စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုး...

By BlackLily_WhiteLily

88.1K 8.4K 272

"မှားယွင်းသော လက်ထပ်ခြင်းမှသည်..... ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၂)" MM Translation (Just for fun) C... More

Description
Intro- 1
Intro- 2
Intro- 3
Chapter 1.1
Chapter 1.2
Chapter 1.3
Chapter 1.4
Chapter 2.1
Just Information
Chapter 2.2
Chapter 2.3
Chapter 2.4
Chapter 2.5
Chapter 3.2
Chapter 3.3
🎆🎆🎆Happy New Year🎆🎆🎆
Chapter 3.4
Chapter 3.5
Chapter 4.1
Chapter 4.2/4.3
Chapter 4.4/4.5
Chapter 4.6
Chapter 4.7
Chapter 5.1
Chapter 5.2
Chapter 5.3
Chapter 5.4
Chapter 5.5
Chapter 6.1
Chapter 6.2
Chapter 6.3
Chapter 6.4
Chapter 6.5
Chapter 7.1
Chapter 7.2
Chapter 7.3
Chapter 7.4
Chapter 7.5
Chapter 8.1
Chapter 8.2
Chapter 8.3
Chapter 8.4
Chapter 9.1
Chapter 9.2/9.3
Chapter 9.4/9.5
Chapter 9.6/9.7
Chapter 9.8/9.9
Chapter 9.10/9.11
Chapter 10.1/10.2
Chapter 10.3/10.4
Chapter 10.5/10.6
Chapter 10.7/10.8
Chapter 10.9/10.10
Chapter 10.11/10.12
Chapter 10.13/10.14
Chapter 10.15/10.16/10.17
Chapter 11(1,2)
Chapter 11 (3,4)
Chapter 11 (5,6)
Chapter 11.7, 12.1
Chapter 12 (2,3)
Chapter 12 (4,5)
Chapter 12 (6,7)
Chapter 12 (8,9)
Chapter 12 (10,11)
Chapter 12 (12,13)
Chapter 13(1,2)
Chapter 13 (3,4)
Chapter 13 (5,6)
Chapter 13 (7,8)
Chapter 13 (9,10,11)
Chapter 14.1/14.2
Chapter 14.3/14.4
Chapter 14.5/14.6
Chapter 14.7/14.8
Chapter 15.1/15.2
Chapter 15.3/15.4
Chapter 15.5/15.6
Chapter 15.7/15.8
Chapter 15.9/15.10
Chapter 15.11/15.12
Chapter 16.1/16.2
Chapter 16.3/16.4
Chapter 16.5/16.6
Chapter 16.7/16.8
Chapter 16.9/16.10
Chapter 16.11/16.12
Chapter 16.13/16.14
Chapter 17(1/2)
Chapter 17(3/4)
Chapter 17 (5/6)
Chapter 17(7/8)
Chapter 17(9/10)
Chapter 17(11/12)
Chapter 17(13/14)
About Mistaken Marriage series
Chapter 18.1/18.2
Chapter 18.3/18.4
Chapter 18.5/18.6
Chapter 18.7/18.8
Chapter 18.9/18.10/18.11
Chapter 19.1/19.2
Chapter 19.3/19.4
Chapter 19.5/19.6
Complete 💯 🔊🔊🔊 Telegram PG လေးစပါပြီ

Chapter 3.1

924 108 7
By BlackLily_WhiteLily

အခန်း ၃ နတ်ဆိုးစစ်ရေးနည်းပြ (အပိုင်း ၁)

မော်ရှီ(နံနက်၅နာရီမှ ၇နာရီ)တွင် ကောင်းကင်က စတင်တောက်ပနေပြီးဖြစ်သော်လည်း တောအုပ်ထဲမှ သစ်ရွက်များက နံနက်ခင်းအလင်းရောင်ကို ပိတ်ဆို့ထားသဖြင့် အနည်းငယ် မှောင်နေသေးသည်။ ရှည်လျားစွာ တန်းစီထားသော လူငါးရာခန့်အဖွဲ၏ ချီတက်မှုအရှိန်နှင့် တပ်သားများ၏ စိတ်ဓာတ်ကို ကြည့်လျှင် မနေ့က နံနက်ကထက်ပင် စိတ်ဓာတ် တက်ကြွမှု နည်းပါးနေခဲ့သည်။ တပ်သားများက တောအုပ်ထဲသို့ ပြေးဝင်လာကြပြီး မီးမှိန်မှိန်အောက်တွင် သူတို့ တစ်ညလုံး ကျိန်စာတိုက်နေခဲ့သော ပုံရိပ်ကို တစေ့တစောင်း မြင်လိုက်ရသည်။

ကုယွင်၏မျက်နှာပေါ်တွင် အေးစက်သောအကြည့်တစ်ခု ရှိနေသည်မှာ အခြားအရာအတွက်မဟုတ်ဘဲ ဤခေတ်တွင် နာရီမရှိသောကြောင့် ဖြစ်သည်။ အချိန်ကို စောင့်နေရတာက သူမအတွက် အဆင်မပြေလှပေ။ ဒီလူတွေက သူမ စိတ်အနှောင့်အယှက်ဖြစ်အောင် သူမကို ဆယ့်ငါးမိနစ်လောက် စောင့်ခိုင်းခဲ့တာ သေချာနေသည်။

အဖွဲ့က သေချာ တန်းစီပြီး ရပ်လိုက်သည်နှင့် တပြိုင်နက် ကုယွင်၏ အမူအရာက အလွန်ကွဲပြားနေသည်ကို တပ်သားများက သတိပြုမိပြီး သူမက နောက်ထပ် နှိပ်စက်ညှဉ်းပမ်းမှုများ ထပ်လုပ်လာမည်ကို တိတ်တဆိတ် စိုးရိမ်သွားကြသည်။

"ကောကျင့်ယွင်၊ လမ်ရှောင်း" အေးစက်သောအသံက လေထဲမှာ ပဲ့တင်ထပ်နေသလို ထွက်ပေါ်လာသည်။

"ဟုတ်ကဲ့" ကောကျင့်ယွင်နှင့် လမ်ရှောင်းက ရှေ့တစ်လှမ်း တိုးလိုက်ကြသည်။ ကုယွင်က နက်မှောင်နေတဲ့ မျက်နှာနဲ့ "ဒီနေ့ကစပြီး နေ့တိုင်း လေ့ကျင့်ရေးမစခင် ပထမဆုံးလုပ်ရမှာက မင်းတို့ရဲ့အဖွဲ့တွေကို ဒီကနေ တောင်ပေါ်ကို ပြေးတက်ပြီး ပြန်လှည့်လာခိုင်းရမယ်။ အချိန်က တစ်ရှီးချန်ရဲ့ လေးပုံတစ်ပုံထက် မပိုရဘူး။ အဲ့အချိန်ထက် နောက်ကျမှ ပြန်ရောက်တဲ့သူက နေ့လည်​ထမင်းစားခွင့် ​မရှိဘူး!"

