အခန်း ၆ သွေးပူလေ့ကျင့်ခန်း (အပိုင်း ၁)
လေ့ကျင့်ရေး ဆယ့်သုံးရက်မြောက်နေ့...
ညနေ...
နေလုံးကြီးက အနောက်ဘက်ကို မှေးတင်နေပြီး သိပ်မကြာခင် အမှောင်ထုရောက်လာဖို့ သေချာနေသည်။ သူတို့ မနေ့ညက လေ့ကျင့်ရေး မလုပ်ရဘဲ ဒီနေ့မှာ အလွန်အရေးကြီးပြီး ပြင်းထန်တဲ့ လေ့ကျင့်မှုတစ်ခု လုပ်ရမည်ဟု ခေါင်းဆောင်က ကြိုပြောပြထားခဲ့သည်။ ထို့အတွက်ကြောင့် သူတို့နှလုံးသားများက လည်ချောင်းထဲကို ရောက်နေခဲ့ကြသည်။ အခုအချိန်မှာ ခေါင်းဆောင်နဲ့ ပြောဆိုဆက်ဆံဖို့က အရင်လို မခက်ခဲတော့ပေမယ့် သူမရဲ့ ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းတွေက သူတို့ကို သေတဲ့အထိ လေ့ကျင့်ရစေခဲ့သည်။ ဒီတစ်ခါမှာ သူမက ပြင်းပြင်းထန်ထန် လေ့ကျင့်ရမယ်လို့ ပြောထားခဲ့တာကြောင့် သူတို့ တွေးတောင် မတွေးကြည့်တော့ပါရဘူး!!
ကုယွင်က စစ်သည်အားလုံးကို သူတို့လေ့ကျင့်လေ့ရှိတဲ့ တောအုပ်နဲ့ ငါးမိုင် ခြောက်မိုင်လောက်ဝေးတဲ့ တောင်ရဲ့အနောက်ဘက်အဆုံးကို ခေါ်ဆောင်သွားခဲ့သည်။ ထိုနေရာက တောင်တန်းတစ်ခုဖြစ်ပြီး အရှေ့ဘက်တွင် ပြန့်ဖြူးသော မြေကွက်လပ်တစ်ခုရှိနေကာ မည်သည့်အကာအကွယ်မှ မရှိပေ။ စစ်သည်များအားလုံးက ကုယွင် အမိန့်ပေးလာမည့်အချိန်ကို စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေသော်လည်း သူမက ဘာကိုရှာနေမှန်းမသိဘဲ လှည့်ပတ်သွားလာနေသည်။
နောက်ဆုံးတွင် သူမက သူမ၏လက်ညိုးလုံးလောက် အထူရှိသော သစ်ကိုင်းတစ်ကိုင်းကို တွေ့ရှိခဲ့ပြီး သူမ၏အင်္ကျီလက်ဝကျယ်မှ တြိဂံပုံအလံလေးကို ထုတ်ယူကာ သူတို့ ရှေ့တွင် လှုပ်ယမ်းပြနေရင်း သူမ၏ အပြုံမျက်နှာဖြင့် ခပ်အေးအေးပြောလိုက်သည်။ "ညတိုက်ပွဲမစခင် နှစ်ရက်ပဲအချိန်ရှိတော့တယ်၊ မနေ့ညက မင်းတို့ရဲ့နောက်ဆုံးလေ့ကျင့်မှုဖြစ်ပြီး ဒီနေ့က မင်းတို့ရဲ့လေ့ကျင့်မှုရလဒ်ကို ငါ စမ်းကြည့်ချင်တယ်၊ ဒီနေ့ညရဲ့အစီအစဉ်က ညဘက်စီးနင်းတိုက်ခိုက်တဲ့ တိုက်ပွဲလေ့ကျင့်ခန်းပဲ"
ညတိုက်ပွဲကို လေ့ကျင့်ရမှာလား?!
