အခန်း ၆ သွေးပူလေ့ကျင့်ခန်း (အပိုင်း ၂)
သူမနောက်မှာ အရှိန်အဟုန်နဲ့ လှမ်းလာတဲ့ ခြေသံတွေ ထွက်ပေါ်လာပြီး သိပ်မကြာခင်မှာပဲ စစ်သည်ငယ်တစ်ယောက်က ကုယွင်ရဲ့ နောက်ကို ရောက်လာပြီး "သတင်းပို့ပါတယ်။ ကောကျင့်ယွင်က သူ့ရဲ့တပ်တွေကို အုပ်စုသုံးစုခွဲပြီး အရှေ့တောင်၊ အနောက်နဲ့ အနောက်ဘက် လမ်းကြောင်းသုံးခုကနေ လမ်ရှောင်းရဲ့စခန်းဆီကို ထွက်သွားပါတယ်"
ကုယွင်က ပေါ့ပေါ့တန်တန် ခေါင်းညိတ်ပြလိုက်ပြီး ဘာမှ ပြန်မပြောတာကြောင့် စစ်သည်ငယ်လေးက ခဏလောက်တုံ့ဆိုင်းနေပြီးမှ သူမ ဘာညွှန်ကြားချက် မပေးတာကို နားလည်သွားပြီး ဆက်လက်စောင့်ကြည့်ရန် အမြန်ပြန်သွားလေသည်။
တစ်ရှီးချန်၏လေးပုံတစ်ပုံအတွင်းတွင် နောက်ထပ် စစ်သည်တစ်ယောက် ရောက်လာပြီး "အစီရင်ခံပါတယ်၊ လမ်ရှောင်းက ရွှံ့ကျင်းတွေတူးဖို့ တပ်ဖွဲ့လေးဖွဲ့စေလွှတ်ပြီး အရှေ့၊အနောက်၊ တောင်နဲ့နောက် အရပ်လေးမျက်နှာမှာ ရွှံ့ကျင်းတွေ တူးထားပြီး ကုန်းမြင့်တဲ့နေရာကနေ ရန်သူကို စောင့်နေပါတယ်၊ သူအဖွဲ့ဝင်တွေက အမြင့်မှာ ပုန်းအောင်နေပြီး ရန်သူကို ချောင်းမြောင်းတိုက်ခိုက်ဖို့ ပြင်ဆင်နေကြပါတယ်"
ကုယွင်က ရယ်မောနေရင်း ခေါင်းယမ်းလိုက်သည်။ တိုက်ခိုက်ခြင်းက အကောင်းဆုံး ခံစစ်ပါပဲ။ လမ်ရှောင်းက ဒီကိစ္စမှာ ကောင်းကောင်းလုပ်ခဲ့ပြီး ကောကျင့်ယွင်ရဲ့ရိုးသားတဲ့ စရိုက်အရ သူက ဒီလမ်းမှာ သူတို့ ခြုံခိုတိုက်ခိုက်ခံရမယ်လို့ မျှော်လင့်ထားမှာ မဟုတ်ပါဘူး။
အချိန်အရ ကောကျင့်ယွင်၏အဖွဲ့က ယခုအချိန်တွင် လမ်ရှောင်း၏စခန်းအနီးသို့ ရောက်ရှိလာသင့်ပြီ ဖြစ်သော်လည်း အေးစက်သောလရောင်အောက်မှ မီးများ ထွန်းလင်းတောက်ပနေသည့် ကွင်းပြင်ပတ်ပတ်လည်တွင် မည်သည့် လှုပ်ရှားမှုမှ မရှိခဲ့ပေ။ ဖြစ်နိုင်ခြေအားလုံးက ကောကျင့်ယွင်၏အဖွဲ့ ခြုံခိုတိုက်ခိုက်ခံနေရကြောင်း ဖော်ပြနေသည်။
