ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်...

By KimHsuYoon99

115K 13.8K 109

Associated name : 佛系少女穿书日常 Author : 十六月西瓜 , shiliu yue xig... More

Description
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 24
Chapter 23
Chapter 25
Chapter 26
Chapter 27
Good news😍
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 62
Chapter 64
Chapter 63
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86
Chapter 87
Chapter 88
Chapter 89
Chapter 90
Chapter 91
Chapter 92
Chapter 93
Chapter 94
Chapter 95
Chapter 96
Chapter 97
Chapter 98
Chapter 99
Chapter 100
Chapter 101
Chapter 102
Chapter 103
Chapter 104
Chapter 105
Chapter 106
Chapter 107
Chapter 108

Chapter 61

761 89 0
By KimHsuYoon99

Unicode

၀မ့်ရှားက ကုမျန်ရဲ့ဗလာကျင်းနေတဲ့ လည်ပင်းကို မောက်မာစွာ စိုက်ကြည့်လိုက်ပြီးနောက် စိတ်သက်သာရာရသွားတဲ့ သက်ပြင်းတစ်ချက်နဲ့အတူ ထိုင်လိုက်တယ်။

ကုမျန်မှာ နောက်ခံကြီးကြီးရှိတာကြောင့် လူတွေကိုစော်ကားမိမှာ မကြောက်ပဲ သူမပြောချင်တာပြောလို့ရနေတာလို့ သူမထင်ခဲ့တာ။ ဒါပေမယ့် သူမမှာ လည်ဆွဲတစ်ကုံးတောင်မရှိဘူးလို့ ဘယ်သူထင်မှာလဲ။

အဲ့ဒါအကုန်လုံးက အတုတွေလား။ ဒါမှမဟုတ် မောက်မောက်မာမာ ပြုမူဖို့ အားကောင်းတဲ့နောက်ခံ တကယ်ရှိတာလား။

၀မ့်ရှားက ကုမျန်ရဲ့မိသားစုနောက်ခံကို မသိခဲ့ဘူး။ ကုမျန်က ဖျော်ဖြေရေးနယ်ပယ်ထဲ ၀င်လာတာ မကြာသေးသလို သူမရဲ့မိသားစုနောက်ခံကို ဘယ်သူမှလည်း နက်နက်ရှိုင်းရှိုင်းမတူးဆွခဲ့ကြဘူး။၀မ့်ရှားက သူမမှာ နောက်ခံမရှိဘူးလို့ ထင်သွားတယ်။ သူမက သူမရဲ့လက်ကို နည်းနည်းပင့်လိုက်ပြီး ဆံပင်ကို သူမရဲ့နားရွက်နားတစ်ဝိုက် ထိုးသွင်းလိုက်ကာ သူမရဲ့လက်ကောက်ဝတ်ရှိ အရည်အသွေးကောင်းမွန်တဲ့ လက်ကောက်ကို ရည်ရွယ်ချက်ရှိရှိ ဒါမှမဟုတ် မသိစိတ်ကနေ ကြွားဝါလိုက်တယ်။

ကုမျန်ရဲ့မျက်နှာအနေအထားက မတုန်မလှုပ်ပင်။

၀မ့်ရှားရဲ့ကလေးအကြောင်း စုံစမ်းဖို့ သူမရဲ့အေးဂျင့်ကို တောင်းဆိုထားတယ်။

သူမက သတင်းအချက်အလက်တွေကို သိပ်မသိဘူး။ အဆုံးမှာတော့ ၀မ့်ရှားရဲ့ ပထမဆုံးကလေးအကြောင်းက စာအုပ်ထဲမှာ သိပ်မပါခဲ့ဘူးလေ။ ကလေးက ခြောက်နှစ်ရှိပြီဆိုတာကိုပဲ သူမသိတယ်။ ၀မ့်ရှင်းယွမ်က သူ့နာမည်ပါ။

