အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ...

By FlowerRainButterfly

1.5M 190K 3.7K

အမျိုးသားကိုယ်ဝန်ဆောင် "ကော"များပါဝင်သည်။ အမ်ိဳးသားကိုယ္ဝန္ေဆာင္ "ေကာ"မ်ားပါဝင္သည္။ More

အပိုင်း (၁) ချိုမြိန်သောမျှစ်လေးများ
စွမ်းရည်ပြည့်ဝသောမုဆိုးကြီးနှင့် ရစ်ငှက်လေးများ
မုဆိုးကြီးနဲ့တောဝက်ကြီးနှစ်ကောင်
မုဆိုးကြီးနှင့်တောဝက်ကြီးနှစ်ကောင်-2
မုဆိုးကြီးနှင့်တောဝက်ကြီးနှစ်ကောင်-3
တောဝက်ကြီးများအားရောင်းရန် ဆိပ်ကမ်းမြို့သို့အလည်တစ်ခေါက်
တောဝက်ကြီးများအားရောင်းရန် ဆိပ်ကမ်းမြို့သို့အလည်တစ်ခေါက်-2
တောဝက်ကြီးများအားရောင်းရန် ဆိပ်ကမ်းမြို့သို့အလည်တစ်ခေါက်-3
တောဝက်ကြီးများအားရောင်းရန် ဆိပ်ကမ်းမြို့သို့အလည်တစ်ခေါက်-4
မုဆိုးကြီး၏ ပြည့်တန်ဆာအိမ်အားဖောက်ထွင်းမှု
အပိုင်း (၁၁) မုဆိုးကြီး၏ စျေးဝယ်ထွက်ခြင်း
အပိုင်း (၁၂) တစ်ချိန်က အမှိုက်ကောင်ကပြောင်းလဲသွားပြီတဲ့
မုဆိုးကြီးပြောတဲ့ ကျိုးရှီနဲ့စုရှီတို့အကြောင်း
မုဆိုးကြီးအိမ်ကစားသောက်ပွဲ
မုဆိုးကြီးအိမ်ကစားသောက်ပွဲ-2
ရှောင်မိန်ပါဝင်သော ဆိပ်ကမ်းမြို့ကမိသားစုခရီးစဥ်
အပိုင်း (၁၇)
အပိုင်း (၁၈)
အပိုင်း (၁၉)
အပိုင်း (၂၀)
အပိုင်း (၂၁) မုဆိုးကြီး၏ နေအိမ်ဖောက်ထွင်းခံရမှု
လဲ့ရှီနှင့်ရှောင်အိမ်၏အရှက်မဲ့မှု
ရုံးတော်၏စီရင်ချက်
ရုံးတော်၏စီရင်ချက် -2
ရုံးတော်၏စီရင်ချက် -3
အပိုင်း (၂၆)
အပိုင်း (၂၇)
ရှောင်ဟန်ကဆံထိုးလေးကိုဖွတ်ထားတယ်
မုဆိုးကြီး၏ငွေသုံးကြမ်းမှုပေါက်ကြားခြင်း
မုဆိုးကြီး၏နွေးထွေးသောမိသားစု
အပိုင်း (၃၁)
အပိုင်း (၃၂)
မုဆိုးကြီးအိမ်သို့ရောက်ရှိလာတဲ့ မဖိတ်ခေါ်ထားသောဧည့်သည်များ
အပိုင်း (၃၄)
အပိုင်း (၃၅)
အပိုင်း (၃၆)
အပိုင်း (၃၇) ချောင်ရန်၏အလည်ပတ်ရောက်ရှိလာမှု
အပိုင်း (၃၈) စံပါယ်ပင်လေးသုံးပင်
💖Chibi💖
မုဆိုးကြီးအိမ်သို့ အသားဝယ်ချင်သူများရောက်ရှိလာခြင်း
အပိုင်း (၄၀)
နန်ချောင်းရွာက ရွာသားတစ်ဦးသေဆုံးခြင်း
အပိုင်း (၄၃)
အပိုင်း (၄၂)
အပိုင်း (၄၄)
အပိုင်း (၄၅)
အပိုင်း (၄၆)
အပိုင်း (၄၇)
အပိုင်း (၄၈)
အပိုင်း (၄၉)
မုဆိုးကြီးက ဇနီးလေးရဲ့စကားကိုနားမထောင်ဘဲ တောင်ပေါ်ကိုတတ်သွားပြီ
❌❌
မုဆိုးကြီး၏ဝက်ဝံအမဲလိုက်ခရီးစဥ်
မုဆိုးကြီးပြန်လာပြီ
အပိုင်း (၅၃)
ဝက်ဝံကြီးများကိုရောင်းရန် ဆိပ်ကမ်းမြို့သို့အလည်တစ်ခေါက်
ဟင်းလင်းပြင်လေလံပွဲ
အပိုင်း (၅၆)
စံပါယ်ပင်လေးက မျိုးစိတ်သစ်ပါတဲ့
မိသားစုအတွက် လက်ဆောင်တွေ ဝယ် ဝယ် ဝယ်
အပိုင်း (၅၉)
ဟွမ်ဟွာ၏ဖိတ်ခေါ်မှု
မုဆိုးကြီးနှင့် ဟွမ်ဟွာ၏ ထိပ်တိုက်တွေ့ဆုံမှု
အပိုင်း (၆၂)
အပိုင်း (၆၃)
အပိုင်း (၆၄)
အပိုင်း (၆၅)
မုဆိုးကြီးပြန်လာပြီ
ဇနီးလေး ငွေလက်မှတ်တွေကိုမင်းသိမ်းထားလိုက်
ပိုင်မိန်ရဲ့စံပါယ်ပင်လေးမရှိတော့ဘူး
(69)
ပိုင်လီ
မုဆိုးကြီးပြောတဲ့ ကျိုးရှီရဲ့ယုတ်မာမှုအကြောင်း
အပိုင်း (၇၁)
ကျိုးရှီ၏အလိမ်ညာပြဇာတ်
ထူးခြားဆန်းပြားသောချီးကားများ
အပိုင်း (၇၃)
အပိုင်း (၇၄)
အပိုင်း (၇၅)
အပိုင်း (၇၆)
အပိုင်း (၇၇)
အပိုင်း (၇၈)
အပိုင်း (၇၉)
အပိုင်း (၈၀)
အပိုင်း (၈၁)
အပိုင်း (၈၂)
အပိုင်း (၈၃)
အပိုင်း (၈၄)
အပိုင်း (၈၅)
အပိုင်း (၈၆)
အပိုင်း (၈၇)
အပိုင်း (၈၈)
အပိုင်း (၈၉)
ဇနီးလေး... ကလေးယူချင်နေတာလား?
မြေဝယ်ယူမှု
အပိုင်း (၉၂)
အပိုင်း (၉၃)
အပိုင်း (၉၄)
အပိုင်း (၉၅)
စပျစ်သီးခူးဖို့သွားခြင်း
စပျစ်သီးလေးများ
main story complete
(98)
(99)
အပိုင်း (၁၀၀)
(101)
(102)
၁၁၃
အပိုင်း (၁၀၄)
အပိုင်း (၁၀၅)
အပိုင်း (၁၀၆)
အပိုင်း (၁၀၇)
စပျစ်သီးဝိုင်ပြုလုပ်ခြင်း
အပိုင်း (၁၀၉)
အပိုင်း (၁၁၁)
အပိုင်း (၁၁၂)
အပိုင်း (၁၁၃)
တည်သီးလေးများကိုခူးဆွတ်ခြင်း
ဇနီးလေး၏ယုံကြည်မှု
ချောင်မိသားစုသို့ အလည်တစ်ခေါက်
စပျစ်ဝိုင်လက်ဆောင်
အပိုင်း (118)
စံပါယ်ပင်လေးအကြောင်းအားနှုတ်ပိတ်ခြင်း
ဇနီးလေးစိတ်ဆိုးသွားခြင်း
paid gp
ဇနီးလေးစိတ်ဆိုးသွားခြင်း-2
ဇနီးလေးအားချော့မြူခြင်း
လူဆိုးလေးရှောင်ဝူ
ယွီလျန်ဟွားမှာငွေတချို့ဖြုန်းခြင်း
အပိုင်း (၁၂၅)
ဇနီးလေးရွေးပေးတဲ့လက်ဆောင်
အပိုင်း (၁၂၇)
အပိုင်း (၁၂၈)
အပိုင်း (၁၂၉)
လှည်းအပြည့် စျေးဝယ်ထွက်ခြင်း
အပိုင်း (၁၃၁)
ကျွန်စျေးသို့အလည်တစ်ခေါက်
အပိုင်း (၁၃၃)
အစေခံများ
ဇနီးလေး ကိုယ်မင်းကို ဂရုစိုက်ပေးမယ်
အိမ်အသစ်ဆောက်လုပ်ခြင်း
အပိုင်း (၁၃၇)
ကျိုးရှီကိုနှင်ထုတ်ခြင်း
အပိုင်း (၁၃၉)
မီးပုံးပွဲတော်
အပိုင်း (၁၄၁)
ဇနီးလေး ကိုယ်မင်းကို ချစ်မြတ်နိုးတယ်
ဇနီးလေး ကိုယ်မင်းကို ချစ်မြတ်နိုးတယ်-2
အသေးလေးတွေရဲ့ ဗိုက်လုံးလေးတွေက မတူညီဘူး
ရှောင်အိမ်ရဲ့ အကြံသစ်
ပိုင်အမေ၏ အရိပ်အမွတ်
နှစ်ကိုယ်ကြားစကားဝိုင်း
ရှောင်အိမ်၏တောင်းပန်လာမှု
အပိုင်း (၁၄၉)
အပိုင်း (၁၅၀)

