အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ...
By FlowerRainButterfly
1.5M 191K 3.7K
အပိုင်း (၁) ချိုမြိန်သောမျှစ်လေးများ
စွမ်းရည်ပြည့်ဝသောမုဆိုးကြီးနှင့် ရစ်ငှက်လေးများ
မုဆိုးကြီးနဲ့တောဝက်ကြီးနှစ်ကောင်
မုဆိုးကြီးနှင့်တောဝက်ကြီးနှစ်ကောင်-2
မုဆိုးကြီးနှင့်တောဝက်ကြီးနှစ်ကောင်-3
တောဝက်ကြီးများအားရောင်းရန် ဆိပ်ကမ်းမြို့သို့အလည်တစ်ခေါက်
တောဝက်ကြီးများအားရောင်းရန် ဆိပ်ကမ်းမြို့သို့အလည်တစ်ခေါက်-2
တောဝက်ကြီးများအားရောင်းရန် ဆိပ်ကမ်းမြို့သို့အလည်တစ်ခေါက်-3
တောဝက်ကြီးများအားရောင်းရန် ဆိပ်ကမ်းမြို့သို့အလည်တစ်ခေါက်-4
မုဆိုးကြီး၏ ပြည့်တန်ဆာအိမ်အားဖောက်ထွင်းမှု
အပိုင်း (၁၁) မုဆိုးကြီး၏ စျေးဝယ်ထွက်ခြင်း
အပိုင်း (၁၂) တစ်ချိန်က အမှိုက်ကောင်ကပြောင်းလဲသွားပြီတဲ့
မုဆိုးကြီးပြောတဲ့ ကျိုးရှီနဲ့စုရှီတို့အကြောင်း
မုဆိုးကြီးအိမ်ကစားသောက်ပွဲ
မုဆိုးကြီးအိမ်ကစားသောက်ပွဲ-2
ရှောင်မိန်ပါဝင်သော ဆိပ်ကမ်းမြို့ကမိသားစုခရီးစဥ်
အပိုင်း (၁၇)
အပိုင်း (၁၈)
အပိုင်း (၁၉)
အပိုင်း (၂၀)
အပိုင်း (၂၁) မုဆိုးကြီး၏ နေအိမ်ဖောက်ထွင်းခံရမှု
လဲ့ရှီနှင့်ရှောင်အိမ်၏အရှက်မဲ့မှု
ရုံးတော်၏စီရင်ချက်
ရုံးတော်၏စီရင်ချက် -2
ရုံးတော်၏စီရင်ချက် -3
အပိုင်း (၂၆)
အပိုင်း (၂၇)
ရှောင်ဟန်ကဆံထိုးလေးကိုဖွတ်ထားတယ်
မုဆိုးကြီး၏ငွေသုံးကြမ်းမှုပေါက်ကြားခြင်း
မုဆိုးကြီး၏နွေးထွေးသောမိသားစု
အပိုင်း (၃၁)
အပိုင်း (၃၂)
မုဆိုးကြီးအိမ်သို့ရောက်ရှိလာတဲ့ မဖိတ်ခေါ်ထားသောဧည့်သည်များ
အပိုင်း (၃၄)
အပိုင်း (၃၅)
အပိုင်း (၃၆)
အပိုင်း (၃၇) ချောင်ရန်၏အလည်ပတ်ရောက်ရှိလာမှု
အပိုင်း (၃၈) စံပါယ်ပင်လေးသုံးပင်
💖Chibi💖
မုဆိုးကြီးအိမ်သို့ အသားဝယ်ချင်သူများရောက်ရှိလာခြင်း
အပိုင်း (၄၀)
နန်ချောင်းရွာက ရွာသားတစ်ဦးသေဆုံးခြင်း
အပိုင်း (၄၃)
အပိုင်း (၄၂)
အပိုင်း (၄၄)
အပိုင်း (၄၅)
အပိုင်း (၄၆)
အပိုင်း (၄၇)
အပိုင်း (၄၈)
အပိုင်း (၄၉)
မုဆိုးကြီးက ဇနီးလေးရဲ့စကားကိုနားမထောင်ဘဲ တောင်ပေါ်ကိုတတ်သွားပြီ
❌❌
မုဆိုးကြီး၏ဝက်ဝံအမဲလိုက်ခရီးစဥ်
မုဆိုးကြီးပြန်လာပြီ
အပိုင်း (၅၃)
