အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စ...
By ChihiroLily7
106K 9.3K 82
လုပ်ကြံသူအဖွဲ့တစ်ခုရဲ့ ပျိုးထောင်ခံလာရပြီး ၁၃နှစ်တာလေ့ကျင့်လာပြီးနောက်ပိုင်း ရှန်ယွဲ့ဟာ အသက် ၁၇နှစ်အရွယ်မှာတေ... More
ဇာတ်လမ်းမိတ်ဆက်
အပိုင်း (၁) သစ္စာဖောက်
အပိုင်း (၂) ပြန်လည်မွေးဖွားခြင်း
အပိုင်း (၃) အမည်မသိပူပန်မှု
အပိုင်း (၄) ကျောင်းထွက်ပြီး အလုပ်လုပ်တဲ့
အပိုင်း ( ၅) အမဲဖျက်ခံရတော့မယ့်သိုးတစ်ကောင်
အပိုင်း (၆) မူလပိုင်ရှင်ရဲ့လျှို့ဝှက်ချက်
အပိုင်း (၇) နားလည်ရဲ့လား
အပိုင်း (၈) ကမ္ဘာ့အဆင့်ပုစ္ဆာများကို အဖြေထုတ်ခြင်း
အပိုင်း (၉) ကြီးမားတဲ့ယုံကြည်ချက်
အပိုင်း (၁၀) သူမ ရူးသွားတာလား
အပိုင်း (၁၁) ကျောင်းမှာ ပထမရခြင်း
အပိုင်း ( ၁၂) ဘတ်စ်ကားပေါ်ဖြစ်ရပ်
အပိုင်း (၁၃) လူပါးဝတဲ့ကောင်ကို သင်ခန်းစာပေးမယ်
အပိုင်း ( ၁၄) အရမ်းအကြင်နာမဲ့သွားတယ်
အပိုင်း ( ၁၅) ငါ့မကောင်းကြောင်းပြောနေကြတယ်
အပိုင်း (၁၆) ဆရာ့စည်းကမ်းကို လိုက်နာပါ
အပိုင်း (၁၇) လူမိုက်လေးတစ်သိုက်
အပိုင်း (၁၈) ချန်းမင် ဘောင်းဘီထဲသေးပေါက်ချတယ်
အပိုင်း (၁၉) သူက မင်းအမ လား
အပိုင်း (၂၀) ကျောင်းတော်ရဲ့မင်းသားလေးထပ်တောင်ပိုချောသေးတယ်
Paid Gp စပါပြီ
အပိုင်း (၂၁) ပိုက်ဆံမလောက်ခြင်း
အပိုင်း (၂၂) ပွဲကောင်းတစ်ခုကို စောင့်မျှော်ခြင်း
အပိုင်း (၂၃) နင့်ညီမလေးကို အလျှော့ပေးလိုက်တဲ့
အပိုင်း ( ၂၄) နင့်အသက်ကိုကယ်ပေးမယ်
အပိုင်း (၂၅) အရပ်ဝတ်နဲ့ရဲအတု
အပိုင်း (၂၆) သူမကိုတစ်သန်းပေးလိုက်တယ်
အပိုင်း (၂၇) သူမကိုနာမည် ပျက်စေချင်တာတဲ့
အပိုင်း (၂၈) တံတားပေါ်က ဘူးသီးခြောက်
အပိုင်း (၂၉) အရာရှိတစ်ယောက်ထပ်ဖြစ်မလာနိုင်တော့ဘူး
အပိုင်း (၃၀) ဖုန်းတစ်လုံးဝယ်ခြင်း
အပိုင်း (၃၁) ဆင်းရဲသားနှစ်ယောက်
အပိုင်း (၃၂) VVIP မန်ဘာ
အပိုင်း (၃၃) သူ့သဘောထားက ချက်ချင်းပြောင်းသွားတာနော်
အပိုင်း (၃၄) ကောင်းတဲ့ရည်ရွယ်ချက်နဲ့ မကောင်းတာလုပ်မိတယ်
အပိုင်း (၃၅) ယွမ်တစ်သန်းသုံးခြင်း
အပိုင်း (၃၆) လောင်းရဲလား
