စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုး...

By BlackLily_WhiteLily

59.3K 6.3K 215

"မှားယွင်းသော လက်ထပ်ခြင်းမှသည်..... ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၂)" MM Translation (Just for fun) C... More

Description
Intro- 1
Intro- 2
Intro- 3
Chapter 1.1
Chapter 1.2
Chapter 1.3
Chapter 1.4
Chapter 2.1
Just Information
Chapter 2.2
Chapter 2.3
Chapter 2.4
Chapter 2.5
Chapter 3.1
Chapter 3.2
Chapter 3.3
🎆🎆🎆Happy New Year🎆🎆🎆
Chapter 3.5
Chapter 4.1
Chapter 4.2/4.3
Chapter 4.4/4.5
Chapter 4.6
Chapter 4.7
Chapter 5.1
Chapter 5.2
Chapter 5.3
Chapter 5.4
Chapter 5.5
Chapter 6.1
Chapter 6.2
Chapter 6.3
Chapter 6.4
Chapter 6.5
Chapter 7.1
Chapter 7.2
Chapter 7.3
Chapter 7.4
Chapter 7.5
Chapter 8.1
Chapter 8.2
Chapter 8.3
Chapter 8.4
Chapter 9.1
Chapter 9.2/9.3
Chapter 9.4/9.5
Chapter 9.6/9.7
Chapter 9.8/9.9
Chapter 9.10/9.11
Chapter 10.1/10.2
Chapter 10.3/10.4
Chapter 10.5/10.6
Chapter 10.7/10.8
Chapter 10.9/10.10
Chapter 10.11/10.12
Chapter 10.13/10.14
Chapter 10.15/10.16/10.17
Chapter 11(1,2)
Chapter 11 (3,4)
Chapter 11 (5,6)
Chapter 11.7, 12.1
Chapter 12 (2,3)
Chapter 12 (4,5)
Chapter 12 (6,7)
Chapter 12 (8,9)
Chapter 12 (10,11)
Chapter 12 (12,13)
Chapter 13(1,2)
Chapter 13 (3,4)
Chapter 13 (5,6)
Chapter 13 (7,8)
Chapter 13 (9,10,11)
🔊🔊🔊 Telegram PG လေးစပါပြီ
Chapter 14.1/14.2
Chapter 14.3/14.4
Chapter 14.5/14.6
Chapter 14.7/14.8
Chapter 15.1/15.2
Chapter 15.3/15.4
Chapter 15.5/15.6
Chapter 15.7/15.8
Chapter 15.9/15.10
Chapter 15.11/15.12
Chapter 16.1/16.2
Chapter 16.3/16.4
Chapter 16.5/16.6
Chapter 16.7/16.8
Chapter 16.9/16.10
Chapter 16.11/16.12
Chapter 16.13/16.14

Chapter 3.4

698 85 5
By BlackLily_WhiteLily

အခန်း ၃ နတ်ဆိုးစစ်ရေးနည်းပြ (အပိုင်း ၄)

"နားလည်ပါပြီ!"

ကုယွင်က နောက်ဆုံးတွင် ကျေနပ်အားရစွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။ မနေ့က အင်အားပြသမှုက များစွာ အကျိုးသက်ရောက်ခဲ့သေးသည်။

"တချို့ ကိုယ်ခံပညာ လှုပ်ရှားမှုတွေက အရမ်းလှပြီး ချောချောမွေ့မွေ့ စွမ်းဆောင်နိုင်ပေမယ့် အဲဒါတွေက ရန်သူကို တကယ်ရင်ဆိုင်ရတဲ့အခါ အသုံးမဝင်ဘူး၊ အနီးကပ် တိုက်ခိုက်မှုရဲ့ အကွာအဝေးက တိုတောင်းပြီး လက်ဗလာနဲ့ ပြုလုပ်ရင် ပိုအန္တရာယ်များတယ်၊ အဲ့တာကြောင့် ရန်သူနဲ့ရင်ဆိုင်ရတဲ့အခါ ရန်သူရဲ့ အထိခိုက်လွယ်ဆုံး အနေအထားကို ရှာပြီး အပြင်းထန်ဆုံး ခွန်အားနဲ့ တိုက်ခိုက်ရမယ်၊ မြန်မြန်ထိုးရမယ်၊ တိတိကျကျ လှုပ်ရှားပြီး မင်းပြိုင်ဘက်ကို အမြန်ဆုံး ဖြိုချနိုင်လောက်အောင် ပြင်းပြင်းထန်ထန် ရိုက်နှက်ရမယ်"

ကုယွင်က စကားပြောနေစဉ်တွင် သစ်ကိုင်းတစ်ကိုင်းကို မြေပြင်မှ ရုတ်ချည်းဆွဲထုတ်ကာ တပ်သားငယ်တစ်ယောက်ကို လက်ညှိုးထိုးပြလိုက်ပြီး အေးစက်သောလေသံဖြင့် "ထွက်လာ"

တပ်သားလေးက မြန်မြန်ထွက်လာခဲ့ပေမယ့် သူ့နှလုံးသားကတော့ ခုန်နေတုန်းပါပဲ။ သူတို့ ကုယွင်ကို နားမလည်တာ သေချာနေသည်။ ကုယွင်က သူ့ကို ရိုက်ချင်ရင် သစ်ကိုင်းအစား သံနှင်တံကို သုံးမှာ သေချာတယ်။

"နား၊ မျက်လုံး၊ နှာခေါင်း၊ ခေါင်းနောက်ဘက်၊ အသံအိုး၊ လည်ချောင်း၊ လည်ပင်း၊ ညှပ်ရိုး၊ ချိုင်းကြား၊ နံရိုး၊ နံကြား၊ ကျောရိုး၊ လက်ကောက်ဝတ်အဆစ်တွေနဲ့ အခြားအစိတ်အပိုင်းတွေ အားလုံးက လူ့ခန္ဓာကိုယ်ရဲ့ နုနယ်တဲ့ အစိတ်အပိုင်းတွေပဲ။ အဲဒါတွေက မင်းတို့ တိုက်ခိုက်ဖို့ အာရုံစိုက်သင့်တဲ့ အစိတ်အပိုင်းတွေပဲ"

ကုယွင်က ရှင်းပြနေရင်း တပ်သားလေး၏ ခန္ဓာကိုယ် အစိတ်အပိုင်းအသီးသီးကို အကိုင်းအခက်ဖြင့်ထောက်ကာ အကူပစ္စည်းအဖြစ် အသုံးပြုပြီး ဖြည်းညင်းစွာ ရှင်းပြသော်လည်း ကောင်လေးကတော့ ကြောက်ရွံ့မှုကြောင့် ဖြူဖျော့နေခဲ့သည်။ သူမ စိတ်ဆိုးသွားရင် သူ ကံဆိုးသွားမှာကို တကယ်ကြောက်နေမိတယ်။

