[Unicode]
ရန်ကုန်မြို့တွင်ရှိသော နာမည်ကြီးစားသောက်ဆိုင်တစ်ခု၏ VIP room တစ်ခုတွင် လူ ၃ယောက်ရှိနေသည်။ အသက်၄၀ ကျော် ၅၀ အရွယ် လူလတ်ပိုင်းများ ဖြစ်ကြသည်။ ထိုသူတို့၏ ၀တ်စားဆင်ယင်ပုံများမှာ အထက်တန်းလွှာများသာ ၀တ်ဆင်နိုင်သော ပုံမျိုးဖြစ်သည်။ ရုပ်ရည်များကလည်း သူမတူအောင် ချောမောနေကြသေးသည်။ လူ၃ယောက်ရှိနေသော်လည်း အခန်းလေးထဲ အသက်ရှုသံမှလွဲ၍ ကျန်သည့်အသံများမကြားရ။
"ဘာကိစ္စရှိလို့ ငါတို့ကိုခေါ်တာလဲ...ဌေးသစ္စာ"
ထို၃ယောက်အနက် အမျိုးသမီးတစ်ယောက်က စကားစလိုက်သည်။ ထိုအခန်းထဲတွင် ဌေးသစ္စာ၊ ရွှေအိနြေ္ဒတို့မောင်နှမ နှစ်ယောက်နဲ့ အမျိုးသားတစ်ယောက်။ ဌေးသစ္စာက သက်ပြင်းတစ်ချက်ချကာ
"မမ...မျိုးနိုင်ကို နောက်ယောင်ခံလိုက်နေတဲ့သူရှိတယ်"
"အဲ့တော့"
ရွှေအိနြေ္ဒက အရေးမကြီးသည့်ဟန် ရှေ့မှအအေးခွက်ကိုသောက်ရင်း မျက်ခုံးပင့်ကာ ပြောသည်။
"အဲ့တော့ မလုပ်နဲ့ မမ... ဒါက ကျွန်တော်တို့ ကိစ္စတွေပါ ပေါ်သွားနိုင်တယ်"
"သူမဟုတ်တာလုပ်ထားလို့ သူနောက်လိုက်နေတာနေမှာပေါ့... နင်က ဘာတွေ တွေးပူနေတာလဲ"
"ကျွန်တော်တို့ကိုပါ ဆွဲထည့်မှာစိုးလို့ ပြောနေတာ မမရ"
"ဒါဆို နင်က ဘယ်လိုလုပ်ချင်လဲ"
"သတ်ပစ်ရမှာပေါ့!"
တစ်လုံးချင်းအေးစက်စွာ ထွက်ပေါ်လာသော စကားသံ။ ထိုစကားသည် ဌေးသစ္စာထံမှ မဟုတ်ပေ။ အခန်းထဲတွင်ရှိကာ လွန်ခဲ့တဲ့နာရီပိုင်းကအထိ တိတ်ဆိတ်နေခဲ့သော အမျိုးသားထံမှဖြစ်သည်။ ဌေးသစ္စာက ထိုအမျိုးသားဘက်ကို လှည့်ကြည့်လိုက်သည်။
"အဲ့ဒါကို ကျွန်တော် မတွေးမိဘူးလို့ ထင်နေတာလား အစ်ကိုလင်းလျာ... သူက အဲ့သလောက်မလွယ်ဘူး... သူ့လက်ထဲမှာ သက်သေတွေရှိတယ်... ကျွန်တော်တို့ သူ့ကို သတ်ဖို့မဖြစ်နိုင်ဘူး"
"မဖြစ်နိုင်ဘူးဆိုတာ မရှိဘူး ယောက်ဖလေး... သူမရှိတော့ရင် သူ့သက်သေတွေလည်း မရှိတော့ဘူးလေ"
ဟိန်းလင်းလျာက အသေးအမွှား ကိစ္စလေးတစ်ခုကို ဖြေရှင်းနေသည့်အလား အေးဆေးစွာပင် မျက်ခုံးပင့်ကာ ပြောလာသည်။ ဌေးသစ္စာလည်း ဟိန်းလင်းလျာစကားကို ခေါင်းညိတ်ပြလိုက်ပြီး
"ဟုတ်ကဲ့ ဒီကိစ္စကျွန်တော့် တာဝန်ထားပါ အစ်ကို"
ဟိန်းလင်းလျာက ရွှေအိနြေ္ဒကိုကြည့်ကာ
"အိနြေ္ဒ... မာယာ့က ခွန်းဆက်ကို တော်တော်သဘောကျနေတယ်... သမီးလေး စိတ်ချမ်းသာအောင် မင်းမလုပ်ပေးနိုင်ဘူးလား"
"ဒီကိစ္စ ငါစီစဉ်ထားတာရှိတယ်... စိတ်ချပါ ခွန်းမိသားစုရဲ့ ဆက်ခံသူရဲ့ သက်ဆိုင်သူက ငါတို့သမီးလေးပဲ ဖြစ်ရမှာပေါ့"
လင်းလျာက အိနြေ္ဒစကားကြောင့် ပြုံးလိုက်သည်။ ရွှေအိနြေ္ဒက မျက်ခုံးနှစ်ခု ထိစပ်လျက် စဉ်းစားတွေဝေဟန်ဖြင့် ပြောလာသည်။
"ဒါပေမယ့်... ငါ ဟိုကလေးကို ကြည့်ရတာ တစ်မျိုးပဲ"
"မမလည်း အဲ့လိုထင်တာမလား... ကျွန်တော် တစ်ယောက်တည်း ထင်နေတာမဟုတ်ဘူးပဲ"
မောင်နှမ နှစ်ယောက်စကားပြောနေသော်လည်း လင်းလျာက စိတ်ဝင်စားသည့်ပုံမရှိချေ။ အခန်းလေးအတွင်း လူ၃ယောက် အတွေးကိုယ်စီနှင့် တစ်ဖန် ငြိမ်သက်သွားကြပြန်သည်။
*********************************
At xxx shopping center,
မာတာမိခင်၏ တစ်ချက်လွှတ် အမိန့်ကြောင့် ခွန်းဆက်တစ်ယောက် မာယာနဲ့အတူ center တစ်ခုလုံး ပတ်နေရသည်။ ခွန်းဆက် လက်မောင်းကိုချိတ်ကာ အတင်းဆွဲခေါ်နေသော မာယာ၏ ခေါင်ဆောင်ရာသို့ ခွန်းဆက် လေးကန်သော ခြေလှမ်းတွေနဲ့အတူ ပျင်းရိပျင်းတွဲလိုက်ပါနေရသည်။
"ကိုကိုကလည်း... လမ်းဘယ်လိုလျှောက်နေတာလဲ"
"မိမာယာ ငါညောင်းနေပြီဟ"
"အဲ့ဆိုလည်း ရှေနားက စားသောက်ဆိုင်ထဲ သွားထိုင်ရအောင်"
"အင်း"
ခွန်းဆက် မာယာနဲ့အတူ စားသောက်ဆိုင်ထဲတွင် ထိုင်ကာ မှာစရာရှိတာများမှာပြီး စကားစမြည်ပြောနေကြသည်။ စကားစမြည်ပြောနေသည်ဆိုသော်လည်း မာယာကသာ ပင်တိုင်ပြောနေခြင်း ဖြစ်ပြီး ခွန်းဆက်ကတော့ အင်းတစ်လုံးသာ လိုက်လေသည်။ ခွန်းဆက် ဆိုင်အတွင်းဝေ့၀ဲကြည့်နေစဉ် သူ၏ မျက်လုံးများက ဆိုင်အပေါက်ဝမှ ၀င်လာသော လူနှစ်ယောက်ဆီသို့ ရောက်ရှိသွားသည်။
အလင်္ကာမုန်းမာန်နဲ့ အသားဖြူဖြူခပ်ချောချော ကောင်လေးတစ်ယောက်။ ခွန်းဆက် မသိလိုက်ခင်မှာပင် သူမျက်ခုံးနှစ်ခု ထိစပ်သွားကြတော့သည်။
ဘာလဲ... သူက ကုမ္ပဏ်ီမှာ ရှိနေရမှာ မဟုတ်ဘူးလား.....
