အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စ...

Od ChihiroLily7

105K 9.3K 82

လုပ်ကြံသူအဖွဲ့တစ်ခုရဲ့ ပျိုးထောင်ခံလာရပြီး ၁၃နှစ်တာလေ့ကျင့်လာပြီးနောက်ပိုင်း ရှန်ယွဲ့ဟာ အသက် ၁၇နှစ်အရွယ်မှာတေ... Viac

ဇာတ်လမ်းမိတ်ဆက်
အပိုင်း (၁) သစ္စာဖောက်
အပိုင်း (၂) ပြန်လည်မွေးဖွားခြင်း
အပိုင်း (၃) အမည်မသိပူပန်မှု
အပိုင်း (၄) ကျောင်းထွက်ပြီး အလုပ်လုပ်တဲ့
အပိုင်း ( ၅) အမဲဖျက်ခံရတော့မယ့်သိုးတစ်ကောင်
အပိုင်း (၆) မူလပိုင်ရှင်ရဲ့လျှို့ဝှက်ချက်
အပိုင်း (၇) နားလည်ရဲ့လား
အပိုင်း (၈) ကမ္ဘာ့အဆင့်ပုစ္ဆာများကို အဖြေထုတ်ခြင်း
အပိုင်း (၉) ကြီးမားတဲ့ယုံကြည်ချက်
အပိုင်း (၁၀) သူမ ရူးသွားတာလား
အပိုင်း (၁၁) ကျောင်းမှာ ပထမရခြင်း
အပိုင်း ( ၁၂) ဘတ်စ်ကားပေါ်ဖြစ်ရပ်
အပိုင်း (၁၃) လူပါးဝတဲ့ကောင်ကို သင်ခန်းစာပေးမယ်
အပိုင်း ( ၁၄) အရမ်းအကြင်နာမဲ့သွားတယ်
အပိုင်း ( ၁၅) ငါ့မကောင်းကြောင်းပြောနေကြတယ်
အပိုင်း (၁၆) ဆရာ့စည်းကမ်းကို လိုက်နာပါ
အပိုင်း (၁၇) လူမိုက်လေးတစ်သိုက်
အပိုင်း (၁၈) ချန်းမင် ဘောင်းဘီထဲသေးပေါက်ချတယ်
အပိုင်း (၁၉) သူက မင်းအမ လား
အပိုင်း (၂၀) ကျောင်းတော်ရဲ့မင်းသားလေးထပ်တောင်ပိုချောသေးတယ်
Paid Gp စပါပြီ
အပိုင်း (၂၁) ပိုက်ဆံမလောက်ခြင်း
အပိုင်း (၂၂) ပွဲကောင်းတစ်ခုကို စောင့်မျှော်ခြင်း
အပိုင်း (၂၃) နင့်ညီမလေးကို အလျှော့ပေးလိုက်တဲ့
အပိုင်း ( ၂၄) နင့်အသက်ကိုကယ်ပေးမယ်
အပိုင်း (၂၅) အရပ်ဝတ်နဲ့ရဲအတု
အပိုင်း (၂၆) သူမကိုတစ်သန်းပေးလိုက်တယ်
အပိုင်း (၂၇) သူမကိုနာမည် ပျက်စေချင်တာတဲ့
အပိုင်း (၂၈) တံတားပေါ်က ဘူးသီးခြောက်
အပိုင်း (၂၉) အရာရှိတစ်ယောက်ထပ်ဖြစ်မလာနိုင်တော့ဘူး
အပိုင်း (၃၀) ဖုန်းတစ်လုံးဝယ်ခြင်း
အပိုင်း (၃၁) ဆင်းရဲသားနှစ်ယောက်
အပိုင်း (၃၂) VVIP မန်ဘာ
အပိုင်း (၃၃) သူ့သဘောထားက ချက်ချင်းပြောင်းသွားတာနော်
အပိုင်း (၃၄) ကောင်းတဲ့ရည်ရွယ်ချက်နဲ့ မကောင်းတာလုပ်မိတယ်
အပိုင်း (၃၅) ယွမ်တစ်သန်းသုံးခြင်း
အပိုင်း (၃၆) လောင်းရဲလား
အပိုင်း (၃၇) သေမယ့်လမ်း
အပိုင်း (၃၈) သူမရဲ့သရုပ်မှန်
အပိုင်း (၃၉) သားအမိနှစ်ယောက်ကို ပညာပေးမယ်
အပိုင်း (၄၀) အကြွေးတိုင်းမှာ ကြွေးရှင်ရှိတယ်
အပိုင်း ( ၄၁) သွေးရေပန်း
အပိုင်း (၄၂) ယဲ့ရင်းကို ဆက်သွယ်ခြင်း
အပိုင်း (၄၃) ကျေးဇူးပြန်ဆပ်ခြင်း
အပိုင်း ( ၄၄) ကြယ်ငါးပွင့်ဟိုတယ်
အပိုင်း (၄၅) ငွေကို ရေလိုသုံးခြင်း
အပိုင်း (၄၆) စီးပွားရေးလုပ်ငန်း
အပိုင်း (၄၇) ချမ်းသာမှုနှင့် စိတ်ရင်း
အပိုင်း (၄၈) သူမရဲ့လျှို့ဝှက်ချက်
အပိုင်း (၄၉) ခက်ခဲတဲ့ဘဝမှာ နေချင်တယ်တဲ့
အပိုင်း (၅၀) ရဲတင်းလိုက်တာ
အပိုင်း (၅၁) သောက်ကျိုးနဲ
အပိုင်း (၅၂) အုံးနှောက်မကောင်းတော့ဘူး
Thidingyut Promotion
အပိုင်း (၅၃) အိုင်ဒေါအဟောင်း
အပိုင်း ( ၅၄) စိန်ခေါ်တဲ့မေးခွန်း
အပိုင်း (၅၅) သေချာပေါက်လုံးဝငွေမယူဘူး
အပိုင်း (၅၆) အရမ်းမျက်နှာပြောင်တယ်
အပိုင်း (၅၇) အုတ်အော်သောင်းနင်းဖြစ်သွားခြင်း
အပိုင်း (၅၈) အဖြေမှန်
အပိုင်း (၅၉) ငါလေးနဲ့ကစားကြတဲ့သက်တော်စောင့်တွေ
အပိုင်း (၆၀) အာမခံချက်ရှိတဲ့ဝင်ခွင့်အခွင့်အရေးရရှိခြင်း
အပိုင်း (၆၁) သိပ္ပံနည်းကျသုတေသနကို စိတ်မဝင်စားပါ
