အပိုင်း (၉၈) သူ့ခေါင်းကို ရိုက်ခွဲလိုက်တယ်
ရှန်ချန်သည် လူတိုင်း၏ လှောင်ပြောင်ပြီး အဓိပ္ပါယ်ပါသည့် အကြည့်ကို ခံနိုင်ရည်မရှိပေ။ နားကွဲမတတ်အသံကို ကြားလိုက်ရပြီးနောက် သူက ရေထည့်ထားသည် ရေပုလင်းကို စိတ်လှုပ်ရှားကာဖြင့် ကိုင်ထားရင်း သူ့ထိုင်ခုံဆီသို့ ပြန်လာခဲ့တော့သည်။ သူသည် အေးအေးဆေးဆေး ရှင်းပြလိုက်ု၏။
" ငါ့အစ်မက ငါ့အတွက် ဝယ်ပေးထားတာ"
သည်အခိုက်တွင် သည်ပျင်းစရာကောင်းလှသည့် လူချမ်းသာ ဒုတိယမျိုးဆက် အမွေခံများက သူ့ကို အလွတ်ပေးရန်သာ ဆုတောင်းနေလိုက်သည်။ နောက်ဆုံး သူသည်းခံလိုက်လျှင် သည်လှောင်ပြောင်မှုက ပြီးဆုံးသွားလိမ့်မည်။
သို့သော်ငြား ကျန်းရန်ကတော့ ချန်ရန်ကို သည်အတိုင်း အလွတ်ပေးချင်ပုံမရပေ။ ရှန်ချန်က သည်တစ်ကျောင်းလုံးသိနေသည့် ကိစ္စနှင့် ခပ်ကင်းကင်းနေချင်လေလေ သူ့ကို ပိုပြီးရန်စချင်လေလေ ဖြစ်နေလေသည်။ သူသည် အလွန်အံ့ဩတကြီးဖြစ်သွားဟန် တမင်လုပ်ပြလိုက်ပြီးနောက် ပြောလိုက်တော့သည်။
" ဪ မင်း အစ်မကလား၊ tank တစ်ယောက်နဲ့တူတဲ့ တတိယနှစ်က ရှန်ယွဲ့လား၊ သူ့ကို ဘယ်သူက မသိဘဲနေမှာလဲ"
" ဟုတ်တယ် ဟုတ်တယ် ရှန်ယွဲ့က ငါတို့ကျောင်းရဲ့ မိန်းကလေးဆယ်လီတစ်ယောက်ပဲ"
" မင်းရဲ့အစ်မက ဘာလို့ မင်းကို ဒီလောက်စျေးကြီးတဲ့ အဝတ်အစားတွေ ဝယ်ပေးတာလဲ၊ ဒီကိစ္စနောက်ကွယ်မှာ တစ်ယောက်ယောက်က သူ့ကို ကူညီဖြေရှင်းပေးခဲ့တာ ဖြစ်ရမယ်၊ ငါ ထင်တာ တကယ်များ ဖြစ်နေမလား...."
