အမုန္းမွသည္...ခ်စ္ျခင္းဆီသို႔...

By MoeKyalPhyu14

152K 4.5K 278

မိဘတွေမတရားခံရမှုအတွက် ကလဲ့စားချေမယ့်ကောင်လေးတစ်ယောက် အမုန်းတရားတွေကနေလွတ်မြောက်နိုင်ပြီး ချစ်ခြင်းကိုရှာဖွေတ... More

🍂ဖတ္ေပးေစခ်င္🍂
💠Intro💠
🍁 Part 1🍁
🍁 Part 2🍁
🍁 Part 3🍁
🍁Part 4🍁
🍁 Part 5🍁
🍁Part 6🍁
🍁Part 7🍁
🍁Part 8🍁
🍁Part 9🍁
🍁Part 10🍁
🍁Part 11🍁
🍁Part 12🍁
🍁 Part 13🍁
🍁Part 14🍁
🍁Part 15🍁
🍁Part 16🍁
🍁Part 17🍁
🍁Part 18🍁
🍁Part 19🍁
🍁Part 21🍁
🍁Part 22🍁
🍁Part 23🍁
🍁Part 24🍁
🍁Part 25🍁
🍁Part 26🍁
🍁Part 27🍁
🍁 Part 28🍁
🍁Part 29🍁
🍁Part 30🍁
🍁Part 31🍁
🍁Part 32🍁
🍁Part 33🍁
🍁Part 33.2🍁
🍁Part 33.3🍁
🍁Part 34🍁
🍁Part 35🍁
🍁Part 36🍁
🍁Part 37🍁
🍁Part 38🍁
🍁Part 39🍁
🍁Part 40🍁
🍁Part 41🍁
🍁Part 42🍁
🍁Part 43🍁
🍁Part 44🍁
🍁Part 45🍁
🍁Part 46🍁
🍁Part 47🍁
🍁Part 48🍁
🍁Part 49🍁
🍁Part 50🍁
🍁Part 51🍁
🍁Part 52🍁
🍁Part 53🍁
🍁Part 54🍁
🍁Part 55🍁
🍁Part 56🍁
🍁Part 57🍁
🍁Part 58🍁
🍁Part 60🍁
🍁Part 59🍁
🍁Part 61🍁
🍁Part 62🍁
🍁Part 63🍁
🍁Part 64🍁
🍁Part 65🍁
🍁Part 66🍁
🍁Part 67🍁
🍁Part 68🍁
🍁Part 69🍁
🍁Part 70{Final}🍁

🍁Part 20🍁

1.9K 73 3
By MoeKyalPhyu14

[Unicode]

ခွန်းဆက် တစ်ယောက် အိမ်တွင် သောင်တင်နေသည်မှာ တစ်ပတ်လောက်ပင် ရှိနေပြီဖြစ်သည်။ ဆေးရုံက ဆင်းလာပြီးထဲက မာန်က ခွန်းဆက်အား ကားပေးမမောင်းသည်ကြောင့် ခွန်းဆက် ဘယ်မှမသွားရပဲ အိမ်ထဲ၌သာ နေရသည်။ခွန်းဆက်သွားချင်သည်ဆိုသော နေရာများကိုလည်း မာန်ကိုယ်တိုင် ကားမောင်းကာ လိုက်ပို့ပေးသည်။သို့သော် တစ်ယောက်တည်းရှိချိန်တွင်တော့ ကားမောင်းခွင့်ကိုမာန် တားမြစ်ထားသည်။

ခိုးထွက်၍လည်း မရ။အိမ်က CCTV များကို မာန့်ဖုန်းနဲ့ ချိတ်ဆက်ထားသည်ကြောင့် ခိုးထွက်ခဲ့ပါက မာန်၏ ဆူပူမှုများကို ခွန်းဆက်ခံရပေအုံးမည်။ဆေးရုံကဆင်းဆင်းချင်း အိမ်ပြန်ရောက်သည့်နေ့တွင် ခွန်းဆက် ကားကိုမိုင်ကုန်မောင်းနှင်ခဲ့သည်ကို သိသွားသောမာန်က ခွန်းဆက်အား အမျိူးအမျိူးအဖုံဖုံ ဆူပူခဲ့သောကြောင့် ထိုနေ့ကဆိုလျှင် ခွန်းဆက် နားပူခြင်း ဒုက္ခကို တစ်ဝကြီးခံစားလိုက်ရသေးသည်။

ဒီတစ်ပတ်အတွင်း သူပြင်းနေမှာစိုး၍ မိုးထက်တို့ ၃ယောက်က ခွန်းဆက်ကို လာတွေ့ကြသော်လည်း အိမ်ထဲမှာနေတာ များလာသည်ကြောင့် အပြင်သို့ထွက်ချင်နေသည်။ ကားအသစ်ကိုလည်း စမ်းမောင်းချင်နေပြီဖြစ်သည်။

ခွန်းဆက် ကုတင်ပေါ်တွင် ဟိုလှိမ့်ဒီလှိမ့်နှင့်တစ်ယောက်တည်း ပျင်းရိနေသည်။ မာန်က ကုမ္ပဏ်ီ သို့သွားလိုက်သည်ကြောင့် အိမ်တွင် သူတစ်ယောက်တည်းသာ ကျန်ခဲ့သည်။ ဖုန်းကြည့်နေသော်လည်း စိတ်ဝင်စားစရာ တစ်ခုမှမတွေ့။ App တစ်ခုဝင် တစ်ခုထွက်နှင့်သာ အချိန်ကုန်နေသည်။

"အလင်္ကာမုန်းမာန်...ခင်ဗျားကတော့ ကမ္ဘာပတ်နေပြီး ကျွန်တော့်ကိုတော့ အကျယ်ချုပ်ချထားတယ်...ပြန်လာပါစေ တွေ့မယ် ခင်ဗျားနဲ့"

ခွန်းဆက် တစ်ယောက်တည်း ကြိမ်းဝါးရင်း အခန်းထဲမှထွက်ခဲ့တော့သည်။

"သားလေး ဗိုက်ဆာလို့လား...အန်တီ နေ့လည်စာ ပြင်လိုက်ရတော့မလား"

ဧည့်ခန်းတွင် သန့်ရှင်းရေးလုပ်နေသည့် အန်တီမိုးက ခွန်းဆက် ဆင်းလာသည်ကို မြင်တော့ အလုပ်လုပ်နေရင်း လှမ်းမေးသည်။ ခွန်းဆက်လည်း အန်တီမိုးအား လက်ကာပြရင်း