အပိုင်း (၃၇) သေမယ့်လမ်း
အပိုင်း (၃၈) သူမရဲ့သရုပ်မှန်
အပိုင်း (၃၉) သားအမိနှစ်ယောက်ကို ပညာပေးမယ်
အပိုင်း (၄၀) အကြွေးတိုင်းမှာ ကြွေးရှင်ရှိတယ်
အပိုင်း ( ၄၁) သွေးရေပန်း
အပိုင်း (၄၂) ယဲ့ရင်းကို ဆက်သွယ်ခြင်း
အပိုင်း (၄၃) ကျေးဇူးပြန်ဆပ်ခြင်း
အပိုင်း ( ၄၄) ကြယ်ငါးပွင့်ဟိုတယ်
အပိုင်း (၄၅) ငွေကို ရေလိုသုံးခြင်း
အပိုင်း (၄၆) စီးပွားရေးလုပ်ငန်း
အပိုင်း (၄၇) ချမ်းသာမှုနှင့် စိတ်ရင်း
အပိုင်း (၄၈) သူမရဲ့လျှို့ဝှက်ချက်
အပိုင်း (၄၉) ခက်ခဲတဲ့ဘဝမှာ နေချင်တယ်တဲ့
အပိုင်း (၅၀) ရဲတင်းလိုက်တာ
အပိုင်း (၅၁) သောက်ကျိုးနဲ
အပိုင်း (၅၂) အုံးနှောက်မကောင်းတော့ဘူး
Thidingyut Promotion
အပိုင်း (၅၃) အိုင်ဒေါအဟောင်း
အပိုင်း ( ၅၄) စိန်ခေါ်တဲ့မေးခွန်း
အပိုင်း (၅၅) သေချာပေါက်လုံးဝငွေမယူဘူး
အပိုင်း (၅၆) အရမ်းမျက်နှာပြောင်တယ်
အပိုင်း (၅၇) အုတ်အော်သောင်းနင်းဖြစ်သွားခြင်း
အပိုင်း (၅၈) အဖြေမှန်
အပိုင်း (၅၉) ငါလေးနဲ့ကစားကြတဲ့သက်တော်စောင့်တွေ
အပိုင်း (၆၀) အာမခံချက်ရှိတဲ့ဝင်ခွင့်အခွင့်အရေးရရှိခြင်း
အပိုင်း (၆၁) သိပ္ပံနည်းကျသုတေသနကို စိတ်မဝင်စားပါ
အပိုင်း (၆၂) အေးစက်စက် ငြင်းပယ်ခြင်း
အပိုင်း ( ၆၃) စိတ်၏လှည့်စားခံရခြင်း
Announcement
အပိုင်း (၆၄) ရယ်စရာကောင်းတဲ့ရမှတ်
အပိုင်း (၆၅) ကလိမ်ကျတဲ့ နည်းလမ်းတစ်ချို့
အပိုင်း (၆၆) မသမာမှုကြောင့် အသရေဖျက်ခြင်း
အပိုင်း (၆၇) ပရမ်းပတာဖြစ်ခြင်း
အပိုင်း (၆၈) အမှတ်ပြည့်
အပိုင်း ( ၆၉) ဆရာမကိုတောင်းပန်လိုက်
အပိုင်း (၇၀) တရားရုံးမှာတွေ့မယ်
အပိုင်း (၇၁) ရှန်ယွဲ့က ရဲခေါ်လိုက်တယ်
အပိုင်း (၇၂) အိုဗာဖြစ်လွန်းတယ်
အပိုင်း (၇၃) ကျောင်းအုပ်ကြီး၏လုပ်ဆောင်ချက်ကို စောင့်ကြည့်ခြင်း
အပိုင်း (၇၄) မင်းကို တနေရာရာမှာတွေ့ဖူးသလိုပဲ
အပိုင်း (၇၅) နောက်ကွယ်လူတစ်စု
အပိုင်း (၇၆) သူကလူပြက်တစ်ယောက်လိုပဲ
အပိုင်း (၇၇) ကျောင်းတော်ရဲ့မင်းသမီးလေးထပ်တောင်လှသေးတယ်
အပိုင်း (၇၈) ရှန်ယွဲ့မှာ ချစ်သူအသစ်ရှိတယ်တဲ့
