကို နှစ်ပြီးနောက် ပုံ၏ကောက်ကြောင်း မျက်နှာပြင်တစ်လျှောက် ဂရုတစိုက် ထပ်ဆွဲလိုက်သည်။ ကုယွင်က မှင်များ မပြန့်ရန် အလွန်ဂရုတစိုက် ရေးဆွဲခဲ့ပြီး သူမ ပုံဆွဲပြီးသောအခါ နေထွက်နေပြီ ဖြစ်သည်။
စုယွိက အချိန်မရွေး ပြန်ရောက်လာနိုင်တာကို တွေးမိတာကြောင့် ကုယွင်က ပန်းချီကားကို အမြန် နေရာပြန်ချထားလိုက်ပြီး စုတ်တံ၊ မှင်နှင့် စာရွက်များကို မူရင်းနေရာဆီသို့ ပြန်ထားလိုက်သည်။ အရာအားလုံးက မူလနေရာအတိုင်း ပြန်ဖြစ်သွားတာ သေချာစေပြီးနောက် ကုယွင်က သူမကူးဆွဲထားသော ပန်းချီကားကို ခေါက်လိုက်ပြီး သူမ ခါးမှ အိတ်ထဲသို့ ထည့်လိုက်သည့်အခိုက်အတန့်တွင် တံခါးအပြင်ဘက်မှ အရှိန်ပြင်းပြင်း လျှောက်လာသော ခြေသံများ ထွက်ပေါ်လာသည်။
❤️❤️❤️Thank you so much for your lovely supports❤️❤️❤️
အခန္း ၈ ေ႐ႊအမႈေဟာင္း (အပိုင္း ၁)
က်ယ္ဝန္းေသာ အခန္းက ခန္းဆီးမ်ား၊ ကန႔္လန႔္ကာမ်ား သို႔မဟုတ္ ေၾကးမုံမွန္မ်ား မရွိဘဲ အမ်ိဳးသမီးတစ္ဦးႏွင့္ လုံးဝ မတူေပ။ သို႔ေသာ္လည္း မေဟာ္ဂနီကုတင္ႀကီးေပၚတြင္ ေသးသြယ္ၿပီး ႏူးညံ့သိမ္ေမြ႕ပုံရေသာ အမ်ိဳးသမီးငယ္ေလးတစ္ဦး လဲေလ်ာင္းေနသည္။ သူမက သူမ၏မ်က္လုံးမ်ားကို မွိတ္ထားေပမယ့္ သူမမ်က္ႏွာေပၚတြင္ နာက်င္မ်ား မရွိသလို အေရာင္ေဖ်ာ့ေနျခင္းလည္း မရွိေပ။ သူမက အိပ္ေပ်ာ္ေနသကဲ့သို႔ ၿငိမ္သက္ေနသည္။ သို႔ေသာ္ အခန္းအတြင္းမွ ေလထုကေတာ့ သူမကဲ့သို႔ ၿငိမ္းခ်မ္းမေနဘဲ ကုတင္ေဘးတြင္ ရပ္ေနေသာ အဘိုးႀကီးက သူ႔ေခြၽးေတြကို မၾကာခဏ သုတ္ေနရင္း မိန္းခေလး၏ေသြးခုန္ႏူန္းကို စမ္းသပ္ေနသည္။ အခန္းအလယ္မွ အလြန္စိတ္တိုေဒါသထြက္ေနေသာ စစ္သူႀကီးေၾကာင့္ သူက ထိတ္လန႔္တုန္လႈပ္ေနၿပီး အခန္း၏အလယ္ေနရာကို လွည့္ေတာင္ မၾကည့္ဝံ့ေပ။
