အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စ...

By ChihiroLily7

124K 10.5K 88

လုပ်ကြံသူအဖွဲ့တစ်ခုရဲ့ ပျိုးထောင်ခံလာရပြီး ၁၃နှစ်တာလေ့ကျင့်လာပြီးနောက်ပိုင်း ရှန်ယွဲ့ဟာ အသက် ၁၇နှစ်အရွယ်မှာတေ... More

ဇာတ်လမ်းမိတ်ဆက်
အပိုင်း (၁) သစ္စာဖောက်
အပိုင်း (၂) ပြန်လည်မွေးဖွားခြင်း
အပိုင်း (၃) အမည်မသိပူပန်မှု
အပိုင်း (၄) ကျောင်းထွက်ပြီး အလုပ်လုပ်တဲ့
အပိုင်း ( ၅) အမဲဖျက်ခံရတော့မယ့်သိုးတစ်ကောင်
အပိုင်း (၆) မူလပိုင်ရှင်ရဲ့လျှို့ဝှက်ချက်
အပိုင်း (၇) နားလည်ရဲ့လား
အပိုင်း (၈) ကမ္ဘာ့အဆင့်ပုစ္ဆာများကို အဖြေထုတ်ခြင်း
အပိုင်း (၉) ကြီးမားတဲ့ယုံကြည်ချက်
အပိုင်း (၁၀) သူမ ရူးသွားတာလား
အပိုင်း (၁၁) ကျောင်းမှာ ပထမရခြင်း
အပိုင်း ( ၁၂) ဘတ်စ်ကားပေါ်ဖြစ်ရပ်
အပိုင်း (၁၃) လူပါးဝတဲ့ကောင်ကို သင်ခန်းစာပေးမယ်
အပိုင်း ( ၁၄) အရမ်းအကြင်နာမဲ့သွားတယ်
အပိုင်း ( ၁၅) ငါ့မကောင်းကြောင်းပြောနေကြတယ်
အပိုင်း (၁၆) ဆရာ့စည်းကမ်းကို လိုက်နာပါ
အပိုင်း (၁၇) လူမိုက်လေးတစ်သိုက်
အပိုင်း (၁၈) ချန်းမင် ဘောင်းဘီထဲသေးပေါက်ချတယ်
အပိုင်း (၁၉) သူက မင်းအမ လား
အပိုင်း (၂၀) ကျောင်းတော်ရဲ့မင်းသားလေးထပ်တောင်ပိုချောသေးတယ်
Paid Gp စပါပြီ
အပိုင်း (၂၁) ပိုက်ဆံမလောက်ခြင်း
အပိုင်း (၂၂) ပွဲကောင်းတစ်ခုကို စောင့်မျှော်ခြင်း
အပိုင်း (၂၃) နင့်ညီမလေးကို အလျှော့ပေးလိုက်တဲ့
အပိုင်း ( ၂၄) နင့်အသက်ကိုကယ်ပေးမယ်
အပိုင်း (၂၅) အရပ်ဝတ်နဲ့ရဲအတု
အပိုင်း (၂၆) သူမကိုတစ်သန်းပေးလိုက်တယ်
အပိုင်း (၂၇) သူမကိုနာမည် ပျက်စေချင်တာတဲ့
အပိုင်း (၂၈) တံတားပေါ်က ဘူးသီးခြောက်
အပိုင်း (၂၉) အရာရှိတစ်ယောက်ထပ်ဖြစ်မလာနိုင်တော့ဘူး
အပိုင်း (၃၀) ဖုန်းတစ်လုံးဝယ်ခြင်း
အပိုင်း (၃၁) ဆင်းရဲသားနှစ်ယောက်
အပိုင်း (၃၂) VVIP မန်ဘာ
အပိုင်း (၃၃) သူ့သဘောထားက ချက်ချင်းပြောင်းသွားတာနော်
အပိုင်း (၃၄) ကောင်းတဲ့ရည်ရွယ်ချက်နဲ့ မကောင်းတာလုပ်မိတယ်
အပိုင်း (၃၅) ယွမ်တစ်သန်းသုံးခြင်း
အပိုင်း (၃၆) လောင်းရဲလား
အပိုင်း (၃၇) သေမယ့်လမ်း
အပိုင်း (၃၈) သူမရဲ့သရုပ်မှန်
အပိုင်း (၃၉) သားအမိနှစ်ယောက်ကို ပညာပေးမယ်
အပိုင်း (၄၀) အကြွေးတိုင်းမှာ ကြွေးရှင်ရှိတယ်
အပိုင်း ( ၄၁) သွေးရေပန်း
အပိုင်း (၄၂) ယဲ့ရင်းကို ဆက်သွယ်ခြင်း
အပိုင်း (၄၃) ကျေးဇူးပြန်ဆပ်ခြင်း
အပိုင်း ( ၄၄) ကြယ်ငါးပွင့်ဟိုတယ်
အပိုင်း (၄၅) ငွေကို ရေလိုသုံးခြင်း
အပိုင်း (၄၆) စီးပွားရေးလုပ်ငန်း
အပိုင်း (၄၇) ချမ်းသာမှုနှင့် စိတ်ရင်း
အပိုင်း (၄၈) သူမရဲ့လျှို့ဝှက်ချက်
အပိုင်း (၄၉) ခက်ခဲတဲ့ဘဝမှာ နေချင်တယ်တဲ့
အပိုင်း (၅၀) ရဲတင်းလိုက်တာ
အပိုင်း (၅၁) သောက်ကျိုးနဲ
အပိုင်း (၅၂) အုံးနှောက်မကောင်းတော့ဘူး
Thidingyut Promotion
အပိုင်း (၅၃) အိုင်ဒေါအဟောင်း
အပိုင်း ( ၅၄) စိန်ခေါ်တဲ့မေးခွန်း
အပိုင်း (၅၅) သေချာပေါက်လုံးဝငွေမယူဘူး
အပိုင်း (၅၆) အရမ်းမျက်နှာပြောင်တယ်
အပိုင်း (၅၇) အုတ်အော်သောင်းနင်းဖြစ်သွားခြင်း
အပိုင်း (၅၈) အဖြေမှန်
အပိုင်း (၅၉) ငါလေးနဲ့ကစားကြတဲ့သက်တော်စောင့်တွေ
အပိုင်း (၆၀) အာမခံချက်ရှိတဲ့ဝင်ခွင့်အခွင့်အရေးရရှိခြင်း
အပိုင်း (၆၁) သိပ္ပံနည်းကျသုတေသနကို စိတ်မဝင်စားပါ
အပိုင်း (၆၂) အေးစက်စက် ငြင်းပယ်ခြင်း
