အသက်ရှင်နိုင်ဖို့အရေး အနမ်းတွ...

Melinoe_Megami

272K 49.1K 3.3K

I rely on kisses to clear survival games. 90 Chapters + 9 Extras This is not my own. Totally Credited to orig... Еще

Description
1
2
3 - Midnight Mansion (1)
4 - Midnight Mansion (2)
5 - Midnight Mansion (3)
6 - Midnight Mansion (4)
7 - Midnight Mansion (5)
8 - Midnight Mansion (6)
9 - Midnight mansion (7)
10 - Midnight Mansion (8)
11 - Midnight Mansion (9)
12 - Midnight Mansion (10)
13 - Midnight Mansion (End)
14
15
16
17 - Abandoned hospital (1)
18 - Abandoned Hospital (2)
19 - Abandoned Hospital (3)
20 - Abandoned Hospital (4)
21.1 -Abandoned Hospital (5)
21.2 - Abandoned Hospital (5)
22 - Abandoned Hospital (6)
23 - Abandoned Hospital (7)
24 - Abandoned Hospital (8)
25 - Abandoned Hospital (9)
26 - Abandoned Hospital (10)
27 - Abandoned Hodpital (11)
28 - Abandoned Hospital (12)
29 - Abandoned Hospital (13)
30 - Abandoned Hospital (14)
31.05 - Special Episode
31 - Abandoned Hospital (15)
33
34
35
36 - Horror Variety (1)
37 - Horror Variety (2)
38 - Horror Variety (3)
39 - Horror Variety (4)
40 - Horror Variety (5)
41 - Horror Variety (6)
42 - Horror Variety (7)
43 - Horror Variety (8)
44 - Horror Variety (9)
45 - Horror Variety (End)
46
47 - Ghost School (1)
48 - Ghost School (2)
49 - Ghost School (3)
50 - Ghost School (4)
51 - Ghost School (5)
52 - Ghost School (6)
53 - Ghost School (7)
54 - Ghost School (8)
55 - Ghost School (9)
56 - Ghost School (10)
57 - Ghost School (11)
58 - Ghost School (12)
59 - Ghost School (13)
60 - Ghost School (14)
61 - Ghost School (15)
62 - Ghost School (16)
63 - Ghost School (17)
64 - Ghost School (End)
65 - Ghost's Bride (1)
66 - Ghost's Bride (2)
67 - Ghost's Bride (3)
68 -Ghost's Bride (4)
69 -Ghost's Bride (5)
70 - Ghost's Bride (6)
71 - Ghost's Bride (7)
72 - Ghost's Bride (8)
73 - Ghost's Bride (9)
74 - Ghost's Bride (10)
75 - Ghost's Bride (11)
76 - Ghost's Bride (12)
77 - Ghost's Bride (End)
Arts
78
79
80
81
82 - Out of Control Photobook (1)
83 - Out of Control Photobook (2)
84 - Out of Control Photobook (3)
85 - Out of Control Photobook (4)
86 - Out of Control Photobook (5)
87 - Out of Control Photobook (6)
88 - Out of Control Photobook (End)
89 - Finale (1)
90 - Finale
91 - Extra : Bloody Fairy Tale (1)
92 - Extra : Bloody Fairy Tale (2)
93 - Extra : Bloody Fairy Tale (3)
94 - Extra : Bloody Fairy Tale (4)
95 - Extra : Bloody Fairy Tale (5)
96 - Extra : Bloody Fairy Tale (End)
97 - Extra
98 - Extra
99 - Extra End

32 - Abandoned Hospital (End)

2.9K 506 12
Melinoe_Megami

Unicode

အခန်း - ၃၂ : စွန့်ပစ်ဆေးရုံ (End)

မုန့်ခယ်နှင့် ဝက်ဝံရုပ်လေးသည် ကိုးလွှာအထပ်ကျယ်ကြီးထဲ ပြေးလွှားနေ၏။ လမ်းတစ်လျှောက် အစောပိုင်းက သူနာပြုများနှင့်လည်း ထပ်ဆုံခဲ့သေးသည်။ သူတို့က သူနာပြုခေါင်းဆောင်ကို သတ်ဖြတ်ပြီးနောက် ပုံရိပ်ယောင်ထဲတွင် ယောင်လည်လည်ဖြင့် လျှောက်သွားနေကြလေသည်။ မုန့်ခယ်မှာ သူတို့မမြင်အောင် ဂရုစိုက်ပြီး ရှောင်ရှားနေရသည်။

အချိန်မည်မျှကြာသွားသည်မသိ၊ အက်ကွဲနေသော လေဟာပြင်တစ်ခုကို ရုတ်တရက် မြင်လိုက်ရသည်။ မှန်တစ်ချပ် ကျကွဲသွားသကဲ့သို့ ပုံရိပ်ယောင်နယ်မြေ၏ အပိုင်းအစများသည် ကြမ်းပြင်ပေါ်တွင် တစ်စစီပြန့်ကျဲနေပြီး တွင်းနက်ကြီးတစ်ခု ဖြစ်တည်နေသည်။

“အဲတာ ထွက်ပေါက်ပဲ..” ဝက်ဝံရုပ်လေးက ပြောသည်။

ထွက်ပေါက်ကိုကြည့်ပြီး မုန့်ခယ်၏စိတ်ထဲတွင် အစောပိုင်းက ကြားလိုက်ရသည့် ပေါက်ကွဲသံနှင့် ကြမ်းပြင်တုန်ခါသွားတာကို ပြန်သတိရသွားသည်။ ဧကန္တ ကိုးလွှာကို ဖောက်ခွဲပစ်လိုက်သည့် အသံဖြစ်နိုင်ပြီး ပိုင်ရိလုပ်သွားတာ ဖြစ်နိုင်သည်။

ပိုင်ရိ မည်သို့လုပ်သွားသနည်း။ သူမ စဉ်းစားကြည့်သော်လည်း အဖြေရှာမရပေ။

ဒီလူက မရိုးရှင်းဘူးပဲ..!

အစောပိုင်းက ထိုယောက်ျားထံမှရလိုက်သော ခံစားချက်သည် တကယ့်ကို ကြောက်စရာကောင်း၏။ ထိုတစ်ခဏ ရှဲ့ယွမ်ဟွိုင်နှင့် ပြန်တွေ့သလိုပင် ခံစားလိုက်ရသည်။

မုန့်ခယ်လည်း ပုံရိပ်ယောင်ကိုးလွှာနယ်မြေမှ သတိထားပြီး ပြန်ထွက်လာလိုက်သည်။ ကမ္ဘာနှစ်ခုခြားသွားသည့်နှယ် ကိုးလွှာတွင် ထိန်လင်းတောက်ပနေသော်ငြား အပြင်ဘက်မှာတော့ ပိန်းပိန်းမှောင်နေသည်။

ဓာတ်မီးဖွင့်ကာ ပတ်ဝန်းကျင်ကို စူးစမ်းလိုက်သည်။ ထိုအခါ သူမက လှေကားရှေ့တွင် မတ်တပ်ရပ်နေပြီး သူမ၏နောက်တွင် အစောပိုင်းက ဖြတ်သန်းလာသည့် မြေအောက်လမ်းရှိနေကြောင်း သတိပြုမိလိုက်သည်။ ဤကား ကိုးလွှာသို့ မရောက်သွားခင် သူမနှင့် ချန်ကျစ်ချူး မြင်လိုက်ရသော နေရာဖြစ်သည်။

“သွေးနံ့ရတယ်..”

ဝက်ဝံရုပ်လေးက ဘေးပတ်ဝန်းကျင်ကို အနံ့ခံလိုက်ရင်း.. : “သွေးနံ့က လတ်ဆတ်တယ်.. သေပြီးသားလူရဲ့သွေး မဟုတ်ဘူး.. သက်ရှိလူသားတစ်ယောက်ယောက်ရဲ့ သွေးအနံ့ပဲ..”

ရှင်းရှင်းနဲ့ ရှောင်ရှောင်ဖြစ်မယ်..!

မုန့်ခယ်သည် ခြေလက်များပင် ထုံကျင်လာသည်အထိ စိတ်ပူသွားရ၏။ ကျီယွင်ရှောင် သို့မဟုတ် မုန့်ရှင်း တစ်ခုခုဖြစ်သွားမှာကို တွေးကြောက်လာသည်။

“အဲ့သွေးနံ့ ဘယ်ကလာတာလဲ ရှာကြည့်ပေးလို့ရလား.. အဲ့နေရာကို ခေါ်သွားပေးပါလား..?”

ဝက်ဝံရုပ်လေးသည် သူမ၏ခေါင်းပေါ်မှ ခုန်ဆင်းပြီး အမြီးလေးဝှေ့ယမ်းကာ လမ်းပြပေးသည်။ မုန့်ခယ်က စိုးရိမ်တကြီးဖြင့် အနောက်က လိုက်သွားလေသည်။

တတိယထပ်သို့ ရောက်ခါနီးတွင် ဆူညံ့သံတချို့ စတင်ကြားရသည်။ ထို့နောက်တွင်မူ မိန်းကလေးတစ်ယောက်၏ ကြောက်လန့်တကြား အော်ဟစ်သံနှင့်အတူ သေနတ်သံများ ကြားလိုက်ရပြီး လူသူကင်းမဲ့သည့် ဆေးရုံကြီးထဲ ပဲ့တင်ထပ်နေတော့သည်။

ရှင်းရှင်းရဲ့အသံပဲ..!

မုန့်ခယ်၏ မျက်နှာအမူအရာက ချက်ချင်း ပြောင်းလဲသွား၏။ သူမ၏လက်နက်ကို ထုတ်ပြီး အမြန်ပြေးသွားလိုက်သည်။ ထောင့်ချိုးတစ်နေရာအရောက် မုန့်ရှင်းနှင့် ကျီယွင်ရှောင်ကို မြင်လိုက်ရပြီး သူတို့၏ ဘေးပတ်ပတ်လည်တွင် အလောင်းများ ပြန့်ကျဲနေသည်။

မုန့်ရှင်း၏လက်မောင်းတွင် သွေးများ ရွှဲစိုနေပြီး တော်တော်လေး ထိခိုက်ထားပုံရ၏။ သွေးဖြည့်ဆေးရည် သောက်ထားသော်ငြား သွေးထွက်နေသေးသဖြင့် သူမ၏မျက်နှာက ဖြူရော်နေသည်။

ကျီယွင်ရှောင်က သူမ၏အရှေ့တွင် ကာရပ်နေပြီး သူ၏ဒူးလေးဖြင့် ဇွန်ဘီခေါင်းကို ချိန်ရွယ်ကာ တစ်ချက်တည်း ရှင်းပစ်လိုက်သည်။ ပစ်ချက်က အလွန်တိကျသော်လည်း သူတို့၏ဘေးပတ်ပတ်လည်တွင် ဇွန်ဘီအများကြီး ရှိနေသေးသည်။ အကောင်ရေအတော်များများ ရှင်းပစ်ပြီးသော်လည်း ဇွန်ဘီအသစ်များက သူတို့ရှိရာသို့ တရစပ် ပြေးဝင်နေသည်။

“မ… မမ..?”

ထိုစဉ် မုန့်ရှင်းက တစ်စုံတစ်ရာကို သတိထားမိသွားဟန်ဖြင့် မော့ကြည့်လာသည်။ အစ်မဖြစ်သူကို မြင်လိုက်ရသည့်အခိုက် သူမ၏ မျက်နှာပေါ်တွင် အံ့ဩရိပ်နှင့် စိတ်သက်သာရာရခြင်းများ ဖြတ်ပြေးသွား၏။ ထို့နောက် ငိုကြွေးရင်း ပြုံးကာ ပြောလာသည်။ : “နင် အသက်ရှင်နေသေးတယ်.. ငါသိသားပဲ.. နင် အသက်ရှင်နေသေးတယ်ဆိုတာ… ဝူး…”

သူတို့အသက်ရှင်နေသေးတာကို မြင်လိုက်ရတော့ မုန့်ခယ်လည်း စိတ်သက်သာရာရသွားသည်။ သို့သော် သူတို့၏အခြေအနေက အတော်လေး ဆိုးရွားနေတာကြောင့် အချိန်ဖြုန်းမနေဘဲ လက်နက်ကိုကိုင်ကာ ဇွန်ဘီအုပ်ကြီးထဲ ပြေးဝင်သွားလိုက်သည်။

သို့သော် ထိုအခိုက်အတန့် ဝက်ဝံရုပ်လေးက တစ်ချက်ဟိန်းဟောက်လိုက်သည်။ ဇွန်ဘီများသည် ထိုအသံကိုကြားသည်နှင့် ချက်ချင်း နောက်လှည့်ကြည့်လာ၏။ နတ်ဆိုးပိစိလေးကို မြင်လိုက်ရသည့်အခိုက် ကြောက်လန့်တကြား အော်ဟစ်ကြတော့သည်။ ထို့နောက် သက်ရှိလူသားများကို ဂရုစိုက်မနေတော့ဘဲ အလျှိုလျှို ထွက်ပြေးသွားကြသည်။

“အ..ဝူး…!”

ဝက်ဝံရုပ်လေးက ဇွန်ဘီတစ်ကောင်ကို တက်တက်ကြွကြွ လိုက်ဖမ်းလေသည်။ သူတစ်ချက်ကန်လိုက်ရုံဖြင့် ဇွန်ဘီ၏ဦးခေါင်းက မွစာကျဲသွားပြီး အသားပုပ်တချို့ ကပ်ငြိနေဆဲဖြစ်သော နံရိုးတစ်ချောင်းကိုလည်း လက်ဖြင့် ဆွဲထုတ်ပစ်လိုက်သည်။

သို့သော် သူ့ပါးစပ်ထဲ မထည့်ရသေးခင်မှာပင် အရိုးက ရုတ်တရက် အမှုန့်ဖြစ်သွားပြီး လေထဲ၌ ပြန့်ကျဲသွား၏။ ဝက်ဝံရုပ်လေးမှာ ခေါင်းလေးစောင်းပြီး သူ၏လက်ဖဝါးပြင်ကို နားမလည်နိုင်စွာ ငေးကြည့်နေမိသည်။ ပြီးနောက် ခေါင်းပြန်မော့၍ တခြားဇွန်ဘီများကို လှမ်းကြည့်လိုက်သောအခာ အကုန်လုံး အစအနပင်မကျန်အောင် ပျောက်ကွယ်သွားတာကို မြင်လိုက်ရသည်။

[ Boss ကို သတ်နိုင်တဲ့အတွက် ဂုဏ်ယူပါတယ်။ အဓိကတာဝန်အားလုံး ပြီးမြောက်သွားပြီဖြစ်၍ ‘စွန့်ပစ်ဆေးရုံ’ Instance ကို ရှင်းလင်းပြီးပါပြီ။ ]

[ Clearance Rewards : Exp Points x 2000, Survival Points x 1500 ]

[ ဆေးရုံထဲမှ ထွက်ခွာခြင်းဖြင့် ဤ Instance မှ ပြန်ထွက်နိုင်ပါပြီ။ ]

ကျီယွင်ရှောင်နှင့် ကျန်လူများလည်း သူတို့၏ System အသီးသီးမှ Instance ရှင်းလင်းပြီးကြောင်း အသိပေးထုတ်ပြန်သံကို ကြားလိုက်ရသည်။

ဒဏ်ရာရထားသည့် မုန့်ရှင်းက မယုံကြည်နိုင်ဟန်ဖြင့် မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်လုပ်ကာ.. : “ပြီး… ပြီးသွားပြီလား..?”

မုန့်ခယ်၏စိတ်ထဲ တစ်ခုခုလုပ်နိုင်လိုက်သလို လုံးဝမခံစားရပေ။ သူမအနေဖြင့် Final Boss က ရှဲ့ယွမ်ဟွိုင်ဖြစ်နိုင်ကြောင်း ခန့်မှန်းနိုင်ရုံသာရှိသေးပြီး အင်္ကျီစလေးပင် မထိနိုင်ခဲ့ချေ။ သို့ဖြစ်ရာ အဘယ်သို့ ရှင်းလင်းနိုင်ခဲ့သနည်း။

“မဟုတ်မှလွဲရော ပိုင်ရိများလား..?” မုန့်ခယ်မှာ ကြောင်အမ်းနေပြီးမှ သတိပြန်ကပ်သွားပြီး ရွှင်မြူးတက်ကြွလာသည်။

ပိုင်ရိက အဓိကတာဝန်ကို ရှင်းလိုက်နိုင်တာပဲ။ ရှဲ့ယွမ်ဟွိုင်ကိုသတ်ပြီး ချန်ကျစ်ချူးကိုလည်း ကယ်တင်နိုင်ခဲ့တယ်..! ဒါမှမဟုတ် ချန်ကျစ်ချူးလည်း ဖြစ်နိုင်တယ်။ သူ့ရဲ့ငွေဒင်္ဂါးက တအားထူးဆန်းတာဆိုတော့ သူလည်း Boss ကို သတ်နိုင်လောက်တယ်..!

