အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စ...

By ChihiroLily7

105K 9.3K 82

လုပ်ကြံသူအဖွဲ့တစ်ခုရဲ့ ပျိုးထောင်ခံလာရပြီး ၁၃နှစ်တာလေ့ကျင့်လာပြီးနောက်ပိုင်း ရှန်ယွဲ့ဟာ အသက် ၁၇နှစ်အရွယ်မှာတေ... More

ဇာတ်လမ်းမိတ်ဆက်
အပိုင်း (၁) သစ္စာဖောက်
အပိုင်း (၂) ပြန်လည်မွေးဖွားခြင်း
အပိုင်း (၃) အမည်မသိပူပန်မှု
အပိုင်း (၄) ကျောင်းထွက်ပြီး အလုပ်လုပ်တဲ့
အပိုင်း ( ၅) အမဲဖျက်ခံရတော့မယ့်သိုးတစ်ကောင်
အပိုင်း (၆) မူလပိုင်ရှင်ရဲ့လျှို့ဝှက်ချက်
အပိုင်း (၇) နားလည်ရဲ့လား
အပိုင်း (၈) ကမ္ဘာ့အဆင့်ပုစ္ဆာများကို အဖြေထုတ်ခြင်း
အပိုင်း (၉) ကြီးမားတဲ့ယုံကြည်ချက်
အပိုင်း (၁၀) သူမ ရူးသွားတာလား
အပိုင်း (၁၁) ကျောင်းမှာ ပထမရခြင်း
အပိုင်း ( ၁၂) ဘတ်စ်ကားပေါ်ဖြစ်ရပ်
အပိုင်း (၁၃) လူပါးဝတဲ့ကောင်ကို သင်ခန်းစာပေးမယ်
အပိုင်း ( ၁၄) အရမ်းအကြင်နာမဲ့သွားတယ်
အပိုင်း ( ၁၅) ငါ့မကောင်းကြောင်းပြောနေကြတယ်
အပိုင်း (၁၆) ဆရာ့စည်းကမ်းကို လိုက်နာပါ
အပိုင်း (၁၇) လူမိုက်လေးတစ်သိုက်
အပိုင်း (၁၈) ချန်းမင် ဘောင်းဘီထဲသေးပေါက်ချတယ်
အပိုင်း (၁၉) သူက မင်းအမ လား
အပိုင်း (၂၀) ကျောင်းတော်ရဲ့မင်းသားလေးထပ်တောင်ပိုချောသေးတယ်
Paid Gp စပါပြီ
အပိုင်း (၂၁) ပိုက်ဆံမလောက်ခြင်း
အပိုင်း (၂၂) ပွဲကောင်းတစ်ခုကို စောင့်မျှော်ခြင်း
အပိုင်း (၂၃) နင့်ညီမလေးကို အလျှော့ပေးလိုက်တဲ့
အပိုင်း ( ၂၄) နင့်အသက်ကိုကယ်ပေးမယ်
အပိုင်း (၂၅) အရပ်ဝတ်နဲ့ရဲအတု
အပိုင်း (၂၆) သူမကိုတစ်သန်းပေးလိုက်တယ်
အပိုင်း (၂၇) သူမကိုနာမည် ပျက်စေချင်တာတဲ့
အပိုင်း (၂၈) တံတားပေါ်က ဘူးသီးခြောက်
အပိုင်း (၂၉) အရာရှိတစ်ယောက်ထပ်ဖြစ်မလာနိုင်တော့ဘူး
အပိုင်း (၃၀) ဖုန်းတစ်လုံးဝယ်ခြင်း
အပိုင်း (၃၁) ဆင်းရဲသားနှစ်ယောက်
အပိုင်း (၃၂) VVIP မန်ဘာ
အပိုင်း (၃၃) သူ့သဘောထားက ချက်ချင်းပြောင်းသွားတာနော်
အပိုင်း (၃၄) ကောင်းတဲ့ရည်ရွယ်ချက်နဲ့ မကောင်းတာလုပ်မိတယ်
အပိုင်း (၃၅) ယွမ်တစ်သန်းသုံးခြင်း
အပိုင်း (၃၆) လောင်းရဲလား
အပိုင်း (၃၇) သေမယ့်လမ်း
အပိုင်း (၃၈) သူမရဲ့သရုပ်မှန်
အပိုင်း (၃၉) သားအမိနှစ်ယောက်ကို ပညာပေးမယ်
အပိုင်း (၄၀) အကြွေးတိုင်းမှာ ကြွေးရှင်ရှိတယ်
အပိုင်း ( ၄၁) သွေးရေပန်း
အပိုင်း (၄၂) ယဲ့ရင်းကို ဆက်သွယ်ခြင်း
အပိုင်း (၄၃) ကျေးဇူးပြန်ဆပ်ခြင်း
အပိုင်း ( ၄၄) ကြယ်ငါးပွင့်ဟိုတယ်
အပိုင်း (၄၅) ငွေကို ရေလိုသုံးခြင်း
အပိုင်း (၄၆) စီးပွားရေးလုပ်ငန်း
အပိုင်း (၄၇) ချမ်းသာမှုနှင့် စိတ်ရင်း
အပိုင်း (၄၈) သူမရဲ့လျှို့ဝှက်ချက်
အပိုင်း (၄၉) ခက်ခဲတဲ့ဘဝမှာ နေချင်တယ်တဲ့
အပိုင်း (၅၀) ရဲတင်းလိုက်တာ
အပိုင်း (၅၁) သောက်ကျိုးနဲ
အပိုင်း (၅၂) အုံးနှောက်မကောင်းတော့ဘူး
Thidingyut Promotion
အပိုင်း (၅၃) အိုင်ဒေါအဟောင်း
အပိုင်း ( ၅၄) စိန်ခေါ်တဲ့မေးခွန်း
အပိုင်း (၅၅) သေချာပေါက်လုံးဝငွေမယူဘူး
အပိုင်း (၅၆) အရမ်းမျက်နှာပြောင်တယ်
အပိုင်း (၅၇) အုတ်အော်သောင်းနင်းဖြစ်သွားခြင်း
အပိုင်း (၅၈) အဖြေမှန်
အပိုင်း (၅၉) ငါလေးနဲ့ကစားကြတဲ့သက်တော်စောင့်တွေ
အပိုင်း (၆၀) အာမခံချက်ရှိတဲ့ဝင်ခွင့်အခွင့်အရေးရရှိခြင်း
အပိုင်း (၆၁) သိပ္ပံနည်းကျသုတေသနကို စိတ်မဝင်စားပါ