အပိုင်း ( ၆၃) စိတ်၏လှည့်စားခံရခြင်း
Announcement
အပိုင်း (၆၄) ရယ်စရာကောင်းတဲ့ရမှတ်
အပိုင်း (၆၅) ကလိမ်ကျတဲ့ နည်းလမ်းတစ်ချို့
အပိုင်း (၆၆) မသမာမှုကြောင့် အသရေဖျက်ခြင်း
အပိုင်း (၆၇) ပရမ်းပတာဖြစ်ခြင်း
အပိုင်း (၆၈) အမှတ်ပြည့်
အပိုင်း ( ၆၉) ဆရာမကိုတောင်းပန်လိုက်
အပိုင်း (၇၀) တရားရုံးမှာတွေ့မယ်
အပိုင်း (၇၁) ရှန်ယွဲ့က ရဲခေါ်လိုက်တယ်
အပိုင်း (၇၂) အိုဗာဖြစ်လွန်းတယ်
အပိုင်း (၇၃) ကျောင်းအုပ်ကြီး၏လုပ်ဆောင်ချက်ကို စောင့်ကြည့်ခြင်း
အပိုင်း (၇၄) မင်းကို တနေရာရာမှာတွေ့ဖူးသလိုပဲ
အပိုင်း (၇၅) နောက်ကွယ်လူတစ်စု
အပိုင်း (၇၆) သူကလူပြက်တစ်ယောက်လိုပဲ
အပိုင်း (၇၇) ကျောင်းတော်ရဲ့မင်းသမီးလေးထပ်တောင်လှသေးတယ်
အပိုင်း (၇၈) ရှန်ယွဲ့မှာ ချစ်သူအသစ်ရှိတယ်တဲ့
အပိုင်း ( ၇၉) ကျိုးရွှမ်းကို နာမည်တပ်ခေါ်တယ်
အပိုင်း (၈၀) ဟန်ရဲ့ကို မျက်နှာလုပ်ခွင့်ပေးလိုက်တယ်
အပိုင်း (၈၁) ငွေတစ်ခုသာ မျက်လုံးထဲမှာမြင်တယ်
Year End Promotion and Year End Event
Year End Event Announcement
အပိုင်း (၈၂) ယွမ် ၅၀,၀၀၀ကို လက်ခံလိုက်တယ်
GP - 2 မိတ်ဆက်
အပိုင်း ( ၈၃) ကျိုးမိသားစုဆီသို့ အလည်အပတ်
အပိုင်း (၈၄) ကမ္ဘာ့နံပါတ် တစ်, ဇီးရိုး
အပိုင်း (၈၅) ရန်သူရဲ့တန်ပြန်တိုက်စစ်
အပိုင်း (၈၆) ကျွန်တော်က အဲလိုလူမျိုးမဟုတ်
အပိုင်း (၈၇) အပြစ်ပြုမိသည်ဟု ခံစားမိခြင်း
အပိုင်း (၈၈) ကင်မရာကို ဖွင့်လိုက်မယ်
အပိုင်း (၈၉)ခံစားချက်ပေါ်မူတည်ပြီး ခန့်မှန်းကြည့်ခြင်း
အပိုင်း (၉၀) စပရိုက်နည်းနည်းတိုက်လိုက်မယ်
အပိုင်း (၉၂) ၃၆မိနစ်
အပိုင်း (၉၃) စပရိုက်သေးသေးလေး
အပိုင်း (၉၄) အခုချက်ချင်းထွက်သွား
အပိုင်း (၉၅) မဟာအခွင့်အရေးတစ်ခု
အပိုင်း (၉၆) အပြင်မှာ လေပြင်းနေတယ်
အပိုင်း (၉၇) အတုအယောင်ဟု သံသယဖြစ်မိ
အပိုင်း (၉၈) သူ့ခေါင်းကို ရိုက်ခွဲလိုက်တယ်
အပိုင်း (၉၉) တကယ်စိတ်ဆိုးတယ်
အပိုင်း (၁၀၀) ယွမ် တစ်သန်းလျှော်ကြေး
အပိုင်း (၁၀၁) အပေါက်ဆိုးတဲ့မိန်းမ
အပိုင်း (၁၀၂) နင့်ကို မေ့သွားတော့မလို့
အပိုင်း (၁၀၃) ဘယ်သူက ထွက်သွားခွင့်ပေးလို့လဲ
အပိုင်း (၁၀၄) ယွမ် နှစ်သိန်း
အပိုင်း (၁၀၅) ဘယ်သူက ထွက်သွားလို့ ပြောလို့လဲ
အပိုင်း (၁၀၆) + အပိုင်း (၁၀၇)
အပိုင်း (၁၀၈)+အပိုင်း (၁၀၉)
အပိုင်း (၁၁၀)+အပိုင်း(၁၁၁)
အပိုင်း (၁၁၂) + အပိုင်း (၁၁၃)
အပိုင်း (၁၁၄) + အပိုင်း (၁၁၅)
အပိုင်း (၁၁၆) + အပိုင်း (၁၁၇)
အပိုင်း (၁၁၈) +(၁၁၉)
အပိုင်း (၁၂၀) + အပိုင်း (၁၂၁)
အပိုင်း (၁၂၂) + အပိုင်း (၁၂၃)
အပိုင်း (၁၂၄) + အပိုင်း (၁၂၅)
အပိုင်း (၁၂၆+၁၂၇)
အပိုင်း (၁၂၈ + ၁၂၉)
အပိုင်း (၁၃၀ + ၁၃၁)
အပိုင်း (၁၃၂ + ၁၃၃)
အပိုင်း (၁၃၄ + ၁၃၅)
အပိုင်း (၁၃၆ + ၁၃၇)
အပိုင်း (၁၃၈ + ၁၃၉)
အပိုင်း (၁၄၀ + ၁၄၁)
အပိုင်း (၁၄၂ + ၁၄၃)
အပိုင်း (၁၄၄ + ၁၄၅)
အပိုင်း (၁၄၆ + ၁၄၇)
အပိုင်း (၁၄၈ + ၁၄၉)
Thingyan Promotion!
GP-3 Announcement + Promotion လေးထပ်ပေးထားပါတယ်ရှင်
အပိုင်း (၁၅၀+၁၅၁)
အပိုင်း (၁၅၂+၁၅၃)
အပိုင်း (၁၅၄+၁၅၅)
အပိုင်း (၁၅၆+၁၅၇)
အပိုင်း (၁၅၈+၁၅၉)
အပိုင်း (၁၆၀+၁၆၁)
အပိုင်း (၁၆၂+၁၆၃)
အပိုင်း (၁၆၄+၁၆၅)
အပိုင်း (၁၆၆+၁၆၇)
အပိုင်း (၁၆၈ + ၁၆၉)
အပိုင်း (၁၇၀+၁၇၁)
အပိုင်း (၁၇၂+၁၇၃)
အပိုင်း (၁၇၄+၁၇၅)

