[Unicode]
မာန် အိပ်ရာမှ နိုးလာတော့ သူ့စိတ်များက ထူးဆန်းစွာပင် လန်းဆန်းနေသည်။ ခါတိုင်းနေ့များဆို မနက်အိပ်ယာနိုးတိုင်း စိတ်တွေထိုင်းမှိုင်းနေတက်သော်လည်း ယနေ့တွင်တော့ မာန့်စိတ်က အတော်လေးအေးချမ်းနေသည်။
ညက အိပ်မက်ထဲ တစ်စုံတစ်ယောက်က သူ့အားလာဖက်ပေးထားခဲ့သည်။ ထိုသူ၏ ရင်ခွင်က နွေးထွေးလွန်းတာကြောင့် မာန် အတိုင်းအဆမရှိ တိုးဝင်ခဲ့သည်။ ထိုသူက မာန့်မျက်နှာအား မော့စေကာ နှုတ်ခမ်းထက် အနမ်းတို့ခြွေချခဲ့သေးသည်။ ထိုအနမ်းသည် မာန့်အတွက် နွေးထွေးသော ကြင်နာသော အနမ်းမျိုးဖြစ်ခဲ့သည်။
မာန့် သူ့နှုတ်ခမ်းလေးအား လက်ချောင်းကလေးများဖြင့် ဖွဖွထိကာ အိပ်မက်ထဲမှ ထိုသူ၏ မျက်နှာအားပုံဖော်ကြည့်နေမိသည်။ သို့သော် သူဘယ်လိုမှပုံဖော်၍ မရပေ။ နှုတ်ခမ်းဖူးဖူးလေးအား လက်ဖြင့်ပွတ်ဆွဲရင်း
"ငါမင်းကို ထပ်တွေ့ချင်တယ်... ငါရဲ့ နွေးထွေးရာရပ်ဝန်းလေး"
ဒေါက်... ဒေါက်... ဒေါက်
မာန်တစ်ယောက်တည်း စကားဆိုနေတုန်း ထွက်ပေါ်လာသော တံခါးခေါက်သံ။ မာန်လည်း ကုတင်ပေါ်မှဆင်းကာ တံခါးဖွင့်လိုက်တော့ တွေ့လိုက်ရသော ခွန်းဆက်။
စောစောစီးစီး မမြင်ချင်တဲ့မျက်နှာကို မြင်ရပြန်ပြီ.....
"ဟိတ် အတွေးထဲ ကျွန်တော့်ကို ပြစ်မှားမနေနဲ့... အန်တီမိုး ခေါ်ခိုင်းလို့ လာခေါ်တာ"
"အားအားယားယား မင်းကိုပြစ်မှားစရာလား... ရူးသွားရင်တောင် မဖြစ်နိုင်ဘူး"
မာန်က နှုတ်ခမ်းကို မဲ့ရွဲ့ကာ ပြောတော့ ခွန်းဆက်က ဟက်ခနဲ တစ်ချက်ရယ်ကာ
"အေးပေါ့လေ... အရူးကို မင်းရူးနေလားလို့ သွားမေးရင် မရူးဘူးလို့ပဲ ဖြေမှာပေါ့"
ခွန်းဆက် မထီသလို မျက်နှာပေးနှင့် ပြန်ပြောတော့ မာန်က မျက်မှောင်ကြုတ်ကာ ခွန်းဆက်အား မော့ကြည့်လိုက်သည်။ ခွန်းဆက်က မာန့်ထက် အရပ်ပိုရှည်သည်ကြောင့် မာန်မော့ကြည့်နေရခြင်းဖြစ်သည်။ အဝေးကနေဆို သိပ်မသိသာသော်လည်း အခုလိုမျက်နှာချင်းဆိုင် ရပ်နေသည့်အချိန်များတွင် သိသိသာသာကို မော့ကြည့်နေရသည်။ ခွန်းဆက်အား မော့ကြည့်နေရသည်ကြောင့် မာန်မျက်နှာလေးက တဖြည်းဖြည်းဆူပုတ်လာကာ နီရဲရဲနှုတ်ခမ်းလေးနှစ်ခုကလည်း ရှေ့သို့ မသိမသာ ဆူထွက်လာသည်။ ထိုဖြစ်စဉ်ကို ကြည့်နေသော ခွန်းဆက်မှာတော့ အာခေါင်များပင် ခြောက်လာပေသည်။
"မင်းသွားတော့ ငါမျက်နှာသစ်ပြီး ဆင်းလာခဲ့မယ်"
မာန်ပြောလိုက်သော်လည်း ခွန်းဆက်က မသွားသေးပဲ မာန့်ကို စိုက်ကြည့်နေသေးသည်။ ရှင်းရှင်းပြောရလျှင် မာန်ပြောသည်ကို ခွန်းဆက်မကြားပါ။ခွန်းဆက် အာရုံအလုံးစုံက နီရဲနေသော နှုတ်ခမ်းတွင်သာရှိနေလေသည်။
"မင်း ဘာကြည့်နေတာလဲ"
မာန့်အသံ အနည်းငယ်ကျယ်သွားသည်ကြောင့် ခွန်းဆက်စိတ်တို့ အလုံးစုံပြန်ရရှိကာ ချောင်းတစ်ချက်ဟန့်လိုက်ပြီး
"ဘာမှမကြည့်ပါဘူး... ဒါနဲ့ ခင်ဗျားမျက်နှာလေးကြည်နေသလိုပဲ... ၀မ်းသာစရာ တစ်ခုခုရှိလို့လား"
ခွန်းဆက် စကားလွှဲခြင်းသာ ဖြစ်သည်။ မာန့်မျက်နှာဘယ်လိုရှိနေသည်ကို သူမသိ။ သူသိသည်က စတော်ဘယ်ရီလိုရဲနေသော နှုတ်ခမ်းလေးအား ကိုက်ဆွဲချင်နေသည်ဆိုတာကိုပင်။
"အင်း ရှိတယ်"
"ဟမ်"
"၀မ်းသာစရာဆိုတာထက် စိတ်ချမ်းသာစရာလေးပါ"
မာန်က ထိုစကားကို ပြုံး၍ပြောလာသည်။ နှုတ်ခမ်းထက်တွင် ပြုံးနေသည်သာမက မျက်ဝန်းများကပါ ပြုံးနေခြင်းဖြစ်သည်။ ထိုသည်ကိုကြည့်ပြီး မာန်တစ်ယောက် ဘယ်လောက်စိတ်ချမ်းသာနေမှန်း သိနိူင်သည်။
"ဘာများလဲ"
ခွန်းဆက်မေးတော့ မာန်က ခွန်းဆက်ကို စိုက်ကြည့်ကာ
"ဘာပဲဖြစ်ဖြစ် မင်းအပူပါလို့လား...သွားစမ်းပါ"
မာန် ခွန်းဆက်အား တွန်းထုတ်ပြီး တံခါးကို ပိတ်သွားတော့သည်။
"ကျွန်တော့်အပူမပါလို့ ဘယ်သူ့အပူပါရမှာလဲ"
အခန်းအပြင်တွင် ကျန်ခဲ့သော ခွန်းဆက်မှာတော့ တစ်ယောက်တည်းရေရွတ်ရင်း စတော်ဘယ်ရီသီး စားချင်စိတ်ကို အတင်းထိန်းချုပ်ကာ မာန့်အခန်းရှေ့က လှည့်ထွက်လာတော့သည်။
*********************************
3 weeks later,