လူတိုင်းက တိတ်တိတ်လေး သက်ပြင်းချလိုက်မိကြသည်။ ကံကောင်းထောက်မစွာနဲ့ပဲ ပြေးရုံသာ ပြေးခိုင်းခဲ့သည်။ အဲ့ဒါက မနေ့ကနဲ့ယှဉ်ရင် အရမ်းကို လွယ်ကူလွန်းလှသည်။ သူတို့ တိတ်တဆိတ် ရွှင်မြူးနေကြစဉ်၊ ကုယွင်က မဝေးလှသော အမှောင်ထုထဲမှ တောင်ပုံကြီးတစ်ခုကို ရုတ်တရက် လက်ညှိုးထိုးပြလိုက်ပြီး အေးအေးဆေးဆေး ပြောလိုက်သည်။ "အဲဒီမှာ အိတ်တချို့ ရှိတယ်၊ တစ်ယောက်စီက အိတ်လေးအိတ် ယူရမယ်၊ ခါးမှာ နှစ်အိတ်ဆွဲမယ်၊ ခြေထောက်နှစ်ဘက်မှာ တစ်အိတ်စီ ကြိုးနဲ့ချည်ပြီး ချက်ချင်း ထွက်တော့"

မနေ့ညက စစ်ရေးလေ့ကျင့်ကွင်းကို သွားတုန်းက ကွင်းရဲ့အစွန်းမှာ သဲတွေ စုပုံနေတာကို သူမ အမှတ်တမဲ့ တွေ့လိုက်ရသည်။ သူတို့အတွက် ကိုယ်အလေးချိန်ထိန်းတဲ့ လေ့ကျင့်ခန်းလုပ်ဖို့ စိတ်ကူးကောင်းပါပဲ။

"ဟုတ်ကဲ့" တောင်ပေါ်ကို ပြေးတက်လိုက်တော့မှ သဲအိတ်ကြီးများရှိနေတာကို သိလိုက်ရသည်။ သဲအိတ်တွေကို ခန္ဓာကိုယ်မှာ ကြိုးနဲ့ချည်ပြီး လှည့်ရတာတောင် အဆင်မပြေပါဘူး။ ဒါပေမယ့် သူမက ပြေးဖို့ပြောနေမှတော့ သူမ အမိန့်အတိုင်း တစ်ရှီးချန်ရဲ့လေးပုံတစ်ပုံအတွင်းရောက်အောင် ပြေးရတော့မှာပါပဲ။ သူမက အမှန်ပင် နတ်ဆိုးတစ်ဦး ဖြစ်နေခဲ့သည်။ ခုန လှုပ်စိလှုပ်စိလုပ်နေသော လူတစ်စုက သဲအိတ်များကို ချည်နှောင်ပြီးနောက် အနောက်ဘက်တောင်ဆီသို့ အရှိန်အဟုန်ဖြင့် ပြေးသွားကြတော့သည်။ ‌နေ့လည်စာ မစားချင်တဲ့သူလို့ ရှိနိုင်ပါ့မလား။

သူတို့ရဲ့ရယ်စရာကောင်းတဲ့ ကျောပြင်တွေကို ကြည့်ပြီး ကုယွင်က တိုးတိုးလေး ရယ်မောလိုက်သည်။ နောက်ဆုံးတော့ တိမ်တွေထူထပ်နေသလို အုံမှိုင်းနေတဲ့ သူမရဲ့စိတ်တွေက ကြည်လင်လာခဲ့သည်။ ကုယွင်က သစ်ပင် ပင်စည်ကို မှီပြီး စုရန်လာပို့မည့် ပစ္စည်းတွေကို စောင့်ဆိုင်းနေခဲ့သည်။ နွေနေရောင်က အစောကြီး ထွက်ပြူလာပြီး သိပ်မကြာခင်မှာပဲ နေရောင်က သစ်ရွက်များကြားကို ထိုးဖောက်ဝင်ရောက်ပြီး တောအုပ်ထဲတွင် တဖျပ်ဖျပ် တောက်ပနေလေပြီ။ ကုယွင်က စောင့်ဆိုင်းရတာကြာလို့ အနည်းငယ် စိတ်မရှည်တော့သည့်အချိန်တွင် တောင်တန်းကဲ့သို့ အရပ်ရှည်ပြီး သန်မာသော အသွင်အပြင်နှင့် လူက သစ်သားသေတ္တာကြီး ခုနစ်လုံး သို့မဟုတ် ရှစ်လုံးကို ထမ်းလာသော တပ်သားတစ်စုကို ဦးဆောင်ကာ သူမဆီသို့ လျှောက်လာခဲ့သည်။

ကုယွင် မျက်မှောင်ကြုတ်လိုက်သည်။ ဟန်ရှု??? သူက ဘာလို့လာတာလဲ???

ဟန်ရှုက ကုယွင်ဆီသို့ လျှောက်လာရင်း အသံကျယ်ကျယ်နဲ့ "ဒါတွေက မင်းလိုချင်နေတဲ့ ပစ္စည်းတွေပဲ"

တကယ်တော့ သူ ဒီနေ့ ဒီကို လာတဲ့ အကြောင်းအရင်းက မနေ့က ဓားကြောင့်ပါ။ သူ နည်းနည်းတော့ စပ်စုချင်မိသွားသည်။ မနေ့ကဓားက အေးစက်လွန်းလှတယ်။ သူမက ဘယ်ကမ္ဘာပေါ် ကနေ ရောက်လာတဲ့သူလဲ? သူမ ဘာမှ မခံစားရဘူးလား?

