အမုန္းမွသည္...ခ်စ္ျခင္းဆီသို႔...

By MoeKyalPhyu14

152K 4.5K 278

မိဘတွေမတရားခံရမှုအတွက် ကလဲ့စားချေမယ့်ကောင်လေးတစ်ယောက် အမုန်းတရားတွေကနေလွတ်မြောက်နိုင်ပြီး ချစ်ခြင်းကိုရှာဖွေတ... More

🍂ဖတ္ေပးေစခ်င္🍂
💠Intro💠
🍁 Part 1🍁
🍁 Part 2🍁
🍁 Part 3🍁
🍁Part 4🍁
🍁 Part 5🍁
🍁Part 6🍁
🍁Part 7🍁
🍁Part 8🍁
🍁Part 9🍁
🍁Part 10🍁
🍁Part 11🍁
🍁Part 12🍁
🍁 Part 13🍁
🍁Part 14🍁
🍁Part 15🍁
🍁Part 16🍁
🍁Part 17🍁
🍁Part 18🍁
🍁Part 19🍁
🍁Part 20🍁
🍁Part 22🍁
🍁Part 23🍁
🍁Part 24🍁
🍁Part 25🍁
🍁Part 26🍁
🍁Part 27🍁
🍁 Part 28🍁
🍁Part 29🍁
🍁Part 30🍁
🍁Part 31🍁
🍁Part 32🍁
🍁Part 33🍁
🍁Part 33.2🍁
🍁Part 33.3🍁
🍁Part 34🍁
🍁Part 35🍁
🍁Part 36🍁
🍁Part 37🍁
🍁Part 38🍁
🍁Part 39🍁
🍁Part 40🍁
🍁Part 41🍁
🍁Part 42🍁
🍁Part 43🍁
🍁Part 44🍁
🍁Part 45🍁
🍁Part 46🍁
🍁Part 47🍁
🍁Part 48🍁
🍁Part 49🍁
🍁Part 50🍁
🍁Part 51🍁
🍁Part 52🍁
🍁Part 53🍁
🍁Part 54🍁
🍁Part 55🍁
🍁Part 56🍁
🍁Part 57🍁
🍁Part 58🍁
🍁Part 60🍁
🍁Part 59🍁
🍁Part 61🍁
🍁Part 62🍁
🍁Part 63🍁
🍁Part 64🍁
🍁Part 65🍁
🍁Part 66🍁
🍁Part 67🍁
🍁Part 68🍁
🍁Part 69🍁
🍁Part 70{Final}🍁

🍁Part 21🍁

2.2K 83 6
By MoeKyalPhyu14

[Unicode]

ခွန်းဆက် ဆိုဖာတွင်ထိုင်ကာ ဖုန်းနှိပ်နေရင်း မာန့်ကို စောင့်နေသည်။ တစ်နာရီကျော်ကျော်လောက် ကြာတာတောင် ဆင်းမလာသေးသော မာန်ကြောင့် ရှည်အောင်ဆွဲဆန့်ထားသော စိတ်က တဖြည်းဖြည်း တိုလာနေပြီ ဖြစ်သည်။

"မိန်းကလေးလဲ မဟုတ်ပဲ ဘာတွေ အဲ့လောက်တောင် ပြင်နေလို့ ကြာနေလဲ မသိဘူး"

"တိုးတိုးနဲ့ ငါ့အကြောင်း အတင်းတုပ်နေတာလား"

အသံကြောင့် မော့ကြည့်လိုက်တော့ လှေကားပေါ်မှ တစ်ထစ်ချင်း ဆင်းလာသော အဖြူရောင်နတ်သားလေး။ shirt အင်္ကျီနဲ့ style pants ကို အပေါ်အောက်အဖြူသာ ၀တ်ဆင်ထားသည်။ ဆံပင်များကို နဖူးပေါ်သို့ချကာ ဘေးစောင်းဖြီးထားသည်။ နှုတ်ခမ်းဖူးဖူးလေးကလည်း ရဲနေပြန်သည်။  မျက်ဝန်းများကတော့ ကောင်းကင်ကြီး သဖွယ် ပြာလဲ့နေသည်။ အသားဖြူလွန်းသူက အဖြူဝမ်းဆက်ကို ၀တ်ထားသည်ကြောင့် နှင်းလုံးလေးသဖွယ်ပင်။

"ဘာကြည့်နေတာလဲ... သွားမယ်လေ"

"ဟမ်... အင်း သွားမယ်"

ငေးကြည့်နေရာမှ သူခိုးလူမိဖြစ်သွားသည်ကြောင့် ရှက်ရှက်နှင့် ခွန်းဆက် မာန့်အရှေ့မှ အမြန်ရှောင်ပြေးတော့သည်။

"နေအုံး... မင်း အ၀တ်အစားမလဲဘူးလား"

"မလဲတော့ဘူး... အစထဲက ချောပြီးသားဆိုတော့ တစ်ချို့တစ်ချို့လူတွေလို အချိန်အကြာကြီး ပြင်စရာမလိုဘူးလေ"

မျက်ခုံးတစ်ဖက်ပင့်ကာ ပြုံးစိစိနှင့်ပြောလာသော ခွန်းဆက်ကြောင့် မာန် အန်ချင်သည့်ပုံစံလုပ်ပြကာ

"ဝေါ့...အန်ချင်လိုက်တာနော်"

"အန်ချင်ရင်နောက်မှအန်...အခုကျွန်တော့်ကားပေါ်တက်"

"ဘာလဲ... မင်းက ဘာလို့ ကားမောင်းမှာလဲ... မရဘူး...မမောင်းရဘူး"

"ဟ... ဒါဆို ခင်ဗျားမွေးပေးထားတဲ့ ကျွန်တော့်သားလေးကို ဘယ်တော့စစီးရမှာလဲ"

"ဘာ!!! "

"အယ် မှားလို့ ခင်ဗျားဝယ်ပေးထားတဲ့ သားလေးလို့ပြောတာ ဟဲဟဲ"

ရယ်ကျဲကျဲဖြင့်ပြောလာသော ခွန်းဆက်ကို မာန် ဘုကြည့်ကြည့်ပေးလိုက်သည်။ ကား  accident ဖြစ်တုန်းက ခွန်းဆက် ကားအနီလေး ပျက်စီးသွားသည်ကြောင့် မာန်က အစားထိုးကာ Lamborghini Aventador SV J မိုးပြာရောင်လေးကို ပြန်ဝယ်ပေးထားခြင်းဖြစ်သည်။ ၀ယ်ပြီး အိမ်ကိုစရောက်တုန်းကဆို ခွန်းဆက် ထိုကားလေးအား ဓာတ်ပုံရိုက်ကာ မင်းမြတ်တို့ဆီပို့ပြီး ကြွားခဲ့သေးသည်။ ၀ယ်ထားတာ ၄ ၅ရက်ပင် ရှိသည် ဖြစ်သော်လည်း ခွန်းဆက် ထိုကားကို အခုချိန်ထိ မစီးရသေးပဲ အလှပဲ ကြည့်နေရသည်။

"ဘယ်လိုပဲ ဖြစ်ဖြစ် မင်းကားမမောင်းရဘူး... ငါ့ကားနဲ့ပဲ သွားမယ်"

"မရဘူး...ကျွန်တော်ကားနဲ့...ကျွန်တော်လည်း ကားမောင်းချင်ပြီလို့... နော် မာန် နော် နော် နော်"

"မရဘူးခွန်းဆက်... မရစ်စမ်းနဲ့"

"မာန်ရာ... မောင့်ကို သနားပါအုံးလို့"

"ဟင်"

ခွန်းဆက် ပြောပြီးမှ သူ့လျှာသူ ပြန်ကိုက်မိသည်။ ဘယ်လိုဖြစ်ပြီး မောင်လို့ သုံးမိသွားသည်ကို သူ့ကိုယ်သူပင်မသိလိုက်။

ခွန်းဆက်ရောင်နီ... မင်းသေလိုက်တော့.....

