အခန်း ၅ စုလင်း ပြန်လာပြီ (အပိုင်း ၁)
"ငါ ရှုံးပြန်ပြီ!"
စုယွိက စစ်တုရင်ခုံကို စိုက်ကြည့်နေပြီး သူ့မျက်လုံးတွေက သူ့ခေါင်းထဲကနေ ပြူးထွက်လုမတတ်ဖြစ်နေသည်။ သူက သူ့ခေါင်းကိုသူ ပြင်းပြင်းထန်ထန် ပုတ်လိုက်ပြီး "ထူးဆန်းလိုက်တာ၊ စစ်တုရင်အပိုင်းအစက နည်းနည်းလေးပဲ ရှိသေးတယ်၊ ပြီးတော့ ငါ လုံးဝ အလေးအနက်ထားပြီး ကြည့်နေတာကို အာ့ကော လေးတုံးဆက်ထားတာကို ငါ မမြင်လိုက်ဘူး?"
အချိန်ကြာလာသည်နှင့်အမျှ စစ်တုရင်အပိုင်းအစများက ပိုများလာလေလေ ဖြစ်လာပြီး တစ်စုံတစ်ခု၏ အာရုံစိုက်မှုကို လွတ်ကင်းစေမည့် အချိန်ကာလတစ်ခုသို့ မလွဲမသွေ ရောက်ရှိလာပေလိမ့်မည်။
ဒါပေမယ့် တစ်ရှီးချန်ရဲ့လေးပုံတစ်ပုံအတွင်း ဆယ်တုံးလောက်ပဲ ချရသေးတဲ့အချိန်မှာ သူ ဘာလို့ အဲ့လောက်တောင် သတိမမူမိတာလဲ???
စုယွိက အလျင်အမြန် အရှုံးပေးရန် မလိုလားဘဲ "နောက်တစ်လှည့်"
စုရန်က ရယ်မောနေပြီး ညသန်းခေါင်ကျော်နေပြီဖြစ်တာကြောင့် သူက ယွိနဲ့ မကစားချင်တော့တာ သေချာနေခဲ့သည်။ သူက ဒီကစားနည်းကို ကစားရတာ မပျော်တော့တာ မဟုတ်ပါဘူး၊ ဒါပေမယ့် ပြိုင်ဘက်က အရမ်းအားနည်းနေတာကြောင့် စိတ်ဝင်စားစရာ မရှိတော့တာပါ။ သို့သော် ရိုးရိုးစုတုရင်ကစားနည်းကို လုံးဝ စိတ်မဝင်စားသော စုယွိက ဒီကစားနည်းကို စွဲလမ်းသွားခဲ့သည်။ သူက နေ့တိုင်း စစ်တုရင်ကစားရန် ရောက်လာသည်မှာ လေးငါးရက်ခန့်ရှိပြီဖြစ်ကာ သူ အမြဲလိုလို စိတ်ဆင်းရဲလောက်အောင် ရှုံးနိမ့်ခဲ့ရသည်။ သူက မကြာခဏ ရိုက်ချခံရပြီး မျှော်လင့်ချက်မဲ့နေခဲ့သည်။
စုရန်က မတ်တပ်ထရပ်ပြီး ခါးကို ဆန့်ကာ "အခုနောက်ကျနေပြီ၊ မင်းက မနက်ဖြန် မင်းရဲ့တပ်သားတွေကို လေ့ကျင့်ပေးရဦးမယ်!"
စုယွိက စုရန်၏အင်္ကျီလက်ဝကျယ်ကို ဆွဲလိုက်ပြီး "အာ့ကော၊ ဒါ နောက်ဆုံးပွဲလေ၊ တစ်ပွဲတည်းပါ!"
စုရန်က စိတ်ပျက်လက်ပျက် ပြန်ထိုင်ရန်မှတပါး ရွေးချယ်စရာ မရှိတော့ပေ။
စုယွိက ဤတစ်ကြိမ်တွင် အလွန်အလေးအနက်ထားပြီး အကြိမ်တိုင်းကို သတိထားပြီး အာရုံစိုက်နေခဲ့သည်။ နန်းတော်၏ညစာစားပွဲမှ ပြန်လာသော စုလင်း၏မျက်လုံးထဲတွင် ဤမြင်ကွင်းက အလွန်ထူးဆန်းနေသည်။
ယွိက ဘယ်အချိန်က စစ်တုရင်ကို စိတ်ဝင်စားသွားတာလဲ???
