စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုး...

By BlackLily_WhiteLily

60.5K 6.4K 218

"မှားယွင်းသော လက်ထပ်ခြင်းမှသည်..... ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၂)" MM Translation (Just for fun) C... More

Description
Intro- 1
Intro- 2
Intro- 3
Chapter 1.1
Chapter 1.2
Chapter 1.3
Chapter 1.4
Chapter 2.1
Just Information
Chapter 2.2
Chapter 2.3
Chapter 2.4
Chapter 2.5
Chapter 3.1
Chapter 3.2
Chapter 3.3
🎆🎆🎆Happy New Year🎆🎆🎆
Chapter 3.4
Chapter 3.5
Chapter 4.1
Chapter 4.2/4.3
Chapter 4.4/4.5
Chapter 4.6
Chapter 4.7
Chapter 5.1
Chapter 5.2
Chapter 5.3
Chapter 5.4
Chapter 5.5
Chapter 6.1
Chapter 6.2
Chapter 6.3
Chapter 6.4
Chapter 6.5
Chapter 7.1
Chapter 7.3
Chapter 7.4
Chapter 7.5
Chapter 8.1
Chapter 8.2
Chapter 8.3
Chapter 8.4
Chapter 9.1
Chapter 9.2/9.3
Chapter 9.4/9.5
Chapter 9.6/9.7
Chapter 9.8/9.9
Chapter 9.10/9.11
Chapter 10.1/10.2
Chapter 10.3/10.4
Chapter 10.5/10.6
Chapter 10.7/10.8
Chapter 10.9/10.10
Chapter 10.11/10.12
Chapter 10.13/10.14
Chapter 10.15/10.16/10.17
Chapter 11(1,2)
Chapter 11 (3,4)
Chapter 11 (5,6)
Chapter 11.7, 12.1
Chapter 12 (2,3)
Chapter 12 (4,5)
Chapter 12 (6,7)
Chapter 12 (8,9)
Chapter 12 (10,11)
Chapter 12 (12,13)
Chapter 13(1,2)
Chapter 13 (3,4)
Chapter 13 (5,6)
Chapter 13 (7,8)
Chapter 13 (9,10,11)
Chapter 14.1/14.2
Chapter 14.3/14.4
Chapter 14.5/14.6
Chapter 14.7/14.8
Chapter 15.1/15.2
Chapter 15.3/15.4
Chapter 15.5/15.6
Chapter 15.7/15.8
Chapter 15.9/15.10
Chapter 15.11/15.12
Chapter 16.1/16.2
Chapter 16.3/16.4
Chapter 16.5/16.6
Chapter 16.7/16.8
Chapter 16.9/16.10
Chapter 16.11/16.12
Chapter 16.13/16.14
Chapter 17(1/2)
🔊🔊🔊 Telegram PG လေးစပါပြီ

Chapter 7.2

681 62 0
By BlackLily_WhiteLily

အခန်း ၇ ညဘက်စီးနင်းတိုက်ခိုက်မှုနှင့် ကာကွယ်ရေး (အပိုင်း ၂)

ယိုရှီအချိန်... (ညနေ ၅ နာရီမှ ၇ နာရီ)

အနောက်ဘက်ဆင်ခြေဖုံး တပ်စခန်းနှင့် ငါးကျန်းအကွာတွင် တဲငယ်တစ်လုံးရှိနေပြီး တဲအတွင်းမှ ကျောက်စားပွဲငယ်တစ်ခုပေါ်တွင် မြေပုံတစ်ခု ဖြန့်ခင်းထားသည်။ ပုံဆွဲထားသည်မှာ အလျင်လိုနေပုံရပြီး သပ်သပ်ရပ်ရပ် မရှိသော်လည်း အလွန်အသေးစိတ်ကျကာ အဓိကတည်ဆောက်ပုံကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။

ကုယွင်က အလယ်မှာ ရပ်နေပြီး ညာဘက်မှာ ရပ်နေတဲ့ ကောကျင့်ယွင်က ပုံ၏အစွန်းကို လက်ညှိုးထိုးပြနေကာ "စခန်းအပြင်ဘက် တစ်ကျန်းအကွာမှာ နေရာလွတ်တစ်ခုရှိတယ်၊ ပြီးတော့ တစ်ကျန်းကျော်သွားရင် သစ်ပင်တွေနဲ့ ချုံပုတ်တွေရှိတယ်။ ကျွန်တော်တို့တပ်တွေက အဲ့နေရာမှာ ပုန်းအောင်းနေနိုင်တယ်၊ အဲဒါက စခန်းနဲ့ အနီးဆုံးဖြစ်ပြီး သစ်ပင်တွေအထူထပ်ဆုံးနေရာပဲ၊ ဒါကြောင့် သူတို့က လွယ်လွယ်နဲ့ ရှာတွေ့မှာ မဟုတ်ဘူး"

ကုယွင်က ခေါင်းညိတ်ပြပြီး ကောကျင့်ယွင်က ပုံပေါ်ရှိ လူထူထပ်သော ဗဟိုဧရိယာကို ဆက်လက်ညွှန်ပြလိုက်ပြီး "စခန်းထဲမှာ အခန်းပေါင်း ခြောက်ဆယ့်ခုနစ်ခန်း ရှိပြီး အများစုကတော့ စခန်းရဲ့ အနောက်ဘက်မှာ စုစည်းတည်ရှိနေတာပါ။ အဓိကအားဖြင့် ပင်မစခန်းသုံးခုရှိပြီး ဘေးဘက်ခန်းမတစ်ခု၊ စာဖတ်ခန်းနှစ်ခန်းနဲ့ တံခါးအနောက်မှာ စစ်သည်တွေ အနားယူဖို့ အခန်းငယ်လေးတွေ ရှိတယ်။ စခန်းအတွင်း တပ်ဖြန့်ထားပုံနဲ့ ပတ်သတ်ပြီးပြောရရင် တပ်ဖွဲ့ဝင်အင်အား ၃၀၀ ခန့်က ဂိတ်တံခါးကို စောင့်ကြပ်နေတယ်၊ တံတိုင်းကြီးတွေရဲ့ တစ်ဖက်စီမှာလည်း လေး၊ မြှားတွေကိုင်ထားတဲ့ လူတစ်ရာကျော်က တံတိုင်းတွေကို ကာကွယ်နေတယ်။ စခန်းတစ်ခုလုံးမှာ စစ်သည်တွေ အနားယူတဲ့ ဝင်းအနီးက ခြံဝင်းတွေကိုတော့ အနည်းငယ် လစ်လျူရှုထားတယ်။ အဲ့နေရာတွေကနေ ခိုးဝင်ရင် ဖြစ်နိုင်တယ်။ ဒါပေမယ့် အခန်းတွေ အများစုက စခန်းအနောက်ဘက်မှာရှိတယ်၊ အဲ့နေရာတွေကိုလည်း တင်းတင်းကြပ်ကြပ် စောင့်ကြပ်နေတဲ့ စစ်သည်တွေ ရှိနေတယ်။ အမွေးတိုင်တတက် ကုန်စာလောက်တိုင်းလိုလိုမှာ ကင်းလှည့်နေတဲ့ အဖွဲ့တစ်ဖွဲ့ရှိတယ်၊ အဲ့တာကြောင့် သစ်သားသေတ္တာကို ရှာဖို့က သိပ်တော့ မလွယ်လောက်ဘူး"

ကောကျင့်ယွင်က အခန်းများ စုဝေးရာနေရာကို စက်ဝိုင်းပုံဆွဲထပ်ဆွဲလိုက်ပြီး "သစ်သားသေတ္တာက ဒီနေရာတစ်ဝိုက်မှာ ရှိနိုင်တယ်လို့ ကျွန်တော် ထင်တယ်"

ကုယွင်က တစ်ချက်ထပ်ကြည့်လိုက်ပြီးနောက် စခန်း၏အခြေခံဖွဲ့စည်းပုံကို သူမစိတ်ထဲတွင် မှတ်မိနေပြီဖြစ်သည်။ သူမက မြေပုံကို ခေါက်ကာ ကောကျင့်ယွင်ကို လှမ်းပေးလိုက်ပြီး "မင်းရဲ့စစ်သည်တွေကို ဒီမြေမျက်နှာသွင်ပြင်မြေပုံကို အလွတ်ကျက်ခိုင်းထား။ မင်းရဲ့မြေပုံ မပါရင်တောင် သူတို့က မြေပြင်အနေအထားကို ကျွမ်းကျင်နေရမယ်"

