အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ...

By FlowerRainButterfly

1.5M 191K 3.7K

အမျိုးသားကိုယ်ဝန်ဆောင် "ကော"များပါဝင်သည်။ အမ်ိဳးသားကိုယ္ဝန္ေဆာင္ "ေကာ"မ်ားပါဝင္သည္။ More

အပိုင်း (၁) ချိုမြိန်သောမျှစ်လေးများ
စွမ်းရည်ပြည့်ဝသောမုဆိုးကြီးနှင့် ရစ်ငှက်လေးများ
မုဆိုးကြီးနဲ့တောဝက်ကြီးနှစ်ကောင်
မုဆိုးကြီးနှင့်တောဝက်ကြီးနှစ်ကောင်-2
မုဆိုးကြီးနှင့်တောဝက်ကြီးနှစ်ကောင်-3
တောဝက်ကြီးများအားရောင်းရန် ဆိပ်ကမ်းမြို့သို့အလည်တစ်ခေါက်
တောဝက်ကြီးများအားရောင်းရန် ဆိပ်ကမ်းမြို့သို့အလည်တစ်ခေါက်-2
တောဝက်ကြီးများအားရောင်းရန် ဆိပ်ကမ်းမြို့သို့အလည်တစ်ခေါက်-3
တောဝက်ကြီးများအားရောင်းရန် ဆိပ်ကမ်းမြို့သို့အလည်တစ်ခေါက်-4
မုဆိုးကြီး၏ ပြည့်တန်ဆာအိမ်အားဖောက်ထွင်းမှု
အပိုင်း (၁၁) မုဆိုးကြီး၏ စျေးဝယ်ထွက်ခြင်း
အပိုင်း (၁၂) တစ်ချိန်က အမှိုက်ကောင်ကပြောင်းလဲသွားပြီတဲ့
မုဆိုးကြီးပြောတဲ့ ကျိုးရှီနဲ့စုရှီတို့အကြောင်း
မုဆိုးကြီးအိမ်ကစားသောက်ပွဲ
မုဆိုးကြီးအိမ်ကစားသောက်ပွဲ-2
ရှောင်မိန်ပါဝင်သော ဆိပ်ကမ်းမြို့ကမိသားစုခရီးစဥ်
အပိုင်း (၁၇)
အပိုင်း (၁၈)
အပိုင်း (၁၉)
အပိုင်း (၂၀)
အပိုင်း (၂၁) မုဆိုးကြီး၏ နေအိမ်ဖောက်ထွင်းခံရမှု
လဲ့ရှီနှင့်ရှောင်အိမ်၏အရှက်မဲ့မှု
ရုံးတော်၏စီရင်ချက်
ရုံးတော်၏စီရင်ချက် -2
ရုံးတော်၏စီရင်ချက် -3
အပိုင်း (၂၆)
အပိုင်း (၂၇)
ရှောင်ဟန်ကဆံထိုးလေးကိုဖွတ်ထားတယ်
မုဆိုးကြီး၏ငွေသုံးကြမ်းမှုပေါက်ကြားခြင်း
မုဆိုးကြီး၏နွေးထွေးသောမိသားစု
အပိုင်း (၃၁)
အပိုင်း (၃၂)
မုဆိုးကြီးအိမ်သို့ရောက်ရှိလာတဲ့ မဖိတ်ခေါ်ထားသောဧည့်သည်များ
အပိုင်း (၃၄)
အပိုင်း (၃၅)
အပိုင်း (၃၆)
အပိုင်း (၃၇) ချောင်ရန်၏အလည်ပတ်ရောက်ရှိလာမှု
အပိုင်း (၃၈) စံပါယ်ပင်လေးသုံးပင်
💖Chibi💖
မုဆိုးကြီးအိမ်သို့ အသားဝယ်ချင်သူများရောက်ရှိလာခြင်း
အပိုင်း (၄၀)
နန်ချောင်းရွာက ရွာသားတစ်ဦးသေဆုံးခြင်း
အပိုင်း (၄၃)
အပိုင်း (၄၂)
အပိုင်း (၄၄)
အပိုင်း (၄၅)
အပိုင်း (၄၆)
အပိုင်း (၄၇)
အပိုင်း (၄၈)
အပိုင်း (၄၉)
မုဆိုးကြီးက ဇနီးလေးရဲ့စကားကိုနားမထောင်ဘဲ တောင်ပေါ်ကိုတတ်သွားပြီ
❌❌
မုဆိုးကြီး၏ဝက်ဝံအမဲလိုက်ခရီးစဥ်
မုဆိုးကြီးပြန်လာပြီ
အပိုင်း (၅၃)
ဝက်ဝံကြီးများကိုရောင်းရန် ဆိပ်ကမ်းမြို့သို့အလည်တစ်ခေါက်
ဟင်းလင်းပြင်လေလံပွဲ
အပိုင်း (၅၆)
စံပါယ်ပင်လေးက မျိုးစိတ်သစ်ပါတဲ့
မိသားစုအတွက် လက်ဆောင်တွေ ဝယ် ဝယ် ဝယ်
အပိုင်း (၅၉)
ဟွမ်ဟွာ၏ဖိတ်ခေါ်မှု
မုဆိုးကြီးနှင့် ဟွမ်ဟွာ၏ ထိပ်တိုက်တွေ့ဆုံမှု
အပိုင်း (၆၂)
အပိုင်း (၆၃)
အပိုင်း (၆၄)
အပိုင်း (၆၅)
မုဆိုးကြီးပြန်လာပြီ
ဇနီးလေး ငွေလက်မှတ်တွေကိုမင်းသိမ်းထားလိုက်
ပိုင်မိန်ရဲ့စံပါယ်ပင်လေးမရှိတော့ဘူး
(69)
ပိုင်လီ
မုဆိုးကြီးပြောတဲ့ ကျိုးရှီရဲ့ယုတ်မာမှုအကြောင်း
အပိုင်း (၇၁)
ကျိုးရှီ၏အလိမ်ညာပြဇာတ်
ထူးခြားဆန်းပြားသောချီးကားများ
အပိုင်း (၇၃)
အပိုင်း (၇၄)
အပိုင်း (၇၅)
အပိုင်း (၇၆)
အပိုင်း (၇၇)
အပိုင်း (၇၈)
အပိုင်း (၇၉)
အပိုင်း (၈၀)
အပိုင်း (၈၁)
အပိုင်း (၈၂)
အပိုင်း (၈၃)
အပိုင်း (၈၄)
အပိုင်း (၈၅)
အပိုင်း (၈၆)
အပိုင်း (၈၇)
အပိုင်း (၈၈)
အပိုင်း (၈၉)
ဇနီးလေး... ကလေးယူချင်နေတာလား?
မြေဝယ်ယူမှု
အပိုင်း (၉၂)
အပိုင်း (၉၃)
အပိုင်း (၉၄)
အပိုင်း (၉၅)
စပျစ်သီးခူးဖို့သွားခြင်း
စပျစ်သီးလေးများ
main story complete
(98)
(99)
အပိုင်း (၁၀၀)
(101)
(102)
၁၁၃
အပိုင်း (၁၀၄)
အပိုင်း (၁၀၅)
အပိုင်း (၁၀၆)
အပိုင်း (၁၀၇)
စပျစ်သီးဝိုင်ပြုလုပ်ခြင်း
အပိုင်း (၁၀၉)
အပိုင်း (၁၁၀)
အပိုင်း (၁၁၁)
အပိုင်း (၁၁၃)
တည်သီးလေးများကိုခူးဆွတ်ခြင်း
ဇနီးလေး၏ယုံကြည်မှု
ချောင်မိသားစုသို့ အလည်တစ်ခေါက်
စပျစ်ဝိုင်လက်ဆောင်
အပိုင်း (118)
စံပါယ်ပင်လေးအကြောင်းအားနှုတ်ပိတ်ခြင်း
ဇနီးလေးစိတ်ဆိုးသွားခြင်း
paid gp
ဇနီးလေးစိတ်ဆိုးသွားခြင်း-2
ဇနီးလေးအားချော့မြူခြင်း
လူဆိုးလေးရှောင်ဝူ
ယွီလျန်ဟွားမှာငွေတချို့ဖြုန်းခြင်း
အပိုင်း (၁၂၅)
ဇနီးလေးရွေးပေးတဲ့လက်ဆောင်
အပိုင်း (၁၂၇)
အပိုင်း (၁၂၈)
အပိုင်း (၁၂၉)
လှည်းအပြည့် စျေးဝယ်ထွက်ခြင်း
အပိုင်း (၁၃၁)
ကျွန်စျေးသို့အလည်တစ်ခေါက်
အပိုင်း (၁၃၃)
အစေခံများ
ဇနီးလေး ကိုယ်မင်းကို ဂရုစိုက်ပေးမယ်
အိမ်အသစ်ဆောက်လုပ်ခြင်း
အပိုင်း (၁၃၇)
ကျိုးရှီကိုနှင်ထုတ်ခြင်း
အပိုင်း (၁၃၉)
မီးပုံးပွဲတော်
အပိုင်း (၁၄၁)
ဇနီးလေး ကိုယ်မင်းကို ချစ်မြတ်နိုးတယ်
ဇနီးလေး ကိုယ်မင်းကို ချစ်မြတ်နိုးတယ်-2
အသေးလေးတွေရဲ့ ဗိုက်လုံးလေးတွေက မတူညီဘူး
ရှောင်အိမ်ရဲ့ အကြံသစ်
ပိုင်အမေ၏ အရိပ်အမွတ်
နှစ်ကိုယ်ကြားစကားဝိုင်း
ရှောင်အိမ်၏တောင်းပန်လာမှု
အပိုင်း (၁၄၉)
အပိုင်း (၁၅၀)
မုဆိုးကြီး၏ ကတုံးလေးကိုစမ်းသပ်မှု

