Unicode
၀မ့်ရှားက ဘာဖြစ်နေမှန်းမသိလို့ ပါးစပ်ကိုဖွင့်လိုက်တယ်။
"မင်းက ငါမဟုတ်ဘူး ငါ ဘာမှမတုံ့ပြန်ဘူးလို့ မင်းဘယ်လိုသိတာလဲ"
လော့ချယ် ဘာကိုဆိုလိုတာလဲ။
ကုမျန်ကို သူ တုံ့ပြန်ခဲ့တာလား။
သူမဆီကနေ သတင်းပေါက်ကြားသွားမှာ သူ မကြောက်ဘူးလား။
ဒါပေမယ့် ၀မ့်ရှားက ပြန်စဉ်းစားကြည့်လိုက်တယ်။ သူမက ပြသနာဖြစ်မှာစိုးတာကြောင့် လော့ချယ်ရဲ့ကိုယ်ရေးကိုယ်တာကိစ္စတွေကို တကယ်ကြီး ပေါ့ပေါ့တန်တန် ထုတ်ဖော်ရဲခြင်းမရှိပေ။ သူမ ကုမျန်ကို နင်းခြေလို့ရပေမယ့်လည်း လော့ချယ်ကိုတော့ လုံးဝထိရဲမှာမဟုတ်ဘူး။
၀မ့်ရှားတွေးနေတုန်းမှာပဲ လော့ချယ်က သူ့ရဲ့အပေါ်အကျီအိတ်ကပ်ထဲက သေတ္တာကို ထုတ်ပြီး ဖွင့်လိုက်တယ်။ အထဲမှာရှိနေတာက ရှောင်ကျူး ကုမျန်ကို ယူလာပေးပေမယ့် သူမငြင်းပယ်လိုက်တဲ့ ပန်းရောင်စိန်လည်ဆွဲပင်။
သေတ္တာလေးကိုဖွင့်လိုက်တာနဲ့တပြိုင်နက် ဧရိယာတစ်ခုလုံးက တောက်ပသွားတယ်။(လည်ဆွဲထည့်ထားတာက boxလို့ရေးထားတော့ ဘူးလည်းဖြစ်ချင်ဖြစ်၊ သစ်သားသေတ္တာလည်း ဖြစ်ချင်ဖြစ်မှာပေါ့နော် ၊ ဒါပေမယ့် တန်ဖိုးကြီးတာဆိုတော့ ကိုယ်မြင်ယောင်တာက ကနုတ်ဖော်ထားတဲ့ သစ်သားသေတ္တာမျိုး၊ ဒါကြောင့် သေတ္တာလို့သုံးထားပါတယ်)
တောက်ပနေတဲ့ပုလဲလေးတွေလိုပဲ။
ကုမျန်က မျက်တောင်ခတ်လိုက်ပြီး အနည်းငယ်မှင်သက်နေဆဲပင်။ နောက်တစ်စက္ကန့်မှာ လော့ချယ်က လည်ဆွဲကိုကောက်ယူလိုက်ပြီး သူမရဲ့လည်ပင်းပေါ်မှာ တိုက်ရိုက်၀တ်ဆင် ပေးလိုက်တယ်။
"ရှင်..." အေးစက်ပြီး နွေးထွေးတဲ့ခံစားချက်က ကုမျန်ရဲ့လည်ပင်းကို ဖြတ်သန်းသွားတယ်။
အအေးဓာတ်က စိန်တွေဆီကဖြစ်ပြီး အနွေးဓာတ်က သူမရဲ့လည်ပင်းနောက်ဘက်ရှိ လော့ချယ်ရဲ့လက်ချောင်းတွေဆီမှ ထွက်ပေါ်လာတာဖြစ်တယ်။
"လည်ဆွဲထည့်ထားတဲ့ သေတ္တာကို ကားထဲမှာ မင်း မေ့ခဲ့တယ်၊ ကိုယ်ဆင်းလာပြီး မင်းအတွက် ယူလာပေးတာ"
လော့ချယ်က ခေါင်းငုံ့ပြီး ကုမျန်ကို စေ့စေ့စပ်စပ်ကြည့်လိုက်တယ်။ သူ့ရဲ့ သောက်ရှူးကြယ်လိုမျက်၀န်းတွေထဲ အပြုံးတပွင့်ဖျတ်ခနဲ လင်းလက်သွားပြီး သူမကို ချီးကျူးလာတယ်။ "မင်းကိုကြည့်ရတာ အရမ်းလှတယ်"
ပန်းရောင်စိန်က ကုမျန်ရဲ့ဖြူဖွေးတဲ့အသားအရေကို ပြည့်စုံသွားစေတယ်။ သူမရဲ့ ဝတ်စုံက အရမ်းရိုးရှင်းပေမယ့် ထူးခြားတဲ့စိတ်နေစိတ်ထားကိုလည်း ပေါ်လွင်စေတယ်။ တခြားမင်းသမီးတွေနဲ့ ယှဉ်ရင် luxuryဆန်တဲ့ ပြိုင်ဘက်ကင်းခံစားချက်ကို ပေးစွမ်းတယ်။
