အသက်ရှင်နိုင်ဖို့အရေး အနမ်းတွ...

By Melinoe_Megami

254K 46.5K 3K

I rely on kisses to clear survival games. 90 Chapters + 9 Extras This is not my own. Totally Credited to orig... More

Description
1
2
3 - Midnight Mansion (1)
4 - Midnight Mansion (2)
5 - Midnight Mansion (3)
6 - Midnight Mansion (4)
7 - Midnight Mansion (5)
8 - Midnight Mansion (6)
9 - Midnight mansion (7)
10 - Midnight Mansion (8)
11 - Midnight Mansion (9)
12 - Midnight Mansion (10)
13 - Midnight Mansion (End)
14
15
16
17 - Abandoned hospital (1)
18 - Abandoned Hospital (2)
19 - Abandoned Hospital (3)
20 - Abandoned Hospital (4)
21.1 -Abandoned Hospital (5)
21.2 - Abandoned Hospital (5)
22 - Abandoned Hospital (6)
23 - Abandoned Hospital (7)
24 - Abandoned Hospital (8)
25 - Abandoned Hospital (9)
26 - Abandoned Hospital (10)
27 - Abandoned Hodpital (11)
28 - Abandoned Hospital (12)
29 - Abandoned Hospital (13)
30 - Abandoned Hospital (14)
31.05 - Special Episode
31 - Abandoned Hospital (15)
32 - Abandoned Hospital (End)
33
34
35
37 - Horror Variety (2)
38 - Horror Variety (3)
39 - Horror Variety (4)
40 - Horror Variety (5)
41 - Horror Variety (6)
42 - Horror Variety (7)
43 - Horror Variety (8)
44 - Horror Variety (9)
45 - Horror Variety (End)
46
47 - Ghost School (1)
48 - Ghost School (2)
49 - Ghost School (3)
50 - Ghost School (4)
51 - Ghost School (5)
52 - Ghost School (6)
53 - Ghost School (7)
54 - Ghost School (8)
55 - Ghost School (9)
56 - Ghost School (10)
57 - Ghost School (11)
58 - Ghost School (12)
59 - Ghost School (13)
60 - Ghost School (14)
61 - Ghost School (15)
62 - Ghost School (16)
63 - Ghost School (17)
64 - Ghost School (End)
65 - Ghost's Bride (1)
66 - Ghost's Bride (2)
67 - Ghost's Bride (3)
68 -Ghost's Bride (4)
69 -Ghost's Bride (5)
70 - Ghost's Bride (6)
71 - Ghost's Bride (7)
72 - Ghost's Bride (8)
73 - Ghost's Bride (9)
74 - Ghost's Bride (10)
75 - Ghost's Bride (11)
76 - Ghost's Bride (12)
77 - Ghost's Bride (End)
Arts
78
79
80
81
82 - Out of Control Photobook (1)
83 - Out of Control Photobook (2)
84 - Out of Control Photobook (3)
85 - Out of Control Photobook (4)
86 - Out of Control Photobook (5)
87 - Out of Control Photobook (6)
88 - Out of Control Photobook (End)
89 - Finale (1)
90 - Finale
91 - Extra : Bloody Fairy Tale (1)
92 - Extra : Bloody Fairy Tale (2)
93 - Extra : Bloody Fairy Tale (3)
94 - Extra : Bloody Fairy Tale (4)
95 - Extra : Bloody Fairy Tale (5)
96 - Extra : Bloody Fairy Tale (End)
97 - Extra
98 - Extra
99 - Extra End

36 - Horror Variety (1)

2.7K 484 18
By Melinoe_Megami

Unicode

အခန်း - (၃၆) : Horror Variety (1)

ချန်ကျစ်ချူးသည် ချန်လင်းလင်း လှေကားပေါ်မှပြုတ်ကျကြောင်း ကြားလိုက်ရချိန်တွင် အလွန်စိုးရိမ်သွားပြီး ချက်ချင်း အိမ်ပြန်ရန် ပြင်၏။ သို့သော် သူ၏အမေက သူ့ညီမလေး၏ဒဏ်ရာ သိပ်မပြင်းထန်ကြောင်း၊ သူ့ကို အသိပေးခြင်းသာဖြစ်ကြောင်း အခိုင်အမာ ပြောလာသည်။ ကျောင်းမှန်မှန်တက်ပြီး ပိတ်ရက်ရောက်မှ အိမ်ပြန်လာရန်လည်း ပြောခဲ့သေးသည်။

တစ်ရက်ထဲတွင် ကိစ္စအများကြီး ဖြစ်ပျက်ခဲ့သဖြင့် ချန်ကျစ်ချူးမှာ အသက်ထွက်လုမတတ် ပင်ပန်းနေချေပြီ။ အဆောင်သို့ပြန်ပြီး သူ၏အခန်းဖော်များထံ ဖုန်းဆက်ကာ အကျိုးအကြောင်းမေးသည်။ ဆေးရုံတွင် ဘာပြဿနာမှမရှိကြောင်း သေချာသွားတော့မှ သူလည်း အိပ်ရာပေါ်လှဲကာ အိပ်ပျော်သွားတော့သည်။

ကံကောင်းထောက်မစွာဖြင့် နောက်ရက်တွင် သူ၏ပုံမှန်ကံတရားက ပြန်ရောက်လာပုံပေါ်သည်။ ကံကောင်းသည့် အခြေအနေရော၊ ကံဆိုးသည့် အခြေအနေပါ မကြုံရတော့ချေ။ ဤသို့ဖြင့် နေ့ရက်များကို အေးအေးချမ်းချမ်း ဖြတ်သန်းနိုင်ခဲ့သည်။

ငွေဒင်္ဂါးက ပျောက်ကွယ်သွားသလို သူ့ကို စကားထပ်မပြောတော့ပေ။ အိပ်မက်ထဲမှာလည်း ပေါ်မလာချေ။ မည်သည့်နေရာမှာမှ ပေါ်မလာတော့ချေ။ ဂိမ်း၏ Storage Space ထဲမှာသာ မသိမ်းထားလျှင် ချန်ကျစ်ချူး၏စိတ်ထဲ ကျပျောက်သွားပြီဟု ထင်မိလိမ့်မည်။

...... ငွေဒင်္ဂါးက စိတ်ထိခိုက်သွားတာများလား..?

ငွေဒင်္ဂါးလေး အသံတိတ်နေတာကြောင့် ချန်ကျစ်ချူးက ထိုသို့တွေးလိုက်မိ၏။

ထိုငွေဒင်္ဂါးသည် သူ့ကို ကံကောင်းစေသည့် အဆောင်လေးလို ထင်မြင်လာအောင် ချန်ကျစ်ချူးအား လှည့်စားခဲ့သော်လည်း တစ်ရက်ပင်မခံလိုက်၊ ကတိပေးထားသည့် အတုအယောင်ကံကောင်းမှုအားလုံး ချက်ချင်း ပျက်ပြယ်သွားပြီး ကံဆိုးမှုအဖြစ်ပင် ပြောင်းလဲသွားရသည်။

အစကတော့ ထိုငွေဒင်္ဂါးကြောင့် ကံဆိုးရတာဟု ထင်ခဲ့သေးသည်။ သို့သော် ရက်အတော်ကြာအောင် အသံတိတ်နေပုံထောက်၊ သူ ကံဆိုးရခြင်းက ငွေဒင်္ဂါးကြောင့်မဟုတ်မှန်း သဘောပေါက်လိုက်သည်။ မည်သို့ဆိုစေ ငွေဒင်္ဂါးက သူ့ကို အောင်အောင်မြင်မြင် မလှည့်စားနိုင်သေးသဖြင့် လုပ်ကြံဦးမည်မဟုတ်ပေ။

ထို့ကြောင့် နောက်ဆုံးထင်မြင်ချက်ကား.... သူ၏ကံဆိုးမှုသည် ငွေဒင်္ဂါး၏ ထူးဆန်းသောအစွမ်းဖြင့်ပင် မပြောင်းလဲနိုင်သည့် ကံတရားမျိုး ဖြစ်ပေလိမ့်မည်။

ထိုအတွေးကြောင့် ငွေဒင်္ဂါးကို အသုံးမပြုရန် ဆုံးဖြတ်ထားသည့် ချန်ကျစ်ချူး၏ ဆုံးဖြတ်ချက်က ပိုမိုခိုင်မာလာ၏။ အစကတည်းက အသုံးမပြုရန် ရည်ရွယ်ထားသော်လည်း လွန်ခဲ့သောရက်အနည်းငယ်က ဖြစ်ပျက်ခဲ့သည့် ကိစ္စများသည် သူ့ကို ရှင်းရှင်းလင်းလင်း သတိပေးနေလေပြီ။

[ တကယ်တော့... ငွေဒင်္ဂါးက အဲ့လောက်မဆိုးဘူးလို့ ထင်တာပဲ.. ]

System က ပြောလာသည်။ : [ မင်းကြုံတွေ့ခဲ့ရတဲ့ ကံဆိုးမှုအားလုံးက ဘယ်ကမှန်းမသိပေါ်လာတဲ့ ကံကောင်းမှုတွေနဲ့ ညီမျှနေတယ်.. ဒီအတိုင်းသာဆို ရုတ်တရက် ကံဆိုးမှာကို စိုးရိမ်နေစရာမလိုတော့ဘူး.. အဲ့လိုမှမဟုတ်ဘဲ ကံဆိုးမှုတွေအားလုံး စုပေါင်းသွားရင် မင်း သေတောင်သေနိုင်တယ်နော်.. ]

[ မင်းပြောတာလည်း ဟုတ်ပါတယ်။ ]

ချန်ကျစ်ချူးက ခေါင်းညိတ်သဘောတူလိုက်သည်။ ပြီးနောက် တွေးတွေးဆဆဖြင့် : [ ငါနားမလည်တာ တစ်ခုရှိသေးတယ်.. ကျီယွင်ရှောင်ရဲ့ရှိုးပွဲကို ငါ့ညီမလေး မသွားနိုင်တော့လို့ ငါက အစားသွားပေးရမှာလေ.. အဲ့တာ ငါ့အတွက် ကံကောင်းတာလား ကံဆိုးတာလား..? ]

[ အင်း... ပရိသတ်တစ်ယောက်အနေနဲ့ဆို ကံကောင်းတယ်လို့ ပြောရမှာပေါ့.. ဒါပေမဲ့ မင်းက ကျီယွင်ရှောင်ရဲ့ ပရိသတ်မဟုတ်တော့ သိပ်မသေချာဘူး။ ] System လည်း တိတိကျကျ မပြောနိုင်ပေ။

[ အဲ့တာဆို စိုးရိမ်မနေတော့ဘူး။ ] ချန်ကျစ်ချူးက ခေါင်းကုတ်လိုက်ရင်း.. : [ ဒါပေမဲ့ ငါလည်း ဧည့်သည်အနေနဲ့ တက်ရောက်ခွင့်ရလို့ ပျော်နေတာဆိုတော့ ငါ့ကိုယ်ငါ ကျီယွင်ရှောင်ရဲ့ ယာယီပရိသတ်တစ်ဦးလို့ သတ်မှတ်လို့ရပြီပဲ.. ]

Instance တစ်ခု အတူရှင်းလင်းပြီးနောက် ချန်ကျစ်ချူးသည် ကျီယွင်ရှောင်နှင့် ဖိုရမ်ပေါ်တွင် သူငယ်ချင်းဖြစ်လာပြီး စကားစမြည်ပြောဖြစ်ခဲ့သည်။ ဤသို့ဖြင့် နိုင်ငံ့နတ်ဘုရားလေး၏ ဆွဲဆောင်မှုကို နားလည်သွားပြီး ကျီယွင်ရှောင်အပေါ် အမြင်ကောင်းများ ရှိလာခဲ့သည်။

ပြောရလျှင် ကျီယွင်ရှောင်နှင့် မုန့်ညီအစ်မလည်း ချန်ကျစ်ချူး ရွေးချယ်ခံခဲ့ရကြောင်း အွန်လိုင်းသတင်းများမှတဆင့် သိသွား၏။ ညီအစ်မနှစ်ယောက်က ချန်ကျစ်ချူးကို အားကျနေပြီး သူတို့လည်း မိသားစုဝင်များ၊ အသိမိတ်ဆွေများကို အကူအညီတောင်း၍ Event တွင် ပါဝင်ခဲ့ကြောင်း၊ သို့သော် ကံဆိုးပြီး အရွေးမခံရကြောင်း ဝမ်းနည်းတကြီး ရင်ဖွင့်လာကြသည်။ ထိုကိစ္စကြောင့် အတော်လေး စိတ်ထိခိုက်သွားပြီး ရက်အနည်းငယ်ခန့် မှိုင်တွေနေကြလေသည်။

နောက်တော့ ကျီယွင်ရှောင်က သူတို့ကို နှစ်သိမ့်ပေးသည်။ ယခုလိုပွဲမျိုး ထပ်ရှိလာလျှင် သူတို့အတွက် ကျိန်းသေပေါက် နေရာချန်ပေးမည်ဖြစ်ကြောင်း ကတိပေးလိုက်သည်။ ထိုစကားကြောင့် ဝမ်းနည်းနေသော အမြွှာညီအစ်မလည်း ချက်ချင်း ရွှင်မြူးသွားကြပြီး သူတို့၏ Idol နှင့် အမှန်တကယ် ရင်းနှီးလာကြောင်း ရုတ်ချည်း သတိထားမိသွားသည်။

[ Chameleon : မင်းရဲ့ဓာတ်ပုံ အရွေးခံရတာမြင်တော့ တကယ်ဝမ်းသာသွားတာ.. ]

ဖိုရမ်မှတဆင့် ကျီယွင်ရှောင်က ချန်ကျစ်ချူးကို ပြောလာသည်။

[ Chameleon : ဒါပေမဲ့ ဓာတ်ပုံတင်ခဲ့တဲ့လူက မင်းရဲ့ညီမလေးဆိုတော့ ရှိုးပွဲလာမှာ မင်းလား၊ မင်းညီမလေးလား..? ]

[ Freshly Squeezed Orange Juice : ကျွန်တော်လာမှာ.. ညီမလေးက မတော်တဆဖြစ်လို့ မလာနိုင်ဘူးလေ.. ]

ချန်ကျစ်ချူးလည်း သူ၏ဓာတ်ပုံအတွက် သူ့ညီမလေးရေးခဲ့သော မှတ်ချက်ကို မြင်ဖူးသည်။ သူမက ဓာတ်ပုံထဲကလူဟာ သူမ၏အစ်ကိုဖြစ်ကြောင်း ရေးထားသဖြင့် မိန်းကလေးတစ်ဦး၏ အရေးအသားမှန်း ပေါ်လွင်နေသည်။ ထို့ကြောင့် ကျီယွင်ရှောင်လည်း စာရင်းပေးသွင်းသူက သူ့ညီမလေးဆိုတာကို ခန့်မှန်းမိတာ ဖြစ်နိုင်သည်။

ကျီယွင်ရှောင်က ချစ်စရာကောင်းသည့် အပြုံးမျက်နှာလေး ပြန်ပို့လာသည်။

[ Chameleon : ကြိုဆိုပါတယ်.. ဒီတစ်ပတ်ပိတ်ရက်မှာ တွေ့မယ်.. ]

[ Freshly Squeezed Orange Juice : အိုကေ.. ပိတ်ရက်မှာ တွေ့မယ်..! ]

***

ရှိုးပွဲကို စနေနေ့ညနေခင်းတွင် C မြို့တော်၌ ရိုက်ကူးမည်ဖြစ်ပြီး ချန်ကျစ်ချူးနေသည့်နေရာမှ ကီလိုမီတာ ၂၀၀ ကျော် ဝေး၏။ ထို့ကြောင့် မနက်စောစောထပြီး ကျည်ဆန်ရထား စီးသွားမှဖြစ်မည်။

စနေနေ့ညတွင် ချန်ကျစ်ချူးက အိမ်မှာနားနေသည့် သူ့ညီမလေးကို ကြည့်ရန် အိမ်အရင်ပြန်လိုက်သည်။ ကျီယွင်ရှောင်၏ ရှိုးပွဲသို့ ကိုယ်တိုင်မသွားနိုင်သည့်အတွက် အနည်းငယ် ဝမ်းနည်းနေရုံမှလွဲ၍ တက်ကြွနေသော သူ၏ညီမလေးကိုကြည့်ပြီး ချန်ကျစ်ချူးလည်း စိတ်သက်သာရာရသွားသည်။ နှစ်ယောက်သား ဧည့်ခန်းထဲတွင် TV ကြည့်ရင်း စကားပြောဖြစ်ခဲ့သည်။

"အခွင့်အရေးရပေမယ့် သွားရမယ့်ကံမပါလာဘူးထင်ပါရဲ့.. နည်းနည်းတော့ ဝမ်းနည်းတယ်..."

ကောင်မလေးက ဝမ်းနည်းတကြီး ပြောလာသည်။ ပြီးနောက် ချန်ကျစ်ချူး၏ အင်္ကျီလက်ကိုဆွဲပြီး ထပ်တလဲလဲ မှာတော့သည်။ : "ကိုကို.. ညီမလေးအစား ကျီယွင်ရှောင်ရဲ့ အလှတရားတွေကို သေချာကြည့်လာခဲ့နော်.. ကိုကိုပြန်လာပြီး ပြောပြမှာကို မျှော်နေမယ်.. ပြီးတော့ အခွင့်အရေးရရင် ရှောင်ရှောင်ရဲ့ လက်မှတ်လေးဖြစ်ဖြစ် ရအောင်ယူခဲ့ပေးနော်..."

"ဟုတ်ပါပြီ.."

ချန်ကျစ်ချူးက ခေါင်းညိတ်လိုက်သည်။ သူနှင့်ကျီယွင်ရှောင်က 'Infinite Escape' ဂိမ်းကြောင့် သိကျွမ်းနေပြီဖြစ်၍ ခက်ခဲသည့် တောင်းဆိုချက်တော့ မဟုတ်။ သို့သော် ထိုအကြောင်း သူ၏ညီမလေးကို ပြောပြ၍မရပေ။

"ရုပ်သံဌာနက ဒီနားလေးတင်ဆိုရင် သိပ်ကောင်းမှာပဲ.. အဲ့လိုသာဆို ခွေးတိုးပေါက်က တိုးဝင်ရမယ်ဆိုရင်တောင် တိုးဝင်ပစ်လိုက်မှာ.."

