အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စ...

By ChihiroLily7

106K 9.3K 82

လုပ်ကြံသူအဖွဲ့တစ်ခုရဲ့ ပျိုးထောင်ခံလာရပြီး ၁၃နှစ်တာလေ့ကျင့်လာပြီးနောက်ပိုင်း ရှန်ယွဲ့ဟာ အသက် ၁၇နှစ်အရွယ်မှာတေ... More

ဇာတ်လမ်းမိတ်ဆက်
အပိုင်း (၁) သစ္စာဖောက်
အပိုင်း (၂) ပြန်လည်မွေးဖွားခြင်း
အပိုင်း (၃) အမည်မသိပူပန်မှု
အပိုင်း (၄) ကျောင်းထွက်ပြီး အလုပ်လုပ်တဲ့
အပိုင်း ( ၅) အမဲဖျက်ခံရတော့မယ့်သိုးတစ်ကောင်
အပိုင်း (၆) မူလပိုင်ရှင်ရဲ့လျှို့ဝှက်ချက်
အပိုင်း (၇) နားလည်ရဲ့လား
အပိုင်း (၈) ကမ္ဘာ့အဆင့်ပုစ္ဆာများကို အဖြေထုတ်ခြင်း
အပိုင်း (၉) ကြီးမားတဲ့ယုံကြည်ချက်
အပိုင်း (၁၀) သူမ ရူးသွားတာလား
အပိုင်း (၁၁) ကျောင်းမှာ ပထမရခြင်း
အပိုင်း ( ၁၂) ဘတ်စ်ကားပေါ်ဖြစ်ရပ်
အပိုင်း (၁၃) လူပါးဝတဲ့ကောင်ကို သင်ခန်းစာပေးမယ်
အပိုင်း ( ၁၄) အရမ်းအကြင်နာမဲ့သွားတယ်
အပိုင်း ( ၁၅) ငါ့မကောင်းကြောင်းပြောနေကြတယ်
အပိုင်း (၁၆) ဆရာ့စည်းကမ်းကို လိုက်နာပါ
အပိုင်း (၁၇) လူမိုက်လေးတစ်သိုက်
အပိုင်း (၁၈) ချန်းမင် ဘောင်းဘီထဲသေးပေါက်ချတယ်
အပိုင်း (၁၉) သူက မင်းအမ လား
အပိုင်း (၂၀) ကျောင်းတော်ရဲ့မင်းသားလေးထပ်တောင်ပိုချောသေးတယ်
Paid Gp စပါပြီ
အပိုင်း (၂၁) ပိုက်ဆံမလောက်ခြင်း
အပိုင်း (၂၂) ပွဲကောင်းတစ်ခုကို စောင့်မျှော်ခြင်း
အပိုင်း (၂၃) နင့်ညီမလေးကို အလျှော့ပေးလိုက်တဲ့
အပိုင်း ( ၂၄) နင့်အသက်ကိုကယ်ပေးမယ်
အပိုင်း (၂၅) အရပ်ဝတ်နဲ့ရဲအတု
အပိုင်း (၂၆) သူမကိုတစ်သန်းပေးလိုက်တယ်
အပိုင်း (၂၇) သူမကိုနာမည် ပျက်စေချင်တာတဲ့
အပိုင်း (၂၈) တံတားပေါ်က ဘူးသီးခြောက်
အပိုင်း (၂၉) အရာရှိတစ်ယောက်ထပ်ဖြစ်မလာနိုင်တော့ဘူး
အပိုင်း (၃၀) ဖုန်းတစ်လုံးဝယ်ခြင်း
အပိုင်း (၃၁) ဆင်းရဲသားနှစ်ယောက်
အပိုင်း (၃၂) VVIP မန်ဘာ
အပိုင်း (၃၃) သူ့သဘောထားက ချက်ချင်းပြောင်းသွားတာနော်
အပိုင်း (၃၄) ကောင်းတဲ့ရည်ရွယ်ချက်နဲ့ မကောင်းတာလုပ်မိတယ်
အပိုင်း (၃၅) ယွမ်တစ်သန်းသုံးခြင်း
အပိုင်း (၃၆) လောင်းရဲလား
အပိုင်း (၃၇) သေမယ့်လမ်း
အပိုင်း (၃၈) သူမရဲ့သရုပ်မှန်
အပိုင်း (၃၉) သားအမိနှစ်ယောက်ကို ပညာပေးမယ်
အပိုင်း (၄၀) အကြွေးတိုင်းမှာ ကြွေးရှင်ရှိတယ်
အပိုင်း ( ၄၁) သွေးရေပန်း
အပိုင်း (၄၂) ယဲ့ရင်းကို ဆက်သွယ်ခြင်း
အပိုင်း (၄၃) ကျေးဇူးပြန်ဆပ်ခြင်း
အပိုင်း ( ၄၄) ကြယ်ငါးပွင့်ဟိုတယ်
အပိုင်း (၄၅) ငွေကို ရေလိုသုံးခြင်း
အပိုင်း (၄၆) စီးပွားရေးလုပ်ငန်း
အပိုင်း (၄၇) ချမ်းသာမှုနှင့် စိတ်ရင်း
အပိုင်း (၄၈) သူမရဲ့လျှို့ဝှက်ချက်
အပိုင်း (၄၉) ခက်ခဲတဲ့ဘဝမှာ နေချင်တယ်တဲ့
အပိုင်း (၅၀) ရဲတင်းလိုက်တာ
အပိုင်း (၅၁) သောက်ကျိုးနဲ
အပိုင်း (၅၂) အုံးနှောက်မကောင်းတော့ဘူး
Thidingyut Promotion
အပိုင်း (၅၃) အိုင်ဒေါအဟောင်း
အပိုင်း ( ၅၄) စိန်ခေါ်တဲ့မေးခွန်း
အပိုင်း (၅၅) သေချာပေါက်လုံးဝငွေမယူဘူး
အပိုင်း (၅၆) အရမ်းမျက်နှာပြောင်တယ်
အပိုင်း (၅၇) အုတ်အော်သောင်းနင်းဖြစ်သွားခြင်း
အပိုင်း (၅၈) အဖြေမှန်
အပိုင်း (၅၉) ငါလေးနဲ့ကစားကြတဲ့သက်တော်စောင့်တွေ
အပိုင်း (၆၀) အာမခံချက်ရှိတဲ့ဝင်ခွင့်အခွင့်အရေးရရှိခြင်း
အပိုင်း (၆၁) သိပ္ပံနည်းကျသုတေသနကို စိတ်မဝင်စားပါ