"နေနေ အန်တီမိုး... သားဗိုက်မဆာသေးဘူး... ခုဆင်းလာတာ ခြံထဲသွားထိုင်မလို့"

"အေး... သားလေး ဗိုက်ဆာရင် လာပြောနော်"

"ဟုတ်ကဲ့"

ခွန်းဆက် ခြံထဲဆင်းကာ ကံ့ကော်ပန်းပင် အောက်က ဒန်းဆီသို့ လျှောက်လာသည်။ ခွန်းဆက် ဒန်းတွင် ထိုင်လိုက်သည်နှင့် ခြေထောက်နားသို့ရောက်လာသော အဝါရောင်အရာလေး။ ခွန်းဆက်လည်း ကြောင်လေးအားချီကာ ပေါင်ပေါ်တင်လိုက်သည်။

"မင်း ဗိုက်ကြီး ဖောင်းကားနေတာပဲ ကြည့်စမ်း... ဘာလဲ ကလေးလေးတွေရှိနေတာလား... ပြောစမ်း ကလေးအဖေ ဘယ်သူလဲ"

"မြောင်"

"ဘာလဲ ဟိုဘက်ခြံက အကောင်လား... ငါသဘောမတူဘူးနော်... အဲ့ကောင်က မိန်းမရှုပ်တယ်... ဟိုတနေ့ကတောင် တစ်ခြားကြောင်မလေးနဲ့ သူခ်ျိန်းတွေ့နေတာ ငါတွေ့ခဲ့တယ်"

ခွန်းဆက် ကြောင်အားကြည့်ရင်း သူပဲမေး သူပဲဖြေကာ တစ်ယောက်တည်း စကားတွေပြောနေသည်။ ကြောင်လေးကလည်း ခွန်းဆက်ပြောနေသည်ကို နားလည်သည့်အလား အနောက်ကလိုက်ကာ အသံပေးသည်။

"မြောင်...မြောင်"

"မင်း မာန့်ကို ပါးပါးလို့ခေါ်တာလား"

"မြောင် မြောင်မြောင်"

"ငါ့ကိုလည်း daddy လို့ခေါ်ကြည့်...မင်းပါးပါးရဲ့ ယောက်ကျားဆိုတော့ မင်း daddy ပေါ့... ခေါ်ကြည့်စမ်း တစ်ခါလောက်"

"မြောင်"

"ဟမ်... ဘာပြောတာလဲ... မင်းပြောတာ ငါနားမလည်ဘူး... လူနားလည်အောင် ပြော"

"မြောင်"

"ကျစ်! တစ်မြောင်မြောင်နဲ့"

Ringing......

"မင်းမှာ အစွမ်းများရှိနေလားဟမ်... ငါမင်းကို ချီလိုက်တိုင်း ဖုန်းကအမြဲလာတယ်"

ခွန်းဆက် ကြောင်အားပြောလိုက်ရင်း ဘောင်းဘီအိတ်ထဲမှ ဖုန်းကို ထုတ်ယူလိုက်သည်။ contact name တွင်တွေ့လိုက်ရသော နာမည်ကြောင့် ခွန်းဆက် ဖုန်းကို မကိုင်ချင်ပဲ ကိုင်လိုက်ရတော့သည်။

"Hello father ကြီး"

"ဟေ့ကောင်... ငါစကားအကောင်းပြောမလို့ မနောက်နဲ့"

"ဟုတ်ကဲ့ပါ daddy ပြောပါခင်ဗျ"

"မင်း အခုဘာလုပ်နေလဲ"

"ထိုင်နေတာပါခင်ဗျ"

"အလင်္ကာရော"

"သူ အလုပ်သွားပါတယ်ခင်ဗျ"

"ဟေ့ကောင် မင်းဘာဖြစ်နေတာလဲ! "

ဖုန်းထဲမှ ဟိန်းထွက်လာသော အသံကြောင့် ခွန်းဆက် ဖုန်းကို နားနဲ့ခွာလိုက်ရင်း မျက်ခုံးထောင့်နားအား လက်ညိုးဖြင့် ကုတ်လိုက်သည်။

"Daddy ပဲ စကားအကောင်းပြောမလို့ဆို... အဲ့ကြောင့် သားလည်း ကောင်းကောင်းပြောနေတာလေ"

"တော်ပြီ...အလင်္ကာ ပြန်လာရင်သာ အိမ်ကိုလာခဲ့"

"ဘာလို့လဲ... မလာချင်ပါဘူး... သားက မာန်နဲ့ ချစ်ကြည်နူးတစ်တီတူးမလို့ဟာကို"

"မင်းကို လာခိုင်းနေတာ လာဆိုလာလိုက်ပေါ့... ဘာတွေစကားအရစ်ရှည်နေတာလဲ ခွေးသားရဲ့"

"daddy က သားကိုခွေးသားလို့ပြောတယ်ဆိုတော့ daddy က"

"ခွန်းဆက်!!!မင်း ငါ့ကို ခွေးလို့ပြောတာလား"

"သားမပြောဘူး... daddy ဘာသာ ပြောတာလေ ဟဲဟဲ"

"ညနေအိမ်ကို လာခဲ့... ဒါပဲ ခွေးကောင်လေး"

မှောင်မဲသွားသော ဖုန်းမျက်နှာပြင်ကို ကြည့်ရင်း ခွန်းဆက် အော်ရယ်မိတော့သည်။ ထိုအချိန် သူတို့ခြံရှေ့သို့ ရောက်လာသော အပင်များစွာကို သယ်ဆောင်လာသည့် ကားကြီးတစ်စီး။ ထို့ကားနောက်တွင် မာန်၏ BMW ကားအနက်လေး။ ခွန်းဆက် ထိုင်ရာကနေထပြီး ခြံဝသို့သွားလိုက်သည်။ ခြံတံခါးဖွင့်နေသော ကိုအောင်အား ခြံရှေ့မှ ကားကိုမေးငေါ့ပြရင်း

"အဲ့တာဘာတွေလဲ"

"အပင်တွေလေ အစ်ကိုဆက်ရဲ့"

"ဟ...အပင်တွေတော့ ငါသိတာပေါ့... ဘာလုပ်ဖို့လဲမေးတာ"

"အစ်ကိုလေးရယ် အပင်တွေဆိုမှတော့ စိုက်ဖို့ပေါ့ဗျာ"

"အပင်တွေက စိုက်ရမှန်းတော့သိတာပေါ့... ဘယ်မှာစိုက်မှာလည်းမေးတာ"

"အဲ့ဒါတော့ ကျွန်တော်လည်း မသိဘူး... အစ်ကိုလေးမာန့်ကို မေးကြည့်"