ဝက်ဝံကြီးများကိုရောင်းရန် ဆိပ်ကမ်းမြို့သို့အလည်တစ်ခေါက်
ဟင်းလင်းပြင်လေလံပွဲ
အပိုင်း (၅၆)
စံပါယ်ပင်လေးက မျိုးစိတ်သစ်ပါတဲ့
မိသားစုအတွက် လက်ဆောင်တွေ ဝယ် ဝယ် ဝယ်
အပိုင်း (၅၉)
ဟွမ်ဟွာ၏ဖိတ်ခေါ်မှု
မုဆိုးကြီးနှင့် ဟွမ်ဟွာ၏ ထိပ်တိုက်တွေ့ဆုံမှု
အပိုင်း (၆၂)
အပိုင်း (၆၃)
အပိုင်း (၆၄)
အပိုင်း (၆၅)
မုဆိုးကြီးပြန်လာပြီ
ဇနီးလေး ငွေလက်မှတ်တွေကိုမင်းသိမ်းထားလိုက်
ပိုင်မိန်ရဲ့စံပါယ်ပင်လေးမရှိတော့ဘူး
(69)
ပိုင်လီ
မုဆိုးကြီးပြောတဲ့ ကျိုးရှီရဲ့ယုတ်မာမှုအကြောင်း
အပိုင်း (၇၁)
ကျိုးရှီ၏အလိမ်ညာပြဇာတ်
ထူးခြားဆန်းပြားသောချီးကားများ
အပိုင်း (၇၃)
အပိုင်း (၇၄)
အပိုင်း (၇၅)
အပိုင်း (၇၆)
အပိုင်း (၇၇)
အပိုင်း (၇၈)
အပိုင်း (၇၉)
အပိုင်း (၈၀)
အပိုင်း (၈၁)
အပိုင်း (၈၂)
အပိုင်း (၈၃)
အပိုင်း (၈၄)
အပိုင်း (၈၅)
အပိုင်း (၈၆)
အပိုင်း (၈၇)
အပိုင်း (၈၈)
အပိုင်း (၈၉)
ဇနီးလေး... ကလေးယူချင်နေတာလား?
မြေဝယ်ယူမှု
အပိုင်း (၉၂)
အပိုင်း (၉၃)
အပိုင်း (၉၄)
အပိုင်း (၉၅)
စပျစ်သီးခူးဖို့သွားခြင်း
စပျစ်သီးလေးများ
main story complete
(98)
(99)
အပိုင်း (၁၀၀)
(101)
(102)
၁၁၃
အပိုင်း (၁၀၄)
အပိုင်း (၁၀၅)
အပိုင်း (၁၀၆)
အပိုင်း (၁၀၇)
စပျစ်သီးဝိုင်ပြုလုပ်ခြင်း
အပိုင်း (၁၀၉)
အပိုင်း (၁၁၀)
အပိုင်း (၁၁၁)
အပိုင်း (၁၁၂)
အပိုင်း (၁၁၃)
တည်သီးလေးများကိုခူးဆွတ်ခြင်း
ဇနီးလေး၏ယုံကြည်မှု
ချောင်မိသားစုသို့ အလည်တစ်ခေါက်
စပျစ်ဝိုင်လက်ဆောင်
အပိုင်း (118)
ဇနီးလေးစိတ်ဆိုးသွားခြင်း
paid gp
ဇနီးလေးစိတ်ဆိုးသွားခြင်း-2
ဇနီးလေးအားချော့မြူခြင်း
လူဆိုးလေးရှောင်ဝူ
ယွီလျန်ဟွားမှာငွေတချို့ဖြုန်းခြင်း
အပိုင်း (၁၂၅)
ဇနီးလေးရွေးပေးတဲ့လက်ဆောင်
အပိုင်း (၁၂၇)
အပိုင်း (၁၂၈)
အပိုင်း (၁၂၉)
လှည်းအပြည့် စျေးဝယ်ထွက်ခြင်း
အပိုင်း (၁၃၁)
ကျွန်စျေးသို့အလည်တစ်ခေါက်
အပိုင်း (၁၃၃)
အစေခံများ
ဇနီးလေး ကိုယ်မင်းကို ဂရုစိုက်ပေးမယ်
အိမ်အသစ်ဆောက်လုပ်ခြင်း
အပိုင်း (၁၃၇)
ကျိုးရှီကိုနှင်ထုတ်ခြင်း
အပိုင်း (၁၃၉)
မီးပုံးပွဲတော်
အပိုင်း (၁၄၁)
ဇနီးလေး ကိုယ်မင်းကို ချစ်မြတ်နိုးတယ်
