စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုး...

By BlackLily_WhiteLily

59.6K 6.3K 215

"မှားယွင်းသော လက်ထပ်ခြင်းမှသည်..... ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၂)" MM Translation (Just for fun) C... More

Description
Intro- 1
Intro- 2
Intro- 3
Chapter 1.1
Chapter 1.2
Chapter 1.3
Chapter 1.4
Chapter 2.1
Just Information
Chapter 2.2
Chapter 2.3
Chapter 2.4
Chapter 2.5
Chapter 3.1
Chapter 3.2
Chapter 3.3
🎆🎆🎆Happy New Year🎆🎆🎆
Chapter 3.4
Chapter 3.5
Chapter 4.1
Chapter 4.2/4.3
Chapter 4.4/4.5
Chapter 4.6
Chapter 4.7
Chapter 5.1
Chapter 5.2
Chapter 5.3
Chapter 5.4
Chapter 5.5
Chapter 6.1
Chapter 6.2
Chapter 6.3
Chapter 6.4
Chapter 7.1
Chapter 7.2
Chapter 7.3
Chapter 7.4
Chapter 7.5
Chapter 8.1
Chapter 8.2
Chapter 8.3
Chapter 8.4
Chapter 9.1
Chapter 9.2/9.3
Chapter 9.4/9.5
Chapter 9.6/9.7
Chapter 9.8/9.9
Chapter 9.10/9.11
Chapter 10.1/10.2
Chapter 10.3/10.4
Chapter 10.5/10.6
Chapter 10.7/10.8
Chapter 10.9/10.10
Chapter 10.11/10.12
Chapter 10.13/10.14
Chapter 10.15/10.16/10.17
Chapter 11(1,2)
Chapter 11 (3,4)
Chapter 11 (5,6)
Chapter 11.7, 12.1
Chapter 12 (2,3)
Chapter 12 (4,5)
Chapter 12 (6,7)
Chapter 12 (8,9)
Chapter 12 (10,11)
Chapter 12 (12,13)
Chapter 13(1,2)
Chapter 13 (3,4)
Chapter 13 (5,6)
Chapter 13 (7,8)
Chapter 13 (9,10,11)
🔊🔊🔊 Telegram PG လေးစပါပြီ
Chapter 14.1/14.2
Chapter 14.3/14.4
Chapter 14.5/14.6
Chapter 14.7/14.8
Chapter 15.1/15.2
Chapter 15.3/15.4
Chapter 15.5/15.6
Chapter 15.7/15.8
Chapter 15.9/15.10
Chapter 15.11/15.12
Chapter 16.1/16.2
Chapter 16.3/16.4
Chapter 16.5/16.6
Chapter 16.7/16.8
Chapter 16.9/16.10
Chapter 16.11/16.12
Chapter 16.13/16.14

Chapter 6.5

640 74 1
By BlackLily_WhiteLily

အခန်း ၆ သွေးပူလေ့ကျင့်ခန်း (အပိုင်း ၅)

သူတို့က အကြည့်ချင်း ဖလှယ်နေကြပြီး လှိုင်းလုံးများ တဟုန်ထိုး ထိုးတက်လာသလို ဖြစ်နေတာကြောင့် စုယွိက ပို၍ပင် စိတ်မရှည်ဖြစ်လာပြီး အော်ဟစ်လိုက်သည်။ "ဘာလို့ ဒီလောက် စိတ်ရှုပ်စရာ ကောင်းနေတာလဲ"

တစ်ညတည်းနဲ့ ဖြေရှင်းလို့ ရနေတာကို... ဘာသုံးညလဲ?? ဘာလို့ အဲ့လောက်လုပ်နေရမှာလဲ?? သူ့ရဲ့ဒုတိယညီအစ်ကိုက ပြဿနာရှာရတာကို တော်တော် ကြိုက်တယ်။

စုရန်က ရှင်းလင်းတဲ့လေသံနဲ့ ပြန်ဖြေလာသည်။ "မိန်းကလေးဘက်မှာတောင် ဘာထင်မြင်ချက်မှ များများစားစား မရှိဘူး၊ မင်းက အရေးမကြီးဘူးလို့ ပြောနေပေမယ့် လိုက်ပြီး နှိုင်းယှဉ်ချင်နေတာ မဟုတ်လား၊ ပြိုင်မှာလား? မပြိုင်ဖူးလား?? "

နှုတ်ဆိတ်နေသည့်အတွက် စုယွိက ခါးခါးသီးသီးပုံစံနဲ့ "ပြိုင်မယ်!"

"ဒါဆို ဒီကိစ္စက ပြေလည်သွားပြီလို့ သတ်မှတ်မယ်။ ပြိုင်ပွဲကို မနက်ဖြန်ညက စပြီး သုံးရက်အကြာ ကျင်းပမယ်။ တည်နေရာက အနောက်ဘက်ဆင်ခြေဖုံးက တပ်စခန်းနေရာပဲ။ စစ်သည်တစ်ထောင်က ငါ့ရဲ့ကွပ်ကပ်မှုအောက်ကနေ အဲ့စခန်းကို စောင့်ရှောက်မယ်။ စခန်းထဲကို ဖောက်ဝင်ပြီး ပစ္စည်းသေတ္တာကို အရင်ရတဲ့သူက အနိုင်ရလိမ့်မယ်"

သူက ပြောနေရင်းနဲ့ ကုယွင်က သူပြောနေတာကို လုံးဝ နားမထောင်နေဘူးဆိုတာကို သူ ရုတ်တရက် သဘောပေါက်သွားသည်။ သူမက စားပွဲပေါ်က စာရွက်ဖိတဲ့တုံးကို စိုက်ကြည့်နေရင်း ထိုအရာကို အာရုံစိုက်နေသည်။ စုရန်က "ချင်းမော့၊ မင်းမှာ တခြားထင်မြင်ချက် ရှိသေးလား"