ယင်းကြောင့် စုလင်းက အနည်းငယ် စပ်စုချင်သွားပြီး စာကြည့်ဆောင်ထဲသို့ ဝင်လာကာ စုယွိ၏နောက်သို့ လျှောက်သွားချိန်တွင် စည်းမရှိကမ်းမရှိဖြစ်ကာ ဗျူဟာကင်းမဲ့နေသာ စစ်တုရင်ခုံကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ စစ်တုရင်ခုံပေါ်တွင် စစ်တုရင် အပိုင်းအစများက ထူထပ်စွာ စုပုံနေသည်ကို မြင်လိုက်ရသဖြင့် သူ့မျက်ခုံးများ နက်ရှိုင်းစွာ တွန့်သွားခဲ့သည်။
သူ့ကို မြင်နေတာ ကြာပြီဖြစ်တဲ့ စုရန်က "တာ့ကော"
"တာ့ကော?" စုယွိက ဇဝေဇဝါဖြင့် ခေါင်းမော့ကာ သူ့ပတ်ပတ်လည်ကို လိုက်ကြည့်နေပြီးမှ နောက်ဆုံးတွင် သူ့နောက်မှ စုလင်း၏ပုံရိပ်ကို တွေ့လိုက်ရပြီး အံသြစွာဖြင့် "တာ့ကော၊ ဘာလို့ ပြန်လာတာလဲ"
စုလင်း၏ခန္ဓာကိုယ်မှ အရက်နံ့ကို ရှူရှိုက်မိလိုက်သော စုရန်က စစ်တုရင်တုံးများကို နောက်တကြိမ် နေရာချရင်း ပေါ့ပေါ့ပါးပါးနဲ့ "မြောက်ပိုင်းချီက သံတမန်တွေ ရောက်နေတယ်လေ။ ဒီည ဧကရာဇ်က နန်းတော်မှာ စားသောက်ပွဲကျင်းပနေတယ်။ တာ့ကောက ဒီကိစ္စအတွက် ပြန်လာတာနေမှာပေါ့၊ ဟုတ်တယ်မလား?"
စုလင်းက ဟုတ်သည်၊ မဟုတ်သည်ကို မဖြေဘဲ အေးတိအေးစက် ပြန်မေးလိုက်သည်။ "အိမ်တော်မှာ တစ်ခုခု ဖြစ်ခဲ့သေးလား"
သူတို့ အေးအေးဆေးဆေး စစ်တုရင် ကစားနေကြတာကို ကြည့်လိုက်ရင်တော့ အိမ်တော်ထဲမှာ ဘာမှ မဖြစ်တဲ့ပုံပဲ၊ ဒါပေမယ့် ပင်းလျန့်က ဆယ်စုနှစ်တွေအတွင်းမှာ ရှားရှားပါးပါး လှုပ်ရှားလာခဲ့တယ်။ ထူးခြားတာ တစ်ခုခုကတော့ ဖြစ်နေပြီ။
စုလင်း၏လေးနက်သော အမူအရာက စုယွိ၏ နှလုံးခုန်နှုန်းကို ထိုးတက်သွားစေခဲ့သည်။ သူ့အစ်ကိုကြီးက သူနှင့် ထိုမိန်းမ၏ စစ်ရေးလေ့ကျင့်မှုပြိုင်ပွဲအကြောင်းကို သိနေတာ ဖြစ်နိုင်လား? ဒါက ရာဇတတ်မှု မဟုတ်သော်လည်း တပ်သားသစ်အဖွဲ့ဖွဲ့စည်းခြင်းနှင့် လောင်းကြေးထပ်ခြင်းများအတွက် ပုံမှန် နည်းဗျူဟာလေ့ကျင့်မှုကို သူ လျစ်လျူရှုထားတယ်ဆိုတာကို အကြီးဆုံးအစ်ကို သိသွားရင် သူ ဒေါသထွက်မှာ သေချာနေတယ်။ စုယွိက စိုးရိမ်တကြီးနဲ့ စုရန်ကို ကြည့်လိုက်ချိန်တွင် စုရန်က ပြုံးပြုံးရွှင်ရွှင် အေးအေးဆေးဆေးဖြင့် လွယ်လွယ်ကူကူ ပြန်ဖြေတာကိုသာ တွေ့လိုက်ရသည်။ "မဖြစ်ပါဘူး၊ ခါတိုင်းနဲ့ အတူတူပါပဲ"
