အပိုင်း (၁၁၁) လူအသေးလေးများ၏ မီးပုံးပွဲတော်ချိန်းဆိုချက်
နောက်တော့ နုတ်ဆက်ချိန်ကို ရောက်လာခဲပြီဖြစ်သည်။
အချိန်က နှစ်ရက်ပဲကြာခဲ့တယ်ဆိုပေမယ့်လည်းကလေးတွေကတော့ ခွဲခွာဖို့ကို တွန့်ဆုတ်နေကျတုန်းပါပဲ။
ရှောင်ဖူနဲ့ရှောင်ဝူလေးက ချောင်ချင်းချင်းအား လက်လေးတွေဝေ့ရမ်းပြခဲ့ကျပြီး...
"မမချင်းချင်း နောက်လည်းလာခဲ့နော်"
"ဟုတ်တယ် ဟုတ်တယ် နောက်ထပ်လာခဲ့ပါ "
ချောင်ချင်းချင်းသည် သူမအား နုတ်ဆက်စကားပြောနေသည့် ကလေးသေးသေးလေးတွေကိုကြည့်ကာ မခွဲချင်သေးသဖြင့် ဝမ်းနည်းလာခဲ့တော့သည်။ သူမသိပါတယ်။ သူမတို့ပြန်သွားပြီးရင် ခဏလေးနဲ့ ဒီကို အလည်ပြန်မလာနိုင်လောက်ဘူး ဆိုတာကိုပေါ့။ ဒီတစ်ခေါက်တောင်မှ သူမရဲ့မိဘတွေက စံပါယ်ပင်လေးကို အဝေးပို့လိုက်တာကြောင့်သာ သူမကိုနှစ်သိမ့်ဖို့အတွက် လိုက်ပို့ပေးခဲ့တာလေ။
ချောင်ချင်းချင်းသည် ငိုမဲ့မဲ့နှင့် သူမ၏ ခါး၌ချိတ်ထားသော အိတ်လေးကို ဖြုတ်လိုက်ကာ အထဲမှ ရွှေလက်ကောက်လေးနှစ်ခုကို ထုတ်လိုက်ကာ ပိုင်လီအားမော့ကြည့်၍...
"ဦးဦးပိုင် သမီး ဒီလက်ကောက်လေးတွေကို အသေးလေးတွေကို လက်ဆောင်ပေးလို့ရလားဟင်"
ချောင်ချင်းချင်း၏ လက်ထဲရှိ လက်ကောက်နှစ်ကွင်းသည် ကလေးဝတ်လေးများဖြစ်၍ ဆင်တူပြီး တစ်ရံလာသောပုံလေးဖြစ်သည်။ သူမရဲ့အဖေမှာ မိတ်ဆွေတွေ အများကြီးရှိတာကြောင့် ချောင်ချင်းချင်းမှာသူမမိဘတွေ ဝယ်ပေးတဲ့ပစ္စည်းတွေနဲ့ သူမမိဘတွေရဲ့ မိတ်ဆွေတွေက ပေးတဲ့ပစ္စည်းတွေရော အများကြီးရှိပါတယ်။ သူမလေးက ဒီလက်ကောက်လေးတွေကို ပိုင်လီပြန်သွားထဲက ပေါက်စီလေးတွေအတွက်ဆိုပြီး လက်ဆောင်ပေးဖို့ ရွေးထားခဲ့ခြင်းဖြစ်ကာ ပြီးခဲ့သည့်နှစ်ရက်က အဆော့လွန်နေ၍ ပေးဖို့မေ့နေခဲ့ခြင်းသာဖြစ်သည်။
ပိုင်လီက ရွှေလက်ကောက်လေးတွေကို တစ်ချက်ကြည့်လိုက်ပြီး ချောင်ချင်းချင်း၏ခေါင်းလေးကို ပုတ်ပေးလိုက်ကာဖြင့်....
"ရတာပေါ့ သမီးကိုယ်တိုင်ပေးလိုက်လေ"
ချောင်ချင်းချင်းက ပိုင်လီလက်မခံမှာကို စိုးရိမ်နေတာဖြစ်ပြီး ပိုင်လီခွင့်ပြုတော့ သူမလေးက အသေးလေးတွေကိုသွားပေးခဲ့ကာ ရှောင်ဖူနှင့်ရှောင်ဝူကလည်း သူတို့အဖေက ခွင့်ပြုထားတာကြောင့် လက်ကောက်လေးတွေကို လက်ခံခဲ့လိုက်ကျ၏။ သူတို့လေးတွေက ရွှေလက်ကောက်လေးတွေရဲ့ တန်ဖိုးကိုမသိပေမယ့် တောက်ပတဲ့အရောင်ရှိတာကြောင့် သဘောကျကျပြီး ချောင်ချင်းချင်းအား ကျေးဇူးတင်စကားပြောခဲ့ကျသည်။
"မမချင်းချင်း ကျေးဇူးတင်ပါတယ် သားက ဒီဘက်ကောက်လေးကို ကြိုက်တယ်"
"သားရောပဲ ဒါလေးကလှတယ် ကျေးဇူးတင်ပါတယ် မမချင်းချင်း"
ချောင်ချင်းချင်းမှာ ဤစကားလေးတွေကြောင့် အလွန်ကျေနပ်သွားရတော့၏။ သူမက အမြဲကလေးလိုဆက်ဆံခံနေရပြီး အခုတော့ သူမကို အကြီးလိုဆက်ဆံမယ့် မိတ်ဆွေလေးတွေကိုရခဲ့ပါပြီ။
ထို့ကြောင့် သူမက ရှောင်ဖူနှင့်ရှောင်ဝူလေး၏ ပါးလေးတွေကို တစ်ချက်စီညှစ်လိုက်ပြီး...
"မမကိုမမေ့သွားကျနဲ့နော် နောက်ကျ မမအလည်ထပ်လာခဲ့မယ်"
အသေးလေးများသည် ထိုအမှာစကားကို ခေါင်းလေးတွေငြိမ့်ကာ လက်ခံခဲ့ကျပြီး ပိုင်လီက ဒီလူသေးသေးလေးတွေရဲ့ နုတ်ဆက်ခန်းကို ဝမ်းမနည်းစေချင်တာကြောင့် ချောင်ချင်းချင်းအားကြည့်၍....
