[Unicode]
"Hello ငါမင်းတို့ကို လုပ်ခိုင်းစရာရှိတယ်"
"....."
"အခု ငါပုံပို့ပေးမယ်... ပုံထဲကလူကို တစ်ခါတည်း အပြတ်ရှင်းပေးရမယ်"
"....."
"အေး စိတ်ချရပါစေ"
Hotel တစ်ခု၏ VIP room တစ်ခုတွင် ပြတင်းပေါက်နားမှာရပ်ကာ ပြင်ပမှမြင်ကွင်းများကိုကြည့်ရင်း ဖုန်းပြောနေသော ဌေးသစ္စာ။ ခါးထိသာ တဘက်ဖြင့် ပတ်ထားသည်ကြောင့် တောင့်တင်းသည့်ရင်အုပ်ကျယ်များက မှီခိုချင်စရာ။ထိုရင်အုပ်ကျယ်ထဲသို့ ခိုဝင်ခဲ့သည့်လူတွေမှာလည်း မရေမတွက်နိုင်။
"ဦး ဘာလုပ်နေတာလဲ"
ချွဲ့ချွဲ့နွဲ့နွဲ့အသံနှင့် သူ့ခါးအား သိုင်းဖက်လာသော လက်တစ်စုံကြောင့် ဌေးသစ္စာ ဖုန်းပြောခြင်းကို အဆုံးသတ်လိုက်သည်။ ပြီးနောက် သူ့အားဖက်ထားသော လက်ပိုင်ရှင်ဘက်သို့လှည့်ကာ ခေါင်းလေးကို ပွတ်ပေးလိုက်ရင်း
"နိုးပြီလား ကလေး"
ဆွဲငင်သောအသံဖြင့် မေးလိုက်သည်မှာ ကြွေကျချင်စရာကောင်းလှသည်။
"ဟုတ် ဦး သားဗိုက်ဆာတယ်"
"အင်း ကိုယ်ဖုန်းဆက်ပြီး မှာပေးမယ်"
"ဟုတ်"
ဌေးသစ္စာ သူ့ရှေ့မှာ ချစ်စဖွယ်ကောင်ငယ်လေးအားကြည့်နေသည်။ မျက်နှာဝိုင်းဝိုင်းလေးနှင့် မျက်ကပ်မှန်တပ်ထားသည်ကြောင့် ပြာလဲ့နေသော မျက်လုံးလေးနှင့် ထိုကောင်လေးက တကယ်ကိုချစ်စဖွယ်အတိ်။ သို့သော် တစ်စုံတစ်ယောက်၏ လှပမှုကိုတော့ မယှဉ်နိုင်ပေ။ ထိုကောင်လေးအားကြည့်ရင်း ဌေးသစ္စာ ပြုံးလိုက်သည်။ ထိုအပြုံးသည် အောင်နိုင်သူ တစ်ယောက်ပမာ။
*********************************
မာန် တစ်ယောက် အလုပ်စားပွဲတွင် ခေါင်းစိုက်နေတုန်း တံခါးဖွင့်သံကြားသည်ကြောင့် မော့ကြည့်လိုက်သည်။
"Happy Birthday မာန်"
ချော့ကလက် ကိတ်မုန့်လေးကို ကိုင်ထားသော ကြယ်စင်၊ သူ့နောက်တွင် လင်းသာနဲ့ သော်တာတို့ကို တွေ့လိုက်ရသည်။ မာန်လည်း သူငယ်ချင်းများကြောင့် ပင်ပန်းနေသည်များ ပျောက်သွားကာ မျက်နှထက် အပြုံးတို့ဖြစ်တည်လာရသည်။
"မင်းတို့ကို ညမှ party လုပ်မယ်ပြောထားတာကို"
မာန် ထိုသုံးယောက်အား အပြစ်စကားလေးဆိုလိုက်သည်။ သို့သော် မာန်ပျော်နေသည်ကိုတော့ သော်တာတို့ သိပါသည်။
"surprise လေကွာ... ကဲဖယောင်းတိုင် အရင်မှုတ်လိုက်အုံး"
သော်တာ့စကားကြောင့် မာန်လည်း ဖယောင်းတိုင်များကို တစ်ချက်တည်းနဲ့ အကုန်မှုတ်ပစ်လိုက်သည်။
"28 နှစ်ပြည့် မွေးနေ့မှာ ပျော်ရွှင်ပါစေ မာန်"
ကြယ်စင်က မာန့်အား ဆုတောင်းပေးသည်။
"မာန် မင်းစီစဉ်ထားသမျှ အကုန်အောင်မြင်ပါစေကွာ"
"ပေးတဲ့ဆုနဲ့ပြည့်ပါစေ အင့်! "
"ဟော... မာန်ရာ နင်ကလေးလည်း မဟုတ်ပဲ ငိုမလို့လား"
ကြယ်စင်က ရယ်သံဖြင့်ပြောတော့ မာန်လည်း မျက်လုံးများကို ပွတ်လိုက်ပြီး
"သူ့ဟာသူ ငိုချင်သွားတာကို"
"အေးပါဟယ် အေးပါ"
မာန်လည်း ကိတ်ကိုခွဲလိုက်ပြီး သော်တာတို့အား တစ်ယောက်ချင်းစီ လိုက်ခွံ့ကျွေးပြီးနောက် ၄ ယောက်သား တစ်ယောက်ကိုတစ်ယောက် ကိတ် cream များဖြင့် လိုက်သုတ်ရင်း အခန်းလေးထဲ ရယ်သံတွေ ဆူညံနေတော့သည်။
*********************************
ခွန်းဆက် သူ့ရုံးခန်းထဲတွင် ထိုင်ရင်းအပြုံးပန်းများဝေဆာနေတော့သည်။ စိတ်ထဲတွင်လည်း အတော်လေးပျော်နေသည်။ အကြောင်းမှာတော့ သူ့ပထမဆုံးလုပ်ရသည့် project ကိုအစည်းအဝေး၌ တင်ပြပြီးနောက် ရှယ်ယာရှင်လူကြီးများ၏ ထောက်ခံမှုနှင့် ချီးမွမ်းမှုကို များစွာခံခဲ့ရသည့်အပြင် ဖခင်ဖြစ်သူထံမှလည်း အသိအမှတ်ပြုချီးမွမ်ခြင်းကို ခံခဲ့ရသေးသည်။ နေ့လည်စာ စားချိန်လည်းနီးနေပြီ ဖြစ်တာကြောင့် ခွန်းဆက် ကားသော့ကိုဆွဲကာ မာန့် ကုမ္ပဏ်ီရှိရာဆီသို့ မောင်းနှင်ခဲ့တော့သည်။ မာန်နဲ့အတူ နေ့လည်စာ စားရန်နှင့် project ကိစ္စကြွားရန်ဖြစ်သည်။ ကုမ္ပဏ်ီသို့ရောက်တော့ reception တွင်ရှိသော ကောင်မလေးအား မေးလိုက်သည်။
"မင်းတို့် CEO မာန် ရှိလား"
