ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်...

By KimHsuYoon99

116K 14.1K 109

Associated name : 佛系少女穿书日常 Author : 十六月西瓜 , shiliu yue xig... More

Description
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 24
Chapter 23
Chapter 25
Chapter 26
Chapter 27
Good news😍
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 64
Chapter 63
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86
Chapter 87
Chapter 88
Chapter 89
Chapter 90
Chapter 91
Chapter 92
Chapter 93
Chapter 94
Chapter 95
Chapter 96
Chapter 97
Chapter 98
Chapter 99
Chapter 100
Chapter 101
Chapter 102
Chapter 103
Chapter 104
Chapter 105
Chapter 106
Chapter 107
Chapter 108
Chapter 109

Chapter 51

1K 125 0
By KimHsuYoon99

Unicode

ရှောင်ကျူးက Weibo ကိုဖွင့်လိုက်ပြီးနောက်၊

Weibo ရဲ့ ထိပ်ဆုံးမှာရှိနေတဲ့ # သမိုင်းမှာ ဗုဒ္ဓဘာသာအဆန်ဆုံး ကာစတန်မာ # ဆိုတဲ့ hot search ကို မြင်လိုက်ရတယ်။

ကလစ်နှိပ်လိုက်ရင် အထဲမှာရှိနေတာက မိနစ်အနည်းငယ်ကြာတဲ့ စောင့်ကြည့်ဗီဒီယိုတစ်ခုဖြစ်ပြီး နိဒါန်းအတိုလေးဖြစ်တယ်။

"မနေ့က ၂၄ နာရီ စတိုးဆိုင်တစ်ခုမှာ ကာစတန်မာတစ်ယောက်က လူဆိုးတစ်ယောက်ရဲ့ ခြိမ်းခြောက်မှုကို ခံခဲ့ရပေမယ့် သူမက ဘုရားသခင်လို ဗုဒ္ဓဘာသာဆန်တဲ့ တုံ့ပြန်မှုနဲ့အတူ အန္တရာယ်ကို အောင်အောင်မြင်မြင် ဖြေရှင်းနိုင်ခဲ့တယ်"

စောင့်ကြည့်ဗီဒီယိုမှာ အသံမပါပေမယ့်လည်း အဲ့ဒါက မြင်ကွင်းကို မထိခိုက်စေပါဘူး။

ဓားကိုင်ထားတဲ့လူဆိုး ခြိမ်းခြောက်နေတဲ့  ကာစတန်မာရဲ့မျက်နှာပေါ်မှာ ထိတ်လန့်မှုအနည်းငယ်ပင်မရှိဘဲ သူမရဲ့ တည်ငြိမ်တဲ့မျက်နှာထားကို ဖန်သားပြင်ကနေမြင်ရဖို့က မခဲယဉ်းပေ။

သူတို့ဘာတွေပြောနေမှန်း မသိရပေမယ့် လူဆိုးရဲ့မျက်နှာပေါ်ရှိ အမူအရာတွေပြောင်းလဲသွားတာကို ရှင်းရှင်းလင်းလင်း ခံစားလို့ရတယ်။အစပိုင်းမှာတော့ ဦးထုပ်အောက်က လူဆိုးရဲ့မျက်နှာက ရက်စက်ကြမ်းကြုတ်ပြီး အန္တရာယ်များသလိုဖြစ်နေပြီး နောက်တစက္ကန့်မှာ တစ်ခုခုလုပ်မလို့ပြင်လိုက်ပေမယ့် တဖြည်းဖြည်းနဲ့ သူ့အမူအရာက ပျော့ပြောင်းသွားတယ်။နှစ်ယောက်သား စကားအနည်းငယ် ဖလှယ်ပြီးနောက်မှာ‌တော့ လူဆိုးက ဓားကို ချလိုက်ပြီး ကာစတန်မာကို သွားခွင့်ပေးလိုက်တယ်။

ဒီတစ်မိနစ်စာစောင့်ကြည့်ဗီဒီယိုရဲ့ အလှည့်အပြောင်းက ကြည့်ရှုနေကြတဲ့ ကြည့်ရှုသူအများအပြားကို ချွေးထွက်သွားစေခဲ့တယ်။

