အပိုင်း (၁၁၈) ယန်စန်းဟွားနှင့်ဟွမ်ဟွာ၏သတင်း
"ဒီမျောက်လေးက တော်တော်ရုပ်ဆိုးလို့ ငါစားချင်စိတ်တောင်မရှိတော့ဘူး ဒီလိုလုပ် ညီလေးပိုင်လည်း ဒီမှာရောက်နေတာဆိုတော့ လမ်းကြုံသားပဲ ခေါ်သွားပြီး တောထဲပစ်ပေးပါလား ရုပ်ဆိုးတဲ့မျောက်လေးကို စားချင်တဲ့လူလည်း ရှိမှာမဟုတ်ဘူးလေ "
ချောင်ရန်၏ ဒီစကားအဆုံး၌ ချောင်ချင်းချင်းသည် ရုန်းကန်နေသေးသော်လည်း တစ်ခုခုကို သတိထားမိသွားကာ ခန်းမထဲရှိလူများကို အမြန်ကြည့်လိုက်တော့သည်။
သူမလေးက သူမရဲ့အနီးကပ်အစေခံလေးနဲ့ စျေးဝယ်ထွက်နေတုန်း အိမ်ပြန်လာသည့် ချောင်ရန်နှင့် လမ်းမှာ ထိပ်တိုက်တိုးခဲ့တာဖြစ်ပြီး ချောင်ရန်က ပိုင်လီတို့ရောက်နေ၍ ပြန်လာတာပေမယ့် သူမလေးကို ဒီအကြောင်းမပြောခဲ့ပါဘူး။
ဒါကြောင့် သူမလေးက ပိုင်လီကို ရည်ညွှန်းသံကြားတဲ့အခါမှ လူများကြား အမြန်ကြည့်လိုက်ပြီး တကယ်ကြီး ပိုင်လီတို့ဖြစ်နေသည့်အခါ အလွန်ပျော်ရွှင်သွားတော့လေသည်။
"ဦးဦးပိုင်! "
ထို့နောက်သူမက အသေးလေးတွေနှင့် ပိုင်မိန်ကိုလည်း မြင်သွားပြီး သူမအဖေပေါ်မှ ပြေးဆင်း၍ ပိုင်မိန်ထံပြေးသွားတော့ကာ...
"အားးး မမရော အသေးလေးတွေရောပါလာတာပဲ! ချင်းချင်းက မီးပုံးပွဲတော်မှ တွေ့ရမယ်ထင်နေတာ"
ပိုင်မိန်သည် မတွေ့သည့်လများအတွင်း အရပ်နည်းနည်းပိုထွက်လာသည့် ကလေးမလေး၏ပါးကို ဖျစ်ညှစ်လိုက်သည်။ သူမက...
"အစကတော့ မီးပုံးပွဲတော်မှ လာရမှာလေ ဒါပေမယ့်ဒုတိယအကိုက ဆိပ်ကမ်းမြို့ကို သွားစရာပေါ်လာလို့ ကပ်လိုက်လာလိုက်တာ"
ဘာပဲပြောပြော ဘာကြောင့်ပဲလာလာ ချောင်ချင်းချင်းက အလွန်ပျော်ရွှင်နေပါသည်။ သူမက ပိုင်မိန်ကိုဆွဲကာ ထစေ၍ ....
"အတော်ပဲ အတော်ပဲ သိလား မြို့ထဲမှာ ပြဇာက်ရုံတစ်ခုမှာလေ ပြဇာက်တစ်ခုကအရမ်းလူပြောနေများနေတာ အရမ်းကောင်းတာပဲတဲ့ ညီမလေးတို့ သွားကြည့်ရအောင် ရှောင်ဖူလေးနဲ့ရှောင်ဝူလေးရော လိုက်ခဲ့နော် နော်နော်"
အမွှေးအိတ်ပြဿနာသည် ချောင်ချင်းချင်း၏ ဆင်ခြေတစ်ခုသာပင်။ တကယ်တော့ သူမက အဲတာကို သွားကြည့်ချင်နေတာပါ။
ပိုင်မိန်နှင့် အသေးလေးများသည် ပြဇာက်များကိုတစ်ခါမှ မမြင်ခဲ့ဖူးကျပေ။ ဒါကြောင့် ပိုင်မိန်နှင့်ရှောင်ဖူက စပ်စုချင်နေကျပြီး သူတို့က ပိုင်လီကို တစ်ပြိုင်နက်တည်း ကြည့်လိုက်ကျပါတယ်။
အဲဒီအချိန်မှာ ချောင်ချင်းချင်းရဲ့အသံကြောင့် နိုးလာပြီဖြစ်တဲ့ ရှောင်ဝူလေးကလည်း မျက်လုံးလေးတွေကိုပွတ်သပ်ရင်းဖြင့်...
"ပြဇာက်က ဘာကြီးလဲ"
ချောင်ချင်းချင်းမှာ ဒီလိုမေးခွန်းမျိုးကို ဖြေချင်နေတာကြာပြီဖြစ်၍...
"အဲတာက အရမ်း...လှတာ အရမ်းလှတဲ့ အဝတ်စားတွေနဲ့ သီချင်းဆိုကျတာလေ အရမ်းကြည့်ကောင်းတာနော်!"