အပိုင်း (၆၂) အေးစက်စက် ငြင်းပယ်ခြင်း
အပိုင်း ( ၆၃) စိတ်၏လှည့်စားခံရခြင်း
Announcement
အပိုင်း (၆၄) ရယ်စရာကောင်းတဲ့ရမှတ်
အပိုင်း (၆၅) ကလိမ်ကျတဲ့ နည်းလမ်းတစ်ချို့
အပိုင်း (၆၆) မသမာမှုကြောင့် အသရေဖျက်ခြင်း
အပိုင်း (၆၇) ပရမ်းပတာဖြစ်ခြင်း
အပိုင်း (၆၈) အမှတ်ပြည့်
အပိုင်း ( ၆၉) ဆရာမကိုတောင်းပန်လိုက်
အပိုင်း (၇၀) တရားရုံးမှာတွေ့မယ်
အပိုင်း (၇၁) ရှန်ယွဲ့က ရဲခေါ်လိုက်တယ်
အပိုင်း (၇၂) အိုဗာဖြစ်လွန်းတယ်
အပိုင်း (၇၃) ကျောင်းအုပ်ကြီး၏လုပ်ဆောင်ချက်ကို စောင့်ကြည့်ခြင်း
အပိုင်း (၇၄) မင်းကို တနေရာရာမှာတွေ့ဖူးသလိုပဲ
အပိုင်း (၇၅) နောက်ကွယ်လူတစ်စု
အပိုင်း (၇၆) သူကလူပြက်တစ်ယောက်လိုပဲ
အပိုင်း (၇၇) ကျောင်းတော်ရဲ့မင်းသမီးလေးထပ်တောင်လှသေးတယ်
အပိုင်း (၇၈) ရှန်ယွဲ့မှာ ချစ်သူအသစ်ရှိတယ်တဲ့
အပိုင်း ( ၇၉) ကျိုးရွှမ်းကို နာမည်တပ်ခေါ်တယ်
အပိုင်း (၈၀) ဟန်ရဲ့ကို မျက်နှာလုပ်ခွင့်ပေးလိုက်တယ်
အပိုင်း (၈၁) ငွေတစ်ခုသာ မျက်လုံးထဲမှာမြင်တယ်
Year End Promotion and Year End Event
Year End Event Announcement
အပိုင်း (၈၂) ယွမ် ၅၀,၀၀၀ကို လက်ခံလိုက်တယ်
GP - 2 မိတ်ဆက်
အပိုင်း ( ၈၃) ကျိုးမိသားစုဆီသို့ အလည်အပတ်
အပိုင်း (၈၄) ကမ္ဘာ့နံပါတ် တစ်, ဇီးရိုး
အပိုင်း (၈၅) ရန်သူရဲ့တန်ပြန်တိုက်စစ်
အပိုင်း (၈၆) ကျွန်တော်က အဲလိုလူမျိုးမဟုတ်
အပိုင်း (၈၇) အပြစ်ပြုမိသည်ဟု ခံစားမိခြင်း
အပိုင်း (၈၈) ကင်မရာကို ဖွင့်လိုက်မယ်
အပိုင်း (၈၉)ခံစားချက်ပေါ်မူတည်ပြီး ခန့်မှန်းကြည့်ခြင်း
အပိုင်း (၉၀) စပရိုက်နည်းနည်းတိုက်လိုက်မယ်
အပိုင်း (၉၁) ဥက္ကဋ္ဌကျိုးက ဂေး တဲ့
အပိုင်း (၉၂) ၃၆မိနစ်
အပိုင်း (၉၃) စပရိုက်သေးသေးလေး
အပိုင်း (၉၄) အခုချက်ချင်းထွက်သွား
အပိုင်း (၉၅) မဟာအခွင့်အရေးတစ်ခု
အပိုင်း (၉၆) အပြင်မှာ လေပြင်းနေတယ်
အပိုင်း (၉၇) အတုအယောင်ဟု သံသယဖြစ်မိ
အပိုင်း (၉၈) သူ့ခေါင်းကို ရိုက်ခွဲလိုက်တယ်
အပိုင်း (၁၀၀) ယွမ် တစ်သန်းလျှော်ကြေး
အပိုင်း (၁၀၁) အပေါက်ဆိုးတဲ့မိန်းမ
အပိုင်း (၁၀၂) နင့်ကို မေ့သွားတော့မလို့
အပိုင်း (၁၀၃) ဘယ်သူက ထွက်သွားခွင့်ပေးလို့လဲ
အပိုင်း (၁၀၄) ယွမ် နှစ်သိန်း
အပိုင်း (၁၀၅) ဘယ်သူက ထွက်သွားလို့ ပြောလို့လဲ
အပိုင်း (၁၀၆) + အပိုင်း (၁၀၇)
အပိုင်း (၁၀၈)+အပိုင်း (၁၀၉)
အပိုင်း (၁၁၀)+အပိုင်း(၁၁၁)
အပိုင်း (၁၁၂) + အပိုင်း (၁၁၃)
အပိုင်း (၁၁၄) + အပိုင်း (၁၁၅)
အပိုင်း (၁၁၆) + အပိုင်း (၁၁၇)
အပိုင်း (၁၁၈) +(၁၁၉)
အပိုင်း (၁၂၀) + အပိုင်း (၁၂၁)
အပိုင်း (၁၂၂) + အပိုင်း (၁၂၃)
အပိုင်း (၁၂၄) + အပိုင်း (၁၂၅)
အပိုင်း (၁၂၆+၁၂၇)
အပိုင်း (၁၂၈ + ၁၂၉)
အပိုင်း (၁၃၀ + ၁၃၁)
အပိုင်း (၁၃၂ + ၁၃၃)
အပိုင်း (၁၃၄ + ၁၃၅)
အပိုင်း (၁၃၆ + ၁၃၇)
အပိုင်း (၁၃၈ + ၁၃၉)
အပိုင်း (၁၄၀ + ၁၄၁)
အပိုင်း (၁၄၂ + ၁၄၃)
အပိုင်း (၁၄၄ + ၁၄၅)
အပိုင်း (၁၄၆ + ၁၄၇)
အပိုင်း (၁၄၈ + ၁၄၉)
Thingyan Promotion!
GP-3 Announcement + Promotion လေးထပ်ပေးထားပါတယ်ရှင်
အပိုင်း (၁၅၀+၁၅၁)
အပိုင်း (၁၅၂+၁၅၃)
အပိုင်း (၁၅၄+၁၅၅)
အပိုင်း (၁၅၆+၁၅၇)
အပိုင်း (၁၅၈+၁၅၉)
အပိုင်း (၁၆၀+၁၆၁)
အပိုင်း (၁၆၂+၁၆၃)