မာန်၊ သော်တာနှင့် လင်းသာတို့ ကုမ္ပဏ်ီနားက ကော်ဖီဆိုင်တွင် ရှိနေကြပြန်သည်။ သော်တာ၏ ဟိုလူအကြောင်းသိရပြီဟု ဖုန်းဆက်လာသောကြောင့် ဤဆိုင်တွင်ဆုံရန် မာန်က ချိန်းခဲ့သောကြောင့် ရောက်ရှိနေကြခြင်းဖြစ်သည်။
"မာန် ဒီမှာ အဲ့လူနေတဲ့ နေရာ"
သော်တာက စကားစကာ မာန်ရှေ့သို့ စက္ကူအပိုင်းအစလေး တစ်ခု ထိုးပေးလာသည်။
"အဲ့လူနာမည်က မျိုးနိုင်တဲ့... ငါစုံစမ်းလို့ရသလောက်တော့ သူက တစ်ကောင်ကြွက်... လောင်းကစားလဲ ဝါသနာပါတဲ့သူ... အိမ်မကပ်တဲ့ အချိန်တွေကများတယ်"
မာန်ရှေ့က စက္ကူအပိုင်းလေးကို ယူကြည့်လိုက်ရင်း သော်တာပြောသည်များကို နားထောင်နေသည်။ အမှတ် ၃၉၈၊ စံပယ်ညိုလမ်း၊ ရတနာပုံအိမ်ယာ ဆိုသော မှင်နက်လေးနဲ့ရေးထားသည့်စာလေးကို မာန်သေချာကြည့်နေမိသည်။
"စံပယ်ညိုလမ်း၊ ရတနာပုံအိမ်ယာ"
မာန်ကြည့်နေသော စာရွက်လေးကိုကြည့်ကာ လင်းသာက ဆိုလာသည်ကြောင့် မာန်နဲ့သော်တာလည်း လင်းသာကို ကြည့်လိုက်ကြသည်။
"ဘာဖြစ်လို့လဲ လင်းသာ"
"ဘာမှမဟုတ်ပါဘူး မာန်... အဲ့လမ်းမှာ ကြယ်စင် ဂိုက်ပြတဲ့အိမ်ရှိတော့ ငါရောက်ဖူးတယ်"
"ဒါဆို မင်းတို့နှစ်ယောက်လုံးက အဲ့နေရာပတ်ဝန်းကျင်နဲ့ ရင်းနှီးသွားပြီဆိုတော့ ငါပဲ သွားလေ့လာဖို့ ကျန်တော့တာပေါ့"
မာန်က သူ့ကိုယ်သူလက်ညိုးထိုးကာပြောသည်။ လင်းသာက ဆက်၍ ဆိုလာသည်။
"အဲ့ပတ်ဝန်းကျင်က ဆိတ်ငြိမ်ရပ်ကွက်လိုမျိုးပဲ... တစ်အိမ်နဲ့တစ်အိမ် သိပ်အဆက်အဆံမရှိကြဘူး"
"ဪ"
"မာန် ငါ့မှာ အကြံတစ်ခုရှိတယ်"
"ပြောကြည့်လေ"
သော်တာက ပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ကြည့်ပြီး မာန်တို့ကြားနိုင်ရုံလေသံလေးဖြင့်
"မျိုးနိုင်ဆိုတဲ့လူက သူ့အိမ်မှာ မရှိတာများတယ်... အဲ့တော့ ငါတို့ သူ့အိမ်ထဲ ၀င်ရှာကြရင်ရော"
သော်တာစကားကြောင့် မာန်နဲ့လင်းသာ တစ်ယောက်ကိုတစ်ယောက်ပြန်ကြည့်မိကြကာ တိတ်ဆိတ်သွားသည်။ ထိုအခြေအနေကို သော်တာကပင် ဖြိုခွင်းလိုက်သည်။
"ဒီလိုလေကွာ... ဦးဌေးသစ္စာဆီက သူပိုက်ဆံတောင်းတယ်ဆိုကတည်းက သူ့လက်ထဲမှာ ဦးဌေးသစ္စာတို့နဲ့ ပတ်သတ်ပြီး တစ်ခုခုရှိလို့ပဲ ဖြစ်ရမှာ"
"ဒါဆို မင်းက သူ့အိမ်ထဲဝင်ပြီး ရှာချင်တယ်ပေါ့"
မာန်က စကားဝင်ထောက်တော့ သော်တာက ခေါင်းတစ်ချက်ညိတ်ပြပြီး
"မရှိရင်လည်း အရှုံးမရှိသလို... တစ်ခုခုရလာရင်တော့ အမြတ်ပေါ့"
"ဒါဆို ဘယ်တော့လဲ"
ထိုမေးခွန်းကို လင်းသာက ၀င်မေးလိုက်သည်။ သော်တာက စဉ်းစားဟန်ဖြင့်
"အဲ့ဒါတော့ ပြောလို့မရသေးဘူး... ငါတို့ စောင့်ကြည့်ရအုံးမှာပဲ"
"သော်တာ"
မာန်က သော်တာ့အားကြည့်ကာ ခေါ်လာသည်။
"အေး ပြောလေ မာန်"
"မင်းတစ်ယောက်ထဲ မလုပ်ပါဘူးလို့ ကတိပေး"
"အဲ့ဒါက အခြေအနေအရလေ မာန်... လိုအပ်လာရင်တော့ ငါတစ်ယောက်ထဲလည်း လုပ်ရမှာပဲ"
"ကတိမပေးနိုင်ရင် ဒီအကြံ ဒီမှာတင် ရပ်... မင်းတစ်ယောက်ထဲ လုပ်ဖို့က အန္တရာယ်များတယ်ကွ"
မာန် အသံအနည်းငယ်ကျယ်သွားသည်ကြောင့် ဘေးဝိုင်းမှ လူများက သူတို့အားလှည့်ကြည့်လာကြသည်။ မာန်ကတော့ ထိုသည်ကို ဂရုမစိုက် သော်တာ့အားကြည့်နေဆဲပင်။ မနေသာတော့သည့် လင်းသာကပင် ၀င်ပြောရတော့သည်။
"ပေးလိုက်စမ်းပါ သော်တာရာ... မင်းကလည်း အန္တရယ်ထဲကို တစ်ယောက်တည်း အတင်းမ၀င်ချင်စမ်းပါနဲ့"
"အေးပါကွာ ပေးတယ် ဟုတ်ပြီလား...ငါတစ်ယောက်ထဲ မလုပ်ဘူး"
"မင်းစကားနဲ့ မင်းတည်ပါစေနော်"
*********************************
ဌေးသစ္စာ တစ်ယောက် bar တွင် တစ်ယောက်တည်း လာသောက်နေသည်။ အသက် ၄၀ ကျော်ပြီဖြစ်သော်လည်း အသားဖြူကာ အရပ်အတော်အသင့်ရှိပြီး ရုပ်ရည်ကလည်း သာမန်ထက်ပိုသည်မို့ ပျိုမဒီလေးများ ကြွေကျလောက်သည့် ပုံမျိုးဖြစ်သည်။ ခါတိုင်းဆိုလျှင် bar သို့ သူငယ်ချင်းများနှင့်သာ လာသော်လည်း အခုတွင်တော့ စိတ်ရှုပ်နေသည်ကြောင့် တစ်ယောက်တည်း လာခဲ့ခြင်းဖြစ်သည်။
