အပိုင်း (၉၄) အခုချက်ချင်းထွက်သွား
" ဟုတ်ကဲ့ ဟုတ်ကဲ့ ကျွန်တော် အခုချက်ချင်း ထွက်သွားပါ့မယ်"
ကျိုးရှန်းသည် စကားနှစ်လုံးသာ ပြောလိုက်သော်လည်း ဟယ်ရှန့်ကို အလွန်ပျော်ရွှင်သွားစေတော့သည်။ အဓိပ္ပါယ်မှာ ကျိုးရွှမ်းက သူ့တောင်းပန်းမှုကို လက်ခံလိုက်ပြီး သူ့ကို နောက်ထပ်အခွင့်အရေးတစ်ခု ပေးလိုက်ခြင်းပင်။
ထင်ထားတဲ့အတိုင်းပဲ အားလုံးပြောကြတဲ့ စကားတွေက အမှန်ပဲ။ ဥက္ကဋ္ဌကျိုးက အမြဲတမ်း သူ့လက်အောက်က ဝန်ထမ်းတွေကို သည်းခံပေးပြီး ဖော်ရွေတယ်တဲ့။ သူ ဆရာတင်ခဲ့လိုက်တာမမှားဘူး။ ဟယ်ရှန့်သည် အသက်ချမ်းသာခွင့် ရသွားသည့်နှယ် ရုတ်ချည်းဆိုသလို ထခုန်လုမတတ်ဖြစ်သွားတော့သည်။သူသည် ကျိုးရွှမ်းက ရုတ်တရက် သူ့ကို အမြင်ကပ်သွားပြီး စိတ်ပြောင်းသွားမည် စိုးရိမ်မိသဖြင့် နောက်တစ်စက္ကန့်လေးပင် ဆက်မနေရဲတော့ချေ။
သူသည် တံခါးဆီကို သွက်သွက်လက်လက်ပြေးသွားပြီး တံခါးကို ဆွဲဖွင့်ကာ ထွက်သွားတော့မည်ပြင်လိုက်စဥ် ကျိုးရွှမ်းက ရုတ်တရက် သူ့ကို တားလိုက်တော့သည်။
"ရပ်လိုက်"
"ဥက္ကဋ္ဌကျိုး ဘာ.... ဘာကိစ္စရှိသေးလို့ပါသလဲ" ဟယ်ရှန့်၏အပြုံးမှာ တောင့်တင်းနေတော့သည်။
" မင်း ဇီးရိုးကို ရှာလို့မတွေ့မချင်း ပြန်မလာနဲ့"
ကျိုးရွှမ်း၏အသံသည် စူးရှကာ သူ့အမူအရာကလည်း တည်ငြိမ်နေသည်။
" အမိန့်အတိုင်းပါ" ဟယ်ရှန့်က မြန်မြန်ဆန်ဆန် ခေါင်းညိတ်လိုက်ပြီးနောက် ထွက်သွားတော့သည်။
ဟယ်ရှန့်ထွက်သွားပြီးနောက် ကျိုးရွှမ်းနှင့် အတွင်းရေးမှူးတို့သာ ကျယ်ဝန်းလှသည့်ရုံးခန်းထဲတွင် ကျန်ခဲ့လေသည်။
ကျိုးရွှမ်းက သူ့ခံစားချက်များကို ဖြည်လျော့ပြီးသွားကြောင်း အာရုံခံမိသဖြင့် အတွင်းရေးမှူးက သူ့အတွေးများကို ကြိုးစားအဖြေရှာရင်း ပြောလိုက်တော့သည်။
" ဥက္ကဋ္ဌကျိုး ဒီနေ့ကိစ္စကို ရှင်းပြဖို့ အရေးပေါ်အစည်းအဝေးတစ်ခု လုပ်ဖို့လိုသေးလား..."