စောင့်ကြည့်ဗီဒီယို ရုတ်တရက်ရပ်သွားတာက နှမြောစရာပင်။ နောက်ပိုင်းမှာ ဘာဖြစ်သွားလဲဆိုတာ သူတို့မသိရတော့ဘူးလေ။ခေါင်းစဉ်က ဒီဗုဒ္ဓဘာသာစိတ်ထားနဲ့ကာစတန်မာက သူမရဲ့ဖြတ်ထိုးဉာဏ်နဲ့ ပြသနာကို အောင်အောင်မြင်မြင် ဖြေရှင်းနိုင်ခဲ့တယ်လို့ ဆိုထားပေမယ့် သူတို့က ဘာဖြစ်ပျက်သွားလဲဆိုတာကို မမြင်ရဘူး။ ဓါတ်ပုံတွေကနေ ဘာဖြစ်သွားလဲသိရဖို့ သူတို့ရဲ့ဦးနှောက်ကိုသာ အားကိုးနေရတယ်။

ဒါပေမယ့် စိတ်ဆိုးဖို့လည်း မဖြစ်နိုင်ဘူးလေ၊ ထုတ်ပြန်ထားတဲ့ စောင့်ကြည့်ဗီဒီယိုက မိနစ်အနည်းငယ်သာ ကြာပြီး စောင့်ကြည့်ဗီဒီယိုအပြည့်အစုံကိုတော့ သူတို့ရှာမတွေ့ခဲ့ဘူး။

စောင့်ကြည့်ဗီဒီယိုမှာ ပြသထားတာက အန္တရာယ်များလွန်းလှတဲ့ မြင်ကွင်းဆိုတာ ထင်ရှားပေမယ့်လည်း အကြောင်းတစ်ခုခုကြောင့် ဒီဗုဒ္ဓဘာသာဆန်တဲ့တုံ့ပြန်မှုက လူတွေကို နားလည်သဘောပေါက်ဟန် ပြုံး‌သွားစေပြီး ဖြတ်ထိုးဉာဏ်ရှိတဲ့ ဗုဒ္ဓဘာသာစိတ်ထားနဲ့ ကာစတန်မာကို ချီးမွမ်းချင်ရုံသာ ဖြစ်လာစေခဲ့တယ်။

ဒီစောင့်ကြည့်ဗီဒီယိုအပြီးမှာ ပြည်သူ့လုံခြုံရေးဗျူရိုမှာရှိတဲ့ အရာရှိတော်တော်များများက အဲ့ဒါကို တစ်ခုပြီးတစ်ခု ပြန်တင်ကြပြီး ပြန်တင်ရတဲ့ အကြောင်းရင်းက အတူတူပါပဲ။"ယေဘုယျကျကျ ပြောရရင် မင်းက လူသတ်မှုကျူးလွန်ချင်တဲ့ လူတစ်ယောက်မဟုတ်ရင် အသက်တစ်သက်ကို မင်းရဲ့ပခုံးပေါ်  ယူတင်ထားမှာ မဟုတ်ဘူး။ ဒါကြောင့် မင်းတို့တွေ အန္တရာယ်ကြုံရရင် အတင်းအကြပ်ရင်မဆိုင်မိပါစေနဲ့။ လူဆိုးနဲ့ ထိပ်တိုက်ရင်ဆိုင်တာ မလုပ်ကြပါနဲ့။ဗီဒီယိုထဲမှာ  ဗုဒ္ဓဘာသာစိတ်ထားနဲ့ ကာစတန်မာရဲ့တုံ့ပြန်မှုကနေ မင်းတို့ သင်ယူလို့ရတယ်။ ဒါပေမယ့်လည်း အခြေအနေအတိအကျကို မခွဲခြမ်းစိတ်ဖြာဘဲ မျက်စိစုံမှိတ်ပြီးတော့ လိုက်မလုပ်သင့်ပါဘူး"