သူ့တို့က ဒီနေရာရဲ့​မြေပြင်အနေအထား​ကို သူတို့လက်တွေ့ရဲ့နောက်ကျောဘက်တွေလို ရင်းနှီးနေဖို့လိုတယ်။

"ဟုတ်ကဲ့" ကောကျင့်ယွင်က ယာယီတဲထဲကနေ ထွက်သွားပြီး ကုယွင်က လမ်ရှောင်းကို ကြည့်လိုက်ကာ "မင်းရဲ့လက်နက်တွေကို ဘယ်လိုပြင်ဆင်နေလဲ"

လမ်ရှောင်းက "ဒိုင်းသုံးရာနဲ့ မြှားငါးထောင်ကို ပြင်ဆင်ထားပြီးပါပြီ။ ပြီးတော့ ခေါင်းဆောင်လိုချင်တဲ့ပစ္စည်းတွေကိုလည်း ပြင်ဆင်ထားပြီးပါပြီ"

ကုယွင်က ကျေနပ်စွာ ခေါင်းညိတ်ပြလိုက်ပြီး ကောင်းကင်ကို မော့ကြည့်လိုက်တော့ ကောင်းကင်က မီးခိုးရောင်ဖြစ်နေပြီဖြစ်သည်။ ကုယွင်က "လူတိုင်း ပြင်ဆင်ပြီးပြီဆိုရင် အမွှေးတိုင်တစ်ချောင်းကုန်စာပြီးရင် စထွက်ကြမယ်"

"ဟုတ်ကဲ့!" နောက်ထပ် ညီညွတ်ပြီး ကြီးကျယ်ခမ်းနားတဲ့ အဖြေတစ်ခုက ဒီလူငယ်အဖွဲ့ရဲ့ စိတ်ဓာတ်က မြင့်မားပြီး ယုံကြည်မှုအပြည့်ရှိကြောင်း ပြသနေပေမယ့်...

ကောက်ရိုးပုံထဲတွင် နှစ်ရှီးချန်ကြာအောင် လှဲလျောင်းနေပြီးနောက်တွင် သူတို့၏မြင့်မားနေသော တိုက်ခိုက်ရေးစိတ်ဓာတ်များက ဂနာမငြိမ်ခြင်းဆီသို့ ကူးပြောင်းလာပြီး အလွယ်တကူ တုန်လှုပ်ချောက်ချားနိုင်သည့်အခြေအနေသို့ ချဥ်းကပ်လာသည်။ ကုယွင်က စကားတစ်ခွန်းမှ မပြောသလို၊ တခြားအမိန့်တွေလည်း မပေးဘဲ၊ သူတို့ကို ဒီအတိုင်း နေခိုင်းထားခဲ့သည်။ သူတို့က သူတို့ရဲ့ကိုယ်ခံအားအတွက် လေ့ကျင့်မှုတွေကိုသာ မလုပ်ခဲ့ရဘူးဆိုရင် သူတို့ သည်းမခံနိုင်တာ ကြာလောက်ပြီပင်။

သူ့ပတ်ဝန်းကျင်က စစ်သည်တွေက မတည်မငြိမ်ဖြစ်တာကို မြင်တော့ ကောကျင့်ယွင်က ကုယွင်အနားကို ညင်သာစွာ တွားသွားလိုက်ပြီး "ခေါင်းဆောင် အခု ဘာဆက်လုပ်မှာလဲ"

သူတို့ စိတ်မရှည်မှုနှင့် ယှဉ်ရင် ကုယွင်က သူမပတ်ဝန်းကျင်မှ အရာခပ်သိမ်းကို သူမ၏စူးရှသော မျက်လုံးများဖြင့် တစ်ချက်ကြည့်လိုက်ပြီး အေးစက်စက်နဲ့ စကားတစ်ခွန်း ပြောလိုက်သည်။ "ခဏစောင့်ဦး"

စောင့်ရမှာလား? ဘာကို စောင့်ရမှာလဲ? ကောကျင့်ယွင်က စိတ်ရှုပ်ထွေးနေပြီး ကုယွင်က အဝေးကို စိုက်ကြည့်နေသော သူမ၏မျက်လုံးများကို အနည်းငယ် မှေးကျဥ်းလိုက်ပြီး ထပ်ပြောလိုက်သည်။ "စုယွိ လာတာ စောင့်မယ်"

သူက အခြားအရာတွေကို နားလည်နိုင်တယ်၊ ဒါပေမယ့် ဘာလို့ စစ်သူကြီးစုကို စောင့်ရမှာလဲ??

ကောကျင့်ယွင် တစ်ခုခုကို တွေးနေပုံနဲ့ "ညတိုက်ခိုက်မှုအတွက် အချိန်ကန့်သတ်ချက်က သုံးရက်လေ။ သူ ဒီည သေချာပေါက် လာမယ်ဆိုတာ ဘယ်လို သေချာနိုင်မှာလဲ။ အခုက ညသန်းခေါင်ကျော်နေပြီ။ သူလာမယ်ဆိုရင်ရင်တောင် ကျွန်တော်တို့က အရင်တိုက်ပြီး လက်ဦးမှု မယူသင့်ဘူးလား"

"မင်း ပြောတာ မဟုတ်သေးဘူး၊ ငါတို့မှာ လူငါးရာပဲရှိတယ်၊ လူတစ်ထောင်ကို ဘယ်လိုတိုက်မလဲ၊ စုယွိရဲ့လူငါးရာကို ငါတို့ စောင့်သင့်တယ်"

အဝေးက မြက်ပင်တွေရဲ့ အနည်းငယ်လှုပ်ခါမှုက ကုယွင်ရဲ့အာရုံကို ဆွဲဆောင်လိုက်သည်။

ငါ စောင့်နေတဲ့လူက ရောက်လာပုံရတယ်။

လမ်ရှောင်းက ရုတ်​တရက်​ ​ရှေ့ထွက်​လာပြီး "ခေါင်းဆောင်က သူနဲ့ မဟာမိတ်​ဖွဲ့ချင်တာ​လား"

မဟာမိတ်? အဲဒါကို အခွင့်ကောင်းယူတယ်လို့ ပြောရင် ပိုမှန်မယ်။ ကုယွင်က ရှက်ရွံ့စွာ ပြုံးပြီး "အင်း၊ တူညီလုနီးပါးပေါ့"

ကောကျင့်ယွင် "ကျွန်တော်တို့က သူနဲ့ ပြိုင်နေတာ မဟုတ်ဘူးလား၊ ကျွန်တော်တို့က သူနဲ့ ဘယ်လို မဟာမိတ်ဖွဲ့နိုင်မှာလဲ"

ဒီညတိုက်ခိုက်မှုက ဘယ်သူရဲ့ လေ့ကျင့်ရေးစွမ်းရည် ပိုကောင်းလဲဆိုတာ စမ်းသပ်ဖို့ပဲ မဟုတ်ဘူးလား?? မဟာမိတ်ဖွဲလိုက်ရင် ဘယ်လို နှိုင်းယှဥ်တော့မှာလဲ??

ကုယွင်က သူမ၏အေးစက်စက်မျက်လုံးများကို မှေးကျဥ်းလိုက်ပြီး ကောကျင့်ယွင်နှင့် လမ်ရှောင်းကို ကြည့်လိုက်သည်။ သူမ၏အေးစက်စက် အသံက တိုးနေပေမယ့် ရှင်းလင်းနေကာ "စစ်မြေပြင်မှာ အမြဲတမ်းရန်သူ ဒါမှမဟုတ် အမြဲတမ်း သူငယ်ချင်းဆိုတာ ဘယ်တော့မှ မရှိပါဘူး။ ငါတို့လုပ်သမျှအရာအားလုံးက ရည်ရွယ်ချက်တစ်ခု၊ ပန်းတိုင်တစ်ခုပဲ ရှိတယ်၊ အဲ့တာက အောင်မြင်ဖို့ပဲ"

ရည်မှန်းချက်က တာဝန်ကို ပြီးအောင်လုပ်ဖို့ပဲလေ။ အခြားအရာတွေ အားလုံးကတော့ ယှဥ်ပြိုင်ရန် အဓိပ္ပါယ်တစ်ခုသာဖြစ်တယ်၊ အတိအကျ လုပ်ရမယ်ဆိုတာမျိုးက ဘာလဲ?

