အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စ...

By ChihiroLily7

105K 9.3K 82

လုပ်ကြံသူအဖွဲ့တစ်ခုရဲ့ ပျိုးထောင်ခံလာရပြီး ၁၃နှစ်တာလေ့ကျင့်လာပြီးနောက်ပိုင်း ရှန်ယွဲ့ဟာ အသက် ၁၇နှစ်အရွယ်မှာတေ... More

ဇာတ်လမ်းမိတ်ဆက်
အပိုင်း (၁) သစ္စာဖောက်
အပိုင်း (၂) ပြန်လည်မွေးဖွားခြင်း
အပိုင်း (၃) အမည်မသိပူပန်မှု
အပိုင်း (၄) ကျောင်းထွက်ပြီး အလုပ်လုပ်တဲ့
အပိုင်း ( ၅) အမဲဖျက်ခံရတော့မယ့်သိုးတစ်ကောင်
အပိုင်း (၆) မူလပိုင်ရှင်ရဲ့လျှို့ဝှက်ချက်
အပိုင်း (၇) နားလည်ရဲ့လား
အပိုင်း (၈) ကမ္ဘာ့အဆင့်ပုစ္ဆာများကို အဖြေထုတ်ခြင်း
အပိုင်း (၉) ကြီးမားတဲ့ယုံကြည်ချက်
အပိုင်း (၁၀) သူမ ရူးသွားတာလား
အပိုင်း (၁၁) ကျောင်းမှာ ပထမရခြင်း
အပိုင်း ( ၁၂) ဘတ်စ်ကားပေါ်ဖြစ်ရပ်
အပိုင်း (၁၃) လူပါးဝတဲ့ကောင်ကို သင်ခန်းစာပေးမယ်
အပိုင်း ( ၁၄) အရမ်းအကြင်နာမဲ့သွားတယ်
အပိုင်း ( ၁၅) ငါ့မကောင်းကြောင်းပြောနေကြတယ်
အပိုင်း (၁၆) ဆရာ့စည်းကမ်းကို လိုက်နာပါ
အပိုင်း (၁၇) လူမိုက်လေးတစ်သိုက်
အပိုင်း (၁၈) ချန်းမင် ဘောင်းဘီထဲသေးပေါက်ချတယ်
အပိုင်း (၁၉) သူက မင်းအမ လား
အပိုင်း (၂၀) ကျောင်းတော်ရဲ့မင်းသားလေးထပ်တောင်ပိုချောသေးတယ်
Paid Gp စပါပြီ
အပိုင်း (၂၁) ပိုက်ဆံမလောက်ခြင်း
အပိုင်း (၂၂) ပွဲကောင်းတစ်ခုကို စောင့်မျှော်ခြင်း
အပိုင်း (၂၃) နင့်ညီမလေးကို အလျှော့ပေးလိုက်တဲ့
အပိုင်း ( ၂၄) နင့်အသက်ကိုကယ်ပေးမယ်
အပိုင်း (၂၅) အရပ်ဝတ်နဲ့ရဲအတု
အပိုင်း (၂၆) သူမကိုတစ်သန်းပေးလိုက်တယ်
အပိုင်း (၂၇) သူမကိုနာမည် ပျက်စေချင်တာတဲ့
အပိုင်း (၂၈) တံတားပေါ်က ဘူးသီးခြောက်
အပိုင်း (၂၉) အရာရှိတစ်ယောက်ထပ်ဖြစ်မလာနိုင်တော့ဘူး
အပိုင်း (၃၀) ဖုန်းတစ်လုံးဝယ်ခြင်း
အပိုင်း (၃၁) ဆင်းရဲသားနှစ်ယောက်
အပိုင်း (၃၂) VVIP မန်ဘာ
အပိုင်း (၃၃) သူ့သဘောထားက ချက်ချင်းပြောင်းသွားတာနော်
အပိုင်း (၃၄) ကောင်းတဲ့ရည်ရွယ်ချက်နဲ့ မကောင်းတာလုပ်မိတယ်
အပိုင်း (၃၅) ယွမ်တစ်သန်းသုံးခြင်း
အပိုင်း (၃၆) လောင်းရဲလား
အပိုင်း (၃၇) သေမယ့်လမ်း
အပိုင်း (၃၈) သူမရဲ့သရုပ်မှန်
အပိုင်း (၃၉) သားအမိနှစ်ယောက်ကို ပညာပေးမယ်
အပိုင်း (၄၀) အကြွေးတိုင်းမှာ ကြွေးရှင်ရှိတယ်
အပိုင်း ( ၄၁) သွေးရေပန်း
အပိုင်း (၄၂) ယဲ့ရင်းကို ဆက်သွယ်ခြင်း
အပိုင်း (၄၃) ကျေးဇူးပြန်ဆပ်ခြင်း
အပိုင်း ( ၄၄) ကြယ်ငါးပွင့်ဟိုတယ်
အပိုင်း (၄၅) ငွေကို ရေလိုသုံးခြင်း
အပိုင်း (၄၆) စီးပွားရေးလုပ်ငန်း
အပိုင်း (၄၇) ချမ်းသာမှုနှင့် စိတ်ရင်း
အပိုင်း (၄၈) သူမရဲ့လျှို့ဝှက်ချက်
အပိုင်း (၄၉) ခက်ခဲတဲ့ဘဝမှာ နေချင်တယ်တဲ့
အပိုင်း (၅၀) ရဲတင်းလိုက်တာ
အပိုင်း (၅၁) သောက်ကျိုးနဲ
အပိုင်း (၅၂) အုံးနှောက်မကောင်းတော့ဘူး
Thidingyut Promotion
အပိုင်း (၅၃) အိုင်ဒေါအဟောင်း
အပိုင်း ( ၅၄) စိန်ခေါ်တဲ့မေးခွန်း
အပိုင်း (၅၅) သေချာပေါက်လုံးဝငွေမယူဘူး
အပိုင်း (၅၆) အရမ်းမျက်နှာပြောင်တယ်
အပိုင်း (၅၇) အုတ်အော်သောင်းနင်းဖြစ်သွားခြင်း
အပိုင်း (၅၈) အဖြေမှန်
အပိုင်း (၅၉) ငါလေးနဲ့ကစားကြတဲ့သက်တော်စောင့်တွေ
အပိုင်း (၆၀) အာမခံချက်ရှိတဲ့ဝင်ခွင့်အခွင့်အရေးရရှိခြင်း
အပိုင်း (၆၁) သိပ္ပံနည်းကျသုတေသနကို စိတ်မဝင်စားပါ
