အခန်း ၅ စုလင်းပြန်လာပြီ (အပိုင်း ၅)
ကုယွင်က နောက်ကို ပြန်လှည့်ပြီး ခြံဝင်းတစ်ဝိုက်ကို လှည့်ပတ်ကြည့်လိုက်ကာ ရယ်ရမလား ငိုရမလားတောင် မသိတော့ပေ။ ဒါက ဘယ်လိုဖြစ်သွားရတာလဲ?
သူတို့က လှုပ်ရှားမှုလေး တစ်ခုနှစ်ခုလောက်ပဲ လုပ်ခဲ့တာပါ။
သူမအနီးရှိ ခြံဝင်း၏တစ်ဖက်တွင်ရှိနေသော နဂိုက စိမ်းလန်းစိုပြေသော ထင်းရှူးပင်များက လောင်ကျွမ်းနေသော အနက်ရောင် အကိုင်းအခက်များအဖြစ်သို့ ပြောင်းလဲနေပြီး စုလင်းအနီးရှိအရာအားလုံးက ရေခဲတုံးများအဖြစ် အေးခဲနေခဲ့သည်။ ခြံဝင်းအတွင်းရှိ တစ်ခုတည်းသော ကျောက်ခုံတန်းလျားနှင့် ကျောက်စားပွဲက သူတို့နှင့် အလွန်နီးကပ်လွန်းသောကြောင့် လောင်ကျွမ်းနေသော အနက်ရောင် ကျောက်တုံးများအဖြစ်သို့ ပြောင်းလဲသွားပြီး ၎င်း၏မူလအသွင်အပြင်ကို လုံးဝမမြင်ရတော့ပေ။
ဒါကြီးက... လွန်လွန်းအားကြီးတယ်လေ...
စုလင်း၏အေးခဲနေသော မျက်နှာက မည်းမှောင်နေရာမှ ဖြူဖျော့သွားသည်ကို မြင်လိုက်ရတာကြောင့် ကုယွင်က သူမစိတ်ထဲကနေ သုံးကြိမ်တိတိ ဟက်ဟက်ပက်ပက် လှောင်ရယ်လိုက်ပြီး နေလို့ထိုင်လို့ ပိုကောင်းလာတော့သည်။
ခြေသံများ နီးကပ်လာသည်နှင့်အမျှ စုလင်းက ရုတ်တရက် "ဘယ်သူ့ကိုမှ ဝင်ခွင့်မပြုဘူး"
ပင်းလျန့်က ချင်းမော့ကို ရွေးချယ်ခဲ့တဲ့အကြောင်းကို သူက ရန်နဲ့ ယွိကို မသိစေချင်ပါဘူး၊ မဟုတ်ရင် မျိုးနွယ်စု အိမ်တော်မှာရှိနေတဲ့ လူကြီးတွေ သိသွားရင် သူ ဒုက္ခရောက်လိမ့်မယ်!
ခြံတံခါးဝဆီသို့ အမြန်ပြေးလာနေသော စုယွိ၏ခြေလှမ်းများက တွန့်ဆုတ်သွားပြီး သူက စိုးရိမ်တကြီးနဲ့ မေးလိုက်သည်။
"တာ့ကော၊ ဘာတွေဖြစ်နေတာလဲ"
အကြီးဆုံးအစ်ကို၏ လင်းယွန်းခြံဝင်းမှ ထွက်ပေါ်လာသော ပုံမှန် မဟုတ်သော စူးရှသော အသံကို ယခုထက်ထိ မည်သို့ ဖော်ပြရမှန်း မသိသေးပေ။ စစ်သူကြီးအိမ်တော်သာမကဘဲ ငါးမိုင်ပတ်လည်မှာ ရှိတဲ့လူတိုင်း ထိုအသံများကို ကြားနိုင်လောက်သည်ဟု ခန့်မှန်းနိုင်သည်။ ဘာတွေ ဖြစ်ကုန်တာလဲ???
စုရန်က စုယွိ၏နောက်တွင် ရပ်နေပြီး သူ့မျက်နှာတွင် တွေးတောနေသော အမူအရာများရှိနေပေမယ့် သူက သေချာပေါက် စိုးရိမ်နေခြင်း မရှိပေ။ အခုန အစ်ကိုကြီး၏အော်သံက စွမ်းအင်ပြည့်နေပြီး၊ ၎င်းမှာ အကြီးဆုံးအစ်ကိုအတွက် ဘာအမှားအယွင်းမှ မရှိကြောင်း ပြသနေသည်။
ခြံဝင်းထဲမှာ ကုယွင်က သူမလက်ထဲမှ ဓားကို ငုံကြည့်နေပြီး ဓားက ပုံမှန်အနေအထားအတိုင်း ပြန်ရောက်နေကာ ခုနကလို ရန်မလိုနေပေမယ့် အေးစက်နေဆဲပင်။ ကုယွင်က မယုံနိုင်စွာနဲ့ မေးလိုက်သည်။
"ဓားက ဘာလို့..."
