အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ...

By FlowerRainButterfly

1.5M 190K 3.7K

အမျိုးသားကိုယ်ဝန်ဆောင် "ကော"များပါဝင်သည်။ အမ်ိဳးသားကိုယ္ဝန္ေဆာင္ "ေကာ"မ်ားပါဝင္သည္။ More

အပိုင်း (၁) ချိုမြိန်သောမျှစ်လေးများ
စွမ်းရည်ပြည့်ဝသောမုဆိုးကြီးနှင့် ရစ်ငှက်လေးများ
မုဆိုးကြီးနဲ့တောဝက်ကြီးနှစ်ကောင်
မုဆိုးကြီးနှင့်တောဝက်ကြီးနှစ်ကောင်-2
မုဆိုးကြီးနှင့်တောဝက်ကြီးနှစ်ကောင်-3
တောဝက်ကြီးများအားရောင်းရန် ဆိပ်ကမ်းမြို့သို့အလည်တစ်ခေါက်
တောဝက်ကြီးများအားရောင်းရန် ဆိပ်ကမ်းမြို့သို့အလည်တစ်ခေါက်-2
တောဝက်ကြီးများအားရောင်းရန် ဆိပ်ကမ်းမြို့သို့အလည်တစ်ခေါက်-3
တောဝက်ကြီးများအားရောင်းရန် ဆိပ်ကမ်းမြို့သို့အလည်တစ်ခေါက်-4
မုဆိုးကြီး၏ ပြည့်တန်ဆာအိမ်အားဖောက်ထွင်းမှု
အပိုင်း (၁၁) မုဆိုးကြီး၏ စျေးဝယ်ထွက်ခြင်း
အပိုင်း (၁၂) တစ်ချိန်က အမှိုက်ကောင်ကပြောင်းလဲသွားပြီတဲ့
မုဆိုးကြီးပြောတဲ့ ကျိုးရှီနဲ့စုရှီတို့အကြောင်း
မုဆိုးကြီးအိမ်ကစားသောက်ပွဲ
မုဆိုးကြီးအိမ်ကစားသောက်ပွဲ-2
ရှောင်မိန်ပါဝင်သော ဆိပ်ကမ်းမြို့ကမိသားစုခရီးစဥ်
အပိုင်း (၁၇)
အပိုင်း (၁၈)
အပိုင်း (၁၉)
အပိုင်း (၂၀)
အပိုင်း (၂၁) မုဆိုးကြီး၏ နေအိမ်ဖောက်ထွင်းခံရမှု
လဲ့ရှီနှင့်ရှောင်အိမ်၏အရှက်မဲ့မှု
ရုံးတော်၏စီရင်ချက်
ရုံးတော်၏စီရင်ချက် -2
ရုံးတော်၏စီရင်ချက် -3
အပိုင်း (၂၆)
အပိုင်း (၂၇)
ရှောင်ဟန်ကဆံထိုးလေးကိုဖွတ်ထားတယ်
မုဆိုးကြီး၏ငွေသုံးကြမ်းမှုပေါက်ကြားခြင်း
မုဆိုးကြီး၏နွေးထွေးသောမိသားစု
အပိုင်း (၃၁)
အပိုင်း (၃၂)
မုဆိုးကြီးအိမ်သို့ရောက်ရှိလာတဲ့ မဖိတ်ခေါ်ထားသောဧည့်သည်များ
အပိုင်း (၃၄)
အပိုင်း (၃၅)
အပိုင်း (၃၆)
အပိုင်း (၃၇) ချောင်ရန်၏အလည်ပတ်ရောက်ရှိလာမှု
အပိုင်း (၃၈) စံပါယ်ပင်လေးသုံးပင်
💖Chibi💖
မုဆိုးကြီးအိမ်သို့ အသားဝယ်ချင်သူများရောက်ရှိလာခြင်း
အပိုင်း (၄၀)
နန်ချောင်းရွာက ရွာသားတစ်ဦးသေဆုံးခြင်း
အပိုင်း (၄၃)
အပိုင်း (၄၂)
အပိုင်း (၄၄)
အပိုင်း (၄၅)
အပိုင်း (၄၆)
အပိုင်း (၄၇)
အပိုင်း (၄၈)
အပိုင်း (၄၉)
မုဆိုးကြီးက ဇနီးလေးရဲ့စကားကိုနားမထောင်ဘဲ တောင်ပေါ်ကိုတတ်သွားပြီ
❌❌
မုဆိုးကြီး၏ဝက်ဝံအမဲလိုက်ခရီးစဥ်
မုဆိုးကြီးပြန်လာပြီ
အပိုင်း (၅၃)
ဝက်ဝံကြီးများကိုရောင်းရန် ဆိပ်ကမ်းမြို့သို့အလည်တစ်ခေါက်
ဟင်းလင်းပြင်လေလံပွဲ
အပိုင်း (၅၆)
စံပါယ်ပင်လေးက မျိုးစိတ်သစ်ပါတဲ့
မိသားစုအတွက် လက်ဆောင်တွေ ဝယ် ဝယ် ဝယ်
အပိုင်း (၅၉)
ဟွမ်ဟွာ၏ဖိတ်ခေါ်မှု
မုဆိုးကြီးနှင့် ဟွမ်ဟွာ၏ ထိပ်တိုက်တွေ့ဆုံမှု
အပိုင်း (၆၂)
အပိုင်း (၆၃)
အပိုင်း (၆၄)
အပိုင်း (၆၅)
မုဆိုးကြီးပြန်လာပြီ
ဇနီးလေး ငွေလက်မှတ်တွေကိုမင်းသိမ်းထားလိုက်
ပိုင်မိန်ရဲ့စံပါယ်ပင်လေးမရှိတော့ဘူး
(69)
ပိုင်လီ
မုဆိုးကြီးပြောတဲ့ ကျိုးရှီရဲ့ယုတ်မာမှုအကြောင်း
အပိုင်း (၇၁)
ကျိုးရှီ၏အလိမ်ညာပြဇာတ်
ထူးခြားဆန်းပြားသောချီးကားများ
အပိုင်း (၇၃)
အပိုင်း (၇၄)
အပိုင်း (၇၅)
အပိုင်း (၇၆)
အပိုင်း (၇၇)
အပိုင်း (၇၈)
အပိုင်း (၇၉)
အပိုင်း (၈၀)
အပိုင်း (၈၁)
အပိုင်း (၈၂)
အပိုင်း (၈၃)
အပိုင်း (၈၄)
အပိုင်း (၈၅)
အပိုင်း (၈၆)
အပိုင်း (၈၇)
အပိုင်း (၈၈)
အပိုင်း (၈၉)
ဇနီးလေး... ကလေးယူချင်နေတာလား?
မြေဝယ်ယူမှု
အပိုင်း (၉၂)
အပိုင်း (၉၃)
အပိုင်း (၉၄)
အပိုင်း (၉၅)
စပျစ်သီးခူးဖို့သွားခြင်း
စပျစ်သီးလေးများ
main story complete
(98)
(99)
အပိုင်း (၁၀၀)
(101)
(102)
၁၁၃
အပိုင်း (၁၀၄)
အပိုင်း (၁၀၅)
အပိုင်း (၁၀၆)
အပိုင်း (၁၀၇)
စပျစ်သီးဝိုင်ပြုလုပ်ခြင်း
အပိုင်း (၁၁၀)
အပိုင်း (၁၁၁)
အပိုင်း (၁၁၂)
အပိုင်း (၁၁၃)
တည်သီးလေးများကိုခူးဆွတ်ခြင်း
ဇနီးလေး၏ယုံကြည်မှု
ချောင်မိသားစုသို့ အလည်တစ်ခေါက်
စပျစ်ဝိုင်လက်ဆောင်
အပိုင်း (118)
စံပါယ်ပင်လေးအကြောင်းအားနှုတ်ပိတ်ခြင်း
ဇနီးလေးစိတ်ဆိုးသွားခြင်း
paid gp
ဇနီးလေးစိတ်ဆိုးသွားခြင်း-2
ဇနီးလေးအားချော့မြူခြင်း
လူဆိုးလေးရှောင်ဝူ
ယွီလျန်ဟွားမှာငွေတချို့ဖြုန်းခြင်း
အပိုင်း (၁၂၅)
ဇနီးလေးရွေးပေးတဲ့လက်ဆောင်
အပိုင်း (၁၂၇)
အပိုင်း (၁၂၈)
အပိုင်း (၁၂၉)
လှည်းအပြည့် စျေးဝယ်ထွက်ခြင်း
အပိုင်း (၁၃၁)
ကျွန်စျေးသို့အလည်တစ်ခေါက်
အပိုင်း (၁၃၃)
အစေခံများ
ဇနီးလေး ကိုယ်မင်းကို ဂရုစိုက်ပေးမယ်
အိမ်အသစ်ဆောက်လုပ်ခြင်း
အပိုင်း (၁၃၇)
ကျိုးရှီကိုနှင်ထုတ်ခြင်း
အပိုင်း (၁၃၉)
မီးပုံးပွဲတော်
အပိုင်း (၁၄၁)
ဇနီးလေး ကိုယ်မင်းကို ချစ်မြတ်နိုးတယ်
ဇနီးလေး ကိုယ်မင်းကို ချစ်မြတ်နိုးတယ်-2
အသေးလေးတွေရဲ့ ဗိုက်လုံးလေးတွေက မတူညီဘူး
ရှောင်အိမ်ရဲ့ အကြံသစ်
ပိုင်အမေ၏ အရိပ်အမွတ်
နှစ်ကိုယ်ကြားစကားဝိုင်း
ရှောင်အိမ်၏တောင်းပန်လာမှု
အပိုင်း (၁၄၉)
အပိုင်း (၁၅၀)
မုဆိုးကြီး၏ ကတုံးလေးကိုစမ်းသပ်မှု

