အပိုင်း (၉၇) အတုအယောင်ဟု သံသယဖြစ်မိ
တစ်ဖက်တွင် ရှန်ချန်လည်း စာသင်ခန်းသို့ရောက်လာသည်။ သူ့ထိုင်ခုံဘေးက ကျောင်းသားများက အကြိတ်အနယ် ဆွေးနွေးနေကြပြီး မကြာမကြာ ကျယ်လောင်သည့် ရယ်သံများက ပွင့်ထွက်လာသည်။
ရှန်ချန်သည် အခန်းထဲတွင် မပေါ်လွင်သူဖြစ်သည်။ သူသည် ပိုပြီး တသီးတသန့်နေတတ်ပြီး ကျောင်းတက်လာသည့် တစ်လျှောက်လုံး စာကိုသာ အာရုံစိုက်ခဲ့လေသည်။ ထို့ကြောင့် သူသည် ဤသို့သော စကားဝိုင်းမျိုးတွင် ဘယ်တော့မှ မပါတတ်ဘဲ သူ့အိမ်စာကိုသာ တိတ်တိတ်လေး ပြန်လုပ်နေလိုက်သည်။
ရှန်ချန်ရှေ့ မျက်စောင်ထိုးတွင် ထိုင်နေသူမှာ ဆံပင်ကို အညိုရောင်ဆိုးထားပြီး၊ နားကပ်ပန်ထားကာ မျက်နှာတွင် ကျောက်ပေါက်မာများနှင့် ကောင်လေးတစ်ယောက်။ သူ့နာမည်က ကျန်းရန်။ သူသည် အလွန်ဖက်ရှင်ကျသည်ဟု ထင်နေသူဖြစ်သောည်း အမှန်တွင်တော့သည် ရန်ဖြစ်ရသည်ကို သဘောကျသည့် တေလေဂျပိုး တစ်ယောက်ဖြစ်ပြီး နေရာတိုင်းတွင် ပြဿနာဖြစ်တတ်သည်။
ကျန်းရန်၏မိသားစုက အလွန်ချမ်းသာပြီး သူသည် အလွန်ဒေါသကြီးသဖြင့် အခန်းထဲက ကောင်လေးများကြားတွင် နာမည်ကြီးသည်။ သူသည် ပုံမှန် သောက်စားကာ ပျော်ပါးနေတတ်သည်။
သည်အခိုက်တန့်တွင် သူတို့ထဲမှတစ်ချို့က ကျောင်းက ဆရာမနှင့် အငြင်းပွားခဲ့သည့် ရှန်ယွဲ့အကြောင်း ပြောနေသည်နှင့် တိုက်ဆိုင်သွားတော့သည်။ သူသည် စိတ်ဝင်တစားစာဖတ်နေသည့် ရှန်ချန်ကို ကြည့်ကာ စိတ်ဝင်စားသွားတော့သည်။
" ယိုး နံပါတ်တစ်ကျောင်းသား စာလုပ်နေပြန်ပြီလား"
ကျန်းရန်၏အသံက အင်မတန် ထူးဆန်းနေလေသည်။ သူ့လည်ချောင်းထဲတွင် လေသွင်းရုပ်တစ်ခု တစ်နေသည့်နှယ်။ သူသည် ပြောလိုက်သည့်စကားကို တမင်ညစ်ထုတ်လိုက်ကာ ပတ်ဝန်းကျင်က ကောင်လေးများကို ရယ်မောသွားအောင်လုပ်နေလေသည်။
ရှန်ချန်သည် အခန်းထဲက သည်လူဆိုးဂျပိုးကျောင်းသားများ၏ အရှက်ခွဲခြင်းကို မကြာခဏ ခံခဲ့ရသည်။ စော်ကားခံရဖူးသည့် သူ့အရင်အတွေ့အကြုံက သူတို့ကို လစ်လျူရှုထားလျှင် သည်လူအုပ်ကြီးက ပျင်းရိသွားပြီး လက်လျှော့သွားလိမ့်မည်ဟု ပြောနေသည်။