အပိုင်း (၁၁၂)

7K 921 11
By FlowerRainButterfly

အပိုင်း (၁၁၂) ကျိုးရှီ၏ပြဇာတ်

ပိုင်လီရဲ့အိမ်မှာ ကျန်ခဲ့တဲ့လူတွေက အေးဆေးနေသေလောက် ပိုင်အိမ်မှာတော့ ပြဿနာအကြီးကြီးတက်နေကျတာပင်ဖြစ်သည်။

ကျိုးရှီက ဘယ်သူ့မှ အနားအကပ်မခံဘဲ အမဲရောင်ဆေးရည်တွေပြည့်နေတဲ့ ပန်းကန်လုံးတစ်ခုကိုင်ထားခဲ့ကာ သူမက ချက်ခြင်းသောက်လို့ရမည့် ဟန်တောင်ပြင်ထားခဲ့ပြီး ပိုင်ကျန်းနှင့် တခြားလူများ၏ မျက်နှာများမှာမူ အလွန်မဲမှောင်လျက်ရှိနေခဲ့၏။

ပိုင်လီတို့အိမ်ထဲဝင်သွားချိန်တွင် မြင်လိုက်သည့်မြင်ကွင်းက ဤကဲ့သို့ဖြစ်ပြီး ကြားလိုက်ရသည့်စကားများမှာမူ ပိုင်ကျန်း၏...

"ကျိုးရှီ! မင်းဘာဖြစ်ချင်နေတာလဲ!"

သူတို့က ရုတ်တရက်ကြီး ဒီမိန်းမက ထဖောက်လာမည်ဟု မမျှော်လင့်ထားခဲ့မိကျပေ။ သူတို့က ဒီရက်တွေမှာ စပျစ်သီးတွေနဲ့ အလုပ်ရှုပ်နေပြီး ချောင်မိသားစုကလည်း အလည်ပတ် ရောက်လာခဲ့ကျတာကြောင့် ကျိုးရှီ ဘာတွေကြံသလဲဆိုတာကို သတိမထားမိခဲ့ကျပါဘူး။

ပိုင်ကျန်း၏ အမေးကိုကြားတော့ ကျိုးရှီမှာ ပန်းကန်လုံးအား သူမပါးစပ်နား ပိုကပ်လိုက်၍...

"ကျွန်မဘာဖြစ်ချင်တာလဲ! ရှင်အခု ကျွန်မဘာဖြစ်ချင်တာလဲလို့မေးတာလား!! ရှင်တကယ်မသိဘူးလား ကျွန်မဘာဖြစ်ချင်လဲဆိုတာကို! ကျွန်မက ရှင့်ဇနီးအဖြစ် ဆက်နေချင်တာ! ကျွန်မတို့ကလေးရဲ့ အမေအနေနဲ့လေ!"

ပြောရင်းဖြင့်ကျိုးရှီသည်မျက်ရည်များစီးကျလာခဲ့ပြီး...

"ပိုင်ကျန်း! ကျွန်မက ရှင့်ရဲ့ဇနီးအဖြစ် ဆယ်နှစ်ကျော်တောင်နေခဲ့ပြီးပါပြီ အခု ကျွန်မ အမှားလေးတစ်ခုလုပ်တာကို ကျွန်မကိုကွာရှင်းတယ်ပေါ့! ကွာရှင်းခံရဲတဲ့ မိန်းမတွေ ဘယ်လိုနေထိုင်ရလဲဆိုတာ ရှင်တကယ်မသိဘူးလား! ကျွန်မကရှင့်ရဲ့ဇနီးပါ ရှင်ဘယ်လိုလုပ် အသည်းနှလုံးမရှိရတာလဲ!!"

ကျိုးရှီ၏ လက်ရှိပုံသည် အလွန်မတရားခံရသည့် သနားစဖွယ် အမျိုးသမီးတစ်ဦးကဲ့သို့ပင်။ သူမက ပိုင်လီရဲ့မူရင်းဘဝက ဒရမ်မာဇာတ်လမ်းတွေထဲက ဇာတ်နာနေတဲ့ အမျိုးသမီးဇာတ်လိုက်နဲ့တောင် တူနေပါသေးတယ်။

ထိုကျိုးရှီမှာ ပိုင်လီနဲ့ ပိုင်မိဘတွေ ဝင်လာတာမြင်တော့ သူမကအလွန်နာကျဥ်းနေသည့်လူများကိုတွေ့လိုက်ရပုံနှင့် ဆက်ပြောလာခဲ့လေသည်။

"ရှင်က ရှင့်မိသားစုနဲ့စကားနဲ့ပဲ ကျွန်မကိုကွာရှင်းခဲ့တယ်! သူတို့က ကျွန်မတို့ မိသားစုလေးကို ခွဲချင်နေတယ်ဆိုတာကို ရှင်မသိဘူးလား!"

ပြောရင်းနှင့်သူမသည် ဆေးခွက်ကိုင်မထားသောလက်အား သူမဗိုက်ပေါ်တင်လိုက်၍...