မထင်မှတ်ပဲ ဒီလိုလေ့ကျင့်ရေးမျိုးဖြစ်လာတာကြောင့် စစ်သည်များအားလုံး အံ့ဩသွားကြသည်။ ကုယွင်က သူတို့ရဲ့တုံ့ပြန်မှုကို လျစ်လျူရှုလိုက်ပြီး "ဒီည ထိုးစစ်ဆင်ရမယ့်သူတွေက ကောကျင့်ယွင်ရဲ့အဖွဲ့ဖြစ်မယ်၊ လမ်းရှောင်းရဲ့အဖွဲ့ကတော့ ခံစစ်ကနေ ခုခံရမယ်၊ မင်းတို့ရဲ့စစ်ရေးလေ့ကျင့်မှု မပြီးမချင်း ငါက မင်းတို့ကို ဘာထင်မြင်ချက် ဘာအမိန့်မှ ပေးမှာ မဟုတ်ဘူး။ မင်းတို့နှစ်ယောက်က တစ်ဖွဲ့ဆီက လူ၂၄၀ကို ဦးဆောင်ပြီး ဒီတိုက်ပွဲကို ပြီးအောင်တိုက်ရလိမ့်မယ်"
ကုယွင်က လမ်ရှောင်းရဲ့လက်ထဲကို သစ်ကိုင်းထိပ်မှာ ချည်ထားတဲ့ အလံလေးကို လှမ်းပေးလိုက်ပြီး "ဒါက ကွပ်ကဲရေးအောင်လံပဲ၊ လမ်ရှောင်း... မင်းရဲ့အဖွဲ့က ဒီအလံကို ကာကွယ်ရမယ်၊ ကောကျင့်ယွင်နဲ့ သူ့အဖွဲ့က အဲ့တာကို လာသိမ်းပိုက်နိုင်ရင် မင်းတို့ရှုံးလိမ့်မယ်။ အဲ့အတိုင်း အပြန်အလှန်ပဲ ကောကျင့်ယွင်တို့ဘက်က မသိမ်းပိုက်နိုင်ရင် သူတို့ ရှုံးလိမ့်မယ်။ ဒီနေရာက လမ်ရှောင်းရဲ့အဓိကစခန်းဖြစ်ပြီး ငါတို့လေ့ကျင့်နေကျနေရာက ကောကျင့်ယွင်ရဲ့စခန်းပဲ။ အခု မင်းတို့ ပြင်ဆင်ဖို့ ရှီးချန်တစ်ခုစာ အချိန်ရမယ်၊ နောက်တစ်ရှီးချန်မှာ လေ့ကျင့်ရေးတိုက်ပွဲကို တရားဝင်စတင်မယ်"
ဤစစ်သသည်အုပ်စုမှ လူများအားလုံးက စစ်သည်အသစ်များဖြစ်ကြပြီး စစ်ပွဲဟုခေါ်နိုင်သော အရာမျိုးကို တစ်ခါမျှ မကြုံဖူးခဲ့ကြပေ။ အခုအချိန်တွင် တစ်ယောက်စီတိုင်းက သူမကို တုန်လှုပ်စွာ ကြည့်နေကြသည်။
"နားလည်ကြလား" ကုယွင်က ရုတ်တရက် ကျယ်လောင်စွာအော်လိုက်ပြီး နောက်ဆုံးမှာတော့ သူတို့စိတ်တွေ တုန်ခါသွားကာ မြန်မြန်သတိဝင်လာပြီး "နားလည်ပါပြီ!"
"စကြစို့" ကုယွင်က ကျေနပ်စွာ ခေါင်းညိတ်ပြလိုက်သည်။ သူမက ဘာမှ မပြောဘဲ ကျန်လူနှစ်ဆယ်ကို တောင်စောင်းပေါ်သို့ ခေါ်သွားကာ မြင်ကွင်းကျယ် တစ်နေရာကို ရွေးချယ်လိုက်ပြီး အေးအေးဆေးဆေး ထိုင်နေလိုက်သည်။
ယနေ့ည မနက်ဖြန်ညတွင် မည်သူက သူမအတွက် ရှေ့ပြေးခေါင်းဆောင်ဖြစ်လာနိုင်မည်ကို သူမ ကြည့်ချင်နေခဲ့သည်။