" မလိုဘူး"
"ခင်ဗျာ" အတွင်းရေးမှူးမှာ အံ့ဩသွားတော့သည်။
ကျိုးရွှမ်းက သူ့မျက်ခုံးနှစ်ခုကြားက နေရာကို ပွတ်သပ်လိုက်၏။ သည်နေ့ကိစ္စဖြစ်သွားသည့်နောက်ပိုင်းတွင် ကုမ္ပဏီ၌ မည်သို့သောထူးထူးဆန်းဆန်း ကောလဟာလများကို ကြားရမည်မှန်း သူလည်း စိတ်ကူးကြည့်နိုင်လေသည်။ ဒီလိုကိစ္စမျိုးကို ရှင်းပြလို့မရဘူးလေ။ သူသာ ဂရုမစိုက်ရင် အခြေအနေ ပိုဆိုးသွားနိုင်တယ်။ ဒီဗိုင်းရက်စ်ကို ရေးခဲ့တဲ့ ဇီးရိုးက လူတွေရဲ့စိတ်ကို ဖမ်းဆုပ်တဲ့နေရာမှာ တကယ်တော်ပြီး ရန်ငြိုးတွေနဲ့ ပြည့်နေတယ်လို့ပဲ ပြောရတော့မှာပဲ။ ဒီလိုပုံစံက လွန်ခဲ့တဲ့ နှစ်အနည်းကဖြစ်ရပ်တဲ့ တစ်ထပ်ထဲပဲ။ သူ သူ့ရန်သူကို လျှော့တွက်ခဲ့မိတာကိုး။
" ငါသာ တကယ်ပဲ ရှင်းပြလိုက်မယ်ဆို ကိုယ့်ဟာကိုယ် အရင်ဖော်ပြသလို ဖြစ်သွားလိမ့်မယ် မင်း သွားလို့ရပြီ"
ကျိုးရွှမ်းသည် သူ့ကို လက်ယမ်းပြလိုက်၏။ သည်အချိန်မျိုးတွင် သူသည် တစ်ယောက်ထဲသာ နေလိုသည်။
....
ရှန်ယွဲ့သည် အိပ်ရာကနိုးလာချိန်၌ ဗိုင်းရက်စ်မှာ အောင်အောင်မြင်မြင် အလုပ်လုပ်ပြီးနောက် ကိုယ့်ဟာကိုဖျက်ဆီးလိုက်သည့် စာတစ်စောင်ကို လက်ခံလိုက်ရသည်။ သူမ၏ကိုယ်ရေးအချက်အလက်ကို လာစုံစမ်းသည့် ဟက်ကာဟယ်ရှန့်သည် ဒုက္ခရောက်ပြီးပြီ ဆိုသည့်အဓိပ္ပါယ်ပင်။ သူမသည် ရုတ်ချည်း စိတ်ပျော်သွားပြီး မနက်စာအတွက် နောက်ထပ်ပေါင်မုန့်တစ်လုံးကို ထပ်စားလိုက်တော့သည်။
မနက်စာစားပြီးနောက် ရှန်ယွဲ့သည် သွေးပူလေ့ကျင့်ခန်းလုပ်ပြီး မနက်ပိုင်းအပြေးလေ့ကျင့်ရန်အတွက် ထွက်သွားတော့သည်။ ဒါသည် သည်ကာလအတွင်း သူမပျိုးထောင်ထားသည့် အလေ့အကျင့်တစ်ခုဖြစ်ပြီး သူမ၏ခန္ဓာကိုယ်တစ်ခုလုံးကလည်း သည်လို ကိုယ်တိုင်စည်းကမ်းတကျနှင့် စိတ်အားထက်သန်စွာ လေ့ကျင့်လာပြီးနောက် တဖြည်းဖြည်းနှင့် လှပသည့်ကောက်ကြောင်းပေါ်လာတော့သည်။သူမသည် သည်အခိုက်အတွင် အလွန်သန်မာနေသေးသော်လည်း သူမ၏အသွင်အပြင်တစ်ခုလုံးက ပိုပြီးလှပကျော့ရှင်းနေတော့သည်။
အခုတော့ နွေရာသီ ရောက်တော့မည်ဖြစ်ကာ နေ့ခင်း အပူအချိန်ကလည်း တိုးလာ၏။ မနက်ပိုင်းနှင့် ညပိုင်းတွင်သာ လေ့ကျင့်ခန်းလုပ်ရန် သင့်တော်တော့သည်။ ရှန်ယွဲ့၏ ဦးဆောင်မှုအောက်တွင် ရှန်ချန်လည်း လေ့ကျင့်ခန်းလုပ်တတ်သည့် အကျင့်ကောင်းတစ်ခု ရလာတော့သည်။
