အပိုင်း (၁၀၁) အပေါက်ဆိုးတဲ့မိန်းမ
ရုံးခန်းထဲက လူတိုင်း မှင်သက်အံ့ဩသွားကြတော့သည်။ အခိုက်တန့်တွင် ဘယ်သူမှ မတုန့်ပြန်နိုင်ခဲ့ကြပေ။ စက္ကန့်အနည်းငယ်ကြာပြီးမှ ချောင်ဖန်းထံမှ ထူးဆန်းသည့်ငိုသံတစ်ခု ထွက်လာပြီး သက်တော်စောင့်တစ်ချို့နှင့်အတူ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားသဖြင့် အော်ဟစ်နေသည့် ကျန်းရန်အား တွဲထူရန် ရောက်သွားတော့သည်။
"အစ်မ"
ရှန်ချန်သည် ရှန်ယွဲ့ကို မြင်လိုက်သည်နှင့်တပြိုင်နက် သူ့လည်ချောင်းထဲတွင် တစ်ခုခုဆို့သွားသလို ခံစားလိုက်ရတော့သည်။ အစပိုင်းက သူဟန်ဆောင်ထားခဲ့သည့် သန်မာကာ အကြောက်အရွံ့ကင်းမဲ့မှုများသည် ပျောက်ခြင်းမလှ ပျောက်သွားတော့သည်။ သည်ကိစ္စ၏ နောက်ဆက်တွဲရလာဒ်များကို စဥ်းစာရင်း ရှန်ချန်မှာ အတိုင်းမသိအောင် အပြစ်ရှိသလို ခံစားလိုက်ရတော့သည်။
" ငါ တောင်းပန်ပါတယ်၊ ငါ ဒီလို မလုပ်ခဲ့သင့်ဘူး၊ ငါ နင့်ကို ဒုက္ခပေးမိပြီ"
ရှန်ယွဲ့က ရှန်ချန်ထံ မြန်မြန်လျှောက်သွားလိုက်ပြီးနောက် သူ့လက်ကောက်ဝတ်ကို ဖမ်းဆုပ်လိုက်၏။ သူ့ချောမွတ်နေသည့် အသားအရေပေါ်က အနီရောင်တောက်တောက်လက်ဝါးရာကိုကြည့်ရင်း သူမသည် သူ့ကို ပြန်မဖြေတာ့ချေ။ ထို့အစား သူမက အေးစက်စက်နှင့် မေးလိုက်သည်။
" အဲဒီအပေါက်ဆိုးတဲ့မိန်းမက နင့်ကို ရိုက်လိုက်တာလား"
ရှန်ချန်မှာ ကြောင်အမ်းအမ်းနှင့် ခေါသ်းညိတ်ပြလိုက်၏။ သူသည် ရှန်ယွဲ့မျက်လုံးများထဲတွင် ပုံးကွယ်နေသည့် ဒေါသကို တွေ့လိုက်ရပြီး အမှားလုပ်ထားသည့်ကလေးတစ်ယာက်လို အပြစ်ရှိသလို ခံစားလိုက်ရတော့သည်။
" နင်ကများ ဘယ်သူ့ကို အပေါက်ဆိုးတဲ့မိန်းမလို့ ခေါ်နေတာလဲ၊ ငါ့သားကိုများ အတင့်ရဲလို့ ရိုက်ရသလား၊ နင်တော့ သေပြီသာမှတ်"
ချောင်ဖန်းသည် အလွန်ဒေါသထွက်သွားပြီး သူမ၏ခန္ဓာကိုယ်တစ်ခုလုံးမှာ တုန်ယင်နေတော့သည်။ သူမ၏အဖိုးတန်သားလေးသည် သူမ၏အသက်သွေးကြောပင်။ သို့သော် သူသည် ဘယ်ကရောက်လာမှန်းမသိသည့် သည်ဝတုတ်မ၏ ကန်ကျောက်ခြင်းကို ခံလိုက်ရသည်။ သူမသည် ဒေါသခြောင်းခြောင်း ထွက်သွားတော့သည်။
" သွားကြစမ်း၊ ဒီနေ့ သူ့လက်မောင်းနဲ့ ခြေထောက်ကို ချိုးနိုင်တဲ့ ဘယ်သူ့ကိုမဆို ယွမ် တစ်သိန်းဆုချမယ်"