အပိုင်း (၁၁၀)

7.5K 936 4
By FlowerRainButterfly

အပိုင်း (၁၁၀) မုဆိုးကြီးအိမ်ကစားသောက်ပွဲနှင့် ချောင်မိသားစုကို နုတ်ဆက်ခြင်း

ဒီနေ့ညအတွက် ပိုင်လီပြင်ထားသည့် ညစာများမှာ သူနဲ့ အသေးလေးတွေလည်း အရမ်းကြိုက်ပြီး ချောင်မိသားစုလည်း မစားဖူးလောက်သေးသည့် ယုန်သားအစပ်ဟင်းနှင့် ရှောင်ဟန်လို အစပ်မစားနိုင်သူများအတွက်မူ ယုန်သားအချိုချက် ထပ်ရှိကာ နောက်ထပ် အသားဟင်းတွေအနေနှင့် ရစ်ငှက်နှင့်အားလူးနှပ်၊ ငရုပ်ပွသီးနှင့် ဝက်သားသုံးထပ်သား​ကြော်နှင့် အသီးရွက်ဟင်းများအနေဖြင့် တောခရမ်းသီးများ၊ မျှစ်(ဝါးနု)များ၊ ဂေါ်ဖီများနှင့် မုန်ညှင်းလို ဟင်းရွက်များကို အချို့ကိုအကြော်၍ တချို့ကိုချက်ခဲ့ပြီး အသီးရွက်ချဥ်ဟင်းတစ်ခွက်လည်း ပါဝင်သေးပါသည်။

လူတိုင်းက ညစာကို ကျေနပ်စွာစားခဲ့ကျရပါတယ်။

အထူးသဖြင့် ချောင်မိသားစုမှာ ရှောင်ဟန်က ဟင်းချက်လက်ရာ အရမ်းကောင်းတယ်ဟု မြင်သွားကျပြီး ဘာလို့ဆို သူတို့က ဒါတွေအကုန်လုံးကိုရှောင်ဟန်ချက်ထားတယ်လို့ပဲ ထင်နေကျတာကြောင့်ပါပဲ။ သူတို့က ညနေပိုင်းမှာ ပိုင်လီပျောက်နေမှန်း သတိထားမိကျပေမယ့် အဲလိုဆိုရင်တောင် ပိုင်လီကဘေးက ကူညီရုံပဲလို့သာ သူတို့က တွေးမိကျတာဖြစ်သည်။

ညစာစားလို့အပြီးတွင် ဟုန်ရင်းက ပြုံးလျက်နှင့်...

"မောင်လေးပိုင်က ကံကောင်းလိုက်တာနော် ဇနီးလေးက အချက်ပြုတ်အရမ်းတော်တာပဲ ဒီနေ့ဟင်းတွေက အရမ်းစားလို့ကောင်းတယ်"

ချောင်ရန်သည် ဒါကိုထောက်ခံ၍...

"အမှန်ပဲ ငါအများကြီးတောင်စားမိသွားတယ် ဟဟား ဒီလိုဆိုတော့လည်း ကူလုပ်ပေးခဲ့ရတာတန်သားပဲ"

ဒါကိုကြားတော့ ချောင်းချင်းချင်းလေးကလည်း သူမလေးရဲ့ ပြည့်တင်းနေတဲ့ဗိုက်လေးကို ပွတ်သပ်လျက်ပြောလာခဲ့၏။

"ဟုတ်တယ် ဦးဦးပိုင်အိမ်က ဟင်းတွေက စားလို့အရမ်းကောင်းတာပဲ"

ချောင်လုပိုင်သည် သူ့မိသားစုဝင်များ၏ စကားများကိုကြားပြီးနောက် မျက်လုံးလိမ့်လိုက်မိလေသည်။ ဟင်းတွေက တကယ်စားကောင်းပေမယ့် သူ့မိသားစုဝင်တွေက သိက္ခာကို ထိန်းသိမ်းဖို့တောင်မလုပ်ခဲ့ကျဘဲ ဒီလိုကြီးဖော်ပြခဲ့ကျပါတယ်။ အရမ်းရှက်စရာကောင်းတာပဲ။

ချောင်မိသားစုသည် ဆိပ်ကမ်းမြို့တွင်တည်ရှိပြီး ချောင်ရန်မှာလည်း အစားအသောက်ကြိုက်သူတစ်ယောက်ဖြစ်သဖြင့် အစားသောက်နှင့်ပတ်သတ်လျှင် ဆိပ်ကမ်းမြို့က အကောင်းဆုံးဟင်းများကိုပင် မြည်းစမ်းဖူးခဲ့ကျသည်။

ဒါပေမယ့် ပိုင်လီရဲ့အိမ်က ရိုးရှင်းတဲ့ဟင်းတွေက သူတို့စားဖူးခဲ့တဲ့ဟင်းတွေထက် တစ်မျိုးထူးခြားပြီး စားကောင်းနေတယ်လို့ ထင်မြင်ခဲ့ကျပါတယ်။

ပိုင်လီကလည်း ဒါက ဘာကြောင့်လဲဆိုတာကို သိသည်ပင်။

ဘာကြောင့်လဲဆိုတော့ ဆိပ်ကမ်းမြို့သည် နန်ချောင်းရွာလို ဆင်းရဲနွမ်းပါးမှုကြောင့် ဆားကိုအနည်းငယ်သာသုံးကာ စျေးကြီးလှသော ဆီကုန်မည်စိုးကျ၍လည်း ​အများစုကို ပြုတ်၍သာစားကျသော လယ်သမားရွာလေးတွေနှင့် ယှဥ်ပါလျှင် စားစရာများ၌ ပို၍ ကောင်းမွန်ကျပေမယ့် ပိုင်လီ၏ဟင်းများမှာ ပိုင်လီ တောထဲကတွေ့လာသည့် ဟင်းခက်အမွှေးကြိုင်ပင်များကို သုံးထားခဲ့တာဖြစ်သည်။ ဒါကကွာခြားမှုကြီးကြီးတော့ မဟုတ်ပေမယ့် အနည်းငယ်တော့သိသာပါတယ်။ အထူးသဖြင့် အသားဟင်းတွေမှာဆိုရင် ညှီတဲ့အနံ့တွေပျောက်သွား၍ တခြားဟင်းတွေကလည်း ပိုမွှေးလာကာ အားလူးလိုဟင်းသီးဟင်းရွက်မျိုးဆိုရင် ဘယ်သူမှ စားစရာမှန်းမသိကျသေးလို့ မစိုက်ပျိုးသေးကျဘူးလေ။