ဘယ်သူသတ်သတ်၊ Instance ပြီးသွားပြီဆိုတော့ သူတို့ အသက်ရှင်နိုင်ပြီ။ ဒီနေရာကနေ ထွက်သွားနိုင်ပြီ..!

“ပိုင်ရိ..?”

အငယ်မမုန့်ရှင်းက နားမလည်နိုင်သည့် မျက်နှာထားဖြင့် ပိုင်ရိ၏နာမည်ကို ရေရွတ်လာသည်။

သူမ၏အစ်မနှင့် ချန်ကျစ်ချူးတို့ ပျောက်သွားသည့်အချိန်ကို ပြန်သတိရသွားသည်။ ထိုအချိန် ပိုင်ရိ၏မျက်နှာက ချက်ချင်းဆိုသလို မည်းမှောင်သွားပြီး သူမနှင့်ရှောင်ရှောင်ကို တစ်ချက်လေးပင် လှည့်မကြည့်ဘဲ နည်းနည်းလေးမျှ အရေးမပါသလို သည်အတိုင်း ထားရစ်ခဲ့သည်။

သူတို့လည်း ပိုင်ရိနောက်သို့ လိုက်သွားချင်သော်ငြား ပိုင်ရိသည် မျက်စိတစ်မှိတ်စာအတွင်း ကိုယ်ပျောက်သလို ပျောက်ကွယ်သွားသည်။ ထိုစဉ်က သူမနှင့် ရှောင်ရှောင်က ပိုင်ရိ တစ်ခုခုဖြစ်ပြီထင်ပြီး စိတ်ပူနေခဲ့သေးသည်။ သို့သော် ယခုမှ သူတို့ကို အရှုပ်ထုပ်လို့ထင်နေမှန်း နားလည်သွားရသည်။

ထိုအတွေးကြောင့် သူမ၏စိတ်ထဲတွင် အနည်းငယ် ခုလုခုလုဖြစ်သွား၏။ သို့သော် Boss ကို သတ်နိုင်ခဲ့ကတည်းက ပိုင်ရိဟာ အတော်လေး သန်မာကြောင်း သိသာနေချေပြီ။ သို့ဖြစ်၍ သူတစ်ပါးကို ဝေဖန်ရန် အခွင့်မရှိတော့ပေ။

ထို့အပြင် သူမက ရှောင်ရှောင်နှင့် နှစ်ယောက်တည်း အတူရှိနိုင်ခဲ့သည်။ အန္တရာယ်ကျရောက်ချိန်မှာလည်း ရှောင်ရှောင်က သူမကို တစ်ချိန်လုံး ကာကွယ်ပေးခဲ့သည်။ အမ်း… တစ်နေ့ သူမ၏ Idol က သူမကို ကာကွယ်ပေးလိမ့်မည်ဟု အိပ်မက်ပင် မမက်ခဲ့ဖူးပေ။ တကယ့်ကို တန်သည်။ ရှောင်ရှောင့်၏ပရိသတ် ဖြစ်ရသည့်အတွက် သူမကိုယ်သူမ ဂုဏ်ယူမိသည်။

မည်သို့ဆိုစေ နောက်ဆုံးတော့ Instance ရှင်းလင်းသွားပြီဖြစ်၍ သူတို့သုံးယောက်လုံး အနည်းငယ် စိတ်သက်သာရာရသွားသည်။ ညီအစ်မနှစ်ယောက် ပွေ့ဖက်လျက် ဖြစ်ပျက်ခဲ့သမျှအကြောင်းစုံကို ပြန်လည်ဝေမျှရင်း တစ်ဦးကိုတစ်ဦး နှစ်သိမ့်နေလေသည်။

“အဲတာဆို ပိုင်ရိထွက်သွားတာ ချန်ကျစ်ချူးကို ကယ်မလို့ပေါ့..?”

မုန့်ရှင်းက မုန့်ခယ်ပြောတာကို နားထောင်ရင်း စိတ်ပူလာဟန်ဖြင့်.. : “သူတို့နှစ်ယောက်လုံး အဆင်ပြေဖို့ မျှော်လင့်ရတာပဲ.. ဒါနဲ့ သူတို့ကို သွားရှာကြရအောင်လေ..?”

“သွားမယ်လေ..” မုန့်ခယ်က ခေါင်းညိတ်ပြသည်။ ပြီးနောက် ခါးကိုင်းကာ ဝက်ဝံရုပ်လေးကို ပြောသည်။ “ထင်းရှူးသီးလေး.. သူတို့ကို သွားရှာမလို့ လမ်းပြပေးပါလား..?”

“ကြက်ကြော်ကျွေးဖို့ မမေ့နဲ့ဦး..”

ဝက်ဝံရုပ်လေးက နှုတ်ခမ်းစူသည်။ အစောပိုင်းက အရိုးများကို မစားလိုက်ရသဖြင့် သူ့ခမျာ စိတ်ပျက်နေရှာသည်။ သို့သော် အပြင်ရောက်လျှင် ကြက်ကြော်အများကြီး စားရဦးမည်ဖြစ်၍ မစားနိုင်လိုက်တာလည်း ကောင်းတော့ကောင်းပါသည်။ သို့မှသာ အစားကောင်းအသောက်ကောင်းစားရန် နေရာအများကြီး ပိုဆံ့ပေလိမ့်မည်။

“ဒါပေါ့.. လုံးဝမမေ့ဘူး..!”

***

ပိုင်ရိက ချန်ကျစ်ချူး၏ခါးကို ထိန်းကိုင်ပြီး ခေါင်းအသာငုံ့၍ နူးညံ့အိစက်သော နှုတ်ခမ်းပါးများကို ညင်သာစွာ နမ်းရှိုက်နေသည်။ သူ့ရင်ခွင်ထဲမှ ချန်ကျစ်ချူးကလည်း သူ၏အင်္ကျီစကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လျက် လိမ်လိမ်မာမာဖြင့် ခေါင်းကို မော့ပေးထား၏။ မျက်လုံးမှိတ်ထားပြီး မျက်တောင်လေးများက တဖျတ်ဖျတ်တုန်ယင်နေကာ သူ့စိတ်ကြိုက် နမ်းခွင့်ပြုထားသည်။ ထိုအခြင်းအရာက ပိုင်ရိ၏နှလုံးသားကို စိမ့်စမ်းရေပမာ အရည်ပျောက်သွားစေသည်။

ဖြစ်နိုင်လျှင် အကြမ်းပတမ်း နမ်းပစ်လိုက်ချင်သည်။ သို့သော် သူ မလုပ်နိုင်ခဲ့ပေ။ လောလောဆယ်တော့ ချန်ကျစ်ချူး ‘အထိန်းအကွပ်မဲ့လှုပ်ရှားမှု’ထဲ ကျ‌ရောက်နေသည်ကို မသိယောင်ပြု၍ တောင်းဆိုလာသည့်အတွက် နမ်းပေးရသလို ပြုမူလိုက်သည်။ မေးလာလျှင်လည်း နှုတ်ခမ်းပေါ် နမ်းစေချင်သည်ထင်၍ နမ်းလိုက်ပါသည်ဟု လိမ်ပြောလိုက်ရုံပင်။

အခုတော့ ခပ်ဖွဖွလေးမှ တကယ့်ကို ဖွဖွလေးပဲ နမ်းနိုင်ဦးမယ်။ သူသာ ခပ်ကြမ်းကြမ်း နမ်းပစ်လိုက်ရင်… ကျစ်ချူး ကြောက်သွားမှာ သေချာပေါက်ပဲ..!

ထိုသို့တွေးမိလိုက်သဖြင့် ပိုင်ရိသည် သူ၏နှုတ်ခမ်းဖြင့် ချန်ကျစ်ချူး၏ နှုတ်ခမ်းပါးများကို ညင်သာစွာ ထိတွေ့ရင်း နူးညံ့ကြင်နာစွာ နမ်းရှိုက်နေခဲ့သည်။

သို့သော် ချန်ကျစ်ချူးက သူ့အတွက် အလွန်ဆွဲဆောင်မှုရှိလွန်းနေသည်။ သံလိုက်ဆွဲငင်အားကဲ့သို့ ဝင်သက်ထွက်သက်တို့ ရောယှက်ကာ နှုတ်ခမ်းပါးများ ထိတွေ့မိရုံဖြင့် လူကို စွဲလမ်းစေ၏။ ပြန်မလွှတ်ချင်တော့အောင်ပင်။

တစ်ခဏကြာပြီးနောက် ပိုင်ရိက ခေါင်းမော့ကာ ချန်ကျစ်ချူး၏နှုတ်ခမ်းမှ ခွာလိုက်သည်။ ရင်ခွင်ထဲမှ ကောင်လေးကို ကြင်နာစွာ ငုံ့ကြည့်လိုက်သည့်အခိုက် ချန်ကျစ်ချူး၏ ရဲရဲနီနေသော ပါးပြင်နှစ်ဖက်ကိုမြင်ပြီး သူ၏စိတ်ထဲ နောင်တရသွားသည်။

ဘာလို့ ဒီထက်ပိုကြာအောင် မနမ်းခဲ့မိပါလိမ့်..?

အက်ရှနေသောလေသံကို ဖုံးကွယ်ပြီး နူးညံ့သလောက် ဆွဲဆောင်မှုရှိသော လေသံမျိုးဖြင့် မေးသည်။ : “ထပ်လိုချင်သေးလား..?”

“…………”

ချန်ကျစ်ချူး၏ နားရွက်ဖျားများ နီရဲတက်သွားသည်။ သူက အောက်နှုတ်ခမ်းကိုကိုက်ကာ ခပ်မြန်မြန်လေး ခေါင်းညိတ်ပြ၏။

ပိုင်ရိလည်း ဝမ်းသာသွာသည်။ သို့နှင့် ခေါင်းထပ်ငုံ့ရန်အပြု ချန်ကျစ်ချူး၏ မူလရှက်ရွံ့နေသော မျက်နှာလေးက ရုတ်ချည်း ပြောင်းလဲသွားကြောင်း သတိပြုမိလိုက်သည်။ ကောင်လေး၏ ခန္ဓာကိုယ်က တောင်းတင်းသွားပြီး သူ၏ရင်ခွင်ထဲမှ ရုန်းထွက်သွားသည်။ ပြီးနောက် ကပျာကယာ လက်ခါယမ်းပြရင်း.. : “မနမ်းနဲ့တော့… ပိုင်ရိ.. ရပ်တော့..!”

အထိန်းအကွပ်မဲ့လှုပ်ရှားမှုက ပြီးသွားပြီလား..?

ပိုင်ရိ၏စိတ်ထဲ အနည်းငယ် စိတ်ဓာတ်ကျသွားသည်။ သို့သော် အပြင်မှာတော့ ချန်ကျစ်ချူး ‘အထိန်းအကွပ်မဲ့လှုပ်ရှားမှု’ထဲ ရောက်နေခဲ့မှန်း မသိယောင်ဆောင်၍ အသံခပ်တိုးတိုးဖြင့် မေးသည်။ : “ဘာဖြစ်လို့လဲ..?”

သူ၏အကြည့်က ထင်ရက်စရာမရှိအောင် သန့်ရှင်းဖြူစင်နေ၏။ ထိုကြောင့် ချန်ကျစ်ချူးခမျာ ရှက်ရွံ့သွားပြီး သူ၏ပါးစပ်ကို ကာလိုက်မိသည်။ သူ့ကိုယ်သူလည်း သတ်ပစ်ချင်လာသည်။ အဘယ်ကြောင့် ပိုင်ရိကို ထပ်နမ်းမိလေသနည်း။

ပိုင်ရိကိုတော့ လုံးဝသံသယမဝင်ပေ။  သူ့အပေါ်ထားရှိသော ပိုင်ရိ၏ အတွေးဆန္ဒများကိုလည်း လုံးဝသတိမပြုမိပေ။ မည်သို့ဆိုစေ သူကိုယ်တိုင်က ပိုင်ရိအား ‘ဖက်ပေးပါ.. နမ်းပေးပါ..’ ဟူ၍ တောင်းဆိုခဲ့သူမဟုတ်ပါလား။

သို့သော် ထိုသို့သော အဓိပ္ပါယ်မရှိသည့် တောင်းဆိုချက်များ ပြောခဲ့စဉ်က သူ ‘အထိန်းအကွပ်မဲ့လှုပ်ရှားမှု’ထဲ ကျရောက်နေမှန်း ပိုင်ရိ ရိပ်မိလိမ့်မည်ဟု ထင်ခဲ့ဖူးသည်။ ဧကန္တ ပိုင်ရိက သူ့ကို ယုံကြည်လွန်း၍ သူတောင်းဆိုသမျှကို လိုက်လျောပေးနေခြင်းလော။

သူတို့ နမ်းပင်နမ်းခဲ့သည်။ တခြားနေရာနမ်းရန် မတွေးမိသည်အထိ ပိုင်ရိက အဘယ်ကြောင့် ရိုးဖြောင့်လွန်းရသနည်း။ ယခုတော့ သူ့ကြောင့် ပိုင်ရိ ညစ်နွမ်းရလေပြီ။

ချန်ကျစ်ချူးမှာ သူ့ကိုယ်သူ သားရဲတစ်ကောင်လို ခံစားလိုက်ရသဖြင့် အော်ငိုချင်သွားသည်။ သူငယ်ချင်းအပေါ် အခွင့်ကောင်းယူပြီး ပေါက်ကရလုပ်ခိုင်းမိတာကို တွေးမိလိုက်တိုင်း…..

ထိုအခိုက် ပိုင်ရိက ပြောလာသည်။

“ကိုယ့်အနမ်းက အဲ့လောက်တောင် ဆိုးလို့လား..?” ကိုလူချော၏ မျက်နှာအမူအရာက ကူကယ်ရာမဲ့နေသလို အနည်းငယ် သနားစရာကောင်းနေသည်။ သူက ခပ်မြန်မြန် ဆက်ပြောလသည်။ “တောင်းပန်ပါတယ်.. ပထမဆုံး နမ်းဖူးတာမလို့ပါ.. မင်းကို စိတ်ပျက်အောင်လုပ်မိရင် တကယ်တောင်းပန်ပါတယ်..”

သူ့ရဲ့ပထမဆုံးအနမ်းတဲ့..!

ပိုင်ရိရဲ့ ပထမဆုံးအနမ်းကို သူ တကယ်ကြီး ခိုးယူလိုက်မိပြီလား..?!

ချန်ကျစ်ချူးခမျာ အမြင်အာရုံတစ်ခုလုံး မှောင်မိုက်သွားပြီး မေ့လဲကျလုမတတ်။ သူ့ကိုယ်သူ မထိန်းနိုင်အောင် ယိမ်းယိုင်သွားရ၏။ ပိုင်ရိက သူ့ကို ကြမ်းပြင်ပေါ် မလဲကျအောင် အချိန်မီ လှမ်းဆွဲထားနိုင်ခဲ့သည်။

“နမ်းတာ မကောင်းလို့မဟုတ်ပါဘူး.. ဟို… ဟိုလေ.. ခုနတုန်းက အထိန်းအကွပ်မဲ့လှုပ်ရှားမှုထဲ ရောက်နေလို့ ဒီလိုမျိုးတွေ တောင်းဆိုမိတာပါ..”

သူ၏မျက်နှာက ဖြူဖျော့နေပြီး စကားပင်ဖြောင့်အောင်မပြောနိုင်တော့ချေ။

“ကျွန်တော် တကယ့်ကို စိတ်မကောင်းဖြစ်ရပါတယ်.. ကျွန်တော်က အဲ့လိုအရူးကောင်ပါဆို.. ခင်ဗျားရဲ့စိတ်ထဲ ကသိကအောက် ဖြစ်နေရင် ဒေါသဖြေတဲ့အနေနဲ့ ကျွန်တော့်ကို စိတ်ကြိုက်ပြန်ရိုက်လို့ရတယ်.. ကြမ်းကြမ်းရိုက်လေ ကောင်းလေပဲ..!!!”