စစ်သည်အယောက်နှစ်ဆယ်က ကုယွင်ရဲ့နောက်တွင် ဘာမှ နားမလည်တဲ့ အမူအရာဖြင့် ရပ်နေကြပြီး အောက်ဘက်တွင် တက်ကြွစွာ တပ်ဖြန့်နေသော အဖွဲ့နှစ်ဖွဲ့ကို ကြည့်နေကြသည်။ သူတို့ကို ဒီကိုလာဖို့ တောင်းဆိုခဲ့တဲ့ ခေါင်းဆောင်ရဲ့ရည်ရွယ်ချက်က ဘာလဲဆိုတာကို သူတို့အားလုံး နားမလည်နိုင်ကြပါဘူး။ သူတို့က စိတ်တွေ ရှုပ်ထွေးနေပေမယ့် လွန်ခဲ့သောလဝက်၏လေ့ကျင့်မှုများက သူတို့အတွက် အမှန်တရားကို နက်နက်ရှိုင်းရှိုင်း နားလည်စေခဲ့သည်။ နောက်ဆုံးတော့ ဘာပဲဖြစ်ဖြစ်ကို ခေါင်းဆောင်ကို မဆန့်ကျင်နဲ့၊ ဘယ်လောက်ပဲ ထူးဆန်းနေပါစေ၊ သူမမှာ အကြောင်းပြချက်ရှိနေလိုက်မယ်။
သူတို့တွေးတာက လုံးဝမှန်ကန်လေးပြီး တစ်ရှိးချန်၏လေးပုံတစ်ပုံ အကြာတွင် ကုယွင်က နောက်ဆုံးမှာ သူမခေါင်းကို သူတို့ဆီလှည့်လာပြီး "နှစ်ယောက်တစ်ဖွဲ့ ဖွဲ့မယ်။ တောတွင်းကနေ စခန်းအထိ၊ အုပ်စုငါးစု ခွဲမယ်။ မင်းတို့က လမ်းတစ်လျှောက်အခြေအနေကို စောင့်ကြည့်ပြီး တစ်ခုခု ဖြစ်လာတိုင်း သတင်းပြန်ပို့ရမယ်။ ဘယ်အခြေအနေမှာမဆို စောင့်ကြည့်ဖို့ပဲ လိုတယ်၊ ဝင်ရောက်စွက်ဖက်ဖို့ ခွင့်မပြုဘူး၊ နားလည်ကြလား??"
လူနှစ်ဆယ်က တွန့်ဆုတ်အနေဝံ့ဘဲ "နားလည်ပါပြီ" ဟု တညီတညွတ်တည်း ပြန်ပြောခဲ့သည်။
ကုယွင်က သူတို့ကို လက်ဝှေ့ယမ်းပြလိုက်ပြီး ကျောက်နံရံကို မှီကာ တောက်ပသော မျက်လုံးများဖြင့် အောက်မှ အခြေအနေကို တိတ်တဆိတ် ကြည့်နေခဲ့သည်။ တကယ်တော့ သူမမျက်နှာပြင်ပေါ်က အမူအရာက တည်တည်ငြိမ်ငြိမ် အေးအေးဆေးဆေး ရှိနေပြီး အရာရာကို စောင့်ကြည့်နေခဲ့ပေမယ့် သူမရဲ့စိတ်ထဲမှာတော့ ဒီစစ်သည်တွေကို စိတ်ပူနေမိသည်။ သူတို့အားလုံးက စစ်ပွဲဟုခေါ်ဆိုနိုင်သော တိုက်ပွဲမျိုးကို မကြုံဖူးကြသော တပ်သားသစ်များဖြစ်ကြပြီး သူတို့ရင်ဆိုင်ရမည့်အရာမှာ စုရန်နှင့် သူ၏အဆင့်မြင့်စစ်သည်များ ဖြစ်သည်။ ဤညတိုက်ခိုက်ရေးတိုက်ပွဲတွင် စုယွိလေ့ကျင့်ပေးထားသော တပ်သားသစ်များကို အနိုင်ယူရန် မခဲယဉ်းပေ။ သို့သော် စုရန်ကို ရင်ဆိုင်နိုင်ဖို့ကတော့ မသေချာပါဘူး။
ဤလေ့ကျင့်ခန်းက သူတို့၏ စွမ်းရည်များကို အများကြီး စမ်းသပ်နိုင်မည် မဟုတ်သော်လည်း သူတို့၏ သတ္တိနှင့် လိုက်လျောညီထွေရှိမှုတို့ကို စမ်းသပ်နိုင်မည်ဖြစ်သည်။ သူတို့က ဖြစ်နိုင်ခြေရှိတဲ့ အခြေအနေအားလုံးကို နားလည်ပြီး မြန်မြန်ဆန်ဆန် တုံပြန်နိုင်ကာ သူမကို စိတ်မပျက်စေဖို့ သူမ မျှော်လင့်နေခဲ့သည်။
တချိန်လုံး အောက်ကို စိုက်ကြည့်နေတဲ့ ကုယွင်ရဲ့မျက်လုံးတွေ ရုတ်တရက် ကျဉ်းပြောင်းသွားခဲ့သည်။
လမ်ရှောင်း... ဘာလုပ်နေတာလဲ???!
