အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စ...

By ChihiroLily7

106K 9.3K 82

လုပ်ကြံသူအဖွဲ့တစ်ခုရဲ့ ပျိုးထောင်ခံလာရပြီး ၁၃နှစ်တာလေ့ကျင့်လာပြီးနောက်ပိုင်း ရှန်ယွဲ့ဟာ အသက် ၁၇နှစ်အရွယ်မှာတေ... More

ဇာတ်လမ်းမိတ်ဆက်
အပိုင်း (၁) သစ္စာဖောက်
အပိုင်း (၂) ပြန်လည်မွေးဖွားခြင်း
အပိုင်း (၃) အမည်မသိပူပန်မှု
အပိုင်း (၄) ကျောင်းထွက်ပြီး အလုပ်လုပ်တဲ့
အပိုင်း ( ၅) အမဲဖျက်ခံရတော့မယ့်သိုးတစ်ကောင်
အပိုင်း (၆) မူလပိုင်ရှင်ရဲ့လျှို့ဝှက်ချက်
အပိုင်း (၇) နားလည်ရဲ့လား
အပိုင်း (၈) ကမ္ဘာ့အဆင့်ပုစ္ဆာများကို အဖြေထုတ်ခြင်း
အပိုင်း (၉) ကြီးမားတဲ့ယုံကြည်ချက်
အပိုင်း (၁၀) သူမ ရူးသွားတာလား
အပိုင်း (၁၁) ကျောင်းမှာ ပထမရခြင်း
အပိုင်း ( ၁၂) ဘတ်စ်ကားပေါ်ဖြစ်ရပ်
အပိုင်း (၁၃) လူပါးဝတဲ့ကောင်ကို သင်ခန်းစာပေးမယ်
အပိုင်း ( ၁၄) အရမ်းအကြင်နာမဲ့သွားတယ်
အပိုင်း ( ၁၅) ငါ့မကောင်းကြောင်းပြောနေကြတယ်
အပိုင်း (၁၆) ဆရာ့စည်းကမ်းကို လိုက်နာပါ
အပိုင်း (၁၇) လူမိုက်လေးတစ်သိုက်
အပိုင်း (၁၈) ချန်းမင် ဘောင်းဘီထဲသေးပေါက်ချတယ်
အပိုင်း (၁၉) သူက မင်းအမ လား
အပိုင်း (၂၀) ကျောင်းတော်ရဲ့မင်းသားလေးထပ်တောင်ပိုချောသေးတယ်
Paid Gp စပါပြီ
အပိုင်း (၂၁) ပိုက်ဆံမလောက်ခြင်း
အပိုင်း (၂၂) ပွဲကောင်းတစ်ခုကို စောင့်မျှော်ခြင်း
အပိုင်း (၂၃) နင့်ညီမလေးကို အလျှော့ပေးလိုက်တဲ့
အပိုင်း ( ၂၄) နင့်အသက်ကိုကယ်ပေးမယ်
အပိုင်း (၂၅) အရပ်ဝတ်နဲ့ရဲအတု
အပိုင်း (၂၆) သူမကိုတစ်သန်းပေးလိုက်တယ်
အပိုင်း (၂၇) သူမကိုနာမည် ပျက်စေချင်တာတဲ့
အပိုင်း (၂၈) တံတားပေါ်က ဘူးသီးခြောက်
အပိုင်း (၂၉) အရာရှိတစ်ယောက်ထပ်ဖြစ်မလာနိုင်တော့ဘူး
အပိုင်း (၃၀) ဖုန်းတစ်လုံးဝယ်ခြင်း
အပိုင်း (၃၁) ဆင်းရဲသားနှစ်ယောက်
အပိုင်း (၃၂) VVIP မန်ဘာ
အပိုင်း (၃၃) သူ့သဘောထားက ချက်ချင်းပြောင်းသွားတာနော်
အပိုင်း (၃၄) ကောင်းတဲ့ရည်ရွယ်ချက်နဲ့ မကောင်းတာလုပ်မိတယ်
အပိုင်း (၃၅) ယွမ်တစ်သန်းသုံးခြင်း
အပိုင်း (၃၆) လောင်းရဲလား
အပိုင်း (၃၇) သေမယ့်လမ်း
အပိုင်း (၃၈) သူမရဲ့သရုပ်မှန်
အပိုင်း (၃၉) သားအမိနှစ်ယောက်ကို ပညာပေးမယ်
အပိုင်း (၄၀) အကြွေးတိုင်းမှာ ကြွေးရှင်ရှိတယ်
အပိုင်း ( ၄၁) သွေးရေပန်း
အပိုင်း (၄၂) ယဲ့ရင်းကို ဆက်သွယ်ခြင်း
အပိုင်း (၄၃) ကျေးဇူးပြန်ဆပ်ခြင်း
အပိုင်း ( ၄၄) ကြယ်ငါးပွင့်ဟိုတယ်
အပိုင်း (၄၅) ငွေကို ရေလိုသုံးခြင်း
အပိုင်း (၄၆) စီးပွားရေးလုပ်ငန်း
အပိုင်း (၄၇) ချမ်းသာမှုနှင့် စိတ်ရင်း
အပိုင်း (၄၈) သူမရဲ့လျှို့ဝှက်ချက်
အပိုင်း (၄၉) ခက်ခဲတဲ့ဘဝမှာ နေချင်တယ်တဲ့
အပိုင်း (၅၀) ရဲတင်းလိုက်တာ
အပိုင်း (၅၁) သောက်ကျိုးနဲ
အပိုင်း (၅၂) အုံးနှောက်မကောင်းတော့ဘူး
Thidingyut Promotion
အပိုင်း (၅၃) အိုင်ဒေါအဟောင်း
အပိုင်း ( ၅၄) စိန်ခေါ်တဲ့မေးခွန်း
အပိုင်း (၅၅) သေချာပေါက်လုံးဝငွေမယူဘူး
အပိုင်း (၅၆) အရမ်းမျက်နှာပြောင်တယ်
အပိုင်း (၅၇) အုတ်အော်သောင်းနင်းဖြစ်သွားခြင်း
အပိုင်း (၅၈) အဖြေမှန်
အပိုင်း (၅၉) ငါလေးနဲ့ကစားကြတဲ့သက်တော်စောင့်တွေ
အပိုင်း (၆၀) အာမခံချက်ရှိတဲ့ဝင်ခွင့်အခွင့်အရေးရရှိခြင်း
အပိုင်း (၆၁) သိပ္ပံနည်းကျသုတေသနကို စိတ်မဝင်စားပါ
