အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စ...

Por ChihiroLily7

105K 9.3K 82

လုပ်ကြံသူအဖွဲ့တစ်ခုရဲ့ ပျိုးထောင်ခံလာရပြီး ၁၃နှစ်တာလေ့ကျင့်လာပြီးနောက်ပိုင်း ရှန်ယွဲ့ဟာ အသက် ၁၇နှစ်အရွယ်မှာတေ... Más

ဇာတ်လမ်းမိတ်ဆက်
အပိုင်း (၁) သစ္စာဖောက်
အပိုင်း (၂) ပြန်လည်မွေးဖွားခြင်း
အပိုင်း (၃) အမည်မသိပူပန်မှု
အပိုင်း (၄) ကျောင်းထွက်ပြီး အလုပ်လုပ်တဲ့
အပိုင်း ( ၅) အမဲဖျက်ခံရတော့မယ့်သိုးတစ်ကောင်
အပိုင်း (၆) မူလပိုင်ရှင်ရဲ့လျှို့ဝှက်ချက်
အပိုင်း (၇) နားလည်ရဲ့လား
အပိုင်း (၈) ကမ္ဘာ့အဆင့်ပုစ္ဆာများကို အဖြေထုတ်ခြင်း
အပိုင်း (၉) ကြီးမားတဲ့ယုံကြည်ချက်
အပိုင်း (၁၀) သူမ ရူးသွားတာလား
အပိုင်း (၁၁) ကျောင်းမှာ ပထမရခြင်း
အပိုင်း ( ၁၂) ဘတ်စ်ကားပေါ်ဖြစ်ရပ်
အပိုင်း (၁၃) လူပါးဝတဲ့ကောင်ကို သင်ခန်းစာပေးမယ်
အပိုင်း ( ၁၄) အရမ်းအကြင်နာမဲ့သွားတယ်
အပိုင်း ( ၁၅) ငါ့မကောင်းကြောင်းပြောနေကြတယ်
အပိုင်း (၁၆) ဆရာ့စည်းကမ်းကို လိုက်နာပါ
အပိုင်း (၁၇) လူမိုက်လေးတစ်သိုက်
အပိုင်း (၁၈) ချန်းမင် ဘောင်းဘီထဲသေးပေါက်ချတယ်
အပိုင်း (၁၉) သူက မင်းအမ လား
အပိုင်း (၂၀) ကျောင်းတော်ရဲ့မင်းသားလေးထပ်တောင်ပိုချောသေးတယ်
Paid Gp စပါပြီ
အပိုင်း (၂၁) ပိုက်ဆံမလောက်ခြင်း
အပိုင်း (၂၂) ပွဲကောင်းတစ်ခုကို စောင့်မျှော်ခြင်း
အပိုင်း (၂၃) နင့်ညီမလေးကို အလျှော့ပေးလိုက်တဲ့
အပိုင်း ( ၂၄) နင့်အသက်ကိုကယ်ပေးမယ်
အပိုင်း (၂၅) အရပ်ဝတ်နဲ့ရဲအတု
အပိုင်း (၂၆) သူမကိုတစ်သန်းပေးလိုက်တယ်
အပိုင်း (၂၇) သူမကိုနာမည် ပျက်စေချင်တာတဲ့
အပိုင်း (၂၈) တံတားပေါ်က ဘူးသီးခြောက်
အပိုင်း (၂၉) အရာရှိတစ်ယောက်ထပ်ဖြစ်မလာနိုင်တော့ဘူး
အပိုင်း (၃၀) ဖုန်းတစ်လုံးဝယ်ခြင်း
အပိုင်း (၃၁) ဆင်းရဲသားနှစ်ယောက်
အပိုင်း (၃၂) VVIP မန်ဘာ
အပိုင်း (၃၃) သူ့သဘောထားက ချက်ချင်းပြောင်းသွားတာနော်
အပိုင်း (၃၄) ကောင်းတဲ့ရည်ရွယ်ချက်နဲ့ မကောင်းတာလုပ်မိတယ်
အပိုင်း (၃၅) ယွမ်တစ်သန်းသုံးခြင်း
အပိုင်း (၃၆) လောင်းရဲလား
အပိုင်း (၃၇) သေမယ့်လမ်း
အပိုင်း (၃၈) သူမရဲ့သရုပ်မှန်