အခ်ိန္အေတာ္ၾကာၿပီးေနာက္ အဘိုးအိုက သူ႔လက္ကို ျဖည္းညႇင္းစြာ ျပန္ဆြဲထုတ္လိုက္ၿပီး စုယြိက ခ်က္ခ်င္း ေရွ႕ကို တိုးလာကာ စိုးရိမ္တႀကီးနဲ႔ "ဘယ္လိုေနေသးလဲ"
သူ႔ကို ေဆးကုသဖို႔ အိမ္ေတာ္ကို လာေခၚတဲ့ စစ္သည္ငယ္ေလးက သတိလစ္ေနတဲ့ မိန္းကေလးက စစ္သူႀကီးစု၏ဇနီးဟု ေျပာျပခဲ့သည္။ ထို႔ေၾကာင့္ သူက ေရာဂါရွာေဖြမႈတြင္ မွားသြားမည္ကို စိုးရိမ္ေသာေၾကာင့္ လုံးဝ မေပါ့ဆရဲေပ။ စုယြိ၏ အၾကည့္ေအာက္တြင္ အဘိုးအိုက ေအးစက္ေသာ ေခြၽးမ်ား ထြက္ေနေသာ္လည္း အဓိပၸါယ္ကို အတိအက်မေဖာ္ျပဝံ့ဘဲ တုန္တုန္ယင္ယင္ျဖင့္ "သခင္မေလး... သူ(မ)ရဲ႕ေသြးခုန္ႏႈန္းက ေပ်ာ့ေပ်ာင္းၿပီး အသက္ရႈသံကလည္း တည္ၿငိမ္တယ္... ပုံမွန္လိုပါပဲ... ဒီလူအိုႀကီးက သိပ္အရည္အခ်င္း မရွိဘဲ ဗဟုသုတ နည္းတာေၾကာင့္ ဘာေရာဂါလဲဆိုတာေတာ့ မေျပာႏိုင္ပါဘူး"
လာျပန္ၿပီ ေနာက္ထပ္ သမားေယာင္တစ္ေယာက္!
စုယြိက ေဒါသတႀကီးနဲ႔ ေအာ္လိုက္သည္။ "ထြက္သြား"
အဘိုးအိုက ျမန္ျမန္ထရပ္ၿပီး ေျပးထြက္သြားေပမယ့္ စုယြိက တံခါးအျပင္ဘက္မွ စစ္သည္ေတြကို ေအာ္ဟစ္ ဆူပူေနသည္။ "မင္းတို႔ေတြ ဒီလိုအေယာင္ေဆာင္ထားတဲ့ သမားေတာ္ေတြကိုပဲ ရွာေနေတာ့မွာလား"
စစ္သည္မ်ားက စိတ္မသက္မသာျဖင့္ ျပန္ေျဖလိုက္သည္။ "စစ္သူႀကီးကို အေၾကာင္းျပန္ပါတယ္၊ ၿမိဳ႕ေတာ္က နာမည္ႀကီး သမားေတာ္ေတြ အားလုံးကို ဖိတ္ေခၚၿပီးပါၿပီ"
မေန႔က မနက္ကေန အခုထိ သမားေတာ္ တစ္ဒါဇင္ေက်ာ္ ဖိတ္ၾကားခဲ့ၾကၿပီး သူတို႔ တတ္ႏိုင္သမွ် သမားေတာ္မ်ားကို ရွာေဖြခဲ့ၾကသည္။
ဒါက စုယြိ ၾကားခ်င္တဲ့ အရာမဟုတ္မွန္း သိသာေနၿပီး သူက ေဒါသတႀကီးနဲ႔ "ေနာက္တစ္ႀကိမ္ ထပ္ရွာၾက"
"ဟုတ္ကဲ့"