မထင်မှတ်ပဲ၊ သူမ စကားမဆုံးခင် စုလင်းက သူမကို အေးစက်စက်ဟန့်တားလိုက်ပြီး "ဒါက မင်းနဲ့ မဆိုင်ဘူး၊ မင်း သိဖို့ မလိုဘူး"
ကုယွင်၏မိုးမခကိုင်းပုံမျက်ခုံးများက မျက်မှောင်ကြုတ်လာပြီး သူမလက်ထဲမှ ဓားရှည်ကို ဓားအိမ်ထဲ ပြန်ထည့်ကာ မီးလောင်ကျွမ်းနေသော ကျောက်စားပွဲပေါ် လှမ်းတင်လိုက်ရင်း အေးစက်စွာ အော်ပြောလိုက်သည်။
"ဘယ်သူက ဂရုစိုက်နေလို့လဲ"
သူမက ဤဓားကို အလွန်နှစ်သက်သော်လည်း သူမ မပိုင်ဆိုင်ကြောင်းကို သူမ သိနေခဲ့သည်။ သူမက ဓားကိုတောင်းဖို့ ဘယ်တုန်းကမှ မတွေးခဲ့ပါဘူး။ ထူးဆန်းနေလို့ သံသယဝင်နေခဲ့ရုံပါပဲ။
ကုယွင်က ပြန်လှည့်ထွက်သွားသော်လည်း စားပွဲပေါ်က ဓားရှည်က ရုတ်တရက် လွင့်ပျံထွက်သွားပြီး ကုယွင်ရှေ့တွင် ပိတ်ဆို့နေကာ သူမ၏ခြေထောက်နားမှ မြေပြင်တွင် ထိုးစိုက်နေပြီး သူမကို ပြင်းပြင်းထန်ထန် တွယ်ကပ်နေခဲ့သည်။ ထိုအရာက စကားမပြောနိုင်သော်လည်း ထိုဓားရှည်၏ တွယ်တာမှုကို ကုယွင်လည်း ခံစားလိုက်ရသည်။ သူမ နောက်ကို လိုက်ချင်နေတာလေ...
ကုယွင်က သူမကိုယ်ကို တစ်ဝက်တစ်ပျက်ငုံချလိုက်ပြီး ဓားသွားကို အသာအယာ ပွတ်သပ်ပေးလိုက်ပြီးနောက် ဘာမှ မပြောတော့ဘဲ မတ်တပ်ထရပ်ကာ စုလင်းကို ထပ်မကြည့်ဘဲ ပုံမှန်အတိုင်း အေးဆေးစွာ ထွက်သွားလေသည်။
သူမ ခြံတံခါးကို ဖွင့်လိုက်ချိန်တွင် အပြင်မှာ ရပ်စောင့်နေဆဲဖြစ်သော စုယွိကို တွေ့လိုက်ရသည်။ စုယွိက စိတ်ရှုပ်သွားပေမယ့် သိချင်စိတ်ကြောင့် လှမ်းမေးလိုက်သည်။
"ချင်းမော့? မင်းက ဘာလို့ ဒီမှာရှိနေတာလဲ"
ချင်းမော့က သူ့ကို လျစ်လျူရှုကာ အိမ်နောက်ဖေးဆီသို့ တိတ်တဆိတ် လျှောက်သွားခဲ့သည်။
စုယွိက ပိုလို့တောင် စိတ်ရှုပ်သွားတော့တယ်၊ ဘာတွေ ဖြစ်နေတာလဲ။
ခြံဝင်းထဲတွင် စုလင်းက ပင်းလျန့်ဆီကို လျှောက်သွားလိုက်ပြီး မြေကြီးပေါ်ကနေ ဆွဲထုတ်ရန် ကြိုးစားလိုက်သည်။ ဒါပေမယ့် သူ ဘယ်လောက်ပဲ ကြိုးစားပါစေ ပင်းလျန့်က သူ့သခင်မကို မောင်းထုတ်လိုက်လို့ သူ့ကို ဒေါသထွက်နေသလိုမျိုးပုံစံနဲ့ မလှုပ်မယှက်ဖြစ်နေပြီး သူ့ကိုမနာခံသလို လုံးဝလည်း ဂရုမစိုက်တော့ဘူး။
အကြိမ်အနည်းငယ် ကြိုးစားပြီးနောက် စုလင်းက စိတ်ဆိုးလာပြီး "မင်း သူ(မ)ကို ရွေးချယ်ဖို့ မင်းစိတ်ထဲကနေ မှတ်ထားလိုက်ပြီပေါ့... ကောင်းတယ်!"
ပင်းလျန့်က သူ့ကို ပြောနေတာ မဟုတ်သလိုမျိုး သေမှာ မကြောက်ဘဲ ပြောင်ပြောင်တင်းတင်း တင်းခံနေခဲ့သည်။
မသိရင် ပင်းလျန့်က သူ့ကို 'အေး၊ ငါက သူ့ကို ရွေးတယ်၊ မင်းကရော..." လို့ ပြောနေပုံတောင် ပေါက်နေသေးသည်။
ကောင်းတယ်! အရမ်းကောင်းတယ်! စုလင်းက ချီရွှယ့်ကို ဆုပ်ကိုင်လိုက်ပြီး ခေါင်းမာသောဓားနှင့် ရှုပ်ပွနေသော နေသောနေရာကို ချန်ရစ်ကာ သူ့၏အင်္ကျီလက်စများကို ဖွဖွခါနေရင်း အေးစက်စက်ပုံစံနဲ့ ပြန်ထွက်လာလိုက်သည်။
စုလင်းက ဒေါသအပြည့်နဲ့ တံခါးအပြင်ကို ထွက်သွားပြီး စုယွိက သူ့ကို မေးခွန်းတွေ မမေးနိုင်ခင် သူက အေးစက်စက်နဲ့ "ငါ ပြန်လာရင် အရင်အတိုင်းဖြစ်နေတာကို မြင်ချင်တယ်"
ပြောပြီးတာနဲ့ လူက သုံးကျန်းအကွာလောက်ကို ရောက်နေပြီ။ (၁ကျန်း- ၃.၅မီတာခန့်)
စုလင်း၏ဒေါသထွက်နေသော ကျောပြင်ကို ကြည့်ရင်း စုယွိက "တာ့ကောက ဘာကိုဆိုလိုတာလဲ"
လင်းယွင်ခြံဝင်းမှာ တစ်ခုခု ပြောင်းလဲနေလို့လား?