အပိုင်း (၃၉) သားအမိနှစ်ယောက်ကို ပညာပေးမယ်
အပိုင်း (၄၀) အကြွေးတိုင်းမှာ ကြွေးရှင်ရှိတယ်
အပိုင်း ( ၄၁) သွေးရေပန်း
အပိုင်း (၄၂) ယဲ့ရင်းကို ဆက်သွယ်ခြင်း
အပိုင်း (၄၃) ကျေးဇူးပြန်ဆပ်ခြင်း
အပိုင်း ( ၄၄) ကြယ်ငါးပွင့်ဟိုတယ်
အပိုင်း (၄၅) ငွေကို ရေလိုသုံးခြင်း
အပိုင်း (၄၆) စီးပွားရေးလုပ်ငန်း
အပိုင်း (၄၇) ချမ်းသာမှုနှင့် စိတ်ရင်း
အပိုင်း (၄၈) သူမရဲ့လျှို့ဝှက်ချက်
အပိုင်း (၄၉) ခက်ခဲတဲ့ဘဝမှာ နေချင်တယ်တဲ့
အပိုင်း (၅၀) ရဲတင်းလိုက်တာ
အပိုင်း (၅၁) သောက်ကျိုးနဲ
အပိုင်း (၅၂) အုံးနှောက်မကောင်းတော့ဘူး
Thidingyut Promotion
အပိုင်း (၅၃) အိုင်ဒေါအဟောင်း
အပိုင်း ( ၅၄) စိန်ခေါ်တဲ့မေးခွန်း
အပိုင်း (၅၅) သေချာပေါက်လုံးဝငွေမယူဘူး
အပိုင်း (၅၆) အရမ်းမျက်နှာပြောင်တယ်
အပိုင်း (၅၇) အုတ်အော်သောင်းနင်းဖြစ်သွားခြင်း
အပိုင်း (၅၈) အဖြေမှန်
အပိုင်း (၅၉) ငါလေးနဲ့ကစားကြတဲ့သက်တော်စောင့်တွေ
အပိုင်း (၆၀) အာမခံချက်ရှိတဲ့ဝင်ခွင့်အခွင့်အရေးရရှိခြင်း
အပိုင်း (၆၁) သိပ္ပံနည်းကျသုတေသနကို စိတ်မဝင်စားပါ
အပိုင်း (၆၂) အေးစက်စက် ငြင်းပယ်ခြင်း
အပိုင်း ( ၆၃) စိတ်၏လှည့်စားခံရခြင်း
Announcement
အပိုင်း (၆၄) ရယ်စရာကောင်းတဲ့ရမှတ်
အပိုင်း (၆၅) ကလိမ်ကျတဲ့ နည်းလမ်းတစ်ချို့
အပိုင်း (၆၆) မသမာမှုကြောင့် အသရေဖျက်ခြင်း
အပိုင်း (၆၇) ပရမ်းပတာဖြစ်ခြင်း
အပိုင်း (၆၈) အမှတ်ပြည့်
အပိုင်း ( ၆၉) ဆရာမကိုတောင်းပန်လိုက်
အပိုင်း (၇၀) တရားရုံးမှာတွေ့မယ်
အပိုင်း (၇၁) ရှန်ယွဲ့က ရဲခေါ်လိုက်တယ်
အပိုင်း (၇၂) အိုဗာဖြစ်လွန်းတယ်
အပိုင်း (၇၃) ကျောင်းအုပ်ကြီး၏လုပ်ဆောင်ချက်ကို စောင့်ကြည့်ခြင်း
အပိုင်း (၇၄) မင်းကို တနေရာရာမှာတွေ့ဖူးသလိုပဲ
အပိုင်း (၇၅) နောက်ကွယ်လူတစ်စု
အပိုင်း (၇၆) သူကလူပြက်တစ်ယောက်လိုပဲ
အပိုင်း (၇၇) ကျောင်းတော်ရဲ့မင်းသမီးလေးထပ်တောင်လှသေးတယ်
အပိုင်း (၇၈) ရှန်ယွဲ့မှာ ချစ်သူအသစ်ရှိတယ်တဲ့
အပိုင်း ( ၇၉) ကျိုးရွှမ်းကို နာမည်တပ်ခေါ်တယ်
အပိုင်း (၈၀) ဟန်ရဲ့ကို မျက်နှာလုပ်ခွင့်ပေးလိုက်တယ်
အပိုင်း (၈၁) ငွေတစ်ခုသာ မျက်လုံးထဲမှာမြင်တယ်