အပိုင်း (၉၁) ဥက္ကဋ္ဌကျိုးက ဂေး တဲ့

721 63 0
By ChihiroLily7

အပိုင်း (၉၁) ဥက္ကဋ္ဌကျိုးက ဂေး တဲ့

မနေ့က ကျန်းဟွမ် အလည်ရောက်လာသည့်အတွက် အိမ်၌ လုပ်ငန်းကိစ္စကိုင်တွယ်ရမည့် ကျိုးရွှမ်း၏အချိန်များသည် အများကြီး လျော့သွားခဲ့လေသည်။ နောက်ကျလွန်းသဖြင့် ဟယ်ရှန်က ကျိုးရွှမ်းအနားမယူရမည် စိုးသဖြင့် သူက ကျိုးရွှမ်းအတွက် နောက်ပိုင်းအချက်အလက်များကို ဦးစွာစစ်ဆေးပေးခဲ့ပြီး အချက်အလက်များကို USB Driveထဲ ပြောင်းထည့်ပေးလိုက်သည်။

ဟယ်ရှန့်က USB Driveကို ထွက်ယူနေသည်ကို မြင်လိုက်ရသဖြင့် ကျိုးရွှမ်းနှင့် အနည်းငယ်ဝေးရာတွင် ထိုင်နေသည့် ဝန်ထမ်းများက ချက်ချင်း တီးတိုးပြောဆိုနေကြလေသည်။

" ဥက္ကဋ္ဌကျိုးက နင့်အပေါ် အရမ်းတင်းကြပ်တာပဲနော်၊ စီမံဌာနက ရှောင်ချန်းပြောတာ ကြားလိုက်တယ်၊ ဥက္ကဋ္ဌကျိုးက အလုပ်အရမ်းများလွန်းလို့ နေ့လည်စာစားချိန်မှာတောင် ရုံးခန်းထဲမှာပဲ နေတာဆို"

" ဒါကြောင့် ငါက လူချမ်းသာတွေကို မနာလိုဖြစ်မိတာပေါ့၊ ဒါပေမယ့် ဥက္ကဋ္ဌကျိုးကိုတော့ မနာလိုမဖြစ်ပါဘူး၊ ကျိုးမိသားစုရဲ့ချမ်းသာမှုအားလုံးကို ဥက္ကဋ္ဌကျိုးက ရှာထားခဲ့တာလေ"

" ဥက္ကဋ္ဌကျိုးကို ကြည့်ရတာ သွေးအေးတဲ့လူနဲ့တူတယ်နော် ဒါပေမယ့် သူ အခုထိလည်း လက်မထပ်သေးဘူး၊ တစ်ယောက်ထဲနေပြီး ချမ်းသာတဲ့အမျိုးသမီးတွေက သူ့ကို လိုက်နေကြတာ၊ ဥက္ကဋ္ဌကျိုးက ဘာလို့ စိတ်လှုပ်ရှားတာမျိုးတောင် မဖြစ်တာလဲ"

" ဟုတ်ပါ့ဟယ် လက်ထပ်ဖို့မပြောနဲ့ ဥက္ကဋ္ဌကျိုး ချစ်သူရှိတယ်ဆိုတဲ့ သတင်းတောင် ငါတို့တစ်ခါမှမကြားခဲ့ဖူးဘူး"