"မင်းကလည်း ငါမသိလို့မေးတာကို"

"ခြံထဲမှာ အပင်ကြီးတွေပဲရှိတာလေ...အခုဝယ်လာတာ ပန်းပင်အသေးလေးတွေထင်တယ် အစ်ကိုလေးရဲ့"

မာန် ခြံအ၀တွင်ရပ်ကာ စကားများနေသော နှစ်ယောက်ကိုကြည့်ရင်း စိတ်မရှည်တော့။ ခြံအ၀ကို ပိတ်ရပ်ထားသည်ကြောင့် ကားလည်း အထဲဝင်လို့မရဖြစ်နေသည်။

"မင်းတို့နှစ်ကောင် အဲ့လိုပဲစကားများနေတော့မှာလား... ငါမင်းတို့ကို တက်ကြိတ်ပြီး ခြံထဲဝင်ရမှာလားပြော"

မာန်လှမ်းအော်တော့မှ ခွန်းဆက်တို့ စကားစပြတ်သွားကာ ခွန်းဆက်လည်း ခြံအ၀မှ ဘေးသို့ကပ်ပေးလိုက်သည်။ မာန်၏ ကားအနက်လေးက ဦးစွာဝင်လာပြီး အပင်များတင်ထားသော ကားက အနောက်မှလိုက်လာသည်။ မာန် ကားပေါ်မှဆင်းကာ အပင်များအားချရန်ပြင်နေသော ကောင်လေးနှစ်ယောက်ထံသို့သွားပြီး ဒန်းအဖြူလေးဘေးနားရှိသော မြေကွက်လပ်ကို ညွှန်ပြရင်း

"ညီလေးတို့ ဒါတွေအားလုံးကို ဟိုဒန်းအဖြူလေးဘေးမှာ ချခဲ့ပေးနော်"

ခွန်းဆက် ကားပေါ်မှ အပင်များကိုကြည့်ရင်း မျက်ခုံးများပင့်တက်သွားတော့သည်။ အကြောင်းမှာ အပင်အားလုံးသည် နှင်းဆီပန်းပင်များသာ ဖြစ်ကြပြီး အမျိုးအစားစုံလင်လှသည်။ အပွင့်ပါသော အပင်များလည်း ရှိသလို ယခုမှ စဖူးနေသော အပင်များလည်းရှိသည်။  အပင်များအားလုံးပေါင်းမှာ ၃၀ ကျော်ကျော်လောက်ရှိမည်။ ခွန်းဆက် မာန့်အနားသို့ကပ်လိုက်ရင်း

"ဘာလို့နှင်းဆီပင်တွေချည်းပဲလည်း"

မာန်က ကားပေါ်မှ အနီရဲရဲလေးပွင့်နေသော ပန်းပင်ကိုယူပြီး သူတို့်နှစ်ယောက် အရှေ့တွင် ချလိုက်ကာ ထိုပန်းလေးကို ကိုင်ရင်း ပြုံးနေသည်။

"သဘောကျလို့"

"ဟမ်"

မာန်ထိုပန်းလေးအား နမ်းရှိုက်လိုက်ပြီးနောက် ခွန်းဆက်ဘက်လှည့်ကာ မျက်ဝန်းနက်များကို စူးစိုက်ကြည့်ရင်း

"နှင်းဆီတွေကို သဘောကျလို့... အထူးသဖြင့် အနီရဲရဲလေးတွေ"

"ဪ"

မာန် ခွန်းဆက်ကိုပြောပြီး ထိုပန်းရဲရဲလေးအား ခူးလိုက်ကာ ဘယ်ဘက်နားတွင် ပန်လိုက်သည်။ နှင်းဆီပန်းပင်လေးများကို ကြည့်ရင်း နှုတ်ခမ်းထက်တွင်လည်း ကျေနပ်သော အပြုံးကို ဖော်ကျူးလျှက်။

ခွန်းဆက် မာန့်အားကြည့်ကာ မှင်သက်သွားရသည်။ နားတွင်ပန်ထားသော နှင်းဆီရဲရဲလေးနှင့်မာန်သည် ကြည့်ရတာ အမြင်မဆိုးစေပဲ လိုက်ဖက်လွန်းနေသည်။ ပန်းရောင်သန်းနေသော ပါးပြင်ဖွေးဖွေးလေးနှင့် နှင်းဆီရဲရဲလေးတို့က သဘာဝကဖန်ဆင်းပေးထားသော ပန်းချီကားချက်ပမာ အသက်ဝင်ကာ လှပလွန်းသည်။ ခွန်းဆက်ငေးမိနေတုန်း မာန်က ခွန်းဆက်ဘက်လှည့်ကာ အပြုံးလေးတစ်ပွင့်ကို စွန့်ကြဲလေသည်။

ထိုတစ်ခဏ ခွန်းဆက် ကမ္ဘာကြီး ရပ်တန့်သွားတော့သည်။ အနားတွင် ဘာလှုပ်ရှားမှုမှ မရှိတော့သလို မာန်တစ်ယောက်တည်းကသာ    သူ့အာရုံတွင် အသက်ဝင်နေသည်။ မိုးပြာရောင်မျက်ဝန်းလေးများဖြင့် သူ့အားစိုက်ကြည့်နေပြီး နှုတ်ခမ်းဖူးဖူးလေးတွင် အပြုံးလေးဆင်မြန်းထားသော မာန်သည် ရူးသွားနိုင်လောက်အောင်ကိုပင် လှပါသည်။ ထိုအလှတရားကို ပန်ဆင်ထားသော နှင်းဆီနီလေးကပင် မယှဉ်နိုင်။

"နှင်းဆီတွေက အရောင်စုံရှိပေမယ့်... ငါကတော့ အနီလေးကို ပိုသဘောကျတယ်... ရဲတယ်... အနံ့လေးကလည်း စူးတယ်"

မာန် စကားပြောနေသော်လည်း ခွန်းဆက်က ငေးကြည့်နေတုန်းပင်။ မာန့်စကားများသည်လည်း သူ့နားထဲတစ်ခုမှမ၀င်။ အနှီအရှေ့မှ လူသားလေးအား သတိလက်လွှတ် ငေးကြည့်မိသည်။ မျက်တောင်ခတ်ရမည်ကိုပင် စိုးရွံ့မိသည်အထိ ခွန်းဆက်အား မာန်က ပြုစားထားသလို ခွန်းဆက် စိုက်ကြည့်နေမိသည်။

မာန် သူ့အား မျက်တောင်မခတ်စတမ်း ငေးမောနေသော ခွန်းဆက်ကြောင့် ဆက်ပြောမည့်စကားတွေသည်လည်း ပျောက်ရှသွားရသည်။