"ခင်ဗျားလာတော့... ကျွန်တော့်ကားနဲ့ပဲ သွားမယ်"

ခွန်းဆက် ဟန်ကိုယ့်ဖို့ကာပြောရင်း မာန့်အား သူ့ကားထဲ အတင်းတွန်းထည့်ပြီး ကားမောင်းသူနေရာတွင်ဝင်ထိုင်လိုက်တော့သည်။ မာန်တစ်ယောက်မှာတော့ ခွန်းဆက်၏ 'မောင်' ဆိုသည့် အသုံးအနှုန်းကြောင့် အသိစိတ်မကပ်နိုင်သေးပဲ ခွန်းဆက်ကားနှင့် ပါသွားရတော့သည်။

*********************************
"Daddy...Mommy"

"လူကပေါ်မလာသေးဘူး...အသံက အရင်ရောက်လာပြီ"

ဆိုဖာတွင်ထိုင်ကာ သတင်းစာဖတ်နေသူ ဦးခွန်းမြတ်မဟာက ခွန်းဆက်၏ အသံကြောင့် ပြောလိုက်ခြင်းဖြစ်သည်။ ခွန်းဆက်က ဖခင်၏ လက်မောင်းတစ်ဖက်ကို ချိတ်ကာ

"Daddy ကလဲ...ဒီသားလေး တစ်ယောက်တည်းရှိတာကို ပြောမယ်ဆိုတာကြီးပဲ"

"ကြီးကောင်ကြီးမားနဲ့ လာမချွဲနဲ့ သွားအရှေ့က ခုံမှာသွားထိုင်...သား အလင်္ကာ ထိုင်... မင်းတို့နှစ်ယောက်ကို daddy ပြောစရာရှိတယ်"

သို့နှင့် ခွန်းဆက်နဲ့ မာန်လည်း ဦးခွန်းမြတ်မဟာ၏ ဘေးတစ်ဖက်တစ်ချက်စီတွင် ၀င်ထိုင်လိုက်ကြသည်။

"ဟ မင်းတို့က ဘာလို့ အဲ့လိုထိုင်နေတာလဲ...တစ်ဖက်တည်း အတူထိုင်"

"Daddy ကလည်း ဘယ်လိုထိုင်ထိုင်ပေါ့"

"ခွန်းဆက်! "

"မာန်... ခင်ဗျား ဒီဘက်လာ"

"မင်း ဟိုဘက်သွား"

"Daddy!! "

"သွားဆို သွားလိုက် ခွန်းဆက်"

ခွန်းဆက် ဆောင့်ဆောင့်အောင့်အောင့်နှင့် မာန်ဘေးတွေဝင်ထိုင်သည်။ မာန်က ခွန်းဆက်ပုံစံကြောင့် ပြုံးစိစိဖြစ်နေသည်။ ခပ်လျော့လျော့ထိုင်နေသည့် ခွန်းဆက်ကြောင့် မာန် ခွန်းဆက် ပေါင်ကို လှမ်းထုရင်း

"ခွန်းဆက်"

"ဗျာ"

"ကောင်းကောင်းထိုင်...daddy စကားပြောမယ်လို့ ပြောတယ်လေ"

"ဒီလိုပဲထိုင်ချင်တာ"

"ခွန်းဆက်ရောင်နီ! "

"ဟုတ်ပြီ... ကောင်းကောင်းထိုင်ရင် ရပြီမလား"

ဦးခွန်းမြတ်မဟာတော့ သမက်ဖြစ်သူကြောင့် အပိုးကျိုးနေသော သားကိုကြည့်ရင်း ကျေနပ်နေတော့သည်။

"ခွန်းဆက်... မင်းဘယ်တော့ ငါ့ ကုမ္ပဏ်ီ အလုပ်တွေ စလုပ်မှာလဲ"

"ဟာ daddy ကလည်း... မလုပ်ချင်ပါဘူး...သားမှ အဲ့တာတွေစိတ်မ၀င်စားတာ"

"စိတ်မ၀င်စားလည်း မင်းလုပ်ရမှာပဲ... သားတစ်ယောက်ရှိပါတယ် ဘာမှ အားမကိုးရဘူး"

"Daddy ကလည်း သားဘာမှနားမလည်ဘူးလေ"

"မင်းနားမလည်ရင်  အလင်္ကာ ကိုရှင်းပြခိုင်းလေ"

သားဖနှစ်ယောက် အချေအတင်ဖြစ်နေရာမှ မိမိနာမည်ပါလာသည်ကြောင့် မာန် ခါးပင်မတ်သွားမိသည်။

"အဲ့ဆိုလည်း မာန့်ကို လုပ်ခိုင်းလိုက်ပါလား...မာန်က သားထက်တောင် ပိုပြီးနားလည်တယ်လေ"

"ကုမ္ပဏ်ီ နှစ်ခုကို တစ်ယောက်တည်း ဦးစီးနေရင် ရူးသွားမှာပေါ့... သူက မင်းလိုအားယားနေတာမှ မဟုတ်တာ"

"Daddy ကလည်း"

"အလင်္ကာ သား မနက်ဖြန်ကစပြီး သူ့ကို ကုမ္ပဏ်ီနဲ့ပတ်သက်တာတွေ အကုန်ရှင်းပြပေးလိုက်"

"ဟုတ်ကဲ့"

မာန်၏ စကားကြောင့် ခွန်းဆက်မျက်နှာ မဲမှောင်သွားတော့သည်။

"ဘာဟုတ်ကဲ့လဲ... ဘာမှလာမရှင်းပြနဲ့ နားမထောင်ဘူး"

"ခွန်းဆက်ရောင်နီ မင်းမလုပ်ဘူးဆို မင်းကိုငါ အမွေဖြတ်လိုက်မှာနော်"

"ဖြတ်ပေါ့...သားယောက်ကျား သားကိုရှာကျွေးလိမ့်မယ်... ခုစီးလာတဲ့ကားတောင် သားယောက်ကျားသားကိုဝယ်ပေးထားတာ...ဟွန့်"

"ဒီခွေး...!"

" mommy!!"

ခွန်းဆက် ဖခင်ဖြစ်သူအား အနိုင်နဲ့ပိုင်းကာ မိခင်ကိုတပြီး မီးဖိုခန်းဆီ တန်းနေအောင် ၀င်ပြေးတော့သည်။ ခွန်းဆက်၏ ကလေးဆန်သည့် အပြုအမှုကြောင့် မာန် အသဲယားသွားကာ နှုတ်ခမ်းစွန်းလေးများကော့တက်လာပြီး သွားတန်းညီညီလေးများ ထွက်ပေါ်လာတော့သည်။ ဦးခွန်းမြတ်မဟာက သားဖြစ်သူကိုကြည့်ပြီး ပြုံးရယ်နေသော သမက်ဖြစ်သူကိုကြည့်ကာ

"မင်း သူ့ကို တကယ်ရှာကျွေးမှာလား"

"ဗျာ"

Time Skip, 

"ခွန်းဆက် မင်းဦးငယ်ကို သွားခေါ်လိုက်အုံး... ထမင်းစားမယ်လို့"

ထမင်းဝိုင်းပြင်နေသော ဒေါ်ရွှေအိနြေ္ဒက အနားတွင် ကူလုပ်ပေးသလိုနှင့် ၀ိုင်းရှုပ်နေသော ခွန်းဆက်ကို ပြောလိုက်ခြင်းဖြစ်သည်။ ခွန်းဆက်လည်း ခေါင်းတစ်ချက်ညိတ်ပြပြီး ဦးငယ်အခန်းဆီသို့ ပြေးသွားတော့သည်။