အပိုင်း (၉၉) တကယ်စိတ်ဆိုးတယ်

516 42 0
By ChihiroLily7

အပိုင်း (၉၉) တကယ်စိတ်ဆိုးတယ်

သူ့တာဝန်ယူသည့် ပထမဆုံးနေ့တွင်ပင် သည်လိုပြဿနာကြီးတစ်ခု ဖြစ်ပွားခဲ့သည်။ချန်းယန်သည် သူ့နဖူးပေါ်က ချွေးများကို သုတ်လိုက်ပြီး ဆဲဆိုရင်းဖုန်းခေါ်နေသည့် ကျန်းရန်ကိုကြည့်လိုက်၏။ သူက ရှန်ချန်ကို သဘောထားကြီးကြီးဖြင့် ပြောလိုက်လေသည်။

"ကျောင်းသားရှန်ချန် ကျန်းရန်က သူ့အမေကို ခေါ်လိုက်ပြီဆိုတော့ မင်းလည်း မင်းမိဘတွေကိုခေါ်ပြီး သူတို့နဲ့ ဒီကိစ္စကို ဆွေးနွေးသင့်တယ်၊ ဒီလိုမှပဲ ဒီကိစ္စကို ပိုပြီးလွယ်လွယ်ကူကူ ဖြေရှင်းလို့ရမှာ"

ရှန်ချန်သည် ထိုစကားကို ကြားလိုက်တော့ သူ့မျက်လုံးများက မဲမှောင်သွား၏။ သူက ခေါင်းခါပြလိုက်ကာ ပြောလိုက်၏။

" ကျွန်တော့်မိဘတွေက မအားဘူး"

တမြန်နေ့က ဆွန်းလင်သည် နိုင်ငံခြားက ဆွေးမျိုးတစ်ယောက်၏မင်္ဂလာပွဲကို တက်ရမည်ဟု ပြောပြီး ရှန်ရှင်းနှင့် သွားလိုက်သည်။ ဘယ်တော့ပြန်လာမည်ကို ပြောမသွားခဲ့ချေ။ ရှန်အန်းကတော့ သည်အချိန်ဆိုလျှင် ဆောက်လုပ်ရေးဆိုဒ်တွင် အလုပ်လုပ်နေလောက်ပြီ။ သူ ခဏလောက် ပျက်ကွက်လိုက်လျှင် သူ့လစာ ဖြတ်ခံရလိမ့်မည်။ ထို့ကြောင့် သူ့တွင် လာဖို့ရန် အချိန်မရှိပေ။