အမျိုးသမီးဝန်ထမ်းတစ်ယောက် အဝေးတွင် ကွန်ပျူတာကို အလေးအနက်ကြည့်နေသည့် ကျိုးရွှမ်းကို သေသေချာချာ လှမ်းကြည့်လိုက်လေသည်။ သူမက အသံကိုနိမ့်လိုက်ပြီး အတင်းပြန်သည်။

" သူ့ဘေးမှာ ဘယ်မိန်းမမှ ပေါ်မလာခဲ့ဖူးဘူး၊ သူ့မှာ အမျိုးသမီးအတွင်းရေးမှူးတောင် မရှိဘူးနော်"

" ဒါက ငါတို့ရဲ့ဥက္ကဋ္ဌကျိုးက သန့်ရှင်းပြီး ငါတို့ယောက်ျားသားတွေအတွက် စံပြပုဂ္ဂိုလ်ဖြစ်တယ်ဆိုတဲ့ အဓိပ္ပါယ်ပေါ့ဟ" အင်္ကျီအကွက်အဆင်ဝတ်ထားသည့် အမျိုးသားဝန်ထမ်းက ဂုဏ်ယူစွာပြောလိုက်လေသည်။

" ဟင့်အင်း မဟုတ်ဘူး မဟုတ်ဘူး"

အမျိုးသမီးဝန်ထမ်းက ပိုပြီးဂရုတစိုက်နှင့် ပြောလိုက်လေသည်။ ခဏလောက် ရပ်လိုက်ပြီး သူတို့၏စိတ်ဝင်စားမှုကို တမင်နှိုးဆွလိုက်သည့်နှယ် သူမက အလေးအနက်ပြောလိုက်တော့သည်။

" ငါတို့ ဘဏ္ဍာရေးဌာနက တစ်နယ်ထဲက ဆယ်ယောက်သောနာမည်ကြီးအမျိုးသမီးတွေက ဆွေးနွေးချက်တစ်ခုလုပ်ပြီးသွားပြီဟာ ငါတို့တွေကတော့ ဥက္ကဋ္ဌကျိုးကို ဂေး လို့ပဲ ထင်တယ်၊ သူက ယောက်ျားတွေကို ကြိုက်တာ"

"ဘာရယ်၊ ဥက္ကဋ္ဌကျိုးက ယောက်ျားတွေကို ကြိုက်တာ ဟုတ်လား" အခုလေးတင် စကားပြောလိုက်သည့် အမျိုးသားဝန်ထမ်းသည် ချက်ချင်းပင် အလန့်တကြားဖြစ်သွားပြီး သူ့အသံက ပြောင်းသွားတော့သည်။

" ကဲပါဟယ် ဥက္ကဋ္ဌကျိုးက ယောက်ျားတွေကို ကြိုက်တယ်ဆိုရင်တောင် သူနင့်ကို မကြိုက်ပါဘူး..." အမျိုးသမီးဝန်ထမ်းက ချက်ချင်းပင် မျက်စောင်းဖြင့် ကြည့်လိုက်လေသည်။

" တိတ်တိတ်နေကြပါ"

ကျိူးရွှမ်းသည် အစည်းအဝေးခန်းမ အနောက်ဘက်မှ တီးတိုးသံများကို ကြားလိုက်ရပြီး သူတို့ကို အေးစက်စက် သတိပေးလိုက်လေသည်။ အားလုံးသည် ချက်ချင်းပင် ငြိမ်ကျသွားပြီး စကားမပြောရဲကြတော့ချေ။

ထိုအခိုက်မှာပင် ဟယ်ရှန်သည် ပြန်ရောက်လာပြီး အနည်းငယ် တာဝန်မကျေပွန်သည့်ရုပ် ဖြစ်နေလေသည်။ သူသည် ကျိုးရွှမ်း၏နားထဲသို့ တီးတိုးပြောလိုက်လေသည်။

" ဥက္ကဋ္ဌကျိုး ဆရာ့ရဲ့အိတ်ထဲမှာ USB Driveကို မတွေ့ခဲ့ဘူး"

" ကြည့်ရတာ ငါ အလောတကြီးနဲ့ မေ့ခဲ့တာထင်တယ်"

ကျိုးရွှမ်းသည် မျက်မှောင်ကျုံ့ထားလိုက်တော့သည်။ ယခုအချိန်သည် သည်အချက်အလက်များကို သုံးရမည့်အချိန်ဖြစ်နေသည်။ တစ်ယောက်ယောက်ကို ကျိုးအိမ်တော်တွင် ပြန်သွားယူခိုင်းလျှင်လည်း အလွန်နောက်ကျသွားတော့မည်။ ဒါမှ ပြဿနာပင်။

" ဒါဆို ကျွန်တော် မြန်မြန်ပြန်ပြီး သွားယူလိုက်မယ်.... ခဏ" ဟယ်ရှန့်သည် တစ်ခုခုကို ရုတ်တရက် သတိရသွားပြီး အံ့ဩတကြီးပြောလိုက်တော့သည်။

" ကျွန်တော်မနေ့က ဆရာ့ဆီ အချက်အလက်ပို့ဖို့ ကျွန်တော့်ကွန်ပျူတာကို သုံးခဲ့တာဆိုတော့ အဲထဲမှာ မှတ်တမ်းတစ်ခုတော့ ရှိလောက်တယ်၊ ကျွန်တော် အခုသွားယူလိုက်မယ်"