အပိုင်း (၆၂) အေးစက်စက် ငြင်းပယ်ခြင်း
အပိုင်း ( ၆၃) စိတ်၏လှည့်စားခံရခြင်း
Announcement
အပိုင်း (၆၄) ရယ်စရာကောင်းတဲ့ရမှတ်
အပိုင်း (၆၅) ကလိမ်ကျတဲ့ နည်းလမ်းတစ်ချို့
အပိုင်း (၆၆) မသမာမှုကြောင့် အသရေဖျက်ခြင်း
အပိုင်း (၆၇) ပရမ်းပတာဖြစ်ခြင်း
အပိုင်း (၆၈) အမှတ်ပြည့်
အပိုင်း ( ၆၉) ဆရာမကိုတောင်းပန်လိုက်
အပိုင်း (၇၀) တရားရုံးမှာတွေ့မယ်
အပိုင်း (၇၁) ရှန်ယွဲ့က ရဲခေါ်လိုက်တယ်
အပိုင်း (၇၂) အိုဗာဖြစ်လွန်းတယ်
အပိုင်း (၇၃) ကျောင်းအုပ်ကြီး၏လုပ်ဆောင်ချက်ကို စောင့်ကြည့်ခြင်း
အပိုင်း (၇၄) မင်းကို တနေရာရာမှာတွေ့ဖူးသလိုပဲ
အပိုင်း (၇၅) နောက်ကွယ်လူတစ်စု
အပိုင်း (၇၆) သူကလူပြက်တစ်ယောက်လိုပဲ
အပိုင်း (၇၇) ကျောင်းတော်ရဲ့မင်းသမီးလေးထပ်တောင်လှသေးတယ်
အပိုင်း (၇၈) ရှန်ယွဲ့မှာ ချစ်သူအသစ်ရှိတယ်တဲ့
အပိုင်း ( ၇၉) ကျိုးရွှမ်းကို နာမည်တပ်ခေါ်တယ်
အပိုင်း (၈၀) ဟန်ရဲ့ကို မျက်နှာလုပ်ခွင့်ပေးလိုက်တယ်
အပိုင်း (၈၁) ငွေတစ်ခုသာ မျက်လုံးထဲမှာမြင်တယ်
Year End Promotion and Year End Event
Year End Event Announcement
အပိုင်း (၈၂) ယွမ် ၅၀,၀၀၀ကို လက်ခံလိုက်တယ်
GP - 2 မိတ်ဆက်
အပိုင်း ( ၈၃) ကျိုးမိသားစုဆီသို့ အလည်အပတ်
အပိုင်း (၈၄) ကမ္ဘာ့နံပါတ် တစ်, ဇီးရိုး
အပိုင်း (၈၅) ရန်သူရဲ့တန်ပြန်တိုက်စစ်
အပိုင်း (၈၆) ကျွန်တော်က အဲလိုလူမျိုးမဟုတ်
အပိုင်း (၈၇) အပြစ်ပြုမိသည်ဟု ခံစားမိခြင်း
အပိုင်း (၈၈) ကင်မရာကို ဖွင့်လိုက်မယ်
အပိုင်း (၈၉)ခံစားချက်ပေါ်မူတည်ပြီး ခန့်မှန်းကြည့်ခြင်း
အပိုင်း (၉၁) ဥက္ကဋ္ဌကျိုးက ဂေး တဲ့
အပိုင်း (၉၂) ၃၆မိနစ်
အပိုင်း (၉၃) စပရိုက်သေးသေးလေး
အပိုင်း (၉၄) အခုချက်ချင်းထွက်သွား
အပိုင်း (၉၅) မဟာအခွင့်အရေးတစ်ခု
အပိုင်း (၉၆) အပြင်မှာ လေပြင်းနေတယ်
အပိုင်း (၉၇) အတုအယောင်ဟု သံသယဖြစ်မိ
အပိုင်း (၉၈) သူ့ခေါင်းကို ရိုက်ခွဲလိုက်တယ်
အပိုင်း (၉၉) တကယ်စိတ်ဆိုးတယ်
အပိုင်း (၁၀၀) ယွမ် တစ်သန်းလျှော်ကြေး
အပိုင်း (၁၀၁) အပေါက်ဆိုးတဲ့မိန်းမ
အပိုင်း (၁၀၂) နင့်ကို မေ့သွားတော့မလို့
အပိုင်း (၁၀၃) ဘယ်သူက ထွက်သွားခွင့်ပေးလို့လဲ
အပိုင်း (၁၀၄) ယွမ် နှစ်သိန်း
အပိုင်း (၁၀၅) ဘယ်သူက ထွက်သွားလို့ ပြောလို့လဲ
အပိုင်း (၁၀၆) + အပိုင်း (၁၀၇)
အပိုင်း (၁၀၈)+အပိုင်း (၁၀၉)
အပိုင်း (၁၁၀)+အပိုင်း(၁၁၁)
အပိုင်း (၁၁၂) + အပိုင်း (၁၁၃)
အပိုင်း (၁၁၄) + အပိုင်း (၁၁၅)
အပိုင်း (၁၁၆) + အပိုင်း (၁၁၇)
အပိုင်း (၁၁၈) +(၁၁၉)
အပိုင်း (၁၂၀) + အပိုင်း (၁၂၁)
အပိုင်း (၁၂၂) + အပိုင်း (၁၂၃)
အပိုင်း (၁၂၄) + အပိုင်း (၁၂၅)
အပိုင်း (၁၂၆+၁၂၇)
အပိုင်း (၁၂၈ + ၁၂၉)
အပိုင်း (၁၃၀ + ၁၃၁)
အပိုင်း (၁၃၂ + ၁၃၃)
အပိုင်း (၁၃၄ + ၁၃၅)
အပိုင်း (၁၃၆ + ၁၃၇)
အပိုင်း (၁၃၈ + ၁၃၉)
အပိုင်း (၁၄၀ + ၁၄၁)
အပိုင်း (၁၄၂ + ၁၄၃)
အပိုင်း (၁၄၄ + ၁၄၅)
အပိုင်း (၁၄၆ + ၁၄၇)
အပိုင်း (၁၄၈ + ၁၄၉)
Thingyan Promotion!
GP-3 Announcement + Promotion လေးထပ်ပေးထားပါတယ်ရှင်
အပိုင်း (၁၅၀+၁၅၁)
အပိုင်း (၁၅၂+၁၅၃)
အပိုင်း (၁၅၄+၁၅၅)
အပိုင်း (၁၅၆+၁၅၇)
အပိုင်း (၁၅၈+၁၅၉)
အပိုင်း (၁၆၀+၁၆၁)
အပိုင်း (၁၆၂+၁၆၃)