ကျယ်ပြန့်သော ကွင်းပြင်တွင် စစ်သည်နှစ်ရာကျော်ကို သပ်သပ်ရပ်ရပ် စီတန်းထားစေပြီး အဖွဲ့ငါးဖွဲ့ခွဲထားသည်။ လမ်ရှောင်း၏နောက်တွင် မလှုပ်မယှက်ရပ်နေသော လူသုံးဆယ်ခန့်မှလွဲ၍ ကျန်သူများက အရပ်လေးမျက်နှာသို့ ပြေးထွက်သွားကြသည်။
ကုယွင်၏မျက်နှာက မည်းမှောင်သွားပြီး သူမလက်များမှ လက်သီးဆုပ်များက တဖြေးဖြေး တင်းကျပ်သည်ထက် တင်းကျပ်လာခဲ့သည်။ သူမက အသက်ကို ပြင်းပြင်းရှူသွင်းပြီးနောက် သူမ၏စိတ်ကို ဖြည်းဖြည်းချင်း လျော့ချလိုက်ပြီး ဘာမှလုပ်စရာရှိဟန်မတူသော အခြားစစ်သားများကို အေးစက်စွာ စိုက်ကြည့်နေသည်။ လမ်ရှောင်း၏မျက်နှာကတော့ အောင်ပွဲခံဖို့ မစောင့်နိုင်ပုံရသည်။
မှောင်စပြုလာပြီဖြစ်သဖြင့် ညဘက်စီးနင်းတိုက်ပွဲ တိုက်ခိုက်ရမည့်အချိန်ကို ရောက်ရှိလာသည်။ လမ်ရှောင်းက ကွင်းပြင်တွင် မီးနှစ်လုံးထွန်းညှိထားပြီး ကုယွင်၏ဦးတည်ရာဆီသို့ အခါအားလျော်စွာ မျှော်ကြည့်နေသည်။ သို့သော် ကုယွင်ထိုင်ရာနေရာက အလင်းပြန်နေပြီး၊ ကောင်းကင်က မှောင်နေသောကြောင့် လမ်ရှောင်းက သူမ၏အမူအရာကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေ။ သိုသော် စူးရှထက်မြက်တဲ့ မျက်လုံးတစ်စုံက သူ့ကို အေးစက်စွာ ကြည့်နေတာကိုတော့ သူ ခံစားနိုင်သည်။
အမျိုးသမီးတစ်ယောက်မှာ ဒီလို ထက်မြက်ပြီး ပြတ်သားတဲ့ မျက်လုံးမျိုးရှိနဲ့ ဒီလို တင်းမာပြီး သန်မာတဲ့ စရိုက်လက္ခဏာ ရှိနိုင်တယ်ဆိုတာကို သူဘယ်တုန်းကမှ မယုံခဲ့ပါဘူး၊ ဒါပေမယ့် သူမကို တွေ့ပြီးနောက်မှာတော့ ဒီကမ္ဘာမှာ သူ လေးစားအားကျရမယ့် အမျိုးသမီးတစ်ယောက်ရှိတယ်ဆိုတာ သူ ယုံကြည်လာခဲ့သည်။
ဒီည သူနဲ့ ကောကျင့်ယွင်တို့ရဲ့ ညဘက်စီးနင်းတိုက်ခိုက်ရေးကနေ သူမက ခေါင်းဆောင်ကို ရွေးချယ်ရမယ်ဆိုတာ သူ သိပြီး သူက ကောကျင့်ယွင်ထက် ပိုတော်ပြီး ပိုဗျူဟာမြောက်တဲ့အလုပ်ကို လုပ်ဆောင်နိုင်ကာ ပိုထက်မြက်ကြောင်း သူ သေချာပေါက် သက်သေပြချင်နေခဲ့သည်။
❤️❤️❤️Thank you so much for your lovely supports❤️❤️❤️
အခန္း ၆ ေသြးပူေလ့က်င့္ခန္း (အပိုင္း ၁)
ေလ့က်င့္ေရး ဆယ့္သုံးရက္ေျမာက္ေန႔...
ညေန...
ေနလုံးႀကီးက အေနာက္ဘက္ကို ေမွးတင္ေနၿပီး သိပ္မၾကာခင္ အေမွာင္ထုေရာက္လာဖို႔ ေသခ်ာေနသည္။ သူတို႔ မေန႔ညက ေလ့က်င့္ေရး မလုပ္ရဘဲ ဒီေန႔မွာ အလြန္အေရးႀကီးၿပီး ျပင္းထန္တဲ့ ေလ့က်င့္မႈတစ္ခု လုပ္ရမည္ဟု ေခါင္းေဆာင္က ႀကိဳေျပာျပထားခဲ့သည္။ ထို႔အတြက္ေၾကာင့္ သူတို႔ႏွလုံးသားမ်ားက လည္ေခ်ာင္းထဲကို ေရာက္ေနခဲ့ၾကသည္။ အခုအခ်ိန္မွာ ေခါင္းေဆာင္နဲ႔ ေျပာဆိုဆက္ဆံဖို႔က အရင္လို မခက္ခဲေတာ့ေပမယ့္ သူမရဲ႕ ေပါ့ေပါ့ပါးပါး ေလ့က်င့္ခန္းေတြက သူတို႔ကို ေသတဲ့အထိ ေလ့က်င့္ရေစခဲ့သည္။ ဒီတစ္ခါမွာ သူမက ျပင္းျပင္းထန္ထန္ ေလ့က်င့္ရမယ္လို႔ ေျပာထားခဲ့တာေၾကာင့္ သူတို႔ ေတြးေတာင္ မေတြးၾကည့္ေတာ့ပါရဘူး!!