တစ်စုံတစ်ယောက်က သူ့၏ အာရုံအလုံးစုံကို စိုးမိုးထားသောကြောင့်ဖြစ်သည်။ ခွန်းဆက်၏ သက်ဆိုင်သူ အလင်္ကာမုန်းမာန် ကို တွေ့ပြီးသည့်အချိန်မှစ၍ သူ့စိတ်ထဲ မတင်မကျဖြစ်နေခဲ့သည်။ တစ်ချိန်က သဘောကျခဲ့ဖူးသော မိန်းကလေးကို ပြန်မြင်ခဲ့ရသလို ထင်နေမိသည်။
"ကြည့်လေ ကြည့်လေ အလင်္ကာနဲ့ တော်တော်တူတာပဲ... မျက်ဝန်းပြာ...စိုက်ကြည့်လိုက်တိုင်း အလင်္ကာကို မြင်နေရသလိုမျိုး"
မာန်နဲ့တွေ့ပြီး နောက်ပိုင်းမှစ၍ ဌေးသစ္စာ၏ စိတ်အားလုံး မာန့်အပေါ်သို့သာ ရောက်ရှိနေခဲ့သည်။ မိန်းမယောက်ကျား မရွေး ပတ်သတ်ခဲ့ဖူးသော်လည်း မာန့်ကို တွေ့ပြီးနောက်ပိုင်း မည်သူ့အပေါ်မှ စိတ်မပါတော့သည်ကိုလည်း သူသတိထားမိသည်။ ထိုကောင်လေးအား အစွမ်းကုန် ကြမ်းရမ်းပစ်ချင်စိတ်များက တစ်နေ့တစ်ခြားကြီးထွားလို့လာသည်။
Ringing.....
ဌေးသစ္စာဖုန်းကိုယူကာ ကြည့်လိုက်တော့ ပေါ်နေသည့် contact name ကြောင့် စိတ်အလိုမကျမှုများစွာဖြင့် မျက်ခုံးများတွန့်ချိုးကုန်တော့သည်။
"မင်းကိုငါ ဖုန်ထပ်မဆက်နဲ့တော့လို့ ပြောထားတယ်လေ!! "
စိတ်တိုတိုဖြင့် အော်လိုက်မိသည်။
"ကိုသစ္စာ ကျွန်တော့်နောက်ကို နောက်ယောင်ခံလိုက်နေတဲ့ လူတွေရှိတယ်"
"ဘာ! "
တစ်ဖက်လူ၏ စကားကြောင့် နှလုံးခုန်နှုန်းများ မြန်လာရတော့သည်။ မျိုးနိုင်နောက်ကို နောက်ယောင်ခံလိုက်နေတဲ့သူတွေရှိတာက ဌေးသစ္စာအတွက် လုံးဝမကောင်းပေ။ ဒီရက်ပိုင်းတွင်လည်း မက်သည့်အိပ်မက်များက မကောင်း။ သူ့ကိုယ်သူ သံတိုင်တွေကြားထဲ၌ မြင်ရသော ပုံရိပ်များကို ခဏခဏမက်နေသည်။
"ဘယ်သူတွေလဲ... ဘယ်လိုပုံစံတွေရှိလဲ"
"ဘယ်သူတွေလဲ ကျွန်တော့်မသ်ိပေမယ့် ယောက်ကျားလေး ၃ယောက်... အသက် အလွန်ဆုံးရှိ ၂၅ ၂၆ လောက်တွေ... ကျွန်တော့်အိမ်နားမှာ ခဏခဏ တွေ့နေရတယ်"
"အေး မင်းဒီရက်ပိုင်း အနေအထိုင် အသွားအလာ ဆင်ခြင်... အဲ့နေရာကနေလည်း ရှောင်နေလိုက်... ငါ့ကိုလည်း အခ်ျိန်တိုင်း ဖုန်းမဆက်နဲ့"
ထိုသို့ပြောပြီး ဌေးသစ္စာဖုန်းချလိုက်တော့သည်။
"ဘယ်သူတွေလဲ... ဘာလို့ မျိုးနိုင်ကို နောက်ယောင်ခံလိုက်နေရတာလဲ... ဘာလိုချင်လို့လဲ... ဘာကြောင့်လဲ"
တွေးရင်းတွေးရင်းနဲ့ပင် ခေါင်းတွေပိုရှုပ်လာရတော့သည်။ တစ်ဖန်ဖုန်းကို ယူကာ နံပါတ်တစ်ခုကို ခေါ်ဆိုလိုက်တော့သည်။
"Hello မမ"
"....."
"ကျွန်တော် အရေးကြီးပြောစရာရှိတယ်"
"....."
"မမရဲ့ချစ်လှစွာသော ယောက်ကျားနဲ့အတူ xxxx မှာစောင့်နေပါ"
"....."
ဖုန်းကိုချလိုက်ပြီးနောက် လက်ကျန် beer ခွက်ကို မော့သောက်လိုက်ကာ bar မှထွက်ခဲ့တော့သည်။
*********************************
"မာန် ဒါက rainbow group CEO ရဲ့သား ပိုင်စိုးဟန်... ငါတို့ဆီမှာ လုပ်ငန်းအတွေ့အကြုံယူဖို့လာခဲ့တာ"
မာန် လင်းသာ မိတ်ဆက်ပေးလာသူအား မော့ကြည့်လိုက်သည်။ နာမည်ကြီးတံဆိတ်များကိုသာ ၀တ်စားထားသည်ကြောင့် အထက်တန်းလွှာမိသားစုက ဆင်းသက်လာမှန်း မြင်တာနဲ့သိနိုင်သည်။ မာန်လည်း ခေါင်းတစ်ချက်ညိတ်ကာ ပြုံးပြလိုက်ပြီး
"တွေ့ရတာဝမ်းသာပါတယ်... အစ်ကိုက ဒီကုမ္ပဏ်ီ CEO အလင်္ကာမုန်းမာန်ပါ"
"ဟုတ်ကဲ့...အစ်ကိုသတင်းတွေ အများကြီးကြားရပါတယ်... စီးပွားရေးမှာ ဘယ်လောက်တော်တဲ့အကြောင်း... အဲ့ဒါကြောင့် daddy ဆီမှာ အပူကပ်ပြီး အစ်ကို့ဆီရောက်လာတာ... ဒါနဲ့ အစ်ကိုက လူလည်း လှသလို နာမည်လည်း လှတာပဲ"
"ဟမ်"
မာန်လည်း ပိုင်စိုးဟန် စကားကြောင့် စိတ်ထဲတစ်မျိုးဖြစ်သွားသော်လည်း ဂရုမစိုက်တော့ပဲ လင်းသာကိုကြည့်ကာ
"သူနေရမယ့် နေရာနဲ့ လုပ်ငန်းနဲ့ ပတ်သတ်တာတွေအားလုံးကို မင်းပဲရှင်းပြလိုက် လင်းသာ"
မာန် လင်းသာကိုပြောလိုက်သော စကားကြောင့် ပိုင်စိုးဟန်မျက်နှာက အလိုမကျဖြစ်သွားတော့သည်။
"ကျွန်တော့်ကို သင်ပေးမှာ အစ်ကို မဟုတ်ဘူးလား"
"မင်း ကို သင်ပေးမှာ ကိုယ်မဟုတ်ဘူး သူ"
"ကျွန်တော်က အစ်ကိုနဲ့ပဲ သင်ချင်တာ"
"သူက ကိုယ့်ထက်တောင် မင်းကို ပိုပြီးရှင်းပြနိုင်လိမ့်မယ်..."