"သတင်းပို့ပါတယ်၊ ကောကျင့်ယွင်ရဲ့အဖွဲ့ထဲက အရှေ့ဘက်အုပ်စုက ရွှံ့တွင်းတွေထဲ ပြုတ်ကျပြီး အားလုံး အဖမ်းခံလိုက်ရပါတယ်"
"သတင်းပို့ပါတယ်၊ အနောက်ဘက်ခြမ်းမှာ ကောကျင့်ယွင်ရဲ့တိုက်ခိုက်ရေးအဖွဲ့က တောင်တန်းနောက်ဘက်ကနေ ခြုံခိုတိုက်ခိုက်ခဲ့ပေမယ့် တိုက်ခိုက်မှု မအောင်မြင်ခဲ့ပါဘူး"
ကုယွင်၏ခန့်မှန်းချက်ကို အတည်ပြုပေးသည့် သတင်းနှစ်ခုက သူမနောက်မှ တစ်ချိန်တည်းနီးပါး ထွက်ပေါ်လာသည်။ သို့သော်လည်း အချိန်အတော်ကြာ စောင့်ဆိုင်းပြီးသည့်အထိ တတိယအဖွဲ့၏သတင်းပို့မှုက ထွက်ပေါ်လာခြင်း မရှိပေ။ ကွင်းပြင်နေရာမှ ပို၍ စိတ်အေးလက်အေးဖြစ်လာပုံရသော လမ်ရှောင်းကို ကြည့်နေရင်း ကုယွင်၏ နူတ်ခမ်းထောင့်များက ပင့်တက်လာကာ ထူးဆန်းသော အပြုံးတစ်ခုကို ထုတ်ဖော်လိုက်သည်။ မာနက စစ်သည်တွေကို ရှုံးနိမ့်သွားစေလိမ့်မည်၊ နောက်ဆုံးတိုက်ပွဲက မစရသေးပါဘူး။
"သတင်းပို့ပါတယ်" နောက်ထပ် စစ်သည်ငယ်တစ်ယောက်က ပြန်ပြေးလာနေရင်း အော်ဟစ်နေသည်။ "ကောကျင့်ယွင်ဦးဆောင်လာတဲ့ အဖွဲ့က တောင်ဘက် ကုန်းမြင့်မှာ ချုံခိုပြီး တိုက်ခိုက်ဖို့စောင့်နေတဲ့ စစ်သည်တွေနဲ့ အပြင်းအထန် တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲထဲကနေ အောင်မြင်စွာ ခွဲထွက်သွားနိုင်ပေမယ့်...."
သတင်းပို့နေတဲ့ စစ်သည်လေးက တုံ့ဆိုင်းနေပြီး သိပ်မကြာခင်မှာပဲ ကုယွင် မျက်နှာက မည်းမှောင်သွားတာကြောင့် စစ်သည်လေးက အမြန်ဆက်ပြောလာခဲ့သည်။ "အသေအပျောက် များပါတယ်"
ကုယွင်က မျက်မှောင်ကြုတ်လိုက်ပြီး သူမရှေ့တွင် ဝဲပျံလာသော ဖုန်မှုန့်များကို စိုက်ကြည့်နေသည်။ အဖွဲ့ကို ဦးဆောင်သူမှာ မျက်နှာတွင် ညစ်ပတ်ပေရေနေပြီး မောပန်းနွမ်းနယ်နေပုံရသော ကောကျင့်ယွင် ဖြစ်နေပြီး သူ့နောက်မှ ပြေးလိုက်လာသော စစ်သည် နှစ်ဆယ်ကျော်က ဝရုန်းသုန်းကား ဖြစ်နေသည်။ တိုက်ပွဲ၏ဖွဲ့စည်းပုံက လုံးဝကို ပျက်ဆီးနေခဲ့သည်။
ကောကျင့်ယွင်က သူ့လက်ထဲတွင် ဓားရှည်ကြီးကို ကိုင်ထားရင်း လမ်ရှောင်းကို ဒေါသတကြီးဖြင့် စွဲချက်တင်လိုက်သည်။