လမ်ရှောင်းနှင့်ကောကျင့်ယွင်က တစ်ယောက်ကို တစ်ယောက်ကြည့်နေကြပြီး ထိုစကားများက သူတို့၏နှလုံးသားထဲသို့ ဖြည်းညှင်းစွာ တိုးဝင်နေပြီး သူတို့စိတ်တွေက တည်ငြိမ်လာသည်။

မလှမ်းမကမ်း အကွာအဝေးမှ တောက်ပနေသောမီးရောင်များက မြို့စောင့်တပ်သားများ၏ အာရုံကို အောင်မြင်စွာ စွဲဆောင်နိုင်ခဲ့သည်။ ကုယွင်က အေးအေးသက်သာ ပြုံးလိုက်သည်။

သူ ရောက်လာပြီဆိုမှတော့ ကစားပွဲကို စလိုက်ကြတာပေါ့...

ကုယွင်၏အကြည့်နောက်ကို လိုက်ကြည့်နေသော လမ်ရှောင်းနှင့်ကောကျင့်ယွင်တို့လည်း အဝေးမှ မီးရောင်ကို မြင်လိုက်ကြရပြီး တချက်လောက် စူးစမ်းကြည့်လိုက်တဲ့အခါမှာတော့ တညီတညွတ်တည်း ရှေ့ကို ချီတက်နေတဲ့ စစ်သည်တန်းတွေကို မြင်လိုက်ရသည်။ တပ်စုတပ်သားတွေက သုံးတန်းခြားပြီး တညီတညွတ်တည်း ချီတက်နေကြကာ မီးရှူးတိုင်တွေကို ကိုင်ဆောင်ထားပြီး အဝေးကနေ လှမ်းကြည့်လိုက်ရင် မီးတွေက ကောင်းကင်အထိ တဟုန်းဟုန်း တောက်ပနေသလို ထင်နေရသည်။ နက်ပြာရောင်အရိပ်ကလေးတွေက မြင့်မားတဲ့ စိတ်ဓာတ်အတူ အရှိန်အဟုန်ပြင်းပြီး သပ်ရပ်တဲ့ ခြေလှမ်းတွေနဲ့ လျှောက်လှမ်းနေကြသည်။ ကြည့်ရတာကတော့ အတော်လေးကို အဟန့်ကောင်းနေပြီး နည်းနည်းတော့ ရှိန်ဖို့ကောင်းနေသည်။

အဖွဲ့နှစ်ဖွဲ့ကို ခွဲခြားသိမြင်နိုင်ရန် ကုယွင်၏အကြံပြုချက်အရ သူမ၏အဖွဲ့အားလုံးက အနက်ရောင်အဝတ်အစားများ ဝတ်ဆင်ကြပြီး စုယွိ၏အဖွဲ့အားလုံးက နက်ပြာရောင်အဝတ်အစားများကို ဝတ်ဆင်ထားကြသည်။ ကံမကောင်းစွာနဲ့ပဲ၊ ညနက်သန်းခေါင်အချိန်တွင် ၎င်းတို့က အလွန်ဆင်တူနေပြီး မီးရှူးမီးတိုင်အောက်မှာတောင် ရှင်းရှင်းလင်းလင်း ခွဲခြားနိုင်ဖို့ မလွယ်ကူပေ။

အဖွဲ့တစ်ဖွဲ့က တဖြည်းဖြည်း ချဉ်းကပ်လာသောအခါတွင် စခန်း၏မျှော်စင်ပေါ်မှ အစောင့်များက လေးမြှားများအပြည့်ဖြင့် လျင်မြန်စွာ လှုပ်ရှားလာကြသည်။ လေးကြိုးကိုနောက်သို့ ပြည့်ဆွဲထားသော ‌လေးသည်တော်များက အောက်သို့ တည့်တည့် ချိန်ရွယ်ထားသည်။ ခြေတစ်လှမ်း လှမ်းဝံ့ပါက ပျားလပို့ကဲ့သို့ ဖြစ်သွားအောင် ပစ်သတ်ခံရမည် ဖြစ်သည်။

ထိုအဖွဲ့က မြို့မျှော်စင်မှ ပေသုံးဆယ်အကွာတွင် ရပ်တန့်နေပြီး ရှေ့သို့ ခြေတစ်လှမ်းမှ မရွေ့သလို နောက်လည်း မဆုတ်ဘဲ မျှော်စင်ပေါ်မှ အစောင့်များနှင့် ရှေ့မတိုးသာ နောက်မဆုတ်သာ ရင်ဆိုင်နေခဲ့သည်။

ကုယွင်က ဂရုတစိုက်ကြည့်နေတဲ့ ကောကျင့်ယွင်ကို အပြုံးလေးနဲ့ ခပ်ဖွဖွရိုက်လိုက်ပြီး "အခု ထိကြည့်နေတုန်းဘဲလား! အခုန မင်း အရမ်း လှုပ်ရှားချင်နေတာ မဟုတ်ဘူးလား?! အခု အလုပ်လုပ်ချိန် ရောက်ပြီ! မင်းရဲ့ စစ်သားတွေထဲက ညဘက်မြင်ကွင်းကို ကောင်းကောင်းမြင်နိုင်တဲ့ လူတွေကို သုံးယောက်တစ်ဖွဲ့ဖွဲ့ပြီး ခေါ်သွား၊ တစ်ဖွဲ့ချင်းရဲ့တာဝန်က အခန်းတစ်ခုချင်းဆီကို အာရုံစိုက်ရှာဖွေဖို့ ပြတ်သားတဲ့ ပန်းတိုင်ရှိရမယ်။ သစ်သားသေတ္တာကိုတွေ့ရင် ထုတ်ယူလာခဲ့။ သစ်သားသေတ္တာကို မတွေ့ရင် ချက်ချင်း ပြန်လာပြီး ချက်ချင်း သတင်းပို့ရမယ်"

စခန်းအနောက်ဘက်တွင် အခန်းခြောက်ဆယ်ခန့်ရှိပြီး တစ်ဖွဲ့လျှင် လူသုံးယောက်လိုသည်။ တစ်ကြိမ်လျှင် လူနှစ်ရာနီးပါးရှိသည်ဟု ဆိုလိုသည်။ လမ်ရှောင်းက အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး "လူတွေအများကြီး ချက်ခြင်း ဝင်သွားရင် ရန်သူကို သတိပေးသလို ဖြစ်သွားမှာ မဟုတ်ဘူးလား"

ကုယွင်က ရယ်မောနေရင်း ခေါင်းယမ်းကာ မျှော်စင်ရှေ့က လူတစ်စုကို လက်ညှိုးထိုးပြလိုက်သည်။ "မြက်ကိုရိုက်ပြီး မြွေကို ထိတ်လန့်စေတဲ့ကိစ္စကို စုယွိက လုပ်ပြီးသွားပြီ။ သူက ဒီလှည့်ကွက်ကို အခု သုံးနေတာ။ စစ်တပ်ရဲ့ အစိတ်အပိုင်း အများအပြားကို ချုပ်ကိုင်ထားဖို့ သူလည်း သေချာပေါက် လုပ်မှာပေါ့။ နောက်ပြီး သစ်သားသေတ္တာကို ခိုးယူဖို့ အနောက်ဘက်ကို ခိုးဝင်ဖို့ လူတွေကို စေလွှတ်ထားလိမ့်မယ်။ ဒါက လူတိုင်းသိတဲ့ အရာတစ်ခုပဲ။ စုရန်ကလည်း အဲ့အတွက် ကြိုတင်ပြင်ဆင်ထားလိုက်မယ်၊ ငါတို့ရဲ့ပထမဆုံးတာဝန်က သစ်သားသေတ္တာရဲ့ တည်နေရာအမှန်ကို တတ်နိုင်သမျှ အမြန်ရှာဖွေဖို့ဘဲ၊ အဲ့အတွက် လူအင်အား ဘယ်လောက်သုံးရ သုံးရ အရေးမကြီးဘူး။ အရှိန်မြန်မှ ဖြစ်မယ်!"

