အမုန္းမွသည္...ခ်စ္ျခင္းဆီသို႔...

By MoeKyalPhyu14

223K 6.7K 322

မိဘတွေမတရားခံရမှုအတွက် ကလဲ့စားချေမယ့်ကောင်လေးတစ်ယောက် အမုန်းတရားတွေကနေလွတ်မြောက်နိုင်ပြီး ချစ်ခြင်းကိုရှာဖွေတ... More

🍂ဖတ္ေပးေစခ်င္🍂
💠Intro💠
🍁 Part 1🍁
🍁 Part 2🍁
🍁 Part 3🍁
🍁Part 4🍁
🍁 Part 5🍁
🍁Part 6🍁
🍁Part 7🍁
🍁Part 8🍁
🍁Part 9🍁
🍁Part 10🍁
🍁Part 11🍁
🍁Part 12🍁
🍁 Part 13🍁
🍁Part 14🍁
🍁Part 15🍁
🍁Part 16🍁
🍁Part 17🍁
🍁Part 18🍁
🍁Part 19🍁
🍁Part 20🍁
🍁Part 21🍁
🍁Part 22🍁
🍁Part 23🍁
🍁Part 24🍁
🍁Part 25🍁
🍁Part 26🍁
🍁Part 27🍁
🍁 Part 28🍁
🍁Part 29🍁
🍁Part 31🍁
🍁Part 32🍁
🍁Part 33🍁
🍁Part 33.2🍁
🍁Part 33.3🍁
🍁Part 34🍁
🍁Part 35🍁
🍁Part 36🍁
🍁Part 37🍁
🍁Part 38🍁
🍁Part 39🍁
🍁Part 40🍁
🍁Part 41🍁
🍁Part 42🍁
🍁Part 43🍁
🍁Part 44🍁
🍁Part 45🍁
🍁Part 46🍁
🍁Part 47🍁
🍁Part 48🍁
🍁Part 49🍁
🍁Part 50🍁
🍁Part 51🍁
🍁Part 52🍁
🍁Part 53🍁
🍁Part 54🍁
🍁Part 55🍁
🍁Part 56🍁
🍁Part 57🍁
🍁Part 58🍁
🍁Part 60🍁
🍁Part 59🍁
🍁Part 61🍁
🍁Part 62🍁
🍁Part 63🍁
🍁Part 64🍁
🍁Part 65🍁
🍁Part 66🍁
🍁Part 67🍁
🍁Part 68🍁
🍁Part 69🍁
🍁Part 70{Final}🍁
🥀Diary Of Mann🥀
🥀ေမာင့္မာန္တို္႔နဲ႔ ခဏတာ🥀(🥀မောင့်မာန်တို့်နဲ့ ခဏတာ🥀)
🌹Thank you all my readers🌹

🍁Part 30🍁

2.2K 74 3
By MoeKyalPhyu14

[Unicode]

ခွန်းဆက် တစ်ယောက် နာရီတကြည့်ကြည့်ဖြင့် နေမထိထိုင်မသာ ဖြစ်နေသည်။ကုမ္ပဏ်ီစာရင်းများကို စစ်နေသော်လည်း စိတ်က စာရင်းများတွင်ရှိမနေပေ။ မာန်၏ အကူအညီဖြင့် ခွန်းဆက် သူ့ဖခင်၏ ကုမ္ပဏ်ီတွင် အလုပ်ဝင်လုပ်နေသည်မှာ သိပ်မကြာသေးပေ။ ခွန်းဆက် အရက်မူးပြီး ပြန်လာသည့်နောက်ပိုင်းတွင် မာန်နဲ့ခွန်းဆက် ဆက်ဆံရေး အတော်လေး အဆင်ပြေနေခဲ့သည်။ ခွန်းဆက်အပေါ် အရင်ကထက်ပိုပြီး မာန်က စိတ်ရှည်လာသည်။ အခုလည်း စာရင်းများကို ကူစစ်ပေးမည်ဆိုသူက ည၇နာရီထိတိုင်အောင် အ်ိမ်သို့ပြန်ရောက်မလာသေးသည်ကြောင့် ခွန်းဆက် ဖင်တကြွကြွဖြစ်နေခြင်း ဖြစ်သည်။

"သားငယ်... ညစာစားတော့မလား... ၇ နာရီတောင်ရှိနေပြီ"

မီးဖိုခန်းထဲကနေ အန်တီမိုးက ခွန်းဆက်ကို မေးလာသည်။

"ရတယ်... အန်တီ သား မာန်ပြန်လာမှပဲ တူတူစားတော့မယ်"

"မာန်က ပြန်မလာဘူးလေ သားရဲ့"

"ဟင် ဘာလို့"

အန်တီမိုး၏ စကားကြောင့် ခွန်းဆက် ဆွံအစွာပြန်မေးမိသည်။ မနက်အိမ်က မထွက်ခင်ကပင် စာရင်းအတူတူလုပ်ရန် စောစောပြန်လာမည်ဟု မာန် ပြောသွားခဲ့သည်လေ။

"သူငယ်ချင်း ဆေးရုံတက်တာကို စောင့်ပေးမလိုတဲ့... သားဆီဖုန်းဆက်တယ်... သားက မကိုင်လို့ သူအိမ်ဖုန်းကို ဆက်လာတာ"

ထိူအခါမှ ခွန်းဆက် ဖုန်းကိုယူကြည့်မိသည်။ ဟုတ်ပါသည်။ မာန် သူ့အား ဖုန်းခေါ်ထားခဲ့သည်။ သို့ပေမယ့် တစ်ခါတည်းပင်။

"သား အန်တီ ညစာပြင်လိုက်ရတော့မလား"

"နေ နေ အန်တီ... သား မာန့်ဆီ လိုက်သွားလိုက်မယ်"

အလင်္ကာမုန်းမာန်...ခင်ဗျားဟာလေ ဖုန်းတစ်ခါခေါ်လို့ မကိုင်တာနဲ့ နောက်တစ်ခါ ထပ်ခေါ်လို့မရဘူးလား ဟမ်... ကိုင်သာပေါက်လိုက်ချင်တော့တယ် ဟင်းဟင်း.....