ဒါကြောင့် ချောင်မိသားစုက သူ့အိမ်ကဟင်းများကို ကောင်းမွန်သည်ဟု ထင်နေသည်မှာ မထူးဆန်းပါချေ။

ရှောင်ဟန်ကတော့ ဒီချီးကျူးစကားတွေအတွက် ရှက်ရွံ့နေပြီး ဒါက သူချက်ထားတာမဟုတ်လို့ ငြင်းချင်နေကာ သူက သူ့ခင်ပွန်းကို ကူကယ်ရာမဲ့စွာကြည့်လိုက်မိသည်။ အကယ်၍ ရှောင်ဟန်က ဒီဟင်းတွေက သူ့ခင်ပွန်းကသာ အမှန်တကယ် ချက်ပြုတ်သူပါဟု ပြောလိုက်လျှင် အမျိုးသမီးတွေနဲ့ ကောတွေသာလုပ်ရတဲ့ ချက်ပြုတ်ခြင်းကိုလုပ်ခဲ့တဲ့အတွက် ချောင်မိသားစုရှေ့တွင် သူ့ခင်ပွန်းရဲ့ သိက္ခာထိခိုက်မည်ကိုလည်း စိုးရိမ်ရသေး၏။

ဒါပေမယ့် သူက သူမလုပ်ထားတဲ့ အလုပ်တစ်ခုအတွက် နာမည်ကောင်းဝင်ယူရမှာကိုလည်း ရှက်ရွံ့တာကြောင့် သူပြောလိုက်လို့ရမလားကို သူခင်ပွန်းကိုအကြည့်နှင့် မေးလိုက်ပေမယ့် ထိုလူသည် သူ့ကိုမသိမသာနှင့် ခေါင်းရမ်းပြလာခဲ့တာဖြစ်သည်။

ပြီးတော့ သူ(ပိုင်လီ)ကပြောလာပါသေးတယ်။

"ဒါပေါ့ ကျွန်တော့်ဇနီးလေးက အရမ်းတော်တာလေ"

ရှောင်ဟန်: ......

သူ့ခင်ပွန်းက လိမ်တဲ့နေရာမှာ အရမ်းတော်ပြီး မျက်နှာတစ်ချက်တောင် မပျက်တတ်တာကို သူသိလိုက်ရပါပြီ။

ပိုင်လီက ရှောင်ဟန်၏ ဖြစ်သွားတဲ့ ကြောင်တောင်တောင်ရုပ်လေးကို သတိထားမိ၍ ပြုံးလိုက်မိသော်လည်း သူက တခြားသူများနှင့်စကားပြောမပျက်ခဲ့ပေ။ သူတို့တွေ ခဏလောက်စကားပြောခဲ့ကျပြီး နောက်မှာတော့ ပိုင်မိသားစုနဲ့ချောင်မိသားစုက ပိုင်အိမ်ကိုပြန်သွားခဲ့ကျပါတယ်။

ဒါကြောင့် ပိုင်လီတို့မိသားစုလည်း အိပ်ရာဝင်လိုက်ကျတော့ပြီး နေ့တစ်နေ့ကို အဆုံးသတ်ခဲ့ကျလိုက်ကာ နောက်တစ်နေ့မှာတော့ ပိုင်လီက နိုးတာနှင့်ရှောင်ဟန်ကို သူနဲ့မနက်စာအတူစားဖို့ အဖော်ပြုခိုင်းခဲ့ပြီးနောက် အသေးလေးတွေမထခင်မှာပင် တောထဲထွက်လာခဲ့လိုက်တော့သည်။

ဒီနေ့ ချောင်မိသားစုက ပြန်ကျတော့မှာဖြစ်လို့ သူ့အနေနဲ့ မနက်ခင်းမှာတင် တောကောင်သားရှာပေးဖို့လိုတယ်လေ။ တကယ်တော့ ချောင်ရန်က ဒီနေ့ပြန်မှာဖြစ်ပြီး အကယ်၍ ပိုင်လီက တောကောင်မရခဲ့ရင်လည်း အပြစ်တင်မှာမဟုတ်ပါဘူး။ သူ(ချောင်ရန်)ရဲ့ စကားများသည် ဒီတိုင်းစနောက်ခဲ့ရုံသာဖြစ်သည်။

ဒါပေမယ့် ပိုင်လီကတော့ သူ့မိတ်ဆွေကြီးကဘယ်လောက်တောင် အသားချစ်တတ်သလဲဆိုတာကို သိတာကြောင့် သူတို့မပြန်ခင်မှာ ရအောင်အမဲလိုက်ပေးဖို့ ဆုံးဖြတ်ဆုံးခဲ့လိုက်တာပင်။ အမဲလိုက်တာက သူ့အတွက် ခက်ခဲနေတာမှမဟုတ်တာပဲလေ။

ပိုင်လီက တောင်ခြေအနက်ထဲ ဝင်လာပြီးနောက် ဒရယ်နှင့်သမင်များ ကျက်စားသည့်နေရာနားသို့ မသွားသေးခင် လမ်း၌ သူကိုင်းကူးဖို့လုပ်ထားသည့် အပင်များကို အရင်ဝင်ကြည့်ခဲ့သေးပြီး ထိုအပင်များသည် သူ၏သစ်သီးခြံအတွင်း စိုက်ပျိုးရန်ရွေးချယ်ထားသော အပင်များပင်ဖြစ်သည်။ သူကဒီအပင်တွေကို အမြစ်ကနေနုတ်ပြီး သယ်သွားလို့ရပေမယ့် အဲတာက ကြာရင်မကောင်းတော့ဘူးမလား။ သူက မြေကွက်တစ်ထောင်ကျော်အတွက် အပင်တွေလိုအပ်တာဖြစ်ပြီး မျိုးစိတ်ကောင်းပြီး အရွယ်ရောက်နေသည့်အပင်များအား နုတ်သယ်သွားခဲ့လျှင် တောင်အတွက် သိပ်မကောင်းနိုင်တော့ဘဲ ရွာသားတွေသာသိသွားရင်လည်း အတင်းဖျင်းတွေထွက်လာဦးမှာကြောင့် သူ့မူရင်းဘဝက အပင်များနှင့်ပတ်သတ်၍ သူကြားဖူးခဲ့တဲ့ စကားလုံးဖြစ်သည့် ကိုင်းကူးဆိုသည့် ဟာကိုလုပ်ကြည့်ဖို့ ဆုံးဖြတ်ခဲ့ခြင်းသည်။

သူကအရင်ဆုံး သူသဘောကျတဲ့ အပင်ကိုတွေ့ရင် အဲဒီအပင်က အတော်သင့်ရှိတဲ့ ကိုင်းတချို့ကိုရွေးလိုက်ပြီး အသားကိုဓားနဲ့အနည်းလွှာ၍ အပင်ခြေကမြေအနည်းငယ်ကို ထိုနေရာ၌အုံကာ အုပ်စည်းထားခဲ့လိုက်၏။ ကောင်းပြီ သူကအပင်တွေနဲ့ပတ်သတ်ပြီး သိပ်မသိဘူးဆိုတာ ဝန်ခံပါတယ်။ သူ့ရဲ့ဒီနည်းကအလုပ်မဖြစ်ရင်တော့ အပင်လိုက်ပဲ နုတ်သွားရတော့မှာပဲ။

ပြီးခဲ့သည့်ရက်များတွင် သူက တောထဲသို့ပုံမှန်သွားဖြစ်ခဲ့သော်လည်း သစ်မာသားရှာတာနှင့် တောကောင်ငယ်များမှလွဲ၍ မရလာခဲ့သည်မှာ ဤကိစ္စအတွက် အချိန်ပေးနေခဲ့လို့ပင်ဖြစ်ပြီး ဒီနေ့တော့ ရလဒ်ကို အနည်းငယ် စစ်ဆေးကြည့်သင့်ပါပြီ။

