စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုး...

Por BlackLily_WhiteLily

59.5K 6.3K 215

"မှားယွင်းသော လက်ထပ်ခြင်းမှသည်..... ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၂)" MM Translation (Just for fun) C... Más

Description
Intro- 1
Intro- 2
Intro- 3
Chapter 1.1
Chapter 1.2
Chapter 1.3
Chapter 1.4
Chapter 2.1
Just Information
Chapter 2.2
Chapter 2.3
Chapter 2.4
Chapter 2.5
Chapter 3.1
Chapter 3.2
Chapter 3.3
🎆🎆🎆Happy New Year🎆🎆🎆
Chapter 3.4
Chapter 3.5
Chapter 4.1
Chapter 4.4/4.5
Chapter 4.6
Chapter 4.7
Chapter 5.1
Chapter 5.2
Chapter 5.3
Chapter 5.4
Chapter 5.5
Chapter 6.1
Chapter 6.2
Chapter 6.3
Chapter 6.4
Chapter 6.5
Chapter 7.1
Chapter 7.2
Chapter 7.3
Chapter 7.4
Chapter 7.5
Chapter 8.1
Chapter 8.2
Chapter 8.3
Chapter 8.4
Chapter 9.1
Chapter 9.2/9.3
Chapter 9.4/9.5
Chapter 9.6/9.7
Chapter 9.8/9.9
Chapter 9.10/9.11
Chapter 10.1/10.2
Chapter 10.3/10.4
Chapter 10.5/10.6
Chapter 10.7/10.8
Chapter 10.9/10.10
Chapter 10.11/10.12
Chapter 10.13/10.14
Chapter 10.15/10.16/10.17
Chapter 11(1,2)
Chapter 11 (3,4)
Chapter 11 (5,6)
Chapter 11.7, 12.1
Chapter 12 (2,3)
Chapter 12 (4,5)
Chapter 12 (6,7)
Chapter 12 (8,9)
Chapter 12 (10,11)
Chapter 12 (12,13)
Chapter 13(1,2)
Chapter 13 (3,4)
Chapter 13 (5,6)
Chapter 13 (7,8)
Chapter 13 (9,10,11)
🔊🔊🔊 Telegram PG လေးစပါပြီ
Chapter 14.1/14.2
Chapter 14.3/14.4
Chapter 14.5/14.6
Chapter 14.7/14.8
Chapter 15.1/15.2
Chapter 15.3/15.4
Chapter 15.5/15.6
Chapter 15.7/15.8
Chapter 15.9/15.10
Chapter 15.11/15.12
Chapter 16.1/16.2
Chapter 16.3/16.4
Chapter 16.5/16.6
Chapter 16.7/16.8
Chapter 16.9/16.10
Chapter 16.11/16.12
Chapter 16.13/16.14

Chapter 4.2/4.3

678 82 5
Por BlackLily_WhiteLily

အခန်း ၄ လက်နက်ချခြင်း (အပိုင်း၂)

ကုယွင်က သူမခါးမှ ကြိုးကို ဖြည်လိုက်ပြီး အနည်းငယ် သက်ဝင်လှုပ်ရှားတက်ကြွနေပုံရသော စစ်သည်ငယ်များဆီသို့ လျှောက်သွားလိုက်သည်။

ဒီအမျိုးသားတွေက ဘာတွေကို အရမ်း စိတ်လှုပ်ရှားနေကြတာလဲ??

သူမက ကျောက်တောင်တက်ခြင်းကို ဝါသနာပါတာကြောင့် သူမ အသက်ဆယ့်လေးနှစ်ကတည်းက ဤကိစ္စကို လွယ်လွယ်ကူကူ ပြီးမြောက်နိုင်ခဲ့သည်ကို သူတို့ မသိနိုင်ကြပါဘူး။ နောက်ပိုင်းတွင် သူမက SWAT အဖွဲ့သို့ ဝင်ရောက်ကာ စနစ်တကျ လေ့ကျင့်မှုများ ရရှိခဲ့သည်။ ရလဒ်ကတော့ သူတို့က သူမကဲ့သို့ စွမ်းဆောင်နိုင်ဖို့ အကြိမ်အများကြီး လေ့ကျင့်ကြရဦးမည် ဖြစ်သည်။ ကုယွင်က နှုတ်ခမ်းထောင့်တွေကို မြှောက်ကာ စိတ်ထဲကနေ လှောင်ပြောင်လိုက်သည်။

ခနနေရင် ငါက မင်းတို့တွေကို သေအောက်အောင် စိတ်ဆင်းရဲအောင် လုပ်လိမ့်တော့မယ် ထင်ပါရဲ့...

ကုယွင်က ကောကျင့်ယွင်ကို လှမ်းကြည့်လိုက်ပြီး "ကောကျင့်ယွင်၊ အခု မင်းရဲ့အဖွဲ့ကို အခု အုပ်စုနှစ်စုခွဲပြီး တောင်တက်လေ့ကျင့်ခန်း လုပ်ခိုင်းလိုက်၊ လူတိုင်းက အတွေ့အကြုံရအောင် တစ်ကြိမ်လောက် စမ်းကြည့်သင့်တယ်။ ငါးယောက်တစ်အုပ်စုဖွဲ့ပြီး ပူးပေါင်းဆောင်ရွက်ကြ၊ ဘေးကင်းအောင် ဂရုစိုက်ပါ"

"ဟုတ်ကဲ့" ကောကျင့်ယွင်က သူ့အဖွဲ့ကို ဦးဆောင်​ခေါ်ထုတ်သွားသည်​။

ကုယွင်က "လမ်ရှောင်း၊ မင်းရဲ့အဖွဲ့ကို chin-ups နဲ့ အရွတ်လေ့ကျင့်ခန်းလုပ်ဖို့ ခေါ်သွား"

(chin-ups- ဘားခိုတာတို့ ၊ ကြိုးကွင်းဆွဲတာတို့ပါ)

chin-ups ဆိုတာက ဘာလဲ??? အရွတ်လေ့ကျင့်ခန်းတွေက ဘာတွေလဲ??

တပ်သားသစ်တွေရဲ့ မျက်လုံးတွေနဲ့ နှလုံးသားထဲမှာ မေးခွန်းတွေရှိခဲ့ပေမယ့် ဒီတစ်ကြိမ်မှာတော့ ဘယ်သူမှ မေးခွန်းမထုတ်ခဲ့ကြပါဘူး။

ကုယွင်က သူတို့ နားမလည်တာကို သဘာဝကျကျ သိနိုင်ပြီး သူမရဲ့ အသုံးအနှုန်းတွေကို နားလည်စေဖို့အတွက် စကားတွေ ထပ်ပြောလိုက်ရသည်။ ကုယွင်က သူတို့ကို ကျောက်နံရံဘေးက နွယ်ပင်တွေဆီကို ဦးဆောင်ခေါ်သွားလိုက်ပြီး သူမနဲ့အနီးဆုံးမှာ ရပ်နေတဲ့ တပ်သားကို လက်ညှိုးထိုးလိုက်ပြီး "မင်း တန်းထဲကနေ ထွက်လာခဲ့"

"ဟုတ်ကဲ့" တပ်သားကက မဆိုင်းမတွ ရှေ့ကို လှမ်းထွက်လာခဲ့သည်။

ကုယွင်က ခိုင်ခံ့သော စပျစ်နွယ်ပင်တစ်ပင်ကို ရှာလိုက်ပြီးနောက် "စပျစ်နွယ်ကို ဆွဲပြီး အပေါ်ကိုတက်"

"ဟုတ်ကဲ့"

တပ်သားလေးက ခပ်ပြင်းပြင်းတစ်ချက်ခုန်ပြီး စပျစ်နွယ်ပင်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ကာ မလှုပ်မယှက် ချိတ်ဆွဲနေလိုက်သည်။

ကုယွင်က သူ့ဘေးမှာ ရပ်နေပြီး တစ်ဆင့်ချင်း သင်ပေးနေသည်။ "အခု မင်းရဲ့ တံတောင်ဆစ်တွေကို ဖြည်းဖြည်းလေး ကွေးပြီး မင်းရဲ့ မေးစေ့က သစ်ကိုင်းရဲ့ အမြင့်နေရာကို ရောက်တဲ့အထိ မင်းရဲ့ ခန္ဓာကိုယ်ကို အပေါ်ကို ဆွဲတင်။ ပြီးရင် မင်း လက်တွေကို ပြန်ဆန့်ပြီး မင်းရဲ့ ခန္ဓာကိုယ်ကို အရင်အနေအထားအတိုင်း ပြန်နိမ့်လိုက်၊ အဲ့တာဆိုရင် တစ်ကြိမ်ပြီးပြီ"

