စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုး...

By BlackLily_WhiteLily

60.3K 6.4K 217

"မှားယွင်းသော လက်ထပ်ခြင်းမှသည်..... ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၂)" MM Translation (Just for fun) C... More

Description
Intro- 1
Intro- 2
Intro- 3
Chapter 1.1
Chapter 1.2
Chapter 1.3
Chapter 1.4
Chapter 2.1
Just Information
Chapter 2.2
Chapter 2.3
Chapter 2.4
Chapter 2.5
Chapter 3.1
Chapter 3.2
Chapter 3.3
🎆🎆🎆Happy New Year🎆🎆🎆
Chapter 3.4
Chapter 4.1
Chapter 4.2/4.3
Chapter 4.4/4.5
Chapter 4.6
Chapter 4.7
Chapter 5.1
Chapter 5.2
Chapter 5.3
Chapter 5.4
Chapter 5.5
Chapter 6.1
Chapter 6.2
Chapter 6.3
Chapter 6.4
Chapter 6.5
Chapter 7.1
Chapter 7.2
Chapter 7.3
Chapter 7.4
Chapter 7.5
Chapter 8.1
Chapter 8.2
Chapter 8.3
Chapter 8.4
Chapter 9.1
Chapter 9.2/9.3
Chapter 9.4/9.5
Chapter 9.6/9.7
Chapter 9.8/9.9
Chapter 9.10/9.11
Chapter 10.1/10.2
Chapter 10.3/10.4
Chapter 10.5/10.6
Chapter 10.7/10.8
Chapter 10.9/10.10
Chapter 10.11/10.12
Chapter 10.13/10.14
Chapter 10.15/10.16/10.17
Chapter 11(1,2)
Chapter 11 (3,4)
Chapter 11 (5,6)
Chapter 11.7, 12.1
Chapter 12 (2,3)
Chapter 12 (4,5)
Chapter 12 (6,7)
Chapter 12 (8,9)
Chapter 12 (10,11)
Chapter 12 (12,13)
Chapter 13(1,2)
Chapter 13 (3,4)
Chapter 13 (5,6)
Chapter 13 (7,8)
Chapter 13 (9,10,11)
Chapter 14.1/14.2
Chapter 14.3/14.4
Chapter 14.5/14.6
Chapter 14.7/14.8
Chapter 15.1/15.2
Chapter 15.3/15.4
Chapter 15.5/15.6
Chapter 15.7/15.8
Chapter 15.9/15.10
Chapter 15.11/15.12
Chapter 16.1/16.2
Chapter 16.3/16.4
Chapter 16.5/16.6
Chapter 16.7/16.8
Chapter 16.9/16.10
Chapter 16.11/16.12
Chapter 16.13/16.14
🔊🔊🔊 Telegram PG လေးစပါပြီ

Chapter 3.5

695 87 4
By BlackLily_WhiteLily

အခန်း ၃ နတ်ဆိုးစစ်ရေးနည်းပြ (အပိုင်း ၅)

"တန်းစီ!"

ထိုအသံကို ကြားလိုက်သူများက ကမန်းကတန်းထလိုက်ကြပြီး မောပန်းနွမ်းနယ်လွန်းနေတဲ့ လူတော်တော်များများက သူမအမိန့်ကို နားမထောင်ဘဲ မြက်ခင်းပြင်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေကြသည်။ ကုယွင်က ချက်ချင်းပဲ သူမခြေထောက်ကို မြှောက်ကာ ဝမ်းဗိုက်များကို ပြင်းပြင်းထန်ထန် လိုက်ကန်နေတာကြောင့် နေရာတိုင်းတွင် ခဏတာအတွင်း နာကျင်စွာ ညည်းညူသံများ ထွက်လာသည်။

နောက်ဆုံးတွင် ခက်ခက်ခဲခဲ တန်းစီပြီးနောက်၊ ကုယွင်က ဒေါသတကြီးနဲ့ "နောက်ဆိုရင် ဆယ်စက္ကန့်ထက်ပိုပြီး တန်းစီတာ နောက်ကျတဲ့သူတိုင်း သစ်ပင်ပင်စည်ကို အကြိမ်တစ်ရာ ကန်ရလိမ့်မယ်!"

ဆယ်စက္ကန့်က ဘယ်လောက်ကြာတာလဲ?? အားလုံးက တစ်ယောက်ကို တစ်ယောက် ကြည့်နေကြပေမယ့် ဒီကျားမကြီးနဲ့တော့ သွားမရှုပ်ဝံ့ကြပါဘူး။ အတိုချုပ်ပြောရရင် သူမနဲ့ ဝေးဝေးနေတာက ပိုကောင်းတယ်။

ကုယွင်က သူတို့နှင့် သိပ်မဝေးသောနေရာမှ တောင်ထိပ်ကို ညွှန်ပြရင်း "ရှေ့သုံးလီလောက်မှာ ကျောက်နံရံတစ်ခုရှိတယ်။ ကောကျင့်ယွင် မင်းနဲ့အတူ လူငါးဆယ်ကို ခေါ်သွား၊ ကြိုးတွေကို သယ်ခဲ့၊ တခြားသူတွေက ရှေ့ကို ပြေးသွားတော့"

"ဟုတ်ကဲ့" ဒီတစ်ခါတော့ သူမ လုပ်ချင်တာကို ဘယ်သူမှ မတွန့်ဆုတ်ဝံ့ကြပေ။

အဖွဲ့က ဝေးရာကို သွားနေတာကို မြင်တော့ ဟန်ရှုက တခဏမျှ တုံ့ဆိုင်းသွားပြီး နောက်ကနေ လိုက်လာခဲ့သည်။ သူမ အရမ်းလိုချင်တဲ့ကြိုးတွေ အကြောင်းကိုလည်း သူ သိချင်နေသေးတယ်။

မကြာခင်မှာ ကုယွင် ပြောခဲ့တဲ့ ကျောက်နံရံကို သူတို့ ရောက်လာကြသည်။ ဤတောင်ထွတ်က အနောက်ဘက်မှ တောင်နှင့် ဆက်သွယ်ထားသော တောင်ထွတ်တစ်ခုဖြစ်သည်။ တောင်ထွတ်က ပေခြောက်ဆယ်၊ ခုနစ်ဆယ်ခန့်သာမြင့်သော်လည်း ကျောက်သားနံရံက အလွန်မတ်စောက်ပြီး မျက်နှာပြင်က မညီညာပေ၊ ကျောက်နံရံပေါ်မှာ ကျောက်တုံးများ ပြန့်ကျဲနေပြီး သစ်ပင်များပင် မပေါက်ရောက်နိုင်ပေ။