ကုယွင်က သေတ္တာကို ဖွင့်ကြည့်လိုက်ပြီး အတွင်းမှာ လက်နက်အမြောက်အများ တွေ့လိုက်ရပေမယ့် အဲ့တာတွေကို ရှင်းရှင်းလင်းလင်းမြင်လိုက်တာနဲ့ ကုယွင်ရဲ့မျက်ခုံးတွေက တွန့်ကွေးသွားပြန်သည်။ "ဒါက ဓားမြှောင်တွေလား?"

ဟန်ရှုက သေတ္တာထဲက ပစ္စည်းတွေကို ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်ကာ "ဓားမြှောင်မဟုတ်ရင် ဒါက ဘာတွေဖြစ်မှာလဲ"

ကုယွင်က အေးစက်စွာနဲ့ "အရမ်းကြီးတယ်၊ ငါ မလိုချင်ဘူး၊ ဖယ်လိုက်တော့"

ဒါကို ဓားမြှောင်လို့ ခေါ်နိုင်မလား။ ငါးဆယ်စင်တီမီတာလောက်ရှည်နေတာကြောင့် ဓားတိုဟုသာ ခေါ်နိုင်သည်။ စစ်မြေပြင်မှာ ဒီလို ဓားမြှောင်တွေက လက်နက်တိုအဆင့်ပဲရှိသည်။ ရန်သူတွေကို သတ်ဖို့ အဆင်မပြေတာကြောင့် နေ့စဉ်ဘ၀မှာ အသုံးနည်းလှသည်။ သူမက သူတို့ကို ဓားမြှောင်ရာဂဏန်းလောက် ချက်ချင်း ရှာဖွေခိုင်းတာကြောင့် လက်နက်တိုက်တစ်ခုလုံးကို လှည့်ပတ်ရှာဖွေလာခဲ့ရသည်။ အခုတော့ သူမက မလိုချင်ဘူးတဲ့လား???! ဟန်ရှုက ဒေါသတကြီး အော်လိုက်မိတော့သည်။ "ဒါက ယုတ္တိမရှိဘူး!"

ကုယွင်က သူနဲ့ မိုက်မဲတဲ့စကားတွေပြောနေဖို့ ပျင်းလွန်းတာကြောင့် သေတ္တာကို တိုက်ရိုက် စောင့်ပိတ်ချလိုက်သည်။

"မင်း!" ဟန်ရှုက အံကြိတ်လိုက်သည်။

ကုယွင်က နောက်ပြန်လှည့်မကြည့်ဘဲ အေးစက်စွာ အော်လိုက်သည်။ "ဘာလဲ... မနေ့က ကစားရတာ မဝသေးလို့လား၊ ဒီနေ့ စမ်းကြည့်ချင်သေးလို့လား? တောင်းပန်ပါတယ် အခု ငါ မအားသေးဘူး!"

ဟန်ရှုက လက်သီးဆုပ်ထားပြီး သူ့လက်ဆစ်များက တဆတ်ဆတ်တုန်လာသောကြောင့် သူ့နောက်မှ စစ်သားများက အသက်ရှုကြပ်သွားလေသည်။ ဒုတိယစစ်သူကြီးချုပ်က မိန်းမတယောက်ကို ထိုးချင်နေတာလား???

ဟန်ရှုက ဒေါသပေါက်ကွဲတော့မည့်ပုံပေါ်နေကာ ကုယွင်က အခြားသေတ္တာနှစ်လုံးရှိ လျှော်ကြိုးများကို စစ်ဆေးလိုက်ပြီး သေတ္တာဘေးနားတွင် ‌‌တောင့်တင်းစွာ ရပ်နေသော တပ်သားကို ကြည့်ကာ "ကြိုးတွေကို ထားခဲ့၊ ဓားမြှောင်တွေကို ပြန်ယူသွား"

တပ်သားတွေက မလှုပ်ရှားဝံ့ဘဲ ဟန်ရှု အမိန့်ပေးတာကို စောင့်နေခဲ့ကြသည်။ အချိန်အတော်ကြာအပြီးနောက် ဟန်ရှုက တင်းတင်းကျပ်ကျပ် ဆုပ်ထားသော သူ့လက်များကို ဖြေလျော့လိုက်သည်။ နောက်ဆုံးမှာတော့ သူက လက်ဝှေ့ယမ်းပြလိုက်ရာ တပ်သားများက စိတ်သက်သာရာ ရသွားခဲ့သည်။ သူတို့က ဓားမြှောင်သေတ္တာပေါင်းများစွာကို သယ်ဆောင်ကာ တောအုပ်ထဲမှ ပြန်ထွက်ခွာသွားသည်။

ဤအမျိုးသမီးက လုံးဝကို ယုတ္တိမရှိပေ။ ဟန်ရှုက ပြန်လှည့်ထွက်ဖို့ ပြင်လိုက်ပေမယ့် စနစ်တကျမရှိဘဲ ပြန့်ကျဲနေသော ပုံစံ၊ လေးလံသော ခြေလှမ်းများဖြင့် သူတို့ဆီသို့ ပြေးလာနေသော တပ်သားများကို မြင်လိုက်သောအခါ ဟန်ရှု၏ မျက်နှာက ချက်ချင်း မည်းမှောင်သွားပြီး ဒေါသတကြီးဖြင့် "ဒီတပ်သားတွေ၊ ဘာဖြစ်နေတာလဲ??? နှေးလိုက်တာ!"

တပ်သားသစ်တွေဆိုရင်တောင် ဒီလိုအရည်အသွေးမျိုး မဖြစ်သင့်ဘူးလေ။ ဒီဒုက္ခသည်တွေက စုမိသားစုစစ်တပ်ထဲကနေ ဘယ်တုန်းက ထွက်လာတာလဲ???