အပိုင်း (၆၂) အေးစက်စက် ငြင်းပယ်ခြင်း
အပိုင်း ( ၆၃) စိတ်၏လှည့်စားခံရခြင်း
Announcement
အပိုင်း (၆၄) ရယ်စရာကောင်းတဲ့ရမှတ်
အပိုင်း (၆၅) ကလိမ်ကျတဲ့ နည်းလမ်းတစ်ချို့
အပိုင်း (၆၆) မသမာမှုကြောင့် အသရေဖျက်ခြင်း
အပိုင်း (၆၇) ပရမ်းပတာဖြစ်ခြင်း
အပိုင်း (၆၈) အမှတ်ပြည့်
အပိုင်း ( ၆၉) ဆရာမကိုတောင်းပန်လိုက်
အပိုင်း (၇၀) တရားရုံးမှာတွေ့မယ်
အပိုင်း (၇၁) ရှန်ယွဲ့က ရဲခေါ်လိုက်တယ်
အပိုင်း (၇၂) အိုဗာဖြစ်လွန်းတယ်
အပိုင်း (၇၃) ကျောင်းအုပ်ကြီး၏လုပ်ဆောင်ချက်ကို စောင့်ကြည့်ခြင်း
အပိုင်း (၇၄) မင်းကို တနေရာရာမှာတွေ့ဖူးသလိုပဲ
အပိုင်း (၇၅) နောက်ကွယ်လူတစ်စု
အပိုင်း (၇၆) သူကလူပြက်တစ်ယောက်လိုပဲ
အပိုင်း (၇၇) ကျောင်းတော်ရဲ့မင်းသမီးလေးထပ်တောင်လှသေးတယ်
အပိုင်း (၇၈) ရှန်ယွဲ့မှာ ချစ်သူအသစ်ရှိတယ်တဲ့
အပိုင်း ( ၇၉) ကျိုးရွှမ်းကို နာမည်တပ်ခေါ်တယ်
အပိုင်း (၈၀) ဟန်ရဲ့ကို မျက်နှာလုပ်ခွင့်ပေးလိုက်တယ်
အပိုင်း (၈၁) ငွေတစ်ခုသာ မျက်လုံးထဲမှာမြင်တယ်
Year End Promotion and Year End Event
Year End Event Announcement
အပိုင်း (၈၂) ယွမ် ၅၀,၀၀၀ကို လက်ခံလိုက်တယ်
GP - 2 မိတ်ဆက်
အပိုင်း ( ၈၃) ကျိုးမိသားစုဆီသို့ အလည်အပတ်
အပိုင်း (၈၄) ကမ္ဘာ့နံပါတ် တစ်, ဇီးရိုး
အပိုင်း (၈၅) ရန်သူရဲ့တန်ပြန်တိုက်စစ်
အပိုင်း (၈၆) ကျွန်တော်က အဲလိုလူမျိုးမဟုတ်
အပိုင်း (၈၇) အပြစ်ပြုမိသည်ဟု ခံစားမိခြင်း
အပိုင်း (၈၈) ကင်မရာကို ဖွင့်လိုက်မယ်
အပိုင်း (၈၉)ခံစားချက်ပေါ်မူတည်ပြီး ခန့်မှန်းကြည့်ခြင်း
အပိုင်း (၉၀) စပရိုက်နည်းနည်းတိုက်လိုက်မယ်
အပိုင်း (၉၁) ဥက္ကဋ္ဌကျိုးက ဂေး တဲ့
အပိုင်း (၉၂) ၃၆မိနစ်
အပိုင်း (၉၄) အခုချက်ချင်းထွက်သွား
အပိုင်း (၉၅) မဟာအခွင့်အရေးတစ်ခု
အပိုင်း (၉၆) အပြင်မှာ လေပြင်းနေတယ်
အပိုင်း (၉၇) အတုအယောင်ဟု သံသယဖြစ်မိ
အပိုင်း (၉၈) သူ့ခေါင်းကို ရိုက်ခွဲလိုက်တယ်
အပိုင်း (၉၉) တကယ်စိတ်ဆိုးတယ်
အပိုင်း (၁၀၀) ယွမ် တစ်သန်းလျှော်ကြေး
အပိုင်း (၁၀၁) အပေါက်ဆိုးတဲ့မိန်းမ
အပိုင်း (၁၀၂) နင့်ကို မေ့သွားတော့မလို့
အပိုင်း (၁၀၃) ဘယ်သူက ထွက်သွားခွင့်ပေးလို့လဲ
အပိုင်း (၁၀၄) ယွမ် နှစ်သိန်း
အပိုင်း (၁၀၅) ဘယ်သူက ထွက်သွားလို့ ပြောလို့လဲ
အပိုင်း (၁၀၆) + အပိုင်း (၁၀၇)
အပိုင်း (၁၀၈)+အပိုင်း (၁၀၉)
အပိုင်း (၁၁၀)+အပိုင်း(၁၁၁)
အပိုင်း (၁၁၂) + အပိုင်း (၁၁၃)
အပိုင်း (၁၁၄) + အပိုင်း (၁၁၅)
အပိုင်း (၁၁၆) + အပိုင်း (၁၁၇)
အပိုင်း (၁၁၈) +(၁၁၉)
အပိုင်း (၁၂၀) + အပိုင်း (၁၂၁)
အပိုင်း (၁၂၂) + အပိုင်း (၁၂၃)
အပိုင်း (၁၂၄) + အပိုင်း (၁၂၅)
အပိုင်း (၁၂၆+၁၂၇)
အပိုင်း (၁၂၈ + ၁၂၉)
အပိုင်း (၁၃၀ + ၁၃၁)
အပိုင်း (၁၃၂ + ၁၃၃)
အပိုင်း (၁၃၄ + ၁၃၅)
အပိုင်း (၁၃၆ + ၁၃၇)
အပိုင်း (၁၃၈ + ၁၃၉)
အပိုင်း (၁၄၀ + ၁၄၁)
အပိုင်း (၁၄၂ + ၁၄၃)
အပိုင်း (၁၄၄ + ၁၄၅)
အပိုင်း (၁၄၆ + ၁၄၇)
အပိုင်း (၁၄၈ + ၁၄၉)
Thingyan Promotion!
GP-3 Announcement + Promotion လေးထပ်ပေးထားပါတယ်ရှင်
အပိုင်း (၁၅၀+၁၅၁)
အပိုင်း (၁၅၂+၁၅၃)
အပိုင်း (၁၅၄+၁၅၅)
အပိုင်း (၁၅၆+၁၅၇)
အပိုင်း (၁၅၈+၁၅၉)
အပိုင်း (၁၆၀+၁၆၁)
အပိုင်း (၁၆၂+၁၆၃)

