ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်...

By KimHsuYoon99

114K 13.8K 109

Associated name : 佛系少女穿书日常 Author : 十六月西瓜 , shiliu yue xig... More

Description
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 24
Chapter 23
Chapter 25
Chapter 26
Chapter 27
Good news😍
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 64
Chapter 63
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86
Chapter 87
Chapter 88
Chapter 89
Chapter 90
Chapter 91
Chapter 92
Chapter 93
Chapter 94
Chapter 95
Chapter 96
Chapter 97
Chapter 98
Chapter 99
Chapter 100
Chapter 101
Chapter 102
Chapter 103
Chapter 104
Chapter 105
Chapter 106
Chapter 107
Chapter 108

Chapter 56

908 108 0
By KimHsuYoon99

Unicode

လော့ကျစ်ယွီက သူနားကြားမှားနေတာလို့ ထင်သွားတယ်။ "ဘာကြီး"

လော့ချယ်က ဖုန်းကိုမြှောက်ပြလာပြီး သူတို့ထဲက တစ်ခုကို နှိပ်လိုက်ကာ "ဒါလေ ဒီစာရင်းကနေ ငါ သူမကို ဘယ်လို sopportရမလဲ"

Group ထဲက တစ်ယောက်ယောက်က ပို့စ်တင်နေတာတွေ့ပေမယ့် ဘယ်လိုလုပ်ရမယ်ဆိုတာ သူမသိဘူးလေ။

လော့ချယ်က ကြယ်ပွင့်ဖြစ်လာတာ နှစ်များစွာကြာပြီ‌ဖြစ်ပေမယ့်လည်း အချို့အရာတွေကို သူအာရုံမစိုက်မိခဲ့ပေ။

အခြားသူတွေကို supportဖို့အကြောင်းရင်း သူ့မှာ ဘယ်တုန်းကမှမရှိခဲ့ဘူး။

အဲ့ဒီစကားကိုကြားတော့ လော့ကျစ်ယွီ သူ့ပါးစပ်ကို မဖွင့်လို့မရတော့ပေ။

သူမကို voteလိုက်ရုံပဲ မဟုတ်ဘူးလား? သူက အခု Fan Clubထဲ ဝင်ပြီး၊ ဓာတ်ပုံတွေတောင်သိမ်းပြီး သူမကို supportနေတယ်။ လော့ကျစ်ယွီက ခွေးစာတွေ ပါးစပ်အပြည့် အကျွေးခံလိုက်ရသလို ခံစားလိုက်ရတယ်။

သူက သူ့ကောင်မလေး ထောင်ရှောင်းလီကို ဗီဒီယိုချတ်လုပ်ဖို့ ဖုန်းခေါ်ဆိုပြီးနောက် သူမကို လွမ်းတယ်လို့သာ ပြောလိုက်ချင်တော့တယ်။

လော့ချယ်နားမလည်ရင် အေးဂျင့်တစ်ဦးဖြစ်တဲ့ လော့ကျစ်ယွီလည်း သဘာဝအတိုင်း နားလည်နိုင်မှာမဟုတ်ပေ။

လော့ချယ်က IQ မြင့်မားတာကြောင့် အရာများစွာကို လျင်မြန်စွာလေ့လာသင်ယူခဲ့ပြီး မကြာခင်မှာပဲ စတားတစ်ယောက်ကို ဘယ်လိုကူညီရမလဲဆိုတာ သိသွားတယ်။

"@မျန်းမျန်ရဲ့သစ်သားအိမ်လေး : #CelebrityALLList#@ကုမျန် ငါ နင့်ကို အမြဲအားပေးနေမယ်! #CelebrityALLList# ရဲ့ ပထမနေရာကို ရယူလိုက်ကြရအောင် @Super support"

လော့ကျစ်ယွီက လုံးဝကို ကြက်သေ,သေနေပြီး "ကောင်းပြီ၊ မင်းဘာသာမင်း ကစားလို့ရနေတာပဲ"

တစ်ဖက်မှာ‌တော့ ရှောင်ကျူးက သူမအင်တာနက်ပေါ်မှာ လော့ချယ်ကိုvoteခဲ့တာကြောင့် ဘယ်လောက်တောင် ရုတ်ရုတ်သဲသဲဖြစ်သွားရတယ်ဆိုတာကို သိလိုက်ရတဲ့အချိန်မှာတော့ တစ်နာရီကုန်လွန်သွားပြီပင်။