ရှောင်ကျူးက အောက်က အင်တာနက်သုံးစွဲသူတွေရဲ့ တုံ့ပြန်မှုကို ရှာဖွေလိုက်တယ်။

[အသံမပါပေမယ့်လည်း နှုတ်ခမ်းဖတ်တာသင်ထားလို့ ဒီဗုဒ္ဓဘာသာစိတ်ထားနဲ့ ကာစတန်မာက အစပိုင်းမှာ "တာ့ကော" လို့ ခေါ်လိုက်တာကို ငါတွေ့လိုက်တယ်]

[တာ့ကောဆိုတာက ကမ္ဘာပေါ်မှာရှိတဲ့ နာမည်ကောင်းလေးပဲ လူတွေက အဲ့လိုခေါ်တာကို အခေါက်ပေါင်းများစွာ ကြားရရင် သူတို့စိတ်ထဲမှာ သေချာပေါက် ရှက်ရွံ့နေလိမ့်မယ်]

[ဒီဗုဒ္ဓဘာသာဆန်တဲ့မိန်းကလေးက ဖြတ်ထိုးဉာဏ်ရှိတယ် အဲ့ဒီလုံ့လဝီရိယရှိတဲ့သူတွေထက်တော့ အများကြီးပိုကောင်းတယ်]

ရှောင်ကျူးက အပြုံးတစ်ပွင့်နဲ့ အဲ့ဒါတွေကိုကြည့်‌နေတယ်။ အောက်ကမှတ်ချက်တွေက သိသိသာသာကို ပြောင်းလဲသွားတယ်။

[ခနလေး ခနလေး ဒီကာစတန်မာရဲ့မျက်နှာက နည်းနည်းရင်းနှီးနေတာကို နင်တို့သတိမထားမိကြဘူးလား လတ်တလော နာမည်ကြီးနေတဲ့ "Ask the Immortal" ရဲ့ ခေါင်းဆောင်မင်းသမီး ကုမျန်နဲ့တူနေတယ်]

[ဟုတ်တယ် ငါလည်း အဲ့လိုထင်နေတာ စောင့်ကြည့်ဗီဒီယိုရဲ့ အရည်အသွေးညံ့ဖျင်းနေလို့ အစတုန်းက သူမကို ငါမမှတ်မိခဲ့ဘူး]

[ကြက်အစပ်(အမှိုက်) Pixelပဲ အဲ့ဒါကြီးက ကုမျန်ရဲ့ လာဘ်လာဘကောင်းစေတဲ့ အလှတရားကိုတောင် မပြနိုင်ဘူး]

[အစကတော့ ကုမျန်က ဘယ်သူလဲဆိုတာ ငါမသိဘူး နင်တို့ သူမကို ဖော်ပြထားတာကိုတွေ့တော့ ငါသွားရှာလိုက်တယ် သူမရဲ့အကျင့်စရိုက်တွေကို လေ့လာပြီးနောက်မှာ ဗုဒ္ဓဘာသာ၀င်လိုအကျင့်စရိုက်က သူမရဲ့ သဘာဝဆိုတာကို သိလိုက်ရတယ်]

[+1]

[+2]

.......

ခဏလောက် လိုက်ကြည့်နေပြီးနောက် ရှောင်ကျူးက ခေါင်းမော့ပြီး ကုမျန်ကို လက်မထောင်ပြလိုက်တယ်။"မျန်းမျန်  နင်ရဲ့တုံ့ပြန်မှုက တကယ်ကောင်းတယ် ငါဆို သေလောက်အောင်ကြောက်နေမှာ သူ့ကို လက်သီးနဲ့ထိုးဖို့နေနေသာသာ စကားတောင်ပြောရဲမှာမဟုတ်ဘူး"

အဲ့ဒီအချိန်မှာ ကုမျန်က ဆန်ပြုတ်သောက်နေပြီး သူမက တိုးတိုးလေးသာ အသံပြုလာတယ်။

ရှောင်ကျူးက သူမရဲ့ ဖုန်းကို တစ်ချက်ပြန်ကြည့်လိုက်ပြီး တိုးတိုးလေးပြောတယ်။"နင် Weibo ပေါ် forwardပြန်လုပ်မှာ မဟုတ်ဘူးလား? ဗီဒီယိုထဲက လူက နင်ပဲဆိုတာကို အင်တာနက်သုံးစွဲသူတွေကို ပြောပြလိုက်လေ"