"ပိုင်ကျန်း...ကျွန်မတို့မှာ ကလေးရှိသေးတယ်လေ ရှင်ကျွန်မကိုကွာရှင်းလိုက်ရင် ကလေးကိုဘယ်လိုလုပ်မှာလဲ သူလေးက အမေအရင်းနဲ့.မကြီးပျင်းနိုင်တော့ဘူးပေါ့! ကျွန်မသိတယ်! ရှင့်ရဲ့အမေက ရှင့်အတွက် နောက်ဇနီးရှာပေးမယ်ဆိုတာကို! ဒါပေမယ့်သူမက ကလေးအပေါ် အမေအရင်းလို ကောင်းနိုင်မှာလား! ရှင်က ကျွန်မ အပြစ်လုပ်ခဲ့တာကိုပဲမြင်တယ် အဲဒီပန်းပင်ကို အိမ်ထဲသွင်းလာခဲ့တဲ့ ရှင့်ညီကိုကျတော့ ဘာလို့အပြစ်မမြင်ရတာလဲ! သူသာ အဲဒီပန်းပင်ကို ယူမလာရင် ကျွန်မကရော လောဘတတ်မိမှာတဲ့လား! ပိုင်ကျန်း! ရှင်မသိသေးဘူးလား ရှင့်ညီကသာ တရားခံဆိုတာကို! သူက ကျွန်မတို့ကြားမှာသွေးခွဲနေတာ! သူကရှင့်ကလေးကို အမေမဲ့ဖြစ်စေချင်နေတာ! သူက ကျွန်မတို့မိသားစုကို ကွဲသွားစေချင်တာ!!"

"ပါးစပ်ပိတ်ထားစမ်း!!!"

မော့ဟွာသည် သူမသားနှစ်ယောက်ကြား သွေးခွဲနေသည်များကို ဆက်နားမထောင်နိုင်တော့ပေ။ သူမကချက်ခြင်း ထိုမိန်းမကို ပြေးရိုက်လိုက်ချင်ပါတယ်။

ကျိုးရှီက အအော်ခံလိုက်ရ၍ ခဏရပ်သွားခဲ့သော်လည်း သူမသည် အဆိပ်ခွက်ကို သူမပါးစပ်နှင့်ပိုကပ်လိုက်ပြီး ယုံကြည်မှုရှိစွာနှင့်...

"ရှင်လည်းအတူတူပဲ! ရှင်က ကျွန်မကို သဘောမကျတာနဲ့ ကျွန်မတို့ကိုခွဲဖို့လုပ်နေတာ! ရှင်လည်းအမေတစ်ယောက်ပါ ဘယ်လိုလုပ် အမေတစ်ယောက်ကသူရဲ့သားသမီးကို မွေးပြီးထဲက ခွဲခွာသွားရမယ်လို့ ပြောနိုင်ရတာလဲ! ကျွန်မ ကျွန်မရဲ့ကလေးနဲ့သာ မနေနိုင်ဘူးဆိုရင် ဒီနေ့မှာ ဒီနေရာမှာပဲ ကျွန်မကလေးနဲ့အတူ အဆိပ်သောက်ပြီး သေလိုက်တော့မယ်!"

အဲဒီနောက် သူမသည် ပိုင်ကျန်းကို သနားဖို့ကောင်းစွာ ကြည့်လိုက်ပြီး...

"ရှင်ပြောပါ ကျွန်မတကယ်ပဲ သေလိုက်ရမလား ရှင့်မှာ ရွေးချယ်ခွင့်ရှိပါသေးတယ် အကယ်၍ ရှင်သာကျွန်မနဲ့ မကွာရှင်းတော့ဘူးလို့ ကတိပေးရင် ကျွန်မနဲ့ကလေးကို ခွဲမထားတော့ဘူးလို့ ကတိပေးရင် ကျွန်မဒါကို မသောက်တော့ဘူးလေ ရှင်နောင်တမရအောင် သေချာဆုံးဖြတ်ပါ ရှင်သေချာစဥ်းစားလို့ရ ရ အားးး ပိုင်လီ ကောင်စုတ်! နင်ဘာလုပ်တာလဲ!!"

ဖြစ်ပျက်သွားသမျှသည် အလွန် လျှင်မြန်လွန်းလှသည်။ သူတို့တွေက ကျိုးရှီရဲ့ စကားတွေကြောင့် ဒေါသထွက်နေကျတုန်းမှာပဲ ပိုင်လီကအေးအေးဆေးဆေးနှင့် ရှေ့တတ်သွားခဲ့ကာ သူ့ခြေလှမ်းများက အေးဆေးနေသော်လည်း လျှင်မြန်လွန်းလှသဖြင့် မည်သူမှ တားချိန်မရှိလိုက်သလို ကျိုးရှီပင်လျှင် နောက်ဆုတ်ရန် အချိန်မရှိလိုက်သဖြင့် ကျိုးရှီလက်ထဲက ပန်းကန်လုံးမှာ ပိုင်လီ၏ပုတ်ထုတ်ခြင်းကို ခံခဲ့ရလိုက်တော့သည်။

ကျိုးရှီရဲ့အော်သံနဲ့အတူ ဆေးပန်းကန်လုံး ကျကွဲသံက ခြံထဲမှာ ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့ပါတယ်။

ကျိုးရှီက ကျကွဲသွားသည့် ပန်းကန်လုံးကို ထိတ်လန့်စွာကြည့်လိုက်၍ သူမ အသိပြန်ဝင်လာချိန်တွင်တော့ သူမရဲ့အစီစဥ် ပျက်သွားမှုကြောင့် စိတ်တိုစွာဖြင့် သူမရှေ့ကပိုင်လီကို ဒေါသတကြီး ကြည့်လိုက်တော့သည်။ နောက်တော့ သူမက ရိုက်နှက်ဖို့လက်ကိုမြောက်လိုက်ပေမယ့် သူမရှေ့ကလူက ခြေတလှမ်းနောက်ဆုတ်သွားတာကြောင့် လေကိုသာ ရိုက်လိုက်မိပြီး သူမရဲ့ကိုယ်ဝန်ကြောင့် ရှေ့ကိုအားလွန်ကာ ပန်းကန်ကွဲစတွေပေါ် ပြုတ်ကျတော့မလိုပင်ဖြစ်သွားခဲ့၍ အမြန်ပြန်ထိန်းခဲ့ရလေသည်။

ပိုင်လီက သူမရဲ့ ဖြူစုတ်နေတဲ့မျက်နှာနဲ့ ပန်းကန်ကွဲစတွေကို ကြောက်ရွံ့နေပုံအား သူ့အကိုအကြီးဆုံးမြက်ရအောင် ဘေးဖယ်ပေးလိုက်၍...

