အမုန္းမွသည္...ခ်စ္ျခင္းဆီသို႔...

By MoeKyalPhyu14

144K 4.3K 266

မိဘတွေမတရားခံရမှုအတွက် ကလဲ့စားချေမယ့်ကောင်လေးတစ်ယောက် အမုန်းတရားတွေကနေလွတ်မြောက်နိုင်ပြီး ချစ်ခြင်းကိုရှာဖွေတ... More

🍂ဖတ္ေပးေစခ်င္🍂
💠Intro💠
🍁 Part 1🍁
🍁 Part 2🍁
🍁 Part 3🍁
🍁Part 4🍁
🍁 Part 5🍁
🍁Part 6🍁
🍁Part 7🍁
🍁Part 8🍁
🍁Part 9🍁
🍁Part 10🍁
🍁Part 11🍁
🍁Part 12🍁
🍁 Part 13🍁
🍁Part 14🍁
🍁Part 15🍁
🍁Part 16🍁
🍁Part 17🍁
🍁Part 18🍁
🍁Part 19🍁
🍁Part 20🍁
🍁Part 21🍁
🍁Part 22🍁
🍁Part 23🍁
🍁Part 24🍁
🍁Part 25🍁
🍁Part 26🍁
🍁Part 27🍁
🍁 Part 28🍁
🍁Part 29🍁
🍁Part 30🍁
🍁Part 32🍁
🍁Part 33🍁
🍁Part 33.2🍁
🍁Part 33.3🍁
🍁Part 34🍁
🍁Part 35🍁
🍁Part 36🍁
🍁Part 37🍁
🍁Part 38🍁
🍁Part 39🍁
🍁Part 40🍁
🍁Part 41🍁
🍁Part 42🍁
🍁Part 43🍁
🍁Part 44🍁
🍁Part 45🍁
🍁Part 46🍁
🍁Part 47🍁
🍁Part 48🍁
🍁Part 49🍁
🍁Part 50🍁
🍁Part 51🍁
🍁Part 52🍁
🍁Part 53🍁
🍁Part 54🍁
🍁Part 55🍁
🍁Part 56🍁
🍁Part 57🍁
🍁Part 58🍁
🍁Part 60🍁
🍁Part 59🍁
🍁Part 61🍁
🍁Part 62🍁
🍁Part 63🍁
🍁Part 64🍁
🍁Part 65🍁
🍁Part 66🍁
🍁Part 67🍁
🍁Part 68🍁
🍁Part 69🍁
🍁Part 70{Final}🍁

🍁Part 31🍁

1.4K 46 1
By MoeKyalPhyu14

[Unicode]

ခွန်းဆက် မာန့်အနားသို့ တစ်လှမ်းချင်းလှမ်းကာ သွားလိုက်သည်။ ခွန်းဆက်လာနေသည်ကို သိသော်လည်း မာန်က ခွန်းဆက်အား လှည့်မကြည့်။ ခွန်းဆက် မာန့်ဘေးက နေရာအလွတ်တွင် ၀င်ထိုင်လိုက်သည်။ မာန်က ခွန်းဆက်ဘက်သို့ တစ်ချက်ငဲ့ကြည့်လာပြီး ကောင်းကင်ကြီးကို ပြန်ငေးကြည့်နေသည်။ ထိုနေရာတွင် လူနှစ်ယောက်ရှိနေသော်လည်း တိတ်ဆိတ်မှုကသာ ကြီးစိုးနေသည်။

"မင်းလာပြီလား"

လေပြေလေးဖြင့် မာန်က တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။

"အင်း အခန်းထဲရောက်ခဲ့သေးတယ်...ခင်ဗျားက အပြင်ထွက်သွားတယ်ဆိုလို့ လိုက်လာတာ"

"ပြောစရာရှိလို့လား"

မာန်က အေးဆေးစွာဖြင့် စကားပြောနေသည်။ မအေးဆေးနိုင်သူကတော့ ခွန်းဆက်ပင်။ သိသိသာသာအခုန်မြန်နေသော နှလုံးခုန်သံကြောင့် မာန်ကြားသွားမည်ကိုပင် စိုးရပါသည်။

"မရှိပါဘူး"

"အင်း"

နှစ်ယောက်သား တစ်ဖန်ပြန်တိတ်ဆိတ်သွားပြန်သည်။ မာန်က ကောင်းကင်ပြင်ကိုသာ ငေးကြည့်နေသလို ခွန်းဆက်ကတော့ သူ့ဘေးရှိအဖြူရောင်အလှတရားကိုသာ ငေးမောနေသည်။

ခွန်းဆက်၏ ပုံစံက style pants အနက်ကို အင်္ကျီအဖြူအနက် အစင်းကြားလေးနှင့် တွဲဖက်ကာ ၀တ်ဆင်ထားသည်။ ဆံပင်ကို လှန်တင်ထားသည်ကြောင့် ထင်ရှားသည့်မေးရိုးနဲ့မျက်နှာလေးက ရှင်းသန့်နေသည်။ မျက်ဝန်းနက်နက် မျက်ခုံးထူထူများကလည်း စွဲဆောင်မှုအပြည့်။

ခရေပင်အောက်က ခုံတန်းတွင် ထိုင်နေသော ကောင်လေးနှစ်ယောက်ကို ကြည့်လိုက်လျှင် ချောမောမှုနဲ့ အလှတရားကို တွဲဖက်မြင်ရပေမည်။

"မင်းသိလား ခွန်းဆက်... ကြယ်တွေက ဘယ်နှစ်ခုရှိလဲ ဆိုတာ"

ခွန်းဆက် မာန့်ကို ငေးနေတုန်း မာန်က သူ့ဘက်လှည့်ကာ မေးလာသည်။ လေပြေတစ်ချက်အဝှေ့တွင် မာန့် နဖူးပေါ်က ဆံပင်များက လေပြေနဲ့အတူ ဝှေ့ယမ်းကခုန်နေကြသည်။ ယခု မာန်၏ ပုံစံလေးက လက်ဖြင့်ဖွဖွထိကြည့်ရင်တောင် နာသွားမည်ကို စိုးရသည်အထိ နူးညံလို့နေသည်။ ဖြူစင်သော အပြုံးလေးနှင့် စွဲမက်ဖွယ်ကောင်းသော မျက်ဝန်းပြာလေးတွေက ခွန်းဆက်၏အဖြေကို စောင့်စားနေဟန် ငေးစိုက်ကြည့်နေသည်။ တစ်ဆိတ် မာန့်ပါးပြင်နဲ့ နှာခေါင်းထိပ်လေးက ပုံမှန်ထက်များ ပိုနီနေသလားလို့။

"ကြယ်တွေက မရေမတွက်နိုင်အောင် ရှိနေတဲ့ ဥစ္စာ"

ခွန်းဆက် အဖြေကိုကြားတော့ မာန်ကပြုံးနေသည်ထက် ပိုပြုံးသွားကာ ကောင်းကင်ကို ပြန်ငေးကြည့်နေသည်။

"ငါ ငယ်ငယ်က ကြယ်တွေကို ရေတွက်ဖူးတယ်... အခုထိလည်းပဲ... မင်းဒီကို မလာခင်အထိ ငါရေတွက်နေခဲ့တာ"

ကြယ်တွေကိုကြည့်ရင်း စကားများပြောနေသည့်အချိန်တွင် မာန့်မျက်ဝန်းထဲ ပျော်ရွှင်မှုကို ခွန်းဆက် မြင်နေရသည်။ မျက်ဝန်းပြာကလေးများ လက်နေသည့်တိုင်အောင် ပျော်ရွှင်နေမှုမျိုး။

"အဲ့တော့ ဘယ်နှစ်ခုရှိလဲ ရေတွက်လို့ရလား"