ကုယွင်က သူ့ကို ဘေးစောင်းကြည့်ကာ ရယ်မောလိုက်ပြီး "သဲကျင်သုံးဆယ်ကို ခန္ဓာကိုယ်မှာ ချည်ပြီး ဆယ်လီလောက် ပြေးကြည့်စမ်းပါ၊ နင်လည်း အရမ်းမြန်နေမှာ မဟုတ်ပါဘူး"

ဟန်ရှုက ထိတ်လန့်သွားပြီး အနီးကပ်ကြည့်ဖို့ မျက်လုံးတွေကို ပြူးထားလိုက်သည်။ သူမ ပြောတာ အမှန်ပင်၊ လူတိုင်း၏ခါးနှင့် ခြေထောက်များတွင် သဲအိတ်များ ချိတ်ဆွဲထားသည်။ ဟန်ရှုက ကုယွင်ကို စိုက်ကြည့်ရင်း "ဘယ်လို ရှုပ်ယှက်ခတ်တဲ့ စစ်ရေးလေ့ကျင့်မှုမျိုးကို လုပ်နေတာလဲ?"

ဒီလူက သူရဲ့အသံကို မလျှော့ချနိုင်ဘူးလား??? သူများရဲ့နားစည်တွေကို နာကျင်စေတယ်။ ကုယွင်က သူမနားရွက်တွေကို ပျင်းရိစွာ ပွတ်သပ်ရင်း ရယ်မောကာ ပြန်ပြောလိုက်သည်။ "နင် မကြိုက်ရင် ချက်ချင်းထွက်သွားလို့ရတယ်။ ဘယ်သူမှ နင့်ကို စောင့်မကြည့်ခိုင်းဘူး။ နင် စိတ်ဝင်တစားလို့ ကြည့်ချင်ရင် ငါ့ဘေးနားမှာ အေးအေးဆေးဆေး မတ်တပ်ရပ်ပြီး စစ်ရေးလေ့ကျင့်မှုလို့ ခေါ်တဲ့ဟာကို လေ့လာနိုင်တယ်၊ ဒါပေမယ့် အကျည်းတန်တဲ့စကားတွေတော့ လာမပြောနဲ့၊ ငါ့ရဲ့လေ့ကျင့်မှုကို ထိခိုက်စေတယ်"

ကုယွင်၏ မောက်မာမှုက ဟန်ရှုကို စိတ်အနှောင့်အယှက် ဖြစ်စေသည်။ သူက သူ့ပေါင်ကိုသူ ပြန်ရိုက်လိုက်ပြီး ဒေါသတကြီးနဲ့ ပြန်ပြောလိုက်သည်။ "ကောင်းပြီ၊ အမှန်အတိုင်း ပြောရရင် မိန်းမတစ်ယောက်က စစ်သားတွေကို ဘယ်လို လေ့ကျင့်ပေးမလဲဆိုတာကို ငါ ကြည့်ချင်တယ်!"

ထိုအချိန်တွင် အရှေ့မှ စစ်သည်များက မူလနေရာသို့ ပြန်ရောက်လာကြသည်။ အရပ်ရှည်ပြီး အင်အားကြီးသော ဟန်ရှုကို မြင်လိုက်သောအခါတွင် သူတို့၏ မျက်လုံးများက ချက်ချင်း တောက်ပလာပြီး "ဟန်ကွပ်ကဲရေးမှူး!"ဟု အော်လိုက်ကြသည်။ ဟန်ရှုက စစ်ဗိုလ်ချုပ်ကြီးစုလင်း၏ လက်အောက်မှ အရဲရင့်ဆုံးနှင့် အပြင်းထန်ဆုံး ဒုတိယစစ်ဦးစီးချုပ် ဖြစ်သည်။ သူတို့ စုမိသားစုစစ်တပ်ထဲ ဝင်ဖို့ အရွေးခံရတုန်းက အဝေးကနေ တခါပဲ မြင်ဖူးခဲ့သည်။ အနီးကပ်ကြည့်လိုက်တော့ သူက ပိုလို့တောင် သန်မာပုံရသည်။

တဖြည်းဖြည်း တပ်သားတွေက တောထဲကို ပြန်ရောက်လာကြပြီး သေလုမျောပါးဖြစ်နေပုံရသည်။ သူတို့က ဟန်ရှုကို မြင်လိုက်တဲ့အခါ ချက်ခြင်းတက်ကြွသွားပြီး မတ်မတ်ပြင်ရပ်လိုက်ကြသည်။ ကုယွင်က မျက်ခုံးပင့်ကာ ခေါင်းကို အနည်းငယ် မော့ပြီး အေးစက်စွာ ကြည့်နေသည်။ ဒီကောင်တွေကတော့... သူမကို ရင်ဆိုင်ရတုန်းက သူတို့ ဘာကြောင့် ဒီလောက် လေးလေးစားစား မလုပ်နိုင်ကြတာလဲ?!

ငါ သင်ခန်းစာပေးတာ မလုံလောက်သေးလို့လား???

ဟန်ရှု၏ပြင်းထန်သော မျက်လုံးများက သူတို့ကို စိုက်ကြည့်နေရင်း "တန်းစီ၊ စကားပြောခွင့် မပေးဘူး"

"ဟုတ်ကဲ့" စစ်သားငါးရာစလုံးက ချက်ချင်း တန်းစီပြီး သပ်သပ်ရပ်ရပ် မတ်မတ်ရပ်လိုက်ကြသည်။

ဟန်ရှုက ဂုဏ်ယူဝံ့ကြွားစွာနဲ့ ကုယွင်ကို ငုံကြည့်လိုက်သည်။ သူက သူမ စိတ်ဆိုးနေမည် ရှက်နေမည်ဟု ထင်နေသော်လည်း သူမ သူ့ကို အေးအေးဆေးဆေး ပြန်ပြုံးပြကာ အဖွဲ့ရှေ့သို့ လှမ်းသွားပြီး ဒေါသသံ မပါသော အသံကျယ်ကျယ်ဖြင့် "မင်းတို့ရဲ့ သဲအိတ်တွေကို ပြန်ချွတ်လို့ ရပြီ"

ထိုမှသာလျှင် စစ်သည်များက သူတို့ကို အမှန်တကယ် လေ့ကျင့်ပေးနေသူမှာ သူတို့ရှေ့မှ နတ်ဆိုးနှင့်တူသော မိန်းမဖြစ်သည်ကို သတိရမိတော့သည်။ တပ်သားများက သဲအိတ်များကို ချွတ်ပြီးနောက် ရှေ့တည့်တည့်ကို စိုက်ကြည့်နေကြသည်။ 