အပိုင်း (၁၀၉)

7.2K 919 9
By FlowerRainButterfly

အပိုင်း (၁၀၉) စပျစ်သီးဝိုင် ပြုလုပ်ခြင်း-2

ပိုင်လီ၏ လျှင်မြန်မှုကြောင့်ပင် စပျစ်သီးများကြိတ်ချေခြင်းက မနက်ခင်းနှင့်ပြီးသွားခဲ့သည်။

နားပြီး အတော်ကြာတဲ့ထိ လက်ချောင်းတွေ ထုံနေစဲ တခြားလူတွေကတော့ ပိုင်လီကိုကြည့်ပြီး သက်ပျင်းချနေမိကျကာ အထူးသဖြင့် ယောင်္ကျားသားတွေပင်ဖြစ်၏။ သူတို့က ပိုင်လီရဲ့ သူတို့ထက်အရမ်းခံနိုင်ရည်ရှိနေပုံကို တွေ့ရတော့ မာနနည်းနည်းထိခိုက်သလိုခံစားရပါတာ်။

မော့ဟွာသည် နောက်ဆုံးကျန်သည့် စပျစ်သီးများကိုချေပြီး လက်ဆေးရန်ထလာသည့် သူမ၏ ဒုတိယသားအားကြည့်၍..

"ဒုတိယ မင်းတကယ် လက်ချောင်းတွေမနာဘူးလား"

မော့ဟွာမှာ သူမသားက မပြောင်းလဲလာခင် ဘဝတစ်လျောက်လုံး၌ ဘာအလုပ်မှ လုပ်ဖူးတာမရှိသည်ကို သတိရသေးသဖြင့် ပိုင်လီအား မကြာခဏနားရန်ပြောခဲ့သော်လည်း ပိုင်လီကတော့ သူအဆင်ပြေသေးကြောင်း ပြောခဲ့သဖြင့်သာ လက်လျော့ထားခဲ့ရတာပင်။ ဒါပေမယ့် အမေတစ်ယောက်ဖြစ်နေတဲ့အတွက် သူမက ပိုင်လီက လက်နာနေပေမယ့် ပေပြီးဆက်လုပ်နေမှာကို စိုးရိမ်နေခဲ့ပါတယ်။

ပိုင်လီကတော့ လုံးဝအဆင်ပြေနေတဲ့ သူ့လက်နှစ်ဖက်ကိုငုံ့ကြည့်လိုက်ပြီး လုံးဝမနာကျင်ပါဟုပြောလျှင် ယုတ္တိမရှိမည်ကို စိုးရသောကြောင့် ဤသို့သာပြောခဲ့လိုက်သည်။

"နည်းနည်းတော့ နာသလိုပါပဲ ဒါပေမယ့် အဆင်ပြေပါတယ် အရမ်းကြီးမဟုတ်ပါဘူး"

သို့သော် မော့ဟွာက ဒါကို မည်သို့ယုံလိမ့်မည်နည်း။ ဒီနေ့ စပျစ်သီးတွေကို အများဆုံးချေရတဲ့လူက ပိုင်လီဖြစ်ပြီး အဲတာက စပျစ်သီးအားလုံးရဲ့ သုံးပုံနှစ်ပုံလောက်တောင် ရှိပေလိမ့်မည်။

ဒါကြောင့်.သူမက...

"ဘာကိုနည်းနည်းလဲ မဖြစ်သေးပါဘူး အားလုံးလည်း လက်တွေနာသွားကျပြီ ရွာထဲက ဆေးဆရာရီဆီမှာ လိမ်းဆေးရှိလားဆိုတာ သွားကြည့်လိုက်ဦးမယ်"

မော့ဟွာ စကားထက် လူကပိုမြန်သဖြင့် ပြောပြီးနောက် ထထွက်သွားလေသည်။ အရင်ကဆိုရင်တော့ သူမတို့က ဆေးဝယ်ဖို့အတွက် ငွေကို ကြည့်နေရဦးမှာဖြစ်ပေမယ့် အခုတော့ အဲဒီအခြေနေကလွတ်မြောက်သွားခဲ့ပါပြီ။

ပိုင်လီက ပိုင်အမေအား မတားသည်မှာ ပိုင်အမေပြောသကဲ့သို့ ဒီနေ့ စပျစ်သီးချေတဲ့လူတိုင်းက လက်နာနေကျမှာ ဖြစ်၍ပင်။ လိမ်းဆေးနည်းနည်လောက်လိမ်း လိုက်ကျတာက ပိုကောင်းပါတယ်။

မော့ဟွာနောက်သို့ ပိုင်မိန်က အဖော်လိုက်သွားချိန်တွင် လူသေးသေးလေးသုံးယောက်ကလည်း အတွဲလိုက်လေး ပါသွားခဲ့ကျလေသည်။ သူတို့လေးတွေက သုံးယောက်ပေါင်းပြီး အရမ်းတတ်ကြွနေကျတာက အံသြစရာပါပဲ။

ပိုင်လီက လက်ဆေးပြီးနောက် လူစုရှိရာထံသို့ပြန်လာခဲ့ပြီး ချောင်ရန်တို့မိသားစုကို အားနာစွာကြည့်ကာဖြင့်....

"အကိုကြီးချောင်နဲ့ မရီးတို့ကို အားနာစရာတွေဖြစ်ကုန်ပြီ အဲဒါက တော်တော်လေးနာတယ်မလား ကျွန်တော့်အမှားပါ စောစောရပ်ဖို့ သတိပေးလိုက်ရမှာ"

ဒါကိုကြားတော့ ဟုန်ရင်းသည် ရယ်လာပြီး...