ခွန်းဆက် မာန့်မျက်နှာကို ငေးကြည့်ရင်းသာ ပြန်ပြောမိသည်။ ခွန်းဆက်၏အသံသည် နူးညံမှုအပေါင်းတို့ ပျော်ဝင်နေသည်ကို ကာယံကံရှင် ကိုယ်တိုင်တောင် သတိမထားမိပေ။ ယနေ့မာန့်ပုံစံက ကလေးတစ်ယောက်ကဲ့သို့် ဖြူစင်နေသည်။ ခွန်းဆက်မေးခွန်းကြောင့် မာန်ခေါင်းလေးခါကာ ကောင်းကင်ကိုလက်ညိုးထိုးရင်း

"ဒီနေရာမှာ ရေတွက်ရင် ဟိုနေရာကပေါ်လာတယ်... ဟိုနေရာမှာပြောင်းလိုက်တော့ ဟိုဘက်ကပေါ်လာပြန်ရော... အဟွန်း"

ကောင်းကင်ကို လက်ညိုးထိုးကာပြောရင်း သွားတန်းညီညီကလေးများပေါ်အောင် ရယ်လိုက်သောမာန်။ မာန့်ရယ်မောခြင်းမှာ ခွန်းဆက် ကမ္ဘာ တဒင်္ဂရပ်တန့်သည်။ ကောင်းကင်ပေါ်က ကြယ်လေးတွေကို ကြည့်ရင်း စိတ်လိုလက်ရရယ်မောနေသော မာန်ဟာ မြတ်နိုးဖွယ်ရာအတိ။

"ကြယ်တွေကို ရေတွက်ရတာ အဲ့လောက်တောင် ကြိုက်တာလား"

မာန်က ခွန်းဆက်ကိုကြည့်ကာ ကလေးတစ်ယောက်လို ခေါင်းကိုတွင်တွင်ငြိမ့်ပြလာသည်။

"အင်း...အရမ်းကြိုက်တယ်... မှိတ်တုတ်မှိတ်တုတ်ကြယ်လေးတွေကို ကြည့်နေရရင်ကို သဘောကျနေတာ"

ခွန်းဆက် မာန့်ကိုသာ ငေးကြည့်မိတော့သည်။ သူ့တွင် ပြောစရာစကားများ ပျောက်ဆုံးနေသူလို ထိုလူသားအား ငေးကြည့်ချင်စိတ်သာ ရှိနေလေသည်။ နဂိုထက်ပိုကာ နီရဲနေသော ပါးဖောင်းဖောင်းလေးများ မို့တက်နေအောင် ရယ်နေပါသောမာန်။နီရဲရဲနှုတ်ခမ်းဖူးဖူးလေးတစ်စုံ ကွေးညွှတ်နေအောင် ရယ်မောနေသောမာန်။

မာန်...ခင်ဗျား သိပ်ကိုလှလွန်းတယ်ဗျာ.....

"ခွန်းဆက် ဟိုမှာကြည့် ကြည့်"

ခွန်းဆက် မာန့်ကိုငေးကာ အတွေးထဲမျောတုန်း သူ့လက်မောင်းကို ကိုင်လှုပ်ကာ ကောင်းကင်တစ်နေရာကို လက်ညိုးထိုးပြနေသောမာန်ကြောင့် ခွန်းဆက် မာန်လက်ညိုးညွှန်ရာကို ကြည့်လိုက်သည်။ ကောင်းကင်ပေါ်မှ ကြယ်လေးတစ်စင်းကြွေကျသွားလေသည်။

"ကြယ်ကြွေနေပြီး ဆုတောင်း...ကြယ်ကြွေရင် ဆုတောင်းပြည့်တယ်တဲ့"

"အဲ့တာလည်း ယုံတာပဲလား"

ခွန်းဆက် မေးသည်ကို မာန်ပြန်မဖြေ။ လက်နှစ်ဖက်ကိုဆုပ်ကာ မျက်ဝန်းများကို မှိတ်ထားပြီး ဆုတောင်းနေလေသည်။ ခွန်းဆက် ကောင်းကင်ကို ပြန်ကြည့်တော့လည်း ကြယ်နောက်ထပ် တစ်လုံးကြွေကျသွားပြန်သည်။ ခွန်းဆက် မာန့်ကိုပြန်ကြည့်လိုက်ရင်း

ကြယ်ကြွေရင် တကယ်ပဲဆုတောင်းပြည့်လား... ဒါဆို ကျွန်တော် ခွန်းဆက်ရောင်နီ ဆန္ဒပြုပါတယ်... အလင်္ကာမုန်းမာန်၏ နှုတ်ခမ်းထက် အပြုံးတွေသာ ဖန်ဆင်းပေးနိုင်သောသူ ...မျက်ရည်သုတ်ပေးသော လက်တစ်စုံထက် မျက်ရည်မကျအောင် ထားနိုင်သောသူ
ဖြစ်ရပါလို၏.....

ခဏအကြာ မာန်မျက်လုံးများပွင့်လာကာ ခွန်းဆက်ကိုကြည့်လာတော့သည်။ ခွန်းဆက် မာန့်နဖူးပေါ်ကျနေသော ဆံပင်လေးများကို သပ်တင်ပေးလိုက်ရင်း

"ဆုတောင်းပြီးပြီလား"

မာန်လည်း ခွန်းဆက်၏ အပြုအမူကို ထူးဆန်းမနေပဲ ပြုံးရွှင်စွာပြန်ဖြေလေသည်။

"အင်း"

"ဒါဆို အခန်းထဲ ပြန်ရအောင်လေ"

ခွန်းဆက်က မတ်တပ်ရပ်လိုက်ပြီး မာန့်ကို လက်ကမ်းပေးသည်။ မာန် သူ့ကို ကမ်းပေးလာသော ခွန်းဆက်လက်ကိုတစ်လှည့်် ခွန်းဆက်ကိုတစ်လှည့် ကြည့်ပြီးနောက် ခွန်းဆက်လက်ဖဝါးထဲ သူ့လက်လေးတစ်ဖက်ကို ထည့်ပေးလိုက်သည်။ ခွန်းဆက် သူ့လက်ထဲရောက်လာသော လက်ကလေးအား အသာဖြစ်ညစ်ဆုပ်ကိုင်လိုက်ပြီးနောက် ရှေ့မှဦးဆောင်ကာ မာန့်ကို ဆွဲခေါ်သွားလေသည်။ မာန်လည်း ချိတ်တွယ်ထားသော လက်ကလေးနှစ်ဖက်ကိုကြည့်ရင်း ပြုံးနေမိသည်မှာ အခါခါ။

*********************************
"ပေါ်လာသေးတယ်နော်... ငါက မင်းတို့်နှစ်ယောက်ကို ဟန်းနီးမွန်းထွက်သွားပြီ မှတ်နေတာ"

"သော်တာ! "

အခန်းထဲသို့ဝင်လာသော ခွန်းဆက်နဲ့မာန်အား သော်တာက အရွဲ့လေးဖြင့် ခရီးဦးကြိုပြုသည်။ မာန်ကတော့ အခန်းထဲရောက်ရာက်ချင်း ဆောက်နဲ့ထွင်းသလိုပြောလာသည့် သော်တာစကားကြောင့် မျက်နှာလေးက ရဲခနဲ။ ကုတင်ပေါ်တွင် ငုတ်တုတ်ထိုင်ကာ စူပုတ်နေသော သော်တာကြောင့် မာန် မင်းမြတ်နဲ့ မိုးထက်ကို ဝေ့ကြည့်မိသည်။ ပြုံးစိစိဖြစ်နေသော ထိုနှစ်ယောက်ကြောင့် အခြေအနေကိုရိက်မိသွားသော မာန်ကတစ်ချက်ပြုံးလိုက်ပြီး ခွန်းဆက်လက်ထဲမှ သူ့လက်ကို ရုန်းထွက်လိုက်ကာ သော်တာ့အနားလျှောက်သွားလိုက်သည်။

ခွန်းဆက်ကတော့ မာန့်လက်ကလေးကုိ မလွှတ်ပေးချင်ပဲ လွှတ်ပေးလိုက်ရသည်ကြောင့် မျက်နှာက မသာမယာ ဖြစ်သွားတော့သည်။