တပ်သားငယ်လေးက လွယ်လွယ်ကူကူ ပြီးမြောက်ခဲ့တာကြောင့် အားလုံးက တိတ်တဆိတ် ပျော်ရွှင်သွားကြသည်။ ကံကောင်းထောက်မစွာနဲ့ မခဲယဉ်းလှပေ။ သို့သော် ကုယွင်ပါးစပ်မှ နောက်ထပ်ထွက်လာသော စကားများက သူတို့ကို ချောက်ထဲသို့ ထိုးကျသွားစေပြန်သည်။ "တစ်ကျော့မှာ အခါ ခြောက်ဆယ်၊ တစ်ယောက်ကို ငါးကျော့လုပ်မယ်"

သူတို့ရဲ့နှလုံးသားတွေထဲမှာ ငိုကြွေးနေပေမယ့် ဘယ်သူကမှ ဘာမှ ပြန်မပြောရဲကြဘူး။

သူတို့ရဲ့ မချိတင်ကဲ ငိုချင်နေတဲ့မျက်နှာတွေကို ကြည့်ပြီး ကုယွင်က သူမနှလုံးသားထဲကနေ တိတ်တဆိတ် ဝမ်းသာနေပြီး နှုတ်ခမ်းကို လိမ္မာပါးနပ်စွာ ပင့်တင်လိုက်ကာ "အရွတ်ဆန့်တဲ့ လေ့ကျင့်ခန်းအတွက်က..."

လူအုပ်ထဲသို့ အကြည့်တစ်ချက်ဖြင့် ရှာဖွေလိုက်ပြီးနောက် ကုယွင်က သူမလက်ကို ဆန့်တန်းကာ တောထဲတွင် ဂျူဒိုအကြောင်းမေးခွန်းမေးခဲ့သော ကောင်လေးကို ညွှန်ပြကာ ထူးထူးခြားခြား နူးညံ့သိမ်မွေ့သော အသံဖြင့် "မင်း၊ လာခဲ့ပါ"

"ဟုတ်ကဲ့" ကောင်လေးက သူ့ကျောရိုးများအထိ အေးစက်သွားစေသော ကြောက်စိတ်ကြောင့် ခေါင်းကို ငုံ့ထားသော်လည်း လုံးဝ မရပ်တန့်ဝံ့ဘဲ ကုယွင်ဆီသို့ ပြေးသွားလိုက်သည်။

"နောက်တစ်ခုကတော့ အရွတ်လေ့ကျင့်မှုပဲ၊ ပထမဆုံးအဆင့်က Split ပဲ!" ကုယွင်က သူ့ခြေထောက်တွေကို ညွှန်ပြလိုက်ပြီး "ခြေထောက်တွေကို ရှေ့နဲ့နောက်ကို ခွဲထား၊ အလယ်ကို အားပြုပြီး အောက်ကိုရောက်တဲ့အချိန်အထိ ထိုင်ချ"

(ခြေနှစ်ဖက်ကို ကြမ်းပြင်နှင့် အလျားလိုက် ထိသည်အထိ ကားရား ခွ၍ မတ်မတ်ထိုင်ချလိုက်သော အနေအထား)

ကောင်လေးက ခဏလောက် ကြောင်တောင်တောင်ဖြစ်နေပြီးမှ သူ့ခြေထောက်တွေကို အမြန်ဖြန့်ကားလိုက်သည်။

ဒါကို Splitလို့ ခေါ်တယ်လား?? ကုယွင်က သူမလက်ကို လှုပ်နေရင်း "အောက်ကို လျောဆင်း၊ မင်းရဲ့လက်တွေကို မြေကြီးပေါ်မှာရောက်အောင် တန်းထား၊ မင်းရဲ့အပေါ်ပိုင်းကို မကွေးထားနဲ့၊ မင်းနောက်ကျောကို တည့်တည့်မတ်မတ်ဖြစ်အောင်ကြိုးစား"

လက်တွေက မြေကြီးပေါ်ကို ရောက်ရမှာလား? ကောင်လေးက သူ့ခြေထောက်တွေကို ခက်ခက်ခဲခဲ ဖြန့်ကားနေပြီး နောက်ကျောကိုလည်း လုံးဝ မကိုင်းရဲပေ၊ နောက်ဆုံး သူ့လက်ချောင်းတွေ မြေပြင်ကို ထိသွားချိန်မှာ ခြေထောက်တွေက ကြွက်တက်လာသလို ခံစားရနေရတော့သည်။

"ဆက်လုပ်" ကုယွင်က စိတ်မရှည်တော့ပေ၊ ဒါက ဘယ်လို အချိန်နေမျိုးလဲ? မြေပြင်ရောက်ဖို့ လီတစ်ရာလောက် လိုနေသေးတယ်ဟ!

တကယ်တော့ သူမက သူတို့ကို လှည့်စားဖို့ ဒီကောင်လေးကို ရည်ရွယ်ချက်ရှိရှိ ရွေးချယ်ခဲ့တာ မဟုတ်ပါဘူး။ သူက သူတို့အထဲမှာ အငယ်ဆုံးဖြစ်ပုံရတာကြောင့် သူ့အရွတ်တွေက အပျော့ပျောင်းဆုံး ဖြစ်နေနိုင်ပြီး တခြားတပ်သားတွေ ပိုနားလည်လာအောင် သရုပ်ပြခိုင်းခြင်း ဖြစ်သည်။ သူက အရမ်း အသုံးမကျဘူးဆိုတာ ဘယ်သူက သိမှာလဲ?

ဆက်ဆင်းရဦးမှာလား?? ကောင်လေးက သူ့ရဲ့ခြေထောက်တွေကို ထပ်‌လျော့လိုက်တဲ့အခါ သူ တကယ်ပဲ ကြွက်တက်သွားခဲ့သည်။ ဒါပေမယ့် ကုယွင်ရဲ့ စူးစူးရှရှအကြည့်အောက်မှာ ကောင်လေးက ပြင်းပြင်းထန်ထန် ကြိုးစားနေပြီး နောက်ဆုံးမှာတော့ သူ့လက်ဖဝါးတွေကို မြေပြင်ဆီကို ရောက်သွားခဲ့သည်။ သူက နာကျင်လို့ ငိုလုနီးပါးဖြစ်နေပြီး "တကယ် မလုပ်နိုင်တော့ဘူး! ငါ ဆက်မဆင်းနိုင်တော့ဘူး! "

ကုယွင်က ရှေ့ကို လှမ်းလာပြီး သူ့ပခုံးကို ကိုင်ကာ မတ်မတ်အနေအထားအတိုင်း သူမလက်နဲ့ ဖိချလိုက်သည်။

"အား——" သူ့အော်သံက ပြင်းထန်လွန်းပြီး ကြေကွဲဖွယ်ရာကောင်းနေတာကြောင့် ကျောက်နံရံပေါ်တက်နေတဲ့ စစ်သားတွေတောင် မထိတ်လန့်ဘဲ မနေနိုင်ကြတော့ပေ။ ကုယွင်လည်း လန့်ဖျပ်သွားခဲ့သည်။ သူမက နည်းနည်းလေးပဲ အားစိုက်ထုတ်လိုက်တာကို ဝက်သတ်တာထက်တောင် ပိုကျယ်လောင်အောင် အော်နေသေးတယ်၊ တော်တော်ကို သနားစရာကောင်းနေတယ်!