အချက်အလက်သိပ်မရှိပေမယ့်လည်း ဒီအချက်အလက်နှစ်ခုကတင် လုံလောက်တယ်။

အချက်အလက်တွေကိုရှာဖွေဖို့  အချိန်အနည်းငယ်ပိုယူရရုံလေးသာ။

ကုမျန်က နိုင်တာ၊ရှုံးတာကို အလေးအနက်မထားပေမယ့်လည်း ၀မ့်ရှားရဲ့ထပ်ခါတလဲလဲ ရန်စမှုတွေက သူမကို သည်းခံနိုင်စွမ်း ကုန်ဆုံးစေခဲ့တယ်။

သူမက ၀မ့်ရှားကို ဖျတ်ခနဲကြည့်လိုက်တယ်။ ထိုအချိန် ၀မ့်ရှားမျက်နှာပေါ်  ဘ၀င်ခိုက်နေတဲ့ အရိပ်အယောင်ရှိနေတယ်။ သူမရဲ့ တရားမဝင်မွေးဖွားထားတဲ့ ကလေးအကြောင်း သတင်းထွက်လာပြီးတာတောင် သူမက ဘ၀င်ခိုက်နေတဲ့အပြုံးကို ပြုံးနေနိုင်ဆဲပင်။

သတင်းထွက်လာပြီးနောက်မှာတောင် ၀မ့်ရှားက အဲ့ဒါကိုလက်မခံသေးရင် သူမက ၀မ့်ရှင်းယွမ်ရဲ့ ဖခင်အရင်းကို မသိစေချင်တာဖြစ်နိုင်တယ်။

၀မ့်ရှင်းယွမ်က ပိုမိုကောင်းမွန်တဲ့ကုသမှုနဲ့ ပိုမိုကောင်းမွန်တဲ့ ဘဝနေထိုင်မှုမျိုးကို သူ့အဖေအရင်းနဲ့ဆို ရရှိနိုင်လိမ့်မယ်။

၀မ့်ရှားက သူ့ကိုယ်သူ မိခင်ကောင်းတစ်ယောက်လို့ ကြော်ငြာထားပေမယ့် တကယ်တော့ သူမက မိခင်ကောင်းမဟုတ်ဘူး။

လော့ချယ်က တစ်စုံတစ်ခုကို သတိပြုမိသွားပုံရတယ်။ သူ့ရဲ့ သောက်ရှူးကြယ်လိုမျက်၀န်းတွေကို မျက်လွှာအနည်းငယ်ချပြီး သူ့ဘေးနားရှိ ကုမျန်ကိုကြည့်လိုက်တယ်။ "နေရာပြောင်းပေးရမလား"

ကုမျန်အံ့သြသွားတယ်။ တကယ်တော့ brand နာမည်ကို ဒီထိုင်ခုံက‌နေဖယ်ပြီး အခြားထိုင်ခုံမှာ ပြန်ကပ်လိုက်သရွေ့ နေရာပြောင်းလဲဖို့က အခက်အခဲမရှိပေ။

ဒါပေမယ့် ယေဘူယျအားဖြင့်တော့ ဘယ်သူမှ အဲ့လိုမလုပ်ကြဘူး။

ကုမျန်က ၀မ့်ရှားဆီက‌နေ ပုန်းဖို့မလိုအပ်ဘူးလို့ ထင်တာကြောင့် ခေါင်းယမ်းလိုက်ကာ လော့ချယ်ရဲ့အဆိုပြုချက်ကို ငြင်းပယ်လိုက်တယ်။

China Acting Awardက တကယ်တော့ ‌ဒီလိုဆုပေးပွဲဖြစ်တယ်။နှစ်ကုန်ရင် သူတို့က အသစ်လေးတွေကို အားပေးတယ်၊ ပရိသတ်ရှေ့မှာ ထိတွေ့ခွင့်ပေးပြီး စီနီယာတွေကိုတော့ အသိအမှတ်ပြုမှုတချို့ပေးတယ်။

China Acting Award ရဲ့ တစ်ဝက်မှာ ကုမျန်က သန့်စင်ခန်းသွားဖို့ထလိုက်ပြီး လော့ချယ်ကလည်း သူမနဲ့အတူ ထရပ်လာတယ်။