"မင်းဘာပြောတာလဲ ငါက အစောကြီးနားလိုက်တဲ့သူပါ နည်းနည်းနာလာတာနဲ့ ခဏနားမယ်ဆိုပြီး ထွက်လိုက်တာ နောက်ကျပြန်မဝင်ဖြစ်တော့ဘူး ကြည့်လေ ငါ့လက်တွေက အကောင်းတိုင်းပဲ"

အမှန်ပင် ဟုန်ရင်းနှင့် ချောင်လုပိုင်က အသက်သာဆုံးလူများ ဖြစ်သွားခဲ့ကျသည်။ သူတို့က နည်းနည်းလေးနာလာတာနဲ့ ထွက်သွားတော့ သိပ်မခံစားကျရတော့ပါဘူး။

ချောင်ရန်သည် ရေနွေငှဲ့နေသည့် သူ့ဇနီး၏ လက်ချောင်းများကိုကြည့်ကာ ထိုလက်ချောင်းများက နာကျင်နေပုံမရဘဲ ပုံမှန်လိုသာ လှုပ်ရှားနေသဖြင့် သူက သူ၏ အနည်းငယ်ဖောင်းချင်နေသောလက်ချောင်းများကို ငုံ့ကြည့်၍ ငိုချင်သွားခဲ့တော့သည်။ လက်ရေဆေးပြီးနောက် ရေသုတ်နေတဲ့ပိုင်လီရဲ့လက်ကိုလည်း သူမြင်လိုက်သေးပြီး အဲတာက ပုံမှန်လိုပဲဖြစ်နေကာ သူတစ်ယောက်ထဲလက်ချောင်းများယောင်လာသလိုပင် ဖြစ်နေခဲ့သည်။ မိန်းကလေးဖြစ်တဲ့ ပိုင်မိန်တောင် သူ့လောက်မဆိုးဘူးလေ။

မာနထိခိုက်လိုက်တာ!

ပိုင်လီသည် စပျစ်သီးရေများကြောင့် ချောင်ရန်၏ ခရမ်းနုယောင်သမ်းနေသောလက်ကို လှမ်းကြည့်လိုက်ကာ ရယ်လျက်ဖြင့်...

"အကိုကြီးချောင် စိတ်မပူပါနဲ့ မနက်ဖြန်ကျ အကိုကြီးချောင်အတွက် တောကောင်ကြီးကြီး အမဲလိုက်ပေးပါ့မယ်"

ချောင်ရန်မှာ ဒါကိုကြားတော့နှာမှုတ်လိုက်၍...

"ဟမ့် ငါပြောလိုက်မယ် ငါဒီနေ့ အလုပ်အရမ်းကြိုးစားထားတာ မနက်ဖြန် ဟိုရင်တစ်ခါကလို ဒရယ်သားရမှပဲ ကျေနပ်နိုင်မယ်"

ပိုင်လီမှာ ရယ်မောလိုက်သော်လည်း ဒါကိုမငြင်းခဲ့ပါချေ။

အဲဒီနောက် သူတို့တွေက ပိုင်အမေပြန်လာတာကို စောင့်ပြီး နေ့လည်စာကို ဝိုင်းဖွဲ့စားလိုက်ကျကာ နေ့လည်ပိုင်းတွင်လည်း တခြားလူများက လက်နာနေကျ၍ ပိုင်လီကသာ ကျန်သည့်အလုပ်အားလုံးကိုလုပ်သွားခဲ့တာဖြစ်၏။

သူက စပျစ်သီးများချေတုန်းက ယာယီထည့်ထားခဲ့သည့် အိုးကြီးတွေထဲမှနေ စပျစ်သီးအရည်များအား သစ်ပင်တော်ပင်အောက်၌ နေရာချထားသော အိုးအကြီးကြီးတွေထဲသို့ ရွေ့ပြောင်းခဲ့ကာ ဤတစ်ကြိမ်တွင် စပျစ်သီးအရည်ကြွေဇလုံတစ်လုံးထည့်ပြီးလျှင် သကြားတစ်ရစ်ထည့်၍ ဤကဲ့သို့ဖြေးဖြေးချင်းသွားနေတာပင်ဖြစ်သည်။ တခြားလူတွေက သူလုပ်နေတာတွေကို ဝိုင်းကြည့်နေခဲ့ကျပါတယ်။

နောက်တော့ ချောင်ရန်မှာ စပျစ်သီးအရည်များနှင့် သကြားများပြည့်လုနီးပါးဖြစ်သွားသော အိုးများထဲသို့ ပိုင်လီက တစ်ခုခု ထပ်ထည့်နေတာကို တွေ့လိုက်ရ၍ မေးလိုက်သော်လည်း ပိုင်လီက ရယ်ကျဲကျဲနှင့် လျို့ဝှက်ချက်ဟုသာ ပြန်ဖြေလာသဖြင့် ထပ်မမေးခဲ့တော့ပေ။

တကယ်တော့ အဲတာက တဆေးဖြစ်ပြီး ပိုင်လီက သူ့မူရင်းဘဝ၌ အဲတာကို တစ်ခါမှ လုပ်မကြည့်ခဲ့ဖူးပေမယ့် လုပ်နည်းတချို့ကို တွေ့ဖူးထား၍ ပြီးခဲ့သည့်ရက်တွေတုန်းက စမ်းလုပ်ကြည့်ထားခဲ့တာဖြစ်သည်။ သူကြည့်ရသလောက်တော့ အဆင်ပြေမယ်လို့ထင်ရပြီး သူက ဒီမှာ အရက်ကြမ်းတွေရှိတာသိပေမယ့် ဘယ်လိုလုပ်ထားလဲဆိုတာကိုတော့ မသိတာကြောင့် သူသိထားတဲ့နည်းတွေကိုပဲ သုံးခဲ့လိုက်တာပင်။

စုံစမ်းရင်တော့ ရနိုင်ပေမယ့် သူလည်း တဆေးလုပ်တဲ့နည်းကိုသိထားတာပဲဆိုတော့ မလိုတော့ဘူးလေ။

ဤသို့ဖြင့် ညနေခင်းမရောက်တစ်ရောက် အချိန်တွင် ပိုင်လီ၏ ဝိုင်ပြုလုပ်ခြင်းလုပ်ငန်းစဥ်က ပြီးဆုံးသွားခဲ့ကာဖြင့် ကြီးမားသောအိုးကြီးများဖြင့် ဆယ့်သုံးအိုးတိတိကို သိုလှောင်နိုင်ခဲ့ပေသည်။

အိုးကြီးများသည် အမြင့်က လူကြီးများ၏ ရင်ဘတ်လောက်ထိရှိပြီး အကျယ်မှာလည်း လူသုံးလေးယောက် ဖက်စာလောက်ရှိတာဖြစ်၏။  အခုတော့ ဆယ့်သုံးအိုးရှိပေမယ့် ရက်နှစ်ဆယ်ကျော်လို့ အဖက်တွေကို ခွဲထုတ်လိုက်တဲ့အချိန်ကျရင်တော့ ဒီလောက်မရှိနိုင်တော့ပါဘူး။

ပိုင်လီက သစ်တော်ပင်များအောက်က အလုံပိတ်ထားသည့် အိုးကြီးများကိုကြည့်ကာ ကျေနပ်နေသော်လည်း ကျန်လူများကမူ ပိုင်လီလုပ်တာအောင်မြင်ပါစေဟုသာ ဆုတောင်နေခဲ့ကျလေသည်။ သူတို့က ဒီလောက်ပမာဏကိုသာ ဆုံးရှုံးလိုက်ရရင် ပိုင်လီအစား စိတ်ထိခိုက်လွန်းလို့ အသက်တောင်တိုသွားမှာ စိုးရပါတယ်။