လမ်ရှောင်းကလည်း အံ့အားသင့်နေခဲ့သည်။ သူက ထိုပတ်၀န်းကျင်မှ ကောကျင့်ယွင် ဖောက်ထွက်နိုင်မည်ဟု မထင်ထားဘဲ သူ့ဘေးနားတွင် ထားရှိသော လှံပုဆိန်ရှည်ကို အမြန်ဆွဲယူကာ ရှေ့သို့ ပြေးသွားလိုက်သည်။
ဓားရှည်နှင့် လှံပုဆိန်ရှည်တို့က ရုတ်တရက် ထိပ်တိုက်တွေ့မိသွားကြပြီး အဖွဲ့နှစ်ခု၏ ခေါင်းဆောင်နှစ်ယောက်က ပြင်းပြန်းထန်ထန် တိုက်ခိုက်နေကြသည်။ သို့သော် လမ်ရှောင်းက သူ့ကိုယ်သူ ယုံကြည်မှု လွန်ကဲလွန်းနေပြီး ခံစစ်ကို ကောင်းကောင်း မပြင်ဆင်ထားခဲ့ပေ။ သူဘက်တွင် ကျန်နေခဲ့သော လူသုံးဆယ်မှာ အခြေခံအားဖြင့် အားနည်းသူများ ဖြစ်ကြပြီး ဒီလို ထိပ်တိုက်ရင်ဆိုင်ရချိန်မှာတော့ ကောကျင့်ယွင်၏စစ်သည်များက အသာစီးရသွားခဲ့သည်။
လမ်ရှောင်းနှင့် ကောကျင့်ယွင်တို့၏ ထိပ်တိုက်ရင်ဆိုင်မှုက ပြင်းထန်နေသည်မှာ အမှန်ဖြစ်သော်လည်း နောက်ဆုံးတွင် လမ်းရှောင်းက ဒေါသထွက်နေသော ကောကျင့်ယွင်၏ အင်အားကို မခုခံနိုင်တော့ပေ။
ကောကျင့်ယွင်က အောင်ပွဲအလံကို ဆွဲယူလိုက်ပြီး ကုယွင်ရှိနေသည့် နေရာကို ဦးတည်ကာ ဝှေ့ယမ်းပြလိုက်သည်။ သို့သော် သူ့မျက်နှာတွင် ပျော်ရွှင်မှုများ ရှိမနေပေ၊ အထူးသဖြင့် လမ်ရှောင်း၏စစ်သည်များက သူ့စစ်သည်များကို ပြန်ခေါ်လာနေသည့် အဝေးတစ်နေရာမှ မြင်ကွင်းကို မြင်နေရတာကြောင့် သူက ပိုလို့တောင် ဒေါသထွက်နေပုံပါပဲ။
လမ်ရှောင်း၏စစ်သည်များကလည်း ပြန်ရောက်လာကြပြီး အောင်ပွဲအလံက ကောကျင့်ယွင်၏လက်ထဲတွင် ရှိနေပြီဖြစ်သည်ကို တွေ့လိုက်ရတာကြောင့် အနည်းငယ် ဒေါသထွက်သွားကြပေမယ့် စိတ်ဓာတ်ကျသွားတာကိုတော့ မထိန်းနိုင်ကြတော့ပါဘူး။ သို့သော် အဖမ်းခံခဲ့ရသော သို့မဟုတ် "တိုက်ပွဲ၌ ကျဆုံးခဲ့သော" တစ်ဖက်စစ်သည်များက ချက်ချင်းပင် ရွှင်မြူးသွားကြသည်။ ခဏတာအတွင်း ကျယ်ပြန့်သော ကွင်းပြင်တွင် စိတ်ဓာတ်ကျခြင်း သို့မဟုတ် အားတက်ခြင်းများ စုပုံနေလေသည်။