ဒရယ်များ ကျက်စားရာနေရာသို့ သွားသည့်လမ်းမှ ဦးဆုံးတွေ့ရသည့်အပင်မှာ မက်မွန်သီးပင်ကြီးတချို့ပင်။ ဒီနန်တောင်မှာ မက်မွန်သီးပင်တွေ အများကြီးရှိပါတယ်။ တောက်ခြေမှာတောင် အများကြီးရှိပြီး ဒါပေမယ့် ချိုပြီး ကြီးမားကာ အရောင်ကလည်း အကုန်နီးပါးနီရဲနေသော အသီးပင်မျိုးကတော့ သိပ်မတွေ့ရတတ်ဘဲ အခု ပိုင်လီရှိနေတဲ့နားတစ်ဝိုက်မှာ နှစ်ပင်ရှိပြီး တခြားနေရာများမှာလည်း တချို့တလေသာ တွေ့ဖူးတာကြောင့် ပိုင်လီက ဒီအပင်များကိုယူသွားရန် ဆုံးဖြတ်ခဲ့တာပင်။

ပိုင်လီက ဒီမက်မွန်သီးပင်တွေရဲ့ အသီးသီးချိန်ကို မသိသလို အခုတော့ အပင်မှာ အသီးတွေမရှိတော့ပါဘူး။ သူက ဒီအပင်တွေက အသီးတွေအကြောင်းသိနေရသည်မှာ သူဒီအပင်တွေနား စရောက်ခါစက  နောက်ဆုံးကျန်သည့် မက်မွန်သီးတစ်သုတ်အား မျောက်အုပ်စုတစ်ခုက ခူးသွားတာကိုတွေ့လိုက်ရခြင်းကြောင့်ပါပင်။ သူရောက်လာတာကြောင့် မျောက်တွေက ထွက်ပြေးသွားပြီး တစ်လုံးကျနေခဲ့တာကို သူမြည်းကြည့်ထားခဲ့တာပါ။

ဒါ့ကြောင့် ဒီအပင်တွေကို ကိုင်းကူးယူဖို့ လုပ်ထားခဲ့တာဖြစ်ပြီး အကယ်၍ ကိုင်းကူးတာမအောင်မြင်ရင်တော့ ဘယ်တတ်နိုင်မလဲ။ သူပြောခဲ့သလိုပဲ အပင်လိုက်နုတ်သွားရတော့မည်ဖြစ်ကာ ဒီနေရာမှာဆိုရင် နှစ်ပင်ရှိနေတာကြောင့် တစ်ပင်ကို ယူသွားရတော့မှာပင်။

သူကအရင်ဆုံး အပင်ကိုင်းမှာ မြေအုံထားတဲ့နေရာကို သွားစစ်ကြည့်ခဲ့ပါတယ်။ သူက မြေများကို  အိမ်မှာမဝတ်ဖြစ်တော့တဲ့ အဝတ်စုတ်များကို ဖြတ်ပိုင်း၍ စည်းထားခဲ့တာဖြစ်ပြီး သူရွေးထားတဲ့ကိုင်းတွေက ကြီးမားတာကြောင့် မြေထုတ်ကြီးကလည်းအကြီးကြီးပါပဲ။

အမှန်တိုင်းဝန်ခံရရင် ပိုင်လီက သူ့ရဲ့ဒီလိုစမ်းတဝါးဝါးစမ်းသပ်မှုက အောင်မြင်လိမ့်မည်ဟု လုံးဝကို မမျှော်လင့်ထားတာပင်။ သူကအကယ်၍များ ဆိုပြီးသာ စမ်းကြည့်ခဲ့တာပါ။

ထို့ကြောင့် သူကမြေထုတ်ကို အနည်းငယ်ဖြေကြည့်လိုက်သော်လည်း စိတ်လှုပ်ရှားခြင်းမရှိခဲ့ဘဲ အဝတ်စများအောက်က​ မြေကြီးထဲမှ အမြစ်များကို တွေ့လိုက်ရချိန်တွင်မူ သူ့အတွက် စကားတစ်ခွန်းသာ ရှိခဲ့တော့သည်။

လာနောက်နေတာလား!!

တကယ်ကြီး သူမြေအုံထားသောနေရာသည် အမြစ်များစွာထွက်နေခဲ့ပေသည်။

ဆိုတော့ သူအောင်မြင်သွားတာပေါ့လေ။

ပိုင်လီသည် ဤနေရာ၏အလုပ်လုပ်ပုံများနှင့် လည်ပတ်ပုံများက တစ်ခါတလေ၌ ထူးဆန်းသည်ဟုတကယ်ကြီးထင်မြင်မိသော်လည်း ဒါသည် သူ့အတွက် ကောင်းတာတွေချည်းဖြစ်၍ သူကတော့ ညည်းညူနေမည်မဟုတ်ပါချေ။

ဒီအပင်မှာ သူ့ရဲ့ကိုင်းကူးခြင်းက အောင်မြင်တယ်ဆိုတော့ တခြားအပင်တွေကလည်း အတူတူပဲဖြစ်လောက်မှာမလို့ ပိုင်လီက လိုက်စစ်မကြည့်တော့ပါဘူး။ သူကမြေထုပ်ကို ပြန်စည်းခဲ့လိုက်ပြီး ဒရယ်များ၏နေရာသို့ ဆက်သွားခဲ့ကာ ဤတစ်ကြိမ်တွင်တော့ သမင်နှစ်ကောင်ကို အမဲလိုက်ခဲ့၍ တစ်ဆက်တည်း၌ စံပါယ်ပင်များ၏နေရာသို့ပါ သွားကြည့်ခဲ့လိုက်သည်။

အဲဒီမှာ အရင်က အဖူးတွေအကုန်လုံးနီးပါးက ပွင့်နေကျပြီး သူ့ရဲ့အရပ်ထက်ကျော်တဲ့ ရောင်စုံစံပါယ်ခြုံကြီးတွေနား ဖြတ်သွားရတာက စိတ်ကူးယဥ်ဆန်တဲ့ နယ်မြေအသစ်တစ်ထဲကို အလည်ပတ်သွားနေရသလိုပါပဲ။

ပိုင်လီက ဒီပန်းပင်တချို့ကို တကယ်ပဲပြန်ယူသွားချင်မိတယ်။ သူ့အိမ်က ကောလေးတွေနဲ့ သူ့ညီမလေးက အရမ်းကြိုက်ကျမှာကို သိတာကြောင့်လေ။

ဒါပေမယ့်လည်း နောင်တွင် အချိန်အများကြီးရှိနေပြီး အခုယူသွားတာက မလိုလားအပ်တဲ့ပြဿနာတွေကို ဆွဲဆောင်မိနိုင်တာကြောင့် စိတ်ကိုမျိုသိပ်ခဲ့ကာ သမင်နှစ်ကောင်ထမ်းပြီးနောက် အိမ်သို့သာ ပြန်လာလိုက်ခဲ့တော့သည်။

နောက်ရက်တွေမှာတော့ သူ ကိုင်းကူးထားတဲ့သီးပင်တွေကို သူ့သစ်သီးခြံထဲ ဖြေးဖြေးချင်း ရွေ့စိုက်ရတော့မှာပါ။

ပိုင်လီ အိမ်ပြန်ရောက်ချိန်တွင် ခန့်မှန်းချက်အရ မနက်ခင်း ဆယ်နာရီလောက်သာ ရှိသေးမည်ဖြစ်ပြီး ချောင်မိသားစုက ပြန်ရန် မြင်းလှည်းအား အဆင်သင့် ပြင်ထားပြီဖြစ်သော်လည်း သူ့ကို စောင့်နေခဲ့ကျပေသည်။ ချောင်ရန်က အစတုန်းက ပိုင်လီတို့ကို လာနုတ်ဆက်အပြီးမှာ ပြန်တော့မလို့ပေမယ့် ပိုင်လီကတကယ်ကြီး သူ့စကားကြောင့် တောထဲ အမဲလိုက်ထွက်သွားမယ်လို့ မထင်ထားခဲ့ပါဘူး။ သွားတဲ့သူက သွားပြီဆိုမှတော့ သူကလည်း စောင့်နေလိုက်တော့ကာ ပိုင်လီက သမင်များကိုထမ်းပြီး ပြန်လာတာမြင်လိုက်ရချိန်တွင်တော့ သူ့မျက်နှာကြီးက ပြုံးဖြီးလာခဲ့တော့သည်။

ချောင်ရန်က ပျော်ရွှင်စွာဖြင့်...