ထို့ကြောင့် ရှန်ချန်သည် ဘာမှ မကြားသလို ဟန်ဆောင်နေလိုက်ပြီး နှုတ်ဆိတ်ကာ စာဆက်ဖတ်နေလိုက်တော့သည်။
ရှန်ချန်အား စ,နောက်လို့မရမှန်း သိလိုက်ရသဖြင့် ကျန်းရန်၏မျက်လုံးများသည် ဘေးဘီကို လှစ်ခနဲကြည့်လိုက်ပြီး ဝက်ခြံအဖုအချိုင့်ဖြင့် ပြည့်နေသည့် သူမျက်နှာကို ရှန်ချန်ရှေ့သို့ မြန်မြန်ပို့ကာ ပြောလိုက်တော့သည်။
" ဟျောင့် မင်းအစ်မက ဘယ်လိုလုပ်ပြီး အဲဒီဆရာတွေကို သွားရှုပ်ရဲရတာလဲ၊ သူ ဘာလှည့်ကွက်တွေ သုံးသွားတာလဲ ငါတို့ကို ပြောပြလေ"
ရှန်ချန်သည် မော့ကြည့်လိုက်ပြီး ကျန်းရန်၏ မျက်နှာကြီးကြောင့် လန့်ဖျတ်သွားတော့သည်။ သူသည် အမှတ်တမဲ့ နောက်သို့ ရှောင်လိုက်ပြီး အမှန်အတိုင်း ပြောလိုက်၏။
" ငါ အသေးစိတ်မသိဘူး၊ ဒါပေမယ့် ငါ့အစ်မက အမှန်တရားဘက်က"
" ကျစ် ... မင်းက ဘာမှမသိဘူးပေါ့၊ ဂေါက်ကြောင်"
ကျန်းရန်သည် မျက်လုံးများကို ဝေ့ကာကြည့်လိုက်လေသည်။
" ကျစ် __ မင်းက ဒီငတုံးကို ဘာမေးချင်နေတာလဲ"
သူတို့ဘေးက ကောင်လေးများသည် ထိုအဖြေကို မကျေနပ်မှန်း ထင်ရှားလေသည်။ သူတို့အားလုံးက သရော်လှောင်ပြောင်ကာ အော်ဟစ်လိုက်ကြသည်။
" နောက်ဆုံးတစ်ခေါက်တုန်းက ကျောင်းသားတစ်ယောက် အဆောက်အအုံပေါ်က ခုန်ချသွားတာ မှတ်မိသေးလား၊ ကျောင်းက နည်းနည်းလေးပဲ အလျော်ပေးခဲ့တာလေ၊ ဆရာတွေကို ဘာမှ မထိခိုက်ခဲ့ဘူး၊ ဒီတစ်ခေါက်လိုတောင် မကြီးကျယ်သွားဘူးလေ ဟုတ်တယ်မလား"
" ဟုတ်တယ် ဟုတ်တယ် ဒီတစ်ခေါက်က ရှန်ယွဲ့နဲ့ ရန်ဖြစ်ခဲ့တဲ့ ကျောင်းအုပ်နဲ့ ဆရာတွေက အစားထိုးခံရတာ မဟုတ်ရင် ထွက်စာတင်လိုက်ရတယ်၊ ကျွတ် ကျွတ် ကျွတ် ဒီနည်းလမ်းက တော်တော်ထူးခြားတာပဲ"
ကောင်လေးများသည် တဖန်စကားစမြည်ပြန်ပြော နေလိုက်ကြသည်။ တစ်ယောက်တစ်ပေါက်ဖြင့် ဆူညံနေတော့သည်။ အလွန်ဆူညံနေသဖြင့် ရှန်ချန်သည် လုံးဝစာဖတ်လို့မရတော့ချေ။ သူက မျက်မှောင်ကျုံ့ကာ ထရပ်လိုက်ပြီး သူ့အိတ်ထဲက ရေပုလင်းကို ယူလိုက်ပြီး ရေနွေးသွားယူရန် ထွက်သွားလိုက်၏။
ရှန်ချန်သည် ရေနွေးဖြင့် ပြန်ရောက်လာချိန်၌ ဘေးဘီကို ကြည့်နေသည့် ကျန်းရန်က ရှန်ချန်ကို ထပ်စိုက်ကြည့်နေပြန်သည်။ သူက အံ့ဩတကြီးဖြင့် ချက်ချင်း ထပြောလိုက်၏။
