စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုး...

By BlackLily_WhiteLily

58.5K 6.2K 215

"မှားယွင်းသော လက်ထပ်ခြင်းမှသည်..... ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၂)" MM Translation (Just for fun) C... More

Description
Intro- 1
Intro- 2
Intro- 3
Chapter 1.1
Chapter 1.2
Chapter 1.3
Chapter 1.4
Chapter 2.1
Just Information
Chapter 2.2
Chapter 2.3
Chapter 2.4
Chapter 2.5
Chapter 3.1
Chapter 3.2
Chapter 3.3
🎆🎆🎆Happy New Year🎆🎆🎆
Chapter 3.4
Chapter 3.5
Chapter 4.1
Chapter 4.2/4.3
Chapter 4.4/4.5
Chapter 4.6
Chapter 4.7
Chapter 5.1
Chapter 5.2
Chapter 5.3
Chapter 5.4
Chapter 5.5
Chapter 6.1
Chapter 6.2
Chapter 6.3
Chapter 6.4
Chapter 6.5
Chapter 7.1
Chapter 7.2
Chapter 7.3
Chapter 7.5
Chapter 8.1
Chapter 8.2
Chapter 8.3
Chapter 8.4
Chapter 9.1
Chapter 9.2/9.3
Chapter 9.4/9.5
Chapter 9.6/9.7
Chapter 9.8/9.9
Chapter 9.10/9.11
Chapter 10.1/10.2
Chapter 10.3/10.4
Chapter 10.5/10.6
Chapter 10.7/10.8
Chapter 10.9/10.10
Chapter 10.11/10.12
Chapter 10.13/10.14
Chapter 10.15/10.16/10.17
Chapter 11(1,2)
Chapter 11 (3,4)
Chapter 11 (5,6)
Chapter 11.7, 12.1
Chapter 12 (2,3)
Chapter 12 (4,5)
Chapter 12 (6,7)
Chapter 12 (8,9)
Chapter 12 (10,11)
Chapter 12 (12,13)
Chapter 13(1,2)
Chapter 13 (3,4)
Chapter 13 (5,6)
Chapter 13 (7,8)
Chapter 13 (9,10,11)
🔊🔊🔊 Telegram PG လေးစပါပြီ
Chapter 14.1/14.2
Chapter 14.3/14.4
Chapter 14.5/14.6
Chapter 14.7/14.8
Chapter 15.1/15.2
Chapter 15.3/15.4
Chapter 15.5/15.6
Chapter 15.7/15.8
Chapter 15.9/15.10
Chapter 15.11/15.12
Chapter 16.1/16.2
Chapter 16.3/16.4
Chapter 16.5/16.6
Chapter 16.7/16.8
Chapter 16.9/16.10
Chapter 16.11/16.12
Chapter 16.13/16.14

Chapter 7.4

592 71 1
By BlackLily_WhiteLily

အခန်း ၇ ညဘက်စီးနင်းတိုက်ခိုက်မှုနှင့် ကာကွယ်မှု (အပိုင်း ၄)

ကုယွင်၏ မျက်လုံးများမှ အလင်းတန်းတစ်ခု လင်းလက်လာပြီး သူမက သက်ပြင်းတစ်ချက်ချလိုက်သည်။

"တော်လိုက်တဲ့ စုရန်!"

အမှန်တော့ အဲဒီလူငါးရာက အနောက်ဘက်ဝန်းက အခန်းတွေကို လုံးဝ စောင့်မနေပါဘူး။ သူက သူမတို့ လှည့်စားဖို့ လှည့်ကင်းတဲ့လူတွေကို စေလွှတ်ထားခဲ့ပြီး တစ်ချိန်တည်းမှာပင် သူတို့ ခြံဝင်းထဲကို မဝင်နိုင်ခင် လူတွေကို ရှာဖွေတွေ့ရှိနိုင်ခဲ့သည်။ သူတို့က ခြံဝင်းကိုပဲ ကာကွယ်နေတာဖြစ်ပြီး တခြားလူတွေ ခြံဝင်းကို ကျော်ဖြတ်ပြီး အတွင်းထဲသို့ မရောက်ခင် သူတို့က ဖမ်းထားနိုင်လိမ့်မည်ပင်။ ဤနည်းဖြင့် ရှေ့ဘက်မျှော်စင်နှင့် အနောက်ဘက်ကို ထူးချွန်သော စစ်သည်ကြီးများက အရှေ့နှင့် အနောက်ကို ကာကွယ်ထားခဲ့သည်။ စခန်းအတွင်းဘက်ကတော့ ကင်းလှည့်မည့်သူမရှိသော်လည်း အလုံခြုံဆုံးနှင့် တခြားသူများ လက်လှမ်းမမှီသောနေရာ ဖြစ်လာခဲ့သည်။

သူမက ‌မြေပုံကို သူမ၏သွယ်လျသောလက်ချောင်းများဖြင့် ညင်သာစွာ ပွတ်သပ်နေရင်း စုရန်၏ စရိုက်လက္ခဏာကို တွေးနေမိသည်။ ထိုလူ၏အမျော်အမြင်အရ သစ်သားသေတ္တာက ပင်မစခန်း၌ မည်သည့်အခါမျှ ရှိမည် မဟုတ်ပေ၊ ဆိုလိုသည်မှာ.... နောက်ဆုံးတွင် သူမ၏လက်ညိုးက တစ်နေရာတွင် ရပ်တန့်သွားခဲ့သည်။ ကုယွင်၏ ကြောင်ကလေးလို လိမ္မာပါးနပ်သော မျက်လုံးများက ညအမှောင်အောက်တွင် တောက်ပနေပြီး လမ်ရှောင်းနှင့် ကောကျင့်ယွင်ဆီသို့ ပြန်လှည့်လာသည်။ ကုယွင်က ပြုံးနေရင်း "မင်းတို့နှစ်ယောက် ဒီကိုလာ၊ ခနနေရင် တပ်ဖွဲ့တွေကို အုပ်စုနှစ်စုခွဲမယ်။ လမ်ရှောင်း.... မင်းက ... ..."

ညက ပိုပြီး မှောင်လာနေကာ လုံးဝတိတ်ဆိတ်သောညတစ်ခု ဖြစ်နေသင့်သော်လည်း ပူပြင်းသောအနီရောင်မီးတိုင်များ၊ တိုက်ခိုက်မှု လှိုင်းလုံးများနှင့် အော်ဟစ်သံများက ယခင်အချိန်များထက် ပိုမိုပြင်းထန်လာတာကြောင့် ပိုပြီး ဆူညံနေပုံရသည်။

စုယွိက သူ့၏ဖွဲ့စည်းပုံစံကို ပြောင်းလဲလိုက်သောကြောင့် ရှေ့တန်းမှ စစ်သည်များက မျှော်စင်အောက်ခြေသို့ ရောက်နေပြီဖြစ်သည်။ မြို့စောင့်စခန်းကို သိမ်းပိုက်နိုင်ရန် နည်းလမ်းနှစ်သွယ်သာရှိပြီး တစ်ခုမှာ မြို့တံခါးကို ဖောက်ဝင်ရန်ဖြစ်ကာ နောက်တစ်ခုမှာ မြင့်မားသောတံတိုင်းကို တွယ်တက်ကာ အထက်မှ ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်သည်။ မြို့တံတိုင်းက သုံးကျန်း(ပေ၃၀ခန့်)ကျော်မြင့်ပြီး ကြိုးလှေကားဖြင့်တက်လျှင်တောင် အချိန်အများကြီးယူရလိမ့်မည်ပင်။ မြို့ရိုးကို ကာကွယ်ရန် မြှားများကို အဆင်သင့်ပြင်ထားသော မျှော်စင်ပေါ်မှ ရာနှင့် ချီသော အစောင့်များကို ထည့်မတွက်ရင်တောင် အတားအဆီးတွေ အများကြီး ရှိနေသေးသည်။

(T/N: ၁ကျန်း= ၃မီတာကျော်= ၁၀ ပေကျော်၊ အတိုင်းအတာတွေကလေ ပေနဲ့သုံးလိုက် ကျန်းနဲ့ သုံးလိုက် မီတာနဲ့ သုံးလိုက် ဖြစ်နေတယ်၊ အဲ့တာကြောင့် သတိထားမိတဲ့နေရာလေးတွေ ပြင်ထားပေမယ့် ကျော်သွားရင်လည်း ဆောရီးပါဗျာ)

ထို့ကြောင့် စုယွိက မြို့တံခါးကို ထိုးဖောက်ရန် ရွေးချယ်ခဲ့သည်။ အရှေ့ဘက်မှ စစ်သည်ဒါဇင်ပေါင်းများစွာက လူနှစ်ယောက်ဖက်စာလောက်ရှိသော သစ်ပင် ပင်စည်ကြီးတစ်ခုကို ပင့်မြှောက်ထားကြပြီး စည်းချက်အတိုင်း ကြွေးကြော်နေကာ မြို့တံခါးကို အထပ်ထပ်အခါခါ တွန်းတိုက်နေကြသည်။ ကြီးမားသော ကြေးဝါမြို့တံခါးပေါက်မှ ထွက်လာသော အုံ့စိုင်းစိုင်းအသံက လူအများ၏နှလုံးများကိုပင် တုန်လှုပ်စေခဲ့သည်။

စခန်းမြို့ရိုး၏မြင့်သော မျှော်စင်က စခန်းအဆောက်အအုံများအပြင် စခန်းအပြင်ဘက်နှင့် အနောက်ဘက်တို့ကိုပါ ရှင်းရှင်းလင်းလင်းမြင်ရပြီး စခန်းအတွင်းအခြေအနေကိုလည်း ထိုနေရာမှ ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။ စုရန်က မြင့်မားသောမျှော်စင်ပေါ်တွင် ရပ်နေပြီး မြို့တံခါးကို သစ်ပင် ပင်စည်ဖြင့်တွန်းနေသော အောက်ခြေတပ်သားများကို ကြည့်နေကာ ဒေါသထွက်နေရမည့်အစား စုရန်မျက်နှာပေါ်တွင် တည်ငြိမ်သော အပြုံးတစ်ခု ရှိနေလေသည်။ တပ်သားသစ်များ၏ အရည်အချင်းက ကောင်းမွန်နေပြီး စုမိသားစုစစ်တပ်က ပိုမိုအားကောင်းသော စစ်သည်များကို ကြိုဆိုရမည်ဖြစ်သောကြောင့် သူ ပျော်ရွှင်နေတာက သဘာဝကျနေသည်။ တစ်ဖက်က ဟန်ရှုကလည်း သဘောကျစွာ ပြုံးနေပြီး "ဖွဲ့စည်းပုံကို လေ့ကျင့်ထားတာက တော်တော်ကောင်းတယ်!"