Year End Promotion and Year End Event
Year End Event Announcement
အပိုင်း (၈၂) ယွမ် ၅၀,၀၀၀ကို လက်ခံလိုက်တယ်
GP - 2 မိတ်ဆက်
အပိုင်း ( ၈၃) ကျိုးမိသားစုဆီသို့ အလည်အပတ်
အပိုင်း (၈၄) ကမ္ဘာ့နံပါတ် တစ်, ဇီးရိုး
အပိုင်း (၈၅) ရန်သူရဲ့တန်ပြန်တိုက်စစ်
အပိုင်း (၈၆) ကျွန်တော်က အဲလိုလူမျိုးမဟုတ်
အပိုင်း (၈၇) အပြစ်ပြုမိသည်ဟု ခံစားမိခြင်း
အပိုင်း (၈၈) ကင်မရာကို ဖွင့်လိုက်မယ်
အပိုင်း (၈၉)ခံစားချက်ပေါ်မူတည်ပြီး ခန့်မှန်းကြည့်ခြင်း
အပိုင်း (၉၀) စပရိုက်နည်းနည်းတိုက်လိုက်မယ်
အပိုင်း (၉၁) ဥက္ကဋ္ဌကျိုးက ဂေး တဲ့
အပိုင်း (၉၃) စပရိုက်သေးသေးလေး
အပိုင်း (၉၄) အခုချက်ချင်းထွက်သွား
အပိုင်း (၉၅) မဟာအခွင့်အရေးတစ်ခု
အပိုင်း (၉၆) အပြင်မှာ လေပြင်းနေတယ်
အပိုင်း (၉၇) အတုအယောင်ဟု သံသယဖြစ်မိ
အပိုင်း (၉၈) သူ့ခေါင်းကို ရိုက်ခွဲလိုက်တယ်
အပိုင်း (၉၉) တကယ်စိတ်ဆိုးတယ်
အပိုင်း (၁၀၀) ယွမ် တစ်သန်းလျှော်ကြေး
အပိုင်း (၁၀၁) အပေါက်ဆိုးတဲ့မိန်းမ
အပိုင်း (၁၀၂) နင့်ကို မေ့သွားတော့မလို့
အပိုင်း (၁၀၃) ဘယ်သူက ထွက်သွားခွင့်ပေးလို့လဲ
အပိုင်း (၁၀၄) ယွမ် နှစ်သိန်း
အပိုင်း (၁၀၅) ဘယ်သူက ထွက်သွားလို့ ပြောလို့လဲ
အပိုင်း (၁၀၆) + အပိုင်း (၁၀၇)
အပိုင်း (၁၀၈)+အပိုင်း (၁၀၉)
အပိုင်း (၁၁၀)+အပိုင်း(၁၁၁)
အပိုင်း (၁၁၂) + အပိုင်း (၁၁၃)
အပိုင်း (၁၁၄) + အပိုင်း (၁၁၅)
အပိုင်း (၁၁၆) + အပိုင်း (၁၁၇)
အပိုင်း (၁၁၈) +(၁၁၉)
အပိုင်း (၁၂၀) + အပိုင်း (၁၂၁)
အပိုင်း (၁၂၂) + အပိုင်း (၁၂၃)
အပိုင်း (၁၂၄) + အပိုင်း (၁၂၅)
အပိုင်း (၁၂၆+၁၂၇)
အပိုင်း (၁၂၈ + ၁၂၉)
အပိုင်း (၁၃၀ + ၁၃၁)
အပိုင်း (၁၃၂ + ၁၃၃)
အပိုင်း (၁၃၄ + ၁၃၅)
အပိုင်း (၁၃၆ + ၁၃၇)
အပိုင်း (၁၃၈ + ၁၃၉)
အပိုင်း (၁၄၀ + ၁၄၁)
အပိုင်း (၁၄၂ + ၁၄၃)
အပိုင်း (၁၄၄ + ၁၄၅)
အပိုင်း (၁၄၆ + ၁၄၇)
အပိုင်း (၁၄၈ + ၁၄၉)
Thingyan Promotion!
GP-3 Announcement + Promotion လေးထပ်ပေးထားပါတယ်ရှင်
အပိုင်း (၁၅၀+၁၅၁)
အပိုင်း (၁၅၂+၁၅၃)
အပိုင်း (၁၅၄+၁၅၅)
အပိုင်း (၁၅၆+၁၅၇)
အပိုင်း (၁၅၈+၁၅၉)
အပိုင်း (၁၆၀+၁၆၁)
အပိုင်း (၁၆၂+၁၆၃)