"မရှိဘူး" ကုယွင် ပြန်ပြောပြီးတာနဲ့ စားပွဲဆီသို့ လျှောက်သွားကာ စားပွဲပေါ်ရှိ စတုဂံပုံစာရွက်ဖိသည့်တုံးကို ကောက်ယူကာ လေ့လာနေခဲ့သည်။ စာရွက်ဖိသည့်တုံးက သဘာဝမီးတောင်ကျောက်မှ ဖြတ်တောက်ထားပုံရပြီး မီးတောင်ကျောက်နှင့် တူညီသော အရောင်အဆင်းရှိသော အနက်ရောင်နှင့် အစိမ်းရင့်ရောင်များ ပါဝင်ပြီး အလေးချိန်က မပေါ့ပါးပေ။ ထိုအရာက ဆန်းသစ်သော ပုံသဏ္ဍာန်မဟုတ်ပေမယ့် အရှေ့ဘက်ခြမ်းတွင် အလွန်ထူးဆန်းသောပုံစံတစ်ခုကို ထွင်းထုထားသည်။ သူမက ထိုပုံစံကို အလွန်ရင်းနှီးနေပြီး ယခင်က တစ်နေရာရာမှာ မြင်ဖူးနေသလို ခံစားနေရသည်။

ကုယွင်က ထိုစာရွက်ဖိသည့်တုံးကို လက်မလွှတ်ဘဲ အကြာကြီး ကိုင်ထားတာကြောင့် စုယွိက သူ မော့ကြည့်လာပြီး ပြုံးလိုက်ကာ "မင်းမှာ ထိုးထွင်းသိမြင်တက်တဲ့ စိတ်တော့ ရှိနေသေးပုံပဲ၊ စာရွက်ဖိတဲ့တုံးက ပစ္စည်းကောင်းဆိုတာ မင်း သိတယ်လား?"

ကုယွင်က ထိုအရာကို အချိန်အတော်ကြာ ကစားနေခဲ့ပြီး လေးထောင့်ပုံသဏ္ဍာန်ကို အလျားလိုက်ကနေ ဒေါင်လိုက်၊ ဒေါင်လိုက်ကနေ အလျားလိုက်လျောက်ရွေ့နေရင်း ပြန်ချလိုက်သည့်အခါ ထိုစာရွက်ဖိသည့်တုံးပေါ်တွင် ပါ့ကွာပုံစံတစ်ခု ပေါ်လာသည်။ သူမ၏ နှလုံးက ရုတ်တရက် စောင့်ခုန်သွားသည်။ ဤအရာက ထိုရွှေရောင်ပါ့ကွာစက်ဝိုင်းပြား၏ပုံစံနှင့် အတူတူပင်ဖြစ်နေပြီး လက်ရာမြောက်သော ရှစ်ထောင်ပုံစံက ရိုးရှင်းနေသော်လည်း တိကျသော လိုင်းများရှိနေကာ သူမက ၎င်းကို လုံဝ မမှားနိုင်ပေ။

ဒီရက်တွေမှာ သူမ ဒီကိုရောက်လာရတဲ့ အကြောင်းရင်းကို သူမ တွေးနေမိသည်။ အဲဒီတုန်းက သူမတို့က ရွှေရောင်ပါ့ကွာစက်ဝိုင်းပြားကို ကိုင်ထားပြီး အနီရောင်များ တဖျပ်ဖျပ်တောက်ပလာပြီး သတိမေ့သွားကာ ဒီနေရာမှာ ပြန်နိုးလာခဲ့သည်။ ပင်းလျန့်၏ထူးဆန်းသော မှော်စွမ်းအားကို မြင်ခဲ့တာကြာင့် ယခု ပါ့ကွာ့ပုံစံကို မြင်လိုက်တာနဲ့ စုမိသားစုတွင် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားများ ရှိ မရှိကို သူမ တွေးနေမိသည်။ ဤစွမ်းအားက သူမ ဤနေရာတွင် ပေါ်လာရခြင်း၏ အကြောင်းရင်း ဖြစ်နိုင်သည်။

ကုယွင်က စကားတစ်ခွန်းမှ မပြောဘဲ ထိုစာရွက်ဖိသည့်တုံးကို အကြာကြီး စိုက်ကြည့်နေသည်။ စုယွိက "မင်း ဘာတွေလုပ်နေတာလဲ မင်းက ငတုံးလား"

ကုယွင်က သူမကိုယ်သူမ ပြန်ထိန်းချုပ်လိုက်ပြီး စုယွိကို မျက်နှာမူကာ စာရွက်ဖိသည့်တုံးကို မြှောက်ပြလိုက်ပြီး "ဒီပုံစံက အရမ်းထူးခြားတယ်၊ ဘာလို့ ဒီပုံစံကို စာရွက်ဖိတဲ့တုံး ပေါ်မှာ ထွင်းထားရတာလဲ"

ဒီမိသားစုထဲမှာ စုယွိက ကိုင်တွယ်ဖို့ အလွယ်ဆုံးပါ။ ဒီမိသားစုထဲမှာ ဒီတစ်ယောက်ပဲ သူမလိုချင်တဲ့ အဖြေကို ပေးနိုင်ပေမည်။

စုယွိက စာရွက်ဖိတုံးပေါ်မှ ပုံစံကို တစ်ချက်ကြည့်လိုက်ပြီး "ဒါက ငါတို့ စုမိသားစုက မျိုးနွယ်စုသင်္ကေတ"

" မျိုးနွယ်စုတံဆိပ်ပြား?" ကုယွင်က အံ့အားသင့်သွားသည်။ အဲဒါ ဘာလဲ? တံဆိပ်တစ်ခုလား?"