" ဉာဏ်ကြီးရှင် မင်းဝတ်ထားတဲ့ ဒီရှပ်အင်္ကျီက အတုကြီးမလား၊ ဒီတံဆိပ်က ကြည့်ရတာနည်းနည်း ပုံမှန်မဟုတ်သလိုပဲ"
ကျန်းရန်က ရှန်ချန်၏အဝတ်အစားကို အတုပါဟု မေးခွန်းထုတ်လိုက်သည်ကို ကြားလိုက်သည်နှင့် တခြားကောင်လေးကများ လှည့်ကြည့်လာပြီး ရှန်ချန်ကို စိုက်ကြည့်လိုက်ကြလေသည်။ သူတို့ထဲက တစ်ယောက်က ရှန်ချန်၏အင်္ကျီကို ဖမ်းဆွဲလိုက်ပြီး အနီးကပ်ကြည့်ရန် ဆောင့်ဆွဲလိုက်တော့သည်။
" ကြည့်ရအောင်... အဝတ်အစားက အတုနဲ့မတူပါဘူး"
" ဉာဏ်ကြီးရှင် မင်းမိသားစုက အရမ်းဆင်းရဲတာမလား၊ ဒီလောက်ကောင်းတဲ့ အင်္ကျီးတွေအများကြီးဝယ်ဖို့ မင်းဘယ်က ပိုက်ဆံရတာလဲ"
ကျန်းရန်သည် မသင်္ကာသည့်အကြည့်တစ်ခု ထုတ်လိုက်လေသည်။ ထို့နောက် ရှန်ချန်၏တစ်ကိုယ်လုံးကို ကြည့်လိုက်ပြီး တမင် အော်ပြောလိုက်လေသည်။
"ဝိုး ဉာဏ်ကြီးရှင် မင်းအင်္ကျီနဲ့ ဘောင်းဘီတွေအားလုံးက အကောင်းစားတံဆိပ်တွေပဲ၊ ဒီဖိနပ်ကလည်း ထောင်ချီတန်တာနော်၊ မင်း ဒါတွေကို ဘယ်ကရခဲ့တာလဲ"
တဒင်္ဂအတွင်း အခန်းထဲက မျက်လုံးများသည် ရှန်ချန်ကို ကြည့်လိုက်ကြတော့သည်။ ရှန်ချန်သည် သတိလွတ်သွားပြီး သူ့အင်္ကျီကို အမှတ်တမဲ့ ပြန်ဆောင့်ဆွဲလိုက်သည်။
သည်နေ့ သူသည် ရှန်ယွဲ့ဝယ်ပေးထားသည့် အဝတ်အစားများကို ဝတ်ထားခြင်းပင်။ ရှန်ယွဲ့၏ ရသခံစားမှုက အလွန်မှကောင်းသည်။ သူမ တွဲပေးလိုက်သည့် အဝတ်အစားများသည် သက်တောင့်သက်သာရှိလှပြီး လှပသည်။ ယွမ်ထောင်ချီပေးရသည့် အဝတ်အသားများသည် ဒုတိယမျိုးဆက်အမွေခံများ စုနေသည့် သည်လိုကျောင်းတွင် လုံးဝဆွဲဆောင်မှုမရှိချေ။ သို့သော် ဆင်းရဲသား ရှန်ချန်ကိုယ်ပေါ်တွင် မြင်ရသည်က အနည်းငယ်ထူးဆန်နေသည်။
ထို့ကြောင့် တခြားလူများသည် ထိုမြင်ကွင်းကို မြင်လိုက်ချိန်၌ သူတို့ကလည်း သရော်လှောင်ပြောင်ကြတော့သည်။
" ဝိုး မင်းက တကယ်ချမ်းသာတာပဲ"
"ရှန်ချန် မင်း မိသားစုက မာဇူရာတီ(Maserati) စီးတာလား ၊ ပိုရှာ(Porsche) စီးတာလား"
" နံပါတ်တစ်ကျောင်းသားကလည်း လူချမ်းသာ ဒုတိယမျိုးဆက်ရဲ့ အမွေခံဖြစ်နေမယ်လို့ တကယ်လုံးဝ ပြောလို့မရဘူးနော်"
....