စကားပြောလိုက်သည့် ကောင်လေးက သူ့ဘေးက လူအားလုံး ရယ်မောသွားအောင် မသတီစရာအကြည့်တစ်ခုဖြင့် ကြည့်လိုက်လေသည်။
ရှန်ချန်သည် သူ့ထိုင်ခုံတွင် တောင့်တောင့်ကြီး ထိုင်နေလေသည်။ ရှန်ယွဲ့နှင့် ပက်သတ်ပြီး သူတို့၏အဓိပ္ပါယ်ပါပါ ထင်မြင်ချက်များကို နားထောင်ရင်း ငြိမ်သက်စွာ သူ့လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်သည်။ သူသည် သည်လူများကို ဂရုမစိုက်ဘဲ အရင်ကလို လှည့်ထွက်သွားချင်တော့သည်။ သို့သော် မနက်ခင်း စာဖတ်ချိန်ဖြစ်နေ၏။ ကျောင်းသားများ အတန်းလစ်မည်ကို စစ်ဆေးရန် ဆရာများက အပြင်ဘက်တွင် မကြာခဏဆိုသလို စောင့်ကြည့်နေတတ်သည်။ ထို့ကြောင့် သူသည် သူ့ထိုင်ခုံတွင်သာ ထိုင်နေလိုက်ပြီး သည်ကောင်လေးများကို သည်းခံနေရတော့သည်။
" ဒါပေမယ့် အခု ရှန်ယွဲ့က ဝိတ်အများကြီးကျသွားတယ်နော်၊ သူ့အသားအရည်ကလည်း လှတယ်ကွ၊ သူ့ကြည့်ရတာ တော်တော်အရသာရှိမယ့်ပုံပဲ"
ကျန်းရန်က သူ့နှုတ်ခမ်းကို သပ်လိုက်ပြီး တမင်ရွံစရာကောင်းအောင် ပြောလိုက်သည်။
"ဟား ဟား ဟား ကျန်းရန် မင်းကလည်း အရသာရှိမှာပဲဆိုတာ ဘာသဘောလဲ"
" ဒါပေါ့ ပြောစရာမလိုတဲ့ typeပဲကို၊ ရှန်ယွဲ့သာ ဝိတ်လေး နည်းနည်းထပ်ကျသွားရင် ပိုလှလာပြီး ရင်သားလည်း ပိုကြီးလာမှာ၊ သူ့နောက်ကနေ ကာကွယ်ပေးမယ့် အကောင်ကြီးကြီးတွေကို မြူဆွယ်နိုင်တာလည်း မဆန်းပါဘူး..."
" မင်း ပါးစပ်ပိတ်ထား"
ရုတ်တရက်ဆိုသလို မမျှော်လင့်ထားသည့် အရာတစ်ခုက ဖြစ်သွားတော့သည်။ ကျန်းရန်သည် ပေါက်ပန်းလေးဆယ် ပြောနေရင်းတန်းလန်းမှ ထရပ်လာသည့် ရှန်ချန်၏ စကားဖြတ်ပြောခြင်းကို ခံလိုက်ရတော့သည်။
ဒေါသကြောင့် တုန်ယင်နေပြီး တောင့်တင်းနေသည့် ရှန်ချန်၏ခန္ဓာကိုယ်ကို မြင်လိုက်ရသဖြင့် ကျန်းရန်မှာ အနည်းငယ် ဇဝေဇဝါဖြစ်သွားလေသည်။ ထိုအချင်းအရာထက် သူသည် ပိုပြီး ရှက်သွားတော့သည်။
ကျန်းရန်ဆိုတဲ့ သူက အမြဲတမ်း အကြောက်အလန့်ကင်းခဲ့တာပဲ။ အခုတော့ ပုံမှန်ဆိုရင် ငကြောက်တစ်ကောင်လိုနေတဲ့ စာဂျပိုးရဲ့ အော်ငေါက်တာ ခံလိုက်ရသတဲ့။ သူသည် ချက်ချင်း ရှက်သွားပြီး မပျော်ရွှင်နိုင်တော့ဘဲ ဆဲရေးလိုက်တော့သည်။
" မင်းက ဘာလို့ အော်နေတာလဲ၊ မင်းက ချချင်တာလား၊ မင်းအစ်မက တကယ့် ကြာကူလီပဲ၊ အဲတော့ ဘာဖြစ်လဲ၊ သူ ကျောင်းတော်ရဲ့မင်းသားလေး ယွီဟောက်ကို အသေ လိုက်ခဲ့တာ မသိတဲ့သူ ဘယ်သူရှိလို့လဲ"
သည်တစ်ကြိမ်တွင်တော့ ရှန်ချန်က သူ့ကို ရှန်ယွဲ့အား ဆက်ပြီး အရှက်ခွဲခွင့် မပြုတော့ပေ။ ထို့အစား လက်တစ်ဖက်တွင် တင်းကြပ်နေအောင် ကိုင်ထားသည့် ရေပုလင်းနှင့် ကျန်းရန်၏ခေါင်းကို ပြင်းပြင်းထန်ထန် ရိုက်ချလိုက်တော့သည်။
" ငါ့အစ်မကို အဲလိုမပြောနဲ့ကွ ခွေးကောင်"
ခွမ်း။
" မင်းကများ ငါ့ကို ရိုက်ရဲတယ်ပေါ့လေ၊ သေစမ်း ဒီသောက်ရူးကတော့ ဟျောင့်တွေ သူ့ကို ချကွာ၊ သေလိုက်၊ ဒီနေ့ ငါတို့တွေ မင်းကို ဘယ်ရှင်းမလဲဆိုတာ ကြည့်နေလိုက်"
...