ကောင်းပြီ။ သူမလေးက ငါးနှစ်သမီးပဲရှိသေးတာကို ပြဇာက်နဲ့ပတ်သတ်ပြီး ဘယ်လိုမျိုးရှင်းပြလာဖို့ သူတို့မျှော်လင့်လို့ရမှာလဲ။
ရှောင်ဝူသည် ဒါမျိုးအား တစ်ခါမှ မကြည့်ဖူးလေရာ အရမ်းစိတ်ဝင်စားသွား၍ သူ့အဖေအား သနားဖို့ကောင်း ကြည့်လိုက်၏။
"အဖေ...သားတို့ ပြဇာက်သွားကြည့်လို့ ရမလားဟင်"
ပိုင်လီက အိပ်ချင်တောင်မပြေသေးဘဲ တခြားကိုစိတ်ရောက်နေတဲ့ သူ့သားငယ်လေးကို အလွန်ချစ်မြတ်နိုးစွာကြည့်လိုက်လေသည်။ သူ့ရဲ့ညီမလေးနဲ့ သူ့သားကြီးကလည်း သွားကြည့်ချင်နေတာကို သူမြင်နိုင်ပြီး သူက ဒါကိုငြင်းဆန်ဖို့ ဘယ်လိုများ အသည်းမာနိုင်မှာတဲ့လဲလေ။
ထပ်ပြီး သူ့ဇနီးလေးကလည်း ပြဇာက်တွေ မကြည့်ဖူးလောက်၍ သူက...
"ရှောင်ဟန် ကလေးတွေက အရမ်းစိတ်ဝင်စားနေတာ ကိုယ်က လက်သမားငှားဖို့လည်း ရှိသေးတော့ မင်းပဲ ကလေးတွေနဲ့ သွားကြည့်လိုက်ပါလား"
အမှန်တိုင်းဝန်ခံရလျှင် ရှောင်ဟန်ကလည်း ပြဇာက်ဆိုတာကို တစ်ခါလောက် ကြည့်ဖူးချင်မိသည်ပင်။ ဒါပေမယ့် အဲတာက ဆိပ်ကမ်းမြို့လိုနေရာမှာ ကလေးတွေကို သူတစ်ယောက်ထဲ ဦးဆောင်ပြီး သွားကြည့်ရဲမယ်လို့ ဆိုလိုတာမဟုတ်ဘူးလေ။ သူ့ခင်ပွန်းမပါရင် သူက မြို့ထဲကိုတောင် ဘယ်လိုလုပ်သွားရဲမှာလဲ။
ဒါကြောင့် ရှောင်ဟန်၏ မျက်နှာမှာ ချက်ခြင်းခက်ခဲမှုများနှင့် ပြည့်နှက်သွားလေတော့သည်။
"အဲ အဲတာက ဖြစ်ပါ့မလား ကျွန်တော်.."
ပိုင်လီကလည်း ရှောင်ဟန်က ဘာကိုကြောက်နေမှန်းသိသည်ပင်။ ဒါပေမယ့် သူက ရှောင်ဟန်ကို ဒီလိုမျိုး မလုပ်ရဲ၊မကိုင်ရဲ ဖြစ်နေတာကို မလိုချင်တာကြောင့်...
"ဘာမှမဖြစ်ပါဘူးကွာ ကိုယ်ပြဇာက်ရုံရှေ့ထိ လိုက်ပို့ပေးမယ်လေ ပြီးရင်လည်း လာကြိုပေးမယ် မကောင်းဘူးလား"
ထိုသို့ကြားပြီးတာတောင် ရှောင်ဟန်ကတော့ စိုးရိမ်နေတုန်းပါပင်။ သူက ဒါကိုလက်ခံဖို့ ခဲယဥ်းနေပြီး ဒီအခြေနေကိုမြင်တဲ့ ဟုန်ရင်းက မနေနိုင်တော့တဲ့အတွက် သူမက ပြဿနာရှာတဲ့ သူမသမီးကို မျက်စောင်းတစ်ချက်ထိုးလိုက်၍ ဝင်ပြောလိုက်တော့သည်။
"ရှောင်ဟန်က စိုးရိမ်နေရင် ငါရောလိုက်ခဲ့လိုက်မယ်လေ ငါလည်း ပြဇာက်တွေမကြည့်တာကြာပြီ ချင်းချင်းပြောသလိုဆို ဒါကအသစ်ဖြစ်မယ် ကလေးတွေကလည်း သွားချင်နေတာဆိုတော့ အတူတူပဲသွားကြည့်ကျတာပေါ့"
ဟုန်ရင်းပါ လိုက်မည်ဆိုတော့မှ ရှောင်ဟန်ကအနည်းငယ်စိတ်သက်သွားပြီး လက်ခံလိုက်၍ ကလေးတွေက အလွန်ပျော်ရွှင်သွားကျ၏။ နောက်တော့ ပြဇာက်စမည့်အချိန်က နီးနေ၍ ဟုန်ရင်းက အကုန်လုံးကို ဆွဲခေါ်သွားတော့ကာ ချောင်လုပိုင်ပင် ယောင်တောင်တောင်နှင့် ပါသွားသဖြင့် ပိုင်လီနဲ့ချောင်ရန်တို့သာ ကျန်ရှိခဲ့တော့သည်။
ချောင်ရန်က သူတို့ပဲကျန်ခဲ့မှ စကားစပြောလာခဲ့ပါတယ်။
"မင်းလာတာအတော်ပဲ မင်းမလာရင်တောင် ငါဒီရက်ပိုင်းမှာ ချင်းချင်းမသိအောင် မင်းဆီခဏလာမလို့တွေးနေတာ"
ဒါကိုကြားတော့ ပိုင်လီက ယန်စန်းဟွားနဲ့ဟွမ်ဟွာရဲ့သတင်းဖြစ်လောက်မှန်း ရိပ်မိလိုက်သော်လည်း မေးလိုက်စဲပင်။
"ဘာဖြစ်လို့လဲ ဘာလဲ အကိုကြီးချောင် တောကောင်သားလိုချင်ပြန်ပြီလား "
ချောင်ရန်သည် ဒီစကားအတွက် ရယ်လိုက်သော်လည်း မငြင်းခဲ့ပေ။
"ဒါလည်း သေချာပေါက်ပါတာပေါ့ ဒါပေမယ့် ငါမင်းကို သတင်းပေးချင်တာလေးတွေရှိလို့ပါ ဟွမ်ဟွာရဲ့ကိစ္စလေ"
ဆိုတော့ ပိုင်လီထင်ထားသည့် အတိုင်းပါပင်။ ပိုင်လီက ခေါင်းငြိမ့်ပြီး နားထောင်နေတာတွေ့တော့ ချောင်ရန်ကဆက်ပြောခဲ့၏။
"မင်းသိတဲ့အတိုင်း ဒီနဲ့ မြို့တော်က နည်းနည်းဝေးတော့ စီရင်ချက်က သိပ်မကြာခင်ကမှ ပြန်ရောက်လာတာ ဧကရာဇ်က အရမ်းဒေါသထွက်သွားတာဆိုပဲ သူက အများရှေ့မှာတင် ဟွမ်ဟွာရဲ့နောက်ကွယ်ကလူတွေကို ကြိမ်းမောင်းခဲ့တယ်တဲ့ ဒီကိစ္စက ဟွမ်ဟွာအတွက် ဧကရာဇ်ဆီကပြင်းပြင်းထန်ထန် သတိပေးချင်းခံလိုက်ရတယ်ဆိုပေမယ့် အဲဒီနောက်ကွယ်က လူတွေကလည်း မသေးတော့ ဒီလောက်နဲ့ပဲပြီးသွားတာပဲ ဒါပေမယ့် ယန်စန်းဟွားနဲ့ မင်းကိုတိုက်ခိုက်ခဲ့တဲ့လူတွေကတော့ သေဒဏ်ပေးခံလိုက်ရပြီး ပြီးတော့ ဆိပ်ကမ်းမြို့မှာဟွမ်ဟွာကလည်း အပိတ်ခံလိုက်ရတယ်"
ဟွမ်ဟွာသည် နောင်ဘယ်တော့မှ ဆိပ်ကမ်းမြို့မှာ အခွဲတစ်ခု လာဖွင့်နိုင်တော့မည်မဟုတ်ပေ။
ချောင်ရန်က ထပ်ပြောလာသေးပြီး...