"မင်း မအိပ်သေးပဲ... ဘာလုပ်နေတာလဲ"

မာန်မေးတော့ သော်တာက မင်းမြတ်နဲ့မိုးထက်ကို မျက်စောင်းထိုးရင်းပြောလာသည်။

"ဘာလုပ်ရမှာလဲ... ငါ အိပ်မလို့ဟာကို... ဟိုအလုပ်မရှိအကိုင်မရှိ ဆရာဝန်နှစ်ကောင်က အနားလာပြီး ပွစိပွစိလာလုပ်နေတယ်လေ"

"သေးသေးလေး ပြင်းနေမှာဆိုလို့ ပြောပေးတာကို"

"ဘောကို သေးသေးလေးလား"

"ဟုတ်လား ပြကြည့်ပါလား"

"မင်း!!! "

သော်တာ ဒေါသထွက်လွန်း၍ 'မင်း' တစ်လုံးသာပြောနိုင်တော့သည်။ ထိုဆရာဝန်ကောင်ကို တစ်စစီဆွဲလုပ်ပစ်ချင်စိတ်များက တစ်ဖွားဖွား။ ဒေါသကြောင့် မျက်နှာများနီလာသော သော်တာ့ကိုကြည့်ရင်း အခန်းထဲမှလူအကုန် ပွဲကျသွားတော့သည်။ ဘာမှမသိသည့် ခွန်းဆက်သည်ပင်လျှင် တစ်ဟားဟားအော်ရယ်လျက်။ သူ့အားရယ်နေသော လူများကိုကြည့်ရင်း သော်တာ စိတ်ပေါက်လာကာ

"တော်ပြီ... ငါမနေဘူး ဆင်းမယ်"

ဆိုရင်း ကိုယ်ပေါ်မှ စောင်ကို ဖယ်ခွာကာ ကုတင်ပေါ်မှ အလောတကြီးဆင်းတော့သည်။

"အခုကမှောင်နေပြီ... ဆင်းချင်ရင် မနက်မှဆင်း...သူမနက်ကြရင် ဆေးရုံဆင်းလို့ရတယ်မလား ညီ"

မာန်က မင်းမြတ်ကို ဦးတည်ကာမေးလာသည်ကြောင့် မင်းမြတ်လည်း ခေါင်းမညိတ်ချင်ညိတ်ချင်ဖြင့် ညိတ်လိုက်ရတော့သည်။

"ဟုတ်ကဲ့"

"ဒါဆို ညီကုပေးမှ ပျောက်မယ့် သူ့ရဲ့အတွင်းဒဏ်ရာတွေကရော"

မာန် မင်းမြတ်ကို ပြုံးစိစိဖြင့်မေးလိုက်သည်။ မင်းမြတ်လည်း လည်ပင်းကိုပွတ်ရင်း

"အဲ့ဒါအတွက် နှစ်ရက်တစ်ခါ သုံးရက်တစ်ခါလောက်တော့ ပုံမှန်လာပြပေးပါ အစ်ကို"

"ဟေ့ကောင် မင်းမြတ်... တစ်ပတ်တစ်ခါဆိုရင်တောင် ဟုတ်သေးတယ်... အခုက နှစ်ရက်တစ်ခါဆိုတော့ မများလွန်းဘူးလား"

"မင်း တိတ်တိတ်နေစမ်း မိုးထက်... သူက အတွင်းထိသွားလား ဘာလား မသိဘူး... အဲ့တော့ နှစ်ရက်တစ်ခါလာပြပေးမှ တော်ကာကြမှာ"

"ဪ... ဪ မင်းက ငါဆရာဝန်ဆိုတာတော့ မမေ့ပါဘူးနော်"

"တိတ်စမ်း... အစ်ကို ကျွန်တော်ပြောသလိုပဲ ပုံမှန်လာ ပြပေးပါနော်"

ဖြစ်နိုင်တာ... မဖြစ်နိုင်တာ နားမလည်ဘူး... သူ့ကို တွေ့ရဖို့က ပိုအရေးကြီးတယ်...ဒါပဲ.....

မင်းမြတ်၏ စကားကြောင့် မာန်နဲ့ မိုးထက်မှာတော့ ရယ်ချင်ပတ်ကျိ မျက်နှာနဲ့ ဖြစ်နေကြသည်။

"မင်းတို့ နှစ်ကောင် duty မရှိဘူးလား"

ခွန်းဆက်က အလုပ်မလုပ်ပဲ အခန်းထဲ လာ ရှုပ်နေသော မင်းမြတ်နဲ့ မိုးထက်ကိုကြည့်ကာ မေးလိုက်သည်။

"  no... မနက်မှ ပြန်ဝင်ရမှာ "

မိုးထက် စကား ကြောင့် ခွန်းဆက် မျက်နှာပြုံးသွားကာ မာန့်ကိုကြည့်လိုက်ပြီး

"မာန်... ကျွန်တော် ဗိုက်ဆာတယ်"

"ဟင် အခုချိန်ထိ မစားရသေးဘူးလား"

ခွန်းဆက်စကားကြောင့် မာန် ခွန်းဆက်ဘက်ကို လှည့်ကာမေးလိုက်သည်။

"အင်း... မစားရသေးလို့ ကျွန်တော်နဲ့ လိုက်ခဲ့... အစ်ကို သော်တာကို သူတို့နှစ်ကောင်နဲ့ထားခဲ့"

ဆိုကာ ခွန်းဆက် မာန့်လက်ကို ဆွဲကာ အခန်းအပြင်သို့ ထွက်သွားသည်မှာ မည်သူမှ တားချိန်မရလိုက်။ မာန်မှာလည်း ခွန်းဆက်ဆွဲရာ နောက် ယောင်တောင်တောင်လေးဖြင့် ပါသွားတော့သည်။

"သောက် RS တွေ မျက်စိကို နောက်နေတာပဲ"

*********************************
ဆေးရုံကန်တင်းတွင် လူသိပ်မရှိ။ ဆရာဝန်များ တစ်ယောက်စနှစ်ယောက်စသာ ရှိနေသည်။ မာန်နဲ့ ခွန်းဆက်တို့ ၀ိုင်းအလွတ်တွင် ၀င်ထိုင်လိုက်ကြပြီးနောက် ခွန်းဆက်က မာန့်ကိုကြည့်ကာ

"ဘာစားချင်လဲ မာန်"

"မဟုတ်ဘူးလေ"

"ဘာမဟုတ်တာလဲ"

"ဗိုက်ဆာတာက မင်းလေ"

"ဪ ဟုတ်သား... ဟီးဟီး"

"တကယ့်အရူးလေး"

မာန့် နှာခေါင်းလေးရှုံ့ကာ တိုးတိုးလေးရေရွတ်သည်။ menu ကတ်ကိုကြည့်နေသော ခွန်းဆက်ကတော့ မကြားလိုက်ပါချေ။ခဏအကြာတွင်တော့ ခွန်းဆက်မှာထားသော ထမင်းဖြူနှင့် ပုစွန်ဟင်းကို waiter လေးက လာပို့ပေးသည်။ မာန့် အတွက်လည်း အအေးတစ်ခွက်ပါသေးသည်။

"အဲ့ ပုစွန်ဟင်း စားကောင်းတယ်"

"ဟုတ်လား"

"အင်း... ငါလည်း အဲ့ဒါနဲ့ပဲ စားတာလေ...ဒါနဲ့ မင်းနောက်ဟင်း တစ်မျိုး မယူတော့ဘူးလား"

"တော်ပြီ"

"ဟိုလေ"

မာန် ပြောရခက်နေသည့်ဟန် လည်ပင်းကိုပွတ်နေသည်။ခွန်းဆက်မျက်နှာကိုလည်း မကြည့်။

"ဘာပြောမလို့လဲ... ပြောလေ"

ခွန်းဆက်က မာန်ပြောရလွယ်စေရန် စကားလမ်းကြောင်း ဖွင့်ပေးသည်။

"အပန်းမကြီးရင်လေ... ပုစွန်နဲ့ ထမင်း တစ်လုတ်လောက် ကျွေးပါလား"