ကုမျန် သန့်စင်ခန်းထဲဝင်သွားတော့ လော့ချယ်က ဆေးလိပ်သောက်တဲ့အခန်းထဲကနေ လော့ကျစ်ယွီကို ဖုန်းခေါ်လိုက်တယ်။

ဆေးလိပ်သောက်တဲ့အခန်းဆိုပေမယ့် အတွင်းကလေက လတ်ဆတ်ပြီး မီးခိုးတွေမရှိဘူး။ ထိုအချိန် အခန်းထဲတွင်လည်း အခြားဘယ်သူမှမရှိပေ။

လော့ချယ်က သူ့ခြေထောက်ရှည်တွေကို ဆန့်ထုတ်ပြီး တံခါးပေါ်မှီရပ်လိုက်ကာ လက်တစ်ဖက်ကို အိတ်ကပ်ထဲထည့်ထားပြီး ဖုန်းရဲ့အခြားတစ်ဖက်မှ လော့ကျစ်ယွီပြောတာကို နားထောင်နေတယ်။

"မိန်းကလေးကုက တကယ်ကို ထူးခြားတဲ့ပင်ကိုအရည်အသွေးရှိတာပဲ သူမက ဒီလောက်လှတဲ့လည်ဆွဲကို ဝတ်ဖို့တောင် စိတ်မ၀င်စားဘူး မင်းရဲ့ ကြင်နာမှုကို လက်ခံလိုက်တာထက် လည်ပင်းဗလာနဲ့ ပွဲလာတက်ရတာကို ပိုကြိုက်နေတယ် လေးလေးနက်နက်ပြောရရင် ငါ မိန်းကလေးကုရဲ့ပုံစံကို နားမလည်ဘူး အကြိမ်ပေါင်းများစွာ သူမက မင်းကို အမှန်တကယ် အရမ်းချစ်နေပုံရပေမယ့်လည်း တစ်ခါတစ်လေကျတော့ သူမက မင်းကို တကယ်မချစ်ဘူးဆိုတဲ့ ခံစားချက်ကိုပေးတယ် မင်းရော ဘယ်လိုထင်လဲ?"

လော့ကျစ်ယွီတောင် အဲဒီခံစားချက်ကိုရ‌နေတာ။ ပါ၀င်ပတ်သက်နေသူတစ်ယောက်အနေနဲ့ လော့ချယ်က အဲ့ဒီခံစားချက်ကို သဘာဝအတိုင်း ခံစားရပြီး အဲ့ဒါက လော့ကျစ်ယွီထက် ပိုသန်မာတယ်။

ကုမျန်က သူနဲ့သူမကြားမှာ ဆုပ်ကိုင်လို့မရနိုင်တဲ့ လေပြင်းတစ်ဝှေ့လို အကွာအဝေးရှိတယ်ဆိုတဲ့ သန်မာလှတဲ့ခံစားချက်ကိုပေးတယ်။

လော့ကျစ်ယွီက ဖုန်းတစ်ဖက်ကနေ ပြုံးပြီးပြောလာတယ်။ "အဲဒါက မင်းကို ဖမ်းချင်နေတာကြောင့်ပဲ မင်းကို ပိုနက်နက်နဲနဲ နစ်သွားစေချင်တာလား၊ ဒါမှမဟုတ် မင်းကို ယဇ်ပလ္လင်ပေါ်က တစ်လှမ်းချင်းဆင်းစေပြီး မင်းနဲ့မတူတဲ့သူ ဖြစ်သွားစေချင်တာကြောင့်လား အဲဒါကို တွေးရတာက တကယ်ကို စိတ်လှုပ်ရှားဖို့ကောင်းတယ်"

လော့ချယ်က လွယ်လွယ်နဲ့ ကောက်ချက်မချခဲ့သလို လော့ကျစ်ယွီရဲ့စကားကိုလည်း တုံ့ပြန်ခဲ့တယ်။