စုယွိက ခဏလောက် စဉ်းစားပြီး "မှန်တယ်၊ မှန်ကန်တဲ့အသုံးအနှုန်းနဲ့ပြောရရင် စုမိသားစုရဲ့ သင်္ကေတနဲ့ တံဆိပ်ပြားဘဲ"

ဒီမျိုးနွယ်စု အမှတ်အသားက သူမ မြင်ဖူးခဲ့သည့် ရွှေရောင်ပါ့ကွာပြားနဲ့ အတူတူပဲလား?? ကုယွင်က "ဒီလိုထူးခြားတဲ့ ပစ္စည်းကို စစ်သူကြီးအိမ်တော်မှာ သိမ်းဆည်းထားသလား၊ ငါ အဲဒါကို ကြည့်လို့ရလား"

"မရဘူး..." စုယွိက ငြင်းရန် ပါးစပ်ကို ဖွင့်ခါနီးတွင် စုရန်၏သွယ်လျသောလက်များက စုယွိ၏ပခုံးပေါ်ကို တင်းတင်းကျပ်ကျပ် ဖိထားလိုက်ပြီး စုယွိ စကားမဆုံးခင်မှာ သူက သူမကို ပြုံးပြလိုက်ပြီး "မျိုးနွယ်စုတံဆိပ်ပြားအကြောင်းကို ငါတို့ တာ့ကောက ပိုသိတယ်။ အမှန်တော့ သူက စုမိသားစုရဲ့အကြီးဆုံးသားဆိုတော့ မျိုးနွယ်ထဲက ကိစ္စတော်တော်များများကို သိဖို့ သူ့မှာပဲ အခွင့်အရေး ရှိတယ်။ မင်းက အဲ့ဒါကို စိတ်ဝင်စားရင် တာ့ကောကို မေးလို့ရတယ်"

သူမက ထိုအရာကို အလွန်စိတ်ဝင်စားပုံရနေတာကြောင့် သူမကို အကြီးဆုံးအစ်ကိုနှင့် စကားပြောနိုင်ရရန် ဤအခွင့်အရေးကို သူ အသုံးချလိုက်သည်။

ကုယွင်က အံကြိတ်မိလိုက်သည်။ တောက်!!! စုရန်က ငါ့ကို လှည့်စားနေပြန်ပြီ။

ထိုအရာက စုမိသားစုနှင့် ပတ်သက်ကြောင်း သူမ သိလိုက်ရတာကြောင့် စုယွိနှင့် နှစ်ယောက်တည်း စကားပြောရန် အခွင့်အရေးကို သူမ အမြဲရှာတွေ့နိုင်သည်။ စုရန်က အမြဲတမ်း လိုက်နှောက်ယှက်ရန် အချိန်ရမည်ဟု သူမ မယုံကြည်ပေ။

ကုယွင်က စုရန်ရဲ့နှောင့်ယှက်မှုကြောင့် ဒေါသထွက်သွားပြီး သူမမျက်နှာက ဆိုးဝါးတာတာကြောင့် စုယွိက သူမကို စိုးရိမ်တကြီး ကြည့်နေကာ "မင်း ဒီနေ့ ဘာဖြစ်တာလဲ? စိတ်ရှုပ်နေတာလား?"

ကုယွင်က စုယွိ၏ ရိုးရိုးရှင်းရှင်းအကြည့်နှင့် စိုးရိမ်ကြောင့်ကြမှုကြောင့် အနည်းငယ် အံ့သြသွားရသည်။ ဤလူက အနည်းငယ် မဆင်မခြင် ပြုမူတက်သော်လည်း စိတ်နှလုံးကောင်းသောသူဖြစ်နေသည်။

အစီအစဥ်တစ်ခုကို တွေးလိုက်မိတာကြောင့် ကုယွင်၏မျက်လုံးများက ပြန်ပြီး လင်းလက်လာသည်။ သူမက ချင်းကို တွေ့နိုင်ရန် နည်းလမ်းတစ်ခုကို တွေးမိသွားခဲ့သည်။ ထိုအစီအစဥ်က သူမ ဝန်ကြီးချုပ်အိမ်တော်ထဲသို့ ပွင့်ပွင့်လင်းလင်း ဝင်သွားနိုင်ရုံသာမက ချင်းကို တွေ့နိုင်ရန်လည်း တစ်ရာရာခိုင်နှုန်း သေချာနေသည်။

တောင်းပန်ပါတယ်... စုယွိရေ..

ကုယွင်က စားပွဲခုံကို လက်နှစ်ဖက်ဖြင့် ထောက်ထားလိုက်ပြီး မျက်မှောင်ကြုတ်နေကာ အချိန်အတော်ကြာပြီးနောက် နောက်ဆုံးတွင် "ဘာမှမဟုတ်ပါဘူး၊ ငါ ခေါင်းကိုက်နေလို့"

သူမက နာကျင်မှုကို ထိန်းထားပုံရတာကြေင့် စုယွိက စိုးရိမ်တကြီးနဲ့ "မင်းက ဘာလို့ အကြောင်းပြချက်မရှိဘဲ ခေါင်းကိုက်နေတာလဲ၊ တစ်ယောက်ယောက်ကို သမားတော်ပင့်ဖို့ လွှတ်လိုက်မယ်"

ကုယွင်က စုယွိ၏အင်္ကျီလက်ဝကျယ်ကို ဆုပ်ကိုင်လိုက်ပြီး ခေါင်းယမ်းပြကာ "သမားတော်ပင့်လည်း အသုံးမဝင်ပါဘူး၊ ငါက ငယ်ငယ်လေးကတည်းက ကျန်းမာရေး မကောင်းဘဲ ကြီးပြင်း..."

"မင်းက ကျန်းမာရေးမကောင်းဘူးလား?" ကုယွင်ပြောနေတဲ့စကားတောင်မဆုံးသေးခင် စုယွိက အကျယ်ကြီး ထအော်လိုက်သည်။ သူမက နေ့တိုင်း သာမာန်လူတွေစားတဲ့ တစ်နပ်စာထက် ပိုစားတာကို သူ့မျက်လုံးနဲ့ မြင်ခဲ့ဖူးတယ်၊ ဓားနဲ့ထိုးရင်တောင် ပေါက်မထွက်လောက်တဲ့ ခန္ဓာကိုယ်က မကျန်းမာဘူးဆိုရင် ဒီကမ္ဘာကြီးမှာ ဘယ်အရာကို ကျန်းမာတဲ့ ခန္ဓာကိုယ်လို့ တွက်ချက်ရမလဲ??