ဇနီးလေး ကိုယ်မင်းကို ချစ်မြတ်နိုးတယ်-2
အသေးလေးတွေရဲ့ ဗိုက်လုံးလေးတွေက မတူညီဘူး
ရှောင်အိမ်ရဲ့ အကြံသစ်
ပိုင်အမေ၏ အရိပ်အမွတ်
နှစ်ကိုယ်ကြားစကားဝိုင်း
ရှောင်အိမ်၏တောင်းပန်လာမှု
အပိုင်း (၁၄၉)
အပိုင်း (၁၅၀)
မုဆိုးကြီး၏ ကတုံးလေးကိုစမ်းသပ်မှု
စံပါယ်ပင်လေးအကြောင်းအားနှုတ်ပိတ်ခြင်း
6.3K 850 3
By FlowerRainButterfly
အပိုင်း (၁၁၉) စံပါယ်ပင်လေးအကြောင်းအား နှုတ်ပိတ်ခြင်း
"သူတို့ပြန်ရောက်နေပြီလား ဒါဆိုအတော်ပဲပေါ့ ဒီနေ့ကျွန်တော်က ဝိုင်တချို့ယူလာတာ သုံးလုံးက အကိုကြီးတို့အတွက် တစ်လုံးက သူတို့ပြန်လာရင် ကြည့်ဖို့ပေးခိုင်းမလို့ကို ပြန်ရောက်နေပြီဆိုမှတော့ တစ်ခါတည်း ညှိနိူင်းသွားလိုက်တာကပဲ ပိုကောင်းပါတယ်"
ဒါကိုကြားတော့ ချောင်ရန်ကလည်း သဘောတူသည်ပင်။ သူကကြားထဲက ညှိပေးရမှာထက်စာရင် ကာယကံရှင်တွေပဲ လူချင်းတွေ့ပြီး ပြောကျတာကပိုကောင်းပါတယ်။
ထို့ကြောင့် သူသည် အိမ်ကအစေခံတစ်ယောက်အား သူ၏ မိတ်ဆွေကုန်သည်ဇနီးမောင်နှံထံသို့ ချက်ခြင်း စေလွတ်လိုက်တော့ပြီး ထိုလးများရောက်မလာခင်၌ ပိုင်လီနှင့်စကားပြောနေလိုက်သည်။
"ဒီတော့ မင်း အိမ်အသစ်ဆောက်တော့မယ်ပေါ့"
ပိုင်လီက ခေါင်းငြိမ့်ပြလာတော့ ချောင်ရန်မှာထပ်ပြောလာခဲ့၏။
"ကောင်းတယ် မင်းကအခု လယ်သူဌေးတစ်ယောက်ဆိုတော့ အိမ်အကြီးကြီးနဲ့နေတော့မှပေါ့ မင်းမှာငွေလည်းရှိနေပဲကို ကြီးကြီးကျယ်ကျယ်ကို ဆောက်ပြစ်ကွာ "
ပိုင်လီမှာ ဒါကိုကြားတော့ ရယ်မောလိုက်မိ၏။ ချောင်ရန်က ဒီလိုပြောနေပေမယ့် သူဆောက်မယ့် အိမ်တော်ဒီဇိုင်းတွေသာမြင်ရင် အရမ်းအံသြသွားမှာသေချာသည်။ ဘာလို့လဲဆိုတော့ ပိုင်လီနဲ့ရှောင်ဟန်နေမယ့် ပင်မခြံဝန်းတစ်ခုကပဲ ရိုးရိုးရှင်းရှင်းနဲ့ခန့်ခန့်ထည်ထည်ပုံဖြစ်ကာ ကျန်သည့် အသေးလေးတွေ၏ ခြံဝန်းများကိုမူ ပိုင်လီက သူ့မူရင်းဘဝက မြင်တွေ့ဖူးသည့် ရှေးခေတ်အိမ်တော်များ၏ အလှတရားများကိုစုပေါင်းကာ အလှဆုံးဒီဇိုင်းများကို ပြင်ဆင်ပေးထားလို့ပင်။
ပိုင်လီက သူနေမယ့်နေရာကို ဘာနေနေ ဂရုမစိုက်ပေမယ့် ရှောင်ဟန်က အေးဆေးတဲ့လူမလို့ သူတို့အတွက်ကို ရိုးရိုးရှင်းရှင်းပဲပြင်ဆင်ခဲ့တာပါ။
ချောင်ရန်ကမူ ထပ်ပြောလာသေးပြီး...