တကယ်တော့ သူမက သူ့ကို ချစ်သည်ဖြစ်စေ မချစ်သည်ဖြစ်စေ သူနားလည်ပေးနိုင်တယ်။

လော့ကျစ်ယွီက နောက်ပြောင်ပြီးနောက် သူက သက်ပြင်းအနည်းငယ်ချလိုက်ပြီး "မင်းအရင်က အရမ်းကိုတည်ငြိမ်တာမဟုတ်ဘူးလား ဒီနေ့ကျတော့ မင်း ဘာလို့ စိတ်မြန်လက်မြန်ဖြစ်နေရတာလဲ"

လော့ကျစ်ယွီက တင်ဆက်သူနဲ့ အင်တာဗျူးမှာ လော့ချယ်ပြောခဲ့တဲ့ "နှလုံးသားအလှုပ်ရှားစေဆုံး" ဆိုတဲ့စကားကို ပြောနေတာပဲ။ အနုပညာရှင်တစ်ယောက်အနေနဲ့ တည်ငြိမ်မှုဆိုတာက တကယ့်ကို ကြီးမားတဲ့အရာဖြစ်တယ်။

ဖျော်ဖြေရေးလောကထဲကို သူစ,စဝင်ခဲ့တုန်းက ခက်ခဲတဲ့အချိန်ကာလရှိခဲ့တယ်။ နောက်ပိုင်းမှာ သူက သူ့ဘဝရဲ့ လမ်းညွှန်ဆရာ၊ အငြိမ်းစားယူခဲ့တာ ကြာပြီဖြစ်တဲ့ ခေါင်းဆောင်တစ်ဦးနဲ့ တွေ့ဆုံခဲ့ရပြီး သူ့ရဲ့အသက်မွေးဝမ်းကျောင်းအလုပ်ကလည်း တဖြည်းဖြည်း တိုးတက်လာခဲ့တယ်။ မကြာခင်မှာပဲ သူ့ရဲ့အသွင်အပြင်နဲ့ သူ့ရဲ့ထူးခြားတဲ့ နှစ်လိုဖွယ်ကောင်းမှုကြောင့် ကောင်းကင်ပေါ်ကို တက်လှမ်းနိုင်ခဲ့တယ်။

လော့ကျစ်ယွီဘက်ကကြည့်ရင်၊ သူ့လုပ်ရပ်တွေက စိတ်လက်လက်မြန်ဖြစ်နေတယ်ဆိုတာ ဖြစ်သင့်ပါတယ်။

တင်ဆက်သူ‌တွေနဲ့ သတင်းထောက်တွေအားလုံးရဲ့ရှေ့မှာ သူက အဲ့လို‌ပြောခဲ့တယ်။ ဇာတ်လမ်းတစ်ခုလုံးကိုလည်း သူ မပြောခဲ့ဘူးလေ။လူအများက  သူ့ကို ရင်ခုန်စေတဲ့ အမျိုးသမီးအနုပညာရှင်အဖြစ် ကုမျန်အကြောင်းကို ပြောဆိုနေကြပြီး ထိုရွေးချယ်မှုက voteပေးဖို့ ရွေးချယ်မှုတွေမှာ မပေါ်လာခဲ့ဘူးလို့ လူအများက ထင်ကောင်းထင်သွားနိုင်တယ်။

ဒါပေမယ့် အမှန်တရားက ဘာလဲဆိုတာ သူသာလျှင်သိတယ်။

သူ စိတ်မြန်လက်မြန်ဖြစ်မိသွားတာလား။






Zawgyi

၀မ့္ရွားက ကုမ်န္ရဲ႕ဗလာက်င္းေနတဲ့ လည္ပင္းကို ေမာက္မာစြာ စိုက္ၾကည့္လိုက္ၿပီးေနာက္ စိတ္သက္သာရာရသြားတဲ့ သက္ျပင္းတစ္ခ်က္နဲ႕အတူ ထိုင္လိုက္တယ္။

ကုမ်န္မွာ ေနာက္ခံႀကီးႀကီးရွိတာေၾကာင့္ လူေတြကိုေစာ္ကားမိမွာ မေၾကာက္ပဲ သူမေျပာခ်င္တာေျပာလို႔ရေနတာလို႔ သူမထင္ခဲ့တာ။ ဒါေပမယ့္ သူမမွာ လည္ဆြဲတစ္ကုံးေတာင္မရွိဘူးလို႔ ဘယ္သူထင္မွာလဲ။

