အပိုင်း (၁၀၀) ယွမ် တစ်သန်းလျှော်ကြေး
" ကျွန်မ ယောက်ျားက ဘယ်သူလဲဆိုတာ သိကြလား၊ သူက လုံထန် ကော်ပိုရေးရှင်းရဲ့ဥက္ကဋ္ဌပဲ၊ ရှင်တို့တွေ သူ့ကို စိတ်ဆိုးအောင်လုပ်လို့မရဘူးနော်၊ ကျွန်မ သားဆီမှာ တစ်ခုခုဖြစ်သွားရင် ရှင့်ကျောင်းနဲ့ ရှင်တို့ငတုံးတစ်သိုက်ရဲ့ အလုပ်တွေကို မေ့သာထားလိုက်ကြတော့" ထိုမိန်းမက ဆက်ပြီး ပွက်လောရိုက်အောင်ဆူပူနေလေသည်။
ချောင်ဖန်းက ရေးကြီးခွင်ကျယ်လုပ်နေသည်ကို အနည်းငယ်ရှက်ရွံမိသဖြင့် ကျန်းရန်က စိတ်မရှည်တော့ဘဲ ခေါင်းကိုစောင်းကာ ထောင့်တွင် ရပ်နေသည့် ရှန်ချန်ကို ကြည့်လိုက်သည်။ သူသည် အံကြိတ်ကာ ပြောလိုက်၏။
" အမေ ကျွန်တော် ဘာမှမဖြစ်ဘူး၊ ကျွန်တော့်ကိစ္စကိုပဲ အရင်ကူရှင်းပေး"
ကျန်းရန်က စိတ်တက်ကြွနေသည်ကို မြင်လိုက်ရသဖြင့် ချောင်ဖန်းသည် စိတ်အေးသွားတော့သည်။ သည်ကိုလာသည့်လမ်းတွင် သူမသည် သည်ကိစ္စကို အကြမ်းဖျင်း နားလည်ထားပြီး သူမ၏သားကို ဒုက္ခိတကျောင်းသားတစ်ယောက်က ရိုက်နက်လိုက်သည်ဟု သိထားသည်။ ထို့ကြောင့် သူမ၏အကြည့်က ထောင့်တွင်ရပ်နေသည့် ရှန်ချန်ဆီ ချက်ချင်းရောက်သွားတော့သည်။
ရှန်ချန်ကို ကြည့်နေရင်း ချောင်ဖန်း၏အမူအရာက ရုတ်ချည်း မဲမှောင်သွား၏။ သူမက ရှန်ချန်ရှေ့သို့ ခြေလှမ်းကျဲများဖြင့် လျှောက်သွားကာ လက်ကိုမြောက်လိုက်ပြီး သူ့ကို ပါးချလိုက်တော့သည်။
" နင့်ကိုယ်နင် ဘာများမှတ်နေလဲ၊ ငါ့အဖိုးတန်သားကိုများ ရိုက်ရဲရတယ်လို့"
ချန်းယန်က ချောင်ဖန်းကို မြန်မြန်တားကာ နားချလိုက်သည်။
" ကျန်းရန်အမေ ဒီကိစ္စကို ဆွေးနွေးကြရအောင်ပါ၊ တစ်ယောက်ယောက်ကို ရိုက်တယ်ဆိုတာကလည်း မလုပ်သင့်ပါဘူး"
" ထွက်သွားစမ်း၊ ရှင့်အလုပ်သာ ရှင်သွားလုပ်၊ ဒီနေ့ ဒီသောက်မျိုးမစစ်လေးကို အသေရိုက်ခဲ့ရင်တောင် ရှင့်အပူမပါဘူး"
ချောင်ဖန်းက ချန်းယန်ကို တွန်းလိုက်ပြီး တံတွေးထွေးလိုက်လေသည်။ ချန်းယန် ဘာမှမလုပ်နိုင်ခင်မှာပင် သူမက ရှန်ချန်ကို ဒုတိယအကြိမ် ပါးရိုက်လိုက်သည်။
ဖြန်း။
ကျွတ်ဆတ်ဆတ်အသံက ရုံးခန်းထဲ လူအားလုံးကို အထိတ်တလန့်ဖြစ်သွားစေတော့သည်။ ကံအားလျော်စွာ ထိုရိုက်ချက်က ရှန်ချန်၏လက်မောင်းကိုသာ သွားထိမိသည်။ ချောင်ဖန်းက သူ့ကို ပါးရိုက်လိုက်ချိန်တွင် ရှန်ချန်က သူ့လက်ဖြင့် မြန်မြန် ကာလိုက်ခြင်းပင်။