သူတို့အားလုံးက တက်ကြွသော လူငယ်အုပ်စုများဖြစ်ကြသည်။ ကုယွင်၏ရှင်းပြချက်ကို နားထောင်ရင်း သူတို့၏မျက်နှာများက ပို၍စိတ်ဝင်စားပုံပေါ်လာပြီး ဗဟုသုတကို တောင့်တလာကြသည်။ "အခု လူနှစ်ယောက် အုပ်စုဖွဲ့ပြီး အနီးကပ် တိုက်ခိုက်ရေးမှာ အပြင်းထန်ဆုံး တိုက်ခိုက်ရေး စွမ်းအားရှိတဲ့ Jeet Kune Do ကို သင်ပေးမယ်"

အပြင်းထန်ဆုံး လက်ဝှေ့ထိုးနည်းဟု ကြားလိုက်ရသည်နှင့် တပ်သားငယ်များက ပို၍ပင် စိတ်လှုပ်ရှားလာကြသည်။ ယခုပင် ဂျူဒိုဟုခေါ်သော လက်ဝှေ့ထိုးနည်းကို မြင်ပြီးနောက် သူတို့က ဤလက်ဝှေ့နည်းစနစ်ကို ပို၍မျှော်လင့်ကာ တညီတညွတ်တည်း တုံ့ပြန်ကြသည်။ "ဟုတ်ကဲ့!"

သူမဘေးတွင် မျက်နှာငယ်လေးဖြင့် ရပ်နေသော ကောင်လေးကို တချက်ကြည့်လိုက်ပြီး ကုယွင်က အပြုံးမျက်နှာဖြင့် "မင်းက ငါ့ရဲ့သရုပ်ပြပြိုင်ဘက် လုပ်ပေးမှာလား??"

"ဟုတ်ကဲ့" ကောင်လေးက ငိုချင်နေပေမယ့် မျက်ရည်မကျနိုင်ပေ၊ သူက သူ့မျက်နှာကို သူ ပါးရိုက်သလို ဖြစ်တော့မှာလား??? သူမက ဘာလို့ ဒီလောက် ရူးသွပ်ပြီး သူ့ရှေ့မှာ ရယ်နေတာလဲ??

တောအုပ်ထဲတွင် ကုယွင်ကရှေ့မှ လှုပ်ရှားမှုများနှင့် တိုက်စစ်ဆိုင်ရာ နည်းစနစ်များကို ရှင်းပြခဲ့ပြီး တပ်သားများက နောက်မှ အနီးကပ်လိုက်ကာ ဂရုတစိုက် လေ့ကျင့်ကြသည်။ တစ်ဖက်မှာ သူတို့ ပြင်းပြင်းထန်ထန် လေ့ကျင့်နေပေမယ့် တစ်ဖက်မှာတော့ ဟန်ရှုရဲ့ မျက်နှာက ပိုနက်မှောင်လာပြီး သူ့မျက်ခုံးတွေက ပိုတင်းကျပ်လာသည်။ ဒီအမျိုးသမီး သင်ပေးလိုက်တဲ့ လက်ဝှေ့အတတ်ပညာက ဆန်းကြယ်တဲ့ လှည့်ကွက်တွေ မပါပေမယ့် သူမပြောတဲ့အတိုင်း အတိအကျပါပဲ။ လက်ရဲ့လှုပ်ရှားမှုတိုင်းက မြန်တယ်၊ တိကျတယ်၊ ပြင်းထန်တယ်၊ တိုက်ခိုက်မှုတွေက ကြမ်းတမ်းတယ်။ သူမက စစ်သည်တွေကို လေ့ကျင့်ပေးနေတာလား?? ဒါမှမဟုတ် လူသတ်သမားတွေကို လေ့ကျင့်ပေးနေတာလား??

တစ်ရှီးချန်လောက်ကြာပြီးနောက်...

ကောင်းကင်တွင် တောက်လောင်နေသော နေရောင်က မွန်းတည့်နေပြီဖြစ်ကာ ထမင်းထုပ်ထမ်းလာသော မီးဖိုချောင်အစေခံများစွာက တောအုပ်ထဲသို့ ရောက်နေပြီဖြစ်သည်။

"ရပ်လိုက်!" ကုယွင်က "နေ့လည်စာ စာချိန်၊ ခန ရပ်မယ်!"

ပင်ပန်းနွမ်းနယ်နေသော တပ်သားများက သက်ပြင်းရှည်ကြီးချကာ မြေပြင်ပေါ်သို့ လှဲချလိုက်ကြသည်။ သူတို့ မောပန်းနွမ်းနယ်နေပြီး ဆာလောင်နေသော်လည်း မလှုပ်ရှားနိုင်တော့ပေ။

မြေပြင်ပေါ်တွင် မလှုပ်မယှက် လဲလျောင်းနေသော တပ်သားကို ငုံ့ကြည့်ရင်း ကုယွင်က မပေါပါးသလို မလေးနက်သော အသံဖြင့် ခပ်တန်တန်ပြောလိုက်သည်။ " မြန်မြန် သွားတန်းစီ၊ မင်းတို့ အခု စားရင် နောက်ဆိုရင် စားလို့ မရတော့ဘူး!"

မြေပြင်ပေါ်မှာ အသေကောင်တွေလို လဲလျောင်းနေတဲ့ တပ်သားတွေက လျင်မြန်စွာ ထထိုင်ကာ လေးလံသော ခြေလက်များကို ဆွဲယူပြီး စားသောက်ရန် တန်းစီနေကြသည်။ သူတို့မှာ စားစရာရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ အဲ့ဒါက ကိစ္စသေးသေးလေးပါပဲ။ ဒီနတ်ဆိုးမကြီးက သူတို့ထဲက တစ်ယောက်ယောက်ကို မကျေနပ်ဖြစ်သွားရင်တော့ နောင်မှာ ဒီနတ်ဆိုးက သူတို့ကို ဘယ်လိုဆုံးမမယ်ဆိုတာကို သူတို့ မသိနိုင်ဘူးလေ!