ကုယွင်က စုယွိကို အဆုံးအထိ အော်ဟစ်ပစ်ချင်နေပြီး မအော်နိုင်တာကြောင့် တိတ်ဆိတ်နေရကာ သူမစိတ်ထဲကနေ မရိုးမရွ ခံစားနေရသည်။

အဆင်အခြင် ကင်းမဲ့တဲ့လူ! ယဥ်ကျေးမှုမရှိတဲ့ကောင်! သူများ စကားကို ဆုံးအောင် စောင့်ရမယ်ဆိုတာကို နားမလည်ဘူးလား??! ဒါပေမယ့်... ငါကလည်း ကလေးဘဝကတည်းက မယုံနိုင်အောင် သန်မာပြီး ကျန်းမာရေးက အကောင်းလွန်နေတာဟ!!!

သူ့ကို နောက်ထပ် အသုံးပြုနိုင်သေးတာကို ပြန်စဉ်းစားမိတော့ ကုယွင်က သူမစိတ်ထဲမှ ဒေါသတွေကို မျိုသိပ်လိုက်ပြီး သက်ပြင်းတစ်ချက်ချလိုက်ကာ "ငါက ကျန်းမာရေး မကောင်းလို့ ငါ့ခန္ဓာကိုယ် သန်မာဖို့ ငါ့မိဘတွေက ငါ့ကိုသိုင်းပညာလေ့ကျင့်ခွင့်ပေးခဲ့တာ၊ အဲ့အတွက် ငါရဲ့ကျဲကျဲ(အစ်မ)ကလည်း ဆေးပညာစာအုပ်တွေကို လေ့လာခဲ့ရပြီး ဆေးပညာအခြေခံတွေနဲ့ ရင်းနှီးတယ်။ နှစ်တွေ ကြာလာတော့ ငါ့ကျဲကျဲ့ရဲ့ပြုစုစောင့်ရှောက်မှုအောက်မှာ ငါ့ကျန်းမာရေးက အများကြီးတိုးတက်လာပေမယ့် တစ်နှစ်မှာ တစ်ခါနှစ်ခါလောက်တော့ နေမကောင်းဖြစ်တက်တယ်၊ အဲ့တာကို ငါကျဲကျဲတစ်ယောက်ပဲ ကုသပေးနိုင်တယ်"

ဒီလိုမျိုးရှိတယ်လား??? စုယွိက မယုံသော်လည်း သူက စိတ်အားထက်သန်စွာ ပြန်ပြောနေသေးသည်။ "ရယ်စရာကောင်းလိုက်တာ ဒီကမ္ဘာပေါ်မှာ နာမည်ကြီးသမားတော်တွေ အများကြီးရှိပြီး မြို့တော်မှာ ပိုနာမည်ကြီးပြီး အစွမ်းထက်တဲ့ သမားတော်တွေရှိတယ်။ ငါ မင်းအတွက် သမားတော်တချို့ ရှာပေးမယ်။ သူတို့က မင်းကို ကုသပေးနိုင်လောက်တယ်"

ဒီလိုပြောပြီးတာနဲ့ သူက ထွက်သွားရန် ပြင်လိုက်ပေမယ့် ကုယွင်က သူ့အင်္ကျီလက်ကို ပြန်ဆွဲလိုက်ပြီး ပိုကောင်းလာပုံ ပြလိုက်ကာ "အခု မလိုပါဘူး၊ ငါ နေကောင်းနေရင် ဘာအမှားအယွင်းမှ ရှာမတွေ့နိုင်လောက်ဘူး၊ လောလောဆယ်တော့ ငါ ပိုကောင်းလာပါပြီ၊ ငါ နေမကောင်းဖြစ်တဲ့ အချိန်ရောက်လာရင် နင် ငါ့အတွက် သမားတော်ရှာပေးလို့ ရတယ်။ သူတို့ မကုသပေးနိုင်ရင်တော့ ငါ အသက်ရှင်ဖို့ ငါကျဲကျဲကို ရှာဖို့ ဝန်ကြီးချုပ်အိမ်တော်ကို ခေါ်သွားပေးပါ"

အသက်တောင် မရှင်သန်နိုင်ဘူးလား? ဒါက အရမ်းလေးနက်တယ်!

ကုယွင်၏လေးနက်သော မျက်နှာကို အချိန်အကြာကြီး စိုက်ကြည့်နေပြီးနောက် စုယွိက အနည်းငယ် စိတ်မရှည်ဟန်ဖြင့် "ငါကို လာခြောက်လန့်နေတယ်!"

ကုယွင်က ဘာမှပြန်မပြောတော့ပေ၊ သူမလိုချင်တဲ့ အကျိုးသက်ရောက်မှုက ရပြီးသွားပြီလေ။ ခြောက်လန့်တာလား တကယ်လား သူ မကြာခင် သိလာမှာပါ။

စုရန်က ကုယွင်ရဲ့ သရုပ်ဆောင်မှုကို တိတ်တိတ်ဆိတ်ဆိတ် ကြည့်နေခဲ့ပြီး သူမရဲ့ သရုပ်ဆောင်မှုစွမ်းရည်က သူ့မျက်လုံးတွေကနေ ဖုံးကွယ်ထားဖို့ မလွယ်ပါဘူး။ ဒါပေမယ့် သူမက ယွိကို လှည့်စားချင်နေရုံသာ ဖြစ်ပြီး ဘာမှ ထပ်မလုပ်ခဲ့ပေ၊ အဲ့ဒါဆိုရင် သူမက ဘာကြောင့် ဒီလိုလုပ်ရတာလဲ။ သူမအစ်မကို တွေ့ချင်နေတဲ့ ရိုးရိုးရှင်းရှင်း ဆန္ဒတစ်ခုပဲလား???