သိပ်မကြာခင်မှာပင် ဟယ်ရှန့်သည် ကူးထားသည့် USBနှင့် မြန်မြန်ပြန်ရောက်လာခဲ့လေသည်။ ကျိုးရွှမ်းက အချက်အလက်များကို ကူးထည့်လိုက်ရာ မနေ့ညက အချက်အလက်အမှန်ပင် ဖြစ်နေသည်ကို တွေ့လိုက်ရတော့သည်။ သူသည် ချက်ချင်းပင် စိတ်အေးသွားပြီး သူ့နောက်က စခရင်ကြီးပေါ်သို့ တင်လိုက်လေတော့သည်။

စခရင်ကြီးက လင်းလာသည်ကို မြင်လိုက်ရပြီးနောက် အီလက်ထရွန်နစ်စခရင်ကြီးက ရုတ်တရက် မဲသွားချိန်၌ ကျိုးရွှမ်းက USB Drive ထည့်ထားသည့် ကွန်ပျူတာနှင့်အတူ သူ့လက်အောက်လူကို တင်ပြရန် ခေါ်လိုက်လေသည်။

" ဘာဖြစ်နေတာလဲ၊ စက်ချို့ယွင်းနေတာလား" ဟယ်ရှန့်သည် ဘေးတွင် စောင့်နေဆဲ။ ထိုအချင်းအရာကို မြင်လိုက်သဖြင့် သူသည် ဘာဖြစ်နေသည်ကို စစ်ဆေးရန် ရှေ့သို့ မြန်မြန် လျှောက်သွားလိုက်တော့သည်။

ဟယ်ရှန့်သည် သူ့အတွေ့အကြုံနှင့် မြန်မြန် စစ်ဆေးကာ ပြောလိုက်လေသည်။

" ဥက္ကဋ္ဌကျိုး ခဏလေး စောင့်ပေးပါ၊ USB Drive ထဲက အချက်အလက်တွေက ချို့ယွင်းနေတာထင်တယ်၊ ကိစ္စက ကြီးကြီးမားမားတော့ မဟုတ်ပါဘူး"

မနက်စောစောစီးစီးတွင် အမှားနှစ်ခု တစ်ဆက်ထဲဖြစ်သွားခြင်းက ကျိုးရွှမ်းကို ထပ်ပြီး မျက်မှောင်ကျုံ့သွားစေတော့သည်။ သို့သော် သူသည် ဘာမှမပြောလိုက်ချေ။ သူသည် အီလက်ထရွန်နစ်စခရင်ကြီး၏ ဘေးသို့ ရွှေ့ပေးလိုက်ပြီး ဟယ်ရှန့် ပြင်ဆင်နေသည်ကို အဆုံးအထိ စောင့်ပေးလိုက်တော့သည်။

သို့သော် ကျိုးရွှမ်း၏စိတ်ထဲတွင် တစ်ခုခုလွဲနေသည်ဟု ခံစားနေရ၏။

သူ့အနီးတွင် ထိုင်နေသည့် အထက်လူကြီးတစ်ချို့က ဇဝေဇဝါမျက်လုံးဖြင့် သူရှိရာဖက်သို့ ကြည့်နေလေသည်။ ထို့နောက် သူတို့၏အမူအရာများသည့် ချက်ချင်းပြောင်းလဲသွားတော့သည်။ သူတို့သည် ခေါင်းကို ချက်ချင်းငုံ့ကာ ဒွိဟစိတ်ဖြင့် ပြန်ခေါင်းထောင်လာကြရာ သူတို့သည် သူ့ကို တစ်ခုခုပြောချင်သော်လည်း ပြောမထွက်သည့်နှယ်။

ချက်ချင်းဆိုသလို နောက်က လူအုပ်ကလည်း သည်အမူရာများ ထပ်ထွက်လာလေသည်။ သူတို့၏အမူရာများက အံ့ဩနေသော်လည်း ထူးထူးခြားခြား ကြောက်ရွံ့နေကြလေသည်။ သူတို့သည် သူ့ကို မြန်မြန်အကဲခတ်လိုက်ပြီး ကျိုးရွှမ်းက သူတို့ကို ကြည့်နေမှန်း တွေ့လိုက်ရသဖြင့် သူတို့ခေါင်းကို မြန်မြန်ပြန်ငုံ့ထားလိုက်တော့သည်။

သူတွေ ဘာဖြစ်နေကြတာလဲ။ ကျိုးရွှမ်းသည် အနည်းငယ်မကျေမနပ်ဖြစ်သွားတော့သည်။ သူ့ဝန်ထမ်းများသည် သည်နေ့မှ အနည်းငယ်မူမမှန်နေသည်ကို ခံစားမိသော်လည်း ထိုအကြောင်းကို တိုက်ရိုက်ပြောလိုက်ရဖို့ အဆင်မပြေနေချေ။ ထို့ကြောင့် သူက နှုတ်ဆိတ်ကာ ဆက်ပြီး ရပ်နေလိုက်ကာ အောက်က လူအုပ်ကြီးအား သူ့ကို အကဲခတ်ခွင့်ပေးထားလိုက်တော့သည်။

ပုံမှန်ဆိုလျှင်လည်း အစည်းအဝေးများတွင် ကျိုးရွှမ်းသည် မရေမတွက်နိုင်သည့်မျက်လုံးများဖြင့် ကြည့်ခံရတတ်လေသည်။ သူသည် ထိုအရာကို နေသားကျနေပြီးသားဖြစ်သော်လည်း သည်နေ့မှ သူ့ဆံပင်များ ထောင်တတ်သွားသည်အထိ အကြည့်ခံနေရလေသည်။ တစ်ခုခုတော့ အမှန်ပင် မှားယွင်းနေလေပြီ။

...