ရန်ဖြစ်ရာက ရထားသည့် အညိုအမဲအကွက်များက ရှန်ချန်၏ပါးပေါ်တွင် ကျန်နေသေးသည်။ ချောင်ဖန်းကို တားလိုက်ပြီးနောက် ရှန်ချန်၏အသံက အနည်းငယ်တုန်ယင်နေသော်လည်း သူက ချောင်ဖန်း၏ ဒေါသထွက်နေသည့် မျက်လုံးများကို တည့်တည့်ကြည့်ကာ ပြောလိုက်၏။
" ကျွန်တော်က မျိုးမစစ်ကောင်မဟုတ်ဘူး ပြီးတော့ ကျွန်တော်လုပ်ခဲ့တာတွေအတွက် တာဝန်ယူပေးမယ်"
ချောင်ဖန်းမှာ ရှန်ချန်ကို ပါးမရိုက်လိုက်ရသဖြင့် ပိုပြီး ဒေါသထွက်သွား၏။ သူမသည် ရှန်ချန်ကို လက်ညိုးငေါက်ငေါက်ထိုးပြီး ဆဲရေးလိုက်တော့သည်။
" နင်က ဘာဟန်ဆောင်နေတာလဲ၊ နင့်မိဘတွေက နင့်လို အရိုင်းအစိုင်းကောင်မျိုးကို ဆုံးမနိုင်တယ်ဆိုအုံးတော့ သူတို့တွေက ဘာမှ ကောင်းတဲ့ဟာတွေ မဟုတ်ဘူး၊ ငါ ဒီကို မလာခင်တုန်းက နင့်မိသားစုကို စစ်ဆေးပြီးပြီ၊ နင့်အမေက ငွေကိုင်တစ်ယောက်၊ နင့်အဖေက ဆောက်လုပ်ရေးက အလုပ်သမားတစ်ယောက်၊ သူတို့တစ်နှစ်ဝင်ငွေက ငါတို့အိမ်က အစေခံလောက်တောင် မရှိဘူး၊ မိသားစုတစ်ခုလုံးကလည်း အောက်ခြေအသိုင်းအဝိုင်းကပဲ၊ နင်က စာဖတ်ဖို့လောက်ပဲ သိတဲ့ ဒုက္ခိတ စာဂျပိုး၊ နင်က တာဝန်ယူမယ်လို့များ ပြောရဲရသေးလား၊ ငါက နင့်ကို ယွမ်တစ်သန်း ပေးခိုင်းရင် နင်ကတတ်နိုင်လို့လား"
ချောင်ဖန်း၏အသံမှာ အလွန်ကျယ်လောင်သဖြင့် ရုံးခန်းအပြင်အထိပင် ရောက်သွားတော့သည်။ ရှန်ချန်သည် ဤမျှရက်စက်သည့် အရှက်ခွဲခံရခြင်းကို သည်းခံနေရပြီး ပြန်မချေပနိုင်ပေ။
သူ့ကို ချောက်ချားသွားစေသည့် အရာမှာ ထိုမိန်းမက လျော်ကြေး ယွမ်တစ်သန်း တောင်းဆိုနေခြင်းပင်။ ယွမ်တစ်သန်းအပြည့်။ သူသည် ရှန်မိသားစုကို ပြောင်သလင်းခါသွားအောင် မြေလှန်ခဲ့လျှင်တောင် သည်ပမာဏကို စုဆောင်းနိုင်လိမ့်မည်မဟုတ်ပေ။
ရှန်ချန်၏အမူအရာက စိုးရိမ်ပြီး ပျာယာခတ်လာသည်ကိုမြင်လိုက်သဖြင့် ချောင်ဖန်းက အေးတိအေးစက် နှာခေါင်းရှုံ့လိုက်ပြီး အလွန်အထင်သေးသည့်အကြည့်ဖြင့် သူ့ကို အကဲခတ်လိုက်လေသည်။ သူမက မုန်းတီးစွာ ပြောလိုက်၏။