ကောင်လေးက မြေပြင်ပေါ်တွင် ခွေခေါက်နေပြီး နာကျင်စွာ အော်ဟစ်နေခဲ့သည်။ ဒီမြင်ကွင်းကို မြင်နေရတဲ့ တပ်သားတွေက သူ့တို့ရဲ့ခြေထောက်နှစ်ချောင်းကို တင်းနေအောင် စိထားမိကြသည်။ အဲ့ဒါက အရမ်းကြောက်စရာကောင်းတယ်။

"ပါးစပ်ပိတ်ထား!" ကုယွင်က သူ့ခြေထောက်တွေကို ပွတ်သပ်နေတဲ့ ကောင်လေးကို စိုက်ကြည့်နေတာကြောင့် ကောင်လေးက မြန်မြန် အသံတိတ်သွားပေမယ့် သူ့မျက်နှာပေါ်က ဖျော့တော့တဲ့ အကြည့်ကတော့ သူ တကယ် အကောင်းဆုံးကြိုးစားခဲ့တာလို့ ပြောပြနေခဲ့သည်။

"မင်း မြေပြင်ပေါ်ကို ထိုင်ချတဲ့အခါ မင်းရဲ့ခြေထောက်တွေကို အရှေ့အနောက် မျဉ်းတစ်ကြောင်းတည်း ဖြစ်နေအောင်ခွဲထားမှ မင်း အပြည့်အဝ စွမ်းဆောင်နိုင်လိမ့်မယ်" ထိုလှုပ်ရှားမှုက အခြေခံဖြစ်ကာ မရှိမဖြစ် လိုအပ်တာကြောင့် သူတို့ နားလည်သဘောပေါက်စေရန်အတွက် ကုယွင်က သူမ၏ခြေထောက်များကို ရှေ့နောက် ဆန့်ထုတ်ကာ ဖြည်းညှင်းစွာ အောက်သို့ လျှောချလိုက်ပြီး ပြီးပြည့်စုံသောပုံစံကို အလွယ်တကူ သရုပ်ဖော်ပြလိုက်သည်။

ကုယွင်၏ ခြေနှစ်ချောင်းက သရဲတစ္ဆေလို ဖြောင့်တန်းသွားတာကို စိုက်ကြည့်ရင်း သေခြင်းတရားကိုပင် မကြောက်သော ထိုစစ်သားများ အားလုံးက ဖျော့တော့ပြီး အေးစက်သော ချွေးစေးများ ထွက်လာကြတော့သည်။

အဲ့... အဲ့ဒါ.. အဲ့ဒါက... မ... ဖြစ်နိုင်ဘူး!!!!!!

အခန်း ၄ လက်နက်ချခြင်း (အပိုင်း ၃)

ကုယွင်က ဖြည်းညှင်းစွာ ပြန်ထရပ်ကာ ကြည်နူးနေပုံရသော သို့မဟုတ် တိတ်တဆိတ် ရွှင်မြူးနေသော ကျောက်နံရံတစ်ဖက်ရှိ လူများကို ကြည့်လိုက်ကာ ကျယ်လောင်စွာ ရယ်မောလိုက်ပြီး "ကြည့်နေစရာ မလိုဘူး၊ မင်းတို့လည်း လုပ်ရမှာပဲ! တစ်ရှီးချန်ကြာပြီးရင် မင်းတို့နှစ်သင်းက လေ့ကျင့်ရေးပစ္စည်းတွေကို ဖလှယ်ကြပြီး မင်းတို့အားလုံး ငါ့တောင်းဆိုမှု ပြီးအောင်လုပ်ဖို့ ငါးကျော့လုပ်ရမယ်။ မင်းတို့ မလုပ်နိုင်ရင် မလုပ်နိုင်တဲ့သူကို ငါ ကိုယ်တိုင် ကူညီပေးမယ်!"

ကုယွင်က "ငါကိုယ်တိုင်" ဟူသော စကားကို အလွန်ကြင်နာစွာ ပြောခဲ့သော်လည်း တစ်ချိန်တည်းမှာ လူတိုင်း တုန်လှုပ်သွားကြသည်။ နာကျင်နေသော သူတို့၏မျက်နှာများကို ကျေနပ်စွာကြည့်ရင်း ကုယွင်က စိတ်ကောင်းနှလုံးကောင်းဝင်လာ ပြုံးလိုက်ပြီး "ကောင်းပြီ၊ စပြီး လေ့ကျင့်ရအောင်!"

မျှော်လင့်ထားသည့်အတိုင်း ချိုင့်ဝှမ်းထဲတွင် အော်ဟစ်ညည်းတွားသံများ ထွက်ပေါ်နေတော့သည်။ နောက်ဆုံး နေဝင်ချိန်အထိ ခက်ခက်ခဲခဲ ကြိုးစားပြီးနောက် လူတိုင်း၏ လက်များက နာကျင်နေပြီး ခြေထောက်များက တောင့်တင်းကာ ကြွက်တက်နေခဲ့သည်။ သို့ပေမယ့် ကုယွင်က "တန်းစီ"ဟု အော်သောအခါ အားလုံးက တတ်နိုင်သမျှ မြန်မြန်တန်းစီလိုက်ကြသည်။

"ဒီနေ့အတွက် မင်းတို့ရဲ့ စွမ်းဆောင်ရည်ကို ငါ မကျေနပ်သေးဘူး။ မနက်ဖြန်မှာ ဒီလိုအခြေအနေမျိုး ထပ်မကြုံချင်တော့ဘူး။ မနက်ဖြန် မော့ရှီမှာ တောအုပ်ထဲမှာ စုမယ်။ အားလုံး နားလည်ကြလား"

ကုယွင်က သူမလက်နှစ်ဖက်ကို နောက်ကျောမှာ တင်ထားရင်း မျက်လုံးများကို မှေးကျဥ်းကာ ပင်ပန်းနွမ်းနယ်နေသော မျက်နှာများကို အေးစက်စွာ စိုက်ကြည့်နေခဲ့သည်။ သူမ၏နှလုံးသားထဲတွင်လည်း သူတို့အတွက် စိတ်မကောင်းဖြစ်နေခဲ့သော်လည်း လေ့ကျင့်မှုက အခုမှ စတင်ခြင်း ဖြစ်တာကြောင့် သူတို့က သူမ၏ လိုအပ်ချက်များနှင့် ဝေးကွာနေသေးသည်။ ထိုကြောင့် သူမ၏ နှလုံးသားက တောင့်ခံရတော့မည်ပင်။

တပ်သားတွေအားလုံးက တည့်တည့်မတ်မတ် ရပ်နေကြပြီး အံကြိတ်ထားကြကာ "နားလည်ပါပြီ!"

ကုယွင်က သူမလက်ကို ဝှေ့ယမ်းလိုက်ပြီး "စခန်းကို ပြန်သွားတော့"

မထင်မှတ်ထားဘဲ ကောကျင့်ယွင်နှင့် လမ်ရှောင်းတို့ ဦးဆောင်သော အဖွဲ့နှစ်ဖွဲ့က စခန်းသို့ အမှန်တကယ် ပြေးသွားကြတော့သည်။ ကုယွင်က ဝမ်းသာအားရ ပြုံးလိုက်ပြီး "ကောင်းလိုက်တာ... ငါ လိုချင်တာက ဒီလိုမျိုး ခံနိုင်ရည်ရှိပြီး အရှုံးမပေးဘဲ ခေါင်းမာတဲ့ သတ္တိပဲ"

သူတို့ကို တစ်ရက်လောက် လေ့ကျင့်ပေးပြီး မရေမတွက်နိုင်သော သရုပ်ပြမှုများကို ပြုလုပ်ပြီးနောက် ကုယွင်က အနည်းငယ် မောပန်းသွားခဲ့သည်။ သူမ လှည့်ကြည့်လိုက်တော့ ဟန်ရှုက သူမကို မှုန်ကုပ်ကုပ် စိုက်ကြည့်နေတာကို တွေ့လိုက်ရသည်။

သူ တကယ်ပဲ တစ်နေ့လုံး ကြည့်နေခဲ့တာတာလား?? ကုယွင်က သူ့ကို ငေါ့တော့တော့ပြုံးပြလိုက်ပြီး "ဒုတပ်မှူးဟန်က ဒီနေ့ အရမ်း အားလပ်နေတာလား?"

အမျိုးသမီးတစ်ယောက်က စစ်တပ်ကို လေ့ကျင့်ပေးနေလို့ သူက မထီမဲ့မြင်ပြုနေတာလား??