ခွန်းဆက် မာန့်ဆီ ဖုန်းပြန်ခေါ်လိုက်သည်။ မာန်က ချက်ချင်းပင် ဖုန်းကိုင်လို့လာသည်။

"အဟမ်း...အလင်္ကာမုန်းမာန်လား ခင်ဗျ"

"ဘာလို့ ဖုန်းဆက်တာလဲ"

တစ်ဖက်မှဘောက်ဆတ်ဆတ်အသံကြောင့် ခွန်းဆက် မျက်ခုံးထောင့်နားလေးကို လက်ညိုးလေးဖြင့် ကုတ်လိုက်ရင်း

"ကိုယ့်ယောက်ကျားကို အိမ်မှာထားပြီး... အခုချိန်ထိ အိမ်ပြန်မလာသေးတဲ့ ခွန်းဆက်ရောင်နီရဲ့ ယောက်ကျားကို ဆူမလို့ဆက်တာ"

"မင်းကို အန်တီမိုး မပြောဘူးလား"

"ပြောတယ်လေ"

"အဲ့ဒါဆို ဘာလို့ ဖုန်းဆက်နေတာလဲ"

"ခင်ဗျားယောက်ကျားက ကျွန်တော်လေ... ကျွန်တော့်ကို တိုက်ရိုက်ပြောရမှာ မဟုတ်ဘူးလား"

"မင်းဆီဖုန်းဆက်တယ်လေ"

"သိတယ်လေ"

"မင်းမှမကိုင်တာ"

"နောက်တစ်ခါ ထပ်ခေါ်လို့ရတယ်လေ"

"တော်ပြီ ခွန်းဆက်...မရစ်စမ်းနဲ့ကွာ"

မာန့်စကားကြောင့် ခွန်းဆက် နှုတ်ခမ်းစွန်းတို့ ကော့တက်သည်အထိ ပြုံးလိုက်မိသည်။ ရပြီ။ဒီလောက်ဆို မာန့်ကိုရစ်တာ လုံလောက်သွားပြီ။

"အိုကေ မရစ်တော့ဘူး... အခုဘယ်ဆေးရုံမှာလဲ"

"ဘာလုပ်ဖို့လဲ"

"ယောက်ကျားစကားကို တစ်ခါတည်းပြန်ဖြေလို့ မရဘူးလားဟမ်... ဘာလို့ပြန်မေးနေတာလဲ"

"မင်းက ဘာလုပ်ဖို့မေးနေလဲမှမသိတာ"

"ပြောမှာသာ ပြောစမ်းပါ"

"ဘာလို့ပြောရမှာလဲ"

"ကျစ်!... မာန် မောင်မေးနေတယ်လေ"

နှစ်ဖက်လုံးအသံများ တိတ်သွားကြတော့သည်။ခွန်းဆက် သူ့လျှာကို သူပြန်ကိုက်မိသည်။ မောင် ဟု သုံးနှုန်းမိလိုက်သည်ကိုပင် သူကိုယ်တိုင်တောင်မသိလိုက်။ ပါးစပ်မှ သူ့ဟာသူ ထွက်သွားခြင်းပင်။ ပြောပြီးမှ ကိုယ့်ပါးစပ်ကိုသာ ပိတ်ရိုက်ချင်လာသည်။ တစ်ယောက်တည်းရှိနေသည်တိုင်အောင် ရှက်လွန်း၍ အငွေ့ပါပျံချင်လာသည်။ ထိုခဏ ဖုန်းထဲမှ ကြားလိုက်ရသော မိုးထက်အသံကြောင့် တွင်းတူးပြီးသား ၀င်ပုန်းလိုက်ချင်တော့သည်။ မိုးထက်ပြောသည်က

"မောင်ရေ... ငါတို့ရှိနေတဲ့ ဆေးရုံပါ မောင်ရေ" တဲ့လေ။

*********************************
ဆေးရုံခန်းလေးတွင် မာန်တစ်ယောက်ငြိမ်သက်နေသည်မှာ ကျောက်ရုပ်တစ်ရုပ်ပမာ။ ခွန်းဆက် သူ့ကိုယ်သူ မောင်ဟူသော နာမ်စားသုံးသည့်အခါတိုင်း သူ့ရင်ထဲဝုန်းဒိုင်းကြဲသွားသည်မှာ သူပင်သိသည်။ ယခုတွင်လည်း အပြင်ပန်းက ငြိမ်သက်နေသော်လည်း ရင်ထဲတွင်တော့ အမျိုးစုံကြိုးခုန်နေကြသည်။

အခန်းထဲတွင်ရှိ်သော သော်တာ၊ မင်းမြတ်၊ မိုးထက်တို့မှာတော့ ပြုံးစိစိ။ ခွန်းဆက် ဖုန်းမဆက်ခင်ကတည်းက မိုးထက်တို့ရောက်လာကာ စကားစမြည်ပြောနေကြခြင်းဖြစ်သည်။ ခွန်းဆက် ဖုန်းဆက်လာသည့်အခါတွင်လည်း မိုးထက်က speaker ဖွင့်ခိုင်းသည်ကြောင့် ခွန်းဆက်ပြောသမျှ သူတို့အားလုံးကြားလိုက်ရသည်။