ထိုနေရာက အလွန် အသက်ဝင်နေသော်လည်း တောင်တက်လမ်းတစ်ဝက်နေရာမှ ကုယွင်၏နောက်တွင် ရပ်နေသော လူနှစ်ဆယ်ကတော့ အသက်တောင် မရှုဝံ့တော့ပေ။ ခေါင်းဆောင်က သူတို့ကို တိတ်တဆိတ် ကြည့်နေခဲ့ပေမယ့် သူမဒေါသတွေ မြင့်တက်လာတာကို သူမနောက်ကျောမှာ ရပ်နေတဲ့ သူတို့တောင် ခံစားနိုင်တယ်လေ။
တစ်ရှီးချန်၏လေးပုံတစ်ပုံ အကြာတော့ စစ်သည်တော်တော်များများက လေထုထဲတွင် တစ်ခုခု မူမမှန်တော့တာကို ခံစားလိုက်ရသည်။ လေ့ကျင့်ရေးက အရင်ကတည်းက ပြီးဆုံးသွားခဲ့ပြီး သူတို့ကို ဆူပူအော်ဟစ်မယ်ဆိုရင်တောင်မှ နက်မှောင်ပြီး သေးငယ်တဲ့ရုပ်သွင်တစ်ခုက ပေါ်လာသင့်တာ ကြာနေပြီလေ၊ အခုအချိန်အထိ အသံမထွက်လာသေးတာကြောင့် တစ်ခုခုတော့ လွဲနေပြီ။
စစ်သည်များက ကဗျာကယာဖြင့် အမြန် တန်းစီလိုက်ပြီး သူတို့အားလုံး မတ်တပ်ရပ်နေကြကာ တောင်စောင်း၏အရိပ်ကျနေသောနေရာကို လှည့်တောင် မကြည့်ဝံ့ကြပေ။ နောက်ဆုံးတွင် ကြောက်ရွံမှုနှင့် စိုးရိမ်မှုများကြောင့် သူတို့၏ နှလုံးသားများက အလျင်အမြန် ခုန်ပေါက်နေကြပြီး သူတို့အားလုံး စိတ်မသက်မသာ ခံစားလာရလေသည်။
နောက်ထပ်တစ်ရှီးချန်၏လေးပုံတစ်ပုံကြာပြီးနောက်တွင် ကုယွင်က ထရပ်ကာ အနောက်ဘက်တောင်ပေါ်မှ ဖြည်းညှင်းစွာ ဆင်းလာနေပြီး လရောင်အကူအညီဖြင့် သူတို့ဆီကို လျှောက်လာနေသည်။ သူမ၏ မျက်နှာကို မမြင်ရတာကြောင့် သူမ ပျော်ရွှင်နေလား ဒေါသဖြစ်နေလားဆိုတာက မရှင်းမလင်းဖြစ်နေပေမယ့် သူမပါးစပ်မဖွင့်သေးတာတောင် သူမရဲ့ခေါင်းကနေ ခြေအဆုံး သူမတစ်ကိုယ်လုံးကနေ ထွက်ပေါ်နေတဲ့ ဖိနှိပ်မှုကနေပေးနေတဲ့ ထူးခြားတဲ့ခံစားချက်က ပေါ့သေးသေးအရာတစ်ခုတော့ ဟုတ်မနေပါဘူး၊ သူတို့အားလုံး သိလိုက်ပါပြီ၊ သူတို့အားလုံး ဒီည အဆုံးသတ်ပြီ။
ကုယွင်က အဖွဲ့ရှေ့မှာ ရပ်လိုက်ပြီး "ကောကျင့်ယွင်နဲ့ လမ်ရှောင်း ထွက်လာခဲ့"