Ringing.....
မာန် ဆက်ပြောဖို့ ပြင်နေစဉ် ဖုန်းဝင်လာသောကြောင့် ပိုင်စိုးဟန်အား ခဏနော် ဟုပြောကာ ဖုန်းကိုင်လိုက်သည်။ ဖုန်းပြောနေသော မာန့်အား ကြည့်ရင်း ပိုင်စိုးဟန်မျက်နှာ ပြုံးရိပ်သန်းလာသည်။ ထိုသည်ကို ဘေးတွင်ရှိသော လင်းသာက မြင်နေရလေသည်။ မာန်ဖုန်းပြောပြီးသွားတော့ ပိုင်စိုးဟန်က မာန့်အား မျက်ခုံးတစ်ဖက်ပင့်ပြကာ ဘယ်လိုလဲဟူသော သဘောဖြင့်ကြည့်လေသည်။
"လင်းသာ လုပ်စရာရှိတာ သွားလုပ်တော့... သူ့ကိုငါပဲ ရှင်းပြလိုက်မယ်"
"ဘာလို့လဲ... မင်းအခုလေးပဲပြောတော့"
"Rainbow group CEO ဖုန်းဆက်တာ... သူ့သားကို ငါကိုယ်တိုင်ရှင်းပြပေးပါတဲ့"
လင်းသာ ပိုင်စိုးဟန်ကို သိပ်ဘ၀င်မကျသော်လည်း မာန့်စကားကို ခေါင်းညိတ်လိုက်သည်။
"အင်း လိုတာရှိရင် လှမ်းခေါ်လိုက်"
ပိုင်စိုးဟန် ထွက်သွားသော လင်းသာကိုလိုက်ကြည့်ရင်း
"သူက အစ်ကို့်ကို နာမည်ပဲခေါ်တာလား"
"သူက ကိုယ့်သူငယ်ချင်း"
"ဪ"
"ကဲထိုင် မင်းကို လုပ်ငန်းနဲ့ပတ်သက်တာတွေ ရှင်းပြပေးမယ်"
ပိုင်စိုးဟန်လည်း မာန်ပြသည့်နေရာတွင် ၀င်ထိုင်လိုက်သည်။ မာန်က လုပ်ငန်းနဲ့ပတ်သက်ပြီး အသေးစိတ်ရှင်းပြပေးသည်။ သို့သော် ပိုင်စိုးဟန်နားထဲ တစ်ခုမှမရောက်။ မာန်မျက်နှာကိုသာ စိတ်လွတ်ကိုယ်လွတ်ငေးကြည့်နေသည်။ ဒါကို မျက်မှောင်ကုတ်ကာ အလုပ်ကိစ္စရှင်းပြနေသော မာန်ကတော့ မသိပေ။
"နားလည်လား"
"ဟုတ်ကဲ့ နားလည်သွားပြီ အစ်ကို"
"ဒါဆို ဒီလောက်ပဲ... အခုနေ့လည်စာ သွားစားကြမယ်"
"ကျွန်တော့်နဲ့အတူ လိုက်စားပါလား... စားကောင်းတဲ့ဆိုင်ကို ကျွန်တော်သိတယ်"
"နေပါစေ ကိုယ် လင်းသာနဲ့ပဲ"
"လာပါ အစ်ကိုရ... ကျွန်တော်က ကျွေးချင်လို့ပါ"
မာန်ငြင်းဖို့လည်း မကောင်းတော့သည်ကြောင့် ခေါင်းညိတ်ကာ လက်ခံလိုက်ရတော့သည်။ သို့ပေမယ့် စိတ်ထဲတွင်တော့ လေးနေသည်။
အင်း... ဘာလို့ဒီလောက် စိတ်လေးနေတာလည်း မသိ....
*********************************
#15.1.2024
#🍁Moe Kyal Phyu🍁
*****
မီးမပျက်သေးလို့ ထပ်ပြီး တင်လိုက်ပါတယ်နော်.. စာကို ၃ခေါက်ပဲ စစ်ထားတာမလို့ စာလုံးပေါင်းအမှားပါခဲ့ရင် ပြင်ဖတ်ပေးကြပါလို့..end သွားမှပဲ အစအဆုံးပြန်ပြင်တော့မှာမလို့..ဆိုတော့ ဒီလောက်ပါပဲ..အိပ်မက်ကလေးတွေ လှကြပါစေရှင်
[Zawgyi]
မာန္ အိပ္ရာမွ ႏိုးလာေတာ့ သူ႕စိတ္မ်ားက ထူးဆန္းစြာပင္ လန္းဆန္းေနသည္။ ခါတိုင္းေန႔မ်ားဆို မနက္အိပ္ယာႏိုးတိုင္း စိတ္ေတြထိုင္းမိႈင္းေနတက္ေသာ္လည္း ယေန႔တြင္ေတာ့ မာန္႔စိတ္က အေတာ္ေလးေအးခ်မ္းေနသည္။
ညက အိပ္မက္ထဲ တစ္စံုတစ္ေယာက္က သူ႕အားလာဖက္ေပးထားခဲ့သည္။ ထိုသူ၏ ရင္ခြင္က ေႏြးေထြးလြန္းတာေၾကာင့္ မာန္ အတိုင္းအဆမရိွ တိုး၀င္ခဲ့သည္။ ထိုသူက မာန္႔မ်က္ႏွာအား ေမာ့ေစကာ ႏႈတ္ခမ္းထက္ အနမ္းတို႔ေႁခြခ်ခဲ့ေသးသည္။ ထိုအနမ္းသည္ မာန္႔အတြက္ ေႏြးေထြးေသာ ၾကင္နာေသာ အနမ္းမ်ဳိးျဖစ္ခဲ့သည္။
မာန္႔ သူ႕ႏႈတ္ခမ္းေလးအား လက္ေခ်ာင္းကေလးမ်ားျဖင့္ ဖြဖြထိကာ အိပ္မက္ထဲမွ ထိုသူ၏ မ်က္ႏွာအားပံုေဖာ္ၾကည့္ေနမိသည္။ သို႔ေသာ္ သူဘယ္လိုမွပံုေဖာ္၍ မရေပ။ ႏႈတ္ခမ္းဖူးဖူးေလးအား လက္ျဖင့္ပြတ္ဆြဲရင္း
"ငါမင္းကို ထပ္ေတြ႕ခ်င္တယ္... ငါရဲ႕ ေႏြးေထြးရာရပ္၀န္းေလး"
ေဒါက္... ေဒါက္... ေဒါက္
မာန္တစ္ေယာက္တည္း စကားဆိုေနတုန္း ထြက္ေပၚလာေသာ တံခါးေခါက္သံ။ မာန္လည္း ကုတင္ေပၚမွဆင္းကာ တံခါးဖြင့္လိုက္ေတာ့ ေတြ႕လိုက္ရေသာ ခြန္းဆက္။
ေစာေစာစီးစီး မျမင္ခ်င္တဲ့မ်က္ႏွာကို ျမင္ရျပန္ၿပီ.....