တခြားသူများ အတွေးမျိုးစုံဖြင့် စိုးရိမ်နေချိန်တွင် ပိုင်လီကမူ ပြီးသွားသည့် ကိစ္စအား ထားခဲ့လိုက်တော့ကာ ရှုပ်ပွနေသည့် သူ၏ခြံဝန်းကို လျှင်မြန်စွာရှင်းလင်းလိုက်ပြီးနောက် အချိန်ရှိသေးသဖြင့် တောစပ်သို့ ခဏထွက်လာခဲ့လေသည်။

သူက ညစာအတွက် တောကောင်အသေးလေးတွေရှာမလို့ပါပဲ။ ရှောင်ဟန်နဲ့တခြားသူတွေက သူ့ကိုညနေရောက်တော့မှာဖြစ်၍ မသွားတော့ဖို့ တားသေးသော်လည်း အိမ်တွင် အသားမှာ ဝက်သားနှင့် ကြက်ဥများပဲရှိသဖြင့် သူက ချောင်ရန်တို့ကို ညစာကျွေးဖို့ အတွက် မလုံလောက်သေးဘူးဟု ထင်ခဲ့တာပင်။

သူ့မိတ်ဆွေက သူ့ဆီလာလည်ပေမယ့် ပြီးခဲ့တဲ့ရက်က သူအလုပ်ရှုပ်နေလို့ ကောင်းကောင်းဂရုမစိုက်နိုင်ခဲ့ဘူးလေ။ ဒါကြောင့် ဒီညတော့ ကောင်းကောင်း ဧည့်ခံရမှာပေါ့။

ပိုင်လီက အချိန်ကြောင့် တောစပ်အထဲသို့တောင် မဝင်ခဲ့သော်လည်း ရစ်ငှက်သုံးကောင်နှင့် တောယုန်နှစ်ကောင်ကိုတော့ ခဏလေးနှင့်ရခဲ့သေးတာဖြစ်ပြီး သူက သူ့မိသားစုကို စိတ်မပူစေချင်တာကြောင့်ရော အိမ်၌ မျှစ်၊အာလူးနှင့် တခြားအသီးအရွက်များက ရှိနေတာကြောင့်ရော တောကောင်ငယ်လေးများ ရတာနှင့် အိမ်ကိုချက်ခြင်းပြန်လာခဲ့လိုက်တော့သည်။

ရှောင်ဟန်က ပိုင်လီ တောကောင်တွေရလာတာမြင်တော့ မေးလိုက်၏။

"ကျွန်တော် ဘယ်လိုချက်ပေးရမလဲဟင်"

ရှောင်ဟန်မှာ ​ပိုင်လီက သူ၏မိတ်ဆွေများအတွက် မည်သို့ချက်စေချင်ကြောင်း သေချာမေးရပေမည်။ ပုံမှန်ဆိုရင်တောင် ပိုင်လီက ဟင်းတွေကို အမျိုးမျိုးချက်စားရတာ ကြိုက်တဲ့သူမဟုတ်ပါလား။

ပိုင်လီကတော့ ရှောင်ဟန်မေးတာကို ဖြေဖို့ငြင်းခဲ့ပြီး ပိုင်အမေ သူ့အတွက်ယူလာပေးသည့် လိမ်းဆေးကို ရှောင်ဟန်လက်ထဲထည့်ပေးကာဖြင့်....

"ဒီည ညစာကို ကိုယ်ချက်လိုက်မယ် မင်း ဆေးတစ်ခါလောက် ထပ်လိမ်းလိုက်ဦး"

ရှောင်ဟန်က ပိုင်အမေ ဆေးဝယ်ပြန်လာပြီးထဲက လိမ်းထားပြီးပြီဖြစ်၍ လက်ကသိပ်မနာတော့ပေ။ သူက နဂိုထဲကဆိုးဆိုးဝါးဝါး မနာခဲ့တာကြောင့် ဟင်းမချက်နိုင်လောက်အောင် မဟုတ်ခဲ့ပါဘူး။ ဒါကြောင့် သူက...

"ကျွန်တော် မနာပါဘူး ဟင်းချက်နိူင်ပါတယ် "

ပိုင်လီက ဒါကိုကြားတော့ ပြုံးလိုက်သော်လည်း လက်မခံခဲ့ဘဲ...

"ဘာပဲနေနေပါ ဒီညကိုယ်ချက်လိုက်မယ် မင်းကြည့်ချင်ကြည့်ထားလေ"

ခါတိုင်း ပိုင်လီက ဟင်းအသစ်ချက်သည့် အချိန်တိုင်းတွင်လည်း ရှောင်ဟန်ကဘေးမှကြည့်နေကျဖြစ်၍ ဤသို့ပြောလိုက်ခြင်းပင်။

ထပ်ပြီး ဒီမှာဧည့်သည်တွေကို ထည့်မတွက်ရင်တောင် ပိုင်အမေလည်းရှိနေပါတယ်။ မော့ဟွာက ရှောင်ဟန်နေမကောင်းတုန်းကနဲ့ တချို့ခြွင်းချက်ထားလို့ရတဲ့အချိန်တွေမှာ ပိုက်လီ ဝင်ကူချက်တာကို ဘာမှမပြောခဲ့ပေမယ့် ဒီနေ့လိုမျိုး ညစာကို သူမသားတစ်ယောက်ထဲက ချက်ရမယ်ဆိုရင်သေချာပေါက် ရှောင်ဟန်အပေါ် စိတ်ခုသွားပါလိမ့်မယ်။ ဘာလို့လည်းဆိုတော့ ဒီမှာယောင်္ကျားလေးတွေ ဟင်းချက်တာက သိပ်ခေတ်မစားသေးဘူးလေ။

"ဒါပေမယ့်..."

ရှောင်ဟန်သည် ပိုင်လီလုပ်ချင်တာကို ကန့်ကွက်ချင်၍မဟုတ်ပဲ ဒီရက်ပိုင်း၌ ပိုင်လီက နားဖို့အချိန်ခဏလေးမှမရှိအောင် အလုပ်များနေခဲ့၍သာဖြစ်သည်။ သူ့ခင်ပွန်းက ပင်ပန်းတဲ့အရိပ်ယောင် မပြပေမယ့်လည်း တကယ်မပင်ပန်းနေဘူးဆိုတာကို သူတော့မယုံပါဘူး။ ဒီနေ့ဆိုရင်လည်း သူ့ခင်ပွန်းကသာအလုပ်အများဆုံး လုပ်ခဲ့တဲ့သူဖြစ်ပြီး အခုညစာတောင် ချက်ချင်နေလိုက်ပါသေးတယ်။

ရှောင်ဟန်သည် သူ့ခင်ပွန်းဖြစ်သူက အရင်တစ်ချိန်ကလို အချိန်ဖြန်းမနေတော့ပဲ အလုပ်ကြိုးစားချင်စိတ်ရှိလာ၍ စိတ်သက်သာရာ ရခဲ့ရသော်လည်း လက်ရှိသူ့ခင်ပွန်းက အတော်လေးကြိုး​စားလွန်းနေသည်ဟုထင်မြင်ခဲ့ပေသည်။

သူက အခု သူ့ခင်ပွန်းက အလုပ်တအားလုပ်လွန်းလို့ တစ်ခုခုဖြစ်သွားမှာတောင် စိုးရိမ်နေရပါပြီ။

ဒါကြောင့်ပင် ရှောင်ဟန်က ပိုင်လီအား ညစာချက်ပြုတ်မည့်အကြံကို စွန့်လွတ်သွားအောင်ကြိုးစားချင်နေသေးသော်လည်း သူသည် ဘာမှမပြောရသေးခင်မှာပင် ပိုင်လီဆွဲခေါ်သွားတာကို ခံခဲ့ရပေသည်။