စုရန်၏မျက်လုံးများတွင် အလင်းရောင်များ တဖျပ်ဖျပ် တေက်ပလာပြီး အနည်းငယ် နားလည်သွားပုံပေါ်သည်။ သူက ပေါ့ပေါ့ပါးပါး ပြုံးလိုက်ပြီး "မင်း ဝင်ကြည့်လိုက်ရင် သိလာလိမ့်မယ်"
လူတစ်စုက ခြံဝင်းထဲကို အတူတူ ဝင်လာကြချိန်တွင် မီးလောင်ထားသောညှော်နံ့က နှာခေါင်းထဲကို တိုးဝင်လာပေမယ့် အပူချိန်က အပြင်ကထက် ပိုအေးနေခဲ့သည်။ အနီးကပ်ကြည့်လိုက်ချိန်မှာတော့ အားလုံးက ထိတ်လန့်တုန်လှုပ်သွားကြသည်။
အရင်က စိမ်းလန်းစိုပြေနေတဲ့ ထင်းရှူးပင်တွေနဲ့ ပြည့်နေတဲ့ ဥယျာဉ်က အခုအချိန်မှာ မှတ်မိနိုင်လောက်စရာ မရှိလောက်အောင်ဖြစ်လုနီးပါး မီးလောင်ခံထားရပေမယ့် တချို့သစ်ပင်တွေက ဘာလို့ ရေခဲအလွှာတွေ ရှိနေရတာလဲ??? အခုက ခြောက်လပိုင်းဆိုတော့ အရမ်းပူနွေးနေပြီး နှစ်တစ်နှစ်ရဲ့ အပူဆုံးကာလကြီးလေ။
ထိုအပြင် ခြံဝင်းအလယ်တွင် အရင်က မည်သည့်အရာဖြစ်ခဲ့သည်ကို ခွဲခြား၍ မရသော အရာဝတ္ထုများမှ မည်းမှောင်နေသော အပိုင်းအစများ ကျန်ရစ်နေခဲ့သည်။ အခြားဘာမျှ မကျန်တော့တာမှ မြက်ပင်တစ်ပင်တောင် မရှင်သန်နိုင်လောက်ဖူးလို့ ခံစားရစေသည်။
"ဒီမှာ အခုန ဘာတွေဖြစ်သွားတာလဲ"
စုလင်း၏လင်းယွင်ခြံဝင်းကို ဒီလိုပုံစံဖြစ်အောင် ဘယ်အရာက ဖန်တီးခဲ့လဲဆိုတာကို စုယွိက လုံးဝနားမလည်နိုင်ခဲ့ပါဘူး။ အကြီးဆုံးအစ်ကို ပြန်ရောက်လာတာ နှစ်ရှီးချန်လောက်ပဲ ရှိသေးတာ မဟုတ်လား?
စုရန်က စူးစူးရဲရဲ လိုက်ကြည့်နေရင်း မြေပြင်ပေါ်တွင် အဖြူရောင်ဓားရှည်တစ်ချောင်း ရှိနေသည်ကို တွေ့လိုက်ရသည်။ ၎င်းမှာ ပင်းလျန့် ဖြစ်သည်။
စုရန်က အဲဒီနားကိုလျောက်သွားလိုက်ပြီး ထိုင်ချလိုက်သည်။ ပင်းလျန့်က အရင်ကနဲ့ မတူတော့ပါဘူး။ အရင်က သူကို ထိမိရင် အအေးဒဏ်ကို ခံစားရမယ်။ ဒါပေမယ့် အခုတော့ စုရန်က သူ့ဘေးမှာ ထိုင်ချလိုက်တာကိုတောင် အရမ်းအေးနေပြီလေ။
အခုလေးတင် ဒီနေရာမျာ ပွဲကြီးပွဲကောင်း တစ်ခု ရှိခဲ့တာကို နားလည်သွားတဲ့ စုရန်က ထိုပွဲကို သူ မကြည့်လိုက်ရလို့ စိတ်မကောင်း ဖြစ်မိသွားတော့သည်။ စုရန်က သနားစရာကောင်းနေတဲ့ ခြံဝင်းတစ်ဝိုက်ကို လှည့်ပတ်ကြည့်နေရင်း တွေးလိုက်မိသည်။
ဒီလောက်တောင် ဖြစ်သွားတယ်ဆိုမှတော့ တော်တော်ကို အသက်ဝင်ခဲ့ပုံပါပဲ....