"လူငှားဖို့က ငါ့အိမ်ကလည်း လွန်ခဲ့တဲ့ခုနှစ်နှစ်လောက်ကမှ ပြန်ပြင်ထား​တာလေ ဒါပေမယ့် အဲဒီအဖွဲ့ကိုတော့ လုံးဝမငှားနဲ့နော် အဆင်မပြေတာမဟုတ်ပေမယ့် အရမ်းကြာတာ အရမ်း အရမ်း ကိုကြာတာ အိမ်ပြန်ပြင်နေတဲ့အတောတွင်း ငါနဲ့ဘယ်နှခေါက်တောင် စကားများရလဲမမှတ်မိတော့ဘူး "
ပိုင်လီက အိမ်ကို အလျှင်စလိုဆောက်ဖို့ ရည်ရွယ်ချက်မရှိပေ။ သူတို့က အိမ်ဆောက်နေတဲ့အတောတွင်းမှာ ပိုင်အိမ်မှာ ခဏပြန်နေဖို့တောင် ဆွေးနွေးထားပြီးကျပါပြီ။ ဒါပေမယ့်လည်း အဲတာက ပုံမှန်ထက်ကြာနေလည်း အဆင်ပြေတယ်လို့ မဆိုလိုဘူးလေ။ အရမ်းကို အချိန်ဆွဲတတ်တဲ့ လူတွေဆိုရင်တော့ ရှောင်တာကကောင်းသည်ဖြစ်လို့ အဖွဲ့ကမည်သည့်အဖွဲ့ကြောင်း ချောင်ရန်ကိုမေးထားလိုက်၏။
အဲဒီနောက် ချောင်ရန်က ကောင်းသည်ဟု ကြားဖူးသော အဖွဲ့နာမည်တချို့ကို ဆက်ပြောပြနေပြီး သိပ်မကြာခင်၌ ချိန်မျိုးရိုး ကုန်သည်ဇနီးမောင်နှံနှစ်ယောက် ရောက်လာခဲ့လေသည်။
ချိန်အန်းနဲ့ရှင်းစဲ့တို့က လက်မထပ်ခင်ထဲက ကိုယ်စီကုန်သည်တွေဖြစ်ကျပြီး လက်ထပ်ပြီး သူတို့လုပ်ငန်းတွေကို ပူးပေါင်းပြီးနောက် ကုန်သည်ကြီးများစာရင်းဝင်ဖြစ်လာခဲ့ကျတာပင်။ သူတို့တွေက လက်မထပ်ခင်ထဲက အချင်းချင်းက ချောင်ရန်နဲ့သိနေပြီး ချောင်ရန်ရဲ့ မိတ်ဆက်ပေးမှုကြောင့်ပဲ သူတို့ကတွေ့ဆုံခဲ့ကျတာပါ။ ဒါကြောင့် သူတို့နဲ့ချောင်ရန်ရဲ့ ရင်းနှီးမှုက နက်ရှိုင်းပြီး ပုံမှန်လိုဆို သူတို့က သူတို့အတွက် ရွှေချောင်းများစွာကို ယူလာပေးမယ့် စံပါယ်ပင်ကိစ္စကို လက်လွှတ်မှာမဟုတ်ဘဲ လာပြောသူက ချောင်ရန်ဖြစ်နေလို့သာ တခြားတစ်ခုနှင့် လဲလှယ်ဖို့ကို စဥ်းစားကြည့်ပေးဖို့ လက်ခံခဲ့တာဖြစ်သည်။
အကယ်၍ တခြားတစ်ခုက စံပါယ်ပင်ရဲ့အကျိုးမြတ်နဲ့ အနည်းငယ်ပဲကွာနေရင်တော့ သူတို့က စဥ်းစားပေးမှာပေမယ့် အဆများစွာ ကွာနေတယ်ဆိုရင်တော့ သူတို့က လက်ခံဖြစ်မှာမဟုတ်ပါဘူး။
သူတို့က ခန်းမထဲဝင်လာချိန်မှာ ချောင်ရန်နှင့်အတူ ရည်မွန်ပုံရသည့် လူငယ်တစ်ယောက်ကို တွေ့ခဲ့ရပြီး ထိုလူငယ်က ချောင်ရန်ပြောသည့်လူ ဖြစ်မယ်မှန်းတန်းသိလိုက်ကျသည်။
ချောင်ရန်က သူတို့ဝင်လာတာတွေ့တော့ မကြည်မသာဟန်နဲ့...
"မင်းတို့ ဘာလို့ ဒီလောက်ကြာနေရတာလဲ မင်းတို့ပဲအလုပ်ရှိတယ်ထင်နေတာလား"
သူတို့ ခဏနဲ့ရောက်လာမယ်ထင်ပြီး ပိုင်လီက လူသွားငှားဖို့ရာတောင် အရင်မသွားခဲ့ဘူးလေ။
ဒါကိုကြားတော့ ချိန်အန်းနဲ့ရှင်းစဲ့က မပျော်ရွှင်တော့ပဲ ရှင်းစဲ့က...