reception မှကောင်မလေးမှာ ချောမောလွန်းသော ခွန်းဆက်အား ငေးကြည့်မိသည်။ ခဏအကြာ ကိုယ့်ကိုကိုယ် ပြန်ထိန်းကာ
"ဟုတ်ကဲ့... CEO မာန် ရှိပါတယ်ရှင့်... အကြောင်းကြားပေးရမလားရှင့်"
"နေနေ ကိုယ် ကိုယ့်ဘာသာပဲ သွားလိုက်တော့မယ်"
"ဟုတ်ကဲ့ရှင့်"
ခွန်းဆက် ထွက်သွားသည်ကို မျက်စိတစ်ဆုံး လိုက်ကြည့်ပြီးနောက်
"စိတ်ထိန်း မိသံစဉ်... အဲ့ဒါ CEO ရဲ့ ယောက်ကျားနော်"
ခွန်းဆက် မာန့်အခန်းရှေ့ရောက်တော့ အခန်းရှေ့မှ မာန့် မန်နေဂျာက သူ့အားအရိုအသေပေးလာသည်။ ခွန်းဆက်လည်း လက်ကာပြလိုက်ရင်း တံခါးကို တွန်းဖွင့်လိုက်ချိန် ဘယ်လိုမှ မထင်မှတ်ထားသော မြင်ကွင်းက ခွန်းဆက်ကို ဆီးကြိုနေသည်။ ကိတ် cream များ မျက်နှာအပြည့်ပေကျံနေသော မာန့်က မျက်လုံးပြာလေးများပြူးကာ ဖြင့် ခွန်းဆက်အား ကြည့်လာသည်။
"မာန်"
"ခွန်းဆက်"
နှစ်ယောက်သား တစ်ချိန်တည်း တစ်ယောက်နာမည် တစ်ယောက် ခေါ်မိကြတော့သည်။ မာန့်သူငယ်ချင်း ၃ယောက်မှာလည်း ပြုံးစိစိဖင့်။ သူတို့မျက်နှာတွင်လည်း cream များ ပေကျံနေသည်။ ခွန်းဆက် မာန်ကိုသာ ကြောင်ကြည့်နေမိသည်။ အမြဲတမ်း ကုမ္ပဏ်ီနှင့် public areaတွင် တည်ငြိမ်အေးဆေးနေတက်သည့်မာန်က ဒီလိုလည်း ကလေးဆန်တက်သည်ကိုမယုံနိုင်ပေ။
"ခွန်းဆက် မင်းဘယ်လိုလုပ်ပြီး"
"ခင်ဗျားနဲ့ နေ့လည်စာ အတူစားဖို့ လာတာ... ဒါနဲ့ ဘယ်လိုဖြစ်နေတာတုန်း မာန်ရာ ဟားဟား "
ခွန်းဆက် မာန့်ကိုကြည့်ရင်း ဗိုက်နှိပ်ကာ ရယ်ပါတော့သည်။ ခွန်းဆက်ရယ်နေသည်ကိုကြည့်ပြီး သော်တာတို့မှာလည်း ပါးစပ်ကို လက်ဖြင့်အုပ်ကာ တစ်ခွီခွီ ဖြစ်နေကြတော့သည်။ မာန်ကတော့ သူ့ကိုကြည့်ပြီး ရယ်နေသော ခွန်းဆက်ကြောင့် ရှက်စိတ်ရော ဒေါသစိတ်ရော ပေါင်းပြီး မျက်နှာကရဲတက်လာတော့သည်။
"ခွန်းဆက် မင်းမရယ်နဲ့! "
အံ့ကြိတ်ထားသည့်အသံဖြင့်ပြောသော်လည်း ခွန်းဆက်ဂရုမစိုက်။ ပိုတိုး၍ပင် ရယ်နေသည်။
"ကလေးလေးလား မာန်ရာ... ခုလို မျက်နှာတစ်ခုလုံး ပေကျံနေအောင် ကိတ်မုန့်စားရသလား ဟားဟား "
စကားတစ်ခွန်းပြော ဆယ်ခါရယ်နေသော ခွန်းဆက်ကြောင့် မာန် စိတ်ပေါက်လာရတော့သည်။
"ခွန်းဆက် ငါဆွဲထိုးမှာနော်"
ထိုအခါမှ ခွန်းဆက်ရယ်သံများ တိကနဲရပ်သည်။
"အိုကေ အိုကေ... မရယ်တော့ဘူး... ဘယ်လိုဖြစ်တာလဲ ပြောပြ"
"ညီ မသိဘူးလား... ဒီနေ့က ဘာနေ့လဲ ဆိုတာ"
သော်တာ့က မာန့်အနားလျှောက်သွားပြီး မာန့်ပခုံးကိုဖက်လိုက်ရင်း ခွန်းဆက်ကိုမေးသည်။ ခွန်းဆက်ကလည်း သူမသိကြောင်းကို ခေါင်းခါပြသည်။
"ဒီနေ့က မာန့်မွေးနေ့လေ ညီရဲ့"
"ဟင်"
ခွန်းဆက် မာန့်ကိုကြည့်မိတော့ သူ့ကိုကြည့်မနေပဲ စူပုတ်ပုတ်လေးဖြင့် ပခုံးပေါ်မှ သော်တာ့လက်ကိုသာ ဖယ်ချနေသည်။
"အဲ့ဒါကြောင့် သူ့ကို surprise လာတိုက်ရင်း ကိတ်မုန့်က cream နဲ့ မျက်နှာကို လိုက်သုတ်ထားတာ"
"ဪ"
ထိုအခါမှ နားလည်သွားသော ခွန်းဆက်။
"ညီပြောသလို ကိတ်မုန့်ကို ပေကျံနေအောင် စားထားတာ မဟုတ်ပါဘူး ဟားဟား "
"သော်တာ!! "
တစ်ဟားဟားရယ်နေသော သော်တာ့ကို မာန်ကလှမ်းရိုက်သည်။ သို့သော် မာန့်ထက်လျင်သော သော်တာက မာန်နဲ့ ခပ်လှမ်းလှမ်းပင် ရောက်နေလေသည်။ ထိုသည်ကိုကြည့်ပြီး ခွန်းဆက်က မာန့်အားပြောသည်။
"ဒါဆို အခု မာန်က ၂၈ ပြည့်သွားတာပေါ့"
"အင်း"
မာန် အင်း တစ်လုံးသာပြောပြီး ခွန်းဆက်ကိုကြည့်မနေပဲ သူ့ကို လှမ်းစနေသော သော်တာ့ကိုသာ ဂျိုကြည့်ကြည့်နေသည်။
"ဒါဆို အိုနေပြီပဲ"
"ဘာ!!! "
ခွန်းဆက်စကားကြောင့် မာန်ရဲ့ ဘာဆိုသော အသံကြီးက အခန်းလေးထဲ ဟိန်းထွက်လာသည်။ ခွန်းဆက်ကလည်း ရယ်နေရင်း
"ဟုတ်တယ်လေ ၂၈ ဆိုတော့ အိုနေပြီလေ...ဒီလိုဆိုရင် ဘိုးဘွားရိပ်သာတွေ ကြိုစုံစမ်းထားရတော့မှာပဲ... အိုကြီးအိုမ တစ်ယောက် အိမ်မှာ ရှိနေပြီဆိုတော့"
"အေး အဲ့ဒီ အိုကြီးအိုမက မင်းယောက်ကျားဖြစ်နေတာ မင်းခေါင်းထဲ ထည့်ထားအုံး!"