ကုယြင္က စစ္သည္အားလုံးကို သူတို႔ေလ့က်င့္ေလ့ရွိတဲ့ ေတာအုပ္နဲ႔ ငါးမိုင္ ေျခာက္မိုင္ေလာက္ေဝးတဲ့ ေတာင္ရဲ႕အေနာက္ဘက္အဆုံးကို ေခၚေဆာင္သြားခဲ့သည္။ ထိုေနရာက ေတာင္တန္းတစ္ခုျဖစ္ၿပီး အေရွ႕ဘက္တြင္ ျပန႔္ျဖဴးေသာ ေျမကြက္လပ္တစ္ခုရွိေနကာ မည္သည့္အကာအကြယ္မွ မရွိေပ။ စစ္သည္မ်ားအားလုံးက ကုယြင္ အမိန႔္ေပးလာမည့္အခ်ိန္ကို စိတ္အားထက္သန္စြာ ေစာင့္ဆိုင္းေနေသာ္လည္း သူမက ဘာကိုရွာေနမွန္းမသိဘဲ လွည့္ပတ္သြားလာေနသည္။
ေနာက္ဆုံးတြင္ သူမက သူမ၏လက္ညိဳးလုံးေလာက္ အထူရွိေသာ သစ္ကိုင္းတစ္ကိုင္းကို ေတြ႕ရွိခဲ့ၿပီး သူမ၏အက်ႌလက္ဝက်ယ္မွ ႀတိဂံပုံအလံေလးကို ထုတ္ယူကာ သူတို႔ ေရွ႕တြင္ လႈပ္ယမ္းျပေနရင္း သူမ၏ အၿပဳံမ်က္ႏွာျဖင့္ ခပ္ေအးေအးေျပာလိုက္သည္။ "ညတိုက္ပြဲမစခင္ ႏွစ္ရက္ပဲအခ်ိန္ရွိေတာ့တယ္၊ မေန႔ညက မင္းတို႔ရဲ႕ေနာက္ဆုံးေလ့က်င့္မႈျဖစ္ၿပီး ဒီေန႔က မင္းတို႔ရဲ႕ေလ့က်င့္မႈရလဒ္ကို ငါ စမ္းၾကည့္ခ်င္တယ္၊ ဒီေန႔ညရဲ႕အစီအစဥ္က ညဘက္စီးနင္းတိုက္ခိုက္တဲ့ တိုက္ပြဲေလ့က်င့္ခန္းပဲ"
ညတိုက္ပြဲကို ေလ့က်င့္ရမွာလား?!