ချောင်ဖန်းက အမိန့်ပေးလိုက်၏။ သူမခေါ်လာသည့် အနည်းငယ်သော အားကောင်းမောင်းသန် လူကြမ်းများသည် ရှန်ယွဲ့ထံ ချဥ်းကပ်သွားကြတော့သည်။ သည်လူများသည် ကျန်းမိသားစုအတွက် အလုပ်မလုပ်ပေးခင်က သူတို့အားလုံးသည် အညတရ အရည်အချင်းမရှိသည့် လူမိုက်များဖြစ်လေသည်။ သည်အခိုက်အတန့်တွင် သူတို့သည် ရှန်ယွဲ့ကို ဝိုင်းထားလိုက်ကြပြီး သူတို့မျက်လုံးများကလည်း လောဘ ဒေါသများနှင့် ပြည့်နက်နေတော့သည်။
ချောင်ဖန်းက ရှန်ယွဲ့၏ လက်နှင့်ခြေများကို ချိုးနိုင်လျှင် ယွမ်တစ်သိန်းပေးမည်ဟု ပြောခဲ့သည်။ ယွမ်တစ်သိန်းအတိမှာ သူတို့အတွက် အချိန်တော်တော်ကြာအောင် ဘဝကောင်းကောင်းနှင့် နေနိုင်ရန် အတွက်လုံလောက်ပေသည်။
သည်မြင်ကွင်းကို မြင်လိုက်ရသဖြင့် ရုံးခန်းထဲက တခြားသူများက ကြောက်လန့်တကြားဖြင့် ဘေးသို့ရှောင်ကာ ချက်ချင်း ပုန်းနေလိုက်ကြသည်။ အထူးသဖြင့် တစ်ချို့ဆရာများသည် တကယ်တိုက်ခိုက်ကြတော့မည်ကို တွေ့လိုက်ရချိန်၌ သူတို့အားလုံးက ထောင့်တစ်နေရာတွင် ကြပ်ညပ်နေအောင် တိုးဝေ့နေကြတော့သည်။ ဒါသည် သာမန်လူများ ဝင်ပတ်သက်နိုင်သည့် ကိစ္စမျိုးမဟုတ်ချေ။ သူတို့၏ဘဝက ပိုအရေးကြီးလေသည်။
" အစ်မ သတိထား"
ရှန်ချန်က ရှန်ယွဲ့အား ကာကွယ်ပေးချင်ပါသော်လည်း သူမက သူ့ကို ဘေးသို့ တွန်းထုတ်လိုက်၏။
" ငါ ဘာမှမဖြစ်ဘူး၊ ငါ့လမ်းထဲ ဝင်မလာနဲ့"
ဒီလူကြမ်းတွေက ကျိုးရွှမ်း ငါ့ကို စောင့်ကြည့်ဖို့ လွှတ်ထားတဲ့ သက်တော်စောင့်တွေရဲ့ တစ်ဝက်လောက်တောင် မသန်မာဘူး။ သူတို့ကို ဖရဲသီးခွဲသလို ၊ အသီးအရွက်လှီးသလို လွယ်လွယ်လေး ရှင်းပစ်လို့ရတယ်။ ဒါပေမယ့် ကျန်းမိသားစုရဲ့ ရုပ်ဆိုးဆိုးမျက်နှာနဲ့ နောက်မှပေါက်တဲ့ရွှေကြာတွေကို တကယ် ရွံလိုက်တာ။ ရှန်ယွဲ့၏မျက်လုံးများသည် မဲမှောင်သွားတော့သည်။
သည်အချိန်တွင် ရှန်ယွဲ့ကို စိတ်ပူပေးနေသည့် နောက်တစ်ယောက်က ရှိလေသည်။ ကျောင်းအုပ်ကြီး ချန်းယန်ပင်။ သူသည် ရှန်ယွဲ့ကို သိလေသည်။ အတိအကျဆိုရလျှင် သူသည် ရှန်ယွဲ့ကြောင့်သာ သည်ကျောင်း၏ ကျောင်းအုပ်အဖြစ် တာဝန်ပေးခံလိုက်ရခြင်းပင်။
ဟန်လင်းက ကျောင်းချိန်အတွင်း ရှန်ယွဲ့အား အထူးဂရုစိုက်ပေးပြီး သူမကို ဘာနစ်နာမှုမှ မခံစားရစေရန် မှာကြားခဲ့သည်။ နောက်ဆုံး ရှန်ယွဲ့သည် ဗဟိုမြို့တော်က ကျိုးမိသားစု၏ ကျေးဇူးရှင်တစ်ယောက်လည်း ဖြစ်လေသည်။
ရှန်ယွဲ့ တံခါးမှ ဝင်လာသည့်တခဏအတွင်း ချန်းယန်သည် သူမကို မှတ်မိသွားပြီး ရှန်ချန်က ရှန်ယွဲ့၏မောင်လေးမှန်း နားလည်သွားတော့သည်။ ရှန်ချန်သာ အနိုင်ကျင့်ခံခဲ့ရလျှင် ရှန်ယွဲ့ကို နစ်နာစေသည်နှင့် မခြားပေ။ ချန်းယန်၏နှလုံးမှာ တင်းကြပ်သွားတော့သည်။