"ဟဲ့ဖြည်းဖြည်းသွားလေ... ဒီကလေးနှယ်...အရှေ့ကနှစ်ယောက် ထမင်းစားဖို့ ကြွတော်မူပါ"

ခွန်းဆက်ကိုပြောရင်းနှင့် အိမ်ရှေ့ခန်းတွင် စကားထိုင်ပြောနေတော မာန်နဲ့ ဦးခွန်းမြတ်မဟာတို့အား အော်ပြောလိုက်သည်။

"သား လာ ထမင်းစားရအောင်"

"ဟုတ်ကဲ့"

ဦးခွန်းမြတ်မဟာက ရှေ့မှသွားကာ မာန်က အနောက်မှလိုက်၍ ထမင်းစားခန်းထဲ ၀င်လာသည်။ ရှေ့ဆင့်နောက်ဆင့်ပင် ခွန်းဆက်တို့လည်းရောက်လာကြသည်။ ဦးခွန်းမြတ်မဟာက စားပွဲခုံ ထိပ်တွင် ထိုင်ကာ ညာဘက်တွင် ခွန်းဆက်နဲ့မာန်၊ ဘယ်ဘက်တွင်  ဒေါ်ရွှေအိနြေ္ဒနဲ့ ဦးဌေးသစ္စာတို့က အသီးသီးဝင်ထိုင်လိုက်ကြသည်။ ထမင်းစားနေစဉ် အကုန်လုံး တိတ်ဆိတ်နေကာ ဇွန်းသံ ခွက်သံများသာ ကြားနေရသည်။ ထိုတိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်က ကျယ်လောင်စွာ မြည်လာသော ဦးဌေးသစ္စာ၏ ဖုန်းဖြစ်သည်။

ဌေးသစ္စာ ဖုန်းကိုယူကာ contact name ကိုကြည့်လိုက်ချိန်တွင် မျက်နှာပျက်သွားသည်။ သို့ပေမယ့် ချက်ချင်းပင် ပုံမှန်ပြန်ဖြစ်သွားသည်ကြောင့် မည်သူမျှ သတိမထားမိလိုက်သော်လည်း ဖုန်းဝင်ကတည်းက ဦးဌေးသစ္စာအား ကြည့်နေခဲ့သောမာန်ကတော့ မြင်လိုက်ရသည်။ တစ်ဖက်မှ ခေါ်ဆိုသူကိုလည်း စိတ်ဝင်စားသွားသည်။

"ဟဲ့ ဌေးသစ္စာရယ်... ဖုန်းကိုင်ရင်လည်း ကိုင်စမ်းပါ နားငြီးလို့ပါအေ... တစ်ကယ်တည်း ထမင်းစားတာတောင် နားအေးပါးအေး မစားရဘူး"

ဒေါ်ရွှေအိနြေ္ဒက ဆူဆူပူပူပြောလာသည်ကြောင့် ဦးဌေးသစ္စာလည်း ခုံမှထကာ အပြင်ထွက်မည်အပြု

"ဟဲ့ ဘယ်သွားမလို့လဲ... မစားတော့ဘူးလား"

"မမပဲ ဖုန်းကိုင်ဆို"

"အေးလေ စားရင်းနဲ့ပြောပေါ့"

"တော်ပြီ မစားတော့ဘူး"

"အဲ့ဒါဆိုလည်း ကြွကြွ"

ဦးဌေးသစ္စာ ထမင်းစားခန်းထဲက ထွက်သွားသည်ကို မာန် လိုက်ကြည့်နေပြီး သူပါ မည်သို့ထွက်သွားရမည်ကို စဉ်းစားနေသည်။

"သား အလင်္ကာ စားမကောင်းဘူးလား"

"ဟုတ် သား အစာမကြေသလို ရင်ထဲတစ်မျိုး ဖြစ်နေလို့"

"အေး စားလို့မရရင်လည်း မစားနဲ့တော့သား... ပိုဆိုးသွားမယ်"

"ဟုတ် daddy...အဲ့ဆို သား အိမ်ရှေ့က စောင့်နေပါ့မယ်"

"အေး သွားသွား"

မာန် ထမင်းစားခန်းထဲက လျင်မြန်စွာထွက်ကာ ဦးဌေးသစ္စာကို ရှာပုံတော် ဖွင့်တော့သည်။  မာန် မသိလိုက်သည်ကတော့ မာန်ထွက်သွားသည်ကို မျက်မှောင်ကြီးကြုတ်ကာ လိုက်ကြည့်နေသော တစ်စုံတစ်ယောက် ရှိသည်ကိုပင်။

မာန် toilet နားရောက်တော့ ဦးဌေးသစ္စာ ဖုန်းပြောနေသည်ကို တွေ့ရလေသည်။ မာန်လည်း နံရံနောက်တွင် ကွယ်ရင်း စကားများကို နားစွင့်နေသည်။

"မင်းကို ငါပေးပြီးပြီးလေ... မလုံလောက်သေးဘူးလား"

"....."

"ကျစ်... ပြောကွာ ဘယ်လောက်ထပ်လိုချင်တာလဲ"

"....."

"ဒီတစ်ခါ နောက်ဆုံး ဖြစ်ပါစေ... ငါ့ဆီ ဖုန်းထပ်မဆက်နဲ့"

"....."

"ကောင်းပြီ... မနက်ဖြန် xxxxကို 2 နာရီခွဲလာခဲ့...ငါစောင့်နေမယ်"

ဖုန်းပြောပြီး အနောက်လှည့်ကြည့်လိုက်တော့ တူတော်မောင်၏သက်ဆိုင်သူကို တွေ့လိုက်ရသည်။ ထိုကလေးအား စတွေ့ကတည်းက တစ်ချိန်က စွဲလန်းခဲ့ဖူးသော မိန်းကလေးနှင့် တူသည်ဟု ထင်ခဲ့သော်လည်း သေချာကြည့်လေ တူသည်ထက်ကို ပို၍တူသည်။ဌေးသစ္စာ နှုတ်ခမ်းတွန့်ရုံပြုံးကာ မာန့်အနားလျှောက်သွားလိုက်သည်။

"ဘယ်သွားမလို့လဲ ကလေး"

တည်ငြိမ်နေသော မျက်ဝန်းပြာများနှင့် မာန်က ဌေးသစ္စာကို မော့ကြည့်လာသည်။ တစ်ချိန်က သူ့အားကြောက်အားလန့်အားနှင့် တောင်းပန်နေခဲ့သော မျက်ဝန်းပြာလေးကိုလည်း သတိရသွားမိသည်။ အခုသူရှေ့မှ မျက်ဝန်းပြာများကတော့ ကြောက်လန့်မှုမရှိ အေးစက်နေသည်။

"ကျွန်တော် toilet သုံးမလို့ပါ"

"ဪ... ဒါက အလုပ်သမားတွေသုံးတဲ့ဟာလေ... မင်းသုံးချင်ရင် ခွန်းဆက် အခန်းထဲကဟာ သုံးလေ"

"ဟုတ်ကဲ့ ပြောပြပေးလို့ ကျေးဇူးပါ"

ပြောပြီး မာန်လှည့်ထွက်ဖို့အလုပ် သူ့လက်ကောက်ဝတ်တစ်ဖက်ကို ဆွဲထားခြင်း ခံလိုက်ရသည်။ မာန် ထိုလက်ပိုင်ရှင်အား လှည့်ကြည့်လိုက်ပြီး

"ဦးငယ် ဒါဘာလုပ်တာလဲ"

"မင်းက တော်တော်လေးလှတာပဲ... မိန်းကလေးတောင် ရှုံးလောက်တယ်"