သူဒီဇိုင်းဆွဲထားတဲ့အဝတ်အစားတွေက ကုမျန်အပေါ် ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုရှိမယ်ဆိုတာကို ၀တ်စုံဒီဇိုင်နာမြင်ခဲ့ရင် အိပ်ပျော်နေရာကနေ ထလာမှာ သေချာသလောက်ပင်။
လော့ချယ်ချီးမွမ်းတာကိုကြားပြီးနောက်၊ သန်းရာနဲ့ချီတန်တဲ့လည်ဆွဲက မလှစရာလားဆိုပြီး ကုမျန် သူမရဲ့စိတ်ထဲတွေးနေမိတယ်။
၀မ့်ရှားကတော့ ကုမျန်ရဲ့လည်ပင်းပေါ်က လည်ဆွဲကြောင့် မှင်တက်သွားရတယ်။
ကုမျန်က အရင်တုန်းက ချမ်းသာယောင်ဆောင်နေတာလို့ သူမ ပြောခဲ့တယ်။ တကယ်တော့ သူမ(ကုမျန်)မှာ နောက်ခံလုံးဝမရှိတာကြောင့် China Acting Award ကို လည်ဆွဲတစ်ကုံးတောင် မဝတ်လာနိုင်ခဲ့ဘူးလေ။
ဒါပေမယ့် သိပ်မကြာခင်မှာပဲ အမှန်တရားကြောင့် ဖြတ်ရိုက်ခံလိုက်ရတယ်။
ကုမျန်က တန်ဖိုးကြီးလှတဲ့ လက်ဝတ်ရတနာကို လည်ပင်းတဝိုက်မှာ ၀တ်ဆင်လိုက်တယ်လေ။
ပန်းရောင်စိန်တွေ!! ပန်းရောင်စိန်တွေပဲ။
ထွက်ပေါ်လာတဲ့ တန်ဖိုးကြီးလှတဲ့အလင်းရောင်က သူမကို မျက်စိကန်းစေလုနီးပါးပင်။
၀မ့်ရှားက သူမရဲ့အောက်နှုတ်ခမ်းကို ကိုက်လိုက်ပြီး သူမရဲ့ခန္ဓာကိုယ်တစ်ခုလုံးက အနည်းငယ်တုန်ရီသွားတယ်။
ကုမျန်ရဲ့နောက်ခံကဘာလဲ။
ပြီးတော့ လော့ချယ်၊ သူနဲ့ ကုမျန်ကြားက ဆက်ဆံရေးကရော ဘာလဲ။
သူမနားမလည်နိုင်ခင်မှာပဲ ကုမျန်က လော့ချယ်နဲ့ လက်ချင်းတွဲပြီး ထွက်ခွာသွားခဲ့ပြီပင်။
ကုမျန်က အကောင်းနဲ့အဆိုးကို မသိတဲ့သူမဟုတ်ပေ။ သူမက လော့ချယ်ရဲ့ကြင်နာမှုကို အစပိုင်းမှာငြင်းပယ်ခဲ့ပြီး လည်ဆွဲကို မဝတ်ဆင်ခဲ့ပေမယ့်လည်း ထိုအချိန်တုန်းက လူနည်းတာကြောင့်ဖြစ်ပြီး၊ လည်ဆွဲပိုင်ရှင်က ဘယ်သူလဲဆိုတာကို မိတ်ကပ်ပညာရှင် မသိတာကြောင့်ဖြစ်တယ်။ ဒါကြောင့် သူမငြင်းလိုက်ပြီးနောက် ဘာအကျိုးသက်ရောက်မှုမှရှိမှာ မဟုတ်ဘူး။
ဒါပေမယ့် ထိုအခိုက်အတန့်မှာသာ သူမ ထပ်ငြင်းလိုက်ရင် လော့ချယ်ကို မျက်နှာသာမပေးတာ ဖြစ်သွားမှာ မဟုတ်ဘူးလား။
ဒါ့အပြင် လော့ချယ်က ၀မ့်ရှားရှေ့မှာ သူမကို ထောက်ခံအားပေးဖို့ ထိုသို့လုပ်ခဲ့တာ အသိသာကြီးပင်။ လည်ဆွဲတစ်ကုံးပေးတာကြောင့်နဲ့ သူ သူမကိုပြသနာဖြစ်စေမိမှာ စိုးရိမ်ခဲ့တယ်။ဒါကြောင့် သူ့လည်ဆွဲက သူမပိုင်တဲ့လည်ဆွဲလို့ပါ သူပြောခဲ့ခြင်းပင်။
ကုမျန်က နှုတ်ခမ်းစေ့ကာ ကျေးဇူးတင်ကြောင်း ထပ်ပြောလိုက်တယ် ။
တစ်နာရီသာသာလောက်သာ ရှိသေးတဲ့အချိန်အတောအတွင်း ဒါက ဒုတိယအကြိမ်မြောက် သူမ သူ့ကိုကျေးဇူးတင်ခြင်းပင်ဖြစ်လေတယ်။