အပိုင်း (၆၂) အေးစက်စက် ငြင်းပယ်ခြင်း
အပိုင်း ( ၆၃) စိတ်၏လှည့်စားခံရခြင်း
Announcement
အပိုင်း (၆၄) ရယ်စရာကောင်းတဲ့ရမှတ်
အပိုင်း (၆၅) ကလိမ်ကျတဲ့ နည်းလမ်းတစ်ချို့
အပိုင်း (၆၆) မသမာမှုကြောင့် အသရေဖျက်ခြင်း
အပိုင်း (၆၇) ပရမ်းပတာဖြစ်ခြင်း
အပိုင်း (၆၈) အမှတ်ပြည့်
အပိုင်း ( ၆၉) ဆရာမကိုတောင်းပန်လိုက်
အပိုင်း (၇၀) တရားရုံးမှာတွေ့မယ်
အပိုင်း (၇၁) ရှန်ယွဲ့က ရဲခေါ်လိုက်တယ်
အပိုင်း (၇၂) အိုဗာဖြစ်လွန်းတယ်
အပိုင်း (၇၃) ကျောင်းအုပ်ကြီး၏လုပ်ဆောင်ချက်ကို စောင့်ကြည့်ခြင်း
အပိုင်း (၇၄) မင်းကို တနေရာရာမှာတွေ့ဖူးသလိုပဲ
အပိုင်း (၇၅) နောက်ကွယ်လူတစ်စု
အပိုင်း (၇၆) သူကလူပြက်တစ်ယောက်လိုပဲ
အပိုင်း (၇၇) ကျောင်းတော်ရဲ့မင်းသမီးလေးထပ်တောင်လှသေးတယ်
အပိုင်း (၇၈) ရှန်ယွဲ့မှာ ချစ်သူအသစ်ရှိတယ်တဲ့
အပိုင်း ( ၇၉) ကျိုးရွှမ်းကို နာမည်တပ်ခေါ်တယ်
အပိုင်း (၈၀) ဟန်ရဲ့ကို မျက်နှာလုပ်ခွင့်ပေးလိုက်တယ်
အပိုင်း (၈၁) ငွေတစ်ခုသာ မျက်လုံးထဲမှာမြင်တယ်
Year End Promotion and Year End Event
Year End Event Announcement
အပိုင်း (၈၂) ယွမ် ၅၀,၀၀၀ကို လက်ခံလိုက်တယ်
GP - 2 မိတ်ဆက်
အပိုင်း ( ၈၃) ကျိုးမိသားစုဆီသို့ အလည်အပတ်
အပိုင်း (၈၄) ကမ္ဘာ့နံပါတ် တစ်, ဇီးရိုး
အပိုင်း (၈၅) ရန်သူရဲ့တန်ပြန်တိုက်စစ်
အပိုင်း (၈၆) ကျွန်တော်က အဲလိုလူမျိုးမဟုတ်
အပိုင်း (၈၇) အပြစ်ပြုမိသည်ဟု ခံစားမိခြင်း
အပိုင်း (၈၈) ကင်မရာကို ဖွင့်လိုက်မယ်
အပိုင်း (၉၀) စပရိုက်နည်းနည်းတိုက်လိုက်မယ်
အပိုင်း (၉၁) ဥက္ကဋ္ဌကျိုးက ဂေး တဲ့
အပိုင်း (၉၂) ၃၆မိနစ်
အပိုင်း (၉၃) စပရိုက်သေးသေးလေး
အပိုင်း (၉၄) အခုချက်ချင်းထွက်သွား
အပိုင်း (၉၅) မဟာအခွင့်အရေးတစ်ခု
အပိုင်း (၉၆) အပြင်မှာ လေပြင်းနေတယ်
အပိုင်း (၉၇) အတုအယောင်ဟု သံသယဖြစ်မိ
အပိုင်း (၉၈) သူ့ခေါင်းကို ရိုက်ခွဲလိုက်တယ်
အပိုင်း (၉၉) တကယ်စိတ်ဆိုးတယ်
အပိုင်း (၁၀၀) ယွမ် တစ်သန်းလျှော်ကြေး
အပိုင်း (၁၀၁) အပေါက်ဆိုးတဲ့မိန်းမ
အပိုင်း (၁၀၂) နင့်ကို မေ့သွားတော့မလို့
အပိုင်း (၁၀၃) ဘယ်သူက ထွက်သွားခွင့်ပေးလို့လဲ
အပိုင်း (၁၀၄) ယွမ် နှစ်သိန်း
အပိုင်း (၁၀၅) ဘယ်သူက ထွက်သွားလို့ ပြောလို့လဲ
အပိုင်း (၁၀၆) + အပိုင်း (၁၀၇)
အပိုင်း (၁၀၈)+အပိုင်း (၁၀၉)
အပိုင်း (၁၁၀)+အပိုင်း(၁၁၁)
အပိုင်း (၁၁၂) + အပိုင်း (၁၁၃)
အပိုင်း (၁၁၄) + အပိုင်း (၁၁၅)
အပိုင်း (၁၁၆) + အပိုင်း (၁၁၇)
အပိုင်း (၁၁၈) +(၁၁၉)
အပိုင်း (၁၂၀) + အပိုင်း (၁၂၁)
အပိုင်း (၁၂၂) + အပိုင်း (၁၂၃)
အပိုင်း (၁၂၄) + အပိုင်း (၁၂၅)
အပိုင်း (၁၂၆+၁၂၇)
အပိုင်း (၁၂၈ + ၁၂၉)
အပိုင်း (၁၃၀ + ၁၃၁)
အပိုင်း (၁၃၂ + ၁၃၃)
အပိုင်း (၁၃၄ + ၁၃၅)
အပိုင်း (၁၃၆ + ၁၃၇)
အပိုင်း (၁၃၈ + ၁၃၉)
အပိုင်း (၁၄၀ + ၁၄၁)
အပိုင်း (၁၄၂ + ၁၄၃)
အပိုင်း (၁၄၄ + ၁၄၅)
အပိုင်း (၁၄၆ + ၁၄၇)
အပိုင်း (၁၄၈ + ၁၄၉)
Thingyan Promotion!
GP-3 Announcement + Promotion လေးထပ်ပေးထားပါတယ်ရှင်
အပိုင်း (၁၅၀+၁၅၁)
အပိုင်း (၁၅၂+၁၅၃)
အပိုင်း (၁၅၄+၁၅၅)
အပိုင်း (၁၅၆+၁၅၇)
အပိုင်း (၁၅၈+၁၅၉)
အပိုင်း (၁၆၀+၁၆၁)
အပိုင်း (၁၆၂+၁၆၃)
အပိုင်း (၁၆၄+၁၆၅)