ဒီတစ်ကြိမ်မှာတော့ ဟန်ရှုက အရင်လို လှောင်ပြောင်ခြင်းမရှိပဲ တည်ငြိမ်တဲ့အသံနဲ့ "မင်းလိုချင်တဲ့ ဓားမြှောင်က ဘယ်လောက်ရှည်ဖို့လိုလဲ"

ကုယွင်က အနည်းငယ် လန့်ဖျပ်သွားပြီး ခဏလောက် တုံ့ဆိုင်းနေပြီးမှ ပြန်ဖြေလိုက်သည်။ "ဓားက ငါးလက်မ၊ လက်ကိုင်က နှစ်လက်မ"

ဒီမနက် သူမ မြင်လိုက်ရတဲ့ ဓားတိုကို တွေးရင်း ကုယွင်က ရယ်မောလိုက်ပြန်သည်။ သူမလိုချင်တာက ကျစ်လစ်ပြီး လက်တွေ့တွင် သယ်ဆောင်ရလွယ်ကူစေမယ့် ပုံစံမျိုးပါ။

"ကောင်းပြီ ငါ သွားပြင်ဆင်လိုက်မယ်" ဟန်ရှုက အေးစက်စက်ပြောပြီး ပြန်လှည့်ထွက်သွားတော့သည်။

ကြွက်သားများတောင့်တင်းနေတဲ့ သန်မာသော လူထွားကြီးက အလျင်အမြန် ထွက်ခွာသွားတာကို မြင်တော့ ကုယွင်က သူမ၏နှုတ်ခမ်းထောင့်များကို တစ်ဖန်ပြန်လည်၍ ပင့်တင်လိုက်သည်။

ဒီစစ်တပ်စခန်းကလူတွေက တော်တော် ချစ်စရာကောင်းတယ်!

***

စစ်သူကြီးချုပ်အိမ်တော်၏ စာဖတ်ခန်းတွင်...

သပ်ရပ်လှပသော အဝါရောင်နှင်းဆီသား စားပွဲပေါ်တွင် ကြက်သီးနွေးလက်ဖက်ရည်တစ်ခွက် ရှိနေပြီး လေထုက လက်ဖက်ရည်၏ရနံ့နှင့် သစ်သားရနံများ သင်းပျံနေသည်။ လက်ချောင်းသွယ်သွယ်များက အပိုင်းအစတစ်ခုကို ကောက်ယူလိုက်ပြီး ဖြည်းညှင်းစွာ နေရာချလိုက်သည်။ အဖြူရောင်အပိုင်းအစများက အသာစီးရနေပုံပေါ်သည်။ ရှည်သွယ်သော လက်ချောင်းများက အနက်ရောင်ကျောက်စေ့ကလေးများကို ထပ်မံကောက်ယူလိုက်သော်လည်း အချိန်အတော်ကြာအောင် နေရာမချနိုင်ခဲ့ပေ။ စစ်တုရင်ခုံပေါ်တွင် အဖြူအမည်း ကျောက်တုံးလေးများက ပြိုင်ဆိုင်နေကြသော်လည်း စားပွဲအပုလေး၏ ဘေးတွင် ရိုးစင်းသော အဖြူပုံသဏ္ဍာန်တစ်ခုသာ ရှိနေခဲ့သည်။

ထိုအရာက ပြေပြစ်ပြီး အေးဆေးတဲ့ မြင်ကွင်းတစ်ခု ဖြစ်နေခဲ့ပေမယ့် ဒေါသတကြီး ဟိန်းဟောက်သံကြောင့် ပျက်ပြယ်သွားခဲ့ရသည်။ "တရားရေးဝန်ကြီးဌာနက အဲ့တာကို အဲဒီလို ပစ်ချလိုက်ရင် စစ်တပ်ရိက္ခာ ခိုးယူတဲ့ ကိစ္စကို ငါတို့က ရှင်းပြရတော့မယ်၊ ဒါက သက်သက်ဓားစာခံရှာနေတာပဲ!"

စုယွိက သူ့လက်ထဲမှ စာရွက်စာတမ်းအမြောက်အမြားကို စားပွဲနိမ့်လေးပေါ်ကို လေးလေးနက်နက် ထားလိုက်သည်။ စုရန်က သူ့လက်ထဲက စစ်တုရင်ကျောက်ကလေးများကို ချလိုက်ပြီး ကူကယ်ရာမဲ့ ခေါင်းကို ခါယမ်းလိုက်သည်။ ဒီညီတစ်ယောက်ကို စိတ်ငြိမ်ငြိမ်ထားတက်အောင် ဘယ်လိုသင်ကြားပေးရမလဲ??

စုရန်က စာရွက်ကို ကောက်ကိုင်လိုက်ပြီး တစ်ကြိမ်ဖတ်ကြည့်လိုက်ပြီးနောက် ရှင်းရှင်းလင်းလင်း သဘောပေါက်သွားကာ သူ့၏ နှုတ်ခမ်းပါးများက ပြတ်ပြတ်သားသား ပြုံးလာပြီး "စိတ်မပူပါနဲ့၊ ရှန်ယုလန်က ဒီကိစ္စကို ကြားဝင်ဆောင်ရွက်ပေးပြီးပြီ၊ အဲဒါကို စိတ်အနှောက်အယှက် မဖြစ်နေနဲ့တော့"

ချီတက်တိုက်ခိုက်ရာတွင် စားနပ်ရိက္ခာနှင့် မြင်းများက ဦးစွာပေးဖြစ်ပြီး စစ်တပ်အတွက် ရိက္ခာများက မည်မျှအရေးကြီးကြောင်းကို သိနိုင်သည်။ ထိုရိက္ခာများကို လျှို့ဝှက်စွာ ခွဲဝေပို့ဆောင်ခြင်းတွင် တစ်စုံတစ်ရာဖြစ်ပေါ်လာပါက တရားစီရင်ရေးဌာနမှ ထိုအရာကို အဖြေပေးရမည်မှာ ထုံးစံပင်။ ဒီကိစ္စဖြစ်ခဲ့တာ တစ်လကျော်ရှိနေပြီဖြစ်ပေမယ့် တရားစီရင်ရေးဌာနအနေနဲ့ ရှင်းပြစရာတွေ ရှိသေးတယ်လို့ ဆိုခဲ့သည်။

ရှန်ယုလန်က တရားရေးဌာနမှ အခြားအရာရှိများထက် ပို၍ ယုံကြည်စိတ်ချရသော်လည်း စုယွိက မကျေမနပ်ဖြစ်နေသေးကာ "ဘယ်သူသိမှာလဲ! သူတို့အားလုံးက တရားရေးဌာနကဘဲ၊ သူကရော အဲ့လိုမဟုတ်ဘူးလို့ ဘယ်သူက အာမခံနိုင်လို့လဲ? သူတို့က ငါကို ဒေါသထွက်အောင် လုပ်နေကြတယ်!"

စုယွိ ဒေါသထွက်နေမှန်း သိလိုက်ရတော့ စုရန်က သူ့ကို ထပ်ပြီး ဂရုစိုက် မနေတော့ဘူး၊ သူက အနက်ရောင်ကျားစေ့လေးများကို ကိုင်ကာ စစ်တုရင်ခုံဆီသို့ အာရုံပြန်ရောက်သွားခဲ့သည်။

စုရန်က စစ်တုရင်ခုံကို ဂရုတစိုက် စိုက်ကြည့်နေပြီး ထိုအရာကို စွဲလမ်းနေပုံရသည်။ စုယွိက တကယ်ကို နားမလည်ပါဘူး၊ တစ်ယောက်တည်း စစ်တုရင် ကစားရတာက အရမ်းစိတ်ဝင်စားဖို့ကောင်းနေလို့လား?

❤️❤️❤️Thank you so much for your lovely supports❤️❤️❤️


အခန္း ၄ လက္နက္ခ်ျခင္း (အပိုင္း၂)

ကုယြင္က သူမခါးမွ ႀကိဳးကို ျဖည္လိုက္ၿပီး အနည္းငယ္ သက္ဝင္လႈပ္ရွားတက္ႂကြေနပုံရေသာ စစ္သည္ငယ္မ်ားဆီသို႔ ေလွ်ာက္သြားလိုက္သည္။

ဒီအမ်ိဳးသားေတြက ဘာေတြကို အရမ္း စိတ္လႈပ္ရွားေနၾကတာလဲ??