လတစ်ဝက်လောက် လေ့ကျင့်ပြီးတဲ့နောက်မှာ သူတို့က ပုံစံနှစ်ခုအထိ ပြောင်းလဲနိုင်ခဲ့ကြပြီး မရှုပ်မထွေးနေသလို တွန့်ဆုတ်နေခြင်းလည်း မရှိကြပေ။ သူကိုယ်တိုင်တောင်မှ ပထမတုံးအကြိမ် စစ်မြေပြင်ကို သွားရတုန်းက ထိတ်လန့်ခဲ့ဖူးတယ်။

"မင်း သူတို့ကို အရူးလုပ်ဖို့အတွက် မြှားအခင်းအကျင်းကို သုံးနေသေးရင် မင်းရဲ့မြို့တံခါးက အချိန်တိုအတွင်း ပွင့်သွားလိမ့်မယ်" ဟန်ရှုက ပြုံးပြုံးရွှင်ရွှင်နဲ့ ပြောလိုက်သည်။

စုရန်က ဒီမွေးကင်းစ နွားကလေးတွေ အပြင်မှာ ရပ်တန့်နေဖို့ မြှားတွေကို အားကိုးချင်နေခြင်းက မဖြစ်နိုင်တာ သေချာနေသည်။ သူတို့ ခေါင်းပေါ်မှာ ဒိုင်းတွေ ရှိနေတာကြောင့် မြှားတွေက မိုးရွာသလို ကျနေပေမယ့် သူ့တို့အသွင်အပြင်က မငြိမ်မသက်နဲ့ မပြိုပျက်သေးသရွေ့ ဘာမှ လုပ်လို့ မရပါဘူး။ .

"တစ်ယောက်ယောက် ဒီကိုလာဦး" စုရန်က တိုးညှင်းသော အသံဖြင့် ခေါ်လိုက်သည်။

"ဟုတ်ကဲ့" ဒုတိယစစ်သူကြီးတစ်ယောက်က ရှေ့ကို မြန်မြန် လျှောက်လာသည်။

"ကျောက်တုံးနဲ့ ပြောင်းလိုက်တော့" စုရန်က ခဏလောက် တုံ့ဆိုင်းသွားပြီးနောက် "သေးတာတွေကို ရွေးလိုက်" ဟု ထပ်မံ အမိန့်ပေးလိုက်သည်။

"ဟုတ်ကဲ့"

စုရန်၏မှာကြားချက်ကို ကြားပြီးနောက် ဟန်ရှုက ရယ်မောနေရင်း စုရန်ပခုံးကို ခပ်တင်းတင်းပုတ်လိုက်ကာ ပြုံးနေလျက် "မင်းက အရည်အချင်းရှိတဲ့လူတွေကို တကယ် ချစ်တာပဲ၊ စစ်တပ်နှစ်ခု ထိပ်တိုက်တွေ့နေတဲ့အခါမှာတောင် မင်းက အရမ်းစဉ်းစားပေးနိုင်သေးတယ်!"

စုရန်က ဘာမှ ပြန်မပြောပေမယ့် ပေါ့ပေါ့ပါးပါး ပြုံးနေပြီး သူရဲ့ အနက်ရောင်မျက်လုံးများက ကုယွင်ရဲ့ပုံရိပ်ကို တိတ်တဆိတ် ရှာဖွေနေခဲ့သည်။ သူမက စခန်းထဲကို ဝင်ဖို့ လူတွေကို လွှတ်လိုက်ရုံပဲလား?? သူမက ဘာမှ မလုပ်တော့ဘူးလား?? အရုဏ်တက်ဖို့ ရှီးချန်တစ်ဝက်လောက်ပဲ လိုတော့တာလေ... သူမ ဘာတွေတွေးနေတာလဲ???

အစောင့်များက တိုက်ခိုက်ပုံ ပြောင်းလဲလိုက်ပြီး မြင့်မားသောအရပ်မှ ကျောက်တုံးကြီးများကို ပစ်ချလိုက်ရာ အင်အားကို စိတ်ကူးကြည့်နိုင်သည်။ တားဆီးရန် ဒိုင်များရှိနေသော်လည်း ကျရောက်လာသည့် ပြင်းအားက အံ့သြစရာကောင်းလောက်အောင် ကြီးမားနေဆဲဖြစ်သည်။ မူလက သပ်ရပ်သောဖွဲ့စည်းပုံက ချက်ချင်း ရပ်တန့်သွားကာ အခြေအနေ ပိုမိုဆိုးရွားသွားခဲ့သည်။ ထိုအချိန်တွင် မြို့ရိုးနံရံနှစ်ဖက်စလုံးကို မီးမြှားများ ထိမှန်လာပြီး အချိန်ကြာလာသည်နှင့်အမျှ မီးများ မျှော်စင်ဆီပေါ်သို့ ပျံတက်လာသောကြောင့် အစောင့်တပ်သားများက မီးငြှိမ်းသတ်ရန် လူအချို့ကို စေလွှတ်လိုက်ရပြီး အချို့ကသာ ပြန်လည်တိုက်ခိုက်ရန် စွမ်းဆောင်နိုင်တော့သည်။ နောက်ဆုံးတွင် အောက်ခြေမှ ထိုးဖောက်နေသော တပ်သားများအတွက် အသက်ရှူရန် အခွင့်အလမ်းများရရှိခဲ့သည်။

ရုတ်​တရက်​ လမ်းကြောင်းများစွာမှ မီးမြှားများက မြို့ရိုးဆီသို့ ရောက်ရှိလာတာကြောင့် ဟန်ရှု၏မျက်​လုံးများက ​တောက်​ပလာပြီး သူက ပြုံးနေကာ "သခင်မ ​​ရောက်လာ​ပြီ"

စုရန်ကလည်း သူ့ရဲ့ စွမ်းအင်တွေ ချက်ချင်း ပြန်ရလာသလို ခံစားလိုက်ရသည်။ နောက်ဆုံးမှာ သူမ ပေါ်လာခဲ့ပြီ။ ရုတ်တရက် သူ့ပခုံးပေါ်ကို အလေးချိန်တစ်ခု ကျရောက်လာပြီး ဟန်ရှုရဲ့ အံ့အားသင့်နေသော အသံက သူ့နားထဲသို့ ဝင်ရောက်လာသည် "မင်းရဲ့နောက်ကို ကြည့်လိုက်ဦး!"

စုရန်က နောက်ကို ပြန်လှည့်ကြည့်လိုက်ရာ ရာနှင့်ချီသော အနက်ရောင်၀တ်စုံဝတ်စစ်သည်များက အနောက်ဘက်ထဲကို ခိုးဝင်လာနေသည်ကို တွေ့လိုက်ရသည်။ သူတို့က တံတိုင်းကို ဒီရေတက်သလိုမျိုး တွယ်တက်လာပြီး သူတို့လက်ထဲမှာ ဒိုင်းတွေကိုတောင် ကိုင်ထားကြသေးတယ်။ ပြီးတော့ ဒိုင်းကြီးတွေက လူတစ်ရပ်လောာက်တောင် မြင့်တယ်၊ သူတို့က ဘာတွေ လုပ်ချင်နေတာလဲ??!

စုရန်နှင့် ဟန်ရှုတို့က ထိုအခြေအနေကို သံသယများဖြင့် ကြည့်နေကြပြီး စုယွိကလည်း လျှို့ဝှက်စွာ တွေးတောနေခဲ့သည်။ အခုအချိန်မှာ ချင်းမော့က ဘာလို့ သူ့ကို ကူညီပေးဖို့ တပ်တွေ စေလွှတ်ပေးလိုက်တာလဲ??? သူမ တိုက်ခိုက်မယ်ဆိုရင်တောင် သူ ရှုံးနိမ့်သွားတဲ့အထိ စောင့်နေသင့်တာ မဟုတ်ဘူးလား?? သူက စိတ်ရှုပ်နေပေမယ့် သူ့ဆီကို လျှောက်လာနေသော အမှောင်ရိပ်တစ်ခုကိုတော့ သူ ခံစားနိုင်သေးသည်။ သူ ဘေးကို လှမ်းကြည့်လိုက်တော့ ကုယွင်ကို မြင်လိုက်ရပြီး သူမမျက်နှာပေါ်တွင် အပြုံးတစ်ခုရှိနေကာ သူ့ဘေးမှာ ရပ်လိုက်သည်။

စုယွိက "မင်းက မင်းရဲ့စစ်သည်တွေကို အမိန့်မပေးဘဲ ဘာလို့ ငါ့နားကို ရောက်နေတာလဲ"

ကုယွင်က ပခုံးတွန့်လိုက်ပြီး "ငါ သူတို့ကို ကောင်းကောင်း လေ့ကျင့်ပေးထားပြီးသား၊ အခုအချိန်က သူတို့အပေါ်မှာဘဲ မူတည်တော့တယ်။ ဒီပြိုင်ဆိုင်မှုက သူတို့ရဲ့အင်အားနဲ့ စွမ်းဆောင်ရည်ကိုပဲ လိုအပ်တယ်၊ ငါ့မှာ ဘာမှ လုပ်စရာမရှိဘူး၊ ဒီမှာရပ်ပြီး တိုက်ပွဲကို ကြည့်မယ်လေ၊ ဒီမှာ အနေအထားက အကောင်းဆုံးမြင်နိုင်တယ်"

သူမမှာ အကြောင်းပြချက်တွေ အများကြီး ရှိနေပြီး ဘယ်သူမှ သူမကို ပြိုင်မငြင်းနိုင်ပါဘူး။ လက်ရှိမှာ သူ့ရှေ့က မျှော်စင်ကို ကြည့်လိုက်တော့ ခံတပ်စခန်းကို ကာကွယ်နေတဲ့ စစ်သည်တွေက ဝင်လာတဲ့ မီးမြှားတွေကို ရှောင်တိမ်းပြီး ပြန်တိုက်ခိုက်ဖို့နဲ့ အောက်က တိုက်ခိုက်နေတဲ့ စစ်သားတွေကို တားဆီးဖို့ တပ်နိုင်သလောက် ကြိုးစားနေကြပြီး နောက်ဆုံးတော့ အစောင့်တပ်က နည်းနည်း ရှုပ်ထွေးနေခဲ့သည်။

စုယွိက ရယ်မောလိုက်ပြီး "ဒီည မင်း တိုက်ခိုက်မှာ မဟုတ်ဘူးလို့ ငါ ထင်ခဲ့တာ၊ မင်းက အာ့ကောရဲ့ အင်အား အမှန်ကို စူးစမ်းဖို့ ငါ့ကို အသုံးချပြီး မနက်ဖြန်ညမှ တိုက်ခိုက်မယ်လို့ ငါ ထင်ခဲ့တာ။ မင်းရဲ့ သည်းခံနိုင်စွမ်းကို ဒီလောက်မြန်မြန် ဆုံးရှုံးသွားမယ်လို့ ငါ မမျှော်လင့်ထားဘူး"

ကုယွင်က သူမမျက်ခုံးကို အနည်းငယ်ပင့်ကာ ပြုံးလိုက်ပြီး "အိုး ဒါဆို နင်က ဒီနေ့ သူရဲ့အင်အားကို စမ်းသပ်ပြီး မနက်ဖြန်ညမှ ခိုးဝင်တိုက်ခိုက်ဖို့ ပြင်ဆင်နေတာပေါ့၊ နင်ရဲ့ မြေခွေးလို အာ့ကောက မနက်ဖြန်မှာလည်း တူညီတဲ့ပုံစံနဲ့ တုံ့ပြန်မယ်လို့ နင် ထင်နေတာလား?"