မာန် ပြောပြီးမှ ရှက်စိတ်များ ဖြန်းကနဲတက်လာတော့သည်။ ခွန်းဆက်ကိုလည်း မျက်နှာလွှဲသွားသည်။ ခွန်းဆက်မှာတော့ မာန့်စကားကြောင့် ရယ်နေခြင်းများရပ်ကာ အသည်းယားလာရတော့သည်။ ခွန်းဆက် မာန့်ကို ကြည့်ရင်း ခေါင်းထဲ အကြံတစ်ခုပေါ်လာသည်ကြောင့် နာရီကိုကြည့်လိုက်သည်။
ဒီအချိန်လောက်ဆို ဟိုကောင်တွေ duty ပြီးလောက်ပြီ ထင်တယ်... မပြီးသေးလဲ မသိဘူးကွာ.....
"မာန်"
"ဘာတုန်း"
ခွန်းဆက် ညင်ညင်သာသာလေး ခေါ်သည်ကို ပြန်ထူးလာသည်က ဘောက်ဆက်ဆက်။
"ဟ!ကိုယ့် ယောက်ကျားခေါ်တာ နူးနူးညံညံလေး ထူးပါလား"
"အန်ချင်စရာ"
"ကဲ ထားတော့... ကျွန်တော်ပြန်တော့မယ်"
"ပြန်လေ"
"ကျစ်! မာန် နည်းနည်းပါးပါး ဆွဲထားပါအုံးလား"
"မင်းခြေထောက်နဲ့ မင်းလာတာလေ... ငါက ဘာလို့ဆွဲထားရမှာလဲ"
"ဟားးးးး မာန် မာန် မာန်"
ခွန်းဆက် မာန့်ကိုကြည့်ရင်း လက်ညိုးဖြင့် မျက်ခုံးထောင့်နားလေးကို ကုတ်လိုက်သည်။ စ်ိတ်က နည်းနည်းလေး တိုလာနေပြီဖြစ်သည်။
"တော်ပြီ တော်ပြီ... အစ်ကိုတု့်ိ ကျွန်တော့်ပြန်တော့မယ်"
"အေးအေး ငါ့ညီ"
ခွန်းဆက် တံခါးအနားသို့အရောက် ပြန်လှည့်လာပြီး မာန့်ကိုကြည့်ကာ လျင်မြန်စွာပင် ဖုန်းထုတ်ကာ မာန့်အား ဓာတ်ပုံရိုက်တော့သည်။ မာန်ကတော့ ကြောင်အစွာ ခွန်းဆက်ကို ငေးနေဆဲ။ ပုံပေါင်း ၂၀ ကျော်လောက်ရိုက်ပြီးမှ မာန်က အသိဝင်လို့လာသည်။
"ခွန်းဆက် မင်းဘာလုပ်တာလဲ"
"ဓာတ်ပုံရိုက်တာလေ ဟဲဟဲ"
ဆိုကာ တန်းနေအောင်ပြေးတော့သည်။ ကားပေါ်ရောက်တော့မှ ရိုက်လာခဲ့သော ပုံများကိုပြန်ကြည့်ကာ ခွန်းဆက်မျက်နှာ အသည်းယားသည့် အရိပ်အယောင်များက ဖြတ်ပြေးနေတော့သည်။
"ဟားး ဘာလေးလဲကွာ"
မချိတင်ကဲ ရေရွတ်မိသည်အထိ ခွန်းဆက် မာန့်ပုံလေးများကို သဘောကျနေရသည်။ ပုံများကို အတော်ကြာကြည့်ပြီးနောက် ဖုန်းနံပါတ် တစ်ခုထံ ဖုန်းခေါ်ဆိုလိုက်တော့သည်။
"Hello မင်းမြတ်"
"ဘာလဲ သူတောင်းစား "
"ဟိုနှစ်ကောင်ကို ခေါ်ပြီး ငါ့အိမ်လာခဲ့ အခုနော်"
"ဟာ မရဘူး duty ချိန်ကြီးလေ"
"မသိဘူးကွာ... အခုချက်ချင်းလာခဲ့ ဒါပဲ"
ပြောပြီး မင်းမြတ်ပြန်ပြောသည်ကုိ မစောင့်ပဲ ဖုန်းကို ချပစ်လိုက်သည်။ ထို့နောက် Lamborghini Aventador SV J မိုးပြာရောင်လေးသည် လမ်းမပေါ် တစ်ရိပ်ရိပ်ပြေးနေတော့သည်။
*********************************
အခန်းထဲတွင်တော့ အူကြောင်ကြောင်ပုံစံဖြင့် ကျန်ခဲ့သည့်မာန်ကြောင့် သော်တာနဲ့လင်းသာ မထိန်းနိုင်စွာ အော်ရယ်ကြတော့သည်။ သူ့ကို ရယ်နေကြသော နှစ်ယောက်ကို မာန် ပေစောင်းစောင်းကြည့်ကာ
"မင်းတို့ မရယ်ကြနဲ့ကွာ"
"မရယ်ချင်ပေမယ့် မင်းပုံစံက ရယ်ချင်စရာဖြစ်နေတာကို ဟားဟား "
ပြောရင်း ရယ်နေပြန်သော လင်းသာကြောင့် မာန် ကြယ်စင်ဘက်လှည့်ကာ
"ကြယ်စင် နင့်လင်ကို နင်မပြောဘူးလား"
လင်းသာကို ပြောမရသည်ကြောင့် မာန် ကြယ်စင်ကိုမဲတော့သည်။
မာန် စကားအဆုံး ကြယ်စင်မျက်စောင်းက လင်းသာဆီ ဒိုင်းကနဲ။ လင်းသာ အရယ်ရပ်သွားသည်ကိုကြည့်ပြီး မာန်က ပြုံးသွားတော့သည်။ သို့သော် ထိုအပြုံးလေးသည် ထွက်ပေါ်လာသော ကြယ်စင်အသံအောက် တစ်မုဟုတ်ချင်း ပျောက်ကွယ်သွားရတော့သည်။
