အမုန္းမွသည္...ခ်စ္ျခင္းဆီသို႔...

By MoeKyalPhyu14

149K 4.4K 272

မိဘတွေမတရားခံရမှုအတွက် ကလဲ့စားချေမယ့်ကောင်လေးတစ်ယောက် အမုန်းတရားတွေကနေလွတ်မြောက်နိုင်ပြီး ချစ်ခြင်းကိုရှာဖွေတ... More

🍂ဖတ္ေပးေစခ်င္🍂
💠Intro💠
🍁 Part 1🍁
🍁 Part 2🍁
🍁 Part 3🍁
🍁Part 4🍁
🍁 Part 5🍁
🍁Part 6🍁
🍁Part 7🍁
🍁Part 8🍁
🍁Part 9🍁
🍁Part 10🍁
🍁Part 11🍁
🍁Part 12🍁
🍁 Part 13🍁
🍁Part 14🍁
🍁Part 15🍁
🍁Part 16🍁
🍁Part 17🍁
🍁Part 18🍁
🍁Part 19🍁
🍁Part 20🍁
🍁Part 21🍁
🍁Part 22🍁
🍁Part 23🍁
🍁Part 24🍁
🍁Part 25🍁
🍁Part 26🍁
🍁Part 27🍁
🍁 Part 28🍁
🍁Part 29🍁
🍁Part 30🍁
🍁Part 31🍁
🍁Part 32🍁
🍁Part 33.2🍁
🍁Part 33.3🍁
🍁Part 34🍁
🍁Part 35🍁
🍁Part 36🍁
🍁Part 37🍁
🍁Part 38🍁
🍁Part 39🍁
🍁Part 40🍁
🍁Part 41🍁
🍁Part 42🍁
🍁Part 43🍁
🍁Part 44🍁
🍁Part 45🍁
🍁Part 46🍁
🍁Part 47🍁
🍁Part 48🍁
🍁Part 49🍁
🍁Part 50🍁
🍁Part 51🍁
🍁Part 52🍁
🍁Part 53🍁
🍁Part 54🍁
🍁Part 55🍁
🍁Part 56🍁
🍁Part 57🍁
🍁Part 58🍁
🍁Part 60🍁
🍁Part 59🍁
🍁Part 61🍁
🍁Part 62🍁
🍁Part 63🍁
🍁Part 64🍁
🍁Part 65🍁
🍁Part 66🍁
🍁Part 67🍁
🍁Part 68🍁
🍁Part 69🍁
🍁Part 70{Final}🍁

🍁Part 33🍁

1.3K 40 1
By MoeKyalPhyu14

[Unicode]

ခွန်းဆက် ခြံထဲက ဒန်းပေါ်တွင်ထိုင်ကာ နှင်းဆီပင်များကြား အလုပ်ရှုပ်နေသူကို မမှိတ်မသုန် စိုက်ကြည့်နေသည်။ ဒီနေ့ သူရော မာန်ရော ဘယ်မှမသွား။ ပိတ်ရက်ဖြစ်သည်က တစ်ကြောင်း၊ project အသစ်နဲ့ပတ်သက်ပြီး ခွန်းဆက်က သိပ်နားမလည်သည်ကြောင့် မာန်ကရှင်းပြရန် ရှိနေသောကြောင့် နှစ်ယောက်လုံး အိမ်၌သာ ရှိနေကြခြင်းဖြစ်သည်။

လွန်ခဲ့သည့် နာရီဝက်ကအထိ မာန်နဲ့သူ ဧည့်ခန်းက အလုပ်စားပွဲတွင် ခေါင်းချင်းဆိုင်နေခဲ့ကြသေးသည်။ ယခုတွင်တော့ မာန်က အသစ်ရောက်လာသော နှင်းဆီပင်များကို စိုက်ရန်ပြင်ဆင်နေခြင်းဖြစ်သည်။ ခွန်းဆက် မာန့်ကိုကြည့်ရင်း သူ့အတွေးတွေက လွန်ခဲ့သော မနစ်၃၀က အချိန်ကို ပြန်ရောက်ရှိသွားသည်။

လွန်ခဲ့သော မိနစ် ၃၀။

ခွန်းဆက်၏ project နဲ့ပတ်သက်ပြီး နားမလည်ဘူးဟူသော စကားကြောင့် မာန်နဲ့ ခွန်းဆက် ဧည့်ခန်းက စားပွဲတွင် ခေါင်းချင်းဆိုင်ကာ ရှိနေကြသည်။ အန်တီမိုးက အလုပ်လုပ်ရင်း စားရအောင်ဆိုပြီး ပန်းသစ်တော်နဲ့ နဂါးမောက်သီး လာချပေးသွားခဲ့သည်။ မာန်က project နဲ့ပတ်သက်ပြီး ခွန်းဆက်ကို အသေးစိတ်ရှင်းပြနေသည်။ သို့သော် ခွန်းဆက်ကတော့ မာန်ကြိုးစားပမ်းစား ရှင်းပြနေသည်ကို အာရုံမရှိ။ မာန့်မျက်နှာကိုသာ ပြုံးပြုံးကြီး ထိုင်ငေးနေသည်။ ထိုသည်ကို မာန် သတိထားမိသွားကာ လက်ထဲတွင် ကိုင်ထားသော ဘောပင်ဖြင့် ခွန်းဆက်နဖူးကို တောက်ချလိုက်သည်။

"ဘာကြည့်နေတာလဲ... ငါ့မျက်နှာမှာ project နဲ့ပတ်သက်ပြီး ဘာမှမရှိဘူး"

"ရှိသွားအောင် အဲ့စာရွက်တွေ မျက်နှာမှာကပ်ထားလိုက်ပါလား"

ကန့်လန့်ပြန်မပြောရလျှင် ခွန်းဆက်ရောင်နီ ဘယ်ဟုတ်ပါတော့မလဲလေ။

"ခွန်းဆက် ငါနောက်တစ်ခါ ထပ်မရှင်းပြဘူးနော်"

"မရှင်းပြလဲနေလေ...ကုမ္ပဏ်ီ ဒေဝါလီခံသွားရင် ခင်ဗျားလုပ်တာလို့ daddy ကိုပြောလိုက်မယ်"

"မင်း! "

"ဘာလဲ ဘာလဲ"

"တော်ပြီ သေချာနားထောင်... အစကနေပြန်ပြောပြမယ်"

မာန် သူ့ဘက်က တစ်ထစ်လျှော့ကာ ခွန်းဆက်ကိုပြောလိုက်သည်။ ထိုအခါ ခွန်းဆက်က အောင်နိုင်သူအပြုံးပြုံးကာ

"ခဏ နေမှ ထပ်ရှင်း... အခုအဲ့ရှေ့က ပန်းသစ်တော် တစ်စိတ်လောက်ယူပေး"

"မရဘူး အခုရှင်းမှာ"

"နားမထောင်ဘူး"

"ခွန်းဆက်ရောင်နီ!!!"