ထိုအကြောင်းကို စဥ်းစားလိုက်ပြီး ရှန်ချန်မှာ စိတ်ပျက်သွားတော့သည်။ သူ ဒီနေ့တကယ် စိတ်မြန်သွားတာပဲ။ ကျန်းရန်ကို မရိုက်ခဲ့သင့်သလို သူမိသာစုကိုလည်း ဒုက္ခမပေးသင့်ဘူး။ ရှန်အန်းနဲ့ ဆွန်းလင်တို့သာ သိသွားရင် သူတို့တွေ သူ့ကို သေချာပေါက် ဆူကြလိမ့်မယ်။ ဒါပေမယ့် ကျန်းရန်က သူ့အစ်မကို အဲလိုစော်ကားနေတာတော့ တကယ်ဒေါသထွက်တယ်။ သူ ဒီလိုထပ်လုပ်ရင်လည်း သူကတော့ ကျန်းရန် မရိုက်ဘဲ နေနိုင်မှာ မဟုတ်လောက်ဘူး။ ရှန်ချန်သည် သက်ပြင်းချလိုက်တော့သည်။

ချန်းယန်မှာ ရှန်ချန်က သူ့မိဘများအား မခေါ်နိုင်ပါဟု ပြောလိုက်သည့်စကားကို ကြားလိုက်ရချိန်တွင် အကြပ်ရိုက်သွားတော့သည်။

"ရှန်ချန် မင်းက လိမ္မာတဲ့ ကလေးမှန်း ဆရာသိပါတယ်၊ မင်း တစ်ယောက်ယောက်ကို ရိုက်လိုက်တာကလည်း ဒီနေ့ စိတ်လိုက်မာန်ပါလုပ်လိုက်တာပဲ ဒါပေမယ့် မတတ်နိုင်တော့ဘူးလေ၊ မင်း တစ်ယောက်ယောက်ကို ရိုက်ခဲ့တယ်ဆိုတော့ သူတို့တွေက မင်းကို သေချာပေါက် လျော်ကြေးတောင်းကြလိမ့်မယ်၊ ဒီကိစ္စတွေကို မိဘတွေနဲ့ တိုင်ပင်တာက ပိုကောင်းလိမ့်မယ်"

" လျော်ကြေး...."

ရှန်ချန်သည် လက်သီးဆုပ်လိုက်ပြီး သူ့စိတ်ထဲတွင် ရုတ်တရက် စိတ်ရှုပ်သွားတော့သည်။ အကြောင်းကြောင်းကြောင့် သူသည် ရှန်အန်းနှင့် ဆွန်းလင်ကို သည်အကြောင်း မသိစေမိပေ။ သို့သော် ရှန်ယွဲ့အကြောင်း စဥ်းစားမိလိုက်တော့ သူ့မျက်လုံးများက တဖန်ပြတ်သားလာပြန်သည်။

"ကျွန်တော် လူကြီးတစ်ယောက် ဖြစ်တော့မှာပါ၊ ကျွန်တော့်ကိစ္စကို ကျွန်တော်တာဝန်ယူမယ်၊ ကျွန်တော် လျော်ကြေးလည်းပေးမယ်"

လျော်ကြေးပေးဖို့ သူ့မှာ နှစ်သစ်ကူးပိုက်ဆံနဲ့ နှစ်တွေအကြာကြီး စုထားတဲ့ ပိုက်ဆံ တစ်ထောင် နှစ်ထောင်လောက်ရှိသေးတယ်။ ဒါမှမလောက်သေးဘူးဆိုရင် သူ အလုပ်လုပ်လို့ရသေးတယ်။ သူ လျော်ကြေးပေးဖို့ စုလို့ရတယ်။

ဖုန်းပြောပြီး ပြန်လာသည့် ကျန်းရန်က ထိုစကားကို ကြားလိုက်ချိန်တွင် သူ့အသံကို ချက်ချင်းနိမ့်လိုက်ပြီး ဆဲရေးလိုက်တော့သည။

" ဒုက္ခိတမိသားစု နောက်ခံနဲ့၊ ရှန်ယွဲ့ -ာခံပြီးရှာထားတဲ့ ပိုက်ဆံနဲ့ မင်းက ဘယ်လိုလျော်ပေးနိုင်မှာလဲ၊ သေလိုက်ပါလား၊ ဒီနေ့ ငါ ဒီသောက်ထော့ကျိုးကို အသေသ-တ်လိုက်ရမှာ၊ သူ ထောင်ထဲရောက်သွားရင် အကောင်းဆုံးပဲ...."