ချန်လင်းလင်းက မကျေမနပ် ညည်းညူလိုက်သည်။ ပြီးမှ ရုတ်တရက် သတိရသွားဟန်ဖြင့်.. : "ပြောမှပဲ ညီမလေးတို့ C မြို့ကို ရောက်ဖူးတယ်နော်..? ကိုကို မှတ်မိသေးလား..? ငယ်ငယ်တုန်းက မိသားစုလိုက် C မြို့ကို ခရီးထွက်ခဲ့တာလေ..?"

"အာ.. သွားဖူးလို့လား..?" ချန်ကျစ်ချူးက မျက်တောင်ခတ်လိုက်ပြီး.. : "အမှတ်မှားနေတာများလား.. ငါတော့ လုံးဝမမှတ်မိဘူး.."

"မဟုတ်ဘူး.. အမှတ်မှားတာမဟုတ်ဘူး.. ညီမလေး ရှင်းရှင်းလင်းလင်းကို မှတ်မိနေတာ.. အဲ့တုန်းက အရမ်းငယ်သေးလို့ မူလတန်းတောင် မတက်ရသေးပေမယ့် ခရီးသွားခဲ့တာကို သတိရနေတုန်းပဲ.."

ကောင်မလေးက စဉ်းစားပြီး ထပ်ပြောလာသည်။ : "အဲ့တုန်းက တစ်ခုခုဖြစ်လို့ အဖေနဲ့အမေ အရမ်းစိုးရိမ်နေတာကိုတောင် မှတ်မိသေးတယ်..... ကိုကို အဲ့တုန်းက ပျောက်သွားတာထင်တယ်..?"

ချန်ကျစ်ချူးမှာ စိတ်ရှုပ်ထွေးလာရသည်။ : "ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ..?"

"လင်းလင်း.. မဟုတ်တာတွေ လျှောက်မပြောနဲ့.."

မီးဖိုချောင်ထဲတွင် ချက်ပြုတ်နေသည့် သူတို့၏အမေက ရုတ်တရက် လှမ်းပြောသည်။ : "ငါတို့ C မြို့ကို ဘယ်တုန်းကမှ မသွားခဲ့ဖူးဘူး.. နင့်အစ်ကိုကိုလည်း ဘယ်တုန်းကမှ မပျောက်ဖူးဘူး.. အအိပ်လွန်ပြီး အထင်မှားနေတာလား..?"

"မသွားဖူးဘူးလား..?" ကောင်မလေးက မယုံကြည်နိုင်ဟန်ဖြင့် မျက်မှောင်ကြုတ်လိုက်သည်။

"အမေတောင် ပြောလာပြီဆိုတော့ မသွားဖူးဘူးထင်တယ်.." ချန်ကျစ်ချူးက သူမကို အသာခေါင်းပုတ်လိုက်ပြီး ရယ်ရယ်မောမောဖြင့်.. "မနက်ဖြန် လျှောက်ကြည့်ခဲ့မယ်.. ပျော်စရာကောင်းရင် နောက်မှ အတူတူသွားကြတာပေါ့.."

"အိုကေ.." ကောင်မလေးက ရွှင်မြူးစွာ ပြုံးလိုက်ရင်း.. "ကိုကို.. မနက်ဖြန် ဓာတ်ပုံတွေအများကြီးရိုက်ခဲ့ဖို့ မမေ့နဲ့နော်..!"

"ဟုတ်ပါပြီ.. အကုန်လုပ်ခဲ့ပေးပါ့မယ်.."

မောင်နှမနှစ်ယောက်၏ စကားဝိုင်းကို နားထောင်ပြီး သူတို့၏အမေက အနည်းငယ် စိုးရိမ်နေဟန်ဖြင့်.. : "ကျစ်ချူး.. မနက်ဖြန် ဂရုစိုက်သွားနော်.. တစ်ခုခုဖြစ်ရင် အိမ်ကို ချက်ချင်းဖုန်းဆက်.."

"အမေ.. ကျွန်တော် အရွယ်ရောက်နေပါပြီနော်.. ပြီးတော့ နေ့ချင်းပြန်သွားမှာမို့ ဘာမှမဖြစ်ဘူး.." ချန်ကျစ်ချူးက ရယ်လိုက်ရင်း.. "ကျွန်တော် သိပါပြီ.. တစ်ခုခုဖြစ်ရင် တစ်ယောက်တည်း ကြိတ်မဖြေရှင်းဘူး.. ကျေးဇူးပါ မေမေ.."

"အဲတာဆိုပြီးရော..."

ချန်ကျစ်ချူး၏အမေက ထိုသို့ပြောလိုက်သော်လည်း သူမ၏ မျက်ဝန်းအိမ်ထဲတွင် စိုးရိမ်ပူပန်ရိပ်တို့ ထင်ဟပ်နေလေသည်။

***

နောက်တစ်ရက်မနက် ချန်ကျစ်ချူးက ကျည်ဆန်ရထားစီးပြီး C မြို့တော်သို့ သွားသည်။ နေ့လည်စာကို ရိုးရိုးရှင်းရှင်း စားပြီးနောက် အဆောက်အအုံကြီးတစ်ခုရှိ ရုပ်သံဌာနသို့ တန်းသွားလိုက်သည်။ သူရောက်သွားချိန်တွင် အောက်ထပ်၌ လူအတော်များများ ရောက်နေပြီဖြစ်ကြောင်း‌ တွေ့လိုက်ရ၏။

Show အတွက် ဧည့်ပရိသတ်အများစုသည် လူငယ်များသာဖြစ်ပြီး မိန်းကလေးက ပိုများသည်။ အဖွဲ့လိုက် မတ်တပ်ရပ်နေကြ၍ မတူညီသော အနုပညာရှင်အသီးသီး၏ ပရိသတ်များ ဖြစ်ပေလိမ့်မည်။

ဤ Variety Show သည် တရုတ်ပြည်တွင် အတော်လေး နာမည်ကြီးပြီး ချန်ကျစ်ချူလည်း ယခင်က ကြည့်ဖူးသဖြင့် အတော်လေး နားလည်နေသည်။ သူတို့က နာမည်ကျော် သို့မဟုတ် လူသစ်အနုပညာရှင် လေး၊ ငါးယောက်ခန့်ကို အပတ်တိုင်း ဧည့်အနုပညာရှင်အဖြစ် ဖိတ်ကြားလေ့ရှိသည်။

ကျီယွင်ရှောင် ပွဲဦးထွက်ပြီး နာမည်မကြီးခင်က တစ်ခါဖိတ်ကြားခဲ့ဖူးသလို နောက်တစ်ကြိမ်လည်း ထပ်ရှိဖူးသဖြင့် ယခုအကြိမ်က ကျီယွင်ရှောင်အတွက် ဤ Variety Show ၌ တတိယအကြိမ် ပါဝင်တင်ဆက်ခြင်း ဖြစ်ပေသည်။ သူက ဤတစ်ပတ်တွင် နာမည်ကျော်အနုပညာရှင်အဖြစ် ဖိတ်ကြားခံရသောကြောင့် ပရိသတ်အများစုက သူ၏ပရိသတ်များ ဖြစ်နေသည်။

ဤနေရာသို့ မလာခင်ကတည်းက ချန်ကျစ်ချူးသည် စည်းမျဉ်းစည်းကမ်းများကို ဖတ်ရှုခဲ့၏။ ထိုအချက်များထဲတွင် အနုပညာရှင်တစ်ဦးစီ၏ ပရိသတ်များကို အတူတူစုထိုင်နိုင်အောင် စီစဉ်ပေးထားသဖြင့် Support ပေးသည့် အင်္ကျီအဝတ်အစား၊ သို့တည်းမဟုတ် ခေါင်းစည်းနှင့် တခြားပစ္စည်းများ ယူဆောင်လာသင့်ကြောင်း အထူးတလည် ထည့်သွင်းရေးသားထားသည်။

ချန်ကျစ်ချူးလည်း သေသေချာချာ တွေးဆပြီးနောက် ကျီယွင်ရှောင်၏ Fan Shirt ဝတ်ရန် ဆုံးဖြတ်လိုက်သည်။ မည်သို့ဆိုစေ သူ့အတွက် Light Stick ကဲ့သို့သောပစ္စည်းများ ယူဆောင်သွားရန် အဆင်မပြေသလို ကျီယွင်ရှောင်ရှေ့တွင် Fan Shirt ကို ဝတ်ဖူးပြီးသားမဟုတ်ပါလား။

သို့သော် ကျီယွင်ရှောင်၏ ပရိသတ်အဖွဲ့ကို မြင်လိုက်ရပြီးနောက် ချန်ကျစ်ချူးခမျာ အနည်းငယ် တောင့်တင်းသွားရှာသည်။

ကျီယွင်ရှောင်၏ ပရိသတ်အားလုံး မိန်းကလေးဖြစ်နေသောကြောင့် ဖြစ်၏။ ယောက်ျားလေးပရိသတ်ဟူ၍ တစ်ဦးတလေပင်မရှိ။ ယောက်ျားပရိသတ် ထပ်ရောက်မလာဘဲ လင်းလင်းသာ တက်ရောက်ဖြစ်ခဲ့လျှင် ကျီယွင်ရှောင်၏ ပရိသတ်အစုအဝေးက ကျိန်းသေပေါက် မိန်းကလေးတပ်ဖွဲ့ကြီး ဖြစ်ပေလိမ့်မည်။

မိန်းကလေးအဖွဲ့လိုက်ကြီးကို မြင်လိုက်ရသောအခါ ချန်ကျစ်ချူးလည်း အနားမကပ်ရဲတော့ပေ။ ထို့ကြောင့် ပွဲမစခင်အချိန်ထိ ရပ်စောင့်ရန် တိတ်ဆိတ်သည့် ထောင့်တစ်နေရာကို ရှာနေစဉ်မှာပင် ဝန်ထမ်းတစ်ဦးက သူ့ကို သတိပြုမိသွားသည်။

"မင်းက ကျီယွင်ရှောင်ရဲ့ ပရိသတ်လား..?"

ဝန်ထမ်းက ချန်ကျစ်ချူး၏ တီရှပ်ကိုကြည့်ပြီး ပြုံးလိုက်သည်။ ပြီးနောက် ကြင်နာစွာ မေးလာသည်။ : "မင်းက ဒီကိုရောက်လာတဲ့ ပထမဆုံး ယောက်ျားလေး'ယွမ်လန်'ပဲ.. နာမည်နဲ့ဖုန်းနာမည်ပြော.. အထဲဝင်လို့ရအောင် စစ်ပေးမယ်.."

"အာ.. တကယ်ကြီး ယောက်ျားလေးပရိသတ်ဟ..! ပထမဆုံးမြင်ဖူးတာပဲ..!"

"တကယ့်ကို...... ဒီကိုကိုလေးက အရမ်းချစ်ဖို့ကောင်းတာပဲ.. ကြည့်...ကြည့် ရှက်နေပြီ...."

"..........."

ကျီယွင်ရှောင်၏ ပရိသတ်အားလုံး တဖျတ်ဖျတ်တောက်ပနေသည့် မျက်ဝန်းများဖြင့် ချန်ကျစ်ချူးကို ရုတ်တရက်ကြီး လှည့်ကြည့်လာသည်။ ချန်ကျစ်ချူးခမျာ သတိမပြုမိသလို ဟန်ဆောင်ပြီး ဝန်ထမ်းနှင့် စကားပြောနေသော်ငြား နားရွက်နှစ်ဖက်လုံး ရဲရဲနီနေပြီဖြစ်သည်။

ငါ့ကို သတ်နေတာပဲ.....

ထိုဝန်ထမ်းထွက်သွားပြီးနောက် သူ့ကို မိန်းကလေးပရိသတ်များ ဝန်းရံလာပြီး သူ၏ လိင်စိတ်တိမ်းညွတ်မှုအကြောင်း မေးမြန်းကြတော့၏။ ကျီယွင်ရှောင်၏ ယောက်ျားလေးပရိသတ်အများစုက ဂေးနေသောကြောင့်ပင်။

ချန်ကျစ်ချူးလည်း အနည်းငယ် ကူကယ်ရာမဲ့လာသလို ခံစားလိုက်ရသည်။ ခန်းမထဲသို့ ပရိသတ်များ ဝင်နိုင်ပြီဖြစ်ကြောင်း ကြေညာလိုက်မှသာ သက်ပြင်းချနိုင်ခဲ့သည်။ တစ်ချိန်တည်းမှာပင် ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ လမ်းပျောက်လာသည်။ တကယ်လည်း သူက တစ်ဦးတည်းသော ယောက်ျားလေးပရိသတ် ဖြစ်နေသည်လေ။

ရိုက်ကူးရေးခန်းမထဲသို့ မဝင်ခင် ဝန်ထမ်းများက ခပ်မြန်မြန် ရှင်းပြပေးသည်။ ပြီးနောက် ဓာတ်ပုံခိုးရိုက်ခြင်း၊ ရိုက်ကူးရေးကို နှောင့်ယှက်ခြင်း မပြုနိုင်ရန် သူတို့၏ဖုန်းများကို သိမ်းဆည်းလိုက်၏။ ရိုက်ကူးရေးပြီးမှ ဖုန်းများကို ပြန်ပေးလိမ့်မည်။

ရှိုးပွဲပြီးလျှင် ကိုယ်သဘောကျသည့် အနုပညာရှင်နှင့် ဓာတ်ပုံတွဲရိုက်နိုင်အောင်၊ လက်မှတ်တောင်းနိုင်အောင်လည်း စီစဉ်ပေးထားကြောင်း ပြောပြလာသည်။

အသီးသီးနေရာယူလိုက်ပြီးနောက် ဒါရိုက်တာက နှုတ်ဆက်စကားပြောပြီး အစီအစဉ်အကြောင်း အကျဉ်းချုပ် ရှင်းပြပေးသည်။

"ပရိသတ်အားလုံး ကျွန်တော်တို့ရှိုးကို ကြည့်ဖူးကြမှာပါ.. ပုံမှန်အားဖြင့် ရှိုးကို Indoor နဲ့ Outdoor ဆိုပြီး နှစ်ပိုင်းခွဲထားတယ်.. ဒီအပိုင်းလည်း အတူတူပဲ.. Indoor ပါဝင်မှာပါ.."

"... ပထမတစ်ပိုင်း ရိုက်ကူးပြီးရင်တော့ ဧည့်သည်အနုပညာရှင်တွေက Outdoor ရိုက်ကူးတွေကို ဆက်လက်ရိုက်ကူးပါလိမ့်မယ်.. အဲတာကြောင့် သူတို့ပြန်လာမှာကို ဒီနေရာကနေ ထိုင်စောင့်နိုင်သလို ကျွန်တော်တို့စီစဉ်ပေးထားတဲ့ ဘတ်စ်ကားစီးပြီး နောက်ကလိုက်လည်း ရပါတယ်.. လိုက်ချင်လား၊ မလိုက်ချင်ဘူးလားဆိုတာကို လွတ်လွတ်လပ်လပ် ရွေးချယ်နိုင်ပါတယ်.."

ပြီးနောက် ဒါရိုက်တာက လက်ခုပ်တီးလိုက်သည်။ ရိုက်ကူးရေးစတင်သည်နှင့် ပရိသတ်များက ချက်ချင်း တိတ်ဆိတ်သွားသည်။

ချန်ကျစ်ချူးသည် TV Show ကို ပရိသတ်အနေဖြင့် ပထမဦးဆုံး တက်ရောက်ဖူးတာဖြစ်ပြီး အတော်လေး စိတ်လှုပ်ရှားနေခဲ့၏။ ကျီယွင်ရှောင်အပြင် သူသဘောကျသည့် မင်းသမီးတစ်ဦးလည်း ပါဝင်နေသဖြင့် ရိုက်ကူးရေးစတင်ရန် မျှော်လင့်နေတော့သည်။

တစ်ခဏကြာပြီးနောက် ရိုက်ကူးရေးကို တရားဝင် စတင်ခဲ့သည်။ အခမ်းအနားမှူးက စင်ပေါ်တက်လာပြီး အဖွင့်စကား အနည်းငယ်ပြောကာ ဧည့်သည်သရုပ်ဆောင်များနှင့် မိတ်ဆက်ပေးပြီး ပရိသတ်များကလည်း တစ်ခဲနက် လက်ခုပ်တီးအားပေးကြသည်။

အထူးသဖြင့် ကျီယွင်ရှောင် ပေါ်လာချိန်တွင် ပရိသတ်များ၏ လက်ခုပ်သံနှင့် အားပေးမှုက အကျယ်ဆုံးဖြစ်ပြီး တခြားပရိသတ်များပင် အားပေးကြသဖြင့် သူ မည်မျှနာမည်ကြီးကြောင်း သက်သေပြနေတော့သည်။

"အားလုံးပဲ မင်္ဂလာပါ.."