အဲ့ဒါအကုန္လုံးက အတုေတြလား။ ဒါမွမဟုတ္ ေမာက္ေမာက္မာမာ ျပဳမူဖို႔ အားေကာင္းတဲ့ေနာက္ခံ တကယ္ရွိတာလား။

၀မ့္ရွားက ကုမ်န္ရဲ႕မိသားစုေနာက္ခံကို မသိခဲ့ဘူး။ ကုမ်န္က ေဖ်ာ္ေျဖေရးနယ္ပယ္ထဲ ၀င္လာတာ မၾကာေသးသလို သူမရဲ႕မိသားစုေနာက္ခံကို ဘယ္သူမွလည္း နက္နက္ရွိုင္းရွိုင္းမတူးဆြခဲ့ၾကဘူး။၀မ့္ရွားက သူမမွာ ေနာက္ခံမရွိဘူးလို႔ ထင္သြားတယ္။ သူမက သူမရဲ႕လက္ကို နည္းနည္းပင့္လိုက္ၿပီး ဆံပင္ကို သူမရဲ႕နား႐ြက္နားတစ္ဝိုက္ ထိုးသြင္းလိုက္ကာ သူမရဲ႕လက္ေကာက္ဝတ္ရွိ အရည္အေသြးေကာင္းမြန္တဲ့ လက္ေကာက္ကို ရည္႐ြယ္ခ်က္ရွိရွိ ဒါမွမဟုတ္ မသိစိတ္ကေန ႂကြားဝါလိုက္တယ္။

ကုမ်န္ရဲ႕မ်က္ႏွာအေနအထားက မတုန္မလႈပ္ပင္။

၀မ့္ရွားရဲ႕ကေလးအေၾကာင္း စုံစမ္းဖို႔ သူမရဲ႕ေအးဂ်င့္ကို ေတာင္းဆိုထားတယ္။

သူမက သတင္းအခ်က္အလက္ေတြကို သိပ္မသိဘူး။ အဆုံးမွာေတာ့ ၀မ့္ရွားရဲ႕ ပထမဆုံးကေလးအေၾကာင္းက စာအုပ္ထဲမွာ သိပ္မပါခဲ့ဘူးေလ။ ကေလးက ေျခာက္ႏွစ္ရွိၿပီဆိုတာကိုပဲ သူမသိတယ္။ ၀မ့္ရွင္းယြမ္က သူ႕နာမည္ပါ။

အခ်က္အလက္သိပ္မရွိေပမယ့္လည္း ဒီအခ်က္အလက္ႏွစ္ခုကတင္ လုံေလာက္တယ္။

အခ်က္အလက္ေတြကိုရွာေဖြဖို႔  အခ်ိန္အနည္းငယ္ပိုယူရ႐ုံေလးသာ။

ကုမ်န္က နိုင္တာ၊ရႈံးတာကို အေလးအနက္မထားေပမယ့္လည္း ၀မ့္ရွားရဲ႕ထပ္ခါတလဲလဲ ရန္စမႈေတြက သူမကို သည္းခံနိုင္စြမ္း ကုန္ဆုံးေစခဲ့တယ္။

သူမက ၀မ့္ရွားကို ဖ်တ္ခနဲၾကည့္လိုက္တယ္။ ထိုအခ်ိန္ ၀မ့္ရွားမ်က္ႏွာေပၚ  ဘ၀င္ခိုက္ေနတဲ့ အရိပ္အေယာင္ရွိေနတယ္။ သူမရဲ႕ တရားမဝင္ေမြးဖြားထားတဲ့ ကေလးအေၾကာင္း သတင္းထြက္လာၿပီးတာေတာင္ သူမက ဘ၀င္ခိုက္ေနတဲ့အၿပဳံးကို ၿပဳံးေနနိုင္ဆဲပင္။

သတင္းထြက္လာၿပီးေနာက္မွာေတာင္ ၀မ့္ရွားက အဲ့ဒါကိုလက္မခံေသးရင္ သူမက ၀မ့္ရွင္းယြမ္ရဲ႕ ဖခင္အရင္းကို မသိေစခ်င္တာျဖစ္နိုင္တယ္။