ချန်းယန်က သူမကို နှုတ်ဆက်မည်ပြင်လိုက်စဥ်မှာပင် ရှန်ယွဲ့က အလျင်အမြန်လှုပ်ရှားလိုက်သည်ကို တွေ့လိုက်ရ၏။ သူမသည် ကိစ္စများကို လုံးဝ အစမဖော်ဘဲ သူ့ကို နေရာပင်မပေးချေ။ ကျန်းမိသားစုသည်လည်း Sမြို့တွင် နာမည်ကြီးမိသားစုတစ်ခုဖြစ်ပြီး အလွယ်တကူ အပြစ်လုပ်လို့ မရနိုင်သော်လည်း ကျိုးမိသားစုနှင့် ယှဥ်လျှင်တော့ ဘာမှမဟုတ်။
ထို့ကြောင့် သူသည် ရှန်ယွဲ့က လူကြမ်းများနှင့် စတင်တိုက်ခိုက်လိုက်သည်ကို မြင်လိုက်ရသည်နှင့် ချက်ချင်း ချန်းယန်က ဟန်လင်းကို မြန်မြန်ဖုန်းခေါ်လိုက်၏။
" ဟယ်လို မြို့တော်ဝန်ဟန် ကျန်းမိသားစုက....."
ဟန်လင်းသည် အစည်းအဝေးတစ်ခု လုပ်နေ၏။ ချန်းယန်ထံမှ ဖုန်းကို မြင်လိုက်ချိန်တွင် ရှန်ယွဲ့ တစ်ခုခုဖြစ်သွားပြီအထင်နှင့် စိတ်ပူသွားတော့သည်။ သူသည် လုံးဝ အချိန်မဆွဲရဲဘဲ ဖုန်းကို မြန်မြန် ကိုင်လိုက်၏။ ကျန်းမိသားစု ရှန်ယွဲ့လက်မောင်းအတွက် ယွမ်တစ်သိန်းပေးမည်ဟု ခြိမ်းခြောက်သံကြားလိုက်ရချိန်တွင်တော့ သူသည် ရုတ်ချည်းဆိုသလို ဒေါသူပုန်ထသွားတော့သည်။
" သောက်ခွေးတစ်သိုက်၊ သူတို့တွေ မိန်းကလေးရှန်ယွဲ့ ရဲ့ ဆံပင်တစ်ချောင်းကို ထိရဲထိကြည့်စမ်း ကျန်းမိသားစုက ကျိုးမိသားစုကြောင့် မြေပေါ်မှာ ပြားပြားဝပ်သွားစေရမယ်၊ ငါအခု ကျန်းရှု ကိုဖုန်းခေါ်လိုက်မယ်"
ချန်ယန်းသည် ဟန်လင်း၏ အမှာစကားကို နားထောင်ရင်း ရှန်ယွဲ့၏ တိုက်ပွဲကို စိုးရိမ်တကြီးနှင့် စောင့်ကြည့်နေလေသည်။ သို့သော်ငြား သူတွေ့လိုက်ရသည့်အရာကြောင့် သေမတတ် ထိတ်လန့်သွားတော့သည်။
လူကြမ်းငါးယောက်က ရှေ့သို့ ပြေးဝင်လာ၏။ ရှန်ယွဲ့က သူမ၏ခြေထောက်ကို ဝိုက်ကာ သုံးယောက်ကို ကန်ထုတ်လိုက်ပြီး ကျန်နှစ်ယောက်၏ ကော်လံကို ဖမ်းဆွဲထားလိုက်လေသည်။ သူတို့ခေါင်းများသည် ကြောက်စရာကောင်းလောက်အောင် အချင်းချင်းတိုက်မိသွားပြီး သူတို့ကို ဘေးသို့ အားဖြင့် ပုံမှန်အတိုင်း လွဲထည့်လိုက်တော့သည်။
တခြား လူကြမ်းသုံးယောက်က အရှိန်ဖြင့် ပြေးအဝင် ရှန်ယွဲ့က သူတို့၏ခြေထောက်များကို ကန်ထည့်လိုက်ပြီး သူတို့မျက်နှာကို လက်သီးဖြင့် ထိုးလိုက်တော့သည်။ သူမသည် တစ်ယောက်ကို မြန်မြန်ဆန်ဆန် ရှင်းထုတ်လိုက်ပြီး သူ့ကို လက်နက်သဖွယ်အသုံးချကာ တခြားလူများကို ရိုက်ပလိုက်လေတော့သည်။
....