မာယာ ခွန်းဆက်ကိုကြည့်နေရင်း ခွန်းဆက် မျက်မှောင်ကြုတ်သွားသည်ကြောင့် ခွန်းဆက်၏ အကြည့်လားရာဆီ သူပါလိုက်ကြည့်မိသည်။ ဆိုင်ပေါက်ဝမှ လူနှစ်ယောက်ကိုမြင်ပြီး မာယာ နှုတ်ခမ်းများကွေးညွှတ်သွားတော့သည်။
ခွန်းဆက် မာန်အား မမှိတ်မသုန် စိုက်ကြည့်နေသည်။ ခွန်းဆက်ကြည့်နေတုန်းမှာပဲ မာန်က သွားတန်းဖြူဖြူလေးများ ပေါ်အောင်ရယ်လာတော့သည်။
ကျစ်... ဘာတွေပြောနေကြလို့ အဲ့လောက်တောင် ရယ်နေရတာလဲ... ပြီးတော့ ငါတစ်ယောက်လုံးကိုတောင် မမြင်ရအောင် အလင်္ကာမုန်းမာန် ခင်ဗျား မျက်လုံးကန်းနေတာလား ဟမ်.....
ခွန်းဆက် တွေးရင်းတွေးရင်း ဒေါသများက ထွက်လာနေသည်။ ခွန်းဆက်တို့ ထိုင်သောဝိုင်းက ထောင့်စွန်းကျသည်မို့ ဆိုင်ပေါက်ဝမှဆိုလျှင် မြင်နိုင်ဖို့ ခဲယဉ်းသည်။ ခွန်းဆက်တစ်ယောက်ထဲ စိတ်တိုဒေါသထွက်ကာ မာယာရှိသည်ကိုပင် သတိမရတော့။
"ကိုကို!! "
မာယာ ထအော်တော့မှ ခွန်းဆက် မာယာရှိနေသည်ကို ပြန်၍ သတိပြုမိသည်။
"ဘာလဲဟာ"
"ဒီလောက်ခေါ်နေတာ ကိုကိုမှမကြားတာ... မဟုတ်မှလွှဲရော ကိုကိုယောက်ကျား ကောင်လေးတစ်ယောက်နဲ့ ချိန်းတွေ့နေလို့လား"
"မာယာ!!!! "
"ပြောလေ ကိုကို"
ပြန်ပြောသည့် ပုံစံက သူဘာမှမသိသလို အေးဆေးစွာဖြင့်။ ခွန်းဆက် မာယာ့ကို စိုက်ကြည့်ကာ
"နင် ဘာလို့ အဲ့လိုပြောတာလဲ"
မာယာက ပခုံးနှစ်ဖက်တွန့်ကာ
"မသိဘူးလေ... ကိုကိုက စိတ်လွတ်နေလို့ ဒီတိုင်းပဲ ပြောလိုက်တာ... ဘာလဲ မှန်နေလို့လား"
"မာယာနှင်းဆီ!!! "
"အို ကိုကိုကလည်း စိတ်လျှော့ပါ... မာယာက စတာကို... ထပြန်မယ်"
"နင့်ဘာသာ ပြန်တော့ ငါအလုပ်ရှိသေးတယ်"
"အိုကေလေ... အဲ့တာဆိုလည်း မာယာ ပြန်တော့မယ် bye"
ခွန်းဆက် သူ့စကားအား လွယ်လွယ်နားထောင်ကာ ထွက်သွားသော မာယာ့ကြောင့် အံ့ဩသွားရသည်။ သို့သော် ထို အံ့ဩမှုက ကြာကြာတော့ မခံ။ သူ၏ အာရုံက မာန့်ဆီသို့ ပြန်လည်ရောက်ရှိသွားတော့သည်။ မာယာ ဆိုင်ထဲမှ မထွက်ခင် ပိုင်စိုးဟန်နဲ့ မျက်လုံးချင်း ဆုံသွားခဲ့သည်။ မာယာက ဆိုင်ထဲမှမထွက်ခင် ပိုင်စိုးဟန်အား မျက်စိတစ်ဖက် မှိတ်ပြသွားသည်ကြောင့် ပိုင်စိုးဟန် နှုတ်ခမ်းစွန်းတို့ အနည်းငယ် ကော့တက်သွားရသည်။
ခွန်းဆက် မာန့်အားကြည့်နေရင်း ဘယ်ကမှန်းမသိသည့်ဒေါသများက တလိပ်လိပ်ထွက်လာနေသည်။ ဆက်မကြည့်နိူင်တော့တာကြောင့် ဆိုင်ထဲမှဝုန်းဒိုင်းကြဲကာ ထွက်သွားတော့သည်။ ကားကိုလည်း ဦးတည်ရာမရှိ အကြမ်းပတမ်းမောင်းနှင်နေသည်။ သူဘာလို့ဒီလိုဖြစ်နေသည်ကိုလည်း သူကိုယ်တိုင်လည်းနားမလည်။မာန့်အနား တစ်ခြားသူရှိနေသည်ကိုလည်း သဘောမကျ။ အထူးသဖြင့် ယနေ့မာန်နဲ့အတူပါလာသောလူကို ပို၍ပင် သဘောမကျ။
မာန့်အားကြည့်သော ထိုသူ၏ ပိုင်စိုးပိုင်နင်းအကြည့်များက ခွန်းဆက်ကို ပို၍ဒေါသထွက်စေတာဖြစ်သည်။ မာန့်ကို အလိုရမ္မာက်ကြီးစွာနှင့်ကြည့်သော ထိုမျက်လုံးနှစ်လုံးကို ဖောက်ထုတ်ပစ်ချင်လာသည် အထိ။
မုန်းလိုက်တာ မာန်ရယ်... ခင်ဗျား ဘေးမှာ ရှိနေတဲ့သူတွေကို မုန်းလိုက်တာ.....