❤️❤️❤️Thank you so much for your lovely supports❤️❤️❤️
အခန္း ၆ ေသြးပူေလ့က်င့္ခန္း (အပိုင္း ၂)
သူမေနာက္မွာ အရွိန္အဟုန္နဲ႔ လွမ္းလာတဲ့ ေျခသံေတြ ထြက္ေပၚလာၿပီး သိပ္မၾကာခင္မွာပဲ စစ္သည္ငယ္တစ္ေယာက္က ကုယြင္ရဲ႕ ေနာက္ကို ေရာက္လာၿပီး "သတင္းပို႔ပါတယ္။ ေကာက်င့္ယြင္က သူ႔ရဲ႕တပ္ေတြကို အုပ္စုသုံးစုခြဲၿပီး အေရွ႕ေတာင္၊ အေနာက္နဲ႔ အေနာက္ဘက္ လမ္းေၾကာင္းသုံးခုကေန လမ္ေရွာင္းရဲ႕စခန္းဆီကို ထြက္သြားပါတယ္"
ကုယြင္က ေပါ့ေပါ့တန္တန္ ေခါင္းညိတ္ျပလိုက္ၿပီး ဘာမွ ျပန္မေျပာတာေၾကာင့္ စစ္သည္ငယ္ေလးက ခဏေလာက္တုံ႔ဆိုင္းေနၿပီးမွ သူမ ဘာၫႊန္ၾကားခ်က္ မေပးတာကို နားလည္သြားၿပီး ဆက္လက္ေစာင့္ၾကည့္ရန္ အျမန္ျပန္သြားေလသည္။
တစ္ရွီးခ်န္၏ေလးပုံတစ္ပုံအတြင္းတြင္ ေနာက္ထပ္ စစ္သည္တစ္ေယာက္ ေရာက္လာၿပီး "အစီရင္ခံပါတယ္၊ လမ္ေရွာင္းက ႐ႊံ႕က်င္းေတြတူးဖို႔ တပ္ဖြဲ႕ေလးဖြဲ႕ေစလႊတ္ၿပီး အေရွ႕၊အေနာက္၊ ေတာင္နဲ႔ေနာက္ အရပ္ေလးမ်က္ႏွာမွာ ႐ႊံ႕က်င္းေတြ တူးထားၿပီး ကုန္းျမင့္တဲ့ေနရာကေန ရန္သူကို ေစာင့္ေနပါတယ္၊ သူအဖြဲ႕ဝင္ေတြက အျမင့္မွာ ပုန္းေအာင္ေနၿပီး ရန္သူကို ေခ်ာင္းေျမာင္းတိုက္ခိုက္ဖို႔ ျပင္ဆင္ေနၾကပါတယ္"
ကုယြင္က ရယ္ေမာေနရင္း ေခါင္းယမ္းလိုက္သည္။ တိုက္ခိုက္ျခင္းက အေကာင္းဆုံး ခံစစ္ပါပဲ။ လမ္ေရွာင္းက ဒီကိစၥမွာ ေကာင္းေကာင္းလုပ္ခဲ့ၿပီး ေကာက်င့္ယြင္ရဲ႕႐ိုးသားတဲ့ စ႐ိုက္အရ သူက ဒီလမ္းမွာ သူတို႔ ၿခဳံခိုတိုက္ခိုက္ခံရမယ္လို႔ ေမွ်ာ္လင့္ထားမွာ မဟုတ္ပါဘူး။
အခ်ိန္အရ ေကာက်င့္ယြင္၏အဖြဲ႕က ယခုအခ်ိန္တြင္ လမ္ေရွာင္း၏စခန္းအနီးသို႔ ေရာက္ရွိလာသင့္ၿပီ ျဖစ္ေသာ္လည္း ေအးစက္ေသာလေရာင္ေအာက္မွ မီးမ်ား ထြန္းလင္းေတာက္ပေနသည့္ ကြင္းျပင္ပတ္ပတ္လည္တြင္ မည္သည့္ လႈပ္ရွားမႈမွ မရွိခဲ့ေပ။ ျဖစ္ႏိုင္ေျခအားလုံးက ေကာက်င့္ယြင္၏အဖြဲ႕ ၿခဳံခိုတိုက္ခိုက္ခံေနရေၾကာင္း ေဖာ္ျပေနသည္။