လော့ချယ်ကို သူမကျေးဇူးတင်ဖို့ မလိုလောက်ပေမယ့် ကျေးဇူးပါလို့ပြောချင်နေဆဲပင်။
တကယ်တော့ သူမ စာအုပ်ထဲကို ကူးပြောင်းလာခဲ့တဲ့အချိန်ကတည်းက အမျိုးသားဇာတ်ဆောင်က သူမကို ဂရုစိုက်ပေးခဲ့တာဖြစ်တယ်။
ဘယ်နေရာက ပြသနာဖြစ်သွားလဲဆိုတာ ကုမျန်မသိဘူး။ သူမနဲ့သူက ပတ်သက်မှု များများစားစားမရှိသင့်ပေမယ့် ပိုပြီးပတ်သက်လာမိပုံပေါ်တယ်။
အဲဒါက ဘယ်လိုကောင်းနိုင်မှာလဲ။
လော့ချယ်က မျက်၀န်းတွေကို ကျဉ်းမြောင်းလိုက်ပြီး သူ့ရှပ်အင်္ကျီရဲ့အပေါ်ပိုင်း ကြယ်သီးနှစ်လုံးကိုဟဖို့ သူ့လက်ကိုမြှောက်လိုက်ပြီး ထို့နောက်မှသာ နေရပိုအဆင်ပြေသွားခဲ့တယ်။
သူမတို့က အခုထိ ဆုပေးပွဲအခမ်းအနားထဲ မဝင်ကြရသေးဘဲ စင်္ကြံမှာ ရှိနေကြဆဲပင်။
စင်္ကြံအဆုံးရှိ ပြတင်းပေါက်က ခပ်ကျယ်ကျယ်ပွင့်နေပြီး အေးမြတဲ့ညလေက ပြတင်းပေါက်ကနေ ဖြတ်သန်းတိုက်ခတ်နေခဲ့တယ်။
အေးမြတဲ့လေနဲ့အတူ လော့ချယ်ရဲ့ ကသိကအောက်ဖြစ်နေတဲ့ နှလုံးသားက တဖြည်းဖြည်း ငြိမ်သက်သွားတော့တယ်။
သူက ခပ်ဖျော့ဖျော့အသံပြုလိုက်တယ်။"ကိုယ် သန့်စင်ခန်းသွားလိုက်ဦးမယ်"
ကုမျန်ခေါင်းညိတ်လိုက်တယ်။
စင်္ကြံမှာ သန့်စင်ခန်းနှစ်ခန်းရှိပြီး၊ ဘေးတစ်ဖက်တစ်ချက်စီမှာ တစ်လုံးစီရှိတာဖြစ်တယ်။ စောစောက သူတို့သွားခဲ့တဲ့ ဘယ်ဘက်ခြမ်းက လူပြည့်နေတယ်။ ဒါနဲ့ပဲ ဆုပေးပွဲနဲ့ နည်းနည်းဝေးတဲ့ ညာဘက်ကသန့်စင်ခန်းကို သွားကြတယ်။ ညာဘက်ကသန့်စင်ခန်းကို သွားတဲ့သူအနည်းငယ်သာရှိတယ်။
ကုမျန်က အပြင်မှာ တိတ်တဆိတ်စောင့်နေခဲ့တယ်။
ခဏအကြာမှာ လော့ချယ်က အမျိုးသားသန့်စင်ခန်းထဲမှ ထွက်လာပြီး လက်ဆေးတယ်။
နေရာမှာပဲနေပြီး သူ့စကားနာနာခံခံနဲ့စောင့်ဆိုင်းနေတဲ့ ကုမျန်ကိုတွေ့တော့ သူက "သွားရအောင်" လို့ပြောကာ ဆုပေးပွဲအခမ်းအနားဆီ လျှောက်သွားလိုက်ကြတယ်။
ကုမျန်က အမှီလိုက်ဖို့ ကြိုးစားရင်းနဲ့ သူမရဲ့ မျက်လုံးထောင့်ကနေ လူတစ်ယောက်ကို ရိပ်ခနဲမြင်လိုက်ရတယ်။
သူမရဲ့အသက်အရွယ်ဖြစ်ပုံရတဲ့ မိန်းကလေးတစ်ယောက်ပင်။
သူမရဲ့သွင်ပြင်က ပြောင်မြောက်လှတယ်။ သူမက တောက်ပတဲ့ အဝါရောင်ဝတ်စုံကို ဝတ်ဆင်ထားတယ်။ ဝတ်စုံဒီဇိုင်းက ရှင်းရှင်းလင်းလင်းမဟုတ်ဘဲ ကျယ်ပြန့်တဲ့ ပခုံးကြိုးတွေပါရှိပေမယ့် ခါးသိမ်ထားတဲ့ ဂါဝန်တိုဒီဇိုင်းက သူမရဲ့ကောင်းမွန်တဲ့ရုပ်ရည်ကို ထင်ရှားစေတယ်။
သူမရဲ့နောက်မှာ ငြိမ်သက်စွာပြန့်ကျဲနေတဲ့ အနက်ရောင်ဆံပင်ရှည်တွေရှိပြီး သူမရဲ့ လက်ဖဝါးအရွယ်အစားပဲရှိတဲ့ မျက်နှာသေးသေးလေးကို ပေါ်လွင်စေတယ်။ သူမရဲ့ ခန္ဓာကိုယ်ပေါ် ဘာလက်ဝတ်ရတနာမှ မရှိပေ။ သူမကိုကြည့်ရတာ ရိုးရှင်းပေမယ့်လည်း သေစေနိုင်လောက်တဲ့ ဆွဲဆောင်မှုတစ်ခုရှိတယ်။