သူက အခန်းထဲကို ဝင်သွားလိုက်ပြီး သစ်သားသေတ္တာတစ်လုံးကို ထုတ်ယူလိုက်ကာ ဓားအိမ်ပေါ်မှ ပန်းပွားကြိုးကို ညင်သာစွာ ဆွဲယူလိုက်ပြီး ပင်းလျန့်ကို သစ်သားသေတ္တာထဲကို ထည့်လိုက်သည်။ ထိုနောက် စုရန်က သေတ္တာ၏ကိုယ်ထည်ကို ပွတ်သပ်နေရင်း ခပ်ပြုံးပြုံးလုပ်နေကာ အသံတိုးတိုးနဲ့ "ပင်းလျန့်၊ စိတ်မပူပါနဲ့၊ ငါ လုပ်ပေးမယ်၊ ငါ မင်းကို မင်းသခင်မလက်ထဲ ထည့်ပေးမယ်"
စိတ်ဝင်စားမှု့နှင့် စိတ်လှုပ်ရှားမှုကြောင့် စုရန်၏နှုတ်ခမ်းများက ပြုံးပြီးရင် ပြုံးနေတော့သည်။ နောင်လာမယ့်နေရက်တွေက ဘဝက ပိုစိတ်ဝင်စားဖို့ကောင်းလာတော့မှာ ဖြစ်ပြီး မျှော်လင့်ရကျိုးနပ်တော့မှာလေ ဟုတ်တယ်မလား?? (T/N: ငါတော့ မထင်ပါဘူးဟယ်၊ နင်တို့အစ်ကိုကြီးက အဲ့လောက်ပျက်ဆီးနေတဲ့နေရာကို သူပြန်မလာခင်ပြင်ဆိုတော့ သူက ဘယ်ဆီဘယ်ဝယ်ကို ဘယ်အချိန်အထိ သွားဦးမလဲ မသိဘူး)
စုလင်းက ဒေါသတကြီး ထွက်သွားချိန်မှာ ကုယွင်ကလည်း အရမ်းတော့ စိတ်မချမ်းသာနေခဲ့ပါဘူး။
အိမ်နောက်ဖေးခြံဝင်းကို ပြန်ရောက်တာနဲ့ ကုယွင်က သူမနောက်မှာ သယ်ထားတဲ့ လေးကိုင်းရှည်ကြီးကို စားပွဲပေါ်ကို ဆောင့်ချလိုက်သည်။
သူမ၏ ကြမ်းတမ်းသော ပြုမူမှုကြောင့် စားပွဲပေါ်တွင် လှုပ်ရှားနေသော လေးကိုင်းရှည်ကို ပြင်းပြင်းထန်ထန် စိုက်ကြည့်နေရင်း ကုယွင်၏မျက်လုံးများက ပို၍ပင် နက်မှောင်လာခဲ့သည်။ ယနေ့ညပြီးနောက် သူမက လက်နက်တစ်ခု၏အရေးကြီးပုံကို နက်နက်ရှိုင်းရှိုင်း နားလည်လာခဲ့သည်။ သူမတွင် လက်လှမ်းမီသော တာဝေးပစ်လက်နက်တစ်ခုရှိလျှင် ထိုကြွက်က ယနေ့ည လွတ်မြောက်နိုင်မည် မဟုတ်ပေ။ ထိုအပြင် ပင်းလျန့်၏အကူအညီသာ မရခဲ့လျှင် သူမ စုလင်းကို ဘယ်လောက်ပဲ ကြိုးကြိုးစားစား ယှဉ်ပြိုင်ပါစေ သူလက်ကနေ လွတ်မြောက်နိုင်မှာ မဟုတ်ပါဘူး။
ပင်းလျန်ကဲ့သို့ ပစ္စည်းက ရရှိရန် ခက်ခဲပြီး ပစ္စတိုကဲ့သို့ အပူအားပြင်းသော လက်နက်များကိုလည်း ဤနေရာတွင် အောင်မြင်စွာ ထုတ်လုပ်နိုင်ဖွယ် မရှိပေ။ လက်တွေ့မကျသော အရာများကို တွေးတောနေမည့်အစား သယ်ဆောင်ရလွယ်ကူပြီး အဆက်မပြတ် ပစ်နိုင်သော လက်တွေ့ကျသောအရာကို ဖန်တီးခြင်းက ပိုကောင်းနိုင်သည်။ ဆက်တိုက်ပစ်ခတ်နိုင်ပြီး ပိုမိုထိရောက်စေနိုင်မယ့် တာဝေးပစ်လက်နက်တစ်ခုပေါ့....
ဒီသဘောတရားကို စိတ်ထဲမှာ တွေးတောနေရင်း ကုယွင်က စားပွဲပေါ်က စာရွက်ကို ချက်ချင်း ဆွဲယူလိုက်ပြီး မှင်တံနဲ့ မှင်ကျောက်တွေကို တွန်းဖယ်လိုက်သည်။ သူမက စုတ်တံနဲ့ မှင်တွေကို ဘယ်တုန်းကမှ မကြိုက်ခဲ့ပါဘူး။ သူမက အလိုရှိလျှင် သုံးနိုင်ရန် မီးသွေးအနည်းငယ်ကို စားပွဲခုံပေါ်တွင် အချိန်တိုင်း တင်ထားခဲ့သည်။
သူမက သူမလက်ထဲတွင် လေးကိုင်ရှည်ကို ကိုင်ထားပြီး အချိန်အတော်ကြာ ဂရုတစိုက်လေ့လာပြီးနောက် စိတ်ကူးစိတ်သန်းတွေများပေါ်လာကာ စာရွက်ပေါ်တွင် စတင်ရေးဆွဲခဲ့သည်။
❤️❤️❤️Thank you so much for your lovely supports❤️❤️❤️
အခန္း ၅ စုလင္းျပန္လာၿပီ (အပိုင္း ၅)
ကုယြင္က ေနာက္ကို ျပန္လွည့္ၿပီး ၿခံဝင္းတစ္ဝိုက္ကို လွည့္ပတ္ၾကည့္လိုက္ကာ ရယ္ရမလား ငိုရမလားေတာင္ မသိေတာ့ေပ။ ဒါက ဘယ္လိုျဖစ္သြားရတာလဲ?