ကုမျန်က ဆန်ပြုတ်ရဲ့ နောက်ဆုံးအလုတ်ကို အပြီးသတ်လိုက်ပြီး သူမရဲ့ပါးစပ်ကို တစ်ရှူးနဲ့သုတ်ကာ ပေါ့ပေါ့ပါးပါး ပြောလိုက်တယ်။"မပြောဘူး"

ရှောင်ကျူးက Viral မဖြစ်တော့မှာကို ၀မ်းနည်းမိပေမယ့်လည်း ဒါက ကုမျန်ရဲ့အကျင့်စရိုက်ပဲ‌လေ။ ဒါ့အပြင် သူမ လတ်တလောရရှိနေတဲ့ ရေပန်းစားမှုက တကယ့်ကို များလွန်းတယ်။

အင်တာနက်သုံးစွဲသူတွေရှေ့မှာ ထိတွေ့ခွင့်ရတာက ကောင်းတဲ့ကိစ္စဖြစ်ပေမယ့် သူမကို အင်တာနက်အသုံးပြုသူအချို့က သဘောမကျဖြစ်သွားစေနိုင်တယ်။အချို့လူတွေက သူမ hot search ကိုဝယ်ထားတယ်လို့ ဆိုလာလိမ့်မယ်။

စောင့်ကြည့်ဗီဒီယိုအဖြစ်အပျက်ကို ခပ်လျိုလျိုနေပြီး ကိုင်တွယ်တာက အသင့်လျော်ဆုံး တုံ့ပြန်မှု ဖြစ်နိုင်တယ်။



Zawgyi

ေရွာင္က်ဴးက Weibo ကိုဖြင့္လိုက္ၿပီးေနာက္၊

Weibo ရဲ႕ ထိပ္ဆုံးမွာရွိေနတဲ့ # သမိုင္းမွာ ဗုဒၶဘာသာအဆန္ဆုံး ကာစတန္မာ # ဆိုတဲ့ hot search ကို ျမင္လိုက္ရတယ္။

ကလစ္ႏွိပ္လိုက္ရင္ အထဲမွာရွိေနတာက မိနစ္အနည္းငယ္ၾကာတဲ့ ေစာင့္ၾကည့္ဗီဒီယိုတစ္ခုျဖစ္ၿပီး နိဒါန္းအတိုေလးျဖစ္တယ္။

"မေန႕က ၂၄ နာရီ စတိုးဆိုင္တစ္ခုမွာ ကာစတန္မာတစ္ေယာက္က လူဆိုးတစ္ေယာက္ရဲ႕ ၿခိမ္းေျခာက္မႈကို ခံခဲ့ရေပမယ့္ သူမက ဘုရားသခင္လို ဗုဒၶဘာသာဆန္တဲ့ တုံ႕ျပန္မႈနဲ႕အတူ အႏၱရာယ္ကို ေအာင္ေအာင္ျမင္ျမင္ ေျဖရွင္းနိုင္ခဲ့တယ္"

ေစာင့္ၾကည့္ဗီဒီယိုမွာ အသံမပါေပမယ့္လည္း အဲ့ဒါက ျမင္ကြင္းကို မထိခိုက္ေစပါဘူး။

ဓားကိုင္ထားတဲ့လူဆိုး ၿခိမ္းေျခာက္ေနတဲ့  ကာစတန္မာရဲ႕မ်က္ႏွာေပၚမွာ ထိတ္လန႔္မႈအနည္းငယ္ပင္မရွိဘဲ သူမရဲ႕ တည္ၿငိမ္တဲ့မ်က္ႏွာထားကို ဖန္သားျပင္ကေနျမင္ရဖို႔က မခဲယဥ္းေပ။