"ကောင်းပြီ ချင်းချင်းရေ မီးပုံးပွဲတော်ကျရင် ဦးဦးတို့ သမီးတို့မြို့ကိုလာလည်မှာ အဲဒီအချိန်ကျရင်သမီးတို့တွေ တွေ့ရဦးမှာပဲလေ"
မီးပုံပွဲတော်ရောက်ဖို့ အနည်းငယ်လိုနေသေးသော်လည်း ဤသို့ တိကျသေချာသောရက်အား ကြားလိုက်ချိန်တွင် ချောင်ချင်းချင်းလေးက အလွန်ပျော်ရွှင်သွားခဲ့တော့သည်။ သူမလေးက ထခုန်လာပြီး....
"ဦးဦးပိုင် တကယ်ပြောတာလား!"
ပိုင်လီကခေါင်းငြိမ့်ပြတော့ သူမလေးက အသေးလေးတွေကိုဖက်၍...
"ဒါဆို မီးပုံပွဲတော်ကျမှပြန်တွေ့ကျမယ်! အဲဒီနေ့ကျရင် မမတို့မြို့မှာ မီးအိမ်လေးတွေ အများကြီးရှိနေမှာ မမကိုယ်တိုင် မင်းတို့ကိုလိုက်ပြပေးမယ်!"
အသေးလေးများသည်လည်း မီးအိမ်လေးတွေဆိုသော စကားကြောင့် ပျော်ရွှင်သွားကျသည်ပင်။ သူတို့တွေ ဒီလိုမျိုးနုတ်ဆက်နေချိန်မှာ ဘေးက ပိုင်မိန်က မနေနိုင်တော့ဘဲ ချောင်ချင်းချင်း၏ နဖူးလေးကိုတို့လိုက်တော့ကာဖြင့်...
"လူဆိုးမလေး မင်းကအသေးလေးတွေကိုပဲ နုတ်ဆက်ပြီး သူတို့ကိုပဲ ပြန်တွေ့ဖို့ပြောနေတယ့် ငါ့ကိုကျတော့ မတွေ့ချင်ဘူးလား"
ချောင်ချင်းချင်းသည် ဒါကိုကြားတော့ ရယ်ကျဲကျဲနှင့်...
"ချင်းချင်းက မမကိုလည်းတွေ့ချင်ပါတယ် မမကိုလည်း မီးအိမ်တွေလိုက်ပြမယ်!"
ပိုင်မိန်က ချက်ခြင်းပြောင်းလဲသွားသည့် ကလေးမလေးကြောင့် ရယ်မောလိုက်တော့၏။
မူလက လွမ်းဆွေးဖွယ်ကောင်းနေသည့် ကလေးလေးများ နုတ်ဆက်ခန်းသည် ပိုင်လီ၏စကားများကြောင့် မျှော်လင့်ချက်များအဖြစ်သို့ ပြောင်းလဲသွားခဲ့တော့ကာ ချောင်ချင်းချင်းလေးက ပျော်ရွှင်စွာဖြင့် သူမအိမ်က မြင်းလှည်းပျော်သို့တတ်သွားခဲ့ပြီး ထွက်ခွာသွားခဲ့တော့သည်။ သူမလေးက မီးပုံးပွဲတော်ရောက်ဖို့ကို တတ်ကြွစွာနဲ့စောင့်နေတော့မှာပါ။
ချောင်မိသားစု၏ မြည်းလှည်းလေး သူတို့မြင်ကွင်းရှေ့မှ ပျောက်ကွယ်သွားချိန်တွင် ပိုင်မိန်က ချက်ခြင်းပိုင်လီ၏ လက်မောင်းအား ဖက်လိုက်တော့ကာ သူမလေးက ကလေးဆန်စွာနဲ့...
"ဒုတိယအကို အဲဒီအချိန်ကျရင် ညီမလေးကိုရော ခေါ်မှာမလားဟင် ညီမလေးလည်း ဆိပ်ကမ်းမြို့ကမီးပုံးပွဲတော်ကို ကြည့်ချင်တယ်လို့ နော် နော်"
ပိုင်လီသည် ဆယ်နှစ်ရှိပြီးဖြစ်သော်လည်း ကလေးဆိုးလေးလို ချွဲနေသည့် ညီမဖြစ်သူအား မဖယ်ချနိုင်ခဲ့ပေ။ သူက အကြီးတစ်ယောက်ကိုတောင် မဖယ်နိုင်သေးခင်မှာပဲ အသေးလေးနှစ်ယောက်ကလည်း.သူခြေထောက်လေးတွေကို ဖက်လာခဲ့ကျပါတယ်။
"အဖေ သားတို့ရောလိုက်မှာနော် သားလည်း မီးပုံးလေးတွေ ကြည့်ချင်တယ်"
"သားရောပဲ သားရောပဲ သားက မမချင်းချင်းကို လာခဲ့မယ်လို့ပြောလိုက်ပြီ သားကိုထားခဲ့လို့မရဘူးနော်!"
ပိုင်လီမှာ ရယ်ရခက် ငိုရခက်ပါပင်။ လက်ရှိ သူ့ပုံကိုလည်း တွေးကြည့်ကျပါဦး။
သူက သူ့ခြေထောက်များကို ကပ်တွယ်နေသည့် ခိုအာလားလို အကောင်လေးတွေကို ငုံ့ကြည့်လိုက်၍...