ဒါပေါ့၊၊ ကုမျန်ကတော့ ဒီလိုဆွဲဆောင်မှုမျိုး မခံစားရဘူး။ သူမက ထိုမိန်းကလေးရဲ့၀တ်စုံကိုမြင်ရုံနဲ့ တစ်ဖက်လူရဲ့ အထောက်အထားကို တွေးမိသွားတယ်။
သူမက "I'm So Popular" ထဲက အမျိုးသမီးဇာတ်ဆောင်ပဲ။
သူမက နောက်ပိုင်းမှာ ပရိတ်သတ်တွေ နတ်သမီးလို့ခေါ်ကြတဲ့ ရွှယ်ကွေ့၀မ်ပင်။
ရွှယ်ကွေ့၀မ်က လွန်ခဲ့တဲ့တစ်နှစ်လောက်က ပွဲဦးထွက်ခဲ့ပြီး အွန်လိုင်းဒရာမာတစ်ခုထဲမှာ ဒုတိယမြောက် အမျိုးသမီးဇာတ်ဆောင်အဖြစ်လည်း သရုပ်ဆောင်ခဲ့တယ်။ ဒါပေမယ့် ကုမ္ပဏီက သူမကို ပစားမပေးဘဲ ထိတွေ့မှုမလုံလောက်တာကြောင့် သူမက အားတက်သရောမရှိခဲ့ဘူး။ သူမက talent showနဲ့ နောက်တစ်ကြိမ်ပွဲဦးထွက်ပြီးနောက်မှာမှ ရေပန်းစားလာတော့တယ်။
သူမနဲ့အဲ့ဒီမှာတွေ့မယ်ဆိုတာ အစကတည်းက ကုမျန်သိထားတာကြောင့် ရွှယ်ကွေ့၀မ်နဲ့တွေ့တာကို မအံ့သြမိဘူး။
ကုမျန်က အချိန်စစ်ဆေးဖို့ သူမရဲ့နာရီကို မြှောက်လိုက်တယ်။ ညနေကိုးနာရီကျော်နေပြီပဲ။
စာအုပ်ထဲက ဇာတ်ကွက်အရ အဲဒီအချိန်မှာ ရွှယ်ကွေ့၀မ်လည်း ညာဘက်ကသန့်စင်ခန်းကို သွားလိမ့်မယ်။ အဲဒီမှာ သူမက တဏှာကြီးတဲ့ဒါရိုက်တာတစ်ယောက်နဲ့ပါ တွေ့လိမ့်မယ်။
သူမက ရုပ်ရည်ချောမောတာကို ဒါရိုက်တာမြင်သွားတော့ ပြောလို့မရတဲ့စည်းမျဉ်း (m. Casting couch)ဆိုတဲ့ နာမည်နဲ့ သူမဆီ ရောက်ရှိလာပေမယ့်လည်း သူမက ခုခံခဲ့တယ်။ အချိန်ကိုက်မှာပဲ နက်ရှိုင်းတဲ့ရေနဲ့ မီးလောင်ပြင်ကနေ သူမကိုကယ်တင်ဖို့ အမျိုးသားဇာတ်ဆောင်က ကောင်းကင်ကနေ ဆင်းသက်လာခဲ့တယ်လေ။ (m. ဆင်းရဲဒုက္ခ)
ဒါက အမျိုးသားဇာတ်ဆောင်နဲ့ အမျိုးသမီးဇာတ်ဆောင်တွေကြား ပထမဆုံး တွေ့ဆုံမှုပင်။
ကုမျန်က ထိုအခိုက်မှာ တိတ်တဆိတ်ပဲ ရပ်နေလိုက်တယ်။
လော့ချယ်က သူမနဲ့အတူ သန့်စင်ခန်းလာခဲ့တယ်လေ။ သူက သန့်စင်ခန်းထဲက ထွက်လာပြီး မျက်ခုံးပင့်ကာ သူမကိုပြန်ကြည့်လာတယ်။
"မင်းဘာလို့မလာတာလဲ" လို့ မျက်လုံးနဲ့မေးလိုက်သလိုပင်။
ဒီတော့ မေးစရာရှိတာက အမျိုးသားခေါင်းဆောင်က သန့်စင်ခန်းထဲမှာ ဆက်နေမယ့်ပုံမပေါ်တော့ဘူး။ ဒါဆို သူ အမျိုးသမီးဇာတ်ဆောင်ဆီ ဘယ်လိုပြေးသွားပြီး တဏှာရူးဆီကနေ ဘယ်လိုကယ်တင်နိုင်မှာလဲ။
T/N - ဒီအပိုင်း အရမ်းရှည် ಥ‿ಥ
တောင်းပန်ပါတယ်။ စိတ်နဲ့လူနဲ့မကပ်နေလို့ပါ။ ဘာသာလည်းမပြန်ချင် ၊ ဘာမှကိုလုပ်ချင်စိတ်မရှိဖြစ်နေပြီ ༎ຶ‿༎ຶ ။