ရှန်ချန်သည် သူ့ညာဘက်ခြေထောက်မှာ အနည်းငယ်ထော့နဲ့နေသဖြင့် မပြေးနိုင်ပေ။ ထို့ကြောင့် သူသည် ဒိုက်ထိုးခြင်းနှင့် အိပ်ထမတင်ခြင်းကို အောက်ထပ်က ခြံငယ်လေးထဲတွင် လေ့ကျင့်လာခဲ့သည်။ အချိန်တစ်ခုအတွင်း ရှန်ချန်၏မျက်နှာသည် ပိုပြီးနီလာကာ အရင်ကလို ဖြူဖျော့မနေတော့ချေ။
ရှန်ယွဲ့ထွက်သွားပြီး မကြာမီတွင် ရှန်ချန်လည်း သူ့အားကစားဝတ်စုံကို လဲလိုက်ပြီး အပြင်ထွက်ရန် ပြင်ဆင်လိုက်သည်။
သည်အခိုက်တွင် ရှန်ချန်ကို အချိန်အကြာကြီး တိတ်တိတ်လေး လေ့လာနေသည့် ရှန်ရှင်းက သူ့ကို တားလိုက်ပြီး
" ရှန်ချန် ငါ နင့်ကို မေးစရာရှိလို့"
"ဘာလဲ"
ရှန်ချန်သည် အကျင့်ပုတ်သည့်ရှန်ရှင်းကို အနည်းငယ်ရွံ့ရှာမိသော်လည်း သူက ရပ်လိုက်ကာ ယဥ်ယဥ်ကျေးကျေးဖြင့် ပြန်ဖြေလိုက်သည်။
" ရှန်ယွဲ့က မြို့တော်တက္ကသိုလ်ရဲ့ ပုစ္ဆာကို ဖြေရှင်းခဲ့တယ်လို့ နင်မနေ့က ပြောခဲ့တယ်မလား၊ နင် အခုလေးတင် တင်ထားတဲ့ပိုစ့်ကို ကြည့်ချင်လို့ ဒါပေမယ့် ဘာတစ်ခုမှ ရှာမတွေ့တော့လို့"
ရှန်ရှင်းသည် မျက်လုံးများကို အပေါ်အောက် ကစားကာ စာပို့ချင်ဟန်ဆောင်နေလေသည်။
အမှန်တွင်တော့ သူမသည် မနေ့ညက သူမ၏အခန်းထဲသို့ ပြန်ရောက်ရောက်ချင်း အွန်လိုင်းပေါ်တွင် မြန်မြန်ရှာခဲ့သေးသည်။ သူမသည် ထိုငတုံးမရှန်ယွဲ့က ပုစ္ဆာများကို ဖြေခဲ့ခြင်းအပေါ် မယုံကြည်သော်လည်း သူမ၏စပ်စုလိုစိတ်ကို မဖိနှိပ်ထားနိုင်ခဲ့ချေ။
ထို့နောက်တွင်တော့ ရှန်ချန်ပြောခဲ့သည့် ပိုစ့်ကို အမှန်ပင် ရှာတွေ့ခဲ့သည်။ ပိုစ့်ထဲက ဓာတ်ပုံလေးပုံထဲတွင် သုံးထားသည့် အကြမ်းစာရွက်မှာ ရှန်ချန်သုံးလေ့ရှိသည့် စာရွက်မျိုးဖြစ်နေသည်။ သူမသည် တစ်ချက်ကြည့်ရုံနှင့် မှတ်လေသည်။
ရှန်ရှင်းသည် ပိုစ့်တွင်ပေးထားသည့် commentနှင့်likeများက ကြောက်စရာကောင်းလောက်အောင် မြင့်နေသည်ကိုလည်း တွေ့ခဲ့ရသည်။ အင်တာနက်သုံးသူများအားလုံးက ရှန်ယွဲ့ကို ချီးကျူးထားကြသည်။ သူမသည် အံကြိတ်ကာ အားလုံးကို လှန်လှောကြည့်ရှုလိုက်လေသည်။ သူမသည် ဒေါသထွက်လွန်းသဖြင့် အိပ်ရာပေါ်တွင် ပစ်လှလိုက်မိတော့သည်။
နောက်ဆုံး သူမသည် သံသယဖြစ်စရာ မှတ်ချက်တစ်ချို့ကို တွေ့သွားချန်၌ တဘက်လူပြောထားသည်များကို သေသေချာချာ လေ့လာကြည့်လိုက်သော်လည်း ဘာမှထူးထူးခြားခြား ရှာမတွေ့ခဲ့ချေ။