အပိုင်း (၉၂) ၃၆မိနစ်

565 44 0
Por ChihiroLily7

အပိုင်း (၉၂) ၃၆မိနစ်

"ဘာဖြစ်နေတာလဲ"

ကျိုးရွှမ်းသည် နောက်ဆုံးတော့ သည်းမခံနိုင်တော့ပေ။ သူသည်အနီးဆုံးက ဝန်ထမ်းဖြစ်သည့် လျိုမျိုးနွယ်အမည်ရှိ လက်ထောက်ဒါရိုက်တာတစ်ယောက်ကို ဆွဲမလိုက်တော့သည်။ လက်ထောက်ဒါရိုက်တာလျိုက အချိန်တော်တော်ကြာသည်အထိ အထစ်ထစ်အငေါ့ငေါ့ ဖြစ်နေပြီးမှ ပြောလိုက်တော့သည်။

" ဟိုလေ ဥက္ကဋ္ဌကျိုး ဟိုပျော်စရာကောင်းတဲ့ည....."

" ခင်များဘာတွေ ပြောနေတာလဲ" ကျိုးရွှမ်းသည် ပိုစိတ်ရှုပ်သွားပြီး သူ့ဘေးက ဖိအားမှာ ကျဆင်းသွားတော့သည်။

လက်ထောက်ဒါရိုက်တာလျိုမှာ ကျိုးရွှမ်း၏အရှိန်အဝါကြောင့် အလွန်ကြောက်လန့်သွားပြီး စကားပင်မပြောရဲတော့ချေ။ သူသည် ကျိုးရွှမ်းနောက်က ဧရာမအီလက်ထရွန်နစ်စခရင်ကို တုန်ယင်နေသည့်လက်များဖြင့် ညွှန်ပြလိုက်တော့သည်။

သည်အခိုက်အတန့်တွင် ဟယ်ရှန့်က ဝမ်းသာအားရဖြင့် ပြောလိုက်လေသည်။

" ဥက္ကဋ္ဌကျိုး ပြင်ပြီးသွားပါပြီ"

တစ်ချိန်ထဲတွင် လူတိုင်း၏ ကြောက်ရွံ့ထိတ်လန့်ပြီး မယုံနိုင်အောင်ဖြစ်နေသည့်အကြည့်များအောက်တွင် ကျိုးရွှမ်းနောက်က ကြီးမားသည့်စခရင်ပေါ်က မြှားတံသည် မည်သူ၏ထိန်းချုပ်မှုမှမပါဘဲ iconကြီးတစ်ခုဆီသို့ အမှန်ပင် ရွေ့လျားသွားလေတော့သည်။ ထိုiconပေါ်တွင် " အားလုံးထဲကအကြိုက်ဆုံး _ အထပ်ထပ်လေ့ကျင့်ပြီးသား ပုံစံအနေအထားများ __ ယောက်ျားလေးများအတွက် အကောင်းဆုံး Sexy Night" ဟု နာမည်တပ်ထားလေသည်။