ကျီယွင်ရှောင်က ပရိသတ်များဘက်သို့ အပြုံးလေးဖြင့် လက်ဝှေ့ယမ်းပြသည်။ ရှေ့ဆုံးမှာထိုင်နေသည့် ချန်ကျစ်ချူးကို မြင်လိုက်ရချိန် သူ၏မျက်ဝန်းထဲတွင် အလင်းဖျော့ဖျော့တစ်ချက် ဖြတ်ပြေးသွားပြီး အပြုံးက ပိုမိုနူးညံ့လာခဲ့သည်။

ထိန်လင်းတောက်ပနေသော အလင်းရောင်အောက်တွင် ကျီယွင်ရှောင်သည် အလွန်ချောမောပြီး အမြင်အာရုံကို ဖမ်းစားနိုင်လွန်း၏။ စင်ပေါ်တွင် သည်အတိုင်း မတ်တပ်ရပ်နေရုံဖြင့် တောက်ပလင်းလက်နေပြီး ဘေးမှ တခြားဧည့်သည်များပင် မှေးမှိန်သွားရသည်။ ဤပုံစံအတိုင်း ကျီယွင်ရှောင်က လူအများ၏အာရုံကို ဖမ်းစားထားလေသည်။

ထိုလေထု၏ သက်ရောက်မှုကြောင့် ချန်ကျစ်ချူးလည်း စိတ်လှုပ်ရှားလာသည်။ စိတ်အားထက်သန်မှုအပြည့်ဖြင့် လက်ဖဝါးများ နီရဲလာသည်အထိ လက်ခုပ်တီးအားပေးခဲ့သည်။ နောက်လာမည့် အစီအစဉ်အတွက် ပို၍စိတ်လှုပ်ရှားလာခဲ့သည်။

ဤ Variety Show သည် တရုတ်ပြည်တွင် အကောင်းဆုံးများထဲမှ တစ်ခုအပါအဝင်ဖြစ်၏။ အမြဲတမ်း ရယ်မောဖွယ်ရာများ ပါဝင်တတ်ပြီး ဤတစ်ခေါက်လည်း ပရိသတ်များကို စိတ်မပျက်စေခဲ့ပေ။

ကျီယွင်ရှောင်သည် စင်ပေါ်တွင် တောက်ပလင်းလက်နေသော်လည်း သူ၏ စရိုက်အမှန်က သိမ်မွေ့ကာ အေးအေးဆေးဆေး နေတတ်သည်။ လူတိုင်းက သူကို စိတ်ထားကောင်းပြီး အနေအေးသည်ဟု သတ်မှတ်ထားသဖြင့် အစီအစဉ်တစ်လျှောက်လုံးတွင် ကျီယွင်ရှောင်က ကံအဆိုးဆုံးဖြစ်ခဲ့သည်။ သူ၏ အသင်းဖော်များပင် သူ့ကို စနောက်ကြပြီး မုန်ညင်းနှင့် ကြက်ဟင်းခါးသီး ရောဖျော်ထားသည့် ဖျော်ရည်ကို လိမ်သောက်ခိုင်းခဲ့သည်။

ကျီယွင်ရှောင်က သူ၏အသင်းဖော်များကို လုံးဝသံသယမဝင်ဘဲ ဖန်ခွက်တစ်ဝက်ခန့် တစ်ကျိုက်တည်း သောက်ချပစ်လိုက်သည်။ ပြီးနောက် မျက်လုံးများ နီရဲလာပြီး ချောင်းဆိုးတော့၏။ သို့တိုင် သူ၏အသင်းဖော်များ သူ့ကို စနောက်နေကြောင်း သတိမပြုမိသေးပေ။ နောက်ဆုံး သိသွားချိန်မှာတော့ အောင့်သက်သက် ဖြစ်သွားရှာသည်။

ပရိသတ်များလည်း အားပါးတရ ရယ်မောကြတော့သည်။ ချန်ကျစ်ချူးပင် ဗိုက်နာအောင် အော်ရယ်မိသည်အထိ။ ထိုကစားပွဲပြီးနောက် အသင်းဖော်များ၏ လှည့်စားမှုကြောင့် ကျီယွင်ရှောင်ခမျာ အမှတ်အများအပြား ဆုံးရှုံးလိုက်ရပြီး အပြစ်ပေးခံရမည့် အလှည့်သို့ ရောက်လာသည်။

"အပြစ်မပေးခင် ယွင်ရှောင်အတွက် ကိုယ့်ကိုယ်ကိုကယ်တင်ဖို့ အခွင့်အရေးတစ်ခု ရှိပါတယ်.. 'ငါ ဘာကိုသရုပ်ဆောင်နေသလဲ..' ဆိုတဲ့ဂိမ်းကို အားလုံးပဲ သိကြမှာပါ.."

အစီအစဉ်မှူးက အားပါးတရ ပြုံးလိုက်ရင်း.. : "ကျွန်တော်တို့က ယွင်ရှောင်ကို သရုပ်ဆောင်ရမယ့် စာစုလေးတွေ ပေးပါမယ်.. သူ့ရဲ့ ပရိသတ်တွေထဲက တစ်ယောက်က စင်ပေါ်တက်လာပြီး အဖြေမှန်ကို ခန့်မှန်းရမယ်.. စုစုပေါင်း မေးခွန်း ၅ ခုရှိပြီး သတ်မှတ်ထားတဲ့ အချိန်အတွင်း ဖြေဆိုရမှာပါ။ တကယ်လို့ မေးခွန်း ၅ ခုထဲက ၃ ခုမှန်ရင် ယွင်ရှောင်ကို ပြစ်ဒဏ်ကင်းလွတ်ခွင့် ပေးမယ်.. ဒါပေမဲ့ ၂ ခေါက်ပဲ မှားဖြေခွင့်ရှိမယ်နော်.. ကဲ ယွင်ရှောင်.. စိန်ခေါ်ချင်ပါသလား..?"

"ဒါပေါ့.." ကျီယွင်ရှောင်က ခေါင်းညိတ်လိုက်သည်။

"အဲတာဆို ယွင်ရှောင်ရေ.. မင်းရဲ့ပရိသတ်ကို ကျေးဇူးပြုပြီး ရွေးချယ်ပေးပါဦး.." ပြီးနောက် အစီအစဉ်မှူးက ပရိသတ်ရှိရာသို့ လှည့်လာပြီး.. "'ယွမ်လန်'တွေ.. ရွေးချယ်ခံချင်ရင် အကျယ်ဆုံးအော်ပြီး မင်းတို့ရဲ့ စိတ်အားထက်သန်မှုကို ယွင်ရှောင်သိအောင် ပြလိုက်ကြတော့...!"

အစီအစဉ်မှူး၏ တိုက်တွန်းမှုနှင့်အတူ ကျီယွင်ရှောင်၏ မိန်းကလေးပရိသတ်အားလုံး ချက်ချင်း လက်ဝှေ့ယမ်းပြီး ကုန်းအော်ကြတော့၏။ တချို့ဆိုလျှင် မတ်တပ်ရပ်ပြီး သူတို့ကို သတိထားမိအောင် ခုန်ပေါက်နေကြတော့သည်။

ချန်ကျစ်ချူးက မိန်းကလေးပရိသတ်များလောက် အရူးအမူးမဟုတ်သဖြင့် ဘာမှမအော်ပေ။ သည်အတိုင်း ထိုင်နေပြီး အရူးအမူး အော်ဟစ်နေကြသည့် ဘေးပတ်ပတ်လည်မှ မိန်းကလေးတစ်စုကို ကူကယ်ရာမဲ့စွာ ကြည့်နေမိသည်။

"......... ဒီတစ်ခေါက်တော့ ယောက်ျားလေးပရိသတ်တစ်ယောက်ကို ရွေးချယ်ချင်ပါတယ်.."

ပရိသတ်များကို တစ်ခဏမျှ ရပ်ကြည့်နေပြီးနောက် ကျီယွင်ရှောင်က ပြုံးကာ ထိုသို့ပြောလိုက်သည်။

မိန်းကလေးပရိသတ်များလည်း စိတ်ပျက်လက်ပျက် ညည်းညူကာ ပြန်ထိုင်လိုက်ကြပြီး ချန်ကျစ်ချူးရှိရာသို့ အကြည့်ရောက်လာကြသည်။ အဘယ်ကြောင့်ဆိုသော် ဤနေရာတွင် ချန်ကျစ်ချူးက တစ်ဦးတည်းသော ယောက်ျားလေးပရိသတ် ဖြစ်နေသောကြောင့်ပင်။

"..........."

ဘာ... ဘာလဲ..? သူတို့က ငါ့ကို သွားစေချင်တာလား..? ဒါပေမဲ့ ဘယ်လိုခန့်မှန်းရမလဲဆိုတာ မသိဘူးလေ..!

လူတိုင်းက သူ့ကို စိုက်ကြည့်နေသဖြင့် ချန်ကျစ်ချူးမှာ စိတ်လှုပ်ရှားလာရ၏။ သို့သော် ကျီယွင်ရှောင်၏ မျှော်လင့်နေဟန် အပြုံးနုနုလေးကြောင့် သူလည်း ထိုင်ခုံမှထပြီး စင်မြင့်ပေါ်သို့ တက်သွားလိုက်သည်။ သူ၏နားရွက်နှစ်ဖက်က နီရဲတွတ်နေပြီး အတော်လေး ရှက်ရွံ့နေမိသည်။

ကျီယွင်ရှောင်က သူ့ကို အပြုံးလေးဖြင့် နှစ်သိမ့်ပေးပြီး စိတ်မလှုပ်ရှားရန် လက်ဟန်ပြလာသည်။ သို့နှင့် ချန်ကျစ်ချူးလည်း တဖြည်းဖြည်း စိတ်ပေါ့ပါးသွားပြီး စင်ပေါ်တွင် သဘာဝကျကျလေး မတ်တပ်ရပ်နိုင်ခဲ့သည်။

"ဒီနေ့.. မင်းက ယွင်ရှောင်ရဲ့ တစ်ဦးတည်းသော ယောက်ျားလေးပရိသတ်ဖြစ်နေတော့ အရမ်းကံကောင်းတာပဲ.." အစီအစဉ်မှူးက ရယ်မောကာ.. "မင်းရဲ့နာမည်ကို မေးလို့ရမလား..?"

"အားလုံးပဲ မင်္ဂလာပါ.. ကျွန်တော်က ချန်ကျစ်ချူးပါ.."

ချန်ကျစ်ချူးက မိုက်ကရိုဖုန်းယူကာ လူတိုင်း၏ အကြည့်အောက်တွင် ဖြည်းဖြည်းချင်း ပြောလိုက်သည်။ : "ဒီနေ့ ယွင်ရှောင်က ကျွန်တော့်ကို ရွေးချယ်ပေးလို့ အရမ်းပျော်ရွှင်ပြီး ဂုဏ်ယူမိပါတယ်.. ယွင်ရှောင်ရဲ့ မျှော်လင့်ချက်ကို ဖြည့်ဆည်းပေးပြီး အပြစ်ဒဏ်ကင်းလွတ်အောင် ကူညီပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်.."

"စင်ပေါ်တက်ပြီး ကူညီပေးလို့ ကျွန်တော်ကလည်း အရမ်းကျေးဇူးတင်ပါတယ်.."

ကျီယွင်ရှောင်က အပြုံးလေးဖြင့် ပြောလာသည်။

"အဲတာဆို ကံကောင်းပါစေ..!"

အစီအစဥ်မှူးက ပြုံး၍ ခေါင်းညိတ်ပြသည်။ စင်အောက်မှ ဒါရိုက်တာက ရိုက်ကူးရေးအဖွဲ့သားများကို အချက်ပြပြီး စက္ကူကဒ်များ ကပ်ထားသည့် Whiteboard တစ်ခုကို ယူလာစေသည်။ အစီအစဉ်မှူးက ကဒ်တစ်ကဒ်ကို ကျပန်းရွေးချယ်ပြီး ကျီယွင်ရှောင်ကိုပေးကာ သရုပ်ဆောင်စေမည်။ ချန်ကျစ်ချူးကတော့ ခန့်မှန်းရလိမ့်မည်။

အစီအစဉ်မှူးက Whiteboard ရှေ့တွင် မတ်တပ်ရပ်ပြီး ကဒ်တစ်ကဒ်ကို ယူလိုက်၏။ ကျီယွင်ရှောင်က ထိုကဒ်ကို လက်ခံပြီး ဖတ်ကြည့်လိုက်သည်။ ပြီးနောက် ပျော်ရွှင်နေသော အမူအရာလေးက အနည်းငယ် တောင့်တင်းသွားလေသည်။

........ ဘာရေးထားလို့လဲ..?

ချန်ကျစ်ချူးခမျာ အနည်းငယ် စိတ်လှုပ်ရှားသွားရသည်။ သူ မခန့်မှန်းနိုင်လျှင် မည်သို့လုပ်မည်နည်း။ စတင်စိတ်ပူလာသည်။

"ယွင်ရှောင်.. အဆင်သင့်ဖြစ်ပြီလား..? အိုကေ.. စတင်လိုက်ရအောင်..!"

အစီအစဉ်မှူးက ကြေညာလိုက်သည်နှင့် ကျီယွင်ရှောင်သည် ချန်ကျစ်ချူးကို ကြည့်ပြီး စတင်သရုပ်ပြသည်။ သူက ပထမဦးဆုံး သူ့ကိုယ်သူ ညွှန်ပြပြီး ရင်ဘတ်ကို ပုတ်ပြသည်။ ပြီးနောက် ချည်နှောင်သည့် ပုံစံလုပ်ကာ ဘယ်ဘက်လက်ကို သူ၏ခေါင်းပေါ် မြှောက်ပြသည်။

"ငါ.... နှလုံး.... ချည်နှောင်တာ..?"

ချန်ကျစ်ချူးခမျာ တွေဝေနေတော့သည်။ ကျီယွင်ရှောင်က ခေါင်းယမ်းပြပြီး လက်ဘက်လက်ကို သူ၏ခေါင်းပေါ် ထပ်မြှောက်ပြပြန်သည်။ ဒီတစ်ခေါက်တော့ ချန်ကျစ်ချူး နားလည်သွားပြီး ထအော်တော့သည်။ : "တရုတ်ရှေ့ဆောင်လူငယ်များလား..? အာ... အနီရောင်လည်စည်းပဝါ..?"

ကျီယွင်ရှောင်က ခေါင်းညိတ်ပြီး သူ၏ရင်ဘတ်ကို ပုတ်ပြသည်။ ပြီးနောက် ရင်ဘတ်ရှေ့တွင် သူ၏လက်နှစ်ဖက်ကို သွယ်ယှက်ပြီး အရောင်တောက်လာသည့်ပုံစံ လုပ်ပြသည်။ ချန်ကျစ်ချူးလည်း စက္ကန့်အနည်းငယ်ခန့် မျက်မှောင်ကြုတ်နေပြီးနောက် ရုတ်ချည်း နားလည်သွား၏။ သူက ခပ်မြန်မြန်လေး ခန့်မှန်းလိုက်သည်။

"ငါ့ရင်ဘတ်ပေါ်က အနီရောင်ပဝါက ပိုပြီးအရောင်တောက်လာတယ်..?"

"ဂုဏ်ယူပါတယ်... ပထမဆုံး အဖြေမှန်သွားပါပြီ..!"

အစီအစဉ်မှူးနှင့် ပရိသတ်များက ချက်ချင်း ဩဘာပေးကြသည်။ အဖြေမှန်သွားတော့မှ ချန်ကျစ်ချူးလည်း တိတ်တခိုး သက်ပြင်းချနိုင်တော့သည်။ တစ်ချိန်တည်းမှာပင် 'စာသားက အဓိပ္ပါယ်မရှိလိုက်တာ'ဟူ၍ မတွေးဘဲမနေနိုင်ခဲ့။ ဤသို့ဆိုလျှင် နောက်မေးခွန်းများက ပို၍ခက်ခဲလောက်သည်။

သေချာတာပေါ့၊ နောက်မေးခွန်းကြောင့် ချန်ကျစ်ချူးခမျာ ကျောက်ရုပ်ဖြစ်သွားရှာသည်။ ကျီယွင်ရှောင် သရုပ်ဖော်ပြတာကို လုံးဝနားမလည်နိုင်ခဲ့ပေ။ အမျိုးမျိုး ခန့်မှန်းခဲ့သော်လည်း တစ်ခုမှ အဖြေမမှန်ခဲ့။ ကျီယွင်ရှောင်က ခန့်မှန်းရခက်နေပုံကိုကြည့်ပြီး အချိန်မဖြုန်းတော့ဘဲ ထိုမေးခွန်းကို လက်လျော့ကာ နောက်မေးခွန်းတစ်ခု ဆက်သွားလိုက်သည်။

သို့သော် တတိယမေးခွန်းကိုလည်း မဖြေနိုင်ခဲ့ပေ။ လုံးဝမခန့်မှန်းနိုင်တော့တာကြောင့် ချန်ကျစ်ချူး၏လက်တွင် ချွေးပြန်လာပြီး အလွန်စိတ်လှုပ်ရှားလာ၏။ ဦးနှောက်က ဗလာကျင်းသွားသလို သူခန့်မှန်းသမျှက အဖြေမှန်နှင့် ဝေးသထက်ဝေးလာတော့သည်။

[ အဖြေကို မြင်နေရတယ်.. ရေးထားတာက 'အစ်မလုပ်နိုင်ရင် ညီမလေးလည်း လုပ်နိုင်တယ်'တဲ့...]

ထိုအခိုက် ချန်ကျစ်ချူး၏ စိတ်ထဲတွင် အသံသေးသေးလေးတစ်ခု ကြားလိုက်ရသည်။ အသံမထွက်တာကြာပြီဖြစ်သော ငွေဒင်္ဂါးပင်။

[ ဘာလို့အပြင်ထွက်လာပြန်တာလဲ..? ] ချန်ကျစ်ချူးက အံ့ဩသွားသော်လည်း မျက်နှာပေါ်တွင် မပေါ်လွင်စေခဲ့ပေ။

[ .... ငါ့ရဲ့အမှားကို ပြန်ပြင်ချင်လို့ပါ.. သခင် ]

ငွေဒင်္ဂါး၏အသံက အတန်ငယ် အောက်ကျို့နေလေ၏။

[ ပြီးတော့ ငါသာ လွတ်လပ်သွားရင် သခင့်အတွက် ရေတွက်လို့မရနိုင်တဲ့ အကျိုးအမြတ်တွေ ဆောင်ယူလာနိုင်တယ်ဆိုတာ သက်သေပြမှဖြစ်မယ်.. ]

ချန်ကျစ်ချူးက သူ၏ဒဏ်ရာကို မနေနိုင်အောင် ထပ်ဆွလိုက်သည်။ : [ ပဟေဠိခန့်မှန်းတာကို ကူညီပေးနိုင်ရုံလေး မဟုတ်ဘူးလား..? ]

[ .......... ] ငွေဒင်္ဂါးက အသံတိတ်သွားသည်။

"အဟွတ်...." ချန်ကျစ်ချူးမှာ ရယ်ချင်စိတ်ကို ထိန်းမရတော့ပေ။ ငွေဒင်္ဂါးလေးကို သနားသော်လည်း လုံးဝအသုံးပြုမည်မဟုတ်။ ဤကား ပြောင်းလဲ၍မရသည့် ဆုံးဖြတ်ချက်တစ်ခုပင်။

ငွေဒင်္ဂါး၏ စကားအသွားအလာကိုကြည့်ပြီး လိမ်ညာနေခြင်းမဟုတ်ကြောင်း ခန့်မှန်းမိလိုက်သည်။ အဖြေမှန်ကို သိလိုက်ရ၍ ချန်ကျစ်ချူး၏ စိတ်ထဲတွင် အနည်းငယ် စိတ်သက်သာရာရသွား၏။ တမင်တကာ နှစ်ခါမှားအောင် ဖြေလိုက်ပြီးနောက် အဖြေမှန်ပြောလိုက်သဖြင့် အစီအစဉ်မှူးနှင့် ပရိသတ်များလည်း လက်ခုပ်ဩဘာပေးကြလေသည်။

စတုတ္ထမေးခွန်းကိုလည်း ငွေဒင်္ဂါး၏အကူအညီဖြင့် အဖြေမှန်အောင် 'ခန့်မှန်း'နိုင်ခဲ့သည်။ သို့နှင့် ချန်ကျစ်ချူးက မေးခွန်း ၃ ခုမှန်အောင် ခန့်မှန်းနိုင်ခဲ့သောကြောင့် ကျီယွင်ရှောင်လည်း ပြစ်ဒဏ်မှကင်းလွတ်သွားသည်။ သို့သော် ဂိမ်း၏စည်းမျဉ်းကြောင့် နောက်ဆုံးမေးခွန်းကို ဆက်ပြီးခန့်မှန်းရပေဦးမည်။

[ ငါးခုမြောက်မေးခွန်းအတွက် ငါ့ကို အဖြေပြောပြစရာမလိုတော့ဘူး။ ] ချန်ကျစ်ချူးက ငွေဒင်္ဂါးကို ပြောလိုက်သည်။ : [ ငါ ခန့်မှန်းနိုင်တယ်.. ငါ့ဘာသာ ခန့်မှန်းမယ်.. အဖြေမှားရင်တောင် ပြဿနာမရှိဘူး.. ]

သူက နောက်ဆုံးစကားစု 'ပြဿနာမရှိဘူး..' ကို သေသေချာချာ ဖိပြောလိုက်သည်။

ငွေဒင်္ဂါးလေးက ဘာမှပြန်မပြောခဲ့ပေ။ တစ်ယောက်တည်း စိတ်ဓာတ်ကျပြီး တစ်နေရာရာသို့ ထွက်သွားသလား ထင်ရသည်။

"ကဲ... နောက်ဆုံးမေးခွန်းလေး လာပါပြီ.."