Zawgyi

အပိုင္း (၉၁) ဥကၠ႒က်ိဳးက ေဂး တဲ့

မေန႔က က်န္းဟြမ္ အလည္ေရာက္လာသည့္အတြက္ အိမ္၌ လုပ္ငန္းကိစၥကိုင္တြယ္ရမည့္ က်ိဳး႐ႊမ္း၏အခ်ိန္မ်ားသည္ အမ်ားႀကီး ေလ်ာ့သြားခဲ့ေလသည္။ ေနာက္က်လြန္းသျဖင့္ ဟယ္ရွန္က က်ိဳး႐ႊမ္းအနားမယူရမည္ စိုးသျဖင့္ သူက က်ိဳး႐ႊမ္းအတြက္ ေနာက္ပိုင္းအခ်က္အလက္မ်ားကို ဦးစြာစစ္ေဆးေပးခဲ့ၿပီး အခ်က္အလက္မ်ားကို USB Driveထဲ ေျပာင္းထည့္ေပးလိုက္သည္။

ဟယ္ရွန္႔က USB Driveကို ထြက္ယူေနသည္ကို ျမင္လိုက္ရသျဖင့္ က်ိဳး႐ႊမ္းႏွင့္ အနည္းငယ္ေဝးရာတြင္ ထိုင္ေနသည့္ ဝန္ထမ္းမ်ားက ခ်က္ခ်င္း တီးတိုးေျပာဆိုေနၾကေလသည္။

" ဥကၠ႒က်ိဳးက နင့္အေပၚ အရမ္းတင္းၾကပ္တာပဲေနာ္၊ စီမံဌာနက ေရွာင္ခ်န္းေျပာတာ ၾကားလိုက္တယ္၊ ဥကၠ႒က်ိဳးက အလုပ္အရမ္းမ်ားလြန္းလို႔ ေန႔လည္စာစားခ်ိန္မွာေတာင္ ႐ုံးခန္းထဲမွာပဲ ေနတာဆို"

" ဒါေၾကာင့္ ငါက လူခ်မ္းသာေတြကို မနာလိုျဖစ္မိတာေပါ့၊ ဒါေပမယ့္ ဥကၠ႒က်ိဳးကိုေတာ့ မနာလိုမျဖစ္ပါဘူး၊ က်ိဳးမိသားစုရဲ႕ခ်မ္းသာမႈအားလုံးကို ဥကၠ႒က်ိဳးက ရွာထားခဲ့တာေလ"

" ဥကၠ႒က်ိဳးကို ၾကည့္ရတာ ေသြးေအးတဲ့လူနဲ႔တူတယ္ေနာ္ ဒါေပမယ့္ သူ အခုထိလည္း လက္မထပ္ေသးဘူး၊ တစ္ေယာက္ထဲေနၿပီး ခ်မ္းသာတဲ့အမ်ိဳးသမီးေတြက သူ႔ကို လိုက္ေနၾကတာ၊ ဥကၠ႒က်ိဳးက ဘာလို႔ စိတ္လႈပ္ရွားတာမ်ိဳးေတာင္ မျဖစ္တာလဲ"

" ဟုတ္ပါ့ဟယ္ လက္ထပ္ဖို႔မေျပာနဲ႔ ဥကၠ႒က်ိဳး ခ်စ္သူရွိတယ္ဆိုတဲ့ သတင္းေတာင္ ငါတို႔တစ္ခါမွမၾကားခဲ့ဖူးဘူး"

အမ်ိဳးသမီးဝန္ထမ္းတစ္ေယာက္ အေဝးတြင္ ကြန္ပ်ဴတာကို အေလးအနက္ၾကည့္ေနသည့္ က်ိဳး႐ႊမ္းကို ေသေသခ်ာခ်ာ လွမ္းၾကည့္လိုက္ေလသည္။ သူမက အသံကိုနိမ့္လိုက္ၿပီး အတင္းျပန္သည္။

" သူ႔ေဘးမွာ ဘယ္မိန္းမမွ ေပၚမလာခဲ့ဖူးဘူး၊ သူ႔မွာ အမ်ိဳးသမီးအတြင္းေရးမႉးေတာင္ မရွိဘူးေနာ္"

" ဒါက ငါတို႔ရဲ႕ဥကၠ႒က်ိဳးက သန္႔ရွင္းၿပီး ငါတို႔ေယာက္်ားသားေတြအတြက္ စံျပပုဂၢိဳလ္ျဖစ္တယ္ဆိုတဲ့ အဓိပၸါယ္ေပါ့ဟ" အက်ႌအကြက္အဆင္ဝတ္ထားသည့္ အမ်ိဳးသားဝန္ထမ္းက ဂုဏ္ယူစြာေျပာလိုက္ေလသည္။

" ဟင့္အင္း မဟုတ္ဘူး မဟုတ္ဘူး"

အမ်ိဳးသမီးဝန္ထမ္းက ပိုၿပီးဂ႐ုတစိုက္ႏွင့္ ေျပာလိုက္ေလသည္။ ခဏေလာက္ ရပ္လိုက္ၿပီး သူတို႔၏စိတ္ဝင္စားမႈကို တမင္ႏႈိးဆြလိုက္သည့္ႏွယ္ သူမက အေလးအနက္ေျပာလိုက္ေတာ့သည္။