ချန်းယန်သည် ကျန်းရန်၏စကားများကို ကြားလိုက်သောအခါ ဒီကိစ္စမှာ ဖြေရှင်းဖို့မလွယ်ကူမှန်း ချက်ချင်း သဘောပေါက်သွားတော့သည်။ သူက ခေါင်းငုံ့ထားသည့် ရှန်ချန်ကို လှမ်းကြည့်လိုက်ပြီး ချောင်းဟန့်လိုက်၏။

" အဟမ်း အားလုံးပဲ တိတ်တိတ်နေကြ၊ ဆရာ အခုပဲ ရှန်ချန်ကို အခြေအနေမေးနေတာ၊ ကျောင်းသားကျန်းရန်က ပြီးမှ ဒီကိစ္စ ကိုပြော"

သို့သော် ရှန်ချန်က အကျိုးအကြောင်း ရှင်းပြနေစဥ်မှာပင် မိန်းမတစ်ယောက်၏ စူးရှသည့်ငိုသံက တံခါးအပြင်ဘက်မှ ရုတ်တရက် ထွက်လာတော့သည်။

" ဘယ်မျိုးမစစ်လေးက ငါ့အဖိုးတန်သားလေးကို ရိုက်ရဲတာလဲ ကြည့်ချင်သေးတယ်"

ပြောရင်းဆိုရင်း ဆံပင်ကောက်ကောက်နှင့် ကိုယ်ကြပ်ဝမ်းဆက်ဝတ်ထားသည့် သက်လတ်ပိုင်း အမျိုးသမီးတစ်ယောက်က ခြေလှမ်းကျဲများဖြင့် ဝင်လာလေသည်။ ထိုမိန်းမသည် လက်ဝတ်ရတနာများ ဆင်ယင်ထားပြီး တော်တော်လှသည်။ ထိုမိန်းမက ကျန်းရန်၏ခေါင်းမှ သွေးများကို မြင်လိုက်ရသောအခါ သူမသည် ချက်ချင်း နားကွဲမတတ် ချက်ချင်း အော်ဟစ်လေတော့သည်။

"သား မင်းဘာလို့ ဒီလို အရိုက်ခံထားရတာလဲ"

ထိုမိန်းမသည် အော်ဟစ်ရင်း ဒေါက်မြင့်ဖိနပ်ဖြင့် ကျန်းရန်ဘေးသို့ အပြေးသွားလိုက်တော့သည်။ သူမက သူ့မျက်နှာလေးကို ကိုင်ကာ ရင်ကွဲနေတော့သည်။

" နာလားဟင်၊ မကြောက်နဲ့နော်၊ အမေ သားကို ကူညီပေးဖို့ ရောက်နေပြီ"

ထို့နောက် သူမက ရက်စက်ကြမ်းကြုတ်သည့် အမူအရာဖြင့် နောက်က ဆရာဝန်နှစ်ယောက်ကို အော်ခေါ်လိုက်တော့သည်။

" မြန်မြန် ၊ ဒီကိုလာ၊ ကျွန်မသား ဘယ်လောက်တောင် ဆိုးဆိုးရွားရွား ရိုက်ခံထားရလဲ ကြည့်ပါအုံး"

ကျန်းရန်ခေါင်းပေါ်က စည်းထားသည့် ပတ်တီးကို မြင်လိုက်ရသဖြင့် ထိုမိန်းက လုံးဝ မကျေမချမ်းဖြစ်သွား၏။

" ဒီပတ်တီးစုတ်ကို ဖြည်လိုက်စမ်း၊ ငါ့သားအတွက်ဆေးပြန်ထည့်ပေး"

ထိုမိန်းမခေါ်လာသည့် ဆရာဝန်က ပတ်တီးကို ဖြည်ပြီး ဆေးပြန်ထည့်မည် ပြင်နေသည်ကို မြင်လိုက်သည်တွင် ချန်းယန်မှာ မနေသာတော့ဘဲ ပြောလိုက်တော့သည်။

" ကျန်းရန်အမေ၊ ကျန်းရန်ရဲ့ဒဏ်ရာကို ကျောင်းဆေးခန်းက ဆရာဝန်တွေက ကုသပေးပြီးပါပြီ"

သည်စကားများက ထိုမိန်းမကို ချက်ချင်း ဒေါသူပုန်ထသွားစေလေသည်။

" သူ့ခေါင်းမှာ သွေးတွေ အဲလောက်အများကြီးကို၊ သူက ဘယ်လိုများ ဒီလိုဖြစ်ကတတ်ဆန်းပတ်တီးနဲ့ စည်းပေးလိုက်နိုင်ရတာလဲ၊ ရှင့်ကျောင်းက ဒီလောက် အသုံးမကျမှန်း စောစောကသာ သိခဲ့ရင် ဟိုတုန်းက ကျွန်မသားကို မထားခဲ့ပါဘူး၊ သူက ကျောင်းမှာ အကောင်းအတိုင်းရှိနေရင်း ဘယ်ကမှန်းမသိတဲ့ အရူးတစ်ယောက် ရိုက်နက်တာ ခံလိုက်ရတယ်လို့၊ ရှင်တို့ဆရာတွေအားလုံးက အသုံးမကျကြဘူးလား"

အမျိုးသမီး၏ ဒေါသကြောင့် ရှင်းမပြတတ်အောင် ဖြစ်သွားပြီး ဆရာများသည် မကျေနပ်သော်လည်း နှုတ်ဆိတ်ကာ နေလိုက်ကြလေသည်။

ဘေးက ဆရာအားလုံးက သည်မိန်းမကို သိကြသည်။ ကျန်းရန်၏အမေ ချောင်ဖန်းဖြစ်၏။ သူမသည် ကျန်းရန်ကို အလွန်အလိုလိုက်ထားပြီး သူမမိသားစု၏ချမ်းသာကြွယ်ဝမှုကို အားကိုးကာ မောက်မာ ခြယ်လှယ်တတ်သည်။ သူမသည် အလွန်မှ ကိုင်တွယ်ရခက်သူဖြစ်သည်။ ထို့ကြောင့် ထိုအခိုက်တွင် မည်သူကမှ ပြန်မပြောရဲကြချေ။

....