သူတို႔ဘာေတြေျပာေနမွန္း မသိရေပမယ့္ လူဆိုးရဲ႕မ်က္ႏွာေပၚရွိ အမူအရာေတြေျပာင္းလဲသြားတာကို ရွင္းရွင္းလင္းလင္း ခံစားလို႔ရတယ္။အစပိုင္းမွာေတာ့ ဦးထုပ္ေအာက္က လူဆိုးရဲ႕မ်က္ႏွာက ရက္စက္ၾကမ္းၾကဳတ္ၿပီး အႏၱရာယ္မ်ားသလိုျဖစ္ေနၿပီး ေနာက္တစကၠန႔္မွာ တစ္ခုခုလုပ္မလို႔ျပင္လိုက္ေပမယ့္ တျဖည္းျဖည္းနဲ႕ သူ႕အမူအရာက ေပ်ာ့ေျပာင္းသြားတယ္။ႏွစ္ေယာက္သား စကားအနည္းငယ္ ဖလွယ္ၿပီးေနာက္မွာ‌ေတာ့ လူဆိုးက ဓားကို ခ်လိဳက္ၿပီး ကာစတန္မာကို သြားခြင့္ေပးလိုက္တယ္။

ဒီတစ္မိနစ္စာေစာင့္ၾကည့္ဗီဒီယိုရဲ႕ အလွည့္အေျပာင္းက ၾကည့္ရႈေနၾကတဲ့ ၾကည့္ရႈသူအမ်ားအျပားကို ေခြၽးထြက္သြားေစခဲ့တယ္။

ေစာင့္ၾကည့္ဗီဒီယို ႐ုတ္တရက္ရပ္သြားတာက ႏွေျမာစရာပင္။ ေနာက္ပိုင္းမွာ ဘာျဖစ္သြားလဲဆိုတာ သူတို႔မသိရေတာ့ဘူးေလ။ေခါင္းစဥ္က ဒီဗုဒၶဘာသာစိတ္ထားနဲ႕ကာစတန္မာက သူမရဲ႕ျဖတ္ထိုးဉာဏ္နဲ႕ ျပသနာကို ေအာင္ေအာင္ျမင္ျမင္ ေျဖရွင္းနိုင္ခဲ့တယ္လို႔ ဆိုထားေပမယ့္ သူတို႔က ဘာျဖစ္ပ်က္သြားလဲဆိုတာကို မျမင္ရဘူး။ ဓါတ္ပုံေတြကေန ဘာျဖစ္သြားလဲသိရဖို႔ သူတို႔ရဲ႕ဦးႏွောက္ကိုသာ အားကိုးေနရတယ္။

ဒါေပမယ့္ စိတ္ဆိုးဖို႔လည္း မျဖစ္နိုင္ဘူးေလ၊ ထုတ္ျပန္ထားတဲ့ ေစာင့္ၾကည့္ဗီဒီယိုက မိနစ္အနည္းငယ္သာ ၾကာၿပီး ေစာင့္ၾကည့္ဗီဒီယိုအျပည့္အစုံကိုေတာ့ သူတို႔ရွာမေတြ႕ခဲ့ဘူး။

ေစာင့္ၾကည့္ဗီဒီယိုမွာ ျပသထားတာက အႏၱရာယ္မ်ားလြန္းလွတဲ့ ျမင္ကြင္းဆိုတာ ထင္ရွားေပမယ့္လည္း အေၾကာင္းတစ္ခုခုေၾကာင့္ ဒီဗုဒၶဘာသာဆန္တဲ့တုံ႕ျပန္မႈက လူေတြကို နားလည္သေဘာေပါက္ဟန္ ၿပဳံး‌သြားေစၿပီး ျဖတ္ထိုးဉာဏ္ရွိတဲ့ ဗုဒၶဘာသာစိတ္ထားနဲ႕ ကာစတန္မာကို ခ်ီးမြမ္းခ်င္႐ုံသာ ျဖစ္လာေစခဲ့တယ္။