"ဟုတ်ပါ့ လင်းသာရယ်... ဘာလို့အဲ့လောက်ရယ်နေတာလဲ... ငါရယ်ဖို့လည်း ချန်ပါအုံး... ဟားဟား "
ရှေ့နေ့ငှားမှ ထောင်လုံးလုံးကျဆိုသလို မိန်းကလေးတန်မယ့် တစ်ဟားဟား အော်ရယ်နေသော ကြယ်စင်ကို မာန် အံ့ဩစွာ ငေးမိသည်။ မာန့်အတိုင်းပင် သော်တာနဲ့ လင်းသာမှာလည်း အရယ်များပင်ရပ်ကာ ကြယ်စင်ရယ်သံ အောက်ကြောင်အသွားရတော့သည်။ သော်တာက မာန့်အနားကပ်ကာ တိုးတိုးလေးပြောသည်။
"မာန် ကြယ်စင်က မိန်းကလေးဟုတ်ပါတယ်နော်"
"အေး ငါလည်း အဲ့တာကို စဉ်းစားနေတာ"
မာန်က မေးစေ့ကို ပွတ်ကာ တွေးဆဆဖြင့် ပြန်ပြောသည်။ သော်တာ လင်းသာကို မျက်နှာရိပ်မျက်နှာကဲဖြင့် အနားလာဖို့ခေါ်သည်။ လင်းသာ အနားရောက်တော့ သော်တာကပင် အခုထိအရယ်မရပ်သေးပဲ တစ်ဟားဟား အော်ရယ်နေသော ကြယ်စင်ကိုကြည့်ကာ
"လင်းသာ မင်းကောင်မလေး ငါတို့ကြယ်စင်က အဟုတ်မိန်းကလေးပါနော်"
လင်းသာကလည်း ကြယ်စင်ကို ငေးကြည့်နေသည်။ ထိုအကြည့်တွင် ချစ်ရည်ရွှန်းလဲ့ခြင်းနဲ့ အတူ မြတ်နိုးရိပ်တို့ ပါဝင်နေသည်။
"အင်း ငါလည်း မိန်းကလေးလို့ ထင်တာပဲ... တစ်ခါရယ်ရင် ၇ နှစ်အိမ်ကြား ၈ အိမ်ကြားရုံမက တောကနေမြို့အထိ ကြားနိုင်တဲ့အသံနဲ့ ရယ်တာကလွဲပြီး ကျန်တာ မိန်းကလေး ဆန်ပါတယ်"
လင်းသာ စကားဆုံးသည်နှင့် မာန်နဲ့သော်တာတို့ အတွေးထဲ တွေးမိသည့် စကားက ထပ်တူညီစွာ။
သောက်ကျိုးနည်း.... ချစ်တက်လိုက်ပုံများ... ပေးလိုက်တဲ့ ဥပမာကြီးက ငါသာ ကြယ်စင်နေရာမှာဆို နရင်းပဲ ပိတ်အုပ်လိုက်တယ်.....
လင်းသာက စကားဆက်လာပြန်သည်။
"တစ်ခါဆို သူနဲ့အတူ ဟာသကြည့်တုန်းကဆို ငါ့နား ကွဲပြီလားတောင် ထင်ရတယ်"
သော်တာနဲ့ မာန် မျက်လုံးချင်းဆုံသွားကာ မနေနိုင်တော့သည့် သော်တာက လင်းသာကို မေးလေသည်။
"လင်းသာ မင်းသူ့ကို ချစ်ပါတယ်နော်"
"အေးလေ ကိုယ့်ချစ်သူကို ပြောလိုက်တဲ့ပုံက ရစရာကို မရှိဘူး"
မာန်ကပါ ထောက်ခံသလိုဝင်ပြောလာသည်။ ထိုသည်ကို လင်းသာက ပြုံးလိုက်ပြီး
"သူရဲ့ အဲ့လိုပုံစံလေးကပဲ ငါသူ့ကို ချစ်နေရတဲ့ အကြောင်းအရင်းလေးပေါ့"
"ဟဲ့ နင်တို့ ငါ့အတင်းတုပ်နေကြတာမလား"
၃ ယောက်သားပူးကပ်နေသည်ကိုကြည့်ပြီး ကြယ်စင်က သံသယ မျက်လုံးများဖြင့် မေးလာသည်။
"အင်းဟုတ်တယ်... ကိုယ့် baby လေးက ဘယ်လောက်တောင် ချစ်ဖို့ကောင်းတဲ့ အကြောင်း ဒီနှစ်ကောင်ကို ပြောပြနေတာ"
"နင်ကလည်းဟာ"
လင်းသာ ထိုသို့ပြောတော့ ကြယ်စင်က ရှက်သွားသည့် ပုံစံလေးဖြင့် လင်းသာ ရင်ဘက်ကို လှမ်းရိုက်သည်။
"မာန်ရေ ငါ အန်ချင်လိုက်တာကွာ"
"ငါရောပဲ သော်တာရာ...မြင်ရတွေ့ရတာ အန်ချင်စရာတွေ"
သူများအတွဲ ro နေသည်ကို သာသနာဖျက်သော မာန်နဲ့ သော်တာပါပေ။
*********************************
#12.2.2024
#🍁Moe Kyal Phyu🍁
[Zawgyi]
"Hello ငါမင္းတို႔ကို လုပ္ခိုင္းစရာရိွတယ္"
"....."
"အခု ငါပံုပို႔ေပးမယ္... ပံုထဲကလူကို တစ္ခါတည္း အျပတ္ရွင္းေပးရမယ္"
"....."