အပိုင်း (၆၂) အေးစက်စက် ငြင်းပယ်ခြင်း
အပိုင်း ( ၆၃) စိတ်၏လှည့်စားခံရခြင်း
Announcement
အပိုင်း (၆၄) ရယ်စရာကောင်းတဲ့ရမှတ်
အပိုင်း (၆၅) ကလိမ်ကျတဲ့ နည်းလမ်းတစ်ချို့
အပိုင်း (၆၆) မသမာမှုကြောင့် အသရေဖျက်ခြင်း
အပိုင်း (၆၇) ပရမ်းပတာဖြစ်ခြင်း
အပိုင်း (၆၈) အမှတ်ပြည့်
အပိုင်း ( ၆၉) ဆရာမကိုတောင်းပန်လိုက်
အပိုင်း (၇၀) တရားရုံးမှာတွေ့မယ်
အပိုင်း (၇၁) ရှန်ယွဲ့က ရဲခေါ်လိုက်တယ်
အပိုင်း (၇၂) အိုဗာဖြစ်လွန်းတယ်
အပိုင်း (၇၃) ကျောင်းအုပ်ကြီး၏လုပ်ဆောင်ချက်ကို စောင့်ကြည့်ခြင်း
အပိုင်း (၇၄) မင်းကို တနေရာရာမှာတွေ့ဖူးသလိုပဲ
အပိုင်း (၇၅) နောက်ကွယ်လူတစ်စု
အပိုင်း (၇၆) သူကလူပြက်တစ်ယောက်လိုပဲ
အပိုင်း (၇၇) ကျောင်းတော်ရဲ့မင်းသမီးလေးထပ်တောင်လှသေးတယ်
အပိုင်း (၇၈) ရှန်ယွဲ့မှာ ချစ်သူအသစ်ရှိတယ်တဲ့
အပိုင်း ( ၇၉) ကျိုးရွှမ်းကို နာမည်တပ်ခေါ်တယ်
အပိုင်း (၈၀) ဟန်ရဲ့ကို မျက်နှာလုပ်ခွင့်ပေးလိုက်တယ်
အပိုင်း (၈၁) ငွေတစ်ခုသာ မျက်လုံးထဲမှာမြင်တယ်
Year End Promotion and Year End Event
Year End Event Announcement
အပိုင်း (၈၂) ယွမ် ၅၀,၀၀၀ကို လက်ခံလိုက်တယ်
GP - 2 မိတ်ဆက်
အပိုင်း ( ၈၃) ကျိုးမိသားစုဆီသို့ အလည်အပတ်
အပိုင်း (၈၅) ရန်သူရဲ့တန်ပြန်တိုက်စစ်
အပိုင်း (၈၆) ကျွန်တော်က အဲလိုလူမျိုးမဟုတ်
အပိုင်း (၈၇) အပြစ်ပြုမိသည်ဟု ခံစားမိခြင်း
အပိုင်း (၈၈) ကင်မရာကို ဖွင့်လိုက်မယ်
အပိုင်း (၈၉)ခံစားချက်ပေါ်မူတည်ပြီး ခန့်မှန်းကြည့်ခြင်း
အပိုင်း (၉၀) စပရိုက်နည်းနည်းတိုက်လိုက်မယ်
အပိုင်း (၉၁) ဥက္ကဋ္ဌကျိုးက ဂေး တဲ့
အပိုင်း (၉၂) ၃၆မိနစ်
အပိုင်း (၉၃) စပရိုက်သေးသေးလေး
အပိုင်း (၉၄) အခုချက်ချင်းထွက်သွား
အပိုင်း (၉၅) မဟာအခွင့်အရေးတစ်ခု
အပိုင်း (၉၆) အပြင်မှာ လေပြင်းနေတယ်
အပိုင်း (၉၇) အတုအယောင်ဟု သံသယဖြစ်မိ
အပိုင်း (၉၈) သူ့ခေါင်းကို ရိုက်ခွဲလိုက်တယ်
အပိုင်း (၉၉) တကယ်စိတ်ဆိုးတယ်
အပိုင်း (၁၀၀) ယွမ် တစ်သန်းလျှော်ကြေး
အပိုင်း (၁၀၁) အပေါက်ဆိုးတဲ့မိန်းမ
အပိုင်း (၁၀၂) နင့်ကို မေ့သွားတော့မလို့
အပိုင်း (၁၀၃) ဘယ်သူက ထွက်သွားခွင့်ပေးလို့လဲ
အပိုင်း (၁၀၄) ယွမ် နှစ်သိန်း
အပိုင်း (၁၀၅) ဘယ်သူက ထွက်သွားလို့ ပြောလို့လဲ
အပိုင်း (၁၀၆) + အပိုင်း (၁၀၇)
အပိုင်း (၁၀၈)+အပိုင်း (၁၀၉)
အပိုင်း (၁၁၀)+အပိုင်း(၁၁၁)
အပိုင်း (၁၁၂) + အပိုင်း (၁၁၃)
အပိုင်း (၁၁၄) + အပိုင်း (၁၁၅)
အပိုင်း (၁၁၆) + အပိုင်း (၁၁၇)
အပိုင်း (၁၁၈) +(၁၁၉)
အပိုင်း (၁၂၀) + အပိုင်း (၁၂၁)
အပိုင်း (၁၂၂) + အပိုင်း (၁၂၃)
အပိုင်း (၁၂၄) + အပိုင်း (၁၂၅)
အပိုင်း (၁၂၆+၁၂၇)
အပိုင်း (၁၂၈ + ၁၂၉)
အပိုင်း (၁၃၀ + ၁၃၁)
အပိုင်း (၁၃၂ + ၁၃၃)
အပိုင်း (၁၃၄ + ၁၃၅)
အပိုင်း (၁၃၆ + ၁၃၇)
အပိုင်း (၁၃၈ + ၁၃၉)
အပိုင်း (၁၄၀ + ၁၄၁)
အပိုင်း (၁၄၂ + ၁၄၃)
အပိုင်း (၁၄၄ + ၁၄၅)
အပိုင်း (၁၄၆ + ၁၄၇)
အပိုင်း (၁၄၈ + ၁၄၉)
Thingyan Promotion!
GP-3 Announcement + Promotion လေးထပ်ပေးထားပါတယ်ရှင်
အပိုင်း (၁၅၀+၁၅၁)
အပိုင်း (၁၅၂+၁၅၃)
အပိုင်း (၁၅၄+၁၅၅)
အပိုင်း (၁၅၆+၁၅၇)
အပိုင်း (၁၅၈+၁၅၉)
အပိုင်း (၁၆၀+၁၆၁)
အပိုင်း (၁၆၂+၁၆၃)
အပိုင်း (၁၆၄+၁၆၅)