အစီအစဉ်မှူးက ကျီယွင်ရှောင်ကို ကဒ်တစ်ကဒ် လှမ်းပေးလိုက်သည်။ ကျီယွင်ရှောင်က စာဖတ်ကြည့်ပြီးနောက် အတော်ကြာ တောင့်ခဲနေပြီး ရှက်ရွံ့နေပုံပေါ်သည်။

ချန်ကျစ်ချူးကို လှမ်းကြည့်ရင်း နားရွက်ဖျားများပင် နီရဲလာသည်။ ပြီးနောက် လက်နှစ်ဖက်ကိုဖြန့်ကာ စက်ဝိုင်းအကြီးကြီး လုပ်ပြသည်။ သူ့ကိုယ်သူ လက်ညှိုးညွှန်ကာ အသည်းပုံလုပ်ပြပြီးနောက် ချန်ကျစ်ချူးကို ညွှန်ပြလိုက်သည်။

"ငါ.. မင်းကို .... ချစ်.. အဲ... ကြိုက်တယ်လား..?"

ချန်ကျစ်ချူးက အလေးအနက်ထားကာ ခန့်မှန်းနေပြီး 'ငါ မင်းကို ကြိုက်တယ်..' ဟူသည့်စကားအထိ မှန်ကန်စွာ ခန့်မှန်းနိုင်ခဲ့၏။ ကျီယွင်ရှောင်က နှုတ်ခမ်းနှစ်လွှာကို အသာစေ့ပြီး ရှက်ရွံ့စွာ ခေါင်းညိတ်ပြလာသည်။ ပြီးနောက် စက်ဝိုင်းအကြီးကြီး လုပ်ပြပြီး လက်နှစ်ချောင်းဖြင့် လူတစ်ယောက် လမ်းလျှောက်နေသလို သရုပ်ဖော်ပြလာသည်။

လူနဲ့စက်ဝိုင်း..? ဘာကြီးလဲ...?

"အမ်း... ကမ္ဘာ..? လောကကြီး..?"

ချန်ကျစ်ချူး၏စိတ်ထဲ မီးတစ်ချက်လင်းသွားသည်။ ရုတ်တရက် သူ၏ညီမလေး ပြောပြဖူးသည့် ကျီယွင်ရှောင်၏ သီချင်းတစ်ပုဒ်ကို ပြန်အမှတ်ရသွားသည်။ : "အဖြေက တစ်လောကလုံးမှာ မင်းကို အနှစ်သက်ဆုံးပဲလား..?"

"ဂုဏ်ယူပါတယ် ကျစ်ချူး.. အဖြေမှန်သွားပါပြီ..!"

စင်ထောင့်မှ အဖြူရောင်မီးခိုးငွေ့များ ထွက်ပေါ်လာပြီး ပရိသတ်များက အသံကျယ်ကျယ်ဖြင့် ချီးမွမ်းဂုဏ်ပြုနေကြလေသည်။ ကျီယွင်ရှောင်က ချန်ကျစ်ချူးကို အနည်းငယ် ရှက်ရွံ့နေဟန်ဖြင့် ငေးကြည့်နေပြီး မျက်နှာနီနီလေးက ဆွဲဆောင်မှုရှိနေတော့သည်။

မိန်းကလေးပရိသတ်များလည်း အသံကုန် အော်ကြတော့သည်။ ချန်ကျစ်ချူးကို ယောက်ျားလေးပရိသတ်ဖြစ်နေ၍ သိပ်ဂရုမစိုက်။ သူတို့က အလွန်စိတ်လှုပ်ရှားနေပြီး 'နမ်း... နမ်း..' ဟူ၍ပင် အော်လာသူရှိ၍ အကုန်လုံး ပွဲကျကုန်တော့သည်။

ဒါပေါ့၊ အနမ်းက ဖြစ်နိုင်သည့်အရာမဟုတ်ပေ။ သို့သော် ချန်ကျစ်ချူးအတွက် လက်ဆောင်ရခဲ့သည်။ ကျီယွင်ရှောင်၏ လက်မှတ်ပါသော CD တစ်ချပ်နှင့် ပွေ့ဖက်မှု... သူတို့နှစ်ဦး ဖက်လိုက်ချိန်တွင် ပရိသတ်ကြီးက တစ်ခဲနက် အော်ဟစ်အားပေးခဲ့ကြသည်။

ချန်ကျစ်ချူးလည်း သူ၏ထိုင်ခုံနေရာသို့ ပျော်ရွှင်စွာ ပြန်လာခဲ့သည်။ သူ့ဘေးနားမှာထိုင်သည့် မိန်းကလေးပရိသတ်များ၏ အကြည့်က ပြောင်းလဲလာပြီး ချန်ကျစ်ချူး၏ တစ်ကိုယ်လုံးမှ အရောင်ထွက်နေသယောင် ထင်မှတ်ရသည်။

စာသားအပေါ်ဖြစ်စေ၊ သူ၏ပွေ့ဖက်မှုအပေါ်ဖြစ်စေ နည်းနည်းလေးမျှ တုံ့ပြန်မှုမရှိခဲ့သော ချန်ကျစ်ချူးကိုကြည့်ပြီး ကျီယွင်ရှောင်၏ မျက်ဝန်းများ မှောင်မိုက်လာကာ စိတ်ဓာတ်ကျနေသည့် အရိပ်အယောင်တချို့ စွန်းထင်းလာသည်။ သို့သော် သိပ်မကြာခင် ပြန်လည်ကွယ်ပျောက်သွားပြီး ပုံမှန်အတိုင်း ဆက်ပြုံးနေလေသည်။

စင်ပေါ်တွင် ရိုက်ကူးပြီးနောက် ဒါရိုက်တာက ၁၀ မိနစ်ခန့် အားလပ်ချိန်ပေးသည်။ ထို့နောက်တွင်မူ Outdoor ရိုက်ကူးရမည့် အချိန်ရောက်လာ၏။ ရိုက်ကူးရေးပြန်စသည်နှင့် ဧည့်သည်အနုပညာရှင်များကို မဲနှိုက်ခိုင်းပြီး မတူညီသည့် တည်နေရာအသီးသီးတွင် Mission လုပ်ရန် တာဝန်ပေးခဲ့သည်။

"ယွင်ရှောင်က ပြီးခဲ့တဲ့အဆင့်မှာ ရှုံးနိမ့်ခဲ့ပေမယ့် သူနဲ့ကျစ်ချူးပေါင်းပြီး 'ငါ ဘာကိုသရုပ်ဆောင်နေသလဲ..' ကစားပွဲမှာ မေးခွန်းတွေကို အောင်အောင်မြင်မြင် ဖြေဆိုနိုင်ခဲ့တာကြောင့် ပထမဦးဆုံးမဲနှိုက်ခွင့် ရရှိမှာဖြစ်ပါတယ်.."

အစီအစဉ်မှူးက ဦးစွာ ရှင်းပြလာသည်။ ကျီယွင်ရှောင်က ခေါင်းညိတ်ပြီး သူ၏လက်ကို သေတ္တာလေးထဲ ထည့်လိုက်သည်။ ပြီးနောက် ပြန်ဆွဲယူလိုက်သောအခါ 'ဗီလာသတ္တိစမ်းပွဲ..'ဟု ရေးထားသည့် စာလိပ်လေး ပါလာခဲ့သည်။

"အာ... ယွင်ရှောင်က ဒီနေ့ ကံမကောင်းဘူးထင်ပါရဲ့.. တကယ့်အခက်ခဲဆုံးတာဝန်ကိုမှ ရလိုက်တာပဲ.."

အစီအစဉ်မှူးက အပြုံးလေးဖြင့် ခေါင်းယမ်းလိုက်သည်။ ထို့နောက် တာဝန်အကြောင်း ပြောပြပေးသည်။

"ဒီ 'ဗီလာသတ္တိစမ်းပွဲ' ဆိုတဲ့တာဝန်က သရဲခြောက်တယ်လို့ နာမည်ကြီးနေတဲ့ ဗီလာတစ်ခုထဲ ဝင်ရမှာပါ.. ပြီးနောက် သတ်မှတ်ထားတဲ့ ပစ္စည်းကိုယူပြီး ပြန်ထွက်လာရမယ်.. ဗီလာအကြောင်း အသေးစိတ်ကိုတော့ ဖန်သားပြင်ပေါ်မှာ တစ်ချက်ကြည့်လိုက်ရအောင်..!"

ပရိသတ်များပင် အံ့ဩသွားရ၏။ တချို့သတ္တိနည်းသူများဆိုလျှင် ကြောက်လန့်နေသည့် အမူအရာမျိုး ဖြစ်သွားကြသည်။ ထို့နောက်တွင်မူ ချောက်ချားဖွယ်တီးလုံးသံနှင့်အတူ ဖန်သားပြင်ပေါ်တွင် ဗီလာကြီးတစ်ခုအကြောင်း စတင်ပြသခဲ့သည်။

"'နှင်းဆီစံအိမ်'ဆိုတဲ့ ဗီလာကြီးကတော့ C မြို့ရဲ့ အရှေ့တောင်ဘက်က ရေကန်တစ်ခုဘေးမှာ တည်ရှိပါတယ်.. လူနေနည်းပါးပြီး အေးချမ်းတိတ်ဆိတ်တဲ့ ပတ်ဝန်းကျင်၊ ရှုခင်းအလှတွေနဲ့ ဝန်းရံနေပါတယ်.. လျှို့ဝှက်ဥယျာဉ်ထဲကို ဘယ်သူမှ ဝင်ခွင့်မရှိပါဘူး.."

"ဒါပေမဲ့ လွန်ခဲ့တဲ့ ၁၂ နှစ်ခန့်က နေ့တစ်နေ့မှာ ရုတ်တရက်ဆိုသလို သာယာအေးချမ်းမှု ပျက်ပြယ်သွားရတယ်.."

ဗီလာကြီးထဲမှာ ကျိုးလော့ချန်လို့ခေါ်တဲ့ လူငယ်ပန်းချီဆရာတစ်ယောက် သေဆုံးနေတာကို တွေ့ခဲ့ကြတယ်။ ရဲတပ်ဖွဲ့က အခင်းဖြစ်စဉ်ကို စုံစမ်းစစ်ဆေးပြီးနောက် ကိုယ့်ကိုယ်ကိုသတ်သေမှုအဖြစ် ကောက်ချက်ချခဲ့တယ်။ ဒါပေမဲ့ သတင်းစကားတွေအရတော့ လူသေမှုက အရမ်းထူးဆန်းပြီး သတ်သေသွားတာ မဟုတ်ပါဘူးတဲ့....."

ကျိုးလော့ချန်၏ ဓာတ်ပုံက ဖန်သားပြင်ပေါ်တွင် ပေါ်ထွက်လာ၏။ ဓာတ်ပုံထဲမှ ပန်းချီဆရာလေးသည် လှပကြည့်ကောင်းသော်ငြား မျက်ဝန်းများက မှိုင်းညှို့နေသည်။ သူက ပြတင်းပေါက်အပြင်ကို ငေးမောနေပြီး သူ၏အနောက်မှ နံရံပေါ်တွင် ပန်းချီကားများဖြင့် ပြည့်နှက်နေလေသည်။

ပန်းချီကားအများစုသည် ပုံတူပန်းချီဖြစ်ပြီး ကလေးငယ်များ၏ ပုံရိပ်ကို ရေးဆွဲထားသည်။ ပန်းချီကားထဲမှ ကလေးငယ်များသည် အပြစ်ကင်းစင်စွာ ရယ်မောနေကြပြီး ပြတင်းပေါက်မှ ဖြာကျနေသည့် နေရောင်ခြည်ကြောင့် အလွန်အမင်း ချစ်စရာကောင်းနေတော့သည်။

သို့သော် ထိုအကြောင်း မိတ်ဆက်ပြီးနောက် ဓာတ်ပုံက အဖြူအမဲဓာတ်ပုံအဖြစ် တဖြည်းဖြည်း ပြောင်းလဲသွားသည်။ ဖန်သားပြင်ပေါ်တွင် သွေးစီးကြောင်းတချို့လည်း စီးကျလာသည်။

"..... သူ့ရဲ့သေဆုံးမှုအကြောင်းက ကောလာဟလအဖြစ် ပျံ့နှံ့သွားတယ်.. တချို့က ကျိုးလော့ချန်းကို သူများသတ်သွားတာလို့ ပြောကြပြီး တချို့က လောင်းကစားအကြွေးတွေကို ပြန်မဆပ်နိုင်တော့လို့ သူ့ဘာသာ သတ်သေသွားတာလို့ ဆိုကြတယ်..."

"တချို့ကတော့ သူ့ရဲ့သေဆုံးမှုက လူသားကြောင့်မဟုတ်ဘဲ ဗီလာကြီးထဲမှာ တစ်ခုခုရှိနေတယ်လို့ ဆိုကြတယ်....."

"........."

"တစ်ဆယ့်နှစ်နှစ်တောင် ကြာမြင့်ခဲ့ပြီ။ အချိန်ရဲ့တိုက်စားမှုကြောင့် အဖြေရှာမရတဲ့ မေးခွန်းတွေကို လူအများ မေ့လျော့သွားကြပြီ.. ဖြစ်ရပ်မှန်ကို ဘယ်သူမှမသိကြဘူး...."

"ဧည့်သည်အနုပညာရှင်ရဲ့ တာဝန်ကတော့ ဗီလာကြီးထဲဝင်ပြီး ပစ္စည်းတစ်ခု ရှာပေးရပါမယ်.. ပြောလို့မရဘူး၊ ထိုဖြစ်ရပ်ရဲ့ လျှို့ဝှက်ချက်တချို့ကိုလည်း ရှာတွေ့နိုင်ပါတယ်။"

***

ပိုင်ရိ၏ ဒိုင်ယာရီမှတ်တမ်း (Part 36)

သပိတ်မှောက်ဆန္ဒပြနေသည်။

..................................................

TN : တစ်ပိုင်းတစ်ပိုင်းကို စာလုံးရေအများကြီးပဲ။ Comment ပေးတဲ့သူလေးတွေ၊ Vote ပေးတဲ့သူလေးတွေ၊ စာဖတ်သူလေးတွေအားလုံးကို ကျေးဇူးတင်ပါတယ်နော်။ ဘာသာပြန်ဖို့ Meli ရဲ့ အားဆေးလေးတွေ 😘💜

..................................................

Zawgyi

အခန္း - (၃၆) : Horror Variety (1)

ခ်န္က်စ္ခ်ဴးသည္ ခ်န္လင္းလင္း ေလွကားေပၚမွျပဳတ္က်ေၾကာင္း ၾကားလိုက္ရခ်ိန္တြင္ အလြန္စိုးရိမ္သြားၿပီး ခ်က္ခ်င္း အိမ္ျပန္ရန္ ျပင္၏။ သို႔ေသာ္ သူ၏အေမက သူ႔ညီမေလး၏ဒဏ္ရာ သိပ္မျပင္းထန္ေၾကာင္း၊ သူ႔ကို အသိေပးျခင္းသာျဖစ္ေၾကာင္း အခိုင္အမာ ေျပာလာသည္။ ေက်ာင္းမွန္မွန္တက္ၿပီး ပိတ္ရက္ေရာက္မွ အိမ္ျပန္လာရန္လည္း ေျပာခဲ့ေသးသည္။

တစ္ရက္ထဲတြင္ ကိစၥအမ်ားႀကီး ျဖစ္ပ်က္ခဲ့သျဖင့္ ခ်န္က်စ္ခ်ဴးမွာ အသက္ထြက္လုမတတ္ ပင္ပန္းေနေခ်ၿပီ။ အေဆာင္သို႔ျပန္ၿပီး သူ၏အခန္းေဖာ္မ်ားထံ ဖုန္းဆက္ကာ အက်ိဳးအေၾကာင္းေမးသည္။ ေဆး႐ုံတြင္ ဘာျပႆနာမွမရွိေၾကာင္း ေသခ်ာသြားေတာ့မွ သူလည္း အိပ္ရာေပၚလွဲကာ အိပ္ေပ်ာ္သြားေတာ့သည္။

ကံေကာင္းေထာက္မစြာျဖင့္ ေနာက္ရက္တြင္ သူ၏ပုံမွန္ကံတရားက ျပန္ေရာက္လာပုံေပၚသည္။ ကံေကာင္းသည့္ အေျခအေနေရာ၊ ကံဆိုးသည့္ အေျခအေနပါ မႀကဳံရေတာ့ေခ်။ ဤသို႔ျဖင့္ ေန႔ရက္မ်ားကို ေအးေအးခ်မ္းခ်မ္း ျဖတ္သန္းႏိုင္ခဲ့သည္။

ေငြဒဂၤါးက ေပ်ာက္ကြယ္သြားသလို သူ႔ကို စကားထပ္မေျပာေတာ့ေပ။ အိပ္မက္ထဲမွာလည္း ေပၚမလာေခ်။ မည္သည့္ေနရာမွာမွ ေပၚမလာေတာ့ေခ်။ ဂိမ္း၏ Storage Space ထဲမွာသာ မသိမ္းထားလွ်င္ ခ်န္က်စ္ခ်ဴး၏စိတ္ထဲ က်ေပ်ာက္သြားၿပီဟု ထင္မိလိမ့္မည္။

...... ေငြဒဂၤါးက စိတ္ထိခိုက္သြားတာမ်ားလား..?