"ဟုတ်ကဲ့" ကောကျင့်ယွင်က အားတက်သရော ခေါင်းညိတ်ပြလိုက်ပြီး မတ်တပ်ထရပ်ကာ ယုံကြည်မှုအပြည့်နဲ့ ထွက်သွားခဲ့သည်။

ကောကျင့်ယွင်ရဲ့ စိတ်လှုပ်ရှားပြီး စိတ်အားထက်သန်တဲ့ ကျောပြင်ကို ကြည့်နေရင်း လမ်ရှောင်းကလည်း ကြိုးစားချင်စိတ် ပြင်းပြနေခဲ့သည်။ နောက်ဆုံးတော့ သူတို့က စုမိသားစုစစ်တပ်ရဲ့ ထိပ်တန်းအရာရှိတွေနဲ့ ပြိုင်ဆိုင်နေရတာလေ။ သူ့ရင်ထဲမှာတော့ ဒါက သူတို့ တစ်သက်လုံး ဘယ်တော့မှ မရနိုင်တဲ့ အခွင့်အရေးကောင်းတစ်ခုပါပဲ။

နူးညံ့သောလက်တစ်စုံက သူ့ပခုံးကို ညင်သာစွာ ပုတ်လာတာကြောင့် လမ်ရှောင်းက သူ့အာရုံများဆီပြန်ရောက်လာပြီး ကုယွင်၏မျက်လုံးများက အနည်းငယ် မှိတ်တုတ်မှိတ်တုတ် ဖြစ်နေပြီး သူမက အပြုံးတစ်တဝက်နဲ့ ပြောလာသည်။ "စိတ်ရှည်စမ်းပါ၊ ဒါက အပြင်ထွက်ပြီး ကစားရမယ့်အချိန် မဟုတ်သေးဘူး"

သူမက ဘာကိုဆိုလိုတာလဲ... လမ်ရှောင်းက မျက်မှောင်ကြုတ်ပြီး ပြင်းပြင်းထန်ထန် တွေးလိုက်မိသည်။ ခေါင်းဆောင်က စိတ်အေးလက်အေး ဖြစ်နေပုံတယ်! သူမလက်ထဲမှာ အနိုင်ကဒ်ရှိနေပုံပဲ၊ သူမက အတိအကျ ဘာကိုစီစဥ်ချင်နေတာလဲ??

လမ်ရှောင်း တွေးနေတုန်းမှာပဲ မျှော်စင်ရှေ့မှာ မလှုပ်မယှက် ရပ်နေတဲ့ ပုံရိပ်တွေက အရှိန်အဟုန်ပြင်းစွာနဲ့ ရှေ့ကို ရွေ့လျားသွားပြီး တစ်ချိန်တည်းမှာပဲ သူတို့၏ဖွဲ့စည်းပုံကလည်း ပြောင်းလဲသွားခဲ့သည်။ မီးရှူးတိုင်များကို ကိုင်ဆောင်ထားသော စစ်သည်များအားလုံးက ကြေးဒိုင်းများကို ဦးခေါင်းထက်တွင် မြင့်တင်ကာ အဖွဲ့နောက်သို့ ဆုတ်ခွာသွားကြသည်။ ကုယွင်က ထိတ်လန့်တုန်လှုပ်သွားပြီး သက်ပြင်းမချဘဲ မနေနိုင်ပေ။ သူတို့က အချိန်တိုအတွင်း အသွင်သဏ္ဍာန်ကို ပြောင်းလဲလိုက်သည်။ လူရာပေါင်းများစွာ၏ ဖွဲ့စည်းမှုက တစ်ယောက်တည်း လှုပ်ရှားနေသလိုဖြစ်နေပြီး ဒိုင်းများ၊ လေးများနှင့်မြှားများက ထိုးစစ်နှင့်ခံစစ်တွင် တစ်သားတည်း ပူးပေါင်းဆောင်ရွက်နေကြသည်။ စုယွိက အစောင့်များ၏ အာရုံကို လွှဲချင်တာဆိုလျှင် လုံလောက်နေပြီ ဖြစ်ပြီး သူတို့က ကြာရှည် တောင့်ခံနိုင်မည့်ပုံရသည်။

ကုယွင်က နောက်ပြန်လှည့်ပြီး မြက်ခင်းပြင်မှာ လဲလျောင်းနေတဲ့ သူမနောက်မှ စစ်သည်တွေကို ကြည့်လိုက်ကာ "သူများတွေစခန်းကို ဘယ်လိုတိုက်ခိုက်သလဲဆိုတာကို ကောင်းကောင်းကြည့်ထား။ မင်းတို့ရဲ့ ပြိုင်ဘက်တွေကို ဘယ်တော့မှ လျှော့မတွက်နဲ့။ မင်းတို့က သူတို့ရဲ့ အားသာချက်ကိုလည်း သိနေရမယ်။ သူတို့ဆီကနေ သင်ယူထား။ ပြီးတော့ ပြန်တိုက်ခိုက်ဖို့ သူတို့ရဲ့အားနည်းချက်ကို ရှာတက်ရမယ်"

ဤအချိန်တွင် ကျယ်လောင်စွာ မဖြေနိုင်သော စစ်သည်များက သူ့တို့၏ ခန္ဓာကိုယ်ကို အမြန်တည့်မတ်ကာ မျက်တောင်မခတ်ဘဲ ရှေ့တည့်တည့်ကိုသာ စိုက်ကြည့်နိုင်ခဲ့သည်။ နောက်ဆုံးတွင် ကုယွင်က ကျေနပ်စွာနဲ့ ရှေ့ကို ပြန်လှည့်သွားပြီး ရှေ့မှအခြေအနေကို ဆက်လက် စောင့်ကြည့်နေခဲ့သည်။

ရှေ့က တိုက်ပွဲက နီးလာသလို အနောက်ဘက်ကလည်း မငြိမ်တော့ဘူး။ ကောကျင့်ယွင်က မြေပြင်မြေပုံကို သူ့အင်္ကျီလက်ထဲကို ထည့်လိုက်ပြီး နောက်ဆုံးတော့ သူ့နောက်က သူရွေးထားတဲ့ ရာနဲ့ချီတဲ့ တပ်သားတွေကို "ခေါင်းဆောင်ရဲ့ တပ်ဖြန့်မှုအရ ငါတို့က သုံးယောက် အဖွဲ့ဖွဲ့မယ်။ အခန်းထဲက အခြေအနေကို သိအောင်လုပ်ရမယ်၊ အစောင့်တွေနဲ့ တွေ့ရင် ပုံးကွယ်ဖို့ လိုအပ်ပြီး အမြန်လုပ်ဆောင်ဖို့လည်း လိုအပ်တယ်။ သစ်သားသေတ္တာကို တွေ့သည်ဖြစ်စေ မတွေ့သည်ဖြစ်စေ ချက်ခြင်း ပြန်ထွက်လာရမယ်။ နားလည်ကြလား?"

"နားလည်ပါတယ်"

မှောင်မိုက်သောညတွင်၊ ပေါ့ပါးသွက်လက်သောပုံရိပ်များက စခန်းအနောက်ဘက် လမ်းကြောင်းအသီးသီးမှ စခန်းထဲသို့ လျင်မြန်စွာ ဝင်ရောက်လာကြသည်။

ကောကျင့်ယွင်က စစ်သည်နှစ်ယောက်နှင့်အတူ ပင်အခန်းနှင့် အနီးဆုံး အန္တရာယ်အရှိဆုံးအခန်းများဆီသို့ ရွေ့လျားသွားခဲ့သည်။ လမ်းတစ်လျှောက်တွင် သူ့နောက်မှ ပုံမှန်မဟုတ်သောအသံအချို့ကို ခံစားလိုက်ရပြီး နောက်ကို လှည့်ကြည့်လိုက်ရာ နက်ပြာရောင်ဝတ်စုံဝတ်ထားသော အမျိုးသား အများအပြားကို တွေ့လိုက်ရသည်။ သူတို့က အချင်းချင်း ရဲရင့်စွာ ကြည့်နေပြီး သက်ဆိုင်ရာ စစ်သူကြီးများက တယောက်နဲ့တယောက်တွေ့ရင် ဘာလုပ်ရမယ်ဆိုတာ မပြောထားခဲ့ပေ။ ထိုကြောင့် သီးခြားအခန်းတွေမှာ ခဏလောက် ရင်ဆိုင်ပြီး နောက်ဆုံးတော့ ကောကျင့်ယွင်က တိုးတိုးလေးပြောလိုက်သည်။

"သွားကြစို့"

သူတို့ရဲ့ အရေးကြီးဆုံးအလုပ်က သစ်သားသေတ္တာကို ရှာဖို့ပါ။

❤️❤️❤️Thank you so much for your lovely supports❤️❤️❤️


အခန္း ၇ ညဘက္စီးနင္းတိုက္ခိုက္မႈႏွင့္ ကာကြယ္ေရး (အပိုင္း ၂)

ယိုရွီအခ်ိန္... (ညေန ၅ နာရီမွ ၇ နာရီ)

အေနာက္ဘက္ဆင္ေျခဖုံး တပ္စခန္းႏွင့္ ငါးက်န္းအကြာတြင္ တဲငယ္တစ္လုံးရွိေနၿပီး တဲအတြင္းမွ ေက်ာက္စားပြဲငယ္တစ္ခုေပၚတြင္ ေျမပုံတစ္ခု ျဖန႔္ခင္းထားသည္။ ပုံဆြဲထားသည္မွာ အလ်င္လိုေနပုံရၿပီး သပ္သပ္ရပ္ရပ္ မရွိေသာ္လည္း အလြန္အေသးစိတ္က်ကာ အဓိကတည္ေဆာက္ပုံကို ရွင္းရွင္းလင္းလင္း ျမင္ႏိုင္သည္။