လူအုပ်စုကြီးက ကျောက်နံရံအောက်တွင် ငြိမ်ငြိမ်လေးရပ်နေကာ ကုယွင်က သူတို့ကို လေ့ကျင့်ရန် ထူးဆန်းသော နည်းလမ်းတစ်ခု ပြောလာမည်ကို စိုးရိမ်နေကြသည်။ သူတို့အားလုံး အနည်းငယ် ကြောက်ရွံ့နေပေမယ့် ရှင်းမပြနိုင်လောက်အောင် စိတ်လှုပ်ရှားနေကြသေးသည်။

ကုယွင်က သူတို့ကို အချိန်အကြာကြီး မမှန်းဆခိုင်းတော့ဘဲ ချောမွေ့ပြီး မတ်စောက်တဲ့ ကျောက်နံရံကို ညွှန်ပြပြီး "အဲ့နေရာကို လက်ဗလာနဲ့ တက်နိုင်တဲ့သူတွေ ထွက်လာခဲ့"

လက်ဗလာလား? တပ်သားအုပ်စုက အေးစက်တဲ့လေကို ရှုရှိုက်မိလိုက်ကြပြီး သစ်ပင်ကင်းမဲ့နေ ကျောက်နံရံကို ပြန်ကြည့်လိုက်မိကြသည်။ သူတို့က ချင်ကုန်းကို ကျွမ်းကျင်သော သိုင်းပညာရှင်များ မဟုတ်ကြပေ၊ သူတို့လိုသာမန်လူတွေက သူတို့ဘဝအတွက် စိတ်အားထက်သန်မှုမရှိတော့မှသာလျှင် ထိုနေရာသို့ သွားကြမည်ဖြစ်သည်။ (ချင်ကုန်းဆိုတာက ကမ္ဘာမြေဆွဲအားကို ဆန့်ကျင်ပြီး ပေါ့ပေါးပါးပါး လုပ်ရှားနိုင်အောင် လေ့ကျင့်တဲ့ တရုတ်ရိုးရာ ပညာရပ်တစ်ခုပါ၊ ကိုယ်တွေခေါ်တာတော့ အတွင်းအားပေါ့)

ဟန်ရှုက ကုယွင်ကို သံသယနဲ့ လှမ်းကြည့်လိုက်သည်။ သူမက သူတို့အသက်တွေကို လိုချင်နေတာလား? ကျောက်နံရံက အရမ်းမမြင့်ပေမယ့် ပြုတ်ကျရင် သေစေနိုင်သည်။ အဖွဲ့တစ်ခုလုံး သေမင်းတမန်ကို တွေ့လိုက်ရသလို တိတ်ဆိတ်သွားပြီးနောက် လူတစ်ချို့က အမှန်တကယ်ပင် ထွက်လာခဲ့သည်။

ကောကျင့်ယွင်နဲ့ လမ်ရှောင်းတို့ ပါနေမယ်ဆိုတာ ပြောစရာတောင် မလိုပါဘူး။ သူတို့နောက်မှာတော့ အားကောင်းပြီး သန်မာတယ်လို့ ထင်ရတဲ့ လူငယ်တစ်ဒါဇင်ကျော်ကျော်လောက်ကို မြင်နိုင်သည်။

နှစ်ဆယ်။ ကုယွင်က သူမမျက်နှာမှာ ခံစားချက် ဒါမှမဟုတ် ဒေါသတွေ မပြဘဲ သူတို့ကို တိတ်တဆိတ် ရေတွက်လိုက်သည်။ ထိုနောက် သူမက "လူတိုင်း သုံးဖို့ ကြိုးတစ်ချောင်းစီ သွားရွေးလိုက်"

လူနှစ်ဆယ်က တစ်ယောက်တိုင်းတွင် လျှော်ကြိုးတစ်ချောင်းစီကို ကိုင်ထားကြသည်။ ကုယွင်က အလွန်မက်စောက်သော ကျောက်နံရံမှ ဆန့်ထွက်နေသော အကိုင်းအခက်များထူထပ်သော တောင်ထိပ်ပေါ်ရှိ သစ်ပင်ကြီးနှစ်ပင်ကို လက်ညှိုးထိုးပြကာ "မင်းတို့ ကြိုးရဲ့တစ်ဖက်ကို ကိုင်ထားပြီး နောက်တစ်ဘက်ကို အဲ့ပေါ်ကအကိုင်းကို ချည်နိုင်မယ့် နည်းလမ်းကို စဥ်းစားကြည့်ကြ၊ အဲ့ကိစ္စ မင်းတို့လက်ထဲကို အပ်လိုက်မယ်၊ တစ်စကို သစ်ပင်မှာ ချည်ပြီးရင် နောက်တစ်စကို ငါ့လက်ထဲ လာအပ်ကြ"

အကိုင်းကို ချည်ရမှာလား? သူတို့လက်ထဲက လျှော်ကြိုးက တစ်လက်မလောက် ထူပြီး အကြမ်းခံနိုင်ပေမယ့် အရမ်းပျော့ပျောင်းတယ်။ အမြင့် ပေခြောက်ဆယ်ကနေ ခုနစ်ဆယ်အထိမြင့်တဲ့နေရာက သစ်ပင်ရဲ့ ပင်စည်ကို ဘယ်လိုလှမ်းချည်နိုင်မလဲ။

ကုယွင်က သူတို့ကို မကြည့်ဘဲ တိတ်တိတ်ဆိတ်ဆိတ် မတ်မတ်ရပ်နေလိုက်သည်။

ကောကျင့်ယွင်က သူ့ခေါင်းကို မော့လိုက်ပြီး အမြင့်ကို အနီးကပ် ကြည့်လိုက်သည်။ ရုတ်တရက် သူက ကျောက်နံရံ၏ အောက်ခြေသို့ လျှောက်သွားပြီး ကြိုးတစ်ဖက်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ကာ စက်ဝိုင်းပုံအတိုင်း လှည့်လိုက်သည်။