"ဟုတ်ကဲ့ ချီးကျူးပေးလို့ ကျေးဇူးတင်ပါတယ်...လက်ကိုလွှတ်ပေးပါ"

"လွှတ်ပေးမှာပေါ့ ကလေးရဲ့... ခဏလေးနေပါအုံး... စကားလေးတစ်ချို့ပြောချင်လို့"

မာန့်အနားကပ်လာသော ဦးငယ်။ မာန်လည်း နောက်ကိုဆုတ်သွားရင်း နံရံနဲ့ပင် တိုက်မိသွားကာ ထပ်ဆုတ်၍ မရတော့။ ဦးငယ်က မာန့်မျက်နှာ အနားကပ်လာကာ နှစ်ကိုယ်ကြားလေသံ ဖြင့်ပြောသည်။

"ကိုယ်နဲ့ အတူမနေချင်ဘူးလား ကလေး... မင်းကို စိတ်ကျေနပ်စေရပါမယ်"

မာန် ဒေါသတို့ တစ်ရှိန်ထိုး ထွက်လာတော့သည်။ ကိုယ့်တူသား၏ သက်ဆိုင်သူကို ဒီလိုစကားမျိုးပြောရဲတာက ဘယ်လိုအရှက်မရှိခြင်းမျိုးလဲ။ မာန်ဒေါသ မျက်ဝန်းများဖြင့် ဦးငယ်အား စိုက်ကြည့်လိုက်သည်။

"ဦးငယ် ကျွန်တော်က ဦးငယ်ရဲ့တူအရင်း ခွန်းဆက်ရဲ့ သက်ဆိုင်သူပါ... ဒီလိုမျိုး မပြောသင့်ပါဘူး"

တူအရင်းဆိုသည့်နေရာတွင် အသံကို ဖိကာ တစ်လုံးချင်းပြောလိုက်သည်။

"မင်း ပြန်မပြောရင် သူမသိနိုင်ဘူးလေ"

"တောက်!!! "

"မာန်! "

ခွန်းဆက် အသံကြောင့် ဦးငယ်က မာန့်အနားမှ ခွာသွားတော့သည်။

"ဘာလုပ်နေတာလဲ မာန်"

"သူ toilet သွားချင်တယ်ဆိုလို့ ဦးငယ်ပြောပြနေတာ... သားအခန်းထဲက toilet ကို သုံးဖို့"

"ဪ"

ခွန်းဆက် ဪ တစ်လုံးသာ ပြောပြီး မာန့်ကိုကြည့်လိုက်သည်။ မျက်ဝန်းများနီရဲနေသည်မှာ မည်သည့်အတွက်ကြောင့်နည်း။ လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး တဆတ်ဆတ်တုန်နေသော ကိုယ်လေးမှာ ဒေါသကြောင့်ပေလား။ ဦးငယ်နဲ့ မာန်ပြောသည်များကို အလုံးစုံမကြားခဲ့ရသော်လည်း မာန်ပြောသည့် သက်ဆိုင်သူဆိုတာကိုတော့ ကြားခဲ့ရသည်။

ခွန်းဆက် ဦးငယ်အား မယုံကြည်နိုင်သော မျက်ဝန်းများဖြင့် နောက်တစ်ကြိမ် ထပ်မံကြည့်မိသည်။ ဦးငယ်က ကျားမမရွေး နှစ်သက်ကြောင်းကို သိသော်လည်း သူနဲ့သက်ဆိုင်သူ မာန့်ကိုတော့ယခုလိုလုပ်လိမ့်မည်ဟု မထင်ခဲ့မိ။ ခွန်းဆက် မာန့်ဖဝါးလေးတစ်ဖက်ကို လှမ်းဆွဲလိုက်ရင်း နူးညံသောလေသံလေးဖြင့် ပြောသည်။

"မာန်... အိမ်ရှေ့မှာ daddy စောင့်နေတယ်"

နူးညံသောအသံဖြင့် ပြောလာသူ ခွန်းဆက်အား မာန် အံ့ဩသော မျက်လုံးများနှင့် ကြည့်မိသည်။ မာန် ထင်ထားသည်မှာ ဦးငယ်နဲ့သူ့ကို အထင်လွဲသွားမည့် ခွန်းဆက်ကိုပင်။ ဘာကြောင့်လဲဆိုရင် အခုနက ဦးငယ်နဲ့ မာန် ရှိနေသော ပုံစံမှာ ကျိန်းသေ အထင်လွဲစရာ အနေအထားဖြစ်နေခဲ့သည်လေ။ သို့သော် ယခုတွင်တော့။

"မာန် ဘာတွေတွေးနေတာလဲ လာလေ"

ထပ်မံ၍ နူးညံစွာပြောလာသော ခွန်းဆက်။ မာန်စိတ်တွေ ထွေပြားနေသော်လည်း ခွန်းဆက်အား ခေါင်းညိတ်ပြလိုက်သည်။

"အင်း လာပြီ"

"ဘာမှမတွေးနဲ့...မောင် သိတယ်... ပြီးတော့ ဘာမှစိတ်မပူနဲ့...မောင် ရှိတယ်"

ခွန်းဆက် ဒီတစ်ခါတွင်တော့ တမင်ကိုပင် မောင်ဆိုသည့် အသုံးအနှုန်းအား သုံးခြင်းဖြစ်သည်။ မာန့်ပုံစံလေးက ဦးငယ်လိုလူတွေအတွက် သဘောကျစရာဖြစ်နေသည်ကို သိတာကြောင့် ခွန်းဆက် မာန့်အား ဦးငယ်၏ မျက်စ်ိရှေ့မှာပင် မရှိ်စေချင်သလို အနားလည်းမကပ်စေချင်ပါ။

မာန်တစ်ယောက်မှာတော့ မျက်ဝန်းပြာလေးများ ပြူးကျယ်လာက ခွန်းဆက်ကို တအံ့တဩငေးမောမိတော့သည်။ ခွန်းဆက်လည်း မာန့်လက်ကို ဆွဲကာ ထိုနေရာမှ ခေါ်ထုတ်လာတော့သည်။ မာန်ကတော့ အတောင့်လိုက်လေး ပါသွားရှာသည်။ အဘယ်ကြောင့်ဆိုသော် နှလုံးခုန်နှုန်းများ ထိန်းမရတော့၍ပင်။

ဌေးသစ္စာ သူ့ရှေ့မှ မာန့်အားလက်ဆွဲကာ ခေါ်ထုတ်သွားသော ခွန်းဆက်ကြောင့် မျက်နှာထက် အပြုံးတစ်ခု ဖြစ်တည်လာသည်။ ထိုအပြုံးသည် ယုတ်မာကောက်ကျစ်မှုအပေါင်းနှင့် ပြည့်စုံနေသည်။

"အဟက်...ငါ့တူရယ် မင်းရဲ့ ရတနာလေးကို ဦးငယ်တော့ စွဲလန်းမိပြီထင်တယ်... လုံအောင် ဖွက်ထားနော် ငါ့တူ ဒါမှမဟုတ် တူမဟုတ်တဲ့ တူလို့ပြောရမလား"

*********************************
#1.1.2024
#🍁Moe Kyal Phyu🍁










[Zawgyi]

ခြန္းဆက္ ဆိုဖာတြင္ထိုင္ကာ ဖုန္းႏိွပ္ေနရင္း မာန္႔ကို ေစာင့္ေနသည္။ တစ္နာရီေက်ာ္ေက်ာ္ေလာက္ ၾကာတာေတာင္ ဆင္းမလာေသးေသာ မာန္ေၾကာင့္ ရွည္ေအာင္ဆြဲဆန္႔ထားေသာ စိတ္က တျဖည္းျဖည္း တိုလာေနၿပီ ျဖစ္သည္။