စုယွိက သူ့ကို တိတ်တဆိတ် သဘောကျသွားတယ်။ ဒုတိယအစ်ကိုက လိမ်ပြောတာ အကောင်းဆုံးပဲ။
မဖြစ်ဘူးလား? ယွိက ဘာလို့ သူခိုးတစ်ယောက်လို မလုံမလဲနဲ့ သူကို့ ကြည့်နေရတာလဲ။ စုလင်းက ပင်းလျန့်မှာ တစ်ခုခုဖြစ်နေတယ် ထင်နေတာကြောင့် သူက မျက်ခုံးပင့်လိုက်ပြီး အသံမာမာနဲ့ "ပင်းလျန့်ကို ဘယ်သူထိလိုက်တာလဲ?"
အာ? စုယွိက အံ့အားသင့်သွားပြီး အခုမှ သူ့အစ်ကိုကြီးက ပင်းလျန့်အကြောင်းကို ပြောနေမှန်း သိလိုက်ရသည်။ စိတ်သက်သာရာရသွားသော စုယွိက "အဲ့ဒါကို ဘယ်သူက ထိရဲမှာလဲ"
အဲ့ဓားက အရမ်းမိုက်မဲတယ်။ သူကလေးဘဝတုန်းကတော့ တစ်ကြိမ်ပဲ ယူလိုက်မိတာကို အေးခဲပြီး သေလုနီးပါးဖြစ်သွားဖူးတယ်။
ပင်းလျန့်က ချင်းမော့ကို အမှန်တကယ်ရွေးချယ်ခဲ့ပြီး မိုင်ထောင်ပေါင်းများစွာဝေးသော နေရာမှ ချီရွှယ်က ၎င်း၏ရည်ရွယ်ချက်ကို ခံစားခဲ့ရသည်။ အစ်ကိုကြီး၏မျက်နှာပေါ်မှ ထူးဆန်းသော အမူအရာကို တွေ့လိုက်ရသောအခါတွင် စုရန်က တိတ်တဆိတ် ပျော်ရွှင်နေသော်လည်း ယခုအချိန်တွင် ပြတ်သားစွာ ပြောရန် ရည်ရွယ်ချက်မရှိပေ။ သူ့အစ်ကိုကြီးကိုယ်တိုင် ရှာဖွေတွေ့ရှိခြင်းက ပိုပျော်စရာကောင်းပေလိမ့်မည်။
စုရန်က နားမလည်ဟန်ဆောင်လိုက်ပြီး "ပင်းလျန့်မှာ ထူးဆန်းတာ တစ်ခုခုရှိနေလို့လား?"
"မရှိဘူး"
ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် စုလင်းက ရုတ်တရက် ရပ်တန့်သွားပြန်ပြီး သူတို့နှစ်ယောက်က စုလင်း တစ်ခုခုပြောတော့မည်ဟု တွေးမိကာ သူ့နောက်ကျောကို စိုက်ကြည့်နေကြသည်။ ခဏအကြာတွင် အေးစက်စက်ယောက်ျားသံက စိတ်ပျက်လက်ပျက် ပြောလိုက်သည့်အသံကို ကြားလိုက်ရသည်။ "ရန်၊ မင်းရဲ့ စစ်တုရင်စွမ်းရည်က ပိုဆိုးလာတယ်"
"ငါ..." စုရန်က တောင့်တင်းသွားပြီး ဘာပြန်ပြောရမှန်းမသိ ဖြစ်နေခဲ့သည်။
ငါ့ရဲ့စစ်တုရင်စွမ်းရည်က ဘယ်မှာ ပျက်သွားလို့လဲ?? ငါတို့ ကစားနေတာက စစ်တုရင် မဟုတ်ဘူးလေ...