"အကြီးဆုံးအကို မြင်ရရဲ့လား သူမက ထိခိုက်မှာကိုတောင် ဘယ်လောက်ကြောက်လိုက်သလဲ ဒါကိုတကယ်သေရဲမယ်လို့ အကိုယုံလား သူမက ပိုင်အိမ်မှာ နှစ်တွေအကြာကြီး နေလာတာဆိုတော့ ပိုင်မိသားစုရဲ့စိတ်ဓာတ်ကိုသိနေပြီး သူမသာ သူမနဲ့ကလေးရဲ့အသက်ကို ခြိမ်းခြောက်လိုက်ရင် ပိုင်မိသားစုမှာ နေရာပြန်ရဖို့ ကတိကျိန်းသေပေါက်ရမယ်ဆိုတာသိနေတယ်လေ အကိုလည်း ရှေ့ဆက်သွားနေရင် တကယ် သူမကို ကတိပေးမိတော့မှာမလား"

ပိုင်မိသားစုရှိလူများ၏ စိတ်ဓာတ်သည်ာရိုးရှင်းလွန်းသည်။ အကယ်၍ သူတို့က ကတိပေးမိခဲ့ရင်ညအဲတာကိုတည်ဖို့ အကောင်းဆုံးကြိုးစားကျပါလိမ့်မယ်။

ပိုင်ကျန်းသည် ဟုတ်မှန်နေသောကြောင့် ဘာမှပြောထွက်မလာတော့ပေ။ သူက တကယ်ကြီး စိုးရိမ်နေခဲ့ပါတယ်။ သူ့ရဲ့ကလေးကိုလည်း စိုးရိမ်သလို ကျိုးရှီကိုလည်း မသေစေချင်ပါဘူး။ သူက ကျိုးရှီရဲ့လုပ်ရပ်ကြောင့် သူမကို ဇနီးအနေနဲ့ ဆက်မပေါင်းသင်းနိုင်တော့ဘူး ဆိုလျှင်တောင် ကုန်ဆုံးခဲ့သည့်အချိန်များသည် ခဏလေးမဟုတ်ခဲ့ပေ။ ဒါကြောင့် သူမကို သေဆုံးတဲ့အထိတော့ မဖြစ်စေချင်ဘဲ သူမအားဖြောင်းဖျ၍မရလျှင် ကတိပေးလိုက်ဖို့ တွေးနေခဲ့တာဖြစ်သည်။

ပိုင်လီက ပိုင်ကျန်း၏ အမူယာအားကြည့်၍ စိတ်ထဲ၌ အယုံလွယ်လိုက်တာဟု ရေရွတ်လိုက်မိသော်လည်း သူက ပိုင်ကျန်းနေရာအား ကိုယ်ချင်းစာနိုင်သဖြင့် ဘာမှတော့ထုတ်မပြောဖြစ်ခဲ့ပါချေ။

အဲဒီနောက် ပိုင်လီက ကျကွဲသွားသည့် ဆေးပန်းကန်အားလည်းညွှန်ပြလျက်...

"ဒါကလည်း တကယ်အဆိပ်လို့ အကိုထင်လား သူမကွာရှင်းခံရပြီးနောက်ပိုင်း အိမ်ထဲကအိမ်ပြင်ထွက်ဖို့မပြောနဲ့ အခန်းထဲကတောင် သိပ်မထွက်တာကို အဆိပ်ကိုဘယ်ကရမှာမလို့လဲ ကျွန်တော်တို့မိသားစုက အဆိပ်ရောင်းဝယ်ရေး လုပ်နေတာလည်း မဟုတ်ဘူး ဒါတွေအားလုံးက လယ်သူဌေးမိသားစုရဲ့ချွေးမကြီးနေရာပြန်ရဖို့အတွက် လှည့်စားမှုတစ်ခုသာပဲ သူမကဒီရက်တွေမှာ အခန်းထဲအောင်းပြီး ဒီအကြံရဖို့ကြိုးစားနေတာပဲဖြစ်မယ် "

ထို့နောက် ပိုင်လီသည် အကြံစည်များပေါ်သွား၍ ထိတ်လန့်နေသော ကျိုးရှီနှင့် အကြောင်းစုံသိသွား၍ ဇနီးဟောင်းအပေါ် ပိုစိတ်ပျက်သွားသော ပိုင်ကျန်းတို့ကို ပိုင်အိမ်၌ထားခဲ့လိုက်ကာ အခုချိန်တွင် စိတ်အဆင်မပြေသေးသော ပိုင်အမေနှင့်ပိုင်အဖေကို ဤအိမ်၌မထားခဲ့ဘဲ သူ့အိမ်ပြန်ခေါ်သွားဖို့ ဆုံးဖြတ်ခဲ့လိုက်သည်။

ဒီမှာနေရင် ကျိုးရှီကြောင့် ဆက် ဒေါသထွက်နေရပါလိမ့်မယ်။ ပိုင်မိဘတွေက အသက်ကြီးပြီး ပိုင်လီကရှေ့လျောက်မှာ သူတို့တွေ ပျော်ပျော်ရွှင်ရွှင်ထားနိုင်မှပဲ တော်ကာကျတော့မှာပါ။

ပိုင်မိဘတွေသည် ပိုင်လီ၏ အဆိုပြုချက်ကို မငြင်းခဲ့ဘဲ ပိုင်လီ၏အိမ်ကို ပြန်လိုက်သွားဖို့ သဘောတူခဲ့လိုက်သည်။ သူတို့လည်း ဒီချွေးမဟောင်းရဲ့အကြောင်းကို မကြားချင်သေးလို့ ဒီနေ့တော့ ပိုင်လီရဲ့အိမ်မှာ နေတာကပိုကောင်းပါတယ်။

သူတို့တွေ ပြန်ဖို့ ပိုင်အိမ်၏ တံခါးနားရောက်ချိန်မှ ပိုင်လီက ပိုင်မိဘတွေကို သူမေ့နေတာရှိလို့ဟု ပြောခဲ့ကာ အိမ်ထဲပြန်ဝင်သွားပြီး ပိုင်ကျန်းအား မျက်ရည်ခံထိုးဖို့ပြင်နေသည့် ကျိုးရှီကို ထပ်ပြောခဲ့လိုက်သည်။

"ကျိုးအိမ်ကအမျိုးသမီး ရှေ့လျောက်မှာ ရိုးရိုးသားသားနေရင်ကောင်းမယ် အကယ်၍ အေးအေးဆေးဆေးနေမယ်ဆိုရင် ကလေးမွေးတဲ့အချိန်ထိ အိမ်မှာကောင်းကောင်းနေပြီးကောင်းကောင်းစားလို့ရသေးတယ် မဟုတ်ဘဲ လောဘကြီးပြီး လျောက်လုပ်ရင်းက ကလေးတစ်ခုခုဖြစ်သွားပြီး ကျုပ်မိသားစုကို စိတ်ဆင်းရဲမယ်ဆိုရင်တော့ ခင်ဗျားဘဝတစ်လျောက်လုံး အေးအေးဆေးဆေးနေရမှာမဟုတ်ဘူးလို့ ကြိုသတိပေးထားလိုက်မယ်"

အဲဒီနောက် သူသည် ကျိုးရှီအား အေးစက်စက်အကြည့်တစ်ချက်ပေးခဲ့ပြီး ပိုင်မိဘတွေနဲ့အတူ အိမ်ပြန်လာခဲ့လိုက်သည်။

အိမ်မှာ အသေးလေးတွေကြောင့် ပိုင်မိဘတွေက စိတ်အခြေနေ ပြန်ကောင်းမွန်လာခဲ့ကျပြီး ပိုင်လီ၏နှစ်သိမ့်မှုနှင့် ပိုင်အမေဆိုလျှင် စိတ်ပြန်တတ်ကြွလာ၍ နေ့လယ်မှာ သူမသားကြီးရဲ့ နောက်ဇနီးအသစ်လေးနေရာအတွက် မိန်းမကောင်းလေးရှာတော့မည်ဟုဆိုကာ သူမ၏ညီမကောင်းတုရှီထံ သွားလည်ခဲ့သေးပေသည်။

တကယ်တော့ သူမတို့မိသားစုရဲ့ လက်ရှိအခြေနေကြောင့် မိသားစုထဲ ဝင်ချင်တဲ့လူတွေက ပေါလှပါတယ်။ သူမတို့က ကောင်းမွန်တဲ့လူကိုရွေးလိုက်ရုံပဲ။