"ဟိတ္ အေတြးထဲ ကြၽန္ေတာ့္ကို ျပစ္မွားမေနနဲ႔... အန္တီမိုး ေခၚခိုင္းလို႔ လာေခၚတာ"
"အားအားယားယား မင္းကိုျပစ္မွားစရာလား... ႐ူးသြားရင္ေတာင္ မျဖစ္ႏိုင္ဘူး"
မာန္က ႏႈတ္ခမ္းကို မဲ့ရြဲ႕ကာ ေျပာေတာ့ ခြန္းဆက္က ဟက္ခနဲ တစ္ခ်က္ရယ္ကာ
"ေအးေပါ့ေလ... အ႐ူးကို မင္း႐ူးေနလားလို႔ သြားေမးရင္ မ႐ူးဘူးလို႔ပဲ ေျဖမွာေပါ့"
ခြန္းဆက္ မထီသလို မ်က္ႏွာေပးႏွင့္ ျပန္ေျပာေတာ့ မာန္က မ်က္ေမွာင္ၾကဳတ္ကာ ခြန္းဆက္အား ေမာ့ၾကည့္လိုက္သည္။ ခြန္းဆက္က မာန္႔ထက္ အရပ္ပိုရွည္သည္ေၾကာင့္ မာန္ေမာ့ၾကည့္ေနရျခင္းျဖစ္သည္။ အေ၀းကေနဆို သိပ္မသိသာေသာ္လည္း အခုလိုမ်က္ႏွာခ်င္းဆိုင္ ရပ္ေနသည့္အခ်ိန္မ်ားတြင္ သိသိသာသာကို ေမာ့ၾကည့္ေနရသည္။ ခြန္းဆက္အား ေမာ့ၾကည့္ေနရသည္ေၾကာင့္ မာန္မ်က္ႏွာေလးက တျဖည္းျဖည္းဆူပုတ္လာကာ နီရဲရဲႏႈတ္ခမ္းေလးႏွစ္ခုကလည္း ေရွ႕သို႔ မသိမသာ ဆူထြက္လာသည္။ ထိုျဖစ္စဥ္ကို ၾကည့္ေနေသာ ခြန္းဆက္မွာေတာ့ အာေခါင္မ်ားပင္ ေျခာက္လာေပသည္။
"မင္းသြားေတာ့ ငါမ်က္ႏွာသစ္ၿပီး ဆင္းလာခဲ့မယ္"
မာန္ေျပာလိုက္ေသာ္လည္း ခြန္းဆက္က မသြားေသးပဲ မာန္႔ကို စိုက္ၾကည့္ေနေသးသည္။ ရွင္းရွင္းေျပာရလွ်င္ မာန္ေျပာသည္ကို ခြန္းဆက္မၾကားပါ။ခြန္းဆက္ အာ႐ံုအလံုးစံုက နီရဲေနေသာ ႏႈတ္ခမ္းတြင္သာရိွေနေလသည္။
"မင္း ဘာၾကည့္ေနတာလဲ"
မာန္႔အသံ အနည္းငယ္က်ယ္သြားသည္ေၾကာင့္ ခြန္းဆက္စိတ္တို႔ အလံုးစံုျပန္ရရိွကာ ေခ်ာင္းတစ္ခ်က္ဟန္႔လိုက္ၿပီး
"ဘာမွမၾကည့္ပါဘူး... ဒါနဲ႔ ခင္ဗ်ားမ်က္ႏွာေလးၾကည္ေနသလိုပဲ... ၀မ္းသာစရာ တစ္ခုခုရိွလို႔လား"
ခြန္းဆက္ စကားလႊဲျခင္းသာ ျဖစ္သည္။ မာန္႔မ်က္ႏွာဘယ္လိုရိွေနသည္ကို သူမသိ။ သူသိသည္က စေတာ္ဘယ္ရီလိုရဲေနေသာ ႏႈတ္ခမ္းေလးအား ကိုက္ဆြဲခ်င္ေနသည္ဆိုတာကိုပင္။
"အင္း ရိွတယ္"
"ဟမ္"
"၀မ္းသာစရာဆိုတာထက္ စိတ္ခ်မ္းသာစရာေလးပါ"
မာန္က ထိုစကားကို ၿပံဳး၍ေျပာလာသည္။ ႏႈတ္ခမ္းထက္တြင္ ၿပံဳးေနသည္သာမက မ်က္၀န္းမ်ားကပါ ၿပံဳးေနျခင္းျဖစ္သည္။ ထိုသည္ကိုၾကည့္ၿပီး မာန္တစ္ေယာက္ ဘယ္ေလာက္စိတ္ခ်မ္းသာေနမွန္း သိႏိူင္သည္။
"ဘာမ်ားလဲ"
ခြန္းဆက္ေမးေတာ့ မာန္က ခြန္းဆက္ကို စိုက္ၾကည့္ကာ
"ဘာပဲျဖစ္ျဖစ္ မင္းအပူပါလို႔လား...သြားစမ္းပါ"
မာန္ ခြန္းဆက္အား တြန္းထုတ္ၿပီး တံခါးကို ပိတ္သြားေတာ့သည္။
"ကြၽန္ေတာ့္အပူမပါလို႔ ဘယ္သူ႕အပူပါရမွာလဲ"
အခန္းအျပင္တြင္ က်န္ခဲ့ေသာ ခြန္းဆက္မွာေတာ့ တစ္ေယာက္တည္းေရရြတ္ရင္း စေတာ္ဘယ္ရီသီး စားခ်င္စိတ္ကို အတင္းထိန္းခ်ဳပ္ကာ မာန္႔အခန္းေရွ႕က လွည့္ထြက္လာေတာ့သည္။
*********************************
3 weeks later,
မာန္၊ ေသာ္တာႏွင့္ လင္းသာတို႔ ကုမၸဏ္ီနားက ေကာ္ဖီဆိုင္တြင္ ရိွေနၾကျပန္သည္။ ေသာ္တာ၏ ဟိုလူအေၾကာင္းသိရၿပီဟု ဖုန္းဆက္လာေသာေၾကာင့္ ဤဆိုင္တြင္ဆံုရန္ မာန္က ခ်ိန္းခဲ့ေသာေၾကာင့္ ေရာက္ရိွေနၾကျခင္းျဖစ္သည္။
"မာန္ ဒီမွာ အဲ့လူေနတဲ့ ေနရာ"