Zawgyi
အပိုင္း (၁၀၁) အေပါက္ဆိုးတဲ့မိန္းမ
႐ုံးခန္းထဲက လူတိုင္း မွင္သက္အံ့ဩသြားၾကေတာ့သည္။ အခိုက္တန္႔တြင္ ဘယ္သူမွ မတုန္႔ျပန္ႏိုင္ခဲ့ၾကေပ။ စကၠန္႔အနည္းငယ္ၾကာၿပီးမွ ေခ်ာင္ဖန္းထံမွ ထူးဆန္းသည့္ငိုသံတစ္ခု ထြက္လာၿပီး သက္ေတာ္ေစာင့္တစ္ခ်ိဳ႕ႏွင့္အတူ ၾကမ္းျပင္ေပၚသို႔ ျပဳတ္က်သြားသျဖင့္ ေအာ္ဟစ္ေနသည့္ က်န္းရန္အား တြဲထူရန္ ေရာက္သြားေတာ့သည္။
"အစ္မ"
ရွန္ခ်န္သည္ ရွန္ယြဲ႕ကို ျမင္လိုက္သည္ႏွင့္တၿပိဳင္နက္ သူ႔လည္ေခ်ာင္းထဲတြင္ တစ္ခုခုဆို႔သြားသလို ခံစားလိုက္ရေတာ့သည္။ အစပိုင္းက သူဟန္ေဆာင္ထားခဲ့သည့္ သန္မာကာ အေၾကာက္အ႐ြံ႕ကင္းမဲ့မႈမ်ားသည္ ေပ်ာက္ျခင္းမလွ ေပ်ာက္သြားေတာ့သည္။ သည္ကိစၥ၏ ေနာက္ဆက္တြဲရလာဒ္မ်ားကို စဥ္းစာရင္း ရွန္ခ်န္မွာ အတိုင္းမသိေအာင္ အျပစ္ရွိသလို ခံစားလိုက္ရေတာ့သည္။
" ငါ ေတာင္းပန္ပါတယ္၊ ငါ ဒီလို မလုပ္ခဲ့သင့္ဘူး၊ ငါ နင့္ကို ဒုကၡေပးမိၿပီ"
ရွန္ယြဲ႕က ရွန္ခ်န္ထံ ျမန္ျမန္ေလွ်ာက္သြားလိုက္ၿပီးေနာက္ သူ႔လက္ေကာက္ဝတ္ကို ဖမ္းဆုပ္လိုက္၏။ သူ႔ေခ်ာမြတ္ေနသည့္ အသားအေရေပၚက အနီေရာင္ေတာက္ေတာက္လက္ဝါးရာကိုၾကည့္ရင္း သူမသည္ သူ႔ကို ျပန္မေျဖတာ့ေခ်။ ထို႔အစား သူမက ေအးစက္စက္ႏွင့္ ေမးလိုက္သည္။
" အဲဒီအေပါက္ဆိုးတဲ့မိန္းမက နင့္ကို ႐ိုက္လိုက္တာလား"
ရွန္ခ်န္မွာ ေၾကာင္အမ္းအမ္းႏွင့္ ေခါသ္းညိတ္ျပလိုက္၏။ သူသည္ ရွန္ယြဲ႕မ်က္လုံးမ်ားထဲတြင္ ပုံးကြယ္ေနသည့္ ေဒါသကို ေတြ႕လိုက္ရၿပီး အမွားလုပ္ထားသည့္ကေလးတစ္ယာက္လို အျပစ္ရွိသလို ခံစားလိုက္ရေတာ့သည္။
" နင္ကမ်ား ဘယ္သူ႔ကို အေပါက္ဆိုးတဲ့မိန္းမလို႔ ေခၚေနတာလဲ၊ ငါ့သားကိုမ်ား အတင့္ရဲလို႔ ႐ိုက္ရသလား၊ နင္ေတာ့ ေသၿပီသာမွတ္"