❤️❤️❤️Thank you so much for your lovely supports❤️❤️❤️

အခန္း ၃ နတ္ဆိုးစစ္ေရးနည္းျပ (အပိုင္း ၁)

ေမာ္ရွီ(နံနက္၅နာရီမွ ၇နာရီ)တြင္ ေကာင္းကင္က စတင္ေတာက္ပေနၿပီးျဖစ္ေသာ္လည္း ေတာအုပ္ထဲမွ သစ္႐ြက္မ်ားက နံနက္ခင္းအလင္းေရာင္ကို ပိတ္ဆို႔ထားသျဖင့္ အနည္းငယ္ ေမွာင္ေနေသးသည္။ ရွည္လ်ားစြာ တန္းစီထားေသာ လူငါးရာခန႔္အဖြဲ၏ ခ်ီတက္မႈအရွိန္ႏွင့္ တပ္သားမ်ား၏ စိတ္ဓာတ္ကို ၾကည့္လွ်င္ မေန႔က နံနက္ကထက္ပင္ စိတ္ဓာတ္ တက္ႂကြမႈ နည္းပါးေနခဲ့သည္။ တပ္သားမ်ားက ေတာအုပ္ထဲသို႔ ေျပးဝင္လာၾကၿပီး မီးမွိန္မွိန္ေအာက္တြင္ သူတို႔ တစ္ညလုံး က်ိန္စာတိုက္ေနခဲ့ေသာ ပုံရိပ္ကို တေစ့တေစာင္း ျမင္လိုက္ရသည္။

ကုယြင္၏မ်က္ႏွာေပၚတြင္ ေအးစက္ေသာအၾကည့္တစ္ခု ရွိေနသည္မွာ အျခားအရာအတြက္မဟုတ္ဘဲ ဤေခတ္တြင္ နာရီမရွိေသာေၾကာင့္ ျဖစ္သည္။ အခ်ိန္ကို ေစာင့္ေနရတာက သူမအတြက္ အဆင္မေျပလွေပ။ ဒီလူေတြက သူမ စိတ္အေႏွာင့္အယွက္ျဖစ္ေအာင္ သူမကို ဆယ့္ငါးမိနစ္ေလာက္ ေစာင့္ခိုင္းခဲ့တာ ေသခ်ာေနသည္။

အဖြဲ႕က ေသခ်ာ တန္းစီၿပီး ရပ္လိုက္သည္ႏွင့္ တၿပိဳင္နက္ ကုယြင္၏ အမူအရာက အလြန္ကြဲျပားေနသည္ကို တပ္သားမ်ားက သတိျပဳမိၿပီး သူမက ေနာက္ထပ္ ႏွိပ္စက္ညႇဥ္းပမ္းမႈမ်ား ထပ္လုပ္လာမည္ကို တိတ္တဆိတ္ စိုးရိမ္သြားၾကသည္။

"ေကာက်င့္ယြင္၊ လမ္ေရွာင္း" ေအးစက္ေသာအသံက ေလထဲမွာ ပဲ့တင္ထပ္ေနသလို ထြက္ေပၚလာသည္။

"ဟုတ္ကဲ့" ေကာက်င့္ယြင္ႏွင့္ လမ္ေရွာင္းက ေရွ႕တစ္လွမ္း တိုးလိုက္ၾကသည္။ ကုယြင္က နက္ေမွာင္ေနတဲ့ မ်က္ႏွာနဲ႔ "ဒီေန႔ကစၿပီး ေန႔တိုင္း ေလ့က်င့္ေရးမစခင္ ပထမဆုံးလုပ္ရမွာက မင္းတို႔ရဲ႕အဖြဲ႕ေတြကို ဒီကေန ေတာင္ေပၚကို ေျပးတက္ၿပီး ျပန္လွည့္လာခိုင္းရမယ္။ အခ်ိန္က တစ္ရွီးခ်န္ရဲ႕ ေလးပုံတစ္ပုံထက္ မပိုရဘူး။ အဲ့အခ်ိန္ထက္ ေနာက္က်မွ ျပန္ေရာက္တဲ့သူက ေန႔လည္​ထမင္းစားခြင့္ ​မရွိဘူး!"

လူတိုင္းက တိတ္တိတ္ေလး သက္ျပင္းခ်လိုက္မိၾကသည္။ ကံေကာင္းေထာက္မစြာနဲ႔ပဲ ေျပး႐ုံသာ ေျပးခိုင္းခဲ့သည္။ အဲ့ဒါက မေန႔ကနဲ႔ယွဥ္ရင္ အရမ္းကို လြယ္ကူလြန္းလွသည္။ သူတို႔ တိတ္တဆိတ္ ႐ႊင္ျမဴးေနၾကစဥ္၊ ကုယြင္က မေဝးလွေသာ အေမွာင္ထုထဲမွ ေတာင္ပုံႀကီးတစ္ခုကို ႐ုတ္တရက္ လက္ညႇိဳးထိုးျပလိုက္ၿပီး ေအးေအးေဆးေဆး ေျပာလိုက္သည္။ "အဲဒီမွာ အိတ္တခ်ိဳ႕ ရွိတယ္၊ တစ္ေယာက္စီက အိတ္ေလးအိတ္ ယူရမယ္၊ ခါးမွာ ႏွစ္အိတ္ဆြဲမယ္၊ ေျခေထာက္ႏွစ္ဘက္မွာ တစ္အိတ္စီ ႀကိဳးနဲ႔ခ်ည္ၿပီး ခ်က္ခ်င္း ထြက္ေတာ့"

မေန႔ညက စစ္ေရးေလ့က်င့္ကြင္းကို သြားတုန္းက ကြင္းရဲ႕အစြန္းမွာ သဲေတြ စုပုံေနတာကို သူမ အမွတ္တမဲ့ ေတြ႕လိုက္ရသည္။ သူတို႔အတြက္ ကိုယ္အေလးခ်ိန္ထိန္းတဲ့ ေလ့က်င့္ခန္းလုပ္ဖို႔ စိတ္ကူးေကာင္းပါပဲ။