ဒီအချိန်မှာတော့ ကိစ္စတွေက ဖြစ်ပျက်ပြီးသွားပြီ။ Weibo ကို ဖျက်လိုက်ရင်တောင် အသုံးမ၀င်ဘူး။

အင်တာနက်ပေါ်က ပြင်းထန်တဲ့တုံ့ပြန်မှုကို မြင်ပြီးနောက် ရှောင်ကျူးက အနည်းငယ် ထိတ်လန့်သွားတယ်။ သူမက ဖုန်းတောင်မဆက်ဘဲ ကုမျန်ရဲ့အိမ်ကို အလျင်စလိုသွားလိုက်တယ်။

ရှောင်ကျူးရောက်လာတော့ ကုမျန်က ဗီလာနောက်ဘက်ရှိ ဥယျာဉ်ထဲမှာ သူမရဲ့ နေ့လည်ခင်းလက်ဖက်ရည်ကို သောက်နေတာဖြစ်တယ်။ လက်ဖက်ရည်သောက်ရင်း ၊ အဆာပြေစားရင်း ၊ မဂ္ဂဇင်းကို လှန်ကြည့်ရင်း၊ သူမက သက်တောင့်သက်သာရှိလှတဲ့ဘဝလေးကို နေထိုင်ခဲ့တယ်။

ရှောင်ကျူးရဲ့ စိုးရိမ်နေတဲ့ရှင်းပြချက်ကို ကြားပြီးနောက်၊ ကုမျန်က "ရတယ်၊ ဘာပဲဖြစ်ဖြစ် Weibo က နင့်လက်ထဲကို အပ်ထားတာ‌လေ နင်လုပ်ချင်တာလုပ်လို့ရတယ်"

ရှောင်ကျူးက တံတွေးမျိုချလိုက်ပြီး ပူပင်သောကရောက်စွာ ပြောလိုက်တယ်။"ဒါပေမယ့် မျန်းမျန်၊ ငါ voteပေးခဲ့ပေမယ့်လည်း ဒါက နင့်ရဲ့ Weibo ဖြစ်လို့ နင်လုပ်ခဲ့တယ်လို့ တခြားသူတွေထင်မှာလေ"

ကုမျန်က စာမျက်နှာကို ပေါ့ပေါ့ပါးပါးနဲ့လှန်လိုက်ပြီး မဂ္ဂဇင်းကို စိုက်ကြည့်နေကာ ဒီကိစ္စကိုဂရုမစိုက်ဘဲ "နင်လုပ်လုပ် ၊ ငါလုပ်လုပ် ကိစ္စမရှိဘူး"

ရှောင်ကျူးက ကုမျန်ရဲ့ဂရုမစိုက်တဲ့ အမူအရာကြောင့် သက်ပြင်းကိုသာ ချလိုက်ရတယ်။ ဒီလိုတုံ့ပြန်မှုမျိုးကမှ ကုမျန်နဲ့တကယ်တူတာ။

ဒါပေမယ့် ရှောင်ကျူးက မသိချင်ဘဲမနေနိုင်ခဲ့ဘူး။"မျန်းမျန် နင်သာဆိုရင် ဘယ်သူကို voteမှာလဲ" ကုမျန်သာ လော့ချယ်ကို voteမယ်ဆိုရင် သူမ ဘာအမှားမှ မလုပ်ခဲ့ဘူးလို့ ဆိုလိုတာပဲ။

ကုမျန်က လက်ဆန့်ပြီး ပန်းကန်ထဲက ကွတ်ကီးလေးတစ်ခုကို ယူလိုက်ကာ ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်တယ်။"voteဖို့ အရမ်းပျင်းတယ်"

"တစ်ယောက်ယောက်ကို voteမှရမယ်ဆိုရင် ဘယ်လိုလုပ်မှာလဲ"

မေးပြီးနောက် သူမမေးတဲ့မေးခွန်းက အမျိုးသမီးပရိသတ်တွေ မေးကြတဲ့အတိုင်းပင်ဖြစ်နေပြီး ကုမျန်အား အတင်းဖိနှိပ်မေးနေတဲ့သဘောတောင် ဖြစ်နေတဲ့အတွက် ရှောင်ကျူးက အံ့သြသွားခဲ့တယ်။

သူမက လက်ကိုအမြန်ဝှေ့ယမ်းလိုက်ပြီး "ရတယ်မျန်းမျန်၊ ငါမေးလိုက်တာကို ဂရုမစိုက်ပါနဲ့"

ကုမျန်က "နင် လော့ချယ်ကို voteရင်လည်း ကိစ္စကြီးကြီးမားမားတော့ မဟုတ်ပါဘူး..."