သူတို႔က လႈပ္ရွားမႈေလး တစ္ခုႏွစ္ခုေလာက္ပဲ လုပ္ခဲ့တာပါ။
သူမအနီးရွိ ၿခံဝင္း၏တစ္ဖက္တြင္ရွိေနေသာ နဂိုက စိမ္းလန္းစိုေျပေသာ ထင္းရႉးပင္မ်ားက ေလာင္ကြၽမ္းေနေသာ အနက္ေရာင္ အကိုင္းအခက္မ်ားအျဖစ္သို႔ ေျပာင္းလဲေနၿပီး စုလင္းအနီးရွိအရာအားလုံးက ေရခဲတုံးမ်ားအျဖစ္ ေအးခဲေနခဲ့သည္။ ၿခံဝင္းအတြင္းရွိ တစ္ခုတည္းေသာ ေက်ာက္ခုံတန္းလ်ားႏွင့္ ေက်ာက္စားပြဲက သူတို႔ႏွင့္ အလြန္နီးကပ္လြန္းေသာေၾကာင့္ ေလာင္ကြၽမ္းေနေသာ အနက္ေရာင္ ေက်ာက္တုံးမ်ားအျဖစ္သို႔ ေျပာင္းလဲသြားၿပီး ၎၏မူလအသြင္အျပင္ကို လုံးဝမျမင္ရေတာ့ေပ။
ဒါႀကီးက... လြန္လြန္းအားႀကီးတယ္ေလ...
စုလင္း၏ေအးခဲေနေသာ မ်က္ႏွာက မည္းေမွာင္ေနရာမွ ျဖဴေဖ်ာ့သြားသည္ကို ျမင္လိုက္ရတာေၾကာင့္ ကုယြင္က သူမစိတ္ထဲကေန သုံးႀကိမ္တိတိ ဟက္ဟက္ပက္ပက္ ေလွာင္ရယ္လိုက္ၿပီး ေနလို႔ထိုင္လို႔ ပိုေကာင္းလာေတာ့သည္။
ေျခသံမ်ား နီးကပ္လာသည္ႏွင့္အမွ် စုလင္းက ႐ုတ္တရက္ "ဘယ္သူ႔ကိုမွ ဝင္ခြင့္မျပဳဘူး"
ပင္းလ်န႔္က ခ်င္းေမာ့ကို ေ႐ြးခ်ယ္ခဲ့တဲ့အေၾကာင္းကို သူက ရန္နဲ႔ ယြိကို မသိေစခ်င္ပါဘူး၊ မဟုတ္ရင္ မ်ိဳးႏြယ္စု အိမ္ေတာ္မွာရွိေနတဲ့ လူႀကီးေတြ သိသြားရင္ သူ ဒုကၡေရာက္လိမ့္မယ္!
ၿခံတံခါးဝဆီသို႔ အျမန္ေျပးလာေနေသာ စုယြိ၏ေျခလွမ္းမ်ားက တြန႔္ဆုတ္သြားၿပီး သူက စိုးရိမ္တႀကီးနဲ႔ ေမးလိုက္သည္။
"တာ့ေကာ၊ ဘာေတြျဖစ္ေနတာလဲ"
အႀကီးဆုံးအစ္ကို၏ လင္းယြန္းၿခံဝင္းမွ ထြက္ေပၚလာေသာ ပုံမွန္ မဟုတ္ေသာ စူးရွေသာ အသံကို ယခုထက္ထိ မည္သို႔ ေဖာ္ျပရမွန္း မသိေသးေပ။ စစ္သူႀကီးအိမ္ေတာ္သာမကဘဲ ငါးမိုင္ပတ္လည္မွာ ရွိတဲ့လူတိုင္း ထိုအသံမ်ားကို ၾကားႏိုင္ေလာက္သည္ဟု ခန႔္မွန္းႏိုင္သည္။ ဘာေတြ ျဖစ္ကုန္တာလဲ???
စုရန္က စုယြိ၏ေနာက္တြင္ ရပ္ေနၿပီး သူ႔မ်က္ႏွာတြင္ ေတြးေတာေနေသာ အမူအရာမ်ားရွိေနေပမယ့္ သူက ေသခ်ာေပါက္ စိုးရိမ္ေနျခင္း မရွိေပ။ အခုန အစ္ကိုႀကီး၏ေအာ္သံက စြမ္းအင္ျပည့္ေနၿပီး၊ ၎မွာ အႀကီးဆုံးအစ္ကိုအတြက္ ဘာအမွားအယြင္းမွ မရွိေၾကာင္း ျပသေနသည္။
ၿခံဝင္းထဲမွာ ကုယြင္က သူမလက္ထဲမွ ဓားကို ငုံၾကည့္ေနၿပီး ဓားက ပုံမွန္အေနအထားအတိုင္း ျပန္ေရာက္ေနကာ ခုနကလို ရန္မလိုေနေပမယ့္ ေအးစက္ေနဆဲပင္။ ကုယြင္က မယုံႏိုင္စြာနဲ႔ ေမးလိုက္သည္။
"ဓားက ဘာလို႔..."
မထင္မွတ္ပဲ၊ သူမ စကားမဆုံးခင္ စုလင္းက သူမကို ေအးစက္စက္ဟန႔္တားလိုက္ၿပီး "ဒါက မင္းနဲ႔ မဆိုင္ဘူး၊ မင္း သိဖို႔ မလိုဘူး"
ကုယြင္၏မိုးမခကိုင္းပုံမ်က္ခုံးမ်ားက မ်က္ေမွာင္ၾကဳတ္လာၿပီး သူမလက္ထဲမွ ဓားရွည္ကို ဓားအိမ္ထဲ ျပန္ထည့္ကာ မီးေလာင္ကြၽမ္းေနေသာ ေက်ာက္စားပြဲေပၚ လွမ္းတင္လိုက္ရင္း ေအးစက္စြာ ေအာ္ေျပာလိုက္သည္။
"ဘယ္သူက ဂ႐ုစိုက္ေနလို႔လဲ"
သူမက ဤဓားကို အလြန္ႏွစ္သက္ေသာ္လည္း သူမ မပိုင္ဆိုင္ေၾကာင္းကို သူမ သိေနခဲ့သည္။ သူမက ဓားကိုေတာင္းဖို႔ ဘယ္တုန္းကမွ မေတြးခဲ့ပါဘူး။ ထူးဆန္းေနလို႔ သံသယဝင္ေနခဲ့႐ုံပါပဲ။
ကုယြင္က ျပန္လွည့္ထြက္သြားေသာ္လည္း စားပြဲေပၚက ဓားရွည္က ႐ုတ္တရက္ လြင့္ပ်ံထြက္သြားၿပီး ကုယြင္ေရွ႕တြင္ ပိတ္ဆို႔ေနကာ သူမ၏ေျခေထာက္နားမွ ေျမျပင္တြင္ ထိုးစိုက္ေနၿပီး သူမကို ျပင္းျပင္းထန္ထန္ တြယ္ကပ္ေနခဲ့သည္။ ထိုအရာက စကားမေျပာႏိုင္ေသာ္လည္း ထိုဓားရွည္၏ တြယ္တာမႈကို ကုယြင္လည္း ခံစားလိုက္ရသည္။ သူမ ေနာက္ကို လိုက္ခ်င္ေနတာေလ...