ေငြဒဂၤါးေလး အသံတိတ္ေနတာေၾကာင့္ ခ်န္က်စ္ခ်ဴးက ထိုသို႔ေတြးလိုက္မိ၏။

ထိုေငြဒဂၤါးသည္ သူ႔ကို ကံေကာင္းေစသည့္ အေဆာင္ေလးလို ထင္ျမင္လာေအာင္ ခ်န္က်စ္ခ်ဴးအား လွည့္စားခဲ့ေသာ္လည္း တစ္ရက္ပင္မခံလိုက္၊ ကတိေပးထားသည့္ အတုအေယာင္ကံေကာင္းမႈအားလုံး ခ်က္ခ်င္း ပ်က္ျပယ္သြားၿပီး ကံဆိုးမႈအျဖစ္ပင္ ေျပာင္းလဲသြားရသည္။

အစကေတာ့ ထိုေငြဒဂၤါးေၾကာင့္ ကံဆိုးရတာဟု ထင္ခဲ့ေသးသည္။ သို႔ေသာ္ ရက္အေတာ္ၾကာေအာင္ အသံတိတ္ေနပုံေထာက္၊ သူ ကံဆိုးရျခင္းက ေငြဒဂၤါးေၾကာင့္မဟုတ္မွန္း သေဘာေပါက္လိုက္သည္။ မည္သို႔ဆိုေစ ေငြဒဂၤါးက သူ႔ကို ေအာင္ေအာင္ျမင္ျမင္ မလွည့္စားႏိုင္ေသးသျဖင့္ လုပ္ႀကံဦးမည္မဟုတ္ေပ။

ထို႔ေၾကာင့္ ေနာက္ဆုံးထင္ျမင္ခ်က္ကား.... သူ၏ကံဆိုးမႈသည္ ေငြဒဂၤါး၏ ထူးဆန္းေသာအစြမ္းျဖင့္ပင္ မေျပာင္းလဲႏိုင္သည့္ ကံတရားမ်ိဳး ျဖစ္ေပလိမ့္မည္။

ထိုအေတြးေၾကာင့္ ေငြဒဂၤါးကို အသုံးမျပဳရန္ ဆုံးျဖတ္ထားသည့္ ခ်န္က်စ္ခ်ဴး၏ ဆုံးျဖတ္ခ်က္က ပိုမိုခိုင္မာလာ၏။ အစကတည္းက အသုံးမျပဳရန္ ရည္႐ြယ္ထားေသာ္လည္း လြန္ခဲ့ေသာရက္အနည္းငယ္က ျဖစ္ပ်က္ခဲ့သည့္ ကိစၥမ်ားသည္ သူ႔ကို ရွင္းရွင္းလင္းလင္း သတိေပးေနေလၿပီ။

[ တကယ္ေတာ့... ေငြဒဂၤါးက အဲ့ေလာက္မဆိုးဘူးလို႔ ထင္တာပဲ.. ]

System က ေျပာလာသည္။ : [ မင္းႀကဳံေတြ႕ခဲ့ရတဲ့ ကံဆိုးမႈအားလုံးက ဘယ္ကမွန္းမသိေပၚလာတဲ့ ကံေကာင္းမႈေတြနဲ႔ ညီမွ်ေနတယ္.. ဒီအတိုင္းသာဆို ႐ုတ္တရက္ ကံဆိုးမွာကို စိုးရိမ္ေနစရာမလိုေတာ့ဘူး.. အဲ့လိုမွမဟုတ္ဘဲ ကံဆိုးမႈေတြအားလုံး စုေပါင္းသြားရင္ မင္း ေသေတာင္ေသႏိုင္တယ္ေနာ္.. ]

[ မင္းေျပာတာလည္း ဟုတ္ပါတယ္။ ]

ခ်န္က်စ္ခ်ဴးက ေခါင္းညိတ္သေဘာတူလိုက္သည္။ ၿပီးေနာက္ ေတြးေတြးဆဆျဖင့္ : [ ငါနားမလည္တာ တစ္ခုရွိေသးတယ္.. က်ီယြင္ေရွာင္ရဲ႕ရႈိးပြဲကို ငါ့ညီမေလး မသြားႏိုင္ေတာ့လို႔ ငါက အစားသြားေပးရမွာေလ.. အဲ့တာ ငါ့အတြက္ ကံေကာင္းတာလား ကံဆိုးတာလား..? ]

[ အင္း... ပရိသတ္တစ္ေယာက္အေနနဲ႔ဆို ကံေကာင္းတယ္လို႔ ေျပာရမွာေပါ့.. ဒါေပမဲ့ မင္းက က်ီယြင္ေရွာင္ရဲ႕ ပရိသတ္မဟုတ္ေတာ့ သိပ္မေသခ်ာဘူး။ ] System လည္း တိတိက်က် မေျပာႏိုင္ေပ။

[ အဲ့တာဆို စိုးရိမ္မေနေတာ့ဘူး။ ] ခ်န္က်စ္ခ်ဴးက ေခါင္းကုတ္လိုက္ရင္း.. : [ ဒါေပမဲ့ ငါလည္း ဧည့္သည္အေနနဲ႔ တက္ေရာက္ခြင့္ရလို႔ ေပ်ာ္ေနတာဆိုေတာ့ ငါ့ကိုယ္ငါ က်ီယြင္ေရွာင္ရဲ႕ ယာယီပရိသတ္တစ္ဦးလို႔ သတ္မွတ္လို႔ရၿပီပဲ.. ]

Instance တစ္ခု အတူရွင္းလင္းၿပီးေနာက္ ခ်န္က်စ္ခ်ဴးသည္ က်ီယြင္ေရွာင္ႏွင့္ ဖိုရမ္ေပၚတြင္ သူငယ္ခ်င္းျဖစ္လာၿပီး စကားစျမည္ေျပာျဖစ္ခဲ့သည္။ ဤသို႔ျဖင့္ ႏိုင္ငံ့နတ္ဘုရားေလး၏ ဆြဲေဆာင္မႈကို နားလည္သြားၿပီး က်ီယြင္ေရွာင္အေပၚ အျမင္ေကာင္းမ်ား ရွိလာခဲ့သည္။

ေျပာရလွ်င္ က်ီယြင္ေရွာင္ႏွင့္ မုန႔္ညီအစ္မလည္း ခ်န္က်စ္ခ်ဴး ေ႐ြးခ်ယ္ခံခဲ့ရေၾကာင္း အြန္လိုင္းသတင္းမ်ားမွတဆင့္ သိသြား၏။ ညီအစ္မႏွစ္ေယာက္က ခ်န္က်စ္ခ်ဴးကို အားက်ေနၿပီး သူတို႔လည္း မိသားစုဝင္မ်ား၊ အသိမိတ္ေဆြမ်ားကို အကူအညီေတာင္း၍ Event တြင္ ပါဝင္ခဲ့ေၾကာင္း၊ သို႔ေသာ္ ကံဆိုးၿပီး အေ႐ြးမခံရေၾကာင္း ဝမ္းနည္းတႀကီး ရင္ဖြင့္လာၾကသည္။ ထိုကိစၥေၾကာင့္ အေတာ္ေလး စိတ္ထိခိုက္သြားၿပီး ရက္အနည္းငယ္ခန႔္ မႈိင္ေတြေနၾကေလသည္။

ေနာက္ေတာ့ က်ီယြင္ေရွာင္က သူတို႔ကို ႏွစ္သိမ့္ေပးသည္။ ယခုလိုပြဲမ်ိဳး ထပ္ရွိလာလွ်င္ သူတို႔အတြက္ က်ိန္းေသေပါက္ ေနရာခ်န္ေပးမည္ျဖစ္ေၾကာင္း ကတိေပးလိုက္သည္။ ထိုစကားေၾကာင့္ ဝမ္းနည္းေနေသာ အႁမႊာညီအစ္မလည္း ခ်က္ခ်င္း ႐ႊင္ျမဴးသြားၾကၿပီး သူတို႔၏ Idol ႏွင့္ အမွန္တကယ္ ရင္းႏွီးလာေၾကာင္း ႐ုတ္ခ်ည္း သတိထားမိသြားသည္။

[ Chameleon : မင္းရဲ႕ဓာတ္ပုံ အေ႐ြးခံရတာျမင္ေတာ့ တကယ္ဝမ္းသာသြားတာ.. ]

ဖိုရမ္မွတဆင့္ က်ီယြင္ေရွာင္က ခ်န္က်စ္ခ်ဴးကို ေျပာလာသည္။

[ Chameleon : ဒါေပမဲ့ ဓာတ္ပုံတင္ခဲ့တဲ့လူက မင္းရဲ႕ညီမေလးဆိုေတာ့ ရႈိးပြဲလာမွာ မင္းလား၊ မင္းညီမေလးလား..? ]

[ Freshly Squeezed Orange Juice : ကြၽန္ေတာ္လာမွာ.. ညီမေလးက မေတာ္တဆျဖစ္လို႔ မလာႏိုင္ဘူးေလ.. ]

ခ်န္က်စ္ခ်ဴးလည္း သူ၏ဓာတ္ပုံအတြက္ သူ႔ညီမေလးေရးခဲ့ေသာ မွတ္ခ်က္ကို ျမင္ဖူးသည္။ သူမက ဓာတ္ပုံထဲကလူဟာ သူမ၏အစ္ကိုျဖစ္ေၾကာင္း ေရးထားသျဖင့္ မိန္းကေလးတစ္ဦး၏ အေရးအသားမွန္း ေပၚလြင္ေနသည္။ ထို႔ေၾကာင့္ က်ီယြင္ေရွာင္လည္း စာရင္းေပးသြင္းသူက သူ႔ညီမေလးဆိုတာကို ခန႔္မွန္းမိတာ ျဖစ္ႏိုင္သည္။

က်ီယြင္ေရွာင္က ခ်စ္စရာေကာင္းသည့္ အၿပဳံးမ်က္ႏွာေလး ျပန္ပို႔လာသည္။

[ Chameleon : ႀကိဳဆိုပါတယ္.. ဒီတစ္ပတ္ပိတ္ရက္မွာ ေတြ႕မယ္.. ]

[ Freshly Squeezed Orange Juice : အိုေက.. ပိတ္ရက္မွာ ေတြ႕မယ္..! ]

***

ရႈိးပြဲကို စေနေန႔ညေနခင္းတြင္ C ၿမိဳ႕ေတာ္၌ ႐ိုက္ကူးမည္ျဖစ္ၿပီး ခ်န္က်စ္ခ်ဴးေနသည့္ေနရာမွ ကီလိုမီတာ ၂၀၀ ေက်ာ္ ေဝး၏။ ထို႔ေၾကာင့္ မနက္ေစာေစာထၿပီး က်ည္ဆန္ရထား စီးသြားမွျဖစ္မည္။

စေနေန႔ညတြင္ ခ်န္က်စ္ခ်ဴးက အိမ္မွာနားေနသည့္ သူ႔ညီမေလးကို ၾကည့္ရန္ အိမ္အရင္ျပန္လိုက္သည္။ က်ီယြင္ေရွာင္၏ ရႈိးပြဲသို႔ ကိုယ္တိုင္မသြားႏိုင္သည့္အတြက္ အနည္းငယ္ ဝမ္းနည္းေန႐ုံမွလြဲ၍ တက္ႂကြေနေသာ သူ၏ညီမေလးကိုၾကည့္ၿပီး ခ်န္က်စ္ခ်ဴးလည္း စိတ္သက္သာရာရသြားသည္။ ႏွစ္ေယာက္သား ဧည့္ခန္းထဲတြင္ TV ၾကည့္ရင္း စကားေျပာျဖစ္ခဲ့သည္။

"အခြင့္အေရးရေပမယ့္ သြားရမယ့္ကံမပါလာဘူးထင္ပါရဲ႕.. နည္းနည္းေတာ့ ဝမ္းနည္းတယ္..."

ေကာင္မေလးက ဝမ္းနည္းတႀကီး ေျပာလာသည္။ ၿပီးေနာက္ ခ်န္က်စ္ခ်ဴး၏ အက်ႌလက္ကိုဆြဲၿပီး ထပ္တလဲလဲ မွာေတာ့သည္။ : "ကိုကို.. ညီမေလးအစား က်ီယြင္ေရွာင္ရဲ႕ အလွတရားေတြကို ေသခ်ာၾကည့္လာခဲ့ေနာ္.. ကိုကိုျပန္လာၿပီး ေျပာျပမွာကို ေမွ်ာ္ေနမယ္.. ၿပီးေတာ့ အခြင့္အေရးရရင္ ေရွာင္ေရွာင္ရဲ႕ လက္မွတ္ေလးျဖစ္ျဖစ္ ရေအာင္ယူခဲ့ေပးေနာ္..."

"ဟုတ္ပါၿပီ.."

ခ်န္က်စ္ခ်ဴးက ေခါင္းညိတ္လိုက္သည္။ သူႏွင့္က်ီယြင္ေရွာင္က 'Infinite Escape' ဂိမ္းေၾကာင့္ သိကြၽမ္းေနၿပီျဖစ္၍ ခက္ခဲသည့္ ေတာင္းဆိုခ်က္ေတာ့ မဟုတ္။ သို႔ေသာ္ ထိုအေၾကာင္း သူ၏ညီမေလးကို ေျပာျပ၍မရေပ။

"႐ုပ္သံဌာနက ဒီနားေလးတင္ဆိုရင္ သိပ္ေကာင္းမွာပဲ.. အဲ့လိုသာဆို ေခြးတိုးေပါက္က တိုးဝင္ရမယ္ဆိုရင္ေတာင္ တိုးဝင္ပစ္လိုက္မွာ.."

ခ်န္လင္းလင္းက မေက်မနပ္ ညည္းညဴလိုက္သည္။ ၿပီးမွ ႐ုတ္တရက္ သတိရသြားဟန္ျဖင့္.. : "ေျပာမွပဲ ညီမေလးတို႔ C ၿမိဳ႕ကို ေရာက္ဖူးတယ္ေနာ္..? ကိုကို မွတ္မိေသးလား..? ငယ္ငယ္တုန္းက မိသားစုလိုက္ C ၿမိဳ႕ကို ခရီးထြက္ခဲ့တာေလ..?"

"အာ.. သြားဖူးလို႔လား..?" ခ်န္က်စ္ခ်ဴးက မ်က္ေတာင္ခတ္လိုက္ၿပီး.. : "အမွတ္မွားေနတာမ်ားလား.. ငါေတာ့ လုံးဝမမွတ္မိဘူး.."

"မဟုတ္ဘူး.. အမွတ္မွားတာမဟုတ္ဘူး.. ညီမေလး ရွင္းရွင္းလင္းလင္းကို မွတ္မိေနတာ.. အဲ့တုန္းက အရမ္းငယ္ေသးလို႔ မူလတန္းေတာင္ မတက္ရေသးေပမယ့္ ခရီးသြားခဲ့တာကို သတိရေနတုန္းပဲ.."

ေကာင္မေလးက စဥ္းစားၿပီး ထပ္ေျပာလာသည္။ : "အဲ့တုန္းက တစ္ခုခုျဖစ္လို႔ အေဖနဲ႔အေမ အရမ္းစိုးရိမ္ေနတာကိုေတာင္ မွတ္မိေသးတယ္..... ကိုကို အဲ့တုန္းက ေပ်ာက္သြားတာထင္တယ္..?"

ခ်န္က်စ္ခ်ဴးမွာ စိတ္ရႈပ္ေထြးလာရသည္။ : "ဘယ္လိုလုပ္ျဖစ္ႏိုင္မွာလဲ..?"

"လင္းလင္း.. မဟုတ္တာေတြ ေလွ်ာက္မေျပာနဲ႔.."

မီးဖိုေခ်ာင္ထဲတြင္ ခ်က္ျပဳတ္ေနသည့္ သူတို႔၏အေမက ႐ုတ္တရက္ လွမ္းေျပာသည္။ : "ငါတို႔ C ၿမိဳ႕ကို ဘယ္တုန္းကမွ မသြားခဲ့ဖူးဘူး.. နင့္အစ္ကိုကိုလည္း ဘယ္တုန္းကမွ မေပ်ာက္ဖူးဘူး.. အအိပ္လြန္ၿပီး အထင္မွားေနတာလား..?"

"မသြားဖူးဘူးလား..?" ေကာင္မေလးက မယုံၾကည္ႏိုင္ဟန္ျဖင့္ မ်က္ေမွာင္ၾကဳတ္လိုက္သည္။

"အေမေတာင္ ေျပာလာၿပီဆိုေတာ့ မသြားဖူးဘူးထင္တယ္.." ခ်န္က်စ္ခ်ဴးက သူမကို အသာေခါင္းပုတ္လိုက္ၿပီး ရယ္ရယ္ေမာေမာျဖင့္.. "မနက္ျဖန္ ေလွ်ာက္ၾကည့္ခဲ့မယ္.. ေပ်ာ္စရာေကာင္းရင္ ေနာက္မွ အတူတူသြားၾကတာေပါ့.."

"အိုေက.." ေကာင္မေလးက ႐ႊင္ျမဴးစြာ ၿပဳံးလိုက္ရင္း.. "ကိုကို.. မနက္ျဖန္ ဓာတ္ပုံေတြအမ်ားႀကီး႐ိုက္ခဲ့ဖို႔ မေမ့နဲ႔ေနာ္..!"

"ဟုတ္ပါၿပီ.. အကုန္လုပ္ခဲ့ေပးပါ့မယ္.."

ေမာင္ႏွမႏွစ္ေယာက္၏ စကားဝိုင္းကို နားေထာင္ၿပီး သူတို႔၏အေမက အနည္းငယ္ စိုးရိမ္ေနဟန္ျဖင့္.. : "က်စ္ခ်ဴး.. မနက္ျဖန္ ဂ႐ုစိုက္သြားေနာ္.. တစ္ခုခုျဖစ္ရင္ အိမ္ကို ခ်က္ခ်င္းဖုန္းဆက္.."

"အေမ.. ကြၽန္ေတာ္ အ႐ြယ္ေရာက္ေနပါၿပီေနာ္.. ၿပီးေတာ့ ေန႔ခ်င္းျပန္သြားမွာမို႔ ဘာမွမျဖစ္ဘူး.." ခ်န္က်စ္ခ်ဴးက ရယ္လိုက္ရင္း.. "ကြၽန္ေတာ္ သိပါၿပီ.. တစ္ခုခုျဖစ္ရင္ တစ္ေယာက္တည္း ႀကိတ္မေျဖရွင္းဘူး.. ေက်းဇူးပါ ေမေမ.."