အပိုင်း (၈၄) ကမ္ဘာ့နံပါတ် တစ်, ဇီးရိုး

646 55 0
By ChihiroLily7

အပိုင်း (၈၄) ကမ္ဘာ့နံပါတ် တစ်, ဇီးရိုး

ကျန်းဟွမ်သည် ပရော်ဖက်ဆာများက ပုစ္ဆာကိုဖြေရှင်းခဲ့သည့် ပုဂ္ဂိုလ်ကို အလွန်တွေ့ချင်နေကြကြောင်း အလေးပေးပြောခဲ့လေသည်။ သူတို့သည် နေရာတိုင်းတွင် အဆက်အသွယ်ရှာရင်းပင် စားချင်သောက်ချင်စိတ် ပျောက်သွားတော့သည်။ သို့သော် တစ်ဖက်လူက အချက်အလက်အနည်းငယ်သာ ချန်ထားခဲ့သည်။ နောက်ဆုံးတွင်တော့ သူတို့သည် မတတ်သာတော့ဘဲ ကျိုးရွှမ်းကို လာရှာရတော့သည်။

" တကယ်တော့ဗျာ ဒီပုစ္ဆာရဲ့အဓိကအယူအဆက ပရော်ဖက်ဆာတွေလုပ်နေတဲ့ အရေးကြီးသုတေသနတစ်ခုနဲ့ ပတ်သက်နေတာ၊ ဒီပုစ္ဆာကို ဖြေရှင်းနိုင်တဲ့လူက သုတေသနမှာ တကယ့်ကို အထောက်အကူဖြစ်မှာ၊ အခုကျတော့ ပရော်ဖက်ဆာတွေ သူတို့သက်တမ်းတစ်ဝက်လောက် အချိန်ကုန်ခံပြီးလုပ်ခဲ့တဲ့ သုတေသနက အရေးကြီးဆုံးအဆင့်ကို ရောက်နေပြီ၊ တကယ်အရေးတကြီးဖြစ်နေတာ"

လင်ရှောင်းက ကျန်းဟွမ် မိတ်ဆက်ပေးပြီးသွားသည့်နောက် ထပ်ဖြည့်ပြောလိုက်တော့သည်။

ပရော်ဖက်ဆာများနှင့် အရင်းနှီးဆုံးကျောင်းသားတစ်ယောက်အနေဖြင့် ဆံပင်ဖြူနေကြသည့် ပရော်ဖက်ဆာအိုကြီးများက သည်သုတေသနကို မည်မျှအလေးထားပြီး ထိုပုစ္ဆာကိုဖြေရှင်းပေးသူ ထွက်လာရန် မည်မျှတောင့်တကြောင်း သူ့မျက်မြင်ပင်ဖြစ်လေသည်။ ထို့ကြောင့် ပရော်ဖက်ဆာကြီးများက တစ်စုံတစ်ယောက်ကို ရှာတွေ့ရန် မည်မျှ စိတ်အားထက်သန်ကြကြောင့် နားလည်လေသည်။ သူသည်လည်း အကောင်းဆုံး ကြိုးစားရလိမ့်မည်။

" ဒီတော့ ပြောချင်တာက ကျွန်တော့် ဟက်ကာစကေးကို သုံးပြီး ဒီလူဘယ်မှာနေလဲဆိုတာကို ရှာချင်တာလို့ ပြောတာပေါ့"

ကျိုးရွှမ်းက ခဏလောက် စဥ်းစားလိုက်ပြီး ဖြည်းညင်းစွာပြောလိုက်လေသည်။

" ဟုတ်ပါတယ် ငါတို့က ဒီလူကို တကယ်သာ မလိုအပ်ဘူးဆိုရင် ဒီလိုအစွန်းရောက်တဲ့နည်းလမ်းတစ်ခုကို သုံးပြီး သူ့ကို ရှာချင်ခဲ့မှာမဟုတ်ဘူး"