ရှောင်ကျူးက လက်အုပ်ချီလိုက်ပြီး ကတိပေးလာတယ်။"မျန်းမျန် နင့်ရဲ့ Weibo က နင့်ကိုကိုယ်စားပြုတာမို့လို့ ဘာမှမလုပ်ခင် ငါသတိထားလိုက်ပါ့မယ် နင့်ကိုဒုက္ခမပေးတော့ပါဘူးနော်"

“ဟုတ်ပါပြီ”

ရှောင်ကျူးက ကုမျန်ကို ဖြစ်ပျက်သမျှတွေကို ပြောပြခဲ့ပြီး ခွင့်လွှတ်မှုရရှိပြီးနောက်မှာ သူမရဲ့ စိုးရိမ်ပူပန်မှုတွေကို စွန့်လွှတ်လိုက်တော့တယ်။

သူမထွက်သွားတော့မယ့်အချိန် နောက်သုံးရက်အကြာမှာ ကျင်းပမယ့် China Acting Awardအကြောင်း တွေးမိသွားပြီး ကုမျန်ကိုပြောပြလိုက်တယ်။ "မျန်းမျန် သန်ဘက်ခါကျရင် China Acting Award မှာ ပါဝင်ရမယ် အဲဒါကို မမေ့နဲ့နော်"

"အိုး" ဒီနှစ် China Acting Awardက အမျိုးသားဇာတ်ဆောင်နဲ့ ဇာတ်လိုက်မင်းသမီးတို့ကြား ပထမဆုံးတွေ့ဆုံခြင်းဆိုတာကို ကုမျန်မှတ်မိသွားတယ်။

ဒါက "I'm So Popular" ထဲမှ အမျိုးသမီးဇာတ်ဆောင်ဖြစ်တဲ့ ရွယ်ကွေ့၀မ်ပေါ်လာတော့မယ်လို့ ဆိုလိုခြင်းလည်းဖြစ်တယ်။

Miao-

1. Weiboထဲမှာဆို သူ့ရဲ့ညာဘက်မှာ ကြယ်ပွင့်စာရင်းရှိတယ်။

2. သူတို့ကြိုက်တဲ့ကြယ်ပွင့်ကို ရှာလို့ရပြီး ကြယ်ပွင့်နာမည်ရဲ့နောက်မှာ အချက်အလက်တွေရှိတယ်။

3. သူ/သူမကို supportဖို့အတွက် reading dataတိုးမြင့်လာစေဖို့ စာဖတ်တာ၊ မှတ်ချက်ပေးတာနဲ့ ဆယ်လီဘရစ်တီတွေရဲ့ Weibo ကို likeလုပ်လို့ရတယ် ။

4. အပြန်အလှန်တုံ့ပြန်တဲ့ဒေတာကို တိုးမြှင့်ဖို့ ဆယ်လီဘရစ်တီတွေရဲ့ Weibo ကို ပြန်တင်ရတယ်။

5. သူတို့ရဲ့ @weibo နဲ့အတူ ပို့စ်တင်ရတာဖြစ်ပါတယ်။





Zawgyi

ေလာ့က်စ္ယြီက သူနားၾကားမွားေနတာလို႔ ထင္သြားတယ္။ "ဘာႀကီး"

ေလာ့ခ်ယ္က ဖုန္းကိုျမႇောက္ျပလာၿပီး သူတို႔ထဲက တစ္ခုကို ႏွိပ္လိုက္ကာ "ဒါေလ ဒီစာရင္းကေန ငါ သူမကို ဘယ္လို sopportရမလဲ"