ခွန်းဆက် သူ့အတွေးများကြောင့် သတိပြန်ဝင်လာချိန်တွင် ထိတ်လန့်သွားရတော့သည်။
"ငါ ဘာဖြစ်နေတာလဲ... ငါ မာန့်ကို ချစ်နေပြီလား... မဟုတ်တာ... ငါ အလင်းကိုပဲ ချစ်တာ... မာန်က အလင်းနဲ့တူလို့... ငါ့အာရုံတွေ ထွေပြားနေတာ... ဟုတ်တယ် ငါချစ်တာ မာန့်ကို... မဟုတ်ဘူး အလင်းကိုပဲ"
ထို့နောက် ကားလေး၏ ဦးတည်ရာက ခွန်းဆက်တို့ သူငယ်ချင်းများ ဆုံနေကြ bar ဆီသို့။
*********************************
စားသောက်ဆိုင်ထဲမှ ဒေါသတကြီးထွက်သွားသော ခွန်းဆက်အားကြည့်ကာ မာန် ကြောင်အသွားရသည်။ ဒီဆိုင်ထဲတွင် ခွန်းဆက်ရှိနေသည်ကို သူမသိခဲ့။
ဒီကလေး ဘာဖြစ်သွားတာလဲ.....
"အစ်ကို"
မာန် ခွန်းဆက်အကြောင်း တွေးနေသောကြောင့် အနည်းငယ် သတိလွတ်နေစဉ် ပိုင်စိုးဟန်၏ ခေါ်သံကြောင့် သတိပြန်လည်လာကာ အတွေးများကို ခါထုတ်လိုက်သည်။
"အင်း"
"စားလို့မကောင်းလို့လား အစ်ကို"
"မဟုတ်ပါဘူး... စားကောင်းပါတယ်"
မာန် ပြောပြီး သူ့အစားကိုသာ ငုံ့စားနေလိုက်သည်။ ပိုင်စိုးဟန် မာန့်အားကြည့်ကာ အပိုင်သိမ်းချင်စိတ်များက ဖြစ်ပေါ်လာရသည်။ သူကိုယ်သူ ယောက်ကျားလေးတွေကို စိတ်မ၀င်စားဘူးဟု ကြွေးကြော်ထားသော်လည်း မာန်နဲ့မှ ထိုကြွေးကြော်ချက်ကို ပြန်ရုတ်သိမ်းရတော့သည်။
ဟုတ်ပါသည်။ သူ မာန့်ကို ကြိုက်သည်။ မာယာနှင်းဆီ၏ အကူအညီတောင်းမှုကြောင့် ဖခင်၏ အရှိန်ဖြင့် မာန့်အနားကပ်ခဲ့သော်လည်း
ယခုတွင်တော့ အမှန်တကယ် သဘောကျသွားမိခဲ့သည်။ မယာနှင်းဆီကိုတောင် ကျေးဇူးတင်မိပါသည်။ မိန်းကလေးရှုံးအောင် လှရက်လွန်းသော ထိုလူသားသည် မြတ်နိုးဖွယ်ရာအတိ။
တရားဝင်လက်ထပ်ထားသောသူ ဟု သိထားသော်လည်း ပိုင်စိုးဟန် လက်မလျှော့နိုင်။ ပို၍ပင် အပိုင်လိုချင်လာမိသည်။
ဘာလို့ ကျွန်တော်နဲ့ အရင်မတွေ့ခဲ့ရတာလဲ အစ်ကို... ဒါပေမယ့် ကိစ္စတော့မရှိပါဘူး... အစ်ကိုက ကျွန်တော့်အပိုင်ပဲ ဖြစ်လာရမှာ... ပိုင်စိုးဟန်ဘ၀မှာ လိုချင်တိုင်း မရတာမရှိခဲ့ဖူးဘူး အစ်ကို.....
မာန်စားပြီးသွားတော့ ပိုင်စိုးဟန်အား ကြည့်လိုက်စဉ် သူ့အား မျက်တောင်မခတ်စတမ်းငေးနေသော ပိုင်စိုးဟန် ကြောင့် ခံပြင်းသွားမိသည်။ သူက မိန်းကလေးမဟုတ်သည်ကို မိန်းကလေးတစ်ယောက်လို ငေးကြည့်ခံရတိုင်း မာန် ဒေါသထွက်မိသည်။ မာန့် အားဒီလိုအကြည့်မျိုးနဲ့ ငေးကြည့်နေသည်ကို မာန်လုံးဝမကြိုက်ပေ။
"ညီ မင်းမစားတော့ဘူးလား"
မာန့်အသံ အနည်းငယ် မာတာတာလေးဖြစ်နေသည်။ ဖြစ်နိုင်လျှင် မာန် ပိုင်စိုးဟန်ရှေ့မှ ထထွက်ချင်နေပြီဖြစ်သည်။ နောက်ဆို ပိုင်စိုးဟန်အား လုပ်ငန်းနဲ့ပတ်သက်ပြီး ရှင်းပြရန် လင်းသာကို လွှဲပေးလိုက်တော့မည် ဟု တွေးထားလိုက်သည်။
"အစ်ကိုက ပြီးသွားပြီလား"
မာန်မေးသည်ကို မဖြေပဲ မာန့်အားပြန်၍ မေးခွန်းထုတ်လာသော ပိုင်စိုးဟန်။ မာန်လည်း ခေါင်းညိတ်ပြလိုက်ကာ
"အင်း"
"ဒါဆို ပြန်ရအောင်လေ"
မာန်လည်း ဘာမှပြန်ပြောမနေတော့ပဲ ပိုင်စိုးဟန်စကားကို သဘောတူကြောင်း ခေါင်းညိတ်ပြကာ ဆိုင်ထဲမှ အရင်ဆုံးထွက်ခဲ့တော့သည်။
"ကျစ်!.ြ..သေစမ်းကွာ...ကားမယူလာမိဘူး"
မာန်စုတ်သတ်ကာ တစ်ယောက်ထဲပြောနေမိတော့သည်။
"အစ်ကို လာလေ...ကျွန်တော့်ကား ဒီမှာ"
"အင်း"
မာန်လည်း စိတ်ပျက်ပျက်နှင့် ပိုင်စိုးဟန်ကားထဲသာ ၀င်ထိုင်လိုက်သည်။
*********************************
Bar တစ်ခု၏ VIP room တစ်ခုတွင် မင်းမြတ် ၊ကောင်းထက် နှင့် မိုးထက်တို့ လောကကြီးကို စိတ်ကုန်နေသည့်ဟန်ဖြင့် မျက်နှာများရှုံ့မဲ့နေကြသည်။အကြောင်းမှာ မူးပြီးပေါက်ကရများပြောနေသော ခွန်းဆက်ကြောင့်ပင် ဖြစ်သည်။ 'ပြောစရာရှိတယ် မင်းတို့လာခဲ့'ဟု ဖုန်းဆက်ခေါ်သောကြောင် ၃ ယောက်သား ရောက်လာကြခြင်းဖြစ်သည်။