"မင်းလို ညီနောင်ကောင်းလေးရထားတာ တကယ်ကောင်းတာပဲ ဒီအကိုကြီးက စကားအဖြစ်ပဲပြောလိုက်တာပေမယ့် တကယ် အမဲလိုက်ပေးချင်စိတ်ရှိတယ် စိတ်မပူနဲ့ မင်းရဲ့အကိုကြီးက ဒါကိုစိတ်ထဲမှာအမြဲတမ်းမှတ်ထားမယ် ဟဲဟဲ"

ဤသို့ဖြင့် ချောင်ရန်သည် ပိုင်လီအား သမင်အတွက်ငွေပေးချင်ခဲ့သော်လည်း ပိုင်လီကတော့ ဒါက စပျစ်သီးတွေ ကူခူးခြင်းနဲ့ စပျစ်သီးတွေ.ကူချေပေးချင်းအတွက် လုပ်အားခဟုဆိုခဲ့ကာ ငြင်းခဲ့လိုက်သည်။

ဒီအတွက် ဟုန်ရင်းက အလွန်အားနာပေမယ့် ပိုင်လီက လုံးဝအပြတ်ငြင်းခဲ့တဲ့အခါ သူမလည်း ဘာမှမတတ်နိုင်ခဲ့တော့ဘဲ ဒီအတွက်မှတ်ထားပြီး သူမတို့အခွင့်ရေးရချိန်၌ ပြန်ကောင်းပေးတော့ဖို့သာ မှတ်ထားလိုက်ရတော့၏။

.....................

(AN/ ပိုင်လီတို့က paid gpမှာ ပြီးသွားပါပြီ။ အာလုံးပေါင်း extra တွေအပါဝင် အပိုင်း (၂၀၀)ရှိပါတယ်။ paid စျေးနှုန်းလေးကတော့ 110ကနေ နောက်ပိုင်းကို 7000ပါရှင့်။

gpဝင်ချင်တဲ့သူတွေက fb မှာဆို "ဒီအမျိုးသမီးမှာ ဒေါသတွေမရှိတော့ပါ" ဆိုတဲ့အကောင့်ကိုလာနိုင်ပြီး tele မှာဆိုရင် username @PS12001100 ကိုလာရှာနိုင်ပါတယ်ရှင်။💖)

###

အပိုင္း (၁၁၀) မုဆိုးႀကီးအိမ္ကစားေသာက္ပြဲႏွင့္ ေခ်ာင္မိသားစုကို ႏုတ္ဆက္ျခင္း

ဒီေန႕ညအတြက္ ပိုင္လီျပင္ထားသည့္ ညစာမ်ားမွာ သူနဲ႕ အေသးေလးေတြလည္း အရမ္းႀကိဳက္ၿပီး ေခ်ာင္မိသားစုလည္း မစားဖူးေလာက္ေသးသည့္ ယုန္သားအစပ္ဟင္းႏွင့္ ေရွာင္ဟန္လို အစပ္မစားနိုင္သူမ်ားအတြက္မူ ယုန္သားအခ်ိဳခ်က္ ထပ္ရွိကာ ေနာက္ထပ္ အသားဟင္းေတြအေနႏွင့္ ရစ္ငွက္ႏွင့္အားလူးႏွပ္၊ င႐ုပ္ပြသီးႏွင့္ ဝက္သားသုံးထပ္သားေၾကာ္ႏွင့္ အသီး႐ြက္ဟင္းမ်ားအေနျဖင့္ ေတာခရမ္းသီးမ်ား၊ မွ်စ္(ဝါးႏု)မ်ား၊ ေဂၚဖီမ်ားႏွင့္ မုန္ညွင္းလို ဟင္း႐ြက္မ်ားကို အခ်ိဳ႕ကိုအေၾကာ္၍ တခ်ိဳ႕ကိုခ်က္ခဲ့ၿပီး အသီး႐ြက္ခ်ဥ္ဟင္းတစ္ခြက္လည္း ပါဝင္ေသးပါသည္။

လူတိုင္းက ညစာကို ေက်နပ္စြာစားခဲ့က်ရပါတယ္။

အထူးသျဖင့္ ေခ်ာင္မိသားစုမွာ ေရွာင္ဟန္က ဟင္းခ်က္လက္ရာ အရမ္းေကာင္းတယ္ဟု ျမင္သြားက်ၿပီး ဘာလို႔ဆို သူတို႔က ဒါေတြအကုန္လုံးကိုေရွာင္ဟန္ခ်က္ထားတယ္လို႔ပဲ ထင္ေနက်တာေၾကာင့္ပါပဲ။ သူတို႔က ညေနပိုင္းမွာ ပိုင္လီေပ်ာက္ေနမွန္း သတိထားမိက်ေပမယ့္ အဲလိုဆိုရင္ေတာင္ ပိုင္လီကေဘးက ကူညီ႐ုံပဲလို႔သာ သူတို႔က ေတြးမိက်တာျဖစ္သည္။

ညစာစားလို႔အၿပီးတြင္ ဟုန္ရင္းက ၿပဳံးလ်က္ႏွင့္...

"ေမာင္ေလးပိုင္က ကံေကာင္းလိုက္တာေနာ္ ဇနီးေလးက အခ်က္ျပဳတ္အရမ္းေတာ္တာပဲ ဒီေန႕ဟင္းေတြက အရမ္းစားလို႔ေကာင္းတယ္"

ေခ်ာင္ရန္သည္ ဒါကိုေထာက္ခံ၍...

"အမွန္ပဲ ငါအမ်ားႀကီးေတာင္စားမိသြားတယ္ ဟဟား ဒီလိုဆိုေတာ့လည္း ကူလုပ္ေပးခဲ့ရတာတန္သားပဲ"

ဒါကိုၾကားေတာ့ ေခ်ာင္းခ်င္းခ်င္းေလးကလည္း သူမေလးရဲ႕ ျပည့္တင္းေနတဲ့ဗိုက္ေလးကို ပြတ္သပ္လ်က္ေျပာလာခဲ့၏။

"ဟုတ္တယ္ ဦးဦးပိုင္အိမ္က ဟင္းေတြက စားလို႔အရမ္းေကာင္းတာပဲ"

ေခ်ာင္လုပိုင္သည္ သူ႕မိသားစုဝင္မ်ား၏ စကားမ်ားကိုၾကားၿပီးေနာက္ မ်က္လုံးလိမ့္လိုက္မိေလသည္။ ဟင္းေတြက တကယ္စားေကာင္းေပမယ့္ သူ႕မိသားစုဝင္ေတြက သိကၡာကို ထိန္းသိမ္းဖို႔ေတာင္မလုပ္ခဲ့က်ဘဲ ဒီလိုႀကီးေဖာ္ျပခဲ့က်ပါတယ္။ အရမ္းရွက္စရာေကာင္းတာပဲ။

ေခ်ာင္မိသားစုသည္ ဆိပ္ကမ္းၿမိဳ႕တြင္တည္ရွိၿပီး ေခ်ာင္ရန္မွာလည္း အစားအေသာက္ႀကိဳက္သူတစ္ေယာက္ျဖစ္သျဖင့္ အစားေသာက္ႏွင့္ပတ္သတ္လွ်င္ ဆိပ္ကမ္းၿမိဳ႕က အေကာင္းဆုံးဟင္းမ်ားကိုပင္ ျမည္းစမ္းဖူးခဲ့က်သည္။

ဒါေပမယ့္ ပိုင္လီရဲ႕အိမ္က ရိုးရွင္းတဲ့ဟင္းေတြက သူတို႔စားဖူးခဲ့တဲ့ဟင္းေတြထက္ တစ္မ်ိဳးထူးျခားၿပီး စားေကာင္းေနတယ္လို႔ ထင္ျမင္ခဲ့က်ပါတယ္။