အပိုင်း (၈၉)ခံစားချက်ပေါ်မူတည်ပြီး ခန့်မှန်းကြည့်ခြင်း

639 60 0
By ChihiroLily7

အပိုင်း (၈၉)ခံစားချက်ပေါ်မူတည်ပြီး ခန့်မှန်းကြည့်ခြင်း

"ဟုတ်တယ်"

ကျိုးရွှမ်းက အသာအယာခေါင်းညိတ်ပြလိုက်၏။ စခရင်ပေါ်က လက်ခလယ်ပုံကို ကြည့်ရင်း သူသည် မျက်လုံးများကို ကျဥ်းမြောင်းလိုက်ကာ အမှတ်တမဲ့ စားပွဲကို လက်ချောင်းများဖြင့် ခေါက်နေလေလိုက်သည်။

ဟယ်ရှန့်သည် အတန်ကြာအောင် ကြောင်အမ်းအမ်း ဖြစ်နေပြီးမှ သူ့ကို နင်းခြေရန် ဟက်ကာစကေးကို သုံးခဲ့သူမှာ ဟက်ကာအဆင့်သတ်မှတ်ချက်ပေါ်က နာမည်ကြီး ဇီးရိုးဖြစ်နေမှန်း လက်ခံလိုက်တော့သည်။ အခိုက်တန့်အတွင်း သူ့အသက်ရှူသံများက မြန်ဆန်သွားတော့သည်။

" မင်းတို့ပြောနေတဲ့ ဇီးရိုးဆိုတာ ဘယ်သူလဲ"

လင်ရှောင်းက သိလိုစိတ်ဖြင့် မေးလိုက်လေသည်။ ဒီဇီးရိုးလို့ခေါ်တဲ့ ဟက်ကာက သူတို့ရှာနေတဲ့ လျှို့ဝှက်တဲ့သူနဲ့များ ပတ်သက်နေတာလား။

ဟယ်ရှန့်က စိတ်လှုပ်ရှားစွာ ရှင်းပြလိုက်တော့သည်။

" ဇီးရိုးဆိုတာ ကမ္ဘာ့ဟက်ကာ အဆင့်သတ်မှတ်ချက်ပေါ်က နံပါတ်တစ် ဟက်ကာတစ်ယောက်ပါ၊ ဇီးရိုးတစ်ယောက်ထဲနဲ့တောင် သူက ဖယ်ဒရယ် အေဂျင်စီတစ်ခုလုံးကို ဟက်နိုင်တယ်လို့ ပြောကြတယ်၊ သူက ကျွန်တော့် အိုင်ဒေါလေ"

" ကမ္ဘာ့နံပါတ်တစ် ဟုတ်လား"

အသက်ကြီးရင့်ပြီး လောကကြီးအကြောင်း တွေ့ကြုံခဲ့ဖူးသည့် ကျန်းဟွမ်ကပင် ထိုဂုဏ်ပုဒ်ကြောင့် အလန့်တကြားဖြစ်သွားတော့သည်။