ကံမကောင်းစွာနဲ့ပဲ စုလင်းက သူ့ရှင်းပြတာကို နားထောင်ဖို့ ရည်ရွယ်ချက် မရှိခဲ့ဘဲ အရပ်ရှည်ရှည်ပုံရိပ်က ခြံဝင်းထဲမှ ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။
"ဟားဟားဟား..." စုယွိတစ်ယောက် စိတ်တည်ငြိမ်မှုကို ပြန်ရလာပြီးနောက် စာဖတ်ခန်းထဲတွင် ရယ်မောသံများ အစီအရီ ထွက်ပေါ်လာတော့သည်။
အရမ်းရယ်စရာကောင်းတယ်၊ ဒုတိယအစ်ကိုမှာလည်း ဒီလိုနေ့မျိုးရှိသေးတယ်ပေါ့။
(T/N: ဒီတပိုင်းတော်တော်လေး တိုတယ်နော်၊ အဲ့ဒါကြောင့် ဒီဘာသာပြန်တဲ့သူက နည်းနည်းတော့ ရှည်လိုက်ဦးမယ်၊ တကယ်က ဒီစာအုပ်က ၄၁ ပိုင်းပဲရှိပါတယ်၊ ဒါပေမယ့် E-Tran; က အပိုင်း ၂၀၀ ကျော်ခွဲထားပါတယ်၊ ပျမ်းမျှတပိုင်းကို ၅ပိုင်းနူန်းနဲ့ပါ၊ တချို့အပိုင်းတွေက တော်တော်တိုတာရယ် BOOK 2 မခွဲချင်တာကြောင့်ရယ် တချို့တိုတဲ့ အပိုင်းတွေကို နှစ်ပိုင်းပေါင်းတင်ဖို့ တွေးထားတယ်၊ ပုံမှန်ဆို ဒီလောက်တိုရင် နှစ်ပိုင်းပေါင်းတင်မလို့ပါ၊ အခုတော့ စုလင်းကို တွေ့ဖို့ အခွင့်အရေးလေးရှားတာကြောင့် နောက်တစ်ရက်မြင်ရအောင် နောက်နေ့မှပဲ နောက်တစ်ပိုင်းတင်တော့မယ်နော်.... စတာပါ တကယ်က နောက်တစ်ပိုင်းက နည်းနည်းရှည်နေလို့ မပြီးသေးလို့ပါ... တကယ်တော့ ဒီရက်တွေမှာ Mistaken marriage သုံးအုပ်နဲ့ တိုင်ပတ်နေတာကို အားမရလို့ ဝမ်းကွဲတစ်ယောက်က BL တစ်ပုဒ်တင်နေတာကို စာကူစစ်ပေးနေသေးတယ်၊ ခုတော့ သူက မပြန်တော့ဘူးတဲ့... တန်းလန်းဆိုက်ကို ရှိတဲ့ ကိုယ်က ကိုယ်ပဲ ပြေးပြီး ဘာသာပြန်ရတော့မလိုလို ဘာလိုလို...ကောင်းရောပဲ😂😂😂)
❤️❤️❤️Thank you so much for your lovely supports❤️❤️❤️
အခန္း ၅ စုလင္း ျပန္လာၿပီ (အပိုင္း ၁)
"ငါ ရႈံးျပန္ၿပီ!"
စုယြိက စစ္တုရင္ခုံကို စိုက္ၾကည့္ေနၿပီး သူ႔မ်က္လုံးေတြက သူ႔ေခါင္းထဲကေန ျပဴးထြက္လုမတတ္ျဖစ္ေနသည္။ သူက သူ႔ေခါင္းကိုသူ ျပင္းျပင္းထန္ထန္ ပုတ္လိုက္ၿပီး "ထူးဆန္းလိုက္တာ၊ စစ္တုရင္အပိုင္းအစက နည္းနည္းေလးပဲ ရွိေသးတယ္၊ ၿပီးေတာ့ ငါ လုံးဝ အေလးအနက္ထားၿပီး ၾကည့္ေနတာကို အာ့ေကာ ေလးတုံးဆက္ထားတာကို ငါ မျမင္လိုက္ဘူး?"