ညနေစောင်းတွင် ပိုင်စန်းက ပိုင်မိဘတွေနဲ့ပိုင်မိန်ကို ညစာစားဖို့ လာခေါ်သွားခဲဲ့ပြီး ထို့နောက်ရက်များမှာတော့ ပိုင်မိသားစုက ငြိမ်းချမ်းသောနေ့ရက်များကို ပြန်ရရှိခဲ့ကာ ဆောင်းရာသီသို့လည်း လျှင်မြန်စွာနှင့် ရောက်ရှိလာခဲ့လေသည်။

မနက်ခင်းတစ်ခုမှာဆိုရင် ပိုင်လီနိုးလာချိန်မှာ နှင်းတွေ တဖွဲဖွဲကျဆင်းနေတာကို တွေ့ခဲ့ရပြီး အိမ်လေးရှေ့မှ ကြည့်ရသောမြင်ကွင်းသည် အလွန်လှနေခဲ့တာပင်။ နှင်းတွေက နေရာတိုင်းမှာ ဖုံးလွှမ်းနေပြီး ခြံဝန်းတစ်ခုလုံးက နှင်းတွေနဲ့ပဲ အလှဆင်ခံထားရသလိုပါပဲ။

သစ်တော်ပင်များနှင့် စံပါယ်ပင်လေးတို့၏အပေါ်တွင် နှင်းများရှိနေခဲ့ပြီး ဒီအချိန်မှာ တည်သီးတွေက လုံးဝမှည့်နေခဲ့ပြီဖြစ်လို့ နှင်းတွေကြားထဲ၌ အဝါရောင်မီးအိမ်လေးတွေလို ထင်ပေါ်နေခဲ့တာကို အိမ်လေးရှေ့မှပင် လှမ်းတွေ့နိူင်ခဲ့သည်။

ပိုင်လီမှာ သူ့သားလေးတွေ တစ်ချိန်လုံးစောင့်လာသည့် တည်သီးတွေက မှည့်လာပြီဖြစ်သဖြင့် သူလည်းပျော်ရွှင်သွားတော့ကာ သူ့အိမ်က အသေးလေးတွေနိုးလာပါက တည်သီးများခူးနိုင်ဖို့အတွက် အိမ်မှာရှိတဲ့ဝါးလုံးတစ်လုံးကို ခြူတံအဖြစ်ပြောင်းလဲခဲ့လိုက်တော့သည်။

သူက ဒါကိုလုပ်နေရင်းမှာ ယာဂုကိုလည်း ချက်ပြုတ်နေခဲ့ပါတယ်။ နောက်မှာတော့ အိမ်ရှေ့ကစားပွဲလေးမှာထိုင်ပြီး နှင်းတွေကိုရှုစားလျက် သူအိမ်ကကောလေးတွေ နိုးလာမှာကို စောင့်နေလိုက်တော့တယ်။

.............................
(AN/ နောက်တစ်ပိုင်းကတော့ ကိုယ် ဒီnovelလေးကို စာအုက်ထုတ်ဖြစ်ရင် မျက်နှာဖုံးအဖြစ် ပုံဖော်ဆွဲဖို့ စဥ်းစားထားတဲ့အပိုင်းလေးဖြစ်ပါတယ်။)

###

အပိုင္း (၁၁၂) က်ိဳးရွီ၏ျပဇာတ္

ပိုင္လီရဲ႕အိမ္မွာ က်န္ခဲ့တဲ့လူေတြက ေအးေဆးေနေသေလာက္ ပိုင္အိမ္မွာေတာ့ ျပႆနာအႀကီးႀကီးတက္ေနက်တာပင္ျဖစ္သည္။

က်ိဳးရွီက ဘယ္သူ႕မွ အနားအကပ္မခံဘဲ အမဲေရာင္ေဆးရည္ေတြျပည့္ေနတဲ့ ပန္းကန္လုံးတစ္ခုကိုင္ထားခဲ့ကာ သူမက ခ်က္ျခင္းေသာက္လို႔ရမည့္ ဟန္ေတာင္ျပင္ထားခဲ့ၿပီး ပိုင္က်န္းႏွင့္ တျခားလူမ်ား၏ မ်က္ႏွာမ်ားမွာမူ အလြန္မဲေမွာင္လ်က္ရွိေနခဲ့၏။

ပိုင္လီတို႔အိမ္ထဲဝင္သြားခ်ိန္တြင္ ျမင္လိုက္သည့္ျမင္ကြင္းက ဤကဲ့သို႔ျဖစ္ၿပီး ၾကားလိုက္ရသည့္စကားမ်ားမွာမူ ပိုင္က်န္း၏...

"က်ိဳးရွီ! မင္းဘာျဖစ္ခ်င္ေနတာလဲ!"

သူတို႔က ႐ုတ္တရက္ႀကီး ဒီမိန္းမက ထေဖာက္လာမည္ဟု မေမွ်ာ္လင့္ထားခဲ့မိက်ေပ။ သူတို႔က ဒီရက္ေတြမွာ စပ်စ္သီးေတြနဲ႕ အလုပ္ရႈပ္ေနၿပီး ေခ်ာင္မိသားစုကလည္း အလည္ပတ္ ေရာက္လာခဲ့က်တာေၾကာင့္ က်ိဳးရွီ ဘာေတြႀကံသလဲဆိုတာကို သတိမထားမိခဲ့က်ပါဘူး။

ပိုင္က်န္း၏ အေမးကိုၾကားေတာ့ က်ိဳးရွီမွာ ပန္းကန္လုံးအား သူမပါးစပ္နား ပိုကပ္လိုက္၍...

"ကြၽန္မဘာျဖစ္ခ်င္တာလဲ! ရွင္အခု ကြၽန္မဘာျဖစ္ခ်င္တာလဲလို႔ေမးတာလား!! ရွင္တကယ္မသိဘူးလား ကြၽန္မဘာျဖစ္ခ်င္လဲဆိုတာကို! ကြၽန္မက ရွင့္ဇနီးအျဖစ္ ဆက္ေနခ်င္တာ! ကြၽန္မတို႔ကေလးရဲ႕ အေမအေနနဲ႕ေလ!"

ေျပာရင္းျဖင့္က်ိဳးရွီသည္မ်က္ရည္မ်ားစီးက်လာခဲ့ၿပီး...

"ပိုင္က်န္း! ကြၽန္မက ရွင့္ရဲ႕ဇနီးအျဖစ္ ဆယ္ႏွစ္ေက်ာ္ေတာင္ေနခဲ့ၿပီးပါၿပီ အခု ကြၽန္မ အမွားေလးတစ္ခုလုပ္တာကို ကြၽန္မကိုကြာရွင္းတယ္ေပါ့! ကြာရွင္းခံရဲတဲ့ မိန္းမေတြ ဘယ္လိုေနထိုင္ရလဲဆိုတာ ရွင္တကယ္မသိဘူးလား! ကြၽန္မကရွင့္ရဲ႕ဇနီးပါ ရွင္ဘယ္လိုလုပ္ အသည္းႏွလုံးမရွိရတာလဲ!!"