မထင္မွတ္ပဲ ဒီလိုေလ့က်င့္ေရးမ်ိဳးျဖစ္လာတာေၾကာင့္ စစ္သည္မ်ားအားလုံး အံ့ဩသြားၾကသည္။ ကုယြင္က သူတို႔ရဲ႕တုံ႔ျပန္မႈကို လ်စ္လ်ဴရႈလိုက္ၿပီး "ဒီည ထိုးစစ္ဆင္ရမယ့္သူေတြက ေကာက်င့္ယြင္ရဲ႕အဖြဲ႕ျဖစ္မယ္၊ လမ္းေရွာင္းရဲ႕အဖြဲ႕ကေတာ့ ခံစစ္ကေန ခုခံရမယ္၊ မင္းတို႔ရဲ႕စစ္ေရးေလ့က်င့္မႈ မၿပီးမခ်င္း ငါက မင္းတို႔ကို ဘာထင္ျမင္ခ်က္ ဘာအမိန႔္မွ ေပးမွာ မဟုတ္ဘူး။ မင္းတို႔ႏွစ္ေယာက္က တစ္ဖြဲ႕ဆီက လူ၂၄၀ကို ဦးေဆာင္ၿပီး ဒီတိုက္ပြဲကို ၿပီးေအာင္တိုက္ရလိမ့္မယ္"
ကုယြင္က လမ္ေရွာင္းရဲ႕လက္ထဲကို သစ္ကိုင္းထိပ္မွာ ခ်ည္ထားတဲ့ အလံေလးကို လွမ္းေပးလိုက္ၿပီး "ဒါက ကြပ္ကဲေရးေအာင္လံပဲ၊ လမ္ေရွာင္း... မင္းရဲ႕အဖြဲ႕က ဒီအလံကို ကာကြယ္ရမယ္၊ ေကာက်င့္ယြင္နဲ႔ သူ႔အဖြဲ႕က အဲ့တာကို လာသိမ္းပိုက္ႏိုင္ရင္ မင္းတို႔ရႈံးလိမ့္မယ္။ အဲ့အတိုင္း အျပန္အလွန္ပဲ ေကာက်င့္ယြင္တို႔ဘက္က မသိမ္းပိုက္ႏိုင္ရင္ သူတို႔ ရႈံးလိမ့္မယ္။ ဒီေနရာက လမ္ေရွာင္းရဲ႕အဓိကစခန္းျဖစ္ၿပီး ငါတို႔ေလ့က်င့္ေနက်ေနရာက ေကာက်င့္ယြင္ရဲ႕စခန္းပဲ။ အခု မင္းတို႔ ျပင္ဆင္ဖို႔ ရွီးခ်န္တစ္ခုစာ အခ်ိန္ရမယ္၊ ေနာက္တစ္ရွီးခ်န္မွာ ေလ့က်င့္ေရးတိုက္ပြဲကို တရားဝင္စတင္မယ္"
ဤစစ္သသည္အုပ္စုမွ လူမ်ားအားလုံးက စစ္သည္အသစ္မ်ားျဖစ္ၾကၿပီး စစ္ပြဲဟုေခၚႏိုင္ေသာ အရာမ်ိဳးကို တစ္ခါမွ် မႀကဳံဖူးခဲ့ၾကေပ။ အခုအခ်ိန္တြင္ တစ္ေယာက္စီတိုင္းက သူမကို တုန္လႈပ္စြာ ၾကည့္ေနၾကသည္။
"နားလည္ၾကလား" ကုယြင္က ႐ုတ္တရက္ က်ယ္ေလာင္စြာေအာ္လိုက္ၿပီး ေနာက္ဆုံးမွာေတာ့ သူတို႔စိတ္ေတြ တုန္ခါသြားကာ ျမန္ျမန္သတိဝင္လာၿပီး "နားလည္ပါၿပီ!"
"စၾကစို႔" ကုယြင္က ေက်နပ္စြာ ေခါင္းညိတ္ျပလိုက္သည္။ သူမက ဘာမွ မေျပာဘဲ က်န္လူႏွစ္ဆယ္ကို ေတာင္ေစာင္းေပၚသို႔ ေခၚသြားကာ ျမင္ကြင္းက်ယ္ တစ္ေနရာကို ေ႐ြးခ်ယ္လိုက္ၿပီး ေအးေအးေဆးေဆး ထိုင္ေနလိုက္သည္။
ယေန႔ည မနက္ျဖန္ညတြင္ မည္သူက သူမအတြက္ ေရွ႕ေျပးေခါင္းေဆာင္ျဖစ္လာႏိုင္မည္ကို သူမ ၾကည့္ခ်င္ေနခဲ့သည္။