"ဟုတ္ကဲ့" ေတာင္ေပၚကို ေျပးတက္လိုက္ေတာ့မွ သဲအိတ္ႀကီးမ်ားရွိေနတာကို သိလိုက္ရသည္။ သဲအိတ္ေတြကို ခႏၶာကိုယ္မွာ ႀကိဳးနဲ႔ခ်ည္ၿပီး လွည့္ရတာေတာင္ အဆင္မေျပပါဘူး။ ဒါေပမယ့္ သူမက ေျပးဖို႔ေျပာေနမွေတာ့ သူမ အမိန႔္အတိုင္း တစ္ရွီးခ်န္ရဲ႕ေလးပုံတစ္ပုံအတြင္းေရာက္ေအာင္ ေျပးရေတာ့မွာပါပဲ။ သူမက အမွန္ပင္ နတ္ဆိုးတစ္ဦး ျဖစ္ေနခဲ့သည္။ ခုန လႈပ္စိလႈပ္စိလုပ္ေနေသာ လူတစ္စုက သဲအိတ္မ်ားကို ခ်ည္ေႏွာင္ၿပီးေနာက္ အေနာက္ဘက္ေတာင္ဆီသို႔ အရွိန္အဟုန္ျဖင့္ ေျပးသြားၾကေတာ့သည္။ ‌ေန႔လည္စာ မစားခ်င္တဲ့သူလို႔ ရွိႏိုင္ပါ့မလား။

သူတို႔ရဲ႕ရယ္စရာေကာင္းတဲ့ ေက်ာျပင္ေတြကို ၾကည့္ၿပီး ကုယြင္က တိုးတိုးေလး ရယ္ေမာလိုက္သည္။ ေနာက္ဆုံးေတာ့ တိမ္ေတြထူထပ္ေနသလို အုံမႈိင္းေနတဲ့ သူမရဲ႕စိတ္ေတြက ၾကည္လင္လာခဲ့သည္။ ကုယြင္က သစ္ပင္ ပင္စည္ကို မွီၿပီး စုရန္လာပို႔မည့္ ပစၥည္းေတြကို ေစာင့္ဆိုင္းေနခဲ့သည္။ ေႏြေနေရာင္က အေစာႀကီး ထြက္ျပဴလာၿပီး သိပ္မၾကာခင္မွာပဲ ေနေရာင္က သစ္႐ြက္မ်ားၾကားကို ထိုးေဖာက္ဝင္ေရာက္ၿပီး ေတာအုပ္ထဲတြင္ တဖ်ပ္ဖ်ပ္ ေတာက္ပေနေလၿပီ။ ကုယြင္က ေစာင့္ဆိုင္းရတာၾကာလို႔ အနည္းငယ္ စိတ္မရွည္ေတာ့သည့္အခ်ိန္တြင္ ေတာင္တန္းကဲ့သို႔ အရပ္ရွည္ၿပီး သန္မာေသာ အသြင္အျပင္ႏွင့္ လူက သစ္သားေသတၱာႀကီး ခုနစ္လုံး သို႔မဟုတ္ ရွစ္လုံးကို ထမ္းလာေသာ တပ္သားတစ္စုကို ဦးေဆာင္ကာ သူမဆီသို႔ ေလွ်ာက္လာခဲ့သည္။

ကုယြင္ မ်က္ေမွာင္ၾကဳတ္လိုက္သည္။ ဟန္ရႈ??? သူက ဘာလို႔လာတာလဲ???

ဟန္ရႈက ကုယြင္ဆီသို႔ ေလွ်ာက္လာရင္း အသံက်ယ္က်ယ္နဲ႔ "ဒါေတြက မင္းလိုခ်င္ေနတဲ့ ပစၥည္းေတြပဲ"

တကယ္ေတာ့ သူ ဒီေန႔ ဒီကို လာတဲ့ အေၾကာင္းအရင္းက မေန႔က ဓားေၾကာင့္ပါ။ သူ နည္းနည္းေတာ့ စပ္စုခ်င္မိသြားသည္။ မေန႔ကဓားက ေအးစက္လြန္းလွတယ္။ သူမက ဘယ္ကမာၻေပၚ ကေန ေရာက္လာတဲ့သူလဲ? သူမ ဘာမွ မခံစားရဘူးလား?

ကုယြင္က ေသတၱာကို ဖြင့္ၾကည့္လိုက္ၿပီး အတြင္းမွာ လက္နက္အေျမာက္အမ်ား ေတြ႕လိုက္ရေပမယ့္ အဲ့တာေတြကို ရွင္းရွင္းလင္းလင္းျမင္လိုက္တာနဲ႔ ကုယြင္ရဲ႕မ်က္ခုံးေတြက တြန႔္ေကြးသြားျပန္သည္။ "ဒါက ဓားေျမႇာင္ေတြလား?"

ဟန္ရႈက ေသတၱာထဲက ပစၥည္းေတြကို ၾကည့္လိုက္ၿပီး မ်က္ေမွာင္ၾကဳတ္ကာ "ဓားေျမႇာင္မဟုတ္ရင္ ဒါက ဘာေတြျဖစ္မွာလဲ"

ကုယြင္က ေအးစက္စြာနဲ႔ "အရမ္းႀကီးတယ္၊ ငါ မလိုခ်င္ဘူး၊ ဖယ္လိုက္ေတာ့"

ဒါကို ဓားေျမႇာင္လို႔ ေခၚႏိုင္မလား။ ငါးဆယ္စင္တီမီတာေလာက္ရွည္ေနတာေၾကာင့္ ဓားတိုဟုသာ ေခၚႏိုင္သည္။ စစ္ေျမျပင္မွာ ဒီလို ဓားေျမႇာင္ေတြက လက္နက္တိုအဆင့္ပဲရွိသည္။ ရန္သူေတြကို သတ္ဖို႔ အဆင္မေျပတာေၾကာင့္ ေန႔စဥ္ဘ၀မွာ အသုံးနည္းလွသည္။ သူမက သူတို႔ကို ဓားေျမႇာင္ရာဂဏန္းေလာက္ ခ်က္ခ်င္း ရွာေဖြခိုင္းတာေၾကာင့္ လက္နက္တိုက္တစ္ခုလုံးကို လွည့္ပတ္ရွာေဖြလာခဲ့ရသည္။ အခုေတာ့ သူမက မလိုခ်င္ဘူးတဲ့လား???! ဟန္ရႈက ေဒါသတႀကီး ေအာ္လိုက္မိေတာ့သည္။ "ဒါက ယုတၱိမရွိဘူး!"