ေသာ္တာက စကားစကာ မာန္ေရွ႕သို႔ စကၠဴအပိုင္းအစေလး တစ္ခု ထိုးေပးလာသည္။
"အဲ့လူနာမည္က မ်ဳိးႏိုင္တဲ့... ငါစံုစမ္းလို႔ရသေလာက္ေတာ့ သူက တစ္ေကာင္ႂကြက္... ေလာင္းကစားလဲ ဝါသနာပါတဲ့သူ... အိမ္မကပ္တဲ့ အခ်ိန္ေတြကမ်ားတယ္"
မာန္ေရွ႕က စကၠဴအပိုင္းေလးကို ယူၾကည့္လိုက္ရင္း ေသာ္တာေျပာသည္မ်ားကို နားေထာင္ေနသည္။ အမွတ္ ၃၉၈၊ စံပယ္ညိဳလမ္း၊ ရတနာပံုအိမ္ယာ ဆိုေသာ မွင္နက္ေလးနဲ႔ေရးထားသည့္စာေလးကို မာန္ေသခ်ာၾကည့္ေနမိသည္။
"စံပယ္ညိဳလမ္း၊ ရတနာပံုအိမ္ယာ"
မာန္ၾကည့္ေနေသာ စာရြက္ေလးကိုၾကည့္ကာ လင္းသာက ဆိုလာသည္ေၾကာင့္ မာန္နဲ႔ေသာ္တာလည္း လင္းသာကို ၾကည့္လိုက္ၾကသည္။
"ဘာျဖစ္လို႔လဲ လင္းသာ"
"ဘာမွမဟုတ္ပါဘူး မာန္... အဲ့လမ္းမွာ ၾကယ္စင္ ဂိုက္ျပတဲ့အိမ္ရိွေတာ့ ငါေရာက္ဖူးတယ္"
"ဒါဆို မင္းတို႔ႏွစ္ေယာက္လံုးက အဲ့ေနရာပတ္၀န္းက်င္နဲ႔ ရင္းႏီွးသြားၿပီဆိုေတာ့ ငါပဲ သြားေလ့လာဖို႔ က်န္ေတာ့တာေပါ့"
မာန္က သူ႕ကိုယ္သူလက္ညိဳးထိုးကာေျပာသည္။ လင္းသာက ဆက္၍ ဆိုလာသည္။
"အဲ့ပတ္၀န္းက်င္က ဆိတ္ၿငိမ္ရပ္ကြက္လိုမ်ဳိးပဲ... တစ္အိမ္နဲ႔တစ္အိမ္ သိပ္အဆက္အဆံမရိွၾကဘူး"
"ဪ"
"မာန္ ငါ့မွာ အႀကံတစ္ခုရိွတယ္"
"ေျပာၾကည့္ေလ"
ေသာ္တာက ပတ္၀န္းက်င္ကို တစ္ခ်က္ေ၀့ၾကည့္ၿပီး မာန္တို႔ၾကားႏိုင္႐ံုေလသံေလးျဖင့္
"မ်ဳိးႏိုင္ဆိုတဲ့လူက သူ႕အိမ္မွာ မရိွတာမ်ားတယ္... အဲ့ေတာ့ ငါတို႔ သူ႕အိမ္ထဲ ၀င္ရွာၾကရင္ေရာ"
ေသာ္တာစကားေၾကာင့္ မာန္နဲ႔လင္းသာ တစ္ေယာက္ကိုတစ္ေယာက္ျပန္ၾကည့္မိၾကကာ တိတ္ဆိတ္သြားသည္။ ထိုအေျခအေနကို ေသာ္တာကပင္ ၿဖိဳခြင္းလိုက္သည္။
"ဒီလိုေလကြာ... ဦးေဌးသစၥာဆီက သူပိုက္ဆံေတာင္းတယ္ဆိုကတည္းက သူ႕လက္ထဲမွာ ဦးေဌးသစၥာတို႔နဲ႔ ပတ္သတ္ၿပီး တစ္ခုခုရိွလို႔ပဲ ျဖစ္ရမွာ"
"ဒါဆို မင္းက သူ႕အိမ္ထဲ၀င္ၿပီး ရွာခ်င္တယ္ေပါ့"
မာန္က စကား၀င္ေထာက္ေတာ့ ေသာ္တာက ေခါင္းတစ္ခ်က္ညိတ္ျပၿပီး
"မရိွရင္လည္း အ႐ံႈးမရိွသလို... တစ္ခုခုရလာရင္ေတာ့ အျမတ္ေပါ့"
"ဒါဆို ဘယ္ေတာ့လဲ"
ထိုေမးခြန္းကို လင္းသာက ၀င္ေမးလိုက္သည္။ ေသာ္တာက စဥ္းစားဟန္ျဖင့္
"အဲ့ဒါေတာ့ ေျပာလို႔မရေသးဘူး... ငါတို႔ ေစာင့္ၾကည့္ရအံုးမွာပဲ"
"ေသာ္တာ"
မာန္က ေသာ္တာ့အားၾကည့္ကာ ေခၚလာသည္။
"ေအး ေျပာေလ မာန္"
"မင္းတစ္ေယာက္ထဲ မလုပ္ပါဘူးလို႔ ကတိေပး"
"အဲ့ဒါက အေျခအေနအရေလ မာန္... လိုအပ္လာရင္ေတာ့ ငါတစ္ေယာက္ထဲလည္း လုပ္ရမွာပဲ"
"ကတိမေပးႏိုင္ရင္ ဒီအႀကံ ဒီမွာတင္ ရပ္... မင္းတစ္ေယာက္ထဲ လုပ္ဖို့က အႏၲရာယ္မ်ားတယ္ကြ"
မာန္ အသံအနည္းငယ္က်ယ္သြားသည္ေၾကာင့္ ေဘး၀ိုင္းမွ လူမ်ားက သူတို႔အားလွည့္ၾကည့္လာၾကသည္။ မာန္ကေတာ့ ထိုသည္ကို ဂ႐ုမစိုက္ ေသာ္တာ့အားၾကည့္ေနဆဲပင္။ မေနသာေတာ့သည့္ လင္းသာကပင္ ၀င္ေျပာရေတာ့သည္။
"ေပးလိုက္စမ္းပါ ေသာ္တာရာ... မင္းကလည္း အႏၲရယ္ထဲကို တစ္ေယာက္တည္း အတင္းမ၀င္ခ်င္စမ္းပါနဲ႔"
"ေအးပါကြာ ေပးတယ္ ဟုတ္ၿပီလား...ငါတစ္ေယာက္ထဲ မလုပ္ဘူး"