"မင်းတို့ကောင်လေးတွေက ပြီးခဲ့တဲ့နှစ်ရက်လုံး ပြေးလွှားဆော့နေကျပြီး အခုမှ အဖေကို ကပ်ရမှန်းသိတယ်ပေါ့လေ "
ထိုသို့ပြောလိုက်သော်လည်း အသေးလေးများသည် မကြားချင်ယောင်ဆောင်နေသဖြင့် ပိုင်လီက ခေါင်းရမ်းလိုက်ကာ အိမ်ထဲဝင်ဖို့ ခြေလှမ်းလိုက်သဖြင့် ခြေထောက်ကို ဖက်တွယ်ထားသည့် အသေးလေးတွေကို လွှဲယမ်းပေးလိုက်သလိုဖြစ်သွားပြီး ထိုကောင်လေးတွေထံမှ တခစ်ခစ်ရယ်သံလေးတွေ ထွက်ပေါ်လာခဲ့လေသည်။
ပိုင်မိန်ကလည်း သူမကို မြို့ခေါ်သွားရေးအား ကပ်ချွဲနေခဲ့သဖြင့် ဤသို့ဖြင့် အတွဲလိုက်ကြီးဖြင့်သာ အိမ်ဝိုင်းထဲသို့ ပြန်ဝင်ခဲ့ရသဖြင့် ပိုင်အမေသည် သူတို့ကိုကြည့်ကာ ခေါင်းရမ်းလိုက်မိပေသည်။
သူမရဲ့ဒုတိယသားက ဒီနှစ်မှာ နှစ်ဆယ့်လေးနှစ်ရှိမှာဖြစ်ပေမယ့် မတည်ငြိမ်သေးဘဲ ကလေးတွေကိုအလိုလိုက်နေတာများ ကြည့်ပါဦး။ တခြားသူတွေများမြင်ရင် လယ်သူဌေးဆိုတဲ့လူက ကလေးစိတ်မကုန်သေးဘူးဆိုပြီး အတင်းဖျင်းတွေပြောကျလိမ့်ဦးမယ်။
သို့သော် မော့ဟွာက ဤသို့ငြီးငြူနေခဲ့ပေမယ့် သူမ၏ စိတ်နှလုံး အတွင်းပိုင်းထဲမှာတော့ သူမ သားသမီးတွေနဲ့ မြေးတွေက ဤသို့ချစ်ချစ်ခင်ခင် နေနေကျသဖြင့် အလွန်စိတ်ချမ်းမြေ့နေခဲ့ပေသည်။
အဲလို စိတ်ချမ်းမြေ့နေတဲ့အချိန်မှာပဲ ပိုင်စန်းက အပြေးရောက်လာတာကို သူမတွေ့လိုက်ရပါတယ်။
ပိုင်စန်းအကြောင်းပြောရင် သူက ပိုင်အိမ်မှာထဲက ချောင်မိသားစုကို နှုတ်ဆက်ခဲ့ပြီး ပိုင်အဖေ၊အမေနဲ့ ပိုင်မိန်လိုမျိုး ပိုင်လီအိမ်၌ ပိုင်လီပြန်အလာကို ကူစောင့်ပေးဖို့ လိုက်မလာခဲ့ပဲ အိမ်မှာကျန်နေခဲ့တာသာဖြစ်သည်။
ဒါပေမယ့် သူက အရေးတကြီး ပြေးဝင်လာတာကို တွေ့လိုက်ရတဲ့အချိန်မှာတော့ မော့ဟွာက မကောင်းတာတစ်ခုခု ဖြစ်တော့မည်ဟု ချက်ခြင်းခန့်မှန်းမိလိုက်ပြီး ပိုင်လီကလည်း ဤသို့သာပင်။ သူကမျက်မှောင်ကြုတ်လိုက်ပြီး ပိုင်စန်းအား....
"တတိယ အရေးကြီးသုတ်ပြာနဲ့ ဘာဖြစ်လာတာလဲ"
ပိုင်စန်းသည် အသက်ဝဝပင်မရှူနိုင်သေးချေ။ သူက အလျှင်စလိုနဲ့...
"အမေ! အဖေ! အိမ်ကိုမြန်မြန်ပြန်မှဖြစ်မယ်! မရီး! ပထမမရီးက အဆိပ်သောက်သေဖို့လုပ်နေတယ်!!"
ဒါကိုကြားတော့ မိသားစုဝင်များ၏ မျက်နှာများအားလုံးက ပျက်ယွင်းသွားကျပြီး ပိုင်အဖေ၏ လက်ဖက်ရည်ခွင်ကိုင်ထားသော လက်ပင် လှုပ်ခါသွားခဲ့လေသည်။
ကျိုးရှီ! ဒီအမျိုးသမီး အကောင်းတိုင်းငြိမ်နေရင်းက ဘာထဖြစ်ပြန်ပြီလဲ!။
ကျိုးရှီသည် ပိုင်အိမ်မှ ချွေးမမဟုတ်တော့သော်လည်း အသက်တစ်ချောင်းသည် နောက်စရာမဟုတ်ပါချေ။ ပြီးတော့ သူမဗိုက်ထဲမှာ ပိုင်မိသားစုရဲ့အသွေးသားလေးလည်း ရှိနေပါသေးတယ်။ အဲတာတွေကို ထည့်မတွက်ဘူးဆိုရင်တောင် ကျိုးရှိသာ ပိုင်မိသားစုအိမ်ထဲမှာ သေသွားခဲ့ရင် ကျိုးမိသားစုက ဒါကိုသေချာပေါက် အသုံးချကျလိမ့်မယ်။
မော့ဟွာသည် သူမ၏ မွေးမလာသေးသော မြေးလေးအတွက် အလွန်သောကရောက်သွားကာ အိမ်ပြန်ဖို့ အမြန်ထရပ်လိုက်သော်လည်း မူးဝေသွားသဖြင့် ယိုင်နဲ့သွားခဲ့ကာ ပိုင်အဖေက လှမ်းထိန်းပေးလိုက်ရသည်။
ပိုင်လီက ဒီအခြေနေကိုမြင်တော့ ...