❤️❤️❤️Thank you so much for your lovely supports❤️❤️❤️


အခန္း ၆ ေသြးပူေလ့က်င့္ခန္း (အပိုင္း ၅)

သူတို႔က အၾကည့္ခ်င္း ဖလွယ္ေနၾကၿပီး လႈိင္းလုံးမ်ား တဟုန္ထိုး ထိုးတက္လာသလို ျဖစ္ေနတာေၾကာင့္ စုယြိက ပို၍ပင္ စိတ္မရွည္ျဖစ္လာၿပီး ေအာ္ဟစ္လိုက္သည္။ "ဘာလို႔ ဒီေလာက္ စိတ္ရႈပ္စရာ ေကာင္းေနတာလဲ"

တစ္ညတည္းနဲ႔ ေျဖရွင္းလို႔ ရေနတာကို... ဘာသုံးညလဲ?? ဘာလို႔ အဲ့ေလာက္လုပ္ေနရမွာလဲ?? သူ႔ရဲ႕ဒုတိယညီအစ္ကိုက ျပႆနာရွာရတာကို ေတာ္ေတာ္ ႀကိဳက္တယ္။

စုရန္က ရွင္းလင္းတဲ့ေလသံနဲ႔ ျပန္ေျဖလာသည္။ "မိန္းကေလးဘက္မွာေတာင္ ဘာထင္ျမင္ခ်က္မွ မ်ားမ်ားစားစား မရွိဘူး၊ မင္းက အေရးမႀကီးဘူးလို႔ ေျပာေနေပမယ့္ လိုက္ၿပီး ႏႈိင္းယွဥ္ခ်င္ေနတာ မဟုတ္လား၊ ၿပိဳင္မွာလား? မၿပိဳင္ဖူးလား?? "

ႏႈတ္ဆိတ္ေနသည့္အတြက္ စုယြိက ခါးခါးသီးသီးပုံစံနဲ႔ "ၿပိဳင္မယ္!"

"ဒါဆို ဒီကိစၥက ေျပလည္သြားၿပီလို႔ သတ္မွတ္မယ္။ ၿပိဳင္ပြဲကို မနက္ျဖန္ညက စၿပီး သုံးရက္အၾကာ က်င္းပမယ္။ တည္ေနရာက အေနာက္ဘက္ဆင္ေျခဖုံးက တပ္စခန္းေနရာပဲ။ စစ္သည္တစ္ေထာင္က ငါ့ရဲ႕ကြပ္ကပ္မႈေအာက္ကေန အဲ့စခန္းကို ေစာင့္ေရွာက္မယ္။ စခန္းထဲကို ေဖာက္ဝင္ၿပီး ပစၥည္းေသတၱာကို အရင္ရတဲ့သူက အႏိုင္ရလိမ့္မယ္"

သူက ေျပာေနရင္းနဲ႔ ကုယြင္က သူေျပာေနတာကို လုံးဝ နားမေထာင္ေနဘူးဆိုတာကို သူ ႐ုတ္တရက္ သေဘာေပါက္သြားသည္။ သူမက စားပြဲေပၚက စာ႐ြက္ဖိတဲ့တုံးကို စိုက္ၾကည့္ေနရင္း ထိုအရာကို အာ႐ုံစိုက္ေနသည္။ စုရန္က "ခ်င္းေမာ့၊ မင္းမွာ တျခားထင္ျမင္ခ်က္ ရွိေသးလား"

"မရွိဘူး" ကုယြင္ ျပန္ေျပာၿပီးတာနဲ႔ စားပြဲဆီသို႔ ေလွ်ာက္သြားကာ စားပြဲေပၚရွိ စတုဂံပုံစာ႐ြက္ဖိသည့္တုံးကို ေကာက္ယူကာ ေလ့လာေနခဲ့သည္။ စာ႐ြက္ဖိသည့္တုံးက သဘာဝမီးေတာင္ေက်ာက္မွ ျဖတ္ေတာက္ထားပုံရၿပီး မီးေတာင္ေက်ာက္ႏွင့္ တူညီေသာ အေရာင္အဆင္းရွိေသာ အနက္ေရာင္ႏွင့္ အစိမ္းရင့္ေရာင္မ်ား ပါဝင္ၿပီး အေလးခ်ိန္က မေပါ့ပါးေပ။ ထိုအရာက ဆန္းသစ္ေသာ ပုံသ႑ာန္မဟုတ္ေပမယ့္ အေရွ႕ဘက္ျခမ္းတြင္ အလြန္ထူးဆန္းေသာပုံစံတစ္ခုကို ထြင္းထုထားသည္။ သူမက ထိုပုံစံကို အလြန္ရင္းႏွီးေနၿပီး ယခင္က တစ္ေနရာရာမွာ ျမင္ဖူးေနသလို ခံစားေနရသည္။

ကုယြင္က ထိုစာ႐ြက္ဖိသည့္တုံးကို လက္မလႊတ္ဘဲ အၾကာႀကီး ကိုင္ထားတာေၾကာင့္ စုယြိက သူ ေမာ့ၾကည့္လာၿပီး ၿပဳံးလိုက္ကာ "မင္းမွာ ထိုးထြင္းသိျမင္တက္တဲ့ စိတ္ေတာ့ ရွိေနေသးပုံပဲ၊ စာ႐ြက္ဖိတဲ့တုံးက ပစၥည္းေကာင္းဆိုတာ မင္း သိတယ္လား?"