" ငါတို႔ ဘ႑ာေရးဌာနက တစ္နယ္ထဲက ဆယ္ေယာက္ေသာနာမည္ႀကီးအမ်ိဳးသမီးေတြက ေဆြးေႏြးခ်က္တစ္ခုလုပ္ၿပီးသြားၿပီဟာ ငါတို႔ေတြကေတာ့ ဥကၠ႒က်ိဳးကို ေဂး လို႔ပဲ ထင္တယ္၊ သူက ေယာက္်ားေတြကို ႀကိဳက္တာ"

"ဘာရယ္၊ ဥကၠ႒က်ိဳးက ေယာက္်ားေတြကို ႀကိဳက္တာ ဟုတ္လား" အခုေလးတင္ စကားေျပာလိုက္သည့္ အမ်ိဳးသားဝန္ထမ္းသည္ ခ်က္ခ်င္းပင္ အလန္႔တၾကားျဖစ္သြားၿပီး သူ႔အသံက ေျပာင္းသြားေတာ့သည္။

" ကဲပါဟယ္ ဥကၠ႒က်ိဳးက ေယာက္်ားေတြကို ႀကိဳက္တယ္ဆိုရင္ေတာင္ သူနင့္ကို မႀကိဳက္ပါဘူး..." အမ်ိဳးသမီးဝန္ထမ္းက ခ်က္ခ်င္းပင္ မ်က္ေစာင္းျဖင့္ ၾကည့္လိုက္ေလသည္။

" တိတ္တိတ္ေနၾကပါ"

က်ိဴး႐ႊမ္းသည္ အစည္းအေဝးခန္းမ အေနာက္ဘက္မွ တီးတိုးသံမ်ားကို ၾကားလိုက္ရၿပီး သူတို႔ကို ေအးစက္စက္ သတိေပးလိုက္ေလသည္။ အားလုံးသည္ ခ်က္ခ်င္းပင္ ၿငိမ္က်သြားၿပီး စကားမေျပာရဲၾကေတာ့ေခ်။

ထိုအခိုက္မွာပင္ ဟယ္ရွန္သည္ ျပန္ေရာက္လာၿပီး အနည္းငယ္ တာဝန္မေက်ပြန္သည့္႐ုပ္ ျဖစ္ေနေလသည္။ သူသည္ က်ိဳး႐ႊမ္း၏နားထဲသို႔ တီးတိုးေျပာလိုက္ေလသည္။

" ဥကၠ႒က်ိဳး ဆရာ့ရဲ႕အိတ္ထဲမွာ USB Driveကို မေတြ႕ခဲ့ဘူး"

" ၾကည့္ရတာ ငါ အေလာတႀကီးနဲ႔ ေမ့ခဲ့တာထင္တယ္"

က်ိဳး႐ႊမ္းသည္ မ်က္ေမွာင္က်ဳံ႕ထားလိုက္ေတာ့သည္။ ယခုအခ်ိန္သည္ သည္အခ်က္အလက္မ်ားကို သုံးရမည့္အခ်ိန္ျဖစ္ေနသည္။ တစ္ေယာက္ေယာက္ကို က်ိဳးအိမ္ေတာ္တြင္ ျပန္သြားယူခိုင္းလွ်င္လည္း အလြန္ေနာက္က်သြားေတာ့မည္။ ဒါမွ ျပႆနာပင္။

" ဒါဆို ကြၽန္ေတာ္ ျမန္ျမန္ျပန္ၿပီး သြားယူလိုက္မယ္.... ခဏ" ဟယ္ရွန္႔သည္ တစ္ခုခုကို ႐ုတ္တရက္ သတိရသြားၿပီး အံ့ဩတႀကီးေျပာလိုက္ေတာ့သည္။

" ကြၽန္ေတာ္မေန႔က ဆရာ့ဆီ အခ်က္အလက္ပို႔ဖို႔ ကြၽန္ေတာ့္ကြန္ပ်ဴတာကို သုံးခဲ့တာဆိုေတာ့ အဲထဲမွာ မွတ္တမ္းတစ္ခုေတာ့ ရွိေလာက္တယ္၊ ကြၽန္ေတာ္ အခုသြားယူလိုက္မယ္"

သိပ္မၾကာခင္မွာပင္ ဟယ္ရွန္႔သည္ ကူးထားသည့္ USBႏွင့္ ျမန္ျမန္ျပန္ေရာက္လာခဲ့ေလသည္။ က်ိဳး႐ႊမ္းက အခ်က္အလက္မ်ားကို ကူးထည့္လိုက္ရာ မေန႔ညက အခ်က္အလက္အမွန္ပင္ ျဖစ္ေနသည္ကို ေတြ႕လိုက္ရေတာ့သည္။ သူသည္ ခ်က္ခ်င္းပင္ စိတ္ေအးသြားၿပီး သူ႔ေနာက္က စခရင္ႀကီးေပၚသို႔ တင္လိုက္ေလေတာ့သည္။

စခရင္ႀကီးက လင္းလာသည္ကို ျမင္လိုက္ရၿပီးေနာက္ အီလက္ထ႐ြန္နစ္စခရင္ႀကီးက ႐ုတ္တရက္ မဲသြားခ်ိန္၌ က်ိဳး႐ႊမ္းက USB Drive ထည့္ထားသည့္ ကြန္ပ်ဴတာႏွင့္အတူ သူ႔လက္ေအာက္လူကို တင္ျပရန္ ေခၚလိုက္ေလသည္။

" ဘာျဖစ္ေနတာလဲ၊ စက္ခ်ိဳ႕ယြင္းေနတာလား" ဟယ္ရွန္႔သည္ ေဘးတြင္ ေစာင့္ေနဆဲ။ ထိုအခ်င္းအရာကို ျမင္လိုက္သျဖင့္ သူသည္ ဘာျဖစ္ေနသည္ကို စစ္ေဆးရန္ ေရွ႕သို႔ ျမန္ျမန္ ေလွ်ာက္သြားလိုက္ေတာ့သည္။