အပိုင်း (၉၃) စပရိုက်သေးသေးလေး

580 51 0
Od ChihiroLily7


အပိုင်း (၉၃) စပရိုက်သေးသေးလေး

ဒါသည် ဇီးရိုး၏လက်တုန့်ပြန်ခြင်းဖြစ်သလို ဟယ်ရှန့်ကို တမင်ပေးထားသည့် 'စပရိုက်သေးသေးလေး'တစ်ခု လည်းဖြစ်လေသည်။ ကျိုးရွှမ်းက အရာအားလုံးကို ရုတ်တရက်နားလည်သွားပြီး သူ့မျက်နှာမှာ ထမင်းအိုးဖင်ကဲ့သို့ မဲနက်သွားတော့သည်။

သို့သော် ရှန်ယွဲ့၏မူလရည်ရွယ်ချက်မှာ ဟယ်ရှန့်ကိုသာ အရှက်ခွဲရန် ဖြစ်လေသည်။ သူမ၏အစီအစဥ်ထဲတွင် ဟယ်ရှန့်၏ကွန်ပျူတာထဲသို့ သူမထည့်လိုက်သည့် ဗိုင်းရက်စ်က ဖုန်းနှင့် USB driveကဲ့သို့ သူ့မိုဘိုင်လ်းပစ္စည်းတိုင်းကို အလိုလို ကူးသွားလိမ့်မည်။

သည်ဗိုင်းရက်စ် ရေးထားသည့်ပုံစံမှာ အများသုံးရုပ်သံလွှင့်ပစ္စည်းများနှင့် ချိတ်ဆက်သွားလျှင် အလိုလို အလုပ်လုပ်ပြီး ရှန်ယွဲ့ ဂရုတစိုက်ရွေးချယ်ထားသည့် ဂေးဗီဒီယိုကို ဖွင့်လိုက်ရန်ဖြစ်သည်။ ဟယ်ရှန့်သာ သည်ဗိုင်းရက်စ်ကို အလုပ်သို့မဟုတ် အစည်းအဝေးခန်းမထဲတွင် ဖွင့်မိသွားလျှင် မြင်ကွင်းမှာ သေချာပေါက် အလွန်စိတ်ဝင်စားဖွယ် ကောင်းလိမ့်မည်ဟု ထင်ထားခဲ့သည်။ ဟယ်ရှန့်သည် ထိုနေ့ညက ရှန်ယွဲ့အား နှောင့်ယှက်မိသဖြင့် သေချာပေါက်နောင်တရပြီး သူမ၏လက်တုန့်ပြန်မှုကလည်း အောင်မြင်သွားလိမ့်မည်။

ကံအကြောင်းမလှတော့ ဟယ်ရှန့်က ကျိုးရွှမ်း၏ ရုံးကိစ္စများကို ကူညီဖြေရှင်းပေးခဲ့သည့်အတွက် ရှန်ယွဲ့၏ဗိုင်းရက်စ်က ဟယ်ရှန့်USB driveထဲ ကူသွားသော်လည်း အသုံးပြုလိုက်သူက ကျိုးရွှမ်း ဖြစ်နေတော့သည်။

သို့နှင့် ကံဆိုးသွားသည့်ကျိုးရွှမ်းသည် ဟယ်ရှန့်ခံစားရမည့် အရာအားလုံးကို ကိုယ်စားခံပေးလိုက်ရတော့သည်။ ကျိုးရွှမ်း၏ လိင်စိတ်အားသားချက်ကို စိတ်ဝင်စားကြသည့် ဝန်ထမ်းများ ရှိလေသည်။ သည်ကိစ္စ ပေါ်ပေါက်သွားသည်နှင့် တပြိုင်နက် ကောလဟာလသတင်းနှင့် ပြီးပြည့်စုံအောင် လိုက်ဖက်သွားတော့သည်။

" ဟယ်ရှန့် မင်း မဆိုးဘူးပဲကွ"