ကုယွင်က တိတ်တိတ်လေး သက်ပြင်းချလိုက်သည်။ သူက ကြိုးကို လွှင့်တင်ရန် inertia ကို သုံးချင်နေသည်။ ကြိုးက ပေါ့ပါးလွန်းပေမယ့် သူ့ရဲ့လက်မောင်းမှ ခွန်အားက အလွန်သန်မာသည်။ အကြိမ်ပေါင်းများစွာ လှုပ်ယမ်းပြီးနောက် ကောကျင့်ယွင်က သူ့လက်ကို လွှတ်လိုက်ပြီး ကြိုးက မြွေတစ်ကောင်ကဲ့သို့ တောင်ထိပ်သို့ ပျံတက်သွားကာ သစ်ပင်၏ပင်စည်ကို ရစ်ပတ်မိသွားပြီး ဖြည်းညှင်းစွာ ပြန်ကျလာခဲ့သည်။

သူ အောင်မြင်တာကြောင့် အခြားသူများလည်း ဤနည်းဖြင့် ကြိုးကို လွှင့်တင်နိုင်မည်ဟု မဆိုလိုနိုင်ပေ။ လမ်ရှောင်းက ခဏလောက်စဉ်းစားပြီးနေပြီးမှ ကျောက်နံရံအောက်ရှိ အပျက်အစီးပုံဆီသို့ လျှောက်သွားကာ လက်သီးအရွယ် ကျောက်တုံးတစ်တုံးကို ကောက်ူလိုက်သည်။ သူက ကျောက်တုံးကို ကြိုး၏တစ်ဖက်တွင် ချည်နှောင်ကာ ကျောက်တုံးကို ပစ်လိုက်ရာ ကျောက်တုံးက သစ်ပင်ကို ပတ်မိပြီး ကြိုးစနှင့်အတူ ပြန်ပြုတ်ကျလာသည်။

ကုယွင်က သူမနှုတ်ခမ်းထောင့်ကို မြှောက်လိုက်သည်၊ ဟုတ်တယ်၊ သူမက သတ္တိရှိတဲ့သူတွေကို သဘောကျသလို ဥာဏ်ကောင်းတဲ့သူတွေကိုလည်း သဘောကျတယ်။

လမ်ရှောင်းရဲ့နည်းလမ်းက ပိုလွယ်ပြီး တခြားသူတွေလည်း လိုက်လုပ်နိုင်ကြသည်။ မကြာခင်မှာပဲ တခြားသူတွေက တောင်ထိပ်က သစ်ကိုင်းတွေကို ချည်ပြီး နောက်ကြိုးတစ်စကို ကုယွင်လက်ထဲသို့ အပ်လိုက်ကြသည်။

နောက်တော့ ကုယွင်က သူတို့ခါးမှာ ကြိုးတစ်စကို ချည်စေပြီး ကျောက်နံရံအောက်မှာ အဆင်သင့်ပြင် ခိုင်းလိုက်သည်။ ကုယွင်က နောက်ကြိုးတစ်စကို အောက်မှာစောင့်နေတဲ့ တပ်သားတွေကို ပေးလိုက်ပြီး "သူတို့ကို ကြိုးနဲ့ ဆွဲတင်ပေးနေဖို့ မလိုအပ်ဘူး၊ ကြိုးကိုပဲ တင်းတင်းကြပ်ကြပ် ကိုင်ထားကြ။ မတော်တဆ သူတို့ ပြုတ်ကျသွားရင် သူတို့ကို ကာကွယ်နိုင်ဖို့ ကြိုးကို အလျော့အတင်းလုပ်ဖို့ သေချာ ထိန်းထား" (T/N: သစ်ပင်ကို အလယ်မှာ ထားပြီး ကြိုးနှစ်စကို တက်မယ်သူတွေက တစ်စ အောက်ကလူတွေက တစ်စကိုင်ထားတာမျိုးပါ၊ သစ်ပင်ကို pully သဘောမျိုးသုံးပြီး ဆွဲတင် ဆွဲချလုပ်တာမျိုးပါ)

"ဟုတ်ကဲ့"

ဘေးကင်းရေး ပြင်ဆင်မှုအားလုံးကို ပြုလုပ်ပြီးနောက်၊ ကုယွင်က ကျောက်နံရံအောက်ရှိ လူနှစ်ဆယ်ကို ကျယ်လောင်စွာ အမိန့်ပေးလလိုက်သည်။ "တက်တော့"

လူများစွာက သူတို့၏ အင်အားကို မတန်တဆ တွက်ဆခဲ့ကြသည်။ ကျောက်နံရံ၏ သုံးပုံတစ်ပုံကို မတက်နိုင်မီတွင် လူလေးငါးယောက်က ပြုတ်ကျခဲ့ပြီး ဖြစ်နေသည်။ ဆက်တက်နိုင်သူတွေကလည်း ပုရွက်ဆိတ်များထက်တောင် နှေးကွေးနေကြသေးသည်။

ကုယွင်က ကောကျင့်ယွင်ကို ကြည့်လိုက်သည်။ ဒီလောက်ကောင်းတဲ့ လက်မောင်းသန်မာတဲ့သူက အမြန်ဆုံးဖြစ်သင့်တယ်လို့ သူမ ထင်ခဲ့ပေမဲ့ သူမ မှားသွားခဲ့သည်။ အမြန်ဆုံးကတော့ လမ်ရှောင်းပါ။ သူ့ခြေလှမ်းတွေက ပေါ့ပါးသွက်လက်နေရုံသာမက သူ့ရဲ့ ညှိနှိုင်းဆောင်ရွက်မှုကလည်း အထူးကောင်းမွန်နေတယ်၊ တောင်ထိပ်ကို ရောက်လုနီးနီးမှာ ချွန်ထွက်နေတဲ့ ကျောက်တုံးကြီးပေါ်ကို အားယူပြီး အံ့အားသင့်စရာကောင်းလောက်အောင် အပေါ်ကို ခုန်တက်သွားတယ်၊ ဒါက ဒဏ္ဍာရီဆန်တဲ့ ချင်ကုန်းပဲလား???

ကောကျင့်ယွင်ကို တစ်ဖန် ကြည့်လိုက်တော့ သူ့လက်မောင်းများက သန်မာလွန်းနေပြီး အနည်းငယ် နှေးကွေးနေသော်လည်း သူက တည်ငြိမ်သောအရှိန်ဖြင့် အမှန်တကယ် တက်နိုင်ခဲ့သည်။

ရှီးချန်တစ်ဝက်အကြာတွင် အားလုံးက နောက်ဆုံးတွင် မြေပြင်ပေါ်သို့ ပြန်ရောက်ကြသော်လည်း လူကိုးဦးသာ တောင်တက်ခြင်းလုပ်ငန်းစဉ်ကို ပြီးမြောက်ခဲ့သည်။

ကိုးယောက်!