ပိုင္လီကလည္း ဒါက ဘာေၾကာင့္လဲဆိုတာကို သိသည္ပင္။

ဘာေၾကာင့္လဲဆိုေတာ့ ဆိပ္ကမ္းၿမိဳ႕သည္ နန္ေခ်ာင္း႐ြာလို ဆင္းရဲႏြမ္းပါးမႈေၾကာင့္ ဆားကိုအနည္းငယ္သာသုံးကာ ေစ်းႀကီးလွေသာ ဆီကုန္မည္စိုးက်၍လည္း အမ်ားစုကို ျပဳတ္၍သာစားက်ေသာ လယ္သမား႐ြာေလးေတြႏွင့္ ယွဥ္ပါလွ်င္ စားစရာမ်ား၌ ပို၍ ေကာင္းမြန္က်ေပမယ့္ ပိုင္လီ၏ဟင္းမ်ားမွာ ပိုင္လီ ေတာထဲကေတြ႕လာသည့္ ဟင္းခက္အေမႊးႀကိဳင္ပင္မ်ားကို သုံးထားခဲ့တာျဖစ္သည္။ ဒါကကြာျခားမႈႀကီးႀကီးေတာ့ မဟုတ္ေပမယ့္ အနည္းငယ္ေတာ့သိသာပါတယ္။ အထူးသျဖင့္ အသားဟင္းေတြမွာဆိုရင္ ညွီတဲ့အနံ႕ေတြေပ်ာက္သြား၍ တျခားဟင္းေတြကလည္း ပိုေမႊးလာကာ အားလူးလိုဟင္းသီးဟင္း႐ြက္မ်ိဳးဆိုရင္ ဘယ္သူမွ စားစရာမွန္းမသိက်ေသးလို႔ မစိုက္ပ်ိဳးေသးက်ဘဴးေလ။

ဒါေၾကာင့္ ေခ်ာင္မိသားစုက သူ႕အိမ္ကဟင္းမ်ားကို ေကာင္းမြန္သည္ဟု ထင္ေနသည္မွာ မထူးဆန္းပါေခ်။

ေရွာင္ဟန္ကေတာ့ ဒီခ်ီးက်ဴးစကားေတြအတြက္ ရွက္႐ြံ႕ေနၿပီး ဒါက သူခ်က္ထားတာမဟုတ္လို႔ ျငင္းခ်င္ေနကာ သူက သူ႕ခင္ပြန္းကို ကူကယ္ရာမဲ့စြာၾကည့္လိုက္မိသည္။ အကယ္၍ ေရွာင္ဟန္က ဒီဟင္းေတြက သူ႕ခင္ပြန္းကသာ အမွန္တကယ္ ခ်က္ျပဳတ္သူပါဟု ေျပာလိုက္လွ်င္ အမ်ိဳးသမီးေတြနဲ႕ ေကာေတြသာလုပ္ရတဲ့ ခ်က္ျပဳတ္ျခင္းကိုလုပ္ခဲ့တဲ့အတြက္ ေခ်ာင္မိသားစုေရွ႕တြင္ သူ႕ခင္ပြန္းရဲ႕ သိကၡာထိခိုက္မည္ကိုလည္း စိုးရိမ္ရေသး၏။

ဒါေပမယ့္ သူက သူမလုပ္ထားတဲ့ အလုပ္တစ္ခုအတြက္ နာမည္ေကာင္းဝင္ယူရမွာကိုလည္း ရွက္႐ြံ႕တာေၾကာင့္ သူေျပာလိုက္လို႔ရမလားကို သူခင္ပြန္းကိုအၾကည့္ႏွင့္ ေမးလိုက္ေပမယ့္ ထိုလူသည္ သူ႕ကိုမသိမသာႏွင့္ ေခါင္းရမ္းျပလာခဲ့တာျဖစ္သည္။

ၿပီးေတာ့ သူ(ပိုင္လီ)ကေျပာလာပါေသးတယ္။

"ဒါေပါ့ ကြၽန္ေတာ့္ဇနီးေလးက အရမ္းေတာ္တာေလ"

ေရွာင္ဟန္: ......

သူ႕ခင္ပြန္းက လိမ္တဲ့ေနရာမွာ အရမ္းေတာ္ၿပီး မ်က္ႏွာတစ္ခ်က္ေတာင္ မပ်က္တတ္တာကို သူသိလိုက္ရပါၿပီ။

ပိုင္လီက ေရွာင္ဟန္၏ ျဖစ္သြားတဲ့ ေၾကာင္ေတာင္ေတာင္႐ုပ္ေလးကို သတိထားမိ၍ ၿပဳံးလိုက္မိေသာ္လည္း သူက တျခားသူမ်ားႏွင့္စကားေျပာမပ်က္ခဲ့ေပ။ သူတို႔ေတြ ခဏေလာက္စကားေျပာခဲ့က်ၿပီး ေနာက္မွာေတာ့ ပိုင္မိသားစုနဲ႕ေခ်ာင္မိသားစုက ပိုင္အိမ္ကိုျပန္သြားခဲ့က်ပါတယ္။

ဒါေၾကာင့္ ပိုင္လီတို႔မိသားစုလည္း အိပ္ရာဝင္လိုက္က်ေတာ့ၿပီး ေန႕တစ္ေန႕ကို အဆုံးသတ္ခဲ့က်လိဳက္ကာ ေနာက္တစ္ေန႕မွာေတာ့ ပိုင္လီက နိုးတာႏွင့္ေရွာင္ဟန္ကို သူနဲ႕မနက္စာအတူစားဖို႔ အေဖာ္ျပဳခိုင္းခဲ့ၿပီးေနာက္ အေသးေလးေတြမထခင္မွာပင္ ေတာထဲထြက္လာခဲ့လိုက္ေတာ့သည္။

ဒီေန႕ ေခ်ာင္မိသားစုက ျပန္က်ေတာ့မွာျဖစ္လို႔ သူ႕အေနနဲ႕ မနက္ခင္းမွာတင္ ေတာေကာင္သားရွာေပးဖို႔လိုတယ္ေလ။ တကယ္ေတာ့ ေခ်ာင္ရန္က ဒီေန႕ျပန္မွာျဖစ္ၿပီး အကယ္၍ ပိုင္လီက ေတာေကာင္မရခဲ့ရင္လည္း အျပစ္တင္မွာမဟုတ္ပါဘူး။ သူ(ေခ်ာင္ရန္)ရဲ႕ စကားမ်ားသည္ ဒီတိုင္းစေနာက္ခဲ့႐ုံသာျဖစ္သည္။

ဒါေပမယ့္ ပိုင္လီကေတာ့ သူ႕မိတ္ေဆြႀကီးကဘယ္ေလာက္ေတာင္ အသားခ်စ္တတ္သလဲဆိုတာကို သိတာေၾကာင့္ သူတို႔မျပန္ခင္မွာ ရေအာင္အမဲလိုက္ေပးဖို႔ ဆုံးျဖတ္ဆုံးခဲ့လိုက္တာပင္။ အမဲလိုက္တာက သူ႕အတြက္ ခက္ခဲေနတာမွမဟုတ္တာပဲေလ။