"ဟျောင့် မင်းမြတ်...ငါတို့်ကောင်ကြီးက မောင်တဲ့ ဟီးဟီး"

မင်းမြတ်ကိုပြောလိုက်သော မိုးထက်စကားကြောင့် မာန်မျက်နှာ စတော်ဘယ်ရီသီးကဲ့သို့ အနီရောင်ပြောင်းလာနေသည်။ ထိုသည်ကို သော်တာက တွေ့သွားကာ ရယ်ချင်သည်စိတ်ကိုထိန်းရင်း

"မာန်... မင်းဖျားနေတာလား"

စိုးရိမ်တကြီး မာန့်မျက်နှာကိုကိုင်ကာ မေးလေသည်။ သော်တာအသံကြောင့် မင်းမြတ်နဲ့မိုးထက်တို့လည်း မာန့်ကိုကြည့်လာကြသည်။နီရဲနေသော မာန့်မျက်နှာကို တွေ့လိုက်ရချိန်

"အစ်ကို အစ်ကို့မျက်နှာ နီရဲနေပြီ"

"ဟေ့ကောင် မအော်နဲ့လေ"

ရိပ်မိသော မင်းမြတ်က မိုးထက်ကိုလှမ်းဟန့်သည်။ မိုးထက်က ဂရုမစိုက်စွာ မာန့်အနားလျှောက်သွားကာ နဖူးပေါ်လက်တင်စမ်းလိုက်ပြီး ခံစားလိုက်ရသည့် အပူအရှိန်ကြောင့် ပြုံးစိစိဖြင့် ထအော်တော့သည်။

"ဘုရားရေ... အစ်ကိုဖျားနေပြီ... ကိုယ်တွေပူကျစ်နေတာပဲ"

မာန်တစ်ယောက်သူ့မျက်နှာပေါ်မှ လက်တွေကိုဖယ်ချကာ

"မဟုတ်... မဖျားပါဘူး... သော်တာ ငါ အပြင်ထွက်လမ်းလျှောက်လိုက်အုံးမယ်"

"မာန် မင်းဖျားနေတာ...လေစိမ်းတွေ တိုက်ခံလို့မရဘူးလေ"

"ရ... ရ... ရတယ်"

ဆိုကာ အခန်းထဲမှပြေးထွက်သွားတော့သည်။ မာန် အပြင်ရောက်သွားမှ ကျန်ခဲ့သည့် ၃ယောက်မှာ ဗိုက်ကိုဖိကာ ရယ်ကျတော့သည်။

"ဟျောင့် အစ်ကိုက ချစ်စရာလေးကွာ... ငါတောင် အသဲယားတယ်"

"ဟုတ်တယ်... အခုပုံစံကို ရောင်နီသာ တွေ့ရင် ဘယ်လိုတောင်နေမလဲ မသိဘူး"

မင်းမြတ်နဲ့မိုးထက်တို့ အပြန်အလှန်ပြောဆိုနေကြစဉ် ကုတင်ပေါ်က သော်တာမှာတော့ အိပ်ဖို့ပြင်နေလေသည်။ ထိုအခြေအနေကို ကြည့်ရင်း မင်းမြတ်က

"သေးသေးလေး အိပ်တော့မလို့လား"

"ရားးးး"

'ဘုတ်'

သော်တာ အော်ရင်း ကုတင်ပေါ်မှ ခေါင်းအုံးဖြင့် မင်းမြတ်ကို လှမ်းပေါက်လိုက်သည်။ သို့သော် ထိုခေါင်းအုံးက မင်းမြတ်ကို မထိ။ အခန်းထဲဝင်လာသော ခွန်းဆက်ကို ထိကာ ကြမ်းပြင်ပေါ်ပြုတ်ကျသွားတော့သည်။

"မင်းတို့ကောင်တွေ မကြီးမငယ်နဲ့ကွာ"

"ရောက်လာပြီလား မောင်"

မိုးထက်က ခွန်းဆက်လက်မောင်းတစ်ဖက်ကို ဆွဲချိတ်လိုက်ရင်း ညုတုတုအသံဖြင့်ပြောသည်။

"ချီး... မခေါ်စမ်းနဲ့ ကြက်သီးထတယ်"

"အစ်ကို ခေါ်ရင်တော့ ကြက်သီးမထဘူးနော်"

"ဟေ့ကောင်... တော်ပြီ  မင်းနဲ့မပြောဘူး"

မိုးထက်ကို တွန်းထုတ်ကာ သော်တာ့အနားသို့လျှောက်သွားလိုက်သည်။

"အစ်ကိုသော်တာ... မာန်ဘယ်သွားလဲဟင်"

"ရောက်တာနဲ့ တစ်ခွန်းတစ်ဆက်တို့များ လင်ကိုတန်းမေးတာနော်"

"ဟေ့ကောင် မိုးထက်... တိတ်တိတ်နေစမ်း"

"မာန် လမ်းခဏလျှောက်မယ်ဆိုပြီး အပြင်ထွက်သွားတယ်... ညီ လိုက်သွားရင်... "

စကားပင် မဆုံးသေး အပြင်ကိုပြေးထွက်သွားသော ခွန်းဆက်ကြောင့်

"သောက် rs တွေများ ကောင်းကိုမကောင်းဘူး... မချစ်လို့သာပဲ တစ်ယောက်ကလည်း မောင်ဆိုတာနဲ့ လိပ်ပြာလွင့်သွားသလို နောက်တစ်ယောက်ကလည်း စကားတောင်ဆုံးအောင်နားမထောင်ဘူး"