အခ်ိန္ၾကာလာသည္ႏွင့္အမွ် စစ္တုရင္အပိုင္းအစမ်ားက ပိုမ်ားလာေလေလ ျဖစ္လာၿပီး တစ္စုံတစ္ခု၏ အာ႐ုံစိုက္မႈကို လြတ္ကင္းေစမည့္ အခ်ိန္ကာလတစ္ခုသို႔ မလြဲမေသြ ေရာက္ရွိလာေပလိမ့္မည္။
ဒါေပမယ့္ တစ္ရွီးခ်န္ရဲ႕ေလးပုံတစ္ပုံအတြင္း ဆယ္တုံးေလာက္ပဲ ခ်ရေသးတဲ့အခ်ိန္မွာ သူ ဘာလို႔ အဲ့ေလာက္ေတာင္ သတိမမူမိတာလဲ???
စုယြိက အလ်င္အျမန္ အရႈံးေပးရန္ မလိုလားဘဲ "ေနာက္တစ္လွည့္"
စုရန္က ရယ္ေမာေနၿပီး ညသန္းေခါင္ေက်ာ္ေနၿပီျဖစ္တာေၾကာင့္ သူက ယြိနဲ႔ မကစားခ်င္ေတာ့တာ ေသခ်ာေနခဲ့သည္။ သူက ဒီကစားနည္းကို ကစားရတာ မေပ်ာ္ေတာ့တာ မဟုတ္ပါဘူး၊ ဒါေပမယ့္ ၿပိဳင္ဘက္က အရမ္းအားနည္းေနတာေၾကာင့္ စိတ္ဝင္စားစရာ မရွိေတာ့တာပါ။ သို႔ေသာ္ ႐ိုး႐ိုးစုတုရင္ကစားနည္းကို လုံးဝ စိတ္မဝင္စားေသာ စုယြိက ဒီကစားနည္းကို စြဲလမ္းသြားခဲ့သည္။ သူက ေန႔တိုင္း စစ္တုရင္ကစားရန္ ေရာက္လာသည္မွာ ေလးငါးရက္ခန္႔ရွိၿပီျဖစ္ကာ သူ အၿမဲလိုလို စိတ္ဆင္းရဲေလာက္ေအာင္ ရႈံးနိမ့္ခဲ့ရသည္။ သူက မၾကာခဏ ႐ိုက္ခ်ခံရၿပီး ေမွ်ာ္လင့္ခ်က္မဲ့ေနခဲ့သည္။
စုရန္က မတ္တပ္ထရပ္ၿပီး ခါးကို ဆန႔္ကာ "အခုေနာက္က်ေနၿပီ၊ မင္းက မနက္ျဖန္ မင္းရဲ႕တပ္သားေတြကို ေလ့က်င့္ေပးရဦးမယ္!"
စုယြိက စုရန္၏အက်ႌလက္ဝက်ယ္ကို ဆြဲလိုက္ၿပီး "အာ့ေကာ၊ ဒါ ေနာက္ဆုံးပြဲေလ၊ တစ္ပြဲတည္းပါ!"
စုရန္က စိတ္ပ်က္လက္ပ်က္ ျပန္ထိုင္ရန္မွတပါး ေ႐ြးခ်ယ္စရာ မရွိေတာ့ေပ။
စုယြိက ဤတစ္ႀကိမ္တြင္ အလြန္အေလးအနက္ထားၿပီး အႀကိမ္တိုင္းကို သတိထားၿပီး အာ႐ုံစိုက္ေနခဲ့သည္။ နန္းေတာ္၏ညစာစားပြဲမွ ျပန္လာေသာ စုလင္း၏မ်က္လုံးထဲတြင္ ဤျမင္ကြင္းက အလြန္ထူးဆန္းေနသည္။
ယြိက ဘယ္အခ်ိန္က စစ္တုရင္ကို စိတ္ဝင္စားသြားတာလဲ???