ကျိုးရွှမ်းသည် ပင့်သက်ရှည်ကြီးတစ်ခု ရှိုက်လိုက်ပြီး နာကျင်မှုကြောင့် တင်းနေသည့်နားထင်ကို ပွတ်လိုက်ကာ ဒေါသထွက်လွန်းသည့် ခံစားချက်ကို သူ့စိတ်ထဲတွင် မြိုသိပ်ထားဖို့ အကောင်းဆုံးကြိုးစားလိုက်တော့သည်။

ဒါသည် ယောက်ျားတစ်ယောက်၏ ချစ်ကြိုက်ခန်းဗီဒီယိုတစ်ခု ပထမဆုံးအကြိမ် မြင်တွေ့ခဲ့ဖူးခြင်းပင်။ ကျိုးရွှမ်းမှာ ညစ်ညမ်းသွားသလို ခံစားလိုက်ရတော့သည်။

" ဥက္ကဋ္ဌကျိုး ချမ်းသာပေးပါ ကျွန်တော့်ကို ချမ်းသာပေးပါ"

ဟယ်ရှန့်သည် ကျိုးရွှမ်း၏လေသံကို ကြားလိုက်ရချိန်၌ ဘောင်းဘီထဲတွင် သေးထွက်ကျတော့မတတ်ပင်။ သူသည် ကျိုးရွှမ်းရှေ့တွင် ဒူးထောက်ကာ ဦးချတောင်းပန်လေတော့သည်။

" မင်း မနေ့ကပြောတော့ သူက မင်းရဲ့အိုင်ဒေါပါဆို"

ကျိုးရွှမ်းသည် အံကြိတ်ထားသည့် သွားများကြားမှာ ထိုစကားလုံးများကို ညစ်ထုတ်လိုက်ပြီး လူသ-တ်ချင်စိတ်ကို ထိန်းချုပ်ထားရတော့သည်။

သူ့ဘေးက အတွင်းရေးမှူးက သူ့အတွက် လက်ဖက်ရည်တစ်ခွက်ကို ဂရုတစိုက်ယူလာပေးလိုက်သည်။ သူသည် အသက်မရှူရဲဘဲ ကျိုးရွှမ်း၏လက်ဘေးတွင် လက်ဖက်ရည်ခွက်ကို အသာအယာချပေးလိုက်ပြီး ဟယ်ရှန့်အား ကိုယ်ချင်းစာသည့်အကြည့်ဖြင့် ကြည့်နေလိုက်သည်။

" မဟုတ်ပါဘူး မဟုတ်တော့ပါဘူး ဒီနေ့ကပြီး သူက ကျွန်တော်နဲ့ ပြန်မပြေလည်နိုင်တော့တဲ့ ရန်သူဖြစ်သွားပါပြီ၊ ကျွန်တော်တို့တွေ အတူတူယှဥ်တွဲနေလို့ မရတော့ပါဘူး၊ ဥက္ကဋ္ဌကျိုး တစ်ယောက်ထဲကပဲ ကျွန်တော့်ရဲ့အိုင်ဒေါပါ၊ ကျေးဇူးပြုပြီး ကျွန်တော့်ကို စိတ်မဆိုးပါနဲ့တော့ဗျာ" ဟယ်ရှန့်က ခါးခါးသီးသီး ပြုံးလိုက်၏။

ဒီနေ့ မတိုင်ခင်ကအထိ သူက ဟက်ကာအဆင့်သတ်မှတ်ချက်ပေါ်က အဆင့်၁ ဇီးရိုးကို တကယ်ပဲ လေးစားအားကျခဲ့တာလေ။ မနေ့တုန်းက ဇီးရိုးကို ရှုံံးသွားတုန်းကတောင် သူမကို လေးစားစိတ်အပြည့် ဖြစ်နေသေးတယ်။ ဒါပေမယ့် ဒီနေ့မနက်စောစောစီးစီး ကျိုးရွှမ်းက သူ့အသက်ပျောက်သွားအောင် လုပ်တော့မလိုဖြစ်ခဲ့ပြီး သူ့သူဌေးက ကုမ္ပဏီတစ်ခုလုံးရှေ့မှာ အရှက်ကွဲသွားအောင် ဖြစ်စေလိမ့်မယ်လို့ ထင်မထားခဲ့မိဘူး။

ဇီးရိုးသာ အရမ်းအငြိုးကြီးပြီး ရက်စက်မှန်း ကြိုသိခဲ့ရင် သူသေသွားရင်တောင် သူမကို သူ့အိုင်ဒေါလို့ သတ်မှတ်ခဲ့မိမှာမဟုတ်ဘူး။

" မင်းက ကျိုးကော်ပိုရေးရှင်းရဲ့ ဆိုက်ဘာလုံခြုံရေးအကြံပေးတစ်ယောက်လေ ၊ ဗိုင်းရက်စ်လေးတစ်ခုကိုတောင် မရှင်းနိုင်ဘူး၊ ထွက်သွား နောက်ဆုံး အလုပ်ကို မလာနဲ့တော့"

ကျိုးရွှမ်းသည် ထပ်သည်းမခံနိုင်တော့ဘဲ သူ့ဘေးက လက်ဖက်ရည်ခွက်ကို ကြေမွသွားအောင် ခွဲပလိုက်တော့သည်။

ကျိုးကော်ပိုရေးရှင်းသည် ဖယ်ဒရေးရှင်းတွင် နံပါတ်တစ်ငွေကြေးအုပ်စုတစ်ခု ဖြစ်သည်။ လုပ်ငန်းနယ်ပယ် အများစုတွင် ခေါင်းဆောင်တစ်ခုဖြစ်ပြီး စံပြတစ်ခုဖြစ်သည်။ အခုတော့ ကုမ္ပဏီတစ်ခုလုံးတွင် လူပေါင်းများစွာရှိသော်လည်း သူတို့သည် ဗိုင်းရက်စ်တစ်ခုကိုပင် မဖြေရှင်းနိုင်ခဲ့ချေ။ သတင်းသာ ပေါက်ကြားသွားလျှင် ခေါင်းမဖော်နိုင်အောင် အဟားခံရပေတော့မည်။