ဟယ်ရှန့်က ပြောလိုက်၏။

" ဟုတ်တယ်၊ ဒါပေမယ့် ဆရာကြီးတို့ရှာနေတဲ့ လျှို့ဝှက်တဲ့ပုဂ္ဂိုလ်ရဲ့ဘေးမှာ ဒီလိုကြောက်စရာကောင်းတဲ့ အကောင်ကြီးကြီးတစ်ယောက် ရှိနေတယ်ဆိုတော့ ဒီလျှို့ဝှက်ပုဂ္ဂိုလ်ရဲ့ သရုပ်မှန်ကလည်း ထူးခြားမှာသေချာတယ်၊ သူ ဆရာကြီးတို့ရဲ့ဖိတ်ကြားတာကို ငြင်းလိုက်တာ မဆန်းတော့ဘူး၊ သူက သူ့သရုပ်မှန်ပေါ်သွားမှာ ကြောက်နေတဲ့ပုံပဲ"

သူတို့ရှာနေသည့် လျှို့ဝှက်ပုဂ္ဂိုလ်ဘေးတွင် ကမ္ဘာ့နံပါတ်တစ်ဟက်ကာတစ်ယောက် ရှိနေသည့်ဟု ကြားလိုက်ရတော့ သည်ပုဂ္ဂိုလ်ကိုရှာနိုင်မည့် အခွင့်အရေးမှာ ပိုနည်းသွားတော့သည်။ လင်ရှောင်းနှင့် ကျန်းဟွမ်တို့က နှမြောတသစွာနှင့် သက်ပြင်းချလိုက်တော့သည်။

"မဟုတ်ဘူး"

ကျိုးရွှမ်းက လေးနက်သည့် အမူအရာတစ်ခုဖြင့် ရုတ်တရက် အမှန်ပြင်ပေးလိုက်လေသည်။

" အရမ်းကိုခက်ခဲတဲ့ ပုစ္ဆာကို ဖြေရှင်းခဲ့တဲ့ လျှို့ဝှက်ပုဂ္ဂိုလ်နဲ့ ဒီဟက်ကာက တစ်ယောက်ထဲ ဖြစ်လောက်တယ်"

" တစ်ယောက်ထဲ ဟုတ်လား၊ မဟုတ်တာ ၊ မဟုတ်လောက်ဘူးမလား"

လင်ရှောင်းသည် ချက်ချင်း မှင်တက်သွားတော့သည်။

ပုစ္ဆာကိုဖြေရှင်းခဲ့တဲ့ ပါရမီရှင်နဲ့ ဟက်ကာစကေးမှာ ထူးချွန်လှတဲ့ ဇီးရိုးက တစ်ယောက်ထဲသာဆိုရင် ဒီလူက အရမ်းကိုထူးချွန်တဲ့သူဖြစ်နေမှာပေါ့ ဟုတ်တယ်မလား။ ပညာရပ်တစ်ခုကို အထူးကျွမ်းကျင်ဖို့ ဆိုရင် အနည်းဆုံး နှစ်အနည်းငယ်၊ ဆယ်စုနှစ်တစ်ခုတော့ လေ့ကျင့်ရမှာပဲလေ။ သာမန်လူတွေက သူတို့တစ်ဘဝလုံး အထူးပြုထားတဲ့နယ်ပယ်မှာ ပညာရှင်တစ်ယောက်ဖြစ်နိုင်ဖို့ဆိုတာ လွယ်တာမဟုတ်ဘူး။ ဒါပေမယ့် ဇီးရိုး တစ်ယောက်ထဲက အရည်အချင်းနှစ်ခုကို ပိုင်ဆိုင်ထားတယ်တဲ့။ သူတို့တွေ ဘယ်လို အသက်ရှင်ရတော့မှာလဲ။ သူမကို မိစ္ဆာတစ်ကောင်လို့ပဲ ခေါ်ရတော့မယ်။

ဟယ်ရှန့်သည် စိတ်အားပြင်းပြစွာဖြင့် လှမ်းကြည့်လိုက်ပြီး သိလိုစိတ်ဖြင့် မေးလိုက်လေသည်။

" ဥက္ကဋ္ဌကျိုး ဘာကို ကြည့်ပြီး ဒီလိုကောက်ချက်ချခဲ့တာလဲ၊ ကျွန်တော်တို့ကို ပြောပြအုံး"

သို့သော်ငြား အားလုံးသည် ကျိုးရွှမ်းက ရှင်းလင်းကာ ကျိုးကြောင်းဆီလျော်သည့် ရှင်းလင်းချက်တစ်ခုကို စောင့်မျှော်နေကြစဥ် ကျိုးရွှမ်းက သူ့နှုတ်ခမ်းများကို လှုပ်ကာ ပြောလိုက်လေသည်။

" မသိစိတ်ရဲ့ ခံစားချက်ပေါ်မူတည်ပြီး ခန့်မှန်းလိုက်တာ"