"အမေ သိပ်စိတ်မပူပါနဲ့ လူတိုင်းက သူတို့အသက်ကိုသူတို့ လောင်းကစားမလုပ်ရဲပါဘူး ဒီကျိုးရှီက ကလေးအသက်နဲ့ခြိမ်းခြောက်ပြီး တစ်ခုခုတောင်းချင်နေတာလို့ ကျွန်တော်တော့ထင်တယ် "
ပိုင်လီ၏ ထောက်ပြမှုအောက်တွင် ဒါကဖြစ်နိုင်လောက်မှန်း သဘောပေါက်သွားကျသော်လည်း သူတို့က ပိုလို့တောင် စိုးရိမ်လာကျပါသေးသည်။ သူတို့အိမ်က သားကြီးရဲ့ သားဦးက မမွေးခင် သေဆုံးသွားခဲ့ရင် ဘယ်လိုများလုပ်ကျမလဲ!။
ပိုင်လီက အရမ်းစိုးရိမ်နေတဲ့ သူ့မိဘတွေကိုကြည့်လိုက်ပြီး အသေးလေးတွေကို ရှောင်ဟန်နားသွားပို့လိုက်ကာဖြင့်...
"ကလေးတွေနဲ့ အိမ်မှာပဲနေခဲ့နော် ကိုယ်ခဏသွားကြည့်လိုက်ဦးမယ်"
ဒီတော့မှ သတင်းကြောင့် အံသြနေတဲ့ရှောင်ဟန်ကလည်း သတိပြန်ဝင်လာကာ သူက အမြန်ခေါင်းငြိမ့်ပြခဲ့လိုက်၏။
အဲဒီနောက် ပိုင်မိဘတွေနဲ့အတူ ပိုင်လီက ပိုင်အိမ်ကိုလိုက်သွားခဲ့ပြီး ပိုင်မိန်ကမူ လိုက်မသွားခဲ့သဖြင့် ရှောင်ဟန်ကအံသြစွာနဲ့...
"ရှောင်မိန် လိုက်မသွားဘူးလား"
ခါတိုင်းလိုဆို ပိုင်မိန်က အလွန်သိချင်စိတ် များသူလေးဖြစ်သဖြင့် လိုက်သွားမည်မှာ သေချာသော်လည်း အခုတွင်တော့ သူမမဟုတ်သလို ပြုမူနေသဖြင့် မေးလိုက်မိခြင်းပင်။
ပိုင်မိန်ကတော့ သူမရဲ့ပုလဲလောက်ကောက်လေး ထိခိုက်ထားတာရှိမရှိကိုသာ စစ်နေရင်းမှ အရေးမကြီးသလိုပင် ပြန်ဖြေလာခဲ့လေသည်။
"တတိယယောင်းမလည်း ဘာလို့ကြည့်နေမှာလဲအဖြေကိုသိနေပြီးသားပဲကို ဒုတိယအကိုပြောတာ ကြားတယ်မလား အဲဒီမိန်းမက အကြံတစ်ခုခုထုတ်နေတာလေ ဒါပေမယ့် အဲဒီမှာ ဒုတိယအကိုရှိနေမှတော့ သူမဖြစ်ချင်သလို ဖြစ်မှာတဲ့လား ဟမ့် ကျွန်မပြောရဲတယ် နောက်ဆုံးမှာ ပိုဆုံးရှုံးမယ့်သူက သူမပဲဖြစ်မှာ"
ရှောင်ဟန်သည် ဒါကိုကြားတော့ ရှောင်မိန်၏ သူမအကိုအား ယုံကြည်အားကိုးမှုက နောက်စရာမဟုတ်ကြောင်း သိသွားခဲ့ရတော့သည်။
သူက ဒီချစ်စရာ ယောင်းမလေးရဲ့စကားကို ဘာမှတ်ချက်မှ ပြန်မပေးခဲ့ပေမယ့် သူလည်းပဲ သူ့ခင်ပွန်းက အဆင်ပြေအောင် လုပ်နိုင်လိမ့်မယ်လို့ မသိမသာနဲ့ ယုံကြည်နေခဲ့ပါတယ်။
ဒါကြောင့် သူက စိုးရိမ်မှုနည်းစွာနဲ့ ပြောလိုက်တော့တယ်။
"ဒါဆို မင်းတို့ စပျစ်သီးစားချင်လား မင်းတို့အကိုက ချောင်မိသားစုကို လက်ဆောင်ပေးဖို့နဲ့ အိမ်စားဖို့ နည်းနည်ချန်ထားခဲ့တာရှိသေးတယ် စားချင်ရင် ရေဆေးခဲ့မယ်လေ"
..................................................................
(AN/ ဒါနဲ့ကျိုးရှီကို သနားလိုက်တာအေ။ သူက ကိုယ့်ကိုယ်ကိုယ်သတ်သေဖို့ပြင်နေပေမယ့် တချို့တွေကစပျစ်သီးတောင်စားကျမလို့တဲ့😆
ပိုင်လီတို့က paid မှာ ပြီးသွားပြီး fbမှာရော teleမှာ paid gpတွေရှိပါရှင့်။ 😘)
###
အပိုင္း (၁၁၁) လူအေသးေလးမ်ား၏ မီးပုံးပြဲေတာ္ခ်ိန္းဆိုခ်က္
ေနာက္ေတာ့ ႏုတ္ဆက္ခ်ိန္ကို ေရာက္လာခဲၿပီျဖစ္သည္။
အခ်ိန္က ႏွစ္ရက္ပဲၾကာခဲ့တယ္ဆိုေပမယ့္လည္းကေလးေတြကေတာ့ ခြဲခြာဖို႔ကို တြန့္ဆုတ္ေနက်တဳန္းပါပဲ။
ေရွာင္ဖူနဲ႕ေရွာင္ဝူေလးက ေခ်ာင္ခ်င္းခ်င္းအား လက္ေလးေတြေဝ့ရမ္းျပခဲ့က်ၿပီး...