သူမသည် သည်အဖြေကို ငတုံးဝက်မ ရှန်ယွဲ့က ဖြေထားခြင်းလုံးဝမဟုတ်ဟုသာ တွေးလိုက်တော့သည်။ သူမတောင် အဖြေလွှာရဲ့ အပိုင်းတစ်ပိုင်းလေးကိုတောင် နားမလည်နိုင်တာလေ။ သင်္ချာကို မှန်အောင်မတွက်တတ်တဲ့ ရှန်ယွဲ့ရေးထားတာ လုံးဝမဖြစ်နိုင်ဘူး။
ဒီအဖြေလွှာကို ရှန်ချန်က ရှန်ယွဲ့အတွက် ရေးထားပေးတာမဟုတ်ရင် တစ်နေရာရာက ကူးချထားတာပဲနေမယ်။ အကျဥ်းချုပ်ရမယ်ဆိုရင် သူမက ရှန်ယွဲ့ရဲ့အလိမ်အညာတွေကို ဖော်ထုတ်ဖို့ နည်းလမ်းတစ်ခု ရှာရတော့မှာပဲ။ လူအများကြီးက ရှန်ယွဲ့ရဲ့လိမ်ခံနေရတာကို ခွင့်ပြုမထားနိုင်ဘူး။
...
Zawgyi
အပိုင္း (၉၄) အခုခ်က္ခ်င္းထြက္သြား
" ဟုတ္ကဲ့ ဟုတ္ကဲ့ ကြၽန္ေတာ္ အခုခ်က္ခ်င္း ထြက္သြားပါ့မယ္"
က်ိဳးရွန္းသည္ စကားႏွစ္လုံးသာ ေျပာလိုက္ေသာ္လည္း ဟယ္ရွန္႔ကို အလြန္ေပ်ာ္႐ႊင္သြားေစေတာ့သည္။ အဓိပၸါယ္မွာ က်ိဳး႐ႊမ္းက သူ႔ေတာင္းပန္းမႈကို လက္ခံလိုက္ၿပီး သူ႔ကို ေနာက္ထပ္အခြင့္အေရးတစ္ခု ေပးလိုက္ျခင္းပင္။
ထင္ထားတဲ့အတိုင္းပဲ အားလုံးေျပာၾကတဲ့ စကားေတြက အမွန္ပဲ။ ဥကၠ႒က်ိဳးက အၿမဲတမ္း သူ႔လက္ေအာက္က ဝန္ထမ္းေတြကို သည္းခံေပးၿပီး ေဖာ္ေ႐ြတယ္တဲ့။ သူ ဆရာတင္ခဲ့လိုက္တာမမွားဘူး။ ဟယ္ရွန္႔သည္ အသက္ခ်မ္းသာခြင့္ ရသြားသည့္ႏွယ္ ႐ုတ္ခ်ည္းဆိုသလို ထခုန္လုမတတ္ျဖစ္သြားေတာ့သည္။သူသည္ က်ိဳး႐ႊမ္းက ႐ုတ္တရက္ သူ႔ကို အျမင္ကပ္သြားၿပီး စိတ္ေျပာင္းသြားမည္ စိုးရိမ္မိသျဖင့္ ေနာက္တစ္စကၠန္႔ေလးပင္ ဆက္မေနရဲေတာ့ေခ်။
သူသည္ တံခါးဆီကို သြက္သြက္လက္လက္ေျပးသြားၿပီး တံခါးကို ဆြဲဖြင့္ကာ ထြက္သြားေတာ့မည္ျပင္လိုက္စဥ္ က်ိဳး႐ႊမ္းက ႐ုတ္တရက္ သူ႔ကို တားလိုက္ေတာ့သည္။
"ရပ္လိုက္"
"ဥကၠ႒က်ိဳး ဘာ.... ဘာကိစၥရွိေသးလို႔ပါသလဲ" ဟယ္ရွန္႔၏အၿပဳံးမွာ ေတာင့္တင္းေနေတာ့သည္။
" မင္း ဇီး႐ိုးကို ရွာလို႔မေတြ႕မခ်င္း ျပန္မလာနဲ႔"
က်ိဳး႐ႊမ္း၏အသံသည္ စူးရွကာ သူ႔အမူအရာကလည္း တည္ၿငိမ္ေနသည္။
" အမိန္႔အတိုင္းပါ" ဟယ္ရွန္႔က ျမန္ျမန္ဆန္ဆန္ ေခါင္းညိတ္လိုက္ၿပီးေနာက္ ထြက္သြားေတာ့သည္။
ဟယ္ရွန္႔ထြက္သြားၿပီးေနာက္ က်ိဳး႐ႊမ္းႏွင့္ အတြင္းေရးမႉးတို႔သာ က်ယ္ဝန္းလွသည့္႐ုံးခန္းထဲတြင္ က်န္ခဲ့ေလသည္။
က်ိဳး႐ႊမ္းက သူ႔ခံစားခ်က္မ်ားကို ျဖည္ေလ်ာ့ၿပီးသြားေၾကာင္း အာ႐ုံခံမိသျဖင့္ အတြင္းေရးမႉးက သူ႔အေတြးမ်ားကို ႀကိဳးစားအေျဖရွာရင္း ေျပာလိုက္ေတာ့သည္။
" ဥကၠ႒က်ိဳး ဒီေန႔ကိစၥကို ရွင္းျပဖို႔ အေရးေပၚအစည္းအေဝးတစ္ခု လုပ္ဖို႔လိုေသးလား..."