ချန်ကျစ်ချူးခမျာ သူ့ကိုယ်သူ အပြစ်တင်နေမိသည်။ နောင်တများဖြင့် ခေါင်းငုံ့ထားမိရင်း သူ၏မျက်ဝန်းများက ငိုချတော့မယောင် မျက်ရည်ဝေ့လာသည်။ ပိုင်ရိလည်း သူကျီစယ်လိုက်တာ လွန်သွားပြီဟူ၍ စိတ်မကောင်းဖြစ်သွားသည်။ သို့နှင့် ချန်ကျစ်ချူး၏ခေါင်းကို အသာပုတ်ပေးရင်း ဆံနွယ်အိအိလေးကို ပွတ်သပ်ကာ ချော့မော့လိုက်သည်။

“ဘာမဟုတ်တာလေးကို ကျစ်ချူးရယ်.. ကိုယ် စိတ်မဆိုးဘူးနော်.. အဲတာကြောင့် ဝမ်းမနည်းနဲ့တော့..”

အဲ့လောက်ကြီး စိတ်ထဲမထားပါနဲ့..!

ပိုင်ရိ ရယ်ချင်လာသည်။ သူ၏စိတ်ထဲ ပျော်ရွှင်နေသလို ကူကယ်ရာမဲ့နေ၏။ ကျစ်ချူးက သူ့ကို အလွန်ဂရုစိုက်သဖြင့် ပျော်နေမိသော်လည်း ကောင်လေး၏အတွေးထဲတွင် အစောပိုင်းက လုပ်ရပ်အတွက် နောင်တများသာ ကြီးစိုးနေသည်။ သူ၏အနမ်းကြောင့် စိုးစဉ်းမျှ စိတ်လှုပ်ရှားပုံမပေါ်ချေ။ ထားလိုက်ပါတော့… သူ့ကို မငြင်းပယ်သည်ကပင် လုံလောက်နေချေပြီ။ အလွန်အမင်း လောဘကြီးမနေသင့်ပေ။

ပိုင်ရိက ချန်ကျစ်ချူးကို နွေးနွေးထွေးထွေး‌ နှစ်သိမ့်ပေးသည်။ ထိုအပြုအမူက ချန်ကျစ်ချူးကို စိတ်လှုပ်ရှားစေပြီး ရှက်ရွံ့မှုနှင့် နောင်တစိတ်များ လွင့်ပြယ်သွားရသည်။

ပိုင်ရိ၏ နူးညံ့နွေးထွေးသော အကြည့်ကြောင့် ချန်ကျစ်ချူးမှာ အစောပိုင်းကအနမ်းကို ပြန်တွေးမိပြီး မျက်နှာပူလာပြန်၏။ ပိုင်ရိသာ မိန်းကလေးဆိုလျှင်… သို့တည်းမဟုတ် သူသာ မိန်းကလေးဆိုလျှင် ပိုင်ရိအပေါ် ခံစားချက်ရှိလာနိုင်သည်ဟု မတွေးမိဘဲ မနေနိုင်အောင်ပင်။ သို့သော် သူတို့နှစ်ယောက်လုံး မိန်းကလေးမဟုတ်တာ နှမြောစရာကောင်း…

…. ဟမ်..? သူက ဘာလို့နှမြောနေတာလဲ..???

“ချန်ကျစ်ချူး..! ပိုင်ရိ..!”

ထိုအခိုက် သူတို့၏နာမည်ကို တစ်စုံတစ်ယောက်က အော်ခေါ်လာသည်။ ချန်ကျစ်ချူး လှည့်ကြည့်လိုက်သောအခါ ခုန်ပေါက်ပြေးလာသော ဝက်ဝံရုပ်လေးကို မြင်လိုက်ရသည်။ သူ့ကိုမြင်သည်နှင့် ဝက်ဝံရုပ်လေး၏ မျက်လုံးဝိုင်းများ တောက်ပသွားပြီး ရင်ဘတ်ထဲ ခုန်ဝင်လာသည်။ ဝက်ဝံရုပ်လေး၏ အနောက်မှာတော့ ကျီယွင်ရှောင်နှင့် ကျန်လူများ ပြေးလိုက်လာပြီး သူတို့၏နာမည်ကို အော်ခေါ်နေသူက မုန့်ခယ်ပင် ဖြစ်သည်။

“နင်တို့ ဘာမှမဖြစ်တာ တော်သေးတာပေါ့..!”

မုန့်ခယ်က အလွန်ပျော်ရွှင်နေလေသည်။ မုန့်ရှင်းနှင့် ကျီယွင်ရှောင်ကလည်း ပြုံးပြလာသည်။

သူတို့သုံးယောက်လုံး အန္တရာယ်ကင်းတာကို မြင်လိုက်ရတော့ ချန်ကျစ်ချူးလည်း စိတ်ရင်းဖြင့် ပျော်ရွှင်မိ၏။ စောစောက အတွေးများကိုလည်း ချက်ချင်း မေ့လျော့သွားသည်။ ပိုင်ရိတစ်ဦးတည်းသာ အပြုံးပျောက်ပြီး မျက်နှာသေဖြင့် ဖြစ်သွားသည်။

“ရှင်တို့ Boss ကို သတ်လိုက်တာမလား..? အရမ်းတော်တာပဲ.. ကျွန်မဆို သူ့ရှေ့ရောက်တုန်းက ကြောက်လွန်းလို့ လှုပ်တောင်မလှုပ်ရဲဘူး.. ရှင်တို့ကတော့ အောင်အောင်မြင်မြင် သတ်နိုင်ခဲ့တယ်..”

မုန့်ခယ်က စိတ်လှုပ်ရှားစွာ ပြောလာသည်။ တခြားလူများလည်း စကားစမြည်ပြောရင်း ချန်ကျစ်ချူးက Boss ကို ရှင်းနိုင်လိုက်တာ ဖြစ်ကြောင်း သိသွားသည်။ ညီအစ်မနှစ်ယောက်က အားကျသော မျက်ဝန်းများဖြင့် သူ့ကို စိုက်ကြည့်လာပြီး အားပါးတရ ချီးမွမ်းနေကြသဖြင့် ချန်ကျစ်ချူးမှာ အနည်းငယ် ရှက်ရွံ့လာရသည်။

သူတို့မသိတာက သူ ရှဲ့ယွမ်ဟွိုင်ကို သတ်လိုက်တာမဟုတ်ဘူး.. နမ်းလိုက်တာဟ..!

“ဒီတစ်ခေါက်တော့ ထင်းရှူးသီးလေးကို ကျေးဇူးတင်ရမှာပဲ.. သူ့ဆီက အများကြီး အကူအညီရခဲ့တယ်..”

မုန့်ခယ်က ချန်ကျစ်ချူးကို ပြုံး၍ပြောသည်။ : “ရှင့်ရဲ့ Forum ID လေး ပေးပါလား.. အပြင်ရောက်ရင် အချင်းချင်း Friend Add ထားလို့ ရအောင်လေ.. ဖုန်းနံပါတ်ပေးနိုင်ရင်တော့ ပိုကောင်းတာပေါ့.. ထင်းရှူးသီးလေးကို ကြက်ကြော်ဝယ်ကျွေးမယ်လို့ ကတိပေးထားလို့..”

“ကျွန်တော့် ID က ‘Freshly Squeezed Orange Juice’ ပါ..” ချန်ကျစ်ချူးက မျက်တောင်ခတ်ကာ.. “ဒါပေမဲ့ ကြက်ကြော်ကိစ္စကို စိတ်ထဲထားမနေနဲ့တော့.. ကျွန်တော်တို့တွေ မြို့မတူလောက်ဘူးလေ..”

“ကိစ္စမရှိပါဘူး.. ရှင်နေတဲ့မြို့က ကြက်ကြော်ဆိုင်တစ်ခုခုမှာ ရင်းနှီးမြှုပ်နှံလိုက်ရုံပဲ..” မုန့်ခယ်က ရယ်လိုက်ရင်း.. “ပိုက်ဆံရှိရင် ဘာမဆိုဖြစ်တယ်..”

လက်စသတ်တော့ ဒီနှစ်ယောက်က ချမ်းသာတဲ့ အလှလေးတွေပါလား..?

ထိုနှစ်ယောက်၏ ပေါ့ပေါ့ပါးပါး ပြောလိုက်ဟန်ကိုကြည့်ရင်း ချန်ကျစ်ချူးမှာ ငုတ်တုတ်မေ့သွားသည်။ ရုတ်တရက် သူ၏ခန္ဓာကိုယ်မှ လူဆင်းရဲနံ့ပင် ထွက်လာသယောင် ခံစားလိုက်ရသည်။

“ကျွန်မရဲ့ ID က ‘မုန့်ခယ်ခယ်..’ ညီမလေးက ‘မုန့်ရှင်းရှင်း..’ အိပ်မက်ဆိုတဲ့ စကားလုံးထဲက ‘မုန့်’နော်..”

မုန့်ခယ်က တစ်ခဏတွေးပြီး ပိုင်ရိဘက်ကို လှည့်ကာ.. : “ပိုင်ရိ.. ရှင့်ရဲ့ ID ကရော..? Friend Add ကြရအောင်လေ..”

ပိုင်ရိက အပြုံးယဲ့ယဲ့ဖြင့်.. : “ကျွန်တော်က Death Mode ဖွင့်ထားတာ.. ဖိုရမ်ရော ဖုန်းရော သုံးလို့မရဘူး..”

“Death Mode ဖွင့်ထားတာလား..?”

မုန့်ညီအစ်မရော ကျီယွင်ရှောင်ပါ အံ့အားသင့်သွားသည်။ ချန်ကျစ်ချူးကတော့ ပိုင်ရိကို မနေနိုင်အောင် လှည့်ကြည့်လိုက်မိ၏။

ပိုင်ရိ ဖိုရမ်သုံးနိုင်မှန်း သူသိနေသည်။ ဖိုရမ်ကို သုံးနိုင်ရုံသာမက တစ်ချိန်လုံးနီးပါးပင် သုံးနိုင်သေးသည်။ သူ စာပို့လိုက်တိုင်းလည်း စက္ကန့်ပိုင်းအတွင်း ပြန်ပို့တတ်သည်။ သို့သော် တခြားလူများနှင့် အဆက်အသွယ်မလုပ်ချင်သောကြောင့် ထိုသို့ပြန်ဖြေလိုက်တာ ဖြစ်နိုင်သည်။ အကြောင်းအရင်းကို မသိသော်လည်း သူက ထိုအကြောင်းကို ထုတ်ပြောမည်မဟုတ်ပေ။

သို့သော် သေသေချာချာတွေးကြည့်လျှင် ပိုင်ရိသည် သူမှလွဲ၍ တခြားလူများအပေါ် အနည်းငယ် အေးတိအေးစက်နိုင်သည်။

ချန်ကျစ်ချူးတစ်ယောက် မေးစေ့ပွတ်ရင်း အတွေးများနေ၏။ ပိုင်ရိက တခြားလူများနှင့်လည်း သိပ်စကားမပြောပေ။ နည်းနည်းလေး ထူးဆန်းနေသလို ခံစားနေရသော်ငြား သူ၏စိတ်ထဲ ပျော်ရွှင်နေမိသည်။ မည်သို့ဆိုစေ သူ့ကို အထူးတလည် ဆက်ဆံပေးနေခြင်းဖြစ်ရာ ဦးစားပေးခံရတာကို မကြိုက်သူဟူ၍ မည်သူရှိမည်နည်း။

မုန့်ညီအစ်မလည်း အနည်းငယ် အံ့ဩသွားသည်။ သူတို့က ဆက်မေးချင်သေးသော်လည်း ပိုင်ရိက ဆက်မပြောချင်တော့သလို အကြည့်လွှဲသွားသဖြင့် သူတို့ကိုယ်သူတို့ ပြန်ထိန်းထားလိုက်ရသည်။

ထူးခြားချက်တစ်ခုကို သတိထားမိလိုက်သည်။ ပိုင်ရိနှင့် ချန်ကျစ်ချူးက အချင်းချင်း သိကျွမ်းတယ်ဆိုတာ သိသာနေသည်။ ပိုင်ရိသာ ‘Death Mode’ ဖွင့်ထားလျှင် ချန်ကျစ်ချူးကို Friend Add နိုင်မည်မဟုတ်။ ထို့ကြောင့် အဆက်အသွယ်လည်း ရှိမည်မဟုတ်ပေ။ သို့ဖြစ်ရာ Instance တစ်ခုထဲ အဘယ်သို့ အတူတူဝင်လာနိုင်မည်နည်း။

ဧကန္တ အထူးနည်းလမ်းတစ်ခုခု ရှိနေတာများလား..?

ထိုသို့တွေးလိုက်မိသဖြင့် ဘာမှဆက်မပြောတော့ပေ။ ဂိမ်း၏ Marketplace တွင် ဆန်းကြယ်သည့် ပစ္စည်းများစွာ ရှိသည့်အတွက် ထိုသို့သော Function တစ်ခု ပိုင်ဆိုင်ထားသည်မှာ အထူးအဆန်းမဟုတ်ပေ။

“ကျွန်တော့် ID က Chameleon..” ကျီယွင်ရှောင်က ရှက်အမ်းအမ်းဖြင့် ပြောလာသည်။ “အင်္ဂလိပ်လိုပဲရေးတာ.. ပုတ်သင်ညိုဆိုတဲ့ အဓိပ္ပါယ်ပါ..”

“ကျွန်မတို့နဲ့ Friend Add မလို့လား..?”

ညီအစ်မနှစ်ယောက်၏ မျက်ဝန်းများ အရောင်တောက်လာ၏။ သူတို့၏စိတ်ထဲတွင် ကျီယွင်ရှောင်က သူ၏ ID ကို ယခုလို ပြောပြလာမည်ဟု လုံးဝမမျှော်လင့်ထားပေ။ ဂိမ်း၏ Forum ID ဖြစ်စေကာမူ တစ်နေ့ သူတို့၏ Idol နှင့် အဆက်အသွယ်ပြုနိုင်လိမ့်မည်ဟု တကယ်ကို မထင်ထားခဲ့ပေ။

ကျီယွင်ရှောင်၏ ID ကို မေးမြန်းခဲ့စဉ်က တာ့ကောင်း၏ ဝင်ရောက်စွက်ဖက်မှုကြောင့် မရလိုက်ပေ။ ထိုအတွက်ကြောင့် သွေးအေးကြမ်းကြုတ်သည့် ထိုသက်တော်စောင့်ကြီးကို မုန်းတီးမိသော်လည်း ယခုတော့ သူ မရှိတော့ပေ။ သူတို့၏စိတ်ထဲတွင် အနည်းငယ် ဝမ်းနည်းလာသည်။

ကျီယွင်ရှောင်၏ ID နာမည်အတွက်တော့ သူတို့ နားလည်နိုင်ပါသည်။ ကျီယွင်ရှောင်က မည်သို့တိရစ္ဆာန်ကိုမဆို ကြင်နာတတ်သော်လည်း သူအကြိုက်ဆုံးတိရစ္ဆာန်က ကြောင်၊ သို့မဟုတ် ခွေးမဟုတ်ဘဲ သွေးအေးသတ္တဝါဖြစ်သည့် ပုတ်သင်ညိုဖြစ်နေသည်မှာ အတော်လေး စိတ်ဝင်စရာကောင်းပေသည်။

ရှောင်ရှောင်၏ အမူအကျင့်အရ ကြောင်၊ သို့မဟုတ် ခွေးလေးများနှင့် ပိုပြီးကိုက်ညီသလို ခံစားရသော်လည်း ရှောင်ရှောင်၏ ကိုယ်ပိုင်ရွေးချယ်မှုကို သူတို့ လေးစားရမည်ဖြစ်သည်။

ပိုင်ရိမှလွဲ၍ ကျန်သူအားလုံး ID လဲလှယ်ပြီး Instance ထဲမှမထွက်ခင် Friend Add လိုက်ကြသည်။ ဤ Instance အတွက် Strategy Guide ကို ဘယ်သူရေးသင့်သလဲဆိုတာကတော့ အပြင်ရောက်မှ ဆက်ပြောရန် ဆုံးဖြတ်လိုက်ကြသည်။ လောလောဆယ် အိမ်ပြန်ပြီး အနားယူချင်နေကြချေပြီ။

“အခွင့်အရေးရရင် နောက် Instance မှာ ထပ်ဆုံချင်ပါသေးတယ်..”

မုန့်ခယ်က ဝက်ဝံရုပ်လေးကို မျက်လုံးမှိတ်ပြပြီး.. : “ကြက်ကြော်ကျွေးမယ်လို့ ကတိပေးထားတာ မမေ့ဘူးနော်..!”

“အ… ဝူး..” ဝက်ဝံရုပ်လေးက ရွှင်မြူးတက်ကြွစွာ တုံ့ပြန်သည်။

“သွားကြရအောင်..”