"ဟေ့... မင်းဘာလို့ အဲ့လောက် စိုက်ကြည့်နေတာလဲ"

"လှလို့"

"ဟမ်"

ခွန်းဆက် သူပြောလိုက်သည့်စကားကြောင့် ရှက်သွေးဖြာကာ မျက်နှာလေးရဲတက်လာသော မာန့်ကြောင့် စိတ်ထဲတွင် ကလိကလိဖြစ်နေသည်။ ပါးဖောင်းဖောင်းလေးနှစ်ဖက်အားလည်း ကိုက်ဆွဲချင်စိမ်များက တဖွားဖွား။ မာန့်နားထက်ပန်ထားသော နှင်းဆီလေး၏ ရနံ့ကိုလည်း ရှူရှိုက်ချင်စိတ်များလည်း ဖြစ်ပေါ်လာရသည်။

အလင်္ကာမုန်းမာန်...ခင်ဗျား ရူးလောက်အောင်ကို လှတယ်ဗျာ.....

မာန် သူ့အား စကားတစ်ခွန်းသာ ပြောပြီး ပြန်စိုက်ကြည့်နေသောသူကြောင့် စိတ်ထဲမရိုးမရွ ဖြစ်လာကာ ခွန်းဆက်ရှေ့မှ လှည့်ထွက်ရန်ပြင်လိုက်စဉ် ရုတ်တရက် မာန့်လက်တစ်ဖက်အား ဆွဲလာသော ခွန်းဆက်။ မာန်လည်း ထိုလက်ကို ကြည့်လိုက်ပြီးနောက် လက်ပိုင်ရှင်ကိုလည်း ကြည့်လိုက်သည်။

"ဘာလို့ ဆွဲတာလဲ"

"ဘယ်သွားမလို့လဲ"

သူမေးသည်ကိုပြန်မဖြေပဲ မေးခွန်းပြန်ထုတ်လာသော ခွန်းဆက်ပါလေ။

"ဟို... အပင်စိုက်မလို့"

မာန် ခွန်းဆက်ကိုကြည့်ကာ ပြန်ဖြေလိုက်သော်လည်း ခွန်းဆက်ကတော့ မာန့်လက်ကိုလွှတ် မပေးသေးချေ။

"အစ်ကို... အကုန်ချပြီးပြီ... ကျွန်တော်တို့် သွားတော့မယ်"

အပင်သယ်လာသော ကားသမား၏ အသံကြောင့် မာန် ခွန်းဆက်ကိုင်ထားသော လက်ကို ရုန်းထွက်သော်လည်း မရ။ မာန်လည်းရုန်းမရသည်ကြောင့် မရုန်းတော့ပဲ ကားသမားဘက်လှည့်ကာ

"အေး... ညီလေး ကျေးဇူးပါနော်"

ကားသမားအားပြောပြီး ခွန်းဆက်ကို ကြည့်တော့ သူ့ကို စိုက်ကြည့်နေတာနဲ့ ဆုံပြန်သည်။ တစ်ဆိတ် ဒီကောင်လေး လူကို ဒီလိုကြည့်တာ များနေပြီ။

"လက်ကိုလွှတ် အပင် သွားစိုက်မလို့ပါဆို"

မာန် ဆူပုတ်ပုတ်လေးနှင့်ပြောတော့ ခွန်းဆက်က လက်ကိုလွှတ်ပေးကာ သူ့မျက်ခုံးထောင့်နားကို လက်ညိုးဖြင့် ကုပ်နေလေသည်။

"လာ... မင်းလဲ ကူစိုက်ပေး"

"ဘာလို့ ကျွန်တော်လည်း... ဟိုမှာ ကိုအောင်ရှိတာပဲ"

ခွန်းဆက် အလန့်တကြားဖြင့် မာန့်အားပြန်ပြောသည်။ မာန်လည်း ခွန်းဆက်ကို ပြန်စိုက်ကြည့်ရင်း

"မရဘူး... အပင်တွေအကုန်လုံး မင်းနဲ့ငါပဲ စိုက်မယ်"

"မစိုက်ဘူးနော် မစိုက်ဘူး... ပြီးတော့ ခင်ဗျားလည်း ဒီနေ့ မစိုက်နဲ့   daddy ခေါ်ထားတယ်"

"ဘာလို့လဲ"

"မသိဘူး"

"ပြီးရော...အဲ့ဆို ခဏစောင့် ရေသွားချိုးလိုက်အုံးမယ်"

ပြောပြီး ခွန်းဆက်ရှေ့မှ မာန်လှည့်ထွက်သွားတော့သည်။ မာန်လှည့်ထွက်တုန်းက နားတွင်ပန်ဆင်ထားသော နှင်းဆီနီလေးက မြေပြင်ပေါ်သို့ သက်ဆင်းသွားခဲ့သည်။ ခွန်းဆက် ထိုပန်းကလေးအား ကောက်ယူကာ တစ်ချက်နမ်းရှိုက်လိုက်ပြီး မာန့်အခန်းဆီသို့လှမ်း မျော်ကြည့်လိုက်သည်။

"ဟူးးး ခင်ဗျားနဲ့တော့ ခက်တယ် မာန်ရယ်... ရှေ့လျှောက် ကျွန်တော် ဘယ်လိုလုပ်ရပါ့"

*********************************
#1.1.2024
#🍁Moe Kyal Phyu🍁
**********
နှစ်သစ်ရောက်ပြီဆိုတော့ စာဖတ်သူလေးတွေအားလုံး စိတ်သစ်လူသစ်နဲ့ ရည်မှန်းချက်ပန်းတိုင်လေးတွေဆီကို ခြေလှမ်းသစ်အတွေနဲ့ ဆက်လှမ်းလျှောက်နိုင်ပါစေလို့ မိုးက စိတ်ရင်းနဲ့ ဆုတောင်းပေးပါတယ်ရှင့်🥰🥰

ဒါနဲ့ နောက်တစ်ပိုင်းထပ် up ရင် ကောင်းမလားလို့ စဉ်းစားနေတာ🤔🤔 up ရမလား...မupရဘူးလား စဉ်းစားပေးကြပါအုံး😁







[Zawgyi]