"ဘယ်လောက်သနားစရာကောင်းနေပြီလဲ ကိုယ့်ဟာကို ပြန်ကြည့်လိုက်အုံး၊ နင်တို့အသုံးမကျတဲ့ မိသားစု ဒီငွေကို မတတ်နိုင်ဘူးဆိုတာ သိသားပဲ၊ နင် မြေကြီးမှာ ဒူးထောက်ပြီး ငါ့သားကို ဦးချတောင်းပန်လိုက် ၊ ပြီးရင်နင့်ကျန်တဲ့ ခြေတစ်ချောင်းကိုလည်း ငါ့သက်တော်စောင့်တွေကို ဒုက္ခိတဖြစ်အောင်လုပ်ခွင့်ပေးရင် နင် ဒီယွမ်တစ်သန်း ပေးစရာမလိုတော့ဘူး"
ထိုသို့ပြောရင်း ချောင်ဖန်းက သူမခေါ်လာသည့် သက်တော်စောင့်များကို လက်ဟန်ပြလိုက်ကာ ရှန်ချန်ကို တိုက်ခိုက် ခိုင်းတော့သည်။
ရှန်ချန်မှာ အချိန်မီ မရှောင်လိုက်နိုင်ဘဲ သက်တော်စောင့်တစ်ချို့၏ အတင်းအကြပ် ထိန်းချုပ်ခံလိုက်ရတော့သည်။ သူတို့ထဲကတစ်ယောက်က သံရိုက်တူတစ်ချောင်းကို ကိုင်ထားကာ ရှန်ချန်ကို အမှန်ပင် တိုက်ခိုက်တော့မည့်နှယ်။
ရုံးခန်းထဲက တခြားဆရာများနှင့် ချန်းယန်က ကြောက်လန့်တခြားဖြင့် အကြံပေးကြလေသည်။
" ဥပဒေစိုးမိုးထားတဲ့ လူ့အဖွဲ့အစည်းတစ်ခုမှ အခုလို တိုက်ခိုက်လို့မရပါဘူး"
"ဒါက တရားမဝင်ဘူး"
ချောင်ဖန်၏လေသံမှာ မောက်မာထောင်လွှားလျက်ပင်။
" ကျွန်မက ဥပဒေကို ချိုးဖောက်တော့ရော ဘာဖြစ်လဲ၊ Sမြို့မှာ ကျွန်မ မလုပ်ရဲတာမရှိဘူး၊ ရှင့်ကို ပြောလိုက်မယ်၊ မြို့တော်ဝန်ဟန်လင်းကတော့ ကျွန်မယောက်ျားကို တွေ့ရင် ယဥ်ယဥ်ကျေးကျေး ဆက်ဆံရတာ၊ ရဲမှူးချုပ်ဆိုတာကလည်း ကျွန်မယောက်ျားကို စီးကရက် ကမ်းပေးရတဲ့သူ၊ ဒီမျိုးမစစ်ကောင်ရဲ့ခြေထောက်ကို ချိုးပစ်တာ ဘာဖြစ်မှာမလို့လဲ၊ ကျွန်မတို့မိသားစု မတတ်နိုင်တဲ့ကိစ္စမှမဟုတ်တာ"
" ကောင်းတယ်၊ ကောင်းတယ်၊ သူ့ခြေထောက်ကို ချိုးပြီး သူ့ကို ထော့နဲ့ထော့နဲ့ ဒုက္ခိတအစစ်ဖြစ်အောင် လုပ်ပေးလိုက်"
ကျန်းရန်မှာ အလွန်ကျေနပ်သွားပြီး ကျယ်လောင်စွာ အော်ရယ်လေသည်။
ရှန်ယွဲ့က ရုံးခန်းထဲသို့ အပြေးအလွှားရောက်လာချိန်၌ ချောင်ဖန်း၏ခြိမ်းခြောက်နေသည့် စကားနှင့် လက်ခုပ်တီးကား အားပေးနေသည့် ကျန်းရန်၏ စကားတို့ကို ကြားလိုက်ရတော့သည်။ သူမက ရှင်းပြမနေတော့ဘဲ ကျန်းရန်ကို ခပ်ပြင်းပြင်း ကန်ထုတ်လိုက်၏။
ကြီးမားသည့် အားတစ်ခုအောက်တွင် ကျန်းရန်သည် လွှင့်ထွက်သွားပြီး ရုံးခန်းသုံးစားပွဲကို သွားရိုက်မိလေတော့သည်။
....