၀မ့္ရွင္းယြမ္က ပိုမိုေကာင္းမြန္တဲ့ကုသမႈနဲ႕ ပိုမိုေကာင္းမြန္တဲ့ ဘဝေနထိုင္မႈမ်ိဳးကို သူ႕အေဖအရင္းနဲ႕ဆို ရရွိနိုင္လိမ့္မယ္။

၀မ့္ရွားက သူ႕ကိုယ္သူ မိခင္ေကာင္းတစ္ေယာက္လို႔ ေၾကာ္ျငာထားေပမယ့္ တကယ္ေတာ့ သူမက မိခင္ေကာင္းမဟုတ္ဘူး။

ေလာ့ခ်ယ္က တစ္စုံတစ္ခုကို သတိျပဳမိသြားပုံရတယ္။ သူ႕ရဲ႕ ေသာက္ရႉးၾကယ္လိုမ်က္၀န္းေတြကို မ်က္လႊာအနည္းငယ္ခ်ၿပီး သူ႕ေဘးနားရွိ ကုမ်န္ကိုၾကည့္လိုက္တယ္။ "ေနရာေျပာင္းေပးရမလား"

ကုမ်န္အံ့ၾသသြားတယ္။ တကယ္ေတာ့ brand နာမည္ကို ဒီထိုင္ခုံက‌ေနဖယ္ၿပီး အျခားထိုင္ခုံမွာ ျပန္ကပ္လိုက္သေ႐ြ႕ ေနရာေျပာင္းလဲဖို႔က အခက္အခဲမရွိေပ။

ဒါေပမယ့္ ေယဘူယ်အားျဖင့္ေတာ့ ဘယ္သူမွ အဲ့လိုမလုပ္ၾကဘူး။

ကုမ်န္က ၀မ့္ရွားဆီက‌ေန ပုန္းဖို႔မလိုအပ္ဘူးလို႔ ထင္တာေၾကာင့္ ေခါင္းယမ္းလိုက္ကာ ေလာ့ခ်ယ္ရဲ႕အဆိုျပဳခ်က္ကို ျငင္းပယ္လိုက္တယ္။

China Acting Awardက တကယ္ေတာ့ ‌ဒီလိုဆုေပးပြဲျဖစ္တယ္။ႏွစ္ကုန္ရင္ သူတို႔က အသစ္ေလးေတြကို အားေပးတယ္၊ ပရိသတ္ေရွ႕မွာ ထိေတြ႕ခြင့္ေပးၿပီး စီနီယာေတြကိုေတာ့ အသိအမွတ္ျပဳမႈတခ်ိဳ႕ေပးတယ္။

China Acting Award ရဲ႕ တစ္ဝက္မွာ ကုမ်န္က သန႔္စင္ခန္းသြားဖို႔ထလိုက္ၿပီး ေလာ့ခ်ယ္ကလည္း သူမနဲ႕အတူ ထရပ္လာတယ္။

ကုမ်န္ သန႔္စင္ခန္းထဲဝင္သြားေတာ့ ေလာ့ခ်ယ္က ေဆးလိပ္ေသာက္တဲ့အခန္းထဲကေန ေလာ့က်စ္ယြီကို ဖုန္းေခၚလိုက္တယ္။

ေဆးလိပ္ေသာက္တဲ့အခန္းဆိုေပမယ့္ အတြင္းကေလက လတ္ဆတ္ၿပီး မီးခိုးေတြမရွိဘူး။ ထိုအခ်ိန္ အခန္းထဲတြင္လည္း အျခားဘယ္သူမွမရွိေပ။

ေလာ့ခ်ယ္က သူ႕ေျခေထာက္ရွည္ေတြကို ဆန႔္ထုတ္ၿပီး တံခါးေပၚမွီရပ္လိုက္ကာ လက္တစ္ဖက္ကို အိတ္ကပ္ထဲထည့္ထားၿပီး ဖုန္းရဲ႕အျခားတစ္ဖက္မွ ေလာ့က်စ္ယြီေျပာတာကို နားေထာင္ေနတယ္။