ခြန္းဆက္ တစ္ေယာက္ အိမ္တြင္ ေသာင္တင္ေနသည္မွာ တစ္ပတ္ေလာက္ပင္ ရိွေနၿပီျဖစ္သည္။ ေဆး႐ံုက ဆင္းလာၿပီးထဲက မာန္က ခြန္းဆက္အား ကားေပးမေမာင္းသည္ေၾကာင့္ ခြန္းဆက္ ဘယ္မွမသြားရပဲ အိမ္ထဲ၌သာ ေနရသည္။ခြန္းဆက္သြားခ်င္သည္ဆိုေသာ ေနရာမ်ားကိုလည္း မာန္ကိုယ္တိုင္ ကားေမာင္းကာ လိုက္ပို႔ေပးသည္။သို႔ေသာ္ တစ္ေယာက္တည္းရိွခ်ိန္တြင္ေတာ့ ကားေမာင္းခြင့္ကိုမာန္ တားျမစ္ထားသည္။

ခိုးထြက္၍လည္း မရ။အိမ္က CCTV မ်ားကို မာန္႔ဖုန္းနဲ့ ခ်ိတ္ဆက္ထားသည္ေၾကာင့္ ခိုးထြက္ခဲ့ပါက မာန္၏ ဆူပူမႈမ်ားကို ခြန္းဆက္ခံရေပအံုးမည္။ေဆး႐ံုကဆင္းဆင္းခ်င္း အိမ္ျပန္ေရာက္သည့္ေန႔တြင္ ခြန္းဆက္ ကားကိုမိုင္ကုန္ေမာင္းႏွင္ခဲ့သည္ကို သိသြားေသာမာန္က ခြန္းဆက္အား အမ်ဴိးအမ်ဴိးအဖံုဖံု ဆူပူခဲ့ေသာေၾကာင့္ ထိုေန႔ကဆို္လွ်င္ ခြန္းဆက္ နားပူျခင္း ဒုကၡကို တစ္၀ႀကီးခံစားလိုက္ရေသးသည္။

ဒီတစ္ပတ္အတြင္း သူျပင္းေနမွာစိုး၍ မိုးထက္တို႔ ၃ေယာက္က ခြန္းဆက္ကို လာေတြ႕ၾကေသာ္လည္း အိမ္ထဲမွာေနတာ မ်ားလာသည္ေၾကာင့္ အျပင္သို႔ထြက္ခ်င္ေနသည္။ ကားအသစ္ကိုလည္း စမ္းေမာင္းခ်င္ေနၿပီျဖစ္သည္။

ခြန္းဆက္ ကုတင္ေပၚတြင္ ဟိုလိွမ့္ဒီလိွမ့္ႏွင့္တစ္ေယာက္တည္း ပ်င္းရိေနသည္။ မာန္က ကုမၸဏ္ီ သို႔သြားလိုက္သည္ေၾကာင့္ အိမ္တြင္ သူတစ္ေယာက္တည္းသာ က်န္ခဲ့သည္။ ဖုန္းၾကည့္ေနေသာ္လည္း စိတ္၀င္စားစရာ တစ္ခုမွမေတြ႕။ App တစ္ခု၀င္ တစ္ခုထြက္ႏွင့္သာ အခ်ိန္ကုန္ေနသည္။

"အလကၤာမုန္းမာန္...ခင္ဗ်ားကေတာ့ ကမာၻပတ္ေနၿပီး ကြၽန္ေတာ့္ကိုေတာ့ အက်ယ္ခ်ဳပ္ခ်ထားတယ္...ျပန္လာပါေစ ေတြ႕မယ္ ခင္ဗ်ားနဲ႔"

ခြန္းဆက္ တစ္ေယာက္တည္း ၾကိမ္းဝါးရင္း အခန္းထဲမွထြက္ခဲ့ေတာ့သည္။

"သားေလး ဗိုက္ဆာလို႔လား...အန္တီ ေန႔လည္စာ ျပင္လိုက္ရေတာ့မလား"

ဧည့္ခန္းတြင္ သန္႔ရွင္းေရးလုပ္ေနသည့္ အန္တီမိုးက ခြန္းဆက္ ဆင္းလာသည္ကို ျမင္ေတာ့ အလုပ္လုပ္ေနရင္း လွမ္းေမးသည္။ ခြန္းဆက္လည္း အန္တီမိုးအား လက္ကာျပရင္း

"ေနေန အန္တီမိုး... သားဗိုက္မဆာေသးဘူး... ခုဆင္းလာတာ ၿခံထဲသြားထိုင္မလို႔"

"ေအး... သားေလး ဗိုက္ဆာရင္ လာေျပာေနာ္"

"ဟုတ္ကဲ့"

ခြန္းဆက္ ၿခံထဲဆင္းကာ ကံ့ေကာ္ပန္းပင္ ေအာက္က ဒန္းဆီသို႔ ေလွ်ာက္လာသည္။ ခြန္းဆက္ ဒန္းတြင္ ထိုင္လိုက္သည္ႏွင့္ ေျခေထာက္နားသို႔ေရာက္လာေသာ အဝါေရာင္အရာေလး။ ခြန္းဆက္လည္း ေၾကာင္ေလးအားခ်ီကာ ေပါင္ေပၚတင္လိုက္သည္။

"မင္း ဗိုက္ႀကီး ေဖာင္းကားေနတာပဲ ၾကည့္စမ္း... ဘာလဲ ကေလးေလးေတြရိွေနတာလား... ေျပာစမ္း ကေလးအေဖ ဘယ္သူလဲ"

"ေျမာင္"

"ဘာလဲ ဟိုဘက္ၿခံက အေကာင္လား... ငါသေဘာမတူဘူးေနာ္... အဲ့ေကာင္က မိန္းမ႐ႈပ္တယ္... ဟိုတေန႔ကေတာင္ တစ္ျခားေၾကာင္မေလးနဲ႔ သူခ်္ိန္းေတြ႕ေနတာ ငါေတြ႕ခဲ့တယ္"

ခြန္းဆက္ ေၾကာင္အားၾကည့္ရင္း သူပဲေမး သူပဲေျဖကာ တစ္ေယာက္တည္း စကားေတြေျပာေနသည္။ ေၾကာင္ေလးကလည္း ခြန္းဆက္ေျပာေနသည္ကို နားလည္သည့္အလား အေနာက္ကလိုက္ကာ အသံေပးသည္။

"ေျမာင္...ေျမာင္"

"မင္း မာန္႔ကို ပါးပါးလို႔ေခၚတာလား"

"ေျမာင္ ေျမာင္ေျမာင္"

"ငါ့ကို္လည္း daddy လို႔ေခၚၾကည့္...မင္းပါးပါးရဲ႕ ေယာက္က်ားဆိုေတာ့ မင္း daddy ေပါ့... ေခၚၾကည့္စမ္း တစ္ခါေလာက္"

"ေျမာင္"

"ဟမ္... ဘာေျပာတာလဲ... မင္းေျပာတာ ငါနားမလည္ဘူး... လူနားလည္ေအာင္ ေျပာ"

"ေျမာင္"

"က်စ္! တစ္ေျမာင္ေျမာင္နဲ႔"

Ringing......