Zawgyi
အပိုင္း (၁၀၀) ယြမ္ တစ္သန္းေလွ်ာ္ေၾကး
" ကြၽန္မ ေယာက္်ားက ဘယ္သူလဲဆိုတာ သိၾကလား၊ သူက လုံထန္ ေကာ္ပိုေရးရွင္းရဲ႕ဥကၠ႒ပဲ၊ ရွင္တို႔ေတြ သူ႔ကို စိတ္ဆိုးေအာင္လုပ္လို႔မရဘူးေနာ္၊ ကြၽန္မ သားဆီမွာ တစ္ခုခုျဖစ္သြားရင္ ရွင့္ေက်ာင္းနဲ႔ ရွင္တို႔ငတုံးတစ္သိုက္ရဲ႕ အလုပ္ေတြကို ေမ့သာထားလိုက္ၾကေတာ့" ထိုမိန္းမက ဆက္ၿပီး ပြက္ေလာ႐ိုက္ေအာင္ဆူပူေနေလသည္။
ေခ်ာင္ဖန္းက ေရးႀကီးခြင္က်ယ္လုပ္ေနသည္ကို အနည္းငယ္ရွက္႐ြံမိသျဖင့္ က်န္းရန္က စိတ္မရွည္ေတာ့ဘဲ ေခါင္းကိုေစာင္းကာ ေထာင့္တြင္ ရပ္ေနသည့္ ရွန္ခ်န္ကို ၾကည့္လိုက္သည္။ သူသည္ အံႀကိတ္ကာ ေျပာလိုက္၏။
" အေမ ကြၽန္ေတာ္ ဘာမွမျဖစ္ဘူး၊ ကြၽန္ေတာ့္ကိစၥကိုပဲ အရင္ကူရွင္းေပး"
က်န္းရန္က စိတ္တက္ႂကြေနသည္ကို ျမင္လိုက္ရသျဖင့္ ေခ်ာင္ဖန္းသည္ စိတ္ေအးသြားေတာ့သည္။ သည္ကိုလာသည့္လမ္းတြင္ သူမသည္ သည္ကိစၥကို အၾကမ္းဖ်င္း နားလည္ထားၿပီး သူမ၏သားကို ဒုကၡိတေက်ာင္းသားတစ္ေယာက္က ႐ိုက္နက္လိုက္သည္ဟု သိထားသည္။ ထို႔ေၾကာင့္ သူမ၏အၾကည့္က ေထာင့္တြင္ရပ္ေနသည့္ ရွန္ခ်န္ဆီ ခ်က္ခ်င္းေရာက္သြားေတာ့သည္။
ရွန္ခ်န္ကို ၾကည့္ေနရင္း ေခ်ာင္ဖန္း၏အမူအရာက ႐ုတ္ခ်ည္း မဲေမွာင္သြား၏။ သူမက ရွန္ခ်န္ေရွ႕သို႔ ေျခလွမ္းက်ဲမ်ားျဖင့္ ေလွ်ာက္သြားကာ လက္ကိုေျမာက္လိုက္ၿပီး သူ႔ကို ပါးခ်လိုက္ေတာ့သည္။
" နင့္ကိုယ္နင္ ဘာမ်ားမွတ္ေနလဲ၊ ငါ့အဖိုးတန္သားကိုမ်ား ႐ိုက္ရဲရတယ္လို႔"
ခ်န္းယန္က ေခ်ာင္ဖန္းကို ျမန္ျမန္တားကာ နားခ်လိုက္သည္။
" က်န္းရန္အေမ ဒီကိစၥကို ေဆြးေႏြးၾကရေအာင္ပါ၊ တစ္ေယာက္ေယာက္ကို ႐ိုက္တယ္ဆိုတာကလည္း မလုပ္သင့္ပါဘူး"