"မိန္းကေလးလဲ မဟုတ္ပဲ ဘာေတြ အဲ့ေလာက္ေတာင္ ျပင္ေနလို႔ ၾကာေနလဲ မသိဘူး"

"တိုးတိုးနဲ႔ ငါ့အေၾကာင္း အတင္းတုပ္ေနတာလား"

အသံေၾကာင့္ ေမာ့ၾကည့္လိုက္ေတာ့ ေလွကားေပၚမွ တစ္ထစ္ခ်င္း ဆင္းလာေသာ အျဖဴေရာင္နတ္သားေလး။ shirt အက်ႌနဲ႔ style pants ကို အေပၚေအာက္အျဖဴသာ ၀တ္ဆင္ထားသည္။ ဆံပင္မ်ားကို နဖူးေပၚသို႔ခ်ကာ ေဘးေစာင္းၿဖီးထားသည္။ ႏႈတ္ခမ္းဖူးဖူးေလးကလည္း ရဲေနျပန္သည္။  မ်က္၀န္းမ်ားကေတာ့ ေကာင္းကင္ႀကီး သဖြယ္ ျပာလဲ့ေနသည္။ အသားျဖဴလြန္းသူက အျဖဴ၀မ္းဆက္ကို ၀တ္ထားသည္ေၾကာင့္ ႏွင္းလံုးေလးသဖြယ္ပင္။

"ဘာၾကည့္ေနတာလဲ... သြားမယ္ေလ"

"ဟမ္... အင္း သြားမယ္"

ေငးၾကည့္ေနရာမွ သူခိုးလူမိျဖစ္သြားသည္ေၾကာင့္ ရွက္ရွက္ႏွင့္ ခြန္းဆက္ မာန္႔အေရွ႕မွ အျမန္ေရွာင္ေျပးေတာ့သည္။

"ေနအံုး... မင္း အ၀တ္အစားမလဲဘူးလား"

"မလဲေတာ့ဘူး... အစထဲက ေခ်ာၿပီးသားဆိုေတာ့ တစ္ခ်ဳိ႕တစ္ခ်ဳိ႕လူေတြလို အခ်ိန္အၾကာႀကီး ျပင္စရာမလိုဘူးေလ"

မ်က္ခံုးတစ္ဖက္ပင့္ကာ ၿပံဳးစိစိႏွင့္ေျပာလာေသာ ခြန္းဆက္ေၾကာင့္ မာန္ အန္ခ်င္သည့္ပံုစံလုပ္ျပကာ

"ေဝါ့...အန္ခ်င္လိုက္တာေနာ္"

"အန္ခ်င္ရင္ေနာက္မွအန္...အခုကြၽန္ေတာ့္ကားေပၚတက္"

"ဘာလဲ... မင္းက ဘာလို႔ ကားေမာင္းမွာလဲ... မရဘူး...မေမာင္းရဘူး"

"ဟ... ဒါဆို ခင္ဗ်ားေမြးေပးထားတဲ့ ကြၽန္ေတာ့္သားေလးကို ဘယ္ေတာ့စစီးရမွာလဲ"

"ဘာ!!! "

"အယ္ မွားလို႔ ခင္ဗ်ား၀ယ္ေပးထားတဲ့ သားေလးလို႔ေျပာတာ ဟဲဟဲ"

ရယ္က်ဲက်ဲျဖင့္ေျပာလာေသာ ခြန္းဆက္ကို မာန္ ဘုၾကည့္ျကည့္ေပးလိုက္သည္။ ကား  accident ျဖစ္တုန္းက ခြန္းဆက္ ကားအနီေလး ပ်က္စီးသြားသည္ေၾကာင့္ မာန္က အစားထိုးကာ Lamborghini Aventador SV J မိုးျပာေရာင္ေလးကို ျပန္၀ယ္ေပးထားျခင္းျဖစ္သည္။ ၀ယ္ၿပီး အိမ္ကိုစေရာက္တုန္းကဆို ခြန္းဆက္ ထိုကားေလးအား ဓာတ္ပံု႐ိုက္ကာ မင္းျမတ္တို႔ဆီပို႔ၿပီး ႂကြားခဲ့ေသးသည္။ ၀ယ္ထားတာ ၄ ၅ရက္ပင္ ရိွသည္ ျဖစ္ေသာ္လည္း ခြန္းဆက္ ထိုကားကို အခုခ်ိန္ထိ မစီးရေသးပဲ အလွပဲ ၾကည့္ေနရသည္။

"ဘယ္လိုပဲ ျဖစ္ျဖစ္ မင္းကားမေမာင္းရဘူး... ငါ့ကားနဲ႔ပဲ သြားမယ္"

"မရဘူး...ကြၽန္ေတာ္ကားနဲ႔...ကြၽန္ေတာ္လည္း ကားေမာင္းခ်င္ၿပီလို႔... ေနာ္ မာန္ ေနာ္ ေနာ္ ေနာ္"

"မရဘူးခြန္းဆက္... မရစ္စမ္းနဲ႔"

"မာန္ရာ... ေမာင့္ကို သနားပါအံုးလို႔"

"ဟင္"

ခြန္းဆက္ ေျပာၿပီးမွ သူ႕လွ်ာသူ ျပန္ကိုက္မိသည္။ ဘယ္လိုျဖစ္ၿပီး ေမာင္လို႔ သံုးမိသြားသည္ကို သူ႕ကိုယ္သူပင္မသိလိုက္။

ခြန္းဆက္ေရာင္နီ... မင္းေသလိုက္ေတာ့.....

"ခင္ဗ်ားလာေတာ့... ကြၽန္ေတာ့္ကားနဲ႔ပဲ သြားမယ္"

ခြန္းဆက္ ဟန္ကိုယ့္ဖို႔ကာေျပာရင္း မာန္႔အား သူ႕ကားထဲ အတင္းတြန္းထည့္ၿပီး ကားေမာင္းသူေနရာတြင္၀င္ထိုင္လိုက္ေတာ့သည္။ မာန္တစ္ေယာက္မွာေတာ့ ခြန္းဆက္၏ 'ေမာင္' ဆိုသည့္ အသံုးအႏႈန္းေၾကာင့္ အသိစိတ္မကပ္ႏိုင္ေသးပဲ ခြန္းဆက္ကားႏွင့္ ပါသြားရေတာ့သည္။

*********************************
"Daddy...Mommy"

"လူကေပၚမလာေသးဘူး...အသံက အရင္ေရာက္လာၿပီ"

ဆိုဖာတြင္ထိုင္ကာ သတင္းစာဖတ္ေနသူ ဦးခြန္းျမတ္မဟာက ခြန္းဆက္၏ အသံေၾကာင့္ ေျပာလိုက္ျခင္းျဖစ္သည္။ ခြန္းဆက္က ဖခင္၏ လက္ေမာင္းတစ္ဖက္ကို ခ်ိတ္ကာ

"Daddy ကလဲ...ဒီသားေလး တစ္ေယာက္တည္းရိွတာကို ေျပာမယ္ဆိုတာႀကီးပဲ"

"ႀကီးေကာင္ႀကီးမားနဲ႔ လာမခြၽဲနဲ႔ သြားအေရွ႕က ခံုမွာသြားထိုင္...သား အလကၤာ ထိုင္... မင္းတို႔ႏွစ္ေယာက္ကို daddy ေျပာစရာရိွတယ္"

သို႔ႏွင့္ ခြန္းဆက္နဲ႔ မာန္လည္း ဦးခြန္းျမတ္မဟာ၏ ေဘးတစ္ဖက္တစ္ခ်က္စီတြင္ ၀င္ထိုင္လိုက္ၾကသည္။