"မင္းစကားနဲ႔ မင္းတည္ပါေစေနာ္"
*********************************
ေဌးသစၥာ တစ္ေယာက္ bar တြင္ တစ္ေယာက္တည္း လာေသာက္ေနသည္။ အသက္ ၄၀ ေက်ာ္ၿပီျဖစ္ေသာ္လည္း အသားျဖဴကာ အရပ္အေတာ္အသင့္ရိွၿပီး ႐ုပ္ရည္ကလည္း သာမန္ထက္ပိုသည္မို႔ ပ်ဳိမဒီေလးမ်ား ေႂကြက်ေလာက္သည့္ ပံုမ်ဳိးျဖစ္သည္။ ခါတိုင္းဆိုလွ်င္ bar သို႔ သူငယ္ခ်င္းမ်ားႏွင့္သာ လာေသာ္လည္း အခုတြင္ေတာ့ စိတ္႐ႈပ္ေနသည္ေၾကာင့္ တစ္ေယာက္တည္း လာခဲ့ျခင္းျဖစ္သည္။
တစ္စံုတစ္ေယာက္က သူ႕၏ အာ႐ံုအလံုးစံုကို စိုးမိုးထားေသာေၾကာင့္ျဖစ္သည္။ ခြန္းဆက္၏ သက္ဆိုင္သူ အလကၤာမုန္းမာန္ ကို ေတြ႕ၿပီးသည့္အခ်ိန္မွစ၍ သူ႕စိတ္ထဲ မတင္မက်ျဖစ္ေနခဲ့သည္။ တစ္ခ်ိန္က သေဘာက်ခဲ့ဖူးေသာ မိန္းကေလးကို ျပန္ျမင္ခဲ့ရသလို ထင္ေနမိသည္။
"ၾကည့္ေလ ၾကည့္ေလ အလကၤာနဲ႔ ေတာ္ေတာ္တူတာပဲ... မ်က္၀န္းျပာ...စိုက္ၾကည့္လိုက္တိုင္း အလကၤာကို ျမင္ေနရသလိုမ်ဳိး"
မာန္နဲ႔ေတြ႕ၿပီး ေနာက္ပိုင္းမွစ၍ ေဌးသစၥာ၏ စိတ္အားလံုး မာန္႔အေပၚသို႔သာ ေရာက္ရိွေနခဲ့သည္။ မိန္းမေယာက္က်ား မေရြး ပတ္သတ္ခဲ့ဖူးေသာ္လည္း မာန္႔ကို ေတြ႕ၿပီးေနာက္ပိုင္း မည္သူ႕အေပၚမွ စိတ္မပါေတာ့သည္ကိုလည္း သူသတိထားမိသည္။ ထိုေကာင္ေလးအား အစြမ္းကုန္ ၾကမ္းရမ္းပစ္ခ်င္စိတ္မ်ားက တစ္ေန႔တစ္ျခားႀကီးထြားလို႔လာသည္။
Ringing.....
ေဌးသစၥာဖုန္းကိုယူကာ ၾကည့္လိုက္ေတာ့ ေပၚေနသည့္ contact name ေၾကာင့္ စိတ္အလိုမက်မႈမ်ားစြာျဖင့္ မ်က္ခံုးမ်ားတြန္႔ခ်ဳိးကုန္ေတာ့သည္။
"မင္းကိုငါ ဖုန္ထပ္မဆက္နဲ႔ေတာ့လို႔ ေျပာထားတယ္ေလ!! "
စိတ္တိုတိုျဖင့္ ေအာ္လိုက္မိသည္။
"ကိုသစၥာ ကြၽန္ေတာ့္ေနာက္ကို ေနာက္ေယာင္ခံလိုက္ေနတဲ့ လူေတြရိွတယ္"
"ဘာ! "
တစ္ဖက္လူ၏ စကားေၾကာင့္ ႏွလံုးခုန္ႏႈန္းမ်ား ျမန္လာရေတာ့သည္။ မ်ဳိးႏိုင္ေနာက္ကို ေနာက္ေယာင္ခံလိုက္ေနတဲ့သူေတြရိွတာက ေဌးသစၥာအတြက္ လံုး၀မေကာင္းေပ။ ဒီရက္ပိုင္းတြင္လည္း မက္သည့္အိပ္မက္မ်ားက မေကာင္း။ သူ႕ကိုယ္သူ သံတိုင္ေတြၾကားထဲ၌ ျမင္ရေသာ ပံုရိပ္မ်ားကို ခဏခဏမက္ေနသည္။
"ဘယ္သူေတြလဲ... ဘယ္လိုပံုစံေတြရိွလဲ"
"ဘယ္သူေတြလဲ ကြၽန္ေတာ့္မသိ္ေပမယ့္ ေယာက္က်ားေလး ၃ေယာက္... အသက္ အလြန္ဆံုးရိွ ၂၅ ၂၆ ေလာက္ေတြ... ကြၽန္ေတာ့္အိမ္နားမွာ ခဏခဏ ေတြ႕ေနရတယ္"
"ေအး မင္းဒီရက္ပိုင္း အေနအထိုင္ အသြားအလာ ဆင္ျခင္... အဲ့ေနရာကေနလည္း ေရွာင္ေနလိုက္... ငါ့ကိုလည္း အခ်္ိန္တိုင္း ဖုန္းမဆက္နဲ႔"
ထိုသို႔ေျပာၿပီး ေဌးသစၥာဖုန္းခ်လိုက္ေတာ့သည္။
"ဘယ္သူေတြလဲ... ဘာလို့ မ်ဳိးႏိုင္ကို ေနာက္ေယာင္ခံလိုက္ေနရတာလဲ... ဘာလိုခ်င္လို႔လဲ... ဘာေၾကာင့္လဲ"
ေတြးရင္းေတြးရင္းနဲ႔ပင္ ေခါင္းေတြပို႐ႈပ္လာရေတာ့သည္။ တစ္ဖန္ဖုန္းကို ယူကာ နံပါတ္တစ္ခုကို ေခၚဆိုလိုက္ေတာ့သည္။
"Hello မမ"
"....."
"ကြၽန္ေတာ္ အေရးႀကီးေျပာစရာရိွတယ္"
"....."
"မမရဲ႕ခ်စ္လွစြာေသာ ေယာက္က်ားနဲ႔အတူ xxxx မွာေစာင့္ေနပါ"
"....."