ဒီေစာင့္ၾကည့္ဗီဒီယိုအၿပီးမွာ ျပည္သူ႕လုံၿခဳံေရးဗ်ဴရိုမွာရွိတဲ့ အရာရွိေတာ္ေတာ္မ်ားမ်ားက အဲ့ဒါကို တစ္ခုၿပီးတစ္ခု ျပန္တင္ၾကၿပီး ျပန္တင္ရတဲ့ အေၾကာင္းရင္းက အတူတူပါပဲ။"ေယဘုယ်က်က် ေျပာရရင္ မင္းက လူသတ္မႈက်ဴးလြန္ခ်င္တဲ့ လူတစ္ေယာက္မဟုတ္ရင္ အသက္တစ္သက္ကို မင္းရဲ႕ပခုံးေပၚ  ယူတင္ထားမွာ မဟုတ္ဘူး။ ဒါေၾကာင့္ မင္းတို႔ေတြ အႏၱရာယ္ႀကဳံရရင္ အတင္းအၾကပ္ရင္မဆိုင္မိပါေစနဲ႕။ လူဆိုးနဲ႕ ထိပ္တိုက္ရင္ဆိုင္တာ မလုပ္ၾကပါနဲ႕။ဗီဒီယိုထဲမွာ  ဗုဒၶဘာသာစိတ္ထားနဲ႕ ကာစတန္မာရဲ႕တုံ႕ျပန္မႈကေန မင္းတို႔ သင္ယူလို႔ရတယ္။ ဒါေပမယ့္လည္း အေျခအေနအတိအက်ကိဳ မခြဲျခမ္းစိတ္ျဖာဘဲ မ်က္စိစုံမွိတ္ၿပီးေတာ့ လိုက္မလုပ္သင့္ပါဘူး"

ေရွာင္က်ဴးက ေအာက္က အင္တာနက္သုံးစြဲသူေတြရဲ႕ တုံ႕ျပန္မႈကို ရွာေဖြလိုက္တယ္။

[အသံမပါေပမယ့္လည္း ႏႈတ္ခမ္းဖတ္တာသင္ထားလို႔ ဒီဗုဒၶဘာသာစိတ္ထားနဲ႕ ကာစတန္မာက အစပိုင္းမွာ "တာ့ေကာ" လို႔ ေခၚလိုက္တာကို ငါေတြ႕လိုက္တယ္]

[တာ့ေကာဆိုတာက ကမၻာေပၚမွာရွိတဲ့ နာမည္ေကာင္းေလးပဲ လူေတြက အဲ့လိုေခၚတာကို အေခါက္ေပါင္းမ်ားစြာ ၾကားရရင္ သူတို႔စိတ္ထဲမွာ ေသခ်ာေပါက္ ရွက္႐ြံ႕ေနလိမ့္မယ္]

[ဒီဗုဒၶဘာသာဆန္တဲ့မိန္းကေလးက ျဖတ္ထိုးဉာဏ္ရွိတယ္ အဲ့ဒီလုံ႕လဝီရိယရွိတဲ့သူေတြထက္ေတာ့ အမ်ားႀကီးပိုေကာင္းတယ္]

ေရွာင္က်ဴးက အၿပဳံးတစ္ပြင့္နဲ႕ အဲ့ဒါေတြကိုၾကည့္‌ေနတယ္။ ေအာက္ကမွတ္ခ်က္ေတြက သိသိသာသာကို ေျပာင္းလဲသြားတယ္။

[ခနေလး ခနေလး ဒီကာစတန္မာရဲ႕မ်က္ႏွာက နည္းနည္းရင္းႏွီးေနတာကို နင္တို႔သတိမထားမိၾကဘူးလား လတ္တေလာ နာမည္ႀကီးေနတဲ့ "Ask the Immortal" ရဲ႕ ေခါင္းေဆာင္မင္းသမီး ကုမ်န္နဲ႕တူေနတယ္]

[ဟုတ္တယ္ ငါလည္း အဲ့လိုထင္ေနတာ ေစာင့္ၾကည့္ဗီဒီယိုရဲ႕ အရည္အေသြးညံ့ဖ်င္းေနလို႔ အစတုန္းက သူမကို ငါမမွတ္မိခဲ့ဘူး]

[ၾကက္အစပ္(အမွိုက္) Pixelပဲ အဲ့ဒါႀကီးက ကုမ်န္ရဲ႕ လာဘ္လာဘေကာင္းေစတဲ့ အလွတရားကိုေတာင္ မျပနိုင္ဘူး]

[အစကေတာ့ ကုမ်န္က ဘယ္သူလဲဆိုတာ ငါမသိဘူး နင္တို႔ သူမကို ေဖာ္ျပထားတာကိုေတြ႕ေတာ့ ငါသြားရွာလိုက္တယ္ သူမရဲ႕အက်င့္စရိုက္ေတြကို ေလ့လာၿပီးေနာက္မွာ ဗုဒၶဘာသာ၀င္လိုအက်င့္စရိုက္က သူမရဲ႕ သဘာဝဆိုတာကို သိလိုက္ရတယ္]

[+1]

[+2]

.......