"မိန္းကေလးကုက တကယ္ကို ထူးျခားတဲ့ပင္ကိုအရည္အေသြးရွိတာပဲ သူမက ဒီေလာက္လွတဲ့လည္ဆြဲကို ဝတ္ဖို႔ေတာင္ စိတ္မ၀င္စားဘူး မင္းရဲ႕ ၾကင္နာမႈကို လက္ခံလိုက္တာထက္ လည္ပင္းဗလာနဲ႕ ပြဲလာတက္ရတာကို ပိုႀကိဳက္ေနတယ္ ေလးေလးနက္နက္ေျပာရရင္ ငါ မိန္းကေလးကုရဲ႕ပုံစံကို နားမလည္ဘူး အႀကိမ္ေပါင္းမ်ားစြာ သူမက မင္းကို အမွန္တကယ္ အရမ္းခ်စ္ေနပုံရေပမယ့္လည္း တစ္ခါတစ္ေလက်ေတာ့ သူမက မင္းကို တကယ္မခ်စ္ဘူးဆိုတဲ့ ခံစားခ်က္ကိုေပးတယ္ မင္းေရာ ဘယ္လိုထင္လဲ?"

ေလာ့က်စ္ယြီေတာင္ အဲဒီခံစားခ်က္ကိုရ‌ေနတာ။ ပါ၀င္ပတ္သက္ေနသူတစ္ေယာက္အေနနဲ႕ ေလာ့ခ်ယ္က အဲ့ဒီခံစားခ်က္ကို သဘာဝအတိုင္း ခံစားရၿပီး အဲ့ဒါက ေလာ့က်စ္ယြီထက္ ပိုသန္မာတယ္။

ကုမ်န္က သူနဲ႕သူမၾကားမွာ ဆုပ္ကိုင္လို႔မရနိုင္တဲ့ ေလျပင္းတစ္ေဝွ႕လို အကြာအေဝးရွိတယ္ဆိုတဲ့ သန္မာလွတဲ့ခံစားခ်က္ကိုေပးတယ္။

ေလာ့က်စ္ယြီက ဖုန္းတစ္ဖက္ကေန ၿပဳံးၿပီးေျပာလာတယ္။ "အဲဒါက မင္းကို ဖမ္းခ်င္ေနတာေၾကာင့္ပဲ မင္းကို ပိုနက္နက္နဲနဲ နစ္သြားေစခ်င္တာလား၊ ဒါမွမဟုတ္ မင္းကို ယဇ္ပလႅင္ေပၚက တစ္လွမ္းခ်င္းဆင္းေစၿပီး မင္းနဲ႕မတူတဲ့သူ ျဖစ္သြားေစခ်င္တာေၾကာင့္လား အဲဒါကို ေတြးရတာက တကယ္ကို စိတ္လႈပ္ရွားဖို႔ေကာင္းတယ္"

ေလာ့ခ်ယ္က လြယ္လြယ္နဲ႕ ေကာက္ခ်က္မခ်ခဲ့သလို ေလာ့က်စ္ယြီရဲ႕စကားကိုလည္း တုံ႕ျပန္ခဲ့တယ္။

တကယ္ေတာ့ သူမက သူ႕ကို ခ်စ္သည္ျဖစ္ေစ မခ်စ္သည္ျဖစ္ေစ သူနားလည္ေပးနိုင္တယ္။

ေလာ့က်စ္ယြီက ေနာက္ေျပာင္ၿပီးေနာက္ သူက သက္ျပင္းအနည္းငယ္ခ်လိဳက္ၿပီး "မင္းအရင္က အရမ္းကိုတည္ၿငိမ္တာမဟုတ္ဘူးလား ဒီေန႕က်ေတာ့ မင္း ဘာလို႔ စိတ္ျမန္လက္ျမန္ျဖစ္ေနရတာလဲ"