" မလိုဘူး"
"ခင္ဗ်ာ" အတြင္းေရးမႉးမွာ အံ့ဩသြားေတာ့သည္။
က်ိဳး႐ႊမ္းက သူ႔မ်က္ခုံးႏွစ္ခုၾကားက ေနရာကို ပြတ္သပ္လိုက္၏။ သည္ေန႔ကိစၥျဖစ္သြားသည့္ေနာက္ပိုင္းတြင္ ကုမၸဏီ၌ မည္သို႔ေသာထူးထူးဆန္းဆန္း ေကာလဟာလမ်ားကို ၾကားရမည္မွန္း သူလည္း စိတ္ကူးၾကည့္ႏိုင္ေလသည္။ ဒီလိုကိစၥမ်ိဳးကို ရွင္းျပလို႔မရဘူးေလ။ သူသာ ဂ႐ုမစိုက္ရင္ အေျခအေန ပိုဆိုးသြားႏိုင္တယ္။ ဒီဗိုင္းရက္စ္ကို ေရးခဲ့တဲ့ ဇီး႐ိုးက လူေတြရဲ႕စိတ္ကို ဖမ္းဆုပ္တဲ့ေနရာမွာ တကယ္ေတာ္ၿပီး ရန္ၿငိဳးေတြနဲ႔ ျပည့္ေနတယ္လို႔ပဲ ေျပာရေတာ့မွာပဲ။ ဒီလိုပုံစံက လြန္ခဲ့တဲ့ ႏွစ္အနည္းကျဖစ္ရပ္တဲ့ တစ္ထပ္ထဲပဲ။ သူ သူ႔ရန္သူကို ေလွ်ာ့တြက္ခဲ့မိတာကိုး။
" ငါသာ တကယ္ပဲ ရွင္းျပလိုက္မယ္ဆို ကိုယ့္ဟာကိုယ္ အရင္ေဖာ္ျပသလို ျဖစ္သြားလိမ့္မယ္ မင္း သြားလို႔ရၿပီ"
က်ိဳး႐ႊမ္းသည္ သူ႔ကို လက္ယမ္းျပလိုက္၏။ သည္အခ်ိန္မ်ိဳးတြင္ သူသည္ တစ္ေယာက္ထဲသာ ေနလိုသည္။
....