"ဟ မင္းတို႔က ဘာလို႔ အဲ့လိုထိုင္ေနတာလဲ...တစ္ဖက္တည္း အတူထိုင္"

"Daddy ကလည္း ဘယ္လိုထိုင္ထိုင္ေပါ့"

"ခြန္းဆက္! "

"မာန္... ခင္ဗ်ား ဒီဘက္လာ"

"မင္း ဟိုဘက္သြား"

"Daddy!! "

"သြားဆို သြားလိုက္ ခြန္းဆက္"

ခြန္းဆက္ ေဆာင့္ေဆာင့္ေအာင့္ေအာင့္ႏွင့္ မာန္ေဘးေတြ၀င္ထိုင္သည္။ မာန္က ခြန္းဆက္ပံုစံေၾကာင့္ ၿပံဳးစိစိျဖစ္ေနသည္။ ခပ္ေလ်ာ့ေလ်ာ့ထိုင္ေနသည့္ ခြန္းဆက္ေၾကာင့္ မာန္ ခြန္းဆက္ ေပါင္ကို လွမ္းထုရင္း

"ခြန္းဆက္"

"ဗ်ာ"

"ေကာင္းေကာင္းထိုင္...daddy စကားေျပာမယ္လို႔ ေျပာတယ္ေလ"

"ဒီလိုပဲထိုင္ခ်င္တာ"

"ခြန္းဆက္ေရာင္နီ! "

"ဟုတ္ၿပီ... ေကာင္းေကာင္းထိုင္ရင္ ရၿပီမလား"

ဦးခြန္းျမတ္မဟာေတာ့ သမက္ျဖစ္သူေၾကာင့္ အပိုးက်ဳိးေနေသာ သားကိုၾကည့္ရင္း ေက်နပ္ေနေတာ့သည္။

"ခြန္းဆက္... မင္းဘယ္ေတာ့ ငါ့ ကုမၸဏ္ီ အလုပ္ေတြ စလုပ္မွာလဲ"

"ဟာ daddy ကလည္း... မလုပ္ခ်င္ပါဘူး...သားမွ အဲ့တာေတြစိတ္မ၀င္စားတာ"

"စိတ္မ၀င္စားလည္း မင္းလုပ္ရမွာပဲ... သားတစ္ေယာက္ရိွပါတယ္ ဘာမွ အားမကိုးရဘူး"

"Daddy ကလည္း သားဘာမွနားမလည္ဘူးေလ"

"မင္းနားမလည္ရင္  အလကၤာ ကိုရွင္းျပခိုင္းေလ"

သားဖႏွစ္ေယာက္ အေခ်အတင္ျဖစ္ေနရာမွ မိမိနာမည္ပါလာသည္ေၾကာင့္ မာန္ ခါးပင္မတ္သြားမိသည္။

"အဲ့ဆိုလည္း မာန္႔ကို လုပ္ခိုင္းလိုက္ပါလား...မာန္က သားထက္ေတာင္ ပိုၿပီးနားလည္တယ္ေလ"

"ကုမၸဏ္ီ ႏွစ္ခုကို တစ္ေယာက္တည္း ဦးစီးေနရင္ ႐ူးသြားမွာေပါ့... သူက မင္းလိုအားယားေနတာမွ မဟုတ္တာ"

"Daddy ကလည္း"

"အလကၤာ သား မနက္ျဖန္ကစၿပီး သူ႕ကို ကုမၸဏ္ီနဲ႔ပတ္သက္တာေတြ အကုန္ရွင္းျပေပးလိုက္"

"ဟုတ္ကဲ့"

မာန္၏ စကားေၾကာင့္ ခြန္းဆက္မ်က္ႏွာ မဲေမွာင္သြားေတာ့သည္။

"ဘာဟုတ္ကဲ့လဲ... ဘာမွလာမရွင္းျပနဲ႔ နားမေထာင္ဘူး"

"ခြန္းဆက္ေရာင္နီ မင္းမလုပ္ဘူးဆို မင္းကိုငါ အေမြျဖတ္လိုက္မွာေနာ္"

"ျဖတ္ေပါ့...သားေယာက္က်ား သားကိုရွာေကြၽးလိမ့္မယ္... ခုစီးလာတဲ့ကားေတာင္ သားေယာက္က်ားသားကို၀ယ္ေပးထားတာ...ဟြန္႔"

"ဒီေခြး...!"

" mommy!!"

ခြန္းဆက္ ဖခင္ျဖစ္သူအား အႏိုင္နဲ႔ပိုင္းကာ မိခင္ကိုတၿပီး မီးဖိုခန္းဆီ တန္းေနေအာင္ ၀င္ေျပးေတာ့သည္။ ခြန္းဆက္၏ ကေလးဆန္သည့္ အျပဳအမႈေၾကာင့္ မာန္ အသဲယားသြားကာ ႏႈတ္ခမ္းစြန္းေလးမ်ားေကာ့တက္လာၿပီး သြားတန္းညီညီေလးမ်ား ထြက္ေပၚလာေတာ့သည္။ ဦးခြန္းျမတ္မဟာက သားျဖစ္သူကိုၾကည့္ၿပီး ၿပံဳးရယ္ေနေသာ သမက္ျဖစ္သူကိုၾကည့္ကာ

"မင္း သူ႕ကို တကယ္ရွာေကြၽးမွာလား"

"ဗ်ာ"

Time Skip, 

"ခြန္းဆက္ မင္းဦးငယ္ကို သြားေခၚလိုက္အံုး... ထမင္းစားမယ္လို႔"

ထမင္း၀ိုင္းျပင္ေနေသာ ေဒၚေရႊအိေႁႏၵက အနားတြင္ ကူလုပ္ေပးသလိုႏွင့္ ၀ိုင္း႐ႈပ္ေနေသာ ခြန္းဆက္ကို ေျပာလိုက္ျခင္းျဖစ္သည္။ ခြန္းဆက္လည္း ေခါင္းတစ္ခ်က္ညိတ္ျပၿပီး ဦးငယ္အခန္းဆီသို႔ ေျပးသြားေတာ့သည္။

"ဟဲ့ျဖည္းျဖည္းသြားေလ... ဒီကေလးႏွယ္...အေရွ႕ကႏွစ္ေယာက္ ထမင္းစားဖို႔ ႂကြေတာ္မူပါ"

ခြန္းဆက္ကိုေျပာရင္းႏွင့္ အိမ္ေရွ႕ခန္းတြင္ စကားထိုင္ေျပာေနေတာ မာန္နဲ႔ ဦးခြန္းျမတ္မဟာတို႔အား ေအာ္ေျပာလိုက္သည္။

"သား လာ ထမင္းစားရေအာင္"

"ဟုတ္ကဲ့"

ဦးခြန္းျမတ္မဟာက ေရွ႕မွသြားကာ မာန္က အေနာက္မွလိုက္၍ ထမင္းစားခန္းထဲ ၀င္လာသည္။ ေရွ႕ဆင့္ေနာက္ဆင့္ပင္ ခြန္းဆက္တို႔လည္းေရာက္လာၾကသည္။ ဦးခြန္းျမတ္မဟာက စားပြဲခံု ထိပ္တြင္ ထိုင္ကာ ညာဘက္တြင္ ခြန္းဆက္နဲ႔မာန္၊ ဘယ္ဘက္တြင္  ေဒၚေရႊအိေႁႏၵနဲ႔ ဦးေဌးသစၥာတို႔က အသီးသီး၀င္ထိုင္လိုက္ၾကသည္။ ထမင္းစားေနစဥ္ အကုန္လံုး တိတ္ဆိတ္ေနကာ ဇြန္းသံ ခြက္သံမ်ားသာ ၾကားေနရသည္။ ထိုတိတ္ဆိတ္မႈကို ၿဖိဳခြင္းလိုက္သည္က က်ယ္ေလာင္စြာ ျမည္လာေသာ ဦးေဌးသစၥာ၏ ဖုန္းျဖစ္သည္။