"ငါ့မှာတော့ duty ပြီးလို့ နားရမလားမှတ်တယ်... ဒီခွေးကောင် နားပူအောင် လုပ်တာကို ကိုယ့်ခြေထောက်နဲ့ ကိုယ်လာပြီး ခံနေရတယ်"
မိုးထက်က ၀ိုင်တစ်ခွက်ကိုသောက်ရင်း မဲ့ရွဲ့ကာပြောနေသည်။ ထိုသည်ကို ကျန်နှစ်ယောက်မှာလည်း အသံတိတ်ထောက်ခံနေကြသည်။
"မင်းတို့သိလား"
စားပွဲပေါ် ခေါင်းမှောက်နေသော ခွန်းဆက်က ခေါင်းထောင်လာပြီး မိုးထက်တို့ ၃ယောက်အား ကြည့်ကာပြောလာသည်။
"မသိဘူး"
မိုးထက်က ဘောက်ဆတ်ဆတ်ပြန်ဖြေတော့
"ဘယ်သိမလဲ... ဦးနှောက်မှ မရှိတာ"
"ဒီခွေးသူတောင်းစား"
"ကဲပါ မိုးထက်ရယ်... မူးနေတဲ့သူနဲ့ ရန်ဖက်ဖြစ်မနေပါနဲ့"
"ဟေ့ကောင် မင်းမြတ် ငါမမူးဘူးကွ"
မမူးဘူးဟုပြောပြီး ကောင်းထက်ကိုကြည့်ကာ လက်ညိုးတထိုးထိုးလုပ်နေသော ခွန်းဆက်။ မိုးထက်တို့လည်း စိတ်လေသည့် ပုံစံဖြင့် ခွန်းဆက်အား ထိုင်ကြည့်နေကြတော့သည်။
"ဒီမှာ မိုးထက်မင်းယံ... မင်းကိုငါ မကြောက်ဘူးများထင်နေလားဟမ်"
ကောင်းထက်နဲ့မိုးထက်နာမည်ကို ပေါင်းခေါ်လိုက်သော ခွန်းဆက်ပါလေ။
"ဪ... မမူးပေလို့သာပဲ အဖေရယ်"
မိုးထက် ခွန်းဆက်ကို မျက်စောင်းလှမ်းထိုးပြီးပြောလိုက်ခြင်း ဖြစ်သည်။
"မိုးထက် မင်းလည်းတော်တော့... ရောင်နီ အခုဏ စကားလေး ဆက်ပါအုံး"
"ဘာစကားလဲ"
ပြန်မေးလာသော ခွန်းဆက်ကြောင့် မင်းမြတ် စိတ်ကိုအရှည်ဆုံး ဆွဲဆန့်လိုက်ကာ
"မင်းတို့သိလားဆိုတာလေ"
"ဪ"
ထိုအခါမှ ဪတလာကာ ကိုယ်ကိုမတ်မတ်ပြန်ထိုင်လိုက်ရင်း အလေးနက်ပုံစံဖြင့် ကောင်းထက်ကို စိုက်ကြည့်လိုက်သည်။ မင်းမြတ်တို့မှာလည်း ခွန်းဆက်၏ ပုံစံကြောင့် စိတ်ဝင်တစား ဖြစ်သွားကြသည်။
"မင်းတို့သိလား"
"ဒီ ဖေ.... "
*********************************
#18.1.2024
#🍁Moe Kyal Phyu🍁
******
နည်းနည်းလေး ပြောစရာရှိတယ်ပေါ့နော်...ဟဲဟဲ။
ပိုင်စိုးဟန် ဆိုတဲ့နာမည်ကလေ အစက ကိုယ် ပိုင်စိုးသူ လို့ပေးထားတာပါ။ ဒါပေမဲ့ ဟိုတလောက နာမည် တူတာလေးတွေ့လိုက်လို့ ပိုင်စိုးဟန် ဆိုပြီးပြန်ပြောင်းလိုက်တာ။
အခုပြောချင်တဲ့အရာကလေ ကိုယ်စိတ်စွဲပြီး ပိုင်စိုးသူလို့ ရေးကောင်းရေးမိနိုင်တယ်။ ဒီအပိုင်းကို စာပြန်စစ်တုန်းကလေ ပိုင်စိုးသူလို့ ရေးထားတာတွေကို ပြန်ပြင်လိုက်ရသေးတယ်။ ကိုယ် မျက်စိလျှမ်းပြီးတော့ မမြင်လို့ မပြင်ထားမိနိုင်တာကြောင့် ဒါဒါလေးတို့က တွေ့ခဲ့ရင် ထောက်ပြပေးပါနော်။ ဒီအပိုင်းမှ မဟုတ်ဘူး နောက်ထပ်အပိုင်းတွေမှာလည်း ရှိနိုင်တာကြောင့် အကူအညီတောင်းပါတယ်ရှင့်။ ဆိုတော့...ဒီလောက်ပါပဲနော်။
အိပ်မက်ကလေးတွေ လှကြပါစေရှင်🥰။
[Zawgyi]
ရန္ကုန္ၿမိဳ့တြင္ရိွေသာ နာမည္ႀကီးစားေသာက္ဆိုင္တစ္ခု၏ VIP room တစ္ခုတြင္ လူ ၃ေယာက္ရိွေနသည္။ အသက္၄၀ ေက်ာ္ ၅၀ အရြယ္ လူလတ္ပိုင္းမ်ား ျဖစ္ၾကသည္။ ထိုသူတို႔၏ ၀တ္စားဆင္ယင္ပံုမ်ားမွာ အထက္တန္းလႊာမ်ားသာ ၀တ္ဆင္ႏိုင္ေသာ ပံုမ်ဳိးျဖစ္သည္။ ႐ုပ္ရည္မ်ားကလည္း သူမတူေအာင္ ေခ်ာေမာေနၾကေသးသည္။ လူ၃ေယာက္ရိွေနေသာ္လည္း အခန္းေလးထဲ အသက္႐ႈသံမွလြဲ၍ က်န္သည့္အသံမ်ားမၾကားရ။
"ဘာကိစၥရိွလို႔ ငါတို႔ကိုေခၚတာလဲ...ေဌးသစၥာ"
ထို၃ေယာက္အနက္ အမ်ဳိးသမီးတစ္ေယာက္က စကားစလိုက္သည္။ ထိုအခန္းထဲတြင္ ေဌးသစၥာ၊ ေရႊအိေႁႏၵတို႔ေမာင္ႏွမ ႏွစ္ေယာက္နဲ႔ အမ်ဳိးသားတစ္ေယာက္။ ေဌးသစၥာက သက္ျပင္းတစ္ခ်က္ခ်ကာ
"မမ...မ်ဳိးႏိုင္ကို ေနာက္ေယာင္ခံလိုက္ေနတဲ့သူရိွတယ္"
"အဲ့ေတာ့"
ေရႊအိေႁႏၵက အေရးမႀကီးသည့္ဟန္ ေရွ႕မွအေအးခြက္ကိုေသာက္ရင္း မ်က္ခံုးပင့္ကာ ေျပာသည္။
"အဲ့ေတာ့ မလုပ္နဲ႔ မမ... ဒါက ကြၽန္ေတာ္တို႔ ကိစၥေတြပါ ေပၚသြားႏိုင္တယ္"
"သူမဟုတ္တာလုပ္ထားလို႔ သူေနာက္လိုက္ေနတာေနမွာေပါ့... နင္က ဘာေတြ ေတြးပူေနတာလဲ"
"ကြၽန္ေတာ္တို႔ကိုပါ ဆြဲထည့္မွာစိုးလို႔ ေျပာေနတာ မမရ"
"ဒါဆို နင္က ဘယ္လိုလုပ္ခ်င္လဲ"
"သတ္ပစ္ရမွာေပါ့!"