ပြီးတော့ ပိုင်လီ ဟင်းချက်နေတဲ့အနားမှာ နေရာချထားခံလိုက်ရပါတော့တယ်။

အဲဒီကနေ သူက ဘာမှလုပ်ခွင့်မရှိဘဲ ပိုင်လီချက်ပြုတ်နေတာကိုပဲ ကြည့်နေရပြီး ပိုင်လီကမူ နည်းနည်းလေးမှ ပင်ပန်းမှုမရှိသည့်နှယ် ပေါ့ပေါ့ပါးပါးဖြင့် အလုပ်လုပ်နေခဲ့ကာ ဒီနေ့ပြုလုပ်ခဲ့သည့် စပျစ်သီးဝိုင်များအား ရက်နှစ်ဆယ်ကျော်လျှင် အရည်နှင့်အဖက်များ ခွဲရဦးမည့်အကြောင်းနှင့် အရည်များသီးသန့်ကို တစ်ဖန် ရက်တော်တော်ကြာ ထားရှိရဦးမည်ဖြစ်ကြောင်းအား ပြောပြနေခဲ့သေးပေသည်။

ရှောင်ဟန်က သူမပျင်းရအောင် စကားများပြောပေးနေ၍ ဟင်းများကြော်ချက်နေသော အမျိုးသားကို ငေးကြည့်နေခဲ့ပါတယ်။

ဆောင်းဝင်စနေ့ရက်တွေရဲ့ ညနေဘက်တွေဟာ အအေးဓာတ်များ ရှိနေတတ်ပြီဖြစ်သော်လည်း မီးဖိုခန်းလေးထဲမှာတော့ နွေးထွေးသည့်လေထုကသာ ရစ်သိုင်းနေခဲ့ပြီး အပြင်၌လည်း လူကြီးတစ်စုက အိမ်လေးရှေ့က စားပွဲဝိုင်းလေးမှာ စုထိုင်နေကျလျက် စကားများစုဖွဲ့ပြောနေခဲ့ကျကာ ကလေးများက ပျော်ရွှင်စွာ ပြေးလွှားဆော့ကစားနေကျ၍ စာသင်သားများဖြစ်သော လူငယ်လေးနှစ်ယောက်မှာလည်း အတန်ငယ်ထူးခြားသည့် စံပါယ်ပန်းပင်လေးနား၌ ဤအဖိုးတန်ရှားပါးသော ပန်းပင်လေးအား မည်သို့ကဗျာစပ်နိုင်ကြောင်းကို ဆွေးနွေးနေခဲ့ကျသဖြင့် လူများအား အေးစက်စက် အငွေ့သက်များပေးချင်နေသည့် ဆောင်းရာသီ၏ အစဦးပိုင်းလေပြေများသည် မအောင်မြင်နိုင် ဖြစ်သွားခဲ့ကျရတော့သည်။

............................

(AN/paid gpရှိပါတယ်။)

###

အပိုင္း (၁၀၉) စပ်စ္သီးဝိုင္ ျပဳလုပ္ျခင္း-2

ပိုင္လီ၏ လွ်င္ျမန္မႈေၾကာင့္ပင္ စပ်စ္သီးမ်ားႀကိတ္ေခ်ျခင္းက မနက္ခင္းႏွင့္ၿပီးသြားခဲ့သည္။

နားၿပီး အေတာ္ၾကာတဲ့ထိ လက္ေခ်ာင္းေတြ ထုံေနစဲ တျခားလူေတြကေတာ့ ပိုင္လီကိုၾကည့္ၿပီး သက္ပ်င္းခ်ေနမိက်ကာ အထူးသျဖင့္ ေယာကၤ်ားသားေတြပင္ျဖစ္၏။ သူတို႔က ပိုင္လီရဲ႕ သူတို႔ထက္အရမ္းခံနိုင္ရည္ရွိေနပုံကို ေတြ႕ရေတာ့ မာနနည္းနည္းထိခိုက္သလိုခံစားရပါတာ္။

ေမာ့ဟြာသည္ ေနာက္ဆုံးက်န္သည့္ စပ်စ္သီးမ်ားကိုေခ်ၿပီး လက္ေဆးရန္ထလာသည့္ သူမ၏ ဒုတိယသားအားၾကည့္၍..

"ဒုတိယ မင္းတကယ္ လက္ေခ်ာင္းေတြမနာဘူးလား"

ေမာ့ဟြာမွာ သူမသားက မေျပာင္းလဲလာခင္ ဘဝတစ္ေလ်ာက္လုံး၌ ဘာအလုပ္မွ လုပ္ဖူးတာမရွိသည္ကို သတိရေသးသျဖင့္ ပိုင္လီအား မၾကာခဏနားရန္ေျပာခဲ့ေသာ္လည္း ပိုင္လီကေတာ့ သူအဆင္ေျပေသးေၾကာင္း ေျပာခဲ့သျဖင့္သာ လက္ေလ်ာ့ထားခဲ့ရတာပင္။ ဒါေပမယ့္ အေမတစ္ေယာက္ျဖစ္ေနတဲ့အတြက္ သူမက ပိုင္လီက လက္နာေနေပမယ့္ ေပၿပီးဆက္လုပ္ေနမွာကို စိုးရိမ္ေနခဲ့ပါတယ္။

ပိုင္လီကေတာ့ လုံးဝအဆင္ေျပေနတဲ့ သူ႕လက္ႏွစ္ဖက္ကိုငုံ႕ၾကည့္လိုက္ၿပီး လုံးဝမနာက်င္ပါဟုေျပာလွ်င္ ယုတၱိမရွိမည္ကို စိုးရေသာေၾကာင့္ ဤသို႔သာေျပာခဲ့လိုက္သည္။

"နည္းနည္းေတာ့ နာသလိုပါပဲ ဒါေပမယ့္ အဆင္ေျပပါတယ္ အရမ္းႀကီးမဟုတ္ပါဘူး"

သို႔ေသာ္ ေမာ့ဟြာက ဒါကို မည္သို႔ယုံလိမ့္မည္နည္း။ ဒီေန႕ စပ်စ္သီးေတြကို အမ်ားဆုံးေခ်ရတဲ့လူက ပိုင္လီျဖစ္ၿပီး အဲတာက စပ်စ္သီးအားလုံးရဲ႕ သုံးပုံႏွစ္ပုံေလာက္ေတာင္ ရွိေပလိမ့္မည္။

ဒါေၾကာင့္.သူမက...

"ဘာကိုနည္းနည္းလဲ မျဖစ္ေသးပါဘူး အားလုံးလည္း လက္ေတြနာသြားက်ၿပီ ႐ြာထဲက ေဆးဆရာရီဆီမွာ လိမ္းေဆးရွိလားဆိုတာ သြားၾကည့္လိုက္ဦးမယ္"

ေမာ့ဟြာ စကားထက္ လူကပိုျမန္သျဖင့္ ေျပာၿပီးေနာက္ ထထြက္သြားေလသည္။ အရင္ကဆိုရင္ေတာ့ သူမတို႔က ေဆးဝယ္ဖို႔အတြက္ ေငြကို ၾကည့္ေနရဦးမွာျဖစ္ေပမယ့္ အခုေတာ့ အဲဒီအေျခေနကလြတ္ေျမာက္သြားခဲ့ပါၿပီ။

ပိုင္လီက ပိုင္အေမအား မတားသည္မွာ ပိုင္အေမေျပာသကဲ့သို႔ ဒီေန႕ စပ်စ္သီးေခ်တဲ့လူတိုင္းက လက္နာေနက်မွာ ျဖစ္၍ပင္။ လိမ္းေဆးနည္းနည္ေလာက္လိမ္း လိုက္က်တာက ပိုေကာင္းပါတယ္။

ေမာ့ဟြာေနာက္သို႔ ပိုင္မိန္က အေဖာ္လိုက္သြားခ်ိန္တြင္ လူေသးေသးေလးသုံးေယာက္ကလည္း အတြဲလိုက္ေလး ပါသြားခဲ့က်ေလသည္။ သူတို႔ေလးေတြက သုံးေယာက္ေပါင္းၿပီး အရမ္းတတ္ႂကြေနက်တာက အံၾသစရာပါပဲ။

ပိုင္လီက လက္ေဆးၿပီးေနာက္ လူစုရွိရာထံသို႔ျပန္လာခဲ့ၿပီး ေခ်ာင္ရန္တို႔မိသားစုကို အားနာစြာၾကည့္ကာျဖင့္....