Zawgyi
၀မ့္ရွားက ဘာျဖစ္ေနမွန္းမသိလို႔ ပါးစပ္ကိုဖြင့္လိုက္တယ္။
"မင္းက ငါမဟုတ္ဘူး ငါ ဘာမွမတုံ႕ျပန္ဘူးလို႔ မင္းဘယ္လိုသိတာလဲ"
ေလာ့ခ်ယ္ ဘာကိုဆိုလိုတာလဲ။
ကုမ်န္ကို သူ တုံ႕ျပန္ခဲ့တာလား။
သူမဆီကေန သတင္းေပါက္ၾကားသြားမွာ သူ မေၾကာက္ဘူးလား။
ဒါေပမယ့္ ၀မ့္ရွားက ျပန္စဥ္းစားၾကည့္လိုက္တယ္။ သူမက ျပသနာျဖစ္မွာစိုးတာေၾကာင့္ ေလာ့ခ်ယ္ရဲ႕ကိုယ္ေရးကိုယ္တာကိစၥေတြကို တကယ္ႀကီး ေပါ့ေပါ့တန္တန္ ထုတ္ေဖာ္ရဲျခင္းမရွိေပ။ သူမ ကုမ်န္ကို နင္းေျခလို႔ရေပမယ့္လည္း ေလာ့ခ်ယ္ကိုေတာ့ လုံးဝထိရဲမွာမဟုတ္ဘူး။
၀မ့္ရွားေတြးေနတုန္းမွာပဲ ေလာ့ခ်ယ္က သူ႕ရဲ႕အေပၚအက်ီအိတ္ကပ္ထဲက ေသတၱာကို ထုတ္ၿပီး ဖြင့္လိုက္တယ္။ အထဲမွာရွိေနတာက ေရွာင္က်ဴး ကုမ်န္ကို ယူလာေပးေပမယ့္ သူမျငင္းပယ္လိုက္တဲ့ ပန္းေရာင္စိန္လည္ဆြဲပင္။
ေသတၱာေလးကိုဖြင့္လိုက္တာနဲ႕တၿပိဳင္နက္ ဧရိယာတစ္ခုလုံးက ေတာက္ပသြားတယ္။(လည္ဆြဲထည့္ထားတာက boxလို႔ေရးထားေတာ့ ဘူးလည္းျဖစ္ခ်င္ျဖစ္၊ သစ္သားေသတၱာလည္း ျဖစ္ခ်င္ျဖစ္မွာေပါ့ေနာ္ ၊ ဒါေပမယ့္ တန္ဖိုးႀကီးတာဆိုေတာ့ ကိုယ္ျမင္ေယာင္တာက ကႏုတ္ေဖာ္ထားတဲ့ သစ္သားေသတၱာမ်ိဳး၊ ဒါေၾကာင့္ ေသတၱာလို႔သုံးထားပါတယ္)
ေတာက္ပေနတဲ့ပုလဲေလးေတြလိုပဲ။
ကုမ်န္က မ်က္ေတာင္ခတ္လိုက္ၿပီး အနည္းငယ္မွင္သက္ေနဆဲပင္။ ေနာက္တစ္စကၠန႔္မွာ ေလာ့ခ်ယ္က လည္ဆြဲကိုေကာက္ယူလိုက္ၿပီး သူမရဲ႕လည္ပင္းေပၚမွာ တိုက္ရိုက္၀တ္ဆင္ ေပးလိုက္တယ္။
"ရွင္..." ေအးစက္ၿပီး ႏြေးေထြးတဲ့ခံစားခ်က္က ကုမ်န္ရဲ႕လည္ပင္းကို ျဖတ္သန္းသြားတယ္။
အေအးဓာတ္က စိန္ေတြဆီကျဖစ္ၿပီး အႏြေးဓာတ္က သူမရဲ႕လည္ပင္းေနာက္ဘက္ရွိ ေလာ့ခ်ယ္ရဲ႕လက္ေခ်ာင္းေတြဆီမွ ထြက္ေပၚလာတာျဖစ္တယ္။
"လည္ဆြဲထည့္ထားတဲ့ ေသတၱာကို ကားထဲမွာ မင္း ေမ့ခဲ့တယ္၊ ကိုယ္ဆင္းလာၿပီး မင္းအတြက္ ယူလာေပးတာ"
ေလာ့ခ်ယ္က ေခါင္းငုံ႕ၿပီး ကုမ်န္ကို ေစ့ေစ့စပ္စပ္ၾကည့္လိုက္တယ္။ သူ႕ရဲ႕ ေသာက္ရႉးၾကယ္လိုမ်က္၀န္းေတြထဲ အၿပဳံးတပြင့္ဖ်တ္ခနဲ လင္းလက္သြားၿပီး သူမကို ခ်ီးက်ဴးလာတယ္။ "မင္းကိုၾကည့္ရတာ အရမ္းလွတယ္"
ပန္းေရာင္စိန္က ကုမ်န္ရဲ႕ျဖဴေဖြးတဲ့အသားအေရကို ျပည့္စုံသြားေစတယ္။ သူမရဲ႕ ဝတ္စုံက အရမ္းရိုးရွင္းေပမယ့္ ထူးျခားတဲ့စိတ္ေနစိတ္ထားကိုလည္း ေပၚလြင္ေစတယ္။ တျခားမင္းသမီးေတြနဲ႕ ယွဥ္ရင္ luxuryဆန္တဲ့ ၿပိဳင္ဘက္ကင္းခံစားခ်က္ကို ေပးစြမ္းတယ္။