စစ္သည္အေယာက္ႏွစ္ဆယ္က ကုယြင္ရဲ႕ေနာက္တြင္ ဘာမွ နားမလည္တဲ့ အမူအရာျဖင့္ ရပ္ေနၾကၿပီး ေအာက္ဘက္တြင္ တက္ႂကြစြာ တပ္ျဖန႔္ေနေသာ အဖြဲ႕ႏွစ္ဖြဲ႕ကို ၾကည့္ေနၾကသည္။ သူတို႔ကို ဒီကိုလာဖို႔ ေတာင္းဆိုခဲ့တဲ့ ေခါင္းေဆာင္ရဲ႕ရည္႐ြယ္ခ်က္က ဘာလဲဆိုတာကို သူတို႔အားလုံး နားမလည္ႏိုင္ၾကပါဘူး။ သူတို႔က စိတ္ေတြ ရႈပ္ေထြးေနေပမယ့္ လြန္ခဲ့ေသာလဝက္၏ေလ့က်င့္မႈမ်ားက သူတို႔အတြက္ အမွန္တရားကို နက္နက္ရႈိင္းရႈိင္း နားလည္ေစခဲ့သည္။ ေနာက္ဆုံးေတာ့ ဘာပဲျဖစ္ျဖစ္ကို ေခါင္းေဆာင္ကို မဆန႔္က်င္နဲ႔၊ ဘယ္ေလာက္ပဲ ထူးဆန္းေနပါေစ၊ သူမမွာ အေၾကာင္းျပခ်က္ရွိေနလိုက္မယ္။
သူတို႔ေတြးတာက လုံးဝမွန္ကန္ေလးၿပီး တစ္ရွိးခ်န္၏ေလးပုံတစ္ပုံ အၾကာတြင္ ကုယြင္က ေနာက္ဆုံးမွာ သူမေခါင္းကို သူတို႔ဆီလွည့္လာၿပီး "ႏွစ္ေယာက္တစ္ဖြဲ႕ ဖြဲ႕မယ္။ ေတာတြင္းကေန စခန္းအထိ၊ အုပ္စုငါးစု ခြဲမယ္။ မင္းတို႔က လမ္းတစ္ေလွ်ာက္အေျခအေနကို ေစာင့္ၾကည့္ၿပီး တစ္ခုခု ျဖစ္လာတိုင္း သတင္းျပန္ပို႔ရမယ္။ ဘယ္အေျခအေနမွာမဆို ေစာင့္ၾကည့္ဖို႔ပဲ လိုတယ္၊ ဝင္ေရာက္စြက္ဖက္ဖို႔ ခြင့္မျပဳဘူး၊ နားလည္ၾကလား??"
လူႏွစ္ဆယ္က တြန႔္ဆုတ္အေနဝံ့ဘဲ "နားလည္ပါၿပီ" ဟု တညီတၫြတ္တည္း ျပန္ေျပာခဲ့သည္။
ကုယြင္က သူတို႔ကို လက္ေဝွ႔ယမ္းျပလိုက္ၿပီး ေက်ာက္နံရံကို မွီကာ ေတာက္ပေသာ မ်က္လုံးမ်ားျဖင့္ ေအာက္မွ အေျခအေနကို တိတ္တဆိတ္ ၾကည့္ေနခဲ့သည္။ တကယ္ေတာ့ သူမမ်က္ႏွာျပင္ေပၚက အမူအရာက တည္တည္ၿငိမ္ၿငိမ္ ေအးေအးေဆးေဆး ရွိေနၿပီး အရာရာကို ေစာင့္ၾကည့္ေနခဲ့ေပမယ့္ သူမရဲ႕စိတ္ထဲမွာေတာ့ ဒီစစ္သည္ေတြကို စိတ္ပူေနမိသည္။ သူတို႔အားလုံးက စစ္ပြဲဟုေခၚဆိုႏိုင္ေသာ တိုက္ပြဲမ်ိဳးကို မႀကဳံဖူးၾကေသာ တပ္သားသစ္မ်ားျဖစ္ၾကၿပီး သူတို႔ရင္ဆိုင္ရမည့္အရာမွာ စုရန္ႏွင့္ သူ၏အဆင့္ျမင့္စစ္သည္မ်ား ျဖစ္သည္။ ဤညတိုက္ခိုက္ေရးတိုက္ပြဲတြင္ စုယြိေလ့က်င့္ေပးထားေသာ တပ္သားသစ္မ်ားကို အႏိုင္ယူရန္ မခဲယဥ္းေပ။ သို႔ေသာ္ စုရန္ကို ရင္ဆိုင္ႏိုင္ဖို႔ကေတာ့ မေသခ်ာပါဘူး။
ဤေလ့က်င့္ခန္းက သူတို႔၏ စြမ္းရည္မ်ားကို အမ်ားႀကီး စမ္းသပ္ႏိုင္မည္ မဟုတ္ေသာ္လည္း သူတို႔၏ သတၱိႏွင့္ လိုက္ေလ်ာညီေထြရွိမႈတို႔ကို စမ္းသပ္ႏိုင္မည္ျဖစ္သည္။ သူတို႔က ျဖစ္ႏိုင္ေျခရွိတဲ့ အေျခအေနအားလုံးကို နားလည္ၿပီး ျမန္ျမန္ဆန္ဆန္ တုံျပန္ႏိုင္ကာ သူမကို စိတ္မပ်က္ေစဖို႔ သူမ ေမွ်ာ္လင့္ေနခဲ့သည္။
တခ်ိန္လုံး ေအာက္ကို စိုက္ၾကည့္ေနတဲ့ ကုယြင္ရဲ႕မ်က္လုံးေတြ ႐ုတ္တရက္ က်ဥ္းေျပာင္းသြားခဲ့သည္။
လမ္ေရွာင္း... ဘာလုပ္ေနတာလဲ???!