အပိုင်း (၉၀) စပရိုက်နည်းနည်းတိုက်လိုက်မယ်

569 52 0
By ChihiroLily7

အပိုင်း (၉၀) စပရိုက်နည်းနည်းတိုက်လိုက်မယ်

မေးခွန်းတွေကို ဖြေခဲ့တဲ့ လျှို့ဝှက်ပုဂ္ဂိုလ်က တကယ်ပဲ ဇီးရိုးသာဆိုရင် မြို့တော်တက္ကသိုလ်ကို ငြင်းလိုက်ဖို့က သူမအတွက်တော့ အရမ်းကို ကျိုးကြောင်းသင့်ပြီး ပုံမှန်ပါပဲ။

တကယ်တော့ ဇီးရိုးက ကမ္ဘာ့နံပါတ်တစ် ပါရမီရှင်ဟက်ကာတစ်ယောက်လေ။ မရေမတွက်နိုင်တဲ့ နိုင်ငံတွေနဲ့ အဖွဲ့အစည်းတွေက သူမကို ပျားရည်ဝမ်းချပြီး ခေါ်ထားချင်ကြတာ။ ကံမကောင်းချင်တော့ ဘယ်သူကမှ သူမကို အရင်ဆုံး ဆက်သွယ်လို့မရခဲ့ဘူး။ သူတို့တွေ ဇီးရိုးကပဲ သူတို့ကို လာရှာမှာကို စောင့်နေရုံပဲ တတ်နိုင်ခဲ့ကြတာ။

ကျိုးရွှမ်း၏စကားကို ကြားလိုက်ပြီးနောက် လင်ရှောင်းနှင့် ကျန်းဟွမ်တို့သည် ထိုအကြောင်းကို သေသေချာချာ စဥ်းစားလိုက်ပြီးနောက် နှမြောသတစွာဖြင့် နှုတ်ဆက်ကာ ပြန်သွားကြတောသည်။

လွန်ခဲ့သည့် ဆယ်မိနစ်က...

နောက်ဆုံး ခလုပ်ကို နှိပ်လိုက်ပြီးနောက် ရှန်ယွဲ့သည် သမ်းဝေကာ ထရပ်လိုက်လေသည်။

" ဖြေရှင်းပြီးသွားပြီ၊ ငါတို့တွေကို တိုက်ခိုက်ခဲ့တဲ့ စက်ကနေပြီးတော့ အသုံးပြုသူရဲ့အချက်အလက်တွေကို ရခဲ့တယ် ပြီးတော့ သူ့ကွန်ပျူတာကို ဖျက်ဆီးလိုက်ပြီ"

"အစ်မ နင် အရမ်းမိုက်တယ်"

ရှန်ချန်က တောက်ပနေသည့် မျက်လုံးများနှင့် ရှန်ယွဲ့ကို ကြည့်လိုက်ပြီး သူ့မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုများ ပြည့်နေတော့သည်။ သူသည် လေးစားအားကျဟန်ဖြင့် ပြောလိုက်တော့သည်။