ရုံးခန်းထဲတွင် ရှန်ချန်သည် သူ့လက်မောင်းကို အုပ်ထားကာ ထောင့်တွင် တစ်ယောက်တည်း ရပ်နေသည်။ ကျောင်းအုပ်အသစ် ချန်းယန်က သူ့ဘေးတွင် ရပ်နေ၏။ သိပ်မဝေးလှသည့် နေရာတွင်တော့ ခေါင်းတွင် ပတ်တီးအထူကြီးစည်းထားသည့် ကျန်းရန်က ကုလားထိုင်တစ်ခုတွင် ပစ်ထိုင်နေသည်။ သူ့မျက်လုံးများက မုန်းတီးစွာဖြင့် ရှန်ချန်ကို ဝါးစားမတတ်ကြည့်နေဆဲ။ သူ့ဒဏ်ရာကို စည်းထားပုံမှာ အနည်းငယ် ရယ်စရာကောင်းနေသောကြောင့် ခြိမ်းခြောက်နေဟန်မပေါ်ချေ။
ကျန်းရန်၏ဘေးတွင် ကျောင်းသားလေးယောက် ရှိနေသည်။ သူတို့အားလုံးသည် ကျန်းရန်၏ ဆိုးဖော်ဆိုးဖက်သူငယ်ချင်းများ ဖြစ်ကြသည်။ သည်အခိုက်တွင် သူတို့ကလည်း ရှန်ချန်ကို ရက်စက်သည့်အကြည့်ဖြင့် ဒေါသတကြီး ကြည့်နေကြ၏။
လွန်ခဲ့မိနစ်အနည်းငယ်က အလောတကြီး ပြေးဝင်လာကြသည့် ဆရာများက ရန်ဖြစ်နေကြသည့် လူခြောက်ယောက်ကို ဆွဲကာ ဖြန်ဖြေပေးခဲ့သည်။ အဖွဲ့လိုက် ရန်ပွဲတစ်ခု ဖြစ်ဟန်တူသော်လည်း အမှန်တွင်တော့ ရှန်ချန်က ကျန်းရန်ကို ဖမ်းဆွဲထားကာ သူ့ကို ထိုးနက်နေခြင်းပင်။ ကျန်းရန်မှာ ပြန်မချနိုင်လောက်အောင် အရိုက်ခံနေရပြီး အော်ဟစ်နေတော့သည်။ ကျန်လေးယောက်သည်လည်း ရှန်ချန်ကို မဆွဲနိုင်ကြချေ။ ထို့ကြောင့် သူတို့က ပစ္စည်းအားလုံးကို ရှန်ချန်ဆီသို့ ပစ်ပေါက်ကြတောသည်။
ရှန်ချန်၏ အတန်းပိုင်းဆရာကို သူ့အခန်းဖော်များက သွားခေါ်ချိန်တွင်တော့ သူသည် အလွန်ထိတ်လန့်သွားပြီး လိပ်ပြာလွှင့်မတတ် ဖြစ်သွားတော့သည်။
ပထမအချက်မှာ အရိုက်ခံနေရသူက ကျန်းမိသားစု၏ တစ်ဦတည်းသောသား ကျန်းရန် ဖြစ်နေသည်။ နည်းနည်းလေး ထိခိုက်သွားလျှင် သားဖြစ်သူကို အသက်တမျှချစ်သည့် သူ့အမေက ကျောင်းသို့ ရောက်လာတော့မည်။ ဒုတိယတစ်ချက်မှာ အရင်တိုက်ခိုက်ခဲ့သူက ပုံမှန်ဆိုလျှင် တိတ်တိတ်လေးနေတတ်ပြီး လိမ္မာသည့် အဆင့်တစ်ကျောင်းသား ရှန်ချန် ဖြစ်နေသည်။ ချောင်ပိတ်ခံရလျှင်တော့ ယုန်တစ်ကောင် ဖြစ်နေလျှင်တောင် ပြန်ကိုက်ပေလိမ့်မည်။ ထိုအချက်များကိုကြည့်လျှင် သည်ကိစ္စက မည်မျှ လေးနက်ကြောင်း သိနိုင်လေသည်။
ကျန်းရန်၏ခေါင်းသည် ရှန်ချန်၏လက်ချက်ကြောင့် ကွဲသွားသည်ကို တွေ့လိုက်ပြီးနောက် ရှန်ချန်၏အတန်းပိုင်က ကျောင်းအုပ်ကြီး ချန်းယန်ကို မြန်မြန် ခေါ်လိုက်လေတော့သည်။
...