Zawgyi
အပိုင္း (၉၇) အတုအေယာင္ဟု သံသယျဖစ္မိ
တစ္ဖက္တြင္ ရွန္ခ်န္လည္း စာသင္ခန္းသို႔ေရာက္လာသည္။ သူ႔ထိုင္ခုံေဘးက ေက်ာင္းသားမ်ားက အႀကိတ္အနယ္ ေဆြးေႏြးေနၾကၿပီး မၾကာမၾကာ က်ယ္ေလာင္သည့္ ရယ္သံမ်ားက ပြင့္ထြက္လာသည္။
ရွန္ခ်န္သည္ အခန္းထဲတြင္ မေပၚလြင္သူျဖစ္သည္။ သူသည္ ပိုၿပီး တသီးတသန္႔ေနတတ္ၿပီး ေက်ာင္းတက္လာသည့္ တစ္ေလွ်ာက္လုံး စာကိုသာ အာ႐ုံစိုက္ခဲ့ေလသည္။ ထို႔ေၾကာင့္ သူသည္ ဤသို႔ေသာ စကားဝိုင္းမ်ိဳးတြင္ ဘယ္ေတာ့မွ မပါတတ္ဘဲ သူ႔အိမ္စာကိုသာ တိတ္တိတ္ေလး ျပန္လုပ္ေနလိုက္သည္။
ရွန္ခ်န္ေရွ႕ မ်က္ေစာင္ထိုးတြင္ ထိုင္ေနသူမွာ ဆံပင္ကို အညိဳေရာင္ဆိုးထားၿပီး၊ နားကပ္ပန္ထားကာ မ်က္ႏွာတြင္ ေက်ာက္ေပါက္မာမ်ားႏွင့္ ေကာင္ေလးတစ္ေယာက္။ သူ႔နာမည္က က်န္းရန္။ သူသည္ အလြန္ဖက္ရွင္က်သည္ဟု ထင္ေနသူျဖစ္ေသာည္း အမွန္တြင္ေတာ့သည္ ရန္ျဖစ္ရသည္ကို သေဘာက်သည့္ ေတေလဂ်ပိုး တစ္ေယာက္ျဖစ္ၿပီး ေနရာတိုင္းတြင္ ျပႆနာျဖစ္တတ္သည္။
က်န္းရန္၏မိသားစုက အလြန္ခ်မ္းသာၿပီး သူသည္ အလြန္ေဒါသႀကီးသျဖင့္ အခန္းထဲက ေကာင္ေလးမ်ားၾကားတြင္ နာမည္ႀကီးသည္။ သူသည္ ပုံမွန္ ေသာက္စားကာ ေပ်ာ္ပါးေနတတ္သည္။
သည္အခိုက္တန္႔တြင္ သူတို႔ထဲမွတစ္ခ်ိဳ႕က ေက်ာင္းက ဆရာမႏွင့္ အျငင္းပြားခဲ့သည့္ ရွန္ယြဲ႕အေၾကာင္း ေျပာေနသည္ႏွင့္ တိုက္ဆိုင္သြားေတာ့သည္။ သူသည္ စိတ္ဝင္တစားစာဖတ္ေနသည့္ ရွန္ခ်န္ကို ၾကည့္ကာ စိတ္ဝင္စားသြားေတာ့သည္။
" ယိုး နံပါတ္တစ္ေက်ာင္းသား စာလုပ္ေနျပန္ၿပီလား"
က်န္းရန္၏အသံက အင္မတန္ ထူးဆန္းေနေလသည္။ သူ႔လည္ေခ်ာင္းထဲတြင္ ေလသြင္း႐ုပ္တစ္ခု တစ္ေနသည့္ႏွယ္။ သူသည္ ေျပာလိုက္သည့္စကားကို တမင္ညစ္ထုတ္လိုက္ကာ ပတ္ဝန္းက်င္က ေကာင္ေလးမ်ားကို ရယ္ေမာသြားေအာင္လုပ္ေနေလသည္။
ရွန္ခ်န္သည္ အခန္းထဲက သည္လူဆိုးဂ်ပိုးေက်ာင္းသားမ်ား၏ အရွက္ခြဲျခင္းကို မၾကာခဏ ခံခဲ့ရသည္။ ေစာ္ကားခံရဖူးသည့္ သူ႔အရင္အေတြ႕အႀကဳံက သူတို႔ကို လစ္လ်ဴရႈထားလွ်င္ သည္လူအုပ္ႀကီးက ပ်င္းရိသြားၿပီး လက္ေလွ်ာ့သြားလိမ့္မည္ဟု ေျပာေနသည္။