ရွန္ယြဲ႕သည္ အိပ္ရာကႏိုးလာခ်ိန္၌ ဗိုင္းရက္စ္မွာ ေအာင္ေအာင္ျမင္ျမင္ အလုပ္လုပ္ၿပီးေနာက္ ကိုယ့္ဟာကိုဖ်က္ဆီးလိုက္သည့္ စာတစ္ေစာင္ကို လက္ခံလိုက္ရသည္။ သူမ၏ကိုယ္ေရးအခ်က္အလက္ကို လာစုံစမ္းသည့္ ဟက္ကာဟယ္ရွန္႔သည္ ဒုကၡေရာက္ၿပီးၿပီ ဆိုသည့္အဓိပၸါယ္ပင္။ သူမသည္ ႐ုတ္ခ်ည္း စိတ္ေပ်ာ္သြားၿပီး မနက္စာအတြက္ ေနာက္ထပ္ေပါင္မုန္႔တစ္လုံးကို ထပ္စားလိုက္ေတာ့သည္။
မနက္စာစားၿပီးေနာက္ ရွန္ယြဲ႕သည္ ေသြးပူေလ့က်င့္ခန္းလုပ္ၿပီး မနက္ပိုင္းအေျပးေလ့က်င့္ရန္အတြက္ ထြက္သြားေတာ့သည္။ ဒါသည္ သည္ကာလအတြင္း သူမပ်ိဳးေထာင္ထားသည့္ အေလ့အက်င့္တစ္ခုျဖစ္ၿပီး သူမ၏ခႏၶာကိုယ္တစ္ခုလုံးကလည္း သည္လို ကိုယ္တိုင္စည္းကမ္းတက်ႏွင့္ စိတ္အားထက္သန္စြာ ေလ့က်င့္လာၿပီးေနာက္ တျဖည္းျဖည္းႏွင့္ လွပသည့္ေကာက္ေၾကာင္းေပၚလာေတာ့သည္။သူမသည္ သည္အခိုက္အတြင္ အလြန္သန္မာေနေသးေသာ္လည္း သူမ၏အသြင္အျပင္တစ္ခုလုံးက ပိုၿပီးလွပေက်ာ့ရွင္းေနေတာ့သည္။
အခုေတာ့ ေႏြရာသီ ေရာက္ေတာ့မည္ျဖစ္ကာ ေန႔ခင္း အပူအခ်ိန္ကလည္း တိုးလာ၏။ မနက္ပိုင္းႏွင့္ ညပိုင္းတြင္သာ ေလ့က်င့္ခန္းလုပ္ရန္ သင့္ေတာ္ေတာ့သည္။ ရွန္ယြဲ႕၏ ဦးေဆာင္မႈေအာက္တြင္ ရွန္ခ်န္လည္း ေလ့က်င့္ခန္းလုပ္တတ္သည့္ အက်င့္ေကာင္းတစ္ခု ရလာေတာ့သည္။
ရွန္ခ်န္သည္ သူ႔ညာဘက္ေျခေထာက္မွာ အနည္းငယ္ေထာ့နဲ႔ေနသျဖင့္ မေျပးႏိုင္ေပ။ ထို႔ေၾကာင့္ သူသည္ ဒိုက္ထိုးျခင္းႏွင့္ အိပ္ထမတင္ျခင္းကို ေအာက္ထပ္က ၿခံငယ္ေလးထဲတြင္ ေလ့က်င့္လာခဲ့သည္။ အခ်ိန္တစ္ခုအတြင္း ရွန္ခ်န္၏မ်က္ႏွာသည္ ပိုၿပီးနီလာကာ အရင္ကလို ျဖဴေဖ်ာ့မေနေတာ့ေခ်။
ရွန္ယြဲ႕ထြက္သြားၿပီး မၾကာမီတြင္ ရွန္ခ်န္လည္း သူ႔အားကစားဝတ္စုံကို လဲလိုက္ၿပီး အျပင္ထြက္ရန္ ျပင္ဆင္လိုက္သည္။
သည္အခိုက္တြင္ ရွန္ခ်န္ကို အခ်ိန္အၾကာႀကီး တိတ္တိတ္ေလး ေလ့လာေနသည့္ ရွန္ရွင္းက သူ႔ကို တားလိုက္ၿပီး
" ရွန္ခ်န္ ငါ နင့္ကို ေမးစရာရွိလို႔"
"ဘာလဲ"
ရွန္ခ်န္သည္ အက်င့္ပုတ္သည့္ရွန္ရွင္းကို အနည္းငယ္႐ြံ႕ရွာမိေသာ္လည္း သူက ရပ္လိုက္ကာ ယဥ္ယဥ္ေက်းေက်းျဖင့္ ျပန္ေျဖလိုက္သည္။