ေဌးသစၥာ ဖုန္းကိုယူကာ contact name ကိုၾကည့္လိုက္ခ်ိန္တြင္ မ်က္ႏွာပ်က္သြားသည္။ သို႔ေပမယ့္ ခ်က္ခ်င္းပင္ ပံုမွန္ျပန္ျဖစ္သြားသည္ေၾကာင့္ မည္သူမွ် သတိမထားမိလိုက္ေသာ္လည္း ဖုန္း၀င္ကတည္းက ဦးေဌးသစၥာအား ၾကည့္ေနခဲ့ေသာမာန္ကေတာ့ ျမင္လိုက္ရသည္။ တစ္ဖက္မွ ေခၚဆိုသူကိုလည္း စိတ္၀င္စားသြားသည္။

"ဟဲ့ ေဌးသစၥာရယ္... ဖုန္းကိုင္ရင္လည္း ကိုင္စမ္းပါ နားၿငီးလို႔ပါေအ... တစ္ကယ္တည္း ထမင္းစားတာေတာင္ နားေအးပါးေအး မစားရဘူး"

ေဒၚေရႊအိေႁႏၵက ဆူဆူပူပူေျပာလာသည္ေၾကာင့္ ဦးေဌးသစၥာလည္း ခံုမွထကာ အျပင္ထြက္မည္အျပဳ

"ဟဲ့ ဘယ္သြားမလို႔လဲ... မစားေတာ့ဘူးလား"

"မမပဲ ဖုန္းကိုင္ဆို"

"ေအးေလ စားရင္းနဲ႔ေျပာေပါ့"

"ေတာ္ၿပီ မစားေတာ့ဘူး"

"အဲ့ဒါဆိုလည္း ႂကြႂကြ"

ဦးေဌးသစၥာ ထမင္းစားခန္းထဲက ထြက္သြားသည္ကို မာန္ လိုက္ၾကည့္ေနၿပီး သူပါ မည္သို႔ထြက္သြားရမည္ကို စဥ္းစားေနသည္။

"သား အလကၤာ စားမေကာင္းဘူးလား"

"ဟုတ္ သား အစာမေၾကသလို ရင္ထဲတစ္မ်ဳိး ျဖစ္ေနလို႔"

"ေအး စားလို႔မရရင္လည္း မစားနဲ႔ေတာ့သား... ပိုဆိုးသြားမယ္"

"ဟုတ္ daddy...အဲ့ဆို သား အိမ္ေရွ႕က ေစာင့္ေနပါ့မယ္"

"ေအး သြားသြား"

မာန္ ထမင္းစားခန္းထဲက လ်င္ျမန္စြာထြက္ကာ ဦးေဌးသစၥာကို ရွာပံုေတာ္ ဖြင့္ေတာ့သည္။  မာန္ မသိလိုက္သည္ကေတာ့ မာန္ထြက္သြားသည္ကို မ်က္ေမွာင္ႀကီးၾကဳတ္ကာ လိုက္ၾကည့္ေနေသာ တစ္စံုတစ္ေယာက္ ရိွသည္ကိုပင္။

မာန္ toilet နားေရာက္ေတာ့ ဦးေဌးသစၥာ ဖုန္းေျပာေနသည္ကို ေတြ႕ရေလသည္။ မာန္လည္း နံရံေနာက္တြင္ ကြယ္ရင္း စကားမ်ားကို နားစြင့္ေနသည္။

"မင္းကို ငါေပးၿပီးၿပီးေလ... မလံုေလာက္ေသးဘူးလား"

"....."

"က်စ္... ေျပာကြာ ဘယ္ေလာက္ထပ္လိုခ်င္တာလဲ"

"....."

"ဒီတစ္ခါ ေနာက္ဆံုး ျဖစ္ပါေစ... ငါ့ဆီ ဖုန္းထပ္မဆက္နဲ႔"

"....."

"ေကာင္းၿပီ... မနက္ျဖန္ xxxxကို 2 နာရီခြဲလာခဲ့...ငါေစာင့္ေနမယ္"

ဖုန္းေျပာၿပီး အေနာက္လွည့္ၾကည့္လိုက္ေတာ့ တူေတာ္ေမာင္၏သက္ဆိုင္သူကို ေတြ႕လိုက္ရသည္။ ထိုကေလးအား စေတြ႕ကတည္းက တစ္ခ်ိန္က စြဲလန္းခဲ့ဖူးေသာ မိန္းကေလးႏွင့္ တူသည္ဟု ထင္ခဲ့ေသာ္လည္း ေသခ်ာၾကည့္ေလ တူသည္ထက္ကို ပို၍တူသည္။ေဌးသစၥာ ႏႈတ္ခမ္းတြန္႔႐ံုၿပံဳးကာ မာန္႔အနားေလွ်ာက္သြားလိုက္သည္။

"ဘယ္သြားမလို႔လဲ ကေလး"

တည္ၿငိမ္ေနေသာ မ်က္၀န္းျပာမ်ားႏွင့္ မာန္က ေဌးသစၥာကို ေမာ့ၾကည့္လာသည္။ တစ္ခ်ိန္က သူ႕အားေၾကာက္အားလန္႔အားႏွင့္ ေတာင္းပန္ေနခဲ့ေသာ မ်က္၀န္းျပာေလးကိုလည္း သတိရသြားမိသည္။ အခုသူေရွ႕မွ မ်က္၀န္းျပာမ်ားကေတာ့ ေၾကာက္လန္႔မႈမရိွ ေအးစက္ေနသည္။

"ကြၽန္ေတာ္ toilet သံုးမလို႔ပါ"

"ဪ... ဒါက အလုပ္သမားေတြသံုးတဲ့ဟာေလ... မင္းသံုးခ်င္ရင္ ခြန္းဆက္ အခန္းထဲကဟာ သံုးေလ"

"ဟုတ္ကဲ့ ေျပာျပေပးလို႔ ေက်းဇူးပါ"

ေျပာၿပီး မာန္လွည့္ထြက္ဖို႔အလုပ္ သူ႕လက္ေကာက္၀တ္တစ္ဖက္ကို ဆြဲထားျခင္း ခံလိုက္ရသည္။ မာန္ ထိုလက္ပိုင္ရွင္အား လွည့္ၾကည့္လိုက္ၿပီး

"ဦးငယ္ ဒါဘာလုပ္တာလဲ"

"မင္းက ေတာ္ေတာ္ေလးလွတာပဲ... မိန္းကေလးေတာင္ ႐ံႈးေလာက္တယ္"

"ဟုတ္ကဲ့ ခ်ီးက်ဴးေပးလို႔ ေက်းဇူးတင္ပါတယ္...လက္ကိုလႊတ္ေပးပါ"

"လႊတ္ေပးမွာေပါ့ ကေလးရဲ႕... ခဏေလးေနပါအံုး... စကားေလးတစ္ခ်ဳိ႕ေျပာခ်င္လို႔"

မာန္႔အနားကပ္လာေသာ ဦးငယ္။ မာန္လည္း ေနာက္ကိုဆုတ္သြားရင္း နံရံနဲ႔ပင္ တိုက္မိသြားကာ ထပ္ဆုတ္၍ မရေတာ့။ ဦးငယ္က မာန္႔မ်က္ႏွာ အနားကပ္လာကာ ႏွစ္ကိုယ္ၾကားေလသံ ျဖင့္ေျပာသည္။

"ကိုယ္နဲ႔ အတူမေနခ်င္ဘူးလား ကေလး... မင္းကို စိတ္ေက်နပ္ေစရပါမယ္"