ကုယြင္က အလယ္မွာ ရပ္ေနၿပီး ညာဘက္မွာ ရပ္ေနတဲ့ ေကာက်င့္ယြင္က ပုံ၏အစြန္းကို လက္ညႇိဳးထိုးျပေနကာ "စခန္းအျပင္ဘက္ တစ္က်န္းအကြာမွာ ေနရာလြတ္တစ္ခုရွိတယ္၊ ၿပီးေတာ့ တစ္က်န္းေက်ာ္သြားရင္ သစ္ပင္ေတြနဲ႔ ခ်ဳံပုတ္ေတြရွိတယ္။ ကြၽန္ေတာ္တို႔တပ္ေတြက အဲ့ေနရာမွာ ပုန္းေအာင္းေနႏိုင္တယ္၊ အဲဒါက စခန္းနဲ႔ အနီးဆုံးျဖစ္ၿပီး သစ္ပင္ေတြအထူထပ္ဆုံးေနရာပဲ၊ ဒါေၾကာင့္ သူတို႔က လြယ္လြယ္နဲ႔ ရွာေတြ႕မွာ မဟုတ္ဘူး"

ကုယြင္က ေခါင္းညိတ္ျပၿပီး ေကာက်င့္ယြင္က ပုံေပၚရွိ လူထူထပ္ေသာ ဗဟိုဧရိယာကို ဆက္လက္ၫႊန္ျပလိုက္ၿပီး "စခန္းထဲမွာ အခန္းေပါင္း ေျခာက္ဆယ့္ခုနစ္ခန္း ရွိၿပီး အမ်ားစုကေတာ့ စခန္းရဲ႕ အေနာက္ဘက္မွာ စုစည္းတည္ရွိေနတာပါ။ အဓိကအားျဖင့္ ပင္မစခန္းသုံးခုရွိၿပီး ေဘးဘက္ခန္းမတစ္ခု၊ စာဖတ္ခန္းႏွစ္ခန္းနဲ႔ တံခါးအေနာက္မွာ စစ္သည္ေတြ အနားယူဖို႔ အခန္းငယ္ေလးေတြ ရွိတယ္။ စခန္းအတြင္း တပ္ျဖန႔္ထားပုံနဲ႔ ပတ္သတ္ၿပီးေျပာရရင္ တပ္ဖြဲ႕ဝင္အင္အား ၃၀၀ ခန႔္က ဂိတ္တံခါးကို ေစာင့္ၾကပ္ေနတယ္၊ တံတိုင္းႀကီးေတြရဲ႕ တစ္ဖက္စီမွာလည္း ေလး၊ ျမႇားေတြကိုင္ထားတဲ့ လူတစ္ရာေက်ာ္က တံတိုင္းေတြကို ကာကြယ္ေနတယ္။ စခန္းတစ္ခုလုံးမွာ စစ္သည္ေတြ အနားယူတဲ့ ဝင္းအနီးက ၿခံဝင္းေတြကိုေတာ့ အနည္းငယ္ လစ္လ်ဴရႈထားတယ္။ အဲ့ေနရာေတြကေန ခိုးဝင္ရင္ ျဖစ္ႏိုင္တယ္။ ဒါေပမယ့္ အခန္းေတြ အမ်ားစုက စခန္းအေနာက္ဘက္မွာရွိတယ္၊ အဲ့ေနရာေတြကိုလည္း တင္းတင္းၾကပ္ၾကပ္ ေစာင့္ၾကပ္ေနတဲ့ စစ္သည္ေတြ ရွိေနတယ္။ အေမြးတိုင္တတက္ ကုန္စာေလာက္တိုင္းလိုလိုမွာ ကင္းလွည့္ေနတဲ့ အဖြဲ႕တစ္ဖြဲ႕ရွိတယ္၊ အဲ့တာေၾကာင့္ သစ္သားေသတၱာကို ရွာဖို႔က သိပ္ေတာ့ မလြယ္ေလာက္ဘူး"

ေကာက်င့္ယြင္က အခန္းမ်ား စုေဝးရာေနရာကို စက္ဝိုင္းပုံဆြဲထပ္ဆြဲလိုက္ၿပီး "သစ္သားေသတၱာက ဒီေနရာတစ္ဝိုက္မွာ ရွိႏိုင္တယ္လို႔ ကြၽန္ေတာ္ ထင္တယ္"

ကုယြင္က တစ္ခ်က္ထပ္ၾကည့္လိုက္ၿပီးေနာက္ စခန္း၏အေျခခံဖြဲ႕စည္းပုံကို သူမစိတ္ထဲတြင္ မွတ္မိေနၿပီျဖစ္သည္။ သူမက ေျမပုံကို ေခါက္ကာ ေကာက်င့္ယြင္ကို လွမ္းေပးလိုက္ၿပီး "မင္းရဲ႕စစ္သည္ေတြကို ဒီေျမမ်က္ႏွာသြင္ျပင္ေျမပုံကို အလြတ္က်က္ခိုင္းထား။ မင္းရဲ႕ေျမပုံ မပါရင္ေတာင္ သူတို႔က ေျမျပင္အေနအထားကို ကြၽမ္းက်င္ေနရမယ္"

သူ႔တို႔က ဒီေနရာရဲ႕​ေျမျပင္အေနအထား​ကို သူတို႔လက္ေတြ႕ရဲ႕ေနာက္ေက်ာဘက္ေတြလို ရင္းႏွီးေနဖို႔လိုတယ္။

"ဟုတ္ကဲ့" ေကာက်င့္ယြင္က ယာယီတဲထဲကေန ထြက္သြားၿပီး ကုယြင္က လမ္ေရွာင္းကို ၾကည့္လိုက္ကာ "မင္းရဲ႕လက္နက္ေတြကို ဘယ္လိုျပင္ဆင္ေနလဲ"

လမ္ေရွာင္းက "ဒိုင္းသုံးရာနဲ႔ ျမႇားငါးေထာင္ကို ျပင္ဆင္ထားၿပီးပါၿပီ။ ၿပီးေတာ့ ေခါင္းေဆာင္လိုခ်င္တဲ့ပစၥည္းေတြကိုလည္း ျပင္ဆင္ထားၿပီးပါၿပီ"

ကုယြင္က ေက်နပ္စြာ ေခါင္းညိတ္ျပလိုက္ၿပီး ေကာင္းကင္ကို ေမာ့ၾကည့္လိုက္ေတာ့ ေကာင္းကင္က မီးခိုးေရာင္ျဖစ္ေနၿပီျဖစ္သည္။ ကုယြင္က "လူတိုင္း ျပင္ဆင္ၿပီးၿပီဆိုရင္ အေမႊးတိုင္တစ္ေခ်ာင္းကုန္စာၿပီးရင္ စထြက္ၾကမယ္"

"ဟုတ္ကဲ့!" ေနာက္ထပ္ ညီၫြတ္ၿပီး ႀကီးက်ယ္ခမ္းနားတဲ့ အေျဖတစ္ခုက ဒီလူငယ္အဖြဲ႕ရဲ႕ စိတ္ဓာတ္က ျမင့္မားၿပီး ယုံၾကည္မႈအျပည့္ရွိေၾကာင္း ျပသေနေပမယ့္...