ကုယွင်၏ မျက်နှာက မည်းမှောင်နေပြီး သူမ၏မျက်လုံးများက အေးစက်လွန်းနေတာကြောင့် တစ်ခုခု မကောင်းတော့မှန်း သူတို့အားလုံး သိနေကြသည်။ သေချာပါတယ်၊ ကုယွင်က အဖွဲ့ရှေ့မှာ ရပ်နေပြီး တောင်လောက်မြင့်တဲ့ လူတစ်စုကို လက်ညှိုးထိုးနေကာ "လူငါးရာ၊ လူငါးရာ! ဒါပေမယ့် လူကိုးယောက်ပဲ တက်နိုင်ခဲ့တယ်။ ရန်သူစခန်းက ချောက်ကမ်းပါးရှေ့မှာဆိုရင် မင်းတို့ ရန်သူကို ဘယ်လိုသတ်တာလဲ???"

တစ်ယောက်ချင်းစီက သူမကို တုန့်ပြန်လိုက်တဲ့အဖြေက ခေါင်းငုံ့လိုက် ကြတာပါ။

လိပ်ထက်နှေးတဲ့ အရှိန်နဲ့ တောင်ထိပ်ကို ရောက်သွားခဲ့တဲ့ လူအနည်းငယ်ကို လှည့်ကြည့်လိုက်ပြီး ကုယွင်က ကြိမ်းမောင်းလိုက်ပြန်သည်။ "ပြီးတော့ မင်းတို့၊ ပေတစ်ရာထက် မပိုတဲ့အမြင့်ကိုတက်ဖို့ နှစ်နာရီလောက် အချိန်ယူရတယ်။ ငါတော်တော် အံသြတယ်၊ ဒီအရှိန်မျိုးနဲ့ ရန်သူကို ရင်ဆိုင်ရင် အပေါ်ကနေ ကျောက်ခဲနဲ့ ဆီပူလောင်းချရင် မင်းတို့ အသက်ရှင်နိုင်ဦးမှာလား" (အတိုင်းအတာတွေ အချိန်တွေကို တကယ်ကို ပေတို့ နာရီတို့ ရေးထားတယ်၊ မှားရေးတာလား၊ ကုယွင်က ဒေါသထွက်နေလို့ မှားပြောတဲ့အနေနဲ့ သုံးထားတာလား မသေချာပါဘူး၊ ဒါပေမယ့် အ‌ရှေ့မှာ စက္ကန့်လို့ ကုယွင်ပြောလိုက်တုန်းက တပ်သားတွေက ဘာပြောမှန်းနားမလည်ဘူးလို့ ရေးထားတာမျိုးရှိတာဆိုတော့ ကိုယ့်အမြင်ကတော့ တမင်သုံးထားတယ်ထင်တယ်၊)

ရှက်ကိုးရှက်ကန်းဖြစ်နေသော မျက်လုံးများကိုသာ အဖြေ အဖြစ်တုံပြန်လာကြသည်။

ကုယွင်က ကောကျင့်ယွင်နှင့် လမ်ရှောင်းထံသို့ လျှောက်သွားလိုက်ပြီး "မင်းတို့နှစ်ယောက်က ငါ့အတွက် စိတ်ပျက်ဖို့ အကောင်းဆုံးပဲ။ ခေါင်းဆောင်တွေဖြစ်ပြီး မင်းတို့မှာ အဖွဲ့လိုက် စိတ်ဓာတ် မရှိဘူး။ မင်းတို့ ထိပ်ကို ရောက်သွားတာတောင် တခြားလူတွေကို ပြန်ကူညီဖို့ တချက်တောင် မတွေးမိကြဘူး၊ ရဲဘော်အချင်းချင်း စည်းစည်းလုံးလုံးနဲ့ ကူညီရကောင်းမှန်း မသိတဲ့ အသင်းဆိုတာက အမှိုက်သက်သက်ပဲ"

တိတ်ဆိတ်နေသော မျက်လုံးနှစ်စုံက သူမကို ဘာမှ တုန့်ပြန်မလာခဲ့ပေ။

ကုယွင်က အော်ဟစ်ပြီးနောက် သူတို့ကို ဂရုမစိုက်တော့ဘဲ နောက်ပြန်လှည့်ထွက်သွားသည်။ သူမက သူမဒေါသကို ဖောက်ခွဲချင်နေခဲ့သည်။ သူမက သူမကိုယ်သူမ တကယ်ကို ဒုက္ခပေးမိခဲ့တယ်၊ ဒီလိုအရည်အသွေးမျိုးနဲ့လူတွေကို လေ့ကျင့်ပေးရတာက အလကားပဲ အချိန်ကုန်တယ်!

အချိန်အတော်ကြာပြီးနောက် သူမအနောက်မှ ထူးဆန်းသော အသံများ ထွက်ပေါ်လာသည်။ ကုယွင် လှည့်ကြည့်လိုက်တော့ သူမကို နှောင့်ယှက်ခဲ့နေသော လူတစ်စုက သူမ၏သွေးများကို ပူနွေးစေခဲ့သည်။ သူတို့အားလုံးက မြေပြင်ပေါ်တွင် ဒူးတစ်ဖက်ထောက် ဒူးတစ်ဖက်ထောင်အနေအထားဖြင့် လက်သီးများ ဆုပ်ကိုင်ထားလျက် ခိုင်မာရိုးသားသော မျက်လုံးများဖြင့် သူမကို စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။

"ခေါင်းဆောင်... ကျွန်တော်တို့ကို တောင်တက်နည်း သင်ပေးပါ၊ တောင်ဆိုပါတယ်!" ညီသာသော အော်သံက ဆူညံနေပြီး ကုယွင်၏ နှလုံးသားကိုတောင် ထိတ်လန့်သွားစေခဲ့သည်။

❤️❤️❤️Thank you so much for your lovely supports❤️❤️❤️


အခန္း ၃ နတ္ဆိုးစစ္ေရးနည္းျပ (အပိုင္း ၅)

"တန္းစီ!"