ယင္းေၾကာင့္ စုလင္းက အနည္းငယ္ စပ္စုခ်င္သြားၿပီး စာၾကည့္ေဆာင္ထဲသို႔ ဝင္လာကာ စုယြိ၏ေနာက္သို႔ ေလွ်ာက္သြားခ်ိန္တြင္ စည္းမရွိကမ္းမရွိျဖစ္ကာ ဗ်ဴဟာကင္းမဲ့ေနသာ စစ္တုရင္ခုံကို ရွင္းရွင္းလင္းလင္း ျမင္လိုက္ရသည္။ စစ္တုရင္ခုံေပၚတြင္ စစ္တုရင္ အပိုင္းအစမ်ားက ထူထပ္စြာ စုပုံေနသည္ကို ျမင္လိုက္ရသျဖင့္ သူ႔မ်က္ခုံးမ်ား နက္ရႈိင္းစြာ တြန႔္သြားခဲ့သည္။
သူ႔ကို ျမင္ေနတာ ၾကာၿပီျဖစ္တဲ့ စုရန္က "တာ့ေကာ"
"တာ့ေကာ?" စုယြိက ဇေဝဇဝါျဖင့္ ေခါင္းေမာ့ကာ သူ႔ပတ္ပတ္လည္ကို လိုက္ၾကည့္ေနၿပီးမွ ေနာက္ဆုံးတြင္ သူ႔ေနာက္မွ စုလင္း၏ပုံရိပ္ကို ေတြ႕လိုက္ရၿပီး အံၾသစြာျဖင့္ "တာ့ေကာ၊ ဘာလို႔ ျပန္လာတာလဲ"
စုလင္း၏ခႏၶာကိုယ္မွ အရက္နံ႔ကို ရႉရႈိက္မိလိုက္ေသာ စုရန္က စစ္တုရင္တုံးမ်ားကို ေနာက္တႀကိမ္ ေနရာခ်ရင္း ေပါ့ေပါ့ပါးပါးနဲ႔ "ေျမာက္ပိုင္းခ်ီက သံတမန္ေတြ ေရာက္ေနတယ္ေလ။ ဒီည ဧကရာဇ္က နန္းေတာ္မွာ စားေသာက္ပြဲက်င္းပေနတယ္။ တာ့ေကာက ဒီကိစၥအတြက္ ျပန္လာတာေနမွာေပါ့၊ ဟုတ္တယ္မလား?"
စုလင္းက ဟုတ္သည္၊ မဟုတ္သည္ကို မေျဖဘဲ ေအးတိေအးစက္ ျပန္ေမးလိုက္သည္။ "အိမ္ေတာ္မွာ တစ္ခုခု ျဖစ္ခဲ့ေသးလား"
သူတို႔ ေအးေအးေဆးေဆး စစ္တုရင္ ကစားေနၾကတာကို ၾကည့္လိုက္ရင္ေတာ့ အိမ္ေတာ္ထဲမွာ ဘာမွ မျဖစ္တဲ့ပုံပဲ၊ ဒါေပမယ့္ ပင္းလ်န႔္က ဆယ္စုႏွစ္ေတြအတြင္းမွာ ရွားရွားပါးပါး လႈပ္ရွားလာခဲ့တယ္။ ထူးျခားတာ တစ္ခုခုကေတာ့ ျဖစ္ေနၿပီ။
စုလင္း၏ေလးနက္ေသာ အမူအရာက စုယြိ၏ ႏွလုံးခုန္ႏႈန္းကို ထိုးတက္သြားေစခဲ့သည္။ သူ႔အစ္ကိုႀကီးက သူႏွင့္ ထိုမိန္းမ၏ စစ္ေရးေလ့က်င့္မႈၿပိဳင္ပြဲအေၾကာင္းကို သိေနတာ ျဖစ္ႏိုင္လား? ဒါက ရာဇတတ္မႈ မဟုတ္ေသာ္လည္း တပ္သားသစ္အဖြဲ႕ဖြဲ႕စည္းျခင္းႏွင့္ ေလာင္းေၾကးထပ္ျခင္းမ်ားအတြက္ ပုံမွန္ နည္းဗ်ဴဟာေလ့က်င့္မႈကို သူ လ်စ္လ်ဴရႈထားတယ္ဆိုတာကို အႀကီးဆုံးအစ္ကို သိသြားရင္ သူ ေဒါသထြက္မွာ ေသခ်ာေနတယ္။ စုယြိက စိုးရိမ္တႀကီးနဲ႔ စုရန္ကို ၾကည့္လိုက္ခ်ိန္တြင္ စုရန္က ၿပဳံးၿပဳံး႐ႊင္႐ႊင္ ေအးေအးေဆးေဆးျဖင့္ လြယ္လြယ္ကူကူ ျပန္ေျဖတာကိုသာ ေတြ႕လိုက္ရသည္။ "မျဖစ္ပါဘူး၊ ခါတိုင္းနဲ႔ အတူတူပါပဲ"