ဆေးရုံထဲမှထွက်သွားသော ကျီယွင်ရှောင်နှင့် မုန့်ညီအစ်မကိုကြည့်ရင်း ချန်ကျစ်ချူးက ပိုင်ရိဘက်လှည့်ကာ ပြောလိုက်သည်။

“ကောင်းပြီ..” ပိုင်ရိက ခေါင်းအသာငုံ့ကာ သူ့ကို ငဲ့ကြည့်လာသည်။ သူ၏နှုတ်ခမ်းထောင့်က မသိမသာ ကော့တက်သွားပြီး အပြုံးရိပ်တစ်ခု ဖြစ်တည်လာသည်။ ထို့နောက် တမင်ကျီစယ်ကာ.. “ဟုတ်သားပဲ.. ကျစ်ချူး ခုနကကိစ္စကို တွေးမနေနဲ့တော့နော်..”

“!!!”

သတိမပေးတာမှ ပိုကောင်းဦးမည်။ ထိုသို့ပြောလိုက်သည့်အခိုက် ချန်ကျစ်ချူးမှာ သူ၏ခေါင်းပေါ်မှ ရေနွေးငွေ့များ တိုးထွက်လာသလို ခံစားလိုက်ရ၏။ မျက်နှာတစ်ပြင်လုံး ရဲရဲနီသွားပြီး အတော်ကြာသည်အထိ ဘာမှပြန်မပြောနိုင်ရှာပေ။

ပိုင်ရိမှာ သူ စနောက်လိုက်တာ လွန်သွားမည်စိုး၍ ချက်ချင်း ပြန်ချော့လိုက်ရသည်။ နောက်ဆုံးတွင် သူက ပြောသည်။ : “သွားရအောင်.. ကိုယ့်ကို ဆက်သွယ်ဖို့ မမေ့နဲ့နော်.. နောက် Instance မှာ တွေ့မယ်..”

“…….. အိုကေ..”

ချန်ကျစ်ချူးမှာ သူ့ကို မော့မကြည့်ရဲပေ။ ခေါင်းငုံ့ပြီး ခပ်တိုးတိုးလေးသာ ပြန်ဖြေခဲ့သည်။ ထို့နောက် ဆေးရုံအပြင်သို့ ထွက်ကာ ပြင်ပလောကသို့ ပြန်လာခဲ့လိုက်သည်။

သူ၏အသိစိတ်တစ်ခုလုံး တစ်ခဏမျှ မှောင်မိုက်သွားပြီး အနည်းငယ် မူးဝေလာသလို ခံစားလိုက်ရ၏။ အကြိမ်ရေအနည်းငယ်ခန့် မျက်တောင်ခတ်ပြီးနောက် သူ၏အိပ်ခန်းထဲ ပြန်ရောက်နေကြောင်း တွေ့လိုက်ရသည်။ အခန်းက လင်းထိန်နေပြီး နွေးထွေးရိုးရှင်းသည့် ခံစားချက်တို့ ပေးစွမ်းနေသဖြင့် ချက်ချင်းဆိုသလို စိတ်ပေါ့ပါးသွားရသည်။

“ဝူး..?”

ဝက်ဝံရုပ်လေးသည် အင်္ကျီအိပ်ကပ်ထဲမှ ကုပ်တက်လာပြီး အခန်းတစ်ခုလုံးကို စပ်စုနေ၏။ ပြီးနောက် အတော်လေး စိတ်ကျေနပ်သွားဟန်ဖြင့် အိပ်ရာပေါ်သို့ ခုန်တက်မည်အပြု ချန်ကျစ်ချူးက လှမ်းဆွဲထားလိုက်သည်။

“မရဘူးနော် ထင်းရှူးသီးလေး.. ရေချိုးပြီးမှ အိပ်ရာပေါ် တက်ရမယ်..” သူက ဝက်ဝံရုပ်လေး၏ နှာခေါင်းကို တို့လိုက်သည်။ ဝက်ဝံရုပ်လေးမှာ နားရွက်ကုတ်သွားပြီး လိမ်လိမ်မာမာဖြင့် ခေါင်းညိတ်ပြလာသည်။

“ဒါပေမဲ့ ငါ့ရဲ့အင်္ကျီလည်း အရမ်းညစ်ပတ်နေပြီ..”

ချန်ကျစ်ချူးက သူ၏အင်္ကျီကို ငုံ့ကြည့်လိုက်သည်။ သူ၏အင်္ကျီပေါ်မှ ကျီယွင်ရှောင်၏ မျက်နှာကို မြင်လိုက်ရသည့်အခိုက် မျက်နှာပျက်သွားသည်။

Oh No… အခုမှသတိရတယ်။ Instance ထဲမဝင်ခင် သူ့ညီမလေးက ဓာတ်ပုံရိုက်ပေးဖို့ အကူအညီတောင်းခဲ့တာပဲ။ ဖုန်းလာလို့ အပြင်ထွက်ပြောနေတာ။ ပြန်ရောက်လာတဲ့အချိန် သူမရဲ့အဖိုးတန်အင်္ကျီလေး ညစ်ပတ်နေတာကိုတွေ့ရင် သူ့ကို ကျိန်းသေပေါက် သတ်တော့မှာပဲ..!!!

[ ပြဿနာမရှိပါဘူး။ Marketplace မှာ ‘သန့်ရှင်းရေးဝန်ဆောင်မှု’ဆိုပြီး ရှိတယ်။ Surival Points x 10 သုံးပြီး အင်္ကျီ ၁၀  ထည် လျှော်လို့ရတယ်။ အင်္ကျီချွတ်စရာတောင် မလိုဘူး။ တစ်ခါတည်း သန့်ရှင်းသွားမှာ။ ချက်ချင်း သွားဝယ်လို့ရတယ်နော်။ ]

[ အဲလိုဝန်ဆောင်မှုမျိုး တကယ်ကြီး ရှိတာလား..? ]

ချန်ကျစ်ချူးက အံ့ဩတကြီးဖြင့် အပြေးသွားဝယ်လိုက်သည်။ ချက်ချင်းဆိုသလို သူ၏တီရှပ်က သန့်ရှင်းသွားသည်။ သို့သော် ကံမကောင်းသည်က အင်္ကျီတစ်ထည်ဈေးနှင့် အင်္ကျီဆယ်ထည်ဈေးက အတူတူပင်ဖြစ်၍ Survival Points x 10 သုံးလိုက်ရသည်။

[ ဒါပေါ့။ Marketplace မှာ ဝန်ဆောင်မှုအမျိုးမျိုး ရှိတယ်။ မဟုတ်ရင် ‘Death Mode’ ဖွင့်ထားတဲ့လူတွေက အပြင်မှမထွက်နိုင်တာ။ ညစ်ပတ်နေတဲ့ အင်္ကျီတွေပဲ ဆက်ဝတ်နေရမှာပေါ့.. မဟုတ်ဘူးလား..? ]

[ ဟုတ်သားပဲ…]

ချန်ကျစ်ချူးက ပိုင်ရိကိုတွေးပြီး ခေါင်းညိတ်ပြလိုက်သည်။ ပိုင်ရိကိုတွေ့တိုင်း သန့်ရှင်းသပ်ရပ်နေပြီး သူ့ကို ပွေ့ဖက်ထားလျှင် ရနံ့သင်းသင်းလေး…

ဖာခ့်… မဟုတ်သေးပါဘူး.. ဘာလို့ အဲ့ကိစ္စတွေ လျှောက်တွေးနေပြန်တာလဲ..? ထပ်မတွေးနဲ့တော့..!

ချန်ကျစ်ချူး၏ နားရွက်ဖျားများ နီရဲတက်လာပြီး ကပျာကယာ ခေါင်းယမ်းလိုက်မိသည်။ ပြီးနောက် အိတ်ထဲမှ ကျီယွင်ရှောင်အရုပ်ကိုထုတ်ပြီး ဘာမှမဖြစ်သလို ပြုမူနေလိုက်သည်။

ခုတင်ပေါ် ပြန်ထိုင်လိုက်ရုံသာ ရှိသေးသည်၊ သူ၏ညီမလေး ချန်လင်းလင်းက ဖုန်းကိုင်၍ ပြန်ဝင်လာ၏။ ပြီးနောက် ထူးဆန်းနေသည့် မျက်နှာထားဖြင့် သူ့ကို ဖုန်းကမ်းပေးကာ တွန့်ဆုတ်တွန့်ဆုတ် ပြောလာသည်။ : “အစ်ကို… အစ်ကိုကိုင်လိုက်.. အစ်ကို့ကိုဆက်တာ..”

“ငါ့ကိုလား..?”

ချန်ကျစ်ချူးသည် အံ့အားသင့်သွားပြီး ဖုန်းလက်ခံလိုက်သည်။ သူ့နှင့်ပြောချင်တာဆိုလျှင် အဘယ်ကြောင့် သူ၏ဖုန်းကို မဆက်သနည်း။

ဖုန်းမျက်နှာပြင်ပေါ်မှ ဖုန်းခေါ်သူ ID ကို တစ်ချက်ကြည့်လိုက်ရာ နာမည်က အတော်လေး ထူးဆန်းနေသည်။

‘ဘယ်သူလဲဆိုတာ မင်းသိပါတယ်..’ တဲ့…

ဒီလူက ဘယ်သူပါလိမ့်..? သူရော လင်းလင်းကိုပါ သိနေတာလား..?

ချန်ကျစ်ချူးလည်း နားမလည်နိုင်ဖြစ်နေတော့သည်။ သို့နှင့် ဖုန်းကို နားရွက်နားမြှောက်လိုက်ပြီး.. : “ဟယ်လို..?”

“……….”

တစ်ဖက်လူသည် တစ်ခဏမျှ အသံတိတ်နေ၏။ ထို့နောက် လူငယ်တစ်ဦး၏ ညှို့ဓာတ်ပြင်းသော လေသံမျိုး ထွက်ပေါ်လာသည်။

“……..ချန်ချန်.. စကားမပြောဖြစ်တာကြာပြီ.. နေကောင်းလား..?”

ချန်ကျစ်ချူး၏ မျက်နှာအမူအရာက ချက်ချင်း ပြောင်းလဲသွားပြီး ဖုန်းချပစ်လိုက်သည်။ သို့သော် ဖုန်းက ထပ်မြည်လာပြန်သည်။ သူ မည်မျှဖုန်းချပစ်ပါစေ၊ ထပ်တလဲလဲ ဖုန်းဆက်နေတော့သည်။

ချန်လင်းလင်းက အနည်းငယ် ကူကယ်ရာမဲ့နေဟန်ဖြင့် ခပ်တိုးတိုးလေး ပြောလာသည်။ : “အစ်ကို ဖုန်းကိုင်ပြီး ပြေရာပြေကြောင်း ပြောလိုက်ပါလား.. အစ်ကို သူ့ကို ဘလော့ထားကတည်းက ညီမလေးဆီ တောက်လျှောက်ဆက်နေတာ.. အစ်ကို ဖုန်းမကိုင်ရင် ထပ်ဆက်နေလိမ့်မယ်..”

ချန်ကျစ်ချူး၏ မျက်နှာထားက ပို၍တင်းမာလာသည်။ ဖုန်းထပ်မြည်လာချိန်တွင် သူက ဖုန်းကိုင်ပြီး အေးတိအေးစက် ပြောလိုက်သည်။

“ကုကျန်း.. မင်း ဘာဖြစ်ချင်နေတာလဲ..? လင်းလင်းဆီ ထပ်မခေါ်နဲ့.. ငါ့ကိုလည်း လာမရှာနဲ့.. မင်းမျက်နှာကို ထပ်မမြင်ချင်ဘူး..”

“မင်းရဲ့ညီမလေးဆီ ဖုန်းခေါ်မိတဲ့အတွက် တကယ်ကို တောင်းပန်ပါတယ်.. ကိုယ့်မှာ တခြားရည်ရွယ်ချက်မရှိပါဘူးကွာ.. မင်းသာ ကိုယ့်ဖုန်းကိုကိုင်ရင် ညီမလေးဆီ ထပ်မဆက်တော့ဘူး..”

တစ်ဖက်မှ ‘ကုကျန်း’ဆိုသူသည် တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ဆက်ပြောလာသည်။ : “ချန်ချန်.. ကိုယ့်ကို စိတ်ဆိုးနေတုန်းလား..? လမ်းခွဲချင်နေတုန်းလား..?”

“လမ်းခွဲချင်တာမဟုတ်ဘူး.. ငါတို့နှစ်ယောက်က ဘာမှကို မပတ်သက်တော့တာ..” ချန်ကျစ်ချူးက အေးတိအေးစက် ပြောသည်။ : “ပြီးတော့ တစ်ခါမှတောင် ချိန်းတွေ့ဖူးတာမဟုတ်ဘူး.. အဲတာကို တွဲနေတယ်လို့ မင်းက သတ်မှတ်ထားတာလား..?”

“တောင်းပန်ပါတယ်.. မင်းကို လိမ်ခဲ့မိတာ ကိုယ့်အမှားပါ..”

ကုကျန်း၏အသံက အက်ရှပြီး နူးညံ့သည်။ သူက စကားလမ်းကြောင်းပြောင်းကာ လေးလေးနက်နက် ပြောလာသည်။

“ဒါပေမဲ့ ချန်ချန်.. ကိုယ် မင်းကို သဘောကျတယ်.. တကယ် သဘောကျတာပါ..”

“အဲတာကြောင့် ကိုယ် မင်းကို လက်လျော့မှာမဟုတ်ဘူး..”

“မင်းနဲ့ လမ်းခွဲပေးမှာမဟုတ်ဘူး..”

***

ပိုင်ရိ၏ ဒိုင်ယာရီမှတ်တမ်း (32)

ငါ ကျစ်ချူးကို လိမ်ပြောခဲ့တာမဟုတ်ဘူး။ တကယ့်ကို ပထမဦးဆုံးအနမ်းပါ။

သူကလွဲပြီး တခြားဘယ်သူ့ကိုမှ နမ်းမှာမဟုတ်ဘူး။

တစ်ခါမှမနမ်းဖူးပေမယ့် ငါ့ရဲ့အနမ်းစကေးက အရမ်းကောင်းတယ်လို့ ထင်တာပဲ။ ငါနဲ့နမ်းရတာကို ကျစ်ချူး သဘောကျတယ်လို့ပဲ သတ်မှတ်လိုက်တော့မယ်။

…………………………………….

Zawgyi

အခန္း - ၃၂ : စြန႔္ပစ္ေဆး႐ုံ (End)

မုန႔္ခယ္ႏွင့္ ဝက္ဝံ႐ုပ္ေလးသည္ ကိုးလႊာအထပ္က်ယ္ႀကီးထဲ ေျပးလႊားေန၏။ လမ္းတစ္ေလွ်ာက္ အေစာပိုင္းက သူနာျပဳမ်ားႏွင့္လည္း ထပ္ဆုံခဲ့ေသးသည္။ သူတို႔က သူနာျပဳေခါင္းေဆာင္ကို သတ္ျဖတ္ၿပီးေနာက္ ပုံရိပ္ေယာင္ထဲတြင္ ေယာင္လည္လည္ျဖင့္ ေလွ်ာက္သြားေနၾကေလသည္။ မုန႔္ခယ္မွာ သူတို႔မျမင္ေအာင္ ဂ႐ုစိုက္ၿပီး ေရွာင္ရွားေနရသည္။

အခ်ိန္မည္မွ်ၾကာသြားသည္မသိ၊ အက္ကြဲေနေသာ ေလဟာျပင္တစ္ခုကို ႐ုတ္တရက္ ျမင္လိုက္ရသည္။ မွန္တစ္ခ်ပ္ က်ကြဲသြားသကဲ့သို႔ ပုံရိပ္ေယာင္နယ္ေျမ၏ အပိုင္းအစမ်ားသည္ ၾကမ္းျပင္ေပၚတြင္ တစ္စစီျပန႔္က်ဲေနၿပီး တြင္းနက္ႀကီးတစ္ခု ျဖစ္တည္ေနသည္။

“အဲတာ ထြက္ေပါက္ပဲ..” ဝက္ဝံ႐ုပ္ေလးက ေျပာသည္။

ထြက္ေပါက္ကိုၾကည့္ၿပီး မုန႔္ခယ္၏စိတ္ထဲတြင္ အေစာပိုင္းက ၾကားလိုက္ရသည့္ ေပါက္ကြဲသံႏွင့္ ၾကမ္းျပင္တုန္ခါသြားတာကို ျပန္သတိရသြားသည္။ ဧကႏၲ ကိုးလႊာကို ေဖာက္ခြဲပစ္လိုက္သည့္ အသံျဖစ္ႏိုင္ၿပီး ပိုင္ရိလုပ္သြားတာ ျဖစ္ႏိုင္သည္။

ပိုင္ရိ မည္သို႔လုပ္သြားသနည္း။ သူမ စဥ္းစားၾကည့္ေသာ္လည္း အေျဖရွာမရေပ။

ဒီလူက မ႐ိုးရွင္းဘူးပဲ..!