" ငါအစတုန်းက ဟက်ကာတွေ လိုင်းပေါ်မှာ တိုက်ခိုက်ကြတာက ရုပ်ရှင်တွေထဲမှာပဲ ရှိတယ်လို့ ထင်ထားခဲ့တာ၊ ဒီနေ့ ငါ့မျက်လုံးနဲ့ ကိုယ်တိုင်မြင်လိုက်ရမယ်လို့ ထင်မထားဘူး၊ ဘုရားရေ"

ရှန်ယွဲ့သည် သည်ကိစ္စကို နေသားကျနေပြီးဖြစ်လေသည်။ လွန်ခဲ့သည့်နှစ်အနည်းက သူမသည် အားလပ်သည့်အခါတိုင်း ဇီးရိုးနာမည်ဖြင့် အင်တာနက်ပေါ်တွင် စိန်ခေါ်တတ်ပြီး ကမ္ဘာတစ်ဝှမ်းလုံးက ဟက်ကာများနှင့် မရေမတွက်နိုင်အောင် လက်ရည်ချင်းယှဥ်ခဲ့သည်။ ဝမ်းနည်းစရာက မည်သူမှ သူမကို အနိုင်မရဲ့ချေ။

ဒီနေ့ ပညာချင်းဖလှယ်ခဲ့တဲ့ ဝတ်စုံပြည့်နဲ့ လူကတော့ ငါလေးမြင်ဖူးသမျှထဲမှာ ပိုမြင့်တဲ့အဆင့်ဝင် ဟက်ကာတွေထဲက တစ်ယောက်ဖြစ်မယ်။ စိတ်မကောင်းစရာပဲ။ သူလည်း အမှားနည်းနည်းလေး လုပ်မိသွားလို့ ငါလေးကို ရှုံးသွားလေရဲ့။

ငါလေးကလည်း တဖက်လူရဲ့ ကွန်ပျူတာကို ဟက်ဖို့ သူ့ဟာကွက်ကို ကောင်းကောင်း အသုံးချခဲ့တယ်လေ။ ကွန်ပျူတာကင်မရာရဲ့ ထိန်းချုပ်စနစ်ကို လုယူခဲ့ရုံမကဘူး တဖက်လူရဲ့ စက်ထဲက အသုံးပြုသူအချက်အလက်တွေ နောက်လိုက်ရင်း သူ့သရုပ်မှန်းကို တွေ့လိုက်ရသေးတယ်။

တစ်ဖက်လူနာမည်က ဟယ်ရှန့်တဲ့။ အပေါ်ယံမှာတော့ သူက ဗဟိုမြို့တော်က ကုမ္ပဏီကြီးတစ်ခုရဲ့ ဆိုက်ဘာလုံခြုံရေး အကြံပေးတစ်ယောက်ပဲ။ တကယ်တော့ သူက ကမ္ဘာ့ဟက်ကာအဆင့်သတ်မှတ်ချက်ထဲက အဆင့်၁၄ ဟက်ကာတစ်ယောက်ပဲ။ ဟက်ကာ ဖယ်လ်ကွန်တဲ့။

ဟယ်ရှန့် အလုပ်လုပ်ပေးနေတဲ့ ကုမ္ပဏီကိုတော့ ရှန်ယွဲ့သည် သိပ်ဂရုမစိုက်ပေ။ သူမသည် ထိုအရာကို ဟယ်ရှန့်က အပြင်လောကတွင် သုံးသည့် IDအတုဟုသာ မှတ်ယူလိုက်တော့သည်။ ထို့ကြောင့် သူမသည် ဟယ်ရှန့်နှင့် ကျိုးမိသားစုတို့ ပတ်သက်မှု အရေးကြီးအချက်အလက်ကို လွှတ်သွားတော့သည်။

"ဖယ်လ်ကွန်...."

ရှန်ယွဲ့သည် အရင်ကတစ်ခါမှ မမြင်ခဲ့ဖူးသည့် သည်ကုဒ်နာမည်ကို ရေရွတ်နေလိုက်တော့သည်။ သူမသည်ရုတ်တရက် အတွေးတစ်ခု ဝင်လာတော့သည်။ သူမ၏မျက်လုံးများကို ကျဥ်းမြောင်းထားလိုက်ပြီး ကွန်ပျူတာရှေ့တွင် ပြန်ထိုင်ချလိုက်လေသည်။

" အစ်မ နင်ဘာလုပ်နေတာလဲ၊ အခုလေးတင် လုပ်စရာရှိတာတွေ ပြီးသွားပြီမလား" ရှန်ချန်က မေးလိုက်လေသည်။

" အင်း ငါသူ့ကို စပရိုက်သေးသေးလေး တိုက်ချင်လို့" ရှန်ယွဲ့က ပြုံးကာ ပြောလိုက်လေသည်။

" ဘာလဲ"

ရှန်ယွဲ့သည် ကိုယ်တိုင်အလုပ်များနေရင်းက သူ့ကို လှမ်းကြည့်လိုက်လေသည်။

" ကောင်လေး မေးခွန်းတွေ မေးမနေနဲ့တော့၊ သူ့ကို ပညာပေးဖို့ဆိုတာ သိထားရင် ရပြီ"