စုယွိက မျက်မှောင်ကြုတ်သွားပြီး အနည်းငယ် နှုတ်ဆိတ်နေခဲ့သည်။ သူ၏ဒုတိယအစ်ကိုက တူညီသော တပ်ဖြန့်မှုကိုသုံးမည် မဟုတ်ကြောင်း သဘာဝကျကျ သိနေသော်လည်း ဒီလိုညတိုက်ခိုက်မှုအတွက်တော့ သူ့ပုံစံကို ညတိုင်း မပြောင်းလဲနိုင်လောက်ဘူးဟု သူ တွေးခဲ့သည်။

ကုယွင်ကတော့ အဲ့လိုမတွေးပါဘူး။ သူမက "ဒီညက စုရန်နဲ့ သူ့တပ်တွေ စိတ်ပေါ့ပါးနေပြီး အပေါ့လျော့ဆုံး အခိုက်အတန့်ဖြစ်နေတာကြောင့် အနိုင်ရဖို့ အလွယ်ဆုံးအချိန်ဘဲ။ ဒီည မနိုင်ရင်လည်း မနက်ဖြန်ညနဲ့ သဘက်ခါပေါ့။ ငါတို့ ပေါင်းလိုက်ရင်တောင် ငါတို့က နင့်ရဲ့ အာ့ကောကို မနိုင်ဘူးဆိုတာ မဖြစ်နိုင်ဘူး"

စုမိသားစုစစ်တပ်က အမြဲတမ်း သတ္တိရှိပြီး အစွမ်းထက်တဲ့အတွက် ရန်သူကို လျှော့တွက်ကြမှာက မလွဲမသွေပါပဲ။ ဒီညက အကောင်းဆုံး အခွင့်အရေးပဲ!

အချိန်အတော်ကြာပြီးနောက် စုယွိက ဖြည်းညှင်းစွာ ခေါင်းညိတ်ပြသော်လည်း၊ သူက ခေါင်းယမ်းနေပြန်ကာ သက်ပြင်းချလိုက်ပြီး "နောက်ထပ်ရှီးချန်တဝက်လောက်နေရင် မိုးလင်းတော့မယ်။ ဒီည အောင်ပွဲခံဖို့ ခက်ခဲလိမ့်မယ်"

စခန်းကိုကာကွယ်နေတဲ့ အစောင့်တွေက ရာနဲ့ချီတဲ့ တိုက်ပွဲတွေကို ကြုံတွေ့ခဲ့ကြပြီး သူတို့က သာမာန်လွန်းတာကြောင့် သူတို့၏ဖရိုဖရဲဖြစ်မှုက ခဏတာမျှသာဖြစ်နိုင်သည်။ ဒုတိယအစ်ကိုက အင်အားထပ်ဖြည့်ပြီး သူတို့ကို နိုးဆော်ပေးလိုက်ရင် အနိုင်ယူဖို့ ခက်ခဲတော့မည် ဖြစ်သည်။

ကုယွင်၏နှုတ်ခမ်းလေးက အနည်းငယ် ကြွတက်လာကာ "ဟမ့်.. အဲ့ဒါမျိုးက ဖြစ်လာမှာ မဟုတ်ပါဘူး!"

စုယွိက ထိတ်လန့်သွားသည်။

ဘယ်အရာက သူမကို ဒီလောက် ယုံကြည်မှု ရှိနေစေတာလဲ???

ကုယွင် အသံတိတ်သွားသည်နှင့် တပြိုင်နက် အသံဗလံများ ထပ်ကြားလာရပြီး ငွေရောင်အလင်းတန်းတစ်ခုက အမှောင်ထဲမှ ခုန်ထွက်လာကာ မြို့ရိုးဆီသို့ ထိုးဖောက်ဝင်ရောက်သွားသည်။ အနီးကပ်ကြည့်လိုက်လျှင် ၎င်းမှာ လှံအစစ်ဖြစ်ကြောင်း တွေ့လိုက်သော်လည်း လှံ၏အမြီးက လျင်မြန်စွာ တုန်လှုပ်နေဆဲဖြစ်ကာ ၎င်း၏ ပြင်းထန်သော စွမ်းအားကို ပြသနေသည်။

စုယွိက ငွေရောင်အလင်းတန်း လင်းလက်လာသည့်နေရာကို လျင်မြန်စွာ ကြည့်လိုက်ရာ မြေပြင်ပေါ်တွင် ကြီးမားသောလေးတံကြီးတစ်ခုကို တွေ့လိုက်ရသည်။ စစ်သည်တစ်ဒါဇင်က သူတို့၏ လက်ကောက်ဝတ်ခန့်ထူသော လေးကြိုးကို ဆွဲရန် ရုန်းကန်နေကြပြီး ၎င်းတို့၏ "မြှား" က ငွေရောင်လှံရှည်တစ်ချောင်းဖြစ်နေသည်။

သူတို့ ဘာလုပ်ကြမှာလဲ??

စုယွိက အံ့ဩနေတုန်းမှာ ဒုတိယလှံက ထွက်သွားပြီဖြစ်ကာ ပထမလှံတံ၏အပေါ်ဘက် ညာဘက်ခြမ်းကို ပြင်းပြင်းထန်ထန် ထိုးစိုက်မိသွားသည်။

အားလုံးက အံ့သြနေကြချိန်မှာပဲ မြို့ရိုးပေါ်မှာ ငွေလှံလေးငါးချောင်းလောက် စိုက်ထားပြီး ဖြစ်သွားကာ စုယွိ မျက်နှာပေါ်တွင် ပြတ်သားသော အကြည့်တစ်ခု ရှိနေပြီး သူက ကုယွင်ကို လှည့်ကြည့်လာပြီး "မင်း ဖြစ်မလာဘူးလို့ ပြောနေတာက ဒီလှံတံ နည်းနည်းကို အားကိုးနေတာတော့ မဟုတ်ဘူးမလား??"

ကုယွင်က ခေါင်းညိတ်ပြီး ပြတ်ပြတ်သားသား ပြန်ပြောလိုက်သည်။ "ကံမကောင်းတာက... အဲ့တာ အမှန်ပဲ"

သူမ ဘာတွေ ကစားနေတာလဲ??

အဲ့ဒါက စုယွိကို အံသြစေရုံသာမက စုရန်ကိုလည်း အံ့အားသင့်သွားစေခဲ့သည်။ အနောက်ဘက်မှ ဒိုင်းများကိုင်ထားတဲ့ စစ်သည်တွေက သူ့ကို အံသြသွားအောင် လုပ်နေခြင်း ဖြစ်သည်။ သူမ ဒီအစီအစဉ်တွေ ပြုလုပ်နေတာက ရည်ရွယ်ချက်ရှိမှာ ဖြစ်ပေမယ့် သူမရဲ့ရည်ရွယ်ချက်က ဘာလဲဆိုတာ သူ မသိနိုင်တော့ပါဘူး?

နောက်ဆုံးတွင် သတ္တမမြောက် ငွေရောင်လှံကို ပစ်ခတ်ပြီးနောက် နှစ်ဖက်စလုံး၏ မြှားပျံတိုက်ခိုက်မှုက ယခင်ကထက် ပိုမိုပြင်းထန်လာခဲ့သည်။ အားလုံးအံ့သြထိတ်လန့်ပြီး ဖရိုဖရဲဖြစ်နေတဲ့အချိန်ကို အခွင့်ကောင်းယူပြီး အနက်ရောင်ဝတ် လူခုနစ်ဆယ် သို့မဟုတ် ရှစ်ဆယ်က မြို့ရိုးအောက်တွင် ထူးထူးခြားခြား ပေါ်ထွက်လာခဲ့သည်။

သူတို့က မြို့ရိုးအနီးကို တိုးကပ်သွားတာကြောင့် ကုယွင်နှင့် စုယွိတို့က ၎င်းတို့၏ လှုပ်ရှားမှုတိုင်းကို ရှင်းရှင်းလင်းလင်း မြင်နေနိုင်သည်။

သူတို့က ငွေရောင်လှံများအောက်သို့ ရွှေ့လျားသွားချိန်တွင် စုယွိက ကုယွင်၏ ရည်ရွယ်ချက်ကို နားလည်သွားသော်လည်း သူက လုံးဝ သဘောမတူနိုင်ပေ။ စုယွိက ကုယွင်ကို "မင်းရဲ့တပ်သားသစ်အဖွဲ့ထဲမှာ သိုင်းပညာ အရမ်းမြင့်မားတဲ့ လူအနည်းငယ်ရှိနေရင်တောင်မှ အဲ့သုံး၊ လေး၊ ငါးယောက်လောက်နဲ့ တိုက်ခိုက်ဖို့က ဘာများ အသုံးဝင်နိုင်မှာလဲ၊ သေဖို့တက်သွားတာပဲ မဟုတ်ဘူးလား"

ငွေရောင်လှံများ ရှိနေသော အကွာအဝေးက အတွင်းအားအသုံးပြုနိုင်သော သူများအတွက် လွယ်ကူနိုင်သည်။ ဒါပေမယ့် သာမာန်လူတွေအတွက်ကတော့ သူတို့ရဲ့ ခန္ဓာကိုယ်က ဘယ်လောက်ပဲ သန်မာနေပါစေ သူတို့ မလုပ်နိုင်ပါဘူး။

ကုယွင်က မတုန်မလှုပ်ဖြစ်နေပြီး သူမ၏စိတ်ဝိညာဉ်ပြည့်နေသောမျက်လုံးများက အနည်းငယ် မှေးကျဉ်းနေကာ မျှော်စင်ပေါ်ရှိ မှုန်ဝါးသော အရိပ်နှစ်ခုကို စိုက်ကြည့်နေသည်။ စုရန်က ဒီတိုက်ပွဲအခြေအနေကို အာရုံစိုက်နေမယ်လို့ သူမ ယုံကြည်နေသည်။ စုယွိက သူ့ရှေ့မှ တိုက်ခိုက်မှုကို မြင်ရလောက်အောင် ကံကောင်းနေပေမယ့် အနောက်ဘက်မှာ ဖြစ်ပျက်နေတာတွေကို မြင်ဖို့ အခွင့်အရေး မရှိခဲ့ပါဘူး။ စုရန်ကတော့ တစ်ယောက်ယောက်ကို ပြန်တိုက်ခိုက်နိုင်ဖို့ မျက်စိကောင်းတွေ ရှိနေသင့်တယ်။ ကုယွင်က သူမပါးကို သူမလက်ညိုးဖြင့် အသာအယာ ပွတ်သပ်နေရင်း အပြုံးတစ်ဝက်ဖြင့် ပြန်ပြောလိုက်သည်။ "စိတ်ရှည်စမ်းပါ၊ အရမ်းစိတ်လှုပ်ရှားမနေပါနဲ့၊ ပွဲက အခုမှ စမှာ၊ တကယ်တော့ အခု နင့်ရဲ့အာ့ကောကို ငါ အနိုင်ယူလိုက်တာကို နင့်ကို မြင်စေချင်နေတာ"

စုယွိ၏ မျက်နှာက ရုတ်တရက် မည်းမှောင်သွားပြီး "မင်း...မင်းက တော်တော် မောက်မာတဲ့ မိန်းမပဲ!"