"အလင်္ကာမုန်းမာန်!!! "

မာန် ခွန်းဆက်ကိုခေါ်လိုက်တော့ သူ့လေသံနဲ့ တစ်ထပ်တည်းတူအောင် သူ့နာမည်အား ပြန်ခေါ်လာသော ခွန်းဆက်။

"မင်း!!! "

"ခင်ဗျား!!! "

"ဘယ်လိုဖြစ်နေတာလဲ"

"ဘယ်လိုဖြစ်နေလို့လဲ"

မာန် တစ်ဖြည်းဖြည်း သည်းခံနိုင်စွမ်းများ ကုန်လာပြီဖြစ်သည်။ ဒါခွန်းဆက် သူ့ကို တမင်သက်သက်ရစ်နေခြင်း ဖြစ်သည်။

"ငါဆွဲထိုးမှာနော် ခွန်းဆက်"

"အောင်မှာ ထိုးရဲထိုးကြည့်ပါလား... ကျွန်တော့်မှာလည်း လက်ပါ... "

'ခွပ်'

"အ! "

ခွန်းဆက် စကားပင်မဆုံးလိုက် သူ့ပါးပေါ်ကျရောက်လာသော လက်သီးချက်ကြောင့် ကြယ်တွေလတွေပင် မြင်သွားရသည်။

"မာန် ခင်ဗျား တကယ်ကြီးထိုးတယ်ပေါ့လေ... ကျွန်တော့် ပါးကို တကယ်ကြီး ထိုးချလိုက်တာပေါ့လေ...ခင်ဗျားတောင် တစ်ခါမှမနမ်းရသေးတဲ့ ကျွန်တော့်ပါး နုနုလေးကို တကယ်ကြီး ထိုးလိုက်တာပေါ့လေ"

ခွန်းဆက် မယုံနိုင်စွာ ပြောမိသည်။မာန် သူ့ပါးကို တကယ်ထိုးချလိုက်သည်ကို အခုချိန်ထိ မယုံကြည်နိုင်သေး။မလုပ်လောက်ဘူးထင်၍ ထိုင်စနေသော်လည်း မာန်ကတော့ တကယ်လုပ်သွားခဲ့သည်လေ။

"လူကကြည့်တော့ လက်တောက်လောက်လေးနဲ့... ကျွန်တော့်ကို ထိုးတယ်ပေါ့လေ"

အထိုးခံလိုက်ရသော သူ့ပါးသူ ကိုင်ကာ တတွက်တွက်ပြောနေသော ခွန်းဆက်ကို မာန် မျက်လုံးများမှေးကျဉ်းကာ စိုက်ကြည့်နေလိုက်သည်။

"ဘာလဲ... အထိုးခံရတာ ကျွန်တော်လေ... ဘာလို့လူကို တရားခံလို လာကြည့်နေတာလဲ"

တကယ်ပဲ အကောင်သေးလို့ညှာနေတာကို... ဆွဲဆက်လုပ်ပစ်ရင် တစ်စစီဖြစ်သွားမယ့် သူကများ.....

ခွန်းဆက် စိတ်ထဲ၌သာရေရွတ်မိသည်။ အပြင်မှာသာ ထုတ်ပြောလိုက်ရင် သူထပ်ပြီး အထိုးခံရနိုင်သည်လေ။

အလင်္ကာမုန်းမာန်...အလင်္ကာမုန်းမာန်...ခင်ဗျားကို ကျွန်တော်လုပ်မိတော့မယ် ဟင်းဟင်း.....

"အစ်ကိုလေး မာန်... နှင်းဆီပင်တွေလာပို့တယ်...ဘယ်မှာထားခိုင်းလိုက်ရမလဲဗျ"

အသံကြောင့် မာန်ရော ခွန်းဆက်ပါ အိမ်ရှေ့တံခါးဝသို့ လှမ်းကြည့်လိုက်သည်။ အန်တီမိုး၏သား ကိုအောင်က မာန့်ကို ကြည့်နေကာ အဖြေစကားကို စောင့်နေဟန်။

"အင်း... ကိုယ် လာခဲ့မယ်"

မာန်လည်း ကိုအောင်ကိုပြောရင်း ထိုင်ရာမှထကာ ခွန်းဆက်၏ခြေထောက်ကို အားဖြင့်နင်းကာ သွားသည်။

"အားးးးး မာန်!  ခင်ဗျား!! "

ခွန်းဆက် နာနေသည့်ခြေထောက်ကို ကိုင်ရင်း မာန့်ကိုလှမ်းအော်တော့သည်။ မာန်က တံခါးဝမှနေကာ ခွန်းဆက်ကို လျှာထုတ်ကာ ပြောင်ပြသွားသည်။

"တွေ့မယ်... ခင်ဗျားကို တစ်စစီလုပ်ပစ်မယ်! "

ခွန်းဆက် ထိုအကြောင်းများကို ပြန်တွေးမိတော့ နှုတ်ခမ်းထက် အပြုံးတို့ ဖြစ်တည်သွားရသည်။ တစ်ဖန် သစ်ရွက်များကြားမှ နေရောင်ပျပျလေး ကိုယ်ပေါ်ကျနေသော နှင်းဆီပင်တွေကြားထဲက သူလေးအားကြည့်မိတော့လည်း စနောက်ချင်သည့် စိတ်များဖြစ်ပေါ်လာရသည်။ ခွန်းဆက် မာန့်ကိုကြည့်ရင်း အကြံတစ်ခုရလာသည်မို့ အင်္ကျီအိတ်ထဲက ဖုန်းလေးအားထုတ်ကာ မာန့်ဘက်သို့ camera ချိန်လိုက်သည်။

"ဟေ့ မာန်... ဒီကိုကြည့်"

ခွန်းဆက် အသံကြောင့် မာန်လုပ်လက်စများကို ရပ်ကာ လှည့်ကြည့်လာပြီး ဘာလဲဟူသော သဘောဖြင့် မေးဆတ်ပြသည်။ ခွန်းဆက်ကတော့ ဘာမှမပြော ပန်းပင်များကြားမှ နဖူးထက်ချွေးများပြန်နေသော မာန့်ပုံရိပ်လေးကိုသာ video ရိုက်ကူးနေသည်။ မာန်လည်း ခွန်းဆက် ဘာမှပြောမလာသည်ကြောင့် မျက်နှာလွှဲသွားပြီ သူ့အလုပ်သူ ဆက်လုပ်နေသည်။ မာန့်ကို ရှင်းရှင်းလင်းလင်းမြင်ရသည့် နေရာတွင် ဖုန်းကိုထောင်ထားခဲ့လိုက်ပြီး ခွန်းဆက်ကတော့ မာန့်ဆီ လျှောက်သွားလိုက်သည်။

"ဘာလုပ်နေတာလဲ"

"မင်း မျက်လုံးမပါဘူးလား"

အမေးနဲ့အဖြေက လိုက်ဖက်ညီလွန်းလှသည်။ ခွန်းဆက်လည်း မာန့်ဘေးတွင် ထိုင်ကာ မာန်လုပ်သမျှကို လိုက်ကြည့်နေသည်။

"ကျွန်တော် ကူပေးရမလား"

"အင်း... အဲ့အပင်ကို အိတ်ထဲကနေ ထုတ်လိုက်"