" ထြက္သြားစမ္း၊ ရွင့္အလုပ္သာ ရွင္သြားလုပ္၊ ဒီေန႔ ဒီေသာက္မ်ိဳးမစစ္ေလးကို အေသ႐ိုက္ခဲ့ရင္ေတာင္ ရွင့္အပူမပါဘူး"
ေခ်ာင္ဖန္းက ခ်န္းယန္ကို တြန္းလိုက္ၿပီး တံေတြးေထြးလိုက္ေလသည္။ ခ်န္းယန္ ဘာမွမလုပ္ႏိုင္ခင္မွာပင္ သူမက ရွန္ခ်န္ကို ဒုတိယအႀကိမ္ ပါး႐ိုက္လိုက္သည္။
ျဖန္း။
ကြၽတ္ဆတ္ဆတ္အသံက ႐ုံးခန္းထဲ လူအားလုံးကို အထိတ္တလန္႔ျဖစ္သြားေစေတာ့သည္။ ကံအားေလ်ာ္စြာ ထို႐ိုက္ခ်က္က ရွန္ခ်န္၏လက္ေမာင္းကိုသာ သြားထိမိသည္။ ေခ်ာင္ဖန္းက သူ႔ကို ပါး႐ိုက္လိုက္ခ်ိန္တြင္ ရွန္ခ်န္က သူ႔လက္ျဖင့္ ျမန္ျမန္ ကာလိုက္ျခင္းပင္။
ရန္ျဖစ္ရာက ရထားသည့္ အညိဳအမဲအကြက္မ်ားက ရွန္ခ်န္၏ပါးေပၚတြင္ က်န္ေနေသးသည္။ ေခ်ာင္ဖန္းကို တားလိုက္ၿပီးေနာက္ ရွန္ခ်န္၏အသံက အနည္းငယ္တုန္ယင္ေနေသာ္လည္း သူက ေခ်ာင္ဖန္း၏ ေဒါသထြက္ေနသည့္ မ်က္လုံးမ်ားကို တည့္တည့္ၾကည့္ကာ ေျပာလိုက္၏။
" ကြၽန္ေတာ္က မ်ိဳးမစစ္ေကာင္မဟုတ္ဘူး ၿပီးေတာ့ ကြၽန္ေတာ္လုပ္ခဲ့တာေတြအတြက္ တာဝန္ယူေပးမယ္"
ေခ်ာင္ဖန္းမွာ ရွန္ခ်န္ကို ပါးမ႐ိုက္လိုက္ရသျဖင့္ ပိုၿပီး ေဒါသထြက္သြား၏။ သူမသည္ ရွန္ခ်န္ကို လက္ညိဳးေငါက္ေငါက္ထိုးၿပီး ဆဲေရးလိုက္ေတာ့သည္။
" နင္က ဘာဟန္ေဆာင္ေနတာလဲ၊ နင့္မိဘေတြက နင့္လို အ႐ိုင္းအစိုင္းေကာင္မ်ိဳးကို ဆုံးမႏိုင္တယ္ဆိုအုံးေတာ့ သူတို႔ေတြက ဘာမွ ေကာင္းတဲ့ဟာေတြ မဟုတ္ဘူး၊ ငါ ဒီကို မလာခင္တုန္းက နင့္မိသားစုကို စစ္ေဆးၿပီးၿပီ၊ နင့္အေမက ေငြကိုင္တစ္ေယာက္၊ နင့္အေဖက ေဆာက္လုပ္ေရးက အလုပ္သမားတစ္ေယာက္၊ သူတို႔တစ္ႏွစ္ဝင္ေငြက