သူမက ေက်ာက္ေတာင္တက္ျခင္းကို ဝါသနာပါတာေၾကာင့္ သူမ အသက္ဆယ့္ေလးႏွစ္ကတည္းက ဤကိစၥကို လြယ္လြယ္ကူကူ ၿပီးေျမာက္ႏိုင္ခဲ့သည္ကို သူတို႔ မသိႏိုင္ၾကပါဘူး။ ေနာက္ပိုင္းတြင္ သူမက SWAT အဖြဲ႕သို႔ ဝင္ေရာက္ကာ စနစ္တက် ေလ့က်င့္မႈမ်ား ရရွိခဲ့သည္။ ရလဒ္ကေတာ့ သူတို႔က သူမကဲ့သို႔ စြမ္းေဆာင္ႏိုင္ဖို႔ အႀကိမ္အမ်ားႀကီး ေလ့က်င့္ၾကရဦးမည္ ျဖစ္သည္။ ကုယြင္က ႏႈတ္ခမ္းေထာင့္ေတြကို ေျမႇာက္ကာ စိတ္ထဲကေန ေလွာင္ေျပာင္လိုက္သည္။

ခနေနရင္ ငါက မင္းတို႔ေတြကို ေသေအာက္ေအာင္ စိတ္ဆင္းရဲေအာင္ လုပ္လိမ့္ေတာ့မယ္ ထင္ပါရဲ႕...

ကုယြင္က ေကာက်င့္ယြင္ကို လွမ္းၾကည့္လိုက္ၿပီး "ေကာက်င့္ယြင္၊ အခု မင္းရဲ႕အဖြဲ႕ကို အခု အုပ္စုႏွစ္စုခြဲၿပီး ေတာင္တက္ေလ့က်င့္ခန္း လုပ္ခိုင္းလိုက္၊ လူတိုင္းက အေတြ႕အႀကဳံရေအာင္ တစ္ႀကိမ္ေလာက္ စမ္းၾကည့္သင့္တယ္။ ငါးေယာက္တစ္အုပ္စုဖြဲ႕ၿပီး ပူးေပါင္းေဆာင္႐ြက္ၾက၊ ေဘးကင္းေအာင္ ဂ႐ုစိုက္ပါ"

"ဟုတ္ကဲ့" ေကာက်င့္ယြင္က သူ႔အဖြဲ႕ကို ဦးေဆာင္​ေခၚထုတ္သြားသည္​။

ကုယြင္က "လမ္ေရွာင္း၊ မင္းရဲ႕အဖြဲ႕ကို chin-ups နဲ႔ အ႐ြတ္ေလ့က်င့္ခန္းလုပ္ဖို႔ ေခၚသြား"

(chin-ups- ဘားခိုတာတို႔ ၊ ႀကိဳးကြင္းဆြဲတာတို႔ပါ)

chin-ups ဆိုတာက ဘာလဲ??? အ႐ြတ္ေလ့က်င့္ခန္းေတြက ဘာေတြလဲ??

တပ္သားသစ္ေတြရဲ႕ မ်က္လုံးေတြနဲ႔ ႏွလုံးသားထဲမွာ ေမးခြန္းေတြရွိခဲ့ေပမယ့္ ဒီတစ္ႀကိမ္မွာေတာ့ ဘယ္သူမွ ေမးခြန္းမထုတ္ခဲ့ၾကပါဘူး။

ကုယြင္က သူတို႔ နားမလည္တာကို သဘာဝက်က် သိႏိုင္ၿပီး သူမရဲ႕ အသုံးအႏႈန္းေတြကို နားလည္ေစဖို႔အတြက္ စကားေတြ ထပ္ေျပာလိုက္ရသည္။ ကုယြင္က သူတို႔ကို ေက်ာက္နံရံေဘးက ႏြယ္ပင္ေတြဆီကို ဦးေဆာင္ေခၚသြားလိုက္ၿပီး သူမနဲ႔အနီးဆုံးမွာ ရပ္ေနတဲ့ တပ္သားကို လက္ညႇိဳးထိုးလိုက္ၿပီး "မင္း တန္းထဲကေန ထြက္လာခဲ့"

"ဟုတ္ကဲ့" တပ္သားကက မဆိုင္းမတြ ေရွ႕ကို လွမ္းထြက္လာခဲ့သည္။

ကုယြင္က ခိုင္ခံ့ေသာ စပ်စ္ႏြယ္ပင္တစ္ပင္ကို ရွာလိုက္ၿပီးေနာက္ "စပ်စ္ႏြယ္ကို ဆြဲၿပီး အေပၚကိုတက္"

"ဟုတ္ကဲ့"

တပ္သားေလးက ခပ္ျပင္းျပင္းတစ္ခ်က္ခုန္ၿပီး စပ်စ္ႏြယ္ပင္ကို တင္းတင္းၾကပ္ၾကပ္ ဆုပ္ကိုင္လိုက္ကာ မလႈပ္မယွက္ ခ်ိတ္ဆြဲေနလိုက္သည္။

ကုယြင္က သူ႔ေဘးမွာ ရပ္ေနၿပီး တစ္ဆင့္ခ်င္း သင္ေပးေနသည္။ "အခု မင္းရဲ႕ တံေတာင္ဆစ္ေတြကို ျဖည္းျဖည္းေလး ေကြးၿပီး မင္းရဲ႕ ေမးေစ့က သစ္ကိုင္းရဲ႕ အျမင့္ေနရာကို ေရာက္တဲ့အထိ မင္းရဲ႕ ခႏၶာကိုယ္ကို အေပၚကို ဆြဲတင္။ ၿပီးရင္ မင္း လက္ေတြကို ျပန္ဆန႔္ၿပီး မင္းရဲ႕ ခႏၶာကိုယ္ကို အရင္အေနအထားအတိုင္း ျပန္နိမ့္လိုက္၊ အဲ့တာဆိုရင္ တစ္ႀကိမ္ၿပီးၿပီ"

တပ္သားငယ္ေလးက လြယ္လြယ္ကူကူ ၿပီးေျမာက္ခဲ့တာေၾကာင့္ အားလုံးက တိတ္တဆိတ္ ေပ်ာ္႐ႊင္သြားၾကသည္။ ကံေကာင္းေထာက္မစြာနဲ႔ မခဲယဥ္းလွေပ။ သို႔ေသာ္ ကုယြင္ပါးစပ္မွ ေနာက္ထပ္ထြက္လာေသာ စကားမ်ားက သူတို႔ကို ေခ်ာက္ထဲသို႔ ထိုးက်သြားေစျပန္သည္။ "တစ္ေက်ာ့မွာ အခါ ေျခာက္ဆယ္၊ တစ္ေယာက္ကို ငါးေက်ာ့လုပ္မယ္"

သူတို႔ရဲ႕ႏွလုံးသားေတြထဲမွာ ငိုေႂကြးေနေပမယ့္ ဘယ္သူကမွ ဘာမွ ျပန္မေျပာရဲၾကဘူး။

သူတို႔ရဲ႕ မခ်ိတင္ကဲ ငိုခ်င္ေနတဲ့မ်က္ႏွာေတြကို ၾကည့္ၿပီး ကုယြင္က သူမႏွလုံးသားထဲကေန တိတ္တဆိတ္ ဝမ္းသာေနၿပီး ႏႈတ္ခမ္းကို လိမၼာပါးနပ္စြာ ပင့္တင္လိုက္ကာ "အ႐ြတ္ဆန႔္တဲ့ ေလ့က်င့္ခန္းအတြက္က..."