"ဘာလဲ အစ်မ နင်က ငါ့ထက် တစ်နှစ်ပဲ ကြီးတာကို၊ ငါ့ကို ကလေးလို့ ဘာကြည့်ပြီးပြောတာလဲ" ရှန်ချန်သည် ချက်ချင်း စိတ်ဆိုးသွားတော့သည်။

ကောင်လေးဟု ခေါ်ခံလိုက်ရသဖြင့် အနည်းငယ်ဝမ်းနည်းနေသေးသော်လည်း ရှန်ချန်သည် ရှန်ယွဲ့ အလုပ်များနေသည်ကို မြင်လိုက်ချိန်၌ နှောင့်ယှက်မည့်စိတ်ကို ပြန်ထိန်းထားလိုက်တော့သည်။ ထို့အစား သူသည် ရှန်ယွဲ့၏ကျောပြင်ကို တိတ်တိတ်လေး ကြည့်ပြီး နှုတ်ဆိတ်ကာ တွေးတောနေလိုက်လေသည်။

သူက ရှန်ယွဲ့ရေးထားတဲ့အဖြေတွေကို ဒီအတိုင်းသာမန်ကာလျှံကာ တင်လိုက်တာကို ဒီလိုဒုက္ခမျိုး ဖြစ်လာခဲ့ရတယ်လို့။ အပြင်လောကလူတွေကလည်း ရှန်ယွဲ့ရဲ့သရုပ်မှန်ကို သိချင်နေကြပြီး ပုန်းကွယ်နေတဲ့ အန္တရာယ်က ပိုပြီးအန္တရာယ်များသေးတယ်။

ရှန်ယွဲ့က ဒါကို လွယ်လွယ်လေးနဲ့ ဖြေရှင်းနိုင်တယ်ဆိုပေမယ့် လူတစ်စု ခဏခဏ နည်းလမ်းပေါင်းစုံနဲ့ သူတို့ရဲ့သရုပ်မှန်ကို ရှာနေကြတာ အရမ်းစိတ်ရှုပ်ဖို့ကောင်းတာပဲ။

ဘာပဲ ဖြစ်ဖြစ် ရှန်ယွဲ့ကမှ မြို့တော်တက္ကသိုလ်ရဲ့ အာမခံဝင်ခွင့်မှ မလိုတာပဲ။ ရှန်ချန်သည် ခဏလောက်စဥ်းစားလိုက်ပြီး လူအများကြီးစိတ်ဝင်စားနေကြသည့် အင်မတန်နာမည်ကြီးနေသည့်ပိုစ့်ကို ဒီအတိုင်းဖျက်ပစ်လိုက်တော့သည်။ သူသည် သူ့အကောင့်ကိုလည်း ဖျက်လိုက်လေသည်။

အားလုံး လုပ်ပြီးသွားသည့်နောက် ရှန်ချန်သည် ချက်ချင်းဆိုသလို ပိုပြီး စိတ်အေးချမ်းသွားတော့သည်။

သူ ပြန်မော့ကြည့်လိုက်ချိန်၌ ရှန်ယွဲ့က သူမ၏အလုပ်ကို လက်စသတ်ပြီးကာစ ဖြစ်လေသည်။ သူမက အကြောဆန့်လိုက်ပြီး

" ပြီးသွားပြီ၊ ငါ သွားအိပ်တော့မယ် ဂွတ်နိုက်"

နောက်တစ်နေ့။

"နံပါတ် ၃ လက်လွဲယူမယ့်အစီအစဥ်နဲ့ ပတ်သက်ပြီး ဒါကို မနေ့က ရှယ်ယာရှင်အစည်းအဝေးမှာ လက်ခံထားပြီးသားဆိုပေမယ့် အပြစ်အနာအဆာ နည်းနည်းရှိနေသေးတယ်၊ ကျွန်တော်မနေ့ညက စစ်ဆေးပြီးတော့ ပြင်ဆင်ခဲ့တယ်၊ နောက်မှ အားလုံးကို ပြပါမယ်၊ စီမံကိန်းဌာန သေချာဂရုစိုက်လုပ်ပါ နောက်ထပ် မဖြစ်စေနဲ့"

ကျိုးရွှမ်းသည် အောက်ကလူအုပ်ကြီးကို လေသံနှိမ့်ကာ ပြောလိုက်လေသည်။ သူသည် တောင့်နေအောင် မီးပူတိုက်ထားသည့် ဝတ်စုံတစ်ခုကို ဝတ်ထားသည်။

လတ်တလောတွင် ကုမ္ပဏီတစ်ခုကို လက်လွဲယူမည့်ကိစ္စနှင့် ပတ်သက်သည့် ကျိုးကော်ပိုရေးရှင်း၏ အရေးကြီးအစည်းအဝေးတစ်ခု ဖြစ်လေသည်။ ကျိုးရွှမ်းသည် အခုတလောတွင် သည်ကိစ္စနှင့် အလုပ်များနေသည်။ သူသည် အကောင်းဆုံး ဖြစ်ချင်သဖြင့် ပရောဂျက်များကို ကိုယ်တိုင် နောက်က လိုက်လုပ်ပေးနေလေသည်။

ထိုသို့ပြောလိုက်ပြီး ကျိုးရွှမ်းက ဘေးတွင် စောင့်နေသည့် ဟယ်ရှန့်ကို ကြည့်လိုက်ပြီး အချက်အလက်ထည့်ထားသည့် USB driveကို ယူလာရန် လက်ဟန်ပြလိုက်လေတော့သည်။

...