ငါတို႔အိမ္က အေစခံေလာက္ေတာင္ မရွိဘူး၊ မိသားစုတစ္ခုလုံးကလည္း ေအာက္ေျခအသိုင္းအဝိုင္းကပဲ၊ နင္က စာဖတ္ဖို႔ေလာက္ပဲ သိတဲ့ ဒုကၡိတ စာဂ်ပိုး၊ နင္က တာဝန္ယူမယ္လို႔မ်ား ေျပာရဲရေသးလား၊ ငါက နင့္ကို ယြမ္တစ္သန္း ေပးခိုင္းရင္ နင္ကတတ္ႏိုင္လို႔လား"
ေခ်ာင္ဖန္း၏အသံမွာ အလြန္က်ယ္ေလာင္သျဖင့္ ႐ုံးခန္းအျပင္အထိပင္ ေရာက္သြားေတာ့သည္။ ရွန္ခ်န္သည္ ဤမွ်ရက္စက္သည့္ အရွက္ခြဲခံရျခင္းကို သည္းခံေနရၿပီး ျပန္မေခ်ပႏိုင္ေပ။
သူ႔ကို ေခ်ာက္ခ်ားသြားေစသည့္ အရာမွာ ထိုမိန္းမက ေလ်ာ္ေၾကး ယြမ္တစ္သန္း ေတာင္းဆိုေနျခင္းပင္။ ယြမ္တစ္သန္းအျပည့္။ သူသည္ ရွန္မိသားစုကို ေျပာင္သလင္းခါသြားေအာင္ ေျမလွန္ခဲ့လွ်င္ေတာင္ သည္ပမာဏကို စုေဆာင္းႏိုင္လိမ့္မည္မဟုတ္ေပ။
ရွန္ခ်န္၏အမူအရာက စိုးရိမ္ၿပီး ပ်ာယာခတ္လာသည္ကိုျမင္လိုက္သျဖင့္ ေခ်ာင္ဖန္းက ေအးတိေအးစက္ ႏွာေခါင္းရႈံ႕လိုက္ၿပီး အလြန္အထင္ေသးသည့္အၾကည့္ျဖင့္ သူ႔ကို အကဲခတ္လိုက္ေလသည္။ သူမက မုန္းတီးစြာ ေျပာလိုက္၏။
"ဘယ္ေလာက္သနားစရာေကာင္းေနၿပီလဲ ကိုယ့္ဟာကို ျပန္ၾကည့္လိုက္အုံး၊ နင္တို႔အသုံးမက်တဲ့ မိသားစု ဒီေငြကို မတတ္ႏိုင္ဘူးဆိုတာ သိသားပဲ၊ နင္ ေျမႀကီးမွာ ဒူးေထာက္ၿပီး ငါ့သားကို ဦးခ်ေတာင္းပန္လိုက္ ၊ ၿပီးရင္နင့္က်န္တဲ့ ေျခတစ္ေခ်ာင္းကိုလည္း ငါ့သက္ေတာ္ေစာင့္ေတြကို ဒုကၡိတျဖစ္ေအာင္လုပ္ခြင့္ေပးရင္ နင္ ဒီယြမ္တစ္သန္း ေပးစရာမလိုေတာ့ဘူး"
ထိုသို႔ေျပာရင္း ေခ်ာင္ဖန္းက သူမေခၚလာသည့္ သက္ေတာ္ေစာင့္မ်ားကို လက္ဟန္ျပလိုက္ကာ ရွန္ခ်န္ကို တိုက္ခိုက္ ခိုင္းေတာ့သည္။