Zawgyi
အပိုင္း (၉၈) သူ႔ေခါင္းကို ႐ိုက္ခြဲလိုက္တယ္
ရွန္ခ်န္သည္ လူတိုင္း၏ ေလွာင္ေျပာင္ၿပီး အဓိပၸါယ္ပါသည့္ အၾကည့္ကို ခံႏိုင္ရည္မရွိေပ။ နားကြဲမတတ္အသံကို ၾကားလိုက္ရၿပီးေနာက္ သူက ေရထည့္ထားသည္ ေရပုလင္းကို စိတ္လႈပ္ရွားကာျဖင့္ ကိုင္ထားရင္း သူ႔ထိုင္ခုံဆီသို႔ ျပန္လာခဲ့ေတာ့သည္။ သူသည္ ေအးေအးေဆးေဆး ရွင္းျပလိုက္ု၏။
" ငါ့အစ္မက ငါ့အတြက္ ဝယ္ေပးထားတာ"
သည္အခိုက္တြင္ သည္ပ်င္းစရာေကာင္းလွသည့္ လူခ်မ္းသာ ဒုတိယမ်ိဳးဆက္ အေမြခံမ်ားက သူ႔ကို အလြတ္ေပးရန္သာ ဆုေတာင္းေနလိုက္သည္။ ေနာက္ဆုံး သူသည္းခံလိုက္လွ်င္ သည္ေလွာင္ေျပာင္မႈက ၿပီးဆုံးသြားလိမ့္မည္။
သို႔ေသာ္ျငား က်န္းရန္ကေတာ့ ခ်န္ရန္ကို သည္အတိုင္း အလြတ္ေပးခ်င္ပုံမရေပ။ ရွန္ခ်န္က သည္တစ္ေက်ာင္းလုံးသိေနသည့္ ကိစၥႏွင့္ ခပ္ကင္းကင္းေနခ်င္ေလေလ သူ႔ကို ပိုၿပီးရန္စခ်င္ေလေလ ျဖစ္ေနေလသည္။ သူသည္ အလြန္အံ့ဩတႀကီးျဖစ္သြားဟန္ တမင္လုပ္ျပလိုက္ၿပီးေနာက္ ေျပာလိုက္ေတာ့သည္။
" ဪ မင္း အစ္မကလား၊ tank တစ္ေယာက္နဲ႔တူတဲ့ တတိယႏွစ္က ရွန္ယြဲ႕လား၊ သူ႔ကို ဘယ္သူက မသိဘဲေနမွာလဲ"
" ဟုတ္တယ္ ဟုတ္တယ္ ရွန္ယြဲ႕က ငါတို႔ေက်ာင္းရဲ႕ မိန္းကေလးဆယ္လီတစ္ေယာက္ပဲ"
" မင္းရဲ႕အစ္မက ဘာလို႔ မင္းကို ဒီေလာက္ေစ်းႀကီးတဲ့ အဝတ္အစားေတြ ဝယ္ေပးတာလဲ၊ ဒီကိစၥေနာက္ကြယ္မွာ တစ္ေယာက္ေယာက္က သူ႔ကို ကူညီေျဖရွင္းေပးခဲ့တာ ျဖစ္ရမယ္၊ ငါ ထင္တာ တကယ္မ်ား ျဖစ္ေနမလား...."