Zawgyi

အပိုင္း (၉၉) တကယ္စိတ္ဆိုးတယ္

သူ႔တာဝန္ယူသည့္ ပထမဆုံးေန႔တြင္ပင္ သည္လိုျပႆနာႀကီးတစ္ခု ျဖစ္ပြားခဲ့သည္။ခ်န္းယန္သည္ သူ႔နဖူးေပၚက ေခြၽးမ်ားကို သုတ္လိုက္ၿပီး ဆဲဆိုရင္းဖုန္းေခၚေနသည့္ က်န္းရန္ကိုၾကည့္လိုက္၏။ သူက ရွန္ခ်န္ကို သေဘာထားႀကီးႀကီးျဖင့္ ေျပာလိုက္ေလသည္။

"ေက်ာင္းသားရွန္ခ်န္ က်န္းရန္က သူ႔အေမကို ေခၚလိုက္ၿပီဆိုေတာ့ မင္းလည္း မင္းမိဘေတြကိုေခၚၿပီး သူတို႔နဲ႔ ဒီကိစၥကို ေဆြးေႏြးသင့္တယ္၊ ဒီလိုမွပဲ ဒီကိစၥကို ပိုၿပီးလြယ္လြယ္ကူကူ ေျဖရွင္းလို႔ရမွာ"

ရွန္ခ်န္သည္ ထိုစကားကို ၾကားလိုက္ေတာ့ သူ႔မ်က္လုံးမ်ားက မဲေမွာင္သြား၏။ သူက ေခါင္းခါျပလိုက္ကာ ေျပာလိုက္၏။

" ကြၽန္ေတာ့္မိဘေတြက မအားဘူး"

တျမန္ေန႔က ဆြန္းလင္သည္ ႏိုင္ငံျခားက ေဆြးမ်ိဳးတစ္ေယာက္၏မဂၤလာပြဲကို တက္ရမည္ဟု ေျပာၿပီး ရွန္ရွင္းႏွင့္ သြားလိုက္သည္။ ဘယ္ေတာ့ျပန္လာမည္ကို ေျပာမသြားခဲ့ေခ်။ ရွန္အန္းကေတာ့ သည္အခ်ိန္ဆိုလွ်င္ ေဆာက္လုပ္ေရးဆိုဒ္တြင္ အလုပ္လုပ္ေနေလာက္ၿပီ။ သူ ခဏေလာက္ ပ်က္ကြက္လိုက္လွ်င္ သူ႔လစာ ျဖတ္ခံရလိမ့္မည္။ ထို႔ေၾကာင့္ သူ႔တြင္ လာဖို႔ရန္ အခ်ိန္မရွိေပ။

ထိုအေၾကာင္းကို စဥ္းစားလိုက္ၿပီး ရွန္ခ်န္မွာ စိတ္ပ်က္သြားေတာ့သည္။ သူ ဒီေန႔တကယ္ စိတ္ျမန္သြားတာပဲ။ က်န္းရန္ကို မ႐ိုက္ခဲ့သင့္သလို သူမိသာစုကိုလည္း ဒုကၡမေပးသင့္ဘူး။ ရွန္အန္းနဲ႔ ဆြန္းလင္တို႔သာ သိသြားရင္ သူတို႔ေတြ သူ႔ကို ေသခ်ာေပါက္ ဆူၾကလိမ့္မယ္။ ဒါေပမယ့္ က်န္းရန္က သူ႔အစ္မကို အဲလိုေစာ္ကားေနတာေတာ့ တကယ္ေဒါသထြက္တယ္။ သူ ဒီလိုထပ္လုပ္ရင္လည္း သူကေတာ့ က်န္းရန္ မ႐ိုက္ဘဲ ေနႏိုင္မွာ မဟုတ္ေလာက္ဘူး။ ရွန္ခ်န္သည္ သက္ျပင္းခ်လိုက္ေတာ့သည္။

ခ်န္းယန္မွာ ရွန္ခ်န္က သူ႔မိဘမ်ားအား မေခၚႏိုင္ပါဟု ေျပာလိုက္သည့္စကားကို ၾကားလိုက္ရခ်ိန္တြင္ အၾကပ္႐ိုက္သြားေတာ့သည္။

"ရွန္ခ်န္ မင္းက လိမၼာတဲ့ ကေလးမွန္း ဆရာသိပါတယ္၊ မင္း တစ္ေယာက္ေယာက္ကို ႐ိုက္လိုက္တာကလည္း ဒီေန႔ စိတ္လိုက္မာန္ပါလုပ္လိုက္တာပဲ ဒါေပမယ့္ မတတ္ႏိုင္ေတာ့ဘူးေလ၊ မင္း တစ္ေယာက္ေယာက္ကို ႐ိုက္ခဲ့တယ္ဆိုေတာ့ သူတို႔ေတြက မင္းကို ေသခ်ာေပါက္ ေလ်ာ္ေၾကးေတာင္းၾကလိမ့္မယ္၊ ဒီကိစၥေတြကို မိဘေတြနဲ႔ တိုင္ပင္တာက ပိုေကာင္းလိမ့္မယ္"

" ေလ်ာ္ေၾကး...."