မကျေမနပ်ဖြစ်နေကြသော ရုပ်ပုံများကို ကြည့်ရင်း ကုယွင်က ခေါင်းယမ်းကာ ရယ်မောနေသည်။

ဟန်ရှု၏ မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်းသွားပေမယ့် နှလုံးသားထဲမှာတော့ ပြုံးနေခဲ့သည်။ ဟုတ်တယ်၊ နှစ်ရက်အတွင်းမှာပဲ သူမက ဒီမွေးကင်းစနွားကလေးတွေကို ကြောက်အောင် လုပ်ပြီးသွားပြီ၊ ဒါက တကယ်တော့ မလွယ်ကူပါဘူး။ ကုယွင်က သူတို့နဲ့ တန်းစီဖို့ ပြင်နေချိန်မှာ အစေခံတစ်ယောက်က ဝါးခြင်းတောင်းနဲ့ သူမဆီကို လှမ်းလာပြီး "ဒါက မင်းရဲ့နေ့လည်စာပါ"

ကုယွင် ဖွင့်ကြည့်လိုက်တော့ သူမ စားလေ့ရှိသော အမဲသား၊ ထမင်း၊ ကြက်ဥနဲ့ သခွားသီးများကို တွေ့လိုက်ရသည်။ ကုယွင်က သူမဘေးနားရှိ ခြင်းတောင်းကြီးထဲမှ လက်သီးဆုပ်အရွယ် ထက်ဝက်ခန့်ဖြတ်ထားသော ဝက်သားပြုတ်များနှင့် မုန့်ပေါင်းလုံးကြီးများကို ဘေးတိုက်ကြည့်လိုက်သည်။ တပ်သားတိုင်းက မုန့်ပေါင်းကြီးနှစ်လုံးနှင့် အသားတစ်ပိုင်းစီကို လက်ခံရရှိကြသည်။ သူမက သူမလက်ထဲမှ ဝါးခြင်းတောင်းကို အစေခံကို ပြန်ပေးလိုက်ပြီး "နောင်မှာ ငါ့အတွက် မတူညီတဲ့ အစားအစာကို ပြင်ဆင်ပေးစရာ မလိုတော့ဘူး၊ ငါလည်း သူတို့နဲ့ အတူတူ စားမယ်"

အတူတူ စားတာ မဟုတ်ရင်တော့ အဆင်ပြေပါတယ်၊ အတူတူစားရင်တော့ သူမက ဒီလို အခွင့်ထူးခံဖို့ မသင့်တော်ပါဘူး။ ဒါက ခေတ်မီသူ တစ်ယောက်အနေနဲ့ ကုယွင်ရဲ့ အယူအဆ ဖြစ်ပေမယ့် အရာရှိများနှင့် သာမာန်တပ်သားများကြားမှ သာလွန်မှု၊ သိမ်ငယ်မှု၊ ကွာဟမှုများနှင့် နှစ်ရှည်လများ ကျင့်သားရနေခဲ့တဲ့ ဒီစစ်သားတွေရဲ့ အမြင်မှာတော့ ကုယွင်၏ အပြုအမူက အလွန်ထူးဆန်းနေခဲ့သည်။

ကုယွင်က အံ့အားသင့်နေသောအကြည့်များကြားမှ မုန့်ပေါင်းနှစ်လုံးနှင့် အသားတစ်ပိုင်းကို ယူကာ ခဏနားရန် နေရာရှာဖို့ မျှော်ကြည့်လိုက်သောအခါ မြက်ခင်းပြင်မှာ အချိန်အတော်ကြာအောင် ထိုင်နေသော ဟန်ရှုကို တွေ့လိုက်ရသည်။

ကုယွင်က ခဏမျှ စဉ်းစားပြီးနောက် နောက်ထပ် မုန့်ပေါင်းနှစ်လုံးနှင့် အသားတစ်ပိုင်းကို ယူကာ သူ့ဆီသို့ လျှောက်သွားလိုက်သည်။ သူမက သူမလက်ထဲမှ မုန့်ပေါင်းနှင့် အသားများကို ဟန်ရှုထံသို့ လွှဲပေးရင်း သူ့ဘေးနား မြေပြင်ပေါ်တွင် ပေါ့ပေါ့ပါးပါး ဝင်ထိုင်လိုက်သည်။ ကုယွင်က သူ့ကို ရိုင်းစိုင်းတဲ့စကားတွေ မပြောပေမယ့် ချမ်းသာသော မိသားစုများတွင် ရှိသင့်သည့် စည်းကမ်းနှင့် ကျက်သရေများ ကင်းမဲ့နေကာ မုန့်ပေါင်းနှင့်အသားကို ကိုက်ဝါးနေခဲ့သည်။

မူလက သူက ဤအမျိုးသမီးကို အလွန်မုန်းတီးသော်လည်း တစ်မနက်စာလောက် စူးစမ်း လေ့လာပြီးနောက်တွင် သူမက အရည်အချင်း ပြည့်မီကြောင်း သူ တွေ့ရှိခဲ့ရသည်။ သို့သော် တပ်ဖွဲ့ဝင်များအပေါ် လေ့ကျင့်မှုနှင့်ပတ်သက်ပြီး ဟန်ရှုက ခဏလောက် စဉ်းစားနေပြီးမှ "မင်း တပ်တွေကို ဒီလိုလေ့ကျင့်မယ်ဆိုရင် သူတို့အားလုံးက ကျွမ်းကျင်သူတွေ ဖြစ်ကောင်းဖြစ်လာနိုင်ပေမယ့် စစ်မြေပြင်က လေ့ကျင့်ရေးကွင်း မဟုတ်ဘူး။ သူတို့က တစ်ယောက်ချင်းအနိုင်ယူနိုင်ပေမယ့် စစ်မြေပြင်ကို တကယ်ရောက်သွားရင် ထောင်ချီတဲ့ တပ်တွေကို အနိုင်ယူနိုင်ပါ့မလား"

ကုယွင်က သူမရဲ့ နောက်ဆုံး မုန့်ပေါင်းကို မျိုချလိုက်ပြီး "စုမိသားစုစစ်တပ်မှာ ရန်သူကို စစ်မြေပြင်မှာ သတ်နိုင်တဲ့ စစ်သားတွေ အများကြီး ရှိတယ်မလား။ ငါ လေ့ကျင့်ပေးချင်တာက လျင်မြန်တဲ့ ထိန်းကျောင်းမှု စွမ်းရည်ရှိတဲ့ စွမ်းအားရှင်တွေ၊ ပြင်းထန်တဲ့ တိုက်ပွဲတွေအတွက် ထိရောက်မှုရှိတဲ့ အထူးလက်ရွေးစင်တပ်ဖွဲ့ဝင်တွေ"

ရည်ရွယ်ချက်များနှင့် လုပ်ဆောင်ချက်များ ကွဲပြားနေလျှင် လေ့ကျင့်ရေးနည်းလမ်းများကလည်း သဘာဝအတိုင်း ကွဲပြားနေမည်ပင်။

"အထူးလက်ရွေးစင်တပ်ဖွဲ့?" ဟန်ရှုက မျက်မှောင်ကြုတ်သည်။ ဒါက ဘယ်လို အင်အားမျိုးလဲ???