သော်တာပွစိပွစိပြောရင်း အခန်းထဲမျက်လုံးဝေ့ကြည့်တော့ သူ့ကိုကြည့်ကာ ရယ်နေသော နှစ်ယောက်နဲ့ဆုံသည်။

"မင်းတို့က ဘာကြည့်နေတာလဲ... ဆရာဝန်တွေဖြစ်ပြီး တည်တည်တံ့တံ့မရှိကြဘူး... ရုပ်တွေကိုက မျောက်ရုပ်တွေနဲ့"

"ဟာ အစ်ကိုအသေးလေး... ဒါတော့များသွားပြီ...ကျွန်တော်တို့ ward ထဲမှာ ကျွန်တော် အချောဆုံးပဲ"

မိုးထက်က မျက်နှာကို မော့လျှက် ဟန်ပါပါဖြင့် ပြောတော့ သော်တာက အန်ချင်သည့်ပုံစံလုပ်ပြသည်။

"မင်းတို့ကို မေးပါအုံးမယ်... ဆရာဝန်တွေဖြစ်ပြီး အရမ်းတွေအားယား နေကြတာနော်... အလုပ်မရှိဘူးလား"

"အလုပ်တော့ရှိတာပေါ့ သေးသေးလေးရဲ့... ဒါပေမယ့် VIP လူနာအတွက် အချိန်အားပေးရတာပေါ့"

"ဘောကို သေးသေးလေး"

"မင်းမြတ် မင်းရဲ့ VIP လူနာက အရမ်းရိုင်းတာပဲ"

မိုးထက်က ရယ်ကျဲကျဲဖြင့်ပြောသည်။ မင်းမြတ်လည်း သော်တာ့ကိုကြည့်ကာရယ်နေသည်။

"မင်းတို့နှစ်ကောင် ရယ်ပြီးလို့ဝရင် ခေါင်းအုံးလေး ပြန်ကောက်ပေး"

"ကောက်ပေးရင် ဘာပေးမှာလဲ"

"ဘောပေးမယ် ယူမလား"

သော်တာ့စကားကြောင့် မင်းမြတ်တို့နှစ်ယောက် ပွဲကျသွားတော့သည်။ မင်းမြတ်အတွက်တော့ သော်တာ့ကို စနေရသည်ကိုပင် သဘောကျနေမိသည်။ သော်တာ့အား စိတ်တိုဒေါသထွက်သည်အထိ မင်းမြတ် အမြဲစနေချင်မိသည်။

*********************************
ခွန်းဆက် ဆေးရုံအတွင်း မာန့်ကိုလိုက်ရှာနေသည်မှာ အချိန်အတော်ကြာနေလေပြီ။ ခေါင်မိုးထပ်ကအစ toilet အဆုံး လိုက်ရှာသော်လည်း မာန့်ကို ရှာမတွေ့။ ထို့ကြောင့် ၀န်းထဲဆင်းကာ ပတ်ရှာကြည့်တော့မှ ဆေးရုံဝန်း၏ ထောင့်တစ်နေရာရှိ ခရေပင်အောက်က ခုံတန်းမှာ ထိုင်ကာ ကောင်းကင်ကို ငေးကြည့်နေသော မာန့်ကို တွေ့ရသည်။ သစ်ရွက်များကြားမှ လရောင်တစ်စွန်းတစ်စက မာန့်အပေါ် ဖြာကျနေသည်။ လရောင်၏ အကူအညီ မီးတိုင်များ၏ အကူအညီကြောင့် မာန့်အသားက လင်းနေသကဲ့သို့ ဖြစ်နေသည်။ လေတစ်ချက်အဝှေ့တွင် ကြွေကျလာသော သစ်ရွက်တစ်ချို့က မာန့်ကိုယ်ပါ် သက်ဆင်းပြီးမှ မြေခကြရသည်။

အဖြူကို နှစ်ခြိုက်လွန်းသူက ယခုတွင်လည်း ရှပ်အဖြူ style pants အဖြူလေးနဲ့ အမှောင်ထဲတွင် အဖြူရောင် နတ်သားလေးဖြစ်နေသည်။ ပန်းနုရောင်ပါးပြင်ဖွေးဖွေးထက် သွေးကြောစိမ်းလေးများ ယှက်ဖြာနေသည်ကို မီးအလင်း၏ အကူဖြင့် ထင်ရှားစွာမြင်နေရသည်။ နှုတ်ခမ်းဖူးဖူးလေးတစ်စုံကလည်း နီရဲနေကာ ပိုင်ရှင်အား ပို၍လှသွေးကြွယ်စေပြန်သည်။ ကောင်းကင်ကိုမော့ကြည့်နေသည်ကြောင့် လည်တိုင်ဖြူဖြူကျော့ကျော့လေးကလည်း စွဲမက်ဖွယ်။မိုးပြာရောင်မျက်ဝန်းများကလည်း လရောင်အောက်တွင် တလက်လက်။ ထိုအရာအားလုံးကို စကားတစ်ခွန်းဖြင့် ဆိုရလျှင် လမင်း၏အလင်း ဖြာကျခြင်းခံနေရသော ထိုလူသားသည် အသက်ရှုပင် ရပ်သွားနိုင်အောင် လှပလွန်းနေသည်။ မြင်သူတိုင်းကိုလည်း စွဲလန်းစေနိုင်သည်။ ထိုလူများထဲတွင် ခွန်းဆက်လည်း အပါအ၀င်ဖြစ်လေသည်။

*********************************
#29.1.2024
#🍁Moe Kyal Phyu🍁
*****
ဒီအပိုင်းက နည်းနည်းလေးတိုသွားတယ်ရယ်😁အဲ့ဒါကြောင့် နောက်တစ်ပိုင်းထပ် up ပေးပါမယ်နော်...🥰