"မမခ်င္းခ်င္း ေနာက္လည္းလာခဲ့ေနာ္"
"ဟုတ္တယ္ ဟုတ္တယ္ ေနာက္ထပ္လာခဲ့ပါ "
ေခ်ာင္ခ်င္းခ်င္းသည္ သူမအား ႏုတ္ဆက္စကားေျပာေနသည့္ ကေလးေသးေသးေလးေတြကိုၾကည့္ကာ မခြဲခ်င္ေသးသျဖင့္ ဝမ္းနည္းလာခဲ့ေတာ့သည္။ သူမသိပါတယ္။ သူမတို႔ျပန္သြားၿပီးရင္ ခဏေလးနဲ႕ ဒီကို အလည္ျပန္မလာနိုင္ေလာက္ဘူး ဆိုတာကိုေပါ့။ ဒီတစ္ေခါက္ေတာင္မွ သူမရဲ႕မိဘေတြက စံပါယ္ပင္ေလးကို အေဝးပို႔လိုက္တာေၾကာင့္သာ သူမကိုႏွစ္သိမ့္ဖို႔အတြက္ လိုက္ပို႔ေပးခဲ့တာေလ။
ေခ်ာင္ခ်င္းခ်င္းသည္ ငိုမဲ့မဲ့ႏွင့္ သူမ၏ ခါး၌ခ်ိတ္ထားေသာ အိတ္ေလးကို ျဖဳတ္လိုက္ကာ အထဲမွ ေ႐ႊလက္ေကာက္ေလးႏွစ္ခုကို ထုတ္လိုက္ကာ ပိုင္လီအားေမာ့ၾကည့္၍...
"ဦးဦးပိုင္ သမီး ဒီလက္ေကာက္ေလးေတြကို အေသးေလးေတြကို လက္ေဆာင္ေပးလို႔ရလားဟင္"
ေခ်ာင္ခ်င္းခ်င္း၏ လက္ထဲရွိ လက္ေကာက္ႏွစ္ကြင္းသည္ ကေလးဝတ္ေလးမ်ားျဖစ္၍ ဆင္တူၿပီး တစ္ရံလာေသာပုံေလးျဖစ္သည္။ သူမရဲ႕အေဖမွာ မိတ္ေဆြေတြ အမ်ားႀကီးရွိတာေၾကာင့္ ေခ်ာင္ခ်င္းခ်င္းမွာသူမမိဘေတြ ဝယ္ေပးတဲ့ပစၥည္းေတြနဲ႕ သူမမိဘေတြရဲ႕ မိတ္ေဆြေတြက ေပးတဲ့ပစၥည္းေတြေရာ အမ်ားႀကီးရွိပါတယ္။ သူမေလးက ဒီလက္ေကာက္ေလးေတြကို ပိုင္လီျပန္သြားထဲက ေပါက္စီေလးေတြအတြက္ဆိုၿပီး လက္ေဆာင္ေပးဖို႔ ေ႐ြးထားခဲ့ျခင္းျဖစ္ကာ ၿပီးခဲ့သည့္ႏွစ္ရက္က အေဆာ့လြန္ေန၍ ေပးဖို႔ေမ့ေနခဲ့ျခင္းသာျဖစ္သည္။
ပိုင္လီက ေ႐ႊလက္ေကာက္ေလးေတြကို တစ္ခ်က္ၾကည့္လိုက္ၿပီး ေခ်ာင္ခ်င္းခ်င္း၏ေခါင္းေလးကို ပုတ္ေပးလိုက္ကာျဖင့္....
"ရတာေပါ့ သမီးကိုယ္တိုင္ေပးလိုက္ေလ"
ေခ်ာင္ခ်င္းခ်င္းက ပိုင္လီလက္မခံမွာကို စိုးရိမ္ေနတာျဖစ္ၿပီး ပိုင္လီခြင့္ျပဳေတာ့ သူမေလးက အေသးေလးေတြကိုသြားေပးခဲ့ကာ ေရွာင္ဖူႏွင့္ေရွာင္ဝူကလည္း သူတို႔အေဖက ခြင့္ျပဳထားတာေၾကာင့္ လက္ေကာက္ေလးေတြကို လက္ခံခဲ့လိုက္က်၏။ သူတို႔ေလးေတြက ေ႐ႊလက္ေကာက္ေလးေတြရဲ႕ တန္ဖိုးကိုမသိေပမယ့္ ေတာက္ပတဲ့အေရာင္ရွိတာေၾကာင့္ သေဘာက်က်ၿပီး ေခ်ာင္ခ်င္းခ်င္းအား ေက်းဇူးတင္စကားေျပာခဲ့က်သည္။
"မမခ်င္းခ်င္း ေက်းဇူးတင္ပါတယ္ သားက ဒီဘက္ေကာက္ေလးကို ႀကိဳက္တယ္"
"သားေရာပဲ ဒါေလးကလွတယ္ ေက်းဇူးတင္ပါတယ္ မမခ်င္းခ်င္း"
ေခ်ာင္ခ်င္းခ်င္းမွာ ဤစကားေလးေတြေၾကာင့္ အလြန္ေက်နပ္သြားရေတာ့၏။ သူမက အၿမဲကေလးလိုဆက္ဆံခံေနရၿပီး အခုေတာ့ သူမကို အႀကီးလိုဆက္ဆံမယ့္ မိတ္ေဆြေလးေတြကိုရခဲ့ပါၿပီ။
ထို႔ေၾကာင့္ သူမက ေရွာင္ဖူႏွင့္ေရွာင္ဝူေလး၏ ပါးေလးေတြကို တစ္ခ်က္စီညွစ္လိုက္ၿပီး...
"မမကိုမေမ့သြားက်နဲ႕ေနာ္ ေနာက္က် မမအလည္ထပ္လာခဲ့မယ္"
အေသးေလးမ်ားသည္ ထိုအမွာစကားကို ေခါင္းေလးေတြၿငိမ့္ကာ လက္ခံခဲ့က်ၿပီး ပိုင္လီက ဒီလူေသးေသးေလးေတြရဲ႕ ႏုတ္ဆက္ခန္းကို ဝမ္းမနည္းေစခ်င္တာေၾကာင့္ ေခ်ာင္ခ်င္းခ်င္းအားၾကည့္၍....