စစ်သည်များ ဗိုက်ပြည့်နေပြီဖြစ်ကာ မနက်ခင်းလေ့ကျင့်မှုကြောင့် မောပန်းနွမ်းနယ်နေသဖြင့် မြက်ခင်းပြင်တွင် ပုံပျက်ပန်းပျက် အနားယူနေသောလူများဖြင့် ပြည့်နေသည်။ လူအနည်းငယ်သာ ထိုင်နေနိုင်ကြောင်း ကုယွင်က တိတ်တဆိတ် သတိပြုမိပြီး အနည်းငယ်သော လူများကသာ နဂိုအတိုင်း ကာယဗလအားအင် လုံလုံလောက်လောက် ရှိနေဆဲဟု လျှို့ဝှက်စွာ သတိပြုမိခဲ့သည်။ ကောကျင့်ယွင်နှင့် လမ်ရှောင်းတို့နှစ်ဦးက ထိုလူနည်းစု ထဲတွင် ပါဝင်နေသည်။ ကုယွင်က ရယ်မောရင်း တွေးနေမိသည်။ ဒီလူနှစ်ယောက်မှာ အလားအလာကောင်းတွေ ရှိတယ်၊ သူမ သူတို့ကို လေ့ကျင့်ပေးသင့်ပြီး သူတို့ရဲ့အင်အားကို ပြန် အသုံးချနိုင်တယ်။

ကုယွင်က သူ့ကို အချိန်အတော်ကြာ လျစ်လျူရှုထားခဲ့တာကြောင့် ဟန်ရှုက စိတ်မရှည်စွာနဲ့ "အထူးတပ်ဖွဲ့ဆိုတာ အတိအကျဘာကို ဆိုလိုတာလဲ?"

ကုယွင်က သူမခါးကို ဆန့်ပြီး သူမနောက်က သစ်ပင်ကြီးတစ်ပင်ကို မှီကာ ဂုဏ်ယူစွာနဲ့ "ဒါက အထူးတာဝန်တွေကို ထမ်းဆောင်နေတဲ့ အဖွဲ့ပါ။ တစ်ခါတရံ တိုက်ပွဲတွေမှာ လူ့ပင်လယ်လို နည်းဗျူဟာတွေ လိုအပ်သလို တစ်ခါတစ်ရံမှာတော့ လက်ရွေးစင် တပ်သားတွေလည်း လိုအပ်တယ်။ ရန်သု့ကို နှောင့်ယှက်တာ၊ ရန်သူရဲ့တိုက်ခိုက်မှု့ကို ဖြိုခွင်းတာ၊ ရန်သူ့နောက်ကွယ်ကနေ ကင်းထောက်တာ၊ လုပ်ကြံသတ်ဖြတ်တာတွေနဲ့ ပြန်ပေးမှုလိုအမှုမျိုးတွေမှာ အဲဒီအဖွဲ့ဝင်တွေရဲ့တန်ဖိုးကို မင်း သိလာလိမ့်မယ်။ ငါ့ရဲ့ အထူးတပ်ဖွဲ့အတွက် ကိုယ်စားလှယ်လောင်းက ဒီအဖွဲထဲမှာ ငါးဆယ်ထက် မပိုဘူး၊ ဒါပေမယ့် အဲ့ဒီလူငါးဆယ်ကို တစ်ယောက်ချင်းစီတိုင်းက လူတစ်ထောင်နဲ့ ခွန်အားတူတဲ့ စစ်သူကြီးတစ်ယောက်ဖြစ်အောင် ငါ လုပ်ပေးနိုင်တယ်"

ကုယွင်၏ရှင်းလင်းချက် အပြီးတွင် ဟန်ရှုက အထူးတပ်ဖွဲ့များက ဘာကိုဆိုလိုသည်ကို နားလည်နိုင်သော်လည်း သူမ၏မာနကို ကြားသောအခါ ဟန်ရှုက ချက်ချင်းပင် မယုံကြည်နိုင်စွာ ပြန်ပြောလိုက်သည်။ "မဖြစ်နိုင်ဘူး!"

လူတစ်ယောက်က လူတစ်ထောင်နဲ့ညီတယ်လား။ လူတစ်ယောက်က ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ လူတစ်ထောင်နေရာမှာ အစားထိုးလို့ မရပါဘူး။

ကုယွင်က အချိန်ကို တွက်ချက်ကာ လုံလောက်စွာ အနားယူလုနီးပါး ဖြစ်နေတာကြောင့် သူ့ကို ရှင်းပြဖို့ ပျင်းလွန်းနေပြီး "နင် မလုပ်နိုင်တိုင်း ငါလည်း မလုပ်နိုင်ဘူးလို့ မဆိုလိုဘူးလေ၊ စောင့်ကြည်နေလေ!"

အရမ်းကို မောက်မာတဲ့ မိန်းမ!!! ဟန်ရှု၏ မျက်လုံးများက ပြူးကျယ်သွားသည်။ သူ ဒေါသ မထွက်ရသေးမီ ကုယွင်က သပ်ရပ်စွာ မတ်တပ်ထရပ်ပြီး လူများပြည့်နေသော နေရာဆီသို့ လှမ်းသွားကာ "တန်းစီ!"

❤️❤️❤️Thank you so much for your lovely supports❤️❤️❤️


မျှော်လင့်ခြင်းအသစ်တွေနဲ့ နှစ်သစ်ကို ကြိုဆိုနိုင်ပြီး ကောင်းမွန်တဲ့ နှစ်သစ်လေးတစ်နှစ်ဖြစ်ပါစေ..  ဒါဒါတို့ရေ.....

🎆2🎆0🎆2🎆4🎆

အခန္း ၃ နတ္ဆိုးစစ္ေရးနည္းျပ (အပိုင္း ၄)

"နားလည္ပါၿပီ!"