ကုယြင္က သူမကိုယ္ကို တစ္ဝက္တစ္ပ်က္ငုံခ်လိုက္ၿပီး ဓားသြားကို အသာအယာ ပြတ္သပ္ေပးလိုက္ၿပီးေနာက္ ဘာမွ မေျပာေတာ့ဘဲ မတ္တပ္ထရပ္ကာ စုလင္းကို ထပ္မၾကည့္ဘဲ ပုံမွန္အတိုင္း ေအးေဆးစြာ ထြက္သြားေလသည္။
သူမ ၿခံတံခါးကို ဖြင့္လိုက္ခ်ိန္တြင္ အျပင္မွာ ရပ္ေစာင့္ေနဆဲျဖစ္ေသာ စုယြိကို ေတြ႕လိုက္ရသည္။ စုယြိက စိတ္ရႈပ္သြားေပမယ့္ သိခ်င္စိတ္ေၾကာင့္ လွမ္းေမးလိုက္သည္။
"ခ်င္းေမာ့? မင္းက ဘာလို႔ ဒီမွာရွိေနတာလဲ"
ခ်င္းေမာ့က သူ႔ကို လ်စ္လ်ဴရႈကာ အိမ္ေနာက္ေဖးဆီသို႔ တိတ္တဆိတ္ ေလွ်ာက္သြားခဲ့သည္။
စုယြိက ပိုလို႔ေတာင္ စိတ္ရႈပ္သြားေတာ့တယ္၊ ဘာေတြ ျဖစ္ေနတာလဲ။
ၿခံဝင္းထဲတြင္ စုလင္းက ပင္းလ်န႔္ဆီကို ေလွ်ာက္သြားလိုက္ၿပီး ေျမႀကီးေပၚကေန ဆြဲထုတ္ရန္ ႀကိဳးစားလိုက္သည္။ ဒါေပမယ့္ သူ ဘယ္ေလာက္ပဲ ႀကိဳးစားပါေစ ပင္းလ်န႔္က သူ႔သခင္မကို ေမာင္းထုတ္လိုက္လို႔ သူ႔ကို ေဒါသထြက္ေနသလိုမ်ိဳးပုံစံနဲ႔ မလႈပ္မယွက္ျဖစ္ေနၿပီး သူ႔ကိုမနာခံသလို လုံးဝလည္း ဂ႐ုမစိုက္ေတာ့ဘူး။
အႀကိမ္အနည္းငယ္ ႀကိဳးစားၿပီးေနာက္ စုလင္းက စိတ္ဆိုးလာၿပီး "မင္း သူ(မ)ကို ေ႐ြးခ်ယ္ဖို႔ မင္းစိတ္ထဲကေန မွတ္ထားလိုက္ၿပီေပါ့... ေကာင္းတယ္!"
ပင္းလ်န႔္က သူ႔ကို ေျပာေနတာ မဟုတ္သလိုမ်ိဳး ေသမွာ မေၾကာက္ဘဲ ေျပာင္ေျပာင္တင္းတင္း တင္းခံေနခဲ့သည္။
မသိရင္ ပင္းလ်န္႔က သူ႔ကို 'ေအး၊ ငါက သူ႔ကို ေ႐ြးတယ္၊ မင္းကေရာ..." လို႔ ေျပာေနပုံေတာင္ ေပါက္ေနေသးသည္။
ေကာင္းတယ္! အရမ္းေကာင္းတယ္! စုလင္းက ခ်ီ႐ႊယ့္ကို ဆုပ္ကိုင္လိုက္ၿပီး ေခါင္းမာေသာဓားႏွင့္ ရႈပ္ပြေနေသာ ေနေသာေနရာကို ခ်န္ရစ္ကာ သူ႔၏အက်ႌလက္စမ်ားကို ဖြဖြခါေနရင္း ေအးစက္စက္ပုံစံနဲ႔ ျပန္ထြက္လာလိုက္သည္။
စုလင္းက ေဒါသအျပည့္နဲ႔ တံခါးအျပင္ကို ထြက္သြားၿပီး စုယြိက သူ႔ကို ေမးခြန္းေတြ မေမးႏိုင္ခင္ သူက ေအးစက္စက္နဲ႔ "ငါ ျပန္လာရင္ အရင္အတိုင္းျဖစ္ေနတာကို ျမင္ခ်င္တယ္"
ေျပာၿပီးတာနဲ႔ လူက သုံးက်န္းအကြာေလာက္ကို ေရာက္ေနၿပီ။ (၁က်န္း- ၃.၅မီတာခန႔္)
စုလင္း၏ေဒါသထြက္ေနေသာ ေက်ာျပင္ကို ၾကည့္ရင္း စုယြိက "တာ့ေကာက ဘာကိုဆိုလိုတာလဲ"
လင္းယြင္ၿခံဝင္းမွာ တစ္ခုခု ေျပာင္းလဲေနလို႔လား?