နောက်ဆုံးတော့ ကျိုးရွှမ်းသည် တစ်ခုခုကို သဘောပေါက်သွားပြီး လှည့်ကြည့်လိုက်ချိန်တွင်တော့ မြှားတံက အလွန်မဖွယ်ရာလှသည့်နာမည်နှင့် ဖိုင်တစ်ခုကို နှိပ်လိုက်သည့် ဖြစ်စဥ်တစ်ခုလုံးကို တိုက်တိုက်ဆိုင်ဆိုင် တွေ့လိုက်ရတော့သည်။

ရုတ်ချည်းဆိုသလိုပင် ယောက်ျားနှစ်ယောက်၏ ဖရိုဖရဲနှင့် ညစ်ညစ်ညမ်းညမ်းအသံများက အစည်းအဝေးခန်းမတစ်ခုလုံး ဟိန်းသွားသည်အထိ ထွက်လာလေတော့သည်။ အားလုံးသည် ကျိုးရွှမ်း၏ကွန်ပျူတာထဲက ဖွင့်ထားသည်ဟု ထင်ရသော ဤဂေးxx ဗီဒီယိုအား ကြည့်ရှုရန် ဖိအားခံရသလို ဖြစ်သွားတော့သည်။

စက္ကန့်ပိုင်းအတွင်း လူတိုင်းက အရာအားလုံးကို သဘောပေါက်သွားကြတော့သည်။ ကျိုးရွှမ်းက မိန်းမတွေ မရင်းနှီးတာ မဆန်းတော့ပါဘူးလေ။ သူက ယောက်ျားတွေကိုပဲ ကြိုက်တာကိုး။ ပုံမှန်ဆိုရင် ကျိုးရွှမ်းက ခံစားချက်မဲ့တဲ့စက်ရုပ်တစ်ခုလို ဖြစ်နေတာလည်း မဆန်းတော့ဘူး။ သူက သူ့ခံစားချက်တွေကို ဖွင့်ထုတ်ဖို့ ဒီလို အပြာကားတွေကို တိတ်တိတ်လေး ကြည့်တတ်တာကိုး။

ဝန်ထမ်းတစ်ယောက်၏ အလွန်လျင်မြန်သည့်လှုပ်ရှားမှုက မီးခလုတ်ဆီ ချက်ချင်းပြေးသွားလိုက်ပြီး ပလက်ကို ဆွဲဖြုတ်လိုက်ပြီး အစည်းအဝေးခန်းမထဲက အီလက်ထရွန်းနစ်စခရင်ကြီးက မဲသွားသော်လည်း အသံကတော့ ထွက်နေဆဲပင်။

လက်ထောက်ဒါရိုက်တာသည် သေခြင်းနှင့်ရှင်ခြင်းက လက်တစ်ကမ်းအလိုသို့ ရောက်လာသည်ဟု ခံစားလိုက်ရတော့သည်။ သူသည် အမှတ်တမဲ့ အော်ဟစ်လိုက်တော့သည်။

" အသံကိုလည်း မြန်မြန် ပိတ်လိုက်လေ၊ မင်းတို့အားလုံး အ,သွားကြပြီလား"

သည်အခိုက်တွင် သူသည် ကြောက်ရွံ့ထိတ်လန့်နေတော့သည်။ ကျိုးရွှမ်းက ဝန်းထမ်းအများအပြားရှေ့တွင် သူ၏ရှက်စရာအကောင်းဆုံးလျှို့ဝှက်ချက် ဖော်ထုတ်ခံလိုက်ရသဖြင့် ဒေါသကြောင့် သူတို့အားလုံးကို သတ်တော့မည်လားဟု မစဥ်းစားရဲအောင် ဖြစ်နေတော့သည်။