ေကာက္႐ိုးပုံထဲတြင္ ႏွစ္ရွီးခ်န္ၾကာေအာင္ လွဲေလ်ာင္းေနၿပီးေနာက္တြင္ သူတို႔၏ျမင့္မားေနေသာ တိုက္ခိုက္ေရးစိတ္ဓာတ္မ်ားက ဂနာမၿငိမ္ျခင္းဆီသို႔ ကူးေျပာင္းလာၿပီး အလြယ္တကူ တုန္လႈပ္ေခ်ာက္ခ်ားႏိုင္သည့္အေျခအေနသို႔ ခ်ဥ္းကပ္လာသည္။ ကုယြင္က စကားတစ္ခြန္းမွ မေျပာသလို၊ တျခားအမိန႔္ေတြလည္း မေပးဘဲ၊ သူတို႔ကို ဒီအတိုင္း ေနခိုင္းထားခဲ့သည္။ သူတို႔က သူတို႔ရဲ႕ကိုယ္ခံအားအတြက္ ေလ့က်င့္မႈေတြကိုသာ မလုပ္ခဲ့ရဘူးဆိုရင္ သူတို႔ သည္းမခံႏိုင္တာ ၾကာေလာက္ၿပီပင္။

သူ႔ပတ္ဝန္းက်င္က စစ္သည္ေတြက မတည္မၿငိမ္ျဖစ္တာကို ျမင္ေတာ့ ေကာက်င့္ယြင္က ကုယြင္အနားကို ညင္သာစြာ တြားသြားလိုက္ၿပီး "ေခါင္းေဆာင္ အခု ဘာဆက္လုပ္မွာလဲ"

သူတို႔ စိတ္မရွည္မႈႏွင့္ ယွဥ္ရင္ ကုယြင္က သူမပတ္ဝန္းက်င္မွ အရာခပ္သိမ္းကို သူမ၏စူးရွေသာ မ်က္လုံးမ်ားျဖင့္ တစ္ခ်က္ၾကည့္လိုက္ၿပီး ေအးစက္စက္နဲ႔ စကားတစ္ခြန္း ေျပာလိုက္သည္။ "ခဏေစာင့္ဦး"

ေစာင့္ရမွာလား? ဘာကို ေစာင့္ရမွာလဲ? ေကာက်င့္ယြင္က စိတ္ရႈပ္ေထြးေနၿပီး ကုယြင္က အေဝးကို စိုက္ၾကည့္ေနေသာ သူမ၏မ်က္လုံးမ်ားကို အနည္းငယ္ ေမွးက်ဥ္းလိုက္ၿပီး ထပ္ေျပာလိုက္သည္။ "စုယြိ လာတာ ေစာင့္မယ္"

သူက အျခားအရာေတြကို နားလည္ႏိုင္တယ္၊ ဒါေပမယ့္ ဘာလို႔ စစ္သူႀကီးစုကို ေစာင့္ရမွာလဲ??

ေကာက်င့္ယြင္ တစ္ခုခုကို ေတြးေနပုံနဲ႔ "ညတိုက္ခိုက္မႈအတြက္ အခ်ိန္ကန႔္သတ္ခ်က္က သုံးရက္ေလ။ သူ ဒီည ေသခ်ာေပါက္ လာမယ္ဆိုတာ ဘယ္လို ေသခ်ာႏိုင္မွာလဲ။ အခုက ညသန္းေခါင္ေက်ာ္ေနၿပီ။ သူလာမယ္ဆိုရင္ရင္ေတာင္ ကြၽန္ေတာ္တို႔က အရင္တိုက္ၿပီး လက္ဦးမႈ မယူသင့္ဘူးလား"

"မင္း ေျပာတာ မဟုတ္ေသးဘူး၊ ငါတို႔မွာ လူငါးရာပဲရွိတယ္၊ လူတစ္ေထာင္ကို ဘယ္လိုတိုက္မလဲ၊ စုယြိရဲ႕လူငါးရာကို ငါတို႔ ေစာင့္သင့္တယ္"

အေဝးက ျမက္ပင္ေတြရဲ႕ အနည္းငယ္လႈပ္ခါမႈက ကုယြင္ရဲ႕အာ႐ုံကို ဆြဲေဆာင္လိုက္သည္။

ငါ ေစာင့္ေနတဲ့လူက ေရာက္လာပုံရတယ္။

လမ္ေရွာင္းက ႐ုတ္​တရက္​ ​ေရွ႕ထြက္​လာၿပီး "ေခါင္းေဆာင္က သူနဲ႔ မဟာမိတ္​ဖြဲ႕ခ်င္တာ​လား"

မဟာမိတ္? အဲဒါကို အခြင့္ေကာင္းယူတယ္လို႔ ေျပာရင္ ပိုမွန္မယ္။ ကုယြင္က ရွက္႐ြံ႕စြာ ၿပဳံးၿပီး "အင္း၊ တူညီလုနီးပါးေပါ့"

ေကာက်င့္ယြင္ "ကြၽန္ေတာ္တို႔က သူနဲ႔ ၿပိဳင္ေနတာ မဟုတ္ဘူးလား၊ ကြၽန္ေတာ္တို႔က သူနဲ႔ ဘယ္လို မဟာမိတ္ဖြဲ႕ႏိုင္မွာလဲ"

ဒီညတိုက္ခိုက္မႈက ဘယ္သူရဲ႕ ေလ့က်င့္ေရးစြမ္းရည္ ပိုေကာင္းလဲဆိုတာ စမ္းသပ္ဖို႔ပဲ မဟုတ္ဘူးလား?? မဟာမိတ္ဖြဲလိုက္ရင္ ဘယ္လို ႏႈိင္းယွဥ္ေတာ့မွာလဲ??

ကုယြင္က သူမ၏ေအးစက္စက္မ်က္လုံးမ်ားကို ေမွးက်ဥ္းလိုက္ၿပီး ေကာက်င့္ယြင္ႏွင့္ လမ္ေရွာင္းကို ၾကည့္လိုက္သည္။ သူမ၏ေအးစက္စက္ အသံက တိုးေနေပမယ့္ ရွင္းလင္းေနကာ "စစ္ေျမျပင္မွာ အၿမဲတမ္းရန္သူ ဒါမွမဟုတ္ အၿမဲတမ္း သူငယ္ခ်င္းဆိုတာ ဘယ္ေတာ့မွ မရွိပါဘူး။ ငါတို႔လုပ္သမွ်အရာအားလုံးက ရည္႐ြယ္ခ်က္တစ္ခု၊ ပန္းတိုင္တစ္ခုပဲ ရွိတယ္၊ အဲ့တာက ေအာင္ျမင္ဖို႔ပဲ"

ရည္မွန္းခ်က္က တာဝန္ကို ၿပီးေအာင္လုပ္ဖို႔ပဲေလ။ အျခားအရာေတြ အားလုံးကေတာ့ ယွဥ္ၿပိဳင္ရန္ အဓိပၸါယ္တစ္ခုသာျဖစ္တယ္၊ အတိအက် လုပ္ရမယ္ဆိုတာမ်ိဳးက ဘာလဲ?

လမ္ေရွာင္းႏွင့္ေကာက်င့္ယြင္က တစ္ေယာက္ကို တစ္ေယာက္ၾကည့္ေနၾကၿပီး ထိုစကားမ်ားက သူတို႔၏ႏွလုံးသားထဲသို႔ ျဖည္းညႇင္းစြာ တိုးဝင္ေနၿပီး သူတို႔စိတ္ေတြက တည္ၿငိမ္လာသည္။

မလွမ္းမကမ္း အကြာအေဝးမွ ေတာက္ပေနေသာမီးေရာင္မ်ားက ၿမိဳ႕ေစာင့္တပ္သားမ်ား၏ အာ႐ုံကို ေအာင္ျမင္စြာ စြဲေဆာင္ႏိုင္ခဲ့သည္။ ကုယြင္က ေအးေအးသက္သာ ၿပဳံးလိုက္သည္။

သူ ေရာက္လာၿပီဆိုမွေတာ့ ကစားပြဲကို စလိုက္ၾကတာေပါ့...

ကုယြင္၏အၾကည့္ေနာက္ကို လိုက္ၾကည့္ေနေသာ လမ္ေရွာင္းႏွင့္ေကာက်င့္ယြင္တို႔လည္း အေဝးမွ မီးေရာင္ကို ျမင္လိုက္ၾကရၿပီး တခ်က္ေလာက္ စူးစမ္းၾကည့္လိုက္တဲ့အခါမွာေတာ့ တညီတၫြတ္တည္း ေရွ႕ကို ခ်ီတက္ေနတဲ့ စစ္သည္တန္းေတြကို ျမင္လိုက္ရသည္။ တပ္စုတပ္သားေတြက သုံးတန္းျခားၿပီး တညီတၫြတ္တည္း ခ်ီတက္ေနၾကကာ မီးရႉးတိုင္ေတြကို ကိုင္ေဆာင္ထားၿပီး အေဝးကေန လွမ္းၾကည့္လိုက္ရင္ မီးေတြက ေကာင္းကင္အထိ တဟုန္းဟုန္း ေတာက္ပေနသလို ထင္ေနရသည္။ နက္ျပာေရာင္အရိပ္ကေလးေတြက ျမင့္မားတဲ့ စိတ္ဓာတ္အတူ အရွိန္အဟုန္ျပင္းၿပီး သပ္ရပ္တဲ့ ေျခလွမ္းေတြနဲ႔ ေလွ်ာက္လွမ္းေနၾကသည္။ ၾကည့္ရတာကေတာ့ အေတာ္ေလးကို အဟန႔္ေကာင္းေနၿပီး နည္းနည္းေတာ့ ရွိန္ဖို႔ေကာင္းေနသည္။