စကားေျပာလိုက္သည့္ ေကာင္ေလးက သူ႔ေဘးက လူအားလုံး ရယ္ေမာသြားေအာင္ မသတီစရာအၾကည့္တစ္ခုျဖင့္ ၾကည့္လိုက္ေလသည္။
ရွန္ခ်န္သည္ သူ႔ထိုင္ခုံတြင္ ေတာင့္ေတာင့္ႀကီး ထိုင္ေနေလသည္။ ရွန္ယြဲ႕ႏွင့္ ပက္သတ္ၿပီး သူတို႔၏အဓိပၸါယ္ပါပါ ထင္ျမင္ခ်က္မ်ားကို နားေထာင္ရင္း ၿငိမ္သက္စြာ သူ႔လက္သီးမ်ားကို က်စ္က်စ္ပါေအာင္ ဆုပ္ထားလိုက္သည္။ သူသည္ သည္လူမ်ားကို ဂ႐ုမစိုက္ဘဲ အရင္ကလို လွည့္ထြက္သြားခ်င္ေတာ့သည္။ သို႔ေသာ္ မနက္ခင္း စာဖတ္ခ်ိန္ျဖစ္ေန၏။ ေက်ာင္းသားမ်ား အတန္းလစ္မည္ကို စစ္ေဆးရန္ ဆရာမ်ားက အျပင္ဘက္တြင္ မၾကာခဏဆိုသလို ေစာင့္ၾကည့္ေနတတ္သည္။ ထို႔ေၾကာင့္ သူသည္ သူ႔ထိုင္ခုံတြင္သာ ထိုင္ေနလိုက္ၿပီး သည္ေကာင္ေလးမ်ားကို သည္းခံေနရေတာ့သည္။
" ဒါေပမယ့္ အခု ရွန္ယြဲ႕က ဝိတ္အမ်ားႀကီးက်သြားတယ္ေနာ္၊ သူ႔အသားအရည္ကလည္း လွတယ္ကြ၊ သူ႔ၾကည့္ရတာ ေတာ္ေတာ္အရသာရွိမယ့္ပုံပဲ"
က်န္းရန္က သူ႔ႏႈတ္ခမ္းကို သပ္လိုက္ၿပီး တမင္႐ြံစရာေကာင္းေအာင္ ေျပာလိုက္သည္။
"ဟား ဟား ဟား က်န္းရန္ မင္းကလည္း အရသာရွိမွာပဲဆိုတာ ဘာသေဘာလဲ"
" ဒါေပါ့ ေျပာစရာမလိုတဲ့ typeပဲကို၊ ရွန္ယြဲ႕သာ ဝိတ္ေလး နည္းနည္းထပ္က်သြားရင္ ပိုလွလာၿပီး ရင္သားလည္း ပိုႀကီးလာမွာ၊ သူ႔ေနာက္ကေန ကာကြယ္ေပးမယ့္ အေကာင္ႀကီးႀကီးေတြကို ျမဴဆြယ္ႏိုင္တာလည္း မဆန္းပါဘူး..."