"ငါတို့လည်း ချက်ခြင်းထလာခဲ့တာပါပဲ ဘယ်မှာကြာနေလို့လဲ ပြဿနာရှာမနေနဲ့"
ဒါကိုကြားတော့ ချောင်ရန်သည် နှာခေါင်းရှုံလိုက်ပြီးနောက် ပိုင်လီအား ထိုလူများက ချိန်အန်းနှင့်ရှင်းစဲ့ဖြစ်ကြောင်း မိတ်ဆက်ပေးလာခဲ့သည်။
အဲဒီနောက်သူက ထိုနှစ်ယောက်အားလည်း...
"ဒီကောင်လေးက ငါမင်းတို့ပြောပြထားတဲ့ ပိုင်လီဆိုတဲ့တစ်ယောက်ပဲ မင်းတို့ မြို့တော်မှာရောင်းလာတဲ့ အဲဒီပန်းပင်က တောနက်ထဲကနေ သူရှာတွေ့ထားတာလေ အဲတာကို အခိုးခံလိုက်ရတာ"
ချိန်မျိုးရိုး ဇနီးမောင်နှံသည် ချောင်ရန်စကားအဆုံး၌ မျက်နှာမကောင်းကျတော့ပေ။ သူတို့က ဒါတွေကို ချောင်ရန်ပြောပြထားလို့ သိပြီးသားဖြစ်နေပြီး ချောင်ရန်က ဒီလိုမျိုး အရင်ပိုင်ရှင်ရှေ့မှာ ထုတ်ပြောလာလိမ့်ဦးမယ်လို့ မထင်ထားပါဘူး။ သူတို့က ဒါကို ခိုးရာပါမှန်းမသိလို့ လက်ခံခဲ့မိပြီး ဒီပန်းပင်ကို အရမ်းမျက်စိကျနေတာကြောင့်လည်း နောက်ကြောင်းကို မစစ်ဆေးနိုင်ခဲ့ဘဲ ချက်ခြင်းမြို့တော်ကို တန်းသွားခဲ့မိကျတာဖြစ်သည်။
အခုတော့ သူတို့ခိုးရာပါပစ္စည်းကို လက်ခံဝယ်သူတွေလို အပြောခံနေရပြီ။ ဒီအတွက်.ချောင်ရန်က သူတို့ကို အနည်းငယ်မကျေနပ်နေတာမှန်း သိတာကြောင့် သူတို့ကလည်း ခါးသီးစွာနဲ့...
"မင်းအရင်ကလည်း ပြောပြီးပြီလေ ငါမပြောဘူးလား ငါတို့လည်းမသိလို့ပါလို့ မင်းဘယ်အချိန်ထိ ငါတို့ကို ထိုးနှက်နေဦးမှာလဲ"
အဲဒီနောက် ချိန်အန်း .ပိုင်လီကိုလည်း ကြည့်လိုက်၍...
"မင်းကငါ့ထက်ငယ်တော့ ညီလေးပိုင်လို့ပဲခေါ်မယ် ညီလေးပိုင် ငါတို့လည်း တကယ် စိတ်မကောင်းပါဘူး ငါတို့က ပန်းပင်ကို အရမ်းသဘောကျတာကြောင့် နောက်ကြောင်းကို မစစ်ဆေးနိုင်ဘူးဖြစ်သွားတာ စိတ်ထဲမထားပါနဲ့ ဟုတ်ပြီလား"
ပိုင်လီသည် မြို့တော်ကို ရောက်သွားပြီဆိုထဲက ပန်းပင်ကို ပြန်မရနိုင်တော့မှန်း သိထားပြီးဖြစ်လို့ ထွေထွေထူးထူး ခံစားနေမည် မဟုတ်ပေ။ ဒါကြောင့်သူက လိုရင်းကိုပဲ...