"ေကာင္းၿပီ ခ်င္းခ်င္းေရ မီးပုံးပြဲေတာ္က်ရင္ ဦးဦးတို႔ သမီးတို႔ၿမိဳ႕ကိုလာလည္မွာ အဲဒီအခ်ိန္က်ရင္သမီးတို႔ေတြ ေတြ႕ရဦးမွာပဲေလ"
မီးပုံပြဲေတာ္ေရာက္ဖို႔ အနည္းငယ္လိုေနေသးေသာ္လည္း ဤသို႔ တိက်ေသခ်ာေသာရက္အား ၾကားလိုက္ခ်ိန္တြင္ ေခ်ာင္ခ်င္းခ်င္းေလးက အလြန္ေပ်ာ္႐ႊင္သြားခဲ့ေတာ့သည္။ သူမေလးက ထခုန္လာၿပီး....
"ဦးဦးပိုင္ တကယ္ေျပာတာလား!"
ပိုင္လီကေခါင္းၿငိမ့္ျပေတာ့ သူမေလးက အေသးေလးေတြကိုဖက္၍...
"ဒါဆို မီးပုံပြဲေတာ္က်မွျပန္ေတြ႕က်မယ္! အဲဒီေန႕က်ရင္ မမတို႔ၿမိဳ႕မွာ မီးအိမ္ေလးေတြ အမ်ားႀကီးရွိေနမွာ မမကိုယ္တိုင္ မင္းတို႔ကိုလိုက္ျပေပးမယ္!"
အေသးေလးမ်ားသည္လည္း မီးအိမ္ေလးေတြဆိုေသာ စကားေၾကာင့္ ေပ်ာ္႐ႊင္သြားက်သည္ပင္။ သူတို႔ေတြ ဒီလိုမ်ိဳးႏုတ္ဆက္ေနခ်ိန္မွာ ေဘးက ပိုင္မိန္က မေနနိုင္ေတာ့ဘဲ ေခ်ာင္ခ်င္းခ်င္း၏ နဖူးေလးကိုတို႔လိုက္ေတာ့ကာျဖင့္...
"လူဆိုးမေလး မင္းကအေသးေလးေတြကိုပဲ ႏုတ္ဆက္ၿပီး သူတို႔ကိုပဲ ျပန္ေတြ႕ဖို႔ေျပာေနတယ့္ ငါ့ကိုက်ေတာ့ မေတြ႕ခ်င္ဘူးလား"
ေခ်ာင္ခ်င္းခ်င္းသည္ ဒါကိုၾကားေတာ့ ရယ္က်ဲက်ဲႏွင့္...
"ခ်င္းခ်င္းက မမကိုလည္းေတြ႕ခ်င္ပါတယ္ မမကိုလည္း မီးအိမ္ေတြလိုက္ျပမယ္!"
ပိုင္မိန္က ခ်က္ျခင္းေျပာင္းလဲသြားသည့္ ကေလးမေလးေၾကာင့္ ရယ္ေမာလိုက္ေတာ့၏။
မူလက လြမ္းေဆြးဖြယ္ေကာင္းေနသည့္ ကေလးေလးမ်ား ႏုတ္ဆက္ခန္းသည္ ပိုင္လီ၏စကားမ်ားေၾကာင့္ ေမွ်ာ္လင့္ခ်က္မ်ားအျဖစ္သို႔ ေျပာင္းလဲသြားခဲ့ေတာ့ကာ ေခ်ာင္ခ်င္းခ်င္းေလးက ေပ်ာ္႐ႊင္စြာျဖင့္ သူမအိမ္က ျမင္းလွည္းေပ်ာ္သို႔တတ္သြားခဲ့ၿပီး ထြက္ခြာသြားခဲ့ေတာ့သည္။ သူမေလးက မီးပုံးပြဲေတာ္ေရာက္ဖို႔ကို တတ္ႂကြစြာနဲ႕ေစာင့္ေနေတာ့မွာပါ။
ေခ်ာင္မိသားစု၏ ျမည္းလွည္းေလး သူတို႔ျမင္ကြင္းေရွ႕မွ ေပ်ာက္ကြယ္သြားခ်ိန္တြင္ ပိုင္မိန္က ခ်က္ျခင္းပိုင္လီ၏ လက္ေမာင္းအား ဖက္လိုက္ေတာ့ကာ သူမေလးက ကေလးဆန္စြာနဲ႕...
"ဒုတိယအကို အဲဒီအခ်ိန္က်ရင္ ညီမေလးကိုေရာ ေခၚမွာမလားဟင္ ညီမေလးလည္း ဆိပ္ကမ္းၿမိဳ႕ကမီးပုံးပြဲေတာ္ကို ၾကည့္ခ်င္တယ္လို႔ ေနာ္ ေနာ္"
ပိုင္လီသည္ ဆယ္ႏွစ္ရွိၿပီးျဖစ္ေသာ္လည္း ကေလးဆိုးေလးလို ခြၽဲေနသည့္ ညီမျဖစ္သူအား မဖယ္ခ်နိဳင္ခဲ့ေပ။ သူက အႀကီးတစ္ေယာက္ကိုေတာင္ မဖယ္နိုင္ေသးခင္မွာပဲ အေသးေလးႏွစ္ေယာက္ကလည္း.သူေျခေထာက္ေလးေတြကို ဖက္လာခဲ့က်ပါတယ္။
"အေဖ သားတို႔ေရာလိုက္မွာေနာ္ သားလည္း မီးပုံးေလးေတြ ၾကည့္ခ်င္တယ္"
"သားေရာပဲ သားေရာပဲ သားက မမခ်င္းခ်င္းကို လာခဲ့မယ္လို႔ေျပာလိုက္ၿပီ သားကိုထားခဲ့လို႔မရဘူးေနာ္!"
ပိုင္လီမွာ ရယ္ရခက္ ငိုရခက္ပါပင္။ လက္ရွိ သူ႕ပုံကိုလည္း ေတြးၾကည့္က်ပါဦး။
သူက သူ႕ေျခေထာက္မ်ားကို ကပ္တြယ္ေနသည့္ ခိုအာလားလို အေကာင္ေလးေတြကို ငုံ႕ၾကည့္လိုက္၍...