မာန္ ေဒါသတို႔ တစ္ရိွန္ထိုး ထြက္လာေတာ့သည္။ ကိုယ့္တူသား၏ သက္ဆိုင္သူကို ဒီလိုစကားမ်ဳိးေျပာရဲတာက ဘယ္လိုအရွက္မရိွျခင္းမ်ဳိးလဲ။ မာန္ေဒါသ မ်က္၀န္းမ်ားျဖင့္ ဦးငယ္အား စိုက္ၾကည့္လိုက္သည္။

"ဦးငယ္ ကြၽန္ေတာ္က ဦးငယ္ရဲ႕တူအရင္း ခြန္းဆက္ရဲ႕ သက္ဆိုင္သူပါ... ဒီလိုမ်ဳိး မေျပာသင့္ပါဘူး"

တူအရင္းဆိုသည့္ေနရာတြင္ အသံကို ဖိကာ တစ္လံုးခ်င္းေျပာလိုက္သည္။

"မင္း ျပန္မေျပာရင္ သူမသိႏိုင္ဘူးေလ"

"ေတာက္!!! "

"မာန္! "

ခြန္းဆက္ အသံေၾကာင့္ ဦးငယ္က မာန္႔အနားမွ ခြာသြားေတာ့သည္။

"ဘာလုပ္ေနတာလဲ မာန္"

"သူ toilet သြားခ်င္တယ္ဆိုလို႔ ဦးငယ္ေျပာျပေနတာ... သားအခန္းထဲက toilet ကို သံုးဖို႔"

"ဪ"

ခြန္းဆက္ ဪ တစ္လံုးသာ ေျပာၿပီး မာန္႔ကိုၾကည့္လိုက္သည္။ မ်က္၀န္းမ်ားနီရဲေနသည္မွာ မည္သည့္အတြက္ေၾကာင့္နည္း။ လက္သီးမ်ားကို က်စ္က်စ္ပါေအာင္ ဆုပ္ထားၿပီး တဆတ္ဆတ္တုန္ေနေသာ ကိုယ္ေလးမွာ ေဒါသေၾကာင့္ေပလား။ ဦးငယ္နဲ႔ မာန္ေျပာသည္မ်ားကို အလံုးစံုမၾကားခဲ့ရေသာ္လည္း မာန္ေျပာသည့္ သက္ဆိုင္သူဆိုတာကိုေတာ့ ၾကားခဲ့ရသည္။

ခြန္းဆက္ ဦးငယ္အား မယံုၾကည္ႏိုင္ေသာ မ်က္၀န္းမ်ားျဖင့္ ေနာက္တစ္ႀကိမ္ ထပ္မံၾကည့္မိသည္။ ဦးငယ္က က်ားမမေရြး ႏွစ္သက္ေၾကာင္းကို သိေသာ္လည္း သူနဲ႔သက္ဆိုင္သူ မာန္႔ကိုေတာ့ယခုလိုလုပ္လိမ့္မည္ဟု မထင္ခဲ့မိ။ ခြန္းဆက္ မာန္႔ဖဝါးေလးတစ္ဖက္ကို လွမ္းဆြဲလိုက္ရင္း ႏူးညံေသာေလသံေလးျဖင့္ ေျပာသည္။

"မာန္... အိမ္ေရွ႕မွာ daddy ေစာင့္ေနတယ္"

ႏူးညံေသာအသံျဖင့္ ေျပာလာသူ ခြန္းဆက္အား မာန္ အံ့ဩေသာ မ်က္လံုးမ်ားႏွင့္ ၾကည့္မိသည္။ မာန္ ထင္ထားသည္မွာ ဦးငယ္နဲ႔သူ႕ကို အထင္လြဲသြားမည့္ ခြန္းဆက္ကိုပင္။ ဘာေၾကာင့္လဲဆိုရင္ အခုနက ဦးငယ္နဲ႔ မာန္ ရိွေနေသာ ပံုစံမွာ က်ိန္းေသ အထင္လြဲစရာ အေနအထားျဖစ္ေနခဲ့သည္ေလ။ သို႔ေသာ္ ယခုတြင္ေတာ့။

"မာန္ ဘာေတြေတြးေနတာလဲ လာေလ"

ထပ္မံ၍ ႏူးညံစြာေျပာလာေသာ ခြန္းဆက္။ မာန္စိတ္ေတြ ေထြျပားေနေသာ္လည္း ခြန္းဆက္အား ေခါင္းညိတ္ျပလိုက္သည္။

"အင္း လာၿပီ"

"ဘာမွမေတြးနဲ႔...ေမာင္ သိတယ္... ၿပီးေတာ့ ဘာမွစိတ္မပူနဲ႔...ေမာင္ ရိွတယ္"

ခြန္းဆက္ ဒီတစ္ခါတြင္ေတာ့ တမင္ကိုပင္ ေမာင္ဆိုသည့္ အသံုးအႏႈန္းအား သံုးျခင္းျဖစ္သည္။ မာန္႔ပံုစံေလးက ဦးငယ္လိုလူေတြအတြက္ သေဘာက်စရာျဖစ္ေနသည္ကုိ သိတာေၾကာင့္ ခြန္းဆက္ မာန္႔အား ဦးငယ္၏ မ်က္စိ္ေရွ့မွာပင္ မရိွ္ေစခ်င္သလို အနားလည္းမကပ္ေစခ်င္ပါ။

မာန္တစ္ေယာက္မွာေတာ့ မ်က္၀န္းျပာေလးမ်ား ျပဴးက်ယ္လာက ခြန္းဆက္ကို တအံ့တဩေငးေမာမိေတာ့သည္။ ခြန္းဆက္လည္း မာန္႔လက္ကို ဆြဲကာ ထိုေနရာမွ ေခၚထုတ္လာေတာ့သည္။ မာန္ကေတာ့ အေတာင့္လိုက္ေလး ပါသြားရွာသည္။ အဘယ္ေၾကာင့္ဆိုေသာ္ ႏွလံုးခုန္ႏႈန္းမ်ား ထိန္းမရေတာ့၍ပင္။

ေဌးသစၥာ သူ႕ေရွ႕မွ မာန္႔အားလက္ဆြဲကာ ေခၚထုတ္သြားေသာ ခြန္းဆက္ေၾကာင့္ မ်က္ႏွာထက္ အၿပံဳးတစ္ခု ျဖစ္တည္လာသည္။ ထိုအၿပံဳးသည္ ယုတ္မာေကာက္က်စ္မႈအေပါင္းႏွင့္ ျပည့္စံုေနသည္။

"အဟက္...ငါ့တူရယ္ မင္းရဲ႕ ရတနာေလးကို ဦးငယ္ေတာ့ စြဲလန္းမိၿပီထင္တယ္... လံုေအာင္ ဖြက္ထားေနာ္ ငါ့တူ ဒါမွမဟုတ္ တူမဟုတ္တဲ့ တူလို႔ေျပာရမလား"

*********************************
#1.1.2024
#🍁Moe Kyal Phyu🍁








Continue Reading

You'll Also Like

2.9K 152 5
အစ်ကို ဆိုတဲ့နာမ်စားလေးက သိပ်နွေးထွေးသလို သိပ်လည်း နာကျဉ်ဖို့ကောင်းတာ။ Short Story လေးပါ။
5.2K 111 3
ခေါင်းမာလွန်းလှသူအင်ဂျင်နီယာမလေးနှင့် စီးပွားရေးလောကတွင် သူဋ္ဌေးမလေးအတွင်းရေးမှူး မမ နှင့်တွေ့သောအခါ........ သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းလေးပါ၊၊ (Mya...
22.2K 1K 24
"မောင့်ရဲ့ဆည်းလည်းလေး" လင်းရောင်
3.5M 146K 61
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...