တစ္လံုးခ်င္းေအးစက္စြာ ထြက္ေပၚလာေသာ စကားသံ။ ထိုစကားသည္ ေဌးသစၥာထံမွ မဟုတ္ေပ။ အခန္းထဲတြင္ရိွကာ လြန္ခဲ့တဲ့နာရီပိုင္းကအထိ တိတ္ဆိတ္ေနခဲ့ေသာ အမ်ဳိးသားထံမွျဖစ္သည္။ ေဌးသစၥာက ထိုအမ်ဳိးသားဘက္ကို လွည့္ၾကည့္လိုက္သည္။
"အဲ့ဒါကို ကြၽန္ေတာ္ မေတြးမိဘူးလို႔ ထင္ေနတာလား အစ္ကိုလင္းလ်ာ... သူက အဲ့သေလာက္မလြယ္ဘူး... သူ႕လက္ထဲမွာ သက္ေသေတြရိွတယ္... ကြၽန္ေတာ္တို႔ သူ႕ကို သတ္ဖို႔မျဖစ္ႏိုင္ဘူး"
"မျဖစ္ႏိုင္ဘူးဆိုတာ မရိွဘူး ေယာက္ဖေလး... သူမရိွေတာ့ရင္ သူ႕သက္ေသေတြလည္း မရိွေတာ့ဘူးေလ"
ဟိန္းလင္းလ်ာက အေသးအမႊား ကိစၥေလးတစ္ခုကို ေျဖရွင္းေနသည့္အလား ေအးေဆးစြာပင္ မ်က္ခံုးပင့္ကာ ေျပာလာသည္။ ေဌးသစၥာလည္း ဟိန္းလင္းလ်ာစကားကို ေခါင္းညိတ္ျပလိုက္ၿပီး
"ဟုတ္ကဲ့ ဒီကိစၥကြၽန္ေတာ့္ တာ၀န္ထားပါ အစ္ကို"
ဟိန္းလင္းလ်ာက ေရႊအိေႁႏၵကိုၾကည့္ကာ
"အိေႁႏၵ... မာယာ့က ခြန္းဆက္ကို ေတာ္ေတာ္သေဘာက်ေနတယ္... သမီးေလး စိတ္ခ်မ္းသာေအာင္ မင္းမလုပ္ေပးႏိုင္ဘူးလား"
"ဒီကိစၥ ငါစီစဥ္ထားတာရိွတယ္... စိတ္ခ်ပါ ခြန္းမိသားစုရဲ႕ ဆက္ခံသူ႐ဲ့ သက္ဆိုင္သူက ငါတို႔သမီးေလးပဲ ျဖစ္ရမွာေပါ့"
လင္းလ်ာက အိေႁႏၵစကားေၾကာင့္ ၿပံဳးလိုက္သည္။ ေရႊအိေႁႏၵက မ်က္ခံုးႏွစ္ခု ထိစပ္လ်က္ စဥ္းစားေတြေ၀ဟန္ျဖင့္ ေျပာလာသည္။
"ဒါေပမယ့္... ငါ ဟိုကေလးကို ၾကည့္ရတာ တစ္မ်ဳိးပဲ"
"မမလည္း အဲ့လိုထင္တာမလား... ကြၽန္ေတာ္ တစ္ေယာက္တည္း ထင္ေနတာမဟုတ္ဘူးပဲ"
ေမာင္ႏွမ ႏွစ္ေယာက္စကားေျပာေနေသာ္လည္း လင္းလ်ာက စိတ္၀င္စားသည့္ပံုမရိွေခ်။ အခန္းေလးအတြင္း လူ၃ေယာက္ အေတြးကိုယ္စီႏွင့္ တစ္ဖန္ ၿငိမ္သက္သြားၾကျပန္သည္။
*********************************
At xxx shopping center,
မာတာမိခင္၏ တစ္ခ်က္လႊတ္ အမိန္႔ေၾကာင့္ ခြန္းဆက္တစ္ေယာက္ မာယာနဲ႔အတူ center တစ္ခုလံုး ပတ္ေနရသည္။ ခြန္းဆက္ လက္ေမာင္းကိုခ်ိတ္ကာ အတင္းဆြဲေခၚေနေသာ မာယာ၏ ေခါင္ေဆာင္ရာသို႔ ခြန္းဆက္ ေလးကန္ေသာ ေျခလွမ္းေတြနဲ႔အတူ ပ်င္းရိပ်င္းတြဲလိုက္ပါေနရသည္။
"ကိုကိုကလည္း... လမ္းဘယ္လိုေလွ်ာက္ေနတာလဲ"
"မိမာယာ ငါေညာင္းေနၿပီဟ"
"အဲ့ဆိုလည္း ေရွနားက စားေသာက္ဆိုင္ထဲ သြားထိုင္ရေအာင္"
"အင္း"
ခြန္းဆက္ မာယာနဲ႔အတူ စားေသာက္ဆိုင္ထဲတြင္ ထိုင္ကာ မွာစရာရိွတာမ်ားမွာၿပီး စကားစျမည္ေျပာေနၾကသည္။ စကားစျမည္ေျပာေနသည္ဆိုေသာ္လည္း မာယာကသာ ပင္တိုင္ေျပာေနျခင္း ျဖစ္ၿပီး ခြန္းဆက္ကေတာ့ အင္းတစ္လံုးသာ လိုက္ေလသည္။ ခြန္းဆက္ ဆိုင္အတြင္းေ၀့၀ဲၾကည့္ေနစဥ္ သူ၏ မ်က္လံုးမ်ားက ဆိုင္အေပါက္၀မွ ၀င္လာေသာ လူႏွစ္ေယာက္ဆီသို႔ ေရာက္ရိွသြားသည္။
အလကၤာမုန္းမာန္နဲ႔ အသားျဖဴျဖဴခပ္ေခ်ာေခ်ာ ေကာင္ေလးတစ္ေယာက္။ ခြန္းဆက္ မသိလိုက္ခင္မွာပင္ သူမ်က္ခံုးႏွစ္ခု ထိစပ္သြားၾကေတာ့သည္။
ဘာလဲ... သူက ကုမၸဏ္ီမွာ ရိွေနရမွာ မဟုတ္ဘူးလား.....