ထိုအသံကို ၾကားလိုက္သူမ်ားက ကမန္းကတန္းထလိုက္ၾကၿပီး ေမာပန္းႏြမ္းနယ္လြန္းေနတဲ့ လူေတာ္ေတာ္မ်ားမ်ားက သူမအမိန႔္ကို နားမေထာင္ဘဲ ျမက္ခင္းျပင္မွာ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေမာက်ေနၾကသည္။ ကုယြင္က ခ်က္ခ်င္းပဲ သူမေျခေထာက္ကို ေျမႇာက္ကာ ဝမ္းဗိုက္မ်ားကို ျပင္းျပင္းထန္ထန္ လိုက္ကန္ေနတာေၾကာင့္ ေနရာတိုင္းတြင္ ခဏတာအတြင္း နာက်င္စြာ ညည္းညဴသံမ်ား ထြက္လာသည္။

ေနာက္ဆုံးတြင္ ခက္ခက္ခဲခဲ တန္းစီၿပီးေနာက္၊ ကုယြင္က ေဒါသတႀကီးနဲ႔ "ေနာက္ဆိုရင္ ဆယ္စကၠန႔္ထက္ပိုၿပီး တန္းစီတာ ေနာက္က်တဲ့သူတိုင္း သစ္ပင္ပင္စည္ကို အႀကိမ္တစ္ရာ ကန္ရလိမ့္မယ္!"

ဆယ္စကၠန႔္က ဘယ္ေလာက္ၾကာတာလဲ?? အားလုံးက တစ္ေယာက္ကို တစ္ေယာက္ ၾကည့္ေနၾကေပမယ့္ ဒီက်ားမႀကီးနဲ႔ေတာ့ သြားမရႈပ္ဝံ့ၾကပါဘူး။ အတိုခ်ဳပ္ေျပာရရင္ သူမနဲ႔ ေဝးေဝးေနတာက ပိုေကာင္းတယ္။

ကုယြင္က သူတို႔ႏွင့္ သိပ္မေဝးေသာေနရာမွ ေတာင္ထိပ္ကို ၫႊန္ျပရင္း "ေရွ႕သုံးလီေလာက္မွာ ေက်ာက္နံရံတစ္ခုရွိတယ္။ ေကာက်င့္ယြင္ မင္းနဲ႔အတူ လူငါးဆယ္ကို ေခၚသြား၊ ႀကိဳးေတြကို သယ္ခဲ့၊ တျခားသူေတြက ေရွ႕ကို ေျပးသြားေတာ့"

"ဟုတ္ကဲ့" ဒီတစ္ခါေတာ့ သူမ လုပ္ခ်င္တာကို ဘယ္သူမွ မတြန႔္ဆုတ္ဝံ့ၾကေပ။

အဖြဲ႕က ေဝးရာကို သြားေနတာကို ျမင္ေတာ့ ဟန္ရႈက တခဏမွ် တုံ႔ဆိုင္းသြားၿပီး ေနာက္ကေန လိုက္လာခဲ့သည္။ သူမ အရမ္းလိုခ်င္တဲ့ႀကိဳးေတြ အေၾကာင္းကိုလည္း သူ သိခ်င္ေနေသးတယ္။

မၾကာခင္မွာ ကုယြင္ ေျပာခဲ့တဲ့ ေက်ာက္နံရံကို သူတို႔ ေရာက္လာၾကသည္။ ဤေတာင္ထြတ္က အေနာက္ဘက္မွ ေတာင္ႏွင့္ ဆက္သြယ္ထားေသာ ေတာင္ထြတ္တစ္ခုျဖစ္သည္။ ေတာင္ထြတ္က ေပေျခာက္ဆယ္၊ ခုနစ္ဆယ္ခန႔္သာျမင့္ေသာ္လည္း ေက်ာက္သားနံရံက အလြန္မတ္ေစာက္ၿပီး မ်က္ႏွာျပင္က မညီညာေပ၊ ေက်ာက္နံရံေပၚမွာ ေက်ာက္တုံးမ်ား ျပန႔္က်ဲေနၿပီး သစ္ပင္မ်ားပင္ မေပါက္ေရာက္ႏိုင္ေပ။

လူအုပ္စုႀကီးက ေက်ာက္နံရံေအာက္တြင္ ၿငိမ္ၿငိမ္ေလးရပ္ေနကာ ကုယြင္က သူတို႔ကို ေလ့က်င့္ရန္ ထူးဆန္းေသာ နည္းလမ္းတစ္ခု ေျပာလာမည္ကို စိုးရိမ္ေနၾကသည္။ သူတို႔အားလုံး အနည္းငယ္ ေၾကာက္႐ြံ႕ေနေပမယ့္ ရွင္းမျပႏိုင္ေလာက္ေအာင္ စိတ္လႈပ္ရွားေနၾကေသးသည္။

ကုယြင္က သူတို႔ကို အခ်ိန္အၾကာႀကီး မမွန္းဆခိုင္းေတာ့ဘဲ ေခ်ာေမြ႕ၿပီး မတ္ေစာက္တဲ့ ေက်ာက္နံရံကို ၫႊန္ျပၿပီး "အဲ့ေနရာကို လက္ဗလာနဲ႔ တက္ႏိုင္တဲ့သူေတြ ထြက္လာခဲ့"

လက္ဗလာလား? တပ္သားအုပ္စုက ေအးစက္တဲ့ေလကို ရႈရႈိက္မိလိုက္ၾကၿပီး သစ္ပင္ကင္းမဲ့ေန ေက်ာက္နံရံကို ျပန္ၾကည့္လိုက္မိၾကသည္။ သူတို႔က ခ်င္ကုန္းကို ကြၽမ္းက်င္ေသာ သိုင္းပညာရွင္မ်ား မဟုတ္ၾကေပ၊ သူတို႔လိုသာမန္လူေတြက သူတို႔ဘဝအတြက္ စိတ္အားထက္သန္မႈမရွိေတာ့မွသာလွ်င္ ထိုေနရာသို႔ သြားၾကမည္ျဖစ္သည္။ (ခ်င္ကုန္းဆိုတာက ကမာၻေျမဆြဲအားကို ဆန႔္က်င္ၿပီး ေပါ့ေပါးပါးပါး လုပ္ရွားႏိုင္ေအာင္ ေလ့က်င့္တဲ့ တ႐ုတ္႐ိုးရာ ပညာရပ္တစ္ခုပါ၊ ကိုယ္ေတြေခၚတာေတာ့ အတြင္းအားေပါ့)

ဟန္ရႈက ကုယြင္ကို သံသယနဲ႔ လွမ္းၾကည့္လိုက္သည္။ သူမက သူတို႔အသက္ေတြကို လိုခ်င္ေနတာလား? ေက်ာက္နံရံက အရမ္းမျမင့္ေပမယ့္ ျပဳတ္က်ရင္ ေသေစႏိုင္သည္။ အဖြဲ႕တစ္ခုလုံး ေသမင္းတမန္ကို ေတြ႕လိုက္ရသလို တိတ္ဆိတ္သြားၿပီးေနာက္ လူတစ္ခ်ိဳ႕က အမွန္တကယ္ပင္ ထြက္လာခဲ့သည္။