"အပေါ်ယံမှာတော့ ဟွမ်ဟွာက ဘာမှမဖြစ်သွားသလိုပေမယ့် တကယ်တော့မဟုတ်ဘူး ဟွမ်ဟွာအနေနဲ့နောက်ထပ်အမှားလုပ်မိရင် လုံးဝပိတ်သိမ်းခံရမယ်ဆိုတဲ့ဥပမာကို ဧကရာဇ်ကပြပေးလိုက်တာ ဆိပ်ကမ်းမြို့လိုနေရာကို ဆုံးရှုံးလိုက်ရတာက ဟွမ်ဟွာအတွက် နည်းတဲ့နစ်နာမှုတော့ မဟုတ်ဘူးလေ"
ထိုစကားများကို အစဆုံးနားထောက်ပြီးနောက် ပိုင်လီသည် အနည်းငယ်စဥ်းစားကြည့်နေခဲ့သည်။ အဲဒီနောက်သူက သူ့စိတ်ထဲရှိတာကို ထုတ်မေးလိုက်၏။
"အဲဒီအတွက် ကျွန်တော့်မှာ ပြဿနာရှိလာနိုင်မယ်လို့ အကိုကြီးချောင်ထင်လား"
ချောင်ရန်မှာ လက်ဖက်ရည်ငှဲ့နေရင်းက ဒါကိုကြားတော့ ခေါင်းရမ်းလိုက်ပြီး...
"မထင်ဘူး"
ထို့နောက် သူကဆက်ပြောခဲ့သည်။
"ဟွမ်ဟွာကမတုံးဘူး ဧကရာဇ်က ဒီကိစ္စကိုအရမ်းဒေါသထွက်နေပြီး သူတို့အမှားတစ်ခုခုလုပ်မိတာနဲ့ ဧကရာဇ်ရဲ့ဒေါသကို ပေါက်ကွဲစေမိမှာကို သိတယ်လေ သူတို့က မင်းကို အရမ်းမကျေမနပ်ဖြစ်နေမှာအမှန်ပေမယ့် ဆုံးရှုံးသွားတာက သူတို့ရဲ့အခွဲလေးတစ်ခုပဲကို ဒီနယ်ရဲ့တရားသူကြီးကလည်း လာဘ်မစားတတ်တဲ့သူဆိုတော့ သူတို့က မင်းကိုလက်စားချေရဖို့အတွက်နဲ့ ကျန်တာတွေကို ရင်းနှီးပြစ်နိုင်မှာမှမဟုတ်တာ ဒီတော့ အကျိုးဆက်ကိုတွေးပြီး လယ်သမားလေးတစ်ယောက်ရဲ့ အသက်ကို လွှတ်ပေးလိုက်ဖို့ ဆုံးဖြတ်လိုက်မှာ သေချာတယ်"
ဒါသည် ပိုင်လီမူလက တွေးထားတာနှင့်အတူတူပင်။ သူက အခြေနေတွေကို အမျိုးမျိုးတွေးပြီး တွက်ဆထားခဲ့တာပင်။ အဲဒီမှာ ချောင်ရန်ပြောသလိုပဲ လယ်သမားလေးတစ်ယောက်ရဲ့ အသက်ကို ရယူဖို့အတွက်နဲ့ အခက်မသင့်ရင် ဟွမ်ဟွာပြိုလဲသွားနိုင်မယ့် အခြေနေကို သူတို့က လုပ်ဝံ့မှာမဟုတ်ဘူးလေ။
ဧကရာဇ်တစ်ပါး အမျက်တော်ရှရင် ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်သလဲ။ ခေါင်းမြေလိမ့်ရမယ့်အပြင် ဆွေမျိုးတွေပါ အကုန်ဒုက္ခရောက်သွားနိုင်တာမျိုးလေ။
အထူးသဖြင့် သာမာန်ပြည်သူတွေအပေါ် ကောင်းမွန်တဲ့စိတ်ရှိတဲ့ လက်ရှိဧကရာဇ်လိုမျိုး။ ပိုင်လီ ဒါကိုလုပ်ရဲခဲ့တာက လက်ရှိဧကရာဇ်က အလွန်ကောင်းမွန်တယ်ဆိုတဲ့အချက်ကိုရော ထည့်စဥ်းစားထားခဲ့လို့လေ။
ပိုင်လီသည် အစထဲက ဒီလိုမျိုးစဥ်းစားထားခဲ့သော်လည်း ချောင်ရန်ဆီက စကားများကြောင့် ပိုစိတ်အေးသွားခဲ့သည်။ သူ့က သူ့အတွက်သူ စိတ်ပူတာမဟုတ်ဘဲ သူ့မိသားစုအတွက်စိတ်ပူတာပါ။
"ဒါဆို တော်သေးတာပေါ့ "
ချောင်ရန်က ပိုင်လီဆီက ထိုစကားကြားတော့ သူ့ရှေ့မှလူငယ်အား စေ့စေ့ကြည့်လိုက်မိကာ စိတ်ထဲမှာပြောနေမိခဲ့သည်။
မင်းက တော်သေးတာပေါ့လို့ ပြောနေပေမယ့် မင်းမျက်နှာမှာ စိတ်ပူတဲ့အရိပ်ယောင်ကို ငါဘာလို့မတွေ့ရတာလဲ။
ချောင်ရန်သည် တစ်ခါတစ်ခါကျ ပိုင်လီကအေးဆေးတတ်လွန်းသည်ဟု ခံစားမိခဲ့သည်။
ဒါပေမယ့် ပူပန်ပြီး သောကရောက်နေမှာထက် စာရင်တော့ ဒါက မကောင်းတာမဟုတ်ပါဘူးလေ။
ချောင်ရန်က ထိုသို့တွေးပြီး ဖြေသိမ့်ခဲ့လိုက်ကာ စကားအကြောင်းရာကို ပြောင်းလိုက်ပြီး...