အပိုင်း ( ၇၉) ကျိုးရွှမ်းကို နာမည်တပ်ခေါ်တယ်
အပိုင်း (၈၀) ဟန်ရဲ့ကို မျက်နှာလုပ်ခွင့်ပေးလိုက်တယ်
အပိုင်း (၈၁) ငွေတစ်ခုသာ မျက်လုံးထဲမှာမြင်တယ်
Year End Promotion and Year End Event
Year End Event Announcement
GP - 2 မိတ်ဆက်
အပိုင်း ( ၈၃) ကျိုးမိသားစုဆီသို့ အလည်အပတ်
အပိုင်း (၈၄) ကမ္ဘာ့နံပါတ် တစ်, ဇီးရိုး
အပိုင်း (၈၅) ရန်သူရဲ့တန်ပြန်တိုက်စစ်
အပိုင်း (၈၆) ကျွန်တော်က အဲလိုလူမျိုးမဟုတ်
အပိုင်း (၈၇) အပြစ်ပြုမိသည်ဟု ခံစားမိခြင်း
အပိုင်း (၈၈) ကင်မရာကို ဖွင့်လိုက်မယ်
အပိုင်း (၈၉)ခံစားချက်ပေါ်မူတည်ပြီး ခန့်မှန်းကြည့်ခြင်း
အပိုင်း (၉၀) စပရိုက်နည်းနည်းတိုက်လိုက်မယ်
အပိုင်း (၉၁) ဥက္ကဋ္ဌကျိုးက ဂေး တဲ့
အပိုင်း (၉၂) ၃၆မိနစ်
အပိုင်း (၉၃) စပရိုက်သေးသေးလေး
အပိုင်း (၉၄) အခုချက်ချင်းထွက်သွား
အပိုင်း (၉၅) မဟာအခွင့်အရေးတစ်ခု
အပိုင်း (၉၆) အပြင်မှာ လေပြင်းနေတယ်
အပိုင်း (၉၇) အတုအယောင်ဟု သံသယဖြစ်မိ
အပိုင်း (၉၈) သူ့ခေါင်းကို ရိုက်ခွဲလိုက်တယ်
အပိုင်း (၉၉) တကယ်စိတ်ဆိုးတယ်
အပိုင်း (၁၀၀) ယွမ် တစ်သန်းလျှော်ကြေး
အပိုင်း (၁၀၁) အပေါက်ဆိုးတဲ့မိန်းမ
အပိုင်း (၁၀၂) နင့်ကို မေ့သွားတော့မလို့
အပိုင်း (၁၀၃) ဘယ်သူက ထွက်သွားခွင့်ပေးလို့လဲ
အပိုင်း (၁၀၄) ယွမ် နှစ်သိန်း
အပိုင်း (၁၀၅) ဘယ်သူက ထွက်သွားလို့ ပြောလို့လဲ
အပိုင်း (၁၀၆) + အပိုင်း (၁၀၇)
အပိုင်း (၁၀၈)+အပိုင်း (၁၀၉)
အပိုင်း (၁၁၀)+အပိုင်း(၁၁၁)
အပိုင်း (၁၁၂) + အပိုင်း (၁၁၃)
အပိုင်း (၁၁၄) + အပိုင်း (၁၁၅)
အပိုင်း (၁၁၆) + အပိုင်း (၁၁၇)
အပိုင်း (၁၁၈) +(၁၁၉)
အပိုင်း (၁၂၀) + အပိုင်း (၁၂၁)
အပိုင်း (၁၂၂) + အပိုင်း (၁၂၃)
အပိုင်း (၁၂၄) + အပိုင်း (၁၂၅)
အပိုင်း (၁၂၆+၁၂၇)
အပိုင်း (၁၂၈ + ၁၂၉)
အပိုင်း (၁၃၀ + ၁၃၁)
အပိုင်း (၁၃၂ + ၁၃၃)
အပိုင်း (၁၃၄ + ၁၃၅)
အပိုင်း (၁၃၆ + ၁၃၇)
အပိုင်း (၁၃၈ + ၁၃၉)
အပိုင်း (၁၄၀ + ၁၄၁)
အပိုင်း (၁၄၂ + ၁၄၃)
အပိုင်း (၁၄၄ + ၁၄၅)
အပိုင်း (၁၄၆ + ၁၄၇)
အပိုင်း (၁၄၈ + ၁၄၉)
Thingyan Promotion!