ေကာက်င့္ယြင္နဲ႔ လမ္ေရွာင္းတို႔ ပါေနမယ္ဆိုတာ ေျပာစရာေတာင္ မလိုပါဘူး။ သူတို႔ေနာက္မွာေတာ့ အားေကာင္းၿပီး သန္မာတယ္လို႔ ထင္ရတဲ့ လူငယ္တစ္ဒါဇင္ေက်ာ္ေက်ာ္ေလာက္ကို ျမင္ႏိုင္သည္။

ႏွစ္ဆယ္။ ကုယြင္က သူမမ်က္ႏွာမွာ ခံစားခ်က္ ဒါမွမဟုတ္ ေဒါသေတြ မျပဘဲ သူတို႔ကို တိတ္တဆိတ္ ေရတြက္လိုက္သည္။ ထိုေနာက္ သူမက "လူတိုင္း သုံးဖို႔ ႀကိဳးတစ္ေခ်ာင္းစီ သြားေ႐ြးလိုက္"

လူႏွစ္ဆယ္က တစ္ေယာက္တိုင္းတြင္ ေလွ်ာ္ႀကိဳးတစ္ေခ်ာင္းစီကို ကိုင္ထားၾကသည္။ ကုယြင္က အလြန္မက္ေစာက္ေသာ ေက်ာက္နံရံမွ ဆန႔္ထြက္ေနေသာ အကိုင္းအခက္မ်ားထူထပ္ေသာ ေတာင္ထိပ္ေပၚရွိ သစ္ပင္ႀကီးႏွစ္ပင္ကို လက္ညႇိဳးထိုးျပကာ "မင္းတို႔ ႀကိဳးရဲ႕တစ္ဖက္ကို ကိုင္ထားၿပီး ေနာက္တစ္ဘက္ကို အဲ့ေပၚကအကိုင္းကို ခ်ည္ႏိုင္မယ့္ နည္းလမ္းကို စဥ္းစားၾကည့္ၾက၊ အဲ့ကိစၥ မင္းတို႔လက္ထဲကို အပ္လိုက္မယ္၊ တစ္စကို သစ္ပင္မွာ ခ်ည္ၿပီးရင္ ေနာက္တစ္စကို ငါ့လက္ထဲ လာအပ္ၾက"

အကိုင္းကို ခ်ည္ရမွာလား? သူတို႔လက္ထဲက ေလွ်ာ္ႀကိဳးက တစ္လက္မေလာက္ ထူၿပီး အၾကမ္းခံႏိုင္ေပမယ့္ အရမ္းေပ်ာ့ေပ်ာင္းတယ္။ အျမင့္ ေပေျခာက္ဆယ္ကေန ခုနစ္ဆယ္အထိျမင့္တဲ့ေနရာက သစ္ပင္ရဲ႕ ပင္စည္ကို ဘယ္လိုလွမ္းခ်ည္ႏိုင္မလဲ။

ကုယြင္က သူတို႔ကို မၾကည့္ဘဲ တိတ္တိတ္ဆိတ္ဆိတ္ မတ္မတ္ရပ္ေနလိုက္သည္။

ေကာက်င့္ယြင္က သူ႔ေခါင္းကို ေမာ့လိုက္ၿပီး အျမင့္ကို အနီးကပ္ ၾကည့္လိုက္သည္။ ႐ုတ္တရက္ သူက ေက်ာက္နံရံ၏ ေအာက္ေျခသို႔ ေလွ်ာက္သြားၿပီး ႀကိဳးတစ္ဖက္ကို တင္းတင္းၾကပ္ၾကပ္ဆုပ္ကိုင္ကာ စက္ဝိုင္းပုံအတိုင္း လွည့္လိုက္သည္။

ကုယြင္က တိတ္တိတ္ေလး သက္ျပင္းခ်လိုက္သည္။ သူက ႀကိဳးကို လႊင့္တင္ရန္ inertia ကို သုံးခ်င္ေနသည္။ ႀကိဳးက ေပါ့ပါးလြန္းေပမယ့္ သူ႔ရဲ႕လက္ေမာင္းမွ ခြန္အားက အလြန္သန္မာသည္။ အႀကိမ္ေပါင္းမ်ားစြာ လႈပ္ယမ္းၿပီးေနာက္ ေကာက်င့္ယြင္က သူ႔လက္ကို လႊတ္လိုက္ၿပီး ႀကိဳးက ေႁမြတစ္ေကာင္ကဲ့သို႔ ေတာင္ထိပ္သို႔ ပ်ံတက္သြားကာ သစ္ပင္၏ပင္စည္ကို ရစ္ပတ္မိသြားၿပီး ျဖည္းညႇင္းစြာ ျပန္က်လာခဲ့သည္။

သူ ေအာင္ျမင္တာေၾကာင့္ အျခားသူမ်ားလည္း ဤနည္းျဖင့္ ႀကိဳးကို လႊင့္တင္ႏိုင္မည္ဟု မဆိုလိုႏိုင္ေပ။ လမ္ေရွာင္းက ခဏေလာက္စဥ္းစားၿပီးေနၿပီးမွ ေက်ာက္နံရံေအာက္ရွိ အပ်က္အစီးပုံဆီသို႔ ေလွ်ာက္သြားကာ လက္သီးအ႐ြယ္ ေက်ာက္တုံးတစ္တုံးကို ေကာက္ူလိုက္သည္။ သူက ေက်ာက္တုံးကို ႀကိဳး၏တစ္ဖက္တြင္ ခ်ည္ေႏွာင္ကာ ေက်ာက္တုံးကို ပစ္လိုက္ရာ ေက်ာက္တုံးက သစ္ပင္ကို ပတ္မိၿပီး ႀကိဳးစႏွင့္အတူ ျပန္ျပဳတ္က်လာသည္။

ကုယြင္က သူမႏႈတ္ခမ္းေထာင့္ကို ေျမႇာက္လိုက္သည္၊ ဟုတ္တယ္၊ သူမက သတၱိရွိတဲ့သူေတြကို သေဘာက်သလို ဥာဏ္ေကာင္းတဲ့သူေတြကိုလည္း သေဘာက်တယ္။