"အကိုႀကီးေခ်ာင္နဲ႕ မရီးတို႔ကို အားနာစရာေတြျဖစ္ကုန္ၿပီ အဲဒါက ေတာ္ေတာ္ေလးနာတယ္မလား ကြၽန္ေတာ့္အမွားပါ ေစာေစာရပ္ဖို႔ သတိေပးလိုက္ရမွာ"

ဒါကိုၾကားေတာ့ ဟုန္ရင္းသည္ ရယ္လာၿပီး...

"မင္းဘာေျပာတာလဲ ငါက အေစာႀကီးနားလိုက္တဲ့သူပါ နည္းနည္းနာလာတာနဲ႕ ခဏနားမယ္ဆိုၿပီး ထြက္လိုက္တာ ေနာက္က်ျပန္မဝင္ျဖစ္ေတာ့ဘူး ၾကည့္ေလ ငါ့လက္ေတြက အေကာင္းတိုင္းပဲ"

အမွန္ပင္ ဟုန္ရင္းႏွင့္ ေခ်ာင္လုပိုင္က အသက္သာဆုံးလူမ်ား ျဖစ္သြားခဲ့က်သည္။ သူတို႔က နည္းနည္းေလးနာလာတာနဲ႕ ထြက္သြားေတာ့ သိပ္မခံစားက်ရေတာ့ပါဘူး။

ေခ်ာင္ရန္သည္ ေရႏြေငွဲ႕ေနသည့္ သူ႕ဇနီး၏ လက္ေခ်ာင္းမ်ားကိုၾကည့္ကာ ထိုလက္ေခ်ာင္းမ်ားက နာက်င္ေနပုံမရဘဲ ပုံမွန္လိုသာ လႈပ္ရွားေနသျဖင့္ သူက သူ၏ အနည္းငယ္ေဖာင္းခ်င္ေနေသာလက္ေခ်ာင္းမ်ားကို ငုံ႕ၾကည့္၍ ငိုခ်င္သြားခဲ့ေတာ့သည္။ လက္ေရေဆးၿပီးေနာက္ ေရသုတ္ေနတဲ့ပိုင္လီရဲ႕လက္ကိုလည္း သူျမင္လိုက္ေသးၿပီး အဲတာက ပုံမွန္လိုပဲျဖစ္ေနကာ သူတစ္ေယာက္ထဲလက္ေခ်ာင္းမ်ားေယာင္လာသလိုပင္ ျဖစ္ေနခဲ့သည္။ မိန္းကေလးျဖစ္တဲ့ ပိုင္မိန္ေတာင္ သူ႕ေလာက္မဆိုးဘူးေလ။

မာနထိခိုက္လိုက္တာ!

ပိုင္လီသည္ စပ်စ္သီးေရမ်ားေၾကာင့္ ေခ်ာင္ရန္၏ ခရမ္းႏုေယာင္သမ္းေနေသာလက္ကို လွမ္းၾကည့္လိုက္ကာ ရယ္လ်က္ျဖင့္...

"အကိုႀကီးေခ်ာင္ စိတ္မပူပါနဲ႕ မနက္ျဖန္က် အကိုႀကီးေခ်ာင္အတြက္ ေတာေကာင္ႀကီးႀကီး အမဲလိုက္ေပးပါ့မယ္"

ေခ်ာင္ရန္မွာ ဒါကိုၾကားေတာ့ႏွာမႈတ္လိုက္၍...

"ဟမ့္ ငါေျပာလိုက္မယ္ ငါဒီေန႕ အလုပ္အရမ္းႀကိဳးစားထားတာ မနက္ျဖန္ ဟိုရင္တစ္ခါကလို ဒရယ္သားရမွပဲ ေက်နပ္နိုင္မယ္"

ပိုင္လီမွာ ရယ္ေမာလိုက္ေသာ္လည္း ဒါကိုမျငင္းခဲ့ပါေခ်။

အဲဒီေနာက္ သူတို႔ေတြက ပိုင္အေမျပန္လာတာကို ေစာင့္ၿပီး ေန႕လည္စာကို ဝိုင္းဖြဲ႕စားလိုက္က်ကာ ေန႕လည္ပိုင္းတြင္လည္း တျခားလူမ်ားက လက္နာေနက်၍ ပိုင္လီကသာ က်န္သည့္အလုပ္အားလုံးကိုလုပ္သြားခဲ့တာျဖစ္၏။

သူက စပ်စ္သီးမ်ားေခ်တဳန္းက ယာယီထည့္ထားခဲ့သည့္ အိုးႀကီးေတြထဲမွေန စပ်စ္သီးအရည္မ်ားအား သစ္ပင္ေတာ္ပင္ေအာက္၌ ေနရာခ်ထားေသာ အိုးအႀကီးႀကီးေတြထဲသို႔ ေ႐ြ႕ေျပာင္းခဲ့ကာ ဤတစ္ႀကိမ္တြင္ စပ်စ္သီးအရည္ေႂကြဇလုံတစ္လုံးထည့္ၿပီးလွ်င္ သၾကားတစ္ရစ္ထည့္၍ ဤကဲ့သို႔ေျဖးေျဖးခ်င္းသြားေနတာပင္ျဖစ္သည္။ တျခားလူေတြက သူလုပ္ေနတာေတြကို ဝိုင္းၾကည့္ေနခဲ့က်ပါတယ္။

ေနာက္ေတာ့ ေခ်ာင္ရန္မွာ စပ်စ္သီးအရည္မ်ားႏွင့္ သၾကားမ်ားျပည့္လုနီးပါးျဖစ္သြားေသာ အိုးမ်ားထဲသို႔ ပိုင္လီက တစ္ခုခု ထပ္ထည့္ေနတာကို ေတြ႕လိုက္ရ၍ ေမးလိုက္ေသာ္လည္း ပိုင္လီက ရယ္က်ဲက်ဲႏွင့္ လ်ိဳ႕ဝွက္ခ်က္ဟုသာ ျပန္ေျဖလာသျဖင့္ ထပ္မေမးခဲ့ေတာ့ေပ။

တကယ္ေတာ့ အဲတာက တေဆးျဖစ္ၿပီး ပိုင္လီက သူ႕မူရင္းဘဝ၌ အဲတာကို တစ္ခါမွ လုပ္မၾကည့္ခဲ့ဖူးေပမယ့္ လုပ္နည္းတခ်ိဳ႕ကို ေတြ႕ဖူးထား၍ ၿပီးခဲ့သည့္ရက္ေတြတုန္းက စမ္းလုပ္ၾကည့္ထားခဲ့တာျဖစ္သည္။ သူၾကည့္ရသေလာက္ေတာ့ အဆင္ေျပမယ္လို႔ထင္ရၿပီး သူက ဒီမွာ အရက္ၾကမ္းေတြရွိတာသိေပမယ့္ ဘယ္လိုလုပ္ထားလဲဆိုတာကိုေတာ့ မသိတာေၾကာင့္ သူသိထားတဲ့နည္းေတြကိုပဲ သုံးခဲ့လိုက္တာပင္။

စုံစမ္းရင္ေတာ့ ရနိုင္ေပမယ့္ သူလည္း တေဆးလုပ္တဲ့နည္းကိုသိထားတာပဲဆိုေတာ့ မလိုေတာ့ဘူးေလ။