မာယာ ခြန္းဆက္ကိုၾကည့္ေနရင္း ခြန္းဆက္ မ်က္ေမွာင္ၾကဳတ္သြားသည္ေၾကာင့္ ခြန္းဆက္၏ အၾကည့္လားရာဆီ သူပါလိုက္ၾကည့္မိသည္။ ဆိုင္ေပါက္၀မွ လူႏွစ္ေယာက္ကိုျမင္ၿပီး မာယာ ႏႈတ္ခမ္းမ်ားေကြးၫႊတ္သြားေတာ့သည္။
ခြန္းဆက္ မာန္အား မမိွတ္မသုန္ စိုက္ၾကည့္ေနသည္။ ခြန္းဆက္ၾကည့္ေနတုန္းမွာပဲ မာန္က သြားတန္းျဖဴျဖဴေလးမ်ား ေပၚေအာင္ရယ္လာေတာ့သည္။
က်စ္... ဘာေတြေျပာေနၾကလို့ အဲ့ေလာက္ေတာင္ ရယ္ေနရတာလဲ... ၿပီးေတာ့ ငါတစ္ေယာက္လံုးကိုေတာင္ မျမင္ရေအာင္ အလကၤာမုန္းမာန္ ခင္ဗ်ား မ်က္လံုးကန္းေနတာလား ဟမ္.....
ခြန္းဆက္ ေတြးရင္းေတြးရင္း ေဒါသမ်ားက ထြက္လာေနသည္။ ခြန္းဆက္တို႔ ထိုင္ေသာ၀ိုင္းက ေထာင့္စြန္းက်သည္မို႔ ဆိုင္ေပါက္၀မွဆိုလွ်င္ ျမင္ႏိုင္ဖို႔ ခဲယဥ္းသည္။ ခြန္းဆက္တစ္ေယာက္ထဲ စိတ္တိုေဒါသထြက္ကာ မာယာရိွသည္ကိုပင္ သတိမရေတာ့။
"ကိုကို!! "
မာယာ ထေအာ္ေတာ့မွ ခြန္းဆက္ မာယာရိွေနသည္ကို ျပန္၍ သတိျပဳမိသည္။
"ဘာလဲဟာ"
"ဒီေလာက္ေခၚေနတာ ကိုကိုမွမၾကားတာ... မဟုတ္မွလႊဲေရာ ကိုကိုေယာက္က်ား ေကာင္ေလးတစ္ေယာက္နဲ႔ ခ်ိန္းေတြ႕ေနလို႔လား"
"မာယာ!!!! "
"ေျပာေလ ကိုကို"
ျပန္ေျပာသည့္ ပံုစံက သူဘာမွမသိသလို ေအးေဆးစြာျဖင့္။ ခြန္းဆက္ မာယာ့ကို စိုက္ၾကည့္ကာ
"နင္ ဘာလို႔ အဲ့လိုေျပာတာလဲ"
မာယာက ပခံုးႏွစ္ဖက္တြန္႔ကာ
"မသိဘူးေလ... ကိုကိုက စိတ္လြတ္ေနလို႔ ဒီတိုင္းပဲ ေျပာလိုက္တာ... ဘာလဲ မွန္ေနလို႔လား"
"မာယာႏွင္းဆီ!!! "
"အို ကိုကိုကလည္း စိတ္ေလွ်ာ့ပါ... မာယာက စတာကို... ထျပန္မယ္"
"နင့္ဘာသာ ျပန္ေတာ့ ငါအလုပ္ရိွေသးတယ္"
"အိုေကေလ... အဲ့တာဆိုလည္း မာယာ ျပန္ေတာ့မယ္ bye"
ခြန္းဆက္ သူ႕စကားအား လြယ္လြယ္နားေထာင္ကာ ထြက္သြားေသာ မာယာ့ေၾကာင့္ အံ့ဩသြားရသည္။ သို႔ေသာ္ ထို အံ့ဩမႈက ၾကာၾကာေတာ့ မခံ။ သူ၏ အာ႐ံုက မာန္႔ဆီသို႔ ျပန္လည္ေရာက္ရိွသြားေတာ့သည္။ မာယာ ဆိုင္ထဲမွ မထြက္ခင္ ပိုင္စိုးဟန္နဲ႔ မ်က္လံုးခ်င္း ဆံုသြားခဲ့သည္။ မာယာက ဆိုင္ထဲမွမထြက္ခင္ ပိုင္စိုးဟန္အား မ်က္စိတစ္ဖက္ မိွတ္ျပသြားသည္ေၾကာင့္ ပိုင္စိုးဟန္ ႏႈတ္ခမ္းစြန္းတို႔ အနည္းငယ္ ေကာ့တက္သြားရသည္။
ခြန္းဆက္ မာန္႔အားၾကည့္ေနရင္း ဘယ္ကမွန္းမသိသည့္ေဒါသမ်ားက တလိပ္လိပ္ထြက္လာေနသည္။ ဆက္မၾကည့္ႏိူင္ေတာ့တာေၾကာင့္ ဆိုင္ထဲမွ၀ုန္းဒိုင္းႀကဲကာ ထြက္သြားေတာ့သည္။ ကားကိုလည္း ဦးတည္ရာမရိွ အၾကမ္းပတမ္းေမာင္းႏွင္ေနသည္။ သူဘာလို႔ဒီလိုျဖစ္ေနသည္ကိုလည္း သူကိုယ္တိုင္လည္းနားမလည္။မာန္႔အနား တစ္ျခားသူရိွေနသည္ကိုလည္း သေဘာမက်။ အထူးသျဖင့္ ယေန႔မာန္နဲ႔အတူပါလာေသာလူကို ပို၍ပင္ သေဘာမက်။
မာန္႔အားၾကည့္ေသာ ထိုသူ၏ ပိုင္စိုးပိုင္နင္းအၾကည့္မ်ားက ခြန္းဆက္ကို ပို၍ေဒါသထြက္ေစတာျဖစ္သည္။ မာန္႔ကို အလိုရမၼာက္ႀကီးစြာႏွင့္ၾကည့္ေသာ ထိုမ်က္လံုးႏွစ္လံုးကို ေဖာက္ထုတ္ပစ္ခ်င္လာသည္ အထိ။
မုန္းလိုက္တာ မာန္ရယ္... ခင္ဗ်ား ေဘးမွာ ရိွေနတဲ့သူေတြကို မုန္းလိုက္တာ.....