ေခ်ာင္ဖန္းသည္ အလြန္ေဒါသထြက္သြားၿပီး သူမ၏ခႏၶာကိုယ္တစ္ခုလုံးမွာ တုန္ယင္ေနေတာ့သည္။ သူမ၏အဖိုးတန္သားေလးသည္ သူမ၏အသက္ေသြးေၾကာပင္။ သို႔ေသာ္ သူသည္ ဘယ္ကေရာက္လာမွန္းမသိသည့္ သည္ဝတုတ္မ၏ ကန္ေက်ာက္ျခင္းကို ခံလိုက္ရသည္။ သူမသည္ ေဒါသေျခာင္းေျခာင္း ထြက္သြားေတာ့သည္။
" သြားၾကစမ္း၊ ဒီေန႔ သူ႔လက္ေမာင္းနဲ႔ ေျခေထာက္ကို ခ်ိဳးႏိုင္တဲ့ ဘယ္သူ႔ကိုမဆို ယြမ္ တစ္သိန္းဆုခ်မယ္"
ေခ်ာင္ဖန္းက အမိန္႔ေပးလိုက္၏။ သူမေခၚလာသည့္ အနည္းငယ္ေသာ အားေကာင္းေမာင္းသန္ လူၾကမ္းမ်ားသည္ ရွန္ယြဲ႕ထံ ခ်ဥ္းကပ္သြားၾကေတာ့သည္။ သည္လူမ်ားသည္ က်န္းမိသားစုအတြက္ အလုပ္မလုပ္ေပးခင္က သူတို႔အားလုံးသည္ အညတရ အရည္အခ်င္းမရွိသည့္ လူမိုက္မ်ားျဖစ္ေလသည္။ သည္အခိုက္အတန္႔တြင္ သူတို႔သည္ ရွန္ယြဲ႕ကို ဝိုင္းထားလိုက္ၾကၿပီး သူတို႔မ်က္လုံးမ်ားကလည္း ေလာဘ ေဒါသမ်ားႏွင့္ ျပည့္နက္ေနေတာ့သည္။
ေခ်ာင္ဖန္းက ရွန္ယြဲ႕၏ လက္ႏွင့္ေျခမ်ားကို ခ်ိဳးႏိုင္လွ်င္ ယြမ္တစ္သိန္းေပးမည္ဟု ေျပာခဲ့သည္။ ယြမ္တစ္သိန္းအတိမွာ သူတို႔အတြက္ အခ်ိန္ေတာ္ေတာ္ၾကာေအာင္ ဘဝေကာင္းေကာင္းႏွင့္ ေနႏိုင္ရန္ အတြက္လုံေလာက္ေပသည္။
သည္ျမင္ကြင္းကို ျမင္လိုက္ရသျဖင့္ ႐ုံးခန္းထဲက တျခားသူမ်ားက ေၾကာက္လန္႔တၾကားျဖင့္ ေဘးသို႔ေရွာင္ကာ ခ်က္ခ်င္း ပုန္းေနလိုက္ၾကသည္။ အထူးသျဖင့္ တစ္ခ်ိဳ႕ဆရာမ်ားသည္ တကယ္တိုက္ခိုက္ၾကေတာ့မည္ကို ေတြ႕လိုက္ရခ်ိန္၌ သူတို႔အားလုံးက ေထာင့္တစ္ေနရာတြင္ ၾကပ္ညပ္ေနေအာင္ တိုးေဝ့ေနၾကေတာ့သည္။ ဒါသည္ သာမန္လူမ်ား ဝင္ပတ္သက္ႏိုင္သည့္ ကိစၥမ်ိဳးမဟုတ္ေခ်။ သူတို႔၏ဘဝက ပိုအေရးႀကီးေလသည္။
" အစ္မ သတိထား"
ရွန္ခ်န္က ရွန္ယြဲ႕အား ကာကြယ္ေပးခ်င္ပါေသာ္လည္း သူမက သူ႔ကို ေဘးသို႔ တြန္းထုတ္လိုက္၏။
" ငါ ဘာမွမျဖစ္ဘူး၊ ငါ့လမ္းထဲ ဝင္မလာနဲ႔"