အဖြဲ႕ႏွစ္ဖြဲ႕ကို ခြဲျခားသိျမင္ႏိုင္ရန္ ကုယြင္၏အႀကံျပဳခ်က္အရ သူမ၏အဖြဲ႕အားလုံးက အနက္ေရာင္အဝတ္အစားမ်ား ဝတ္ဆင္ၾကၿပီး စုယြိ၏အဖြဲ႕အားလုံးက နက္ျပာေရာင္အဝတ္အစားမ်ားကို ဝတ္ဆင္ထားၾကသည္။ ကံမေကာင္းစြာနဲ႔ပဲ၊ ညနက္သန္းေခါင္အခ်ိန္တြင္ ၎တို႔က အလြန္ဆင္တူေနၿပီး မီးရႉးမီးတိုင္ေအာက္မွာေတာင္ ရွင္းရွင္းလင္းလင္း ခြဲျခားႏိုင္ဖို႔ မလြယ္ကူေပ။

အဖြဲ႕တစ္ဖြဲ႕က တျဖည္းျဖည္း ခ်ဥ္းကပ္လာေသာအခါတြင္ စခန္း၏ေမွ်ာ္စင္ေပၚမွ အေစာင့္မ်ားက ေလးျမႇားမ်ားအျပည့္ျဖင့္ လ်င္ျမန္စြာ လႈပ္ရွားလာၾကသည္။ ေလးႀကိဳးကိုေနာက္သို႔ ျပည့္ဆြဲထားေသာ ‌ေလးသည္ေတာ္မ်ားက ေအာက္သို႔ တည့္တည့္ ခ်ိန္႐ြယ္ထားသည္။ ေျခတစ္လွမ္း လွမ္းဝံ့ပါက ပ်ားလပို႔ကဲ့သို႔ ျဖစ္သြားေအာင္ ပစ္သတ္ခံရမည္ ျဖစ္သည္။

ထိုအဖြဲ႕က ၿမိဳ႕ေမွ်ာ္စင္မွ ေပသုံးဆယ္အကြာတြင္ ရပ္တန႔္ေနၿပီး ေရွ႕သို႔ ေျခတစ္လွမ္းမွ မေ႐ြ႕သလို ေနာက္လည္း မဆုတ္ဘဲ ေမွ်ာ္စင္ေပၚမွ အေစာင့္မ်ားႏွင့္ ေရွ႕မတိုးသာ ေနာက္မဆုတ္သာ ရင္ဆိုင္ေနခဲ့သည္။

ကုယြင္က ဂ႐ုတစိုက္ၾကည့္ေနတဲ့ ေကာက်င့္ယြင္ကို အၿပဳံးေလးနဲ႔ ခပ္ဖြဖြ႐ိုက္လိုက္ၿပီး "အခု ထိၾကည့္ေနတုန္းဘဲလား! အခုန မင္း အရမ္း လႈပ္ရွားခ်င္ေနတာ မဟုတ္ဘူးလား?! အခု အလုပ္လုပ္ခ်ိန္ ေရာက္ၿပီ! မင္းရဲ႕ စစ္သားေတြထဲက ညဘက္ျမင္ကြင္းကို ေကာင္းေကာင္းျမင္ႏိုင္တဲ့ လူေတြကို သုံးေယာက္တစ္ဖြဲ႕ဖြဲ႕ၿပီး ေခၚသြား၊ တစ္ဖြဲ႕ခ်င္းရဲ႕တာဝန္က အခန္းတစ္ခုခ်င္းဆီကို အာ႐ုံစိုက္ရွာေဖြဖို႔ ျပတ္သားတဲ့ ပန္းတိုင္ရွိရမယ္။ သစ္သားေသတၱာကိုေတြ႕ရင္ ထုတ္ယူလာခဲ့။ သစ္သားေသတၱာကို မေတြ႕ရင္ ခ်က္ခ်င္း ျပန္လာၿပီး ခ်က္ခ်င္း သတင္းပို႔ရမယ္"

စခန္းအေနာက္ဘက္တြင္ အခန္းေျခာက္ဆယ္ခန႔္ရွိၿပီး တစ္ဖြဲ႕လွ်င္ လူသုံးေယာက္လိုသည္။ တစ္ႀကိမ္လွ်င္ လူႏွစ္ရာနီးပါးရွိသည္ဟု ဆိုလိုသည္။ လမ္ေရွာင္းက အနည္းငယ္ မ်က္ေမွာင္ၾကဳတ္လိုက္ၿပီး "လူေတြအမ်ားႀကီး ခ်က္ျခင္း ဝင္သြားရင္ ရန္သူကို သတိေပးသလို ျဖစ္သြားမွာ မဟုတ္ဘူးလား"

ကုယြင္က ရယ္ေမာေနရင္း ေခါင္းယမ္းကာ ေမွ်ာ္စင္ေရွ႕က လူတစ္စုကို လက္ညႇိဳးထိုးျပလိုက္သည္။ "ျမက္ကို႐ိုက္ၿပီး ေႁမြကို ထိတ္လန႔္ေစတဲ့ကိစၥကို စုယြိက လုပ္ၿပီးသြားၿပီ။ သူက ဒီလွည့္ကြက္ကို အခု သုံးေနတာ။ စစ္တပ္ရဲ႕ အစိတ္အပိုင္း အမ်ားအျပားကို ခ်ဳပ္ကိုင္ထားဖို႔ သူလည္း ေသခ်ာေပါက္ လုပ္မွာေပါ့။ ေနာက္ၿပီး သစ္သားေသတၱာကို ခိုးယူဖို႔ အေနာက္ဘက္ကို ခိုးဝင္ဖို႔ လူေတြကို ေစလႊတ္ထားလိမ့္မယ္။ ဒါက လူတိုင္းသိတဲ့ အရာတစ္ခုပဲ။ စုရန္ကလည္း အဲ့အတြက္ ႀကိဳတင္ျပင္ဆင္ထားလိုက္မယ္၊ ငါတို႔ရဲ႕ပထမဆုံးတာဝန္က သစ္သားေသတၱာရဲ႕ တည္ေနရာအမွန္ကို တတ္ႏိုင္သမွ် အျမန္ရွာေဖြဖို႔ဘဲ၊ အဲ့အတြက္ လူအင္အား ဘယ္ေလာက္သုံးရ သုံးရ အေရးမႀကီးဘူး။ အရွိန္ျမန္မွ ျဖစ္မယ္!"

"ဟုတ္ကဲ့" ေကာက်င့္ယြင္က အားတက္သေရာ ေခါင္းညိတ္ျပလိုက္ၿပီး မတ္တပ္ထရပ္ကာ ယုံၾကည္မႈအျပည့္နဲ႔ ထြက္သြားခဲ့သည္။

ေကာက်င့္ယြင္ရဲ႕ စိတ္လႈပ္ရွားၿပီး စိတ္အားထက္သန္တဲ့ ေက်ာျပင္ကို ၾကည့္ေနရင္း လမ္ေရွာင္းကလည္း ႀကိဳးစားခ်င္စိတ္ ျပင္းျပေနခဲ့သည္။ ေနာက္ဆုံးေတာ့ သူတို႔က စုမိသားစုစစ္တပ္ရဲ႕ ထိပ္တန္းအရာရွိေတြနဲ႔ ၿပိဳင္ဆိုင္ေနရတာေလ။ သူ႔ရင္ထဲမွာေတာ့ ဒါက သူတို႔ တစ္သက္လုံး ဘယ္ေတာ့မွ မရႏိုင္တဲ့ အခြင့္အေရးေကာင္းတစ္ခုပါပဲ။

ႏူးညံ့ေသာလက္တစ္စုံက သူ႔ပခုံးကို ညင္သာစြာ ပုတ္လာတာေၾကာင့္ လမ္ေရွာင္းက သူ႔အာ႐ုံမ်ားဆီျပန္ေရာက္လာၿပီး ကုယြင္၏မ်က္လုံးမ်ားက အနည္းငယ္ မွိတ္တုတ္မွိတ္တုတ္ ျဖစ္ေနၿပီး သူမက အၿပဳံးတစ္တဝက္နဲ႔ ေျပာလာသည္။ "စိတ္ရွည္စမ္းပါ၊ ဒါက အျပင္ထြက္ၿပီး ကစားရမယ့္အခ်ိန္ မဟုတ္ေသးဘူး"

သူမက ဘာကိုဆိုလိုတာလဲ... လမ္ေရွာင္းက မ်က္ေမွာင္ၾကဳတ္ၿပီး ျပင္းျပင္းထန္ထန္ ေတြးလိုက္မိသည္။ ေခါင္းေဆာင္က စိတ္ေအးလက္ေအး ျဖစ္ေနပုံတယ္! သူမလက္ထဲမွာ အႏိုင္ကဒ္ရွိေနပုံပဲ၊ သူမက အတိအက် ဘာကိုစီစဥ္ခ်င္ေနတာလဲ??