" မရဘူးခင်ဗျ ဒါတွေက smart speakerတွေ ၊ ဆွဲထုတ်စရာ ပလပ်မရှိဘူးခင်ဗျ"

ထောက်ပံ့ရေးတာဝန်ကျသည့် ဝန်ထမ်းမှာ ငိုချင်စိတ်ပေါက်သွားတော့သည်။

ကျိုးရွှမ်းသည် ယောက်ျားတစ်ယောက်က ဒူးထောက်နေပြီး နောက်တစ်ယောက်က မတ်တပ်ရပ်ရင်း ရုန်းကန်သည့် HD ဗီဒီယို၏ရှေ့တွင် ရပ်နေလေသည်။ သူ့မျက်နှာမှာ ဖြူဖပ်ဖြူရော် ဖြစ်နေပြီး သူ့အကြည့်က လူသ-တ်ချင်စိတ်ပေါက်နေကာ ထောင့်တွင် ရပ်နေသည့် ဟယ်ရှန့်ကို စူးစိုက်ကာ ကြည့်နေတော့သည်။

သည်အခိုက်တန့်တွင် ဟယ်ရှန့်က အလန့်တကြားဖြင့်း သူ့လက်များကို ထောင်လိုက်ပြီး ဖြေရှင်းချက် ပေးလိုက်လေသည်။

"ဥက္ကဋ္ဌကျိုး နားလည်မှုလွဲတာပါ ကျွန်တော် တကယ် အထင်လွဲခံရတာပါ ကျွန်တော် ဘာမှမလုပ်ထားပါဘူး"

.....

ထိုအဖြစ်အပျက်သည် အလွန်ရုတ်တရက်ဆန်ဆန် ဖြစ်သွားရာ အားလုံးကလည်း သတိလွတ်သွားကြတော့သည်။ အစပိုင်းတွင် ထိုမဖွယ်ရာလှသည့် ဂေးဗီဒီယိုက အစည်းအဝေးခန်းမ၏ စခရင်ကြီးပေါ်တွင် ပေါ်လာခဲ့လေသည်။ နောက်ပိုင်းတွင်တော့ ကျိုးကော်ပိုရေးရှင်း တစ်ခုလုံးရှိက မော်နီတာနှင့် အသံဖွင့်စက်များ၊ ကြီးကြီး သေးသေးအားလုံးဆီသို့ ကုမ္ပဏီ၏ ကွန်ရက်မှတဆင့် ပျံ့နှံ့သွားတော့သည်။ သူတို့သည် ဗိုင်းရက်စ်တစ်ခု ကိုက်ခံလိုက်ရသလို ထိုမဖွယ်ရာသည့်ဗီဒီယိုတစ်ခုထဲကိုသာ ဖွင့်နေတော့သည်။

အိပ်ရာပေါ်တွင် အော်ဟစ်နေသည့် ယောက်ျားများ၏အသံသည် ကျိုးကော်ပိုရေးရှင်း၏နေရာတိုင်းတွင် ၃၆မိနစ်တိတိ ပေါ်နေတော့သည်။ ဌာနအသီးသီးမှ မန်နေဂျာနှင့် ဒါရိုက်တာများကအစ သန့်ရှင်းရေးအန်တီနှင့် ပစ္စည်းပို့သည့်လူမှအဆုံး ထိုဆူညံတိုက်ခိုက်မှုကို ဘယ်သူမှ မလွှတ်မြောက်ခဲ့ကြပေ။