ဤသို႔ျဖင့္ ညေနခင္းမေရာက္တစ္ေရာက္ အခ်ိန္တြင္ ပိုင္လီ၏ ဝိုင္ျပဳလုပ္ျခင္းလုပ္ငန္းစဥ္က ၿပီးဆုံးသြားခဲ့ကာျဖင့္ ႀကီးမားေသာအိုးႀကီးမ်ားျဖင့္ ဆယ့္သုံးအိုးတိတိကို သိုေလွာင္နိုင္ခဲ့ေပသည္။

အိုးႀကီးမ်ားသည္ အျမင့္က လူႀကီးမ်ား၏ ရင္ဘတ္ေလာက္ထိရွိၿပီး အက်ယ္မွာလည္း လူသုံးေလးေယာက္ ဖက္စာေလာက္ရွိတာျဖစ္၏။  အခုေတာ့ ဆယ့္သုံးအိုးရွိေပမယ့္ ရက္ႏွစ္ဆယ္ေက်ာ္လို႔ အဖက္ေတြကို ခြဲထုတ္လိုက္တဲ့အခ်ိန္က်ရင္ေတာ့ ဒီေလာက္မရွိနိုင္ေတာ့ပါဘူး။

ပိုင္လီက သစ္ေတာ္ပင္မ်ားေအာက္က အလုံပိတ္ထားသည့္ အိုးႀကီးမ်ားကိုၾကည့္ကာ ေက်နပ္ေနေသာ္လည္း က်န္လူမ်ားကမူ ပိုင္လီလုပ္တာေအာင္ျမင္ပါေစဟုသာ ဆုေတာင္ေနခဲ့က်ေလသည္။ သူတို႔က ဒီေလာက္ပမာဏကိုသာ ဆုံးရႈံးလိုက္ရရင္ ပိုင္လီအစား စိတ္ထိခိုက္လြန္းလို႔ အသက္ေတာင္တိုသြားမွာ စိုးရပါတယ္။

တျခားသူမ်ား အေတြးမ်ိဳးစုံျဖင့္ စိုးရိမ္ေနခ်ိန္တြင္ ပိုင္လီကမူ ၿပီးသြားသည့္ ကိစၥအား ထားခဲ့လိုက္ေတာ့ကာ ရႈပ္ပြေနသည့္ သူ၏ၿခံဝန္းကို လွ်င္ျမန္စြာရွင္းလင္းလိုက္ၿပီးေနာက္ အခ်ိန္ရွိေသးသျဖင့္ ေတာစပ္သို႔ ခဏထြက္လာခဲ့ေလသည္။

သူက ညစာအတြက္ ေတာေကာင္အေသးေလးေတြရွာမလို႔ပါပဲ။ ေရွာင္ဟန္နဲ႕တျခားသူေတြက သူ႕ကိုညေနေရာက္ေတာ့မွာျဖစ္၍ မသြားေတာ့ဖို႔ တားေသးေသာ္လည္း အိမ္တြင္ အသားမွာ ဝက္သားႏွင့္ ၾကက္ဥမ်ားပဲရွိသျဖင့္ သူက ေခ်ာင္ရန္တို႔ကို ညစာေကြၽးဖို႔ အတြက္ မလုံေလာက္ေသးဘူးဟု ထင္ခဲ့တာပင္။

သူ႕မိတ္ေဆြက သူ႕ဆီလာလည္ေပမယ့္ ၿပီးခဲ့တဲ့ရက္က သူအလုပ္ရႈပ္ေနလို႔ ေကာင္းေကာင္းဂ႐ုမစိုက္နိုင္ခဲ့ဘူးေလ။ ဒါေၾကာင့္ ဒီညေတာ့ ေကာင္းေကာင္း ဧည့္ခံရမွာေပါ့။

ပိုင္လီက အခ်ိန္ေၾကာင့္ ေတာစပ္အထဲသို႔ေတာင္ မဝင္ခဲ့ေသာ္လည္း ရစ္ငွက္သုံးေကာင္ႏွင့္ ေတာယုန္ႏွစ္ေကာင္ကိုေတာ့ ခဏေလးႏွင့္ရခဲ့ေသးတာျဖစ္ၿပီး သူက သူ႕မိသားစုကို စိတ္မပူေစခ်င္တာေၾကာင့္ေရာ အိမ္၌ မွ်စ္၊အာလူးႏွင့္ တျခားအသီးအ႐ြက္မ်ားက ရွိေနတာေၾကာင့္ေရာ ေတာေကာင္ငယ္ေလးမ်ား ရတာႏွင့္ အိမ္ကိုခ်က္ျခင္းျပန္လာခဲ့လိုက္ေတာ့သည္။

ေရွာင္ဟန္က ပိုင္လီ ေတာေကာင္ေတြရလာတာျမင္ေတာ့ ေမးလိုက္၏။

"ကြၽန္ေတာ္ ဘယ္လိုခ်က္ေပးရမလဲဟင္"

ေရွာင္ဟန္မွာ ပိုင္လီက သူ၏မိတ္ေဆြမ်ားအတြက္ မည္သို႔ခ်က္ေစခ်င္ေၾကာင္း ေသခ်ာေမးရေပမည္။ ပုံမွန္ဆိုရင္ေတာင္ ပိုင္လီက ဟင္းေတြကို အမ်ိဳးမ်ိဳးခ်က္စားရတာ ႀကိဳက္တဲ့သူမဟုတ္ပါလား။

ပိုင္လီကေတာ့ ေရွာင္ဟန္ေမးတာကို ေျဖဖို႔ျငင္းခဲ့ၿပီး ပိုင္အေမ သူ႕အတြက္ယူလာေပးသည့္ လိမ္းေဆးကို ေရွာင္ဟန္လက္ထဲထည့္ေပးကာျဖင့္....

"ဒီည ညစာကို ကိုယ္ခ်က္လိုက္မယ္ မင္း ေဆးတစ္ခါေလာက္ ထပ္လိမ္းလိုက္ဦး"

ေရွာင္ဟန္က ပိုင္အေမ ေဆးဝယ္ျပန္လာၿပီးထဲက လိမ္းထားၿပီးၿပီျဖစ္၍ လက္ကသိပ္မနာေတာ့ေပ။ သူက နဂိုထဲကဆိုးဆိုးဝါးဝါး မနာခဲ့တာေၾကာင့္ ဟင္းမခ်က္နိုင္ေလာက္ေအာင္ မဟုတ္ခဲ့ပါဘူး။ ဒါေၾကာင့္ သူက...

"ကြၽန္ေတာ္ မနာပါဘူး ဟင္းခ်က္နိူင္ပါတယ္ "

ပိုင္လီက ဒါကိုၾကားေတာ့ ၿပဳံးလိုက္ေသာ္လည္း လက္မခံခဲ့ဘဲ...

"ဘာပဲေနေနပါ ဒီညကိုယ္ခ်က္လိုက္မယ္ မင္းၾကည့္ခ်င္ၾကည့္ထားေလ"

ခါတိုင္း ပိုင္လီက ဟင္းအသစ္ခ်က္သည့္ အခ်ိန္တိုင္းတြင္လည္း ေရွာင္ဟန္ကေဘးမွၾကည့္ေနက်ျဖစ္၍ ဤသို႔ေျပာလိုက္ျခင္းပင္။

ထပ္ၿပီး ဒီမွာဧည့္သည္ေတြကို ထည့္မတြက္ရင္ေတာင္ ပိုင္အေမလည္းရွိေနပါတယ္။ ေမာ့ဟြာက ေရွာင္ဟန္ေနမေကာင္းတုန္းကနဲ႕ တခ်ိဳ႕ႁခြင္းခ်က္ထားလို႔ရတဲ့အခ်ိန္ေတြမွာ ပိုက္လီ ဝင္ကူခ်က္တာကို ဘာမွမေျပာခဲ့ေပမယ့္ ဒီေန႕လိုမ်ိဳး ညစာကို သူမသားတစ္ေယာက္ထဲက ခ်က္ရမယ္ဆိုရင္ေသခ်ာေပါက္ ေရွာင္ဟန္အေပၚ စိတ္ခုသြားပါလိမ့္မယ္။ ဘာလို႔လည္းဆိုေတာ့ ဒီမွာေယာကၤ်ားေလးေတြ ဟင္းခ်က္တာက သိပ္ေခတ္မစားေသးဘူးေလ။

"ဒါေပမယ့္..."