သူဒီဇိုင္းဆြဲထားတဲ့အဝတ္အစားေတြက ကုမ်န္အေပၚ ေကာင္းမြန္တဲ့ အက်ိဳးသက္ေရာက္မႈရွိမယ္ဆိုတာကို ၀တ္စုံဒီဇိုင္နာျမင္ခဲ့ရင္ အိပ္ေပ်ာ္ေနရာကေန ထလာမွာ ေသခ်ာသေလာက္ပင္။
ေလာ့ခ်ယ္ခ်ီးမြမ္းတာကိုၾကားၿပီးေနာက္၊ သန္းရာနဲ႕ခ်ီတန္တဲ့လည္ဆြဲက မလွစရာလားဆိုၿပီး ကုမ်န္ သူမရဲ႕စိတ္ထဲေတြးေနမိတယ္။
၀မ့္ရွားကေတာ့ ကုမ်န္ရဲ႕လည္ပင္းေပၚက လည္ဆြဲေၾကာင့္ မွင္တက္သြားရတယ္။
ကုမ်န္က အရင္တုန္းက ခ်မ္းသာေယာင္ေဆာင္ေနတာလို႔ သူမ ေျပာခဲ့တယ္။ တကယ္ေတာ့ သူမ(ကုမ်န္)မွာ ေနာက္ခံလုံးဝမရွိတာေၾကာင့္ China Acting Award ကို လည္ဆြဲတစ္ကုံးေတာင္ မဝတ္လာနိုင္ခဲ့ဘူးေလ။
ဒါေပမယ့္ သိပ္မၾကာခင္မွာပဲ အမွန္တရားေၾကာင့္ ျဖတ္ရိုက္ခံလိုက္ရတယ္။
ကုမ်န္က တန္ဖိုးႀကီးလွတဲ့ လက္ဝတ္ရတနာကို လည္ပင္းတဝိုက္မွာ ၀တ္ဆင္လိုက္တယ္ေလ။
ပန္းေရာင္စိန္ေတြ!! ပန္းေရာင္စိန္ေတြပဲ။
ထြက္ေပၚလာတဲ့ တန္ဖိုးႀကီးလွတဲ့အလင္းေရာင္က သူမကို မ်က္စိကန္းေစလုနီးပါးပင္။
၀မ့္ရွားက သူမရဲ႕ေအာက္ႏႈတ္ခမ္းကို ကိုက္လိုက္ၿပီး သူမရဲ႕ခႏၶာကိုယ္တစ္ခုလုံးက အနည္းငယ္တုန္ရီသြားတယ္။
ကုမ်န္ရဲ႕ေနာက္ခံကဘာလဲ။
ၿပီးေတာ့ ေလာ့ခ်ယ္၊ သူနဲ႕ ကုမ်န္ၾကားက ဆက္ဆံေရးကေရာ ဘာလဲ။
သူမနားမလည္နိုင္ခင္မွာပဲ ကုမ်န္က ေလာ့ခ်ယ္နဲ႕ လက္ခ်င္းတြဲၿပီး ထြက္ခြာသြားခဲ့ၿပီပင္။
ကုမ်န္က အေကာင္းနဲ႕အဆိုးကို မသိတဲ့သူမဟုတ္ေပ။ သူမက ေလာ့ခ်ယ္ရဲ႕ၾကင္နာမႈကို အစပိုင္းမွာျငင္းပယ္ခဲ့ၿပီး လည္ဆြဲကို မဝတ္ဆင္ခဲ့ေပမယ့္လည္း ထိုအခ်ိန္တုန္းက လူနည္းတာေၾကာင့္ျဖစ္ၿပီး၊ လည္ဆြဲပိုင္ရွင္က ဘယ္သူလဲဆိုတာကို မိတ္ကပ္ပညာရွင္ မသိတာေၾကာင့္ျဖစ္တယ္။ ဒါေၾကာင့္ သူမျငင္းလိုက္ၿပီးေနာက္ ဘာအက်ိဳးသက္ေရာက္မႈမွရွိမွာ မဟုတ္ဘူး။
ဒါေပမယ့္ ထိုအခိုက္အတန႔္မွာသာ သူမ ထပ္ျငင္းလိုက္ရင္ ေလာ့ခ်ယ္ကို မ်က္ႏွာသာမေပးတာ ျဖစ္သြားမွာ မဟုတ္ဘူးလား။
ဒါ့အျပင္ ေလာ့ခ်ယ္က ၀မ့္ရွားေရွ႕မွာ သူမကို ေထာက္ခံအားေပးဖို႔ ထိုသို႔လုပ္ခဲ့တာ အသိသာႀကီးပင္။ လည္ဆြဲတစ္ကုံးေပးတာေၾကာင့္နဲ႕ သူ သူမကိုျပသနာျဖစ္ေစမိမွာ စိုးရိမ္ခဲ့တယ္။ဒါေၾကာင့္ သူ႕လည္ဆြဲက သူမပိုင္တဲ့လည္ဆြဲလို႔ပါ သူေျပာခဲ့ျခင္းပင္။
ကုမ်န္က ႏႈတ္ခမ္းေစ့ကာ ေက်းဇူးတင္ေၾကာင္း ထပ္ေျပာလိုက္တယ္ ။
တစ္နာရီသာသာေလာက္သာ ရွိေသးတဲ့အခ်ိန္အေတာအတြင္း ဒါက ဒုတိယအႀကိမ္ေျမာက္ သူမ သူ႕ကိုေက်းဇူးတင္ျခင္းပင္ျဖစ္ေလတယ္။
ေလာ့ခ်ယ္ကို သူမေက်းဇူးတင္ဖို႔ မလိုေလာက္ေပမယ့္ ေက်းဇူးပါလို႔ေျပာခ်င္ေနဆဲပင္။