[Zawgyi]

ခြန္းဆက္ တစ္ေယာက္ နာရီတၾကည့္ၾကည့္ျဖင့္ ေနမထိထိုင္မသာ ျဖစ္ေနသည္။ကုမၸဏ္ီစာရင္းမ်ားကို စစ္ေနေသာ္လည္း စိတ္က စာရင္းမ်ားတြင္ရိွမေနေပ။ မာန္၏ အကူအညီျဖင့္ ခြန္းဆက္ သူ႕ဖခင္၏ ကုမၸဏ္ီတြင္ အလုပ္၀င္လုပ္ေနသည္မွာ သိပ္မၾကာေသးေပ။ ခြန္းဆက္ အရက္မူးၿပီး ျပန္လာသည့္ေနာက္ပိုင္းတြင္ မာန္နဲ႔ခြန္းဆက္ ဆက္ဆံေရး အေတာ္ေလး အဆင္ေျပေနခဲ့သည္။ ခြန္းဆက္အေပၚ အရင္ကထက္ပိုၿပီး မာန္က စိတ္ရွည္လာသည္။ အခုလည္း စာရင္းမ်ားကို ကူစစ္ေပးမည္ဆိုသူက ည၇နာရီထိတိုင္ေအာင္ အိ္မ္သို႔ျပန္ေရာက္မလာေသးသည္ေၾကာင့္ ခြန္းဆက္ ဖင္တႂကြႂကြျဖစ္ေနျခင္း ျဖစ္သည္။

"သားငယ္... ညစာစားေတာ့မလား... ၇ နာရီေတာင္ရိွေနၿပီ"

မီးဖိုခန္းထဲကေန အန္တီမိုးက ခြန္းဆက္ကို ေမးလာသည္။

"ရတယ္... အန္တီ သား မာန္ျပန္လာမွပဲ တူတူစားေတာ့မယ္"

"မာန္က ျပန္မလာဘူးေလ သားရဲ့"

"ဟင္ ဘာလို႔"

အန္တီမိုး၏ စကားေၾကာင့္ ခြန္းဆက္ ဆြံအစြာျပန္ေမးမိသည္။ မနက္အိမ္က မထြက္ခင္ကပင္ စာရင္းအတူတူလုပ္ရန္ ေစာေစာျပန္လာမည္ဟု မာန္ ေျပာသြားခဲ့သည္ေလ။

"သူငယ္ခ်င္း ေဆး႐ံုတက္တာကို ေစာင့္ေပးမလိုတဲ့... သားဆီဖုန္းဆက္တယ္... သားက မကိုင္လို့ သူအိမ္ဖုန္းကို ဆက္လာတာ"

ထိူအခါမွ ခြန္းဆက္ ဖုန္းကိုယူၾကည့္မိသည္။ ဟုတ္ပါသည္။ မာန္ သူ႕အား ဖုန္းေခၚထားခဲ့သည္။ သို႔ေပမယ့္ တစ္ခါတည္းပင္။

"သား အန္တီ ညစာျပင္လိုက္ရေတာ့မလား"

"ေန ေန အန္တီ... သား မာန္႔ဆီ လိုက္သြားလိုက္မယ္"

အလကၤာမုန္းမာန္...ခင္ဗ်ားဟာေလ ဖုန္းတစ္ခါေခၚလို့ မကိုင္တာနဲ႔ ေနာက္တစ္ခါ ထပ္ေခၚလို႔မရဘူးလား ဟမ္... ကိုင္သာေပါက္လိုက္ခ်င္ေတာ့တယ္ ဟင္းဟင္း.....

ခြန္းဆက္ မာန္႔ဆီ ဖုန္းျပန္ေခၚလိုက္သည္။ မာန္က ခ်က္ခ်င္းပင္ ဖုန္းကိုင္လို႔လာသည္။

"အဟမ္း...အလကၤာမုန္းမာန္လား ခင္ဗ်"

"ဘာလို႔ ဖုန္းဆက္တာလဲ"

တစ္ဖက္မွေဘာက္ဆတ္ဆတ္အသံေၾကာင့္ ခြန္းဆက္ မ်က္ခံုးေထာင့္နားေလးကို လက္ညိဳးေလးျဖင့္ ကုတ္လိုက္ရင္း

"ကိုယ့္ေယာက္က်ားကို အိမ္မွာထားၿပီး... အခုခ်ိန္ထိ အိမ္ျပန္မလာေသးတဲ့ ခြန္းဆက္ေရာင္နီရဲ႕ ေယာက္က်ားကို ဆူမလို႔ဆက္တာ"

"မင္းကို အန္တီမိုး မေျပာဘူးလား"

"ေျပာတယ္ေလ"

"အဲ့ဒါဆို ဘာလို႔ ဖုန္းဆက္ေနတာလဲ"

"ခင္ဗ်ားေယာက္က်ားက ကြၽန္ေတာ္ေလ... ကြၽန္ေတာ့္ကို တိုက္႐ိုက္ေျပာရမွာ မဟုတ္ဘူးလား"

"မင္းဆီဖုန္းဆက္တယ္ေလ"

"သိတယ္ေလ"

"မင္းမွမကိုင္တာ"

"ေနာက္တစ္ခါ ထပ္ေခၚလို႔ရတယ္ေလ"

"ေတာ္ၿပီ ခြန္းဆက္...မရစ္စမ္းနဲ႔ကြာ"

မာန္႔စကားေၾကာင့္ ခြန္းဆက္ ႏႈတ္ခမ္းစြန္းတို႔ ေကာ့တက္သည္အထိ ၿပံဳးလိုက္မိသည္။ ရၿပီ။ဒီေလာက္ဆို မာန္႔ကိုရစ္တာ လံုေလာက္သြားၿပီ။