လက်ညိုးတစ်ချောင်းထောင်ကာ ပြောလာသော မာန်က တကယ့်ကလေးအတိုင်း။ ခွန်းဆက် နှုတ်ခမ်းစွန်းများ ကော့တက်သွားသည်အထိ သဘောကျသွားရသည်။ ထို့်နောက် ပန်းကန်ကို မာန့်ရှေ့ပို့ပေးလိုက်ရင်း

"ရော့... တစ်လုတ်မဟုတ်ဘူး... အများကြီးစား"

အစက ခွံ့ကျွေးမလို့ ကြံရွယ်ထားပေမယ့် public နေရာတွင် ဖြစ်နေသည်ကြောင့် ဆန္ဒကို သိက္ခာနဲ့ ထိန်းလိုက်ရသည်။ သူ့အတွက်က ဘာမှမဖြစ်ပေမယ့် မာန့်ကို မကောင်းသည့် အမြင်များကင်းရှင်းစေချင်သည်။

"ဟင့်အင်း တစ်လုတ်ပဲ စားမှာ... မင်းဗိုက်ဆာနေတယ် မဟုတ်လား"

"စားပါ... ခင်ဗျားစားရင် ကျွန်တော် ငတ်သလိုပဲ"

ခွန်းဆက် စကားကြောင့် မာန် ခွန်းဆက်ကို မကြည်ကြည့် ကြည့်လိုက်သည်။ သို့ပေမယ့် ဘာမှတော့မပြော။ အကြောင်းမှာတော့ ပါးစပ်ထဲ ထမင်းလုတ်ကြီးကြီးက ၀င်သွားခြင်းကြောင့် ဖြစ်သည်။ မာန် ပန်းကန်ကို ခွန်းဆက်ရှေ့ ပြန်တိုးပေးလိုက်သည်။

ခွန်းဆက် ပါးလေးနှစ်ဖက် ဖောင်းကားနေအောင် စားနေသော မာန့်ကိုကြည့်ရင်း သဘောကျပြီးရင်းကျနေရသည်။

"မာန် ခင်ဗျားသိလား"

မာန်က အအေးကိုသောက်ရင်း သူမသိကြောင်း ခွန်းဆက်ကို ခေါင်းခါပြသည်။

"ထမင်းတစ်ပန်းကန်ထဲကို အတူတူစားရင် အဲ့လူနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ဘယ်တော့မှ မမေ့ဘူးတဲ့"

"ဟုတ်လား... ဘယ်သူပြောတာလဲ"

"ကျွန်တော်ပြောတာလေ"

ခွန်းဆက် စကားကြောင့် မာန်သဘောကျ ရယ်မိသွားတော့သည်။ ခွန်းဆက်လည်း မာန်ရယ်နေသည်ကို ငေးကြည့်နေသည်။

"မြန်မြန်စား... အပေါ်က ၃ ယောက်က တည့်တာမဟုတ်ဘူး"

"အင်း"

ခွန်းဆက်လည်း ထမင်းကိုသာ ငုံ့စားတော့သည်။ သူ့အတွက် ဒီနေ့ ညစာလေးက အရင်နေ့တွေကထက်ပင် ပို၍ အရသာရှိနေခဲ့သည်။ မာန် ခွန်းဆက် ထမင်းစားနေသည်ကို ကြည့်ပြီး ပြုံးနေမိတော့သည်။

မင်းပျော်နေတာပဲ ငါအမြဲမြင်ချင်တယ် ခွန်းဆက်ရယ်.....

*********************************
ခွန်းဆက်နဲ့ မာန် အခန်းထဲ ပြန်ရောက်တော့ သော်တာက ကုတင်ပေါ်တွင်ထိုင်ကာ စာအုပ်တစ်အုပ်ကို ဖက်နေသည်။ မင်းမြတ်နဲ့ မိုးထက်တို့ကတော့ နှစ်ယောက်သား သော်တာ့ကိုကြည့်ရင်း တွတ်ထိုးနေကြသည်။

"မင်းတို့နှစ်ကောင် ပြန်လို့ရပြီ"

ခွန်းဆက်က ထိုနှစ်ယောက်ကို ကြည့်ရင်းပြောလေသည်။

"ဟင်အင့် မပြန်ဘူး"

မိုးထက်က ခေါင်းခါကာ ငြင်းလေသည်။

"ဘာလို့လဲ"

"ဒီကောင်လေ"

မိုးထက် မင်းမြတ်ကိုမေးငေါ့ပြသည်။ ခွန်းဆက် နားမလည်သည်ကြောင့် မျက်မှောက်ကြုတ်ကာ မိုးထက်အားပြန်မေးသည်။

"သူက ဘာဖြစ်လို့လဲ"

"ဘာဖြစ်ရမှာလဲ... အသည်းတုံးပူတူးတူးလေးနဲ့ အတူရှိချင်လို့်တဲ့"

"ဟျောင့်တော်တော့"

မင်းမြတ် မိုးထက်ပါးစပ်ကို လှမ်းပိတ်သော်လည်း မမှီလိုက်ပေ။ ခွန်းဆက်က နားမလည်သေးဟန်ဖြင့်

"မင်းမြတ်က သူ့အသည်းတုံးနဲ့ အတူတူရှိချင်တာကို ဘာလို့ဒီအခန်းထဲရောက်"

ပြောရင်း ခွန်းဆက် မျက်လုံးတို့က ကုတင်ပေါ်တွင်ထိုင်ကာ သူတို့ပြောစကားကို နားထောင်နေသော သော်တာ့ဆီ အကြည့်ရောက်သွားသည်။ ခွန်းဆက် အခြေအနေကို သဘောပေါက်သွားဟန်ဖြင့် အခန်းထဲမျက်လုံး ဝေ့ကြည့်တော့ ပြုံးစိစိဖြင့် သူ့ကိုကြည့်နေသော မာန်နဲ့ မိုးထက်၊ အရှက်သည်းစွာ လည်ပင်းကို ပွတ်နေသော မင်းမြတ်။ ခွန်းဆက် ချောင်းဟန့်လိုက်ရင်း

"အဟမ်း... ဆိုတော့ကာ သူပေါ့"

"အင်း"

ခွန်းဆက်အမေးကို မင်းမြတ် 'အင်း' တစ်လုံးသာဆိုပြီး လည်ပင်းကိုပွတ်နေပြန်သည်။ ထိုအခြေအနေတွင် ထွက်ပေါ်လာသော အသံတစ်ခုကြောင့် ခွန်းဆက်တို့ အားလုံး ပါးစပ်အဟောင်းသား ဖြစ်သွားရတော့သည်။

"ဟိုကောင် မင်းက ကိုယ့်သူငယ်ချင်း ယောက်ကျားကိုတောင် မရှောင် ကြိုက်တာပဲလား"

*********************************
#29.1.2024
#🍁Moe Kyal Phyu🍁
*****
စာမစစ်ပဲ တင်လိုက်တာမို့ စာလုံးပေါင်းအမှားလေးများတွေ့ရှိခဲ့သော် အပြစ်မမြင်ပဲ နားလည်သမှုဖြင့် ပြင်ဖတ်ပေးကြပါနော်😁😁😁












[Zawgyi]

ခြန္းဆက္ မာန္႔အနားသို႔ တစ္လွမ္းခ်င္းလွမ္းကာ သြားလိုက္သည္။ ခြန္းဆက္လာေနသည္ကို သိေသာ္လည္း မာန္က ခြန္းဆက္အား လွည့္မၾကည့္။ ခြန္းဆက္ မာန္႔ေဘးက ေနရာအလြတ္တြင္ ၀င္ထိုင္လိုက္သည္။ မာန္က ခြန္းဆက္ဘက္သို႔ တစ္ခ်က္ငဲ့ၾကည့္လာၿပီး ေကာင္းကင္ႀကီးကို ျပန္ေငးၾကည့္ေနသည္။ ထိုေနရာတြင္ လူႏွစ္ေယာက္ရိွေနေသာ္လည္း တိတ္ဆိတ္မႈကသာ ႀကီးစိုးေနသည္။