"ဆိုတော့မှ စံပါယ်ပင်ကိစ္စကို ငါပြောထားတယ် အဲဒီငွေမက်တဲ့ လူအိုစုံတွဲက စံပါယ်ပင်အကြောင်း ဖုံးကွယ်ထားဖို့ကို သိပ်လက်ခံချင်တာတော့မဟုတ်ဘူး ဒါပေမယ့် ငါက အခွင့်ရေးကောင်းတစ်ခုနဲ့လဲလှယ်ပေးမယ်လို့ ပြောထားလို့သာ ကြည့်ဦးမယ်လို့ပြောလာကျတာ "
ပြောပြီးနောက် ချောင်ရန်သည် စိတ်တိုလာပုံနှင့်...
"ဘယ်လောက်တောင် ဆိုးလိုက်တဲ့လူတွေလဲကွာ ငါသူတို့နဲ့ ဆယ်နှစ်လောက်ထိ မိတ်ဆွေဖြစ်ခဲ့တာတောင် ငါ့မျက်နှာကို ထောက်မပေးဘူး"
ပိုင်လီက ဒါကိုကြားတော့ ရယ်မောလိုက်မိသည်ပင်။ ကုန်သည်တွေရဲ့ကောင်းတဲ့အချက်က ငွေပေါတာဖြစ်ပြီး ကုန်သည်တွေရဲ့ မကောင်းတဲ့အချက်ကလည်း ငွေမက်လွန်းတာပင်ဖြစ်၍ သူကတော့နားလည်နိုင်သည်ပင်။
ဒါကြောင့်ပဲ ပိုင်လီက...
"သူတို့ပြန်ရောက်နေပြီလား ဒါဆိုအတော်ပဲပေါ့ ဒီနေ့ကျွန်တော်က ဝိုင်တချို့ယူလာတာ သုံးလုံးက အကိုကြီးတို့အတွက် တစ်လုံးက သူတို့ပြန်လာရင် ကြည့်ဖို့ပေးခိုင်းမလို့ကို ပြန်ရောက်နေပြီဆိုမှတော့ တစ်ခါတည်း ညှိနိူင်းသွားလိုက်တာကပဲ ပိုကောင်းပါတယ်"
.................................................
(AN/ Hello! ဒီနေ့မှာတော့ 118 ထိရောက်လာပြီမလို့ စျေးလျော့လိုက်ပါပြီ။ 118 ကနေ အပြီးထိ 6500ပါရှင်။ အပိုင်း 200ထိရှိပါတယ်။
fb gpနဲ့ tele gpနှစ်ခုရှိတာကြောင့် gp ဝင်ချင်တဲ့ သူတွေက fb မှာဆို "ဒီအမျိုးသမီးမှာ ဒေါသတွေမရှိတော့ပါ" ဆိုတဲ့အကောင့်ကိုလာနိုင်ပြီး tele မှာဆိုရင် username @PS12001100 ကိုလာရှာနိုင်ပါတယ်ရှင်။ 😚)
###
အပိုင္း (၁၁၈) ယန္စန္းဟြားႏွင့္ဟြမ္ဟြာ၏သတင္း
"ဒီေမ်ာက္ေလးက ေတာ္ေတာ္႐ုပ္ဆိုးလို႔ ငါစားခ်င္စိတ္ေတာင္မရွိေတာ့ဘူး ဒီလိုလုပ္ ညီေလးပိုင္လည္း ဒီမွာေရာက္ေနတာဆိုေတာ့ လမ္းႀကဳံသားပဲ ေခၚသြားၿပီး ေတာထဲပစ္ေပးပါလား ႐ုပ္ဆိုးတဲ့ေမ်ာက္ေလးကို စားခ်င္တဲ့လူလည္း ရွိမွာမဟုတ္ဘူးေလ "
ေခ်ာင္ရန္၏ ဒီစကားအဆုံး၌ ေခ်ာင္ခ်င္းခ်င္းသည္ ႐ုန္းကန္ေနေသးေသာ္လည္း တစ္ခုခုကို သတိထားမိသြားကာ ခန္းမထဲရွိလူမ်ားကို အျမန္ၾကည့္လိုက္ေတာ့သည္။
သူမေလးက သူမရဲ႕အနီးကပ္အေစခံေလးနဲ႕ ေစ်းဝယ္ထြက္ေနတုန္း အိမ္ျပန္လာသည့္ ေခ်ာင္ရန္ႏွင့္ လမ္းမွာ ထိပ္တိုက္တိုးခဲ့တာျဖစ္ၿပီး ေခ်ာင္ရန္က ပိုင္လီတို႔ေရာက္ေန၍ ျပန္လာတာေပမယ့္ သူမေလးကို ဒီအေၾကာင္းမေျပာခဲ့ပါဘူး။
ဒါေၾကာင့္ သူမေလးက ပိုင္လီကို ရည္ၫႊန္းသံၾကားတဲ့အခါမွ လူမ်ားၾကား အျမန္ၾကည့္လိုက္ၿပီး တကယ္ႀကီး ပိုင္လီတို႔ျဖစ္ေနသည့္အခါ အလြန္ေပ်ာ္႐ႊင္သြားေတာ့ေလသည္။
"ဦးဦးပိုင္! "
ထို႔ေနာက္သူမက အေသးေလးေတြႏွင့္ ပိုင္မိန္ကိုလည္း ျမင္သြားၿပီး သူမအေဖေပၚမွ ေျပးဆင္း၍ ပိုင္မိန္ထံေျပးသြားေတာ့ကာ...