ခွန်းဆက်လည်း မာန်ပြောသည့်အတိုင်း နှင်းဆီပင်တစ်ပင်ကို အရင်းမှကိုင်ကာ ဆွဲလိုက်သောကြောင့် အိတ်ထဲတွင် မြေကြီးများကျန်ခဲ့ကာ အမြစ်လိုက်ကျွတ်ထွက်လာသည်။

"ရားးးးခွန်းဆက် မင်းဘယ်လိုလုပ်နေတာလဲ... ငါ့အပင် သေတော့မှာပဲ"

ခွန်းဆက် ဆွဲထုတ်လိုက်သည့်ပုံစံကြောင့် မာန် အထိတ်တလန့် ထအော်တော့သည်။ မာန် အော်သည်ကို ခွန်းဆက်က နားမလည်သလိုကြည့်လာသည်။

"ခင်ဗျားပဲ အိတ်ထဲကထုတ်ဆို"

"အိတ်ထဲကနေ ထုတ်ဆိုတိုင်း အဲ့လိုထုတ်ရလား သူတောင်းစားရဲ့... ငါ့အပင်သေသွားရင် မင်းနာပြီမှတ်"

ပြောပြောဆိုဆို ခွန်းဆက်လက်ထဲက အပင်ကို အမြန်လှမ်းယူလိုက်ပြီး မြေကြီးထဲ သေချာထည့်စိုက်ကာ မာန် ကယ်တင်လိုက်တော့သည်။

"ကျွန်တော် ဘာကူပေးရအုံးမလဲ"

"တော်ပြီ မင်းသွားတော့"

"အဲ့တာက အဲ့သလိုလုပ်ရင် သေသွားမှာပေါ့... ဒီလိုလုပ်ရတယ်"

ပြောရင်း မာန်စိုက်လက်စ အပင်ကို လှမ်းဆွဲလေရာ အပင်လေးမှာ နှစ်ပိုင်းကျိုးကာ အရေးပေါ်အဆင့်သုိ့ ရောက်ရှိသွားတော့သည်။

"ရားးးးးးးးးးးခွန်းဆက်ရောင်နီ!!!! "

"ဟီး"

ခွန်းဆက် မျက်နှာချိုသွေးကာ ရယ်ပြပြီး ထိုင်နေရာမှ ထပြေးတော့သည်။ မာန် မှာတော့ ခွန်းဆက်နောက်ပဲလိုက်ရမလို အရေးပေါ်အပင်လေးအား ကယ်တင်ရမလိုနဲ့ ဗျာများနေရင်းမှ အရေးပေါ်အပင်လေးကိုသာ ကယ်တင်လိုက်တော့သည်။

"သူတောင်းစားကြီး...ဒီအပင်လေး မရှင်လို့ကတော့ မင်းခေါင်းနဲ့ကိုယ် အိုးစားကွဲပြီလို့သာ မှတ်ထား"

ထိုစဉ် မာန့်ခေါင်းပေါ်ကျလာသော ရေစက်လေးများ။

"ဟင် မိုးရွာတာလား"

မာန် မော့ကြည့်မိတော့ ရေပိုက်မှ ပန်းထွက်လာသော ရေစက်များ။ ရေပိုက် ကိုင်ထားသူမှာတော့ ပြေးကြည့်စရာမလို တွေးကြည့်ရုံနဲ့ပင် သိနိုင်ပါသည်။ ထိုသူသည်ကား ခွန်းဆက်ရောင်နီ။

"ဟေ့ကောင် ခွန်းဆက်... မင်းဘာလုပ်တာလဲ... ဒီမှာစိုကုန်ပြီလေ မင်းသောက်လုံးကန်းနေလား"

"စိုအောင်လုပ်မှာတော့ စိုမှာပေါ့"

ခွန်းဆက်ပြုံးစိစိဖြင့် ပြန်ပြောကာ မာန့်ကို ရေနဲ့ပက်နေတော့သည်။

"အေး တွေ့မယ်"

မာန်လည်း ထိုင်ရာမှထကာ အနားတွင်ရှိနေသော ရေပိုက်နောက်တစ်ခုကို ယူပြီး ခွန်းဆက်ထံသို့ ပြန်ပက်လေတော့သည်။ မာန့်ရေပိုက်အားက ခွန်းဆက်ထက် ပို၍ပြင်းသည်ကြောင့် ခွန်းဆက်အထိနာလေသည်။

"မာန် တော်ပြီ တော်ပြီ မဆော့တော့ဘူး"

"ဘာတော်ပြီလဲ... ငါက အခုမှစမှာ"

ပြောရင်း မာန် ခွန်းဆက် ရှေ့သို့ ပို၍ တိုးသွားလေသည်။ ခွန်းဆက်မှာတော့ မာန့်ရေပိုက်အားကို မခံနိုင်သည်ကြောင့် သူ့လက်ထဲရှိ ရေပိုက်ကို ပစ်ချကာ အပင်တွေကြား ပတ်ပြေးတော့သည်။ မာန်ကလည်း ခွန်းဆက်အနောက်ကလိုက်ရင်း ရေပိုက်ဖြင့် လိုက်ပတ်သည်။ တစ်ယောက်ကပြေး တစ်ယောက်ကလိုက်နှင့် ခြံထဲတွင် မာန်နဲ့ခွန်းဆက်တို့၏ ရယ်သံများက ပျံ့လွှင့်နေသည်။

"မာန် တော်ပြီ... ရေတွေရွှဲနေပြီ "

"ဘာလို့်တော်ရမှာလဲ... မတော်သေးဘူး"

မာန်ပြောရင်း ပို၍ တိုးကာပတ်သည်။ နှစ်ယောက်လုံး တစ်ကိုယ်လုံးရေများရွှဲရွှဲစိုနေသည်။

"မာန် ဖျားလိမ့်မယ်... လိမ်မာတယ် တော်တော့နော်"

ခွန်းဆက် လေသံအေးဖြင့် ချော့ကာပြောတော့လည်း မာန်က ခေါင်းခါပြသည်။

"ဟင့်အင်း မတော်သေးဘူး"

ခွန်းဆက်လည်း ပြောမရမှန်းသိတာကြောင့် မာန့်အနားလျှောက်လာကာ မာန့်လက်ထဲက ရေပိုက်ကိုဆွဲယူလိုက်သည်။

"တော်ပြီလို့ ပြောနေတယ်လေ"

"မတော်ချင်သေးပါဘူးဆို"

မာန် ခွန်းဆက်ကိုကြည့်ရင်း ခြေကိုဆောင့်လိုက်ပြီး နှုတ်ခမ်းလေးဆူကာ ပြောသည်။ ပုံစံလေးက ကစားရတာမ၀သေးသည်ကို တော်ခိုင်းလို့ မကျေမနပ်ဖြစ်သွားသည့် ကလေးအတိုင်း။ ခွန်းဆက် မာန့်ကိုကြည့်ရင်း အသဲယားလာရတော့သည်။

"မာန်"

"မခေါ်ဘူး မင်းကို"