ကုယွင်က ရှေ့ကို လက်ညှိုးထိုးပြလိုက်ပြီး ပြုံးပြုံးလေးနဲ့ "ငါတို့ ‌စောင့်ကြည့်မယ်လေ"

စုယွိက သူမညွှန်ပြတဲ့ လမ်းကြောင်းကို ကြည့်လိုက်ပေမယ့် သူ့ရှေ့က မြင်ကွင်းက သူ့လည်ချောင်းထဲမှာ တစ်ခုခုကပ်နေသလို ဖြစ်သွားစေခဲ့သည်။ "သူတို့ —"

ထိုအခိုက်အတန့်မှာတော့ မြို့ရိုးအောက်မှာ ရပ်နေတဲ့ စစ်သည်တွေက မဖြစ်နိုင်တဲ့ အရှိန်နဲ့ မြို့ရိုးကို တွယ်တက်နေကြသည်။ အနက်ရောင်၀တ်စုံကို ၀တ်ဆင်ထားကာ လူတစ်စုက မြို့ရိုးပေါ်သို့ ခုန်တက်နေကြကာ တောက်တဲ့များကဲ့သို့ မြို့ရိုးကို ဖက်တွယ်နေကြသည်။ ထူးဆန်းနေတာက သူတို့က အတွင်းအားကို အသုံးပြုနေသည့် အမူအရာနှင့် မတူဘဲ အမှန်တကယ် တောင်တက်နေသလို ဖြစ်နေတာကြောင့် ပို၍ပင် အံ့သြစရာ ဖြစ်နေခဲ့သည်။

ထို့အပြင် ဤလုပ်ရပ်များကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်သူက တစ်ဦး သို့မဟုတ် နှစ်ဦးမျှသာ ရှိမည်ဟု မျှော်လင့်ခဲ့သော်လည်း မြို့ရိုးအောက်မှ လူခုနစ်ဆယ် သို့မဟုတ် ရှစ်ဆယ်ခန့်က အမွေးတိုင်တစ်ဝက်စာမကုန်မှီ တယောက်ပြီး တယောက် တက်သွားကြသည်။

ထိုကဲ့သို့ ချဲ့ကားသော လှုပ်ရှားသွားလာမှုနှင့် အထူးကျွမ်းကျင်မှုတို့က စုယွိ၏အနောက်ဘက်မှ စစ်သည်များကို အင့်အားသင့်စေရုံသာမက မြို့တံခါးကို တွန်းရန် ကြိုးစားနေကြသော စစ်သည်များကိုပင် အံ့အားသင့်စေခဲ့သည်။

"သူတို့က ဘာလုပ်ကြမှာလဲ" ဟန်ရှုက အနောက်ဘက်ကို အကြာကြီး စိုက်ကြည့်သော်လည်း သူ နားမလည်သေးပေ။

လူအုပ်စုက ဒိုင်းကြီးများကို ကိုင်ဆောင်ထားပေမယ့် လမ်းတွင် စခန်းအစောင့်များနှင့် တွေ့သောအခါ ခုခံခြင်းမပြုဘဲ သူတို့အားလုံးကို ကာကွယ်ရန် ဒိုင်းအထူများကို ကိုင်ဆောင်ကာ ခန်းမဆောင်များထဲသို့ ပြေးဝင်သွားခဲ့သည်။ သူတို့က ခုခံသော်လည်း မတိုက်ခိုက်ခဲ့ပေ။

နောက်ဆုံးတွင် အစောင့်အကြပ်များဆုံးနေရာဖြစ်သည့် အနောက်ဘက်နှင့် ပင်မအဆောင်ကြားသို့ ရောက်ရှိလာကြသည်။ နောက်ဆုံးတွင် သူတို့က အဖွဲ့တစ်ဖွဲ့ကနေ နှစ်ပိုင်းခွဲသွားပြီး လေးခုထပ်ခွဲကြပြန်သည်။ အစောင့်တွေရောက်လာပြီး တိုက်ခိုက်သည်နှင့် ချက်ချင်းပြန်ဆုံကြပြီး ဒိုင်းများကို အသုံးပြုကြပြန်သည်။ သူတို့က အတွင်းထဲမှာ ပိတ်မိနေပြီး ကာကွယ်ပေးခံထားရကာ ထိုအရာက ဒိုင်းလွှားတွေကြားထဲမှာ အစောင့်အကြပ်များစွာကို ထိန်းချုပ်ထားနိုင်သော ထူးဆန်းတဲ့ ခွဲထွက်မှုနဲ့ ပေါင်းစပ်မှုပါပဲ။

စုရန်နဲ့ဟန်ရှုတို့က ပိုပိုကြည့်လေ ပိုထူးဆန်းလေ ဖြစ်နေကြသည်။ ဘာလို့ အနောက်ဘက်က အစောင့်တွေကို ခေတ္တ ချုပ်နှောင်ချင်နေတာလဲ?? ဘာကြောင့်လဲ???

မြို့မျှော်စင်ပေါ်မှ လက်နက်များ ထိပ်တိုက်ထိတွေ့နေသော အသံများက စုရန်နှင့် ဟန်ရှု၏ အာရုံများကို ပြန်ခေါ်လိုက်သည်။ သူတို့ အနောက်ဘက်ကို ခဏလောက် ကြည့်နေတဲ့အချိန်မှာ မြို့ရိုးက ဘာလို့ ကျူးကျော်ခံလိုက်ရတာတုန်း??

စုရန်၏အမူအရာက နောက်ဆုံးတွင် ပြောင်းလဲသွားကာ သူ့အနားရှိ လက်ထောက်တစ်ဦးအား "ဘာတွေ ဖြစ်နေတာလဲ?"

စုရန်၏ရှားရှားပါးပါး အမူအရာ ပြောင်းလဲမှုကြောင့် လက်ထောက်စစ်သူကြီးက ထိတ်လန့်နေပြီး ချက်ချင်း ပြန်ဖြေလိုက်သည်။ " အနက်ရောင်စစ်သည်တွေက မြို့ရိုးနံရံကို လှံတံနဲ့ ပစ်စိုက်ပြီး အဲ့ကနေ အပေါ်တက်လာကြတယ်။ လူက တစ်ရာနီးပါးရှိပြီး အမွေးတိုင်တစ်တိုင်စာ မကုန်ခင်မှာ ရောက်လာတာဆိုတော့ ကျွန်တော်တို့ တုံ့ပြန်ဖို့ အချိန်တောင် မမှီလိုက်ဘူး "

သူ သေသေချာချာ ကြည့်လိုက်တော့ မြို့ရိုးနံရံပေါ်မှာ ရှုပ်ပွနေတဲ့ လှံတံအနည်းငယ် ရှိနေခဲ့သည်။ အဲအတွက် အံ့သြရမလား ဒေါသဖြစ်ရမလားတောင် သူ မသိတော့ပါဘူး။ စုရန်က တောင့်မခံနိုင်တော့ဘဲ သက်ပြင်း ချလိုက်ကာ "သူတို့က ကျပန်းပစ်သွင်းထားတဲ့ လှံ အနည်းငယ်ကို အားကိုးပြီး မြို့ရိုးကို အမြန်တိုက်ခိုက်ဖို့ ပံ့ပိုးပေးနိုင်တယ်ပေါ့။ ဒီတပ်သားသစ်တွေရဲ့ အရည်အသွေးက တကယ်ကောင်းတာပဲ"

ဟန်ရှုက ခေါင်းယမ်းကာ ပြန်ပြောလိုက်သည်။ "တပ်သားသစ်တွေရဲ့ အရည်အသွေးက သေချာပေါက် ကောင်းတာပေါ့၊ ဒါပေမယ့် သူတို့ကို လေ့ကျင့်ပေးတဲ့သူက ပို ချီးကျူးထိုက်တယ်၊ သူတို့တွေ ကျောက်နံရံကို စတက်တုန်းက အရှက်တကွဲဖြစ်နေကြပြီး ရုန်းရင်းဆန်ခတ်တွေဖြစ်ခဲ့တာ ဆယ်ရက်ပဲရှိသေးတယ်၊ အဲ့တုန်းက သူတို့ရဲ့ ကြောက်လန့်မှုတွေနဲ့ ဒုက္ခတွေကို ငါ ကိုယ်တိုင် မြင်ခဲ့တာ၊ ခုတော့ သူတို့က ဆယ်ရက်အတွင်း ဒီလိုအောင်မြင်မှုတွေကို စွမ်းဆောင်နိုင်နေပြီ၊ သခင်မက တကယ်ကို အရည်အချင်းရှိတဲ့သူတစ်ယောက်ပဲ!"

မြို့ပြမျှော်စင်က ခုခံရန် လွယ်ကူသော်လည်း တိုက်ခိုက်ရန် ခက်ခဲသော နေရာတစ်ခုဖြစ်သည်။ စုရန်က ၎င်းကို စောင့်ကြပ်ရန် ထိပ်တန်းစစ်သည် ၃၀၀ စေလွှတ်ထားပြီး လုံလောက်သည်ဟု သူ တွေးထားသော်လည်း လူရာနှင့်ချီ၍ တစ်ကြိမ်တည်း တိုက်ခိုက်လာလိမ့်မည်ဟုတော့ သူ မမျှော်လင့်ထားပေ။ မြို့တံခါးအောက်မှ လူတစ်စုက မြို့ရိုးကို မြှားတွေနဲ့ ပစ်နေပြီး အပေါ်ကနေလည်း တိုက်ခိုက်နေတာကြောင့် မျှော်စင်က ခဏတာအတွင်း ပရမ်းပတာ ဖြစ်သွားခဲ့သည်။

စစ်ကူမရှိရင် မြို့တံခါးကို ခုခံလို့ မရနိုင်တော့ပါဘူး။

စုရန်နှင့် ဟန်ရှုက တစ်ချိန်တည်းတွင် နောက်ပြန်လှည့်လိုက်ပြီး အနောက်ဘက်တွင် ဒိုင်းကြီးတစ်ခုကို ဝန်းရံထားဆဲဖြစ်သော စခန်းအစောင့်များကို ကြည့်လိုက်မိကြသည်။ အခုတော့ ကုယွင်၏ ရည်ရွယ်ချက်ကို သူတို့ ရုတ်တရက် သဘောပေါက်သွားကြတော့သည်။

❤️❤️❤️Thank you so much for your lovely supports❤️❤️❤️


အခန္း ၇ ညဘက္စီးနင္းတိုက္ခိုက္မႈႏွင့္ ကာကြယ္မႈ (အပိုင္း ၄)

ကုယြင္၏ မ်က္လုံးမ်ားမွ အလင္းတန္းတစ္ခု လင္းလက္လာၿပီး သူမက သက္ျပင္းတစ္ခ်က္ခ်လိုက္သည္။

"ေတာ္လိုက္တဲ့ စုရန္!"