ကုယြင္က ေနာက္ဆုံးတြင္ ေက်နပ္အားရစြာျဖင့္ ေခါင္းညိတ္ျပလိုက္သည္။ မေန႔က အင္အားျပသမႈက မ်ားစြာ အက်ိဳးသက္ေရာက္ခဲ့ေသးသည္။

"တခ်ိဳ႕ ကိုယ္ခံပညာ လႈပ္ရွားမႈေတြက အရမ္းလွၿပီး ေခ်ာေခ်ာေမြ႕ေမြ႕ စြမ္းေဆာင္ႏိုင္ေပမယ့္ အဲဒါေတြက ရန္သူကို တကယ္ရင္ဆိုင္ရတဲ့အခါ အသုံးမဝင္ဘူး၊ အနီးကပ္ တိုက္ခိုက္မႈရဲ႕ အကြာအေဝးက တိုေတာင္းၿပီး လက္ဗလာနဲ႔ ျပဳလုပ္ရင္ ပိုအႏၲရာယ္မ်ားတယ္၊ အဲ့တာေၾကာင့္ ရန္သူနဲ႔ရင္ဆိုင္ရတဲ့အခါ ရန္သူရဲ႕ အထိခိုက္လြယ္ဆုံး အေနအထားကို ရွာၿပီး အျပင္းထန္ဆုံး ခြန္အားနဲ႔ တိုက္ခိုက္ရမယ္၊ ျမန္ျမန္ထိုးရမယ္၊ တိတိက်က် လႈပ္ရွားၿပီး မင္းၿပိဳင္ဘက္ကို အျမန္ဆုံး ၿဖိဳခ်ႏိုင္ေလာက္ေအာင္ ျပင္းျပင္းထန္ထန္ ႐ိုက္ႏွက္ရမယ္"

ကုယြင္က စကားေျပာေနစဥ္တြင္ သစ္ကိုင္းတစ္ကိုင္းကို ေျမျပင္မွ ႐ုတ္ခ်ည္းဆြဲထုတ္ကာ တပ္သားငယ္တစ္ေယာက္ကို လက္ညႇိဳးထိုးျပလိုက္ၿပီး ေအးစက္ေသာေလသံျဖင့္ "ထြက္လာ"

တပ္သားေလးက ျမန္ျမန္ထြက္လာခဲ့ေပမယ့္ သူ႔ႏွလုံးသားကေတာ့ ခုန္ေနတုန္းပါပဲ။ သူတို႔ ကုယြင္ကို နားမလည္တာ ေသခ်ာေနသည္။ ကုယြင္က သူ႔ကို ႐ိုက္ခ်င္ရင္ သစ္ကိုင္းအစား သံႏွင္တံကို သုံးမွာ ေသခ်ာတယ္။

"နား၊ မ်က္လုံး၊ ႏွာေခါင္း၊ ေခါင္းေနာက္ဘက္၊ အသံအိုး၊ လည္ေခ်ာင္း၊ လည္ပင္း၊ ညႇပ္႐ိုး၊ ခ်ိဳင္းၾကား၊ နံ႐ိုး၊ နံၾကား၊ ေက်ာ႐ိုး၊ လက္ေကာက္ဝတ္အဆစ္ေတြနဲ႔ အျခားအစိတ္အပိုင္းေတြ အားလုံးက လူ႔ခႏၶာကိုယ္ရဲ႕ ႏုနယ္တဲ့ အစိတ္အပိုင္းေတြပဲ။ အဲဒါေတြက မင္းတို႔ တိုက္ခိုက္ဖို႔ အာ႐ုံစိုက္သင့္တဲ့ အစိတ္အပိုင္းေတြပဲ"

ကုယြင္က ရွင္းျပေနရင္း တပ္သားေလး၏ ခႏၶာကိုယ္ အစိတ္အပိုင္းအသီးသီးကို အကိုင္းအခက္ျဖင့္ေထာက္ကာ အကူပစၥည္းအျဖစ္ အသုံးျပဳၿပီး ျဖည္းညင္းစြာ ရွင္းျပေသာ္လည္း ေကာင္ေလးကေတာ့ ေၾကာက္႐ြံ႕မႈေၾကာင့္ ျဖဴေဖ်ာ့ေနခဲ့သည္။ သူမ စိတ္ဆိုးသြားရင္ သူ ကံဆိုးသြားမွာကို တကယ္ေၾကာက္ေနမိတယ္။

သူတို႔အားလုံးက တက္ႂကြေသာ လူငယ္အုပ္စုမ်ားျဖစ္ၾကသည္။ ကုယြင္၏ရွင္းျပခ်က္ကို နားေထာင္ရင္း သူတို႔၏မ်က္ႏွာမ်ားက ပို၍စိတ္ဝင္စားပုံေပၚလာၿပီး ဗဟုသုတကို ေတာင့္တလာၾကသည္။ "အခု လူႏွစ္ေယာက္ အုပ္စုဖြဲ႕ၿပီး အနီးကပ္ တိုက္ခိုက္ေရးမွာ အျပင္းထန္ဆုံး တိုက္ခိုက္ေရး စြမ္းအားရွိတဲ့ Jeet Kune Do ကို သင္ေပးမယ္"

အျပင္းထန္ဆုံး လက္ေဝွ႔ထိုးနည္းဟု ၾကားလိုက္ရသည္ႏွင့္ တပ္သားငယ္မ်ားက ပို၍ပင္ စိတ္လႈပ္ရွားလာၾကသည္။ ယခုပင္ ဂ်ဴဒိုဟုေခၚေသာ လက္ေဝွ႔ထိုးနည္းကို ျမင္ၿပီးေနာက္ သူတို႔က ဤလက္ေဝွ႔နည္းစနစ္ကို ပို၍ေမွ်ာ္လင့္ကာ တညီတၫြတ္တည္း တုံ႔ျပန္ၾကသည္။ "ဟုတ္ကဲ့!"

သူမေဘးတြင္ မ်က္ႏွာငယ္ေလးျဖင့္ ရပ္ေနေသာ ေကာင္ေလးကို တခ်က္ၾကည့္လိုက္ၿပီး ကုယြင္က အၿပဳံးမ်က္ႏွာျဖင့္ "မင္းက ငါ့ရဲ႕သ႐ုပ္ျပၿပိဳင္ဘက္ လုပ္ေပးမွာလား??"

"ဟုတ္ကဲ့" ေကာင္ေလးက ငိုခ်င္ေနေပမယ့္ မ်က္ရည္မက်ႏိုင္ေပ၊ သူက သူ႔မ်က္ႏွာကို သူ ပါး႐ိုက္သလို ျဖစ္ေတာ့မွာလား??? သူမက ဘာလို႔ ဒီေလာက္ ႐ူးသြပ္ၿပီး သူ႔ေရွ႕မွာ ရယ္ေနတာလဲ??