"အိုေက မရစ္ေတာ့ဘူး... အခုဘယ္ေဆး႐ံုမွာလဲ"

"ဘာလုပ္ဖို႔လဲ"

"ေယာက္က်ားစကားကို တစ္ခါတည္းျပန္ေျဖလို႔ မရဘူးလားဟမ္... ဘာလို႔ျပန္ေမးေနတာလဲ"

"မင္းက ဘာလုပ္ဖို႔ေမးေနလဲမွမသိတာ"

"ေျပာမွာသာ ေျပာစမ္းပါ"

"ဘာလို႔ေျပာရမွာလဲ"

"က်စ္!... မာန္ ေမာင္ေမးေနတယ္ေလ"

ႏွစ္ဖက္လံုးအသံမ်ား တိတ္သြားၾကေတာ့သည္။ခြန္းဆက္ သူ႕လွ်ာကို သူျပန္ကိုက္မိသည္။ ေမာင္ ဟု သံုးႏႈန္းမိလိုက္သည္ကိုပင္ သူကိုယ္တိုင္ေတာင္မသိလိုက္။ ပါးစပ္မွ သူ႕ဟာသူ ထြက္သြားျခင္းပင္။ ေျပာၿပီးမွ ကိုယ့္ပါးစပ္ကိုသာ ပိတ္႐ိုက္ခ်င္လာသည္။ တစ္ေယာက္တည္းရိွေနသည္တိုင္ေအာင္ ရွက္လြန္း၍ အေငြ႕ပါပ်ံခ်င္လာသည္။ ထိုခဏ ဖုန္းထဲမွ ၾကားလိုက္ရေသာ မိုးထက္အသံေၾကာင့္ တြင္းတူးၿပီးသား ၀င္ပုန္းလိုက္ခ်င္ေတာ့သည္။ မိုးထက္ေျပာသည္က

"ေမာင္ေရ... ငါတို႔ရိွေနတဲ့ ေဆး႐ံုပါ ေမာင္ေရ" တဲ့ေလ။

*********************************
ေဆး႐ံုခန္းေလးတြင္ မာန္တစ္ေယာက္ၿငိမ္သက္ေနသည္မွာ ေက်ာက္႐ုပ္တစ္႐ုပ္ပမာ။ ခြန္းဆက္ သူ႕ကိုယ္သူ ေမာင္ဟူေသာ နာမ္စားသံုးသည့္အခါတိုင္း သူ႕ရင္ထဲ၀ုန္းဒိုင္းႀကဲသြားသည္မွာ သူပင္သိသည္။ ယခုတြင္လည္း အျပင္ပန္းက ၿငိမ္သက္ေနေသာ္လည္း ရင္ထဲတြင္ေတာ့ အမ်ဳိးစံုႀကိဳးခုန္ေနၾကသည္။

အခန္းထဲတြင္ရိွ္ေသာ ေသာ္တာ၊ မင္းျမတ္၊ မိုးထက္တို႔မွာေတာ့ ၿပံဳးစိစိ။ ခြန္းဆက္ ဖုန္းမဆက္ခင္ကတည္းက မိုးထက္တို႔ေရာက္လာကာ စကားစျမည္ေျပာေနၾကျခင္းျဖစ္သည္။ ခြန္းဆက္ ဖုန္းဆက္လာသည့္အခါတြင္လည္း မိုးထက္က speaker ဖြင့္ခိုင္းသည္ေၾကာင့္ ခြန္းဆက္ေျပာသမွ် သူတို႔အားလံုးၾကားလိုက္ရသည္။

"ေဟ်ာင့္ မင္းျမတ္...ငါတို္႔ေကာင္ႀကီးက ေမာင္တဲ့ ဟီးဟီး"

မင္းျမတ္ကိုေျပာလိုက္ေသာ မိုးထက္စကားေၾကာင့္ မာန္မ်က္ႏွာ စေတာ္ဘယ္ရီသီးကဲ့သို႔ အနီေရာင္ေျပာင္းလာေနသည္။ ထိုသည္ကို ေသာ္တာက ေတြ႕သြားကာ ရယ္ခ်င္သည္စိတ္ကိုထိန္းရင္း

"မာန္... မင္းဖ်ားေနတာလား"

စိုးရိမ္တႀကီး မာန္႔မ်က္ႏွာကိုကိုင္ကာ ေမးေလသည္။ ေသာ္တာအသံေၾကာင့္ မင္းျမတ္နဲ႔မိုးထက္တို႔လည္း မာန္႔ကိုၾကည့္လာၾကသည္။နီရဲေနေသာ မာန္႔မ်က္ႏွာကို ေတြ႕လိုက္ရခ်ိန္

"အစ္ကို အစ္ကို႔မ်က္ႏွာ နီရဲေနၿပီ"

"ေဟ့ေကာင္ မေအာ္နဲ႔ေလ"

ရိပ္မိေသာ မင္းျမတ္က မိုးထက္ကိုလွမ္းဟန္႔သည္။ မိုးထက္က ဂ႐ုမစိုက္စြာ မာန္႔အနားေလွ်ာက္သြားကာ နဖူးေပၚလက္တင္စမ္းလိုက္ၿပီး ခံစားလိုက္ရသည့္ အပူအရိွန္ေၾကာင့္ ၿပံဳးစိစိျဖင့္ ထေအာ္ေတာ့သည္။

"ဘုရားေရ... အစ္ကိုဖ်ားေနၿပီ... ကိုယ္ေတြပူက်စ္ေနတာပဲ"