"ဟောဗျာ! ရေတွေရွှဲနေလို့ တော်ခိုင်းတာလေ... မဟုတ်ရင် ခင်ဗျားလေး ဖျားသွားမှာပေါ့"

"မသိဘူး... သွား! "

မာန် ခွန်းဆက်ရင်ဘက်ကုိ လက်နှစ်ဖက်ဖြင့် တွန်းထုတ်ကာ ဆူအောင့်အောင့်လေးဖြင့် တစ်ဖက်သို့လှည့်သွားသည်။ ခွန်းဆက်မှာလည်း မာန့်ပုံစံလေးကြောင့် နှုတ်ခမ်းစွန်းတို့ ကော့တက်သွားရသည်။

"ရော့ နောက် ၅မိနစ်ပဲရမယ်"

ပြောရင်း မာန့်ဆီသို့ ရေပိုက်ကိုလှမ်းပေးလိုက်သည်။ ထိုအခါမှ မာန်က ပြုံးရွှင်စွာဖြင့် ရေပိုက်ကို လှမ်းယူကာ ခွန်းဆက်ကို ရေပတ်တော့သည်။ ခွန်းဆက်မှာလည်း မာန့်သဘောကျ ခြံထဲပတ်ပြေးရတော့သည်။

"မေမေ... အစ်ကိုလေးတို့က ဒီလိုကျတော့လည်း ချစ်စရာလေးနော်"

မာန်နဲ့ခွန်းဆက် ကစားနေသည်ကို အိမ်အ၀မှကြည့်နေသော ကိုအောင်က သူ့မိခင်ကို ပြောလိုက်သည်။ ထိုနေ့က နှင်းဆီပင်များကြားတွင် တစ်ယောက်ကပြေး တစ်ယောက်ကရေပက်ရင်း နှုတ်ခမ်းထက်အပြုံးများဖြစ်တည်နေသော ကောင်လေးနှစ်ယောက်၏ ပုံရိပ်များကို ဖုန်းလေးကတော့ အမိအရမှတ်တမ်းတင်နိုင်ခဲ့လေသည်။

*********************************
"အိနြေ္ဒ သမီးလေး မာယာကို ခွန်းဆက်နဲ့ အမြန်ဆုံး လက်ထပ်ပေးချင်ပြီ"

"အဲ့ကိစ္စကိုလဲ ငါစဉ်းစားနေပါတယ် လင်းလျာ"

ဦးဟိန်းလင်းလျာနှင့် ဒေါ်ရွှေအိနြေ္ဒတို့ ဧည့်ခန်းတွင် ထို၍ စကားပြောနေကြသည်။ ဒေါ်ရွှေအိနြေ္ဒက မာယာတို့ အိမ်ကို ရောက်ရှိနေခြင်းပင်ဖြစ်သည်။

"K group နဲ့ ပိုင်ဆိုင်မှုတွေကို ခွန်းဆက်ရောင်နီ နာမည်နဲ့ လွှဲထားပြီးသား မဟုတ်လား... ဒီပုံစံအတိုင်းဆို ခွန်းဆက်ယောက်ကျားက လက်ဝါးကြီး အုပ်သွားလိမ့်မယ်"

"အို အဲ့လိုတော့ အဖြစ်မခံနိူင်ပါဘူး...K group ရဲ့ဆက်ခံသူ ခွန်းဆက်ရဲ့ မဟေသီက သမီးလေးပဲ ဖြစ်ရမယ်"

"ဘယ်လိုလုပ်မယ် စဉ်းစားထားလဲ"

"ဒါကို ငါစီစဉ်ပါ့မယ်... လင်းလျာ ပြီးတော့လေ"

အိနြေ္ဒက ပြောရမှာ တွန့်ဆုတ်နေဟန်။ မျက်နှာထက် စိုးရိမ်မှုအရိပ်အရောင်ကလည်း ဖြတ်ပြေးနေသည်။ ဟိန်းလင်းလျာ ထိုသည်ကို သတိထားမိကာ ပြောလာစေရန် စကားစပေးသည်။

"ပြီးတော့ ဘာလဲ... အိနြေ္ဒ"

"ငါ အဲ့ကောင်လေးကိုတွေ့ရင် စိတ်ထဲတစ်မျိုးပဲ"

"ဘာဖြစ်လို့်လဲ"

"သူ့ကိုတွေ့ရင် အလင်္ကာကို တွေ့နေရသလိုပဲ"

အိနြေ္ဒစကားကြောင့် ဟိန်းလင်းလျာ၏ မျက်ခုံးများတွန့်ချိုးသွားတော့သည်။

"ပြီးခဲ့တာတွေကို အခုထိ စိတ်ထဲထည့်ထားတုန်းလား အိနြေ္ဒ"

"မဟုတ်ပါဘူး ဒါပေမယ့်"

"ဒါပေမယ့်တွေ ဘာတွေလုပ်မနေနဲ့ မေ့လိုက်တော့"

ဒေါသသံဖြင့်ပြောလာသည်ကြောင့် ရွှေအိနြေ္ဒလည်း သက်ပြင်းချကာ

"အင်းပါ"

"အန်တီ"

လှေကားမှ ဆင်းကာ ၀မ်းသာအားရခေါ်လာသော မာယာနှင်းဆီ။

"မာယာလေး"

"အန်တီရောက်နေတာကို daddy က သမီးကိုလာလည်း မပြောဘူး"

ဒေါ်ရွှေအိနြေ္ဒကို ဖက်ထားရင်း သူ့ဖခင်ဘက်လှည့်ကာ စိတ်ဆိုးသည့်လေသံဖြင့် မာယာပြောလိုက်သည်။

"သမီးအိပ်နေတယ်ပြောလို့... အန်တီမပြောခိုင်းတာပါကွယ်"

"သမီးဘယ်သွားဖို့လဲ"

"သမီးသူငယ်ချင်းတွေနဲ့ ရုပ်ရှင်သွားကြည့်ဖို့ daddy....အဲ့ဒါဆို အန်တီ သမီးသွားတော့မယ်နော်"

"အေး အေး မာယာလေး... ဂရုစိုက်သွားနော်"

မာယာနှင်းဆီ အိမ်ပြင်ရောက်သွားသည်အထိ လိုက်ကြည့်ပြီးမှ ဒေါ်ရွှေအိနြေ္ဒက ဟိန်းလင်းလျာ ဘက်လှည့်ကာ

"လင်းလျာ... မာယာလေးက လှလိုက်တာနော်"

"နင့်သမီးပဲဟာ လှမှာပေါ့"

ဟိန်းလင်းလျာက ထိုသို့ဆိုတော့ ရွှေအိနြေ္ဒမှာ နှုတ်ခမ်းစွန်းတို့ကော့တက်သွားရသည်။

"အင်း ငါ့သမီးလေးမို့ လှတာ"

*********************************
#5.2.2024
#🍁Moe Kyal Phyu🍁

[Zawgyi]