"မင္းမွာ အစြမ္းမ်ားရိွေနလားဟမ္... ငါမင္းကို ခ်ီလိုက္တိုင္း ဖုန္းကအၿမဲလာတယ္"

ခြန္းဆက္ ေၾကာင္အားေျပာလိုက္ရင္း ေဘာင္းဘီအိတ္ထဲမွ ဖုန္းကို ထုတ္ယူလိုက္သည္။ contact name တြင္ေတြ႕လိုက္ရေသာ နာမည္ေၾကာင့္ ခြန္းဆက္ ဖုန္းကို မကိုင္ခ်င္ပဲ ကိုင္လိုက္ရေတာ့သည္။

"Hello father ႀကီး"

"ေဟ့ေကာင္... ငါစကားအေကာင္းေျပာမလို႔ မေနာက္နဲ့"

"ဟုတ္ကဲ့ပါ daddy ေျပာပါခင္ဗ်"

"မင္း အခုဘာလုပ္ေနလဲ"

"ထိုင္ေနတာပါခင္ဗ်"

"အလကၤာေရာ"

"သူ အလုပ္သြားပါတယ္ခင္ဗ်"

"ေဟ့ေကာင္ မင္းဘာျဖစ္ေနတာလဲ! "

ဖုန္းထဲမွ ဟိန္းထြက္လာေသာ အသံေၾကာင့္ ခြန္းဆက္ ဖုန္းကို နားနဲ႔ခြာလိုက္ရင္း မ်က္ခံုးေထာင့္နားအား လက္ညိဳးျဖင့္ ကုတ္လိုက္သည္။

"Daddy ပဲ စကားအေကာင္းေျပာမလို႔ဆို... အဲ့ေၾကာင့္ သားလည္း ေကာင္းေကာင္းေျပာေနတာေလ"

"ေတာ္ၿပီ...အလကၤာ ျပန္လာရင္သာ အိမ္ကိုလာခဲ့"

"ဘာလို႔လဲ... မလာခ်င္ပါဘူး... သားက မာန္နဲ႔ ခ်စ္ၾကည္ႏူးတစ္တီတူးမလို႔ဟာကို"

"မင္းကို လာခိုင္းေနတာ လာဆိုလာလိုက္ေပါ့... ဘာေတြစကားအရစ္ရွည္ေနတာလဲ ေခြးသားရဲ႕"

"daddy က သားကိုေခြးသားလို႔ေျပာတယ္ဆိုေတာ့ daddy က"

"ခြန္းဆက္!!!မင္း ငါ့ကို ေခြးလို႔ေျပာတာလား"

"သားမေျပာဘူး... daddy ဘာသာ ေျပာတာေလ ဟဲဟဲ"

"ညေနအိမ္ကို လာခဲ့... ဒါပဲ ေခြးေကာင္ေလး"

ေမွာင္မဲသြားေသာ ဖုန္းမ်က္ႏွာျပင္ကို ၾကည့္ရင္း ခြန္းဆက္ ေအာ္ရယ္မိေတာ့သည္။ ထိုအခ်ိန္ သူတို႔ၿခံေရွ႕သို႔ ေရာက္လာေသာ အပင္မ်ားစြာကို သယ္ေဆာင္လာသည့္ ကားႀကီးတစ္စီး။ ထို႔ကားေနာက္တြင္ မာန္၏ BMW ကားအနက္ေလး။ ခြန္းဆက္ ထိုင္ရာကေနထၿပီး ၿခံ၀သို႔သြားလိုက္သည္။ ၿခံတံခါးဖြင့္ေနေသာ ကိုေအာင္အား ၿခံေရွ႕မွ ကားကိုေမးေငါ့ျပရင္း

"အဲ့တာဘာေတြလဲ"

"အပင္ေတြေလ အစ္ကိုဆက္ရဲ႕"

"ဟ...အပင္ေတြေတာ့ ငါသိတာေပါ့... ဘာလုပ္ဖို႔လဲေမးတာ"

"အစ္ကိုေလးရယ္ အပင္ေတြဆိုမွေတာ့ စိုက္ဖို႔ေပါ့ဗ်ာ"

"အပင္ေတြက စိုက္ရမွန္းေတာ့သိတာေပါ့... ဘယ္မွာစိုက္မွာလည္းေမးတာ"

"အဲ့ဒါေတာ့ ကြၽန္ေတာ္လည္း မသိဘူး... အစ္ကိုေလးမာန္႔ကို ေမးၾကည့္"

"မင္းကလည္း ငါမသိလို႔ေမးတာကို"

"ၿခံထဲမွာ အပင္ႀကီးေတြပဲရိွတာေလ...အခု၀ယ္လာတာ ပန္းပင္အေသးေလးေတြထင္တယ္ အစ္ကိုေလးရဲ႕"

မာန္ ၿခံအ၀တြင္ရပ္ကာ စကားမ်ားေနေသာ ႏွစ္ေယာက္ကိုၾကည့္ရင္း စိတ္မရွည္ေတာ့။ ၿခံအ၀ကို ပိတ္ရပ္ထားသည္ေၾကာင့္ ကားလည္း အထဲ၀င္လို႔မရျဖစ္ေနသည္။

"မင္းတို႔ႏွစ္ေကာင္ အဲ့လိုပဲစကားမ်ားေနေတာ့မွာလား... ငါမင္းတို႔ကုိ တက္ႀကိတ္ၿပီး ၿခံထဲ၀င္ရမွာလားေျပာ"

မာန္လွမ္းေအာ္ေတာ့မွ ခြန္းဆက္တို႔ စကားစျပတ္သြားကာ ခြန္းဆက္လည္း ၿခံအ၀မွ ေဘးသို႔ကပ္ေပးလိုက္သည္။ မာန္၏ ကားအနက္ေလးက ဦးစြာ၀င္လာၿပီး အပင္မ်ားတင္ထားေသာ ကားက အေနာက္မွလိုက္လာသည္။ မာန္ ကားေပၚမွဆင္းကာ အပင္မ်ားအားခ်ရန္ျပင္ေနေသာ ေကာင္ေလးႏွစ္ေယာက္ထံသို႔သြားၿပီး ဒန္းအျဖဴေလးေဘးနားရိွေသာ ေျမကြက္လပ္ကို ၫႊန္ျပရင္း