"မင္းလာၿပီလား"

ေလေျပေလးျဖင့္ မာန္က တိတ္ဆိတ္မႈကို ၿဖိဳခြင္းလိုက္သည္။

"အင္း အခန္းထဲေရာက္ခဲ့ေသးတယ္...ခင္ဗ်ားက အျပင္ထြက္သြားတယ္ဆိုလို႔ လိုက္လာတာ"

"ေျပာစရာရိွလို႔လား"

မာန္က ေအးေဆးစြာျဖင့္ စကားေျပာေနသည္။ မေအးေဆးႏိုင္သူကေတာ့ ခြန္းဆက္ပင္။ သိသိသာသာအခုန္ျမန္ေနေသာ ႏွလံုးခုန္သံေၾကာင့္ မာန္ၾကားသြားမည္ကိုပင္ စိုးရပါသည္။

"မရိွပါဘူး"

"အင္း"

ႏွစ္ေယာက္သား တစ္ဖန္ျပန္တိတ္ဆိတ္သြားျပန္သည္။ မာန္က ေကာင္းကင္ျပင္ကိုသာ ေငးၾကည့္ေနသလို ခြန္းဆက္ကေတာ့ သူ႕ေဘးရိွအျဖဴေရာင္အလွတရားကိုသာ ေငးေမာေနသည္။

ခြန္းဆက္၏ ပံုစံက style pants အနက္ကို အက်ႌအျဖဴအနက္ အစင္းၾကားေလးႏွင့္ တြဲဖက္ကာ ၀တ္ဆင္ထားသည္။ ဆံပင္ကို လွန္တင္ထားသည္ေၾကာင့္ ထင္ရွားသည့္ေမး႐ိုးနဲ႔မ်က္ႏွာေလးက ရွင္းသန္႔ေနသည္။ မ်က္၀န္းနက္နက္ မ်က္ခံုးထူထူမ်ားကလည္း စြဲေဆာင္မႈအျပည့္။

ခေရပင္ေအာက္က ခံုတန္းတြင္ ထိုင္ေနေသာ ေကာင္ေလးႏွစ္ေယာက္ကို ၾကည့္လိုက္လွ်င္ ေခ်ာေမာမႈနဲ႔ အလွတရားကို တြဲဖက္ျမင္ရေပမည္။

"မင္းသိလား ခြန္းဆက္... ၾကယ္ေတြက ဘယ္ႏွစ္ခုရိွလဲ ဆိုတာ"

ခြန္းဆက္ မာန္႔ကို ေငးေနတုန္း မာန္က သူ႕ဘက္လွည့္ကာ ေမးလာသည္။ ေလေျပတစ္ခ်က္အေ၀ွ႔တြင္ မာန္႔ နဖူးေပၚက ဆံပင္မ်ားက ေလေျပနဲ႔အတူ ေ၀ွ႔ယမ္းကခုန္ေနၾကသည္။ ယခု မာန္၏ ပံုစံေလးက လက္ျဖင့္ဖြဖြထိၾကည့္ရင္ေတာင္ နာသြားမည္ကို စိုးရသည္အထိ ႏူးညံလို႔ေနသည္။ ျဖဴစင္ေသာ အၿပံဳးေလးႏွင့္ စြဲမက္ဖြယ္ေကာင္းေသာ မ်က္၀န္းျပာေလးေတြက ခြန္းဆက္၏အေျဖကို ေစာင့္စားေနဟန္ ေငးစိုက္ၾကည့္ေနသည္။ တစ္ဆိတ္ မာန္႔ပါးျပင္နဲ႔ ႏွာေခါင္းထိပ္ေလးက ပံုမွန္ထက္မ်ား ပိုနီေနသလားလို႔။

"ၾကယ္ေတြက မေရမတြက္ႏိုင္ေအာင္ ရိွေနတဲ့ ဥစၥာ"

ခြန္းဆက္ အေျဖကိုၾကားေတာ့ မာန္ကၿပံဳးေနသည္ထက္ ပိုၿပံဳးသြားကာ ေကာင္းကင္ကို ျပန္ေငးၾကည့္ေနသည္။

"ငါ ငယ္ငယ္က ၾကယ္ေတြကို ေရတြက္ဖူးတယ္... အခုထိလည္းပဲ... မင္းဒီကို မလာခင္အထိ ငါေရတြက္ေနခဲ့တာ"

ၾကယ္ေတြကိုၾကည့္ရင္း စကားမ်ားေျပာေနသည့္အခ်ိန္တြင္ မာန္႔မ်က္၀န္းထဲ ေပ်ာ္ရႊင္မႈကို ခြန္းဆက္ ျမင္ေနရသည္။ မ်က္၀န္းျပာကေလးမ်ား လက္ေနသည့္တိုင္ေအာင္ ေပ်ာ္ရႊင္ေနမႈမ်ဳိး။

"အဲ့ေတာ့ ဘယ္ႏွစ္ခုရိွလဲ ေရတြက္လို႔ရလား"

ခြန္းဆက္ မာန္႔မ်က္ႏွာကို ေငးၾကည့္ရင္းသာ ျပန္ေျပာမိသည္။ ခြန္းဆက္၏အသံသည္ ႏူးညံမႈအေပါင္းတို႔ ေပ်ာ္၀င္ေနသည္ကို ကာယံကံရွင္ ကိုယ္တိုင္ေတာင္ သတိမထားမိေပ။ ယေန႔မာန္႔ပံုစံက ကေလးတစ္ေယာက္ကဲ့သို္႔ ျဖဴစင္ေနသည္။ ခြန္းဆက္ေမးခြန္းေၾကာင့္ မာန္ေခါင္းေလးခါကာ ေကာင္းကင္ကို္လက္ညိဳးထိုးရင္း

"ဒီေနရာမွာ ေရတြက္ရင္ ဟိုေနရာကေပၚလာတယ္... ဟိုေနရာမွာေျပာင္းလိုက္ေတာ့ ဟိုဘက္ကေပၚလာျပန္ေရာ... အဟြန္း"

ေကာင္းကင္ကို လက္ညိဳးထိုးကာေျပာရင္း သြားတန္းညီညီကေလးမ်ားေပၚေအာင္ ရယ္လိုက္ေသာမာန္။ မာန္႔ရယ္ေမာျခင္းမွာ ခြန္းဆက္ ကမာၻ တဒဂၤရပ္တန္႔သည္။ ေကာင္းကင္ေပၚက ၾကယ္ေလးေတြကို ၾကည့္ရင္း စိတ္လိုလက္ရရယ္ေမာေနေသာ မာန္ဟာ ျမတ္ႏိုးဖြယ္ရာအတိ။

"ၾကယ္ေတြကို ေရတြက္ရတာ အဲ့ေလာက္ေတာင္ ႀကိဳက္တာလား"

မာန္က ခြန္းဆက္ကိုၾကည့္ကာ ကေလးတစ္ေယာက္လို ေခါင္းကိုတြင္တြင္ၿငိမ့္ျပလာသည္။

"အင္း...အရမ္းႀကိဳက္တယ္... မိွတ္တုတ္မိွတ္တုတ္ၾကယ္ေလးေတြကို ၾကည့္ေနရရင္ကို သေဘာက်ေနတာ"

ခြန္းဆက္ မာန္႔ကိုသာ ေငးၾကည့္မိေတာ့သည္။ သူ႕တြင္ ေျပာစရာစကားမ်ား ေပ်ာက္ဆံုးေနသူလို္ ထိုလူသားအား ေငးၾကည့္ခ်င္စိတ္သာ ရိွေနေလသည္။ နဂိုထက္ပိုကာ နီရဲေနေသာ ပါးေဖာင္းေဖာင္းေလးမ်ား မို႔တက္ေနေအာင္ ရယ္ေနပါေသာမာန္။နီရဲရဲႏႈတ္ခမ္းဖူးဖူးေလးတစ္စံု ေကြးၫႊတ္ေနေအာင္ ရယ္ေမာေနေသာမာန္။

မာန္...ခင္ဗ်ား သိပ္ကိုလွလြန္းတယ္ဗ်ာ.....