ပိုင္လီက ေတာင္ေျခအနက္ထဲ ဝင္လာၿပီးေနာက္ ဒရယ္ႏွင့္သမင္မ်ား က်က္စားသည့္ေနရာနားသို႔ မသြားေသးခင္ လမ္း၌ သူကိုင္းကူးဖို႔လုပ္ထားသည့္ အပင္မ်ားကို အရင္ဝင္ၾကည့္ခဲ့ေသးၿပီး ထိုအပင္မ်ားသည္ သူ၏သစ္သီးၿခံအတြင္း စိုက္ပ်ိဳးရန္ေ႐ြးခ်ယ္ထားေသာ အပင္မ်ားပင္ျဖစ္သည္။ သူကဒီအပင္ေတြကို အျမစ္ကေနႏုတ္ၿပီး သယ္သြားလို႔ရေပမယ့္ အဲတာက ၾကာရင္မေကာင္းေတာ့ဘူးမလား။ သူက ေျမကြက္တစ္ေထာင္ေက်ာ္အတြက္ အပင္ေတြလိုအပ္တာျဖစ္ၿပီး မ်ိဳးစိတ္ေကာင္းၿပီး အ႐ြယ္ေရာက္ေနသည့္အပင္မ်ားအား ႏုတ္သယ္သြားခဲ့လွ်င္ ေတာင္အတြက္ သိပ္မေကာင္းနိုင္ေတာ့ဘဲ ႐ြာသားေတြသာသိသြားရင္လည္း အတင္းဖ်င္းေတြထြက္လာဦးမွာေၾကာင့္ သူ႕မူရင္းဘဝက အပင္မ်ားႏွင့္ပတ္သတ္၍ သူၾကားဖူးခဲ့တဲ့ စကားလုံးျဖစ္သည့္ ကိုင္းကူးဆိုသည့္ ဟာကိုလုပ္ၾကည့္ဖို႔ ဆုံးျဖတ္ခဲ့ျခင္းသည္။

သူကအရင္ဆုံး သူသေဘာက်တဲ့ အပင္ကိုေတြ႕ရင္ အဲဒီအပင္က အေတာ္သင့္ရွိတဲ့ ကိုင္းတခ်ိဳ႕ကိုေ႐ြးလိုက္ၿပီး အသားကိုဓားနဲ႕အနည္းလႊာ၍ အပင္ေျခကေျမအနည္းငယ္ကို ထိုေနရာ၌အုံကာ အုပ္စည္းထားခဲ့လိုက္၏။ ေကာင္းၿပီ သူကအပင္ေတြနဲ႕ပတ္သတ္ၿပီး သိပ္မသိဘူးဆိုတာ ဝန္ခံပါတယ္။ သူ႕ရဲ႕ဒီနည္းကအလုပ္မျဖစ္ရင္ေတာ့ အပင္လိုက္ပဲ ႏုတ္သြားရေတာ့မွာပဲ။

ၿပီးခဲ့သည့္ရက္မ်ားတြင္ သူက ေတာထဲသို႔ပုံမွန္သြားျဖစ္ခဲ့ေသာ္လည္း သစ္မာသားရွာတာႏွင့္ ေတာေကာင္ငယ္မ်ားမွလြဲ၍ မရလာခဲ့သည္မွာ ဤကိစၥအတြက္ အခ်ိန္ေပးေနခဲ့လို႔ပင္ျဖစ္ၿပီး ဒီေန႕ေတာ့ ရလဒ္ကို အနည္းငယ္ စစ္ေဆးၾကည့္သင့္ပါၿပီ။

ဒရယ္မ်ား က်က္စားရာေနရာသို႔ သြားသည့္လမ္းမွ ဦးဆုံးေတြ႕ရသည့္အပင္မွာ မက္မြန္သီးပင္ႀကီးတခ်ိဳ႕ပင္။ ဒီနန္ေတာင္မွာ မက္မြန္သီးပင္ေတြ အမ်ားႀကီးရွိပါတယ္။ ေတာက္ေျခမွာေတာင္ အမ်ားႀကီးရွိၿပီး ဒါေပမယ့္ ခ်ိဳၿပီး ႀကီးမားကာ အေရာင္ကလည္း အကုန္နီးပါးနီရဲေနေသာ အသီးပင္မ်ိဳးကေတာ့ သိပ္မေတြ႕ရတတ္ဘဲ အခု ပိုင္လီရွိေနတဲ့နားတစ္ဝိုက္မွာ ႏွစ္ပင္ရွိၿပီး တျခားေနရာမ်ားမွာလည္း တခ်ိဳ႕တေလသာ ေတြ႕ဖူးတာေၾကာင့္ ပိုင္လီက ဒီအပင္မ်ားကိုယူသြားရန္ ဆုံးျဖတ္ခဲ့တာပင္။

ပိုင္လီက ဒီမက္မြန္သီးပင္ေတြရဲ႕ အသီးသီးခ်ိန္ကို မသိသလို အခုေတာ့ အပင္မွာ အသီးေတြမရွိေတာ့ပါဘူး။ သူက ဒီအပင္ေတြက အသီးေတြအေၾကာင္းသိေနရသည္မွာ သူဒီအပင္ေတြနား စေရာက္ခါစက  ေနာက္ဆုံးက်န္သည့္ မက္မြန္သီးတစ္သုတ္အား ေမ်ာက္အုပ္စုတစ္ခုက ခူးသြားတာကိုေတြ႕လိုက္ရျခင္းေၾကာင့္ပါပင္။ သူေရာက္လာတာေၾကာင့္ ေမ်ာက္ေတြက ထြက္ေျပးသြားၿပီး တစ္လုံးက်ေနခဲ့တာကို သူျမည္းၾကည့္ထားခဲ့တာပါ။

ဒါ့ေၾကာင့္ ဒီအပင္ေတြကို ကိုင္းကူးယူဖို႔ လုပ္ထားခဲ့တာျဖစ္ၿပီး အကယ္၍ ကိုင္းကူးတာမေအာင္ျမင္ရင္ေတာ့ ဘယ္တတ္နိုင္မလဲ။ သူေျပာခဲ့သလိုပဲ အပင္လိုက္ႏုတ္သြားရေတာ့မည္ျဖစ္ကာ ဒီေနရာမွာဆိုရင္ ႏွစ္ပင္ရွိေနတာေၾကာင့္ တစ္ပင္ကို ယူသြားရေတာ့မွာပင္။

သူကအရင္ဆုံး အပင္ကိုင္းမွာ ေျမအုံထားတဲ့ေနရာကို သြားစစ္ၾကည့္ခဲ့ပါတယ္။ သူက ေျမမ်ားကို  အိမ္မွာမဝတ္ျဖစ္ေတာ့တဲ့ အဝတ္စုတ္မ်ားကို ျဖတ္ပိုင္း၍ စည္းထားခဲ့တာျဖစ္ၿပီး သူေ႐ြးထားတဲ့ကိုင္းေတြက ႀကီးမားတာေၾကာင့္ ေျမထုတ္ႀကီးကလည္းအႀကီးႀကီးပါပဲ။

အမွန္တိုင္းဝန္ခံရရင္ ပိုင္လီက သူ႕ရဲ႕ဒီလိုစမ္းတဝါးဝါးစမ္းသပ္မႈက ေအာင္ျမင္လိမ့္မည္ဟု လုံးဝကို မေမွ်ာ္လင့္ထားတာပင္။ သူကအကယ္၍မ်ား ဆိုၿပီးသာ စမ္းၾကည့္ခဲ့တာပါ။

ထို႔ေၾကာင့္ သူကေျမထုတ္ကို အနည္းငယ္ေျဖၾကည့္လိုက္ေသာ္လည္း စိတ္လႈပ္ရွားျခင္းမရွိခဲ့ဘဲ အဝတ္စမ်ားေအာက္က ေျမႀကီးထဲမွ အျမစ္မ်ားကို ေတြ႕လိုက္ရခ်ိန္တြင္မူ သူ႕အတြက္ စကားတစ္ခြန္းသာ ရွိခဲ့ေတာ့သည္။

လာေနာက္ေနတာလား!!