" ရွန္ယြဲ႕က ၿမိဳ႕ေတာ္တကၠသိုလ္ရဲ႕ ပုစာၦကို ေျဖရွင္းခဲ့တယ္လို႔ နင္မေန႔က ေျပာခဲ့တယ္မလား၊ နင္ အခုေလးတင္ တင္ထားတဲ့ပိုစ့္ကို ၾကည့္ခ်င္လို႔ ဒါေပမယ့္ ဘာတစ္ခုမွ ရွာမေတြ႕ေတာ့လို႔"
ရွန္ရွင္းသည္ မ်က္လုံးမ်ားကို အေပၚေအာက္ ကစားကာ စာပို႔ခ်င္ဟန္ေဆာင္ေနေလသည္။
အမွန္တြင္ေတာ့ သူမသည္ မေန႔ညက သူမ၏အခန္းထဲသို႔ ျပန္ေရာက္ေရာက္ခ်င္း အြန္လိုင္းေပၚတြင္ ျမန္ျမန္ရွာခဲ့ေသးသည္။ သူမသည္ ထိုငတုံးမရွန္ယြဲ႕က ပုစာၦမ်ားကို ေျဖခဲ့ျခင္းအေပၚ မယုံၾကည္ေသာ္လည္း သူမ၏စပ္စုလိုစိတ္ကို မဖိႏွိပ္ထားႏိုင္ခဲ့ေခ်။
ထို႔ေနာက္တြင္ေတာ့ ရွန္ခ်န္ေျပာခဲ့သည့္ ပိုစ့္ကို အမွန္ပင္ ရွာေတြ႕ခဲ့သည္။ ပိုစ့္ထဲက ဓာတ္ပုံေလးပုံထဲတြင္ သုံးထားသည့္ အၾကမ္းစာ႐ြက္မွာ ရွန္ခ်န္သုံးေလ့ရွိသည့္ စာ႐ြက္မ်ိဳးျဖစ္ေနသည္။ သူမသည္ တစ္ခ်က္ၾကည့္႐ုံႏွင့္ မွတ္ေလသည္။
ရွန္ရွင္းသည္ ပိုစ့္တြင္ေပးထားသည့္ commentႏွင့္likeမ်ားက ေၾကာက္စရာေကာင္းေလာက္ေအာင္ ျမင့္ေနသည္ကိုလည္း ေတြ႕ခဲ့ရသည္။ အင္တာနက္သုံးသူမ်ားအားလုံးက ရွန္ယြဲ႕ကို ခ်ီးက်ဴးထားၾကသည္။ သူမသည္ အံႀကိတ္ကာ အားလုံးကို လွန္ေလွာၾကည့္ရႈလိုက္ေလသည္။ သူမသည္ ေဒါသထြက္လြန္းသျဖင့္ အိပ္ရာေပၚတြင္ ပစ္လွလိုက္မိေတာ့သည္။
ေနာက္ဆုံး သူမသည္ သံသယျဖစ္စရာ မွတ္ခ်က္တစ္ခ်ိဳ႕ကို ေတြ႕သြားခ်န္၌ တဘက္လူေျပာထားသည္မ်ားကို ေသေသခ်ာခ်ာ ေလ့လာၾကည့္လိုက္ေသာ္လည္း ဘာမွထူးထူးျခားျခား ရွာမေတြ႕ခဲ့ေခ်။
သူမသည္ သည္အေျဖကို ငတုံးဝက္မ ရွန္ယြဲ႕က ေျဖထားျခင္းလုံးဝမဟုတ္ဟုသာ ေတြးလိုက္ေတာ့သည္။ သူမေတာင္ အေျဖလႊာရဲ႕ အပိုင္းတစ္ပိုင္းေလးကိုေတာင္ နားမလည္ႏိုင္တာေလ။ သခ်ၤာကို မွန္ေအာင္မတြက္တတ္တဲ့ ရွန္ယြဲ႕ေရးထားတာ လုံးဝမျဖစ္ႏိုင္ဘူး။
ဒီအေျဖလႊာကို ရွန္ခ်န္က ရွန္ယြဲ႕အတြက္ ေရးထားေပးတာမဟုတ္ရင္ တစ္ေနရာရာက ကူးခ်ထားတာပဲေနမယ္။ အက်ဥ္းခ်ဳပ္ရမယ္ဆိုရင္ သူမက ရွန္ယြဲ႕ရဲ႕အလိမ္အညာေတြကို ေဖာ္ထုတ္ဖို႔ နည္းလမ္းတစ္ခု ရွာရေတာ့မွာပဲ။ လူအမ်ားႀကီးက ရွန္ယြဲ႕ရဲ႕လိမ္ခံေနရတာကို ခြင့္ျပဳမထားႏိုင္ဘူး။
...