စုရန္၏မ်က္လုံးမ်ားတြင္ အလင္းေရာင္မ်ား တဖ်ပ္ဖ်ပ္ ေတက္ပလာၿပီး အနည္းငယ္ နားလည္သြားပုံေပၚသည္။ သူက ေပါ့ေပါ့ပါးပါး ၿပဳံးလိုက္ၿပီး "မင္း ဝင္ၾကည့္လိုက္ရင္ သိလာလိမ့္မယ္"
လူတစ္စုက ၿခံဝင္းထဲကို အတူတူ ဝင္လာၾကခ်ိန္တြင္ မီးေလာင္ထားေသာေညႇာ္နံ႔က ႏွာေခါင္းထဲကို တိုးဝင္လာေပမယ့္ အပူခ်ိန္က အျပင္ကထက္ ပိုေအးေနခဲ့သည္။ အနီးကပ္ၾကည့္လိုက္ခ်ိန္မွာေတာ့ အားလုံးက ထိတ္လန႔္တုန္လႈပ္သြားၾကသည္။
အရင္က စိမ္းလန္းစိုေျပေနတဲ့ ထင္းရႉးပင္ေတြနဲ႔ ျပည့္ေနတဲ့ ဥယ်ာဥ္က အခုအခ်ိန္မွာ မွတ္မိႏိုင္ေလာက္စရာ မရွိေလာက္ေအာင္ျဖစ္လုနီးပါး မီးေလာင္ခံထားရေပမယ့္ တခ်ိဳ႕သစ္ပင္ေတြက ဘာလို႔ ေရခဲအလႊာေတြ ရွိေနရတာလဲ??? အခုက ေျခာက္လပိုင္းဆိုေတာ့ အရမ္းပူေႏြးေနၿပီး ႏွစ္တစ္ႏွစ္ရဲ႕ အပူဆုံးကာလႀကီးေလ။
ထိုအျပင္ ၿခံဝင္းအလယ္တြင္ အရင္က မည္သည့္အရာျဖစ္ခဲ့သည္ကို ခြဲျခား၍ မရေသာ အရာဝတၳဳမ်ားမွ မည္းေမွာင္ေနေသာ အပိုင္းအစမ်ား က်န္ရစ္ေနခဲ့သည္။ အျခားဘာမွ် မက်န္ေတာ့တာမွ ျမက္ပင္တစ္ပင္ေတာင္ မရွင္သန္ႏိုင္ေလာက္ဖူးလို႔ ခံစားရေစသည္။
"ဒီမွာ အခုန ဘာေတြျဖစ္သြားတာလဲ"
စုလင္း၏လင္းယြင္ၿခံဝင္းကို ဒီလိုပုံစံျဖစ္ေအာင္ ဘယ္အရာက ဖန္တီးခဲ့လဲဆိုတာကို စုယြိက လုံးဝနားမလည္ႏိုင္ခဲ့ပါဘူး။ အႀကီးဆုံးအစ္ကို ျပန္ေရာက္လာတာ ႏွစ္ရွီးခ်န္ေလာက္ပဲ ရွိေသးတာ မဟုတ္လား?
စုရန္က စူးစူးရဲရဲ လိုက္ၾကည့္ေနရင္း ေျမျပင္ေပၚတြင္ အျဖဴေရာင္ဓားရွည္တစ္ေခ်ာင္း ရွိေနသည္ကို ေတြ႕လိုက္ရသည္။ ၎မွာ ပင္းလ်န႔္ ျဖစ္သည္။
စုရန္က အဲဒီနားကိုေလ်ာက္သြားလိုက္ၿပီး ထိုင္ခ်လိုက္သည္။ ပင္းလ်န႔္က အရင္ကနဲ႔ မတူေတာ့ပါဘူး။ အရင္က သူကို ထိမိရင္ အေအးဒဏ္ကို ခံစားရမယ္။ ဒါေပမယ့္ အခုေတာ့ စုရန္က သူ႔ေဘးမွာ ထိုင္ခ်လိုက္တာကိုေတာင္ အရမ္းေအးေနၿပီေလ။
အခုေလးတင္ ဒီေနရာမ်ာ ပြဲႀကီးပြဲေကာင္း တစ္ခု ရွိခဲ့တာကို နားလည္သြားတဲ့ စုရန္က ထိုပြဲကို သူ မၾကည့္လိုက္ရလို႔ စိတ္မေကာင္း ျဖစ္မိသြားေတာ့သည္။ စုရန္က သနားစရာေကာင္းေနတဲ့ ၿခံဝင္းတစ္ဝိုက္ကို လွည့္ပတ္ၾကည့္ေနရင္း ေတြးလိုက္မိသည္။
ဒီေလာက္ေတာင္ ျဖစ္သြားတယ္ဆိုမွေတာ့ ေတာ္ေတာ္ကို အသက္ဝင္ခဲ့ပုံပါပဲ....