"အားးး မမေရာ အေသးေလးေတြေရာပါလာတာပဲ! ခ်င္းခ်င္းက မီးပုံးပြဲေတာ္မွ ေတြ႕ရမယ္ထင္ေနတာ"
ပိုင္မိန္သည္ မေတြ႕သည့္လမ်ားအတြင္း အရပ္နည္းနည္းပိုထြက္လာသည့္ ကေလးမေလး၏ပါးကို ဖ်စ္ညွစ္လိုက္သည္။ သူမက...
"အစကေတာ့ မီးပုံးပြဲေတာ္မွ လာရမွာေလ ဒါေပမယ့္ဒုတိယအကိုက ဆိပ္ကမ္းၿမိဳ႕ကို သြားစရာေပၚလာလို႔ ကပ္လိုက္လာလိုက္တာ"
ဘာပဲေျပာေျပာ ဘာေၾကာင့္ပဲလာလာ ေခ်ာင္ခ်င္းခ်င္းက အလြန္ေပ်ာ္႐ႊင္ေနပါသည္။ သူမက ပိုင္မိန္ကိုဆြဲကာ ထေစ၍ ....
"အေတာ္ပဲ အေတာ္ပဲ သိလား ၿမိဳ႕ထဲမွာ ျပဇာက္႐ုံတစ္ခုမွာေလ ျပဇာက္တစ္ခုကအရမ္းလူေျပာေနမ်ားေနတာ အရမ္းေကာင္းတာပဲတဲ့ ညီမေလးတို႔ သြားၾကည့္ရေအာင္ ေရွာင္ဖူေလးနဲ႕ေရွာင္ဝူေလးေရာ လိုက္ခဲ့ေနာ္ ေနာ္ေနာ္"
အေမႊးအိတ္ျပႆနာသည္ ေခ်ာင္ခ်င္းခ်င္း၏ ဆင္ေျခတစ္ခုသာပင္။ တကယ္ေတာ့ သူမက အဲတာကို သြားၾကည့္ခ်င္ေနတာပါ။
ပိုင္မိန္ႏွင့္ အေသးေလးမ်ားသည္ ျပဇာက္မ်ားကိုတစ္ခါမွ မျမင္ခဲ့ဖူးက်ေပ။ ဒါေၾကာင့္ ပိုင္မိန္ႏွင့္ေရွာင္ဖူက စပ္စုခ်င္ေနက်ၿပီး သူတို႔က ပိုင္လီကို တစ္ၿပိဳင္နက္တည္း ၾကည့္လိုက္က်ပါတယ္။
အဲဒီအခ်ိန္မွာ ေခ်ာင္ခ်င္းခ်င္းရဲ႕အသံေၾကာင့္ နိုးလာၿပီျဖစ္တဲ့ ေရွာင္ဝူေလးကလည္း မ်က္လုံးေလးေတြကိုပြတ္သပ္ရင္းျဖင့္...
"ျပဇာက္က ဘာႀကီးလဲ"
ေခ်ာင္ခ်င္းခ်င္းမွာ ဒီလိုေမးခြန္းမ်ိဳးကို ေျဖခ်င္ေနတာၾကာၿပီျဖစ္၍...
"အဲတာက အရမ္း...လွတာ အရမ္းလွတဲ့ အဝတ္စားေတြနဲ႕ သီခ်င္းဆိုက်တာေလ အရမ္းၾကည့္ေကာင္းတာေနာ္!"
ေကာင္းၿပီ။ သူမေလးက ငါးႏွစ္သမီးပဲရွိေသးတာကို ျပဇာက္နဲ႕ပတ္သတ္ၿပီး ဘယ္လိုမ်ိဳးရွင္းျပလာဖို႔ သူတို႔ေမွ်ာ္လင့္လို႔ရမွာလဲ။
ေရွာင္ဝူသည္ ဒါမ်ိဳးအား တစ္ခါမွ မၾကည့္ဖူးေလရာ အရမ္းစိတ္ဝင္စားသြား၍ သူ႕အေဖအား သနားဖို႔ေကာင္း ၾကည့္လိုက္၏။
"အေဖ...သားတို႔ ျပဇာက္သြားၾကည့္လို႔ ရမလားဟင္"
ပိုင္လီက အိပ္ခ်င္ေတာင္မေျပေသးဘဲ တျခားကိုစိတ္ေရာက္ေနတဲ့ သူ႕သားငယ္ေလးကို အလြန္ခ်စ္ျမတ္နိုးစြာၾကည့္လိုက္ေလသည္။ သူ႕ရဲ႕ညီမေလးနဲ႕ သူ႕သားႀကီးကလည္း သြားၾကည့္ခ်င္ေနတာကို သူျမင္နိုင္ၿပီး သူက ဒါကိုျငင္းဆန္ဖို႔ ဘယ္လိုမ်ား အသည္းမာနိုင္မွာတဲ့လဲေလ။
ထပ္ၿပီး သူ႕ဇနီးေလးကလည္း ျပဇာက္ေတြ မၾကည့္ဖူးေလာက္၍ သူက...