ထိုကိစ္စကို အတိုင်းအတာတစ်ခုထိ ထိန်းချုပ်နိုင်ခဲ့ပြီး အားလုံးကို သည်ကိစ္စ သတင်းမဖျံ့မိအောင် သတိပေးထားခဲ့သော်လည်း ကျိုးကော်ပိုရေးရှင်း၏ ပုံရိပ်ကတော့ ပျက်စီးနေဆဲပင်။ သူသည် သည်အကြွေးကို မှတ်ထားရလိမ့်မည်။ သူသည် အနာဂတ်တွင် ဇီးရိုးအား သည်အကြွေးကို ပြန်ဆပ်ခိုင်းရလိမ့်မည်။ ကျိုးရွှမ်းက မဲမှောင်နေသည့်မျက်နှာထားဖြင့် တေးထားလိုက်လေသည်။

အလုပ်ဖြုတ်ခံရတော့မည်ကို မြင်ယောင်နေသဖြင့် ဟယ်ရှန့်က သူ့ကိုယ်သူ ခုခံချင်နေသေးသည်။

" ကျွန်တော် ဘာမှမသိပါဘူး ဥက္ကဋ္ဌကျိုးရယ် အဲဒါက ကမ္ဘာ့နံပါတ်တစ်ဟက်ကာ ဇီးရိုးလေ ကျွန်တော် သူ့ထက်အဆင့်နိမ့်တာက ပုံမှန်ပါပဲ၊ ပြီးတော့ ဆရာလည်း ဒီနေ့ ဗိုင်းရက်စ်ကို မဖြည်နိုင်ခဲ့...."

အမှန်ပင်။ ကျိုးရွှမ်းသည် သည်နေ့ ဗိုင်းရက်စ်ကို ဖြည်ဖို့ကြိုးစားခဲ့သေးသည်။ သို့သော် ဆယ်မိနစ်လောက် လုပ်ခဲ့ပြီးနောက်တွင် ဗိုက်စ်၏ရင်းမြစ်ကိုသာ ရှာတွေ့ခဲ့သည်။ သူလုပ်နိုင်သည့်အရာမှာ မရှိတော့ပေ။

ကျိုးရွှမ်း၏အမူအရာက ပိုပြီး မဲမှောင်လာပြီး အချိန်မရွေးပေါက်ကွဲသွားတော့မည်ကို မြင်လိုက်ရသဖြင့် ဟယ်ရှန့် ကိုယ့်ဟာကို အားတင်းကာ နှုတ်ပိတ်နေလိုက်ပြီး ကျောရိုးများ ကျိုးမတတ် တောင်းပန်ရတော့သည်။

" ကျွန်တော့်အမှားကို တကယ်ပဲ သိပါပြီ၊ ဥက္ကဋ္ဌကျိုး ဆရာ့ဆီမှာ နှစ်တွေအကြာကြီး အလုပ်လုပ်ပေးခဲ့တာကို ထောက်ထားပေးပါဗျာ ကျွန်တော် ဘာအကျိုးမှ မဆောင်ပေးနိုင်ခဲ့ရင်တောင် ကျွန်တော် အမှန်တကယ် အလုပ်ကြိုးစားခဲ့ပါတယ်၊ ကျွန်တော့်ကို အခွင့်အရေးနောက်တစ်ခုလောက်ပေးပါ ဒီနေ့ကစပြီး ကျွန်တော် ဟက်ကာစကေးမှာ ကြိုးကြိုးစားစားလေ့ကျင့်ပ့ါမယ်၊ တစ်နေ့ကျရင် ဆရာ့ရှေ့မှာ ဇီးရိုးကို သေချာပေါက် ဖမ်းပေးနိုင်ပြီး ဆရာ့ကို သူနဲ့ ရှင်းခွင့်ရအောင် လုပ်ပေးပါ့မယ်"

ထိုသို့ပြောလိုက်ပြီးနောက် ဟယ်ရှန့်သည် သူ့မျက်လုံးများကို မှိတ်ထားလိုက်ပြီး ကျရောက်လာမည့် အပြစ်ဒဏ်ကို စိုးရိမ်တကြီးဖြင့် စောင့်စားနေလိုက်တော့သည်။ သို့သော် ကျိုးရွှမ်းက ချက်ချင်းစကားမပြောပေ။ ထို့အစား သူက အချိန်ကြာသည်အထိ နှုတ်ဆိတ်နေလေသည်။ ရုံးခန်းသည် တိတ်ဆိတ်ငြိမ်သက်နေ၏။

ဟယ်ရှန့်သည် ဖိအားအားလုံးက သူ့ကိုယ်ပေါ်သို့ မခံနိုင်အောင် ကျရောက်နေသည်ဟု ခံစားလိုက်မိသည့်ခဏတွင် ကျိုးရွှမ်းက အေးတိအေးစက် ပြောလိုက်လေတော့သည်။

" ထွက်သွား"

...