ကျန်းဟွမ်က မြန်မြန်ခေါင်းညိတ်ပြလိုက်ပြီး ကျိုးရွှမ်းကို လေးစားအားကျသည့်စိတ်ဖြင့် ကြည့်လိုက်လေသည်။

" မင်းက ငါသင်ဖူးသမျှထဲမှာ အထူးချွန်ဆုံးကျောင်းသားဖြစ်ပြီး ငါသိတဲ့ ဟက်ကာတွေထဲမှာလည်း မင်းက အရည်အချင်းအရှိဆုံးလေ၊ ဒီကိစ္စရဲ့နောက်ဆုံးမျှော်လင့်ချက်က မင်းဖြစ်နေတယ်"

ကျိုးရွှမ်းသည် သိုသိုသိပ်သိပ် နေသူတစ်ယောက်ဖြစ်လေသည်။ သူ့တွင် သည်အရည်အချင်းရှိမှန်းသိသူက မရှိသလောက်ပင်။ ကျန်းဟွမ်သည်လည်း ကျောင်းအုပ်တစ်ယောက်၏ အခွင့်အာဏာကို သုံးခဲ့ပြီးမှ ကျိုးရွှမ်း တက္ကသိုလ်တက်စဥ်က အမှတ်မထင်သိခဲ့ရခြင်းပင်။

သူအမှတ်မမှားလျှင် ကျိုးရွှမ်း၏ဟက်ကာစကေးသည် လွန်ခဲ့သည့်နှစ်အနည်းကယ်က နိုင်ငံထဲတွင် အတော်ဆုံးထဲက တစ်ယောက်ဖြစ်ခဲ့သည်။ အခုတော့ သူသည် ကမ္ဘာ့အဆင့်ကျွမ်းကျင်ပညာရှင်တစ်ယောက် ဖြစ်နေလောက်ပြီ။

"ကောင်းပါပြီ"

ကျိုးရွှမ်းက ပြန်ဖြေလိုက်ပြီး သူ့လက်ထောက် ဟယ်ရှန့်ကို ဝင်လာခိုင်းလိုက်လေသည်။

" ကျွန်တော် ဟယ်ရှန့်ကို ဟက်နည်း ကိုယ်တိုင်သင်ပေးထားခဲ့တာ၊ ကျိုးကော်ပိုရေးရှင်းရဲ့ လုံခြုံရေးကွန်ယက်ကို သူ့ကို တာဝန်ပေးထားတာ၊ တစ်ချိန်ထဲမှာပဲ ဟယ်ရှန့်က (ဖယ်လ်ကွန်) ကမ္ဘာ့ဟက်ကာအဆင့်မှာ အဆင့်၁၄ဝင် တစ်ယောက်လေ၊ သူ့ကို အရင်စမ်းကြည့်ခိုင်းလိုက်မယ်" ကျိုးရွှမ်းက တည်တည်ငြိမ်ငြိမ်ပြောလိုက်လေသည်။

သူက ပြောလိုက်သည်နှင့် ဟယ်ရှန့်သည် လပ်တော့တစ်လုံးဖြင့် ဝင်လာလေသည်။ သူသည် လင်ရှောင်းက သူ့ကိုပေးခဲ့သည့် ပုစ္ဆာကိုဖြေရှင်းခဲ့သည့် လျို့ဝှက်ပုဂ္ဂိုလ်၏ ဘာမှမရှိသည့်အချက်အလက်ကို ကြည့်လိုက်ပြီး မြန်မြန် စ,တင်လိုက်တော့သည်။

ဟယ်ရှန့်၏မျက်စိကျိန်းလောက်သည့် လက်ကွက်နည်းပညာကို ကြည့်ရင်း လင်ရှောင်းက မနေနိုင်တော့ဘဲ မေးလိုက်တော့သည်။

အဲဒီလူက IDအကောင့်တစ်ခုကလွဲပြီး ဘာမှမရှိဘူး၊ ကျွန်တော်တို့တွေ တကယ်ပဲ သူ့ကို ရှာနိုင်ပါ့မလား"

" ပိုစ့်တင်တဲ့ဆော့ဖ်ဝဲရဲ့ back-end database ( သီးခြား application တစ်ခုကနေ သုံးထားတဲ့ userတွေရဲ့ dataတွေကို သိမ်းထားတဲ့နေရာ) ထဲကို ဝင်ဟက်လိုက်ရင် ကျွန်တော်တို့တွေ ဒီလူရဲ့အင်တာနက် လိပ်စာကို ရှာနိုင်တယ် ပြီးရင် ကျွန်တော်တို့တွေက တဖက်လူရဲ့ တည်နေရာနဲ့ တခြားအချက်အလက်တွေကို ရယူနိုင်တယ်" ဟယ်ရှန့်က အလုပ်လုပ်ရင်း ရှင်းပြလိုက်တော့သည်။

ကျိုးရွှမ်းကလည်း ပြောသည်။

" မင်း အင်တာနက်သုံးနေသ၍ အင်တာနက်ပေါ်မှာ ခြေရာလက်ရာတော့ သေချာပေါက်ကျန်ခဲ့တယ်"

" ဝိုး တကယ်အထင်ကြီးစရာပဲ"

လင်ရှောင်း၏မျက်လုံးများသည် လင်းလက်လာပြီး စိတ်ရင်းနှင့် ချီးကျူးစကားပြောလိုက်တော့သည်။ သူသည် ပုစ္ဆာကိုဖြေရှင်းခဲ့သူအကြောင်းကို ပရော်ဖက်ဆာများထံယူသွားချိန်က ပရော်ဖက်ဆာများသည့် အလွန်ပျော်ရွှင်နေကြမည်ကို စိတ်ကူးကြည့်နိုင်လေသည်။