အေစာပိုင္းက ထိုေယာက္်ားထံမွရလိုက္ေသာ ခံစားခ်က္သည္ တကယ့္ကို ေၾကာက္စရာေကာင္း၏။ ထိုတစ္ခဏ ရွဲ႕ယြမ္ဟြိဳင္ႏွင့္ ျပန္ေတြ႕သလိုပင္ ခံစားလိုက္ရသည္။

မုန႔္ခယ္လည္း ပုံရိပ္ေယာင္ကိုးလႊာနယ္ေျမမွ သတိထားၿပီး ျပန္ထြက္လာလိုက္သည္။ ကမာၻႏွစ္ခုျခားသြားသည့္ႏွယ္ ကိုးလႊာတြင္ ထိန္လင္းေတာက္ပေနေသာ္ျငား အျပင္ဘက္မွာေတာ့ ပိန္းပိန္းေမွာင္ေနသည္။

ဓာတ္မီးဖြင့္ကာ ပတ္ဝန္းက်င္ကို စူးစမ္းလိုက္သည္။ ထိုအခါ သူမက ေလွကားေရွ႕တြင္ မတ္တပ္ရပ္ေနၿပီး သူမ၏ေနာက္တြင္ အေစာပိုင္းက ျဖတ္သန္းလာသည့္ ေျမေအာက္လမ္းရွိေနေၾကာင္း သတိျပဳမိလိုက္သည္။ ဤကား ကိုးလႊာသို႔ မေရာက္သြားခင္ သူမႏွင့္ ခ်န္က်စ္ခ်ဴး ျမင္လိုက္ရေသာ ေနရာျဖစ္သည္။

“ေသြးနံ႔ရတယ္..”

ဝက္ဝံ႐ုပ္ေလးက ေဘးပတ္ဝန္းက်င္ကို အနံ႔ခံလိုက္ရင္း.. : “ေသြးနံ႔က လတ္ဆတ္တယ္.. ေသၿပီးသားလူရဲ႕ေသြး မဟုတ္ဘူး.. သက္ရွိလူသားတစ္ေယာက္ေယာက္ရဲ႕ ေသြးအနံ႔ပဲ..”

ရွင္းရွင္းနဲ႔ ေရွာင္ေရွာင္ျဖစ္မယ္..!

မုန႔္ခယ္သည္ ေျခလက္မ်ားပင္ ထုံက်င္လာသည္အထိ စိတ္ပူသြားရ၏။ က်ီယြင္ေရွာင္ သို႔မဟုတ္ မုန႔္ရွင္း တစ္ခုခုျဖစ္သြားမွာကို ေတြးေၾကာက္လာသည္။

“အဲ့ေသြးနံ႔ ဘယ္ကလာတာလဲ ရွာၾကည့္ေပးလို႔ရလား.. အဲ့ေနရာကို ေခၚသြားေပးပါလား..?”

ဝက္ဝံ႐ုပ္ေလးသည္ သူမ၏ေခါင္းေပၚမွ ခုန္ဆင္းၿပီး အၿမီးေလးေဝွ႔ယမ္းကာ လမ္းျပေပးသည္။ မုန႔္ခယ္က စိုးရိမ္တႀကီးျဖင့္ အေနာက္က လိုက္သြားေလသည္။

တတိယထပ္သို႔ ေရာက္ခါနီးတြင္ ဆူညံ့သံတခ်ိဳ႕ စတင္ၾကားရသည္။ ထို႔ေနာက္တြင္မူ မိန္းကေလးတစ္ေယာက္၏ ေၾကာက္လန႔္တၾကား ေအာ္ဟစ္သံႏွင့္အတူ ေသနတ္သံမ်ား ၾကားလိုက္ရၿပီး လူသူကင္းမဲ့သည့္ ေဆး႐ုံႀကီးထဲ ပဲ့တင္ထပ္ေနေတာ့သည္။

ရွင္းရွင္းရဲ႕အသံပဲ..!

မုန႔္ခယ္၏ မ်က္ႏွာအမူအရာက ခ်က္ခ်င္း ေျပာင္းလဲသြား၏။ သူမ၏လက္နက္ကို ထုတ္ၿပီး အျမန္ေျပးသြားလိုက္သည္။ ေထာင့္ခ်ိဳးတစ္ေနရာအေရာက္ မုန႔္ရွင္းႏွင့္ က်ီယြင္ေရွာင္ကို ျမင္လိုက္ရၿပီး သူတို႔၏ ေဘးပတ္ပတ္လည္တြင္ အေလာင္းမ်ား ျပန႔္က်ဲေနသည္။

မုန႔္ရွင္း၏လက္ေမာင္းတြင္ ေသြးမ်ား ႐ႊဲစိုေနၿပီး ေတာ္ေတာ္ေလး ထိခိုက္ထားပုံရ၏။ ေသြးျဖည့္ေဆးရည္ ေသာက္ထားေသာ္ျငား ေသြးထြက္ေနေသးသျဖင့္ သူမ၏မ်က္ႏွာက ျဖဴေရာ္ေနသည္။

က်ီယြင္ေရွာင္က သူမ၏အေရွ႕တြင္ ကာရပ္ေနၿပီး သူ၏ဒူးေလးျဖင့္ ဇြန္ဘီေခါင္းကို ခ်ိန္႐ြယ္ကာ တစ္ခ်က္တည္း ရွင္းပစ္လိုက္သည္။ ပစ္ခ်က္က အလြန္တိက်ေသာ္လည္း သူတို႔၏ေဘးပတ္ပတ္လည္တြင္ ဇြန္ဘီအမ်ားႀကီး ရွိေနေသးသည္။ အေကာင္ေရအေတာ္မ်ားမ်ား ရွင္းပစ္ၿပီးေသာ္လည္း ဇြန္ဘီအသစ္မ်ားက သူတို႔ရွိရာသို႔ တရစပ္ ေျပးဝင္ေနသည္။

“မ… မမ..?”

ထိုစဥ္ မုန႔္ရွင္းက တစ္စုံတစ္ရာကို သတိထားမိသြားဟန္ျဖင့္ ေမာ့ၾကည့္လာသည္။ အစ္မျဖစ္သူကို ျမင္လိုက္ရသည့္အခိုက္ သူမ၏ မ်က္ႏွာေပၚတြင္ အံ့ဩရိပ္ႏွင့္ စိတ္သက္သာရာရျခင္းမ်ား ျဖတ္ေျပးသြား၏။ ထို႔ေနာက္ ငိုေႂကြးရင္း ၿပဳံးကာ ေျပာလာသည္။ : “နင္ အသက္ရွင္ေနေသးတယ္.. ငါသိသားပဲ.. နင္ အသက္ရွင္ေနေသးတယ္ဆိုတာ… ဝူး…”

သူတို႔အသက္ရွင္ေနေသးတာကို ျမင္လိုက္ရေတာ့ မုန႔္ခယ္လည္း စိတ္သက္သာရာရသြားသည္။ သို႔ေသာ္ သူတို႔၏အေျခအေနက အေတာ္ေလး ဆိုး႐ြားေနတာေၾကာင့္ အခ်ိန္ျဖဳန္းမေနဘဲ လက္နက္ကိုကိုင္ကာ ဇြန္ဘီအုပ္ႀကီးထဲ ေျပးဝင္သြားလိုက္သည္။

သို႔ေသာ္ ထိုအခိုက္အတန႔္ ဝက္ဝံ႐ုပ္ေလးက တစ္ခ်က္ဟိန္းေဟာက္လိုက္သည္။ ဇြန္ဘီမ်ားသည္ ထိုအသံကိုၾကားသည္ႏွင့္ ခ်က္ခ်င္း ေနာက္လွည့္ၾကည့္လာ၏။ နတ္ဆိုးပိစိေလးကို ျမင္လိုက္ရသည့္အခိုက္ ေၾကာက္လန႔္တၾကား ေအာ္ဟစ္ၾကေတာ့သည္။ ထို႔ေနာက္ သက္ရွိလူသားမ်ားကို ဂ႐ုစိုက္မေနေတာ့ဘဲ အလွ်ိဳလွ်ိဳ ထြက္ေျပးသြားၾကသည္။

“အ..ဝူး…!”

ဝက္ဝံ႐ုပ္ေလးက ဇြန္ဘီတစ္ေကာင္ကို တက္တက္ႂကြႂကြ လိုက္ဖမ္းေလသည္။ သူတစ္ခ်က္ကန္လိုက္႐ုံျဖင့္ ဇြန္ဘီ၏ဦးေခါင္းက မြစာက်ဲသြားၿပီး အသားပုပ္တခ်ိဳ႕ ကပ္ၿငိေနဆဲျဖစ္ေသာ နံ႐ိုးတစ္ေခ်ာင္းကိုလည္း လက္ျဖင့္ ဆြဲထုတ္ပစ္လိုက္သည္။

သို႔ေသာ္ သူ႔ပါးစပ္ထဲ မထည့္ရေသးခင္မွာပင္ အ႐ိုးက ႐ုတ္တရက္ အမႈန႔္ျဖစ္သြားၿပီး ေလထဲ၌ ျပန႔္က်ဲသြား၏။ ဝက္ဝံ႐ုပ္ေလးမွာ ေခါင္းေလးေစာင္းၿပီး သူ၏လက္ဖဝါးျပင္ကို နားမလည္ႏိုင္စြာ ေငးၾကည့္ေနမိသည္။ ၿပီးေနာက္ ေခါင္းျပန္ေမာ့၍ တျခားဇြန္ဘီမ်ားကို လွမ္းၾကည့္လိုက္ေသာအခာ အကုန္လုံး အစအနပင္မက်န္ေအာင္ ေပ်ာက္ကြယ္သြားတာကို ျမင္လိုက္ရသည္။

[ Boss ကို သတ္ႏိုင္တဲ့အတြက္ ဂုဏ္ယူပါတယ္။ အဓိကတာဝန္အားလုံး ၿပီးေျမာက္သြားၿပီျဖစ္၍ ‘စြန႔္ပစ္ေဆး႐ုံ’ Instance ကို ရွင္းလင္းၿပီးပါၿပီ။ ]

[ Clearance Rewards : Exp Points x 2000, Survival Points x 1500 ]

[ ေဆး႐ုံထဲမွ ထြက္ခြာျခင္းျဖင့္ ဤ Instance မွ ျပန္ထြက္ႏိုင္ပါၿပီ။ ]

က်ီယြင္ေရွာင္ႏွင့္ က်န္လူမ်ားလည္း သူတို႔၏ System အသီးသီးမွ Instance ရွင္းလင္းၿပီးေၾကာင္း အသိေပးထုတ္ျပန္သံကို ၾကားလိုက္ရသည္။

ဒဏ္ရာရထားသည့္ မုန႔္ရွင္းက မယုံၾကည္ႏိုင္ဟန္ျဖင့္ မ်က္ေတာင္ေလးပုတ္ခတ္ပုတ္ခတ္လုပ္ကာ.. : “ၿပီး… ၿပီးသြားၿပီလား..?”

မုန႔္ခယ္၏စိတ္ထဲ တစ္ခုခုလုပ္ႏိုင္လိုက္သလို လုံးဝမခံစားရေပ။ သူမအေနျဖင့္ Final Boss က ရွဲ႕ယြမ္ဟြိဳင္ျဖစ္ႏိုင္ေၾကာင္း ခန႔္မွန္းႏိုင္႐ုံသာရွိေသးၿပီး အက်ႌစေလးပင္ မထိႏိုင္ခဲ့ေခ်။ သို႔ျဖစ္ရာ အဘယ္သို႔ ရွင္းလင္းႏိုင္ခဲ့သနည္း။

“မဟုတ္မွလြဲေရာ ပိုင္ရိမ်ားလား..?” မုန႔္ခယ္မွာ ေၾကာင္အမ္းေနၿပီးမွ သတိျပန္ကပ္သြားၿပီး ႐ႊင္ျမဴးတက္ႂကြလာသည္။

ပိုင္ရိက အဓိကတာဝန္ကို ရွင္းလိုက္ႏိုင္တာပဲ။ ရွဲ႕ယြမ္ဟြိဳင္ကိုသတ္ၿပီး ခ်န္က်စ္ခ်ဴးကိုလည္း ကယ္တင္ႏိုင္ခဲ့တယ္..! ဒါမွမဟုတ္ ခ်န္က်စ္ခ်ဴးလည္း ျဖစ္ႏိုင္တယ္။ သူ႔ရဲ႕ေငြဒဂၤါးက တအားထူးဆန္းတာဆိုေတာ့ သူလည္း Boss ကို သတ္ႏိုင္ေလာက္တယ္..!

ဘယ္သူသတ္သတ္၊ Instance ၿပီးသြားၿပီဆိုေတာ့ သူတို႔ အသက္ရွင္ႏိုင္ၿပီ။ ဒီေနရာကေန ထြက္သြားႏိုင္ၿပီ..!

“ပိုင္ရိ..?”

အငယ္မမုန႔္ရွင္းက နားမလည္ႏိုင္သည့္ မ်က္ႏွာထားျဖင့္ ပိုင္ရိ၏နာမည္ကို ေရ႐ြတ္လာသည္။

သူမ၏အစ္မႏွင့္ ခ်န္က်စ္ခ်ဴးတို႔ ေပ်ာက္သြားသည့္အခ်ိန္ကို ျပန္သတိရသြားသည္။ ထိုအခ်ိန္ ပိုင္ရိ၏မ်က္ႏွာက ခ်က္ခ်င္းဆိုသလို မည္းေမွာင္သြားၿပီး သူမႏွင့္ေရွာင္ေရွာင္ကို တစ္ခ်က္ေလးပင္ လွည့္မၾကည့္ဘဲ နည္းနည္းေလးမွ် အေရးမပါသလို သည္အတိုင္း ထားရစ္ခဲ့သည္။

သူတို႔လည္း ပိုင္ရိေနာက္သို႔ လိုက္သြားခ်င္ေသာ္ျငား ပိုင္ရိသည္ မ်က္စိတစ္မွိတ္စာအတြင္း ကိုယ္ေပ်ာက္သလို ေပ်ာက္ကြယ္သြားသည္။ ထိုစဥ္က သူမႏွင့္ ေရွာင္ေရွာင္က ပိုင္ရိ တစ္ခုခုျဖစ္ၿပီထင္ၿပီး စိတ္ပူေနခဲ့ေသးသည္။ သို႔ေသာ္ ယခုမွ သူတို႔ကို အရႈပ္ထုပ္လို႔ထင္ေနမွန္း နားလည္သြားရသည္။

ထိုအေတြးေၾကာင့္ သူမ၏စိတ္ထဲတြင္ အနည္းငယ္ ခုလုခုလုျဖစ္သြား၏။ သို႔ေသာ္ Boss ကို သတ္ႏိုင္ခဲ့ကတည္းက ပိုင္ရိဟာ အေတာ္ေလး သန္မာေၾကာင္း သိသာေနေခ်ၿပီ။ သို႔ျဖစ္၍ သူတစ္ပါးကို ေဝဖန္ရန္ အခြင့္မရွိေတာ့ေပ။

ထို႔အျပင္ သူမက ေရွာင္ေရွာင္ႏွင့္ ႏွစ္ေယာက္တည္း အတူရွိႏိုင္ခဲ့သည္။ အႏၲရာယ္က်ေရာက္ခ်ိန္မွာလည္း ေရွာင္ေရွာင္က သူမကို တစ္ခ်ိန္လုံး ကာကြယ္ေပးခဲ့သည္။ အမ္း… တစ္ေန႔ သူမ၏ Idol က သူမကို ကာကြယ္ေပးလိမ့္မည္ဟု အိပ္မက္ပင္ မမက္ခဲ့ဖူးေပ။ တကယ့္ကို တန္သည္။ ေရွာင္ေရွာင့္၏ပရိသတ္ ျဖစ္ရသည့္အတြက္ သူမကိုယ္သူမ ဂုဏ္ယူမိသည္။

မည္သို႔ဆိုေစ ေနာက္ဆုံးေတာ့ Instance ရွင္းလင္းသြားၿပီျဖစ္၍ သူတို႔သုံးေယာက္လုံး အနည္းငယ္ စိတ္သက္သာရာရသြားသည္။ ညီအစ္မႏွစ္ေယာက္ ေပြ႕ဖက္လ်က္ ျဖစ္ပ်က္ခဲ့သမွ်အေၾကာင္းစုံကို ျပန္လည္ေဝမွ်ရင္း တစ္ဦးကိုတစ္ဦး ႏွစ္သိမ့္ေနေလသည္။

“အဲတာဆို ပိုင္ရိထြက္သြားတာ ခ်န္က်စ္ခ်ဴးကို ကယ္မလို႔ေပါ့..?”