ေတာအုပ္ထဲတြင္ ကုယြင္ကေရွ႕မွ လႈပ္ရွားမႈမ်ားႏွင့္ တိုက္စစ္ဆိုင္ရာ နည္းစနစ္မ်ားကို ရွင္းျပခဲ့ၿပီး တပ္သားမ်ားက ေနာက္မွ အနီးကပ္လိုက္ကာ ဂ႐ုတစိုက္ ေလ့က်င့္ၾကသည္။ တစ္ဖက္မွာ သူတို႔ ျပင္းျပင္းထန္ထန္ ေလ့က်င့္ေနေပမယ့္ တစ္ဖက္မွာေတာ့ ဟန္ရႈရဲ႕ မ်က္ႏွာက ပိုနက္ေမွာင္လာၿပီး သူ႔မ်က္ခုံးေတြက ပိုတင္းက်ပ္လာသည္။ ဒီအမ်ိဳးသမီး သင္ေပးလိုက္တဲ့ လက္ေဝွ႔အတတ္ပညာက ဆန္းၾကယ္တဲ့ လွည့္ကြက္ေတြ မပါေပမယ့္ သူမေျပာတဲ့အတိုင္း အတိအက်ပါပဲ။ လက္ရဲ႕လႈပ္ရွားမႈတိုင္းက ျမန္တယ္၊ တိက်တယ္၊ ျပင္းထန္တယ္၊ တိုက္ခိုက္မႈေတြက ၾကမ္းတမ္းတယ္။ သူမက စစ္သည္ေတြကို ေလ့က်င့္ေပးေနတာလား?? ဒါမွမဟုတ္ လူသတ္သမားေတြကို ေလ့က်င့္ေပးေနတာလား??

တစ္ရွီးခ်န္ေလာက္ၾကာၿပီးေနာက္...

ေကာင္းကင္တြင္ ေတာက္ေလာင္ေနေသာ ေနေရာင္က မြန္းတည့္ေနၿပီျဖစ္ကာ ထမင္းထုပ္ထမ္းလာေသာ မီးဖိုေခ်ာင္အေစခံမ်ားစြာက ေတာအုပ္ထဲသို႔ ေရာက္ေနၿပီျဖစ္သည္။

"ရပ္လိုက္!" ကုယြင္က "ေန႔လည္စာ စာခ်ိန္၊ ခန ရပ္မယ္!"

ပင္ပန္းႏြမ္းနယ္ေနေသာ တပ္သားမ်ားက သက္ျပင္းရွည္ႀကီးခ်ကာ ေျမျပင္ေပၚသို႔ လွဲခ်လိုက္ၾကသည္။ သူတို႔ ေမာပန္းႏြမ္းနယ္ေနၿပီး ဆာေလာင္ေနေသာ္လည္း မလႈပ္ရွားႏိုင္ေတာ့ေပ။

ေျမျပင္ေပၚတြင္ မလႈပ္မယွက္ လဲေလ်ာင္းေနေသာ တပ္သားကို ငုံ႔ၾကည့္ရင္း ကုယြင္က မေပါပါးသလို မေလးနက္ေသာ အသံျဖင့္ ခပ္တန္တန္ေျပာလိုက္သည္။ " ျမန္ျမန္ သြားတန္းစီ၊ မင္းတို႔ အခု စားရင္ ေနာက္ဆိုရင္ စားလို႔ မရေတာ့ဘူး!"

ေျမျပင္ေပၚမွာ အေသေကာင္ေတြလို လဲေလ်ာင္းေနတဲ့ တပ္သားေတြက လ်င္ျမန္စြာ ထထိုင္ကာ ေလးလံေသာ ေျခလက္မ်ားကို ဆြဲယူၿပီး စားေသာက္ရန္ တန္းစီေနၾကသည္။ သူတို႔မွာ စားစရာရွိသည္ျဖစ္ေစ မရွိသည္ျဖစ္ေစ အဲ့ဒါက ကိစၥေသးေသးေလးပါပဲ။ ဒီနတ္ဆိုးမႀကီးက သူတို႔ထဲက တစ္ေယာက္ေယာက္ကို မေက်နပ္ျဖစ္သြားရင္ေတာ့ ေနာင္မွာ ဒီနတ္ဆိုးက သူတို႔ကို ဘယ္လိုဆုံးမမယ္ဆိုတာကို သူတို႔ မသိႏိုင္ဘူးေလ!

မေက်မနပ္ျဖစ္ေနၾကေသာ ႐ုပ္ပုံမ်ားကို ၾကည့္ရင္း ကုယြင္က ေခါင္းယမ္းကာ ရယ္ေမာေနသည္။

ဟန္ရႈ၏ မ်က္လုံးမ်ားက အနည္းငယ္ က်ဥ္းေျမာင္းသြားေပမယ့္ ႏွလုံးသားထဲမွာေတာ့ ၿပဳံးေနခဲ့သည္။ ဟုတ္တယ္၊ ႏွစ္ရက္အတြင္းမွာပဲ သူမက ဒီေမြးကင္းစႏြားကေလးေတြကို ေၾကာက္ေအာင္ လုပ္ၿပီးသြားၿပီ၊ ဒါက တကယ္ေတာ့ မလြယ္ကူပါဘူး။ ကုယြင္က သူတို႔နဲ႔ တန္းစီဖို႔ ျပင္ေနခ်ိန္မွာ အေစခံတစ္ေယာက္က ဝါးျခင္းေတာင္းနဲ႔ သူမဆီကို လွမ္းလာၿပီး "ဒါက မင္းရဲ႕ေန႔လည္စာပါ"

ကုယြင္ ဖြင့္ၾကည့္လိုက္ေတာ့ သူမ စားေလ့ရွိေသာ အမဲသား၊ ထမင္း၊ ၾကက္ဥနဲ႔ သခြားသီးမ်ားကို ေတြ႕လိုက္ရသည္။ ကုယြင္က သူမေဘးနားရွိ ျခင္းေတာင္းႀကီးထဲမွ လက္သီးဆုပ္အ႐ြယ္ ထက္ဝက္ခန႔္ျဖတ္ထားေသာ ဝက္သားျပဳတ္မ်ားႏွင့္ မုန႔္ေပါင္းလုံးႀကီးမ်ားကို ေဘးတိုက္ၾကည့္လိုက္သည္။ တပ္သားတိုင္းက မုန႔္ေပါင္းႀကီးႏွစ္လုံးႏွင့္ အသားတစ္ပိုင္းစီကို လက္ခံရရွိၾကသည္။ သူမက သူမလက္ထဲမွ ဝါးျခင္းေတာင္းကို အေစခံကို ျပန္ေပးလိုက္ၿပီး "ေနာင္မွာ ငါ့အတြက္ မတူညီတဲ့ အစားအစာကို ျပင္ဆင္ေပးစရာ မလိုေတာ့ဘူး၊ ငါလည္း သူတို႔နဲ႔ အတူတူ စားမယ္"