GP-3 Announcement + Promotion လေးထပ်ပေးထားပါတယ်ရှင်
အပိုင်း (၁၅၀+၁၅၁)
အပိုင်း (၁၅၂+၁၅၃)
အပိုင်း (၁၅၄+၁၅၅)
အပိုင်း (၁၅၆+၁၅၇)
အပိုင်း (၁၅၈+၁၅၉)
အပိုင်း (၁၆၀+၁၆၁)
အပိုင်း (၁၆၂+၁၆၃)
အပိုင်း (၈၂) ယွမ် ၅၀,၀၀၀ကို လက်ခံလိုက်တယ်
631 60 0
By ChihiroLily7
 အပိုင်း (၈၂) ယွမ် ၅၀,၀၀၀ကို လက်ခံလိုက်တယ်
ရှန်ရှင်းသည် ရှန်ယွဲ့၏လုပ်ရက်များကို သည်းမခံနိုင်တော့ဘဲ သူမက ဟန်လုပ်နေသည်ဟုသာ ထင်နေတော့သည်။ သူမသည် ရှန်ချန်ကို ပြစ်တင်လိုက်တော့သည်။
" ရှန်ချန် နင် ဘာလို့ ဒီလိုပုံစံဖြစ်လာတာလဲ၊ နင် အမေ့ကို တကယ်ပဲ အထင်သေးပြီး ဝေဖန်တတ်လာတာပဲ၊ အမေအခု ဘယ်လောက်ဝမ်းနည်းနေလဲဆိုတာ သိရဲ့လား"
ဆွန်းလင်သည် ဒေါသထွက်လာပြီး သူမ၏စကားများကလည်း ပိုပိုပြီး ယုတ္တိမဲ့လာတော့သည်။
" ရှန်ယွဲ့ အဲဒီအသဲနှလုံးမရှိတဲ့ဟာမ သူ ငွေတွေအဲလောက်ရှာထားတာတောင် ငါ့အတွက် ဘယ်တော့မှ မသုံးဘူး၊ ငါ့မှာတော့ သူငါ့အပေါ်သိတတ်ပါစေလေဆိုပြီး ဒီယွမ်၅၀,၀၀၀ကို ယူခဲ့လိုက်တာပါ၊ ပြီးတော့ ရှန်ချန် နင်လည်းလေ ရှန်ယွဲ့ ပြုစားတာ ခံစားထားရတာဖြစ်မယ်၊ နင် သူ့ဘက်ကနေကို မခွာဘူး၊ ငါတို့မိသားစုတော့ သွားပါပြီဟယ်၊ အဲဒီခွေးမ ရှန်ယွဲ့ကြောင့် ပျက်စီးရပါပြီ..."