Group ထဲက တစ္ေယာက္ေယာက္က ပို႔စ္တင္ေနတာေတြ႕ေပမယ့္ ဘယ္လိုလုပ္ရမယ္ဆိုတာ သူမသိဘူးေလ။

ေလာ့ခ်ယ္က ၾကယ္ပြင့္ျဖစ္လာတာ ႏွစ္မ်ားစြာၾကာၿပီ‌ျဖစ္ေပမယ့္လည္း အခ်ိဳ႕အရာေတြကို သူအာ႐ုံမစိုက္မိခဲ့ေပ။

အျခားသူေတြကို supportဖို႔အေၾကာင္းရင္း သူ႕မွာ ဘယ္တုန္းကမွမရွိခဲ့ဘူး။

အဲ့ဒီစကားကိုၾကားေတာ့ ေလာ့က်စ္ယြီ သူ႕ပါးစပ္ကို မဖြင့္လို႔မရေတာ့ေပ။

သူမကို voteလိုက္႐ုံပဲ မဟုတ္ဘူးလား? သူက အခု Fan Clubထဲ ဝင္ၿပီး၊ ဓာတ္ပုံေတြေတာင္သိမ္းၿပီး သူမကို supportေနတယ္။ ေလာ့က်စ္ယြီက ေခြးစာေတြ ပါးစပ္အျပည့္ အေကြၽးခံလိုက္ရသလို ခံစားလိုက္ရတယ္။

သူက သူ႕ေကာင္မေလး ေထာင္ေရွာင္းလီကို ဗီဒီယိုခ်တ္လုပ္ဖို႔ ဖုန္းေခၚဆိုၿပီးေနာက္ သူမကို လြမ္းတယ္လို႔သာ ေျပာလိုက္ခ်င္ေတာ့တယ္။

ေလာ့ခ်ယ္နားမလည္ရင္ ေအးဂ်င့္တစ္ဦးျဖစ္တဲ့ ေလာ့က်စ္ယြီလည္း သဘာဝအတိုင္း နားလည္နိုင္မွာမဟုတ္ေပ။

ေလာ့ခ်ယ္က IQ ျမင့္မားတာေၾကာင့္ အရာမ်ားစြာကို လ်င္ျမန္စြာေလ့လာသင္ယူခဲ့ၿပီး မၾကာခင္မွာပဲ စတားတစ္ေယာက္ကို ဘယ္လိုကူညီရမလဲဆိုတာ သိသြားတယ္။

"@မ်န္းမ်န္ရဲ႕သစ္သားအိမ္ေလး : #CelebrityALLList#@ကုမ်န္ ငါ နင့္ကို အၿမဲအားေပးေနမယ္! #CelebrityALLList# ရဲ႕ ပထမေနရာကို ရယူလိုက္ၾကရေအာင္ @Super support"

ေလာ့က်စ္ယြီက လုံးဝကို ၾကက္ေသ,ေသေနၿပီး "ေကာင္းၿပီ၊ မင္းဘာသာမင္း ကစားလို႔ရေနတာပဲ"

တစ္ဖက္မွာ‌ေတာ့ ေရွာင္က်ဴးက သူမအင္တာနက္ေပၚမွာ ေလာ့ခ်ယ္ကိုvoteခဲ့တာေၾကာင့္ ဘယ္ေလာက္ေတာင္ ႐ုတ္႐ုတ္သဲသဲျဖစ္သြားရတယ္ဆိုတာကို သိလိုက္ရတဲ့အခ်ိန္မွာေတာ့ တစ္နာရီကုန္လြန္သြားၿပီပင္။

ဒီအခ်ိန္မွာေတာ့ ကိစၥေတြက ျဖစ္ပ်က္ၿပီးသြားၿပီ။ Weibo ကို ဖ်က္လိုက္ရင္ေတာင္ အသုံးမ၀င္ဘူး။

အင္တာနက္ေပၚက ျပင္းထန္တဲ့တုံ႕ျပန္မႈကို ျမင္ၿပီးေနာက္ ေရွာင္က်ဴးက အနည္းငယ္ ထိတ္လန႔္သြားတယ္။ သူမက ဖုန္းေတာင္မဆက္ဘဲ ကုမ်န္ရဲ႕အိမ္ကို အလ်င္စလိုသြားလိုက္တယ္။