က်ယ္ျပန႔္ေသာ ကြင္းျပင္တြင္ စစ္သည္ႏွစ္ရာေက်ာ္ကို သပ္သပ္ရပ္ရပ္ စီတန္းထားေစၿပီး အဖြဲ႕ငါးဖြဲ႕ခြဲထားသည္။ လမ္ေရွာင္း၏ေနာက္တြင္ မလႈပ္မယွက္ရပ္ေနေသာ လူသုံးဆယ္ခန႔္မွလြဲ၍ က်န္သူမ်ားက အရပ္ေလးမ်က္ႏွာသို႔ ေျပးထြက္သြားၾကသည္။
ကုယြင္၏မ်က္ႏွာက မည္းေမွာင္သြားၿပီး သူမလက္မ်ားမွ လက္သီးဆုပ္မ်ားက တေျဖးေျဖး တင္းက်ပ္သည္ထက္ တင္းက်ပ္လာခဲ့သည္။ သူမက အသက္ကို ျပင္းျပင္းရႉသြင္းၿပီးေနာက္ သူမ၏စိတ္ကို ျဖည္းျဖည္းခ်င္း ေလ်ာ့ခ်လိုက္ၿပီး ဘာမွလုပ္စရာရွိဟန္မတူေသာ အျခားစစ္သားမ်ားကို ေအးစက္စြာ စိုက္ၾကည့္ေနသည္။ လမ္ေရွာင္း၏မ်က္ႏွာကေတာ့ ေအာင္ပြဲခံဖို႔ မေစာင့္ႏိုင္ပုံရသည္။
ေမွာင္စျပဳလာၿပီျဖစ္သျဖင့္ ညဘက္စီးနင္းတိုက္ပြဲ တိုက္ခိုက္ရမည့္အခ်ိန္ကို ေရာက္ရွိလာသည္။ လမ္ေရွာင္းက ကြင္းျပင္တြင္ မီးႏွစ္လုံးထြန္းညႇိထားၿပီး ကုယြင္၏ဦးတည္ရာဆီသို႔ အခါအားေလ်ာ္စြာ ေမွ်ာ္ၾကည့္ေနသည္။ သို႔ေသာ္ ကုယြင္ထိုင္ရာေနရာက အလင္းျပန္ေနၿပီး၊ ေကာင္းကင္က ေမွာင္ေနေသာေၾကာင့္ လမ္ေရွာင္းက သူမ၏အမူအရာကို ရွင္းရွင္းလင္းလင္း မျမင္ႏိုင္ေပ။ သိုေသာ္ စူးရွထက္ျမက္တဲ့ မ်က္လုံးတစ္စုံက သူ႔ကို ေအးစက္စြာ ၾကည့္ေနတာကိုေတာ့ သူ ခံစားႏိုင္သည္။
အမ်ိဳးသမီးတစ္ေယာက္မွာ ဒီလို ထက္ျမက္ၿပီး ျပတ္သားတဲ့ မ်က္လုံးမ်ိဳးရွိနဲ႔ ဒီလို တင္းမာၿပီး သန္မာတဲ့ စ႐ိုက္လကၡဏာ ရွိႏိုင္တယ္ဆိုတာကို သူဘယ္တုန္းကမွ မယုံခဲ့ပါဘူး၊ ဒါေပမယ့္ သူမကို ေတြ႕ၿပီးေနာက္မွာေတာ့ ဒီကမာၻမွာ သူ ေလးစားအားက်ရမယ့္ အမ်ိဳးသမီးတစ္ေယာက္ရွိတယ္ဆိုတာ သူ ယုံၾကည္လာခဲ့သည္။
ဒီည သူနဲ႔ ေကာက်င့္ယြင္တို႔ရဲ႕ ညဘက္စီးနင္းတိုက္ခိုက္ေရးကေန သူမက ေခါင္းေဆာင္ကို ေ႐ြးခ်ယ္ရမယ္ဆိုတာ သူ သိၿပီး သူက ေကာက်င့္ယြင္ထက္ ပိုေတာ္ၿပီး ပိုဗ်ဴဟာေျမာက္တဲ့အလုပ္ကို လုပ္ေဆာင္ႏိုင္ကာ ပိုထက္ျမက္ေၾကာင္း သူ ေသခ်ာေပါက္ သက္ေသျပခ်င္ေနခဲ့သည္။
❤️❤️❤️Thank you so much for your lovely supports❤️❤️❤️