ကုတင္ေပၚမွလူက အသက္မဲ့ေနသလို ၿငိမ္သက္စြာ လဲေလ်ာင္းေနၿပီး စုယြိက ထိုကဲ့သို႔ခ်င္းေမာ့ကို မျမင္ခ်င္ေပ။ သူမက မာနႀကီးၿပီး ေမာက္မာေနတဲ့ ပုံစံနဲ႔ပဲ သင့္ေတာ္ၿပီး ဒီလို ျဖစ္မေနသင့္ပါဘူး။
စုယြိက အံႀကိတ္ရင္း သူ႔ေဘးနားမွာ ေအးေအးေဆးေဆး ထိုင္ေနတဲ့ စုရန္ကို လွမ္းေျပာလိုက္သည္။ "အာ့ေကာ၊ ငါတို႔ နန္းေတာ္ထဲဝင္ၿပီး ေတာ္ဝင္သမားေတာ္ကို လာၾကည့္ခိုင္းရမလား"
စုရန္က ေခါင္းယမ္းၿပီး တည္ၿငိမ္စြာ ျပန္ေျဖလိုက္သည္။ "နန္းေတာ္မွာရွိတဲ့ ေတာ္ဝင္သမားေတာ္ေတြကို သြားေႏွာက္ယွက္ဖို႔က အဆင္မေျပဘူး၊ အရမ္းႀကီးေတာ့ စိတ္ပူေနစရာ မလိုပါဘူး။ သမားေတာ္ေတြအားလုံးက သူ(မ)ရဲ႕ ေသြးခုန္ႏႈန္းက တည္ၿငိမ္တယ္လို႔ ေျပာခဲ့တယ္။ အဲ့တာေၾကာင့္ ဒါက အေရးေပၚကိစၥေတာ့ မဟုတ္ေသးဘူး၊ ႀကီးႀကီးက်ယ္က်ယ္ ျပသနာ မရွိေလာက္ပါဘူး။ သူ(မ)ကို ေနာက္ထပ္ ရက္အနည္းငယ္ေလာက္ အနားယူခိုင္းၿပီး ေစာင့္ၾကည့္ၾကရေအာင္"
သူတို႔ ဖိတ္ေခၚထားခဲ့ေသာ သမားတ္ေေတြ အားလုံးက ၿမိဳ႕ေတာ္မွာရွိတဲ့ နာမည္ႀကီးသမားေတာ္ေတြပါ။ အဲ့တာေတာင္မွ ေရာဂါက ဘာလဲဆိုတာကို ဘယ္သူကမွ မေျပာႏိုင္တာေၾကာင့္ ျဖစ္ႏိုင္ေခ် ႏွစ္ခုပဲ ရွိပါတယ္။ တစ္ခုက သူမက ထူးဆန္းတဲ့ ေရာဂါတစ္ခုကို ခံစားေနရတာ ျဖစ္ႏိုင္ၿပီး ထိုသို႔ျဖစ္ေနခဲ့လွ်င္ ေတာ္ဝင္သမားေတာ္မ်ားလည္း ကုသႏိုင္မည္ မဟုတ္ေပ။ ေနာက္ထပ္တစ္ခုက သူမ လုံးဝ ေနမေကာင္း ျဖစ္ေနတာ မဟုတ္ဘူးဆိုတာပါပဲ။
စုရန္က ဘာမွ အမွားအယြင္းမရွိသလို ျပဳမူေနခဲ့ေပမယ့္ စုယြိကေတာ့ သည္းမခံႏိုင္ေတာ့ဘဲ "သူ(မ) ေမ့ေျမာေနတာ ႏွစ္ရက္ေလာက္ရွိေနၿပီ၊ အဲ့တာက ဘယ္လိုျဖစ္ႏိုင္မွာလဲ၊ က်န္းမာတဲ့လူေတာင္ မစားမေသာက္ဘဲ ဘယ္ႏွစ္ရက္ေလာက္ အသက္ရွင္ႏိုင္မယ္ထင္လဲ။ ဒီအေယာင္ေဆာင္သမားေတာ္ေတြက အၾကာႀကီး စမ္းသပ္ၿပီးတာေတာင္ သင့္တင့္တဲ့ အေျဖေလးတစ္ခုေတာင္မွ မေပးႏိုင္ၾကဘူး!"