လမ္ေရွာင္းရဲ႕နည္းလမ္းက ပိုလြယ္ၿပီး တျခားသူေတြလည္း လိုက္လုပ္ႏိုင္ၾကသည္။ မၾကာခင္မွာပဲ တျခားသူေတြက ေတာင္ထိပ္က သစ္ကိုင္းေတြကို ခ်ည္ၿပီး ေနာက္ႀကိဳးတစ္စကို ကုယြင္လက္ထဲသို႔ အပ္လိုက္ၾကသည္။

ေနာက္ေတာ့ ကုယြင္က သူတို႔ခါးမွာ ႀကိဳးတစ္စကို ခ်ည္ေစၿပီး ေက်ာက္နံရံေအာက္မွာ အဆင္သင့္ျပင္ ခိုင္းလိုက္သည္။ ကုယြင္က ေနာက္ႀကိဳးတစ္စကို ေအာက္မွာေစာင့္ေနတဲ့ တပ္သားေတြကို ေပးလိုက္ၿပီး "သူတို႔ကို ႀကိဳးနဲ႔ ဆြဲတင္ေပးေနဖို႔ မလိုအပ္ဘူး၊ ႀကိဳးကိုပဲ တင္းတင္းၾကပ္ၾကပ္ ကိုင္ထားၾက။ မေတာ္တဆ သူတို႔ ျပဳတ္က်သြားရင္ သူတို႔ကို ကာကြယ္ႏိုင္ဖို႔ ႀကိဳးကို အေလ်ာ့အတင္းလုပ္ဖို႔ ေသခ်ာ ထိန္းထား" (T/N: သစ္ပင္ကို အလယ္မွာ ထားၿပီး ႀကိဳးႏွစ္စကို တက္မယ္သူေတြက တစ္စ ေအာက္ကလူေတြက တစ္စကိုင္ထားတာမ်ိဳးပါ၊ သစ္ပင္ကို pully သေဘာမ်ိဳးသုံးၿပီး ဆြဲတင္ ဆြဲခ်လုပ္တာမ်ိဳးပါ)

"ဟုတ္ကဲ့"

ေဘးကင္းေရး ျပင္ဆင္မႈအားလုံးကို ျပဳလုပ္ၿပီးေနာက္၊ ကုယြင္က ေက်ာက္နံရံေအာက္ရွိ လူႏွစ္ဆယ္ကို က်ယ္ေလာင္စြာ အမိန႔္ေပးလလိုက္သည္။ "တက္ေတာ့"

လူမ်ားစြာက သူတို႔၏ အင္အားကို မတန္တဆ တြက္ဆခဲ့ၾကသည္။ ေက်ာက္နံရံ၏ သုံးပုံတစ္ပုံကို မတက္ႏိုင္မီတြင္ လူေလးငါးေယာက္က ျပဳတ္က်ခဲ့ၿပီး ျဖစ္ေနသည္။ ဆက္တက္ႏိုင္သူေတြကလည္း ပု႐ြက္ဆိတ္မ်ားထက္ေတာင္ ေႏွးေကြးေနၾကေသးသည္။

ကုယြင္က ေကာက်င့္ယြင္ကို ၾကည့္လိုက္သည္။ ဒီေလာက္ေကာင္းတဲ့ လက္ေမာင္းသန္မာတဲ့သူက အျမန္ဆုံးျဖစ္သင့္တယ္လို႔ သူမ ထင္ခဲ့ေပမဲ့ သူမ မွားသြားခဲ့သည္။ အျမန္ဆုံးကေတာ့ လမ္ေရွာင္းပါ။ သူ႔ေျခလွမ္းေတြက ေပါ့ပါးသြက္လက္ေန႐ုံသာမက သူ႔ရဲ႕ ညႇိႏႈိင္းေဆာင္႐ြက္မႈကလည္း အထူးေကာင္းမြန္ေနတယ္၊ ေတာင္ထိပ္ကို ေရာက္လုနီးနီးမွာ ခြၽန္ထြက္ေနတဲ့ ေက်ာက္တုံးႀကီးေပၚကို အားယူၿပီး အံ့အားသင့္စရာေကာင္းေလာက္ေအာင္ အေပၚကို ခုန္တက္သြားတယ္၊ ဒါက ဒ႑ာရီဆန္တဲ့ ခ်င္ကုန္းပဲလား???

ေကာက်င့္ယြင္ကို တစ္ဖန္ ၾကည့္လိုက္ေတာ့ သူ႔လက္ေမာင္းမ်ားက သန္မာလြန္းေနၿပီး အနည္းငယ္ ေႏွးေကြးေနေသာ္လည္း သူက တည္ၿငိမ္ေသာအရွိန္ျဖင့္ အမွန္တကယ္ တက္ႏိုင္ခဲ့သည္။

ရွီးခ်န္တစ္ဝက္အၾကာတြင္ အားလုံးက ေနာက္ဆုံးတြင္ ေျမျပင္ေပၚသို႔ ျပန္ေရာက္ၾကေသာ္လည္း လူကိုးဦးသာ ေတာင္တက္ျခင္းလုပ္ငန္းစဥ္ကို ၿပီးေျမာက္ခဲ့သည္။

ကိုးေယာက္!

ကုယြင္၏ မ်က္ႏွာက မည္းေမွာင္ေနၿပီး သူမ၏မ်က္လုံးမ်ားက ေအးစက္လြန္းေနတာေၾကာင့္ တစ္ခုခု မေကာင္းေတာ့မွန္း သူတို႔အားလုံး သိေနၾကသည္။ ေသခ်ာပါတယ္၊ ကုယြင္က အဖြဲ႕ေရွ႕မွာ ရပ္ေနၿပီး ေတာင္ေလာက္ျမင့္တဲ့ လူတစ္စုကို လက္ညႇိဳးထိုးေနကာ "လူငါးရာ၊ လူငါးရာ! ဒါေပမယ့္ လူကိုးေယာက္ပဲ တက္ႏိုင္ခဲ့တယ္။ ရန္သူစခန္းက ေခ်ာက္ကမ္းပါးေရွ႕မွာဆိုရင္ မင္းတို႔ ရန္သူကို ဘယ္လိုသတ္တာလဲ???"