ကုယြင္က ထိုအရာကို အခ်ိန္အေတာ္ၾကာ ကစားေနခဲ့ၿပီး ေလးေထာင့္ပုံသ႑ာန္ကို အလ်ားလိုက္ကေန ေဒါင္လိုက္၊ ေဒါင္လိုက္ကေန အလ်ားလိုက္ေလ်ာက္ေ႐ြ႕ေနရင္း ျပန္ခ်လိုက္သည့္အခါ ထိုစာ႐ြက္ဖိသည့္တုံးေပၚတြင္ ပါ့ကြာပုံစံတစ္ခု ေပၚလာသည္။ သူမ၏ ႏွလုံးက ႐ုတ္တရက္ ေစာင့္ခုန္သြားသည္။ ဤအရာက ထိုေ႐ႊေရာင္ပါ့ကြာစက္ဝိုင္းျပား၏ပုံစံႏွင့္ အတူတူပင္ျဖစ္ေနၿပီး လက္ရာေျမာက္ေသာ ရွစ္ေထာင္ပုံစံက ႐ိုးရွင္းေနေသာ္လည္း တိက်ေသာ လိုင္းမ်ားရွိေနကာ သူမက ၎ကို လုံဝ မမွားႏိုင္ေပ။

ဒီရက္ေတြမွာ သူမ ဒီကိုေရာက္လာရတဲ့ အေၾကာင္းရင္းကို သူမ ေတြးေနမိသည္။ အဲဒီတုန္းက သူမတို႔က ေ႐ႊေရာင္ပါ့ကြာစက္ဝိုင္းျပားကို ကိုင္ထားၿပီး အနီေရာင္မ်ား တဖ်ပ္ဖ်ပ္ေတာက္ပလာၿပီး သတိေမ့သြားကာ ဒီေနရာမွာ ျပန္ႏိုးလာခဲ့သည္။ ပင္းလ်န႔္၏ထူးဆန္းေသာ ေမွာ္စြမ္းအားကို ျမင္ခဲ့တာၾကာင့္ ယခု ပါ့ကြာ့ပုံစံကို ျမင္လိုက္တာနဲ႔ စုမိသားစုတြင္ လွ်ိဳ႕ဝွက္ဆန္းၾကယ္ေသာ စြမ္းအားမ်ား ရွိ မရွိကို သူမ ေတြးေနမိသည္။ ဤစြမ္းအားက သူမ ဤေနရာတြင္ ေပၚလာရျခင္း၏ အေၾကာင္းရင္း ျဖစ္ႏိုင္သည္။

ကုယြင္က စကားတစ္ခြန္းမွ မေျပာဘဲ ထိုစာ႐ြက္ဖိသည့္တုံးကို အၾကာႀကီး စိုက္ၾကည့္ေနသည္။ စုယြိက "မင္း ဘာေတြလုပ္ေနတာလဲ မင္းက ငတုံးလား"

ကုယြင္က သူမကိုယ္သူမ ျပန္ထိန္းခ်ဳပ္လိုက္ၿပီး စုယြိကို မ်က္ႏွာမူကာ စာ႐ြက္ဖိသည့္တုံးကို ေျမႇာက္ျပလိုက္ၿပီး "ဒီပုံစံက အရမ္းထူးျခားတယ္၊ ဘာလို႔ ဒီပုံစံကို စာ႐ြက္ဖိတဲ့တုံး ေပၚမွာ ထြင္းထားရတာလဲ"

ဒီမိသားစုထဲမွာ စုယြိက ကိုင္တြယ္ဖို႔ အလြယ္ဆုံးပါ။ ဒီမိသားစုထဲမွာ ဒီတစ္ေယာက္ပဲ သူမလိုခ်င္တဲ့ အေျဖကို ေပးႏိုင္ေပမည္။

စုယြိက စာ႐ြက္ဖိတုံးေပၚမွ ပုံစံကို တစ္ခ်က္ၾကည့္လိုက္ၿပီး "ဒါက ငါတို႔ စုမိသားစုက မ်ိဳးႏြယ္စုသေကၤတ"

" မ်ိဳးႏြယ္စုတံဆိပ္ျပား?" ကုယြင္က အံ့အားသင့္သြားသည္။ အဲဒါ ဘာလဲ? တံဆိပ္တစ္ခုလား?"

စုယြိက ခဏေလာက္ စဥ္းစားၿပီး "မွန္တယ္၊ မွန္ကန္တဲ့အသုံးအႏႈန္းနဲ႔ေျပာရရင္ စုမိသားစုရဲ႕ သေကၤတနဲ႔ တံဆိပ္ျပားဘဲ"

ဒီမ်ိဳးႏြယ္စု အမွတ္အသားက သူမ ျမင္ဖူးခဲ့သည့္ ေ႐ႊေရာင္ပါ့ကြာျပားနဲ႔ အတူတူပဲလား?? ကုယြင္က "ဒီလိုထူးျခားတဲ့ ပစၥည္းကို စစ္သူႀကီးအိမ္ေတာ္မွာ သိမ္းဆည္းထားသလား၊ ငါ အဲဒါကို ၾကည့္လို႔ရလား"

"မရဘူး..." စုယြိက ျငင္းရန္ ပါးစပ္ကို ဖြင့္ခါနီးတြင္ စုရန္၏သြယ္လ်ေသာလက္မ်ားက စုယြိ၏ပခုံးေပၚကို တင္းတင္းက်ပ္က်ပ္ ဖိထားလိုက္ၿပီး စုယြိ စကားမဆုံးခင္မွာ သူက သူမကို ၿပဳံးျပလိုက္ၿပီး "မ်ိဳးႏြယ္စုတံဆိပ္ျပားအေၾကာင္းကို ငါတို႔ တာ့ေကာက ပိုသိတယ္။ အမွန္ေတာ့ သူက စုမိသားစုရဲ႕အႀကီးဆုံးသားဆိုေတာ့ မ်ိဳးႏြယ္ထဲက ကိစၥေတာ္ေတာ္မ်ားမ်ားကို သိဖို႔ သူ႔မွာပဲ အခြင့္အေရး ရွိတယ္။ မင္းက အဲ့ဒါကို စိတ္ဝင္စားရင္ တာ့ေကာကို ေမးလို႔ရတယ္"

သူမက ထိုအရာကို အလြန္စိတ္ဝင္စားပုံရေနတာေၾကာင့္ သူမကို အႀကီးဆုံးအစ္ကိုႏွင့္ စကားေျပာႏိုင္ရရန္ ဤအခြင့္အေရးကို သူ အသုံးခ်လိုက္သည္။