"ေအး စိတ္ခ်ရပါေစ"
Hotel တစ္ခု၏ VIP room တစ္ခုတြင္ ျပတင္းေပါက္နားမွာရပ္ကာ ျပင္ပမွျမင္ကြင္းမ်ားကိုၾကည့္ရင္း ဖုန္းေျပာေနေသာ ေဌးသစၥာ။ ခါးထိသာ တဘက္ျဖင့္ ပတ္ထားသည္ေၾကာင့္ ေတာင့္တင္းသည့္ရင္အုပ္က်ယ္မ်ားက မီွခိုခ်င္စရာ။ထိုရင္အုပ္က်ယ္ထဲသို႔ ခို၀င္ခဲ့သည့္လူေတြမွာလည္း မေရမတြက္ႏိုင္။
"ဦး ဘာလုပ္ေနတာလဲ"
ခြၽဲ႕ခြၽဲ႕ႏြဲ႕ႏြဲ႕အသံႏွင့္ သူ႕ခါးအား သိုင္းဖက္လာေသာ လက္တစ္စံုေၾကာင့္ ေဌးသစၥာ ဖုန္းေျပာျခင္းကို အဆံုးသတ္လိုက္သည္။ ၿပီးေနာက္ သူ႕အားဖက္ထားေသာ လက္ပိုင္ရွင္ဘက္သို႔လွည့္ကာ ေခါင္းေလးကို ပြတ္ေပးလိုက္ရင္း
"ႏိုးၿပီလား ကေလး"
ဆြဲငင္ေသာအသံျဖင့္ ေမးလိုက္သည္မွာ ေႂကြက်ခ်င္စရာေကာင္းလွသည္။
"ဟုတ္ ဦး သားဗိုက္ဆာတယ္"
"အင္း ကိုယ္ဖုန္းဆက္ၿပီး မွာေပးမယ္"
"ဟုတ္"
ေဌးသစၥာ သူ႕ေရွ႕မွာ ခ်စ္စဖြယ္ေကာင္ငယ္ေလးအားၾကည့္ေနသည္။ မ်က္ႏွာ၀ိုင္း၀ိုင္းေလးႏွင့္ မ်က္ကပ္မွန္တပ္ထားသည္ေၾကာင့္ ျပာလဲ့ေနေသာ မ်က္လံုးေလးႏွင့္ ထိုေကာင္ေလးက တကယ္ကိုခ်စ္စဖြယ္အတိ္။ သို႔ေသာ္ တစ္စံုတစ္ေယာက္၏ လွပမႈကိုေတာ့ မယွဥ္ႏိုင္ေပ။ ထိုေကာင္ေလးအားၾကည့္ရင္း ေဌးသစၥာ ၿပံဳးလိုက္သည္။ ထိုအၿပံဳးသည္ ေအာင္ႏိုင္သူ တစ္ေယာက္ပမာ။
*********************************
မာန္ တစ္ေယာက္ အလုပ္စားပြဲတြင္ ေခါင္းစိုက္ေနတုန္း တံခါးဖြင့္သံၾကားသည္ေၾကာင့္ ေမာ့ၾကည့္လိုက္သည္။
"Happy Birthday မာန္"
ေခ်ာ့ကလက္ ကိတ္မုန္႔ေလးကို ကိုင္ထားေသာ ၾကယ္စင္၊ သူ႕ေနာက္တြင္ လင္းသာနဲ႔ ေသာ္တာတို႔ကို ေတြ႕လိုက္ရသည္။ မာန္လည္း သူငယ္ခ်င္းမ်ားေၾကာင့္ ပင္ပန္းေနသည္မ်ား ေပ်ာက္သြားကာ မ်က္ႏွထက္ အၿပံဳးတို႔ျဖစ္တည္လာရသည္။
"မင္းတို႔ကို ညမွ party လုပ္မယ္ေျပာထားတာကို"
မာန္ ထိုသံုးေယာက္အား အျပစ္စကားေလးဆိုလိုက္သည္။ သို႔ေသာ္ မာန္ေပ်ာ္ေနသည္ကိုေတာ့ ေသာ္တာတို႔ သိပါသည္။
"surprise ေလကြာ... ကဲဖေယာင္းတိုင္ အရင္မႈတ္လိုက္အံုး"
ေသာ္တာ့စကားေၾကာင့္ မာန္လည္း ဖေယာင္းတိုင္မ်ားကို တစ္ခ်က္တည္းနဲ႔ အကုန္မႈတ္ပစ္လိုက္သည္။
"28 ႏွစ္ျပည့္ ေမြးေန႔မွာ ေပ်ာ္ရႊင္ပါေစ မာန္"
ၾကယ္စင္က မာန္႔အား ဆုေတာင္းေပးသည္။
"မာန္ မင္းစီစဥ္ထားသမွ် အကုန္ေအာင္ျမင္ပါေစကြာ"
"ေပးတဲ့ဆုနဲ႔ျပည့္ပါေစ အင့္! "
"ေဟာ... မာန္ရာ နင္ကေလးလည္း မဟုတ္ပဲ ငိုမလို႔လား"
ၾကယ္စင္က ရယ္သံျဖင့္ေျပာေတာ့ မာန္လည္း မ်က္လံုးမ်ားကို ပြတ္လိုက္ၿပီး
"သူ႕ဟာသူ ငိုခ်င္သြားတာကို"
"ေအးပါဟယ္ ေအးပါ"
မာန္လည္း ကိတ္ကိုခြဲလိုက္ၿပီး ေသာ္တာတို႔အား တစ္ေယာက္ခ်င္းစီ လိုက္ခြံ့ေကြၽးၿပီးေနာက္ ၄ ေယာက္သား တစ္ေယာက္ကိုတစ္ေယာက္ ကိတ္ cream မ်ားျဖင့္ လိုက္သုတ္ရင္း အခန္းေလးထဲ ရယ္သံေတြ ဆူညံေနေတာ့သည္။
*********************************
ခြန္းဆက္ သူ႕႐ံုးခန္းထဲတြင္ ထိုင္ရင္းအၿပံဳးပန္းမ်ားေ၀ဆာေနေတာ့သည္။ စိတ္ထဲတြင္လည္း အေတာ္ေလးေပ်ာ္ေနသည္။ အေၾကာင္းမွာေတာ့ သူ႕ပထမဆံုးလုပ္ရသည့္ project ကိုအစည္းအေ၀း၌ တင္ျပၿပီးေနာက္ ရွယ္ယာရွင္လူႀကီးမ်ား၏ ေထာက္ခံမႈႏွင့္ ခ်ီးမြမ္းမႈကို မ်ားစြာခံခဲ့ရသည့္အျပင္ ဖခင္ျဖစ္သူထံမွလည္း အသိအမွတ္ျပဳခ်ီးမြမ္ျခင္းကို ခံခဲ့ရေသးသည္။ ေန႔လည္စာ စားခ်ိန္လည္းနီးေနၿပီ ျဖစ္တာေၾကာင့္ ခြန္းဆက္ ကားေသာ့ကိုဆြဲကာ မာန္႔ ကုမၸဏ္ီရိွရာဆီသို႔ ေမာင္းႏွင္ခဲ့ေတာ့သည္။ မာန္နဲ႔အတူ ေန႔လည္စာ စားရန္ႏွင့္ project ကိစၥႂကြားရန္ျဖစ္သည္။ ကုမၸဏ္ီသို႔ေရာက္ေတာ့ reception တြင္ရိွေသာ ေကာင္မေလးအား ေမးလိုက္သည္။
"မင္းတို္႔ CEO မာန္ ရိွလား"
reception မွေကာင္မေလးမွာ ေခ်ာေမာလြန္းေသာ ခြန္းဆက္အား ေငးၾကည့္မိသည္။ ခဏအၾကာ ကိုယ့္ကိုကုိယ္ ျပန္ထိန္းကာ