ရွန္ခ်န္မွာ အခ်ိန္မီ မေရွာင္လိုက္ႏိုင္ဘဲ သက္ေတာ္ေစာင့္တစ္ခ်ိဳ႕၏ အတင္းအၾကပ္ ထိန္းခ်ဳပ္ခံလိုက္ရေတာ့သည္။ သူတို႔ထဲကတစ္ေယာက္က သံ႐ိုက္တူတစ္ေခ်ာင္းကို ကိုင္ထားကာ ရွန္ခ်န္ကို အမွန္ပင္ တိုက္ခိုက္ေတာ့မည့္ႏွယ္။
႐ုံးခန္းထဲက တျခားဆရာမ်ားႏွင့္ ခ်န္းယန္က ေၾကာက္လန္႔တျခားျဖင့္ အႀကံေပးၾကေလသည္။
" ဥပေဒစိုးမိုးထားတဲ့ လူ႔အဖြဲ႕အစည္းတစ္ခုမွ အခုလို တိုက္ခိုက္လို႔မရပါဘူး"
"ဒါက တရားမဝင္ဘူး"
ေခ်ာင္ဖန္၏ေလသံမွာ ေမာက္မာေထာင္လႊားလ်က္ပင္။
" ကြၽန္မက ဥပေဒကို ခ်ိဳးေဖာက္ေတာ့ေရာ ဘာျဖစ္လဲ၊ Sၿမိဳ႕မွာ ကြၽန္မ မလုပ္ရဲတာမရွိဘူး၊ ရွင့္ကို ေျပာလိုက္မယ္၊ ၿမိဳ႕ေတာ္ဝန္ဟန္လင္းကေတာ့ ကြၽန္မေယာက္်ားကို ေတြ႕ရင္ ယဥ္ယဥ္ေက်းေက်း ဆက္ဆံရတာ၊ ရဲမႉးခ်ဳပ္ဆိုတာကလည္း ကြၽန္မေယာက္်ားကို စီးကရက္ ကမ္းေပးရတဲ့သူ၊ ဒီမ်ိဳးမစစ္ေကာင္ရဲ႕ေျခေထာက္ကို ခ်ိဳးပစ္တာ ဘာျဖစ္မွာမလို႔လဲ၊ ကြၽန္မတို႔မိသားစု မတတ္ႏိုင္တဲ့ကိစၥမွမဟုတ္တာ"
" ေကာင္းတယ္၊ ေကာင္းတယ္၊ သူ႔ေျခေထာက္ကို ခ်ိဳးၿပီး သူ႔ကို ေထာ့နဲ႔ေထာ့နဲ႔ ဒုကၡိတအစစ္ျဖစ္ေအာင္ လုပ္ေပးလိုက္"
က်န္းရန္မွာ အလြန္ေက်နပ္သြားၿပီး က်ယ္ေလာင္စြာ ေအာ္ရယ္ေလသည္။
ရွန္ယြဲ႕က ႐ုံးခန္းထဲသို႔ အေျပးအလႊားေရာက္လာခ်ိန္၌ ေခ်ာင္ဖန္း၏ၿခိမ္းေျခာက္ေနသည့္ စကားႏွင့္ လက္ခုပ္တီးကား အားေပးေနသည့္ က်န္းရန္၏ စကားတို႔ကို ၾကားလိုက္ရေတာ့သည္။ သူမက ရွင္းျပမေနေတာ့ဘဲ က်န္းရန္ကို ခပ္ျပင္းျပင္း ကန္ထုတ္လိုက္၏။
ႀကီးမားသည့္ အားတစ္ခုေအာက္တြင္ က်န္းရန္သည္ လႊင့္ထြက္သြားၿပီး ႐ုံးခန္းသုံးစားပြဲကို သြား႐ိုက္မိေလေတာ့သည္။
....