ကုယြင္က အံႀကိတ္မိလိုက္သည္။ ေတာက္!!! စုရန္က ငါ့ကို လွည့္စားေနျပန္ၿပီ။

ထိုအရာက စုမိသားစုႏွင့္ ပတ္သက္ေၾကာင္း သူမ သိလိုက္ရတာေၾကာင့္ စုယြိႏွင့္ ႏွစ္ေယာက္တည္း စကားေျပာရန္ အခြင့္အေရးကို သူမ အၿမဲရွာေတြ႕ႏိုင္သည္။ စုရန္က အၿမဲတမ္း လိုက္ေႏွာက္ယွက္ရန္ အခ်ိန္ရမည္ဟု သူမ မယုံၾကည္ေပ။

ကုယြင္က စုရန္ရဲ႕ေႏွာင့္ယွက္မႈေၾကာင့္ ေဒါသထြက္သြားၿပီး သူမမ်က္ႏွာက ဆိုးဝါးတာတာေၾကာင့္ စုယြိက သူမကို စိုးရိမ္တႀကီး ၾကည့္ေနကာ "မင္း ဒီေန႔ ဘာျဖစ္တာလဲ? စိတ္ရႈပ္ေနတာလား?"

ကုယြင္က စုယြိ၏ ႐ိုး႐ိုးရွင္းရွင္းအၾကည့္ႏွင့္ စိုးရိမ္ေၾကာင့္ၾကမႈေၾကာင့္ အနည္းငယ္ အံ့ၾသသြားရသည္။ ဤလူက အနည္းငယ္ မဆင္မျခင္ ျပဳမူတက္ေသာ္လည္း စိတ္ႏွလုံးေကာင္းေသာသူျဖစ္ေနသည္။

အစီအစဥ္တစ္ခုကို ေတြးလိုက္မိတာေၾကာင့္ ကုယြင္၏မ်က္လုံးမ်ားက ျပန္ၿပီး လင္းလက္လာသည္။ သူမက ခ်င္းကို ေတြ႕ႏိုင္ရန္ နည္းလမ္းတစ္ခုကို ေတြးမိသြားခဲ့သည္။ ထိုအစီအစဥ္က သူမ ဝန္ႀကီးခ်ဳပ္အိမ္ေတာ္ထဲသို႔ ပြင့္ပြင့္လင္းလင္း ဝင္သြားႏိုင္႐ုံသာမက ခ်င္းကို ေတြ႕ႏိုင္ရန္လည္း တစ္ရာရာခိုင္ႏႈန္း ေသခ်ာေနသည္။

ေတာင္းပန္ပါတယ္... စုယြိေရ..

ကုယြင္က စားပြဲခုံကို လက္ႏွစ္ဖက္ျဖင့္ ေထာက္ထားလိုက္ၿပီး မ်က္ေမွာင္ၾကဳတ္ေနကာ အခ်ိန္အေတာ္ၾကာၿပီးေနာက္ ေနာက္ဆုံးတြင္ "ဘာမွမဟုတ္ပါဘူး၊ ငါ ေခါင္းကိုက္ေနလို႔"

သူမက နာက်င္မႈကို ထိန္းထားပုံရတာေၾကင့္ စုယြိက စိုးရိမ္တႀကီးနဲ႔ "မင္းက ဘာလို႔ အေၾကာင္းျပခ်က္မရွိဘဲ ေခါင္းကိုက္ေနတာလဲ၊ တစ္ေယာက္ေယာက္ကို သမားေတာ္ပင့္ဖို႔ လႊတ္လိုက္မယ္"

ကုယြင္က စုယြိ၏အက်ႌလက္ဝက်ယ္ကို ဆုပ္ကိုင္လိုက္ၿပီး ေခါင္းယမ္းျပကာ "သမားေတာ္ပင့္လည္း အသုံးမဝင္ပါဘူး၊ ငါက ငယ္ငယ္ေလးကတည္းက က်န္းမာေရး မေကာင္းဘဲ ႀကီးျပင္း..."

"မင္းက က်န္းမာေရးမေကာင္းဘူးလား?" ကုယြင္ေျပာေနတဲ့စကားေတာင္မဆုံးေသးခင္ စုယြိက အက်ယ္ႀကီး ထေအာ္လိုက္သည္။ သူမက ေန႔တိုင္း သာမာန္လူေတြစားတဲ့ တစ္နပ္စာထက္ ပိုစားတာကို သူ႔မ်က္လုံးနဲ႔ ျမင္ခဲ့ဖူးတယ္၊ ဓားနဲ႔ထိုးရင္ေတာင္ ေပါက္မထြက္ေလာက္တဲ့ ခႏၶာကိုယ္က မက်န္းမာဘူးဆိုရင္ ဒီကမာၻႀကီးမွာ ဘယ္အရာကို က်န္းမာတဲ့ ခႏၶာကိုယ္လို႔ တြက္ခ်က္ရမလဲ??

ကုယြင္က စုယြိကို အဆုံးအထိ ေအာ္ဟစ္ပစ္ခ်င္ေနၿပီး မေအာ္ႏိုင္တာေၾကာင့္ တိတ္ဆိတ္ေနရကာ သူမစိတ္ထဲကေန မ႐ိုးမ႐ြ ခံစားေနရသည္။

အဆင္အျခင္ ကင္းမဲ့တဲ့လူ! ယဥ္ေက်းမႈမရွိတဲ့ေကာင္! သူမ်ား စကားကို ဆုံးေအာင္ ေစာင့္ရမယ္ဆိုတာကို နားမလည္ဘူးလား??! ဒါေပမယ့္... ငါကလည္း ကေလးဘဝကတည္းက မယုံႏိုင္ေအာင္ သန္မာၿပီး က်န္းမာေရးက အေကာင္းလြန္ေနတာဟ!!!