"အဲတာဆိုၿပီးေရာ..."

ခ်န္က်စ္ခ်ဴး၏အေမက ထိုသို႔ေျပာလိုက္ေသာ္လည္း သူမ၏ မ်က္ဝန္းအိမ္ထဲတြင္ စိုးရိမ္ပူပန္ရိပ္တို႔ ထင္ဟပ္ေနေလသည္။

***

ေနာက္တစ္ရက္မနက္ ခ်န္က်စ္ခ်ဴးက က်ည္ဆန္ရထားစီးၿပီး C ၿမိဳ႕ေတာ္သို႔ သြားသည္။ ေန႔လည္စာကို ႐ိုး႐ိုးရွင္းရွင္း စားၿပီးေနာက္ အေဆာက္အအုံႀကီးတစ္ခုရွိ ႐ုပ္သံဌာနသို႔ တန္းသြားလိုက္သည္။ သူေရာက္သြားခ်ိန္တြင္ ေအာက္ထပ္၌ လူအေတာ္မ်ားမ်ား ေရာက္ေနၿပီျဖစ္ေၾကာင္း‌ ေတြ႕လိုက္ရ၏။

Show အတြက္ ဧည့္ပရိသတ္အမ်ားစုသည္ လူငယ္မ်ားသာျဖစ္ၿပီး မိန္းကေလးက ပိုမ်ားသည္။ အဖြဲ႕လိုက္ မတ္တပ္ရပ္ေနၾက၍ မတူညီေသာ အႏုပညာရွင္အသီးသီး၏ ပရိသတ္မ်ား ျဖစ္ေပလိမ့္မည္။

ဤ Variety Show သည္ တ႐ုတ္ျပည္တြင္ အေတာ္ေလး နာမည္ႀကီးၿပီး ခ်န္က်စ္ခ်ဴလည္း ယခင္က ၾကည့္ဖူးသျဖင့္ အေတာ္ေလး နားလည္ေနသည္။ သူတို႔က နာမည္ေက်ာ္ သို႔မဟုတ္ လူသစ္အႏုပညာရွင္ ေလး၊ ငါးေယာက္ခန႔္ကို အပတ္တိုင္း ဧည့္အႏုပညာရွင္အျဖစ္ ဖိတ္ၾကားေလ့ရွိသည္။

က်ီယြင္ေရွာင္ ပြဲဦးထြက္ၿပီး နာမည္မႀကီးခင္က တစ္ခါဖိတ္ၾကားခဲ့ဖူးသလို ေနာက္တစ္ႀကိမ္လည္း ထပ္ရွိဖူးသျဖင့္ ယခုအႀကိမ္က က်ီယြင္ေရွာင္အတြက္ ဤ Variety Show ၌ တတိယအႀကိမ္ ပါဝင္တင္ဆက္ျခင္း ျဖစ္ေပသည္။ သူက ဤတစ္ပတ္တြင္ နာမည္ေက်ာ္အႏုပညာရွင္အျဖစ္ ဖိတ္ၾကားခံရေသာေၾကာင့္ ပရိသတ္အမ်ားစုက သူ၏ပရိသတ္မ်ား ျဖစ္ေနသည္။

ဤေနရာသို႔ မလာခင္ကတည္းက ခ်န္က်စ္ခ်ဴးသည္ စည္းမ်ဥ္းစည္းကမ္းမ်ားကို ဖတ္ရႈခဲ့၏။ ထိုအခ်က္မ်ားထဲတြင္ အႏုပညာရွင္တစ္ဦးစီ၏ ပရိသတ္မ်ားကို အတူတူစုထိုင္ႏိုင္ေအာင္ စီစဥ္ေပးထားသျဖင့္ Support ေပးသည့္ အက်ႌအဝတ္အစား၊ သို႔တည္းမဟုတ္ ေခါင္းစည္းႏွင့္ တျခားပစၥည္းမ်ား ယူေဆာင္လာသင့္ေၾကာင္း အထူးတလည္ ထည့္သြင္းေရးသားထားသည္။

ခ်န္က်စ္ခ်ဴးလည္း ေသေသခ်ာခ်ာ ေတြးဆၿပီးေနာက္ က်ီယြင္ေရွာင္၏ Fan Shirt ဝတ္ရန္ ဆုံးျဖတ္လိုက္သည္။ မည္သို႔ဆိုေစ သူ႔အတြက္ Light Stick ကဲ့သို႔ေသာပစၥည္းမ်ား ယူေဆာင္သြားရန္ အဆင္မေျပသလို က်ီယြင္ေရွာင္ေရွ႕တြင္ Fan Shirt ကို ဝတ္ဖူးၿပီးသားမဟုတ္ပါလား။

သို႔ေသာ္ က်ီယြင္ေရွာင္၏ ပရိသတ္အဖြဲ႕ကို ျမင္လိုက္ရၿပီးေနာက္ ခ်န္က်စ္ခ်ဴးခမ်ာ အနည္းငယ္ ေတာင့္တင္းသြားရွာသည္။

က်ီယြင္ေရွာင္၏ ပရိသတ္အားလုံး မိန္းကေလးျဖစ္ေနေသာေၾကာင့္ ျဖစ္၏။ ေယာက္်ားေလးပရိသတ္ဟူ၍ တစ္ဦးတေလပင္မရွိ။ ေယာက္်ားပရိသတ္ ထပ္ေရာက္မလာဘဲ လင္းလင္းသာ တက္ေရာက္ျဖစ္ခဲ့လွ်င္ က်ီယြင္ေရွာင္၏ ပရိသတ္အစုအေဝးက က်ိန္းေသေပါက္ မိန္းကေလးတပ္ဖြဲ႕ႀကီး ျဖစ္ေပလိမ့္မည္။

မိန္းကေလးအဖြဲ႕လိုက္ႀကီးကို ျမင္လိုက္ရေသာအခါ ခ်န္က်စ္ခ်ဴးလည္း အနားမကပ္ရဲေတာ့ေပ။ ထို႔ေၾကာင့္ ပြဲမစခင္အခ်ိန္ထိ ရပ္ေစာင့္ရန္ တိတ္ဆိတ္သည့္ ေထာင့္တစ္ေနရာကို ရွာေနစဥ္မွာပင္ ဝန္ထမ္းတစ္ဦးက သူ႔ကို သတိျပဳမိသြားသည္။

"မင္းက က်ီယြင္ေရွာင္ရဲ႕ ပရိသတ္လား..?"

ဝန္ထမ္းက ခ်န္က်စ္ခ်ဴး၏ တီရွပ္ကိုၾကည့္ၿပီး ၿပဳံးလိုက္သည္။ ၿပီးေနာက္ ၾကင္နာစြာ ေမးလာသည္။ : "မင္းက ဒီကိုေရာက္လာတဲ့ ပထမဆုံး ေယာက္်ားေလး'ယြမ္လန္'ပဲ.. နာမည္နဲ႔ဖုန္းနာမည္ေျပာ.. အထဲဝင္လို႔ရေအာင္ စစ္ေပးမယ္.."

"အာ.. တကယ္ႀကီး ေယာက္်ားေလးပရိသတ္ဟ..! ပထမဆုံးျမင္ဖူးတာပဲ..!"

"တကယ့္ကို...... ဒီကိုကိုေလးက အရမ္းခ်စ္ဖို႔ေကာင္းတာပဲ.. ၾကည့္...ၾကည့္ ရွက္ေနၿပီ...."

"..........."

က်ီယြင္ေရွာင္၏ ပရိသတ္အားလုံး တဖ်တ္ဖ်တ္ေတာက္ပေနသည့္ မ်က္ဝန္းမ်ားျဖင့္ ခ်န္က်စ္ခ်ဴးကို ႐ုတ္တရက္ႀကီး လွည့္ၾကည့္လာသည္။ ခ်န္က်စ္ခ်ဴးခမ်ာ သတိမျပဳမိသလို ဟန္ေဆာင္ၿပီး ဝန္ထမ္းႏွင့္ စကားေျပာေနေသာ္ျငား နား႐ြက္ႏွစ္ဖက္လုံး ရဲရဲနီေနၿပီျဖစ္သည္။

ငါ့ကို သတ္ေနတာပဲ.....

ထိုဝန္ထမ္းထြက္သြားၿပီးေနာက္ သူ႔ကို မိန္းကေလးပရိသတ္မ်ား ဝန္းရံလာၿပီး သူ၏ လိင္စိတ္တိမ္းၫြတ္မႈအေၾကာင္း ေမးျမန္းၾကေတာ့၏။ က်ီယြင္ေရွာင္၏ ေယာက္်ားေလးပရိသတ္အမ်ားစုက ေဂးေနေသာေၾကာင့္ပင္။

ခ်န္က်စ္ခ်ဴးလည္း အနည္းငယ္ ကူကယ္ရာမဲ့လာသလို ခံစားလိုက္ရသည္။ ခန္းမထဲသို႔ ပရိသတ္မ်ား ဝင္ႏိုင္ၿပီျဖစ္ေၾကာင္း ေၾကညာလိုက္မွသာ သက္ျပင္းခ်ႏိုင္ခဲ့သည္။ တစ္ခ်ိန္တည္းမွာပင္ ဘာလုပ္လို႔ဘာကိုင္ရမွန္းမသိ လမ္းေပ်ာက္လာသည္။ တကယ္လည္း သူက တစ္ဦးတည္းေသာ ေယာက္်ားေလးပရိသတ္ ျဖစ္ေနသည္ေလ။

႐ိုက္ကူးေရးခန္းမထဲသို႔ မဝင္ခင္ ဝန္ထမ္းမ်ားက ခပ္ျမန္ျမန္ ရွင္းျပေပးသည္။ ၿပီးေနာက္ ဓာတ္ပုံခိုး႐ိုက္ျခင္း၊ ႐ိုက္ကူးေရးကို ေႏွာင့္ယွက္ျခင္း မျပဳႏိုင္ရန္ သူတို႔၏ဖုန္းမ်ားကို သိမ္းဆည္းလိုက္၏။ ႐ိုက္ကူးေရးၿပီးမွ ဖုန္းမ်ားကို ျပန္ေပးလိမ့္မည္။

ရႈိးပြဲၿပီးလွ်င္ ကိုယ္သေဘာက်သည့္ အႏုပညာရွင္ႏွင့္ ဓာတ္ပုံတြဲ႐ိုက္ႏိုင္ေအာင္၊ လက္မွတ္ေတာင္းႏိုင္ေအာင္လည္း စီစဥ္ေပးထားေၾကာင္း ေျပာျပလာသည္။

အသီးသီးေနရာယူလိုက္ၿပီးေနာက္ ဒါ႐ိုက္တာက ႏႈတ္ဆက္စကားေျပာၿပီး အစီအစဥ္အေၾကာင္း အက်ဥ္းခ်ဳပ္ ရွင္းျပေပးသည္။

"ပရိသတ္အားလုံး ကြၽန္ေတာ္တို႔ရႈိးကို ၾကည့္ဖူးၾကမွာပါ.. ပုံမွန္အားျဖင့္ ရႈိးကို Indoor နဲ႔ Outdoor ဆိုၿပီး ႏွစ္ပိုင္းခြဲထားတယ္.. ဒီအပိုင္းလည္း အတူတူပဲ.. Indoor ပါဝင္မွာပါ.."

"... ပထမတစ္ပိုင္း ႐ိုက္ကူးၿပီးရင္ေတာ့ ဧည့္သည္အႏုပညာရွင္ေတြက Outdoor ႐ိုက္ကူးေတြကို ဆက္လက္႐ိုက္ကူးပါလိမ့္မယ္.. အဲတာေၾကာင့္ သူတို႔ျပန္လာမွာကို ဒီေနရာကေန ထိုင္ေစာင့္ႏိုင္သလို ကြၽန္ေတာ္တို႔စီစဥ္ေပးထားတဲ့ ဘတ္စ္ကားစီးၿပီး ေနာက္ကလိုက္လည္း ရပါတယ္.. လိုက္ခ်င္လား၊ မလိုက္ခ်င္ဘူးလားဆိုတာကို လြတ္လြတ္လပ္လပ္ ေ႐ြးခ်ယ္ႏိုင္ပါတယ္.."

ၿပီးေနာက္ ဒါ႐ိုက္တာက လက္ခုပ္တီးလိုက္သည္။ ႐ိုက္ကူးေရးစတင္သည္ႏွင့္ ပရိသတ္မ်ားက ခ်က္ခ်င္း တိတ္ဆိတ္သြားသည္။

ခ်န္က်စ္ခ်ဴးသည္ TV Show ကို ပရိသတ္အေနျဖင့္ ပထမဦးဆုံး တက္ေရာက္ဖူးတာျဖစ္ၿပီး အေတာ္ေလး စိတ္လႈပ္ရွားေနခဲ့၏။ က်ီယြင္ေရွာင္အျပင္ သူသေဘာက်သည့္ မင္းသမီးတစ္ဦးလည္း ပါဝင္ေနသျဖင့္ ႐ိုက္ကူးေရးစတင္ရန္ ေမွ်ာ္လင့္ေနေတာ့သည္။

တစ္ခဏၾကာၿပီးေနာက္ ႐ိုက္ကူးေရးကို တရားဝင္ စတင္ခဲ့သည္။ အခမ္းအနားမႉးက စင္ေပၚတက္လာၿပီး အဖြင့္စကား အနည္းငယ္ေျပာကာ ဧည့္သည္သ႐ုပ္ေဆာင္မ်ားႏွင့္ မိတ္ဆက္ေပးၿပီး ပရိသတ္မ်ားကလည္း တစ္ခဲနက္ လက္ခုပ္တီးအားေပးၾကသည္။

အထူးသျဖင့္ က်ီယြင္ေရွာင္ ေပၚလာခ်ိန္တြင္ ပရိသတ္မ်ား၏ လက္ခုပ္သံႏွင့္ အားေပးမႈက အက်ယ္ဆုံးျဖစ္ၿပီး တျခားပရိသတ္မ်ားပင္ အားေပးၾကသျဖင့္ သူ မည္မွ်နာမည္ႀကီးေၾကာင္း သက္ေသျပေနေတာ့သည္။

"အားလုံးပဲ မဂၤလာပါ.."

က်ီယြင္ေရွာင္က ပရိသတ္မ်ားဘက္သို႔ အၿပဳံးေလးျဖင့္ လက္ေဝွ႔ယမ္းျပသည္။ ေရွ႕ဆုံးမွာထိုင္ေနသည့္ ခ်န္က်စ္ခ်ဴးကို ျမင္လိုက္ရခ်ိန္ သူ၏မ်က္ဝန္းထဲတြင္ အလင္းေဖ်ာ့ေဖ်ာ့တစ္ခ်က္ ျဖတ္ေျပးသြားၿပီး အၿပဳံးက ပိုမိုႏူးညံ့လာခဲ့သည္။

ထိန္လင္းေတာက္ပေနေသာ အလင္းေရာင္ေအာက္တြင္ က်ီယြင္ေရွာင္သည္ အလြန္ေခ်ာေမာၿပီး အျမင္အာ႐ုံကို ဖမ္းစားႏိုင္လြန္း၏။ စင္ေပၚတြင္ သည္အတိုင္း မတ္တပ္ရပ္ေန႐ုံျဖင့္ ေတာက္ပလင္းလက္ေနၿပီး ေဘးမွ တျခားဧည့္သည္မ်ားပင္ ေမွးမွိန္သြားရသည္။ ဤပုံစံအတိုင္း က်ီယြင္ေရွာင္က လူအမ်ား၏အာ႐ုံကို ဖမ္းစားထားေလသည္။

ထိုေလထု၏ သက္ေရာက္မႈေၾကာင့္ ခ်န္က်စ္ခ်ဴးလည္း စိတ္လႈပ္ရွားလာသည္။ စိတ္အားထက္သန္မႈအျပည့္ျဖင့္ လက္ဖဝါးမ်ား နီရဲလာသည္အထိ လက္ခုပ္တီးအားေပးခဲ့သည္။ ေနာက္လာမည့္ အစီအစဥ္အတြက္ ပို၍စိတ္လႈပ္ရွားလာခဲ့သည္။

ဤ Variety Show သည္ တ႐ုတ္ျပည္တြင္ အေကာင္းဆုံးမ်ားထဲမွ တစ္ခုအပါအဝင္ျဖစ္၏။ အၿမဲတမ္း ရယ္ေမာဖြယ္ရာမ်ား ပါဝင္တတ္ၿပီး ဤတစ္ေခါက္လည္း ပရိသတ္မ်ားကို စိတ္မပ်က္ေစခဲ့ေပ။

က်ီယြင္ေရွာင္သည္ စင္ေပၚတြင္ ေတာက္ပလင္းလက္ေနေသာ္လည္း သူ၏ စ႐ိုက္အမွန္က သိမ္ေမြ႕ကာ ေအးေအးေဆးေဆး ေနတတ္သည္။ လူတိုင္းက သူကို စိတ္ထားေကာင္းၿပီး အေနေအးသည္ဟု သတ္မွတ္ထားသျဖင့္ အစီအစဥ္တစ္ေလွ်ာက္လုံးတြင္ က်ီယြင္ေရွာင္က ကံအဆိုးဆုံးျဖစ္ခဲ့သည္။ သူ၏ အသင္းေဖာ္မ်ားပင္ သူ႔ကို စေနာက္ၾကၿပီး မုန္ညင္းႏွင့္ ၾကက္ဟင္းခါးသီး ေရာေဖ်ာ္ထားသည့္ ေဖ်ာ္ရည္ကို လိမ္ေသာက္ခိုင္းခဲ့သည္။

က်ီယြင္ေရွာင္က သူ၏အသင္းေဖာ္မ်ားကို လုံးဝသံသယမဝင္ဘဲ ဖန္ခြက္တစ္ဝက္ခန႔္ တစ္က်ိဳက္တည္း ေသာက္ခ်ပစ္လိုက္သည္။ ၿပီးေနာက္ မ်က္လုံးမ်ား နီရဲလာၿပီး ေခ်ာင္းဆိုးေတာ့၏။ သို႔တိုင္ သူ၏အသင္းေဖာ္မ်ား သူ႔ကို စေနာက္ေနေၾကာင္း သတိမျပဳမိေသးေပ။ ေနာက္ဆုံး သိသြားခ်ိန္မွာေတာ့ ေအာင့္သက္သက္ ျဖစ္သြားရွာသည္။

ပရိသတ္မ်ားလည္း အားပါးတရ ရယ္ေမာၾကေတာ့သည္။ ခ်န္က်စ္ခ်ဴးပင္ ဗိုက္နာေအာင္ ေအာ္ရယ္မိသည္အထိ။ ထိုကစားပြဲၿပီးေနာက္ အသင္းေဖာ္မ်ား၏ လွည့္စားမႈေၾကာင့္ က်ီယြင္ေရွာင္ခမ်ာ အမွတ္အမ်ားအျပား ဆုံးရႈံးလိုက္ရၿပီး အျပစ္ေပးခံရမည့္ အလွည့္သို႔ ေရာက္လာသည္။

"အျပစ္မေပးခင္ ယြင္ေရွာင္အတြက္ ကိုယ့္ကိုယ္ကိုကယ္တင္ဖို႔ အခြင့္အေရးတစ္ခု ရွိပါတယ္.. 'ငါ ဘာကိုသ႐ုပ္ေဆာင္ေနသလဲ..' ဆိုတဲ့ဂိမ္းကို အားလုံးပဲ သိၾကမွာပါ.."