ခြန္းဆက္ ၿခံထဲက ဒန္းေပၚတြင္ထိုင္ကာ ႏွင္းဆီပင္မ်ားၾကား အလုပ္႐ႈပ္ေနသူကို မမိွတ္မသုန္ စိုက္ၾကည့္ေနသည္။ ဒီေန႔ သူေရာ မာန္ေရာ ဘယ္မွမသြား။ ပိတ္ရက္ျဖစ္သည္က တစ္ေၾကာင္း၊ project အသစ္နဲ႔ပတ္သက္ၿပီး ခြန္းဆက္က သိပ္နားမလည္သည္ေၾကာင့္ မာန္ကရွင္းျပရန္ ရိွေနေသာေၾကာင့္ ႏွစ္ေယာက္လံုး အိမ္၌သာ ရိွေနၾကျခင္းျဖစ္သည္။

လြန္ခဲ့သည့္ နာရီ၀က္ကအထိ မာန္နဲ႔သူ ဧည့္ခန္းက အလုပ္စားပြဲတြင္ ေခါင္းခ်င္းဆိုင္ေနခဲ့ၾကေသးသည္။ ယခုတြင္ေတာ့ မာန္က အသစ္ေရာက္လာေသာ ႏွင္းဆီပင္မ်ားကို စိုက္ရန္ျပင္ဆင္ေနျခင္းျဖစ္သည္။ ခြန္းဆက္ မာန္႔ကိုၾကည့္ရင္း သူ႕အေတြးေတြက လြန္ခဲ့ေသာ မနစ္၃၀က အခ်ိန္ကို ျပန္ေရာက္ရိွသြားသည္။

လြန္ခဲ့ေသာ မိနစ္ ၃၀။

ခြန္းဆက္၏ project နဲ႔ပတ္သက္ၿပီး နားမလည္ဘူးဟူေသာ စကားေၾကာင့္ မာန္နဲ႔ ခြန္းဆက္ ဧည့္ခန္းက စားပြဲတြင္ ေခါင္းခ်င္းဆိုင္ကာ ရိွေနၾကသည္။ အန္တီမိုးက အလုပ္လုပ္ရင္း စားရေအာင္ဆိုၿပီး ပန္းသစ္ေတာ္နဲ႔ နဂါးေမာက္သီး လာခ်ေပးသြားခဲ့သည္။ မာန္က project နဲ႔ပတ္သက္ၿပီး ခြန္းဆက္ကို အေသးစိတ္ရွင္းျပေနသည္။ သို႔ေသာ္ ခြန္းဆက္ကေတာ့ မာန္ႀကိဳးစားပမ္းစား ရွင္းျပေနသည္ကို အာ႐ံုမရိွ။ မာန္႔မ်က္ႏွာကိုသာ ၿပံဳးၿပံဳးႀကီး ထိုင္ေငးေနသည္။ ထိုသည္ကို မာန္ သတိထားမိသြားကာ လက္ထဲတြင္ ကိုင္ထားေသာ ေဘာပင္ျဖင့္ ခြန္းဆက္နဖူးကို ေတာက္ခ်လိုက္သည္။

"ဘာၾကည့္ေနတာလဲ... ငါ့မ်က္ႏွာမွာ project နဲ႔ပတ္သက္ၿပီး ဘာမွမရိွဘူး"

"ရိွသြားေအာင္ အဲ့စာရြက္ေတြ မ်က္ႏွာမွာကပ္ထားလိုက္ပါလား"

ကန္႔လန္႔ျပန္မေျပာရလွ်င္ ခြန္းဆက္ေရာင္နီ ဘယ္ဟုတ္ပါေတာ့မလဲေလ။

"ခြန္းဆက္ ငါေနာက္တစ္ခါ ထပ္မရွင္းျပဘူးေနာ္"

"မရွင္းျပလဲေနေလ...ကုမၸဏ္ီ ေဒဝါလီခံသြားရင္ ခင္ဗ်ားလုပ္တာလို႔ daddy ကိုေျပာလိုက္မယ္"

"မင္း! "

"ဘာလဲ ဘာလဲ"

"ေတာ္ၿပီ ေသခ်ာနားေထာင္... အစကေနျပန္ေျပာျပမယ္"

မာန္ သူ႕ဘက္က တစ္ထစ္ေလွ်ာ့ကာ ခြန္းဆက္ကိုေျပာလိုက္သည္။ ထိုအခါ ခြန္းဆက္က ေအာင္ႏိုင္သူအၿပံဳးၿပံဳးကာ

"ခဏ ေနမွ ထပ္ရွင္း... အခုအဲ့ေရွ႕က ပန္းသစ္ေတာ္ တစ္စိတ္ေလာက္ယူေပး"

"မရဘူး အခုရွင္းမွာ"

"နားမေထာင္ဘူး"

"ခြန္းဆက္ေရာင္နီ!!!"

"အလကၤာမုန္းမာန္!!! "

မာန္ ခြန္းဆက္ကိုေခၚလိုက္ေတာ့ သူ႕ေလသံနဲ႔ တစ္ထပ္တည္းတူေအာင္ သူ႕နာမည္အား ျပန္ေခၚလာေသာ ခြန္းဆက္။

"မင္း!!! "

"ခင္ဗ်ား!!! "

"ဘယ္လိုျဖစ္ေနတာလဲ"

"ဘယ္လိုျဖစ္ေနလို႔လဲ"

မာန္ တစ္ျဖည္းျဖည္း သည္းခံႏိုင္စြမ္းမ်ား ကုန္လာၿပီျဖစ္သည္။ ဒါခြန္းဆက္ သူ႕ကို တမင္သက္သက္ရစ္ေနျခင္း ျဖစ္သည္။

"ငါဆြဲထိုးမွာေနာ္ ခြန္းဆက္"

"ေအာင္မွာ ထိုးရဲထိုးၾကည့္ပါလား... ကြၽန္ေတာ့္မွာလည္း လက္ပါ... "

'ခြပ္'

"အ! "

ခြန္းဆက္ စကားပင္မဆံုးလိုက္ သူ႕ပါးေပၚက်ေရာက္လာေသာ လက္သီးခ်က္ေၾကာင့္ ၾကယ္ေတြလေတြပင္ ျမင္သြားရသည္။

"မာန္ ခင္ဗ်ား တကယ္ႀကီးထိုးတယ္ေပါ့ေလ... ကြၽန္ေတာ့္ ပါးကို တကယ္ႀကီး ထိုးခ်လိုက္တာေပါ့ေလ...ခင္ဗ်ားေတာင္ တစ္ခါမွမနမ္းရေသးတဲ့ ကြၽန္ေတာ့္ပါး ႏုႏုေလးကို တကယ္ႀကီး ထိုးလိုက္တာေပါ့ေလ"

ခြန္းဆက္ မယံုႏိုင္စြာ ေျပာမိသည္။မာန္ သူ႕ပါးကို တကယ္ထိုးခ်လိုက္သည္ကို အခုခ်ိန္ထိ မယံုၾကည္ႏိုင္ေသး။မလုပ္ေလာက္ဘူးထင္၍ ထိုင္စေနေသာ္လည္း မာန္ကေတာ့ တကယ္လုပ္သြားခဲ့သည္ေလ။

"လူကၾကည့္ေတာ့ လက္ေတာက္ေလာက္ေလးနဲ႔... ကြၽန္ေတာ့္ကို ထိုးတယ္ေပါ့ေလ"

အထိုးခံလိုက္ရေသာ သူ႕ပါးသူ ကိုင္ကာ တတြက္တြက္ေျပာေနေသာ ခြန္းဆက္ကို မာန္ မ်က္လံုးမ်ားေမွးက်ဥ္းကာ စုိက္ၾကည့္ေနလိုက္သည္။

"ဘာလဲ... အထိုးခံရတာ ကြၽန္ေတာ္ေလ... ဘာလို႔လူကို တရားခံလို လာၾကည့္ေနတာလဲ"

တကယ္ပဲ အေကာင္ေသးလို႔ညႇာေနတာကို... ဆြဲဆက္လုပ္ပစ္ရင္ တစ္စစီျဖစ္သြားမယ့္ သူကမ်ား.....