"အစ်ကိုချိန် သူများလက်ထဲရောက်သွားတာက ကျွန်တော်တို့ သတိလွတ်သွားလို့လည်း ပါပါတယ် ဒါက ပြန်ပြင်လို့မှမရတော့တာ ကျွန်တော်က အဲဒီပန်းပင်တွေကို အမဲလိုက်ရင်း တောင်ရဲ့အနက်ပိုင်းထဲက အမှတ်မထင်တွေ့လာခဲ့တာ ဒါကြောင့် ကျွန်တော့်ကို နောက်ထပ်လာမေးလည်း ရှိမှာမဟုတ်ဘူး ရှိပြီးသားတစ်ပင်ကလည်း ကျွန်တော့်အိမ်ကကောလေးတွေက အရမ်းကြိုက်တာကြောင့် ရောင်းပေးနိုင်မှာမဟုတ်ဘူး ဒါကြောင့် ဒီပန်းပင်ရဲ့အရင်းမြစ်က ကျွန်တော်ဖြစ်ကြောင်းကို ဖုံးကွယ်ထားပေးစေချင်နေတာပါ ပန်းပင်ကအရမ်းစျေးကြီးတော့ ငွေပုံပေးတာကြောင့် ရွာသားတွေ လောဘနဲ့ တောထဲဝင်ကျပြီး ဒုက္ခရောက်ကျမှာကိုလည်း တကယ်ကိုမမြင်ချင်ဘူး အဲဒီတောက တကယ်ကို အန္တာရယ်များလွန်းတာကြောင့်ပါ"
ချိန်အန်းနှင့် ရှင်းစဲ့သည် ပိုင်လီပြောတာ နားထောင်ပြီးနောက် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကျသည်။ သူတို့က ချောင်ရန်အနည်းငယ်ပြောပြထားလို့ နန်ချောင်းရွာက ရွာသားတစ်ယောက် တောထဲဝင်ဝင်ချင်း သေဆုံးခဲ့ရတဲ့အကြောင်းကို သိထားပြီးပါပြီ။ ပြောရရင် တောတောင်အနက်ထဲတွေကအရမ်းအန္တာရယ်များတာကို သူတို့လည်း သိထားပေမယ့် အဲတာက ပိုင်လီတောင် လုပ်နိုင်သေးတာပဲလို့လည်း တွေးမိကျ၏။
သူတို့က အစမှာ ပန်းပင်ရှာတွေ့ခဲ့တဲ့လူကို ငွေအများကြီးနဲ့ကမ်းလှမ်းပြီး ဒီလိုပန်းပင်တွေ ထပ်ရှာခိုင်းဖို့စဥ်းစားထားကာ ပိုတွင်ကျယ်အောင် ထိုနယ်နားတစ်ဝိုက်က လူတွေကိုလည်း ငွေအပုံနှင့်ဆွဲဆောင်ဖို့ ဆုံးဖြတ်ထားခဲ့ကျတာဖြစ်သည်။
သို့သော် ပိုင်လီက သူတို့အား ဤသို့လာပြောနေတော့ သူတို့လည်းအ နည်းငယ်တော့ တွေဝေသွားကျပြီး အဲလိုမှမရရင် သူတို့က ကြေးစားအဖွဲ့ငှားပြီး ပိုင်လီကိုပဲ ပန်းပင်တွေတွေ့ခဲ့တဲ့နေရာကို လမ်းပြခိုင်းရမလားဟု စဥ်းစားနေကျတုန်းတွင် ပိုင်လီက အဖြူရောင်အိုးတစ်လုံးကို သူတို့ရှေ့ တွန်းပို့ပေးလာလဲ့လေသည်။
ပြီးတော့ သူကပြောလာခဲ့၏။
"ဒါကြောင့် ကျွန်တော်က ဒါနဲ့ပန်းပင်ကိစ္စကို လဲလှယ်ချင်တယ်"
ချိန်မျိုးရိုးဇနီးမောင်နှံက ခဏရပ်တန့်သွားကျသော်လည်း သူတို့က အိုးကိုဖွင့်ကြည့်လိုက်တုန်းပါပင်။ အိုးအဖုံးကို ဖွင့်လိုက်တာနဲ့ ထွက်ပေါ်လာတဲ့ရနံ့က သူတို့ကို အနည်းငယ်အံသြသွားစေပြီး သူတို့လျှင်လျှင်မြန်မြန်ပင် ခွက်တွေယူလာစေကာ အရသာကိုမြည်းကြည့်ခဲ့ကျသည်။
အဲဒီနောက် သူတို့က တွက်ချက်နေတဲ့ မျက်လုံးတွေနဲ့အချင်းချင်းကြည့်နေခဲ့ကျပြီး ခဏကြာမှ ရှင်းစဲ့က ပိုင်လီကိုကြည့်လာခဲ့ကာ ပြောလာခဲ့၏။
"မောင်လေးပိုင် ဒါကဘယ်လိုခေါ်တာလဲ ပြီးတော့ မင်းဒါကို ရေရှည်လုပ်သွားမှာလား"
ပိုင်လီက ခေါင်းငြိမ့်လိုက်၍...