အမွန္ေတာ့ အဲဒီလူငါးရာက အေနာက္ဘက္ဝန္းက အခန္းေတြကို လုံးဝ ေစာင့္မေနပါဘူး။ သူက သူမတို႔ လွည့္စားဖို႔ လွည့္ကင္းတဲ့လူေတြကို ေစလႊတ္ထားခဲ့ၿပီး တစ္ခ်ိန္တည္းမွာပင္ သူတို႔ ၿခံဝင္းထဲကို မဝင္ႏိုင္ခင္ လူေတြကို ရွာေဖြေတြ႕ရွိႏိုင္ခဲ့သည္။ သူတို႔က ၿခံဝင္းကိုပဲ ကာကြယ္ေနတာျဖစ္ၿပီး တျခားလူေတြ ၿခံဝင္းကို ေက်ာ္ျဖတ္ၿပီး အတြင္းထဲသို႔ မေရာက္ခင္ သူတို႔က ဖမ္းထားႏိုင္လိမ့္မည္ပင္။ ဤနည္းျဖင့္ ေရွ႕ဘက္ေမွ်ာ္စင္ႏွင့္ အေနာက္ဘက္ကို ထူးခြၽန္ေသာ စစ္သည္ႀကီးမ်ားက အေရွ႕ႏွင့္ အေနာက္ကို ကာကြယ္ထားခဲ့သည္။ စခန္းအတြင္းဘက္ကေတာ့ ကင္းလွည့္မည့္သူမရွိေသာ္လည္း အလုံၿခဳံဆုံးႏွင့္ တျခားသူမ်ား လက္လွမ္းမမွီေသာေနရာ ျဖစ္လာခဲ့သည္။

သူမက ‌ေျမပုံကို သူမ၏သြယ္လ်ေသာလက္ေခ်ာင္းမ်ားျဖင့္ ညင္သာစြာ ပြတ္သပ္ေနရင္း စုရန္၏ စ႐ိုက္လကၡဏာကို ေတြးေနမိသည္။ ထိုလူ၏အေမ်ာ္အျမင္အရ သစ္သားေသတၱာက ပင္မစခန္း၌ မည္သည့္အခါမွ် ရွိမည္ မဟုတ္ေပ၊ ဆိုလိုသည္မွာ.... ေနာက္ဆုံးတြင္ သူမ၏လက္ညိဳးက တစ္ေနရာတြင္ ရပ္တန႔္သြားခဲ့သည္။ ကုယြင္၏ ေၾကာင္ကေလးလို လိမၼာပါးနပ္ေသာ မ်က္လုံးမ်ားက ညအေမွာင္ေအာက္တြင္ ေတာက္ပေနၿပီး လမ္ေရွာင္းႏွင့္ ေကာက်င့္ယြင္ဆီသို႔ ျပန္လွည့္လာသည္။ ကုယြင္က ၿပဳံးေနရင္း "မင္းတို႔ႏွစ္ေယာက္ ဒီကိုလာ၊ ခနေနရင္ တပ္ဖြဲ႕ေတြကို အုပ္စုႏွစ္စုခြဲမယ္။ လမ္ေရွာင္း.... မင္းက ... ..."

ညက ပိုၿပီး ေမွာင္လာေနကာ လုံးဝတိတ္ဆိတ္ေသာညတစ္ခု ျဖစ္ေနသင့္ေသာ္လည္း ပူျပင္းေသာအနီေရာင္မီးတိုင္မ်ား၊ တိုက္ခိုက္မႈ လႈိင္းလုံးမ်ားႏွင့္ ေအာ္ဟစ္သံမ်ားက ယခင္အခ်ိန္မ်ားထက္ ပိုမိုျပင္းထန္လာတာေၾကာင့္ ပိုၿပီး ဆူညံေနပုံရသည္။

စုယြိက သူ႔၏ဖြဲ႕စည္းပုံစံကို ေျပာင္းလဲလိုက္ေသာေၾကာင့္ ေရွ႕တန္းမွ စစ္သည္မ်ားက ေမွ်ာ္စင္ေအာက္ေျခသို႔ ေရာက္ေနၿပီျဖစ္သည္။ ၿမိဳ႕ေစာင့္စခန္းကို သိမ္းပိုက္ႏိုင္ရန္ နည္းလမ္းႏွစ္သြယ္သာရွိၿပီး တစ္ခုမွာ ၿမိဳ႕တံခါးကို ေဖာက္ဝင္ရန္ျဖစ္ကာ ေနာက္တစ္ခုမွာ ျမင့္မားေသာတံတိုင္းကို တြယ္တက္ကာ အထက္မွ ဝင္ေရာက္တိုက္ခိုက္ျခင္းျဖစ္သည္။ ၿမိဳ႕တံတိုင္းက သုံးက်န္း(ေပ၃၀ခန႔္)ေက်ာ္ျမင့္ၿပီး ႀကိဳးေလွကားျဖင့္တက္လွ်င္ေတာင္ အခ်ိန္အမ်ားႀကီးယူရလိမ့္မည္ပင္။ ၿမိဳ႕႐ိုးကို ကာကြယ္ရန္ ျမႇားမ်ားကို အဆင္သင့္ျပင္ထားေသာ ေမွ်ာ္စင္ေပၚမွ ရာႏွင့္ ခ်ီေသာ အေစာင့္မ်ားကို ထည့္မတြက္ရင္ေတာင္ အတားအဆီးေတြ အမ်ားႀကီး ရွိေနေသးသည္။

(T/N: ၁က်န္း= ၃မီတာေက်ာ္= ၁၀ ေပေက်ာ္၊ အတိုင္းအတာေတြကေလ ေပနဲ႔သုံးလိုက္ က်န္းနဲ႔ သုံးလိုက္ မီတာနဲ႔ သုံးလိုက္ ျဖစ္ေနတယ္၊ အဲ့တာေၾကာင့္ သတိထားမိတဲ့ေနရာေလးေတြ ျပင္ထားေပမယ့္ ေက်ာ္သြားရင္လည္း ေဆာရီးပါဗ်ာ)

ထို႔ေၾကာင့္ စုယြိက ၿမိဳ႕တံခါးကို ထိုးေဖာက္ရန္ ေ႐ြးခ်ယ္ခဲ့သည္။ အေရွ႕ဘက္မွ စစ္သည္ဒါဇင္ေပါင္းမ်ားစြာက လူႏွစ္ေယာက္ဖက္စာေလာက္ရွိေသာ သစ္ပင္ ပင္စည္ႀကီးတစ္ခုကို ပင့္ေျမႇာက္ထားၾကၿပီး စည္းခ်က္အတိုင္း ေႂကြးေၾကာ္ေနကာ ၿမိဳ႕တံခါးကို အထပ္ထပ္အခါခါ တြန္းတိုက္ေနၾကသည္။ ႀကီးမားေသာ ေၾကးဝါၿမိဳ႕တံခါးေပါက္မွ ထြက္လာေသာ အုံ႔စိုင္းစိုင္းအသံက လူအမ်ား၏ႏွလုံးမ်ားကိုပင္ တုန္လႈပ္ေစခဲ့သည္။

စခန္းၿမိဳ႕႐ိုး၏ျမင့္ေသာ ေမွ်ာ္စင္က စခန္းအေဆာက္အအုံမ်ားအျပင္ စခန္းအျပင္ဘက္ႏွင့္ အေနာက္ဘက္တို႔ကိုပါ ရွင္းရွင္းလင္းလင္းျမင္ရၿပီး စခန္းအတြင္းအေျခအေနကိုလည္း ထိုေနရာမွ ရွင္းရွင္းလင္းလင္း ျမင္ႏိုင္သည္။ စုရန္က ျမင့္မားေသာေမွ်ာ္စင္ေပၚတြင္ ရပ္ေနၿပီး ၿမိဳ႕တံခါးကို သစ္ပင္ ပင္စည္ျဖင့္တြန္းေနေသာ ေအာက္ေျခတပ္သားမ်ားကို ၾကည့္ေနကာ ေဒါသထြက္ေနရမည့္အစား စုရန္မ်က္ႏွာေပၚတြင္ တည္ၿငိမ္ေသာ အၿပဳံးတစ္ခု ရွိေနေလသည္။ တပ္သားသစ္မ်ား၏ အရည္အခ်င္းက ေကာင္းမြန္ေနၿပီး စုမိသားစုစစ္တပ္က ပိုမိုအားေကာင္းေသာ စစ္သည္မ်ားကို ႀကိဳဆိုရမည္ျဖစ္ေသာေၾကာင့္ သူ ေပ်ာ္႐ႊင္ေနတာက သဘာဝက်ေနသည္။ တစ္ဖက္က ဟန္ရႈကလည္း သေဘာက်စြာ ၿပဳံးေနၿပီး "ဖြဲ႕စည္းပုံကို ေလ့က်င့္ထားတာက ေတာ္ေတာ္ေကာင္းတယ္!"

လတစ္ဝက္ေလာက္ ေလ့က်င့္ၿပီးတဲ့ေနာက္မွာ သူတို႔က ပုံစံႏွစ္ခုအထိ ေျပာင္းလဲႏိုင္ခဲ့ၾကၿပီး မရႈပ္မေထြးေနသလို တြန႔္ဆုတ္ေနျခင္းလည္း မရွိၾကေပ။ သူကိုယ္တိုင္ေတာင္မွ ပထမတုံးအႀကိမ္ စစ္ေျမျပင္ကို သြားရတုန္းက ထိတ္လန႔္ခဲ့ဖူးတယ္။

"မင္း သူတို႔ကို အ႐ူးလုပ္ဖို႔အတြက္ ျမႇားအခင္းအက်င္းကို သုံးေနေသးရင္ မင္းရဲ႕ၿမိဳ႕တံခါးက အခ်ိန္တိုအတြင္း ပြင့္သြားလိမ့္မယ္" ဟန္ရႈက ၿပဳံးၿပဳံး႐ႊင္႐ႊင္နဲ႔ ေျပာလိုက္သည္။

စုရန္က ဒီေမြးကင္းစ ႏြားကေလးေတြ အျပင္မွာ ရပ္တန႔္ေနဖို႔ ျမႇားေတြကို အားကိုးခ်င္ေနျခင္းက မျဖစ္ႏိုင္တာ ေသခ်ာေနသည္။ သူတို႔ ေခါင္းေပၚမွာ ဒိုင္းေတြ ရွိေနတာေၾကာင့္ ျမႇားေတြက မိုး႐ြာသလို က်ေနေပမယ့္ သူ႔တို႔အသြင္အျပင္က မၿငိမ္မသက္နဲ႔ မၿပိဳပ်က္ေသးသေ႐ြ႕ ဘာမွ လုပ္လို႔ မရပါဘူး။ .

"တစ္ေယာက္ေယာက္ ဒီကိုလာဦး" စုရန္က တိုးညႇင္းေသာ အသံျဖင့္ ေခၚလိုက္သည္။

"ဟုတ္ကဲ့" ဒုတိယစစ္သူႀကီးတစ္ေယာက္က ေရွ႕ကို ျမန္ျမန္ ေလွ်ာက္လာသည္။

"ေက်ာက္တုံးနဲ႔ ေျပာင္းလိုက္ေတာ့" စုရန္က ခဏေလာက္ တုံ႔ဆိုင္းသြားၿပီးေနာက္ "ေသးတာေတြကို ေ႐ြးလိုက္" ဟု ထပ္မံ အမိန႔္ေပးလိုက္သည္။

"ဟုတ္ကဲ့"

စုရန္၏မွာၾကားခ်က္ကို ၾကားၿပီးေနာက္ ဟန္ရႈက ရယ္ေမာေနရင္း စုရန္ပခုံးကို ခပ္တင္းတင္းပုတ္လိုက္ကာ ၿပဳံးေနလ်က္ "မင္းက အရည္အခ်င္းရွိတဲ့လူေတြကို တကယ္ ခ်စ္တာပဲ၊ စစ္တပ္ႏွစ္ခု ထိပ္တိုက္ေတြ႕ေနတဲ့အခါမွာေတာင္ မင္းက အရမ္းစဥ္းစားေပးႏိုင္ေသးတယ္!"

စုရန္က ဘာမွ ျပန္မေျပာေပမယ့္ ေပါ့ေပါ့ပါးပါး ၿပဳံးေနၿပီး သူရဲ႕ အနက္ေရာင္မ်က္လုံးမ်ားက ကုယြင္ရဲ႕ပုံရိပ္ကို တိတ္တဆိတ္ ရွာေဖြေနခဲ့သည္။ သူမက စခန္းထဲကို ဝင္ဖို႔ လူေတြကို လႊတ္လိုက္႐ုံပဲလား?? သူမက ဘာမွ မလုပ္ေတာ့ဘူးလား?? အ႐ုဏ္တက္ဖို႔ ရွီးခ်န္တစ္ဝက္ေလာက္ပဲ လိုေတာ့တာေလ... သူမ ဘာေတြေတြးေနတာလဲ???