"သတင္းပို႔ပါတယ္၊ ေကာက်င့္ယြင္ရဲ႕အဖြဲ႕ထဲက အေရွ႕ဘက္အုပ္စုက ႐ႊံ႕တြင္းေတြထဲ ျပဳတ္က်ၿပီး အားလုံး အဖမ္းခံလိုက္ရပါတယ္"
"သတင္းပို႔ပါတယ္၊ အေနာက္ဘက္ျခမ္းမွာ ေကာက်င့္ယြင္ရဲ႕တိုက္ခိုက္ေရးအဖြဲ႕က ေတာင္တန္းေနာက္ဘက္ကေန ၿခဳံခိုတိုက္ခိုက္ခဲ့ေပမယ့္ တိုက္ခိုက္မႈ မေအာင္ျမင္ခဲ့ပါဘူး"
ကုယြင္၏ခန႔္မွန္းခ်က္ကို အတည္ျပဳေပးသည့္ သတင္းႏွစ္ခုက သူမေနာက္မွ တစ္ခ်ိန္တည္းနီးပါး ထြက္ေပၚလာသည္။ သို႔ေသာ္လည္း အခ်ိန္အေတာ္ၾကာ ေစာင့္ဆိုင္းၿပီးသည့္အထိ တတိယအဖြဲ႕၏သတင္းပို႔မႈက ထြက္ေပၚလာျခင္း မရွိေပ။ ကြင္းျပင္ေနရာမွ ပို၍ စိတ္ေအးလက္ေအးျဖစ္လာပုံရေသာ လမ္ေရွာင္းကို ၾကည့္ေနရင္း ကုယြင္၏ ႏူတ္ခမ္းေထာင့္မ်ားက ပင့္တက္လာကာ ထူးဆန္းေသာ အၿပဳံးတစ္ခုကို ထုတ္ေဖာ္လိုက္သည္။ မာနက စစ္သည္ေတြကို ရႈံးနိမ့္သြားေစလိမ့္မည္၊ ေနာက္ဆုံးတိုက္ပြဲက မစရေသးပါဘူး။
"သတင္းပို႔ပါတယ္" ေနာက္ထပ္ စစ္သည္ငယ္တစ္ေယာက္က ျပန္ေျပးလာေနရင္း ေအာ္ဟစ္ေနသည္။ "ေကာက်င့္ယြင္ဦးေဆာင္လာတဲ့ အဖြဲ႕က ေတာင္ဘက္ ကုန္းျမင့္မွာ ခ်ဳံခိုၿပီး တိုက္ခိုက္ဖို႔ေစာင့္ေနတဲ့ စစ္သည္ေတြနဲ႔ အျပင္းအထန္ တိုက္ခိုက္ခဲ့ၿပီး တိုက္ပြဲထဲကေန ေအာင္ျမင္စြာ ခြဲထြက္သြားႏိုင္ေပမယ့္...."
သတင္းပို႔ေနတဲ့ စစ္သည္ေလးက တုံ႔ဆိုင္းေနၿပီး သိပ္မၾကာခင္မွာပဲ ကုယြင္ မ်က္ႏွာက မည္းေမွာင္သြားတာေၾကာင့္ စစ္သည္ေလးက အျမန္ဆက္ေျပာလာခဲ့သည္။ "အေသအေပ်ာက္ မ်ားပါတယ္"
ကုယြင္က မ်က္ေမွာင္ၾကဳတ္လိုက္ၿပီး သူမေရွ႕တြင္ ဝဲပ်ံလာေသာ ဖုန္မႈန႔္မ်ားကို စိုက္ၾကည့္ေနသည္။ အဖြဲ႕ကို ဦးေဆာင္သူမွာ မ်က္ႏွာတြင္ ညစ္ပတ္ေပေရေနၿပီး ေမာပန္းႏြမ္းနယ္ေနပုံရေသာ ေကာက်င့္ယြင္ ျဖစ္ေနၿပီး သူ႔ေနာက္မွ ေျပးလိုက္လာေသာ စစ္သည္ ႏွစ္ဆယ္ေက်ာ္က ဝ႐ုန္းသုန္းကား ျဖစ္ေနသည္။ တိုက္ပြဲ၏ဖြဲ႕စည္းပုံက လုံးဝကို ပ်က္ဆီးေနခဲ့သည္။
ေကာက်င့္ယြင္က သူ႔လက္ထဲတြင္ ဓားရွည္ႀကီးကို ကိုင္ထားရင္း လမ္ေရွာင္းကို ေဒါသတႀကီးျဖင့္ စြဲခ်က္တင္လိုက္သည္။