Zawgyi

အပိုင္း (၉၀) စပ႐ိုက္နည္းနည္းတိုက္လိုက္မယ္

ေမးခြန္းေတြကို ေျဖခဲ့တဲ့ လွ်ိဳ႕ဝွက္ပုဂၢိဳလ္က တကယ္ပဲ ဇီး႐ိုးသာဆိုရင္ ၿမိဳ႕ေတာ္တကၠသိုလ္ကို ျငင္းလိုက္ဖို႔က သူမအတြက္ေတာ့ အရမ္းကို က်ိဳးေၾကာင္းသင့္ၿပီး ပုံမွန္ပါပဲ။

တကယ္ေတာ့ ဇီး႐ိုးက ကမာၻ႔နံပါတ္တစ္ ပါရမီရွင္ဟက္ကာတစ္ေယာက္ေလ။ မေရမတြက္ႏိုင္တဲ့ ႏိုင္ငံေတြနဲ႔ အဖြဲ႕အစည္းေတြက သူမကို ပ်ားရည္ဝမ္းခ်ၿပီး ေခၚထားခ်င္ၾကတာ။ ကံမေကာင္းခ်င္ေတာ့ ဘယ္သူကမွ သူမကို အရင္ဆုံး ဆက္သြယ္လို႔မရခဲ့ဘူး။ သူတို႔ေတြ ဇီး႐ိုးကပဲ သူတို႔ကို လာရွာမွာကို ေစာင့္ေန႐ုံပဲ တတ္ႏိုင္ခဲ့ၾကတာ။

က်ိဳး႐ႊမ္း၏စကားကို ၾကားလိုက္ၿပီးေနာက္ လင္ေရွာင္းႏွင့္ က်န္းဟြမ္တို႔သည္ ထိုအေၾကာင္းကို ေသေသခ်ာခ်ာ စဥ္းစားလိုက္ၿပီးေနာက္ ႏွေျမာသတစြာျဖင့္ ႏႈတ္ဆက္ကာ ျပန္သြားၾကေတာသည္။

လြန္ခဲ့သည့္ ဆယ္မိနစ္က...

ေနာက္ဆုံး ခလုပ္ကို ႏွိပ္လိုက္ၿပီးေနာက္ ရွန္ယြဲ႕သည္ သမ္းေဝကာ ထရပ္လိုက္ေလသည္။

" ေျဖရွင္းၿပီးသြားၿပီ၊ ငါတို႔ေတြကို တိုက္ခိုက္ခဲ့တဲ့ စက္ကေနၿပီးေတာ့ အသုံးျပဳသူရဲ႕အခ်က္အလက္ေတြကို ရခဲ့တယ္ ၿပီးေတာ့ သူ႔ကြန္ပ်ဴတာကို ဖ်က္ဆီးလိုက္ၿပီ"

"အစ္မ နင္ အရမ္းမိုက္တယ္"

ရွန္ခ်န္က ေတာက္ပေနသည့္ မ်က္လုံးမ်ားႏွင့္ ရွန္ယြဲ႕ကို ၾကည့္လိုက္ၿပီး သူ႔မ်က္ႏွာေပၚတြင္ စိတ္လႈပ္ရွားမႈမ်ား ျပည့္ေနေတာ့သည္။ သူသည္ ေလးစားအားက်ဟန္ျဖင့္ ေျပာလိုက္ေတာ့သည္။

" ငါအစတုန္းက ဟက္ကာေတြ လိုင္းေပၚမွာ တိုက္ခိုက္ၾကတာက ႐ုပ္ရွင္ေတြထဲမွာပဲ ရွိတယ္လို႔ ထင္ထားခဲ့တာ၊ ဒီေန႔ ငါ့မ်က္လုံးနဲ႔ ကိုယ္တိုင္ျမင္လိုက္ရမယ္လို႔ ထင္မထားဘူး၊ ဘုရားေရ"

ရွန္ယြဲ႕သည္ သည္ကိစၥကို ေနသားက်ေနၿပီးျဖစ္ေလသည္။ လြန္ခဲ့သည့္ႏွစ္အနည္းက သူမသည္ အားလပ္သည့္အခါတိုင္း ဇီး႐ိုးနာမည္ျဖင့္ အင္တာနက္ေပၚတြင္ စိန္ေခၚတတ္ၿပီး ကမာၻတစ္ဝွမ္းလုံးက ဟက္ကာမ်ားႏွင့္ မေရမတြက္ႏိုင္ေအာင္ လက္ရည္ခ်င္းယွဥ္ခဲ့သည္။ ဝမ္းနည္းစရာက မည္သူမွ သူမကို အႏိုင္မရဲ႕ေခ်။

ဒီေန႔ ပညာခ်င္းဖလွယ္ခဲ့တဲ့ ဝတ္စုံျပည့္နဲ႔ လူကေတာ့ ငါေလးျမင္ဖူးသမွ်ထဲမွာ ပိုျမင့္တဲ့အဆင့္ဝင္ ဟက္ကာေတြထဲက တစ္ေယာက္ျဖစ္မယ္။ စိတ္မေကာင္းစရာပဲ။ သူလည္း အမွားနည္းနည္းေလး လုပ္မိသြားလို႔ ငါေလးကို ရႈံးသြားေလရဲ႕။