အတူတူ စားတာ မဟုတ္ရင္ေတာ့ အဆင္ေျပပါတယ္၊ အတူတူစားရင္ေတာ့ သူမက ဒီလို အခြင့္ထူးခံဖို႔ မသင့္ေတာ္ပါဘူး။ ဒါက ေခတ္မီသူ တစ္ေယာက္အေနနဲ႔ ကုယြင္ရဲ႕ အယူအဆ ျဖစ္ေပမယ့္ အရာရွိမ်ားႏွင့္ သာမာန္တပ္သားမ်ားၾကားမွ သာလြန္မႈ၊ သိမ္ငယ္မႈ၊ ကြာဟမႈမ်ားႏွင့္ ႏွစ္ရွည္လမ်ား က်င့္သားရေနခဲ့တဲ့ ဒီစစ္သားေတြရဲ႕ အျမင္မွာေတာ့ ကုယြင္၏ အျပဳအမူက အလြန္ထူးဆန္းေနခဲ့သည္။

ကုယြင္က အံ့အားသင့္ေနေသာအၾကည့္မ်ားၾကားမွ မုန႔္ေပါင္းႏွစ္လုံးႏွင့္ အသားတစ္ပိုင္းကို ယူကာ ခဏနားရန္ ေနရာရွာဖို႔ ေမွ်ာ္ၾကည့္လိုက္ေသာအခါ ျမက္ခင္းျပင္မွာ အခ်ိန္အေတာ္ၾကာေအာင္ ထိုင္ေနေသာ ဟန္ရႈကို ေတြ႕လိုက္ရသည္။

ကုယြင္က ခဏမွ် စဥ္းစားၿပီးေနာက္ ေနာက္ထပ္ မုန႔္ေပါင္းႏွစ္လုံးႏွင့္ အသားတစ္ပိုင္းကို ယူကာ သူ႔ဆီသို႔ ေလွ်ာက္သြားလိုက္သည္။ သူမက သူမလက္ထဲမွ မုန႔္ေပါင္းႏွင့္ အသားမ်ားကို ဟန္ရႈထံသို႔ လႊဲေပးရင္း သူ႔ေဘးနား ေျမျပင္ေပၚတြင္ ေပါ့ေပါ့ပါးပါး ဝင္ထိုင္လိုက္သည္။ ကုယြင္က သူ႔ကို ႐ိုင္းစိုင္းတဲ့စကားေတြ မေျပာေပမယ့္ ခ်မ္းသာေသာ မိသားစုမ်ားတြင္ ရွိသင့္သည့္ စည္းကမ္းႏွင့္ က်က္သေရမ်ား ကင္းမဲ့ေနကာ မုန႔္ေပါင္းႏွင့္အသားကို ကိုက္ဝါးေနခဲ့သည္။

မူလက သူက ဤအမ်ိဳးသမီးကို အလြန္မုန္းတီးေသာ္လည္း တစ္မနက္စာေလာက္ စူးစမ္း ေလ့လာၿပီးေနာက္တြင္ သူမက အရည္အခ်င္း ျပည့္မီေၾကာင္း သူ ေတြ႕ရွိခဲ့ရသည္။ သို႔ေသာ္ တပ္ဖြဲ႕ဝင္မ်ားအေပၚ ေလ့က်င့္မႈႏွင့္ပတ္သက္ၿပီး ဟန္ရႈက ခဏေလာက္ စဥ္းစားေနၿပီးမွ "မင္း တပ္ေတြကို ဒီလိုေလ့က်င့္မယ္ဆိုရင္ သူတို႔အားလုံးက ကြၽမ္းက်င္သူေတြ ျဖစ္ေကာင္းျဖစ္လာႏိုင္ေပမယ့္ စစ္ေျမျပင္က ေလ့က်င့္ေရးကြင္း မဟုတ္ဘူး။ သူတို႔က တစ္ေယာက္ခ်င္းအႏိုင္ယူႏိုင္ေပမယ့္ စစ္ေျမျပင္ကို တကယ္ေရာက္သြားရင္ ေထာင္ခ်ီတဲ့ တပ္ေတြကို အႏိုင္ယူႏိုင္ပါ့မလား"

ကုယြင္က သူမရဲ႕ ေနာက္ဆုံး မုန႔္ေပါင္းကို မ်ိဳခ်လိုက္ၿပီး "စုမိသားစုစစ္တပ္မွာ ရန္သူကို စစ္ေျမျပင္မွာ သတ္ႏိုင္တဲ့ စစ္သားေတြ အမ်ားႀကီး ရွိတယ္မလား။ ငါ ေလ့က်င့္ေပးခ်င္တာက လ်င္ျမန္တဲ့ ထိန္းေက်ာင္းမႈ စြမ္းရည္ရွိတဲ့ စြမ္းအားရွင္ေတြ၊ ျပင္းထန္တဲ့ တိုက္ပြဲေတြအတြက္ ထိေရာက္မႈရွိတဲ့ အထူးလက္ေ႐ြးစင္တပ္ဖြဲ႕ဝင္ေတြ"

ရည္႐ြယ္ခ်က္မ်ားႏွင့္ လုပ္ေဆာင္ခ်က္မ်ား ကြဲျပားေနလွ်င္ ေလ့က်င့္ေရးနည္းလမ္းမ်ားကလည္း သဘာဝအတိုင္း ကြဲျပားေနမည္ပင္။

"အထူးလက္ေ႐ြးစင္တပ္ဖြဲ႕?" ဟန္ရႈက မ်က္ေမွာင္ၾကဳတ္သည္။ ဒါက ဘယ္လို အင္အားမ်ိဳးလဲ???