ဟယ်ရှန့်မှာ စိတ်ရှုပ်သွားတော့သည်။ အမြဲလိုလို တင်းကြပ်ပြီး အစွမ်းရှိလှသည့် ကျိုးရွှမ်းက တစ်နေ့တွင် သူ့ခံစားချက်ကို သုံးကာ အမှန်တရားကို ခန့်မှန်းရန် အားထုတ်လိမ့်မည်ကိုတော့ မျှော်လင့်မထားခဲ့ချေ။ သို့သော်ငြား အထူးအဆန်းတော့ မဟုတ်ပေ။ ဇီးရိုးသည် အလွန်သတိရှိပြီး ကောက်ကျစ်ကာ ဉာဏ်များသောကြောင့်ပင်။ သူမသည် သူတို့ကို အကြိမ်များစွာ တိုက်ခိုက်ခဲ့သော်လည်း မည်သည့်ကိုယ်ရေးအချက်အလက်ကိုမှ မဖော်ထုတ်ခဲ့ချေ။

ထိုအကြောင်းကို စဥ်းစားမိပြီး ဟယ်ရှန့်သည် ကျိုးရွှမ်းကို နားလည်နိုင်လေသည်။

ခဏလောက် တိတ်ဆိတ်သွားပြီးနောက် ကျိုးရွှမ်းက ထပ်ပြောလိုက်၏။

" အဲဒီလျှို့ဝှက်ပုဂ္ဂိုလ် အကောင့်မှာ တင်ထားတဲ့ အဖြေလေးခုကို အစောပိုင်းက ဖတ်လိုက်မိတော့ အဖြေတွေထဲက တွေးတောဆင်ခြင်ပုံက ဇီးရိုးရဲ့ ပရိုဂရမ်ရေးတဲ့ အတွေးအဆတွေနဲ့ အရမ်းဆင်နေတာ သိလိုက်ရတယ်"

လွန်ခဲ့သည့်နှစ်များစွာက ဟက်ကာနည်းပညာတွင် ဇီးရိုးကို အနိုင်ရရန် သူသည် ဇီးရိုး တင်ထားသည့် ပရိုဂရမ်တစ်ချို့နှင့် ဗိုင်းရက်စ်များကို သေသေချာချာ လေ့လာခဲ့လေသည်။ သူသည် ဇီးရိုး၏ တွေးခေါ်ပုံအမူအကျင့်နှင့် အလွန်ရင်းနှီးလေသည်။

အဖြေလေးခုထဲတွင် ကျိုးရွှမ်းလည်း ရင်းနှီးနေသည့်ခံစားချက်တစ်ခုကို အာရုံခံမိသည်။ ထို့ကြောင့် ပုစ္ဆာကို ဖြေခဲ့သူမှာ ဇီးရိုးဖြစ်မည်ဟု ကောက်ချက် ချခဲ့ခြင်းပင်။

" ဆရာ ပြောနိုင်တယ်လား" ဟယ်ရှန့်က ပို၍ပင် ရှုပ်ထွေးသွားတောသည်။

တစ်ဖက်တွင်တော့ လင်ရှောင်းက ကျိုးရွှမ်း၏စကားကို ချက်ချင်းနားလည်သွားတော့သည်။ သူ့မျက်လုံးများသည် လင်းလက်သွားပြီး အဖြေကို ထပ်ကြည့်ရန် သူ့ဖုန်းကို မြန်မြန်ထုတ်လိုက်တော့သည်။ သို့သော် မရေမတွက်နိုင်သည့် လူများက followလုပ်ထားသော ဓာတ်ပုံလေးသာ တင်ထားသည့် ပိုစ့်ကို ဖွင့်လိုက်မည်ပြင်လိုက်စဥ် ပိုစ့်က ပျောက်သွားသည်ကို အံ့ဩစွာတွေ့လိုက်ရတော့သည်။

လင်ရှောင်းသည် မယုံနိုင်စွာဖြင့် အကြိမ်အနည်းငယ် refresh ပြန်လုပ်ပြီး သီးသန့်စာတိုကို ဖွင့်ကြည့်လိုက်လေသည်။ သူ့အမူအရာက ချက်ချင်း ပြောင်းသွားတော့သည်။

" ဒါရိုက်တာကျန်း အဲဒီလျှို့ဝှက်ပုဂ္ဂိုလ်ပို့ထားတဲ့ အဖြေပိုစ့်နဲ့ လျှို့ဝှက်ပုဂ္ဂိုလ်ရဲ့အကောင့်အားလုံး ဖျက်ပစ်လိုက်ပြီ"

"ဒါ...."

ကျန်းဟွမ်သည် အခိုက်တန့် ငေးငိုင်သွားပြီးနောက် ဖြည်းညင်းစွာ သက်ပြင်းချလိုက်တော့သည်။

" ကြည့်ရတာ ငါတို့လုပ်ရက်က သူ့ကို စိတ်ဆိုးသွားစေပြီထင်ပါတယ် ဟင်းးးး"

သူတို့သည် မတတ်သာတော့ပဲ သည်နည်းလမ်းကို ဖယ်ရှားလိုက်ရတော့သည်။ သူတို့သည် တခြားသူများကို ရုပ်ဖျက်သွားအောင် တမင်မလုပ်ချင်ခဲ့ပေ။

လင်ရှောင်းနှင့် ကျန်းဟွမ်တို့၏ စိတ်ပျက်အားလျော့နေပုံကို မြင်လိုက်ရသဖြင့် ကျိုးရွှမ်းက သူတို့ကို စေတနာဖြင့် သတိပေးလိုက်လေတော့သည်။

" သူတို့တွေက ဆရာကြီးတို့ပေးတဲ့ အခွင့်အရေးကို စိတ်မဝင်စားတာလည်း ဖြစ်နိုင်ပါတယ်"

...