သူ႔ကို ေနာက္ထပ္ အသုံးျပဳႏိုင္ေသးတာကို ျပန္စဥ္းစားမိေတာ့ ကုယြင္က သူမစိတ္ထဲမွ ေဒါသေတြကို မ်ိဳသိပ္လိုက္ၿပီး သက္ျပင္းတစ္ခ်က္ခ်လိုက္ကာ "ငါက က်န္းမာေရး မေကာင္းလို႔ ငါ့ခႏၶာကိုယ္ သန္မာဖို႔ ငါ့မိဘေတြက ငါ့ကိုသိုင္းပညာေလ့က်င့္ခြင့္ေပးခဲ့တာ၊ အဲ့အတြက္ ငါရဲ႕က်ဲက်ဲ(အစ္မ)ကလည္း ေဆးပညာစာအုပ္ေတြကို ေလ့လာခဲ့ရၿပီး ေဆးပညာအေျခခံေတြနဲ႔ ရင္းႏွီးတယ္။ ႏွစ္ေတြ ၾကာလာေတာ့ ငါ့က်ဲက်ဲ႕ရဲ႕ျပဳစုေစာင့္ေရွာက္မႈေအာက္မွာ ငါ့က်န္းမာေရးက အမ်ားႀကီးတိုးတက္လာေပမယ့္ တစ္ႏွစ္မွာ တစ္ခါႏွစ္ခါေလာက္ေတာ့ ေနမေကာင္းျဖစ္တက္တယ္၊ အဲ့တာကို ငါက်ဲက်ဲတစ္ေယာက္ပဲ ကုသေပးႏိုင္တယ္"

ဒီလိုမ်ိဳးရွိတယ္လား??? စုယြိက မယုံေသာ္လည္း သူက စိတ္အားထက္သန္စြာ ျပန္ေျပာေနေသးသည္။ "ရယ္စရာေကာင္းလိုက္တာ ဒီကမာၻေပၚမွာ နာမည္ႀကီးသမားေတာ္ေတြ အမ်ားႀကီးရွိၿပီး ၿမိဳ႕ေတာ္မွာ ပိုနာမည္ႀကီးၿပီး အစြမ္းထက္တဲ့ သမားေတာ္ေတြရွိတယ္။ ငါ မင္းအတြက္ သမားေတာ္တခ်ိဳ႕ ရွာေပးမယ္။ သူတို႔က မင္းကို ကုသေပးႏိုင္ေလာက္တယ္"

ဒီလိုေျပာၿပီးတာနဲ႔ သူက ထြက္သြားရန္ ျပင္လိုက္ေပမယ့္ ကုယြင္က သူ႔အက်ႌလက္ကို ျပန္ဆြဲလိုက္ၿပီး ပိုေကာင္းလာပုံ ျပလိုက္ကာ "အခု မလိုပါဘူး၊ ငါ ေနေကာင္းေနရင္ ဘာအမွားအယြင္းမွ ရွာမေတြ႕ႏိုင္ေလာက္ဘူး၊ ေလာေလာဆယ္ေတာ့ ငါ ပိုေကာင္းလာပါၿပီ၊ ငါ ေနမေကာင္းျဖစ္တဲ့ အခ်ိန္ေရာက္လာရင္ နင္ ငါ့အတြက္ သမားေတာ္ရွာေပးလို႔ ရတယ္။ သူတို႔ မကုသေပးႏိုင္ရင္ေတာ့ ငါ အသက္ရွင္ဖို႔ ငါက်ဲက်ဲကို ရွာဖို႔ ဝန္ႀကီးခ်ဳပ္အိမ္ေတာ္ကို ေခၚသြားေပးပါ"

အသက္ေတာင္ မရွင္သန္ႏိုင္ဘူးလား? ဒါက အရမ္းေလးနက္တယ္!

ကုယြင္၏ေလးနက္ေသာ မ်က္ႏွာကို အခ်ိန္အၾကာႀကီး စိုက္ၾကည့္ေနၿပီးေနာက္ စုယြိက အနည္းငယ္ စိတ္မရွည္ဟန္ျဖင့္ "ငါကို လာေျခာက္လန႔္ေနတယ္!"

ကုယြင္က ဘာမွျပန္မေျပာေတာ့ေပ၊ သူမလိုခ်င္တဲ့ အက်ိဳးသက္ေရာက္မႈက ရၿပီးသြားၿပီေလ။ ေျခာက္လန႔္တာလား တကယ္လား သူ မၾကာခင္ သိလာမွာပါ။

စုရန္က ကုယြင္ရဲ႕ သ႐ုပ္ေဆာင္မႈကို တိတ္တိတ္ဆိတ္ဆိတ္ ၾကည့္ေနခဲ့ၿပီး သူမရဲ႕ သ႐ုပ္ေဆာင္မႈစြမ္းရည္က သူ႔မ်က္လုံးေတြကေန ဖုံးကြယ္ထားဖို႔ မလြယ္ပါဘူး။ ဒါေပမယ့္ သူမက ယြိကို လွည့္စားခ်င္ေန႐ုံသာ ျဖစ္ၿပီး ဘာမွ ထပ္မလုပ္ခဲ့ေပ၊ အဲ့ဒါဆိုရင္ သူမက ဘာေၾကာင့္ ဒီလိုလုပ္ရတာလဲ။ သူမအစ္မကို ေတြ႕ခ်င္ေနတဲ့ ႐ိုး႐ိုးရွင္းရွင္း ဆႏၵတစ္ခုပဲလား???

❤️❤️❤️Thank you so much for your lovely supports❤️❤️❤️

Continue Reading

You'll Also Like

63.3K 3.7K 90
Title The eunuch is pregnant Type Web Novel (CN) Genre Adult Comedy Fantasy Gender Bender Historical Josei Mature Romance Author(s) Zui Meng Qing Ku...
630K 78.4K 199
Title-穿书后她成了万人迷 Original Author- Young Master Yan,公子衍 Language-chinese Status-535chapters& 23 extra chapter (ongoing) I do not own the whole story an...
194K 20.9K 101
ဘာသာပြန်သူ - စွဲညို့အသင်း
664K 76.8K 200
ဘာသာပြန်သူ - Swae Nyoe Team ဇာတ်လမ်းအကျဉ်း နန်းပေါင်ရီ သည် ချမ်းသာကြွယ်ဝသောမိသားစုတွင် အလိုလိုက်ခံရကာ ကြီးပြင်းခဲ့သော်လည်း လူရွေးမှားလက်ထပ်ခဲ့မိပြီး...