အေစာင့္မ်ားက တိုက္ခိုက္ပုံ ေျပာင္းလဲလိုက္ၿပီး ျမင့္မားေသာအရပ္မွ ေက်ာက္တုံးႀကီးမ်ားကို ပစ္ခ်လိုက္ရာ အင္အားကို စိတ္ကူးၾကည့္ႏိုင္သည္။ တားဆီးရန္ ဒိုင္မ်ားရွိေနေသာ္လည္း က်ေရာက္လာသည့္ ျပင္းအားက အံ့ၾသစရာေကာင္းေလာက္ေအာင္ ႀကီးမားေနဆဲျဖစ္သည္။ မူလက သပ္ရပ္ေသာဖြဲ႕စည္းပုံက ခ်က္ခ်င္း ရပ္တန႔္သြားကာ အေျခအေန ပိုမိုဆိုး႐ြားသြားခဲ့သည္။ ထိုအခ်ိန္တြင္ ၿမိဳ႕႐ိုးနံရံႏွစ္ဖက္စလုံးကို မီးျမႇားမ်ား ထိမွန္လာၿပီး အခ်ိန္ၾကာလာသည္ႏွင့္အမွ် မီးမ်ား ေမွ်ာ္စင္ဆီေပၚသို႔ ပ်ံတက္လာေသာေၾကာင့္ အေစာင့္တပ္သားမ်ားက မီးျငႇိမ္းသတ္ရန္ လူအခ်ိဳ႕ကို ေစလႊတ္လိုက္ရၿပီး အခ်ိဳ႕ကသာ ျပန္လည္တိုက္ခိုက္ရန္ စြမ္းေဆာင္ႏိုင္ေတာ့သည္။ ေနာက္ဆုံးတြင္ ေအာက္ေျခမွ ထိုးေဖာက္ေနေသာ တပ္သားမ်ားအတြက္ အသက္ရႉရန္ အခြင့္အလမ္းမ်ားရရွိခဲ့သည္။

႐ုတ္​တရက္​ လမ္းေၾကာင္းမ်ားစြာမွ မီးျမႇားမ်ားက ၿမိဳ႕႐ိုးဆီသို႔ ေရာက္ရွိလာတာေၾကာင့္ ဟန္ရႈ၏မ်က္​လုံးမ်ားက ​ေတာက္​ပလာၿပီး သူက ၿပဳံးေနကာ "သခင္မ ​​ေရာက္လာ​ၿပီ"

စုရန္ကလည္း သူ႔ရဲ႕ စြမ္းအင္ေတြ ခ်က္ခ်င္း ျပန္ရလာသလို ခံစားလိုက္ရသည္။ ေနာက္ဆုံးမွာ သူမ ေပၚလာခဲ့ၿပီ။ ႐ုတ္တရက္ သူ႔ပခုံးေပၚကို အေလးခ်ိန္တစ္ခု က်ေရာက္လာၿပီး ဟန္ရႈရဲ႕ အံ့အားသင့္ေနေသာ အသံက သူ႔နားထဲသို႔ ဝင္ေရာက္လာသည္ "မင္းရဲ႕ေနာက္ကို ၾကည့္လိုက္ဦး!"

စုရန္က ေနာက္ကို ျပန္လွည့္ၾကည့္လိုက္ရာ ရာႏွင့္ခ်ီေသာ အနက္ေရာင္၀တ္စုံဝတ္စစ္သည္မ်ားက အေနာက္ဘက္ထဲကို ခိုးဝင္လာေနသည္ကို ေတြ႕လိုက္ရသည္။ သူတို႔က တံတိုင္းကို ဒီေရတက္သလိုမ်ိဳး တြယ္တက္လာၿပီး သူတို႔လက္ထဲမွာ ဒိုင္းေတြကိုေတာင္ ကိုင္ထားၾကေသးတယ္။ ၿပီးေတာ့ ဒိုင္းႀကီးေတြက လူတစ္ရပ္ေလာာက္ေတာင္ ျမင့္တယ္၊ သူတို႔က ဘာေတြ လုပ္ခ်င္ေနတာလဲ??!

စုရန္ႏွင့္ ဟန္ရႈတို႔က ထိုအေျခအေနကို သံသယမ်ားျဖင့္ ၾကည့္ေနၾကၿပီး စုယြိကလည္း လွ်ိဳ႕ဝွက္စြာ ေတြးေတာေနခဲ့သည္။ အခုအခ်ိန္မွာ ခ်င္းေမာ့က ဘာလို႔ သူ႔ကို ကူညီေပးဖို႔ တပ္ေတြ ေစလႊတ္ေပးလိုက္တာလဲ??? သူမ တိုက္ခိုက္မယ္ဆိုရင္ေတာင္ သူ ရႈံးနိမ့္သြားတဲ့အထိ ေစာင့္ေနသင့္တာ မဟုတ္ဘူးလား?? သူက စိတ္ရႈပ္ေနေပမယ့္ သူ႔ဆီကို ေလွ်ာက္လာေနေသာ အေမွာင္ရိပ္တစ္ခုကိုေတာ့ သူ ခံစားႏိုင္ေသးသည္။ သူ ေဘးကို လွမ္းၾကည့္လိုက္ေတာ့ ကုယြင္ကို ျမင္လိုက္ရၿပီး သူမမ်က္ႏွာေပၚတြင္ အၿပဳံးတစ္ခုရွိေနကာ သူ႔ေဘးမွာ ရပ္လိုက္သည္။

စုယြိက "မင္းက မင္းရဲ႕စစ္သည္ေတြကို အမိန႔္မေပးဘဲ ဘာလို႔ ငါ့နားကို ေရာက္ေနတာလဲ"

ကုယြင္က ပခုံးတြန႔္လိုက္ၿပီး "ငါ သူတို႔ကို ေကာင္းေကာင္း ေလ့က်င့္ေပးထားၿပီးသား၊ အခုအခ်ိန္က သူတို႔အေပၚမွာဘဲ မူတည္ေတာ့တယ္။ ဒီၿပိဳင္ဆိုင္မႈက သူတို႔ရဲ႕အင္အားနဲ႔ စြမ္းေဆာင္ရည္ကိုပဲ လိုအပ္တယ္၊ ငါ့မွာ ဘာမွ လုပ္စရာမရွိဘူး၊ ဒီမွာရပ္ၿပီး တိုက္ပြဲကို ၾကည့္မယ္ေလ၊ ဒီမွာ အေနအထားက အေကာင္းဆုံးျမင္ႏိုင္တယ္"

သူမမွာ အေၾကာင္းျပခ်က္ေတြ အမ်ားႀကီး ရွိေနၿပီး ဘယ္သူမွ သူမကို ၿပိဳင္မျငင္းႏိုင္ပါဘူး။ လက္ရွိမွာ သူ႔ေရွ႕က ေမွ်ာ္စင္ကို ၾကည့္လိုက္ေတာ့ ခံတပ္စခန္းကို ကာကြယ္ေနတဲ့ စစ္သည္ေတြက ဝင္လာတဲ့ မီးျမႇားေတြကို ေရွာင္တိမ္းၿပီး ျပန္တိုက္ခိုက္ဖို႔နဲ႔ ေအာက္က တိုက္ခိုက္ေနတဲ့ စစ္သားေတြကို တားဆီးဖို႔ တပ္ႏိုင္သေလာက္ ႀကိဳးစားေနၾကၿပီး ေနာက္ဆုံးေတာ့ အေစာင့္တပ္က နည္းနည္း ရႈပ္ေထြးေနခဲ့သည္။

စုယြိက ရယ္ေမာလိုက္ၿပီး "ဒီည မင္း တိုက္ခိုက္မွာ မဟုတ္ဘူးလို႔ ငါ ထင္ခဲ့တာ၊ မင္းက အာ့ေကာရဲ႕ အင္အား အမွန္ကို စူးစမ္းဖို႔ ငါ့ကို အသုံးခ်ၿပီး မနက္ျဖန္ညမွ တိုက္ခိုက္မယ္လို႔ ငါ ထင္ခဲ့တာ။ မင္းရဲ႕ သည္းခံႏိုင္စြမ္းကို ဒီေလာက္ျမန္ျမန္ ဆုံးရႈံးသြားမယ္လို႔ ငါ မေမွ်ာ္လင့္ထားဘူး"

ကုယြင္က သူမမ်က္ခုံးကို အနည္းငယ္ပင့္ကာ ၿပဳံးလိုက္ၿပီး "အိုး ဒါဆို နင္က ဒီေန႔ သူရဲ႕အင္အားကို စမ္းသပ္ၿပီး မနက္ျဖန္ညမွ ခိုးဝင္တိုက္ခိုက္ဖို႔ ျပင္ဆင္ေနတာေပါ့၊ နင္ရဲ႕ ေျမေခြးလို အာ့ေကာက မနက္ျဖန္မွာလည္း တူညီတဲ့ပုံစံနဲ႔ တုံ႔ျပန္မယ္လို႔ နင္ ထင္ေနတာလား?"

စုယြိက မ်က္ေမွာင္ၾကဳတ္သြားၿပီး အနည္းငယ္ ႏႈတ္ဆိတ္ေနခဲ့သည္။ သူ၏ဒုတိယအစ္ကိုက တူညီေသာ တပ္ျဖန႔္မႈကိုသုံးမည္ မဟုတ္ေၾကာင္း သဘာဝက်က် သိေနေသာ္လည္း ဒီလိုညတိုက္ခိုက္မႈအတြက္ေတာ့ သူ႔ပုံစံကို ညတိုင္း မေျပာင္းလဲႏိုင္ေလာက္ဘူးဟု သူ ေတြးခဲ့သည္။

ကုယြင္ကေတာ့ အဲ့လိုမေတြးပါဘူး။ သူမက "ဒီညက စုရန္နဲ႔ သူ႔တပ္ေတြ စိတ္ေပါ့ပါးေနၿပီး အေပါ့ေလ်ာ့ဆုံး အခိုက္အတန႔္ျဖစ္ေနတာေၾကာင့္ အႏိုင္ရဖို႔ အလြယ္ဆုံးအခ်ိန္ဘဲ။ ဒီည မႏိုင္ရင္လည္း မနက္ျဖန္ညနဲ႔ သဘက္ခါေပါ့။ ငါတို႔ ေပါင္းလိုက္ရင္ေတာင္ ငါတို႔က နင့္ရဲ႕ အာ့ေကာကို မႏိုင္ဘူးဆိုတာ မျဖစ္ႏိုင္ဘူး"

စုမိသားစုစစ္တပ္က အၿမဲတမ္း သတၱိရွိၿပီး အစြမ္းထက္တဲ့အတြက္ ရန္သူကို ေလွ်ာ့တြက္ၾကမွာက မလြဲမေသြပါပဲ။ ဒီညက အေကာင္းဆုံး အခြင့္အေရးပဲ!