စုယြိက သူ႔ကို တိတ္တဆိတ္ သေဘာက်သြားတယ္။ ဒုတိယအစ္ကိုက လိမ္ေျပာတာ အေကာင္းဆုံးပဲ။
မျဖစ္ဘူးလား? ယြိက ဘာလို႔ သူခိုးတစ္ေယာက္လို မလုံမလဲနဲ႔ သူကို႔ ၾကည့္ေနရတာလဲ။ စုလင္းက ပင္းလ်န႔္မွာ တစ္ခုခုျဖစ္ေနတယ္ ထင္ေနတာေၾကာင့္ သူက မ်က္ခုံးပင့္လိုက္ၿပီး အသံမာမာနဲ႔ "ပင္းလ်န႔္ကို ဘယ္သူထိလိုက္တာလဲ?"
အာ? စုယြိက အံ့အားသင့္သြားၿပီး အခုမွ သူ႔အစ္ကိုႀကီးက ပင္းလ်န႔္အေၾကာင္းကို ေျပာေနမွန္း သိလိုက္ရသည္။ စိတ္သက္သာရာရသြားေသာ စုယြိက "အဲ့ဒါကို ဘယ္သူက ထိရဲမွာလဲ"
အဲ့ဓားက အရမ္းမိုက္မဲတယ္။ သူကေလးဘဝတုန္းကေတာ့ တစ္ႀကိမ္ပဲ ယူလိုက္မိတာကို ေအးခဲၿပီး ေသလုနီးပါးျဖစ္သြားဖူးတယ္။
ပင္းလ်န႔္က ခ်င္းေမာ့ကို အမွန္တကယ္ေ႐ြးခ်ယ္ခဲ့ၿပီး မိုင္ေထာင္ေပါင္းမ်ားစြာေဝးေသာ ေနရာမွ ခ်ီ႐ႊယ္က ၎၏ရည္႐ြယ္ခ်က္ကို ခံစားခဲ့ရသည္။ အစ္ကိုႀကီး၏မ်က္ႏွာေပၚမွ ထူးဆန္းေသာ အမူအရာကို ေတြ႕လိုက္ရေသာအခါတြင္ စုရန္က တိတ္တဆိတ္ ေပ်ာ္႐ႊင္ေနေသာ္လည္း ယခုအခ်ိန္တြင္ ျပတ္သားစြာ ေျပာရန္ ရည္႐ြယ္ခ်က္မရွိေပ။ သူ႔အစ္ကိုႀကီးကိုယ္တိုင္ ရွာေဖြေတြ႕ရွိျခင္းက ပိုေပ်ာ္စရာေကာင္းေပလိမ့္မည္။
စုရန္က နားမလည္ဟန္ေဆာင္လိုက္ၿပီး "ပင္းလ်န႔္မွာ ထူးဆန္းတာ တစ္ခုခုရွိေနလို႔လား?"
"မရွိဘူး"
ေျခလွမ္းအနည္းငယ္လွမ္းၿပီးေနာက္ စုလင္းက ႐ုတ္တရက္ ရပ္တန႔္သြားျပန္ၿပီး သူတို႔ႏွစ္ေယာက္က စုလင္း တစ္ခုခုေျပာေတာ့မည္ဟု ေတြးမိကာ သူ႔ေနာက္ေက်ာကို စိုက္ၾကည့္ေနၾကသည္။ ခဏအၾကာတြင္ ေအးစက္စက္ေယာက္်ားသံက စိတ္ပ်က္လက္ပ်က္ ေျပာလိုက္သည့္အသံကို ၾကားလိုက္ရသည္။ "ရန္၊ မင္းရဲ႕ စစ္တုရင္စြမ္းရည္က ပိုဆိုးလာတယ္"
"ငါ..." စုရန္က ေတာင့္တင္းသြားၿပီး ဘာျပန္ေျပာရမွန္းမသိ ျဖစ္ေနခဲ့သည္။
ငါ့ရဲ႕စစ္တုရင္စြမ္းရည္က ဘယ္မွာ ပ်က္သြားလို႔လဲ?? ငါတို႔ ကစားေနတာက စစ္တုရင္ မဟုတ္ဘူးေလ...