ရှန်ချန်သည်လည်း မပျော်မရွှင်ဖြစ်သွားတော့သည်။
" အမေ မဟုတ်တာတွေ မပြောပါနဲ့"
မိသားစုက အငြင်းအခုံဖြစ်နေသည်ကို မြင်လိုက်ရသဖြင့် ကိုယ်ပျောက်တစ်ယောက်လို ဆက်ဆံခံနေရသည့် ရှန်အန်းက ချောင်းဟန့်လိုက်ပြီး ခံစားချက်များစွာဖြင့် ဆွန်းလင်လက်ထဲက ငွေထုပ်ကို ကြည့်လိုက်လေသည်။
သူသည် ဆောက်လုပ်ရေးဆိုက်တွင် အလုပ်လုပ်ခဲ့ပြီး လတိုင်း မစို့မပို့လစာလေးတစ်ခုသာ ရလေသည်။ သူ အိမ်ပြန်လာသည်နှင့် ဆွန်းလင်က ချက်ချင်းသိမ်းသွားတော့သည်။ ထို့ကြောင့် သူသည် အလွန်များပြားလှသည့်ငွေကို တစ်ခါမှမမြင်ဖူးချေ။ သူသည် အနည်းငယ် မနာလိုဖြစ်မိသော်လည်း သူတို့သည် သည်ငွေကိုလက်မခံသင့်ကြောင်း ခံစားမိနေသေးသည်။ သို့သော် သူသည် ဆွန်းလင်ကို ခံမပြောရဲချေ။ ကိစ္စကို ပြေလည်သွားအောင်သာ လုပ်နိုင်တော့သည်။
" ကဲပါ ကဲပါ ချန်ချန် ကျောင်းမှာ မင်းအစ်မ ဘာဖြစ်ခဲ့လို့လဲ၊ ဒီကျောင်းကခေါင်းဆောင်တွေက ဘာလို့ ပိုက်ဆံတွေ ထပ်ယူလာတာလဲ"
နောက်ဆုံးအခေါက် ဆွန်းလင် ကျောင်းက ပိုက်ဆံတွေရလိုက်တုန်းက ရှန်ယွဲ့ရေထဲကျသွားပြီး ပစ်ရတော့မလိုဖြစ်ခဲ့တာကြောင့် ဆွန်းလင်က သူတို့ကို ငွေညစ်ခဲ့တာလေ။ အချိန်တိုလေးအတွင်းမှာပဲဆိုတော့ ဧကန္တ ရှန်ယွဲ့ကျောင်း အန္တရာယ်တစ်ခုခုများ ထပ်ပြီးတွေ့ခဲ့ရလို့လား။
ရှန်အန်းသည် အနည်းငယ်စိတ်ပူသွားတော့သည်။
" အဖေ ဒီလိုပါ..."
ရှန်ချန်သည် ဆွန်းလင်နှင့် ဆက်မငြင်းတော့ပေ။ ထို့အစား ရှန်ယွဲ့က စာခိုးချသည်ဟု စွပ်ခံခဲ့ရပုံနှင့် အမှတ်ပြည့်ရခဲ့သည့်အကြောင်းကို ပြောပြလိုက်တော့သည်။
ထို့အပြင် သူ့ရှုထောင့်မှနေ၍ ရှန်ယွဲ့သည် စွပ်စွဲခံခဲ့ရချိန်က သူမ၏နစ်နာမှုနှင့် အခက်ခဲများကို ချဲ့ကားပြောလိုက်တော့သည်။ သူသည် ရှန်မိဘများက သူ့အစ်ကို ပိုဂရုစိုက်ပြီး ရှန်ယွဲ့ကို ငွေသစ်ပင်လို မဆက်ဆံတော့ဖို့ မျှော်လင့်ထားလေတော့သည်။
ရှန်အန်းသည် ကျောင်းတွင် ဖြစ်ပျက်ခဲ့သည်များကို ကြားလိုက်ရချိန်၌ ခံစားချက်များတက်လာသလို ကျေးဇူးလည်းတင်မိတော့သည်။ နောက်ဆုံးတွင် သူ့ခံစားချက်များကို စကားတစ်ခွန်းအဖြစ်သာ ပြောင်းလဲလိုက်နိုင်တော့သည်။