ထို႔ေၾကာင့္ ရွန္ခ်န္သည္ ဘာမွ မၾကားသလို ဟန္ေဆာင္ေနလိုက္ၿပီး ႏႈတ္ဆိတ္ကာ စာဆက္ဖတ္ေနလိုက္ေတာ့သည္။
ရွန္ခ်န္အား စ,ေနာက္လို႔မရမွန္း သိလိုက္ရသျဖင့္ က်န္းရန္၏မ်က္လုံးမ်ားသည္ ေဘးဘီကို လွစ္ခနဲၾကည့္လိုက္ၿပီး ဝက္ၿခံအဖုအခ်ိဳင့္ျဖင့္ ျပည့္ေနသည့္ သူမ်က္ႏွာကို ရွန္ခ်န္ေရွ႕သို႔ ျမန္ျမန္ပို႔ကာ ေျပာလိုက္ေတာ့သည္။
" ေဟ်ာင့္ မင္းအစ္မက ဘယ္လိုလုပ္ၿပီး အဲဒီဆရာေတြကို သြားရႈပ္ရဲရတာလဲ၊ သူ ဘာလွည့္ကြက္ေတြ သုံးသြားတာလဲ ငါတို႔ကို ေျပာျပေလ"
ရွန္ခ်န္သည္ ေမာ့ၾကည့္လိုက္ၿပီး က်န္းရန္၏ မ်က္ႏွာႀကီးေၾကာင့္ လန္႔ဖ်တ္သြားေတာ့သည္။ သူသည္ အမွတ္တမဲ့ ေနာက္သို႔ ေရွာင္လိုက္ၿပီး အမွန္အတိုင္း ေျပာလိုက္၏။
" ငါ အေသးစိတ္မသိဘူး၊ ဒါေပမယ့္ ငါ့အစ္မက အမွန္တရားဘက္က"
" က်စ္ ... မင္းက ဘာမွမသိဘူးေပါ့၊ ေဂါက္ေၾကာင္"
က်န္းရန္သည္ မ်က္လုံးမ်ားကို ေဝ့ကာၾကည့္လိုက္ေလသည္။
" က်စ္ __ မင္းက ဒီငတုံးကို ဘာေမးခ်င္ေနတာလဲ"
သူတို႔ေဘးက ေကာင္ေလးမ်ားသည္ ထိုအေျဖကို မေက်နပ္မွန္း ထင္ရွားေလသည္။ သူတို႔အားလုံးက သေရာ္ေလွာင္ေျပာင္ကာ ေအာ္ဟစ္လိုက္ၾကသည္။
" ေနာက္ဆုံးတစ္ေခါက္တုန္းက ေက်ာင္းသားတစ္ေယာက္ အေဆာက္အအုံေပၚက ခုန္ခ်သြားတာ မွတ္မိေသးလား၊ ေက်ာင္းက နည္းနည္းေလးပဲ အေလ်ာ္ေပးခဲ့တာေလ၊ ဆရာေတြကို ဘာမွ မထိခိုက္ခဲ့ဘူး၊ ဒီတစ္ေခါက္လိုေတာင္ မႀကီးက်ယ္သြားဘူးေလ ဟုတ္တယ္မလား"
" ဟုတ္တယ္ ဟုတ္တယ္ ဒီတစ္ေခါက္က ရွန္ယြဲ႕နဲ႔ ရန္ျဖစ္ခဲ့တဲ့ ေက်ာင္းအုပ္နဲ႔ ဆရာေတြက အစားထိုးခံရတာ မဟုတ္ရင္ ထြက္စာတင္လိုက္ရတယ္၊ ကြၽတ္ ကြၽတ္ ကြၽတ္ ဒီနည္းလမ္းက ေတာ္ေတာ္ထူးျခားတာပဲ"
ေကာင္ေလးမ်ားသည္ တဖန္စကားစျမည္ျပန္ေျပာ ေနလိုက္ၾကသည္။ တစ္ေယာက္တစ္ေပါက္ျဖင့္ ဆူညံေနေတာ့သည္။ အလြန္ဆူညံေနသျဖင့္ ရွန္ခ်န္သည္ လုံးဝစာဖတ္လို႔မရေတာ့ေခ်။ သူက မ်က္ေမွာင္က်ဳံ႕ကာ ထရပ္လိုက္ၿပီး သူ႔အိတ္ထဲက ေရပုလင္းကို ယူလိုက္ၿပီး ေရေႏြးသြားယူရန္ ထြက္သြားလိုက္၏။
ရွန္ခ်န္သည္ ေရေႏြးျဖင့္ ျပန္ေရာက္လာခ်ိန္၌ ေဘးဘီကို ၾကည့္ေနသည့္ က်န္းရန္က ရွန္ခ်န္ကို ထပ္စိုက္ၾကည့္ေနျပန္သည္။ သူက အံ့ဩတႀကီးျဖင့္ ခ်က္ခ်င္း ထေျပာလိုက္၏။