Zawgyi

အပိုင္း (၉၃) စပ႐ိုက္ေသးေသးေလး

ဒါသည္ ဇီး႐ိုး၏လက္တုန္႔ျပန္ျခင္းျဖစ္သလို ဟယ္ရွန္႔ကို တမင္ေပးထားသည့္ 'စပ႐ိုက္ေသးေသးေလး'တစ္ခု လည္းျဖစ္ေလသည္။ က်ိဳး႐ႊမ္းက အရာအားလုံးကို ႐ုတ္တရက္နားလည္သြားၿပီး သူ႔မ်က္ႏွာမွာ ထမင္းအိုးဖင္ကဲ့သို႔ မဲနက္သြားေတာ့သည္။

သို႔ေသာ္ ရွန္ယြဲ႕၏မူလရည္႐ြယ္ခ်က္မွာ ဟယ္ရွန္႔ကိုသာ အရွက္ခြဲရန္ ျဖစ္ေလသည္။ သူမ၏အစီအစဥ္ထဲတြင္ ဟယ္ရွန္႔၏ကြန္ပ်ဴတာထဲသို႔ သူမထည့္လိုက္သည့္ ဗိုင္းရက္စ္က ဖုန္းႏွင့္ USB driveကဲ့သို႔ သူ႔မိုဘိုင္လ္းပစၥည္းတိုင္းကို အလိုလို ကူးသြားလိမ့္မည္။

သည္ဗိုင္းရက္စ္ ေရးထားသည့္ပုံစံမွာ အမ်ားသုံး႐ုပ္သံလႊင့္ပစၥည္းမ်ားႏွင့္ ခ်ိတ္ဆက္သြားလွ်င္ အလိုလို အလုပ္လုပ္ၿပီး ရွန္ယြဲ႕ ဂ႐ုတစိုက္ေ႐ြးခ်ယ္ထားသည့္ ေဂးဗီဒီယိုကို ဖြင့္လိုက္ရန္ျဖစ္သည္။ ဟယ္ရွန္႔သာ သည္ဗိုင္းရက္စ္ကို အလုပ္သို႔မဟုတ္ အစည္းအေဝးခန္းမထဲတြင္ ဖြင့္မိသြားလွ်င္ ျမင္ကြင္းမွာ ေသခ်ာေပါက္ အလြန္စိတ္ဝင္စားဖြယ္ ေကာင္းလိမ့္မည္ဟု ထင္ထားခဲ့သည္။ ဟယ္ရွန္႔သည္ ထိုေန႔ညက ရွန္ယြဲ႕အား ေႏွာင့္ယွက္မိသျဖင့္ ေသခ်ာေပါက္ေနာင္တရၿပီး သူမ၏လက္တုန႔္ျပန္မႈကလည္း ေအာင္ျမင္သြားလိမ့္မည္။

ကံအေၾကာင္းမလွေတာ့ ဟယ္ရွန္႔က က်ိဳး႐ႊမ္း၏ ႐ုံးကိစၥမ်ားကို ကူညီေျဖရွင္းေပးခဲ့သည့္အတြက္ ရွန္ယြဲ႕၏ဗိုင္းရက္စ္က ဟယ္ရွန္႔USB driveထဲ ကူသြားေသာ္လည္း အသုံးျပဳလိုက္သူက က်ိဳး႐ႊမ္း ျဖစ္ေနေတာ့သည္။

သို႔ႏွင့္ ကံဆိုးသြားသည့္က်ိဳး႐ႊမ္းသည္ ဟယ္ရွန္႔ခံစားရမည့္ အရာအားလုံးကို ကိုယ္စားခံေပးလိုက္ရေတာ့သည္။ က်ိဳး႐ႊမ္း၏ လိင္စိတ္အားသားခ်က္ကို စိတ္ဝင္စားၾကသည့္ ဝန္ထမ္းမ်ား ရွိေလသည္။ သည္ကိစၥ ေပၚေပါက္သြားသည္ႏွင့္ တၿပိဳင္နက္ ေကာလဟာလသတင္းႏွင့္ ၿပီးျပည့္စုံေအာင္ လိုက္ဖက္သြားေတာ့သည္။

" ဟယ္ရွန္႔ မင္း မဆိုးဘူးပဲကြ"

က်ိဳး႐ႊမ္းသည္ ပင့္သက္ရွည္ႀကီးတစ္ခု ရႈိက္လိုက္ၿပီး နာက်င္မႈေၾကာင့္ တင္းေနသည့္နားထင္ကို ပြတ္လိုက္ကာ ေဒါသထြက္လြန္းသည့္ ခံစားခ်က္ကို သူ႔စိတ္ထဲတြင္ ၿမိဳသိပ္ထားဖို႔ အေကာင္းဆုံးႀကိဳးစားလိုက္ေတာ့သည္။

ဒါသည္ ေယာက္်ားတစ္ေယာက္၏ ခ်စ္ႀကိဳက္ခန္းဗီဒီယိုတစ္ခု ပထမဆုံးအႀကိမ္ ျမင္ေတြ႕ခဲ့ဖူးျခင္းပင္။ က်ိဳး႐ႊမ္းမွာ ညစ္ညမ္းသြားသလို ခံစားလိုက္ရေတာ့သည္။

" ဥကၠ႒က်ိဳး ခ်မ္းသာေပးပါ ကြၽန္ေတာ့္ကို ခ်မ္းသာေပးပါ"

ဟယ္ရွန္႔သည္ က်ိဳး႐ႊမ္း၏ေလသံကို ၾကားလိုက္ရခ်ိန္၌ ေဘာင္းဘီထဲတြင္ ေသးထြက္က်ေတာ့မတတ္ပင္။ သူသည္ က်ိဳး႐ႊမ္းေရွ႕တြင္ ဒူးေထာက္ကာ ဦးခ်ေတာင္းပန္ေလေတာ့သည္။

" မင္း မေန႔ကေျပာေတာ့ သူက မင္းရဲ႕အိုင္ေဒါပါဆို"

က်ိဳး႐ႊမ္းသည္ အံႀကိတ္ထားသည့္ သြားမ်ားၾကားမွာ ထိုစကားလုံးမ်ားကို ညစ္ထုတ္လိုက္ၿပီး လူသ-တ္ခ်င္စိတ္ကို ထိန္းခ်ဳပ္ထားရေတာ့သည္။