"ခြန္းဆက္ ဟိုမွာၾကည့္ ၾကည့္"

ခြန္းဆက္ မာန္႔ကိုေငးကာ အေတြးထဲေမ်ာတုန္း သူ႕လက္ေမာင္းကို ကိုင္လႈပ္ကာ ေကာင္းကင္တစ္ေနရာကို လက္ညိဳးထိုးျပေနေသာမာန္ေၾကာင့္ ခြန္းဆက္ မာန္လက္ညိဳးၫႊန္ရာကို ၾကည့္လိုက္သည္။ ေကာင္းကင္ေပၚမွ ၾကယ္ေလးတစ္စင္းေႂကြက်သြားေလသည္။

"ၾကယ္ေႂကြေနၿပီး ဆုေတာင္း...ၾကယ္ေႂကြရင္ ဆုေတာင္းျပည့္တယ္တဲ့"

"အဲ့တာလည္း ယံုတာပဲလား"

ခြန္းဆက္ ေမးသည္ကုိ မာန္ျပန္မေျဖ။ လက္ႏွစ္ဖက္ကိုဆုပ္ကာ မ်က္၀န္းမ်ားကို မိွတ္ထားၿပီး ဆုေတာင္းေနေလသည္။ ခြန္းဆက္ ေကာင္းကင္ကို ျပန္ၾကည့္ေတာ့လည္း ၾကယ္ေနာက္ထပ္ တစ္လံုးေႂကြက်သြားျပန္သည္။ ခြန္းဆက္ မာန္႔ကိုျပန္ၾကည့္လိုက္ရင္း

ၾကယ္ေႂကြရင္ တကယ္ပဲဆုေတာင္းျပည့္လား... ဒါဆို ကြၽန္ေတာ္ ခြန္းဆက္ေရာင္နီ ဆႏၵျပဳပါတယ္... အလကၤာမုန္းမာန္၏ ႏႈတ္ခမ္းထက္ အၿပံဳးေတြသာ ဖန္ဆင္းေပးႏိုင္ေသာသူ ...မ်က္ရည္သုတ္ေပးေသာ လက္တစ္စံုထက္ မ်က္ရည္မက်ေအာင္ ထားႏိုင္ေသာသူ
ျဖစ္ရပါလို၏.....

ခဏအၾကာ မာန္မ်က္လံုးမ်ားပြင့္လာကာ ခြန္းဆက္ကိုၾကည့္လာေတာ့သည္။ ခြန္းဆက္ မာန္႔နဖူးေပၚက်ေနေသာ ဆံပင္ေလးမ်ားကုိ သပ္တင္ေပးလိုက္ရင္း

"ဆုေတာင္းၿပီးၿပီလား"

မာန္လည္း ခြန္းဆက္၏ အျပဳအမူကို ထူးဆန္းမေနပဲ ၿပံဳးရႊင္စြာျပန္ေျဖေလသည္။

"အင္း"

"ဒါဆို အခန္းထဲ ျပန္ရေအာင္ေလ"

ခြန္းဆက္က မတ္တပ္ရပ္လိုက္ၿပီး မာန္႔ကို လက္ကမ္းေပးသည္။ မာန္ သူ႕ကို ကမ္းေပးလာေသာ ခြန္းဆက္လက္ကိုတစ္လွည့္္ ခြန္းဆက္ကိုတစ္လွည့္ ၾကည့္ၿပီးေနာက္ ခြန္းဆက္လက္ဖဝါးထဲ သူ႕လက္ေလးတစ္ဖက္ကို ထည့္ေပးလိုက္သည္။ ခြန္းဆက္ သူ႕လက္ထဲေရာက္လာေသာ လက္ကေလးအား အသာျဖစ္ညစ္ဆုပ္ကိုင္လိုက္ၿပီးေနာက္ ေရွ႕မွဦးေဆာင္ကာ မာန္႔ကို ဆြဲေခၚသြားေလသည္။ မာန္လည္း ခ်ိတ္တြယ္ထားေသာ လက္ကေလးႏွစ္ဖက္ကိုၾကည့္ရင္း ၿပံဳးေနမိသည္မွာ အခါခါ။

*********************************
"ေပၚလာေသးတယ္ေနာ္... ငါက မင္းတို္႔ႏွစ္ေယာက္ကို ဟန္းနီးမြန္းထြက္သြားၿပီ မွတ္ေနတာ"

"ေသာ္တာ! "

အခန္းထဲသို႔၀င္လာေသာ ခြန္းဆက္နဲ႔မာန္အား ေသာ္တာက အရြဲ႕ေလးျဖင့္ ခရီးဦးႀကိဳျပဳသည္။ မာန္ကေတာ့ အခန္းထဲေရာက္ရာက္ခ်င္း ေဆာက္နဲ႔ထြင္းသလိုေျပာလာသည့္ ေသာ္တာစကားေၾကာင့္ မ်က္ႏွာေလးက ရဲခနဲ။ ကုတင္ေပၚတြင္ ငုတ္တုတ္ထို္င္ကာ စူပုတ္ေနေသာ ေသာ္တာေၾကာင့္ မာန္ မင္းျမတ္နဲ႔ မိုးထက္ကို ေ၀့ၾကည့္မိသည္။ ၿပံဳးစိစိျဖစ္ေနေသာ ထိုႏွစ္ေယာက္ေၾကာင့္ အေျခအေနကိုရိက္မိသြားေသာ မာန္ကတစ္ခ်က္ၿပံဳးလို္က္ၿပီး ခြန္းဆက္လက္ထဲမွ သူ႕လက္ကို ႐ုန္းထြက္လိုက္ကာ ေသာ္တာ့အနားေလွ်ာက္သြားလိုက္သည္။

ခြန္းဆက္ကေတာ့ မာန္႔လက္ကေလးကု္ိ မလႊတ္ေပးခ်င္ပဲ လႊတ္ေပးလိုက္ရသည္ေၾကာင့္ မ်က္ႏွာက မသာမယာ ျဖစ္သြားေတာ့သည္။

"မင္း မအိပ္ေသးပဲ... ဘာလုပ္ေနတာလဲ"

မာန္ေမးေတာ့ ေသာ္တာက မင္းျမတ္နဲ႔မိုးထက္ကို မ်က္ေစာင္းထိုးရင္းေျပာလာသည္။

"ဘာလုပ္ရမွာလဲ... ငါ အိပ္မလို႔ဟာကို... ဟိုအလုပ္မရိွအကိုင္မရိွ ဆရာ၀န္ႏွစ္ေကာင္က အနားလာျပီး ပြစိပြစိလာလုပ္ေနတယ္ေလ"

"ေသးေသးေလး ျပင္းေနမွာဆိုလို႔ ေျပာေပးတာကုိ"

"ေဘာကုိ ေသးေသးေလးလား"

"ဟုတ္လား ျပၾကည့္ပါလား"

"မင္း!!! "

ေသာ္တာ ေဒါသထြက္လြန္း၍ 'မင္း' တစ္လံုးသာေျပာႏိုင္ေတာ့သည္။ ထိုဆရာ၀န္ေကာင္ကို တစ္စစီဆြဲလုပ္ပစ္ခ်င္စိတ္မ်ားက တစ္ဖြားဖြား။ ေဒါသေၾကာင့္ မ်က္ႏွာမ်ားနီလာေသာ ေသာ္တာ့ကိုၾကည့္ရင္း အခန္းထဲမွလူအကုန္ ပြဲက်သြားေတာ့သည္။ ဘာမွမသိသည့္ ခြန္းဆက္သည္ပင္လွ်င္ တစ္ဟားဟားေအာ္ရယ္လ်က္။ သူ႕အားရယ္ေနေသာ လူမ်ားကိုၾကည့္ရင္း ေသာ္တာ စိတ္ေပါက္လာကာ