တကယ္ေတာ့ သူမ စာအုပ္ထဲကို ကူးေျပာင္းလာခဲ့တဲ့အခ်ိန္ကတည္းက အမ်ိဳးသားဇာတ္ေဆာင္က သူမကို ဂ႐ုစိုက္ေပးခဲ့တာျဖစ္တယ္။
ဘယ္ေနရာက ျပသနာျဖစ္သြားလဲဆိုတာ ကုမ်န္မသိဘူး။ သူမနဲ႕သူက ပတ္သက္မႈ မ်ားမ်ားစားစားမရွိသင့္ေပမယ့္ ပိုၿပီးပတ္သက္လာမိပုံေပၚတယ္။
အဲဒါက ဘယ္လိုေကာင္းနိုင္မွာလဲ။
ေလာ့ခ်ယ္က မ်က္၀န္းေတြကို က်ဥ္းေျမာင္းလိုက္ၿပီး သူ႕ရွပ္အကၤ်ီရဲ႕အေပၚပိုင္း ၾကယ္သီးႏွစ္လုံးကိုဟဖို႔ သူ႕လက္ကိုျမႇောက္လိုက္ၿပီး ထို႔ေနာက္မွသာ ေနရပိုအဆင္ေျပသြားခဲ့တယ္။
သူမတို႔က အခုထိ ဆုေပးပြဲအခမ္းအနားထဲ မဝင္ၾကရေသးဘဲ စၾကၤံမွာ ရွိေနၾကဆဲပင္။
စၾကၤံအဆုံးရွိ ျပတင္းေပါက္က ခပ္က်ယ္က်ယ္ပြင့္ေနၿပီး ေအးျမတဲ့ညေလက ျပတင္းေပါက္ကေန ျဖတ္သန္းတိုက္ခတ္ေနခဲ့တယ္။
ေအးျမတဲ့ေလနဲ႕အတူ ေလာ့ခ်ယ္ရဲ႕ ကသိကေအာက္ျဖစ္ေနတဲ့ ႏွလုံးသားက တျဖည္းျဖည္း ၿငိမ္သက္သြားေတာ့တယ္။
သူက ခပ္ေဖ်ာ့ေဖ်ာ့အသံျပဳလိုက္တယ္။"ကိုယ္ သန႔္စင္ခန္းသြားလိုက္ဦးမယ္"
ကုမ်န္ေခါင္းညိတ္လိုက္တယ္။
စၾကၤံမွာ သန႔္စင္ခန္းႏွစ္ခန္းရွိၿပီး၊ ေဘးတစ္ဖက္တစ္ခ်က္စီမွာ တစ္လုံးစီရွိတာျဖစ္တယ္။ ေစာေစာက သူတို႔သြားခဲ့တဲ့ ဘယ္ဘက္ျခမ္းက လူျပည့္ေနတယ္။ ဒါနဲ႕ပဲ ဆုေပးပြဲနဲ႕ နည္းနည္းေဝးတဲ့ ညာဘက္ကသန့္စင္ခန္းကို သြားၾကတယ္။ ညာဘက္ကသန့္စင္ခန္းကို သြားတဲ့သူအနည္းငယ္သာရွိတယ္။
ကုမ်န္က အျပင္မွာ တိတ္တဆိတ္ေစာင့္ေနခဲ့တယ္။
ခဏအၾကာမွာ ေလာ့ခ်ယ္က အမ်ိဳးသားသန႔္စင္ခန္းထဲမွ ထြက္လာၿပီး လက္ေဆးတယ္။
ေနရာမွာပဲေနၿပီး သူ႕စကားနာနာခံခံနဲ႕ေစာင့္ဆိုင္းေနတဲ့ ကုမ်န္ကိုေတြ႕ေတာ့ သူက "သြားရေအာင္" လို႔ေျပာကာ ဆုေပးပြဲအခမ္းအနားဆီ ေလွ်ာက္သြားလိုက္ၾကတယ္။
ကုမ်န္က အမွီလိုက္ဖို႔ ႀကိဳးစားရင္းနဲ႕ သူမရဲ႕ မ်က္လုံးေထာင့္ကေန လူတစ္ေယာက္ကို ရိပ္ခနဲျမင္လိုက္ရတယ္။
သူမရဲ႕အသက္အ႐ြယ္ျဖစ္ပုံရတဲ့ မိန္းကေလးတစ္ေယာက္ပင္။
သူမရဲ႕သြင္ျပင္က ေျပာင္ေျမာက္လွတယ္။ သူမက ေတာက္ပတဲ့ အဝါေရာင္ဝတ္စုံကို ဝတ္ဆင္ထားတယ္။ ဝတ္စုံဒီဇိုင္းက ရွင္းရွင္းလင္းလင္းမဟုတ္ဘဲ က်ယ္ျပန႔္တဲ့ ပခုံးႀကိဳးေတြပါရွိေပမယ့္ ခါးသိမ္ထားတဲ့ ဂါဝန္တိုဒီဇိုင္းက သူမရဲ႕ေကာင္းမြန္တဲ့႐ုပ္ရည္ကို ထင္ရွားေစတယ္။
သူမရဲ႕ေနာက္မွာ ၿငိမ္သက္စြာျပန့္က်ဲေနတဲ့ အနက္ေရာင္ဆံပင္ရွည္ေတြရွိၿပီး သူမရဲ႕ လက္ဖဝါးအ႐ြယ္အစားပဲရွိတဲ့ မ်က္ႏွာေသးေသးေလးကို ေပၚလြင္ေစတယ္။ သူမရဲ႕ ခႏၶာကိုယ္ေပၚ ဘာလက္ဝတ္ရတနာမွ မရွိေပ။ သူမကိုၾကည့္ရတာ ရိုးရွင္းေပမယ့္လည္း ေသေစနိုင္ေလာက္တဲ့ ဆြဲေဆာင္မႈတစ္ခုရွိတယ္။