ဖုန္းကိုခ်လိုက္ၿပီးေနာက္ လက္က်န္ beer ခြက္ကို ေမာ့ေသာက္လိုက္ကာ bar မွထြက္ခဲ့ေတာ့သည္။
*********************************
"မာန္ ဒါက rainbow group CEO ရဲ႕သား ပိုင္စိုးဟန္... ငါတို႔ဆီမွာ လုပ္ငန္းအေတြ႕အႀကံဳယူဖို႔လာခဲ့တာ"
မာန္ လင္းသာ မိတ္ဆက္ေပးလာသူအား ေမာ့ၾကည့္လိုက္သည္။ နာမည္ႀကီးတံဆိတ္မ်ားကိုသာ ၀တ္စားထားသည္ေၾကာင့္ အထက္တန္းလႊာမိသားစုက ဆင္းသက္လာမွန္း ျမင္တာနဲ႔သိႏိုင္သည္။ မာန္လည္း ေခါင္းတစ္ခ်က္ညိတ္ကာ ၿပံဳးျပလိုက္ၿပီး
"ေတြ႕ရတာ၀မ္းသာပါတယ္... အစ္ကိုက ဒီကုမၸဏ္ီ CEO အလကၤာမုန္းမာန္ပါ"
"ဟုတ္ကဲ့...အစ္ကိုသတင္းေတြ အမ်ားႀကီးၾကားရပါတယ္... စီးပြားေရးမွာ ဘယ္ေလာက္ေတာ္တဲ့အေၾကာင္း... အဲ့ဒါေၾကာင့္ daddy ဆီမွာ အပူကပ္ၿပီး အစ္ကို႔ဆီေရာက္လာတာ... ဒါနဲ႔ အစ္ကိုက လူလည္း လွသလို နာမည္လည္း လွတာပဲ"
"ဟမ္"
မာန္လည္း ပိုင္စိုးဟန္ စကားေၾကာင့္ စိတ္ထဲတစ္မ်ဳိးျဖစ္သြားေသာ္လည္း ဂ႐ုမစိုက္ေတာ့ပဲ လင္းသာကိုၾကည့္ကာ
"သူေနရမယ့္ ေနရာနဲ႔ လုပ္ငန္းနဲ႔ ပတ္သတ္တာေတြအားလံုးကို မင္းပဲရွင္းျပလိုက္ လင္းသာ"
မာန္ လင္းသာကိုေျပာလိုက္ေသာ စကားေၾကာင့္ ပိုင္စိုးဟန္မ်က္ႏွာက အလိုမက်ျဖစ္သြားေတာ့သည္။
"ကြၽန္ေတာ့္ကို သင္ေပးမွာ အစ္ကို မဟုတ္ဘူးလား"
"မင္း ကို သင္ေပးမွာ ကိုယ္မဟုတ္ဘူး သူ"
"ကြၽန္ေတာ္က အစ္ကိုနဲ႔ပဲ သင္ခ်င္တာ"
"သူက ကိုယ့္ထက္ေတာင္ မင္းကို ပိုၿပီးရွင္းျပႏိုင္လိမ့္မယ္..."
Ringing.....
မာန္ ဆက္ေျပာဖို႔ ျပင္ေနစဥ္ ဖုန္း၀င္လာေသာေၾကာင့္ ပိုင္စိုးဟန္အား ခဏေနာ္ ဟုေျပာကာ ဖုန္းကိုင္လိုက္သည္။ ဖုန္းေျပာေနေသာ မာန္႔အား ၾကည့္ရင္း ပိုင္စိုးဟန္မ်က္ႏွာ ၿပံဳးရိပ္သန္းလာသည္။ ထိုသည္ကို ေဘးတြင္ရိွေသာ လင္းသာက ျမင္ေနရေလသည္။ မာန္ဖုန္းေျပာၿပီးသြားေတာ့ ပိုင္စိုးဟန္က မာန္႔အား မ်က္ခံုးတစ္ဖက္ပင့္ျပကာ ဘယ္လိုလဲဟူေသာ သေဘာျဖင့္ၾကည့္ေလသည္။
"လင္းသာ လုပ္စရာရိွတာ သြားလုပ္ေတာ့... သူ႕ကိုငါပဲ ရွင္းျပလိုက္မယ္"
"ဘာလို႔လဲ... မင္းအခုေလးပဲေျပာေတာ့"
"Rainbow group CEO ဖုန္းဆက္တာ... သူ႕သားကို ငါကိုယ္တိုင္ရွင္းျပေပးပါတဲ့"
လင္းသာ ပိုင္စိုးဟန္ကို သိပ္ဘ၀င္မက်ေသာ္လည္း မာန္႔စကားကို ေခါင္းညိတ္လိုက္သည္။
"အင္း လိုတာရိွရင္ လွမ္းေခၚလိုက္"
ပိုင္စိုးဟန္ ထြက္သြားေသာ လင္းသာကိုလိုက္ၾကည့္ရင္း
"သူက အစ္ကို္႔ကို နာမည္ပဲေခၚတာလား"
"သူက ကိုယ့္သူငယ္ခ်င္း"
"ဪ"
"ကဲထိုင္ မင္းကို လုပ္ငန္းနဲ႔ပတ္သက္တာေတြ ရွင္းျပေပးမယ္"
ပိုင္စိုးဟန္လည္း မာန္ျပသည့္ေနရာတြင္ ၀င္ထိုင္လိုက္သည္။ မာန္က လုပ္ငန္းနဲ႔ပတ္သက္ၿပီး အေသးစိတ္ရွင္းျပေပးသည္။ သို႔ေသာ္ ပိုင္စိုးဟန္နားထဲ တစ္ခုမွမေရာက္။ မာန္မ်က္ႏွာကိုသာ စိတ္လြတ္ကို္ယ္လြတ္ေငးၾကည့္ေနသည္။ ဒါကို မ်က္ေမွာင္ကုတ္ကာ အလုပ္ကိစၥရွင္းျပေနေသာ မာန္ကေတာ့ မသိေပ။
"နားလည္လား"
"ဟုတ္ကဲ့ နားလည္သြားၿပီ အစ္ကို"
"ဒါဆို ဒီေလာက္ပဲ... အခုေန႔လည္စာ သြားစားၾကမယ္"
"ကြၽန္ေတာ့္နဲ႔အတူ လိုက္စားပါလား... စားေကာင္းတဲ့ဆိုင္ကို ကြၽန္ေတာ္သိတယ္"
"ေနပါေစ ကိုယ္ လင္းသာနဲ႔ပဲ"
"လာပါ အစ္ကိုရ... ကြၽန္ေတာ္က ေကြၽးခ်င္လို႔ပါ"
မာန္ျငင္းဖို႔လည္း မေကာင္းေတာ့သည္ေၾကာင့္ ေခါင္းညိတ္ကာ လက္ခံလိုက္ရေတာ့သည္။ သို႔ေပမယ့္ စိတ္ထဲတြင္ေတာ့ ေလးေနသည္။
အင္း... ဘာလို႔ဒီေလာက္ စိတ္ေလးေနတာလည္း မသိ....
*********************************
#15.1.2024
#🍁Moe Kyal Phyu🍁
*****
မီးမပ်က္ေသးလို႔ ထပ္ၿပီး တင္လိုက္ပါတယ္ေနာ္.. စာကို ၃ေခါက္ပဲ စစ္ထားတာမလို႔ စာလံုးေပါင္းအမွားပါခဲ့ရင္ ျပင္ဖတ္ေပးၾကပါလို႔..end သြားမွပဲ အစအဆံုးျပန္ျပင္ေတာ့မွာမလို႔..ဆိုေတာ့ ဒီေလာက္ပါပဲ..အိပ္မက္ကေလးေတြ လွၾကပါေစရွင္