က်ိဳးရွီ၏ လက္ရွိပုံသည္ အလြန္မတရားခံရသည့္ သနားစဖြယ္ အမ်ိဳးသမီးတစ္ဦးကဲ့သို႔ပင္။ သူမက ပိုင္လီရဲ႕မူရင္းဘဝက ဒရမ္မာဇာတ္လမ္းေတြထဲက ဇာတ္နာေနတဲ့ အမ်ိဳးသမီးဇာတ္လိုက္နဲ႕ေတာင္ တူေနပါေသးတယ္။

ထိုက်ိဳးရွီမွာ ပိုင္လီနဲ႕ ပိုင္မိဘေတြ ဝင္လာတာျမင္ေတာ့ သူမကအလြန္နာက်ဥ္းေနသည့္လူမ်ားကိုေတြ႕လိုက္ရပုံႏွင့္ ဆက္ေျပာလာခဲ့ေလသည္။

"ရွင္က ရွင့္မိသားစုနဲ႕စကားနဲ႕ပဲ ကြၽန္မကိုကြာရွင္းခဲ့တယ္! သူတို႔က ကြၽန္မတို႔ မိသားစုေလးကို ခြဲခ်င္ေနတယ္ဆိုတာကို ရွင္မသိဘူးလား!"

ေျပာရင္းႏွင့္သူမသည္ ေဆးခြက္ကိုင္မထားေသာလက္အား သူမဗိုက္ေပၚတင္လိုက္၍...

"ပိုင္က်န္း...ကြၽန္မတို႔မွာ ကေလးရွိေသးတယ္ေလ ရွင္ကြၽန္မကိုကြာရွင္းလိုက္ရင္ ကေလးကိုဘယ္လိုလုပ္မွာလဲ သူေလးက အေမအရင္းနဲ႕.မႀကီးပ်င္းနိုင္ေတာ့ဘူးေပါ့! ကြၽန္မသိတယ္! ရွင့္ရဲ႕အေမက ရွင့္အတြက္ ေနာက္ဇနီးရွာေပးမယ္ဆိုတာကို! ဒါေပမယ့္သူမက ကေလးအေပၚ အေမအရင္းလို ေကာင္းနိုင္မွာလား! ရွင္က ကြၽန္မ အျပစ္လုပ္ခဲ့တာကိုပဲျမင္တယ္ အဲဒီပန္းပင္ကို အိမ္ထဲသြင္းလာခဲ့တဲ့ ရွင့္ညီကိုက်ေတာ့ ဘာလို႔အျပစ္မျမင္ရတာလဲ! သူသာ အဲဒီပန္းပင္ကို ယူမလာရင္ ကြၽန္မကေရာ ေလာဘတတ္မိမွာတဲ့လား! ပိုင္က်န္း! ရွင္မသိေသးဘူးလား ရွင့္ညီကသာ တရားခံဆိုတာကို! သူက ကြၽန္မတို႔ၾကားမွာေသြးခြဲေနတာ! သူကရွင့္ကေလးကို အေမမဲ့ျဖစ္ေစခ်င္ေနတာ! သူက ကြၽန္မတို႔မိသားစုကို ကြဲသြားေစခ်င္တာ!!"

"ပါးစပ္ပိတ္ထားစမ္း!!!"

ေမာ့ဟြာသည္ သူမသားႏွစ္ေယာက္ၾကား ေသြးခြဲေနသည္မ်ားကို ဆက္နားမေထာင္နိုင္ေတာ့ေပ။ သူမကခ်က္ျခင္း ထိုမိန္းမကို ေျပးရိုက္လိုက္ခ်င္ပါတယ္။

က်ိဳးရွီက အေအာ္ခံလိုက္ရ၍ ခဏရပ္သြားခဲ့ေသာ္လည္း သူမသည္ အဆိပ္ခြက္ကို သူမပါးစပ္ႏွင့္ပိုကပ္လိုက္ၿပီး ယုံၾကည္မႈရွိစြာႏွင့္...

"ရွင္လည္းအတူတူပဲ! ရွင္က ကြၽန္မကို သေဘာမက်တာနဲ႕ ကြၽန္မတို႔ကိုခြဲဖို႔လုပ္ေနတာ! ရွင္လည္းအေမတစ္ေယာက္ပါ ဘယ္လိုလုပ္ အေမတစ္ေယာက္ကသူရဲ႕သားသမီးကို ေမြးၿပီးထဲက ခြဲခြာသြားရမယ္လို႔ ေျပာနိုင္ရတာလဲ! ကြၽန္မ ကြၽန္မရဲ႕ကေလးနဲ႕သာ မေနနိုင္ဘူးဆိုရင္ ဒီေန႕မွာ ဒီေနရာမွာပဲ ကြၽန္မကေလးနဲ႕အတူ အဆိပ္ေသာက္ၿပီး ေသလိုက္ေတာ့မယ္!"

အဲဒီေနာက္ သူမသည္ ပိုင္က်န္းကို သနားဖို႔ေကာင္းစြာ ၾကည့္လိုက္ၿပီး...

"ရွင္ေျပာပါ ကြၽန္မတကယ္ပဲ ေသလိုက္ရမလား ရွင့္မွာ ေ႐ြးခ်ယ္ခြင့္ရွိပါေသးတယ္ အကယ္၍ ရွင္သာကြၽန္မနဲ႕ မကြာရွင္းေတာ့ဘူးလို႔ ကတိေပးရင္ ကြၽန္မနဲ႕ကေလးကို ခြဲမထားေတာ့ဘူးလို႔ ကတိေပးရင္ ကြၽန္မဒါကို မေသာက္ေတာ့ဘူးေလ ရွင္ေနာင္တမရေအာင္ ေသခ်ာဆုံးျဖတ္ပါ ရွင္ေသခ်ာစဥ္းစားလို႔ရ ရ အားးး ပိုင္လီ ေကာင္စုတ္! နင္ဘာလုပ္တာလဲ!!"

ျဖစ္ပ်က္သြားသမွ်သည္ အလြန္ လွ်င္ျမန္လြန္းလွသည္။ သူတို႔ေတြက က်ိဳးရွီရဲ႕ စကားေတြေၾကာင့္ ေဒါသထြက္ေနက်တဳန္းမွာပဲ ပိုင္လီကေအးေအးေဆးေဆးႏွင့္ ေရွ႕တတ္သြားခဲ့ကာ သူ႕ေျခလွမ္းမ်ားက ေအးေဆးေနေသာ္လည္း လွ်င္ျမန္လြန္းလွသျဖင့္ မည္သူမွ တားခ်ိန္မရွိလိုက္သလို က်ိဳးရွီပင္လွ်င္ ေနာက္ဆုတ္ရန္ အခ်ိန္မရွိလိုက္သျဖင့္ က်ိဳးရွီလက္ထဲက ပန္းကန္လုံးမွာ ပိုင္လီ၏ပုတ္ထုတ္ျခင္းကို ခံခဲ့ရလိုက္ေတာ့သည္။

က်ိဳးရွီရဲ႕ေအာ္သံနဲ႕အတူ ေဆးပန္းကန္လုံး က်ကြဲသံက ၿခံထဲမွာ က်ယ္ေလာင္စြာ ထြက္ေပၚလာခဲ့ပါတယ္။

က်ိဳးရွီက က်ကြဲသြားသည့္ ပန္းကန္လုံးကို ထိတ္လန့္စြာၾကည့္လိုက္၍ သူမ အသိျပန္ဝင္လာခ်ိန္တြင္ေတာ့ သူမရဲ႕အစီစဥ္ ပ်က္သြားမႈေၾကာင့္ စိတ္တိုစြာျဖင့္ သူမေရွ႕ကပိုင္လီကို ေဒါသတႀကီး ၾကည့္လိုက္ေတာ့သည္။ ေနာက္ေတာ့ သူမက ရိုက္ႏွက္ဖို႔လက္ကိုေျမာက္လိုက္ေပမယ့္ သူမေရွ႕ကလူက ေျခတလွမ္းေနာက္ဆုတ္သြားတာေၾကာင့္ ေလကိုသာ ရိုက္လိုက္မိၿပီး သူမရဲ႕ကိုယ္ဝန္ေၾကာင့္ ေရွ႕ကိုအားလြန္ကာ ပန္းကန္ကြဲစေတြေပၚ ျပဳတ္က်ေတာ့မလိုပင္ျဖစ္သြားခဲ့၍ အျမန္ျပန္ထိန္းခဲ့ရေလသည္။

ပိုင္လီက သူမရဲ႕ ျဖဴစုတ္ေနတဲ့မ်က္ႏွာနဲ႕ ပန္းကန္ကြဲစေတြကို ေၾကာက္႐ြံ႕ေနပုံအား သူ႕အကိုအႀကီးဆုံးျမက္ရေအာင္ ေဘးဖယ္ေပးလိုက္၍...