" အဖေ သိနေတယ်၊ အဖေ့ကလေးတွေအားလုံးက ထူးချွန်ကြတယ်၊ ရှန်ယွဲ့က အရမ်းကြိုးစားတာပဲ၊ သူ့မှာ တောက်ပတဲ့အနာဂါတ်ရှိလာမှာ သေချာတယ်"
သူ့ကလေးများက အလွန်ထူးချွန်ပြီး ကြိုးစားကြသည်ကို သိလိုက်ရသဖြင့် ရှန်အန်းသည် နေပူမရှောင် မိုးရွာမရှောင် ချွေးတလုံးလုံးဖြင့် ဆောက်လုပ်ရေးဆိုက်တွင် ငွေရှာရသည်မှာ တန်သည်ဟု ချက်ချင်းခံစားလိုက်ရတော့သည်။
ရှန်ချန်က ခေါင်းညိတ်လိုက်ပြီး ထောက်ခံလိုက်လေသည်။
"အစ်မက တကယ်အံ့ဩဖို့ကောင်းတယ်"
ရှန်အန်းက ရှန်ယွဲ့အား ဤသို့ချီးကျူးစကားပြောလိုက်သည်ကို ကြားလိုက်ရသည့် ရှန်ရှင်းက ချက်ချင်းပင် မတရားသလို ခံစားလိုက်ရတော့သည်။ ရှန်ယွဲ့က အိမ်မှာဆိုရင် သူမရဲ့ ထူးချွန်းမှုကို ပိုမြင်သာစေဖို့ မကောင်းတဲ့ဥပမာပဲ အမြဲပေးခံခဲ့ရတာပါ။ ဘယ်တုန်းက ရှန်ယွဲ့ကို အားလုံးက ချီးကျူးသွားကြတာလဲ။ လုံးဝမယုံနိုင်ဘူး။
" ဒါက ဘာအဲလောက် အံ့ဩစရာကောင်းလို့လဲ၊ ဒါက ကြက်ကန်းဆန်အိုးတိုးသွားတာပါ၊ သူက လပတ်စာမေးပွဲအဖြေလွှာကို ကြိုပြီး ခိုးဖတ်ထားတာနေမှာပေါ့၊ ဒါကြောင့် သူ့အမှတ်တွေ အရမ်းကောင်းတာနေမှာပေါ့၊ ငါသာဆိုရင်လည်း အဲလိုလုပ်နိုင်မှာပဲ" ရှန်ရှင်းက နှုတ်ခမ်းကို စူပုတ်ထားလေသည်။
" ရှန်ရှင်း နင် ဘယ်တုန်းက အမှတ်ပြည့်ရလို့လဲ၊ ငါ သိသလောက်တော့ နင် အဆင့် တစ်ကနေ တစ်ဆယ်တောင်မဝင်ဖူးပါဘူး" ရှန်ချန်က ရှန်ယွဲ့အတွက် မခံမရပ်နိုင်ဖြစ်သွားတော့သည်။
" ဟွန့် ဒါက ငါ မကြိုးခဲ့ရလို့ပါ၊ အဲဒီ ဝက်အုံးနှောက် ရှန်ယွဲ့က ပထမရနိုင်ရင် ငါလည်း ရနိုင်တယ်၊ စောင့်ကြည့်နေလိုက်" ရှန်ရှင်းသည် ဒေါသထွက်သွားတော့သည်။
" ဟုတ်တယ် ငါ့ရှင်းရှင်းက ကမ္ဘာပေါ်မှာ ဉာဏ်အကောင်းဆုံး ကလေးမပဲ၊ အဲဒီငတုံးမရှန်ယွဲ့က အမှတ်ကောင်းကောင်းရအောင် မသိတဲ့နည်းလမ်းတစ်ခုခုကို သုံးခဲ့တာပဲဖြစ်ရမယ်၊ သူ ရုတ်တရက် ဉာဏ်ကောင်းလာတယ်ဆိုရင်တောင် ငါတို့မိသားစုက ဗီဇကောင်းလို့ပဲ" ဆွန်းလင်က အထင်သေးစွာ ပြောလိုက်တော့သည်။
ရှန်ချန်သည် ရှန်ရှင်းက ရှန်ယွဲ့ကို ဝက်အုံးနှောက်ဟု ပြောလိုက်ချိန်၌ သူသည် အလွန်ရယ်စရာကောင်းသည်ဟု ခံစားလိုက်တော့သည်။ သူက မနေနိုင်ဘဲ ပြောလိုက်တော့သည်။