"မင္းတို႔ေကာင္ေလးေတြက ၿပီးခဲ့တဲ့ႏွစ္ရက္လုံး ေျပးလႊားေဆာ့ေနက်ၿပီး အခုမွ အေဖကို ကပ္ရမွန္းသိတယ္ေပါ့ေလ "
ထိုသို႔ေျပာလိုက္ေသာ္လည္း အေသးေလးမ်ားသည္ မၾကားခ်င္ေယာင္ေဆာင္ေနသျဖင့္ ပိုင္လီက ေခါင္းရမ္းလိုက္ကာ အိမ္ထဲဝင္ဖို႔ ေျခလွမ္းလိုက္သျဖင့္ ေျခေထာက္ကို ဖက္တြယ္ထားသည့္ အေသးေလးေတြကို လႊဲယမ္းေပးလိုက္သလိုျဖစ္သြားၿပီး ထိုေကာင္ေလးေတြထံမွ တခစ္ခစ္ရယ္သံေလးေတြ ထြက္ေပၚလာခဲ့ေလသည္။
ပိုင္မိန္ကလည္း သူမကို ၿမိဳ႕ေခၚသြားေရးအား ကပ္ခြၽဲေနခဲ့သျဖင့္ ဤသို႔ျဖင့္ အတြဲလိုက္ႀကီးျဖင့္သာ အိမ္ဝိုင္းထဲသို႔ ျပန္ဝင္ခဲ့ရသျဖင့္ ပိုင္အေမသည္ သူတို႔ကိုၾကည့္ကာ ေခါင္းရမ္းလိုက္မိေပသည္။
သူမရဲ႕ဒုတိယသားက ဒီႏွစ္မွာ ႏွစ္ဆယ့္ေလးႏွစ္ရွိမွာျဖစ္ေပမယ့္ မတည္ၿငိမ္ေသးဘဲ ကေလးေတြကိုအလိုလိုက္ေနတာမ်ား ၾကည့္ပါဦး။ တျခားသူေတြမ်ားျမင္ရင္ လယ္သူေဌးဆိုတဲ့လူက ကေလးစိတ္မကုန္ေသးဘူးဆိုၿပီး အတင္းဖ်င္းေတြေျပာက်လိမ့္ဦးမယ္။
သို႔ေသာ္ ေမာ့ဟြာက ဤသို႔ၿငီးျငဴေနခဲ့ေပမယ့္ သူမ၏ စိတ္ႏွလုံး အတြင္းပိုင္းထဲမွာေတာ့ သူမ သားသမီးေတြနဲ႕ ေျမးေတြက ဤသို႔ခ်စ္ခ်စ္ခင္ခင္ ေနေနက်သျဖင့္ အလြန္စိတ္ခ်မ္းေျမ့ေနခဲ့ေပသည္။
အဲလို စိတ္ခ်မ္းေျမ့ေနတဲ့အခ်ိန္မွာပဲ ပိုင္စန္းက အေျပးေရာက္လာတာကို သူမေတြ႕လိုက္ရပါတယ္။
ပိုင္စန္းအေၾကာင္းေျပာရင္ သူက ပိုင္အိမ္မွာထဲက ေခ်ာင္မိသားစုကို ႏႈတ္ဆက္ခဲ့ၿပီး ပိုင္အေဖ၊အေမနဲ႕ ပိုင္မိန္လိုမ်ိဳး ပိုင္လီအိမ္၌ ပိုင္လီျပန္အလာကို ကူေစာင့္ေပးဖို႔ လိုက္မလာခဲ့ပဲ အိမ္မွာက်န္ေနခဲ့တာသာျဖစ္သည္။
ဒါေပမယ့္ သူက အေရးတႀကီး ေျပးဝင္လာတာကို ေတြ႕လိုက္ရတဲ့အခ်ိန္မွာေတာ့ ေမာ့ဟြာက မေကာင္းတာတစ္ခုခု ျဖစ္ေတာ့မည္ဟု ခ်က္ျခင္းခန့္မွန္းမိလိုက္ၿပီး ပိုင္လီကလည္း ဤသို႔သာပင္။ သူကမ်က္ေမွာင္ၾကဳတ္လိုက္ၿပီး ပိုင္စန္းအား....
"တတိယ အေရးႀကီးသုတ္ျပာနဲ႕ ဘာျဖစ္လာတာလဲ"
ပိုင္စန္းသည္ အသက္ဝဝပင္မရႉနိုင္ေသးေခ်။ သူက အလွ်င္စလိုနဲ႕...
"အေမ! အေဖ! အိမ္ကိုျမန္ျမန္ျပန္မွျဖစ္မယ္! မရီး! ပထမမရီးက အဆိပ္ေသာက္ေသဖို႔လုပ္ေနတယ္!!"
ဒါကိုၾကားေတာ့ မိသားစုဝင္မ်ား၏ မ်က္ႏွာမ်ားအားလုံးက ပ်က္ယြင္းသြားက်ၿပီး ပိုင္အေဖ၏ လက္ဖက္ရည္ခြင္ကိုင္ထားေသာ လက္ပင္ လႈပ္ခါသြားခဲ့ေလသည္။
က်ိဳးရွီ! ဒီအမ်ိဳးသမီး အေကာင္းတိုင္းၿငိမ္ေနရင္းက ဘာထျဖစ္ျပန္ၿပီလဲ!။
က်ိဳးရွီသည္ ပိုင္အိမ္မွ ေခြၽးမမဟုတ္ေတာ့ေသာ္လည္း အသက္တစ္ေခ်ာင္းသည္ ေနာက္စရာမဟုတ္ပါေခ်။ ၿပီးေတာ့ သူမဗိုက္ထဲမွာ ပိုင္မိသားစုရဲ႕အေသြးသားေလးလည္း ရွိေနပါေသးတယ္။ အဲတာေတြကို ထည့္မတြက္ဘူးဆိုရင္ေတာင္ က်ိဳးရွိသာ ပိုင္မိသားစုအိမ္ထဲမွာ ေသသြားခဲ့ရင္ က်ိဳးမိသားစုက ဒါကိုေသခ်ာေပါက္ အသုံးခ်က်လိမ့္မယ္။
ေမာ့ဟြာသည္ သူမ၏ ေမြးမလာေသးေသာ ေျမးေလးအတြက္ အလြန္ေသာကေရာက္သြားကာ အိမ္ျပန္ဖို႔ အျမန္ထရပ္လိုက္ေသာ္လည္း မူးေဝသြားသျဖင့္ ယိုင္နဲ႕သြားခဲ့ကာ ပိုင္အေဖက လွမ္းထိန္းေပးလိုက္ရသည္။
ပိုင္လီက ဒီအေျခေနကိုျမင္ေတာ့ ...