လမ္ေရွာင္းကလည္း အံ့အားသင့္ေနခဲ့သည္။ သူက ထိုပတ္၀န္းက်င္မွ ေကာက်င့္ယြင္ ေဖာက္ထြက္ႏိုင္မည္ဟု မထင္ထားဘဲ သူ႔ေဘးနားတြင္ ထားရွိေသာ လွံပုဆိန္ရွည္ကို အျမန္ဆြဲယူကာ ေရွ႕သို႔ ေျပးသြားလိုက္သည္။
ဓားရွည္ႏွင့္ လွံပုဆိန္ရွည္တို႔က ႐ုတ္တရက္ ထိပ္တိုက္ေတြ႕မိသြားၾကၿပီး အဖြဲ႕ႏွစ္ခု၏ ေခါင္းေဆာင္ႏွစ္ေယာက္က ျပင္းျပန္းထန္ထန္ တိုက္ခိုက္ေနၾကသည္။ သို႔ေသာ္ လမ္ေရွာင္းက သူ႔ကိုယ္သူ ယုံၾကည္မႈ လြန္ကဲလြန္းေနၿပီး ခံစစ္ကို ေကာင္းေကာင္း မျပင္ဆင္ထားခဲ့ေပ။ သူဘက္တြင္ က်န္ေနခဲ့ေသာ လူသုံးဆယ္မွာ အေျခခံအားျဖင့္ အားနည္းသူမ်ား ျဖစ္ၾကၿပီး ဒီလို ထိပ္တိုက္ရင္ဆိုင္ရခ်ိန္မွာေတာ့ ေကာက်င့္ယြင္၏စစ္သည္မ်ားက အသာစီးရသြားခဲ့သည္။
လမ္ေရွာင္းႏွင့္ ေကာက်င့္ယြင္တို႔၏ ထိပ္တိုက္ရင္ဆိုင္မႈက ျပင္းထန္ေနသည္မွာ အမွန္ျဖစ္ေသာ္လည္း ေနာက္ဆုံးတြင္ လမ္းေရွာင္းက ေဒါသထြက္ေနေသာ ေကာက်င့္ယြင္၏ အင္အားကို မခုခံႏိုင္ေတာ့ေပ။
ေကာက်င့္ယြင္က ေအာင္ပြဲအလံကို ဆြဲယူလိုက္ၿပီး ကုယြင္ရွိေနသည့္ ေနရာကို ဦးတည္ကာ ေဝွ႔ယမ္းျပလိုက္သည္။ သို႔ေသာ္ သူ႔မ်က္ႏွာတြင္ ေပ်ာ္႐ႊင္မႈမ်ား ရွိမေနေပ၊ အထူးသျဖင့္ လမ္ေရွာင္း၏စစ္သည္မ်ားက သူ႔စစ္သည္မ်ားကို ျပန္ေခၚလာေနသည့္ အေဝးတစ္ေနရာမွ ျမင္ကြင္းကို ျမင္ေနရတာေၾကာင့္ သူက ပိုလို႔ေတာင္ ေဒါသထြက္ေနပုံပါပဲ။
လမ္ေရွာင္း၏စစ္သည္မ်ားကလည္း ျပန္ေရာက္လာၾကၿပီး ေအာင္ပြဲအလံက ေကာက်င့္ယြင္၏လက္ထဲတြင္ ရွိေနၿပီျဖစ္သည္ကို ေတြ႕လိုက္ရတာေၾကာင့္ အနည္းငယ္ ေဒါသထြက္သြားၾကေပမယ့္ စိတ္ဓာတ္က်သြားတာကိုေတာ့ မထိန္းႏိုင္ၾကေတာ့ပါဘူး။ သို႔ေသာ္ အဖမ္းခံခဲ့ရေသာ သို႔မဟုတ္ "တိုက္ပြဲ၌ က်ဆုံးခဲ့ေသာ" တစ္ဖက္စစ္သည္မ်ားက ခ်က္ခ်င္းပင္ ႐ႊင္ျမဴးသြားၾကသည္။ ခဏတာအတြင္း က်ယ္ျပန႔္ေသာ ကြင္းျပင္တြင္ စိတ္ဓာတ္က်ျခင္း သို႔မဟုတ္ အားတက္ျခင္းမ်ား စုပုံေနေလသည္။