ခြန္းဆက္ စိတ္ထဲ၌သာေရရြတ္မိသည္။ အျပင္မွာသာ ထုတ္ေျပာလိုက္ရင္ သူထပ္ၿပီး အထိုးခံရႏိုင္သည္ေလ။

အလကၤာမုန္းမာန္...အလကၤာမုန္းမာန္...ခင္ဗ်ားကို ကြၽန္ေတာ္လုပ္မိေတာ့မယ္ ဟင္းဟင္း.....

"အစ္ကိုေလး မာန္... ႏွင္းဆီပင္ေတြလာပို႔တယ္...ဘယ္မွာထားခိုင္းလိုက္ရမလဲဗ်"

အသံေၾကာင့္ မာန္ေရာ ခြန္းဆက္ပါ အိမ္ေရွ႕တံခါး၀သို႔ လွမ္းၾကည့္လိုက္သည္။ အန္တီမိုး၏သား ကိုေအာင္က မာန္႔ကို ၾကည့္ေနကာ အေျဖစကားကို ေစာင့္ေနဟန္။

"အင္း... ကိုယ္ လာခဲ့မယ္"

မာန္လည္း ကိုေအာင္ကိုေျပာရင္း ထိုင္ရာမွထကာ ခြန္းဆက္၏ေျခေထာက္ကို အားျဖင့္နင္းကာ သြားသည္။

"အားးးးး မာန္!  ခင္ဗ်ား!! "

ခြန္းဆက္ နာေနသည့္ေျခေထာက္ကို ကိုင္ရင္း မာန္႔ကိုလွမ္းေအာ္ေတာ့သည္။ မာန္က တံခါး၀မွေနကာ ခြန္းဆက္ကုိ လွ်ာထုတ္ကာ ေျပာင္ျပသြားသည္။

"ေတြ႕မယ္... ခင္ဗ်ားကို တစ္စစီလုပ္ပစ္မယ္! "

ခြန္းဆက္ ထိုအေၾကာင္းမ်ားကို ျပန္ေတြးမိေတာ့ ႏႈတ္ခမ္းထက္ အၿပံဳးတို႔ ျဖစ္တည္သြားရသည္။ တစ္ဖန္ သစ္ရြက္မ်ားၾကားမွ ေနေရာင္ပ်ပ်ေလး ကိုယ္ေပၚက်ေနေသာ ႏွင္းဆီပင္ေတြၾကားထဲက သူေလးအားၾကည့္မိေတာ့လည္း စေနာက္ခ်င္သည့္ စိတ္မ်ားျဖစ္ေပၚလာရသည္။ ခြန္းဆက္ မာန္႔ကိုၾကည့္ရင္း အႀကံတစ္ခုရလာသည္မို႔ အက်ႌအိတ္ထဲက ဖုန္းေလးအားထုတ္ကာ မာန္႔ဘက္သို႔ camera ခ်ိန္လိုက္သည္။

"ေဟ့ မာန္... ဒီကိုၾကည့္"

ခြန္းဆက္ အသံေၾကာင့္ မာန္လုပ္လက္စမ်ားကို ရပ္ကာ လွည့္ၾကည့္လာၿပီး ဘာလဲဟူေသာ သေဘာျဖင့္ ေမးဆတ္ျပသည္။ ခြန္းဆက္ကေတာ့ ဘာမွမေျပာ ပန္းပင္မ်ားၾကားမွ နဖူးထက္ေခြၽးမ်ားျပန္ေနေသာ မာန္႔ပံုရိပ္ေလးကိုသာ video ႐ိုက္ကူးေနသည္။ မာန္လည္း ခြန္းဆက္ ဘာမွေျပာမလာသည္ေၾကာင့္ မ်က္ႏွာလႊဲသြားၿပီ သူ႕အလုပ္သူ ဆက္လုပ္ေနသည္။ မာန္႔ကို ရွင္းရွင္းလင္းလင္းျမင္ရသည့္ ေနရာတြင္ ဖုန္းကိုေထာင္ထားခဲ့လိုက္ၿပီး ခြန္းဆက္ကေတာ့ မာန္႔ဆီ ေလွ်ာက္သြားလိုက္သည္။

"ဘာလုပ္ေနတာလဲ"

"မင္း မ်က္လံုးမပါဘူးလား"

အေမးနဲ႔အေျဖက လိုက္ဖက္ညီလြန္းလွသည္။ ခြန္းဆက္လည္း မာန္႔ေဘးတြင္ ထိုင္ကာ မာန္လုပ္သမွ်ကို လိုက္ၾကည့္ေနသည္။

"ကြၽန္ေတာ္ ကူေပးရမလား"

"အင္း... အဲ့အပင္ကို အိတ္ထဲကေန ထုတ္လိုက္"

ခြန္းဆက္လည္း မာန္ေျပာသည့္အတိုင္း ႏွင္းဆီပင္တစ္ပင္ကို အရင္းမွကိုင္ကာ ဆြဲလိုက္ေသာေၾကာင့္ အိတ္ထဲတြင္ ေျမႀကီးမ်ားက်န္ခဲ့ကာ အျမစ္လိုက္ကြၽတ္ထြက္လာသည္။

"ရားးးးခြန္းဆက္ မင္းဘယ္လိုလုပ္ေနတာလဲ... ငါ့အပင္ ေသေတာ့မွာပဲ"

ခြန္းဆက္ ဆြဲထုတ္လိုက္သည့္ပံုစံေၾကာင့္ မာန္ အထိတ္တလန္႔ ထေအာ္ေတာ့သည္။ မာန္ ေအာ္သည္ကို ခြန္းဆက္က နားမလည္သလိုၾကည့္လာသည္။

"ခင္ဗ်ားပဲ အိတ္ထဲကထုတ္ဆို"

"အိတ္ထဲကေန ထုတ္ဆိုတိုင္း အဲ့လိုထုတ္ရလား သူေတာင္းစားရဲ႕... ငါ့အပင္ေသသြားရင္ မင္းနာၿပီမွတ္"

ေျပာေျပာဆိုဆို ခြန္းဆက္လက္ထဲက အပင္ကို အျမန္လွမ္းယူလိုက္ၿပီး ေျမႀကီးထဲ ေသခ်ာထည့္စိုက္ကာ မာန္ ကယ္တင္လိုက္ေတာ့သည္။