အစီအစဥ္မႉးက အားပါးတရ ၿပဳံးလိုက္ရင္း.. : "ကြၽန္ေတာ္တို႔က ယြင္ေရွာင္ကို သ႐ုပ္ေဆာင္ရမယ့္ စာစုေလးေတြ ေပးပါမယ္.. သူ႔ရဲ႕ ပရိသတ္ေတြထဲက တစ္ေယာက္က စင္ေပၚတက္လာၿပီး အေျဖမွန္ကို ခန႔္မွန္းရမယ္.. စုစုေပါင္း ေမးခြန္း ၅ ခုရွိၿပီး သတ္မွတ္ထားတဲ့ အခ်ိန္အတြင္း ေျဖဆိုရမွာပါ။ တကယ္လို႔ ေမးခြန္း ၅ ခုထဲက ၃ ခုမွန္ရင္ ယြင္ေရွာင္ကို ျပစ္ဒဏ္ကင္းလြတ္ခြင့္ ေပးမယ္.. ဒါေပမဲ့ ၂ ေခါက္ပဲ မွားေျဖခြင့္ရွိမယ္ေနာ္.. ကဲ ယြင္ေရွာင္.. စိန္ေခၚခ်င္ပါသလား..?"

"ဒါေပါ့.." က်ီယြင္ေရွာင္က ေခါင္းညိတ္လိုက္သည္။

"အဲတာဆို ယြင္ေရွာင္ေရ.. မင္းရဲ႕ပရိသတ္ကို ေက်းဇူးျပဳၿပီး ေ႐ြးခ်ယ္ေပးပါဦး.." ၿပီးေနာက္ အစီအစဥ္မႉးက ပရိသတ္ရွိရာသို႔ လွည့္လာၿပီး.. "'ယြမ္လန္'ေတြ.. ေ႐ြးခ်ယ္ခံခ်င္ရင္ အက်ယ္ဆုံးေအာ္ၿပီး မင္းတို႔ရဲ႕ စိတ္အားထက္သန္မႈကို ယြင္ေရွာင္သိေအာင္ ျပလိုက္ၾကေတာ့...!"

အစီအစဥ္မႉး၏ တိုက္တြန္းမႈႏွင့္အတူ က်ီယြင္ေရွာင္၏ မိန္းကေလးပရိသတ္အားလုံး ခ်က္ခ်င္း လက္ေဝွ႔ယမ္းၿပီး ကုန္းေအာ္ၾကေတာ့၏။ တခ်ိဳ႕ဆိုလွ်င္ မတ္တပ္ရပ္ၿပီး သူတို႔ကို သတိထားမိေအာင္ ခုန္ေပါက္ေနၾကေတာ့သည္။

ခ်န္က်စ္ခ်ဴးက မိန္းကေလးပရိသတ္မ်ားေလာက္ အ႐ူးအမူးမဟုတ္သျဖင့္ ဘာမွမေအာ္ေပ။ သည္အတိုင္း ထိုင္ေနၿပီး အ႐ူးအမူး ေအာ္ဟစ္ေနၾကသည့္ ေဘးပတ္ပတ္လည္မွ မိန္းကေလးတစ္စုကို ကူကယ္ရာမဲ့စြာ ၾကည့္ေနမိသည္။

"......... ဒီတစ္ေခါက္ေတာ့ ေယာက္်ားေလးပရိသတ္တစ္ေယာက္ကို ေ႐ြးခ်ယ္ခ်င္ပါတယ္.."

ပရိသတ္မ်ားကို တစ္ခဏမွ် ရပ္ၾကည့္ေနၿပီးေနာက္ က်ီယြင္ေရွာင္က ၿပဳံးကာ ထိုသို႔ေျပာလိုက္သည္။

မိန္းကေလးပရိသတ္မ်ားလည္း စိတ္ပ်က္လက္ပ်က္ ညည္းညဴကာ ျပန္ထိုင္လိုက္ၾကၿပီး ခ်န္က်စ္ခ်ဴးရွိရာသို႔ အၾကည့္ေရာက္လာၾကသည္။ အဘယ္ေၾကာင့္ဆိုေသာ္ ဤေနရာတြင္ ခ်န္က်စ္ခ်ဴးက တစ္ဦးတည္းေသာ ေယာက္်ားေလးပရိသတ္ ျဖစ္ေနေသာေၾကာင့္ပင္။

"..........."

ဘာ... ဘာလဲ..? သူတို႔က ငါ့ကို သြားေစခ်င္တာလား..? ဒါေပမဲ့ ဘယ္လိုခန႔္မွန္းရမလဲဆိုတာ မသိဘူးေလ..!

လူတိုင္းက သူ႔ကို စိုက္ၾကည့္ေနသျဖင့္ ခ်န္က်စ္ခ်ဴးမွာ စိတ္လႈပ္ရွားလာရ၏။ သို႔ေသာ္ က်ီယြင္ေရွာင္၏ ေမွ်ာ္လင့္ေနဟန္ အၿပဳံးႏုႏုေလးေၾကာင့္ သူလည္း ထိုင္ခုံမွထၿပီး စင္ျမင့္ေပၚသို႔ တက္သြားလိုက္သည္။ သူ၏နား႐ြက္ႏွစ္ဖက္က နီရဲတြတ္ေနၿပီး အေတာ္ေလး ရွက္႐ြံ႕ေနမိသည္။

က်ီယြင္ေရွာင္က သူ႔ကို အၿပဳံးေလးျဖင့္ ႏွစ္သိမ့္ေပးၿပီး စိတ္မလႈပ္ရွားရန္ လက္ဟန္ျပလာသည္။ သို႔ႏွင့္ ခ်န္က်စ္ခ်ဴးလည္း တျဖည္းျဖည္း စိတ္ေပါ့ပါးသြားၿပီး စင္ေပၚတြင္ သဘာဝက်က်ေလး မတ္တပ္ရပ္ႏိုင္ခဲ့သည္။

"ဒီေန႔.. မင္းက ယြင္ေရွာင္ရဲ႕ တစ္ဦးတည္းေသာ ေယာက္်ားေလးပရိသတ္ျဖစ္ေနေတာ့ အရမ္းကံေကာင္းတာပဲ.." အစီအစဥ္မႉးက ရယ္ေမာကာ.. "မင္းရဲ႕နာမည္ကို ေမးလို႔ရမလား..?"

"အားလုံးပဲ မဂၤလာပါ.. ကြၽန္ေတာ္က ခ်န္က်စ္ခ်ဴးပါ.."

ခ်န္က်စ္ခ်ဴးက မိုက္က႐ိုဖုန္းယူကာ လူတိုင္း၏ အၾကည့္ေအာက္တြင္ ျဖည္းျဖည္းခ်င္း ေျပာလိုက္သည္။ : "ဒီေန႔ ယြင္ေရွာင္က ကြၽန္ေတာ့္ကို ေ႐ြးခ်ယ္ေပးလို႔ အရမ္းေပ်ာ္႐ႊင္ၿပီး ဂုဏ္ယူမိပါတယ္.. ယြင္ေရွာင္ရဲ႕ ေမွ်ာ္လင့္ခ်က္ကို ျဖည့္ဆည္းေပးၿပီး အျပစ္ဒဏ္ကင္းလြတ္ေအာင္ ကူညီေပးႏိုင္မယ္လို႔ ေမွ်ာ္လင့္ပါတယ္.."

"စင္ေပၚတက္ၿပီး ကူညီေပးလို႔ ကြၽန္ေတာ္ကလည္း အရမ္းေက်းဇူးတင္ပါတယ္.."

က်ီယြင္ေရွာင္က အၿပဳံးေလးျဖင့္ ေျပာလာသည္။

"အဲတာဆို ကံေကာင္းပါေစ..!"

အစီအစဥ္မႉးက ၿပဳံး၍ ေခါင္းညိတ္ျပသည္။ စင္ေအာက္မွ ဒါ႐ိုက္တာက ႐ိုက္ကူးေရးအဖြဲ႕သားမ်ားကို အခ်က္ျပၿပီး စကၠဴကဒ္မ်ား ကပ္ထားသည့္ Whiteboard တစ္ခုကို ယူလာေစသည္။ အစီအစဥ္မႉးက ကဒ္တစ္ကဒ္ကို က်ပန္းေ႐ြးခ်ယ္ၿပီး က်ီယြင္ေရွာင္ကိုေပးကာ သ႐ုပ္ေဆာင္ေစမည္။ ခ်န္က်စ္ခ်ဴးကေတာ့ ခန႔္မွန္းရလိမ့္မည္။

အစီအစဥ္မႉးက Whiteboard ေရွ႕တြင္ မတ္တပ္ရပ္ၿပီး ကဒ္တစ္ကဒ္ကို ယူလိုက္၏။ က်ီယြင္ေရွာင္က ထိုကဒ္ကို လက္ခံၿပီး ဖတ္ၾကည့္လိုက္သည္။ ၿပီးေနာက္ ေပ်ာ္႐ႊင္ေနေသာ အမူအရာေလးက အနည္းငယ္ ေတာင့္တင္းသြားေလသည္။

........ ဘာေရးထားလို႔လဲ..?

ခ်န္က်စ္ခ်ဴးခမ်ာ အနည္းငယ္ စိတ္လႈပ္ရွားသြားရသည္။ သူ မခန႔္မွန္းႏိုင္လွ်င္ မည္သို႔လုပ္မည္နည္း။ စတင္စိတ္ပူလာသည္။

"ယြင္ေရွာင္.. အဆင္သင့္ျဖစ္ၿပီလား..? အိုေက.. စတင္လိုက္ရေအာင္..!"

အစီအစဥ္မႉးက ေၾကညာလိုက္သည္ႏွင့္ က်ီယြင္ေရွာင္သည္ ခ်န္က်စ္ခ်ဴးကို ၾကည့္ၿပီး စတင္သ႐ုပ္ျပသည္။ သူက ပထမဦးဆုံး သူ႔ကိုယ္သူ ၫႊန္ျပၿပီး ရင္ဘတ္ကို ပုတ္ျပသည္။ ၿပီးေနာက္ ခ်ည္ေႏွာင္သည့္ ပုံစံလုပ္ကာ ဘယ္ဘက္လက္ကို သူ၏ေခါင္းေပၚ ေျမႇာက္ျပသည္။

"ငါ.... ႏွလုံး.... ခ်ည္ေႏွာင္တာ..?"

ခ်န္က်စ္ခ်ဴးခမ်ာ ေတြေဝေနေတာ့သည္။ က်ီယြင္ေရွာင္က ေခါင္းယမ္းျပၿပီး လက္ဘက္လက္ကို သူ၏ေခါင္းေပၚ ထပ္ေျမႇာက္ျပျပန္သည္။ ဒီတစ္ေခါက္ေတာ့ ခ်န္က်စ္ခ်ဴး နားလည္သြားၿပီး ထေအာ္ေတာ့သည္။ : "တ႐ုတ္ေရွ႕ေဆာင္လူငယ္မ်ားလား..? အာ... အနီေရာင္လည္စည္းပဝါ..?"

က်ီယြင္ေရွာင္က ေခါင္းညိတ္ၿပီး သူ၏ရင္ဘတ္ကို ပုတ္ျပသည္။ ၿပီးေနာက္ ရင္ဘတ္ေရွ႕တြင္ သူ၏လက္ႏွစ္ဖက္ကို သြယ္ယွက္ၿပီး အေရာင္ေတာက္လာသည့္ပုံစံ လုပ္ျပသည္။ ခ်န္က်စ္ခ်ဴးလည္း စကၠန႔္အနည္းငယ္ခန႔္ မ်က္ေမွာင္ၾကဳတ္ေနၿပီးေနာက္ ႐ုတ္ခ်ည္း နားလည္သြား၏။ သူက ခပ္ျမန္ျမန္ေလး ခန႔္မွန္းလိုက္သည္။

"ငါ့ရင္ဘတ္ေပၚက အနီေရာင္ပဝါက ပိုၿပီးအေရာင္ေတာက္လာတယ္..?"

"ဂုဏ္ယူပါတယ္... ပထမဆုံး အေျဖမွန္သြားပါၿပီ..!"

အစီအစဥ္မႉးႏွင့္ ပရိသတ္မ်ားက ခ်က္ခ်င္း ဩဘာေပးၾကသည္။ အေျဖမွန္သြားေတာ့မွ ခ်န္က်စ္ခ်ဴးလည္း တိတ္တခိုး သက္ျပင္းခ်ႏိုင္ေတာ့သည္။ တစ္ခ်ိန္တည္းမွာပင္ 'စာသားက အဓိပၸါယ္မရွိလိုက္တာ'ဟူ၍ မေတြးဘဲမေနႏိုင္ခဲ့။ ဤသို႔ဆိုလွ်င္ ေနာက္ေမးခြန္းမ်ားက ပို၍ခက္ခဲေလာက္သည္။

ေသခ်ာတာေပါ့၊ ေနာက္ေမးခြန္းေၾကာင့္ ခ်န္က်စ္ခ်ဴးခမ်ာ ေက်ာက္႐ုပ္ျဖစ္သြားရွာသည္။ က်ီယြင္ေရွာင္ သ႐ုပ္ေဖာ္ျပတာကို လုံးဝနားမလည္ႏိုင္ခဲ့ေပ။ အမ်ိဳးမ်ိဳး ခန႔္မွန္းခဲ့ေသာ္လည္း တစ္ခုမွ အေျဖမမွန္ခဲ့။ က်ီယြင္ေရွာင္က ခန႔္မွန္းရခက္ေနပုံကိုၾကည့္ၿပီး အခ်ိန္မျဖဳန္းေတာ့ဘဲ ထိုေမးခြန္းကို လက္ေလ်ာ့ကာ ေနာက္ေမးခြန္းတစ္ခု ဆက္သြားလိုက္သည္။

သို႔ေသာ္ တတိယေမးခြန္းကိုလည္း မေျဖႏိုင္ခဲ့ေပ။ လုံးဝမခန႔္မွန္းႏိုင္ေတာ့တာေၾကာင့္ ခ်န္က်စ္ခ်ဴး၏လက္တြင္ ေခြၽးျပန္လာၿပီး အလြန္စိတ္လႈပ္ရွားလာ၏။ ဦးေႏွာက္က ဗလာက်င္းသြားသလို သူခန္႔မွန္းသမွ်က အေျဖမွန္ႏွင့္ ေဝးသထက္ေဝးလာေတာ့သည္။

[ အေျဖကို ျမင္ေနရတယ္.. ေရးထားတာက 'အစ္မလုပ္ႏိုင္ရင္ ညီမေလးလည္း လုပ္ႏိုင္တယ္'တဲ့...]

ထိုအခိုက္ ခ်န္က်စ္ခ်ဴး၏ စိတ္ထဲတြင္ အသံေသးေသးေလးတစ္ခု ၾကားလိုက္ရသည္။ အသံမထြက္တာၾကာၿပီျဖစ္ေသာ ေငြဒဂၤါးပင္။

[ ဘာလို႔အျပင္ထြက္လာျပန္တာလဲ..? ] ခ်န္က်စ္ခ်ဴးက အံ့ဩသြားေသာ္လည္း မ်က္ႏွာေပၚတြင္ မေပၚလြင္ေစခဲ့ေပ။

[ .... ငါ့ရဲ႕အမွားကို ျပန္ျပင္ခ်င္လို႔ပါ.. သခင္ ]

ေငြဒဂၤါး၏အသံက အတန္ငယ္ ေအာက္က်ိဳ႕ေနေလ၏။

[ ၿပီးေတာ့ ငါသာ လြတ္လပ္သြားရင္ သခင့္အတြက္ ေရတြက္လို႔မရႏိုင္တဲ့ အက်ိဳးအျမတ္ေတြ ေဆာင္ယူလာႏိုင္တယ္ဆိုတာ သက္ေသျပမွျဖစ္မယ္.. ]

ခ်န္က်စ္ခ်ဴးက သူ၏ဒဏ္ရာကို မေနႏိုင္ေအာင္ ထပ္ဆြလိုက္သည္။ : [ ပေဟဠိခန႔္မွန္းတာကို ကူညီေပးႏိုင္႐ုံေလး မဟုတ္ဘူးလား..? ]

[ .......... ] ေငြဒဂၤါးက အသံတိတ္သြားသည္။

"အဟြတ္...." ခ်န္က်စ္ခ်ဴးမွာ ရယ္ခ်င္စိတ္ကို ထိန္းမရေတာ့ေပ။ ေငြဒဂၤါးေလးကို သနားေသာ္လည္း လုံးဝအသုံးျပဳမည္မဟုတ္။ ဤကား ေျပာင္းလဲ၍မရသည့္ ဆုံးျဖတ္ခ်က္တစ္ခုပင္။

ေငြဒဂၤါး၏ စကားအသြားအလာကိုၾကည့္ၿပီး လိမ္ညာေနျခင္းမဟုတ္ေၾကာင္း ခန႔္မွန္းမိလိုက္သည္။ အေျဖမွန္ကို သိလိုက္ရ၍ ခ်န္က်စ္ခ်ဴး၏ စိတ္ထဲတြင္ အနည္းငယ္ စိတ္သက္သာရာရသြား၏။ တမင္တကာ ႏွစ္ခါမွားေအာင္ ေျဖလိုက္ၿပီးေနာက္ အေျဖမွန္ေျပာလိုက္သျဖင့္ အစီအစဥ္မႉးႏွင့္ ပရိသတ္မ်ားလည္း လက္ခုပ္ဩဘာေပးၾကေလသည္။

စတုတၳေမးခြန္းကိုလည္း ေငြဒဂၤါး၏အကူအညီျဖင့္ အေျဖမွန္ေအာင္ 'ခန႔္မွန္း'ႏိုင္ခဲ့သည္။ သို႔ႏွင့္ ခ်န္က်စ္ခ်ဴးက ေမးခြန္း ၃ ခုမွန္ေအာင္ ခန႔္မွန္းႏိုင္ခဲ့ေသာေၾကာင့္ က်ီယြင္ေရွာင္လည္း ျပစ္ဒဏ္မွကင္းလြတ္သြားသည္။ သို႔ေသာ္ ဂိမ္း၏စည္းမ်ဥ္းေၾကာင့္ ေနာက္ဆုံးေမးခြန္းကို ဆက္ၿပီးခန႔္မွန္းရေပဦးမည္။

[ ငါးခုေျမာက္ေမးခြန္းအတြက္ ငါ့ကို အေျဖေျပာျပစရာမလိုေတာ့ဘူး။ ] ခ်န္က်စ္ခ်ဴးက ေငြဒဂၤါးကို ေျပာလိုက္သည္။ : [ ငါ ခန႔္မွန္းႏိုင္တယ္.. ငါ့ဘာသာ ခန႔္မွန္းမယ္.. အေျဖမွားရင္ေတာင္ ျပႆနာမရွိဘူး.. ]

သူက ေနာက္ဆုံးစကားစု 'ျပႆနာမရွိဘူး..' ကို ေသေသခ်ာခ်ာ ဖိေျပာလိုက္သည္။

ေငြဒဂၤါးေလးက ဘာမွျပန္မေျပာခဲ့ေပ။ တစ္ေယာက္တည္း စိတ္ဓာတ္က်ၿပီး တစ္ေနရာရာသို႔ ထြက္သြားသလား ထင္ရသည္။

"ကဲ... ေနာက္ဆုံးေမးခြန္းေလး လာပါၿပီ.."