"ညီေလးတို႔ ဒါေတြအားလံုးကို ဟိုဒန္းအျဖဴေလးေဘးမွာ ခ်ခဲ့ေပးေနာ္"

ခြန္းဆက္ ကားေပၚမွ အပင္မ်ားကိုၾကည့္ရင္း မ်က္ခံုးမ်ားပင့္တက္သြားေတာ့သည္။ အေၾကာင္းမွာ အပင္အားလံုးသည္ ႏွင္းဆီပန္းပင္မ်ားသာ ျဖစ္ၾကၿပီး အမ်ဳိးအစားစံုလင္လွသည္။ အပြင့္ပါေသာ အပင္မ်ားလည္း ရိွသလို ယခုမွ စဖူးေနေသာ အပင္မ်ားလည္းရိွသည္။  အပင္မ်ားအားလံုးေပါင္းမွာ ၃၀ ေက်ာ္ေက်ာ္ေလာက္ရိွမည္။ ခြန္းဆက္ မာန္႔အနားသို႔ကပ္လိုက္ရင္း

"ဘာလို႔ႏွင္းဆီပင္ေတြခ်ည္းပဲလည္း"

မာန္က ကားေပၚမွ အနီရဲရဲေလးပြင့္ေနေသာ ပန္းပင္ကိုယူၿပီး သူတို္႔ႏွစ္ေယာက္ အေရွ႕တြင္ ခ်လိုက္ကာ ထိုပန္းေလးကို ကိုင္ရင္း ၿပံဳးေနသည္။

"သေဘာက်လို႔"

"ဟမ္"

မာန္ထိုပန္းေလးအား နမ္း႐ိႈက္လိုက္ၿပီးေနာက္ ခြန္းဆက္ဘက္လွည့္ကာ မ်က္၀န္းနက္မ်ားကို စူးစိုက္ၾကည့္ရင္း

"ႏွင္းဆီေတြကို သေဘာက်လို႔... အထူးသျဖင့္ အနီရဲရဲေလးေတြ"

"ဪ"

မာန္ ခြန္းဆက္ကိုေျပာၿပီး ထိုပန္းရဲရဲေလးအား ခူးလိုက္ကာ ဘယ္ဘက္နားတြင္ ပန္လိုက္သည္။ ႏွင္းဆီပန္းပင္ေလးမ်ားကို ၾကည့္ရင္း ႏႈတ္ခမ္းထက္တြင္လည္း ေက်နပ္ေသာ အၿပံဳးကို ေဖာ္က်ဴးလွ်က္။

ခြန္းဆက္ မာန္႔အားၾကည့္ကာ မွင္သက္သြားရသည္။ နားတြင္ပန္ထားေသာ ႏွင္းဆီရဲရဲေလးႏွင့္မာန္သည္ ၾကည့္ရတာ အျမင္မဆိုးေစပဲ လိုက္ဖက္လြန္းေနသည္။ ပန္းေရာင္သန္းေနေသာ ပါးျပင္ေဖြးေဖြးေလးႏွင့္ ႏွင္းဆီရဲရဲေလးတို႔က သဘာ၀ကဖန္ဆင္းေပးထားေသာ ပန္းခ်ီကားခ်က္ပမာ အသက္၀င္ကာ လွပလြန္းသည္။ ခြန္းဆက္ေငးမိေနတုန္း မာန္က ခြန္းဆက္ဘက္လွည့္ကာ အၿပံဳးေလးတစ္ပြင့္ကို စြန္႔ႀကဲေလသည္။

ထိုတစ္ခဏ ခြန္းဆက္ ကမာၻႀကီး ရပ္တန္႔သြားေတာ့သည္။ အနားတြင္ ဘာလႈပ္ရွားမႈမွ မရိွေတာ့သလို မာန္တစ္ေယာက္တည္းကသာ    သူ့အာ႐ံုတြင္ အသက္၀င္ေနသည္။ မိုးျပာေရာင္မ်က္၀န္းေလးမ်ားျဖင့္ သူ႕အားစိုက္ၾကည့္ေနၿပီး ႏႈတ္ခမ္းဖူးဖူးေလးတြင္ အၿပံဳးေလးဆင္ျမန္းထားေသာ မာန္သည္ ႐ူးသြားႏိုင္ေလာက္ေအာင္ကိုပင္ လွပါသည္။ ထိုအလွတရားကို ပန္ဆင္ထားေသာ ႏွင္းဆီနီေလးကပင္ မယွဥ္ႏိုင္။

"ႏွင္းဆီေတြက အေရာင္စံုရိွေပမယ့္... ငါကေတာ့ အနီေလးကို ပိုသေဘာက်တယ္... ရဲတယ္... အနံ႔ေလးကလည္း စူးတယ္"

မာန္ စကားေျပာေနေသာ္လည္း ခြန္းဆက္က ေငးၾကည့္ေနတုန္းပင္။ မာန္႔စကားမ်ားသည္လည္း သူ႕နားထဲတစ္ခုမွမ၀င္။ အႏီွအေရွ႕မွ လူသားေလးအား သတိလက္လႊတ္ ေငးၾကည့္မိသည္။ မ်က္ေတာင္ခတ္ရမည္ကိုပင္ စိုးရြံ႕မိသည္အထိ ခြန္းဆက္အား မာန္က ျပဳစားထားသလို ခြန္းဆက္ စိုက္ၾကည့္ေနမိသည္။

မာန္ သူ႕အား မ်က္ေတာင္မခတ္စတမ္း ေငးေမာေနေသာ ခြန္းဆက္ေၾကာင့္ ဆက္ေျပာမည့္စကားေတြသည္လည္း ေပ်ာက္ရွသြားရသည္။

"ေဟ့... မင္းဘာလို႔ အဲ့ေလာက္ စိုက္ၾကည့္ေနတာလဲ"

"လွလို႔"

"ဟမ္"

ခြန္းဆက္ သူေျပာလိုက္သည့္စကားေၾကာင့္ ရွက္ေသြးျဖာကာ မ်က္ႏွာေလးရဲတက္လာေသာ မာန္႔ေၾကာင့္ စိတ္ထဲတြင္ ကလိကလိျဖစ္ေနသည္။ ပါးေဖာင္းေဖာင္းေလးႏွစ္ဖက္အားလည္း ကိုက္ဆြဲခ်င္စိမ္မ်ားက တဖြားဖြား။ မာန္႔နားထက္ပန္ထားေသာ ႏွင္းဆီေလး၏ ရနံ႔ကိုလည္း ႐ႉ႐ိႈက္ခ်င္စိတ္မ်ားလည္း ျဖစ္ေပၚလာရသည္။

အလကၤာမုန္းမာန္...ခင္ဗ်ား ႐ူးေလာက္ေအာင္ကို လွတယ္ဗ်ာ.....