"ေတာ္ၿပီ... ငါမေနဘူး ဆင္းမယ္"

ဆိုရင္း ကိုယ္ေပၚမွ ေစာင္ကို ဖယ္ခြာကာ ကုတင္ေပၚမွ အေလာတႀကီးဆင္းေတာ့သည္။

"အခုကေမွာင္ေနၿပီ... ဆင္းခ်င္ရင္ မနက္မွဆင္း...သူမနက္ၾကရင္ ေဆး႐ံုဆင္းလို႔ရတယ္မလား ညီ"

မာန္က မင္းျမတ္ကို ဦးတည္ကာေမးလာသည္ေၾကာင့္ မင္းျမတ္လည္း ေခါင္းမညိတ္ခ်င္ညိတ္ခ်င္ျဖင့္ ညိတ္လိုက္ရေတာ့သည္။

"ဟုတ္ကဲ့"

"ဒါဆို ညီကုေပးမွ ေပ်ာက္မယ့္ သူ႕ရဲ႕အတြင္းဒဏ္ရာေတြကေရာ"

မာန္ မင္းျမတ္ကို ၿပံဳးစိစိျဖင့္ေမးလိုက္သည္။ မင္းျမတ္လည္း လည္ပင္းကိုပြတ္ရင္း

"အဲ့ဒါအတြက္ ႏွစ္ရက္တစ္ခါ သံုးရက္တစ္ခါေလာက္ေတာ့ ပံုမွန္လာျပေပးပါ အစ္ကို"

"ေဟ့ေကာင္ မင္းျမတ္... တစ္ပတ္တစ္ခါဆိုရင္ေတာင္ ဟုတ္ေသးတယ္... အခုက ႏွစ္ရက္တစ္ခါဆိုေတာ့ မမ်ားလြန္းဘူးလား"

"မင္း တိတ္တိတ္ေနစမ္း မိုးထက္... သူက အတြင္းထိသြားလား ဘာလား မသိဘူး... အဲ့ေတာ့ ႏွစ္ရက္တစ္ခါလာျပေပးမွ ေတာ္ကာၾကမွာ"

"ဪ... ဪ မင္းက ငါဆရာ၀န္ဆိုတာေတာ့ မေမ့ပါဘူးေနာ္"

"တိတ္စမ္း... အစ္ကို ကြၽန္ေတာ္ေျပာသလိုပဲ ပံုမွန္လာ ျပေပးပါေနာ္"

ျဖစ္ႏိုင္တာ... မျဖစ္ႏိုင္တာ နားမလည္ဘူး... သူ႕ကို ေတြ႕ရဖို႔က ပိုအေရးႀကီးတယ္...ဒါပဲ.....

မင္းျမတ္၏ စကားေၾကာင့္ မာန္နဲ႔ မိုးထက္မွာေတာ့ ရယ္ခ်င္ပတ္က်ိ မ်က္ႏွာနဲ႔ ျဖစ္ေနၾကသည္။

"မင္းတို႔ ႏွစ္ေကာင္ duty မရိွဘူးလား"

ခြန္းဆက္က အလုပ္မလုပ္ပဲ အခန္းထဲ လာ ႐ႈပ္ေနေသာ မင္းျမတ္နဲ႔ မိုးထက္ကိုၾကည့္ကာ ေမးလိုက္သည္။

"  no... မနက္မွ ျပန္၀င္ရမွာ "

မိုးထက္ စကား ေၾကာင့္ ခြန္းဆက္ မ်က္ႏွာၿပံဳးသြားကာ မာန္႔ကိုၾကည့္လိုက္ၿပီး

"မာန္... ကြၽန္ေတာ္ ဗိုက္ဆာတယ္"

"ဟင္ အခုခ်ိန္ထိ မစားရေသးဘူးလား"

ခြန္းဆက္စကားေၾကာင့္ မာန္ ခြန္းဆက္ဘက္ကို လွည့္ကာေမးလိုက္သည္။

"အင္း... မစားရေသးလို႔ ကြၽန္ေတာ္နဲ႔ လိုက္ခဲ့... အစ္ကို ေသာ္တာကို သူတို႔ႏွစ္ေကာင္နဲ႔ထားခဲ့"

ဆိုကာ ခြန္းဆက္ မာန္႔လက္ကို ဆြဲကာ အခန္းအျပင္သို႔ ထြက္သြားသည္မွာ မည္သူမွ တားခ်ိန္မရလိုက္။ မာန္မွာလည္း ခြန္းဆက္ဆြဲရာ ေနာက္ ေယာင္ေတာင္ေတာင္ေလးျဖင့္ ပါသြားေတာ့သည္။

"ေသာက္ RS ေတြ မ်က္စိကို ေနာက္ေနတာပဲ"

*********************************
ေဆး႐ံုကန္တင္းတြင္ လူသိပ္မရိွ။ ဆရာ၀န္မ်ား တစ္ေယာက္စႏွစ္ေယာက္စသာ ရိွေနသည္။ မာန္နဲ႔ ခြန္းဆက္တို႔ ၀ိုင္းအလြတ္တြင္ ၀င္ထိုင္လိုက္ၾကၿပီးေနာက္ ခြန္းဆက္က မာန္႔ကိုၾကည့္ကာ

"ဘာစားခ်င္လဲ မာန္"

"မဟုတ္ဘူးေလ"

"ဘာမဟုတ္တာလဲ"

"ဗိုက္ဆာတာက မင္းေလ"

"ဪ ဟုတ္သား... ဟီးဟီး"

"တကယ့္အ႐ူးေလး"

မာန္႔ ႏွာေခါင္းေလး႐ံႈ႕ကာ တိုးတိုးေလးေရရြတ္သည္။ menu ကတ္ကိုၾကည့္ေနေသာ ခြန္းဆက္ကေတာ့ မၾကားလိုက္ပါေခ်။ခဏအၾကာတြင္ေတာ့ ခြန္းဆက္မွာထားေသာ ထမင္းျဖဴႏွင့္ ပုစြန္ဟင္းကို waiter ေလးက လာပို႔ေပးသည္။ မာန္႔ အတြက္လည္း အေအးတစ္ခြက္ပါေသးသည္။

"အဲ့ ပုစြန္ဟင္း စားေကာင္းတယ္"

"ဟုတ္လား"

"အင္း... ငါလည္း အဲ့ဒါနဲ႔ပဲ စားတာေလ...ဒါနဲ႔ မင္းေနာက္ဟင္း တစ္မ်ဳိး မယူေတာ့ဘူးလား"

"ေတာ္ၿပီ"

"ဟိုေလ"

မာန္ ေျပာရခက္ေနသည့္ဟန္ လည္ပင္းကိုပြတ္ေနသည္။ခြန္းဆက္မ်က္ႏွာကိုလည္း မၾကည့္။

"ဘာေျပာမလို႔လဲ... ေျပာေလ"

ခြန္းဆက္က မာန္ေျပာရလြယ္ေစရန္ စကားလမ္းေၾကာင္း ဖြင့္ေပးသည္။

"အပန္းမႀကီးရင္ေလ... ပုစြန္နဲ႔ ထမင္း တစ္လုတ္ေလာက္ ေကြၽးပါလား"

လက္ညိဳးတစ္ေခ်ာင္းေထာင္ကာ ေျပာလာေသာ မာန္က တကယ့္ကေလးအတိုင္း။ ခြန္းဆက္ ႏႈတ္ခမ္းစြန္းမ်ား ေကာ့တက္သြားသည္အထိ သေဘာက်သြားရသည္။ ထို္႔ေနာက္ ပန္းကန္ကို မာန္႔ေရွ႕ပို႔ေပးလိုက္ရင္း

"ေရာ့... တစ္လုတ္မဟုတ္ဘူး... အမ်ားႀကီးစား"