လူအုပ္ထဲသို႔ အၾကည့္တစ္ခ်က္ျဖင့္ ရွာေဖြလိုက္ၿပီးေနာက္ ကုယြင္က သူမလက္ကို ဆန႔္တန္းကာ ေတာထဲတြင္ ဂ်ဴဒိုအေၾကာင္းေမးခြန္းေမးခဲ့ေသာ ေကာင္ေလးကို ၫႊန္ျပကာ ထူးထူးျခားျခား ႏူးညံ့သိမ္ေမြ႕ေသာ အသံျဖင့္ "မင္း၊ လာခဲ့ပါ"

"ဟုတ္ကဲ့" ေကာင္ေလးက သူ႔ေက်ာ႐ိုးမ်ားအထိ ေအးစက္သြားေစေသာ ေၾကာက္စိတ္ေၾကာင့္ ေခါင္းကို ငုံ႔ထားေသာ္လည္း လုံးဝ မရပ္တန႔္ဝံ့ဘဲ ကုယြင္ဆီသို႔ ေျပးသြားလိုက္သည္။

"ေနာက္တစ္ခုကေတာ့ အ႐ြတ္ေလ့က်င့္မႈပဲ၊ ပထမဆုံးအဆင့္က Split ပဲ!" ကုယြင္က သူ႔ေျခေထာက္ေတြကို ၫႊန္ျပလိုက္ၿပီး "ေျခေထာက္ေတြကို ေရွ႕နဲ႔ေနာက္ကို ခြဲထား၊ အလယ္ကို အားျပဳၿပီး ေအာက္ကိုေရာက္တဲ့အခ်ိန္အထိ ထိုင္ခ်"

(ေျခႏွစ္ဖက္ကို ၾကမ္းျပင္ႏွင့္ အလ်ားလိုက္ ထိသည္အထိ ကားရား ခြ၍ မတ္မတ္ထိုင္ခ်လိုက္ေသာ အေနအထား)

ေကာင္ေလးက ခဏေလာက္ ေၾကာင္ေတာင္ေတာင္ျဖစ္ေနၿပီးမွ သူ႔ေျခေထာက္ေတြကို အျမန္ျဖန႔္ကားလိုက္သည္။

ဒါကို Splitလို႔ ေခၚတယ္လား?? ကုယြင္က သူမလက္ကို လႈပ္ေနရင္း "ေအာက္ကို ေလ်ာဆင္း၊ မင္းရဲ႕လက္ေတြကို ေျမႀကီးေပၚမွာေရာက္ေအာင္ တန္းထား၊ မင္းရဲ႕အေပၚပိုင္းကို မေကြးထားနဲ႔၊ မင္းေနာက္ေက်ာကို တည့္တည့္မတ္မတ္ျဖစ္ေအာင္ႀကိဳးစား"

လက္ေတြက ေျမႀကီးေပၚကို ေရာက္ရမွာလား? ေကာင္ေလးက သူ႔ေျခေထာက္ေတြကို ခက္ခက္ခဲခဲ ျဖန႔္ကားေနၿပီး ေနာက္ေက်ာကိုလည္း လုံးဝ မကိုင္းရဲေပ၊ ေနာက္ဆုံး သူ႔လက္ေခ်ာင္းေတြ ေျမျပင္ကို ထိသြားခ်ိန္မွာ ေျခေထာက္ေတြက ႂကြက္တက္လာသလို ခံစားရေနရေတာ့သည္။

"ဆက္လုပ္" ကုယြင္က စိတ္မရွည္ေတာ့ေပ၊ ဒါက ဘယ္လို အခ်ိန္ေနမ်ိဳးလဲ? ေျမျပင္ေရာက္ဖို႔ လီတစ္ရာေလာက္ လိုေနေသးတယ္ဟ!

တကယ္ေတာ့ သူမက သူတို႔ကို လွည့္စားဖို႔ ဒီေကာင္ေလးကို ရည္႐ြယ္ခ်က္ရွိရွိ ေ႐ြးခ်ယ္ခဲ့တာ မဟုတ္ပါဘူး။ သူက သူတို႔အထဲမွာ အငယ္ဆုံးျဖစ္ပုံရတာေၾကာင့္ သူ႔အ႐ြတ္ေတြက အေပ်ာ့ေပ်ာင္းဆုံး ျဖစ္ေနႏိုင္ၿပီး တျခားတပ္သားေတြ ပိုနားလည္လာေအာင္ သ႐ုပ္ျပခိုင္းျခင္း ျဖစ္သည္။ သူက အရမ္း အသုံးမက်ဘူးဆိုတာ ဘယ္သူက သိမွာလဲ?

ဆက္ဆင္းရဦးမွာလား?? ေကာင္ေလးက သူ႔ရဲ႕ေျခေထာက္ေတြကို ထပ္‌ေလ်ာ့လိုက္တဲ့အခါ သူ တကယ္ပဲ ႂကြက္တက္သြားခဲ့သည္။ ဒါေပမယ့္ ကုယြင္ရဲ႕ စူးစူးရွရွအၾကည့္ေအာက္မွာ ေကာင္ေလးက ျပင္းျပင္းထန္ထန္ ႀကိဳးစားေနၿပီး ေနာက္ဆုံးမွာေတာ့ သူ႔လက္ဖဝါးေတြကို ေျမျပင္ဆီကို ေရာက္သြားခဲ့သည္။ သူက နာက်င္လို႔ ငိုလုနီးပါးျဖစ္ေနၿပီး "တကယ္ မလုပ္ႏိုင္ေတာ့ဘူး! ငါ ဆက္မဆင္းႏိုင္ေတာ့ဘူး! "

ကုယြင္က ေရွ႕ကို လွမ္းလာၿပီး သူ႔ပခုံးကို ကိုင္ကာ မတ္မတ္အေနအထားအတိုင္း သူမလက္နဲ႔ ဖိခ်လိုက္သည္။

"အား——" သူ႔ေအာ္သံက ျပင္းထန္လြန္းၿပီး ေၾကကြဲဖြယ္ရာေကာင္းေနတာေၾကာင့္ ေက်ာက္နံရံေပၚတက္ေနတဲ့ စစ္သားေတြေတာင္ မထိတ္လန႔္ဘဲ မေနႏိုင္ၾကေတာ့ေပ။ ကုယြင္လည္း လန႔္ဖ်ပ္သြားခဲ့သည္။ သူမက နည္းနည္းေလးပဲ အားစိုက္ထုတ္လိုက္တာကို ဝက္သတ္တာထက္ေတာင္ ပိုက်ယ္ေလာင္ေအာင္ ေအာ္ေနေသးတယ္၊ ေတာ္ေတာ္ကို သနားစရာေကာင္းေနတယ္!

ေကာင္ေလးက ေျမျပင္ေပၚတြင္ ေခြေခါက္ေနၿပီး နာက်င္စြာ ေအာ္ဟစ္ေနခဲ့သည္။ ဒီျမင္ကြင္းကို ျမင္ေနရတဲ့ တပ္သားေတြက သူ႔တို႔ရဲ႕ေျခေထာက္ႏွစ္ေခ်ာင္းကို တင္းေနေအာင္ စိထားမိၾကသည္။ အဲ့ဒါက အရမ္းေၾကာက္စရာေကာင္းတယ္။

"ပါးစပ္ပိတ္ထား!" ကုယြင္က သူ႔ေျခေထာက္ေတြကို ပြတ္သပ္ေနတဲ့ ေကာင္ေလးကို စိုက္ၾကည့္ေနတာေၾကာင့္ ေကာင္ေလးက ျမန္ျမန္ အသံတိတ္သြားေပမယ့္ သူ႔မ်က္ႏွာေပၚက ေဖ်ာ့ေတာ့တဲ့ အၾကည့္ကေတာ့ သူ တကယ္ အေကာင္းဆုံးႀကိဳးစားခဲ့တာလို႔ ေျပာျပေနခဲ့သည္။

"မင္း ေျမျပင္ေပၚကို ထိုင္ခ်တဲ့အခါ မင္းရဲ႕ေျခေထာက္ေတြကို အေရွ႕အေနာက္ မ်ဥ္းတစ္ေၾကာင္းတည္း ျဖစ္ေနေအာင္ခြဲထားမွ မင္း အျပည့္အဝ စြမ္းေဆာင္ႏိုင္လိမ့္မယ္" ထိုလႈပ္ရွားမႈက အေျခခံျဖစ္ကာ မရွိမျဖစ္ လိုအပ္တာေၾကာင့္ သူတို႔ နားလည္သေဘာေပါက္ေစရန္အတြက္ ကုယြင္က သူမ၏ေျခေထာက္မ်ားကို ေရွ႕ေနာက္ ဆန႔္ထုတ္ကာ ျဖည္းညႇင္းစြာ ေအာက္သို႔ ေလွ်ာခ်လိုက္ၿပီး ၿပီးျပည့္စုံေသာပုံစံကို အလြယ္တကူ သ႐ုပ္ေဖာ္ျပလိုက္သည္။

ကုယြင္၏ ေျခႏွစ္ေခ်ာင္းက သရဲတေစၦလို ေျဖာင့္တန္းသြားတာကို စိုက္ၾကည့္ရင္း ေသျခင္းတရားကိုပင္ မေၾကာက္ေသာ ထိုစစ္သားမ်ား အားလုံးက ေဖ်ာ့ေတာ့ၿပီး ေအးစက္ေသာ ေခြၽးေစးမ်ား ထြက္လာၾကေတာ့သည္။

အဲ့... အဲ့ဒါ.. အဲ့ဒါက... မ... ျဖစ္ႏိုင္ဘူး!!!!!!