Zawgyi

အပိုင္း (၈၉)ခံစားခ်က္ေပၚမူတည္ၿပီး ခန္႔မွန္းၾကည့္ျခင္း

"ဟုတ္တယ္"

က်ိဳး႐ႊမ္းက အသာအယာေခါင္းညိတ္ျပလိုက္၏။ စခရင္ေပၚက လက္ခလယ္ပုံကို ၾကည့္ရင္း သူသည္ မ်က္လုံးမ်ားကို က်ဥ္းေျမာင္းလိုက္ကာ အမွတ္တမဲ့ စားပြဲကို လက္ေခ်ာင္းမ်ားျဖင့္ ေခါက္ေနေလလိုက္သည္။

ဟယ္ရွန္႔သည္ အတန္ၾကာေအာင္ ေၾကာင္အမ္းအမ္း ျဖစ္ေနၿပီးမွ သူ႔ကို နင္းေျခရန္ ဟက္ကာစေကးကို သုံးခဲ့သူမွာ ဟက္ကာအဆင့္သတ္မွတ္ခ်က္ေပၚက နာမည္ႀကီး ဇီး႐ိုးျဖစ္ေနမွန္း လက္ခံလိုက္ေတာ့သည္။ အခိုက္တန႔္အတြင္း သူ႔အသက္ရႉသံမ်ားက ျမန္ဆန္သြားေတာ့သည္။

" မင္းတို႔ေျပာေနတဲ့ ဇီး႐ိုးဆိုတာ ဘယ္သူလဲ"

လင္ေရွာင္းက သိလိုစိတ္ျဖင့္ ေမးလိုက္ေလသည္။ ဒီဇီး႐ိုးလို႔ေခၚတဲ့ ဟက္ကာက သူတို႔ရွာေနတဲ့ လွ်ိဳ႕ဝွက္တဲ့သူနဲ႔မ်ား ပတ္သက္ေနတာလား။

ဟယ္ရွန္႔က စိတ္လႈပ္ရွားစြာ ရွင္းျပလိုက္ေတာ့သည္။

" ဇီး႐ိုးဆိုတာ ကမာၻ႔ဟက္ကာ အဆင့္သတ္မွတ္ခ်က္ေပၚက နံပါတ္တစ္ ဟက္ကာတစ္ေယာက္ပါ၊ ဇီး႐ိုးတစ္ေယာက္ထဲနဲ႔ေတာင္ သူက ဖယ္ဒရယ္ ေအဂ်င္စီတစ္ခုလုံးကို ဟက္ႏိုင္တယ္လို႔ ေျပာၾကတယ္၊ သူက ကြၽန္ေတာ့္ အိုင္ေဒါေလ"

" ကမာၻ႔နံပါတ္တစ္ ဟုတ္လား"

အသက္ႀကီးရင့္ၿပီး ေလာကႀကီးအေၾကာင္း ေတြ႕ႀကဳံခဲ့ဖူးသည့္ က်န္းဟြမ္ကပင္ ထိုဂုဏ္ပုဒ္ေၾကာင့္ အလန္႔တၾကားျဖစ္သြားေတာ့သည္။

ဟယ္ရွန္႔က ေျပာလိုက္၏။

" ဟုတ္တယ္၊ ဒါေပမယ့္ ဆရာႀကီးတို႔ရွာေနတဲ့ လွ်ိဳ႕ဝွက္တဲ့ပုဂၢိဳလ္ရဲ႕ေဘးမွာ ဒီလိုေၾကာက္စရာေကာင္းတဲ့ အေကာင္ႀကီးႀကီးတစ္ေယာက္ ရွိေနတယ္ဆိုေတာ့ ဒီလွ်ိဳ႕ဝွက္ပုဂၢိဳလ္ရဲ႕ သ႐ုပ္မွန္ကလည္း ထူးျခားမွာေသခ်ာတယ္၊ သူ ဆရာႀကီးတို႔ရဲ႕ဖိတ္ၾကားတာကို ျငင္းလိုက္တာ မဆန္းေတာ့ဘူး၊ သူက သူ႔သ႐ုပ္မွန္ေပၚသြားမွာ ေၾကာက္ေနတဲ့ပုံပဲ"

သူတို႔ရွာေနသည့္ လွ်ိဳ႕ဝွက္ပုဂၢိဳလ္ေဘးတြင္ ကမာၻ႔နံပါတ္တစ္ဟက္ကာတစ္ေယာက္ ရွိေနသည့္ဟု ၾကားလိုက္ရေတာ့ သည္ပုဂၢိဳလ္ကိုရွာႏိုင္မည့္ အခြင့္အေရးမွာ ပိုနည္းသြားေတာ့သည္။ လင္ေရွာင္းႏွင့္ က်န္းဟြမ္တို႔က ႏွေျမာတသစြာႏွင့္ သက္ျပင္းခ်လိုက္ေတာ့သည္။

"မဟုတ္ဘူး"

က်ိဳး႐ႊမ္းက ေလးနက္သည့္ အမူအရာတစ္ခုျဖင့္ ႐ုတ္တရက္ အမွန္ျပင္ေပးလိုက္ေလသည္။

" အရမ္းကိုခက္ခဲတဲ့ ပုစာၦကို ေျဖရွင္းခဲ့တဲ့ လွ်ိဳ႕ဝွက္ပုဂၢိဳလ္နဲ႔ ဒီဟက္ကာက တစ္ေယာက္ထဲ ျဖစ္ေလာက္တယ္"