"ေရွာင္ဟန္ ကေလးေတြက အရမ္းစိတ္ဝင္စားေနတာ ကိုယ္က လက္သမားငွားဖို႔လည္း ရွိေသးေတာ့ မင္းပဲ ကေလးေတြနဲ႕ သြားၾကည့္လိုက္ပါလား"
အမွန္တိုင္းဝန္ခံရလွ်င္ ေရွာင္ဟန္ကလည္း ျပဇာက္ဆိုတာကို တစ္ခါေလာက္ ၾကည့္ဖူးခ်င္မိသည္ပင္။ ဒါေပမယ့္ အဲတာက ဆိပ္ကမ္းၿမိဳ႕လိုေနရာမွာ ကေလးေတြကို သူတစ္ေယာက္ထဲ ဦးေဆာင္ၿပီး သြားၾကည့္ရဲမယ္လို႔ ဆိုလိုတာမဟုတ္ဘူးေလ။ သူ႕ခင္ပြန္းမပါရင္ သူက ၿမိဳ႕ထဲကိုေတာင္ ဘယ္လိုလုပ္သြားရဲမွာလဲ။
ဒါေၾကာင့္ ေရွာင္ဟန္၏ မ်က္ႏွာမွာ ခ်က္ျခင္းခက္ခဲမႈမ်ားႏွင့္ ျပည့္ႏွက္သြားေလေတာ့သည္။
"အဲ အဲတာက ျဖစ္ပါ့မလား ကြၽန္ေတာ္.."
ပိုင္လီကလည္း ေရွာင္ဟန္က ဘာကိုေၾကာက္ေနမွန္းသိသည္ပင္။ ဒါေပမယ့္ သူက ေရွာင္ဟန္ကို ဒီလိုမ်ိဳး မလုပ္ရဲ၊မကိုင္ရဲ ျဖစ္ေနတာကို မလိုခ်င္တာေၾကာင့္...
"ဘာမွမျဖစ္ပါဘူးကြာ ကိုယ္ျပဇာက္႐ုံေရွ႕ထိ လိုက္ပို႔ေပးမယ္ေလ ၿပီးရင္လည္း လာႀကိဳေပးမယ္ မေကာင္းဘူးလား"
ထိုသို႔ၾကားၿပီးတာေတာင္ ေရွာင္ဟန္ကေတာ့ စိုးရိမ္ေနတုန္းပါပင္။ သူက ဒါကိုလက္ခံဖို႔ ခဲယဥ္းေနၿပီး ဒီအေျခေနကိုျမင္တဲ့ ဟုန္ရင္းက မေနနိုင္ေတာ့တဲ့အတြက္ သူမက ျပႆနာရွာတဲ့ သူမသမီးကို မ်က္ေစာင္းတစ္ခ်က္ထိုးလိုက္၍ ဝင္ေျပာလိုက္ေတာ့သည္။
"ေရွာင္ဟန္က စိုးရိမ္ေနရင္ ငါေရာလိုက္ခဲ့လိုက္မယ္ေလ ငါလည္း ျပဇာက္ေတြမၾကည့္တာၾကာၿပီ ခ်င္းခ်င္းေျပာသလိုဆို ဒါကအသစ္ျဖစ္မယ္ ကေလးေတြကလည္း သြားခ်င္ေနတာဆိုေတာ့ အတူတူပဲသြားၾကည့္က်တာေပါ့"
ဟုန္ရင္းပါ လိုက္မည္ဆိုေတာ့မွ ေရွာင္ဟန္ကအနည္းငယ္စိတ္သက္သြားၿပီး လက္ခံလိုက္၍ ကေလးေတြက အလြန္ေပ်ာ္႐ႊင္သြားက်၏။ ေနာက္ေတာ့ ျပဇာက္စမည့္အခ်ိန္က နီးေန၍ ဟုန္ရင္းက အကုန္လုံးကို ဆြဲေခၚသြားေတာ့ကာ ေခ်ာင္လုပိုင္ပင္ ေယာင္ေတာင္ေတာင္ႏွင့္ ပါသြားသျဖင့္ ပိုင္လီနဲ႕ေခ်ာင္ရန္တို႔သာ က်န္ရွိခဲ့ေတာ့သည္။
ေခ်ာင္ရန္က သူတို႔ပဲက်န္ခဲ့မွ စကားစေျပာလာခဲ့ပါတယ္။
"မင္းလာတာအေတာ္ပဲ မင္းမလာရင္ေတာင္ ငါဒီရက္ပိုင္းမွာ ခ်င္းခ်င္းမသိေအာင္ မင္းဆီခဏလာမလို႔ေတြးေနတာ"
ဒါကိုၾကားေတာ့ ပိုင္လီက ယန္စန္းဟြားနဲ႕ဟြမ္ဟြာရဲ႕သတင္းျဖစ္ေလာက္မွန္း ရိပ္မိလိုက္ေသာ္လည္း ေမးလိုက္စဲပင္။
"ဘာျဖစ္လို႔လဲ ဘာလဲ အကိုႀကီးေခ်ာင္ ေတာေကာင္သားလိုခ်င္ျပန္ၿပီလား "
ေခ်ာင္ရန္သည္ ဒီစကားအတြက္ ရယ္လိုက္ေသာ္လည္း မျငင္းခဲ့ေပ။
"ဒါလည္း ေသခ်ာေပါက္ပါတာေပါ့ ဒါေပမယ့္ ငါမင္းကို သတင္းေပးခ်င္တာေလးေတြရွိလို႔ပါ ဟြမ္ဟြာရဲ႕ကိစၥေလ"
ဆိုေတာ့ ပိုင္လီထင္ထားသည့္ အတိုင္းပါပင္။ ပိုင္လီက ေခါင္းၿငိမ့္ၿပီး နားေထာင္ေနတာေတြ႕ေတာ့ ေခ်ာင္ရန္ကဆက္ေျပာခဲ့၏။