စုရန္က တိုးတိုးေလး သက္ျပင္းခ်လိုက္သည္။ ဒီလူက ဘာလို႔ ဒီေလာက္ ေခါင္းမာေနတာလဲ??! သူ စကားေျပာခါနီးတြင္ စုယြိ၏ အရပ္ရွည္ေသာခႏၶာကိုယ္က တံခါးဆီသို႔ လ်င္ျမန္စြာ ေလွ်ာက္လွမ္းေနၿပီ ျဖစ္သည္။
စုရန္က စိုးရိမ္တႀကီးနဲ႔ "မင္း ဘယ္သြားမလို႔လဲ"
"သမားေတာ္ သြားရွာမလို႔"
စကားဆုံးတာနဲ႔ လူက ၿခံအျပင္ဘက္ေရာက္သြားၿပီး ေပ်ာက္ကြယ္သြားခဲ့သည္။
စုရန္က လ်င္ျမန္စြာ ထြက္ခြာသြားေသာ စုယြိ၏ေက်ာျပင္ကို စိုက္ၾကည့္ေနၿပီးေနာက္ ကုတင္ေပၚတြင္ ၿငိမ္သက္စြာ လဲေလ်ာင္းေနေသာ အမ်ိဳးသမီးကို ၾကည့္လိုက္မိျပန္ၿပီး ႐ုတ္တရက္ ဆိုး႐ြားေသာ ႀကိဳတင္သတိေပးခ်က္တစ္ခုကို ခံစားလိုက္ရသည္။
ခဏအၾကာတြင္ စုရန္လည္း အခန္းထဲမွ ထြက္သြားၿပီး ညနက္နက္အခ်ိန္မွာ ေနာက္ဆုံးေတာ့ အရာအားလုံးက ေအးေဆးတည္ၿငိမ္တဲ့ အေျခအေနကို ျပန္ေရာက္သြားခဲ့သည္။
ကုတင္ေပၚတြင္ အၿမဲတမ္း ၿငိမ္သက္စြာ လဲေလ်ာင္းေနေသာ အမ်ိဳးသမီးက ႐ုတ္တရက္ မ်က္လုံးမ်ား ပြင့္သြားသည္။ သူမ၏ မ်က္လုံးမ်ားက ၾကည္လင္သန႔္စင္ၿပီး စူးရွထက္ျမက္ေနကာ ႏွစ္ရက္ၾကာ ေမ့ေျမာေနသူတစ္ဦးႏွင့္ လုံးဝ မတူေနေပ။ ကုယြင္က သူမ၏ေတာင့္တင္းေနေသာ လက္ေခ်ာင္းမ်ားကို ညင္သာစြာ လႈပ္ရွားလိုက္ၿပီး သူမ စိတ္ထဲတြင္ က်ိန္ဆဲေနျခင္းကို မတားႏိုင္ေတာ့ေပ။
အားးး၊ သူမက ဆာေလာင္မွာကို မေၾကာက္သလို ပတ္၀န္းက်င္က ဆိုး႐ြားေနမည္ကိုလည္း ဂ႐ုမစိုက္ေပ၊ သို႔ေသာ္ နာရီသုံးဆယ္ေက်ာ္ၾကာ မလႈပ္မယွက္ ေနရၿပီးေနာက္ သူမ အမွန္တကယ္ပင္ ေတာင့္တင္းေနခဲ့သည္။ ထို႔အျပင္ သမားေတာ္ေတြက မူမမွန္တာ တစ္ခုခုကို သတိမထားမိေအာင္ ညီညီညာညာ အသက္ရႉေနဖို႔လည္း လိုအပ္ေသးသည္။ ဒါက ေတာထဲမွာ ၇၂ နာရီၾကာ အသက္ရွင္ေနထိုင္ရတာထက္ေတာင္ ပိုခက္ေနေသးတယ္!