" တစ္ေယာက္ထဲ ဟုတ္လား၊ မဟုတ္တာ ၊ မဟုတ္ေလာက္ဘူးမလား"

လင္ေရွာင္းသည္ ခ်က္ခ်င္း မွင္တက္သြားေတာ့သည္။

ပုစာၦကိုေျဖရွင္းခဲ့တဲ့ ပါရမီရွင္နဲ႔ ဟက္ကာစေကးမွာ ထူးခြၽန္လွတဲ့ ဇီး႐ိုးက တစ္ေယာက္ထဲသာဆိုရင္ ဒီလူက အရမ္းကိုထူးခြၽန္တဲ့သူျဖစ္ေနမွာေပါ့ ဟုတ္တယ္မလား။ ပညာရပ္တစ္ခုကို အထူးကြၽမ္းက်င္ဖို႔ ဆိုရင္ အနည္းဆုံး ႏွစ္အနည္းငယ္၊ ဆယ္စုႏွစ္တစ္ခုေတာ့ ေလ့က်င့္ရမွာပဲေလ။ သာမန္လူေတြက သူတို႔တစ္ဘဝလုံး အထူးျပဳထားတဲ့နယ္ပယ္မွာ ပညာရွင္တစ္ေယာက္ျဖစ္ႏိုင္ဖို႔ဆိုတာ လြယ္တာမဟုတ္ဘူး။ ဒါေပမယ့္ ဇီး႐ိုး တစ္ေယာက္ထဲက အရည္အခ်င္းႏွစ္ခုကို ပိုင္ဆိုင္ထားတယ္တဲ့။ သူတို႔ေတြ ဘယ္လို အသက္ရွင္ရေတာ့မွာလဲ။ သူမကို မိစာၦတစ္ေကာင္လို႔ပဲ ေခၚရေတာ့မယ္။

ဟယ္ရွန္႔သည္ စိတ္အားျပင္းျပစြာျဖင့္ လွမ္းၾကည့္လိုက္ၿပီး သိလိုစိတ္ျဖင့္ ေမးလိုက္ေလသည္။

" ဥကၠ႒က်ိဳး ဘာကို ၾကည့္ၿပီး ဒီလိုေကာက္ခ်က္ခ်ခဲ့တာလဲ၊ ကြၽန္ေတာ္တို႔ကို ေျပာျပအုံး"

သို႔ေသာ္ျငား အားလုံးသည္ က်ိဳး႐ႊမ္းက ရွင္းလင္းကာ က်ိဳးေၾကာင္းဆီေလ်ာ္သည့္ ရွင္းလင္းခ်က္တစ္ခုကို ေစာင့္ေမွ်ာ္ေနၾကစဥ္ က်ိဳး႐ႊမ္းက သူ႔ႏႈတ္ခမ္းမ်ားကို လႈပ္ကာ ေျပာလိုက္ေလသည္။

" မသိစိတ္ရဲ႕ ခံစားခ်က္ေပၚမူတည္ၿပီး ခန္႔မွန္းလိုက္တာ"

ဟယ္ရွန္႔မွာ စိတ္ရႈပ္သြားေတာ့သည္။ အၿမဲလိုလို တင္းၾကပ္ၿပီး အစြမ္းရွိလွသည့္ က်ိဳး႐ႊမ္းက တစ္ေန႔တြင္ သူ႔ခံစားခ်က္ကို သုံးကာ အမွန္တရားကို ခန္႔မွန္းရန္ အားထုတ္လိမ့္မည္ကိုေတာ့ ေမွ်ာ္လင့္မထားခဲ့ေခ်။ သို႔ေသာ္ျငား အထူးအဆန္းေတာ့ မဟုတ္ေပ။ ဇီး႐ိုးသည္ အလြန္သတိရွိၿပီး ေကာက္က်စ္ကာ ဉာဏ္မ်ားေသာေၾကာင့္ပင္။ သူမသည္ သူတို႔ကို အႀကိမ္မ်ားစြာ တိုက္ခိုက္ခဲ့ေသာ္လည္း မည္သည့္ကိုယ္ေရးအခ်က္အလက္ကိုမွ မေဖာ္ထုတ္ခဲ့ေခ်။

ထိုအေၾကာင္းကို စဥ္းစားမိၿပီး ဟယ္ရွန္႔သည္ က်ိဳး႐ႊမ္းကို နားလည္ႏိုင္ေလသည္။

ခဏေလာက္ တိတ္ဆိတ္သြားၿပီးေနာက္ က်ိဳး႐ႊမ္းက ထပ္ေျပာလိုက္၏။

" အဲဒီလွ်ိဳ႕ဝွက္ပုဂၢိဳလ္ အေကာင့္မွာ တင္ထားတဲ့ အေျဖေလးခုကို အေစာပိုင္းက ဖတ္လိုက္မိေတာ့ အေျဖေတြထဲက ေတြးေတာဆင္ျခင္ပုံက ဇီး႐ိုးရဲ႕ ပ႐ိုဂရမ္ေရးတဲ့ အေတြးအဆေတြနဲ႔ အရမ္းဆင္ေနတာ သိလိုက္ရတယ္"