မုန႔္ရွင္းက မုန႔္ခယ္ေျပာတာကို နားေထာင္ရင္း စိတ္ပူလာဟန္ျဖင့္.. : “သူတို႔ႏွစ္ေယာက္လုံး အဆင္ေျပဖို႔ ေမွ်ာ္လင့္ရတာပဲ.. ဒါနဲ႔ သူတို႔ကို သြားရွာၾကရေအာင္ေလ..?”

“သြားမယ္ေလ..” မုန႔္ခယ္က ေခါင္းညိတ္ျပသည္။ ၿပီးေနာက္ ခါးကိုင္းကာ ဝက္ဝံ႐ုပ္ေလးကို ေျပာသည္။ “ထင္းရႉးသီးေလး.. သူတို႔ကို သြားရွာမလို႔ လမ္းျပေပးပါလား..?”

“ၾကက္ေၾကာ္ေကြၽးဖို႔ မေမ့နဲ႔ဦး..”

ဝက္ဝံ႐ုပ္ေလးက ႏႈတ္ခမ္းစူသည္။ အေစာပိုင္းက အ႐ိုးမ်ားကို မစားလိုက္ရသျဖင့္ သူ႔ခမ်ာ စိတ္ပ်က္ေနရွာသည္။ သို႔ေသာ္ အျပင္ေရာက္လွ်င္ ၾကက္ေၾကာ္အမ်ားႀကီး စားရဦးမည္ျဖစ္၍ မစားႏိုင္လိုက္တာလည္း ေကာင္းေတာ့ေကာင္းပါသည္။ သို႔မွသာ အစားေကာင္းအေသာက္ေကာင္းစားရန္ ေနရာအမ်ားႀကီး ပိုဆံ့ေပလိမ့္မည္။

“ဒါေပါ့.. လုံးဝမေမ့ဘူး..!”

***

ပိုင္ရိက ခ်န္က်စ္ခ်ဴး၏ခါးကို ထိန္းကိုင္ၿပီး ေခါင္းအသာငုံ႔၍ ႏူးညံ့အိစက္ေသာ ႏႈတ္ခမ္းပါးမ်ားကို ညင္သာစြာ နမ္းရႈိက္ေနသည္။ သူ႔ရင္ခြင္ထဲမွ ခ်န္က်စ္ခ်ဴးကလည္း သူ၏အက်ႌစကို တင္းတင္းက်ပ္က်ပ္ ဆုပ္ကိုင္လ်က္ လိမ္လိမ္မာမာျဖင့္ ေခါင္းကို ေမာ့ေပးထား၏။ မ်က္လုံးမွိတ္ထားၿပီး မ်က္ေတာင္ေလးမ်ားက တဖ်တ္ဖ်တ္တုန္ယင္ေနကာ သူ႔စိတ္ႀကိဳက္ နမ္းခြင့္ျပဳထားသည္။ ထိုအျခင္းအရာက ပိုင္ရိ၏ႏွလုံးသားကို စိမ့္စမ္းေရပမာ အရည္ေပ်ာက္သြားေစသည္။

ျဖစ္ႏိုင္လွ်င္ အၾကမ္းပတမ္း နမ္းပစ္လိုက္ခ်င္သည္။ သို႔ေသာ္ သူ မလုပ္ႏိုင္ခဲ့ေပ။ ေလာေလာဆယ္ေတာ့ ခ်န္က်စ္ခ်ဴး ‘အထိန္းအကြပ္မဲ့လႈပ္ရွားမႈ’ထဲ က်‌ေရာက္ေနသည္ကို မသိေယာင္ျပဳ၍ ေတာင္းဆိုလာသည့္အတြက္ နမ္းေပးရသလို ျပဳမူလိုက္သည္။ ေမးလာလွ်င္လည္း ႏႈတ္ခမ္းေပၚ နမ္းေစခ်င္သည္ထင္၍ နမ္းလိုက္ပါသည္ဟု လိမ္ေျပာလိုက္႐ုံပင္။

အခုေတာ့ ခပ္ဖြဖြေလးမွ တကယ့္ကို ဖြဖြေလးပဲ နမ္းႏိုင္ဦးမယ္။ သူသာ ခပ္ၾကမ္းၾကမ္း နမ္းပစ္လိုက္ရင္… က်စ္ခ်ဴး ေၾကာက္သြားမွာ ေသခ်ာေပါက္ပဲ..!

ထိုသို႔ေတြးမိလိုက္သျဖင့္ ပိုင္ရိသည္ သူ၏ႏႈတ္ခမ္းျဖင့္ ခ်န္က်စ္ခ်ဴး၏ ႏႈတ္ခမ္းပါးမ်ားကို ညင္သာစြာ ထိေတြ႕ရင္း ႏူးညံ့ၾကင္နာစြာ နမ္းရႈိက္ေနခဲ့သည္။

သို႔ေသာ္ ခ်န္က်စ္ခ်ဴးက သူ႔အတြက္ အလြန္ဆြဲေဆာင္မႈရွိလြန္းေနသည္။ သံလိုက္ဆြဲငင္အားကဲ့သို႔ ဝင္သက္ထြက္သက္တို႔ ေရာယွက္ကာ ႏႈတ္ခမ္းပါးမ်ား ထိေတြ႕မိ႐ုံျဖင့္ လူကို စြဲလမ္းေစ၏။ ျပန္မလႊတ္ခ်င္ေတာ့ေအာင္ပင္။

တစ္ခဏၾကာၿပီးေနာက္ ပိုင္ရိက ေခါင္းေမာ့ကာ ခ်န္က်စ္ခ်ဴး၏ႏႈတ္ခမ္းမွ ခြာလိုက္သည္။ ရင္ခြင္ထဲမွ ေကာင္ေလးကို ၾကင္နာစြာ ငုံ႔ၾကည့္လိုက္သည့္အခိုက္ ခ်န္က်စ္ခ်ဴး၏ ရဲရဲနီေနေသာ ပါးျပင္ႏွစ္ဖက္ကိုျမင္ၿပီး သူ၏စိတ္ထဲ ေနာင္တရသြားသည္။

ဘာလို႔ ဒီထက္ပိုၾကာေအာင္ မနမ္းခဲ့မိပါလိမ့္..?

အက္ရွေနေသာေလသံကို ဖုံးကြယ္ၿပီး ႏူးညံ့သေလာက္ ဆြဲေဆာင္မႈရွိေသာ ေလသံမ်ိဳးျဖင့္ ေမးသည္။ : “ထပ္လိုခ်င္ေသးလား..?”

“…………”

ခ်န္က်စ္ခ်ဴး၏ နား႐ြက္ဖ်ားမ်ား နီရဲတက္သြားသည္။ သူက ေအာက္ႏႈတ္ခမ္းကိုကိုက္ကာ ခပ္ျမန္ျမန္ေလး ေခါင္းညိတ္ျပ၏။

ပိုင္ရိလည္း ဝမ္းသာသြာသည္။ သို႔ႏွင့္ ေခါင္းထပ္ငုံ႔ရန္အျပဳ ခ်န္က်စ္ခ်ဴး၏ မူလရွက္႐ြံ႕ေနေသာ မ်က္ႏွာေလးက ႐ုတ္ခ်ည္း ေျပာင္းလဲသြားေၾကာင္း သတိျပဳမိလိုက္သည္။ ေကာင္ေလး၏ ခႏၶာကိုယ္က ေတာင္းတင္းသြားၿပီး သူ၏ရင္ခြင္ထဲမွ ႐ုန္းထြက္သြားသည္။ ၿပီးေနာက္ ကပ်ာကယာ လက္ခါယမ္းျပရင္း.. : “မနမ္းနဲ႔ေတာ့… ပိုင္ရိ.. ရပ္ေတာ့..!”

အထိန္းအကြပ္မဲ့လႈပ္ရွားမႈက ၿပီးသြားၿပီလား..?

ပိုင္ရိ၏စိတ္ထဲ အနည္းငယ္ စိတ္ဓာတ္က်သြားသည္။ သို႔ေသာ္ အျပင္မွာေတာ့ ခ်န္က်စ္ခ်ဴး ‘အထိန္းအကြပ္မဲ့လႈပ္ရွားမႈ’ထဲ ေရာက္ေနခဲ့မွန္း မသိေယာင္ေဆာင္၍ အသံခပ္တိုးတိုးျဖင့္ ေမးသည္။ : “ဘာျဖစ္လို႔လဲ..?”

သူ၏အၾကည့္က ထင္ရက္စရာမရွိေအာင္ သန႔္ရွင္းျဖဴစင္ေန၏။ ထိုေၾကာင့္ ခ်န္က်စ္ခ်ဴးခမ်ာ ရွက္႐ြံ႕သြားၿပီး သူ၏ပါးစပ္ကို ကာလိုက္မိသည္။ သူ႔ကိုယ္သူလည္း သတ္ပစ္ခ်င္လာသည္။ အဘယ္ေၾကာင့္ ပိုင္ရိကို ထပ္နမ္းမိေလသနည္း။

ပိုင္ရိကိုေတာ့ လုံးဝသံသယမဝင္ေပ။  သူ႔အေပၚထားရွိေသာ ပိုင္ရိ၏ အေတြးဆႏၵမ်ားကိုလည္း လုံးဝသတိမျပဳမိေပ။ မည္သို႔ဆိုေစ သူကိုယ္တိုင္က ပိုင္ရိအား ‘ဖက္ေပးပါ.. နမ္းေပးပါ..’ ဟူ၍ ေတာင္းဆိုခဲ့သူမဟုတ္ပါလား။

သို႔ေသာ္ ထိုသို႔ေသာ အဓိပၸါယ္မရွိသည့္ ေတာင္းဆိုခ်က္မ်ား ေျပာခဲ့စဥ္က သူ ‘အထိန္းအကြပ္မဲ့လႈပ္ရွားမႈ’ထဲ က်ေရာက္ေနမွန္း ပိုင္ရိ ရိပ္မိလိမ့္မည္ဟု ထင္ခဲ့ဖူးသည္။ ဧကႏၲ ပိုင္ရိက သူ႔ကို ယုံၾကည္လြန္း၍ သူေတာင္းဆိုသမွ်ကို လိုက္ေလ်ာေပးေနျခင္းေလာ။

သူတို႔ နမ္းပင္နမ္းခဲ့သည္။ တျခားေနရာနမ္းရန္ မေတြးမိသည္အထိ ပိုင္ရိက အဘယ္ေၾကာင့္ ႐ိုးေျဖာင့္လြန္းရသနည္း။ ယခုေတာ့ သူ႔ေၾကာင့္ ပိုင္ရိ ညစ္ႏြမ္းရေလၿပီ။

ခ်န္က်စ္ခ်ဴးမွာ သူ႔ကိုယ္သူ သားရဲတစ္ေကာင္လို ခံစားလိုက္ရသျဖင့္ ေအာ္ငိုခ်င္သြားသည္။ သူငယ္ခ်င္းအေပၚ အခြင့္ေကာင္းယူၿပီး ေပါက္ကရလုပ္ခိုင္းမိတာကို ေတြးမိလိုက္တိုင္း…..

ထိုအခိုက္ ပိုင္ရိက ေျပာလာသည္။

“ကိုယ့္အနမ္းက အဲ့ေလာက္ေတာင္ ဆိုးလို႔လား..?” ကိုလူေခ်ာ၏ မ်က္ႏွာအမူအရာက ကူကယ္ရာမဲ့ေနသလို အနည္းငယ္ သနားစရာေကာင္းေနသည္။ သူက ခပ္ျမန္ျမန္ ဆက္ေျပာလသည္။ “ေတာင္းပန္ပါတယ္.. ပထမဆုံး နမ္းဖူးတာမလို႔ပါ.. မင္းကို စိတ္ပ်က္ေအာင္လုပ္မိရင္ တကယ္ေတာင္းပန္ပါတယ္..”

သူ႔ရဲ႕ပထမဆုံးအနမ္းတဲ့..!

ပိုင္ရိရဲ႕ ပထမဆုံးအနမ္းကို သူ တကယ္ႀကီး ခိုးယူလိုက္မိၿပီလား..?!

ခ်န္က်စ္ခ်ဴးခမ်ာ အျမင္အာ႐ုံတစ္ခုလုံး ေမွာင္မိုက္သြားၿပီး ေမ့လဲက်လုမတတ္။ သူ႔ကိုယ္သူ မထိန္းႏိုင္ေအာင္ ယိမ္းယိုင္သြားရ၏။ ပိုင္ရိက သူ႔ကို ၾကမ္းျပင္ေပၚ မလဲက်ေအာင္ အခ်ိန္မီ လွမ္းဆြဲထားႏိုင္ခဲ့သည္။

“နမ္းတာ မေကာင္းလို႔မဟုတ္ပါဘူး.. ဟို… ဟိုေလ.. ခုနတုန္းက အထိန္းအကြပ္မဲ့လႈပ္ရွားမႈထဲ ေရာက္ေနလို႔ ဒီလိုမ်ိဳးေတြ ေတာင္းဆိုမိတာပါ..”

သူ၏မ်က္ႏွာက ျဖဴေဖ်ာ့ေနၿပီး စကားပင္ေျဖာင့္ေအာင္မေျပာႏိုင္ေတာ့ေခ်။

“ကြၽန္ေတာ္ တကယ့္ကို စိတ္မေကာင္းျဖစ္ရပါတယ္.. ကြၽန္ေတာ္က အဲ့လိုအ႐ူးေကာင္ပါဆို.. ခင္ဗ်ားရဲ႕စိတ္ထဲ ကသိကေအာက္ ျဖစ္ေနရင္ ေဒါသေျဖတဲ့အေနနဲ႔ ကြၽန္ေတာ့္ကို စိတ္ႀကိဳက္ျပန္႐ိုက္လို႔ရတယ္.. ၾကမ္းၾကမ္း႐ိုက္ေလ ေကာင္းေလပဲ..!!!”

ခ်န္က်စ္ခ်ဴးခမ်ာ သူ႔ကိုယ္သူ အျပစ္တင္ေနမိသည္။ ေနာင္တမ်ားျဖင့္ ေခါင္းငုံ႔ထားမိရင္း သူ၏မ်က္ဝန္းမ်ားက ငိုခ်ေတာ့မေယာင္ မ်က္ရည္ေဝ့လာသည္။ ပိုင္ရိလည္း သူက်ီစယ္လိုက္တာ လြန္သြားၿပီဟူ၍ စိတ္မေကာင္းျဖစ္သြားသည္။ သို႔ႏွင့္ ခ်န္က်စ္ခ်ဴး၏ေခါင္းကို အသာပုတ္ေပးရင္း ဆံႏြယ္အိအိေလးကို ပြတ္သပ္ကာ ေခ်ာ့ေမာ့လိုက္သည္။

“ဘာမဟုတ္တာေလးကို က်စ္ခ်ဴးရယ္.. ကိုယ္ စိတ္မဆိုးဘူးေနာ္.. အဲတာေၾကာင့္ ဝမ္းမနည္းနဲ႔ေတာ့..”

အဲ့ေလာက္ႀကီး စိတ္ထဲမထားပါနဲ႔..!