ခဏေလာက္ လိုက္ၾကည့္ေနၿပီးေနာက္ ေရွာင္က်ဴးက ေခါင္းေမာ့ၿပီး ကုမ်န္ကို လက္မေထာင္ျပလိုက္တယ္။"မ်န္းမ်န္  နင္ရဲ႕တုံ႕ျပန္မႈက တကယ္ေကာင္းတယ္ ငါဆို ေသေလာက္ေအာင္ေၾကာက္ေနမွာ သူ႕ကို လက္သီးနဲ႕ထိုးဖို႔ေနေနသာသာ စကားေတာင္ေျပာရဲမွာမဟုတ္ဘူး"

အဲ့ဒီအခ်ိန္မွာ ကုမ်န္က ဆန္ျပဳတ္ေသာက္ေနၿပီး သူမက တိုးတိုးေလးသာ အသံျပဳလာတယ္။

ေရွာင္က်ဴးက သူမရဲ႕ ဖုန္းကို တစ္ခ်က္ျပန္ၾကည့္လိုက္ၿပီး တိုးတိုးေလးေျပာတယ္။"နင္ Weibo ေပၚ forwardျပန္လုပ္မွာ မဟုတ္ဘူးလား? ဗီဒီယိုထဲက လူက နင္ပဲဆိုတာကို အင္တာနက္သုံးစြဲသူေတြကို ေျပာျပလိုက္ေလ"

ကုမ်န္က ဆန္ျပဳတ္ရဲ႕ ေနာက္ဆုံးအလုတ္ကို အၿပီးသတ္လိုက္ၿပီး သူမရဲ႕ပါးစပ္ကို တစ္ရႉးနဲ႕သုတ္ကာ ေပါ့ေပါ့ပါးပါး ေျပာလိုက္တယ္။"မေျပာဘူး"

ေရွာင္က်ဴးက Viral မျဖစ္ေတာ့မွာကို ၀မ္းနည္းမိေပမယ့္လည္း ဒါက ကုမ်န္ရဲ႕အက်င့္စရိုက္ပဲ‌ေလ။ ဒါ့အျပင္ သူမ လတ္တေလာရရွိေနတဲ့ ေရပန္းစားမႈက တကယ့္ကို မ်ားလြန္းတယ္။

အင္တာနက္သုံးစြဲသူေတြေရွ႕မွာ ထိေတြ႕ခြင့္ရတာက ေကာင္းတဲ့ကိစၥျဖစ္ေပမယ့္ သူမကို အင္တာနက္အသုံးျပဳသူအခ်ိဳ႕က သေဘာမက်ျဖစ္သြားေစနိုင္တယ္။အခ်ိဳ႕လူေတြက သူမ hot search ကိုဝယ္ထားတယ္လို႔ ဆိုလာလိမ့္မယ္။

ေစာင့္ၾကည့္ဗီဒီယိုအျဖစ္အပ်က္ကို ခပ္လ်ိဳလ်ိဳေနၿပီး ကိုင္တြယ္တာက အသင့္ေလ်ာ္ဆုံး တုံ႕ျပန္မႈ ျဖစ္နိုင္တယ္။

Continue Reading

You'll Also Like

19.7K 1K 5
Author : Celine Gu Xi Jue Short chinese story Not Mine Myanmar Translation (Zawgyi&Unicode) 5July-8July(2020)
477K 68.4K 171
ရှီရှန်း arc 11 က​နေ စတင်တာပါ arc 1က​နေ 10ထိကို workထဲမှာ သွားရှာနိုင်ပါတယ် ႐ွီ႐ွန္း arc 11 က​ေန စတင္တာပါ arc 1က​ေန 10ထိကို workထဲမွာ သြား႐ွာႏိုင္ပါတ...
521K 34.8K 31
story description>>>>> start-5/10/2021 end-1/1/2022
16.3K 1.9K 32
Totally Credited to original author