" ဉာဏ္ႀကီးရွင္ မင္းဝတ္ထားတဲ့ ဒီရွပ္အက်ႌက အတုႀကီးမလား၊ ဒီတံဆိပ္က ၾကည့္ရတာနည္းနည္း ပုံမွန္မဟုတ္သလိုပဲ"
က်န္းရန္က ရွန္ခ်န္၏အဝတ္အစားကို အတုပါဟု ေမးခြန္းထုတ္လိုက္သည္ကို ၾကားလိုက္သည္ႏွင့္ တျခားေကာင္ေလးကမ်ား လွည့္ၾကည့္လာၿပီး ရွန္ခ်န္ကို စိုက္ၾကည့္လိုက္ၾကေလသည္။ သူတို႔ထဲက တစ္ေယာက္က ရွန္ခ်န္၏အက်ႌကို ဖမ္းဆြဲလိုက္ၿပီး အနီးကပ္ၾကည့္ရန္ ေဆာင့္ဆြဲလိုက္ေတာ့သည္။
" ၾကည့္ရေအာင္... အဝတ္အစားက အတုနဲ႔မတူပါဘူး"
" ဉာဏ္ႀကီးရွင္ မင္းမိသားစုက အရမ္းဆင္းရဲတာမလား၊ ဒီေလာက္ေကာင္းတဲ့ အက်ႌးေတြအမ်ားႀကီးဝယ္ဖို႔ မင္းဘယ္က ပိုက္ဆံရတာလဲ"
က်န္းရန္သည္ မသကၤာသည့္အၾကည့္တစ္ခု ထုတ္လိုက္ေလသည္။ ထို႔ေနာက္ ရွန္ခ်န္၏တစ္ကိုယ္လုံးကို ၾကည့္လိုက္ၿပီး တမင္ ေအာ္ေျပာလိုက္ေလသည္။
"ဝိုး ဉာဏ္ႀကီးရွင္ မင္းအက်ႌနဲ႔ ေဘာင္းဘီေတြအားလုံးက အေကာင္းစားတံဆိပ္ေတြပဲ၊ ဒီဖိနပ္ကလည္း ေထာင္ခ်ီတန္တာေနာ္၊ မင္း ဒါေတြကို ဘယ္ကရခဲ့တာလဲ"
တဒဂၤအတြင္း အခန္းထဲက မ်က္လုံးမ်ားသည္ ရွန္ခ်န္ကို ၾကည့္လိုက္ၾကေတာ့သည္။ ရွန္ခ်န္သည္ သတိလြတ္သြားၿပီး သူ႔အက်ႌကို အမွတ္တမဲ့ ျပန္ေဆာင့္ဆြဲလိုက္သည္။
သည္ေန႔ သူသည္ ရွန္ယြဲ႕ဝယ္ေပးထားသည့္ အဝတ္အစားမ်ားကို ဝတ္ထားျခင္းပင္။ ရွန္ယြဲ႕၏ ရသခံစားမႈက အလြန္မွေကာင္းသည္။ သူမ တြဲေပးလိုက္သည့္ အဝတ္အစားမ်ားသည္ သက္ေတာင့္သက္သာရွိလွၿပီး လွပသည္။ ယြမ္ေထာင္ခ်ီေပးရသည့္ အဝတ္အသားမ်ားသည္ ဒုတိယမ်ိဳးဆက္အေမြခံမ်ား စုေနသည့္ သည္လိုေက်ာင္းတြင္ လုံးဝဆြဲေဆာင္မႈမရွိေခ်။ သို႔ေသာ္ ဆင္းရဲသား ရွန္ခ်န္ကိုယ္ေပၚတြင္ ျမင္ရသည္က အနည္းငယ္ထူးဆန္ေနသည္။
ထို႔ေၾကာင့္ တျခားလူမ်ားသည္ ထိုျမင္ကြင္းကို ျမင္လိုက္ခ်ိန္၌ သူတို႔ကလည္း သေရာ္ေလွာင္ေျပာင္ၾကေတာ့သည္။
" ဝိုး မင္းက တကယ္ခ်မ္းသာတာပဲ"
"ရွန္ခ်န္ မင္း မိသားစုက မာဇူရာတီ(Maserati) စီးတာလား ၊ ပိုရွာ(Porsche) စီးတာလား"
" နံပါတ္တစ္ေက်ာင္းသားကလည္း လူခ်မ္းသာ ဒုတိယမ်ိဳးဆက္ရဲ႕ အေမြခံျဖစ္ေနမယ္လို႔ တကယ္လုံးဝ ေျပာလို႔မရဘူးေနာ္"
....