အခ်ိန္အေတာ္ၾကာၿပီးေနာက္ စုယြိက ျဖည္းညႇင္းစြာ ေခါင္းညိတ္ျပေသာ္လည္း၊ သူက ေခါင္းယမ္းေနျပန္ကာ သက္ျပင္းခ်လိုက္ၿပီး "ေနာက္ထပ္ရွီးခ်န္တဝက္ေလာက္ေနရင္ မိုးလင္းေတာ့မယ္။ ဒီည ေအာင္ပြဲခံဖို႔ ခက္ခဲလိမ့္မယ္"

စခန္းကိုကာကြယ္ေနတဲ့ အေစာင့္ေတြက ရာနဲ႔ခ်ီတဲ့ တိုက္ပြဲေတြကို ႀကဳံေတြ႕ခဲ့ၾကၿပီး သူတို႔က သာမာန္လြန္းတာေၾကာင့္ သူတို႔၏ဖ႐ိုဖရဲျဖစ္မႈက ခဏတာမွ်သာျဖစ္ႏိုင္သည္။ ဒုတိယအစ္ကိုက အင္အားထပ္ျဖည့္ၿပီး သူတို႔ကို ႏိုးေဆာ္ေပးလိုက္ရင္ အႏိုင္ယူဖို႔ ခက္ခဲေတာ့မည္ ျဖစ္သည္။

ကုယြင္၏ႏႈတ္ခမ္းေလးက အနည္းငယ္ ႂကြတက္လာကာ "ဟမ့္.. အဲ့ဒါမ်ိဳးက ျဖစ္လာမွာ မဟုတ္ပါဘူး!"

စုယြိက ထိတ္လန႔္သြားသည္။

ဘယ္အရာက သူမကို ဒီေလာက္ ယုံၾကည္မႈ ရွိေနေစတာလဲ???

ကုယြင္ အသံတိတ္သြားသည္ႏွင့္ တၿပိဳင္နက္ အသံဗလံမ်ား ထပ္ၾကားလာရၿပီး ေငြေရာင္အလင္းတန္းတစ္ခုက အေမွာင္ထဲမွ ခုန္ထြက္လာကာ ၿမိဳ႕႐ိုးဆီသို႔ ထိုးေဖာက္ဝင္ေရာက္သြားသည္။ အနီးကပ္ၾကည့္လိုက္လွ်င္ ၎မွာ လွံအစစ္ျဖစ္ေၾကာင္း ေတြ႕လိုက္ေသာ္လည္း လွံ၏အၿမီးက လ်င္ျမန္စြာ တုန္လႈပ္ေနဆဲျဖစ္ကာ ၎၏ ျပင္းထန္ေသာ စြမ္းအားကို ျပသေနသည္။

စုယြိက ေငြေရာင္အလင္းတန္း လင္းလက္လာသည့္ေနရာကို လ်င္ျမန္စြာ ၾကည့္လိုက္ရာ ေျမျပင္ေပၚတြင္ ႀကီးမားေသာေလးတံႀကီးတစ္ခုကို ေတြ႕လိုက္ရသည္။ စစ္သည္တစ္ဒါဇင္က သူတို႔၏ လက္ေကာက္ဝတ္ခန႔္ထူေသာ ေလးႀကိဳးကို ဆြဲရန္ ႐ုန္းကန္ေနၾကၿပီး ၎တို႔၏ "ျမႇား" က ေငြေရာင္လွံရွည္တစ္ေခ်ာင္းျဖစ္ေနသည္။

သူတို႔ ဘာလုပ္ၾကမွာလဲ??

စုယြိက အံ့ဩေနတုန္းမွာ ဒုတိယလွံက ထြက္သြားၿပီျဖစ္ကာ ပထမလွံတံ၏အေပၚဘက္ ညာဘက္ျခမ္းကို ျပင္းျပင္းထန္ထန္ ထိုးစိုက္မိသြားသည္။

အားလုံးက အံ့ၾသေနၾကခ်ိန္မွာပဲ ၿမိဳ႕႐ိုးေပၚမွာ ေငြလွံေလးငါးေခ်ာင္းေလာက္ စိုက္ထားၿပီး ျဖစ္သြားကာ စုယြိ မ်က္ႏွာေပၚတြင္ ျပတ္သားေသာ အၾကည့္တစ္ခု ရွိေနၿပီး သူက ကုယြင္ကို လွည့္ၾကည့္လာၿပီး "မင္း ျဖစ္မလာဘူးလို႔ ေျပာေနတာက ဒီလွံတံ နည္းနည္းကို အားကိုးေနတာေတာ့ မဟုတ္ဘူးမလား??"

ကုယြင္က ေခါင္းညိတ္ၿပီး ျပတ္ျပတ္သားသား ျပန္ေျပာလိုက္သည္။ "ကံမေကာင္းတာက... အဲ့တာ အမွန္ပဲ"

သူမ ဘာေတြ ကစားေနတာလဲ??

အဲ့ဒါက စုယြိကို အံၾသေစ႐ုံသာမက စုရန္ကိုလည္း အံ့အားသင့္သြားေစခဲ့သည္။ အေနာက္ဘက္မွ ဒိုင္းမ်ားကိုင္ထားတဲ့ စစ္သည္ေတြက သူ႔ကို အံၾသသြားေအာင္ လုပ္ေနျခင္း ျဖစ္သည္။ သူမ ဒီအစီအစဥ္ေတြ ျပဳလုပ္ေနတာက ရည္႐ြယ္ခ်က္ရွိမွာ ျဖစ္ေပမယ့္ သူမရဲ႕ရည္႐ြယ္ခ်က္က ဘာလဲဆိုတာ သူ မသိႏိုင္ေတာ့ပါဘူး?

ေနာက္ဆုံးတြင္ သတၱမေျမာက္ ေငြေရာင္လွံကို ပစ္ခတ္ၿပီးေနာက္ ႏွစ္ဖက္စလုံး၏ ျမႇားပ်ံတိုက္ခိုက္မႈက ယခင္ကထက္ ပိုမိုျပင္းထန္လာခဲ့သည္။ အားလုံးအံ့ၾသထိတ္လန႔္ၿပီး ဖ႐ိုဖရဲျဖစ္ေနတဲ့အခ်ိန္ကို အခြင့္ေကာင္းယူၿပီး အနက္ေရာင္ဝတ္ လူခုနစ္ဆယ္ သို႔မဟုတ္ ရွစ္ဆယ္က ၿမိဳ႕႐ိုးေအာက္တြင္ ထူးထူးျခားျခား ေပၚထြက္လာခဲ့သည္။

သူတို႔က ၿမိဳ႕႐ိုးအနီးကို တိုးကပ္သြားတာေၾကာင့္ ကုယြင္ႏွင့္ စုယြိတို႔က ၎တို႔၏ လႈပ္ရွားမႈတိုင္းကို ရွင္းရွင္းလင္းလင္း ျမင္ေနႏိုင္သည္။

သူတို႔က ေငြေရာင္လွံမ်ားေအာက္သို႔ ေ႐ႊ႕လ်ားသြားခ်ိန္တြင္ စုယြိက ကုယြင္၏ ရည္႐ြယ္ခ်က္ကို နားလည္သြားေသာ္လည္း သူက လုံးဝ သေဘာမတူႏိုင္ေပ။ စုယြိက ကုယြင္ကို "မင္းရဲ႕တပ္သားသစ္အဖြဲ႕ထဲမွာ သိုင္းပညာ အရမ္းျမင့္မားတဲ့ လူအနည္းငယ္ရွိေနရင္ေတာင္မွ အဲ့သုံး၊ ေလး၊ ငါးေယာက္ေလာက္နဲ႔ တိုက္ခိုက္ဖို႔က ဘာမ်ား အသုံးဝင္ႏိုင္မွာလဲ၊ ေသဖို႔တက္သြားတာပဲ မဟုတ္ဘူးလား"

ေငြေရာင္လွံမ်ား ရွိေနေသာ အကြာအေဝးက အတြင္းအားအသုံးျပဳႏိုင္ေသာ သူမ်ားအတြက္ လြယ္ကူႏိုင္သည္။ ဒါေပမယ့္ သာမာန္လူေတြအတြက္ကေတာ့ သူတို႔ရဲ႕ ခႏၶာကိုယ္က ဘယ္ေလာက္ပဲ သန္မာေနပါေစ သူတို႔ မလုပ္ႏိုင္ပါဘူး။

ကုယြင္က မတုန္မလႈပ္ျဖစ္ေနၿပီး သူမ၏စိတ္ဝိညာဥ္ျပည့္ေနေသာမ်က္လုံးမ်ားက အနည္းငယ္ ေမွးက်ဥ္းေနကာ ေမွ်ာ္စင္ေပၚရွိ မႈန္ဝါးေသာ အရိပ္ႏွစ္ခုကို စိုက္ၾကည့္ေနသည္။ စုရန္က ဒီတိုက္ပြဲအေျခအေနကို အာ႐ုံစိုက္ေနမယ္လို႔ သူမ ယုံၾကည္ေနသည္။ စုယြိက သူ႔ေရွ႕မွ တိုက္ခိုက္မႈကို ျမင္ရေလာက္ေအာင္ ကံေကာင္းေနေပမယ့္ အေနာက္ဘက္မွာ ျဖစ္ပ်က္ေနတာေတြကို ျမင္ဖို႔ အခြင့္အေရး မရွိခဲ့ပါဘူး။ စုရန္ကေတာ့ တစ္ေယာက္ေယာက္ကို ျပန္တိုက္ခိုက္ႏိုင္ဖို႔ မ်က္စိေကာင္းေတြ ရွိေနသင့္တယ္။ ကုယြင္က သူမပါးကို သူမလက္ညိဳးျဖင့္ အသာအယာ ပြတ္သပ္ေနရင္း အၿပဳံးတစ္ဝက္ျဖင့္ ျပန္ေျပာလိုက္သည္။ "စိတ္ရွည္စမ္းပါ၊ အရမ္းစိတ္လႈပ္ရွားမေနပါနဲ႔၊ ပြဲက အခုမွ စမွာ၊ တကယ္ေတာ့ အခု နင့္ရဲ႕အာ့ေကာကို ငါ အႏိုင္ယူလိုက္တာကို နင့္ကို ျမင္ေစခ်င္ေနတာ"

စုယြိ၏ မ်က္ႏွာက ႐ုတ္တရက္ မည္းေမွာင္သြားၿပီး "မင္း...မင္းက ေတာ္ေတာ္ ေမာက္မာတဲ့ မိန္းမပဲ!"