ပိုင္ရိ ရယ္ခ်င္လာသည္။ သူ၏စိတ္ထဲ ေပ်ာ္႐ႊင္ေနသလို ကူကယ္ရာမဲ့ေန၏။ က်စ္ခ်ဴးက သူ႔ကို အလြန္ဂ႐ုစိုက္သျဖင့္ ေပ်ာ္ေနမိေသာ္လည္း ေကာင္ေလး၏အေတြးထဲတြင္ အေစာပိုင္းက လုပ္ရပ္အတြက္ ေနာင္တမ်ားသာ ႀကီးစိုးေနသည္။ သူ၏အနမ္းေၾကာင့္ စိုးစဥ္းမွ် စိတ္လႈပ္ရွားပုံမေပၚေခ်။ ထားလိုက္ပါေတာ့… သူ႔ကို မျငင္းပယ္သည္ကပင္ လုံေလာက္ေနေခ်ၿပီ။ အလြန္အမင္း ေလာဘႀကီးမေနသင့္ေပ။

ပိုင္ရိက ခ်န္က်စ္ခ်ဴးကို ေႏြးေႏြးေထြးေထြး‌ ႏွစ္သိမ့္ေပးသည္။ ထိုအျပဳအမူက ခ်န္က်စ္ခ်ဴးကို စိတ္လႈပ္ရွားေစၿပီး ရွက္႐ြံ႕မႈႏွင့္ ေနာင္တစိတ္မ်ား လြင့္ျပယ္သြားရသည္။

ပိုင္ရိ၏ ႏူးညံ့ေႏြးေထြးေသာ အၾကည့္ေၾကာင့္ ခ်န္က်စ္ခ်ဴးမွာ အေစာပိုင္းကအနမ္းကို ျပန္ေတြးမိၿပီး မ်က္ႏွာပူလာျပန္၏။ ပိုင္ရိသာ မိန္းကေလးဆိုလွ်င္… သို႔တည္းမဟုတ္ သူသာ မိန္းကေလးဆိုလွ်င္ ပိုင္ရိအေပၚ ခံစားခ်က္ရွိလာႏိုင္သည္ဟု မေတြးမိဘဲ မေနႏိုင္ေအာင္ပင္။ သို႔ေသာ္ သူတို႔ႏွစ္ေယာက္လုံး မိန္းကေလးမဟုတ္တာ ႏွေျမာစရာေကာင္း…

…. ဟမ္..? သူက ဘာလို႔ႏွေျမာေနတာလဲ..???

“ခ်န္က်စ္ခ်ဴး..! ပိုင္ရိ..!”

ထိုအခိုက္ သူတို႔၏နာမည္ကို တစ္စုံတစ္ေယာက္က ေအာ္ေခၚလာသည္။ ခ်န္က်စ္ခ်ဴး လွည့္ၾကည့္လိုက္ေသာအခါ ခုန္ေပါက္ေျပးလာေသာ ဝက္ဝံ႐ုပ္ေလးကို ျမင္လိုက္ရသည္။ သူ႔ကိုျမင္သည္ႏွင့္ ဝက္ဝံ႐ုပ္ေလး၏ မ်က္လုံးဝိုင္းမ်ား ေတာက္ပသြားၿပီး ရင္ဘတ္ထဲ ခုန္ဝင္လာသည္။ ဝက္ဝံ႐ုပ္ေလး၏ အေနာက္မွာေတာ့ က်ီယြင္ေရွာင္ႏွင့္ က်န္လူမ်ား ေျပးလိုက္လာၿပီး သူတို႔၏နာမည္ကို ေအာ္ေခၚေနသူက မုန႔္ခယ္ပင္ ျဖစ္သည္။

“နင္တို႔ ဘာမွမျဖစ္တာ ေတာ္ေသးတာေပါ့..!”

မုန႔္ခယ္က အလြန္ေပ်ာ္႐ႊင္ေနေလသည္။ မုန႔္ရွင္းႏွင့္ က်ီယြင္ေရွာင္ကလည္း ၿပဳံးျပလာသည္။

သူတို႔သုံးေယာက္လုံး အႏၲရာယ္ကင္းတာကို ျမင္လိုက္ရေတာ့ ခ်န္က်စ္ခ်ဴးလည္း စိတ္ရင္းျဖင့္ ေပ်ာ္႐ႊင္မိ၏။ ေစာေစာက အေတြးမ်ားကိုလည္း ခ်က္ခ်င္း ေမ့ေလ်ာ့သြားသည္။ ပိုင္ရိတစ္ဦးတည္းသာ အၿပဳံးေပ်ာက္ၿပီး မ်က္ႏွာေသျဖင့္ ျဖစ္သြားသည္။

“ရွင္တို႔ Boss ကို သတ္လိုက္တာမလား..? အရမ္းေတာ္တာပဲ.. ကြၽန္မဆို သူ႔ေရွ႕ေရာက္တုန္းက ေၾကာက္လြန္းလို႔ လႈပ္ေတာင္မလႈပ္ရဲဘူး.. ရွင္တို႔ကေတာ့ ေအာင္ေအာင္ျမင္ျမင္ သတ္ႏိုင္ခဲ့တယ္..”

မုန႔္ခယ္က စိတ္လႈပ္ရွားစြာ ေျပာလာသည္။ တျခားလူမ်ားလည္း စကားစျမည္ေျပာရင္း ခ်န္က်စ္ခ်ဴးက Boss ကို ရွင္းႏိုင္လိုက္တာ ျဖစ္ေၾကာင္း သိသြားသည္။ ညီအစ္မႏွစ္ေယာက္က အားက်ေသာ မ်က္ဝန္းမ်ားျဖင့္ သူ႔ကို စိုက္ၾကည့္လာၿပီး အားပါးတရ ခ်ီးမြမ္းေနၾကသျဖင့္ ခ်န္က်စ္ခ်ဴးမွာ အနည္းငယ္ ရွက္႐ြံ႕လာရသည္။

သူတို႔မသိတာက သူ ရွဲ႕ယြမ္ဟြိဳင္ကို သတ္လိုက္တာမဟုတ္ဘူး.. နမ္းလိုက္တာဟ..!

“ဒီတစ္ေခါက္ေတာ့ ထင္းရႉးသီးေလးကို ေက်းဇူးတင္ရမွာပဲ.. သူ႔ဆီက အမ်ားႀကီး အကူအညီရခဲ့တယ္..”

မုန႔္ခယ္က ခ်န္က်စ္ခ်ဴးကို ၿပဳံး၍ေျပာသည္။ : “ရွင့္ရဲ႕ Forum ID ေလး ေပးပါလား.. အျပင္ေရာက္ရင္ အခ်င္းခ်င္း Friend Add ထားလို႔ ရေအာင္ေလ.. ဖုန္းနံပါတ္ေပးႏိုင္ရင္ေတာ့ ပိုေကာင္းတာေပါ့.. ထင္းရႉးသီးေလးကို ၾကက္ေၾကာ္ဝယ္ေကြၽးမယ္လို႔ ကတိေပးထားလို႔..”

“ကြၽန္ေတာ့္ ID က ‘Freshly Squeezed Orange Juice’ ပါ..” ခ်န္က်စ္ခ်ဴးက မ်က္ေတာင္ခတ္ကာ.. “ဒါေပမဲ့ ၾကက္ေၾကာ္ကိစၥကို စိတ္ထဲထားမေနနဲ႔ေတာ့.. ကြၽန္ေတာ္တို႔ေတြ ၿမိဳ႕မတူေလာက္ဘူးေလ..”

“ကိစၥမရွိပါဘူး.. ရွင္ေနတဲ့ၿမိဳ႕က ၾကက္ေၾကာ္ဆိုင္တစ္ခုခုမွာ ရင္းႏွီးျမႇဳပ္ႏွံလိုက္႐ုံပဲ..” မုန႔္ခယ္က ရယ္လိုက္ရင္း.. “ပိုက္ဆံရွိရင္ ဘာမဆိုျဖစ္တယ္..”

လက္စသတ္ေတာ့ ဒီႏွစ္ေယာက္က ခ်မ္းသာတဲ့ အလွေလးေတြပါလား..?

ထိုႏွစ္ေယာက္၏ ေပါ့ေပါ့ပါးပါး ေျပာလိုက္ဟန္ကိုၾကည့္ရင္း ခ်န္က်စ္ခ်ဴးမွာ ငုတ္တုတ္ေမ့သြားသည္။ ႐ုတ္တရက္ သူ၏ခႏၶာကိုယ္မွ လူဆင္းရဲနံ႔ပင္ ထြက္လာသေယာင္ ခံစားလိုက္ရသည္။

“ကြၽန္မရဲ႕ ID က ‘မုန႔္ခယ္ခယ္..’ ညီမေလးက ‘မုန႔္ရွင္းရွင္း..’ အိပ္မက္ဆိုတဲ့ စကားလုံးထဲက ‘မုန႔္’ေနာ္..”

မုန႔္ခယ္က တစ္ခဏေတြးၿပီး ပိုင္ရိဘက္ကို လွည့္ကာ.. : “ပိုင္ရိ.. ရွင့္ရဲ႕ ID ကေရာ..? Friend Add ၾကရေအာင္ေလ..”

ပိုင္ရိက အၿပဳံးယဲ့ယဲ့ျဖင့္.. : “ကြၽန္ေတာ္က Death Mode ဖြင့္ထားတာ.. ဖိုရမ္ေရာ ဖုန္းေရာ သုံးလို႔မရဘူး..”

“Death Mode ဖြင့္ထားတာလား..?”

မုန႔္ညီအစ္မေရာ က်ီယြင္ေရွာင္ပါ အံ့အားသင့္သြားသည္။ ခ်န္က်စ္ခ်ဴးကေတာ့ ပိုင္ရိကို မေနႏိုင္ေအာင္ လွည့္ၾကည့္လိုက္မိ၏။

ပိုင္ရိ ဖိုရမ္သုံးႏိုင္မွန္း သူသိေနသည္။ ဖိုရမ္ကို သုံးႏိုင္႐ုံသာမက တစ္ခ်ိန္လုံးနီးပါးပင္ သုံးႏိုင္ေသးသည္။ သူ စာပို႔လိုက္တိုင္းလည္း စကၠန႔္ပိုင္းအတြင္း ျပန္ပို႔တတ္သည္။ သို႔ေသာ္ တျခားလူမ်ားႏွင့္ အဆက္အသြယ္မလုပ္ခ်င္ေသာေၾကာင့္ ထိုသို႔ျပန္ေျဖလိုက္တာ ျဖစ္ႏိုင္သည္။ အေၾကာင္းအရင္းကို မသိေသာ္လည္း သူက ထိုအေၾကာင္းကို ထုတ္ေျပာမည္မဟုတ္ေပ။

သို႔ေသာ္ ေသေသခ်ာခ်ာေတြးၾကည့္လွ်င္ ပိုင္ရိသည္ သူမွလြဲ၍ တျခားလူမ်ားအေပၚ အနည္းငယ္ ေအးတိေအးစက္ႏိုင္သည္။

ခ်န္က်စ္ခ်ဴးတစ္ေယာက္ ေမးေစ့ပြတ္ရင္း အေတြးမ်ားေန၏။ ပိုင္ရိက တျခားလူမ်ားႏွင့္လည္း သိပ္စကားမေျပာေပ။ နည္းနည္းေလး ထူးဆန္းေနသလို ခံစားေနရေသာ္ျငား သူ၏စိတ္ထဲ ေပ်ာ္႐ႊင္ေနမိသည္။ မည္သို႔ဆိုေစ သူ႔ကို အထူးတလည္ ဆက္ဆံေပးေနျခင္းျဖစ္ရာ ဦးစားေပးခံရတာကို မႀကိဳက္သူဟူ၍ မည္သူရွိမည္နည္း။

မုန႔္ညီအစ္မလည္း အနည္းငယ္ အံ့ဩသြားသည္။ သူတို႔က ဆက္ေမးခ်င္ေသးေသာ္လည္း ပိုင္ရိက ဆက္မေျပာခ်င္ေတာ့သလို အၾကည့္လႊဲသြားသျဖင့္ သူတို႔ကိုယ္သူတို႔ ျပန္ထိန္းထားလိုက္ရသည္။

ထူးျခားခ်က္တစ္ခုကို သတိထားမိလိုက္သည္။ ပိုင္ရိႏွင့္ ခ်န္က်စ္ခ်ဴးက အခ်င္းခ်င္း သိကြၽမ္းတယ္ဆိုတာ သိသာေနသည္။ ပိုင္ရိသာ ‘Death Mode’ ဖြင့္ထားလွ်င္ ခ်န္က်စ္ခ်ဴးကို Friend Add ႏိုင္မည္မဟုတ္။ ထို႔ေၾကာင့္ အဆက္အသြယ္လည္း ရွိမည္မဟုတ္ေပ။ သို႔ျဖစ္ရာ Instance တစ္ခုထဲ အဘယ္သို႔ အတူတူဝင္လာႏိုင္မည္နည္း။

ဧကႏၲ အထူးနည္းလမ္းတစ္ခုခု ရွိေနတာမ်ားလား..?

ထိုသို႔ေတြးလိုက္မိသျဖင့္ ဘာမွဆက္မေျပာေတာ့ေပ။ ဂိမ္း၏ Marketplace တြင္ ဆန္းၾကယ္သည့္ ပစၥည္းမ်ားစြာ ရွိသည့္အတြက္ ထိုသို႔ေသာ Function တစ္ခု ပိုင္ဆိုင္ထားသည္မွာ အထူးအဆန္းမဟုတ္ေပ။

“ကြၽန္ေတာ့္ ID က Chameleon..” က်ီယြင္ေရွာင္က ရွက္အမ္းအမ္းျဖင့္ ေျပာလာသည္။ “အဂၤလိပ္လိုပဲေရးတာ.. ပုတ္သင္ညိဳဆိုတဲ့ အဓိပၸါယ္ပါ..”

“ကြၽန္မတို႔နဲ႔ Friend Add မလို႔လား..?”

ညီအစ္မႏွစ္ေယာက္၏ မ်က္ဝန္းမ်ား အေရာင္ေတာက္လာ၏။ သူတို႔၏စိတ္ထဲတြင္ က်ီယြင္ေရွာင္က သူ၏ ID ကို ယခုလို ေျပာျပလာမည္ဟု လုံးဝမေမွ်ာ္လင့္ထားေပ။ ဂိမ္း၏ Forum ID ျဖစ္ေစကာမူ တစ္ေန႔ သူတို႔၏ Idol ႏွင့္ အဆက္အသြယ္ျပဳႏိုင္လိမ့္မည္ဟု တကယ္ကို မထင္ထားခဲ့ေပ။

က်ီယြင္ေရွာင္၏ ID ကို ေမးျမန္းခဲ့စဥ္က တာ့ေကာင္း၏ ဝင္ေရာက္စြက္ဖက္မႈေၾကာင့္ မရလိုက္ေပ။ ထိုအတြက္ေၾကာင့္ ေသြးေအးၾကမ္းၾကဳတ္သည့္ ထိုသက္ေတာ္ေစာင့္ႀကီးကို မုန္းတီးမိေသာ္လည္း ယခုေတာ့ သူ မရွိေတာ့ေပ။ သူတို႔၏စိတ္ထဲတြင္ အနည္းငယ္ ဝမ္းနည္းလာသည္။

က်ီယြင္ေရွာင္၏ ID နာမည္အတြက္ေတာ့ သူတို႔ နားလည္ႏိုင္ပါသည္။ က်ီယြင္ေရွာင္က မည္သို႔တိရစာၦန္ကိုမဆို ၾကင္နာတတ္ေသာ္လည္း သူအႀကိဳက္ဆုံးတိရစာၦန္က ေၾကာင္၊ သို႔မဟုတ္ ေခြးမဟုတ္ဘဲ ေသြးေအးသတၱဝါျဖစ္သည့္ ပုတ္သင္ညိဳျဖစ္ေနသည္မွာ အေတာ္ေလး စိတ္ဝင္စရာေကာင္းေပသည္။

ေရွာင္ေရွာင္၏ အမူအက်င့္အရ ေၾကာင္၊ သို႔မဟုတ္ ေခြးေလးမ်ားႏွင့္ ပိုၿပီးကိုက္ညီသလို ခံစားရေသာ္လည္း ေရွာင္ေရွာင္၏ ကိုယ္ပိုင္ေ႐ြးခ်ယ္မႈကို သူတို႔ ေလးစားရမည္ျဖစ္သည္။

ပိုင္ရိမွလြဲ၍ က်န္သူအားလုံး ID လဲလွယ္ၿပီး Instance ထဲမွမထြက္ခင္ Friend Add လိုက္ၾကသည္။ ဤ Instance အတြက္ Strategy Guide ကို ဘယ္သူေရးသင့္သလဲဆိုတာကေတာ့ အျပင္ေရာက္မွ ဆက္ေျပာရန္ ဆုံးျဖတ္လိုက္ၾကသည္။ ေလာေလာဆယ္ အိမ္ျပန္ၿပီး အနားယူခ်င္ေနၾကေခ်ၿပီ။

“အခြင့္အေရးရရင္ ေနာက္ Instance မွာ ထပ္ဆုံခ်င္ပါေသးတယ္..”

မုန႔္ခယ္က ဝက္ဝံ႐ုပ္ေလးကို မ်က္လုံးမွိတ္ျပၿပီး.. : “ၾကက္ေၾကာ္ေကြၽးမယ္လို႔ ကတိေပးထားတာ မေမ့ဘူးေနာ္..!”

“အ… ဝူး..” ဝက္ဝံ႐ုပ္ေလးက ႐ႊင္ျမဴးတက္ႂကြစြာ တုံ႔ျပန္သည္။

“သြားၾကရေအာင္..”