မာန္တစ္ေယာက္သူ႕မ်က္ႏွာေပၚမွ လက္ေတြကိုဖယ္ခ်ကာ

"မဟုတ္... မဖ်ားပါဘူး... ေသာ္တာ ငါ အျပင္ထြက္လမ္းေလွ်ာက္လိုက္အံုးမယ္"

"မာန္ မင္းဖ်ားေနတာ...ေလစိမ္းေတြ တိုက္ခံလို႔မရဘူးေလ"

"ရ... ရ... ရတယ္"

ဆိုကာ အခန္းထဲမွေျပးထြက္သြားေတာ့သည္။ မာန္ အျပင္ေရာက္သြားမွ က်န္ခဲ့သည့္ ၃ေယာက္မွာ ဗိုက္ကိုဖိကာ ရယ္က်ေတာ့သည္။

"ေဟ်ာင့္ အစ္ကိုက ခ်စ္စရာေလးကြာ... ငါေတာင္ အသဲယားတယ္"

"ဟုတ္တယ္... အခုပံုစံကို ေရာင္နီသာ ေတြ႕ရင္ ဘယ္လိုေတာင္ေနမလဲ မသိဘူး"

မင္းျမတ္နဲ႔မိုးထက္တို႔ အျပန္အလွန္ေျပာဆိုေနၾကစဥ္ ကုတင္ေပၚက ေသာ္တာမွာေတာ့ အိပ္ဖို႔ျပင္ေနေလသည္။ ထိုအေျခအေနကို ၾကည့္ရင္း မင္းျမတ္က

"ေသးေသးေလး အိပ္ေတာ့မလို႔လား"

"ရားးးး"

'ဘုတ္'

ေသာ္တာ ေအာ္ရင္း ကုတင္ေပၚမွ ေခါင္းအံုးျဖင့္ မင္းျမတ္ကို လွမ္းေပါက္လိုက္သည္။ သို႔ေသာ္ ထိုေခါင္းအံုးက မင္းျမတ္ကို မထိ။ အခန္းထဲ၀င္လာေသာ ခြန္းဆက္ကို ထိကာ ၾကမ္းျပင္ေပၚျပဳတ္က်သြားေတာ့သည္။

"မင္းတို႔ေကာင္ေတြ မႀကီးမငယ္နဲ႔ကြာ"

"ေရာက္လာၿပီလား ေမာင္"

မိုးထက္က ခြန္းဆက္လက္ေမာင္းတစ္ဖက္ကို ဆြဲခ်ိတ္လိုက္ရင္း ညဳတုတုအသံျဖင့္ေျပာသည္။

"ခ်ီး... မေခၚစမ္းနဲ႔ ၾကက္သီးထတယ္"

"အစ္ကို ေခၚရင္ေတာ့ ၾကက္သီးမထဘူးေနာ္"

"ေဟ့ေကာင္... ေတာ္ၿပီ  မင္းနဲ႔မေျပာဘူး"

မိုးထက္ကို တြန္းထုတ္ကာ ေသာ္တာ့အနားသို႔ေလွ်ာက္သြားလိုက္သည္။

"အစ္ကိုေသာ္တာ... မာန္ဘယ္သြားလဲဟင္"

"ေရာက္တာနဲ႔ တစ္ခြန္းတစ္ဆက္တို႔မ်ား လင္ကိုတန္းေမးတာေနာ္"

"ေဟ့ေကာင္ မိုးထက္... တိတ္တိတ္ေနစမ္း"

"မာန္ လမ္းခဏေလွ်ာက္မယ္ဆိုၿပီး အျပင္ထြက္သြားတယ္... ညီ လိုက္သြားရင္... "

စကားပင္ မဆံုးေသး အျပင္ကိုေျပးထြက္သြားေသာ ခြန္းဆက္ေၾကာင့္

"ေသာက္ rs ေတြမ်ား ေကာင္းကိုမေကာင္းဘူး... မခ်စ္လို႔သာပဲ တစ္ေယာက္ကလည္း ေမာင္ဆိုတာနဲ႔ လိပ္ျပာလြင့္သြားသလို ေနာက္တစ္ေယာက္ကလည္း စကားေတာင္ဆံုးေအာင္နားမေထာင္ဘူး"

ေသာ္တာပြစိပြစိေျပာရင္း အခန္းထဲမ်က္လံုးေ၀့ၾကည့္ေတာ့ သူ႕ကိုၾကည့္ကာ ရယ္ေနေသာ ႏွစ္ေယာက္နဲ႔ဆံုသည္။

"မင္းတို႔က ဘာၾကည့္ေနတာလဲ... ဆရာ၀န္ေတြျဖစ္ၿပီး တည္တည္တံ့တံ့မရိွၾကဘူး... ႐ုပ္ေတြကိုက ေမ်ာက္႐ုပ္ေတြနဲ႔"

"ဟာ အစ္ကိုအေသးေလး... ဒါေတာ့မ်ားသြားၿပီ...ကြၽန္ေတာ္တို႔ ward ထဲမွာ ကြၽန္ေတာ္ အေခ်ာဆံုးပဲ"

မိုးထက္က မ်က္ႏွာကို ေမာ့လွ်က္ ဟန္ပါပါျဖင့္ ေျပာေတာ့ ေသာ္တာက အန္ခ်င္သည့္ပံုစံလုပ္ျပသည္။

"မင္းတို႔ကို ေမးပါအံုးမယ္... ဆရာ၀န္ေတြျဖစ္ၿပီး အရမ္းေတြအားယား ေနၾကတာေနာ္... အလုပ္မရိွဘူးလား"

"အလုပ္ေတာ့ရိွတာေပါ့ ေသးေသးေလးရဲ႕... ဒါေပမယ့္ VIP လူနာအတြက္ အခ်ိန္အားေပးရတာေပါ့"