လမ္ေရွာင္း ေတြးေနတုန္းမွာပဲ ေမွ်ာ္စင္ေရွ႕မွာ မလႈပ္မယွက္ ရပ္ေနတဲ့ ပုံရိပ္ေတြက အရွိန္အဟုန္ျပင္းစြာနဲ႔ ေရွ႕ကို ေ႐ြ႕လ်ားသြားၿပီး တစ္ခ်ိန္တည္းမွာပဲ သူတို႔၏ဖြဲ႕စည္းပုံကလည္း ေျပာင္းလဲသြားခဲ့သည္။ မီးရႉးတိုင္မ်ားကို ကိုင္ေဆာင္ထားေသာ စစ္သည္မ်ားအားလုံးက ေၾကးဒိုင္းမ်ားကို ဦးေခါင္းထက္တြင္ ျမင့္တင္ကာ အဖြဲ႕ေနာက္သို႔ ဆုတ္ခြာသြားၾကသည္။ ကုယြင္က ထိတ္လန႔္တုန္လႈပ္သြားၿပီး သက္ျပင္းမခ်ဘဲ မေနႏိုင္ေပ။ သူတို႔က အခ်ိန္တိုအတြင္း အသြင္သ႑ာန္ကို ေျပာင္းလဲလိုက္သည္။ လူရာေပါင္းမ်ားစြာ၏ ဖြဲ႕စည္းမႈက တစ္ေယာက္တည္း လႈပ္ရွားေနသလိုျဖစ္ေနၿပီး ဒိုင္းမ်ား၊ ေလးမ်ားႏွင့္ျမႇားမ်ားက ထိုးစစ္ႏွင့္ခံစစ္တြင္ တစ္သားတည္း ပူးေပါင္းေဆာင္႐ြက္ေနၾကသည္။ စုယြိက အေစာင့္မ်ား၏ အာ႐ုံကို လႊဲခ်င္တာဆိုလွ်င္ လုံေလာက္ေနၿပီ ျဖစ္ၿပီး သူတို႔က ၾကာရွည္ ေတာင့္ခံႏိုင္မည့္ပုံရသည္။

ကုယြင္က ေနာက္ျပန္လွည့္ၿပီး ျမက္ခင္းျပင္မွာ လဲေလ်ာင္းေနတဲ့ သူမေနာက္မွ စစ္သည္ေတြကို ၾကည့္လိုက္ကာ "သူမ်ားေတြစခန္းကို ဘယ္လိုတိုက္ခိုက္သလဲဆိုတာကို ေကာင္းေကာင္းၾကည့္ထား။ မင္းတို႔ရဲ႕ ၿပိဳင္ဘက္ေတြကို ဘယ္ေတာ့မွ ေလွ်ာ့မတြက္နဲ႔။ မင္းတို႔က သူတို႔ရဲ႕ အားသာခ်က္ကိုလည္း သိေနရမယ္။ သူတို႔ဆီကေန သင္ယူထား။ ၿပီးေတာ့ ျပန္တိုက္ခိုက္ဖို႔ သူတို႔ရဲ႕အားနည္းခ်က္ကို ရွာတက္ရမယ္"

ဤအခ်ိန္တြင္ က်ယ္ေလာင္စြာ မေျဖႏိုင္ေသာ စစ္သည္မ်ားက သူ႔တို႔၏ ခႏၶာကိုယ္ကို အျမန္တည့္မတ္ကာ မ်က္ေတာင္မခတ္ဘဲ ေရွ႕တည့္တည့္ကိုသာ စိုက္ၾကည့္ႏိုင္ခဲ့သည္။ ေနာက္ဆုံးတြင္ ကုယြင္က ေက်နပ္စြာနဲ႔ ေရွ႕ကို ျပန္လွည့္သြားၿပီး ေရွ႕မွအေျခအေနကို ဆက္လက္ ေစာင့္ၾကည့္ေနခဲ့သည္။

ေရွ႕က တိုက္ပြဲက နီးလာသလို အေနာက္ဘက္ကလည္း မၿငိမ္ေတာ့ဘူး။ ေကာက်င့္ယြင္က ေျမျပင္ေျမပုံကို သူ႔အက်ႌလက္ထဲကို ထည့္လိုက္ၿပီး ေနာက္ဆုံးေတာ့ သူ႔ေနာက္က သူေ႐ြးထားတဲ့ ရာနဲ႔ခ်ီတဲ့ တပ္သားေတြကို "ေခါင္းေဆာင္ရဲ႕ တပ္ျဖန႔္မႈအရ ငါတို႔က သုံးေယာက္ အဖြဲ႕ဖြဲ႕မယ္။ အခန္းထဲက အေျခအေနကို သိေအာင္လုပ္ရမယ္၊ အေစာင့္ေတြနဲ႔ ေတြ႕ရင္ ပုံးကြယ္ဖို႔ လိုအပ္ၿပီး အျမန္လုပ္ေဆာင္ဖို႔လည္း လိုအပ္တယ္။ သစ္သားေသတၱာကို ေတြ႕သည္ျဖစ္ေစ မေတြ႕သည္ျဖစ္ေစ ခ်က္ျခင္း ျပန္ထြက္လာရမယ္။ နားလည္ၾကလား?"

"နားလည္ပါတယ္"

ေမွာင္မိုက္ေသာညတြင္၊ ေပါ့ပါးသြက္လက္ေသာပုံရိပ္မ်ားက စခန္းအေနာက္ဘက္ လမ္းေၾကာင္းအသီးသီးမွ စခန္းထဲသို႔ လ်င္ျမန္စြာ ဝင္ေရာက္လာၾကသည္။

ေကာက်င့္ယြင္က စစ္သည္ႏွစ္ေယာက္ႏွင့္အတူ ပင္အခန္းႏွင့္ အနီးဆုံး အႏၲရာယ္အရွိဆုံးအခန္းမ်ားဆီသို႔ ေ႐ြ႕လ်ားသြားခဲ့သည္။ လမ္းတစ္ေလွ်ာက္တြင္ သူ႔ေနာက္မွ ပုံမွန္မဟုတ္ေသာအသံအခ်ိဳ႕ကို ခံစားလိုက္ရၿပီး ေနာက္ကို လွည့္ၾကည့္လိုက္ရာ နက္ျပာေရာင္ဝတ္စုံဝတ္ထားေသာ အမ်ိဳးသား အမ်ားအျပားကို ေတြ႕လိုက္ရသည္။ သူတို႔က အခ်င္းခ်င္း ရဲရင့္စြာ ၾကည့္ေနၿပီး သက္ဆိုင္ရာ စစ္သူႀကီးမ်ားက တေယာက္နဲ႔တေယာက္ေတြ႕ရင္ ဘာလုပ္ရမယ္ဆိုတာ မေျပာထားခဲ့ေပ။ ထိုေၾကာင့္ သီးျခားအခန္းေတြမွာ ခဏေလာက္ ရင္ဆိုင္ၿပီး ေနာက္ဆုံးေတာ့ ေကာက်င့္ယြင္က တိုးတိုးေလးေျပာလိုက္သည္။

"သြားၾကစို႔"

သူတို႔ရဲ႕ အေရးႀကီးဆုံးအလုပ္က သစ္သားေသတၱာကို ရွာဖို႔ပါ။

❤️❤️❤️Thank you so much for your lovely supports❤️❤️❤️

Continue Reading

You'll Also Like

233K 21.1K 73
Unicode Font Description စွဲမက်ဖွယ်ကောင်းပြီး ထူးချွန်သော အဆင့်(၁၈)ရှိသော မင်းသမီး Pei Yingသည် တကယ်တော့ သူမ၏ပထမဦးဆုံးအနမ်းကို မည်သူ့ကိုမှ မပေးရသေးသ...
631K 78.4K 199
Title-穿书后她成了万人迷 Original Author- Young Master Yan,公子衍 Language-chinese Status-535chapters& 23 extra chapter (ongoing) I do not own the whole story an...
156K 16.6K 128
Original Title - 回归的女神 English Title - Return of The Goddess Author - Butterfly's Shadow Beneath the Moon Yue Xia Die Ying 月下蝶影 Chapters -106(complet...
129K 15.6K 103
English Title - After transmigrating She became the mother of two Author - 攀枝花 All credits to Author and English translators I got from English Trans...