"ဟုတ္ကဲ့... CEO မာန္ ရိွပါတယ္ရွင့္... အေၾကာင္းၾကားေပးရမလားရွင့္"
"ေနေန ကိုယ္ ကိုယ့္ဘာသာပဲ သြားလိုက္ေတာ့မယ္"
"ဟုတ္ကဲ့ရွင့္"
ခြန္းဆက္ ထြက္သြားသည္ကို မ်က္စိတစ္ဆံုး လိုက္ၾကည့္ၿပီးေနာက္
"စိတ္ထိန္း မိသံစဥ္... အဲ့ဒါ CEO ရဲ႕ ေယာက္က်ားေနာ္"
ခြန္းဆက္ မာန္႔အခန္းေရွ႕ေရာက္ေတာ့ အခန္းေရွ႕မွ မာန္႔ မန္ေနဂ်ာက သူ႕အားအ႐ိုအေသေပးလာသည္။ ခြန္းဆက္လည္း လက္ကာျပလိုက္ရင္း တံခါးကို တြန္းဖြင့္လိုက္ခ်ိန္ ဘယ္လိုမွ မထင္မွတ္ထားေသာ ျမင္ကြင္းက ခြန္းဆက္ကို ဆီးႀကိဳေနသည္။ ကိတ္ cream မ်ား မ်က္ႏွာအျပည့္ေပက်ံေနေသာ မာန္႔က မ်က္လံုးျပာေလးမ်ားျပဴးကာ ျဖင့္ ခြန္းဆက္အား ၾကည့္လာသည္။
"မာန္"
"ခြန္းဆက္"
ႏွစ္ေယာက္သား တစ္ခ်ိန္တည္း တစ္ေယာက္နာမည္ တစ္ေယာက္ ေခၚမိၾကေတာ့သည္။ မာန္႔သူငယ္ခ်င္း ၃ေယာက္မွာလည္း ၿပံဳးစိစိဖင့္။ သူတို႔မ်က္ႏွာတြင္လည္း cream မ်ား ေပက်ံေနသည္။ ခြန္းဆက္ မာန္ကိုသာ ေၾကာင္ၾကည့္ေနမိသည္။ အၿမဲတမ္း ကုမၸဏ္ီႏွင့္ public areaတြင္ တည္ၿငိမ္ေအးေဆးေနတက္သည့္မာန္က ဒီလိုလည္း ကေလးဆန္တက္သည္ကိုမယံုႏိုင္ေပ။
"ခြန္းဆက္ မင္းဘယ္လိုလုပ္ၿပီး"
"ခင္ဗ်ားနဲ႔ ေန႔လည္စာ အတူစားဖို႔ လာတာ... ဒါနဲ႔ ဘယ္လိုျဖစ္ေနတာတုန္း မာန္ရာ ဟားဟား "
ခြန္းဆက္ မာန္႔ကိုၾကည့္ရင္း ဗိုက္ႏိွပ္ကာ ရယ္ပါေတာ့သည္။ ခြန္းဆက္ရယ္ေနသည္ကိုၾကည့္ၿပီး ေသာ္တာတို႔မွာလည္း ပါးစပ္ကို လက္ျဖင့္အုပ္ကာ တစ္ခီြခီြ ျဖစ္ေနၾကေတာ့သည္။ မာန္ကေတာ့ သူ႕ကိုၾကည့္ၿပီး ရယ္ေနေသာ ခြန္းဆက္ေၾကာင့္ ရွက္စိတ္ေရာ ေဒါသစိတ္ေရာ ေပါင္းၿပီး မ်က္ႏွာကရဲတက္လာေတာ့သည္။
"ခြန္းဆက္ မင္းမရယ္နဲ႔! "
အံ့ႀကိတ္ထားသည့္အသံျဖင့္ေျပာေသာ္လည္း ခြန္းဆက္ဂ႐ုမစိုက္။ ပိုတိုး၍ပင္ ရယ္ေနသည္။
"ကေလးေလးလား မာန္ရာ... ခုလို မ်က္ႏွာတစ္ခုလံုး ေပက်ံေနေအာင္ ကိတ္မုန္႔စားရသလား ဟားဟား "
စကားတစ္ခြန္းေျပာ ဆယ္ခါရယ္ေနေသာ ခြန္းဆက္ေၾကာင့္ မာန္ စိတ္ေပါက္လာရေတာ့သည္။
"ခြန္းဆက္ ငါဆြဲထိုးမွာေနာ္"
ထိုအခါမွ ခြန္းဆက္ရယ္သံမ်ား တိကနဲရပ္သည္။
"အိုေက အိုေက... မရယ္ေတာ့ဘူး... ဘယ္လိုျဖစ္တာလဲ ေျပာျပ"
"ညီ မသိဘူးလား... ဒီေန႔က ဘာေန႔လဲ ဆိုတာ"
ေသာ္တာ့က မာန္႔အနားေလွ်ာက္သြားၿပီး မာန္႔ပခံုးကိုဖက္လိုက္ရင္း ခြန္းဆက္ကိုေမးသည္။ ခြန္းဆက္ကလည္း သူမသိေၾကာင္းကို ေခါင္းခါျပသည္။
"ဒီေန႔က မာန္႔ေမြးေန႔ေလ ညီရဲ႕"
"ဟင္"
ခြန္းဆက္ မာန္႔ကိုၾကည့္မိေတာ့ သူ႕ကိုၾကည့္မေနပဲ စူပုတ္ပုတ္ေလးျဖင့္ ပခံုးေပၚမွ ေသာ္တာ့လက္ကိုသာ ဖယ္ခ်ေနသည္။
"အဲ့ဒါေၾကာင့္ သူ႕ကို surprise လာတိုက္ရင္း ကိတ္မုန္႔က cream နဲ႔ မ်က္ႏွာကို လိုက္သုတ္ထားတာ"
"ဪ"
ထိုအခါမွ နားလည္သြားေသာ ခြန္းဆက္။
"ညီေျပာသလို ကိတ္မုန္႔ကို ေပက်ံေနေအာင္ စားထားတာ မဟုတ္ပါဘူး ဟားဟား "
"ေသာ္တာ!! "
တစ္ဟားဟားရယ္ေနေသာ ေသာ္တာ့ကို မာန္ကလွမ္း႐ိုက္သည္။ သို႔ေသာ္ မာန္႔ထက္လ်င္ေသာ ေသာ္တာက မာန္နဲ႔ ခပ္လွမ္းလွမ္းပင္ ေရာက္ေနေလသည္။ ထိုသည္ကိုၾကည့္ၿပီး ခြန္းဆက္က မာန္႔အားေျပာသည္။
"ဒါဆုိ အခု မာန္က ၂၈ ျပည့္သြားတာေပါ့"
"အင္း"
မာန္ အင္း တစ္လံုးသာေျပာၿပီး ခြန္းဆက္ကိုၾကည့္မေနပဲ သူ႕ကို လွမ္းစေနေသာ ေသာ္တာ့ကိုသာ ဂ်ဳိၾကည့္ၾကည့္ေနသည္။
"ဒါဆို အိုေနၿပီပဲ"
"ဘာ!!! "
ခြန္းဆက္စကားေၾကာင့္ မာန္ရဲ့ ဘာဆိုေသာ အသံႀကီးက အခန္းေလးထဲ ဟိန္းထြက္လာသည္။ ခြန္းဆက္ကလည္း ရယ္ေနရင္း
"ဟုတ္တယ္ေလ ၂၈ ဆိုေတာ့ အိုေနၿပီေလ...ဒီလိုဆိုရင္ ဘိုးဘြားရိပ္သာေတြ ႀကိဳစံုစမ္းထားရေတာ့မွာပဲ... အိုႀကီးအိုမ တစ္ေယာက္ အိမ္မွာ ရိွေနၿပီဆိုေတာ့"
"ေအး အဲ့ဒီ အိုႀကီးအိုမက မင္းေယာက္က်ားျဖစ္ေနတာ မင္းေခါင္းထဲ ထည့္ထားအံုး!"