"အႀကီးဆုံးအကို ျမင္ရရဲ႕လား သူမက ထိခိုက္မွာကိုေတာင္ ဘယ္ေလာက္ေၾကာက္လိုက္သလဲ ဒါကိုတကယ္ေသရဲမယ္လို႔ အကိုယုံလား သူမက ပိုင္အိမ္မွာ ႏွစ္ေတြအၾကာႀကီး ေနလာတာဆိုေတာ့ ပိုင္မိသားစုရဲ႕စိတ္ဓာတ္ကိုသိေနၿပီး သူမသာ သူမနဲ႕ကေလးရဲ႕အသက္ကို ၿခိမ္းေျခာက္လိုက္ရင္ ပိုင္မိသားစုမွာ ေနရာျပန္ရဖို႔ ကတိက်ိန္းေသေပါက္ရမယ္ဆိုတာသိေနတယ္ေလ အကိုလည္း ေရွ႕ဆက္သြားေနရင္ တကယ္ သူမကို ကတိေပးမိေတာ့မွာမလား"

ပိုင္မိသားစုရွိလူမ်ား၏ စိတ္ဓာတ္သည္ာရိုးရွင္းလြန္းသည္။ အကယ္၍ သူတို႔က ကတိေပးမိခဲ့ရင္ညအဲတာကိုတည္ဖို႔ အေကာင္းဆုံးႀကိဳးစားက်ပါလိမ့္မယ္။

ပိုင္က်န္းသည္ ဟုတ္မွန္ေနေသာေၾကာင့္ ဘာမွေျပာထြက္မလာေတာ့ေပ။ သူက တကယ္ႀကီး စိုးရိမ္ေနခဲ့ပါတယ္။ သူ႕ရဲ႕ကေလးကိုလည္း စိုးရိမ္သလို က်ိဳးရွီကိုလည္း မေသေစခ်င္ပါဘူး။ သူက က်ိဳးရွီရဲ႕လုပ္ရပ္ေၾကာင့္ သူမကို ဇနီးအေနနဲ႕ ဆက္မေပါင္းသင္းနိုင္ေတာ့ဘူး ဆိုလွ်င္ေတာင္ ကုန္ဆုံးခဲ့သည့္အခ်ိန္မ်ားသည္ ခဏေလးမဟုတ္ခဲ့ေပ။ ဒါေၾကာင့္ သူမကို ေသဆုံးတဲ့အထိေတာ့ မျဖစ္ေစခ်င္ဘဲ သူမအားေျဖာင္းဖ်၍မရလွ်င္ ကတိေပးလိုက္ဖို႔ ေတြးေနခဲ့တာျဖစ္သည္။

ပိုင္လီက ပိုင္က်န္း၏ အမူယာအားၾကည့္၍ စိတ္ထဲ၌ အယုံလြယ္လိုက္တာဟု ေရ႐ြတ္လိုက္မိေသာ္လည္း သူက ပိုင္က်န္းေနရာအား ကိုယ္ခ်င္းစာနိုင္သျဖင့္ ဘာမွေတာ့ထုတ္မေျပာျဖစ္ခဲ့ပါေခ်။

အဲဒီေနာက္ ပိုင္လီက က်ကြဲသြားသည့္ ေဆးပန္းကန္အားလည္းၫႊန္ျပလ်က္...

"ဒါကလည္း တကယ္အဆိပ္လို႔ အကိုထင္လား သူမကြာရွင္းခံရၿပီးေနာက္ပိုင္း အိမ္ထဲကအိမ္ျပင္ထြက္ဖို႔မေျပာနဲ႕ အခန္းထဲကေတာင္ သိပ္မထြက္တာကို အဆိပ္ကိုဘယ္ကရမွာမလို႔လဲ ကြၽန္ေတာ္တို႔မိသားစုက အဆိပ္ေရာင္းဝယ္ေရး လုပ္ေနတာလည္း မဟုတ္ဘူး ဒါေတြအားလုံးက လယ္သူေဌးမိသားစုရဲ႕ေခြၽးမႀကီးေနရာျပန္ရဖို႔အတြက္ လွည့္စားမႈတစ္ခုသာပဲ သူမကဒီရက္ေတြမွာ အခန္းထဲေအာင္းၿပီး ဒီအႀကံရဖို႔ႀကိဳးစားေနတာပဲျဖစ္မယ္ "

ထို႔ေနာက္ ပိုင္လီသည္ အႀကံစည္မ်ားေပၚသြား၍ ထိတ္လန့္ေနေသာ က်ိဳးရွီႏွင့္ အေၾကာင္းစုံသိသြား၍ ဇနီးေဟာင္းအေပၚ ပိုစိတ္ပ်က္သြားေသာ ပိုင္က်န္းတို႔ကို ပိုင္အိမ္၌ထားခဲ့လိုက္ကာ အခုခ်ိန္တြင္ စိတ္အဆင္မေျပေသးေသာ ပိုင္အေမႏွင့္ပိုင္အေဖကို ဤအိမ္၌မထားခဲ့ဘဲ သူ႕အိမ္ျပန္ေခၚသြားဖို႔ ဆုံးျဖတ္ခဲ့လိုက္သည္။

ဒီမွာေနရင္ က်ိဳးရွီေၾကာင့္ ဆက္ ေဒါသထြက္ေနရပါလိမ့္မယ္။ ပိုင္မိဘေတြက အသက္ႀကီးၿပီး ပိုင္လီကေရွ႕ေလ်ာက္မွာ သူတို႔ေတြ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ထားနိုင္မွပဲ ေတာ္ကာက်ေတာ့မွာပါ။

ပိုင္မိဘေတြသည္ ပိုင္လီ၏ အဆိုျပဳခ်က္ကို မျငင္းခဲ့ဘဲ ပိုင္လီ၏အိမ္ကို ျပန္လိုက္သြားဖို႔ သေဘာတူခဲ့လိုက္သည္။ သူတို႔လည္း ဒီေခြၽးမေဟာင္းရဲ႕အေၾကာင္းကို မၾကားခ်င္ေသးလို႔ ဒီေန႕ေတာ့ ပိုင္လီရဲ႕အိမ္မွာ ေနတာကပိုေကာင္းပါတယ္။

သူတို႔ေတြ ျပန္ဖို႔ ပိုင္အိမ္၏ တံခါးနားေရာက္ခ်ိန္မွ ပိုင္လီက ပိုင္မိဘေတြကို သူေမ့ေနတာရွိလို႔ဟု ေျပာခဲ့ကာ အိမ္ထဲျပန္ဝင္သြားၿပီး ပိုင္က်န္းအား မ်က္ရည္ခံထိုးဖို႔ျပင္ေနသည့္ က်ိဳးရွီကို ထပ္ေျပာခဲ့လိုက္သည္။