ရွန္ခ်န္သည္ လက္သီးဆုပ္လိုက္ၿပီး သူ႔စိတ္ထဲတြင္ ႐ုတ္တရက္ စိတ္ရႈပ္သြားေတာ့သည္။ အေၾကာင္းေၾကာင္းေၾကာင့္ သူသည္ ရွန္အန္းႏွင့္ ဆြန္းလင္ကို သည္အေၾကာင္း မသိေစမိေပ။ သို႔ေသာ္ ရွန္ယြဲ႕အေၾကာင္း စဥ္းစားမိလိုက္ေတာ့ သူ႔မ်က္လုံးမ်ားက တဖန္ျပတ္သားလာျပန္သည္။

"ကြၽန္ေတာ္ လူႀကီးတစ္ေယာက္ ျဖစ္ေတာ့မွာပါ၊ ကြၽန္ေတာ့္ကိစၥကို ကြၽန္ေတာ္တာဝန္ယူမယ္၊ ကြၽန္ေတာ္ ေလ်ာ္ေၾကးလည္းေပးမယ္"

ေလ်ာ္ေၾကးေပးဖို႔ သူ႔မွာ ႏွစ္သစ္ကူးပိုက္ဆံနဲ႔ ႏွစ္ေတြအၾကာႀကီး စုထားတဲ့ ပိုက္ဆံ တစ္ေထာင္ ႏွစ္ေထာင္ေလာက္ရွိေသးတယ္။ ဒါမွမေလာက္ေသးဘူးဆိုရင္ သူ အလုပ္လုပ္လို႔ရေသးတယ္။ သူ ေလ်ာ္ေၾကးေပးဖို႔ စုလို႔ရတယ္။

ဖုန္းေျပာၿပီး ျပန္လာသည့္ က်န္းရန္က ထိုစကားကို ၾကားလိုက္ခ်ိန္တြင္ သူ႔အသံကို ခ်က္ခ်င္းနိမ့္လိုက္ၿပီး ဆဲေရးလိုက္ေတာ့သည။

" ဒုကၡိတမိသားစု ေနာက္ခံနဲ႔၊ ရွန္ယြဲ႕ -ာခံၿပီးရွာထားတဲ့ ပိုက္ဆံနဲ႔ မင္းက ဘယ္လိုေလ်ာ္ေပးႏိုင္မွာလဲ၊ ေသလိုက္ပါလား၊ ဒီေန႔ ငါ ဒီေသာက္ေထာ့က်ိဳးကို အေသသ-တ္လိုက္ရမွာ၊ သူ ေထာင္ထဲေရာက္သြားရင္ အေကာင္းဆုံးပဲ...."

ခ်န္းယန္သည္ က်န္းရန္၏စကားမ်ားကို ၾကားလိုက္ေသာအခါ ဒီကိစၥမွာ ေျဖရွင္းဖို႔မလြယ္ကူမွန္း ခ်က္ခ်င္း သေဘာေပါက္သြားေတာ့သည္။ သူက ေခါင္းငုံ႔ထားသည့္ ရွန္ခ်န္ကို လွမ္းၾကည့္လိုက္ၿပီး ေခ်ာင္းဟန္႔လိုက္၏။

" အဟမ္း အားလုံးပဲ တိတ္တိတ္ေနၾက၊ ဆရာ အခုပဲ ရွန္ခ်န္ကို အေျခအေနေမးေနတာ၊ ေက်ာင္းသားက်န္းရန္က ၿပီးမွ ဒီကိစၥ ကိုေျပာ"

သို႔ေသာ္ ရွန္ခ်န္က အက်ိဳးအေၾကာင္း ရွင္းျပေနစဥ္မွာပင္ မိန္းမတစ္ေယာက္၏ စူးရွသည့္ငိုသံက တံခါးအျပင္ဘက္မွ ႐ုတ္တရက္ ထြက္လာေတာ့သည္။

" ဘယ္မ်ိဳးမစစ္ေလးက ငါ့အဖိုးတန္သားေလးကို ႐ိုက္ရဲတာလဲ ၾကည့္ခ်င္ေသးတယ္"

ေျပာရင္းဆိုရင္း ဆံပင္ေကာက္ေကာက္ႏွင့္ ကိုယ္ၾကပ္ဝမ္းဆက္ဝတ္ထားသည့္ သက္လတ္ပိုင္း အမ်ိဳးသမီးတစ္ေယာက္က ေျခလွမ္းက်ဲမ်ားျဖင့္ ဝင္လာေလသည္။ ထိုမိန္းမသည္ လက္ဝတ္ရတနာမ်ား ဆင္ယင္ထားၿပီး ေတာ္ေတာ္လွသည္။ ထိုမိန္းမက က်န္းရန္၏ေခါင္းမွ ေသြးမ်ားကို ျမင္လိုက္ရေသာအခါ သူမသည္ ခ်က္ခ်င္း နားကြဲမတတ္ ခ်က္ခ်င္း ေအာ္ဟစ္ေလေတာ့သည္။

"သား မင္းဘာလို႔ ဒီလို အ႐ိုက္ခံထားရတာလဲ"