ေဆး႐ုံထဲမွထြက္သြားေသာ က်ီယြင္ေရွာင္ႏွင့္ မုန႔္ညီအစ္မကိုၾကည့္ရင္း ခ်န္က်စ္ခ်ဴးက ပိုင္ရိဘက္လွည့္ကာ ေျပာလိုက္သည္။

“ေကာင္းၿပီ..” ပိုင္ရိက ေခါင္းအသာငုံ႔ကာ သူ႔ကို ငဲ့ၾကည့္လာသည္။ သူ၏ႏႈတ္ခမ္းေထာင့္က မသိမသာ ေကာ့တက္သြားၿပီး အၿပဳံးရိပ္တစ္ခု ျဖစ္တည္လာသည္။ ထို႔ေနာက္ တမင္က်ီစယ္ကာ.. “ဟုတ္သားပဲ.. က်စ္ခ်ဴး ခုနကကိစၥကို ေတြးမေနနဲ႔ေတာ့ေနာ္..”

“!!!”

သတိမေပးတာမွ ပိုေကာင္းဦးမည္။ ထိုသို႔ေျပာလိုက္သည့္အခိုက္ ခ်န္က်စ္ခ်ဴးမွာ သူ၏ေခါင္းေပၚမွ ေရေႏြးေငြ႕မ်ား တိုးထြက္လာသလို ခံစားလိုက္ရ၏။ မ်က္ႏွာတစ္ျပင္လုံး ရဲရဲနီသြားၿပီး အေတာ္ၾကာသည္အထိ ဘာမွျပန္မေျပာႏိုင္ရွာေပ။

ပိုင္ရိမွာ သူ စေနာက္လိုက္တာ လြန္သြားမည္စိုး၍ ခ်က္ခ်င္း ျပန္ေခ်ာ့လိုက္ရသည္။ ေနာက္ဆုံးတြင္ သူက ေျပာသည္။ : “သြားရေအာင္.. ကိုယ့္ကို ဆက္သြယ္ဖို႔ မေမ့နဲ႔ေနာ္.. ေနာက္ Instance မွာ ေတြ႕မယ္..”

“…….. အိုေက..”

ခ်န္က်စ္ခ်ဴးမွာ သူ႔ကို ေမာ့မၾကည့္ရဲေပ။ ေခါင္းငုံ႔ၿပီး ခပ္တိုးတိုးေလးသာ ျပန္ေျဖခဲ့သည္။ ထို႔ေနာက္ ေဆး႐ုံအျပင္သို႔ ထြက္ကာ ျပင္ပေလာကသို႔ ျပန္လာခဲ့လိုက္သည္။

သူ၏အသိစိတ္တစ္ခုလုံး တစ္ခဏမွ် ေမွာင္မိုက္သြားၿပီး အနည္းငယ္ မူးေဝလာသလို ခံစားလိုက္ရ၏။ အႀကိမ္ေရအနည္းငယ္ခန႔္ မ်က္ေတာင္ခတ္ၿပီးေနာက္ သူ၏အိပ္ခန္းထဲ ျပန္ေရာက္ေနေၾကာင္း ေတြ႕လိုက္ရသည္။ အခန္းက လင္းထိန္ေနၿပီး ေႏြးေထြး႐ိုးရွင္းသည့္ ခံစားခ်က္တို႔ ေပးစြမ္းေနသျဖင့္ ခ်က္ခ်င္းဆိုသလို စိတ္ေပါ့ပါးသြားရသည္။

“ဝူး..?”

ဝက္ဝံ႐ုပ္ေလးသည္ အက်ႌအိပ္ကပ္ထဲမွ ကုပ္တက္လာၿပီး အခန္းတစ္ခုလုံးကို စပ္စုေန၏။ ၿပီးေနာက္ အေတာ္ေလး စိတ္ေက်နပ္သြားဟန္ျဖင့္ အိပ္ရာေပၚသို႔ ခုန္တက္မည္အျပဳ ခ်န္က်စ္ခ်ဴးက လွမ္းဆြဲထားလိုက္သည္။

“မရဘူးေနာ္ ထင္းရႉးသီးေလး.. ေရခ်ိဳးၿပီးမွ အိပ္ရာေပၚ တက္ရမယ္..” သူက ဝက္ဝံ႐ုပ္ေလး၏ ႏွာေခါင္းကို တို႔လိုက္သည္။ ဝက္ဝံ႐ုပ္ေလးမွာ နား႐ြက္ကုတ္သြားၿပီး လိမ္လိမ္မာမာျဖင့္ ေခါင္းညိတ္ျပလာသည္။

“ဒါေပမဲ့ ငါ့ရဲ႕အက်ႌလည္း အရမ္းညစ္ပတ္ေနၿပီ..”

ခ်န္က်စ္ခ်ဴးက သူ၏အက်ႌကို ငုံ႔ၾကည့္လိုက္သည္။ သူ၏အက်ႌေပၚမွ က်ီယြင္ေရွာင္၏ မ်က္ႏွာကို ျမင္လိုက္ရသည့္အခိုက္ မ်က္ႏွာပ်က္သြားသည္။

Oh No… အခုမွသတိရတယ္။ Instance ထဲမဝင္ခင္ သူ႔ညီမေလးက ဓာတ္ပုံ႐ိုက္ေပးဖို႔ အကူအညီေတာင္းခဲ့တာပဲ။ ဖုန္းလာလို႔ အျပင္ထြက္ေျပာေနတာ။ ျပန္ေရာက္လာတဲ့အခ်ိန္ သူမရဲ႕အဖိုးတန္အက်ႌေလး ညစ္ပတ္ေနတာကိုေတြ႕ရင္ သူ႔ကို က်ိန္းေသေပါက္ သတ္ေတာ့မွာပဲ..!!!

[ ျပႆနာမရွိပါဘူး။ Marketplace မွာ ‘သန႔္ရွင္းေရးဝန္ေဆာင္မႈ’ဆိုၿပီး ရွိတယ္။ Surival Points x 10 သုံးၿပီး အက်ႌ ၁၀  ထည္ ေလွ်ာ္လို႔ရတယ္။ အက်ႌခြၽတ္စရာေတာင္ မလိုဘူး။ တစ္ခါတည္း သန႔္ရွင္းသြားမွာ။ ခ်က္ခ်င္း သြားဝယ္လို႔ရတယ္ေနာ္။ ]

[ အဲလိုဝန္ေဆာင္မႈမ်ိဳး တကယ္ႀကီး ရွိတာလား..? ]

ခ်န္က်စ္ခ်ဴးက အံ့ဩတႀကီးျဖင့္ အေျပးသြားဝယ္လိုက္သည္။ ခ်က္ခ်င္းဆိုသလို သူ၏တီရွပ္က သန႔္ရွင္းသြားသည္။ သို႔ေသာ္ ကံမေကာင္းသည္က အက်ႌတစ္ထည္ေဈးႏွင့္ အက်ႌဆယ္ထည္ေဈးက အတူတူပင္ျဖစ္၍ Survival Points x 10 သုံးလိုက္ရသည္။

[ ဒါေပါ့။ Marketplace မွာ ဝန္ေဆာင္မႈအမ်ိဳးမ်ိဳး ရွိတယ္။ မဟုတ္ရင္ ‘Death Mode’ ဖြင့္ထားတဲ့လူေတြက အျပင္မွမထြက္ႏိုင္တာ။ ညစ္ပတ္ေနတဲ့ အက်ႌေတြပဲ ဆက္ဝတ္ေနရမွာေပါ့.. မဟုတ္ဘူးလား..? ]

[ ဟုတ္သားပဲ…]

ခ်န္က်စ္ခ်ဴးက ပိုင္ရိကိုေတြးၿပီး ေခါင္းညိတ္ျပလိုက္သည္။ ပိုင္ရိကိုေတြ႕တိုင္း သန႔္ရွင္းသပ္ရပ္ေနၿပီး သူ႔ကို ေပြ႕ဖက္ထားလွ်င္ ရနံ႔သင္းသင္းေလး…

ဖာခ့္… မဟုတ္ေသးပါဘူး.. ဘာလို႔ အဲ့ကိစၥေတြ ေလွ်ာက္ေတြးေနျပန္တာလဲ..? ထပ္မေတြးနဲ႔ေတာ့..!

ခ်န္က်စ္ခ်ဴး၏ နား႐ြက္ဖ်ားမ်ား နီရဲတက္လာၿပီး ကပ်ာကယာ ေခါင္းယမ္းလိုက္မိသည္။ ၿပီးေနာက္ အိတ္ထဲမွ က်ီယြင္ေရွာင္အ႐ုပ္ကိုထုတ္ၿပီး ဘာမွမျဖစ္သလို ျပဳမူေနလိုက္သည္။

ခုတင္ေပၚ ျပန္ထိုင္လိုက္႐ုံသာ ရွိေသးသည္၊ သူ၏ညီမေလး ခ်န္လင္းလင္းက ဖုန္းကိုင္၍ ျပန္ဝင္လာ၏။ ၿပီးေနာက္ ထူးဆန္းေနသည့္ မ်က္ႏွာထားျဖင့္ သူ႔ကို ဖုန္းကမ္းေပးကာ တြန႔္ဆုတ္တြန႔္ဆုတ္ ေျပာလာသည္။ : “အစ္ကို… အစ္ကိုကိုင္လိုက္.. အစ္ကို႔ကိုဆက္တာ..”

“ငါ့ကိုလား..?”

ခ်န္က်စ္ခ်ဴးသည္ အံ့အားသင့္သြားၿပီး ဖုန္းလက္ခံလိုက္သည္။ သူ႔ႏွင့္ေျပာခ်င္တာဆိုလွ်င္ အဘယ္ေၾကာင့္ သူ၏ဖုန္းကို မဆက္သနည္း။

ဖုန္းမ်က္ႏွာျပင္ေပၚမွ ဖုန္းေခၚသူ ID ကို တစ္ခ်က္ၾကည့္လိုက္ရာ နာမည္က အေတာ္ေလး ထူးဆန္းေနသည္။

‘ဘယ္သူလဲဆိုတာ မင္းသိပါတယ္..’ တဲ့…

ဒီလူက ဘယ္သူပါလိမ့္..? သူေရာ လင္းလင္းကိုပါ သိေနတာလား..?

ခ်န္က်စ္ခ်ဴးလည္း နားမလည္ႏိုင္ျဖစ္ေနေတာ့သည္။ သို႔ႏွင့္ ဖုန္းကို နား႐ြက္နားေျမႇာက္လိုက္ၿပီး.. : “ဟယ္လို..?”

“……….”

တစ္ဖက္လူသည္ တစ္ခဏမွ် အသံတိတ္ေန၏။ ထို႔ေနာက္ လူငယ္တစ္ဦး၏ ညႇိဳ႕ဓာတ္ျပင္းေသာ ေလသံမ်ိဳး ထြက္ေပၚလာသည္။

“……..ခ်န္ခ်န္.. စကားမေျပာျဖစ္တာၾကာၿပီ.. ေနေကာင္းလား..?”

ခ်န္က်စ္ခ်ဴး၏ မ်က္ႏွာအမူအရာက ခ်က္ခ်င္း ေျပာင္းလဲသြားၿပီး ဖုန္းခ်ပစ္လိုက္သည္။ သို႔ေသာ္ ဖုန္းက ထပ္ျမည္လာျပန္သည္။ သူ မည္မွ်ဖုန္းခ်ပစ္ပါေစ၊ ထပ္တလဲလဲ ဖုန္းဆက္ေနေတာ့သည္။

ခ်န္လင္းလင္းက အနည္းငယ္ ကူကယ္ရာမဲ့ေနဟန္ျဖင့္ ခပ္တိုးတိုးေလး ေျပာလာသည္။ : “အစ္ကို ဖုန္းကိုင္ၿပီး ေျပရာေျပေၾကာင္း ေျပာလိုက္ပါလား.. အစ္ကို သူ႔ကို ဘေလာ့ထားကတည္းက ညီမေလးဆီ ေတာက္ေလွ်ာက္ဆက္ေနတာ.. အစ္ကို ဖုန္းမကိုင္ရင္ ထပ္ဆက္ေနလိမ့္မယ္..”

ခ်န္က်စ္ခ်ဴး၏ မ်က္ႏွာထားက ပို၍တင္းမာလာသည္။ ဖုန္းထပ္ျမည္လာခ်ိန္တြင္ သူက ဖုန္းကိုင္ၿပီး ေအးတိေအးစက္ ေျပာလိုက္သည္။

“ကုက်န္း.. မင္း ဘာျဖစ္ခ်င္ေနတာလဲ..? လင္းလင္းဆီ ထပ္မေခၚနဲ႔.. ငါ့ကိုလည္း လာမရွာနဲ႔.. မင္းမ်က္ႏွာကို ထပ္မျမင္ခ်င္ဘူး..”

“မင္းရဲ႕ညီမေလးဆီ ဖုန္းေခၚမိတဲ့အတြက္ တကယ္ကို ေတာင္းပန္ပါတယ္.. ကိုယ့္မွာ တျခားရည္႐ြယ္ခ်က္မရွိပါဘူးကြာ.. မင္းသာ ကိုယ့္ဖုန္းကိုကိုင္ရင္ ညီမေလးဆီ ထပ္မဆက္ေတာ့ဘူး..”

တစ္ဖက္မွ ‘ကုက်န္း’ဆိုသူသည္ တစ္ခဏမွ် တိတ္ဆိတ္သြားၿပီးေနာက္ ဆက္ေျပာလာသည္။ : “ခ်န္ခ်န္.. ကိုယ့္ကို စိတ္ဆိုးေနတုန္းလား..? လမ္းခြဲခ်င္ေနတုန္းလား..?”

“လမ္းခြဲခ်င္တာမဟုတ္ဘူး.. ငါတို႔ႏွစ္ေယာက္က ဘာမွကို မပတ္သက္ေတာ့တာ..” ခ်န္က်စ္ခ်ဴးက ေအးတိေအးစက္ ေျပာသည္။ : “ၿပီးေတာ့ တစ္ခါမွေတာင္ ခ်ိန္းေတြ႕ဖူးတာမဟုတ္ဘူး.. အဲတာကို တြဲေနတယ္လို႔ မင္းက သတ္မွတ္ထားတာလား..?”

“ေတာင္းပန္ပါတယ္.. မင္းကို လိမ္ခဲ့မိတာ ကိုယ့္အမွားပါ..”

ကုက်န္း၏အသံက အက္ရွၿပီး ႏူးညံ့သည္။ သူက စကားလမ္းေၾကာင္းေျပာင္းကာ ေလးေလးနက္နက္ ေျပာလာသည္။

“ဒါေပမဲ့ ခ်န္ခ်န္.. ကိုယ္ မင္းကို သေဘာက်တယ္.. တကယ္ သေဘာက်တာပါ..”

“အဲတာေၾကာင့္ ကိုယ္ မင္းကို လက္ေလ်ာ့မွာမဟုတ္ဘူး..”

“မင္းနဲ႔ လမ္းခြဲေပးမွာမဟုတ္ဘူး..”

***

ပိုင္ရိ၏ ဒိုင္ယာရီမွတ္တမ္း (32)

ငါ က်စ္ခ်ဴးကို လိမ္ေျပာခဲ့တာမဟုတ္ဘူး။ တကယ့္ကို ပထမဦးဆုံးအနမ္းပါ။

သူကလြဲၿပီး တျခားဘယ္သူ႔ကိုမွ နမ္းမွာမဟုတ္ဘူး။

တစ္ခါမွမနမ္းဖူးေပမယ့္ ငါ့ရဲ႕အနမ္းစေကးက အရမ္းေကာင္းတယ္လို႔ ထင္တာပဲ။ ငါနဲ႔နမ္းရတာကို က်စ္ခ်ဴး သေဘာက်တယ္လို႔ပဲ သတ္မွတ္လိုက္ေတာ့မယ္။

…………………………………….

Продолжить чтение

Вам также понравится

58.3K 8.2K 27
This is just a fan translation.I don't own this novel.All Credit to Original Author & Eng Translator \^•^/ Title - the emperor's favorite concubine i...
25K 2.1K 20
Name : 我家小朋友 /My Little One Author : Flightless Bo-chan (不会飞的菠酱) Chapter : 6 English Translator : Sushi Editors: Yappers I'm not own this novel. I cr...
759K 115K 196
Author(s) - Metasequoia 水杉 Mm translator - Dora_lucy Total chapter - 90 Chapters Start date - 26.7.2021 I don't own thi...
528K 84.4K 115
Both Unicode and Zawgyi are available! Title - 穿越之灵植师 Author - Ye Yiluo (叶忆落) Type - Web Novel (CN) Status in COO - 397 chapters (Complete) Origina...