"မင္းသိတဲ့အတိုင္း ဒီနဲ႕ ၿမိဳ႕ေတာ္က နည္းနည္းေဝးေတာ့ စီရင္ခ်က္က သိပ္မၾကာခင္ကမွ ျပန္ေရာက္လာတာ ဧကရာဇ္က အရမ္းေဒါသထြက္သြားတာဆိုပဲ သူက အမ်ားေရွ႕မွာတင္ ဟြမ္ဟြာရဲ႕ေနာက္ကြယ္ကလူေတြကို ႀကိမ္းေမာင္းခဲ့တယ္တဲ့ ဒီကိစၥက ဟြမ္ဟြာအတြက္ ဧကရာဇ္ဆီကျပင္းျပင္းထန္ထန္ သတိေပးခ်င္းခံလိုက္ရတယ္ဆိုေပမယ့္ အဲဒီေနာက္ကြယ္က လူေတြကလည္း မေသးေတာ့ ဒီေလာက္နဲ႕ပဲၿပီးသြားတာပဲ ဒါေပမယ့္ ယန္စန္းဟြားနဲ႕ မင္းကိုတိုက္ခိုက္ခဲ့တဲ့လူေတြကေတာ့ ေသဒဏ္ေပးခံလိုက္ရၿပီး ၿပီးေတာ့ ဆိပ္ကမ္းၿမိဳ႕မွာဟြမ္ဟြာကလည္း အပိတ္ခံလိုက္ရတယ္"
ဟြမ္ဟြာသည္ ေနာင္ဘယ္ေတာ့မွ ဆိပ္ကမ္းၿမိဳ႕မွာ အခြဲတစ္ခု လာဖြင့္နိုင္ေတာ့မည္မဟုတ္ေပ။
ေခ်ာင္ရန္က ထပ္ေျပာလာေသးၿပီး...
"အေပၚယံမွာေတာ့ ဟြမ္ဟြာက ဘာမွမျဖစ္သြားသလိုေပမယ့္ တကယ္ေတာ့မဟုတ္ဘူး ဟြမ္ဟြာအေနနဲ႕ေနာက္ထပ္အမွားလုပ္မိရင္ လုံးဝပိတ္သိမ္းခံရမယ္ဆိုတဲ့ဥပမာကို ဧကရာဇ္ကျပေပးလိုက္တာ ဆိပ္ကမ္းၿမိဳ႕လိုေနရာကို ဆုံးရႈံးလိုက္ရတာက ဟြမ္ဟြာအတြက္ နည္းတဲ့နစ္နာမႈေတာ့ မဟုတ္ဘူးေလ"
ထိုစကားမ်ားကို အစဆုံးနားေထာက္ၿပီးေနာက္ ပိုင္လီသည္ အနည္းငယ္စဥ္းစားၾကည့္ေနခဲ့သည္။ အဲဒီေနာက္သူက သူ႕စိတ္ထဲရွိတာကို ထုတ္ေမးလိုက္၏။
"အဲဒီအတြက္ ကြၽန္ေတာ့္မွာ ျပႆနာရွိလာနိုင္မယ္လို႔ အကိုႀကီးေခ်ာင္ထင္လား"
ေခ်ာင္ရန္မွာ လက္ဖက္ရည္ငွဲ႕ေနရင္းက ဒါကိုၾကားေတာ့ ေခါင္းရမ္းလိုက္ၿပီး...
"မထင္ဘူး"
ထို႔ေနာက္ သူကဆက္ေျပာခဲ့သည္။
"ဟြမ္ဟြာကမတုံးဘူး ဧကရာဇ္က ဒီကိစၥကိုအရမ္းေဒါသထြက္ေနၿပီး သူတို႔အမွားတစ္ခုခုလုပ္မိတာနဲ႕ ဧကရာဇ္ရဲ႕ေဒါသကို ေပါက္ကြဲေစမိမွာကို သိတယ္ေလ သူတို႔က မင္းကို အရမ္းမေက်မနပ္ျဖစ္ေနမွာအမွန္ေပမယ့္ ဆုံးရႈံးသြားတာက သူတို႔ရဲ႕အခြဲေလးတစ္ခုပဲကို ဒီနယ္ရဲ႕တရားသူႀကီးကလည္း လာဘ္မစားတတ္တဲ့သူဆိုေတာ့ သူတို႔က မင္းကိုလက္စားေခ်ရဖို႔အတြက္နဲ႕ က်န္တာေတြကို ရင္းႏွီးျပစ္နိုင္မွာမွမဟုတ္တာ ဒီေတာ့ အက်ိဳးဆက္ကိုေတြးၿပီး လယ္သမားေလးတစ္ေယာက္ရဲ႕ အသက္ကို လႊတ္ေပးလိုက္ဖို႔ ဆုံးျဖတ္လိုက္မွာ ေသခ်ာတယ္"
ဒါသည္ ပိုင္လီမူလက ေတြးထားတာႏွင့္အတူတူပင္။ သူက အေျခေနေတြကို အမ်ိဳးမ်ိဳးေတြးၿပီး တြက္ဆထားခဲ့တာပင္။ အဲဒီမွာ ေခ်ာင္ရန္ေျပာသလိုပဲ လယ္သမားေလးတစ္ေယာက္ရဲ႕ အသက္ကို ရယူဖို႔အတြက္နဲ႕ အခက္မသင့္ရင္ ဟြမ္ဟြာၿပိဳလဲသြားနိုင္မယ့္ အေျခေနကို သူတို႔က လုပ္ဝံ့မွာမဟုတ္ဘူးေလ။
ဧကရာဇ္တစ္ပါး အမ်က္ေတာ္ရွရင္ ဘယ္ေလာက္ေတာင္ ေၾကာက္စရာေကာင္းလိုက္သလဲ။ ေခါင္းေျမလိမ့္ရမယ့္အျပင္ ေဆြမ်ိဳးေတြပါ အကုန္ဒုကၡေရာက္သြားနိုင္တာမ်ိဳးေလ။