သူက အခန္းထဲကို ဝင္သြားလိုက္ၿပီး သစ္သားေသတၱာတစ္လုံးကို ထုတ္ယူလိုက္ကာ ဓားအိမ္ေပၚမွ ပန္းပြားႀကိဳးကို ညင္သာစြာ ဆြဲယူလိုက္ၿပီး ပင္းလ်န႔္ကို သစ္သားေသတၱာထဲကို ထည့္လိုက္သည္။ ထိုေနာက္ စုရန္က ေသတၱာ၏ကိုယ္ထည္ကို ပြတ္သပ္ေနရင္း ခပ္ၿပဳံးၿပဳံးလုပ္ေနကာ အသံတိုးတိုးနဲ႔ "ပင္းလ်န႔္၊ စိတ္မပူပါနဲ႔၊ ငါ လုပ္ေပးမယ္၊ ငါ မင္းကို မင္းသခင္မလက္ထဲ ထည့္ေပးမယ္"
စိတ္ဝင္စားမႈ႕ႏွင့္ စိတ္လႈပ္ရွားမႈေၾကာင့္ စုရန္၏ႏႈတ္ခမ္းမ်ားက ၿပဳံးၿပီးရင္ ၿပဳံးေနေတာ့သည္။ ေနာင္လာမယ့္ေနရက္ေတြက ဘဝက ပိုစိတ္ဝင္စားဖို႔ေကာင္းလာေတာ့မွာ ျဖစ္ၿပီး ေမွ်ာ္လင့္ရက်ိဳးနပ္ေတာ့မွာေလ ဟုတ္တယ္မလား?? (T/N: ငါေတာ့ မထင္ပါဘူးဟယ္၊ နင္တို႔အစ္ကိုႀကီးက အဲ့ေလာက္ပ်က္ဆီးေနတဲ့ေနရာကို သူျပန္မလာခင္ျပင္ဆိုေတာ့ သူက ဘယ္ဆီဘယ္ဝယ္ကို ဘယ္အခ်ိန္အထိ သြားဦးမလဲ မသိဘူး)
စုလင္းက ေဒါသတႀကီး ထြက္သြားခ်ိန္မွာ ကုယြင္ကလည္း အရမ္းေတာ့ စိတ္မခ်မ္းသာေနခဲ့ပါဘူး။
အိမ္ေနာက္ေဖးၿခံဝင္းကို ျပန္ေရာက္တာနဲ႔ ကုယြင္က သူမေနာက္မွာ သယ္ထားတဲ့ ေလးကိုင္းရွည္ႀကီးကို စားပြဲေပၚကို ေဆာင့္ခ်လိုက္သည္။
သူမ၏ ၾကမ္းတမ္းေသာ ျပဳမူမႈေၾကာင့္ စားပြဲေပၚတြင္ လႈပ္ရွားေနေသာ ေလးကိုင္းရွည္ကို ျပင္းျပင္းထန္ထန္ စိုက္ၾကည့္ေနရင္း ကုယြင္၏မ်က္လုံးမ်ားက ပို၍ပင္ နက္ေမွာင္လာခဲ့သည္။ ယေန႔ညၿပီးေနာက္ သူမက လက္နက္တစ္ခု၏အေရးႀကီးပုံကို နက္နက္ရႈိင္းရႈိင္း နားလည္လာခဲ့သည္။ သူမတြင္ လက္လွမ္းမီေသာ တာေဝးပစ္လက္နက္တစ္ခုရွိလွ်င္ ထိုႂကြက္က ယေန႔ည လြတ္ေျမာက္ႏိုင္မည္ မဟုတ္ေပ။ ထိုအျပင္ ပင္းလ်န႔္၏အကူအညီသာ မရခဲ့လွ်င္ သူမ စုလင္းကို ဘယ္ေလာက္ပဲ ႀကိဳးႀကိဳးစားစား ယွဥ္ၿပိဳင္ပါေစ သူလက္ကေန လြတ္ေျမာက္ႏိုင္မွာ မဟုတ္ပါဘူး။
ပင္းလ်န္ကဲ့သို႔ ပစၥည္းက ရရွိရန္ ခက္ခဲၿပီး ပစၥတိုကဲ့သို႔ အပူအားျပင္းေသာ လက္နက္မ်ားကိုလည္း ဤေနရာတြင္ ေအာင္ျမင္စြာ ထုတ္လုပ္ႏိုင္ဖြယ္ မရွိေပ။ လက္ေတြ႕မက်ေသာ အရာမ်ားကို ေတြးေတာေနမည့္အစား သယ္ေဆာင္ရလြယ္ကူၿပီး အဆက္မျပတ္ ပစ္ႏိုင္ေသာ လက္ေတြ႕က်ေသာအရာကို ဖန္တီးျခင္းက ပိုေကာင္းႏိုင္သည္။ ဆက္တိုက္ပစ္ခတ္ႏိုင္ၿပီး ပိုမိုထိေရာက္ေစႏိုင္မယ့္ တာေဝးပစ္လက္နက္တစ္ခုေပါ့....
ဒီသေဘာတရားကို စိတ္ထဲမွာ ေတြးေတာေနရင္း ကုယြင္က စားပြဲေပၚက စာ႐ြက္ကို ခ်က္ခ်င္း ဆြဲယူလိုက္ၿပီး မွင္တံနဲ႔ မွင္ေက်ာက္ေတြကို တြန္းဖယ္လိုက္သည္။ သူမက စုတ္တံနဲ႔ မွင္ေတြကို ဘယ္တုန္းကမွ မႀကိဳက္ခဲ့ပါဘူး။ သူမက အလိုရွိလွ်င္ သုံးႏိုင္ရန္ မီးေသြးအနည္းငယ္ကို စားပြဲခုံေပၚတြင္ အခ်ိန္တိုင္း တင္ထားခဲ့သည္။
သူမက သူမလက္ထဲတြင္ ေလးကိုင္ရွည္ကို ကိုင္ထားၿပီး အခ်ိန္အေတာ္ၾကာ ဂ႐ုတစိုက္ေလ့လာၿပီးေနာက္ စိတ္ကူးစိတ္သန္းေတြမ်ားေပၚလာကာ စာ႐ြက္ေပၚတြင္ စတင္ေရးဆြဲခဲ့သည္။
❤️❤️❤️Thank you so much for your lovely supports❤️❤️❤️