တကယ္ႀကီး သူေျမအုံထားေသာေနရာသည္ အျမစ္မ်ားစြာထြက္ေနခဲ့ေပသည္။

ဆိုေတာ့ သူေအာင္ျမင္သြားတာေပါ့ေလ။

ပိုင္လီသည္ ဤေနရာ၏အလုပ္လုပ္ပုံမ်ားႏွင့္ လည္ပတ္ပုံမ်ားက တစ္ခါတေလ၌ ထူးဆန္းသည္ဟုတကယ္ႀကီးထင္ျမင္မိေသာ္လည္း ဒါသည္ သူ႕အတြက္ ေကာင္းတာေတြခ်ည္းျဖစ္၍ သူကေတာ့ ညည္းၫူေနမည္မဟုတ္ပါေခ်။

ဒီအပင္မွာ သူ႕ရဲ႕ကိုင္းကူးျခင္းက ေအာင္ျမင္တယ္ဆိုေတာ့ တျခားအပင္ေတြကလည္း အတူတူပဲျဖစ္ေလာက္မွာမလို႔ ပိုင္လီက လိုက္စစ္မၾကည့္ေတာ့ပါဘူး။ သူကေျမထုပ္ကို ျပန္စည္းခဲ့လိုက္ၿပီး ဒရယ္မ်ား၏ေနရာသို႔ ဆက္သြားခဲ့ကာ ဤတစ္ႀကိမ္တြင္ေတာ့ သမင္ႏွစ္ေကာင္ကို အမဲလိုက္ခဲ့၍ တစ္ဆက္တည္း၌ စံပါယ္ပင္မ်ား၏ေနရာသို႔ပါ သြားၾကည့္ခဲ့လိုက္သည္။

အဲဒီမွာ အရင္က အဖူးေတြအကုန္လုံးနီးပါးက ပြင့္ေနက်ၿပီး သူ႕ရဲ႕အရပ္ထက္ေက်ာ္တဲ့ ေရာင္စုံစံပါယ္ၿခဳံႀကီးေတြနား ျဖတ္သြားရတာက စိတ္ကူးယဥ္ဆန္တဲ့ နယ္ေျမအသစ္တစ္ထဲကို အလည္ပတ္သြားေနရသလိုပါပဲ။

ပိုင္လီက ဒီပန္းပင္တခ်ိဳ႕ကို တကယ္ပဲျပန္ယူသြားခ်င္မိတယ္။ သူ႕အိမ္က ေကာေလးေတြနဲ႕ သူ႕ညီမေလးက အရမ္းႀကိဳက္က်မွာကို သိတာေၾကာင့္ေလ။

ဒါေပမယ့္လည္း ေနာင္တြင္ အခ်ိန္အမ်ားႀကီးရွိေနၿပီး အခုယူသြားတာက မလိုလားအပ္တဲ့ျပႆနာေတြကို ဆြဲေဆာင္မိနိုင္တာေၾကာင့္ စိတ္ကိုမ်ိဳသိပ္ခဲ့ကာ သမင္ႏွစ္ေကာင္ထမ္းၿပီးေနာက္ အိမ္သို႔သာ ျပန္လာလိုက္ခဲ့ေတာ့သည္။

ေနာက္ရက္ေတြမွာေတာ့ သူ ကိုင္းကူးထားတဲ့သီးပင္ေတြကို သူ႕သစ္သီးၿခံထဲ ေျဖးေျဖးခ်င္း ေ႐ြ႕စိုက္ရေတာ့မွာပါ။

ပိုင္လီ အိမ္ျပန္ေရာက္ခ်ိန္တြင္ ခန့္မွန္းခ်က္အရ မနက္ခင္း ဆယ္နာရီေလာက္သာ ရွိေသးမည္ျဖစ္ၿပီး ေခ်ာင္မိသားစုက ျပန္ရန္ ျမင္းလွည္းအား အဆင္သင့္ ျပင္ထားၿပီျဖစ္ေသာ္လည္း သူ႕ကို ေစာင့္ေနခဲ့က်ေပသည္။ ေခ်ာင္ရန္က အစတုန္းက ပိုင္လီတို႔ကို လာႏုတ္ဆက္အၿပီးမွာ ျပန္ေတာ့မလို႔ေပမယ့္ ပိုင္လီကတကယ္ႀကီး သူ႕စကားေၾကာင့္ ေတာထဲ အမဲလိုက္ထြက္သြားမယ္လို႔ မထင္ထားခဲ့ပါဘူး။ သြားတဲ့သူက သြားၿပီဆိုမွေတာ့ သူကလည္း ေစာင့္ေနလိုက္ေတာ့ကာ ပိုင္လီက သမင္မ်ားကိုထမ္းၿပီး ျပန္လာတာျမင္လိုက္ရခ်ိန္တြင္ေတာ့ သူ႕မ်က္ႏွာႀကီးက ၿပဳံးၿဖီးလာခဲ့ေတာ့သည္။

ေခ်ာင္ရန္က ေပ်ာ္႐ႊင္စြာျဖင့္...

"မင္းလို ညီေနာင္ေကာင္းေလးရထားတာ တကယ္ေကာင္းတာပဲ ဒီအကိုႀကီးက စကားအျဖစ္ပဲေျပာလိုက္တာေပမယ့္ တကယ္ အမဲလိုက္ေပးခ်င္စိတ္ရွိတယ္ စိတ္မပူနဲ႕ မင္းရဲ႕အကိုႀကီးက ဒါကိုစိတ္ထဲမွာအၿမဲတမ္းမွတ္ထားမယ္ ဟဲဟဲ"

ဤသို႔ျဖင့္ ေခ်ာင္ရန္သည္ ပိုင္လီအား သမင္အတြက္ေငြေပးခ်င္ခဲ့ေသာ္လည္း ပိုင္လီကေတာ့ ဒါက စပ်စ္သီးေတြ ကူခူးျခင္းနဲ႕ စပ်စ္သီးေတြ.ကူေခ်ေပးခ်င္းအတြက္ လုပ္အားခဟုဆိုခဲ့ကာ ျငင္းခဲ့လိုက္သည္။

ဒီအတြက္ ဟုန္ရင္းက အလြန္အားနာေပမယ့္ ပိုင္လီက လုံးဝအျပတ္ျငင္းခဲ့တဲ့အခါ သူမလည္း ဘာမွမတတ္နိုင္ခဲ့ေတာ့ဘဲ ဒီအတြက္မွတ္ထားၿပီး သူမတို႔အခြင့္ေရးရခ်ိန္၌ ျပန္ေကာင္းေပးေတာ့ဖို႔သာ မွတ္ထားလိုက္ရေတာ့၏။

.....................

(AN/ ပိုင္လီတို႔က paid gpမွာ ၿပီးသြားပါၿပီ။ အာလုံးေပါင္း extra ေတြအပါဝင္ အပိုင္း (၂၀၀)ရွိပါတယ္။ paid ေစ်းႏႈန္းေလးကေတာ့ 110ကေန ေနာက္ပိုင္းကို 7000ပါရွင့္။

gpဝင္ခ်င္တဲ့သူေတြက fb မွာဆို "ဒီအမ်ိဳးသမီးမွာ ေဒါသေတြမရွိေတာ့ပါ" ဆိုတဲ့အေကာင့္ကိုလာနိုင္ၿပီး tele မွာဆိုရင္ username @PS12001100 ကိုလာရွာနိုင္ပါတယ္ရွင္။)

Continue Reading

You'll Also Like

193K 17.9K 22
ခ်စ္စရာ BL ဇာတ္လမ္းတိုေလး ႀကိဳက္ရင္ေတာ့ဒါေလးဖတ္ၾကည့္လိုက္ပါ။ ချစ်စရာ BL ဇာတ်လမ်းတိုလေး ကြိုက်ရင်တော့ဒါလေးဖတ်ကြည့်လိုက်ပါ။
1.5M 190K 156
အမျိုးသားကိုယ်ဝန်ဆောင် "ကော"များပါဝင်သည်။ အမ်ိဳးသားကိုယ္ဝန္ေဆာင္ "ေကာ"မ်ားပါဝင္သည္။
222K 3K 4
ကောင်းကင်ဘုံရဲ့ထိပ်သီးမဟေသီတစ်ပါးဖြစ်ဖို့ကလွယ်ကူမယ်ထင်နေသလား ? အဓိကဇာတ်ဆောင် - အဓိပတိရာဇ + ရူစန္ဒာအဏီရာ MAHARVERSE SEASON 2|| Start Date - June 26 20...
3.8K 571 10
ဝင်ဖတ်လို့လည်းရတယ် လစ်လျူရှုလို့လည်းရတယ်...တစ်ခါတလေ စိတ်ကျဥ်းကျပ်သည့်အခါမှာ... ငါ စာတိုတွေ ရေးတတ်လာတယ်... စိတ်ခံစားချက်တွေ တိုက်မိသွားရင် ငါ့စာတိုတွေ...