ဟယ်ရှန့်က အနည်းငယ်ရှက်သွားတော့သည်။ သူက ပြုံးကာ ပြောလိုက်လေသည်။

"ကျွန်တော့်ဟက်ကာစကေးအားလုံးက ဥက္ကဋ္ဌကျိုး သင်ထားပေးတာပါ၊ ဥက္ကဋ္ဌကျိုးက ကျွန်တော့်ထက် အများကြီးတော်ပါတယ်"

ကမ္ဘာ့အဆင့် ၁၄ရှိတဲ့ ဟယ်ရှန့်ထက် အများကြီးတော်တယ်တဲ့လား။ လင်ရှောင်းသည် ပထမဆုံး အံ့ဩသွားပြီးနောက် စိတ်အေးသွားတော့သည်။ သူက ပြုံးကာ ပြန်ပြောလိုက်လေသည်။

" စီနီယာကျိုးက ကမ္ဘာအဆင့် ၁၄ရှိတဲ့ ဟက်ကာတစ်ယာက်ကို သင်ပေးနိုင်တယ်ဆိုတော့ သူ့အဆင့်က ကမ္ဘာမှာ နံပါတ်တစ်ဖြစ်ရမယ် ဟုတ်တယ်မလား"

"မဟုတ်ပါဘူး"

ကျိုးရွှမ်းက ခေါင်းခါပြလိုက်လေသည်။ လွန်ခဲ့သည့်နှစ်ပေါင်းများစွာက ဟက်ကာအဆင့်သတ်မှတ်ချက်၏ ပထမနေရာတွင် ဇီးရိုးအမည်ရှိ လူတစ်ယောက်က တစ်နှစ်လုံး နေရာယူထားခဲ့သည်။ သူမသည် နိုင်ငံများစွာနှင့် အဖွဲ့အစည်းများစွာ၏ နောက်ဆုံး လျှို့ဝှက်databaseကို ထိုးဖောက်ခဲ့သည်။ မရေမတွက်နိုင်သည့်လူများစွာက သူမကို မုန်းတီးခဲ့ကြသော်လည်း သူတို့သည် သူမကို ရှာတွေ့ရန် တောင့်တနေခဲ့ကြသည်။

ဟက်ကာစကေးနှင့်ပတ်သက်လာလျှင် ဇီးရိုးသည် လုံးဝပြိုင်ဘက်ကင်းသူတစ်ယောက် ဖြစ်လေသည်။ သူမကို မည်သူက စိန်ခေါ်ပါစေ သူတို့သည် အလွယ်တကူရှုံးနိမ့်ခဲ့ကြသည်။ ဇီးရိုးက ဤသို့ပင် ပြောခဲ့သေးသည်။ တစ်ဦးတစ်ယောက်က သူမ၏သရုပ်မှန်ကို ရှာတွေ့နိုင်ခဲ့လျှင် သူမက ကမ္ဘာနံပါတ်တစ်နေရာကို လွဲပေးမည်ဟူ၍။

ကမ္ဘာကြီးက ဇီးရိုးသည် အမျိုးသမီးတစ်ယောက်ဖြစ်မှန်းသာ သိကြလေသည်။ အမှန်တွင်တော့ သည်အချက်အလက်ကိုလည်း ဇီးရိုးကိုယ်တိုင်က ထုတ်ပြောထားခြင်းပင်။ သူမ၏အသက်နှင့် သရုပ်မှန်ကိုတော့ မသိရချေ။

ကျိုးရွှမ်းသည် ငယ်ရွယ်ပြီး စိတ်အားတက်ကြွချိန်က သူသည်လည်း ဇီးရိုးကို စိန်ခေါ်ခဲ့ဖူးလေသည်။ နှစ်ဘက်လုံးက အကြိမ်ကြိမ် ခုခံလိုက် ထိုးစစ်ဆင်လိုက်ဖြင့် ရှိခဲ့သော်လည်း ကျိုးရွှမ်းက ဇီးရိုးကို ရှုံးခဲ့သေးသည်။

နှစ်ပေါင်းများစွာကြာပြီးနောက် ကျိုးရွှမ်း၏ဟက်ကာစကေးများသည် အရင်ကထက် အများကြီး ပိုကောင်းလာသည်က အမှန်ပင်။ သူသည် ကမ္ဘာ့နံပါတ်တစ် ဖြစ်ရခြင်း၏ ဂုဏ်သရေအတွက် ဇီးရိုးနှင့် တဖန်ပြိုင်ဖို့ရာ စဥ်းစားခဲ့သေးသည်။ သို့သော် ပြီးခဲ့နှစ်က ဇီးရိုးသည် ရုတ်တရက် ပျောက်ခြင်းမလှ ပျောက်ကွယ်သွားပြီး ဆက်သွယ်လို့မရတော့ပေ။

ကျိုးရွှမ်း၏အတွေးများက ပြေးလွှားနေစဥ်မှာပင် ဟယ်ရှန့်က ရုတ်တရက် အံ့ဩတကြီး ထပြောလိုက်တော့သည်။

"ဥက္ကဋ္ဌကျိုး ကျွန်တော် ရှာလို့တွေ့ပြီ၊ ဒီအကောင့် နောက်ဆုံးဝင်ခဲ့တာ Sမြို့မှာပဲ"

 . . .