သူ႔ေဘးက အတြင္းေရးမႉးက သူ႔အတြက္ လက္ဖက္ရည္တစ္ခြက္ကို ဂ႐ုတစိုက္ယူလာေပးလိုက္သည္။ သူသည္ အသက္မရႉရဲဘဲ က်ိဳး႐ႊမ္း၏လက္ေဘးတြင္ လက္ဖက္ရည္ခြက္ကို အသာအယာခ်ေပးလိုက္ၿပီး ဟယ္ရွန္႔အား ကိုယ္ခ်င္းစာသည့္အၾကည့္ျဖင့္ ၾကည့္ေနလိုက္သည္။

" မဟုတ္ပါဘူး မဟုတ္ေတာ့ပါဘူး ဒီေန႔ကၿပီး သူက ကြၽန္ေတာ္နဲ႔ ျပန္မေျပလည္ႏိုင္ေတာ့တဲ့ ရန္သူျဖစ္သြားပါၿပီ၊ ကြၽန္ေတာ္တို႔ေတြ အတူတူယွဥ္တြဲေနလို႔ မရေတာ့ပါဘူး၊ ဥကၠ႒က်ိဳး တစ္ေယာက္ထဲကပဲ ကြၽန္ေတာ့္ရဲ႕အိုင္ေဒါပါ၊ ေက်းဇူးျပဳၿပီး ကြၽန္ေတာ့္ကို စိတ္မဆိုးပါနဲ႔ေတာ့ဗ်ာ" ဟယ္ရွန္႔က ခါးခါးသီးသီး ၿပဳံးလိုက္၏။

ဒီေန႔ မတိုင္ခင္ကအထိ သူက ဟက္ကာအဆင့္သတ္မွတ္ခ်က္ေပၚက အဆင့္၁ ဇီး႐ိုးကို တကယ္ပဲ ေလးစားအားက်ခဲ့တာေလ။ မေန႔တုန္းက ဇီး႐ိုးကို ရႈံံးသြားတုန္းကေတာင္ သူမကို ေလးစားစိတ္အျပည့္ ျဖစ္ေနေသးတယ္။ ဒါေပမယ့္ ဒီေန႔မနက္ေစာေစာစီးစီး က်ိဳး႐ႊမ္းက သူ႔အသက္ေပ်ာက္သြားေအာင္ လုပ္ေတာ့မလိုျဖစ္ခဲ့ၿပီး သူ႔သူေဌးက ကုမၸဏီတစ္ခုလုံးေရွ႕မွာ အရွက္ကြဲသြားေအာင္ ျဖစ္ေစလိမ့္မယ္လို႔ ထင္မထားခဲ့မိဘူး။

ဇီး႐ိုးသာ အရမ္းအၿငိဳးႀကီးၿပီး ရက္စက္မွန္း ႀကိဳသိခဲ့ရင္ သူေသသြားရင္ေတာင္ သူမကို သူ႔အိုင္ေဒါလို႔ သတ္မွတ္ခဲ့မိမွာမဟုတ္ဘူး။

" မင္းက က်ိဳးေကာ္ပိုေရးရွင္းရဲ႕ ဆိုက္ဘာလုံၿခဳံေရးအႀကံေပးတစ္ေယာက္ေလ ၊ ဗိုင္းရက္စ္ေလးတစ္ခုကိုေတာင္ မရွင္းႏိုင္ဘူး၊ ထြက္သြား ေနာက္ဆုံး အလုပ္ကို မလာနဲ႔ေတာ့"

က်ိဳး႐ႊမ္းသည္ ထပ္သည္းမခံႏိုင္ေတာ့ဘဲ သူ႔ေဘးက လက္ဖက္ရည္ခြက္ကို ေၾကမြသြားေအာင္ ခြဲပလိုက္ေတာ့သည္။

က်ိဳးေကာ္ပိုေရးရွင္းသည္ ဖယ္ဒေရးရွင္းတြင္ နံပါတ္တစ္ေငြေၾကးအုပ္စုတစ္ခု ျဖစ္သည္။ လုပ္ငန္းနယ္ပယ္ အမ်ားစုတြင္ ေခါင္းေဆာင္တစ္ခုျဖစ္ၿပီး စံျပတစ္ခုျဖစ္သည္။ အခုေတာ့ ကုမၸဏီတစ္ခုလုံးတြင္ လူေပါင္းမ်ားစြာရွိေသာ္လည္း သူတို႔သည္ ဗိုင္းရက္စ္တစ္ခုကိုပင္ မေျဖရွင္းႏိုင္ခဲ့ေခ်။ သတင္းသာ ေပါက္ၾကားသြားလွ်င္ ေခါင္းမေဖာ္ႏိုင္ေအာင္ အဟားခံရေပေတာ့မည္။

ထိုကိစၥကို အတိုင္းအတာတစ္ခုထိ ထိန္းခ်ဳပ္ႏိုင္ခဲ့ၿပီး အားလုံးကို သည္ကိစၥ သတင္းမဖ်ံ႕မိေအာင္ သတိေပးထားခဲ့ေသာ္လည္း က်ိဳးေကာ္ပိုေရးရွင္း၏ ပုံရိပ္ကေတာ့ ပ်က္စီးေနဆဲပင္။ သူသည္ သည္အေႂကြးကို မွတ္ထားရလိမ့္မည္။ သူသည္ အနာဂတ္တြင္ ဇီး႐ိုးအား သည္အေႂကြးကို ျပန္ဆပ္ခိုင္းရလိမ့္မည္။ က်ိဳး႐ႊမ္းက မဲေမွာင္ေနသည့္မ်က္ႏွာထားျဖင့္ ေတးထားလိုက္ေလသည္။

အလုပ္ျဖဳတ္ခံရေတာ့မည္ကို ျမင္ေယာင္ေနသျဖင့္ ဟယ္ရွန္႔က သူ႔ကိုယ္သူ ခုခံခ်င္ေနေသးသည္။

" ကြၽန္ေတာ္ ဘာမွမသိပါဘူး ဥကၠ႒က်ိဳးရယ္ အဲဒါက ကမာၻ႔နံပါတ္တစ္ဟက္ကာ ဇီး႐ိုးေလ ကြၽန္ေတာ္ သူ႔ထက္အဆင့္နိမ့္တာက ပုံမွန္ပါပဲ၊ ၿပီးေတာ့ ဆရာလည္း ဒီေန႔ ဗိုင္းရက္စ္ကို မျဖည္ႏိုင္ခဲ့...."