ေရွာင္ဟန္သည္ ပိုင္လီလုပ္ခ်င္တာကို ကန့္ကြက္ခ်င္၍မဟုတ္ပဲ ဒီရက္ပိုင္း၌ ပိုင္လီက နားဖို႔အခ်ိန္ခဏေလးမွမရွိေအာင္ အလုပ္မ်ားေနခဲ့၍သာျဖစ္သည္။ သူ႕ခင္ပြန္းက ပင္ပန္းတဲ့အရိပ္ေယာင္ မျပေပမယ့္လည္း တကယ္မပင္ပန္းေနဘူးဆိုတာကို သူေတာ့မယုံပါဘူး။ ဒီေန႕ဆိုရင္လည္း သူ႕ခင္ပြန္းကသာအလုပ္အမ်ားဆုံး လုပ္ခဲ့တဲ့သူျဖစ္ၿပီး အခုညစာေတာင္ ခ်က္ခ်င္ေနလိုက္ပါေသးတယ္။

ေရွာင္ဟန္သည္ သူ႕ခင္ပြန္းျဖစ္သူက အရင္တစ္ခ်ိန္ကလို အခ်ိန္ျဖန္းမေနေတာ့ပဲ အလုပ္ႀကိဳးစားခ်င္စိတ္ရွိလာ၍ စိတ္သက္သာရာ ရခဲ့ရေသာ္လည္း လက္ရွိသူ႕ခင္ပြန္းက အေတာ္ေလးႀကိဳးစားလြန္းေနသည္ဟုထင္ျမင္ခဲ့ေပသည္။

သူက အခု သူ႕ခင္ပြန္းက အလုပ္တအားလုပ္လြန္းလို႔ တစ္ခုခုျဖစ္သြားမွာေတာင္ စိုးရိမ္ေနရပါၿပီ။

ဒါေၾကာင့္ပင္ ေရွာင္ဟန္က ပိုင္လီအား ညစာခ်က္ျပဳတ္မည့္အႀကံကို စြန့္လြတ္သြားေအာင္ႀကိဳးစားခ်င္ေနေသးေသာ္လည္း သူသည္ ဘာမွမေျပာရေသးခင္မွာပင္ ပိုင္လီဆြဲေခၚသြားတာကို ခံခဲ့ရေပသည္။

ၿပီးေတာ့ ပိုင္လီ ဟင္းခ်က္ေနတဲ့အနားမွာ ေနရာခ်ထားခံလိုက္ရပါေတာ့တယ္။

အဲဒီကေန သူက ဘာမွလုပ္ခြင့္မရွိဘဲ ပိုင္လီခ်က္ျပဳတ္ေနတာကိုပဲ ၾကည့္ေနရၿပီး ပိုင္လီကမူ နည္းနည္းေလးမွ ပင္ပန္းမႈမရွိသည့္ႏွယ္ ေပါ့ေပါ့ပါးပါးျဖင့္ အလုပ္လုပ္ေနခဲ့ကာ ဒီေန႕ျပဳလုပ္ခဲ့သည့္ စပ်စ္သီးဝိုင္မ်ားအား ရက္ႏွစ္ဆယ္ေက်ာ္လွ်င္ အရည္ႏွင့္အဖက္မ်ား ခြဲရဦးမည့္အေၾကာင္းႏွင့္ အရည္မ်ားသီးသန့္ကို တစ္ဖန္ ရက္ေတာ္ေတာ္ၾကာ ထားရွိရဦးမည္ျဖစ္ေၾကာင္းအား ေျပာျပေနခဲ့ေသးေပသည္။

ေရွာင္ဟန္က သူမပ်င္းရေအာင္ စကားမ်ားေျပာေပးေန၍ ဟင္းမ်ားေၾကာ္ခ်က္ေနေသာ အမ်ိဳးသားကို ေငးၾကည့္ေနခဲ့ပါတယ္။

ေဆာင္းဝင္စေန႕ရက္ေတြရဲ႕ ညေနဘက္ေတြဟာ အေအးဓာတ္မ်ား ရွိေနတတ္ၿပီျဖစ္ေသာ္လည္း မီးဖိုခန္းေလးထဲမွာေတာ့ ႏြေးေထြးသည့္ေလထုကသာ ရစ္သိုင္းေနခဲ့ၿပီး အျပင္၌လည္း လူႀကီးတစ္စုက အိမ္ေလးေရွ႕က စားပြဲဝိုင္းေလးမွာ စုထိုင္ေနက်လ်က္ စကားမ်ားစုဖြဲ႕ေျပာေနခဲ့က်ကာ ကေလးမ်ားက ေပ်ာ္႐ႊင္စြာ ေျပးလႊားေဆာ့ကစားေနက်၍ စာသင္သားမ်ားျဖစ္ေသာ လူငယ္ေလးႏွစ္ေယာက္မွာလည္း အတန္ငယ္ထူးျခားသည့္ စံပါယ္ပန္းပင္ေလးနား၌ ဤအဖိုးတန္ရွားပါးေသာ ပန္းပင္ေလးအား မည္သို႔ကဗ်ာစပ္နိုင္ေၾကာင္းကို ေဆြးႏြေးေနခဲ့က်သျဖင့္ လူမ်ားအား ေအးစက္စက္ အေငြ႕သက္မ်ားေပးခ်င္ေနသည့္ ေဆာင္းရာသီ၏ အစဦးပိုင္းေလေျပမ်ားသည္ မေအာင္ျမင္နိုင္ ျဖစ္သြားခဲ့က်ရေတာ့သည္။

............................

(AN/paid gpရွိပါတယ္။)

Continue Reading

You'll Also Like

28.1K 1.6K 51
နတ်မိစ္ဆာဘုရင်လေးနဲ့ လူသားအိမ်ရှေ့စံလေးတို့ရဲ့အချစ်ဇာတ်လမ်းလေးပါ။ ဘာသာပြန်လုံးဝမဟုတ်ပါ❌❌
41.9K 2.7K 42
လောကမှာအလိုအပ်ဆုံးက အချစ်တဲ့လား ရယ်ချင်လိုက်တာ.... အချစ်ကဘာမှလုပ်လို့မှမရတာ.... ဘာလို့လိုအပ်မှာလဲ (Zaw+Uni) ေလာကမွာအလိုအပ္ဆုံးက အခ်စ္တဲ့လား ရယ္ခ်င္လ...
193K 17.9K 22
ခ်စ္စရာ BL ဇာတ္လမ္းတိုေလး ႀကိဳက္ရင္ေတာ့ဒါေလးဖတ္ၾကည့္လိုက္ပါ။ ချစ်စရာ BL ဇာတ်လမ်းတိုလေး ကြိုက်ရင်တော့ဒါလေးဖတ်ကြည့်လိုက်ပါ။
233K 25.6K 87
ဒီနေ့ ငါအချစ်တွေကိုလျစ်လျူရှုတယ်ပေါ့ နောက်နေ့ကျ ငါသူ့ကိုကန်ထုတ်ပစ်ဦးမယ် ဒီေန႔ ငါအခ်စ္ေတြကိုလ်စ္လ်ဴရႈတယ္ေပါ့ ေနာက္ေန႔က် ငါသူ႔ကိုကန္ထုတ္ပစ္ဦးမယ္... #...