ငါေလးကလည္း တဖက္လူရဲ႕ ကြန္ပ်ဴတာကို ဟက္ဖို႔ သူ႔ဟာကြက္ကို ေကာင္းေကာင္း အသုံးခ်ခဲ့တယ္ေလ။ ကြန္ပ်ဴတာကင္မရာရဲ႕ ထိန္းခ်ဳပ္စနစ္ကို လုယူခဲ့႐ုံမကဘူး တဖက္လူရဲ႕ စက္ထဲက အသုံးျပဳသူအခ်က္အလက္ေတြ ေနာက္လိုက္ရင္း သူ႔သ႐ုပ္မွန္းကို ေတြ႕လိုက္ရေသးတယ္။

တစ္ဖက္လူနာမည္က ဟယ္ရွန္႔တဲ့။ အေပၚယံမွာေတာ့ သူက ဗဟိုၿမိဳ႕ေတာ္က ကုမၸဏီႀကီးတစ္ခုရဲ႕ ဆိုက္ဘာလုံၿခဳံေရး အႀကံေပးတစ္ေယာက္ပဲ။ တကယ္ေတာ့ သူက ကမာၻ႔ဟက္ကာအဆင့္သတ္မွတ္ခ်က္ထဲက အဆင့္၁၄ ဟက္ကာတစ္ေယာက္ပဲ။ ဟက္ကာ ဖယ္လ္ကြန္တဲ့။

ဟယ္ရွန္႔ အလုပ္လုပ္ေပးေနတဲ့ ကုမၸဏီကိုေတာ့ ရွန္ယြဲ႕သည္ သိပ္ဂ႐ုမစိုက္ေပ။ သူမသည္ ထိုအရာကို ဟယ္ရွန္႔က အျပင္ေလာကတြင္ သုံးသည့္ IDအတုဟုသာ မွတ္ယူလိုက္ေတာ့သည္။ ထို႔ေၾကာင့္ သူမသည္ ဟယ္ရွန္႔ႏွင့္ က်ိဳးမိသားစုတို႔ ပတ္သက္မႈ အေရးႀကီးအခ်က္အလက္ကို လႊတ္သြားေတာ့သည္။

"ဖယ္လ္ကြန္...."

ရွန္ယြဲ႕သည္ အရင္ကတစ္ခါမွ မျမင္ခဲ့ဖူးသည့္ သည္ကုဒ္နာမည္ကို ေရ႐ြတ္ေနလိုက္ေတာ့သည္။ သူမသည္႐ုတ္တရက္ အေတြးတစ္ခု ဝင္လာေတာ့သည္။ သူမ၏မ်က္လုံးမ်ားကို က်ဥ္းေျမာင္းထားလိုက္ၿပီး ကြန္ပ်ဴတာေရွ႕တြင္ ျပန္ထိုင္ခ်လိုက္ေလသည္။

" အစ္မ နင္ဘာလုပ္ေနတာလဲ၊ အခုေလးတင္ လုပ္စရာရွိတာေတြ ၿပီးသြားၿပီမလား" ရွန္ခ်န္က ေမးလိုက္ေလသည္။

" အင္း ငါသူ႔ကို စပ႐ိုက္ေသးေသးေလး တိုက္ခ်င္လို႔" ရွန္ယြဲ႕က ၿပဳံးကာ ေျပာလိုက္ေလသည္။

" ဘာလဲ"

ရွန္ယြဲ႕သည္ ကိုယ္တိုင္အလုပ္မ်ားေနရင္းက သူ႔ကို လွမ္းၾကည့္လိုက္ေလသည္။

" ေကာင္ေလး ေမးခြန္းေတြ ေမးမေနနဲ႔ေတာ့၊ သူ႔ကို ပညာေပးဖို႔ဆိုတာ သိထားရင္ ရၿပီ"

"ဘာလဲ အစ္မ နင္က ငါ့ထက္ တစ္ႏွစ္ပဲ ႀကီးတာကို၊ ငါ့ကို ကေလးလို႔ ဘာၾကည့္ၿပီးေျပာတာလဲ" ရွန္ခ်န္သည္ ခ်က္ခ်င္း စိတ္ဆိုးသြားေတာ့သည္။

ေကာင္ေလးဟု ေခၚခံလိုက္ရသျဖင့္ အနည္းငယ္ဝမ္းနည္းေနေသးေသာ္လည္း ရွန္ခ်န္သည္ ရွန္ယြဲ႕ အလုပ္မ်ားေနသည္ကို ျမင္လိုက္ခ်ိန္၌ ေႏွာင့္ယွက္မည့္စိတ္ကို ျပန္ထိန္းထားလိုက္ေတာ့သည္။ ထို႔အစား သူသည္ ရွန္ယြဲ႕၏ေက်ာျပင္ကို တိတ္တိတ္ေလး ၾကည့္ၿပီး ႏႈတ္ဆိတ္ကာ ေတြးေတာေနလိုက္ေလသည္။

သူက ရွန္ယြဲ႕ေရးထားတဲ့အေျဖေတြကို ဒီအတိုင္းသာမန္ကာလွ်ံကာ တင္လိုက္တာကို ဒီလိုဒုကၡမ်ိဳး ျဖစ္လာခဲ့ရတယ္လို႔။ အျပင္ေလာကလူေတြကလည္း ရွန္ယြဲ႕ရဲ႕သ႐ုပ္မွန္ကို သိခ်င္ေနၾကၿပီး ပုန္းကြယ္ေနတဲ့ အႏၲရာယ္က ပိုၿပီးအႏၲရာယ္မ်ားေသးတယ္။