ဒါေပါ့၊၊ ကုမ်န္ကေတာ့ ဒီလိုဆြဲေဆာင္မႈမ်ိဳး မခံစားရဘူး။ သူမက ထိုမိန္းကေလးရဲ႕၀တ္စုံကိုျမင္႐ုံနဲ႕ တစ္ဖက္လူရဲ႕ အေထာက္အထားကို ေတြးမိသြားတယ္။
သူမက "I'm So Popular" ထဲက အမ်ိဳးသမီးဇာတ္ေဆာင္ပဲ။
သူမက ေနာက္ပိုင္းမွာ ပရိတ္သတ္ေတြ နတ္သမီးလို႔ေခၚၾကတဲ့ ႐ႊယ္ေကြ႕၀မ္ပင္။
႐ႊယ္ေကြ႕၀မ္က လြန္ခဲ့တဲ့တစ္ႏွစ္ေလာက္က ပြဲဦးထြက္ခဲ့ၿပီး အြန္လိုင္းဒရာမာတစ္ခုထဲမွာ ဒုတိယေျမာက္ အမ်ိဳးသမီးဇာတ္ေဆာင္အျဖစ္လည္း သ႐ုပ္ေဆာင္ခဲ့တယ္။ ဒါေပမယ့္ ကုမၸဏီက သူမကို ပစားမေပးဘဲ ထိေတြ႕မႈမလုံေလာက္တာေၾကာင့္ သူမက အားတက္သေရာမရွိခဲ့ဘူး။ သူမက talent showနဲ႕ ေနာက္တစ္ႀကိမ္ပြဲဦးထြက္ၿပီးေနာက္မွာမွ ေရပန္းစားလာေတာ့တယ္။
သူမနဲ႕အဲ့ဒီမွာေတြ႕မယ္ဆိုတာ အစကတည္းက ကုမ်န္သိထားတာေၾကာင့္ ႐ႊယ္ေကြ႕၀မ္နဲ႕ေတြ႕တာကို မအံ့ၾသမိဘူး။
ကုမ်န္က အခ်ိန္စစ္ေဆးဖို႔ သူမရဲ႕နာရီကို ျမႇောက္လိုက္တယ္။ ညေနကိုးနာရီေက်ာ္ေနၿပီပဲ။
စာအုပ္ထဲက ဇာတ္ကြက္အရ အဲဒီအခ်ိန္မွာ ႐ႊယ္ေကြ႕၀မ္လည္း ညာဘက္ကသန့္စင္ခန္းကို သြားလိမ့္မယ္။ အဲဒီမွာ သူမက တဏွာႀကီးတဲ့ဒါရိုက္တာတစ္ေယာက္နဲ႕ပါ ေတြ႕လိမ့္မယ္။
သူမက ႐ုပ္ရည္ေခ်ာေမာတာကို ဒါရိုက္တာျမင္သြားေတာ့ ေျပာလို႔မရတဲ့စည္းမ်ဥ္း (m. Casting couch)ဆိုတဲ့ နာမည္နဲ႕ သူမဆီ ေရာက္ရွိလာေပမယ့္လည္း သူမက ခုခံခဲ့တယ္။ အခ်ိန္ကိုက္မွာပဲ နက္ရွိုင္းတဲ့ေရနဲ႕ မီးေလာင္ျပင္ကေန သူမကိုကယ္တင္ဖို႔ အမ်ိဳးသားဇာတ္ေဆာင္က ေကာင္းကင္ကေန ဆင္းသက္လာခဲ့တယ္ေလ။ (m. ဆင္းရဲဒုကၡ)
ဒါက အမ်ိဳးသားဇာတ္ေဆာင္နဲ႕ အမ်ိဳးသမီးဇာတ္ေဆာင္ေတြၾကား ပထမဆုံး ေတြ႕ဆုံမႈပင္။
ကုမ်န္က ထိုအခိုက္မွာ တိတ္တဆိတ္ပဲ ရပ္ေနလိုက္တယ္။
ေလာ့ခ်ယ္က သူမနဲ႕အတူ သန႔္စင္ခန္းလာခဲ့တယ္ေလ။ သူက သန့္စင္ခန္းထဲက ထြက္လာၿပီး မ်က္ခုံးပင့္ကာ သူမကိုျပန္ၾကည့္လာတယ္။
"မင္းဘာလို႔မလာတာလဲ" လို႔ မ်က္လုံးနဲ႕ေမးလိုက္သလိုပင္။
ဒီေတာ့ ေမးစရာရွိတာက အမ်ိဳးသားေခါင္းေဆာင္က သန႔္စင္ခန္းထဲမွာ ဆက္ေနမယ့္ပုံမေပၚေတာ့ဘူး။ ဒါဆို သူ အမ်ိဳးသမီးဇာတ္ေဆာင္ဆီ ဘယ္လိုေျပးသြားၿပီး တဏွာ႐ူးဆီကေန ဘယ္လိုကယ္တင္နိုင္မွာလဲ။
T/N - ဒီအပိုင္း အရမ္းရွည္ ಥ‿ಥ
ေတာင္းပန္ပါတယ္။ စိတ္နဲ႕လူနဲ႕မကပ္ေနလို႔ပါ။ ဘာသာလည္းမျပန္ခ်င္ ၊ ဘာမွကိုလုပ္ခ်င္စိတ္မရွိျဖစ္ေနၿပီ ༎ຶ‿༎ຶ ။