မာန္ ေျပာၿပီးမွ ရွက္စိတ္မ်ား ျဖန္းကနဲတက္လာေတာ့သည္။ ခြန္းဆက္ကိုလည္း မ်က္ႏွာလႊဲသြားသည္။ ခြန္းဆက္မွာေတာ့ မာန္႔စကားေၾကာင့္ ရယ္ေနျခင္းမ်ားရပ္ကာ အသည္းယားလာရေတာ့သည္။ ခြန္းဆက္ မာန္႔ကို ၾကည့္ရင္း ေခါင္းထဲ အႀကံတစ္ခုေပၚလာသည္ေၾကာင့္ နာရီကိုၾကည့္လိုက္သည္။
ဒိီအခ်ိန္ေလာက္ဆို ဟိုေကာင္ေတြ duty ၿပီးေလာက္ၿပီ ထင္တယ္... မၿပီးေသးလဲ မသိဘူးကြာ.....
"မာန္"
"ဘာတုန္း"
ခြန္းဆက္ ညင္ညင္သာသာေလး ေခၚသည္ကို ျပန္ထူးလာသည္က ေဘာက္ဆက္ဆက္။
"ဟ!ကိုယ့္ ေယာက္က်ားေခၚတာ ႏူးႏူးညံညံေလး ထူးပါလား"
"အန္ခ်င္စရာ"
"ကဲ ထားေတာ့... ကြၽန္ေတာ္ျပန္ေတာ့မယ္"
"ျပန္ေလ"
"က်စ္! မာန္ နည္းနည္းပါးပါး ဆြဲထားပါအံုးလား"
"မင္းေျခေထာက္နဲ႔ မင္းလာတာေလ... ငါက ဘာလို႔ဆြဲထားရမွာလဲ"
"ဟားးးးး မာန္ မာန္ မာန္"
ခြန္းဆက္ မာန္႔ကိုၾကည့္ရင္း လက္ညိဳးျဖင့္ မ်က္ခံုးေထာင့္နားေလးကို ကုတ္လိုက္သည္။ စိ္တ္က နည္းနည္းေလး တိုလာေနၿပီျဖစ္သည္။
"ေတာ္ၿပီ ေတာ္ၿပီ... အစ္ကိုတု္႔ိ ကြၽန္ေတာ့္ျပန္ေတာ့မယ္"
"ေအးေအး ငါ့ညီ"
ခြန္းဆက္ တံခါးအနားသို႔အေရာက္ ျပန္လွည့္လာၿပီး မာန္႔ကိုၾကည့္ကာ လ်င္ျမန္စြာပင္ ဖုန္းထုတ္ကာ မာန္႔အား ဓာတ္ပံု႐ိုက္ေတာ့သည္။ မာန္ကေတာ့ ေၾကာင္အစြာ ခြန္းဆက္ကို ေငးေနဆဲ။ ပံုေပါင္း ၂၀ ေက်ာ္ေလာက္႐ိုက္ၿပီးမွ မာန္က အသိ၀င္လို႔လာသည္။
"ခြန္းဆက္ မင္းဘာလုပ္တာလဲ"
"ဓာတ္ပံု႐ိုက္တာေလ ဟဲဟဲ"
ဆိုကာ တန္းေနေအာင္ေျပးေတာ့သည္။ ကားေပၚေရာက္ေတာ့မွ ႐ိုက္လာခဲ့ေသာ ပံုမ်ားကိုျပန္ၾကည့္ကာ ခြန္းဆက္မ်က္ႏွာ အသည္းယားသည့္ အရိပ္အေယာင္မ်ားက ျဖတ္ေျပးေနေတာ့သည္။
"ဟားး ဘာေလးလဲကြာ"
မခ်ိတင္ကဲ ေရရြတ္မိသည္အထိ ခြန္းဆက္ မာန္႔ပံုေလးမ်ားကို သေဘာက်ေနရသည္။ ပံုမ်ားကို အေတာ္ၾကာၾကည့္ၿပီးေနာက္ ဖုန္းနံပါတ္ တစ္ခုထံ ဖုန္းေခၚဆိုလိုက္ေတာ့သည္။
"Hello မင္းျမတ္"
"ဘာလဲ သူေတာင္းစား "
"ဟိုႏွစ္ေကာင္ကို ေခၚၿပီး ငါ့အိမ္လာခဲ့ အခုေနာ္"
"ဟာ မရဘူး duty ခ်ိန္ႀကီးေလ"
"မသိဘူးကြာ... အခုခ်က္ခ်င္းလာခဲ့ ဒါပဲ"
ေျပာၿပီး မင္းျမတ္ျပန္ေျပာသည္ကု္ိ မေစာင့္ပဲ ဖုန္းကို ခ်ပစ္လိုက္သည္။ ထို႔ေနာက္ Lamborghini Aventador SV J မိုးျပာေရာင္ေလးသည္ လမ္းမေပၚ တစ္ရိပ္ရိပ္ေျပးေနေတာ့သည္။
*********************************
အခန္းထဲတြင္ေတာ့ အူေၾကာင္ေၾကာင္ပံုစံျဖင့္ က်န္ခဲ့သည့္မာန္ေၾကာင့္ ေသာ္တာနဲ႔လင္းသာ မထိန္းႏိုင္စြာ ေအာ္ရယ္ၾကေတာ့သည္။ သူ႕ကို ရယ္ေနၾကေသာ ႏွစ္ေယာက္ကို မာန္ ေပေစာင္းေစာင္းၾကည့္ကာ
"မင္းတို႔ မရယ္ၾကနဲ႔ကြာ"
"မရယ္ခ်င္ေပမယ့္ မင္းပံုစံက ရယ္ခ်င္စရာျဖစ္ေနတာကို ဟားဟား "
ေျပာရင္း ရယ္ေနျပန္ေသာ လင္းသာေၾကာင့္ မာန္ ၾကယ္စင္ဘက္လွည့္ကာ
"ၾကယ္စင္ နင့္လင္ကို နင္မေျပာဘူးလား"
လင္းသာကို ေျပာမရသည္ေၾကာင့္ မာန္ ၾကယ္စင္ကိုမဲေတာ့သည္။