အစက ခြံ႕ေကြၽးမလို႔ ႀကံရြယ္ထားေပမယ့္ public ေနရာတြင္ ျဖစ္ေနသည္ေၾကာင့္ ဆႏၵကို သိကၡာနဲ႔ ထိန္းလိုက္ရသည္။ သူ႕အတြက္က ဘာမွမျဖစ္ေပမယ့္ မာန္႔ကို မေကာင္းသည့္ အျမင္မ်ားကင္းရွင္းေစခ်င္သည္။

"ဟင့္အင္း တစ္လုတ္ပဲ စားမွာ... မင္းဗိုက္ဆာေနတယ္ မဟုတ္လား"

"စားပါ... ခင္ဗ်ားစားရင္ ကြၽန္ေတာ္ ငတ္သလိုပဲ"

ခြန္းဆက္ စကားေၾကာင့္ မာန္ ခြန္းဆက္ကို မၾကည္ၾကည့္ ၾကည့္လိုက္သည္။ သို႔ေပမယ့္ ဘာမွေတာ့မေျပာ။ အေၾကာင္းမွာေတာ့ ပါးစပ္ထဲ ထမင္းလုတ္ႀကီးႀကီးက ၀င္သြားျခင္းေၾကာင့္ ျဖစ္သည္။ မာန္ ပန္းကန္ကို ခြန္းဆက္ေရွ႕ ျပန္တိုးေပးလိုက္သည္။

ခြန္းဆက္ ပါးေလးႏွစ္ဖက္ ေဖာင္းကားေနေအာင္ စားေနေသာ မာန္႔ကိုၾကည့္ရင္း သေဘာက်ၿပီးရင္းက်ေနရသည္။

"မာန္ ခင္ဗ်ားသိလား"

မာန္က အေအးကိုေသာက္ရင္း သူမသိေၾကာင္း ခြန္းဆက္ကို ေခါင္းခါျပသည္။

"ထမင္းတစ္ပန္းကန္ထဲကို အတူတူစားရင္ အဲ့လူႏွစ္ေယာက္က တစ္ေယာက္ကိုတစ္ေယာက္ ဘယ္ေတာ့မွ မေမ့ဘူးတဲ့"

"ဟုတ္လား... ဘယ္သူေျပာတာလဲ"

"ကြၽန္ေတာ္ေျပာတာေလ"

ခြန္းဆက္ စကားေၾကာင့္ မာန္သေဘာက် ရယ္မိသြားေတာ့သည္။ ခြန္းဆက္လည္း မာန္ရယ္ေနသည္ကို ေငးၾကည့္ေနသည္။

"ျမန္ျမန္စား... အေပၚက ၃ ေယာက္က တည့္တာမဟုတ္ဘူး"

"အင္း"

ခြန္းဆက္လည္း ထမင္းကိုသာ ငံု႔စားေတာ့သည္။ သူ႕အတြက္ ဒီေန႔ ညစာေလးက အရင္ေန႔ေတြကထက္ပင္ ပို၍ အရသာရိွေနခဲ့သည္။ မာန္ ခြန္းဆက္ ထမင္းစားေနသည္ကို ၾကည့္ၿပီး ၿပံဳးေနမိေတာ့သည္။

မင္းေပ်ာ္ေနတာပဲ ငါအၿမဲျမင္ခ်င္တယ္ ခြန္းဆက္ရယ္.....

*********************************
ခြန္းဆက္နဲ႔ မာန္ အခန္းထဲ ျပန္ေရာက္ေတာ့ ေသာ္တာက ကုတင္ေပၚတြင္ထိုင္ကာ စာအုပ္တစ္အုပ္ကို ဖက္ေနသည္။ မင္းျမတ္နဲ႔ မိုးထက္တို႔ကေတာ့ ႏွစ္ေယာက္သား ေသာ္တာ့ကိုၾကည့္ရင္း တြတ္ထိုးေနၾကသည္။

"မင္းတို႔ႏွစ္ေကာင္ ျပန္လို႔ရၿပီ"

ခြန္းဆက္က ထိုႏွစ္ေယာက္ကို ၾကည့္ရင္းေျပာေလသည္။

"ဟင္အင့္ မျပန္ဘူး"

မိုးထက္က ေခါင္းခါကာ ျငင္းေလသည္။

"ဘာလို႔လဲ"

"ဒီေကာင္ေလ"

မိုးထက္ မင္းျမတ္ကိုေမးေငါ့ျပသည္။ ခြန္းဆက္ နားမလည္သည္ေၾကာင့္ မ်က္ေမွာက္ၾကဳတ္ကာ မိုးထက္အားျပန္ေမးသည္။

"သူက ဘာျဖစ္လို႔လဲ"

"ဘာျဖစ္ရမွာလဲ... အသည္းတံုးပူတူးတူးေလးနဲ႔ အတူရိွခ်င္လို္႔တဲ့"

"ေဟ်ာင့္ေတာ္ေတာ့"

မင္းျမတ္ မိုးထက္ပါးစပ္ကို လွမ္းပိတ္ေသာ္လည္း မမီွလိုက္ေပ။ ခြန္းဆက္က နားမလည္ေသးဟန္ျဖင့္

"မင္းျမတ္က သူ႕အသည္းတံုးနဲ႔ အတူတူရိွခ်င္တာကို ဘာလို႔ဒီအခန္းထဲေရာက္"

ေျပာရင္း ခြန္းဆက္ မ်က္လံုးတို႔က ကုတင္ေပၚတြင္ထိုင္ကာ သူတို႔ေျပာစကားကို နားေထာင္ေနေသာ ေသာ္တာ့ဆီ အၾကည့္ေရာက္သြားသည္။ ခြန္းဆက္ အေျခအေနကို သေဘာေပါက္သြားဟန္ျဖင့္ အခန္းထဲမ်က္လံုး ေ၀့ၾကည့္ေတာ့ ၿပံဳးစိစိျဖင့္ သူ႕ကို္ၾကည့္ေနေသာ မာန္နဲ႔ မိုးထက္၊ အရွက္သည္းစြာ လည္ပင္းကို ပြတ္ေနေသာ မင္းျမတ္။ ခြန္းဆက္ ေခ်ာင္းဟန္႔လိုက္ရင္း

"အဟမ္း... ဆိုေတာ့ကာ သူေပါ့"

"အင္း"

ခြန္းဆက္အေမးကို မင္းျမတ္ 'အင္း' တစ္လံုးသာဆိုၿပီး လည္ပင္းကိုပြတ္ေနျပန္သည္။ ထိုအေျခအေနတြင္ ထြက္ေပၚလာေသာ အသံတစ္ခုေၾကာင့္ ခြန္းဆက္တို႔ အားလံုး ပါးစပ္အေဟာင္းသား ျဖစ္သြားရေတာ့သည္။

"ဟိုေကာင္ မင္းက ကိုယ့္သူငယ္ခ်င္း ေယာက္က်ားကိုေတာင္ မေရွာင္ ႀကိဳက္တာပဲလား"

*********************************
#29.1.2024
#🍁Moe Kyal Phyu🍁
*****
စာမစစ္ပဲ တင္လိုက္တာမို႔ စာလံုးေပါင္းအမွားေလးမ်ားေတြ႕ရိွခဲ့ေသာ္ အျပစ္မျမင္ပဲ နားလည္သမႈျဖင့္ ျပင္ဖတ္ေပးၾကပါေနာ္😁😁😁

Continue Reading

You'll Also Like

876K 62.3K 48
He is mine ?muu paing?
3.6K 153 7
တိမ်တိုက်နွေး + ရှိုင်းရတုနောင် နွေးနဲ့ရှိုင်းတိို့ရဲ့ ကမ္ဘာလေးထဲကိုအလည်လာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်ဗျ
6K 402 8
mini story လေးပါ။ခေါင်းစဉ်အတိုင်း ပျော်ပျော်ရွှင်ရွှင်နဲ့ရိုရိုချိုချိုလေးသွားမှာပါ။
15K 448 30
A ship crushed on Donut! Who is this mysterious pilot, Tuckers baby has been born and is causing trouble for everyone at blue base. O'Malley is gone...