Zawgyi

အပိုင္း (၈၄) ကမာၻ႔နံပါတ္ တစ္, ဇီး႐ိုး

က်န္းဟြမ္သည္ ပေရာ္ဖက္ဆာမ်ားက ပုစာၦကိုေျဖရွင္းခဲ့သည့္ ပုဂၢိဳလ္ကို အလြန္ေတြ႕ခ်င္ေနၾကေၾကာင္း အေလးေပးေျပာခဲ့ေလသည္။ သူတို႔သည္ ေနရာတိုင္းတြင္ အဆက္အသြယ္ရွာရင္းပင္ စားခ်င္ေသာက္ခ်င္စိတ္ ေပ်ာက္သြားေတာ့သည္။ သို႔ေသာ္ တစ္ဖက္လူက အခ်က္အလက္အနည္းငယ္သာ ခ်န္ထားခဲ့သည္။ ေနာက္ဆုံးတြင္ေတာ့ သူတို႔သည္ မတတ္သာေတာ့ဘဲ က်ိဳး႐ႊမ္းကို လာရွာရေတာ့သည္။

" တကယ္ေတာ့ဗ်ာ ဒီပုစာၦရဲ႕အဓိကအယူအဆက ပေရာ္ဖက္ဆာေတြလုပ္ေနတဲ့ အေရးႀကီးသုေတသနတစ္ခုနဲ႔ ပတ္သက္ေနတာ၊ ဒီပုစာၦကို ေျဖရွင္းႏိုင္တဲ့လူက သုေတသနမွာ တကယ့္ကို အေထာက္အကူျဖစ္မွာ၊ အခုက်ေတာ့ ပေရာ္ဖက္ဆာေတြ သူတို႔သက္တမ္းတစ္ဝက္ေလာက္ အခ်ိန္ကုန္ခံၿပီးလုပ္ခဲ့တဲ့ သုေတသနက အေရးႀကီးဆုံးအဆင့္ကို ေရာက္ေနၿပီ၊ တကယ္အေရးတႀကီးျဖစ္ေနတာ"

လင္ေရွာင္းက က်န္းဟြမ္ မိတ္ဆက္ေပးၿပီးသြားသည့္ေနာက္ ထပ္ျဖည့္ေျပာလိုက္ေတာ့သည္။

ပေရာ္ဖက္ဆာမ်ားႏွင့္ အရင္းႏွီးဆုံးေက်ာင္းသားတစ္ေယာက္အေနျဖင့္ ဆံပင္ျဖဴေနၾကသည့္ ပေရာ္ဖက္ဆာအိုႀကီးမ်ားက သည္သုေတသနကို မည္မွ်အေလးထားၿပီး ထိုပုစာၦကိုေျဖရွင္းေပးသူ ထြက္လာရန္ မည္မွ်ေတာင့္တေၾကာင္း သူ႔မ်က္ျမင္ပင္ျဖစ္ေလသည္။ ထို႔ေၾကာင့္ ပေရာ္ဖက္ဆာႀကီးမ်ားက တစ္စုံတစ္ေယာက္ကို ရွာေတြ႕ရန္ မည္မွ် စိတ္အားထက္သန္ၾကေၾကာင့္ နားလည္ေလသည္။ သူသည္လည္း အေကာင္းဆုံး ႀကိဳးစားရလိမ့္မည္။

" ဒီေတာ့ ေျပာခ်င္တာက ကြၽန္ေတာ့္ ဟက္ကာစေကးကို သုံးၿပီး ဒီလူဘယ္မွာေနလဲဆိုတာကို ရွာခ်င္တာလို႔ ေျပာတာေပါ့"

က်ိဳး႐ႊမ္းက ခဏေလာက္ စဥ္းစားလိုက္ၿပီး ျဖည္းညင္းစြာေျပာလိုက္ေလသည္။

" ဟုတ္ပါတယ္ ငါတို႔က ဒီလူကို တကယ္သာ မလိုအပ္ဘူးဆိုရင္ ဒီလိုအစြန္းေရာက္တဲ့နည္းလမ္းတစ္ခုကို သုံးၿပီး သူ႔ကို ရွာခ်င္ခဲ့မွာမဟုတ္ဘူး"

က်န္းဟြမ္က ျမန္ျမန္ေခါင္းညိတ္ျပလိုက္ၿပီး က်ိဳး႐ႊမ္းကို ေလးစားအားက်သည့္စိတ္ျဖင့္ ၾကည့္လိုက္ေလသည္။

" မင္းက ငါသင္ဖူးသမွ်ထဲမွာ အထူးခြၽန္ဆုံးေက်ာင္းသားျဖစ္ၿပီး ငါသိတဲ့ ဟက္ကာေတြထဲမွာလည္း မင္းက အရည္အခ်င္းအရွိဆုံးေလ၊ ဒီကိစၥရဲ႕ေနာက္ဆုံးေမွ်ာ္လင့္ခ်က္က မင္းျဖစ္ေနတယ္"

က်ိဳး႐ႊမ္းသည္ သိုသိုသိပ္သိပ္ ေနသူတစ္ေယာက္ျဖစ္ေလသည္။ သူ႔တြင္ သည္အရည္အခ်င္းရွိမွန္းသိသူက မရွိသေလာက္ပင္။ က်န္းဟြမ္သည္လည္း ေက်ာင္းအုပ္တစ္ေယာက္၏ အခြင့္အာဏာကို သုံးခဲ့ၿပီးမွ က်ိဳး႐ႊမ္း တကၠသိုလ္တက္စဥ္က အမွတ္မထင္သိခဲ့ရျခင္းပင္။

သူအမွတ္မမွားလွ်င္ က်ိဳး႐ႊမ္း၏ဟက္ကာစေကးသည္ လြန္ခဲ့သည့္ႏွစ္အနည္းကယ္က ႏိုင္ငံထဲတြင္ အေတာ္ဆုံးထဲက တစ္ေယာက္ျဖစ္ခဲ့သည္။ အခုေတာ့ သူသည္ ကမာၻ႔အဆင့္ကြၽမ္းက်င္ပညာရွင္တစ္ေယာက္ ျဖစ္ေနေလာက္ၿပီ။