"ကြၽန္ေတာ္ ဘာကူေပးရအံုးမလဲ"

"ေတာ္ၿပီ မင္းသြားေတာ့"

"အဲ့တာက အဲ့သလိုလုပ္ရင္ ေသသြားမွာေပါ့... ဒီလိုလုပ္ရတယ္"

ေျပာရင္း မာန္စိုက္လက္စ အပင္ကို လွမ္းဆြဲေလရာ အပင္ေလးမွာ ႏွစ္ပိုင္းက်ဳိးကာ အေရးေပၚအဆင့္သု္ိ့ ေရာက္ရိွသြားေတာ့သည္။

"ရားးးးးးးးးးးခြန္းဆက္ေရာင္နီ!!!! "

"ဟီး"

ခြန္းဆက္ မ်က္ႏွာခ်ဳိေသြးကာ ရယ္ျပၿပီး ထိုင္ေနရာမွ ထေျပးေတာ့သည္။ မာန္ မွာေတာ့ ခြန္းဆက္ေနာက္ပဲလိုက္ရမလို အေရးေပၚအပင္ေလးအား ကယ္တင္ရမလိုနဲ႔ ဗ်ာမ်ားေနရင္းမွ အေရးေပၚအပင္ေလးကိုသာ ကယ္တင္လိုက္ေတာ့သည္။

"သူေတာင္းစားႀကီး...ဒီအပင္ေလး မရွင္လို႔ကေတာ့ မင္းေခါင္းနဲ႔ကိုယ္ အိုးစားကြဲၿပီလို႔သာ မွတ္ထား"

ထိုစဥ္ မာန္႔ေခါင္းေပၚက်လာေသာ ေရစက္ေလးမ်ား။

"ဟင္ မိုးရြာတာလား"

မာန္ ေမာ့ၾကည့္မိေတာ့ ေရပိုက္မွ ပန္းထြက္လာေသာ ေရစက္မ်ား။ ေရပိုက္ ကိုင္ထားသူမွာေတာ့ ေျပးၾကည့္စရာမလို ေတြးၾကည့္႐ံုနဲ႔ပင္ သိႏိုင္ပါသည္။ ထိုသူသည္ကား ခြန္းဆက္ေရာင္နီ။

"ေဟ့ေကာင္ ခြန္းဆက္... မင္းဘာလုပ္တာလဲ... ဒီမွာစိုကုန္ၿပီေလ မင္းေသာက္လံုးကန္းေနလား"

"စိုေအာင္လုပ္မွာေတာ့ စိုမွာေပါ့"

ခြန္းဆက္ၿပံဳးစိစိျဖင့္ ျပန္ေျပာကာ မာန္႔ကို ေရနဲ႔ပက္ေနေတာ့သည္။

"ေအး ေတြ႕မယ္"

မာန္လည္း ထိုင္ရာမွထကာ အနားတြင္ရိွေနေသာ ေရပိုက္ေနာက္တစ္ခုကို ယူၿပီး ခြန္းဆက္ထံသို႔ ျပန္ပက္ေလေတာ့သည္။ မာန္႔ေရပိုက္အားက ခြန္းဆက္ထက္ ပို၍ျပင္းသည္ေၾကာင့္ ခြန္းဆက္အထိနာေလသည္။

"မာန္ ေတာ္ၿပီ ေတာ္ၿပီ မေဆာ့ေတာ့ဘူး"

"ဘာေတာ္ၿပီလဲ... ငါက အခုမွစမွာ"

ေျပာရင္း မာန္ ခြန္းဆက္ ေရွ႕သို႔ ပို၍ တိုးသြားေလသည္။ ခြန္းဆက္မွာေတာ့ မာန္႔ေရပိုက္အားကို မခံႏိုင္သည္ေၾကာင့္ သူ႕လက္ထဲရိွ ေရပိုက္ကို ပစ္ခ်ကာ အပင္ေတြၾကား ပတ္ေျပးေတာ့သည္။ မာန္ကလည္း ခြန္းဆက္အေနာက္ကလိုက္ရင္း ေရပိုက္ျဖင့္ လိုက္ပတ္သည္။ တစ္ေယာက္ကေျပး တစ္ေယာက္ကလိုက္ႏွင့္ ၿခံထဲတြင္ မာန္နဲ႔ခြန္းဆက္တို႔၏ ရယ္သံမ်ားက ပ်ံ႕လႊင့္ေနသည္။

"မာန္ ေတာ္ၿပီ... ေရေတြရႊဲေနၿပီ "

"ဘာလို္႔ေတာ္ရမွာလဲ... မေတာ္ေသးဘူး"

မာန္ေျပာရင္း ပို၍ တိုးကာပတ္သည္။ ႏွစ္ေယာက္လံုး တစ္ကိုယ္လံုးေရမ်ားရႊဲရႊဲစိုေနသည္။

"မာန္ ဖ်ားလိမ့္မယ္... လိမ္မာတယ္ ေတာ္ေတာ့ေနာ္"

ခြန္းဆက္ ေလသံေအးျဖင့္ ေခ်ာ့ကာေျပာေတာ့လည္း မာန္က ေခါင္းခါျပသည္။

"ဟင့္အင္း မေတာ္ေသးဘူး"

ခြန္းဆက္လည္း ေျပာမရမွန္းသိတာေၾကာင့္ မာန္႔အနားေလွ်ာက္လာကာ မာန္႔လက္ထဲက ေရပိုက္ကိုဆြဲယူလိုက္သည္။

"ေတာ္ၿပီလို႔ ေျပာေနတယ္ေလ"

"မေတာ္ခ်င္ေသးပါဘူးဆို"

မာန္ ခြန္းဆက္ကိုၾကည့္ရင္း ေျခကိုေဆာင့္လိုက္ၿပီး ႏႈတ္ခမ္းေလးဆူကာ ေျပာသည္။ ပံုစံေလးက ကစားရတာမ၀ေသးသည္ကို ေတာ္ခိုင္းလို႔ မေက်မနပ္ျဖစ္သြားသည့္ ကေလးအတိုင္း။ ခြန္းဆက္ မာန္႔ကိုၾကည့္ရင္း အသဲယားလာရေတာ့သည္။

"မာန္"

"မေခၚဘူး မင္းကို"

"ေဟာဗ်ာ! ေရေတြရႊဲေနလို႔ ေတာ္ခိုင္းတာေလ... မဟုတ္ရင္ ခင္ဗ်ားေလး ဖ်ားသြားမွာေပါ့"

"မသိဘူး... သြား! "

မာန္ ခြန္းဆက္ရင္ဘက္ကု္ိ လက္ႏွစ္ဖက္ျဖင့္ တြန္းထုတ္ကာ ဆူေအာင့္ေအာင့္ေလးျဖင့္ တစ္ဖက္သို႔လွည့္သြားသည္။ ခြန္းဆက္မွာလည္း မာန္႔ပံုစံေလးေၾကာင့္ ႏႈတ္ခမ္းစြန္းတို႔ ေကာ့တက္သြားရသည္။

"ေရာ့ ေနာက္ ၅မိနစ္ပဲရမယ္"