ခြန္းဆက္ သူ႕အေတြးမ်ားေၾကာင့္ သတိျပန္၀င္လာခ်ိန္တြင္ ထိတ္လန္႔သြားရေတာ့သည္။
"ငါ ဘာျဖစ္ေနတာလဲ... ငါ မာန္႔ကို ခ်စ္ေနၿပီလား... မဟုတ္တာ... ငါ အလင္းကိုပဲ ခ်စ္တာ... မာန္က အလင္းနဲ႔တူလို႔... ငါ့အာ႐ံုေတြ ေထြျပားေနတာ... ဟုတ္တယ္ ငါခ်စ္တာ မာန္႔ကို... မဟုတ္ဘူး အလင္းကိုပဲ"
ထို႔ေနာက္ ကားေလး၏ ဦးတည္ရာက ခြန္းဆက္တို႔ သူငယ္ခ်င္းမ်ား ဆံုေနၾက bar ဆီသို႔။
*********************************
စားေသာက္ဆိုင္ထဲမွ ေဒါသတႀကီးထြက္သြားေသာ ခြန္းဆက္အားၾကည့္ကာ မာန္ ေၾကာင္အသြားရသည္။ ဒီဆိုင္ထဲတြင္ ခြန္းဆက္ရိွေနသည္ကို သူမသိခဲ့။
ဒီကေလး ဘာျဖစ္သြားတာလဲ.....
"အစ္ကို"
မာန္ ခြန္းဆက္အေၾကာင္း ေတြးေနေသာေၾကာင့္ အနည္းငယ္ သတိလြတ္ေနစဥ္ ပိုင္စိုးဟန္၏ ေခၚသံေၾကာင့္ သတိျပန္လည္လာကာ အေတြးမ်ားကို ခါထုတ္လိုက္သည္။
"အင္း"
"စားလို႔မေကာင္းလို႔လား အစ္ကို"
"မဟုတ္ပါဘူး... စားေကာင္းပါတယ္"
မာန္ ေျပာၿပီး သူ႕အစားကိုသာ ငံု႔စားေနလိုက္သည္။ ပိုင္စိုးဟန္ မာန္႔အားၾကည့္ကာ အပိုင္သိမ္းခ်င္စိတ္မ်ားက ျဖစ္ေပၚလာရသည္။ သူကိုယ္သူ ေယာက္က်ားေလးေတြကို စိတ္မ၀င္စားဘူးဟု ေႂကြးေၾကာ္ထားေသာ္လည္း မာန္နဲ႔မွ ထိုေႂကြးေၾကာ္ခ်က္ကို ျပန္႐ုတ္သိမ္းရေတာ့သည္။
ဟုတ္ပါသည္။ သူ မာန္႔ကို ႀကိဳက္သည္။ မာယာႏွင္းဆီ၏ အကူအညီေတာင္းမႈေၾကာင့္ ဖခင္၏ အရိွန္ျဖင့္ မာန္႔အနားကပ္ခဲ့ေသာ္လည္း
ယခုတြင္ေတာ့ အမွန္တကယ္ သေဘာက်သြားမိခဲ့သည္။ မယာႏွင္းဆီကိုေတာင္ ေက်းဇူးတင္မိပါသည္။ မိန္းကေလး႐ံႈးေအာင္ လွရက္လြန္းေသာ ထိုလူသားသည္ ျမတ္ႏိုးဖြယ္ရာအတိ။
တရား၀င္လက္ထပ္ထားေသာသူ ဟု သိထားေသာ္လည္း ပိုင္စိုးဟန္ လက္မေလွ်ာ့ႏိုင္။ ပို၍ပင္ အပိုင္လိုခ်င္လာမိသည္။
ဘာလို႔ ကြၽန္ေတာ္နဲ႔ အရင္မေတြ႕ခဲ့ရတာလဲ အစ္ကို... ဒါေပမယ့္ ကိစၥေတာ့မရိွပါဘူး... အစ္ကိုက ကြၽန္ေတာ့္အပိုင္ပဲ ျဖစ္လာရမွာ... ပိုင္စိုးဟန္ဘ၀မွာ လိုခ်င္တိုင္း မရတာမရိွခဲ့ဖူးဘူး အစ္ကို.....
မာန္စားၿပီးသြားေတာ့ ပိုင္စိုးဟန္အား ၾကည့္လိုက္စဥ္ သူ႕အား မ်က္ေတာင္မခတ္စတမ္းေငးေနေသာ ပိုင္စိုးဟန္ ေၾကာင့္ ခံျပင္းသြားမိသည္။ သူက မိန္းကေလးမဟုတ္သည္ကို မိန္းကေလးတစ္ေယာက္လို ေငးၾကည့္ခံရတိုင္း မာန္ ေဒါသထြက္မိသည္။ မာန္႔ အားဒီလိုအၾကည့္မ်ဳိးနဲ႔ ေငးၾကည့္ေနသည္ကို မာန္လံုး၀မႀကိဳက္ေပ။
"ညီ မင္းမစားေတာ့ဘူးလား"
မာန္႔အသံ အနည္းငယ္ မာတာတာေလးျဖစ္ေနသည္။ ျဖစ္ႏိုင္လွ်င္ မာန္ ပိုင္စိုးဟန္ေရွ႕မွ ထထြက္ခ်င္ေနၿပီျဖစ္သည္။ ေနာက္ဆို ပိုင္စိုးဟန္အား လုပ္ငန္းနဲ႔ပတ္သက္ၿပီး ရွင္းျပရန္ လင္းသာကို လႊဲေပးလိုက္ေတာ့မည္ ဟု ေတြးထားလိုက္သည္။
"အစ္ကိုက ၿပီးသြားၿပီလား"
မာန္ေမးသည္ကို မေျဖပဲ မာန္႔အားျပန္၍ ေမးခြန္းထုတ္လာေသာ ပိုင္စိုးဟန္။ မာန္လည္း ေခါင္းညိတ္ျပလိုက္ကာ
"အင္း"
"ဒါဆို ျပန္ရေအာင္ေလ"
မာန္လည္း ဘာမွျပန္ေျပာမေနေတာ့ပဲ ပိုင္စိုးဟန္စကားကို သေဘာတူေၾကာင္း ေခါင္းညိတ္ျပကာ ဆိုင္ထဲမွ အရင္ဆံုးထြက္ခဲ့ေတာ့သည္။
"က်စ္!.ႄ..ေသစမ္းကြာ...ကားမယူလာမိဘူး"
မာန္စုတ္သတ္ကာ တစ္ေယာက္ထဲေျပာေနမိေတာ့သည္။