ဒီလူၾကမ္းေတြက က်ိဳး႐ႊမ္း ငါ့ကို ေစာင့္ၾကည့္ဖို႔ လႊတ္ထားတဲ့ သက္ေတာ္ေစာင့္ေတြရဲ႕ တစ္ဝက္ေလာက္ေတာင္ မသန္မာဘူး။ သူတို႔ကို ဖရဲသီးခြဲသလို ၊ အသီးအ႐ြက္လွီးသလို လြယ္လြယ္ေလး ရွင္းပစ္လို႔ရတယ္။ ဒါေပမယ့္ က်န္းမိသားစုရဲ႕ ႐ုပ္ဆိုးဆိုးမ်က္ႏွာနဲ႔ ေနာက္မွေပါက္တဲ့ေ႐ႊၾကာေတြကို တကယ္ ႐ြံလိုက္တာ။ ရွန္ယြဲ႕၏မ်က္လုံးမ်ားသည္ မဲေမွာင္သြားေတာ့သည္။
သည္အခ်ိန္တြင္ ရွန္ယြဲ႕ကို စိတ္ပူေပးေနသည့္ ေနာက္တစ္ေယာက္က ရွိေလသည္။ ေက်ာင္းအုပ္ႀကီး ခ်န္းယန္ပင္။ သူသည္ ရွန္ယြဲ႕ကို သိေလသည္။ အတိအက်ဆိုရလွ်င္ သူသည္ ရွန္ယြဲ႕ေၾကာင့္သာ သည္ေက်ာင္း၏ ေက်ာင္းအုပ္အျဖစ္ တာဝန္ေပးခံလိုက္ရျခင္းပင္။
ဟန္လင္းက ေက်ာင္းခ်ိန္အတြင္း ရွန္ယြဲ႕အား အထူးဂ႐ုစိုက္ေပးၿပီး သူမကို ဘာနစ္နာမႈမွ မခံစားရေစရန္ မွာၾကားခဲ့သည္။ ေနာက္ဆုံး ရွန္ယြဲ႕သည္ ဗဟိုၿမိဳ႕ေတာ္က က်ိဳးမိသားစု၏ ေက်းဇူးရွင္တစ္ေယာက္လည္း ျဖစ္ေလသည္။
ရွန္ယြဲ႕ တံခါးမွ ဝင္လာသည့္တခဏအတြင္း ခ်န္းယန္သည္ သူမကို မွတ္မိသြားၿပီး ရွန္ခ်န္က ရွန္ယြဲ႕၏ေမာင္ေလးမွန္း နားလည္သြားေတာ့သည္။ ရွန္ခ်န္သာ အႏိုင္က်င့္ခံခဲ့ရလွ်င္ ရွန္ယြဲ႕ကို နစ္နာေစသည္ႏွင့္ မျခားေပ။ ခ်န္းယန္၏ႏွလုံးမွာ တင္းၾကပ္သြားေတာ့သည္။
ခ်န္းယန္က သူမကို ႏႈတ္ဆက္မည္ျပင္လိုက္စဥ္မွာပင္ ရွန္ယြဲ႕က အလ်င္အျမန္လႈပ္ရွားလိုက္သည္ကို ေတြ႕လိုက္ရ၏။ သူမသည္ ကိစၥမ်ားကို လုံးဝ အစမေဖာ္ဘဲ သူ႔ကို ေနရာပင္မေပးေခ်။ က်န္းမိသားစုသည္လည္း Sၿမိဳ႕တြင္ နာမည္ႀကီးမိသားစုတစ္ခုျဖစ္ၿပီး အလြယ္တကူ အျပစ္လုပ္လို႔ မရႏိုင္ေသာ္လည္း က်ိဳးမိသားစုႏွင့္ ယွဥ္လွ်င္ေတာ့ ဘာမွမဟုတ္။
ထို႔ေၾကာင့္ သူသည္ ရွန္ယြဲ႕က လူၾကမ္းမ်ားႏွင့္ စတင္တိုက္ခိုက္လိုက္သည္ကို ျမင္လိုက္ရသည္ႏွင့္ ခ်က္ခ်င္း ခ်န္းယန္က ဟန္လင္းကို ျမန္ျမန္ဖုန္းေခၚလိုက္၏။
" ဟယ္လို ၿမိဳ႕ေတာ္ဝန္ဟန္ က်န္းမိသားစုက....."