ကံမေကာင္းစြာနဲ႔ပဲ စုလင္းက သူ႔ရွင္းျပတာကို နားေထာင္ဖို႔ ရည္႐ြယ္ခ်က္ မရွိခဲ့ဘဲ အရပ္ရွည္ရွည္ပုံရိပ္က ၿခံဝင္းထဲမွ ထြက္ခြာသြားခဲ့ၿပီ ျဖစ္သည္။
"ဟားဟားဟား..." စုယြိတစ္ေယာက္ စိတ္တည္ၿငိမ္မႈကို ျပန္ရလာၿပီးေနာက္ စာဖတ္ခန္းထဲတြင္ ရယ္ေမာသံမ်ား အစီအရီ ထြက္ေပၚလာေတာ့သည္။
အရမ္းရယ္စရာေကာင္းတယ္၊ ဒုတိယအစ္ကိုမွာလည္း ဒီလိုေန႔မ်ိဳးရွိေသးတယ္ေပါ့။
(T/N: ဒီတပိုင္းေတာ္ေတာ္ေလး တိုတယ္ေနာ္၊ အဲ့ဒါေၾကာင့္ ဒီဘာသာျပန္တဲ့သူက နည္းနည္းေတာ့ ရွည္လိုက္ဦးမယ္၊ တကယ္က ဒီစာအုပ္က ၄၁ ပိုင္းပဲရွိပါတယ္၊ ဒါေပမယ့္ E-Tran; က အပိုင္း ၂၀၀ ေက်ာ္ခြဲထားပါတယ္၊ ပ်မ္းမွ်တပိုင္းကို ၅ပိုင္းႏူန္းနဲ႔ပါ၊ တခ်ိဳ႕အပိုင္းေတြက ေတာ္ေတာ္တိုတာရယ္ BOOK 2 မခြဲခ်င္တာေၾကာင့္ရယ္ တခ်ိဳ႕တိုတဲ့ အပိုင္းေတြကို ႏွစ္ပိုင္းေပါင္းတင္ဖို႔ ေတြးထားတယ္၊ ပုံမွန္ဆို ဒီေလာက္တိုရင္ ႏွစ္ပိုင္းေပါင္းတင္မလို႔ပါ၊ အခုေတာ့ စုလင္းကို ေတြ႕ဖို႔ အခြင့္အေရးေလးရွားတာေၾကာင့္ ေနာက္တစ္ရက္ျမင္ရေအာင္ ေနာက္ေန႔မွပဲ ေနာက္တစ္ပိုင္းတင္ေတာ့မယ္ေနာ္.... စတာပါ တကယ္က ေနာက္တစ္ပိုင္းက နည္းနည္းရွည္ေနလို႔ မၿပီးေသးလို႔ပါ... တကယ္ေတာ့ ဒီရက္ေတြမွာ Mistaken marriage သုံးအုပ္နဲ႔ တိုင္ပတ္ေနတာကို အားမရလို႔ ဝမ္းကြဲတစ္ေယာက္က BL တစ္ပုဒ္တင္ေနတာကို စာကူစစ္ေပးေနေသးတယ္၊ ခုေတာ့ သူက မျပန္ေတာ့ဘူးတဲ့... တန္းလန္းဆိုက္ကို ရွိတဲ့ ကိုယ္က ကိုယ္ပဲ ေျပးၿပီး ဘာသာျပန္ရေတာ့မလိုလို ဘာလိုလို...ေကာင္းေရာပဲ)
❤️❤️❤️Thank you so much for your lovely supports❤️❤️❤️