"အေမ သိပ္စိတ္မပူပါနဲ႕ လူတိုင္းက သူတို႔အသက္ကိုသူတို႔ ေလာင္းကစားမလုပ္ရဲပါဘူး ဒီက်ိဳးရွီက ကေလးအသက္နဲ႕ၿခိမ္းေျခာက္ၿပီး တစ္ခုခုေတာင္းခ်င္ေနတာလို႔ ကြၽန္ေတာ္ေတာ့ထင္တယ္ "
ပိုင္လီ၏ ေထာက္ျပမႈေအာက္တြင္ ဒါကျဖစ္နိုင္ေလာက္မွန္း သေဘာေပါက္သြားက်ေသာ္လည္း သူတို႔က ပိုလို႔ေတာင္ စိုးရိမ္လာက်ပါေသးသည္။ သူတို႔အိမ္က သားႀကီးရဲ႕ သားဦးက မေမြးခင္ ေသဆုံးသြားခဲ့ရင္ ဘယ္လိုမ်ားလုပ္က်မလဲ!။
ပိုင္လီက အရမ္းစိုးရိမ္ေနတဲ့ သူ႕မိဘေတြကိုၾကည့္လိုက္ၿပီး အေသးေလးေတြကို ေရွာင္ဟန္နားသြားပို႔လိုက္ကာျဖင့္...
"ကေလးေတြနဲ႕ အိမ္မွာပဲေနခဲ့ေနာ္ ကိုယ္ခဏသြားၾကည့္လိုက္ဦးမယ္"
ဒီေတာ့မွ သတင္းေၾကာင့္ အံၾသေနတဲ့ေရွာင္ဟန္ကလည္း သတိျပန္ဝင္လာကာ သူက အျမန္ေခါင္းၿငိမ့္ျပခဲ့လိုက္၏။
အဲဒီေနာက္ ပိုင္မိဘေတြနဲ႕အတူ ပိုင္လီက ပိုင္အိမ္ကိုလိုက္သြားခဲ့ၿပီး ပိုင္မိန္ကမူ လိုက္မသြားခဲ့သျဖင့္ ေရွာင္ဟန္ကအံၾသစြာနဲ႕...
"ေရွာင္မိန္ လိုက္မသြားဘူးလား"
ခါတိုင္းလိုဆို ပိုင္မိန္က အလြန္သိခ်င္စိတ္ မ်ားသူေလးျဖစ္သျဖင့္ လိုက္သြားမည္မွာ ေသခ်ာေသာ္လည္း အခုတြင္ေတာ့ သူမမဟုတ္သလို ျပဳမူေနသျဖင့္ ေမးလိုက္မိျခင္းပင္။
ပိုင္မိန္ကေတာ့ သူမရဲ႕ပုလဲေလာက္ေကာက္ေလး ထိခိုက္ထားတာရွိမရွိကိုသာ စစ္ေနရင္းမွ အေရးမႀကီးသလိုပင္ ျပန္ေျဖလာခဲ့ေလသည္။
"တတိယေယာင္းမလည္း ဘာလို႔ၾကည့္ေနမွာလဲအေျဖကိုသိေနၿပီးသားပဲကို ဒုတိယအကိုေျပာတာ ၾကားတယ္မလား အဲဒီမိန္းမက အႀကံတစ္ခုခုထုတ္ေနတာေလ ဒါေပမယ့္ အဲဒီမွာ ဒုတိယအကိုရွိေနမွေတာ့ သူမျဖစ္ခ်င္သလို ျဖစ္မွာတဲ့လား ဟမ့္ ကြၽန္မေျပာရဲတယ္ ေနာက္ဆုံးမွာ ပိုဆုံးရႈံးမယ့္သူက သူမပဲျဖစ္မွာ"
ေရွာင္ဟန္သည္ ဒါကိုၾကားေတာ့ ေရွာင္မိန္၏ သူမအကိုအား ယုံၾကည္အားကိုးမႈက ေနာက္စရာမဟုတ္ေၾကာင္း သိသြားခဲ့ရေတာ့သည္။
သူက ဒီခ်စ္စရာ ေယာင္းမေလးရဲ႕စကားကို ဘာမွတ္ခ်က္မွ ျပန္မေပးခဲ့ေပမယ့္ သူလည္းပဲ သူ႕ခင္ပြန္းက အဆင္ေျပေအာင္ လုပ္နိုင္လိမ့္မယ္လို႔ မသိမသာနဲ႕ ယုံၾကည္ေနခဲ့ပါတယ္။
ဒါေၾကာင့္ သူက စိုးရိမ္မႈနည္းစြာနဲ႕ ေျပာလိုက္ေတာ့တယ္။
"ဒါဆို မင္းတို႔ စပ်စ္သီးစားခ်င္လား မင္းတို႔အကိုက ေခ်ာင္မိသားစုကို လက္ေဆာင္ေပးဖို႔နဲ႕ အိမ္စားဖို႔ နည္းနည္ခ်န္ထားခဲ့တာရွိေသးတယ္ စားခ်င္ရင္ ေရေဆးခဲ့မယ္ေလ"
..................................................................
(AN/ ဒါနဲ႕က်ိဳးရွီကို သနားလိုက္တာေအ။ သူက ကိုယ့္ကိုယ္ကိုယ္သတ္ေသဖို႔ျပင္ေနေပမယ့္ တခ်ိဳ႕ေတြကစပ်စ္သီးေတာင္စားက်မလို႔တဲ့😆
ပိုင္လီတို႔က paid မွာ ၿပီးသြားၿပီး fbမွာေရာ teleမွာ paid gpေတြရွိပါရွင့္။ 😘)