တစ္ေယာက္ခ်င္းစီက သူမကို တုန႔္ျပန္လိုက္တဲ့အေျဖက ေခါင္းငုံ႔လိုက္ ၾကတာပါ။

လိပ္ထက္ေႏွးတဲ့ အရွိန္နဲ႔ ေတာင္ထိပ္ကို ေရာက္သြားခဲ့တဲ့ လူအနည္းငယ္ကို လွည့္ၾကည့္လိုက္ၿပီး ကုယြင္က ႀကိမ္းေမာင္းလိုက္ျပန္သည္။ "ၿပီးေတာ့ မင္းတို႔၊ ေပတစ္ရာထက္ မပိုတဲ့အျမင့္ကိုတက္ဖို႔ ႏွစ္နာရီေလာက္ အခ်ိန္ယူရတယ္။ ငါေတာ္ေတာ္ အံၾသတယ္၊ ဒီအရွိန္မ်ိဳးနဲ႔ ရန္သူကို ရင္ဆိုင္ရင္ အေပၚကေန ေက်ာက္ခဲနဲ႔ ဆီပူေလာင္းခ်ရင္ မင္းတို႔ အသက္ရွင္ႏိုင္ဦးမွာလား" (အတိုင္းအတာေတြ အခ်ိန္ေတြကို တကယ္ကို ေပတို႔ နာရီတို႔ ေရးထားတယ္၊ မွားေရးတာလား၊ ကုယြင္က ေဒါသထြက္ေနလို႔ မွားေျပာတဲ့အေနနဲ႔ သုံးထားတာလား မေသခ်ာပါဘူး၊ ဒါေပမယ့္ အ‌ေရွ႕မွာ စကၠန႔္လို႔ ကုယြင္ေျပာလိုက္တုန္းက တပ္သားေတြက ဘာေျပာမွန္းနားမလည္ဘူးလို႔ ေရးထားတာမ်ိဳးရွိတာဆိုေတာ့ ကိုယ့္အျမင္ကေတာ့ တမင္သုံးထားတယ္ထင္တယ္၊)

ရွက္ကိုးရွက္ကန္းျဖစ္ေနေသာ မ်က္လုံးမ်ားကိုသာ အေျဖ အျဖစ္တုံျပန္လာၾကသည္။

ကုယြင္က ေကာက်င့္ယြင္ႏွင့္ လမ္ေရွာင္းထံသို႔ ေလွ်ာက္သြားလိုက္ၿပီး "မင္းတို႔ႏွစ္ေယာက္က ငါ့အတြက္ စိတ္ပ်က္ဖို႔ အေကာင္းဆုံးပဲ။ ေခါင္းေဆာင္ေတြျဖစ္ၿပီး မင္းတို႔မွာ အဖြဲ႕လိုက္ စိတ္ဓာတ္ မရွိဘူး။ မင္းတို႔ ထိပ္ကို ေရာက္သြားတာေတာင္ တျခားလူေတြကို ျပန္ကူညီဖို႔ တခ်က္ေတာင္ မေတြးမိၾကဘူး၊ ရဲေဘာ္အခ်င္းခ်င္း စည္းစည္းလုံးလုံးနဲ႔ ကူညီရေကာင္းမွန္း မသိတဲ့ အသင္းဆိုတာက အမႈိက္သက္သက္ပဲ"

တိတ္ဆိတ္ေနေသာ မ်က္လုံးႏွစ္စုံက သူမကို ဘာမွ တုန႔္ျပန္မလာခဲ့ေပ။

ကုယြင္က ေအာ္ဟစ္ၿပီးေနာက္ သူတို႔ကို ဂ႐ုမစိုက္ေတာ့ဘဲ ေနာက္ျပန္လွည့္ထြက္သြားသည္။ သူမက သူမေဒါသကို ေဖာက္ခြဲခ်င္ေနခဲ့သည္။ သူမက သူမကိုယ္သူမ တကယ္ကို ဒုကၡေပးမိခဲ့တယ္၊ ဒီလိုအရည္အေသြးမ်ိဳးနဲ႔လူေတြကို ေလ့က်င့္ေပးရတာက အလကားပဲ အခ်ိန္ကုန္တယ္!

အခ်ိန္အေတာ္ၾကာၿပီးေနာက္ သူမအေနာက္မွ ထူးဆန္းေသာ အသံမ်ား ထြက္ေပၚလာသည္။ ကုယြင္ လွည့္ၾကည့္လိုက္ေတာ့ သူမကို ေႏွာင့္ယွက္ခဲ့ေနေသာ လူတစ္စုက သူမ၏ေသြးမ်ားကို ပူေႏြးေစခဲ့သည္။ သူတို႔အားလုံးက ေျမျပင္ေပၚတြင္ ဒူးတစ္ဖက္ေထာက္ ဒူးတစ္ဖက္ေထာင္အေနအထားျဖင့္ လက္သီးမ်ား ဆုပ္ကိုင္ထားလ်က္ ခိုင္မာ႐ိုးသားေသာ မ်က္လုံးမ်ားျဖင့္ သူမကို စိုက္ၾကည့္ေနသည္ကို ေတြ႕လိုက္ရသည္။

"ေခါင္းေဆာင္... ကြၽန္ေတာ္တို႔ကို ေတာင္တက္နည္း သင္ေပးပါ၊ ေတာင္ဆိုပါတယ္!" ညီသာေသာ ေအာ္သံက ဆူညံေနၿပီး ကုယြင္၏ ႏွလုံးသားကိုေတာင္ ထိတ္လန႔္သြားေစခဲ့သည္။

❤️❤️❤️Thank you so much for your lovely supports❤️❤️❤️

Continue Reading

You'll Also Like

33.2K 3K 98
💥New Normal အချက်အပြုတ် novel တောင်းနေတဲ့ချစ်လေးတို့တွက်လာပါပြီရှင် ... Title- Futuristic Gourmet's Spoiled Marriage Description ဖုဘလော့ဂါလေး လင်း...
665K 76.8K 200
ဘာသာပြန်သူ - Swae Nyoe Team ဇာတ်လမ်းအကျဉ်း နန်းပေါင်ရီ သည် ချမ်းသာကြွယ်ဝသောမိသားစုတွင် အလိုလိုက်ခံရကာ ကြီးပြင်းခဲ့သော်လည်း လူရွေးမှားလက်ထပ်ခဲ့မိပြီး...
74.9K 7.3K 32
Chapters (1-53) . . . Not My Work i am just translating for Offline purpose All credits to original author and English translator
233K 21.1K 73
Unicode Font Description စွဲမက်ဖွယ်ကောင်းပြီး ထူးချွန်သော အဆင့်(၁၈)ရှိသော မင်းသမီး Pei Yingသည် တကယ်တော့ သူမ၏ပထမဦးဆုံးအနမ်းကို မည်သူ့ကိုမှ မပေးရသေးသ...