ေရွာင္က်ဴးေရာက္လာေတာ့ ကုမ်န္က ဗီလာေနာက္ဘက္ရွိ ဥယ်ာဥ္ထဲမွာ သူမရဲ႕ ေန႕လည္ခင္းလက္ဖက္ရည္ကို ေသာက္ေနတာျဖစ္တယ္။ လက္ဖက္ရည္ေသာက္ရင္း ၊ အဆာေျပစားရင္း ၊ မဂၢဇင္းကို လွန္ၾကည့္ရင္း၊ သူမက သက္ေတာင့္သက္သာရွိလွတဲ့ဘဝေလးကို ေနထိုင္ခဲ့တယ္။

ေရွာင္က်ဴးရဲ႕ စိုးရိမ္ေနတဲ့ရွင္းျပခ်က္ကို ၾကားၿပီးေနာက္၊ ကုမ်န္က "ရတယ္၊ ဘာပဲျဖစ္ျဖစ္ Weibo က နင့္လက္ထဲကို အပ္ထားတာ‌ေလ နင္လုပ္ခ်င္တာလုပ္လို႔ရတယ္"

ေရွာင္က်ဴးက တံေတြးမ်ိဳခ်လိဳက္ၿပီး ပူပင္ေသာကေရာက္စြာ ေျပာလိုက္တယ္။"ဒါေပမယ့္ မ်န္းမ်န္၊ ငါ voteေပးခဲ့ေပမယ့္လည္း ဒါက နင့္ရဲ႕ Weibo ျဖစ္လို႔ နင္လုပ္ခဲ့တယ္လို႔ တျခားသူေတြထင္မွာေလ"

ကုမ်န္က စာမ်က္ႏွာကို ေပါ့ေပါ့ပါးပါးနဲ႕လွန္လိုက္ၿပီး မဂၢဇင္းကို စိုက္ၾကည့္ေနကာ ဒီကိစၥကိုဂ႐ုမစိုက္ဘဲ "နင္လုပ္လုပ္ ၊ ငါလုပ္လုပ္ ကိစၥမရွိဘူး"

ေရွာင္က်ဴးက ကုမ်န္ရဲ႕ဂ႐ုမစိုက္တဲ့ အမူအရာေၾကာင့္ သက္ျပင္းကိုသာ ခ်လိဳက္ရတယ္။ ဒီလိုတုံ႕ျပန္မႈမ်ိဳးကမွ ကုမ်န္နဲ႕တကယ္တူတာ။

ဒါေပမယ့္ ေရွာင္က်ဴးက မသိခ်င္ဘဲမေနနိုင္ခဲ့ဘူး။"မ်န္းမ်န္ နင္သာဆိုရင္ ဘယ္သူကို voteမွာလဲ" ကုမ်န္သာ ေလာ့ခ်ယ္ကို voteမယ္ဆိုရင္ သူမ ဘာအမွားမွ မလုပ္ခဲ့ဘူးလို႔ ဆိုလိုတာပဲ။

ကုမ်န္က လက္ဆန့္ၿပီး ပန္းကန္ထဲက ကြတ္ကီးေလးတစ္ခုကို ယူလိုက္ကာ ေပါ့ေပါ့ပါးပါး ျပန္ေျဖလိုက္တယ္။"voteဖို႔ အရမ္းပ်င္းတယ္"

"တစ္ေယာက္ေယာက္ကို voteမွရမယ္ဆိုရင္ ဘယ္လိုလုပ္မွာလဲ"

ေမးၿပီးေနာက္ သူမေမးတဲ့ေမးခြန္းက အမ်ိဳးသမီးပရိသတ္ေတြ ေမးၾကတဲ့အတိုင္းပင္ျဖစ္ေနၿပီး ကုမ်န္အား အတင္းဖိႏွိပ္ေမးေနတဲ့သေဘာေတာင္ ျဖစ္ေနတဲ့အတြက္ ေရွာင္က်ဴးက အံ့ၾသသြားခဲ့တယ္။

သူမက လက္ကိုအျမန္ေဝွ႕ယမ္းလိုက္ၿပီး "ရတယ္မ်န္းမ်န္၊ ငါေမးလိုက္တာကို ဂ႐ုမစိုက္ပါနဲ႕"

ကုမ်န္က "နင္ ေလာ့ခ်ယ္ကို voteရင္လည္း ကိစၥႀကီးႀကီးမားမားေတာ့ မဟုတ္ပါဘူး..."