ဟယ္ရွန္႔သည္ သူ႔အေတြ႕အႀကဳံႏွင့္ ျမန္ျမန္ စစ္ေဆးကာ ေျပာလိုက္ေလသည္။

" ဥကၠ႒က်ိဳး ခဏေလး ေစာင့္ေပးပါ၊ USB Drive ထဲက အခ်က္အလက္ေတြက ခ်ိဳ႕ယြင္းေနတာထင္တယ္၊ ကိစၥက ႀကီးႀကီးမားမားေတာ့ မဟုတ္ပါဘူး"

မနက္ေစာေစာစီးစီးတြင္ အမွားႏွစ္ခု တစ္ဆက္ထဲျဖစ္သြားျခင္းက က်ိဳး႐ႊမ္းကို ထပ္ၿပီး မ်က္ေမွာင္က်ဳံ႕သြားေစေတာ့သည္။ သို႔ေသာ္ သူသည္ ဘာမွမေျပာလိုက္ေခ်။ သူသည္ အီလက္ထ႐ြန္နစ္စခရင္ႀကီး၏ ေဘးသို႔ ေ႐ႊ႕ေပးလိုက္ၿပီး ဟယ္ရွန္႔ ျပင္ဆင္ေနသည္ကို အဆုံးအထိ ေစာင့္ေပးလိုက္ေတာ့သည္။

သို႔ေသာ္ က်ိဳး႐ႊမ္း၏စိတ္ထဲတြင္ တစ္ခုခုလြဲေနသည္ဟု ခံစားေနရ၏။

သူ႔အနီးတြင္ ထိုင္ေနသည့္ အထက္လူႀကီးတစ္ခ်ိဳ႕က ဇေဝဇဝါမ်က္လုံးျဖင့္ သူရွိရာဖက္သို႔ ၾကည့္ေနေလသည္။ ထို႔ေနာက္ သူတို႔၏အမူအရာမ်ားသည့္ ခ်က္ခ်င္းေျပာင္းလဲသြားေတာ့သည္။ သူတို႔သည္ ေခါင္းကို ခ်က္ခ်င္းငုံ႔ကာ ဒြိဟစိတ္ျဖင့္ ျပန္ေခါင္းေထာင္လာၾကရာ သူတို႔သည္ သူ႔ကို တစ္ခုခုေျပာခ်င္ေသာ္လည္း ေျပာမထြက္သည့္ႏွယ္။

ခ်က္ခ်င္းဆိုသလို ေနာက္က လူအုပ္ကလည္း သည္အမူရာမ်ား ထပ္ထြက္လာေလသည္။ သူတို႔၏အမူရာမ်ားက အံ့ဩေနေသာ္လည္း ထူးထူးျခားျခား ေၾကာက္႐ြံ႕ေနၾကေလသည္။ သူတို႔သည္ သူ႔ကို ျမန္ျမန္အကဲခတ္လိုက္ၿပီး က်ိဳး႐ႊမ္းက သူတို႔ကို ၾကည့္ေနမွန္း ေတြ႕လိုက္ရသျဖင့္ သူတို႔ေခါင္းကို ျမန္ျမန္ျပန္ငုံ႔ထားလိုက္ေတာ့သည္။

သူေတြ ဘာျဖစ္ေနၾကတာလဲ။ က်ိဳး႐ႊမ္းသည္ အနည္းငယ္မေက်မနပ္ျဖစ္သြားေတာ့သည္။ သူ႔ဝန္ထမ္းမ်ားသည္ သည္ေန႔မွ အနည္းငယ္မူမမွန္ေနသည္ကို ခံစားမိေသာ္လည္း ထိုအေၾကာင္းကို တိုက္႐ိုက္ေျပာလိုက္ရဖို႔ အဆင္မေျပေနေခ်။ ထို႔ေၾကာင့္ သူက ႏႈတ္ဆိတ္ကာ ဆက္ၿပီး ရပ္ေနလိုက္ကာ ေအာက္က လူအုပ္ႀကီးအား သူ႔ကို အကဲခတ္ခြင့္ေပးထားလိုက္ေတာ့သည္။

ပုံမွန္ဆိုလွ်င္လည္း အစည္းအေဝးမ်ားတြင္ က်ိဳး႐ႊမ္းသည္ မေရမတြက္ႏိုင္သည့္မ်က္လုံးမ်ားျဖင့္ ၾကည့္ခံရတတ္ေလသည္။ သူသည္ ထိုအရာကို ေနသားက်ေနၿပီးသားျဖစ္ေသာ္လည္း သည္ေန႔မွ သူ႔ဆံပင္မ်ား ေထာင္တတ္သြားသည္အထိ အၾကည့္ခံေနရေလသည္။ တစ္ခုခုေတာ့ အမွန္ပင္ မွားယြင္းေနေလၿပီ။

...

Continue Reading

You'll Also Like

14.2K 2.2K 35
A girl like me Description ကံကောင်းသည့် ခပ်အအဖခင်၊သူမကို အလိုလိုက်ကာ ကာကွယ်ပေးတတ်သော မိခင်နှင့် ကျောကျော့မော့မော့လေးနေပြီး အထက်တန်းဆန်သော မောင်ဖြစ်သူ...
30.4K 4.5K 58
Original name - 如珠似玉 English Title - Like Pearl and Jade Author - Butterfly's Shadow Beneath the Moon Yue Xia Die Ying 月下蝶影 Chapters - 98 I do not o...
272K 14K 82
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...