"ဒါကို သစ်သီးဝိုင်လို့ခေါ်ပြီး အမျိုးစားအနေနဲ့ စပျစ်သီးနဲ့ လုပ်ထားတာဖြစ်လို့ စပျစ်သီးဝိုင်လို့ ခေါ်ပါတယ် ကျွန်တော် ဒါကို ပုံမှန်လုပ်သွားမှာပေမယ့် ဝိုင်ဖောက်ဖို့က အချိန်ကြာတက်တာကြောင့် အရေတွက် သိပ်မများနိုင်ပါဘူး "
ထို့နောက် ပိုင်လီသည် ထိုနှစ်ယောက်ကို တစ်ချက်စီကြည့်လိုက်၍...
"အကယ်၍ အစ်ကိုချိန်တို့သာ လဲလှယ်ဖို့သဘောတူတယ်ဆိုရင် ဒါကိုရောင်းဖို့အခွင့်ရေးကို အစ်ကိုတို့ကိုပဲပေးလိုက်မယ်လေ "
ဒီတိုင်းပြည်၌ ပထမဆုံးပေါ်လာမည့် သစ်သီးဝိုင်တွေ၏ ရောင်းဝယ်ခွင့်သည် "ကျန့်ကျိုး" ကုန်သည်အဖွဲ့နှင့်သာ သက်ဆိုင်လိမ့်မည်။
ဝိုင်ရဲ့အရသာကို မြည်းကြည့်ပြီးတဲ့ သူတို့က ဒီဆွဲဆောင်မှုကို လုံးဝမလွန်ဆန်နိုင်ပါဘူး။
ချိန်အန်းသည် စပျစ်သီးဝိုင်တွေငုံ့ကြည့်နေကာ အရောင်၊အနံ့နှင့်အရသာအရ ဒီအသီးတွေက မြိ​ု့တော်မှာ ရွှေချောင်းတွေနှင့်သာ ဝယ်ရသည့် စပျစ်သီးတွေနှင့် အတူတူပင်ဖြစ်ကြောင်း တန်းသိနိုင်ခဲ့သည်။ သူတို့ကသစ်သီးတွေဖြစ်လို့ စပျစ်သီးတွေကို မြင်ဖူးခဲ့ပါတယ်။
မူလမှာ ချောင်ရန်က ပန်းပင်ကိစ္စနဲ့ လဲလှယ်ဖို့ကိုသစ်သီးခြံတစ်ခုရဲ့ သစ်သီးရောင်းဝယ်မှုနဲ့ လဲမယ်လို့ပြောခဲ့တာဖြစ်လို့ သူတို့က သိပ်စိတ်မဝင်စားခဲ့ဘဲ ချောင်ရန်က အဲတာက စပျစ်သီးများပါ ပါမည်ဟုပြောခဲ့၍သာ လာကြည့်ချင်စိတ်ဖြစ်ခဲ့တာပင်။
မြို့တော်မှာ သူတို့ရဲ့ဖောက်သည်တချို့ ရှိပေမယ့် စပျစ်သီးတွေရဲ့ကိုင်တွယ်ခွင့်က သူတို့လက်ထဲမှာ ရှိမနေဘူး။ အကယ်၍ ဒီမှာ တကယ် စပျစ်သီးတွေရှိပါက အဲတာက ပန်းပင်တွေလောက်ကို သူတို့ကို အကျိုးမြတ်ပေးမှာဖြစ်သည်။
ဒါပေမယ့်လည်း ချောင်ရန်ကဘအဲဒီစပျစ်သီးပင်တွေက တောထဲကနေ  တွေ့လာတွေဖြစ်ပြီး သူက တကယ့်စပျစ်သီးကို မမြင်ဖူးတာကြောင့် တကယ်စပျစ်သီးဟုတ်မဟုတ်ကို မပြောနိုင်ဘူးဟု ပြောခဲ့၍ စိတ်ပျက်သွားခဲ့ကျတာလည်းဖြစ်သည်။ တောထဲက တွေ့ခဲ့တဲ့အပင်ကဆိုမှတော့ မျှော်လင့်စရာက သိပ်မရှိဘူးလေ။ သို့သော် ချောင်ရန်၏ အရသာကတော့ကောင်းတယ်ဟူသော စကားကြောင့်သာ အနည်းငယ်သော မျှော်လင့်ချက်များဖြင့် ရောက်လာခဲ့ကျတာဖြစ်၏။
တကယ်တမ်း သူတို့တွေ့လိုက်ရတော့ အဲတာက စပျစ်သီးတွေထက်တောင် အလားလာပိုကောင်းနိူင်သည့် သစ်သီးဝိုင်ဆိုတာဖြစ်နေခဲ့ပြီး သူတို့က ပျော်ရွှင်မှုကို မနည်းပင်ဖုံးဖိထားခဲ့ကျရသည်။ ထပ်ပြီးအဲဒီဝိုင်ကို လုပ်ထားတဲ့စပျစ်သီးက တကယ်စပျစ်သီးတွေဖြစ်လောက်မယ်မှန်း ခန့်မှန်းနိုင်သွားတဲ့အခါမှာတော့ သူတို့ပျော်ရွှင်မှုတွေက အတိုင်းဆမဲ့ပါပဲ။
ချိန်အန်းရဲ့လေသံက ပျော်ရွှင်မှုတွေနဲ့အတူ ပျော့ပျောင်းလာပြီး ပိုင်လီအားမေးလာခဲ့တော့သည်။
"ညီလေးပိုင် ငါ့မိတ်ဆွေ ချောင်မျိုးရိုး ပြောတုန်းက မင်းက စပျစ်သီးနဲ့တူတဲ့အသီးတွေကို ရောင်းချင်နေတာတဲ့ မင်းကခြံနဲ့တောင်စိုက်ထားတာဆို အမှန်တိုင်းပဲပြောမယ်နော် ငါအခုကြည့်ရသလောက်တော့ ဒီဝိုင်လုပ်ထားတဲ့အသီးတွေက တကယ့်စပျစ်သီးတွေဖြစ်လောက်တယ် အဲတော့ မင်းဝိုင်ပဲလုပ်မှာလား အသီးတွေကို ရောင်းဦးမှာလား"
...............................................