ထိုေနရာက အလြန္ အသက္ဝင္ေနေသာ္လည္း ေတာင္တက္လမ္းတစ္ဝက္ေနရာမွ ကုယြင္၏ေနာက္တြင္ ရပ္ေနေသာ လူႏွစ္ဆယ္ကေတာ့ အသက္ေတာင္ မရႈဝံ့ေတာ့ေပ။ ေခါင္းေဆာင္က သူတို႔ကို တိတ္တဆိတ္ ၾကည့္ေနခဲ့ေပမယ့္ သူမေဒါသေတြ ျမင့္တက္လာတာကို သူမေနာက္ေက်ာမွာ ရပ္ေနတဲ့ သူတို႔ေတာင္ ခံစားႏိုင္တယ္ေလ။
တစ္ရွီးခ်န္၏ေလးပုံတစ္ပုံ အၾကာေတာ့ စစ္သည္ေတာ္ေတာ္မ်ားမ်ားက ေလထုထဲတြင္ တစ္ခုခု မူမမွန္ေတာ့တာကို ခံစားလိုက္ရသည္။ ေလ့က်င့္ေရးက အရင္ကတည္းက ၿပီးဆုံးသြားခဲ့ၿပီး သူတို႔ကို ဆူပူေအာ္ဟစ္မယ္ဆိုရင္ေတာင္မွ နက္ေမွာင္ၿပီး ေသးငယ္တဲ့႐ုပ္သြင္တစ္ခုက ေပၚလာသင့္တာ ၾကာေနၿပီေလ၊ အခုအခ်ိန္အထိ အသံမထြက္လာေသးတာေၾကာင့္ တစ္ခုခုေတာ့ လြဲေနၿပီ။
စစ္သည္မ်ားက ကဗ်ာကယာျဖင့္ အျမန္ တန္းစီလိုက္ၿပီး သူတို႔အားလုံး မတ္တပ္ရပ္ေနၾကကာ ေတာင္ေစာင္း၏အရိပ္က်ေနေသာေနရာကို လွည့္ေတာင္ မၾကည့္ဝံ့ၾကေပ။ ေနာက္ဆုံးတြင္ ေၾကာက္႐ြံမႈႏွင့္ စိုးရိမ္မႈမ်ားေၾကာင့္ သူတို႔၏ ႏွလုံးသားမ်ားက အလ်င္အျမန္ ခုန္ေပါက္ေနၾကၿပီး သူတို႔အားလုံး စိတ္မသက္မသာ ခံစားလာရေလသည္။
ေနာက္ထပ္တစ္ရွီးခ်န္၏ေလးပုံတစ္ပုံၾကာၿပီးေနာက္တြင္ ကုယြင္က ထရပ္ကာ အေနာက္ဘက္ေတာင္ေပၚမွ ျဖည္းညႇင္းစြာ ဆင္းလာေနၿပီး လေရာင္အကူအညီျဖင့္ သူတို႔ဆီကို ေလွ်ာက္လာေနသည္။ သူမ၏ မ်က္ႏွာကို မျမင္ရတာေၾကာင့္ သူမ ေပ်ာ္႐ႊင္ေနလား ေဒါသျဖစ္ေနလားဆိုတာက မရွင္းမလင္းျဖစ္ေနေပမယ့္ သူမပါးစပ္မဖြင့္ေသးတာေတာင္ သူမရဲ႕ေခါင္းကေန ေျခအဆုံး သူမတစ္ကိုယ္လုံးကေန ထြက္ေပၚေနတဲ့ ဖိႏွိပ္မႈကေနေပးေနတဲ့ ထူးျခားတဲ့ခံစားခ်က္က ေပါ့ေသးေသးအရာတစ္ခုေတာ့ ဟုတ္မေနပါဘူး၊ သူတို႔အားလုံး သိလိုက္ပါၿပီ၊ သူတို႔အားလုံး ဒီည အဆုံးသတ္ၿပီ။
ကုယြင္က အဖြဲ႕ေရွ႕မွာ ရပ္လိုက္ၿပီး "ေကာက်င့္ယြင္နဲ႔ လမ္ေရွာင္း ထြက္လာခဲ့"
❤️❤️❤️Thank you so much for your lovely supports❤️❤️❤️