ေလာ့က်စ္ယြီက တင္ဆက္သူနဲ႕ အင္တာဗ်ဴးမွာ ေလာ့ခ်ယ္ေျပာခဲ့တဲ့ "ႏွလုံးသားအလႈပ္ရွားေစဆုံး" ဆိုတဲ့စကားကို ေျပာေနတာပဲ။ အႏုပညာရွင္တစ္ေယာက္အေနနဲ႕ တည္ၿငိမ္မႈဆိုတာက တကယ့္ကို ႀကီးမားတဲ့အရာျဖစ္တယ္။

ေဖ်ာ္ေျဖေရးေလာကထဲကို သူစ,စဝင္ခဲ့တုန္းက ခက္ခဲတဲ့အခ်ိန္ကာလရွိခဲ့တယ္။ ေနာက္ပိုင္းမွာ သူက သူ႕ဘဝရဲ႕ လမ္းၫႊန္ဆရာ၊ အၿငိမ္းစားယူခဲ့တာ ၾကာၿပီျဖစ္တဲ့ ေခါင္းေဆာင္တစ္ဦးနဲ႕ ေတြ႕ဆုံခဲ့ရၿပီး သူ႕ရဲ႕အသက္ေမြးဝမ္းေက်ာင္းအလုပ္ကလည္း တျဖည္းျဖည္း တိုးတက္လာခဲ့တယ္။ မၾကာခင္မွာပဲ သူ႕ရဲ႕အသြင္အျပင္နဲ႕ သူ႕ရဲ႕ထူးျခားတဲ့ ႏွစ္လိုဖြယ္ေကာင္းမႈေၾကာင့္ ေကာင္းကင္ေပၚကို တက္လွမ္းနိုင္ခဲ့တယ္။

ေလာ့က်စ္ယြီဘက္ကၾကည့္ရင္၊ သူ႕လုပ္ရပ္ေတြက စိတ္လက္လက္ျမန္ျဖစ္ေနတယ္ဆိုတာ ျဖစ္သင့္ပါတယ္။

တင္ဆက္သူ‌ေတြနဲ႕ သတင္းေထာက္ေတြအားလုံးရဲ႕ေရွ႕မွာ သူက အဲ့လို‌ေျပာခဲ့တယ္။ ဇာတ္လမ္းတစ္ခုလုံးကိုလည္း သူ မေျပာခဲ့ဘူးေလ။လူအမ်ားက  သူ႕ကို ရင္ခုန္ေစတဲ့ အမ်ိဳးသမီးအႏုပညာရွင္အျဖစ္ ကုမ်န္အေၾကာင္းကို ေျပာဆိုေနၾကၿပီး ထိုေ႐ြးခ်ယ္မႈက voteေပးဖို႔ ေ႐ြးခ်ယ္မႈေတြမွာ မေပၚလာခဲ့ဘူးလို႔ လူအမ်ားက ထင္ေကာင္းထင္သြားနိုင္တယ္။

ဒါေပမယ့္ အမွန္တရားက ဘာလဲဆိုတာ သူသာလွ်င္သိတယ္။

သူ စိတ္ျမန္လက္ျမန္ျဖစ္မိသြားတာလား။

Continue Reading

You'll Also Like

237K 35.4K 84
သည်းထိတ်ရင်ဖိုဇာတ်လမ်းတွေကိုနှစ်သက်တဲ့စာရေးဆရာမရှီရှန်းက ရေးလက်စစာအုပ်များစွာကိုရပ် တန့်ခဲ့တယ် မြောက်များစွာသော ‌အဓိကဇာတ်ဆောင်တွေကို ဝမ်းနည်းစရာအဆုံး...
669K 85.1K 200
ခေါင်းစဉ် - သက်တန့်ရောင် မိန်းမပျို (ဘာသာပြန်) မူရင်းခေါင်းစဉ် - Fields of Gold အမျိုးအစား - သဘာဝလွန်၊ စိတ်ကူးယဉ်၊ အချစ်ဇာတ်လမ်း၊ ဘဝအတွေ့အကြုံ အပိုင်...
250K 14.9K 40
My priority /property/privacy
15.1K 1K 9
အစိမ်းရောင် (.....) အောက်မှာ ကျရှုံးခြင်း Cover photo by Lwin Min Khant