စစ္သည္မ်ား ဗိုက္ျပည့္ေနၿပီျဖစ္ကာ မနက္ခင္းေလ့က်င့္မႈေၾကာင့္ ေမာပန္းႏြမ္းနယ္ေနသျဖင့္ ျမက္ခင္းျပင္တြင္ ပုံပ်က္ပန္းပ်က္ အနားယူေနေသာလူမ်ားျဖင့္ ျပည့္ေနသည္။ လူအနည္းငယ္သာ ထိုင္ေနႏိုင္ေၾကာင္း ကုယြင္က တိတ္တဆိတ္ သတိျပဳမိၿပီး အနည္းငယ္ေသာ လူမ်ားကသာ နဂိုအတိုင္း ကာယဗလအားအင္ လုံလုံေလာက္ေလာက္ ရွိေနဆဲဟု လွ်ိဳ႕ဝွက္စြာ သတိျပဳမိခဲ့သည္။ ေကာက်င့္ယြင္ႏွင့္ လမ္ေရွာင္းတို႔ႏွစ္ဦးက ထိုလူနည္းစု ထဲတြင္ ပါဝင္ေနသည္။ ကုယြင္က ရယ္ေမာရင္း ေတြးေနမိသည္။ ဒီလူႏွစ္ေယာက္မွာ အလားအလာေကာင္းေတြ ရွိတယ္၊ သူမ သူတို႔ကို ေလ့က်င့္ေပးသင့္ၿပီး သူတို႔ရဲ႕အင္အားကို ျပန္ အသုံးခ်ႏိုင္တယ္။

ကုယြင္က သူ႔ကို အခ်ိန္အေတာ္ၾကာ လ်စ္လ်ဴရႈထားခဲ့တာေၾကာင့္ ဟန္ရႈက စိတ္မရွည္စြာနဲ႔ "အထူးတပ္ဖြဲ႕ဆိုတာ အတိအက်ဘာကို ဆိုလိုတာလဲ?"

ကုယြင္က သူမခါးကို ဆန႔္ၿပီး သူမေနာက္က သစ္ပင္ႀကီးတစ္ပင္ကို မွီကာ ဂုဏ္ယူစြာနဲ႔ "ဒါက အထူးတာဝန္ေတြကို ထမ္းေဆာင္ေနတဲ့ အဖြဲ႕ပါ။ တစ္ခါတရံ တိုက္ပြဲေတြမွာ လူ႔ပင္လယ္လို နည္းဗ်ဴဟာေတြ လိုအပ္သလို တစ္ခါတစ္ရံမွာေတာ့ လက္ေ႐ြးစင္ တပ္သားေတြလည္း လိုအပ္တယ္။ ရန္သု႔ကို ေႏွာင့္ယွက္တာ၊ ရန္သူရဲ႕တိုက္ခိုက္မႈ႕ကို ၿဖိဳခြင္းတာ၊ ရန္သူ႔ေနာက္ကြယ္ကေန ကင္းေထာက္တာ၊ လုပ္ႀကံသတ္ျဖတ္တာေတြနဲ႔ ျပန္ေပးမႈလိုအမႈမ်ိဳးေတြမွာ အဲဒီအဖြဲ႕ဝင္ေတြရဲ႕တန္ဖိုးကို မင္း သိလာလိမ့္မယ္။ ငါ့ရဲ႕ အထူးတပ္ဖြဲ႕အတြက္ ကိုယ္စားလွယ္ေလာင္းက ဒီအဖြဲထဲမွာ ငါးဆယ္ထက္ မပိုဘူး၊ ဒါေပမယ့္ အဲ့ဒီလူငါးဆယ္ကို တစ္ေယာက္ခ်င္းစီတိုင္းက လူတစ္ေထာင္နဲ႔ ခြန္အားတူတဲ့ စစ္သူႀကီးတစ္ေယာက္ျဖစ္ေအာင္ ငါ လုပ္ေပးႏိုင္တယ္"

ကုယြင္၏ရွင္းလင္းခ်က္ အၿပီးတြင္ ဟန္ရႈက အထူးတပ္ဖြဲ႕မ်ားက ဘာကိုဆိုလိုသည္ကို နားလည္ႏိုင္ေသာ္လည္း သူမ၏မာနကို ၾကားေသာအခါ ဟန္ရႈက ခ်က္ခ်င္းပင္ မယုံၾကည္ႏိုင္စြာ ျပန္ေျပာလိုက္သည္။ "မျဖစ္ႏိုင္ဘူး!"

လူတစ္ေယာက္က လူတစ္ေထာင္နဲ႔ညီတယ္လား။ လူတစ္ေယာက္က ဘယ္ေလာက္ပဲ အစြမ္းထက္ေနပါေစ လူတစ္ေထာင္ေနရာမွာ အစားထိုးလို႔ မရပါဘူး။

ကုယြင္က အခ်ိန္ကို တြက္ခ်က္ကာ လုံေလာက္စြာ အနားယူလုနီးပါး ျဖစ္ေနတာေၾကာင့္ သူ႔ကို ရွင္းျပဖို႔ ပ်င္းလြန္းေနၿပီး "နင္ မလုပ္ႏိုင္တိုင္း ငါလည္း မလုပ္ႏိုင္ဘူးလို႔ မဆိုလိုဘူးေလ၊ ေစာင့္ၾကည္ေနေလ!"

အရမ္းကို ေမာက္မာတဲ့ မိန္းမ!!! ဟန္ရႈ၏ မ်က္လုံးမ်ားက ျပဴးက်ယ္သြားသည္။ သူ ေဒါသ မထြက္ရေသးမီ ကုယြင္က သပ္ရပ္စြာ မတ္တပ္ထရပ္ၿပီး လူမ်ားျပည့္ေနေသာ ေနရာဆီသို႔ လွမ္းသြားကာ "တန္းစီ!"

❤️❤️❤️Thank you so much for your lovely supports❤️❤️❤️

ေမွ်ာ္လင့္ျခင္းအသစ္ေတြနဲ႔ ႏွစ္သစ္ကို ႀကိဳဆိုႏိုင္ၿပီး ေကာင္းမြန္တဲ့ ႏွစ္သစ္ေလးတစ္ႏွစ္ျဖစ္ပါေစ.. ဒါဒါတို႔ေရ.....

🎆2🎆0🎆2🎆4🎆

Continue Reading

You'll Also Like

232K 37.5K 62
I Became A Virtuous Wife And Loving Mother In Another Cultivation World ##start from chapter 199 **I'm just translate this and I don't own anything**
630K 78.4K 199
Title-穿书后她成了万人迷 Original Author- Young Master Yan,公子衍 Language-chinese Status-535chapters& 23 extra chapter (ongoing) I do not own the whole story an...
120K 14.4K 95
Title - After Transmigrated into a Book, I've Gained an Entire Family of Cannon Fodder Description ...
74.8K 7.3K 32
Chapters (1-53) . . . Not My Work i am just translating for Offline purpose All credits to original author and English translator