"အစ္ကို လာေလ...ကြၽန္ေတာ့္ကား ဒီမွာ"
"အင္း"
မာန္လည္း စိတ္ပ်က္ပ်က္ႏွင့္ ပိုင္စိုးဟန္ကားထဲသာ ၀င္ထိုင္လိုက္သည္။
*********************************
Bar တစ္ခု၏ VIP room တစ္ခုတြင္ မင္းျမတ္ ၊ေကာင္းထက္ ႏွင့္ မိုးထက္တို႔ ေလာကႀကီးကို စိတ္ကုန္ေနသည့္ဟန္ျဖင့္ မ်က္ႏွာမ်ား႐ံႈ႕မဲ့ေနၾကသည္။အေၾကာင္းမွာ မူးၿပီးေပါက္ကရမ်ားေျပာေနေသာ ခြန္းဆက္ေၾကာင့္ပင္ ျဖစ္သည္။ 'ေျပာစရာရိွတယ္ မင္းတို႔လာခဲ့'ဟု ဖုန္းဆက္ေခၚေသာေၾကာင္ ၃ ေယာက္သား ေရာက္လာၾကျခင္းျဖစ္သည္။
"ငါ့မွာေတာ့ duty ၿပီးလို့ နားရမလားမွတ္တယ္... ဒီေခြးေကာင္ နားပူေအာင္ လုပ္တာကို ကိုယ့္ေျခေထာက္နဲ႔ ကိုယ္လာၿပီး ခံေနရတယ္"
မိုးထက္က ၀ိုင္တစ္ခြက္ကိုေသာက္ရင္း မဲ့ရြဲ႕ကာေျပာေနသည္။ ထိုသည္ကို က်န္ႏွစ္ေယာက္မွာလည္း အသံတိတ္ေထာက္ခံေနၾကသည္။
"မင္းတို႔သိလား"
စားပြဲေပၚ ေခါင္းေမွာက္ေနေသာ ခြန္းဆက္က ေခါင္းေထာင္လာၿပီး မိုးထက္တို႔ ၃ေယာက္အား ၾကည့္ကာေျပာလာသည္။
"မသိဘူး"
မိုးထက္က ေဘာက္ဆတ္ဆတ္ျပန္ေျဖေတာ့
"ဘယ္သိမလဲ... ဦးေႏွာက္မွ မရိွတာ"
"ဒီေခြးသူေတာင္းစား"
"ကဲပါ မိုးထက္ရယ္... မူးေနတဲ့သူနဲ႔ ရန္ဖက္ျဖစ္မေနပါနဲ႔"
"ေဟ့ေကာင္ မင္းျမတ္ ငါမမူးဘူးကြ"
မမူးဘူးဟုေျပာၿပီး ေကာင္းထက္ကိုၾကည့္ကာ လက္ညိဳးတထိုးထိုးလုပ္ေနေသာ ခြန္းဆက္။ မိုးထက္တို႔လည္း စိတ္ေလသည့္ ပံုစံျဖင့္ ခြန္းဆက္အား ထိုင္ၾကည့္ေနၾကေတာ့သည္။
"ဒီမွာ မိုးထက္မင္းယံ... မင္းကိုငါ မေၾကာက္ဘူးမ်ားထင္ေနလားဟမ္"
ေကာင္းထက္နဲ႔မိုးထက္နာမည္ကို ေပါင္းေခၚလိုက္ေသာ ခြန္းဆက္ပါေလ။
"ဪ... မမူးေပလို႔သာပဲ အေဖရယ္"
မိုးထက္ ခြန္းဆက္ကို မ်က္ေစာင္းလွမ္းထိုးၿပီးေျပာလိုက္ျခင္း ျဖစ္သည္။
"မိုးထက္ မင္းလည္းေတာ္ေတာ့... ေရာင္နီ အခုဏ စကားေလး ဆက္ပါအံုး"
"ဘာစကားလဲ"
ျပန္ေမးလာေသာ ခြန္းဆက္ေၾကာင့္ မင္းျမတ္ စိတ္ကိုအရွည္ဆံုး ဆြဲဆန္႔လိုက္ကာ
"မင္းတို႔သိလားဆိုတာေလ"
"ဪ"
ထိုအခါမွ ဪတလာကာ ကိုယ္ကိုမတ္မတ္ျပန္ထိုင္လိုက္ရင္း အေလးနက္ပံုစံျဖင့္ ေကာင္းထက္ကို စိုက္ၾကည့္လိုက္သည္။ မင္းျမတ္တို႔မွာလည္း ခြန္းဆက္၏ ပံုစံေၾကာင့္ စိတ္၀င္တစား ျဖစ္သြားၾကသည္။
"မင္းတို႔သိလား"
"ဒီ ေဖ.... "
*********************************
#18.1.2024
#🍁Moe Kyal Phyu🍁
******
နည္းနည္းေလး ေျပာစရာရိွတယ္ေပါ့ေနာ္...ဟဲဟဲ။
ပိုင္စိုးဟန္ ဆိုတဲ့နာမည္ကေလ အစက ကိုယ္ ပိုင္စိုးသူ လို႔ေပးထားတာပါ။ ဒါေပမဲ့ ဟိုတေလာက နာမည္ တူတာေလးေတြ႕လိုက္လို့ ပိုင္စိုးဟန္ ဆိုၿပီးျပန္ေျပာင္းလိုက္တာ။
အခုေျပာခ်င္တဲ့အရာကေလ ကိုယ္စိတ္စြဲၿပီး ပိုင္စိုးသူလို႔ ေရးေကာင္းေရးမိႏိုင္တယ္။ ဒီအပိုင္းကို စာျပန္စစ္တုန္းကေလ ပိုင္စိုးသူလို႔ ေရးထားတာေတြကို ျပန္ျပင္လိုက္ရေသးတယ္။ ကိုယ္ မ်က္စိလွ်မ္းၿပီးေတာ့ မျမင္လို႔ မျပင္ထားမိႏိုင္တာေၾကာင့္ ဒါဒါေလးတို႔က ေတြ႕ခဲ့ရင္ ေထာက္ျပေပးပါေနာ္။ ဒီအပိုင္းမွ မဟုတ္ဘူး ေနာက္ထပ္အပိုင္းေတြမွာလည္း ရိွႏိုင္တာေၾကာင့္ အကူအညီေတာင္းပါတယ္ရွင့္။ ဆိုေတာ့...ဒီေလာက္ပါပဲေနာ္။
အိပ္မက္ကေလးေတြ လွၾကပါေစရွင္🥰။