ရွန္ယြဲ႕က ဒါကို လြယ္လြယ္ေလးနဲ႔ ေျဖရွင္းႏိုင္တယ္ဆိုေပမယ့္ လူတစ္စု ခဏခဏ နည္းလမ္းေပါင္းစုံနဲ႔ သူတို႔ရဲ႕သ႐ုပ္မွန္ကို ရွာေနၾကတာ အရမ္းစိတ္ရႈပ္ဖို႔ေကာင္းတာပဲ။

ဘာပဲ ျဖစ္ျဖစ္ ရွန္ယြဲ႕ကမွ ၿမိဳ႕ေတာ္တကၠသိုလ္ရဲ႕ အာမခံဝင္ခြင့္မွ မလိုတာပဲ။ ရွန္ခ်န္သည္ ခဏေလာက္စဥ္းစားလိုက္ၿပီး လူအမ်ားႀကီးစိတ္ဝင္စားေနၾကသည့္ အင္မတန္နာမည္ႀကီးေနသည့္ပိုစ့္ကို ဒီအတိုင္းဖ်က္ပစ္လိုက္ေတာ့သည္။ သူသည္ သူ႔အေကာင့္ကိုလည္း ဖ်က္လိုက္ေလသည္။

အားလုံး လုပ္ၿပီးသြားသည့္ေနာက္ ရွန္ခ်န္သည္ ခ်က္ခ်င္းဆိုသလို ပိုၿပီး စိတ္ေအးခ်မ္းသြားေတာ့သည္။

သူ ျပန္ေမာ့ၾကည့္လိုက္ခ်ိန္၌ ရွန္ယြဲ႕က သူမ၏အလုပ္ကို လက္စသတ္ၿပီးကာစ ျဖစ္ေလသည္။ သူမက အေၾကာဆန္႔လိုက္ၿပီး

" ၿပီးသြားၿပီ၊ ငါ သြားအိပ္ေတာ့မယ္ ဂြတ္ႏိုက္"

ေနာက္တစ္ေန႔။

"နံပါတ္ ၃ လက္လြဲယူမယ့္အစီအစဥ္နဲ႔ ပတ္သက္ၿပီး ဒါကို မေန႔က ရွယ္ယာရွင္အစည္းအေဝးမွာ လက္ခံထားၿပီးသားဆိုေပမယ့္ အျပစ္အနာအဆာ နည္းနည္းရွိေနေသးတယ္၊ ကြၽန္ေတာ္မေန႔ညက စစ္ေဆးၿပီးေတာ့ ျပင္ဆင္ခဲ့တယ္၊ ေနာက္မွ အားလုံးကို ျပပါမယ္၊ စီမံကိန္းဌာန ေသခ်ာဂ႐ုစိုက္လုပ္ပါ ေနာက္ထပ္ မျဖစ္ေစနဲ႔"

က်ိဳး႐ႊမ္းသည္ ေအာက္ကလူအုပ္ႀကီးကို ေလသံႏွိမ့္ကာ ေျပာလိုက္ေလသည္။ သူသည္ ေတာင့္ေနေအာင္ မီးပူတိုက္ထားသည့္ ဝတ္စုံတစ္ခုကို ဝတ္ထားသည္။

လတ္တေလာတြင္ ကုမၸဏီတစ္ခုကို လက္လြဲယူမည့္ကိစၥႏွင့္ ပတ္သက္သည့္ က်ိဳးေကာ္ပိုေရးရွင္း၏ အေရးႀကီးအစည္းအေဝးတစ္ခု ျဖစ္ေလသည္။ က်ိဳး႐ႊမ္းသည္ အခုတေလာတြင္ သည္ကိစၥႏွင့္ အလုပ္မ်ားေနသည္။ သူသည္ အေကာင္းဆုံး ျဖစ္ခ်င္သျဖင့္ ပေရာဂ်က္မ်ားကို ကိုယ္တိုင္ ေနာက္က လိုက္လုပ္ေပးေနေလသည္။

ထိုသို႔ေျပာလိုက္ၿပီး က်ိဳး႐ႊမ္းက ေဘးတြင္ ေစာင့္ေနသည့္ ဟယ္ရွန္႔ကို ၾကည့္လိုက္ၿပီး အခ်က္အလက္ထည့္ထားသည့္ USB driveကို ယူလာရန္ လက္ဟန္ျပလိုက္ေလေတာ့သည္။

...

Continue Reading

You'll Also Like

77.9K 10.9K 80
ကျန်းမိသားစုမှာ သမီးနှစ်ယောက်ပြီး တစ်ယောက်စီက ပန်းကလေးတွေနဲ့ ကျောက်စိမ်းရုပ်လေးတွေလို လှပကြတယ်။ အငတ်ဘေးရာသီနဲ့ ကြုံကြိုက်လာတော့ အသက်ဆက်ရှန်သန်ဖို့အရေ...
148K 19.2K 31
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
1.3M 45.5K 61
Myanmar × BL Uni/Zaw [ 2 ] Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd
10.4K 1.5K 21
Title ; Quick Transmigration Cannon Fodder's Record of Counterattacks 快穿之炮灰女配逆袭记 Author(s) ; 很是矫情 Hen Shi Jiao Qing English translator(s) ; Butterf...