မာန္ သူ႕အား စကားတစ္ခြန္းသာ ေျပာၿပီး ျပန္စိုက္ၾကည့္ေနေသာသူေၾကာင့္ စိတ္ထဲမ႐ိုးမရြ ျဖစ္လာကာ ခြန္းဆက္ေရွ႕မွ လွည့္ထြက္ရန္ျပင္လိုက္စဥ္ ႐ုတ္တရက္ မာန္႔လက္တစ္ဖက္အား ဆြဲလာေသာ ခြန္းဆက္။ မာန္လည္း ထိုလက္ကို ၾကည့္လိုက္ၿပီးေနာက္ လက္ပိုင္ရွင္ကိုလည္း ၾကည့္လိုက္သည္။

"ဘာလို႔ ဆြဲတာလဲ"

"ဘယ္သြားမလို႔လဲ"

သူေမးသည္ကိုျပန္မေျဖပဲ ေမးခြန္းျပန္ထုတ္လာေသာ ခြန္းဆက္ပါေလ။

"ဟို... အပင္စိုက္မလို႔"

မာန္ ခြန္းဆက္ကိုၾကည့္ကာ ျပန္ေျဖလိုက္ေသာ္လည္း ခြန္းဆက္ကေတာ့ မာန္႔လက္ကိုလႊတ္ မေပးေသးေခ်။

"အစ္ကို... အကုန္ခ်ၿပီးၿပီ... ကြၽန္ေတာ္တို္႔ သြားေတာ့မယ္"

အပင္သယ္လာေသာ ကားသမား၏ အသံေၾကာင့္ မာန္ ခြန္းဆက္ကိုင္ထားေသာ လက္ကို ႐ုန္းထြက္ေသာ္လည္း မရ။ မာန္လည္း႐ုန္းမရသည္ေၾကာင့္ မ႐ုန္းေတာ့ပဲ ကားသမားဘက္လွည့္ကာ

"ေအး... ညီေလး ေက်းဇူးပါေနာ္"

ကားသမားအားေျပာၿပီး ခြန္းဆက္ကို ၾကည့္ေတာ့ သူ႕ကို စိုက္ၾကည့္ေနတာနဲ႔ ဆံုျပန္သည္။ တစ္ဆိတ္ ဒီေကာင္ေလး လူကို ဒီလိုၾကည့္တာ မ်ားေနၿပီ။

"လက္ကိုလႊတ္ အပင္ သြားစိုက္မလို႔ပါဆို"

မာန္ ဆူပုတ္ပုတ္ေလးႏွင့္ေျပာေတာ့ ခြန္းဆက္က လက္ကိုလႊတ္ေပးကာ သူ႕မ်က္ခံုးေထာင့္နားကို လက္ညိဳးျဖင့္ ကုပ္ေနေလသည္။

"လာ... မင္းလဲ ကူစိုက္ေပး"

"ဘာလို႔ ကြၽန္ေတာ္လည္း... ဟိုမွာ ကိုေအာင္ရိွတာပဲ"

ခြန္းဆက္ အလန္႔တၾကားျဖင့္ မာန္႔အားျပန္ေျပာသည္။ မာန္လည္း ခြန္းဆက္ကို ျပန္စိုက္ၾကည့္ရင္း

"မရဘူး... အပင္ေတြအကုန္လံုး မင္းနဲ႔ငါပဲ စိုက္မယ္"

"မစိုက္ဘူးေနာ္ မစိုက္ဘူး... ၿပီးေတာ့ ခင္ဗ်ားလည္း ဒီေန႔ မစိုက္နဲ႔   daddy ေခၚထားတယ္"

"ဘာလို႔လဲ"

"မသိဘူး"

"ၿပီးေရာ...အဲ့ဆို ခဏေစာင့္ ေရသြားခ်ဳိးလိုက္အံုးမယ္"

ေျပာၿပီး ခြန္းဆက္ေရွ႕မွ မာန္လွည့္ထြက္သြားေတာ့သည္။ မာန္လွည့္ထြက္တုန္းက နားတြင္ပန္ဆင္ထားေသာ ႏွင္းဆီနီေလးက ေျမျပင္ေပၚသို႔ သက္ဆင္းသြားခဲ့သည္။ ခြန္းဆက္ ထိုပန္းကေလးအား ေကာက္ယူကာ တစ္ခ်က္နမ္း႐ိႈက္လိုက္ၿပီး မာန္႔အခန္းဆီသို႔လွမ္း ေမ်ာ္ၾကည့္လိုက္သည္။

"ဟူးးး ခင္ဗ်ားနဲ႔ေတာ့ ခက္တယ္ မာန္ရယ္... ေရွ႕ေလွ်ာက္ ကြၽန္ေတာ္ ဘယ္လိုလုပ္ရပါ့"

*********************************
#1.1.2024
#🍁Moe Kyal Phyu🍁
**********
ႏွစ္သစ္ေရာက္ၿပီဆိုေတာ့ စာဖတ္သူေလးေတြအားလံုး စိတ္သစ္လူသစ္နဲ႔ ရည္မွန္းခ်က္ပန္းတိုင္ေလးေတြဆီကို ေျခလွမ္းသစ္အေတြနဲ႔ ဆက္လွမ္းေလွ်ာက္ႏိုင္ပါေစလို႔ မိုးက စိတ္ရင္းနဲ႔ ဆုေတာင္းေပးပါတယ္ရွင့္🥰🥰

ဒါနဲ႔ ေနာက္တစ္ပိုင္းထပ္ up ရင္ ေကာင္းမလားလို႔ စဥ္းစားေနတာ🤔🤔 up ရမလား...မupရဘူးလား စဥ္းစားေပးၾကပါအံုး😁





Continue Reading

You'll Also Like

15K 448 30
A ship crushed on Donut! Who is this mysterious pilot, Tuckers baby has been born and is causing trouble for everyone at blue base. O'Malley is gone...
3.6K 153 7
တိမ်တိုက်နွေး + ရှိုင်းရတုနောင် နွေးနဲ့ရှိုင်းတိို့ရဲ့ ကမ္ဘာလေးထဲကိုအလည်လာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်ဗျ
876K 62.3K 48
He is mine ?muu paing?
6K 408 8
mini story လေးပါ။ခေါင်းစဉ်အတိုင်း ပျော်ပျော်ရွှင်ရွှင်နဲ့ရိုရိုချိုချိုလေးသွားမှာပါ။