အမွန္ပင္။ က်ိဳး႐ႊမ္းသည္ သည္ေန႔ ဗိုင္းရက္စ္ကို ျဖည္ဖို႔ႀကိဳးစားခဲ့ေသးသည္။ သို႔ေသာ္ ဆယ္မိနစ္ေလာက္ လုပ္ခဲ့ၿပီးေနာက္တြင္ ဗိုက္စ္၏ရင္းျမစ္ကိုသာ ရွာေတြ႕ခဲ့သည္။ သူလုပ္ႏိုင္သည့္အရာမွာ မရွိေတာ့ေပ။

က်ိဳး႐ႊမ္း၏အမူအရာက ပိုၿပီး မဲေမွာင္လာၿပီး အခ်ိန္မေ႐ြးေပါက္ကြဲသြားေတာ့မည္ကို ျမင္လိုက္ရသျဖင့္ ဟယ္ရွန္႔ ကိုယ့္ဟာကို အားတင္းကာ ႏႈတ္ပိတ္ေနလိုက္ၿပီး ေက်ာ႐ိုးမ်ား က်ိဳးမတတ္ ေတာင္းပန္ရေတာ့သည္။

" ကြၽန္ေတာ့္အမွားကို တကယ္ပဲ သိပါၿပီ၊ ဥကၠ႒က်ိဳး ဆရာ့ဆီမွာ ႏွစ္ေတြအၾကာႀကီး အလုပ္လုပ္ေပးခဲ့တာကို ေထာက္ထားေပးပါဗ်ာ ကြၽန္ေတာ္ ဘာအက်ိဳးမွ မေဆာင္ေပးႏိုင္ခဲ့ရင္ေတာင္ ကြၽန္ေတာ္ အမွန္တကယ္ အလုပ္ႀကိဳးစားခဲ့ပါတယ္၊ ကြၽန္ေတာ့္ကို အခြင့္အေရးေနာက္တစ္ခုေလာက္ေပးပါ ဒီေန႔ကစၿပီး ကြၽန္ေတာ္ ဟက္ကာစေကးမွာ ႀကိဳးႀကိဳးစားစားေလ့က်င့္ပ့ါမယ္၊ တစ္ေန႔က်ရင္ ဆရာ့ေရွ႕မွာ ဇီး႐ိုးကို ေသခ်ာေပါက္ ဖမ္းေပးႏိုင္ၿပီး ဆရာ့ကို သူနဲ႔ ရွင္းခြင့္ရေအာင္ လုပ္ေပးပါ့မယ္"

ထိုသို႔ေျပာလိုက္ၿပီးေနာက္ ဟယ္ရွန္႔သည္ သူ႔မ်က္လုံးမ်ားကို မွိတ္ထားလိုက္ၿပီး က်ေရာက္လာမည့္ အျပစ္ဒဏ္ကို စိုးရိမ္တႀကီးျဖင့္ ေစာင့္စားေနလိုက္ေတာ့သည္။ သို႔ေသာ္ က်ိဳး႐ႊမ္းက ခ်က္ခ်င္းစကားမေျပာေပ။ ထို႔အစား သူက အခ်ိန္ၾကာသည္အထိ ႏႈတ္ဆိတ္ေနေလသည္။ ႐ုံးခန္းသည္ တိတ္ဆိတ္ၿငိမ္သက္ေန၏။

ဟယ္ရွန္႔သည္ ဖိအားအားလုံးက သူ႔ကိုယ္ေပၚသို႔ မခံႏိုင္ေအာင္ က်ေရာက္ေနသည္ဟု ခံစားလိုက္မိသည့္ခဏတြင္ က်ိဳး႐ႊမ္းက ေအးတိေအးစက္ ေျပာလိုက္ေလေတာ့သည္။

" ထြက္သြား"

...

Pokračovať v čítaní

You'll Also Like

77.9K 10.9K 80
ကျန်းမိသားစုမှာ သမီးနှစ်ယောက်ပြီး တစ်ယောက်စီက ပန်းကလေးတွေနဲ့ ကျောက်စိမ်းရုပ်လေးတွေလို လှပကြတယ်။ အငတ်ဘေးရာသီနဲ့ ကြုံကြိုက်လာတော့ အသက်ဆက်ရှန်သန်ဖို့အရေ...
10.4K 1.5K 21
Title ; Quick Transmigration Cannon Fodder's Record of Counterattacks 快穿之炮灰女配逆袭记 Author(s) ; 很是矫情 Hen Shi Jiao Qing English translator(s) ; Butterf...
18.8K 1.1K 15
ပြန်လည်မွေးဖွားပြီးနောက် မွေးစားသမီးက ကမ္ဘာကြီးကိုတုန်လှုပ်စေခဲ့တယ်! Page - Hikari Moon Translator: Hikari Moon Team All credit to original author an...
164K 8.1K 44
Lord Chu's Wife is Wild Wevnovel_796. Paid. Gp-1 (1-150) - Free completed. Gp-2 (151-300)-2000MMK.completed. Gp-3(301-450)-2000MMK.completed. Gp-4(4...