" မင္း ပါးစပ္ပိတ္ထား"
႐ုတ္တရက္ဆိုသလို မေမွ်ာ္လင့္ထားသည့္ အရာတစ္ခုက ျဖစ္သြားေတာ့သည္။ က်န္းရန္သည္ ေပါက္ပန္းေလးဆယ္ ေျပာေနရင္းတန္းလန္းမွ ထရပ္လာသည့္ ရွန္ခ်န္၏ စကားျဖတ္ေျပာျခင္းကို ခံလိုက္ရေတာ့သည္။
ေဒါသေၾကာင့္ တုန္ယင္ေနၿပီး ေတာင့္တင္းေနသည့္ ရွန္ခ်န္၏ခႏၶာကိုယ္ကို ျမင္လိုက္ရသျဖင့္ က်န္းရန္မွာ အနည္းငယ္ ဇေဝဇဝါျဖစ္သြားေလသည္။ ထိုအခ်င္းအရာထက္ သူသည္ ပိုၿပီး ရွက္သြားေတာ့သည္။
က်န္းရန္ဆိုတဲ့ သူက အၿမဲတမ္း အေၾကာက္အလန္႔ကင္းခဲ့တာပဲ။ အခုေတာ့ ပုံမွန္ဆိုရင္ ငေၾကာက္တစ္ေကာင္လိုေနတဲ့ စာဂ်ပိုးရဲ႕ ေအာ္ေငါက္တာ ခံလိုက္ရသတဲ့။ သူသည္ ခ်က္ခ်င္း ရွက္သြားၿပီး မေပ်ာ္႐ႊင္ႏိုင္ေတာ့ဘဲ ဆဲေရးလိုက္ေတာ့သည္။
" မင္းက ဘာလို႔ ေအာ္ေနတာလဲ၊ မင္းက ခ်ခ်င္တာလား၊ မင္းအစ္မက တကယ့္ ၾကာကူလီပဲ၊ အဲေတာ့ ဘာျဖစ္လဲ၊ သူ ေက်ာင္းေတာ္ရဲ႕မင္းသားေလး ယြီေဟာက္ကို အေသ လိုက္ခဲ့တာ မသိတဲ့သူ ဘယ္သူရွိလို႔လဲ"
သည္တစ္ႀကိမ္တြင္ေတာ့ ရွန္ခ်န္က သူ႔ကို ရွန္ယြဲ႕အား ဆက္ၿပီး အရွက္ခြဲခြင့္ မျပဳေတာ့ေပ။ ထို႔အစား လက္တစ္ဖက္တြင္ တင္းၾကပ္ေနေအာင္ ကိုင္ထားသည့္ ေရပုလင္းႏွင့္ က်န္းရန္၏ေခါင္းကို ျပင္းျပင္းထန္ထန္ ႐ိုက္ခ်လိုက္ေတာ့သည္။
" ငါ့အစ္မကို အဲလိုမေျပာနဲ႔ကြ ေခြးေကာင္"
ခြမ္း။
" မင္းကမ်ား ငါ့ကို ႐ိုက္ရဲတယ္ေပါ့ေလ၊ ေသစမ္း ဒီေသာက္႐ူးကေတာ့ ေဟ်ာင့္ေတြ သူ႔ကို ခ်ကြာ၊ ေသလိုက္၊ ဒီေန႔ ငါတို႔ေတြ မင္းကို ဘယ္ရွင္းမလဲဆိုတာ ၾကည့္ေနလိုက္"
...