ဟန္လင္းသည္ အစည္းအေဝးတစ္ခု လုပ္ေန၏။ ခ်န္းယန္ထံမွ ဖုန္းကို ျမင္လိုက္ခ်ိန္တြင္ ရွန္ယြဲ႕ တစ္ခုခုျဖစ္သြားၿပီအထင္ႏွင့္ စိတ္ပူသြားေတာ့သည္။ သူသည္ လုံးဝ အခ်ိန္မဆြဲရဲဘဲ ဖုန္းကို ျမန္ျမန္ ကိုင္လိုက္၏။ က်န္းမိသားစု ရွန္ယြဲ႕လက္ေမာင္းအတြက္ ယြမ္တစ္သိန္းေပးမည္ဟု ၿခိမ္းေျခာက္သံၾကားလိုက္ရခ်ိန္တြင္ေတာ့ သူသည္ ႐ုတ္ခ်ည္းဆိုသလို ေဒါသူပုန္ထသြားေတာ့သည္။
" ေသာက္ေခြးတစ္သိုက္၊ သူတို႔ေတြ မိန္းကေလးရွန္ယြဲ႕ ရဲ႕ ဆံပင္တစ္ေခ်ာင္းကို ထိရဲထိၾကည့္စမ္း က်န္းမိသားစုက က်ိဳးမိသားစုေၾကာင့္ ေျမေပၚမွာ ျပားျပားဝပ္သြားေစရမယ္၊ ငါအခု က်န္းရႈ ကိုဖုန္းေခၚလိုက္မယ္"
ခ်န္ယန္းသည္ ဟန္လင္း၏ အမွာစကားကို နားေထာင္ရင္း ရွန္ယြဲ႕၏ တိုက္ပြဲကို စိုးရိမ္တႀကီးႏွင့္ ေစာင့္ၾကည့္ေနေလသည္။ သို႔ေသာ္ျငား သူေတြ႕လိုက္ရသည့္အရာေၾကာင့္ ေသမတတ္ ထိတ္လန္႔သြားေတာ့သည္။
လူၾကမ္းငါးေယာက္က ေရွ႕သို႔ ေျပးဝင္လာ၏။ ရွန္ယြဲ႕က သူမ၏ေျခေထာက္ကို ဝိုက္ကာ သုံးေယာက္ကို ကန္ထုတ္လိုက္ၿပီး က်န္ႏွစ္ေယာက္၏ ေကာ္လံကို ဖမ္းဆြဲထားလိုက္ေလသည္။ သူတို႔ေခါင္းမ်ားသည္ ေၾကာက္စရာေကာင္းေလာက္ေအာင္ အခ်င္းခ်င္းတိုက္မိသြားၿပီး သူတို႔ကို ေဘးသို႔ အားျဖင့္ ပုံမွန္အတိုင္း လြဲထည့္လိုက္ေတာ့သည္။
တျခား လူၾကမ္းသုံးေယာက္က အရွိန္ျဖင့္ ေျပးအဝင္ ရွန္ယြဲ႕က သူတို႔၏ေျခေထာက္မ်ားကို ကန္ထည့္လိုက္ၿပီး သူတို႔မ်က္ႏွာကို လက္သီးျဖင့္ ထိုးလိုက္ေတာ့သည္။ သူမသည္ တစ္ေယာက္ကို ျမန္ျမန္ဆန္ဆန္ ရွင္းထုတ္လိုက္ၿပီး သူ႔ကို လက္နက္သဖြယ္အသုံးခ်ကာ တျခားလူမ်ားကို ႐ိုက္ပလိုက္ေလေတာ့သည္။
....