အခန္း ၄ လက္နက္ခ်ျခင္း (အပိုင္း ၃)

ကုယြင္က ျဖည္းညႇင္းစြာ ျပန္ထရပ္ကာ ၾကည္ႏူးေနပုံရေသာ သို႔မဟုတ္ တိတ္တဆိတ္ ႐ႊင္ျမဴးေနေသာ ေက်ာက္နံရံတစ္ဖက္ရွိ လူမ်ားကို ၾကည့္လိုက္ကာ က်ယ္ေလာင္စြာ ရယ္ေမာလိုက္ၿပီး "ၾကည့္ေနစရာ မလိုဘူး၊ မင္းတို႔လည္း လုပ္ရမွာပဲ! တစ္ရွီးခ်န္ၾကာၿပီးရင္ မင္းတို႔ႏွစ္သင္းက ေလ့က်င့္ေရးပစၥည္းေတြကို ဖလွယ္ၾကၿပီး မင္းတို႔အားလုံး ငါ့ေတာင္းဆိုမႈ ၿပီးေအာင္လုပ္ဖို႔ ငါးေက်ာ့လုပ္ရမယ္။ မင္းတို႔ မလုပ္ႏိုင္ရင္ မလုပ္ႏိုင္တဲ့သူကို ငါ ကိုယ္တိုင္ ကူညီေပးမယ္!"

ကုယြင္က "ငါကိုယ္တိုင္" ဟူေသာ စကားကို အလြန္ၾကင္နာစြာ ေျပာခဲ့ေသာ္လည္း တစ္ခ်ိန္တည္းမွာ လူတိုင္း တုန္လႈပ္သြားၾကသည္။ နာက်င္ေနေသာ သူတို႔၏မ်က္ႏွာမ်ားကို ေက်နပ္စြာၾကည့္ရင္း ကုယြင္က စိတ္ေကာင္းႏွလုံးေကာင္းဝင္လာ ၿပဳံးလိုက္ၿပီး "ေကာင္းၿပီ၊ စၿပီး ေလ့က်င့္ရေအာင္!"

ေမွ်ာ္လင့္ထားသည့္အတိုင္း ခ်ိဳင့္ဝွမ္းထဲတြင္ ေအာ္ဟစ္ညည္းတြားသံမ်ား ထြက္ေပၚေနေတာ့သည္။ ေနာက္ဆုံး ေနဝင္ခ်ိန္အထိ ခက္ခက္ခဲခဲ ႀကိဳးစားၿပီးေနာက္ လူတိုင္း၏ လက္မ်ားက နာက်င္ေနၿပီး ေျခေထာက္မ်ားက ေတာင့္တင္းကာ ႂကြက္တက္ေနခဲ့သည္။ သို႔ေပမယ့္ ကုယြင္က "တန္းစီ"ဟု ေအာ္ေသာအခါ အားလုံးက တတ္ႏိုင္သမွ် ျမန္ျမန္တန္းစီလိုက္ၾကသည္။

"ဒီေန႔အတြက္ မင္းတို႔ရဲ႕ စြမ္းေဆာင္ရည္ကို ငါ မေက်နပ္ေသးဘူး။ မနက္ျဖန္မွာ ဒီလိုအေျခအေနမ်ိဳး ထပ္မႀကဳံခ်င္ေတာ့ဘူး။ မနက္ျဖန္ ေမာ့ရွီမွာ ေတာအုပ္ထဲမွာ စုမယ္။ အားလုံး နားလည္ၾကလား"

ကုယြင္က သူမလက္ႏွစ္ဖက္ကို ေနာက္ေက်ာမွာ တင္ထားရင္း မ်က္လုံးမ်ားကို ေမွးက်ဥ္းကာ ပင္ပန္းႏြမ္းနယ္ေနေသာ မ်က္ႏွာမ်ားကို ေအးစက္စြာ စိုက္ၾကည့္ေနခဲ့သည္။ သူမ၏ႏွလုံးသားထဲတြင္လည္း သူတို႔အတြက္ စိတ္မေကာင္းျဖစ္ေနခဲ့ေသာ္လည္း ေလ့က်င့္မႈက အခုမွ စတင္ျခင္း ျဖစ္တာေၾကာင့္ သူတို႔က သူမ၏ လိုအပ္ခ်က္မ်ားႏွင့္ ေဝးကြာေနေသးသည္။ ထိုေၾကာင့္ သူမ၏ ႏွလုံးသားက ေတာင့္ခံရေတာ့မည္ပင္။

တပ္သားေတြအားလုံးက တည့္တည့္မတ္မတ္ ရပ္ေနၾကၿပီး အံႀကိတ္ထားၾကကာ "နားလည္ပါၿပီ!"

ကုယြင္က သူမလက္ကို ေဝွ႔ယမ္းလိုက္ၿပီး "စခန္းကို ျပန္သြားေတာ့"

မထင္မွတ္ထားဘဲ ေကာက်င့္ယြင္ႏွင့္ လမ္ေရွာင္းတို႔ ဦးေဆာင္ေသာ အဖြဲ႕ႏွစ္ဖြဲ႕က စခန္းသို႔ အမွန္တကယ္ ေျပးသြားၾကေတာ့သည္။ ကုယြင္က ဝမ္းသာအားရ ၿပဳံးလိုက္ၿပီး "ေကာင္းလိုက္တာ... ငါ လိုခ်င္တာက ဒီလိုမ်ိဳး ခံႏိုင္ရည္ရွိၿပီး အရႈံးမေပးဘဲ ေခါင္းမာတဲ့ သတၱိပဲ"

သူတို႔ကို တစ္ရက္ေလာက္ ေလ့က်င့္ေပးၿပီး မေရမတြက္ႏိုင္ေသာ သ႐ုပ္ျပမႈမ်ားကို ျပဳလုပ္ၿပီးေနာက္ ကုယြင္က အနည္းငယ္ ေမာပန္းသြားခဲ့သည္။ သူမ လွည့္ၾကည့္လိုက္ေတာ့ ဟန္ရႈက သူမကို မႈန္ကုပ္ကုပ္ စိုက္ၾကည့္ေနတာကို ေတြ႕လိုက္ရသည္။

သူ တကယ္ပဲ တစ္ေန႔လုံး ၾကည့္ေနခဲ့တာတာလား?? ကုယြင္က သူ႔ကို ေငါ့ေတာ့ေတာ့ၿပဳံးျပလိုက္ၿပီး "ဒုတပ္မႉးဟန္က ဒီေန႔ အရမ္း အားလပ္ေနတာလား?"

အမ်ိဳးသမီးတစ္ေယာက္က စစ္တပ္ကို ေလ့က်င့္ေပးေနလို႔ သူက မထီမဲ့ျမင္ျပဳေနတာလား??

ဒီတစ္ႀကိမ္မွာေတာ့ ဟန္ရႈက အရင္လို ေလွာင္ေျပာင္ျခင္းမရွိပဲ တည္ၿငိမ္တဲ့အသံနဲ႔ "မင္းလိုခ်င္တဲ့ ဓားေျမႇာင္က ဘယ္ေလာက္ရွည္ဖို႔လိုလဲ"

ကုယြင္က အနည္းငယ္ လန႔္ဖ်ပ္သြားၿပီး ခဏေလာက္ တုံ႔ဆိုင္းေနၿပီးမွ ျပန္ေျဖလိုက္သည္။ "ဓားက ငါးလက္မ၊ လက္ကိုင္က ႏွစ္လက္မ"

ဒီမနက္ သူမ ျမင္လိုက္ရတဲ့ ဓားတိုကို ေတြးရင္း ကုယြင္က ရယ္ေမာလိုက္ျပန္သည္။ သူမလိုခ်င္တာက က်စ္လစ္ၿပီး လက္ေတြ႕တြင္ သယ္ေဆာင္ရလြယ္ကူေစမယ့္ ပုံစံမ်ိဳးပါ။

"ေကာင္းၿပီ ငါ သြားျပင္ဆင္လိုက္မယ္" ဟန္ရႈက ေအးစက္စက္ေျပာၿပီး ျပန္လွည့္ထြက္သြားေတာ့သည္။

ႂကြက္သားမ်ားေတာင့္တင္းေနတဲ့ သန္မာေသာ လူထြားႀကီးက အလ်င္အျမန္ ထြက္ခြာသြားတာကို ျမင္ေတာ့ ကုယြင္က သူမ၏ႏႈတ္ခမ္းေထာင့္မ်ားကို တစ္ဖန္ျပန္လည္၍ ပင့္တင္လိုက္သည္။

ဒီစစ္တပ္စခန္းကလူေတြက ေတာ္ေတာ္ ခ်စ္စရာေကာင္းတယ္!