မာန္ စကားအဆံုး ၾကယ္စင္မ်က္ေစာင္းက လင္းသာဆီ ဒိုင္းကနဲ။ လင္းသာ အရယ္ရပ္သြားသည္ကိုၾကည့္ျပီး မာန္က ၿပံဳးသြားေတာ့သည္။ သို႔ေသာ္ ထိုအၿပံဳးေလးသည္ ထြက္ေပၚလာေသာ ၾကယ္စင္အသံေအာက္ တစ္မုဟုတ္ခ်င္း ေပ်ာက္ကြယ္သြားရေတာ့သည္။
"ဟုတ္ပါ့ လင္းသာရယ္... ဘာလို႔အဲ့ေလာက္ရယ္ေနတာလဲ... ငါရယ္ဖို႔လည္း ခ်န္ပါအံုး... ဟားဟား "
ေရွ႕ေန႔ငွားမွ ေထာင္လံုးလံုးက်ဆိုသလို မိန္းကေလးတန္မယ့္ တစ္ဟားဟား ေအာ္ရယ္ေနေသာ ၾကယ္စင္ကုိ မာန္ အံ့ဩစြာ ေငးမိသည္။ မာန္႔အတိုင္းပင္ ေသာ္တာနဲ႔ လင္းသာမွာလည္း အရယ္မ်ားပင္ရပ္ကာ ၾကယ္စင္ရယ္သံ ေအာက္ေၾကာင္အသြားရေတာ့သည္။ ေသာ္တာက မာန္႔အနားကပ္ကာ တိုးတိုးေလးေျပာသည္။
"မာန္ ၾကယ္စင္က မိန္းကေလးဟုတ္ပါတယ္ေနာ္"
"ေအး ငါလည္း အဲ့တာကို စဥ္းစားေနတာ"
မာန္က ေမးေစ့ကို ပြတ္ကာ ေတြးဆဆျဖင့္ ျပန္ေျပာသည္။ ေသာ္တာ လင္းသာကို မ်က္ႏွာရိပ္မ်က္ႏွာကဲျဖင့္ အနားလာဖို႔ေခၚသည္။ လင္းသာ အနားေရာက္ေတာ့ ေသာ္တာကပင္ အခုထိအရယ္မရပ္ေသးပဲ တစ္ဟားဟား ေအာ္ရယ္ေနေသာ ၾကယ္စင္ကိုၾကည့္ကာ
"လင္းသာ မင္းေကာင္မေလး ငါတို႔ၾကယ္စင္က အဟုတ္မိန္းကေလးပါေနာ္"
လင္းသာကလည္း ၾကယ္စင္ကုိ ေငးၾကည့္ေနသည္။ ထိုအၾကည့္တြင္ ခ်စ္ရည္ရႊန္းလဲ့ျခင္းနဲ႔ အတူ ျမတ္ႏိုးရိပ္တို႔ ပါ၀င္ေနသည္။
"အင္း ငါလည္း မိန္းကေလးလို့ ထင္တာပဲ... တစ္ခါရယ္ရင္ ၇ ႏွစ္အိမ္ၾကား ၈ အိမ္ၾကား႐ံုမက ေတာကေနၿမိဳ႕အထိ ၾကားႏိုင္တဲ့အသံနဲ႔ ရယ္တာကလြဲၿပီး က်န္တာ မိန္းကေလး ဆန္ပါတယ္"
လင္းသာ စကားဆံုးသည္ႏွင့္ မာန္နဲ႔ေသာ္တာတို႔ အေတြးထဲ ေတြးမိသည့္ စကားက ထပ္တူညီစြာ။
ေသာက္က်ဳိးနည္း.... ခ်စ္တက္လိုက္ပံုမ်ား... ေပးလိုက္တဲ့ ဥပမာႀကီးက ငါသာ ၾကယ္စင္ေနရာမွာဆို နရင္းပဲ ပိတ္အုပ္လိုက္တယ္.....
လင္းသာက စကားဆက္လာျပန္သည္။
"တစ္ခါဆို သူနဲ႔အတူ ဟာသၾကည့္တုန္းကဆို ငါ့နား ကြဲၿပီလားေတာင္ ထင္ရတယ္"
ေသာ္တာနဲ႔ မာန္ မ်က္လံုးခ်င္းဆံုသြားကာ မေနႏိုင္ေတာ့သည့္ ေသာ္တာက လင္းသာကို ေမးေလသည္။
"လင္းသာ မင္းသူ႕ကို ခ်စ္ပါတယ္ေနာ္"
"ေအးေလ ကိုယ့္ခ်စ္သူကို ေျပာလိုက္တဲ့ပံုက ရစရာကို မရိွဘူး"
မာန္ကပါ ေထာက္ခံသလို၀င္ေျပာလာသည္။ ထိုသည္ကို လင္းသာက ၿပံဳးလိုက္ၿပီး
"သူရဲ႕ အဲ့လိုပံုစံေလးကပဲ ငါသူ႕ကို ခ်စ္ေနရတဲ့ အေၾကာင္းအရင္းေလးေပါ့"
"ဟဲ့ နင္တို႔ ငါ့အတင္းတုပ္ေနၾကတာမလား"
၃ ေယာက္သားပူးကပ္ေနသည္ကိုၾကည့္ၿပီး ၾကယ္စင္က သံသယ မ်က္လံုးမ်ားျဖင့္ ေမးလာသည္။
"အင္းဟုတ္တယ္... ကို္ယ့္ baby ေလးက ဘယ္ေလာက္ေတာင္ ခ်စ္ဖို႔ေကာင္းတဲ့ အေၾကာင္း ဒီႏွစ္ေကာင္ကို ေျပာျပေနတာ"
"နင္ကလည္းဟာ"
လင္းသာ ထိုသို႔ေျပာေတာ့ ၾကယ္စင္က ရွက္သြားသည့္ ပံုစံေလးျဖင့္ လင္းသာ ရင္ဘက္ကို လွမ္း႐ိုက္သည္။
"မာန္ေရ ငါ အန္ခ်င္လိုက္တာကြာ"
"ငါေရာပဲ ေသာ္တာရာ...ျမင္ရေတြ႕ရတာ အန္ခ်င္စရာေတြ"
သူမ်ားအတြဲ ro ေနသည္ကို သာသနာဖ်က္ေသာ မာန္နဲ႔ ေသာ္တာပါေပ။
*********************************
#12.2.2024
#🍁Moe Kyal Phyu🍁