"က်ိဳးအိမ္ကအမ်ိဳးသမီး ေရွ႕ေလ်ာက္မွာ ရိုးရိုးသားသားေနရင္ေကာင္းမယ္ အကယ္၍ ေအးေအးေဆးေဆးေနမယ္ဆိုရင္ ကေလးေမြးတဲ့အခ်ိန္ထိ အိမ္မွာေကာင္းေကာင္းေနၿပီးေကာင္းေကာင္းစားလို႔ရေသးတယ္ မဟုတ္ဘဲ ေလာဘႀကီးၿပီး ေလ်ာက္လုပ္ရင္းက ကေလးတစ္ခုခုျဖစ္သြားၿပီး က်ဳပ္မိသားစုကို စိတ္ဆင္းရဲမယ္ဆိုရင္ေတာ့ ခင္ဗ်ားဘဝတစ္ေလ်ာက္လုံး ေအးေအးေဆးေဆးေနရမွာမဟုတ္ဘူးလို႔ ႀကိဳသတိေပးထားလိုက္မယ္"

အဲဒီေနာက္ သူသည္ က်ိဳးရွီအား ေအးစက္စက္အၾကည့္တစ္ခ်က္ေပးခဲ့ၿပီး ပိုင္မိဘေတြနဲ႕အတူ အိမ္ျပန္လာခဲ့လိုက္သည္။

အိမ္မွာ အေသးေလးေတြေၾကာင့္ ပိုင္မိဘေတြက စိတ္အေျခေန ျပန္ေကာင္းမြန္လာခဲ့က်ၿပီး ပိုင္လီ၏ႏွစ္သိမ့္မႈႏွင့္ ပိုင္အေမဆိုလွ်င္ စိတ္ျပန္တတ္ႂကြလာ၍ ေန႕လယ္မွာ သူမသားႀကီးရဲ႕ ေနာက္ဇနီးအသစ္ေလးေနရာအတြက္ မိန္းမေကာင္းေလးရွာေတာ့မည္ဟုဆိုကာ သူမ၏ညီမေကာင္းတုရွီထံ သြားလည္ခဲ့ေသးေပသည္။

တကယ္ေတာ့ သူမတို႔မိသားစုရဲ႕ လက္ရွိအေျခေနေၾကာင့္ မိသားစုထဲ ဝင္ခ်င္တဲ့လူေတြက ေပါလွပါတယ္။ သူမတို႔က ေကာင္းမြန္တဲ့လူကိုေ႐ြးလိုက္႐ုံပဲ။

ညေနေစာင္းတြင္ ပိုင္စန္းက ပိုင္မိဘေတြနဲ႕ပိုင္မိန္ကို ညစာစားဖို႔ လာေခၚသြားခဲဲ့ၿပီး ထို႔ေနာက္ရက္မ်ားမွာေတာ့ ပိုင္မိသားစုက ၿငိမ္းခ်မ္းေသာေန႕ရက္မ်ားကို ျပန္ရရွိခဲ့ကာ ေဆာင္းရာသီသို႔လည္း လွ်င္ျမန္စြာႏွင့္ ေရာက္ရွိလာခဲ့ေလသည္။

မနက္ခင္းတစ္ခုမွာဆိုရင္ ပိုင္လီနိုးလာခ်ိန္မွာ ႏွင္းေတြ တဖြဲဖြဲက်ဆင္းေနတာကို ေတြ႕ခဲ့ရၿပီး အိမ္ေလးေရွ႕မွ ၾကည့္ရေသာျမင္ကြင္းသည္ အလြန္လွေနခဲ့တာပင္။ ႏွင္းေတြက ေနရာတိုင္းမွာ ဖုံးလႊမ္းေနၿပီး ၿခံဝန္းတစ္ခုလုံးက ႏွင္းေတြနဲ႕ပဲ အလွဆင္ခံထားရသလိုပါပဲ။

သစ္ေတာ္ပင္မ်ားႏွင့္ စံပါယ္ပင္ေလးတို႔၏အေပၚတြင္ ႏွင္းမ်ားရွိေနခဲ့ၿပီး ဒီအခ်ိန္မွာ တည္သီးေတြက လုံးဝမွည့္ေနခဲ့ၿပီျဖစ္လို႔ ႏွင္းေတြၾကားထဲ၌ အဝါေရာင္မီးအိမ္ေလးေတြလို ထင္ေပၚေနခဲ့တာကို အိမ္ေလးေရွ႕မွပင္ လွမ္းေတြ႕နိူင္ခဲ့သည္။

ပိုင္လီမွာ သူ႕သားေလးေတြ တစ္ခ်ိန္လုံးေစာင့္လာသည့္ တည္သီးေတြက မွည့္လာၿပီျဖစ္သျဖင့္ သူလည္းေပ်ာ္႐ႊင္သြားေတာ့ကာ သူ႕အိမ္က အေသးေလးေတြနိုးလာပါက တည္သီးမ်ားခူးနိုင္ဖို႔အတြက္ အိမ္မွာရွိတဲ့ဝါးလုံးတစ္လုံးကို ျခဴတံအျဖစ္ေျပာင္းလဲခဲ့လိုက္ေတာ့သည္။

သူက ဒါကိုလုပ္ေနရင္းမွာ ယာဂုကိုလည္း ခ်က္ျပဳတ္ေနခဲ့ပါတယ္။ ေနာက္မွာေတာ့ အိမ္ေရွ႕ကစားပြဲေလးမွာထိုင္ၿပီး ႏွင္းေတြကိုရႈစားလ်က္ သူအိမ္ကေကာေလးေတြ နိုးလာမွာကို ေစာင့္ေနလိုက္ေတာ့တယ္။

.............................
(AN/ ေနာက္တစ္ပိုင္းကေတာ့ ကိုယ္ ဒီnovelေလးကို စာအုက္ထုတ္ျဖစ္ရင္ မ်က္ႏွာဖုံးအျဖစ္ ပုံေဖာ္ဆြဲဖို႔ စဥ္းစားထားတဲ့အပိုင္းေလးျဖစ္ပါတယ္။)

Continue Reading

You'll Also Like

224K 19.8K 54
What's going on with savage male empress Ru Ru from heaven ? MAHARVERSE SEASON 2|| START DATE - June 26 2023 END DATE - May 9 2024
6.3K 460 20
Cake နဲ့ Seeiwရဲ့ storyလေးကို ဘာသာပြန်ချင်လို့ပါ။ လိုအပ်ချက်တွေရှိရင်တော့နားလည်ပေးနော်။
1.7M 162K 161
အင်ပါယာရဲ့ဗိုလ်မှူးချုပ်ဟောင်း အခုတော့ အလိုရှိနေကြတဲ့အပြစ်သားဟာ ရုတ်တရက် မုဆိုးပြင်ဆင်ထားတဲ့ထောင်ချောက်ထဲ ကျသွားခဲ့တယ်။ နေစမ်းပါဦး အဲ့မုဆိုးက အရင်တုန...
234K 25.8K 87
ဒီနေ့ ငါအချစ်တွေကိုလျစ်လျူရှုတယ်ပေါ့ နောက်နေ့ကျ ငါသူ့ကိုကန်ထုတ်ပစ်ဦးမယ် ဒီေန႔ ငါအခ်စ္ေတြကိုလ်စ္လ်ဴရႈတယ္ေပါ့ ေနာက္ေန႔က် ငါသူ႔ကိုကန္ထုတ္ပစ္ဦးမယ္... #...