အစီအစဥ္မႉးက က်ီယြင္ေရွာင္ကို ကဒ္တစ္ကဒ္ လွမ္းေပးလိုက္သည္။ က်ီယြင္ေရွာင္က စာဖတ္ၾကည့္ၿပီးေနာက္ အေတာ္ၾကာ ေတာင့္ခဲေနၿပီး ရွက္႐ြံ႕ေနပုံေပၚသည္။

ခ်န္က်စ္ခ်ဴးကို လွမ္းၾကည့္ရင္း နား႐ြက္ဖ်ားမ်ားပင္ နီရဲလာသည္။ ၿပီးေနာက္ လက္ႏွစ္ဖက္ကိုျဖန႔္ကာ စက္ဝိုင္းအႀကီးႀကီး လုပ္ျပသည္။ သူ႔ကိုယ္သူ လက္ညႇိဳးၫႊန္ကာ အသည္းပုံလုပ္ျပၿပီးေနာက္ ခ်န္က်စ္ခ်ဴးကို ၫႊန္ျပလိုက္သည္။

"ငါ.. မင္းကို .... ခ်စ္.. အဲ... ႀကိဳက္တယ္လား..?"

ခ်န္က်စ္ခ်ဴးက အေလးအနက္ထားကာ ခန႔္မွန္းေနၿပီး 'ငါ မင္းကို ႀကိဳက္တယ္..' ဟူသည့္စကားအထိ မွန္ကန္စြာ ခန႔္မွန္းႏိုင္ခဲ့၏။ က်ီယြင္ေရွာင္က ႏႈတ္ခမ္းႏွစ္လႊာကို အသာေစ့ၿပီး ရွက္႐ြံ႕စြာ ေခါင္းညိတ္ျပလာသည္။ ၿပီးေနာက္ စက္ဝိုင္းအႀကီးႀကီး လုပ္ျပၿပီး လက္ႏွစ္ေခ်ာင္းျဖင့္ လူတစ္ေယာက္ လမ္းေလွ်ာက္ေနသလို သ႐ုပ္ေဖာ္ျပလာသည္။

လူနဲ႔စက္ဝိုင္း..? ဘာႀကီးလဲ...?

"အမ္း... ကမာၻ..? ေလာကႀကီး..?"

ခ်န္က်စ္ခ်ဴး၏စိတ္ထဲ မီးတစ္ခ်က္လင္းသြားသည္။ ႐ုတ္တရက္ သူ၏ညီမေလး ေျပာျပဖူးသည့္ က်ီယြင္ေရွာင္၏ သီခ်င္းတစ္ပုဒ္ကို ျပန္အမွတ္ရသြားသည္။ : "အေျဖက တစ္ေလာကလုံးမွာ မင္းကို အႏွစ္သက္ဆုံးပဲလား..?"

"ဂုဏ္ယူပါတယ္ က်စ္ခ်ဴး.. အေျဖမွန္သြားပါၿပီ..!"

စင္ေထာင့္မွ အျဖဴေရာင္မီးခိုးေငြ႕မ်ား ထြက္ေပၚလာၿပီး ပရိသတ္မ်ားက အသံက်ယ္က်ယ္ျဖင့္ ခ်ီးမြမ္းဂုဏ္ျပဳေနၾကေလသည္။ က်ီယြင္ေရွာင္က ခ်န္က်စ္ခ်ဴးကို အနည္းငယ္ ရွက္႐ြံ႕ေနဟန္ျဖင့္ ေငးၾကည့္ေနၿပီး မ်က္ႏွာနီနီေလးက ဆြဲေဆာင္မႈရွိေနေတာ့သည္။

မိန္းကေလးပရိသတ္မ်ားလည္း အသံကုန္ ေအာ္ၾကေတာ့သည္။ ခ်န္က်စ္ခ်ဴးကို ေယာက္်ားေလးပရိသတ္ျဖစ္ေန၍ သိပ္ဂ႐ုမစိုက္။ သူတို႔က အလြန္စိတ္လႈပ္ရွားေနၿပီး 'နမ္း... နမ္း..' ဟူ၍ပင္ ေအာ္လာသူရွိ၍ အကုန္လုံး ပြဲက်ကုန္ေတာ့သည္။

ဒါေပါ့၊ အနမ္းက ျဖစ္ႏိုင္သည့္အရာမဟုတ္ေပ။ သို႔ေသာ္ ခ်န္က်စ္ခ်ဴးအတြက္ လက္ေဆာင္ရခဲ့သည္။ က်ီယြင္ေရွာင္၏ လက္မွတ္ပါေသာ CD တစ္ခ်ပ္ႏွင့္ ေပြ႕ဖက္မႈ... သူတို႔ႏွစ္ဦး ဖက္လိုက္ခ်ိန္တြင္ ပရိသတ္ႀကီးက တစ္ခဲနက္ ေအာ္ဟစ္အားေပးခဲ့ၾကသည္။

ခ်န္က်စ္ခ်ဴးလည္း သူ၏ထိုင္ခုံေနရာသို႔ ေပ်ာ္႐ႊင္စြာ ျပန္လာခဲ့သည္။ သူ႔ေဘးနားမွာထိုင္သည့္ မိန္းကေလးပရိသတ္မ်ား၏ အၾကည့္က ေျပာင္းလဲလာၿပီး ခ်န္က်စ္ခ်ဴး၏ တစ္ကိုယ္လုံးမွ အေရာင္ထြက္ေနသေယာင္ ထင္မွတ္ရသည္။

စာသားအေပၚျဖစ္ေစ၊ သူ၏ေပြ႕ဖက္မႈအေပၚျဖစ္ေစ နည္းနည္းေလးမွ် တုံ႔ျပန္မႈမရွိခဲ့ေသာ ခ်န္က်စ္ခ်ဴးကိုၾကည့္ၿပီး က်ီယြင္ေရွာင္၏ မ်က္ဝန္းမ်ား ေမွာင္မိုက္လာကာ စိတ္ဓာတ္က်ေနသည့္ အရိပ္အေယာင္တခ်ိဳ႕ စြန္းထင္းလာသည္။ သို႔ေသာ္ သိပ္မၾကာခင္ ျပန္လည္ကြယ္ေပ်ာက္သြားၿပီး ပုံမွန္အတိုင္း ဆက္ၿပဳံးေနေလသည္။

စင္ေပၚတြင္ ႐ိုက္ကူးၿပီးေနာက္ ဒါ႐ိုက္တာက ၁၀ မိနစ္ခန္႔ အားလပ္ခ်ိန္ေပးသည္။ ထို႔ေနာက္တြင္မူ Outdoor ႐ိုက္ကူးရမည့္ အခ်ိန္ေရာက္လာ၏။ ႐ိုက္ကူးေရးျပန္စသည္ႏွင့္ ဧည့္သည္အႏုပညာရွင္မ်ားကို မဲႏႈိက္ခိုင္းၿပီး မတူညီသည့္ တည္ေနရာအသီးသီးတြင္ Mission လုပ္ရန္ တာဝန္ေပးခဲ့သည္။

"ယြင္ေရွာင္က ၿပီးခဲ့တဲ့အဆင့္မွာ ရႈံးနိမ့္ခဲ့ေပမယ့္ သူနဲ႔က်စ္ခ်ဴးေပါင္းၿပီး 'ငါ ဘာကိုသ႐ုပ္ေဆာင္ေနသလဲ..' ကစားပြဲမွာ ေမးခြန္းေတြကို ေအာင္ေအာင္ျမင္ျမင္ ေျဖဆိုႏိုင္ခဲ့တာေၾကာင့္ ပထမဦးဆုံးမဲႏႈိက္ခြင့္ ရရွိမွာျဖစ္ပါတယ္.."

အစီအစဥ္မႉးက ဦးစြာ ရွင္းျပလာသည္။ က်ီယြင္ေရွာင္က ေခါင္းညိတ္ၿပီး သူ၏လက္ကို ေသတၱာေလးထဲ ထည့္လိုက္သည္။ ၿပီးေနာက္ ျပန္ဆြဲယူလိုက္ေသာအခါ 'ဗီလာသတၱိစမ္းပြဲ..'ဟု ေရးထားသည့္ စာလိပ္ေလး ပါလာခဲ့သည္။

"အာ... ယြင္ေရွာင္က ဒီေန႔ ကံမေကာင္းဘူးထင္ပါရဲ႕.. တကယ့္အခက္ခဲဆုံးတာဝန္ကိုမွ ရလိုက္တာပဲ.."

အစီအစဥ္မႉးက အၿပဳံးေလးျဖင့္ ေခါင္းယမ္းလိုက္သည္။ ထို႔ေနာက္ တာဝန္အေၾကာင္း ေျပာျပေပးသည္။

"ဒီ 'ဗီလာသတၱိစမ္းပြဲ' ဆိုတဲ့တာဝန္က သရဲေျခာက္တယ္လို႔ နာမည္ႀကီးေနတဲ့ ဗီလာတစ္ခုထဲ ဝင္ရမွာပါ.. ၿပီးေနာက္ သတ္မွတ္ထားတဲ့ ပစၥည္းကိုယူၿပီး ျပန္ထြက္လာရမယ္.. ဗီလာအေၾကာင္း အေသးစိတ္ကိုေတာ့ ဖန္သားျပင္ေပၚမွာ တစ္ခ်က္ၾကည့္လိုက္ရေအာင္..!"

ပရိသတ္မ်ားပင္ အံ့ဩသြားရ၏။ တခ်ိဳ႕သတၱိနည္းသူမ်ားဆိုလွ်င္ ေၾကာက္လန႔္ေနသည့္ အမူအရာမ်ိဳး ျဖစ္သြားၾကသည္။ ထို႔ေနာက္တြင္မူ ေခ်ာက္ခ်ားဖြယ္တီးလုံးသံႏွင့္အတူ ဖန္သားျပင္ေပၚတြင္ ဗီလာႀကီးတစ္ခုအေၾကာင္း စတင္ျပသခဲ့သည္။

"'ႏွင္းဆီစံအိမ္'ဆိုတဲ့ ဗီလာႀကီးကေတာ့ C ၿမိဳ႕ရဲ႕ အေရွ႕ေတာင္ဘက္က ေရကန္တစ္ခုေဘးမွာ တည္ရွိပါတယ္.. လူေနနည္းပါးၿပီး ေအးခ်မ္းတိတ္ဆိတ္တဲ့ ပတ္ဝန္းက်င္၊ ရႈခင္းအလွေတြနဲ႔ ဝန္းရံေနပါတယ္.. လွ်ိဳ႕ဝွက္ဥယ်ာဥ္ထဲကို ဘယ္သူမွ ဝင္ခြင့္မရွိပါဘူး.."

"ဒါေပမဲ့ လြန္ခဲ့တဲ့ ၁၂ ႏွစ္ခန္႔က ေန႔တစ္ေန႔မွာ ႐ုတ္တရက္ဆိုသလို သာယာေအးခ်မ္းမႈ ပ်က္ျပယ္သြားရတယ္.."

ဗီလာႀကီးထဲမွာ က်ိဳးေလာ့ခ်န္လို႔ေခၚတဲ့ လူငယ္ပန္းခ်ီဆရာတစ္ေယာက္ ေသဆုံးေနတာကို ေတြ႕ခဲ့ၾကတယ္။ ရဲတပ္ဖြဲ႕က အခင္းျဖစ္စဥ္ကို စုံစမ္းစစ္ေဆးၿပီးေနာက္ ကိုယ့္ကိုယ္ကိုသတ္ေသမႈအျဖစ္ ေကာက္ခ်က္ခ်ခဲ့တယ္။ ဒါေပမဲ့ သတင္းစကားေတြအရေတာ့ လူေသမႈက အရမ္းထူးဆန္းၿပီး သတ္ေသသြားတာ မဟုတ္ပါဘူးတဲ့....."

က်ိဳးေလာ့ခ်န္၏ ဓာတ္ပုံက ဖန္သားျပင္ေပၚတြင္ ေပၚထြက္လာ၏။ ဓာတ္ပုံထဲမွ ပန္းခ်ီဆရာေလးသည္ လွပၾကည့္ေကာင္းေသာ္ျငား မ်က္ဝန္းမ်ားက မႈိင္းညႇိဳ႕ေနသည္။ သူက ျပတင္းေပါက္အျပင္ကို ေငးေမာေနၿပီး သူ၏အေနာက္မွ နံရံေပၚတြင္ ပန္းခ်ီကားမ်ားျဖင့္ ျပည့္ႏွက္ေနေလသည္။

ပန္းခ်ီကားအမ်ားစုသည္ ပုံတူပန္းခ်ီျဖစ္ၿပီး ကေလးငယ္မ်ား၏ ပုံရိပ္ကို ေရးဆြဲထားသည္။ ပန္းခ်ီကားထဲမွ ကေလးငယ္မ်ားသည္ အျပစ္ကင္းစင္စြာ ရယ္ေမာေနၾကၿပီး ျပတင္းေပါက္မွ ျဖာက်ေနသည့္ ေနေရာင္ျခည္ေၾကာင့္ အလြန္အမင္း ခ်စ္စရာေကာင္းေနေတာ့သည္။

သို႔ေသာ္ ထိုအေၾကာင္း မိတ္ဆက္ၿပီးေနာက္ ဓာတ္ပုံက အျဖဴအမဲဓာတ္ပုံအျဖစ္ တျဖည္းျဖည္း ေျပာင္းလဲသြားသည္။ ဖန္သားျပင္ေပၚတြင္ ေသြးစီးေၾကာင္းတခ်ိဳ႕လည္း စီးက်လာသည္။

"..... သူ႔ရဲ႕ေသဆုံးမႈအေၾကာင္းက ေကာလာဟလအျဖစ္ ပ်ံ႕ႏွံ႔သြားတယ္.. တခ်ိဳ႕က က်ိဳးေလာ့ခ်န္းကို သူမ်ားသတ္သြားတာလို႔ ေျပာၾကၿပီး တခ်ိဳ႕က ေလာင္းကစားအေႂကြးေတြကို ျပန္မဆပ္ႏိုင္ေတာ့လို႔ သူ႔ဘာသာ သတ္ေသသြားတာလို႔ ဆိုၾကတယ္..."

"တခ်ိဳ႕ကေတာ့ သူ႔ရဲ႕ေသဆုံးမႈက လူသားေၾကာင့္မဟုတ္ဘဲ ဗီလာႀကီးထဲမွာ တစ္ခုခုရွိေနတယ္လို႔ ဆိုၾကတယ္....."

"........."

"တစ္ဆယ့္ႏွစ္ႏွစ္ေတာင္ ၾကာျမင့္ခဲ့ၿပီ။ အခ်ိန္ရဲ႕တိုက္စားမႈေၾကာင့္ အေျဖရွာမရတဲ့ ေမးခြန္းေတြကို လူအမ်ား ေမ့ေလ်ာ့သြားၾကၿပီ.. ျဖစ္ရပ္မွန္ကို ဘယ္သူမွမသိၾကဘူး...."

"ဧည့္သည္အႏုပညာရွင္ရဲ႕ တာဝန္ကေတာ့ ဗီလာႀကီးထဲဝင္ၿပီး ပစၥည္းတစ္ခု ရွာေပးရပါမယ္.. ေျပာလို႔မရဘူး၊ ထိုျဖစ္ရပ္ရဲ႕ လွ်ိဳ႕ဝွက္ခ်က္တခ်ိဳ႕ကိုလည္း ရွာေတြ႕ႏိုင္ပါတယ္။"

***

ပိုင္ရိ၏ ဒိုင္ယာရီမွတ္တမ္း (Part 36)

သပိတ္ေမွာက္ဆႏၵျပေနသည္။

..................................................

TN : တစ္ပိုင္းတစ္ပိုင္းကို စာလုံးေရအမ်ားႀကီးပဲ။ Comment ေပးတဲ့သူေလးေတြ၊ Vote ေပးတဲ့သူေလးေတြ၊ စာဖတ္သူေလးေတြအားလုံးကို ေက်းဇူးတင္ပါတယ္ေနာ္။ ဘာသာျပန္ဖို႔ Meli ရဲ႕ အားေဆးေလးေတြ 😘💜

..................................................

Continue Reading

You'll Also Like

92.3K 14.2K 17
Original Author - Yan ZhaoMu 言朝暮 Eng Translator - Sakhyulations & A Splash Of Novel You can read eng translation here https://www.novelupdates.com/se...
196K 30.9K 60
Title - His Little Deer Wife is Very Fierce Alternative Name-小鹿老婆他超凶 Author - Little Baldy 秃子小贰 Status - 56 chapters & 3 extras (complete) Genres...
108K 17.3K 103
ဘာသာပြန်သူ - စွဲညို့အသင်း။ တစ်ဦးတည်း ပြန်ဆိုခြင်း မဟုတ်ပါ။ အပိုင်း ၁၁၁ မှ အဆုံးထိ တင်သွားပါမည်။
80.7K 12.6K 100
Traslation all credit to Original Author and E Translator horror type uodate -mon.wed and Friday