" နင် အစ်မကို အဲလောက် အထင်သေးနေတာဆိုတော့ သူက မြို့တော်တက္ကသိုလ်မှာ တက်ရောက်ခွင့်အာမခံချက် ရခဲ့ပြီး သူကိုယ်တိုင် ငြင်းခဲ့တယ်ဆိုတာ နင်လုံးဝမသိတာပဲ ဖြစ်ရမယ်"
"ဘာ"
ရှန်ရှင်းသည် ကြောင်တက်သွားပြီး သူမ၏မျက်လုံးများသည် ပြူးကျယ်သွားတော့သည်။
ဆွန်းလင်သည်လည်း တစ္ဆေတစ်ကောင် တွေ့လိုက်ရသလို ဖြစ်သွားပြီး သူမ၏နားကိုပင် မယုံနိုင်အောင် ဖြစ်သွားတော့သည်။ အဲဒါက ဖယ်ဒရယ်တစ်ခုလုံးမှာ အကောင်းဆုံးထိပ်တန်းမြို့တော်တက္ကသိုလ်လေ။ ရှန်ယွဲ့က ဘယ်တုန်းက အာမခံချက်နေရာတစ်ခု ရသွားခဲ့တာလဲ။
သူတို့၏အသက်ရှင်နေသေးသည်ကို မယုံနိုင်အောင် ဖြစ်သွားကြပုံကို ကြည့်ရင်း ရှန်ချန်သည် အလွန်ကျေနပ်သွားတော့သည်။ ထို့ကြောင့် ရှန်ချန်သည် လင်ရှောင်း ကြောညာထားသည့် ပုစ္ဆာကို ရှန်ယွဲ့က အလွယ်တကူဖြေရှင်းခဲ့ပုံကို ပြောလိုက်တော့သည်။ သူသည် အင်တာနက်ပေါ်ကလူများက ရှန်ယွဲ့ကို ချီးကျူး အားကျပုံများကိုပင် ကွက်ကွက်ကွင်းကွင်း မြင်သာအောင် ရှင်းပြလိုက်သေးသည်။
" အစ်မက သိုသိုသိပ်သိပ်လေးနေတာ သတိထားမခံချင်လို့၊ ဒါကြောင့် သူက ပြန်မပြောဘဲ လင်ရှောင်း ကမ်းလှမ်းချက်ကို ငြင်းခဲ့တာ၊ မဟုတ်ရင် သူ အစောကြီးကတည်းက နာမည်ကြီးနေပြီ"
ရှန်ချန်က ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်လေတော့သည်။
Zawgyi
" အဖေ ဒီလိုပါ..."
"ဘာ"
. . .
Continue Reading
You'll Also Like
1.3M 45.8K 61
Myanmar × BL Uni/Zaw [ 2 ] Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd
154K 19.5K 31
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
99.8K 10.5K 78
လီစု၀မ်သည် သာမာန်ကျောင်းသူလေးတစ်ဦးဖြစ်ပြီး တက္ကသိုလ်၀င်ခွင့်စာမေးပွဲဖြေဆို၍အိမ်ပြန်ချိန်တွင် အိမ်မှမိခင်ကထွက်ခွာသွားခဲ့သည်။ သူမမိခင်ထားခဲ့သောဖခင်၏အမွ...
164K 8.1K 44
Lord Chu's Wife is Wild Wevnovel_796. Paid. Gp-1 (1-150) - Free completed. Gp-2 (151-300)-2000MMK.completed. Gp-3(301-450)-2000MMK.completed. Gp-4(4...