ေျပာရင္း မာန္႔ဆီသို႔ ေရပိုက္ကိုလွမ္းေပးလိုက္သည္။ ထိုအခါမွ မာန္က ၿပံဳးရႊင္စြာျဖင့္ ေရပိုက္ကို လွမ္းယူကာ ခြန္းဆက္ကို ေရပတ္ေတာ့သည္။ ခြန္းဆက္မွာလည္း မာန္႔သေဘာက် ၿခံထဲပတ္ေျပးရေတာ့သည္။

"ေမေမ... အစ္ကိုေလးတို႔က ဒီလိုက်ေတာ့လည္း ခ်စ္စရာေလးေနာ္"

မာန္နဲ႔ခြန္းဆက္ ကစားေနသည္ကို အိမ္အ၀မွၾကည့္ေနေသာ ကိုေအာင္က သူ႕မိခင္ကို ေျပာလိုက္သည္။ ထိုေန႔က ႏွင္းဆီပင္မ်ားၾကားတြင္ တစ္ေယာက္ကေျပး တစ္ေယာက္ကေရပက္ရင္း ႏႈတ္ခမ္းထက္အၿပံဳးမ်ားျဖစ္တည္ေနေသာ ေကာင္ေလးႏွစ္ေယာက္၏ ပံုရိပ္မ်ားကို ဖုန္းေလးကေတာ့ အမိအရမွတ္တမ္းတင္ႏိုင္ခဲ့ေလသည္။

*********************************
"အိေႁႏၵ သမီးေလး မာယာကို ခြန္းဆက္နဲ႔ အျမန္ဆံုး လက္ထပ္ေပးခ်င္ၿပီ"

"အဲ့ကိစၥကိုလဲ ငါစဥ္းစားေနပါတယ္ လင္းလ်ာ"

ဦးဟိန္းလင္းလ်ာႏွင့္ ေဒၚေရြွအိေႁႏၵတို႔ ဧည့္ခန္းတြင္ ထို၍ စကားေျပာေနၾကသည္။ ေဒၚေရႊအိေႁႏၵက မာယာတို႔ အိမ္ကို ေရာက္ရိွေနျခင္းပင္ျဖစ္သည္။

"K group နဲ႔ ပိုင္ဆိုင္မႈေတြကို ခြန္းဆက္ေရာင္နီ နာမည္နဲ႔ လႊဲထားၿပီးသား မဟုတ္လား... ဒီပံုစံအတိုင္းဆို ခြန္းဆက္ေယာက္က်ားက လက္ဝါးႀကီး အုပ္သြားလိမ့္မယ္"

"အို အဲ့လိုေတာ့ အျဖစ္မခံႏိူင္ပါဘူး...K group ရဲ႕ဆက္ခံသူ ခြန္းဆက္ရဲ့ မေဟသီက သမီးေလးပဲ ျဖစ္ရမယ္"

"ဘယ္လိုလုပ္မယ္ စဥ္းစားထားလဲ"

"ဒါကို ငါစီစဥ္ပါ့မယ္... လင္းလ်ာ ၿပီးေတာ့ေလ"

အိေႁႏၵက ေျပာရမွာ တြန္႔ဆုတ္ေနဟန္။ မ်က္ႏွာထက္ စိုးရိမ္မႈအရိပ္အေရာင္ကလည္း ျဖတ္ေျပးေနသည္။ ဟိန္းလင္းလ်ာ ထိုသည္ကို သတိထားမိကာ ေျပာလာေစရန္ စကားစေပးသည္။

"ၿပီးေတာ့ ဘာလဲ... အိေႁႏၵ"

"ငါ အဲ့ေကာင္ေလးကိုေတြ႕ရင္ စိတ္ထဲတစ္မ်ဳိးပဲ"

"ဘာျဖစ္လို္႔လဲ"

"သူ႕ကိုေတြ႕ရင္ အလကၤာကို ေတြ႕ေနရသလိုပဲ"

အိေႁႏၵစကားေၾကာင့္ ဟိန္းလင္းလ်ာ၏ မ်က္ခံုးမ်ားတြန္႔ခ်ဳိးသြားေတာ့သည္။

"ၿပီးခဲ့တာေတြကို အခုထိ စိတ္ထဲထည့္ထားတုန္းလား အိေႁႏၵ"

"မဟုတ္ပါဘူး ဒါေပမယ့္"

"ဒါေပမယ့္ေတြ ဘာေတြလုပ္မေနနဲ႔ ေမ့လိုက္ေတာ့"

ေဒါသသံျဖင့္ေျပာလာသည္ေၾကာင့္ ေရႊအိေႁႏၵလည္း သက္ျပင္းခ်ကာ

"အင္းပါ"

"အန္တီ"

ေလွကားမွ ဆင္းကာ ၀မ္းသာအားရေခၚလာေသာ မာယာႏွင္းဆီ။

"မာယာေလး"

"အန္တီေရာက္ေနတာကို daddy က သမီးကိုလာလည္း မေျပာဘူး"

ေဒၚေရႊအိေႁႏၵကို ဖက္ထားရင္း သူ႕ဖခင္ဘက္လွည့္ကာ စိတ္ဆိုးသည့္ေလသံျဖင့္ မာယာေျပာလိုက္သည္။

"သမီးအိပ္ေနတယ္ေျပာလို႔... အန္တီမေျပာခိုင္းတာပါကြယ္"

"သမီးဘယ္သြားဖို႔လဲ"

"သမီးသူငယ္ခ်င္းေတြနဲ႔ ႐ုပ္ရွင္သြားၾကည့္ဖို႔ daddy....အဲ့ဒါဆို အန္တီ သမီးသြားေတာ့မယ္ေနာ္"

"ေအး ေအး မာယာေလး... ဂ႐ုစိုက္သြားေနာ္"

မာယာႏွင္းဆီ အိမ္ျပင္ေရာက္သြားသည္အထိ လိုက္ၾကည့္ၿပီးမွ ေဒၚေရႊအိေႁႏၵက ဟိန္းလင္းလ်ာ ဘက္လွည့္ကာ

"လင္းလ်ာ... မာယာေလးက လွလိုက္တာေနာ္"

"နင့္သမီးပဲဟာ လွမွာေပါ့"

ဟိန္းလင္းလ်ာက ထိုသို႔ဆိုေတာ့ ေရႊအိေႁႏၵမွာ ႏႈတ္ခမ္းစြန္းတို႔ေကာ့တက္သြားရသည္။

"အင္း ငါ့သမီးေလးမို့ လွတာ"

*********************************
#5.2.2024
#🍁Moe Kyal Phyu🍁

Continue Reading

You'll Also Like

15K 448 30
A ship crushed on Donut! Who is this mysterious pilot, Tuckers baby has been born and is causing trouble for everyone at blue base. O'Malley is gone...
6K 408 8
mini story လေးပါ။ခေါင်းစဉ်အတိုင်း ပျော်ပျော်ရွှင်ရွှင်နဲ့ရိုရိုချိုချိုလေးသွားမှာပါ။
22.1K 1K 24
"မောင့်ရဲ့ဆည်းလည်းလေး" လင်းရောင်
3.4M 143K 60
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...