"ေကာင္းပါၿပီ"

က်ိဳး႐ႊမ္းက ျပန္ေျဖလိုက္ၿပီး သူ႔လက္ေထာက္ ဟယ္ရွန္႔ကို ဝင္လာခိုင္းလိုက္ေလသည္။

" ကြၽန္ေတာ္ ဟယ္ရွန္႔ကို ဟက္နည္း ကိုယ္တိုင္သင္ေပးထားခဲ့တာ၊ က်ိဳးေကာ္ပိုေရးရွင္းရဲ႕ လုံၿခဳံေရးကြန္ယက္ကို သူ႔ကို တာဝန္ေပးထားတာ၊ တစ္ခ်ိန္ထဲမွာပဲ ဟယ္ရွန္႔က (ဖယ္လ္ကြန္) ကမာၻ႔ဟက္ကာအဆင့္မွာ အဆင့္၁၄ဝင္ တစ္ေယာက္ေလ၊ သူ႔ကို အရင္စမ္းၾကည့္ခိုင္းလိုက္မယ္" က်ိဳး႐ႊမ္းက တည္တည္ၿငိမ္ၿငိမ္ေျပာလိုက္ေလသည္။

သူက ေျပာလိုက္သည္ႏွင့္ ဟယ္ရွန္႔သည္ လပ္ေတာ့တစ္လုံးျဖင့္ ဝင္လာေလသည္။ သူသည္ လင္ေရွာင္းက သူ႔ကိုေပးခဲ့သည့္ ပုစာၦကိုေျဖရွင္းခဲ့သည့္ လ်ိဳ႕ဝွက္ပုဂၢိဳလ္၏ ဘာမွမရွိသည့္အခ်က္အလက္ကို ၾကည့္လိုက္ၿပီး ျမန္ျမန္ စ,တင္လိုက္ေတာ့သည္။

ဟယ္ရွန္႔၏မ်က္စိက်ိန္းေလာက္သည့္ လက္ကြက္နည္းပညာကို ၾကည့္ရင္း လင္ေရွာင္းက မေနႏိုင္ေတာ့ဘဲ ေမးလိုက္ေတာ့သည္။

အဲဒီလူက IDအေကာင့္တစ္ခုကလြဲၿပီး ဘာမွမရွိဘူး၊ ကြၽန္ေတာ္တို႔ေတြ တကယ္ပဲ သူ႔ကို ရွာႏိုင္ပါ့မလား"

" ပိုစ့္တင္တဲ့ေဆာ့ဖ္ဝဲရဲ႕ back-end database ( သီးျခား application တစ္ခုကေန သုံးထားတဲ့ userေတြရဲ႕ dataေတြကို သိမ္းထားတဲ့ေနရာ) ထဲကို ဝင္ဟက္လိုက္ရင္ ကြၽန္ေတာ္တို႔ေတြ ဒီလူရဲ႕အင္တာနက္ လိပ္စာကို ရွာႏိုင္တယ္ ၿပီးရင္ ကြၽန္ေတာ္တို႔ေတြက တဖက္လူရဲ႕ တည္ေနရာနဲ႔ တျခားအခ်က္အလက္ေတြကို ရယူႏိုင္တယ္" ဟယ္ရွန္႔က အလုပ္လုပ္ရင္း ရွင္းျပလိုက္ေတာ့သည္။

က်ိဳး႐ႊမ္းကလည္း ေျပာသည္။

" မင္း အင္တာနက္သုံးေနသ၍ အင္တာနက္ေပၚမွာ ေျခရာလက္ရာေတာ့ ေသခ်ာေပါက္က်န္ခဲ့တယ္"

" ဝိုး တကယ္အထင္ႀကီးစရာပဲ"

လင္ေရွာင္း၏မ်က္လုံးမ်ားသည္ လင္းလက္လာၿပီး စိတ္ရင္းႏွင့္ ခ်ီးက်ဴးစကားေျပာလိုက္ေတာ့သည္။ သူသည္ ပုစာၦကိုေျဖရွင္းခဲ့သူအေၾကာင္းကို ပေရာ္ဖက္ဆာမ်ားထံယူသြားခ်ိန္က ပေရာ္ဖက္ဆာမ်ားသည့္ အလြန္ေပ်ာ္႐ႊင္ေနၾကမည္ကို စိတ္ကူးၾကည့္ႏိုင္ေလသည္။

ဟယ္ရွန္႔က အနည္းငယ္ရွက္သြားေတာ့သည္။ သူက ၿပဳံးကာ ေျပာလိုက္ေလသည္။

"ကြၽန္ေတာ့္ဟက္ကာစေကးအားလုံးက ဥကၠ႒က်ိဳး သင္ထားေပးတာပါ၊ ဥကၠ႒က်ိဳးက ကြၽန္ေတာ့္ထက္ အမ်ားႀကီးေတာ္ပါတယ္"

ကမာၻ႔အဆင့္ ၁၄ရွိတဲ့ ဟယ္ရွန္႔ထက္ အမ်ားႀကီးေတာ္တယ္တဲ့လား။ လင္ေရွာင္းသည္ ပထမဆုံး အံ့ဩသြားၿပီးေနာက္ စိတ္ေအးသြားေတာ့သည္။ သူက ၿပဳံးကာ ျပန္ေျပာလိုက္ေလသည္။