လြန္ခဲ့သည့္ႏွစ္မ်ားစြာက ဟက္ကာနည္းပညာတြင္ ဇီး႐ိုးကို အႏိုင္ရရန္ သူသည္ ဇီး႐ိုး တင္ထားသည့္ ပ႐ိုဂရမ္တစ္ခ်ိဳ႕ႏွင့္ ဗိုင္းရက္စ္မ်ားကို ေသေသခ်ာခ်ာ ေလ့လာခဲ့ေလသည္။ သူသည္ ဇီး႐ိုး၏ ေတြးေခၚပုံအမူအက်င့္ႏွင့္ အလြန္ရင္းႏွီးေလသည္။

အေျဖေလးခုထဲတြင္ က်ိဳး႐ႊမ္းလည္း ရင္းႏွီးေနသည့္ခံစားခ်က္တစ္ခုကို အာ႐ုံခံမိသည္။ ထို႔ေၾကာင့္ ပုစာၦကို ေျဖခဲ့သူမွာ ဇီး႐ိုးျဖစ္မည္ဟု ေကာက္ခ်က္ ခ်ခဲ့ျခင္းပင္။

" ဆရာ ေျပာႏိုင္တယ္လား" ဟယ္ရွန္႔က ပို၍ပင္ ရႈပ္ေထြးသြားေတာသည္။

တစ္ဖက္တြင္ေတာ့ လင္ေရွာင္းက က်ိဳး႐ႊမ္း၏စကားကို ခ်က္ခ်င္းနားလည္သြားေတာ့သည္။ သူ႔မ်က္လုံးမ်ားသည္ လင္းလက္သြားၿပီး အေျဖကို ထပ္ၾကည့္ရန္ သူ႔ဖုန္းကို ျမန္ျမန္ထုတ္လိုက္ေတာ့သည္။ သို႔ေသာ္ မေရမတြက္ႏိုင္သည့္ လူမ်ားက followလုပ္ထားေသာ ဓာတ္ပုံေလးသာ တင္ထားသည့္ ပိုစ့္ကို ဖြင့္လိုက္မည္ျပင္လိုက္စဥ္ ပိုစ့္က ေပ်ာက္သြားသည္ကို အံ့ဩစြာေတြ႕လိုက္ရေတာ့သည္။

လင္ေရွာင္းသည္ မယုံႏိုင္စြာျဖင့္ အႀကိမ္အနည္းငယ္ refresh ျပန္လုပ္ၿပီး သီးသန္႔စာတိုကို ဖြင့္ၾကည့္လိုက္ေလသည္။ သူ႔အမူအရာက ခ်က္ခ်င္း ေျပာင္းသြားေတာ့သည္။

" ဒါ႐ိုက္တာက်န္း အဲဒီလွ်ိဳ႕ဝွက္ပုဂၢိဳလ္ပို႔ထားတဲ့ အေျဖပိုစ့္နဲ႔ လွ်ိဳ႕ဝွက္ပုဂၢိဳလ္ရဲ႕အေကာင့္အားလုံး ဖ်က္ပစ္လိုက္ၿပီ"

"ဒါ...."

က်န္းဟြမ္သည္ အခိုက္တန္႔ ေငးငိုင္သြားၿပီးေနာက္ ျဖည္းညင္းစြာ သက္ျပင္းခ်လိုက္ေတာ့သည္။

" ၾကည့္ရတာ ငါတို႔လုပ္ရက္က သူ႔ကို စိတ္ဆိုးသြားေစၿပီထင္ပါတယ္ ဟင္းးးး"

သူတို႔သည္ မတတ္သာေတာ့ပဲ သည္နည္းလမ္းကို ဖယ္ရွားလိုက္ရေတာ့သည္။ သူတို႔သည္ တျခားသူမ်ားကို ႐ုပ္ဖ်က္သြားေအာင္ တမင္မလုပ္ခ်င္ခဲ့ေပ။

လင္ေရွာင္းႏွင့္ က်န္းဟြမ္တို႔၏ စိတ္ပ်က္အားေလ်ာ့ေနပုံကို ျမင္လိုက္ရသျဖင့္ က်ိဳး႐ႊမ္းက သူတို႔ကို ေစတနာျဖင့္ သတိေပးလိုက္ေလေတာ့သည္။

" သူတို႔ေတြက ဆရာႀကီးတို႔ေပးတဲ့ အခြင့္အေရးကို စိတ္မဝင္စားတာလည္း ျဖစ္ႏိုင္ပါတယ္"

...

Continue Reading

You'll Also Like

80.4K 10.5K 106
Translate for fun (◔‿◔) *I don't own this story. Cover photo crd to pinterest
99.8K 10.5K 78
လီစု၀မ်သည် သာမာန်ကျောင်းသူလေးတစ်ဦးဖြစ်ပြီး တက္ကသိုလ်၀င်ခွင့်စာမေးပွဲဖြေဆို၍အိမ်ပြန်ချိန်တွင် အိမ်မှမိခင်ကထွက်ခွာသွားခဲ့သည်။ သူမမိခင်ထားခဲ့သောဖခင်၏အမွ...
5.1K 287 50
စုန့်လွမ်သည် "အာဏာရှင်ဝန်ကြီး" ဟု အမည်ပေးထားသော စာအုပ်ထဲကို ကူးပြောင်းလာခဲ့ပြီး ဇာတ်လိုက်၏ ဇနီးဖြစ်လာခဲ့သည်။ စာအုပ်ထဲမှာ မူလကိုယ်က မိုက်မဲကာ သူ့သားကိ...
158K 19.8K 31
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