ကုယြင္က ေရွ႕ကို လက္ညႇိဳးထိုးျပလိုက္ၿပီး ၿပဳံးၿပဳံးေလးနဲ႔ "ငါတို႔ ‌ေစာင့္ၾကည့္မယ္ေလ"

စုယြိက သူမၫႊန္ျပတဲ့ လမ္းေၾကာင္းကို ၾကည့္လိုက္ေပမယ့္ သူ႔ေရွ႕က ျမင္ကြင္းက သူ႔လည္ေခ်ာင္းထဲမွာ တစ္ခုခုကပ္ေနသလို ျဖစ္သြားေစခဲ့သည္။ "သူတို႔ —"

ထိုအခိုက္အတန႔္မွာေတာ့ ၿမိဳ႕႐ိုးေအာက္မွာ ရပ္ေနတဲ့ စစ္သည္ေတြက မျဖစ္ႏိုင္တဲ့ အရွိန္နဲ႔ ၿမိဳ႕႐ိုးကို တြယ္တက္ေနၾကသည္။ အနက္ေရာင္၀တ္စုံကို ၀တ္ဆင္ထားကာ လူတစ္စုက ၿမိဳ႕႐ိုးေပၚသို႔ ခုန္တက္ေနၾကကာ ေတာက္တဲ့မ်ားကဲ့သို႔ ၿမိဳ႕႐ိုးကို ဖက္တြယ္ေနၾကသည္။ ထူးဆန္းေနတာက သူတို႔က အတြင္းအားကို အသုံးျပဳေနသည့္ အမူအရာႏွင့္ မတူဘဲ အမွန္တကယ္ ေတာင္တက္ေနသလို ျဖစ္ေနတာေၾကာင့္ ပို၍ပင္ အံ့ၾသစရာ ျဖစ္ေနခဲ့သည္။

ထို႔အျပင္ ဤလုပ္ရပ္မ်ားကို ၿပီးေျမာက္ေအာင္ ေဆာင္႐ြက္ႏိုင္သူက တစ္ဦး သို႔မဟုတ္ ႏွစ္ဦးမွ်သာ ရွိမည္ဟု ေမွ်ာ္လင့္ခဲ့ေသာ္လည္း ၿမိဳ႕႐ိုးေအာက္မွ လူခုနစ္ဆယ္ သို႔မဟုတ္ ရွစ္ဆယ္ခန႔္က အေမြးတိုင္တစ္ဝက္စာမကုန္မွီ တေယာက္ၿပီး တေယာက္ တက္သြားၾကသည္။

ထိုကဲ့သို႔ ခ်ဲ႕ကားေသာ လႈပ္ရွားသြားလာမႈႏွင့္ အထူးကြၽမ္းက်င္မႈတို႔က စုယြိ၏အေနာက္ဘက္မွ စစ္သည္မ်ားကို အင့္အားသင့္ေစ႐ုံသာမက ၿမိဳ႕တံခါးကို တြန္းရန္ ႀကိဳးစားေနၾကေသာ စစ္သည္မ်ားကိုပင္ အံ့အားသင့္ေစခဲ့သည္။

"သူတို႔က ဘာလုပ္ၾကမွာလဲ" ဟန္ရႈက အေနာက္ဘက္ကို အၾကာႀကီး စိုက္ၾကည့္ေသာ္လည္း သူ နားမလည္ေသးေပ။

လူအုပ္စုက ဒိုင္းႀကီးမ်ားကို ကိုင္ေဆာင္ထားေပမယ့္ လမ္းတြင္ စခန္းအေစာင့္မ်ားႏွင့္ ေတြ႕ေသာအခါ ခုခံျခင္းမျပဳဘဲ သူတို႔အားလုံးကို ကာကြယ္ရန္ ဒိုင္းအထူမ်ားကို ကိုင္ေဆာင္ကာ ခန္းမေဆာင္မ်ားထဲသို႔ ေျပးဝင္သြားခဲ့သည္။ သူတို႔က ခုခံေသာ္လည္း မတိုက္ခိုက္ခဲ့ေပ။

ေနာက္ဆုံးတြင္ အေစာင့္အၾကပ္မ်ားဆုံးေနရာျဖစ္သည့္ အေနာက္ဘက္ႏွင့္ ပင္မအေဆာင္ၾကားသို႔ ေရာက္ရွိလာၾကသည္။ ေနာက္ဆုံးတြင္ သူတို႔က အဖြဲ႕တစ္ဖြဲ႕ကေန ႏွစ္ပိုင္းခြဲသြားၿပီး ေလးခုထပ္ခြဲၾကျပန္သည္။ အေစာင့္ေတြေရာက္လာၿပီး တိုက္ခိုက္သည္ႏွင့္ ခ်က္ခ်င္းျပန္ဆုံၾကၿပီး ဒိုင္းမ်ားကို အသုံးျပဳၾကျပန္သည္။ သူတို႔က အတြင္းထဲမွာ ပိတ္မိေနၿပီး ကာကြယ္ေပးခံထားရကာ ထိုအရာက ဒိုင္းလႊားေတြၾကားထဲမွာ အေစာင့္အၾကပ္မ်ားစြာကို ထိန္းခ်ဳပ္ထားႏိုင္ေသာ ထူးဆန္းတဲ့ ခြဲထြက္မႈနဲ႔ ေပါင္းစပ္မႈပါပဲ။

စုရန္နဲ႔ဟန္ရႈတို႔က ပိုပိုၾကည့္ေလ ပိုထူးဆန္းေလ ျဖစ္ေနၾကသည္။ ဘာလို႔ အေနာက္ဘက္က အေစာင့္ေတြကို ေခတၱ ခ်ဳပ္ေႏွာင္ခ်င္ေနတာလဲ?? ဘာေၾကာင့္လဲ???

ၿမိဳ႕ေမွ်ာ္စင္ေပၚမွ လက္နက္မ်ား ထိပ္တိုက္ထိေတြ႕ေနေသာ အသံမ်ားက စုရန္ႏွင့္ ဟန္ရႈ၏ အာ႐ုံမ်ားကို ျပန္ေခၚလိုက္သည္။ သူတို႔ အေနာက္ဘက္ကို ခဏေလာက္ ၾကည့္ေနတဲ့အခ်ိန္မွာ ၿမိဳ႕႐ိုးက ဘာလို႔ က်ဴးေက်ာ္ခံလိုက္ရတာတုန္း??

စုရန္၏အမူအရာက ေနာက္ဆုံးတြင္ ေျပာင္းလဲသြားကာ သူ႔အနားရွိ လက္ေထာက္တစ္ဦးအား "ဘာေတြ ျဖစ္ေနတာလဲ?"

စုရန္၏ရွားရွားပါးပါး အမူအရာ ေျပာင္းလဲမႈေၾကာင့္ လက္ေထာက္စစ္သူႀကီးက ထိတ္လန႔္ေနၿပီး ခ်က္ခ်င္း ျပန္ေျဖလိုက္သည္။ " အနက္ေရာင္စစ္သည္ေတြက ၿမိဳ႕႐ိုးနံရံကို လွံတံနဲ႔ ပစ္စိုက္ၿပီး အဲ့ကေန အေပၚတက္လာၾကတယ္။ လူက တစ္ရာနီးပါးရွိၿပီး အေမြးတိုင္တစ္တိုင္စာ မကုန္ခင္မွာ ေရာက္လာတာဆိုေတာ့ ကြၽန္ေတာ္တို႔ တုံ႔ျပန္ဖို႔ အခ်ိန္ေတာင္ မမွီလိုက္ဘူး "

သူ ေသေသခ်ာခ်ာ ၾကည့္လိုက္ေတာ့ ၿမိဳ႕႐ိုးနံရံေပၚမွာ ရႈပ္ပြေနတဲ့ လွံတံအနည္းငယ္ ရွိေနခဲ့သည္။ အဲအတြက္ အံ့ၾသရမလား ေဒါသျဖစ္ရမလားေတာင္ သူ မသိေတာ့ပါဘူး။ စုရန္က ေတာင့္မခံႏိုင္ေတာ့ဘဲ သက္ျပင္း ခ်လိုက္ကာ "သူတို႔က က်ပန္းပစ္သြင္းထားတဲ့ လွံ အနည္းငယ္ကို အားကိုးၿပီး ၿမိဳ႕႐ိုးကို အျမန္တိုက္ခိုက္ဖို႔ ပံ့ပိုးေပးႏိုင္တယ္ေပါ့။ ဒီတပ္သားသစ္ေတြရဲ႕ အရည္အေသြးက တကယ္ေကာင္းတာပဲ"

ဟန္ရႈက ေခါင္းယမ္းကာ ျပန္ေျပာလိုက္သည္။ "တပ္သားသစ္ေတြရဲ႕ အရည္အေသြးက ေသခ်ာေပါက္ ေကာင္းတာေပါ့၊ ဒါေပမယ့္ သူတို႔ကို ေလ့က်င့္ေပးတဲ့သူက ပို ခ်ီးက်ဴးထိုက္တယ္၊ သူတို႔ေတြ ေက်ာက္နံရံကို စတက္တုန္းက အရွက္တကြဲျဖစ္ေနၾကၿပီး ႐ုန္းရင္းဆန္ခတ္ေတြျဖစ္ခဲ့တာ ဆယ္ရက္ပဲရွိေသးတယ္၊ အဲ့တုန္းက သူတို႔ရဲ႕ ေၾကာက္လန႔္မႈေတြနဲ႔ ဒုကၡေတြကို ငါ ကိုယ္တိုင္ ျမင္ခဲ့တာ၊ ခုေတာ့ သူတို႔က ဆယ္ရက္အတြင္း ဒီလိုေအာင္ျမင္မႈေတြကို စြမ္းေဆာင္ႏိုင္ေနၿပီ၊ သခင္မက တကယ္ကို အရည္အခ်င္းရွိတဲ့သူတစ္ေယာက္ပဲ!"

ၿမိဳ႕ျပေမွ်ာ္စင္က ခုခံရန္ လြယ္ကူေသာ္လည္း တိုက္ခိုက္ရန္ ခက္ခဲေသာ ေနရာတစ္ခုျဖစ္သည္။ စုရန္က ၎ကို ေစာင့္ၾကပ္ရန္ ထိပ္တန္းစစ္သည္ ၃၀၀ ေစလႊတ္ထားၿပီး လုံေလာက္သည္ဟု သူ ေတြးထားေသာ္လည္း လူရာႏွင့္ခ်ီ၍ တစ္ႀကိမ္တည္း တိုက္ခိုက္လာလိမ့္မည္ဟုေတာ့ သူ မေမွ်ာ္လင့္ထားေပ။ ၿမိဳ႕တံခါးေအာက္မွ လူတစ္စုက ၿမိဳ႕႐ိုးကို ျမႇားေတြနဲ႔ ပစ္ေနၿပီး အေပၚကေနလည္း တိုက္ခိုက္ေနတာေၾကာင့္ ေမွ်ာ္စင္က ခဏတာအတြင္း ပရမ္းပတာ ျဖစ္သြားခဲ့သည္။

စစ္ကူမရွိရင္ ၿမိဳ႕တံခါးကို ခုခံလို႔ မရႏိုင္ေတာ့ပါဘူး။

စုရန္ႏွင့္ ဟန္ရႈက တစ္ခ်ိန္တည္းတြင္ ေနာက္ျပန္လွည့္လိုက္ၿပီး အေနာက္ဘက္တြင္ ဒိုင္းႀကီးတစ္ခုကို ဝန္းရံထားဆဲျဖစ္ေသာ စခန္းအေစာင့္မ်ားကို ၾကည့္လိုက္မိၾကသည္။ အခုေတာ့ ကုယြင္၏ ရည္႐ြယ္ခ်က္ကို သူတို႔ ႐ုတ္တရက္ သေဘာေပါက္သြားၾကေတာ့သည္။

❤️❤️❤️Thank you so much for your lovely supports❤️❤️❤️

Continue Reading

You'll Also Like

118K 14.2K 95
Title - After Transmigrated into a Book, I've Gained an Entire Family of Cannon Fodder Description ...
155K 16.6K 128
Original Title - 回归的女神 English Title - Return of The Goddess Author - Butterfly's Shadow Beneath the Moon Yue Xia Die Ying 月下蝶影 Chapters -106(complet...
74.7K 7.3K 32
Chapters (1-53) . . . Not My Work i am just translating for Offline purpose All credits to original author and English translator
10.2K 789 11
Title - Transmigrating To Become The Boss's Little Fairy Author - 春刀寒 Status - 98 Chapters + 21 extras (Completed) This is just a translation. A...