" စီနီယာက်ိဳးက ကမာၻအဆင့္ ၁၄ရွိတဲ့ ဟက္ကာတစ္ယာက္ကို သင္ေပးႏိုင္တယ္ဆိုေတာ့ သူ႔အဆင့္က ကမာၻမွာ နံပါတ္တစ္ျဖစ္ရမယ္ ဟုတ္တယ္မလား"

"မဟုတ္ပါဘူး"

က်ိဳး႐ႊမ္းက ေခါင္းခါျပလိုက္ေလသည္။ လြန္ခဲ့သည့္ႏွစ္ေပါင္းမ်ားစြာက ဟက္ကာအဆင့္သတ္မွတ္ခ်က္၏ ပထမေနရာတြင္ ဇီး႐ိုးအမည္ရွိ လူတစ္ေယာက္က တစ္ႏွစ္လုံး ေနရာယူထားခဲ့သည္။ သူမသည္ ႏိုင္ငံမ်ားစြာႏွင့္ အဖြဲ႕အစည္းမ်ားစြာ၏ ေနာက္ဆုံး လွ်ိဳ႕ဝွက္databaseကို ထိုးေဖာက္ခဲ့သည္။ မေရမတြက္ႏိုင္သည့္လူမ်ားစြာက သူမကို မုန္းတီးခဲ့ၾကေသာ္လည္း သူတို႔သည္ သူမကို ရွာေတြ႕ရန္ ေတာင့္တေနခဲ့ၾကသည္။

ဟက္ကာစေကးႏွင့္ပတ္သက္လာလွ်င္ ဇီး႐ိုးသည္ လုံးဝၿပိဳင္ဘက္ကင္းသူတစ္ေယာက္ ျဖစ္ေလသည္။ သူမကို မည္သူက စိန္ေခၚပါေစ သူတို႔သည္ အလြယ္တကူရႈံးနိမ့္ခဲ့ၾကသည္။ ဇီး႐ိုးက ဤသို႔ပင္ ေျပာခဲ့ေသးသည္။ တစ္ဦးတစ္ေယာက္က သူမ၏သ႐ုပ္မွန္ကို ရွာေတြ႕ႏိုင္ခဲ့လွ်င္ သူမက ကမာၻနံပါတ္တစ္ေနရာကို လြဲေပးမည္ဟူ၍။

ကမာၻႀကီးက ဇီး႐ိုးသည္ အမ်ိဳးသမီးတစ္ေယာက္ျဖစ္မွန္းသာ သိၾကေလသည္။ အမွန္တြင္ေတာ့ သည္အခ်က္အလက္ကိုလည္း ဇီး႐ိုးကိုယ္တိုင္က ထုတ္ေျပာထားျခင္းပင္။ သူမ၏အသက္ႏွင့္ သ႐ုပ္မွန္ကိုေတာ့ မသိရေခ်။

က်ိဳး႐ႊမ္းသည္ ငယ္႐ြယ္ၿပီး စိတ္အားတက္ႂကြခ်ိန္က သူသည္လည္း ဇီး႐ိုးကို စိန္ေခၚခဲ့ဖူးေလသည္။ ႏွစ္ဘက္လုံးက အႀကိမ္ႀကိမ္ ခုခံလိုက္ ထိုးစစ္ဆင္လိုက္ျဖင့္ ရွိခဲ့ေသာ္လည္း က်ိဳး႐ႊမ္းက ဇီး႐ိုးကို ရႈံးခဲ့ေသးသည္။

ႏွစ္ေပါင္းမ်ားစြာၾကာၿပီးေနာက္ က်ိဳး႐ႊမ္း၏ဟက္ကာစေကးမ်ားသည္ အရင္ကထက္ အမ်ားႀကီး ပိုေကာင္းလာသည္က အမွန္ပင္။ သူသည္ ကမာၻ႔နံပါတ္တစ္ ျဖစ္ရျခင္း၏ ဂုဏ္သေရအတြက္ ဇီး႐ိုးႏွင့္ တဖန္ၿပိဳင္ဖို႔ရာ စဥ္းစားခဲ့ေသးသည္။ သို႔ေသာ္ ၿပီးခဲ့ႏွစ္က ဇီး႐ိုးသည္ ႐ုတ္တရက္ ေပ်ာက္ျခင္းမလွ ေပ်ာက္ကြယ္သြားၿပီး ဆက္သြယ္လို႔မရေတာ့ေပ။

က်ိဳး႐ႊမ္း၏အေတြးမ်ားက ေျပးလႊားေနစဥ္မွာပင္ ဟယ္ရွန္႔က ႐ုတ္တရက္ အံ့ဩတႀကီး ထေျပာလိုက္ေတာ့သည္။

"ဥကၠ႒က်ိဳး ကြၽန္ေတာ္ ရွာလို႔ေတြ႕ၿပီ၊ ဒီအေကာင့္ ေနာက္ဆုံးဝင္ခဲ့တာ Sၿမိဳ႕မွာပဲ"

. . .

Continue Reading

You'll Also Like

1.5M 63.2K 74
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
1.3M 46K 61
Myanmar × BL Uni/Zaw [ 2 ] Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd
79.2K 11.2K 82
ကျန်းမိသားစုမှာ သမီးနှစ်ယောက်ပြီး တစ်ယောက်စီက ပန်းကလေးတွေနဲ့ ကျောက်စိမ်းရုပ်လေးတွေလို လှပကြတယ်။ အငတ်ဘေးရာသီနဲ့ ကြုံကြိုက်လာတော့ အသက်ဆက်ရှန်သန်ဖို့အရေ...
27.6K 4.2K 55
Original name - 如珠似玉 English Title - Like Pearl and Jade Author - Butterfly's Shadow Beneath the Moon Yue Xia Die Ying 月下蝶影 Chapters - 98 I do not o...