အထူးသျဖင့္ သာမာန္ျပည္သူေတြအေပၚ ေကာင္းမြန္တဲ့စိတ္ရွိတဲ့ လက္ရွိဧကရာဇ္လိုမ်ိဳး။ ပိုင္လီ ဒါကိုလုပ္ရဲခဲ့တာက လက္ရွိဧကရာဇ္က အလြန္ေကာင္းမြန္တယ္ဆိုတဲ့အခ်က္ကိုေရာ ထည့္စဥ္းစားထားခဲ့လို႔ေလ။
ပိုင္လီသည္ အစထဲက ဒီလိုမ်ိဳးစဥ္းစားထားခဲ့ေသာ္လည္း ေခ်ာင္ရန္ဆီက စကားမ်ားေၾကာင့္ ပိုစိတ္ေအးသြားခဲ့သည္။ သူ႕က သူ႕အတြက္သူ စိတ္ပူတာမဟုတ္ဘဲ သူ႕မိသားစုအတြက္စိတ္ပူတာပါ။
"ဒါဆို ေတာ္ေသးတာေပါ့ "
ေခ်ာင္ရန္က ပိုင္လီဆီက ထိုစကားၾကားေတာ့ သူ႕ေရွ႕မွလူငယ္အား ေစ့ေစ့ၾကည့္လိုက္မိကာ စိတ္ထဲမွာေျပာေနမိခဲ့သည္။
မင္းက ေတာ္ေသးတာေပါ့လို႔ ေျပာေနေပမယ့္ မင္းမ်က္ႏွာမွာ စိတ္ပူတဲ့အရိပ္ေယာင္ကို ငါဘာလို႔မေတြ႕ရတာလဲ။
ေခ်ာင္ရန္သည္ တစ္ခါတစ္ခါက် ပိုင္လီကေအးေဆးတတ္လြန္းသည္ဟု ခံစားမိခဲ့သည္။
ဒါေပမယ့္ ပူပန္ၿပီး ေသာကေရာက္ေနမွာထက္ စာရင္ေတာ့ ဒါက မေကာင္းတာမဟုတ္ပါဘူးေလ။
ေခ်ာင္ရန္က ထိုသို႔ေတြးၿပီး ေျဖသိမ့္ခဲ့လိုက္ကာ စကားအေၾကာင္းရာကို ေျပာင္းလိုက္ၿပီး...
"ဆိုေတာ့မွ စံပါယ္ပင္ကိစၥကို ငါေျပာထားတယ္ အဲဒီေငြမက္တဲ့ လူအိုစုံတြဲက စံပါယ္ပင္အေၾကာင္း ဖုံးကြယ္ထားဖို႔ကို သိပ္လက္ခံခ်င္တာေတာ့မဟုတ္ဘူး ဒါေပမယ့္ ငါက အခြင့္ေရးေကာင္းတစ္ခုနဲ႕လဲလွယ္ေပးမယ္လို႔ ေျပာထားလို႔သာ ၾကည့္ဦးမယ္လို႔ေျပာလာက်တာ "
ေျပာၿပီးေနာက္ ေခ်ာင္ရန္သည္ စိတ္တိုလာပုံႏွင့္...
"ဘယ္ေလာက္ေတာင္ ဆိုးလိုက္တဲ့လူေတြလဲကြာ ငါသူတို႔နဲ႕ ဆယ္ႏွစ္ေလာက္ထိ မိတ္ေဆြျဖစ္ခဲ့တာေတာင္ ငါ့မ်က္ႏွာကို ေထာက္မေပးဘူး"
ပိုင္လီက ဒါကိုၾကားေတာ့ ရယ္ေမာလိုက္မိသည္ပင္။ ကုန္သည္ေတြရဲ႕ေကာင္းတဲ့အခ်က္က ေငြေပါတာျဖစ္ၿပီး ကုန္သည္ေတြရဲ႕ မေကာင္းတဲ့အခ်က္ကလည္း ေငြမက္လြန္းတာပင္ျဖစ္၍ သူကေတာ့နားလည္နိုင္သည္ပင္။
ဒါေၾကာင့္ပဲ ပိုင္လီက...
"သူတို႔ျပန္ေရာက္ေနၿပီလား ဒါဆိုအေတာ္ပဲေပါ့ ဒီေန႕ကြၽန္ေတာ္က ဝိုင္တခ်ိဳ႕ယူလာတာ သုံးလုံးက အကိုႀကီးတို႔အတြက္ တစ္လုံးက သူတို႔ျပန္လာရင္ ၾကည့္ဖို႔ေပးခိုင္းမလို႔ကို ျပန္ေရာက္ေနၿပီဆိုမွေတာ့ တစ္ခါတည္း ညွိနိူင္းသြားလိုက္တာကပဲ ပိုေကာင္းပါတယ္"
.................................................
(AN/ Hello! ဒီေန႕မွာေတာ့ 118 ထိေရာက္လာၿပီမလို႔ ေစ်းေလ်ာ့လိုက္ပါၿပီ။ 118 ကေန အၿပီးထိ 6500ပါရွင္။ အပိုင္း 200ထိရွိပါတယ္။
fb gpနဲ႕ tele gpႏွစ္ခုရွိတာေၾကာင့္ gp ဝင္ခ်င္တဲ့ သူေတြက fb မွာဆို "ဒီအမ်ိဳးသမီးမွာ ေဒါသေတြမရွိေတာ့ပါ" ဆိုတဲ့အေကာင့္ကိုလာနိုင္ၿပီး tele မွာဆိုရင္ username @PS12001100 ကိုလာရွာနိုင္ပါတယ္ရွင္။ 😚)