"ေဘာကို ေသးေသးေလး"

"မင္းျမတ္ မင္းရဲ့ VIP လူနာက အရမ္း႐ိုင္းတာပဲ"

မိုးထက္က ရယ္က်ဲက်ဲျဖင့္ေျပာသည္။ မင္းျမတ္လည္း ေသာ္တာ့ကိုၾကည့္ကာရယ္ေနသည္။

"မင္းတို႔ႏွစ္ေကာင္ ရယ္ၿပီးလို႔၀ရင္ ေခါင္းအံုးေလး ျပန္ေကာက္ေပး"

"ေကာက္ေပးရင္ ဘာေပးမွာလဲ"

"ေဘာေပးမယ္ ယူမလား"

ေသာ္တာ့စကားေၾကာင့္ မင္းျမတ္တို႔ႏွစ္ေယာက္ ပြဲက်သြားေတာ့သည္။ မင္းျမတ္အတြက္ေတာ့ ေသာ္တာ့ကို စေနရသည္ကိုပင္ သေဘာက်ေနမိသည္။ ေသာ္တာ့အား စိတ္တိုေဒါသထြက္သည္အထိ မင္းျမတ္ အၿမဲစေနခ်င္မိသည္။

*********************************
ခြန္းဆက္ ေဆး႐ံုအတြင္း မာန္႔ကိုလိုက္ရွာေနသည္မွာ အခ်ိန္အေတာ္ၾကာေနေလၿပီ။ ေခါင္မိုးထပ္ကအစ toilet အဆံုး လိုက္ရွာေသာ္လည္း မာန္႔ကို ရွာမေတြ႕။ ထို႔ေၾကာင့္ ၀န္းထဲဆင္းကာ ပတ္ရွာၾကည့္ေတာ့မွ ေဆး႐ံု၀န္း၏ ေထာင့္တစ္ေနရာရိွ ခေရပင္ေအာက္က ခံုတန္းမွာ ထိုင္ကာ ေကာင္းကင္ကို ေငးၾကည့္ေနေသာ မာန္႔ကို ေတြ႕ရသည္။ သစ္ရြက္မ်ားၾကားမွ လေရာင္တစ္စြန္းတစ္စက မာန္႔အေပၚ ျဖာက်ေနသည္။ လေရာင္၏ အကူအညီ မီးတိုင္မ်ား၏ အကူအညီေၾကာင့္ မာန္႔အသားက လင္းေနသကဲ့သို႔ ျဖစ္ေနသည္။ ေလတစ္ခ်က္အေ၀ွ႔တြင္ ေႂကြက်လာေသာ သစ္ရြက္တစ္ခ်ဳိ႕က မာန္႔ကိုယ္ပၚ သက္ဆင္းၿပီးမွ ေျမခၾကရသည္။

အျဖဴကို ႏွစ္ၿခိဳက္လြန္းသူက ယခုတြင္လည္း ရွပ္အျဖဴ style pants အျဖဴေလးနဲ႔ အေမွာင္ထဲတြင္ အျဖဴေရာင္ နတ္သားေလးျဖစ္ေနသည္။ ပန္းႏုေရာင္ပါးျပင္ေဖြးေဖြးထက္ ေသြးေၾကာစိမ္းေလးမ်ား ယွက္ျဖာေနသည္ကို မီးအလင္း၏ အကူျဖင့္ ထင္ရွားစြာျမင္ေနရသည္။ ႏႈတ္ခမ္းဖူးဖူးေလးတစ္စံုကလည္း နီရဲေနကာ ပိုင္ရွင္အား ပို၍လွေသြးႂကြယ္ေစျပန္သည္။ ေကာင္းကင္ကိုေမာ့ၾကည့္ေနသည္ေၾကာင့္ လည္တိုင္ျဖဴျဖဴေက်ာ့ေက်ာ့ေလးကလည္း စြဲမက္ဖြယ္။မိုးျပာေရာင္မ်က္၀န္းမ်ားကလည္း လေရာင္ေအာက္တြင္ တလက္လက္။ ထိုအရာအားလံုးကို စကားတစ္ခြန္းျဖင့္ ဆိုရလွ်င္ လမင္း၏အလင္း ျဖာက်ျခင္းခံေနရေသာ ထိုလူသားသည္ အသက္႐ႈပင္ ရပ္သြားႏိုင္ေအာင္ လွပလြန္းေနသည္။ ျမင္သူတိုင္းကိုလည္း စြဲလန္းေစႏိုင္သည္။ ထိုလူမ်ားထဲတြင္ ခြန္းဆက္လည္း အပါအ၀င္ျဖစ္ေလသည္။

*********************************
#29.1.2024
#🍁Moe Kyal Phyu🍁
*****
ဒီအပိုင္းက နည္းနည္းေလးတိုသြားတယ္ရယ္😁အဲ့ဒါေၾကာင့္ ေနာက္တစ္ပိုင္းထပ္ up ေပးပါမယ္ေနာ္...🥰

Continue Reading

You'll Also Like

3M 118K 75
"ဘေးခြံကလာပြောတယ် ငလျှင်လှုပ်သွားလို့တဲ့.... မဟုတ်ရပါဘူးဗျာ...... ကျွန်တော် နှလုံးသားက သူ့နာမည်လေးကြွေကျတာပါ.... ကျွန်တော်ရင်ခုန်သံတွေက...
526K 33.4K 68
"Sshhhhh....." he hushed and pinned us against the wall leaving no space between us. I held onto his biceps with my hand in reflex. He shook his head...
5.5M 224K 67
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...
604K 23K 54
Sit there and take it like a good girl You dirty dirty girl , i was talking about the book🌚🌝