႐ုံးခန္းထဲတြင္ ရွန္ခ်န္သည္ သူ႔လက္ေမာင္းကို အုပ္ထားကာ ေထာင့္တြင္ တစ္ေယာက္တည္း ရပ္ေနသည္။ ေက်ာင္းအုပ္အသစ္ ခ်န္းယန္က သူ႔ေဘးတြင္ ရပ္ေန၏။ သိပ္မေဝးလွသည့္ ေနရာတြင္ေတာ့ ေခါင္းတြင္ ပတ္တီးအထူႀကီးစည္းထားသည့္ က်န္းရန္က ကုလားထိုင္တစ္ခုတြင္ ပစ္ထိုင္ေနသည္။ သူ႔မ်က္လုံးမ်ားက မုန္းတီးစြာျဖင့္ ရွန္ခ်န္ကို ဝါးစားမတတ္ၾကည့္ေနဆဲ။ သူ႔ဒဏ္ရာကို စည္းထားပုံမွာ အနည္းငယ္ ရယ္စရာေကာင္းေနေသာေၾကာင့္ ၿခိမ္းေျခာက္ေနဟန္မေပၚေခ်။
က်န္းရန္၏ေဘးတြင္ ေက်ာင္းသားေလးေယာက္ ရွိေနသည္။ သူတို႔အားလုံးသည္ က်န္းရန္၏ ဆိုးေဖာ္ဆိုးဖက္သူငယ္ခ်င္းမ်ား ျဖစ္ၾကသည္။ သည္အခိုက္တြင္ သူတို႔ကလည္း ရွန္ခ်န္ကို ရက္စက္သည့္အၾကည့္ျဖင့္ ေဒါသတႀကီး ၾကည့္ေနၾက၏။
လြန္ခဲ့မိနစ္အနည္းငယ္က အေလာတႀကီး ေျပးဝင္လာၾကသည့္ ဆရာမ်ားက ရန္ျဖစ္ေနၾကသည့္ လူေျခာက္ေယာက္ကို ဆြဲကာ ျဖန္ေျဖေပးခဲ့သည္။ အဖြဲ႕လိုက္ ရန္ပြဲတစ္ခု ျဖစ္ဟန္တူေသာ္လည္း အမွန္တြင္ေတာ့ ရွန္ခ်န္က က်န္းရန္ကို ဖမ္းဆြဲထားကာ သူ႔ကို ထိုးနက္ေနျခင္းပင္။ က်န္းရန္မွာ ျပန္မခ်ႏိုင္ေလာက္ေအာင္ အ႐ိုက္ခံေနရၿပီး ေအာ္ဟစ္ေနေတာ့သည္။ က်န္ေလးေယာက္သည္လည္း ရွန္ခ်န္ကို မဆြဲႏိုင္ၾကေခ်။ ထို႔ေၾကာင့္ သူတို႔က ပစၥည္းအားလုံးကို ရွန္ခ်န္ဆီသို႔ ပစ္ေပါက္ၾကေတာသည္။
ရွန္ခ်န္၏ အတန္းပိုင္းဆရာကို သူ႔အခန္းေဖာ္မ်ားက သြားေခၚခ်ိန္တြင္ေတာ့ သူသည္ အလြန္ထိတ္လန္႔သြားၿပီး လိပ္ျပာလႊင့္မတတ္ ျဖစ္သြားေတာ့သည္။
ပထမအခ်က္မွာ အ႐ိုက္ခံေနရသူက က်န္းမိသားစု၏ တစ္ဦတည္းေသာသား က်န္းရန္ ျဖစ္ေနသည္။ နည္းနည္းေလး ထိခိုက္သြားလွ်င္ သားျဖစ္သူကို အသက္တမွ်ခ်စ္သည့္ သူ႔အေမက ေက်ာင္းသို႔ ေရာက္လာေတာ့မည္။ ဒုတိယတစ္ခ်က္မွာ အရင္တိုက္ခိုက္ခဲ့သူက ပုံမွန္ဆိုလွ်င္ တိတ္တိတ္ေလးေနတတ္ၿပီး လိမၼာသည့္ အဆင့္တစ္ေက်ာင္းသား ရွန္ခ်န္ ျဖစ္ေနသည္။ ေခ်ာင္ပိတ္ခံရလွ်င္ေတာ့ ယုန္တစ္ေကာင္ ျဖစ္ေနလွ်င္ေတာင္ ျပန္ကိုက္ေပလိမ့္မည္။ ထိုအခ်က္မ်ားကိုၾကည့္လွ်င္ သည္ကိစၥက မည္မွ် ေလးနက္ေၾကာင္း သိႏိုင္ေလသည္။
က်န္းရန္၏ေခါင္းသည္ ရွန္ခ်န္၏လက္ခ်က္ေၾကာင့္ ကြဲသြားသည္ကို ေတြ႕လိုက္ၿပီးေနာက္ ရွန္ခ်န္၏အတန္းပိုင္က ေက်ာင္းအုပ္ႀကီး ခ်န္းယန္ကို ျမန္ျမန္ ေခၚလိုက္ေလေတာ့သည္။
...