(AN/  Wpမှာပြန်တင်တိုင်း ကိုယ်လည်းပြန်ဖတ်ဖြစ်တယ်။ လွမ်းစရာကြီး🤧)
###
"သူတို့ပြန်ရောက်နေပြီလား ဒါဆိုအတော်ပဲပေါ့ ဒီနေ့ကျွန်တော်က ဝိုင်တချို့ယူလာတာ သုံးလုံးက အကိုကြီးတို့အတွက် တစ်လုံးက သူတို့ပြန်လာရင် ကြည့်ဖို့ပေးခိုင်းမလို့ကို ပြန်ရောက်နေပြီဆိုမှတော့ တစ်ခါတည်း ညှိနိုင်းသွားလိုက်တာကပဲ ပိုကောင်းပါတယ်"
"အစ်ကိုချိန် သူများလက်ထဲရောက်သွားတာက ကျွန်တော်တို့ သတိလွတ်သွားလို့လည်း ပါပါတယ် ဒါက ပြန်ပြင်လို့မှမရတော့တာ ကျွန်တော်က အဲဒီပန်းပင်တွေကို အမဲလိုက်ရင်း တောင်ရဲ့အနက်ပိုင်းထဲက အမှတ်မထင်တွေ့လာခဲ့တာ ဒါကြောင့် ကျွန်တော့်ကို နောက်ထပ်လာမေးလည်း ရှိမှာမဟုတ်ဘူး ရှိပြီးသားတစ်ပင်ကလည်း ကျွန်တော့်အိမ်ကကောလေးတွေက အရမ်းကြိုက်တာကြောင့် ရောင်းပေးနိုင်မှာမဟုတ်ဘူး ဒါကြောင့် ဒီပန်းပင်ရဲ့အရင်းမြစ်က ကျွန်တော်ဖြစ်ကြောင်းကို ဖုံးကွယ်ထားပေးစေချင်နေတာပါ ပန်းပင်ကအရမ်းဈေးကြီးတော့ ငွေပုံပေးတာကြောင့် ရွာသားတွေ လောဘနဲ့ တောထဲဝင်ကျပြီး ဒုက္ခရောက်ကျမှာကိုလည်း တကယ်ကိုမမြင်ချင်ဘူး အဲဒီတောက တကယ်ကို အန္တာရယ်များလွန်းတာကြောင့်ပါ"
...............................................
Continue Reading
You'll Also Like
223K 19.8K 54
What's going on with savage male empress Ru Ru from heaven ? MAHARVERSE SEASON 2|| START DATE - June 26 2023 END DATE - May 9 2024
6.3K 460 20
Cake နဲ့ Seeiwရဲ့ storyလေးကို ဘာသာပြန်ချင်လို့ပါ။ လိုအပ်ချက်တွေရှိရင်တော့နားလည်ပေးနော်။
3.8K 571 10
ဝင်ဖတ်လို့လည်းရတယ် လစ်လျူရှုလို့လည်းရတယ်...တစ်ခါတလေ စိတ်ကျဥ်းကျပ်သည့်အခါမှာ... ငါ စာတိုတွေ ရေးတတ်လာတယ်... စိတ်ခံစားချက်တွေ တိုက်မိသွားရင် ငါ့စာတိုတွေ...
193K 17.9K 22