ေရွာင္က်ဴးက လက္အုပ္ခ်ီလိုက္ၿပီး ကတိေပးလာတယ္။"မ်န္းမ်န္ နင့္ရဲ႕ Weibo က နင့္ကိုကိုယ္စားျပဳတာမို႔လို႔ ဘာမွမလုပ္ခင္ ငါသတိထားလိုက္ပါ့မယ္ နင့္ကိုဒုကၡမေပးေတာ့ပါဘူးေနာ္"

“ဟုတ္ပါၿပီ”

ေရွာင္က်ဴးက ကုမ်န္ကို ျဖစ္ပ်က္သမွ်ေတြကို ေျပာျပခဲ့ၿပီး ခြင့္လႊတ္မႈရရွိၿပီးေနာက္မွာ သူမရဲ႕ စိုးရိမ္ပူပန္မႈေတြကို စြန႔္လႊတ္လိုက္ေတာ့တယ္။

သူမထြက္သြားေတာ့မယ့္အခ်ိန္ ေနာက္သုံးရက္အၾကာမွာ က်င္းပမယ့္ China Acting Awardအေၾကာင္း ေတြးမိသြားၿပီး ကုမ်န္ကိုေျပာျပလိုက္တယ္။ "မ်န္းမ်န္ သန္ဘက္ခါက်ရင္ China Acting Award မွာ ပါဝင္ရမယ္ အဲဒါကို မေမ့နဲ႕ေနာ္"

"အိုး" ဒီႏွစ္ China Acting Awardက အမ်ိဳးသားဇာတ္ေဆာင္နဲ႕ ဇာတ္လိုက္မင္းသမီးတို႔ၾကား ပထမဆုံးေတြ႕ဆုံျခင္းဆိုတာကို ကုမ်န္မွတ္မိသြားတယ္။

ဒါက "I'm So Popular" ထဲမွ အမ်ိဳးသမီးဇာတ္ေဆာင္ျဖစ္တဲ့ ႐ြယ္ေကြ႕၀မ္ေပၚလာေတာ့မယ္လို႔ ဆိုလိုျခင္းလည္းျဖစ္တယ္။

Miao-

1. Weiboထဲမွာဆို သူ႕ရဲ႕ညာဘက္မွာ ၾကယ္ပြင့္စာရင္းရွိတယ္။

2. သူတို႔ႀကိဳက္တဲ့ၾကယ္ပြင့္ကို ရွာလို႔ရၿပီး ၾကယ္ပြင့္နာမည္ရဲ႕ေနာက္မွာ အခ်က္အလက္ေတြရွိတယ္။

3. သူ/သူမကို supportဖို႔အတြက္ reading dataတိုးျမင့္လာေစဖို႔ စာဖတ္တာ၊ မွတ္ခ်က္ေပးတာနဲ႕ ဆယ္လီဘရစ္တီေတြရဲ႕ Weibo ကို likeလုပ္လို႔ရတယ္ ။

4. အျပန္အလွန္တုံ႕ျပန္တဲ့ေဒတာကို တိုးျမႇင့္ဖို႔ ဆယ္လီဘရစ္တီေတြရဲ႕ Weibo ကို ျပန္တင္ရတယ္။

5. သူတို႔ရဲ႕ @weibo နဲ႕အတူ ပို႔စ္တင္ရတာျဖစ္ပါတယ္။

Continue Reading

You'll Also Like

477K 68.4K 171
ရှီရှန်း arc 11 က​နေ စတင်တာပါ arc 1က​နေ 10ထိကို workထဲမှာ သွားရှာနိုင်ပါတယ် ႐ွီ႐ွန္း arc 11 က​ေန စတင္တာပါ arc 1က​ေန 10ထိကို workထဲမွာ သြား႐ွာႏိုင္ပါတ...
249K 14.9K 40
My priority /property/privacy
514K 34.6K 31
story description>>>>> start-5/10/2021 end-1/1/2022
16.3K 1.9K 32
Totally Credited to original author