***

စစ္သူႀကီးခ်ဳပ္အိမ္ေတာ္၏ စာဖတ္ခန္းတြင္...

သပ္ရပ္လွပေသာ အဝါေရာင္ႏွင္းဆီသား စားပြဲေပၚတြင္ ၾကက္သီးေႏြးလက္ဖက္ရည္တစ္ခြက္ ရွိေနၿပီး ေလထုက လက္ဖက္ရည္၏ရနံ႔ႏွင့္ သစ္သားရနံမ်ား သင္းပ်ံေနသည္။ လက္ေခ်ာင္းသြယ္သြယ္မ်ားက အပိုင္းအစတစ္ခုကို ေကာက္ယူလိုက္ၿပီး ျဖည္းညႇင္းစြာ ေနရာခ်လိုက္သည္။ အျဖဴေရာင္အပိုင္းအစမ်ားက အသာစီးရေနပုံေပၚသည္။ ရွည္သြယ္ေသာ လက္ေခ်ာင္းမ်ားက အနက္ေရာင္ေက်ာက္ေစ့ကေလးမ်ားကို ထပ္မံေကာက္ယူလိုက္ေသာ္လည္း အခ်ိန္အေတာ္ၾကာေအာင္ ေနရာမခ်ႏိုင္ခဲ့ေပ။ စစ္တုရင္ခုံေပၚတြင္ အျဖဴအမည္း ေက်ာက္တုံးေလးမ်ားက ၿပိဳင္ဆိုင္ေနၾကေသာ္လည္း စားပြဲအပုေလး၏ ေဘးတြင္ ႐ိုးစင္းေသာ အျဖဴပုံသ႑ာန္တစ္ခုသာ ရွိေနခဲ့သည္။

ထိုအရာက ေျပျပစ္ၿပီး ေအးေဆးတဲ့ ျမင္ကြင္းတစ္ခု ျဖစ္ေနခဲ့ေပမယ့္ ေဒါသတႀကီး ဟိန္းေဟာက္သံေၾကာင့္ ပ်က္ျပယ္သြားခဲ့ရသည္။ "တရားေရးဝန္ႀကီးဌာနက အဲ့တာကို အဲဒီလို ပစ္ခ်လိုက္ရင္ စစ္တပ္ရိကၡာ ခိုးယူတဲ့ ကိစၥကို ငါတို႔က ရွင္းျပရေတာ့မယ္၊ ဒါက သက္သက္ဓားစာခံရွာေနတာပဲ!"

စုယြိက သူ႔လက္ထဲမွ စာ႐ြက္စာတမ္းအေျမာက္အျမားကို စားပြဲနိမ့္ေလးေပၚကို ေလးေလးနက္နက္ ထားလိုက္သည္။ စုရန္က သူ႔လက္ထဲက စစ္တုရင္ေက်ာက္ကေလးမ်ားကို ခ်လိုက္ၿပီး ကူကယ္ရာမဲ့ ေခါင္းကို ခါယမ္းလိုက္သည္။ ဒီညီတစ္ေယာက္ကို စိတ္ၿငိမ္ၿငိမ္ထားတက္ေအာင္ ဘယ္လိုသင္ၾကားေပးရမလဲ??

စုရန္က စာ႐ြက္ကို ေကာက္ကိုင္လိုက္ၿပီး တစ္ႀကိမ္ဖတ္ၾကည့္လိုက္ၿပီးေနာက္ ရွင္းရွင္းလင္းလင္း သေဘာေပါက္သြားကာ သူ႔၏ ႏႈတ္ခမ္းပါးမ်ားက ျပတ္ျပတ္သားသား ၿပဳံးလာၿပီး "စိတ္မပူပါနဲ႔၊ ရွန္ယုလန္က ဒီကိစၥကို ၾကားဝင္ေဆာင္႐ြက္ေပးၿပီးၿပီ၊ အဲဒါကို စိတ္အေႏွာက္အယွက္ မျဖစ္ေနနဲ႔ေတာ့"

ခ်ီတက္တိုက္ခိုက္ရာတြင္ စားနပ္ရိကၡာႏွင့္ ျမင္းမ်ားက ဦးစြာေပးျဖစ္ၿပီး စစ္တပ္အတြက္ ရိကၡာမ်ားက မည္မွ်အေရးႀကီးေၾကာင္းကို သိႏိုင္သည္။ ထိုရိကၡာမ်ားကို လွ်ိဳ႕ဝွက္စြာ ခြဲေဝပို႔ေဆာင္ျခင္းတြင္ တစ္စုံတစ္ရာျဖစ္ေပၚလာပါက တရားစီရင္ေရးဌာနမွ ထိုအရာကို အေျဖေပးရမည္မွာ ထုံးစံပင္။ ဒီကိစၥျဖစ္ခဲ့တာ တစ္လေက်ာ္ရွိေနၿပီျဖစ္ေပမယ့္ တရားစီရင္ေရးဌာနအေနနဲ႔ ရွင္းျပစရာေတြ ရွိေသးတယ္လို႔ ဆိုခဲ့သည္။

ရွန္ယုလန္က တရားေရးဌာနမွ အျခားအရာရွိမ်ားထက္ ပို၍ ယုံၾကည္စိတ္ခ်ရေသာ္လည္း စုယြိက မေက်မနပ္ျဖစ္ေနေသးကာ "ဘယ္သူသိမွာလဲ! သူတို႔အားလုံးက တရားေရးဌာနကဘဲ၊ သူကေရာ အဲ့လိုမဟုတ္ဘူးလို႔ ဘယ္သူက အာမခံႏိုင္လို႔လဲ? သူတို႔က ငါကို ေဒါသထြက္ေအာင္ လုပ္ေနၾကတယ္!"

စုယြိ ေဒါသထြက္ေနမွန္း သိလိုက္ရေတာ့ စုရန္က သူ႔ကို ထပ္ၿပီး ဂ႐ုစိုက္ မေနေတာ့ဘူး၊ သူက အနက္ေရာင္က်ားေစ့ေလးမ်ားကို ကိုင္ကာ စစ္တုရင္ခုံဆီသို႔ အာ႐ုံျပန္ေရာက္သြားခဲ့သည္။

စုရန္က စစ္တုရင္ခုံကို ဂ႐ုတစိုက္ စိုက္ၾကည့္ေနၿပီး ထိုအရာကို စြဲလမ္းေနပုံရသည္။ စုယြိက တကယ္ကို နားမလည္ပါဘူး၊ တစ္ေယာက္တည္း စစ္တုရင္ ကစားရတာက အရမ္းစိတ္ဝင္စားဖို႔ေကာင္းေနလို႔လား?

❤️❤️❤️Thank you so much for your lovely supports❤️❤️❤️

Seguir leyendo

También te gustarán

63.3K 3.7K 90
Title The eunuch is pregnant Type Web Novel (CN) Genre Adult Comedy Fantasy Gender Bender Historical Josei Mature Romance Author(s) Zui Meng Qing Ku...
15.7K 1.3K 73
Name - Interstellar Chef Raising a Baby Type - Web nobel (CN) Author(s)- Salted Lobster 盐焗大龙虾...
630K 78.4K 199
Title-穿书后她成了万人迷 Original Author- Young Master Yan,公子衍 Language-chinese Status-535chapters& 23 extra chapter (ongoing) I do not own the whole story an...
233K 21.1K 73
Unicode Font Description စွဲမက်ဖွယ်ကောင်းပြီး ထူးချွန်သော အဆင့်(၁၈)ရှိသော မင်းသမီး Pei Yingသည် တကယ်တော့ သူမ၏ပထမဦးဆုံးအနမ်းကို မည်သူ့ကိုမှ မပေးရသေးသ...