ပိုဆိုးရွားသည်က အိပ်ရာထဲတွင် အော်ဟစ်နေသည့် ယောက်ျားတစ်ယောက်အသံကို ဖိအားပေးကာ နားထောင်နေရခြင်းက ကျိုးကော်ပိုရေးရှင်းမှ လူတိုင်းကို သိသွားစေတော့သည်။ သူတို့၏သူဌေးကြီး ကျိုးရွှမ်းသည် အမျက်ချောင်းချောင်းထွက်နေလေသည်။ ကုမ္ပဏီအင်တာနက်ဌာနမှ ဝန်ထမ်းအားလုံးသည် မတော်တဆ ပထမဆုံးဖြစ်ခဲ့သည့် အစည်းအဝေးခန်းမသို့ ခေါ်ခံလိုက်ရတော့သည်။ အခြေအနေက အလွန်ပင် ဆုံးရှုံးမှုများသည်ဟု ပြောနိုင်လေသည်။

၃၆မိနစ်ပြည်းသွားပြီးနောက် အဆောက်အအုံအတွင်းရှိ ပစ္စည်းပစ္စယအားလုံးသည် ရုတ်ချည်းဆိုသလို ဘာမှမဖြစ်ခဲ့သလို ပုံမှန်အတိုင်းပြန်ဖြစ်သွားတော့သည်။ သူဌေးကြီး၏ လူသ-တ်လိုသည့်ဖိအားကြောင့် သာမဟုတ်လျှင် အားလုံးက ဖြစ်ပျက်ခဲ့သမျှကို နားကြားမှားသည်ဟုသာ ထင်မိပေလိမ့်မည်။

"ဥက္ကဋ္ဌကျိုး ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ ကျွန်တော် ဆရာ့ကို မကူညီပေးမိရင် အဲဒီ ဇီးရိုးလို့ခေါ်တဲ့ ဟက်ကာရဲ့ လက်တုန့်ပြန်ခံရမှာမဟုတ်ပါဘူး..."

ဟယ်ရှန့်သည် ကြမ်းပြင်ပေါ်တွင် ဒူးထောက်နေပြီး ချွေးများလည်း ရွှဲနေတော့သည်။ သူသည် ကြောက်ရွံ့မိလွန်းသဖြင့် မျက်ရည်များပင် စီးတော့မည့်နှယ်။

သူသည် အင်တာနက်ဌာနမှ နည်းပညာရှင်အားလုံးကို ခေါ်ပြီး အချိန်အကြာကြီး ဖြေရှင်းခဲ့လေသည်။ နောက်ဆုံးတွင် သူသည် ထိုအပြာဗီဒီယို ရပ်မသွားခင် ၃မိနစ်တိတိ ဖွင့်ထားခွင့်ပေးသလို ဖြစ်ခဲ့ရသည်။ သူတို့အားလုံးက ပစ္စည်းများကို ပြုပြင်လိုက်သောကြောင့်မဟုတ်ဘဲ ဗိုင်းရက်စ်ကို ၃၆မိနစ်သာ အချိန်သတ်မှတ်ထားခဲ့သောကြောင့်ပင်။

အချိန်ပြည့်သွားသည်နှင့် ကိုယ့်ဟာကိုယ်ဖျက်ဆီးသည့်ပရိုဂရမ်က ပွင့်သွားခဲ့သည်။

ဗီဒီယို ပြီးသွားသည့်နောက်တါင် USB Drive ထည့်ထားသည့် ကျိုးရွှမ်း၏ကွန်ပျူတာပေါ်တွင် စာတစ်ကြောင်းပေါ်လာခဲ့လေသည်။

" မင်း ငါ့ကို ၂၆မိနစ်စာ အချိန်ကုန်အောင်လုပ်ခဲ့တယ်"

...

Zawgyi

အပိုင်း (၉၂) ၃၆မိနစ်

"ဘာဖြစ်နေတာလဲ"




















.....











...

Seguir leyendo

También te gustarán

1.3M 45.5K 61
Myanmar × BL Uni/Zaw [ 2 ] Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd
80.3K 10.4K 106
Translate for fun (◔‿◔) *I don't own this story. Cover photo crd to pinterest
23.8K 1.8K 62
Not mine. Just Translation. Credit to original author(s) and English translator(s). ☆☆☆☆☆ [အေးအေးလူလူရှိပြီး မျက်နှာနှစ်ဖက်ရှိတဲ့ ချမ်းသာတဲ့ ML vs နက...