ကုယြင္က သူနဲ႔ မိုက္မဲတဲ့စကားေတြေျပာေနဖို႔ ပ်င္းလြန္းတာေၾကာင့္ ေသတၱာကို တိုက္႐ိုက္ ေစာင့္ပိတ္ခ်လိုက္သည္။

"မင္း!" ဟန္ရႈက အံႀကိတ္လိုက္သည္။

ကုယြင္က ေနာက္ျပန္လွည့္မၾကည့္ဘဲ ေအးစက္စြာ ေအာ္လိုက္သည္။ "ဘာလဲ... မေန႔က ကစားရတာ မဝေသးလို႔လား၊ ဒီေန႔ စမ္းၾကည့္ခ်င္ေသးလို႔လား? ေတာင္းပန္ပါတယ္ အခု ငါ မအားေသးဘူး!"

ဟန္ရႈက လက္သီးဆုပ္ထားၿပီး သူ႔လက္ဆစ္မ်ားက တဆတ္ဆတ္တုန္လာေသာေၾကာင့္ သူ႔ေနာက္မွ စစ္သားမ်ားက အသက္ရႈၾကပ္သြားေလသည္။ ဒုတိယစစ္သူႀကီးခ်ဳပ္က မိန္းမတေယာက္ကို ထိုးခ်င္ေနတာလား???

ဟန္ရႈက ေဒါသေပါက္ကြဲေတာ့မည့္ပုံေပၚေနကာ ကုယြင္က အျခားေသတၱာႏွစ္လုံးရွိ ေလွ်ာ္ႀကိဳးမ်ားကို စစ္ေဆးလိုက္ၿပီး ေသတၱာေဘးနားတြင္ ‌‌ေတာင့္တင္းစြာ ရပ္ေနေသာ တပ္သားကို ၾကည့္ကာ "ႀကိဳးေတြကို ထားခဲ့၊ ဓားေျမႇာင္ေတြကို ျပန္ယူသြား"

တပ္သားေတြက မလႈပ္ရွားဝံ့ဘဲ ဟန္ရႈ အမိန႔္ေပးတာကို ေစာင့္ေနခဲ့ၾကသည္။ အခ်ိန္အေတာ္ၾကာအၿပီးေနာက္ ဟန္ရႈက တင္းတင္းက်ပ္က်ပ္ ဆုပ္ထားေသာ သူ႔လက္မ်ားကို ေျဖေလ်ာ့လိုက္သည္။ ေနာက္ဆုံးမွာေတာ့ သူက လက္ေဝွ႔ယမ္းျပလိုက္ရာ တပ္သားမ်ားက စိတ္သက္သာရာ ရသြားခဲ့သည္။ သူတို႔က ဓားေျမႇာင္ေသတၱာေပါင္းမ်ားစြာကို သယ္ေဆာင္ကာ ေတာအုပ္ထဲမွ ျပန္ထြက္ခြာသြားသည္။

ဤအမ်ိဳးသမီးက လုံးဝကို ယုတၱိမရွိေပ။ ဟန္ရႈက ျပန္လွည့္ထြက္ဖို႔ ျပင္လိုက္ေပမယ့္ စနစ္တက်မရွိဘဲ ျပန႔္က်ဲေနေသာ ပုံစံ၊ ေလးလံေသာ ေျခလွမ္းမ်ားျဖင့္ သူတို႔ဆီသို႔ ေျပးလာေနေသာ တပ္သားမ်ားကို ျမင္လိုက္ေသာအခါ ဟန္ရႈ၏ မ်က္ႏွာက ခ်က္ခ်င္း မည္းေမွာင္သြားၿပီး ေဒါသတႀကီးျဖင့္ "ဒီတပ္သားေတြ၊ ဘာျဖစ္ေနတာလဲ??? ေႏွးလိုက္တာ!"

တပ္သားသစ္ေတြဆိုရင္ေတာင္ ဒီလိုအရည္အေသြးမ်ိဳး မျဖစ္သင့္ဘူးေလ။ ဒီဒုကၡသည္ေတြက စုမိသားစုစစ္တပ္ထဲကေန ဘယ္တုန္းက ထြက္လာတာလဲ???

ကုယြင္က သူ႔ကို ေဘးေစာင္းၾကည့္ကာ ရယ္ေမာလိုက္ၿပီး "သဲက်င္သုံးဆယ္ကို ခႏၶာကိုယ္မွာ ခ်ည္ၿပီး ဆယ္လီေလာက္ ေျပးၾကည့္စမ္းပါ၊ နင္လည္း အရမ္းျမန္ေနမွာ မဟုတ္ပါဘူး"

ဟန္ရႈက ထိတ္လန႔္သြားၿပီး အနီးကပ္ၾကည့္ဖို႔ မ်က္လုံးေတြကို ျပဴးထားလိုက္သည္။ သူမ ေျပာတာ အမွန္ပင္၊ လူတိုင္း၏ခါးႏွင့္ ေျခေထာက္မ်ားတြင္ သဲအိတ္မ်ား ခ်ိတ္ဆြဲထားသည္။ ဟန္ရႈက ကုယြင္ကို စိုက္ၾကည့္ရင္း "ဘယ္လို ရႈပ္ယွက္ခတ္တဲ့ စစ္ေရးေလ့က်င့္မႈမ်ိဳးကို လုပ္ေနတာလဲ?"