အိမ္အျပင္မွာ ဘယ္သူမွ မရွိေနတာကို သူမ ခံစားႏိုင္တာေၾကာင့္ ကုယြင္က စိတ္ေအးလက္ေအးနဲ႔ ျဖည္းျဖည္းခ်င္း ထထိုင္ၿပီး ကုတင္ေရွ႕က ေက်ာက္ၾကမ္းျပင္ေပၚတြင္ ေျခဗလာျဖင့္ မတ္တပ္ရပ္ေနလိုက္သည္။ ေအးျမတဲ့ေလက သူမေျခဖဝါးကို ထိေတြ႕လာၿပီး ကုယြင္က ထိုအရာကို ခ်က္ခ်င္း ခံစားလိုက္ႏိုင္ၿပီး အမ်ားႀကီး လန္းဆန္းသြားခဲ့သည္။ ကုယြင္က သူ႔လည္ပင္းကို လႈပ္ခါေနရင္း ဟိုလွည့္ သည္ၾကည့္လုပ္ေနသည္။ ဒါက ႐ိုး႐ိုးရွင္းရွင္း အလွဆင္ထားတဲ့ က်ယ္ဝန္းတဲ့ အခန္းျဖစ္ၿပီး အသုံးဝင္တဲ့ ပစၥည္းေတြက အရမ္းကို သပ္ရပ္ေနတာကို ျမင္ႏိုင္တယ္။ ဆိုေတာ့ ဒါက ဧည့္ခန္းျဖစ္ႏိုင္တယ္။
သူမက နံရံေပၚရွိ လက္ေရးလွႏွင့္ ပန္းခ်ီကားေပါင္းမ်ားစြာကို တစ္ခ်က္ၾကည့္လိုက္ၿပီး အလယ္မွ ရွစ္ေျမႇာင့္ပုံ႐ုပ္ပုံက ကုယြင္၏ မ်က္လုံးမ်ားကို စြဲေဆာင္သြားခဲ့သည္။ ထိုပုံ၏ လက္ရာေျမာက္ေသာ ေကာက္ေၾကာင္းမ်ားႏွင့္ ပုံသ႑ာန္မ်ားကို ၾကည့္ၿပီးေနာက္ ၎က သူမ အခ်ိန္မကူးေျပာင္းလာခင္က သူမ ျမင္ခဲ့ေသာ ပါ့ကြားျပား၏ ပုံစံျဖစ္ၿပီး၊ စုမိသားစု၏ မိသားစုသေကၤတဟု ေခၚတြင္ေသာ ပုံျဖစ္သည္။
ဒီပန္းခ်ီကားထဲက ပုံက မွင္ေသြးေက်ာက္တုံးထက္ အမ်ားႀကီး ပိုရွင္းလင္းၿပီး ကုယြင္က အဲဒါကို ကူးဆြဲခ်င္တာေၾကာင့္ အိမ္ခန္းတဝိုက္တြင္ ရွာေဖြလိုက္ရာ စကၠဴ၊ စုတ္တံႏွင့္ မွင္ကို ရွာေတြ႕ခဲ့သည္။ အခ်ိန္ ေခြၽတာရန္အတြက္ ကုယြင္က ဆြဲထားေသာ ပန္းခ်ီကားကို ယူလိုက္ၿပီး ဆန္စကၠဴျဖင့္ ထပ္အုပ္ကာ မွင္အနည္းငယ္ကို ႏွစ္ၿပီးေနာက္ ပုံ၏ေကာက္ေၾကာင္း မ်က္ႏွာျပင္တစ္ေလွ်ာက္ ဂ႐ုတစိုက္ ထပ္ဆြဲလိုက္သည္။ ကုယြင္က မွင္မ်ား မျပန႔္ရန္ အလြန္ဂ႐ုတစိုက္ ေရးဆြဲခဲ့ၿပီး သူမ ပုံဆြဲၿပီးေသာအခါ ေနထြက္ေနၿပီ ျဖစ္သည္။
စုယြိက အခ်ိန္မေ႐ြး ျပန္ေရာက္လာႏိုင္တာကို ေတြးမိတာေၾကာင့္ ကုယြင္က ပန္းခ်ီကားကို အျမန္ ေနရာျပန္ခ်ထားလိုက္ၿပီး စုတ္တံ၊ မွင္ႏွင့္ စာ႐ြက္မ်ားကို မူရင္းေနရာဆီသို႔ ျပန္ထားလိုက္သည္။ အရာအားလုံးက မူလေနရာအတိုင္း ျပန္ျဖစ္သြားတာ ေသခ်ာေစၿပီးေနာက္ ကုယြင္က သူမကူးဆြဲထားေသာ ပန္းခ်ီကားကို ေခါက္လိုက္ၿပီး သူမ ခါးမွ အိတ္ထဲသို႔ ထည့္လိုက္သည့္အခိုက္အတန႔္တြင္ တံခါးအျပင္ဘက္မွ အရွိန္ျပင္းျပင္း ေလွ်ာက္လာေသာ ေျခသံမ်ား ထြက္ေပၚလာသည္။
❤️❤️❤️Thank you so much for your lovely supports❤️❤️❤️