ထိုမိန္းမသည္ ေအာ္ဟစ္ရင္း ေဒါက္ျမင့္ဖိနပ္ျဖင့္ က်န္းရန္ေဘးသို႔ အေျပးသြားလိုက္ေတာ့သည္။ သူမက သူ႔မ်က္ႏွာေလးကို ကိုင္ကာ ရင္ကြဲေနေတာ့သည္။

" နာလားဟင္၊ မေၾကာက္နဲ႔ေနာ္၊ အေမ သားကို ကူညီေပးဖို႔ ေရာက္ေနၿပီ"

ထို႔ေနာက္ သူမက ရက္စက္ၾကမ္းၾကဳတ္သည့္ အမူအရာျဖင့္ ေနာက္က ဆရာဝန္ႏွစ္ေယာက္ကို ေအာ္ေခၚလိုက္ေတာ့သည္။

" ျမန္ျမန္ ၊ ဒီကိုလာ၊ ကြၽန္မသား ဘယ္ေလာက္ေတာင္ ဆိုးဆိုး႐ြား႐ြား ႐ိုက္ခံထားရလဲ ၾကည့္ပါအုံး"

က်န္းရန္ေခါင္းေပၚက စည္းထားသည့္ ပတ္တီးကို ျမင္လိုက္ရသျဖင့္ ထိုမိန္းက လုံးဝ မေက်မခ်မ္းျဖစ္သြား၏။

" ဒီပတ္တီးစုတ္ကို ျဖည္လိုက္စမ္း၊ ငါ့သားအတြက္ေဆးျပန္ထည့္ေပး"

ထိုမိန္းမေခၚလာသည့္ ဆရာဝန္က ပတ္တီးကို ျဖည္ၿပီး ေဆးျပန္ထည့္မည္ ျပင္ေနသည္ကို ျမင္လိုက္သည္တြင္ ခ်န္းယန္မွာ မေနသာေတာ့ဘဲ ေျပာလိုက္ေတာ့သည္။

" က်န္းရန္အေမ၊ က်န္းရန္ရဲ႕ဒဏ္ရာကို ေက်ာင္းေဆးခန္းက ဆရာဝန္ေတြက ကုသေပးၿပီးပါၿပီ"

သည္စကားမ်ားက ထိုမိန္းမကို ခ်က္ခ်င္း ေဒါသူပုန္ထသြားေစေလသည္။

" သူ႔ေခါင္းမွာ ေသြးေတြ အဲေလာက္အမ်ားႀကီးကို၊ သူက ဘယ္လိုမ်ား ဒီလိုျဖစ္ကတတ္ဆန္းပတ္တီးနဲ႔ စည္းေပးလိုက္ႏိုင္ရတာလဲ၊ ရွင့္ေက်ာင္းက ဒီေလာက္ အသုံးမက်မွန္း ေစာေစာကသာ သိခဲ့ရင္ ဟိုတုန္းက ကြၽန္မသားကို မထားခဲ့ပါဘူး၊ သူက ေက်ာင္းမွာ အေကာင္းအတိုင္းရွိေနရင္း ဘယ္ကမွန္းမသိတဲ့ အ႐ူးတစ္ေယာက္ ႐ိုက္နက္တာ ခံလိုက္ရတယ္လို႔၊ ရွင္တို႔ဆရာေတြအားလုံးက အသုံးမက်ၾကဘူးလား"

အမ်ိဳးသမီး၏ ေဒါသေၾကာင့္ ရွင္းမျပတတ္ေအာင္ ျဖစ္သြားၿပီး ဆရာမ်ားသည္ မေက်နပ္ေသာ္လည္း ႏႈတ္ဆိတ္ကာ ေနလိုက္ၾကေလသည္။

ေဘးက ဆရာအားလုံးက သည္မိန္းမကို သိၾကသည္။ က်န္းရန္၏အေမ ေခ်ာင္ဖန္းျဖစ္၏။ သူမသည္ က်န္းရန္ကို အလြန္အလိုလိုက္ထားၿပီး သူမမိသားစု၏ခ်မ္းသာႂကြယ္ဝမႈကို အားကိုးကာ ေမာက္မာ ျခယ္လွယ္တတ္သည္။ သူမသည္ အလြန္မွ ကိုင္တြယ္ရခက္သူျဖစ္သည္။ ထို႔ေၾကာင့္ ထိုအခိုက္တြင္ မည္သူကမွ ျပန္မေျပာရဲၾကေခ်။

....

Continue Reading

You'll Also Like

7K 377 9
Quick Transmigration Type မျိုးပါရှင့်။ ဒီnovelလေးရဲ့ ထူးခြားချက်က တခြားစာစဥ်တွေလို ဗီလိန်မနေရာတို့၊ အရံဇာတ်ကောင်လေး ၊အမြောက်စာလေး စတဲ့နေရာတွေမှာ ပြ...
148K 19.2K 31
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
99.9K 4.9K 18
စာစဥ် 1 မှ စာစဥ်? ??? . . . Not my work . We are just translating this novel for offline purpose. All credits to original Author and English Transl...
17.7K 1.3K 23
လီစု၀မ် အပိုင်း၁၅၅ကနေအဆက်ပါနော် ရှေ့ကဟာတွေကို သာသာaccထဲ၀င်ရှာလိုက်ပါနော်❤️