ဒီလူက သူရဲ႕အသံကို မေလွ်ာ့ခ်ႏိုင္ဘူးလား??? သူမ်ားရဲ႕နားစည္ေတြကို နာက်င္ေစတယ္။ ကုယြင္က သူမနား႐ြက္ေတြကို ပ်င္းရိစြာ ပြတ္သပ္ရင္း ရယ္ေမာကာ ျပန္ေျပာလိုက္သည္။ "နင္ မႀကိဳက္ရင္ ခ်က္ခ်င္းထြက္သြားလို႔ရတယ္။ ဘယ္သူမွ နင့္ကို ေစာင့္မၾကည့္ခိုင္းဘူး။ နင္ စိတ္ဝင္တစားလို႔ ၾကည့္ခ်င္ရင္ ငါ့ေဘးနားမွာ ေအးေအးေဆးေဆး မတ္တပ္ရပ္ၿပီး စစ္ေရးေလ့က်င့္မႈလို႔ ေခၚတဲ့ဟာကို ေလ့လာႏိုင္တယ္၊ ဒါေပမယ့္ အက်ည္းတန္တဲ့စကားေတြေတာ့ လာမေျပာနဲ႔၊ ငါ့ရဲ႕ေလ့က်င့္မႈကို ထိခိုက္ေစတယ္"

ကုယြင္၏ ေမာက္မာမႈက ဟန္ရႈကို စိတ္အေႏွာင့္အယွက္ ျဖစ္ေစသည္။ သူက သူ႔ေပါင္ကိုသူ ျပန္႐ိုက္လိုက္ၿပီး ေဒါသတႀကီးနဲ႔ ျပန္ေျပာလိုက္သည္။ "ေကာင္းၿပီ၊ အမွန္အတိုင္း ေျပာရရင္ မိန္းမတစ္ေယာက္က စစ္သားေတြကို ဘယ္လို ေလ့က်င့္ေပးမလဲဆိုတာကို ငါ ၾကည့္ခ်င္တယ္!"

ထိုအခ်ိန္တြင္ အေရွ႕မွ စစ္သည္မ်ားက မူလေနရာသို႔ ျပန္ေရာက္လာၾကသည္။ အရပ္ရွည္ၿပီး အင္အားႀကီးေသာ ဟန္ရႈကို ျမင္လိုက္ေသာအခါတြင္ သူတို႔၏ မ်က္လုံးမ်ားက ခ်က္ခ်င္း ေတာက္ပလာၿပီး "ဟန္ကြပ္ကဲေရးမႉး!"ဟု ေအာ္လိုက္ၾကသည္။ ဟန္ရႈက စစ္ဗိုလ္ခ်ဳပ္ႀကီးစုလင္း၏ လက္ေအာက္မွ အရဲရင့္ဆုံးႏွင့္ အျပင္းထန္ဆုံး ဒုတိယစစ္ဦးစီးခ်ဳပ္ ျဖစ္သည္။ သူတို႔ စုမိသားစုစစ္တပ္ထဲ ဝင္ဖို႔ အေ႐ြးခံရတုန္းက အေဝးကေန တခါပဲ ျမင္ဖူးခဲ့သည္။ အနီးကပ္ၾကည့္လိုက္ေတာ့ သူက ပိုလို႔ေတာင္ သန္မာပုံရသည္။

တျဖည္းျဖည္း တပ္သားေတြက ေတာထဲကို ျပန္ေရာက္လာၾကၿပီး ေသလုေမ်ာပါးျဖစ္ေနပုံရသည္။ သူတို႔က ဟန္ရႈကို ျမင္လိုက္တဲ့အခါ ခ်က္ျခင္းတက္ႂကြသြားၿပီး မတ္မတ္ျပင္ရပ္လိုက္ၾကသည္။ ကုယြင္က မ်က္ခုံးပင့္ကာ ေခါင္းကို အနည္းငယ္ ေမာ့ၿပီး ေအးစက္စြာ ၾကည့္ေနသည္။ ဒီေကာင္ေတြကေတာ့... သူမကို ရင္ဆိုင္ရတုန္းက သူတို႔ ဘာေၾကာင့္ ဒီေလာက္ ေလးေလးစားစား မလုပ္ႏိုင္ၾကတာလဲ?!

ငါ သင္ခန္းစာေပးတာ မလုံေလာက္ေသးလို႔လား???

ဟန္ရႈ၏ျပင္းထန္ေသာ မ်က္လုံးမ်ားက သူတို႔ကို စိုက္ၾကည့္ေနရင္း "တန္းစီ၊ စကားေျပာခြင့္ မေပးဘူး"

"ဟုတ္ကဲ့" စစ္သားငါးရာစလုံးက ခ်က္ခ်င္း တန္းစီၿပီး သပ္သပ္ရပ္ရပ္ မတ္မတ္ရပ္လိုက္ၾကသည္။

ဟန္ရႈက ဂုဏ္ယူဝံ့ႂကြားစြာနဲ႔ ကုယြင္ကို ငုံၾကည့္လိုက္သည္။ သူက သူမ စိတ္ဆိုးေနမည္ ရွက္ေနမည္ဟု ထင္ေနေသာ္လည္း သူမ သူ႔ကို ေအးေအးေဆးေဆး ျပန္ၿပဳံးျပကာ အဖြဲ႕ေရွ႕သို႔ လွမ္းသြားၿပီး ေဒါသသံ မပါေသာ အသံက်ယ္က်ယ္ျဖင့္ "မင္းတို႔ရဲ႕ သဲအိတ္ေတြကို ျပန္ခြၽတ္လို႔ ရၿပီ"

ထိုမွသာလွ်င္ စစ္သည္မ်ားက သူတို႔ကို အမွန္တကယ္ ေလ့က်င့္ေပးေနသူမွာ သူတို႔ေရွ႕မွ နတ္ဆိုးႏွင့္တူေသာ မိန္းမျဖစ္သည္ကို သတိရမိေတာ့သည္။ တပ္သားမ်ားက သဲအိတ္မ်ားကို ခြၽတ္ၿပီးေနာက္ ေရွ႕တည့္တည့္ကို စိုက္ၾကည့္ေနၾကသည္။

❤️❤️❤️Thank you so much for your lovely supports❤️❤️❤️

Continue Reading

You'll Also Like

167K 17K 128
Original Title - 回归的女神 English Title - Return of The Goddess Author - Butterfly's Shadow Beneath the Moon Yue Xia Die Ying 月下蝶影 Chapters -106(complet...
137K 13.3K 121
"မှားယွင်းသော လက်ထပ်ခြင်းမှသည်.....ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၁)" ***MM Translation (Just for fun) "မွားယြင္းေသာ လက္ထပ္ျခင္းမွသည္.....ေကာင...
229K 23.6K 106
ဘာသာပြန်သူ - စွဲညို့အသင်း
2.6K 242 65
History's Strongest Senior Brother Original Writer : August Eagle Part - 1807 Translated by Zin Pyay