အပိုင်း (၁၀၈) စပျစ်သီးဝိုင် ပြုလုပ်ခြင်း
"စိတ်မရှိပါနဲ့ညီအကို ဒီအိမ်က နန်ချောင်းရွာက ပိုင်လီတို့အိမ် မဟုတ်ဘူးလားဗျ"
ချောင်ရန်က ဒါကိုကြားတော့ နန်ချောင်းရွာကလူတွေ မဟုတ်လောက်တာကို သတိထားမိသွားခဲဲ့ပြီး...
"ဟုတ်တာက ဟုတ်ပါတယ် ပိုင်လီကို ဘာလုပ်ဖို့လာရှာကျတာလဲ "
ဤအိမ်က ပိုင်လီ၏အိမ် ဟုတ်တယ်ဆိုသောအခါတွင် ထိုလူများက စိတ်သက်သာသွားကျပုံရသည်။ သူတို့ထဲမှ ခုနကမေးခဲ့သည့်လူကပဲ...
"ဒါကဒီလိုပါ နန်ချောင်းရွာကပိုင်လီက ကျွန်တော်တို့ဆီက အိုးတွေမှာထားလို့ပါ အဲတာလာပို့ပေးတာပါ"
တခြားတစ်ယောက်ကလည်း....
"ကျွန်တော်တို့ဆီကလည်း သကြားတွေ မှာထားလို့ပါ ဒီနေ့ အရောက်ပို့ပေးရမယ်ဆိုလို့ လာပို့တာပါ"
ချောင်ရန်သည် ဒါကိုကြားတော့ ပြဿနာတစ်ခုခုမဟုတ်၍ စိတ်အေးသွားသော်လည်း အံသြတော့သွားခဲ့သေးသည်။ ဒီပိုင်လီဆိုတဲ့ကောင်က မနေ့ကမှ စပျစ်သီးတွေကို ဘာလုပ်မယ်ဆိုပြီး ဖွင့်ပြောခဲ့တာပေမယ့် အကုန်လုံးကို ကြိုစီစဥ်ထားခဲ့တာပဲ။ သူကနောက်ဆုံးမှာ သူ့မိသားစုက သဘောတူရမှာ ကြိုသိထားသလိုနဲ့ အိုးတွေနဲ့ သကြားတွေကိုတောင် မှာထားခဲ့တယ်။
သို့သော် ချောင်ရန်က ထိုလူများ၏နောက်တွင် ဘာမှမမြင်၍ ပစ္စည်းများပါလာပြီလားဟု မေးတော့မည့်အချိန်တွင် ပိုင်အိမ်မှလူများလည်း ရောက်လာခဲ့ကျပြီး သူတို့ အချင်းချင်း ပြောဆိုလာကျကာ...
"အဲဒီ အိုးတွေတင်ထားတဲ့လှည်းတွေက ဘာလုပ်တာလဲမသိဘူး"
"အများကြီးပဲ ဒုတိယရဲ့အိမ်ကို လာတာများလား"
ပိုင်မိသားစုက ပိုင်လီပဲဟုထင်သည်မှာ အဓိပ္ပါယ်မရှိတာတော့မဟုတ်ပေ။ ဒီရွာမှာ ပစ္စည်းတွေကို စုပြုံဝယ်နေတာက သူတို့အိမ်က သားတစ်ယောက်ပဲရှိတာလေ။
ဒါတွေကိုကြားမှ ချောင်ရန်သည် ဤပစ္စည်းလာပို့သည့်လူများက လှည်းများကို လမ်းထောင့်အကွယ်တွင်ထားခဲ့မှန်း သဘောပေါက်သွားပြီး အကုန်လုံးအားအိမ်ထဲခေါ်ခဲ့လိုက်တော့၏။
အဲဒီအချိန်မှာ ရှောင်ဟန်နဲ့ပိုင်လီကလည်း ထွက်လာပြီး ပိုင်လီက လူစိမ်းတွေကိုမြင်ချိန်မှာ သူမှာထားတာတွေ ရောက်လာမှန်း သဘောပေါက်သွားသလို လူစိမ်းတွေကလည်း ပိုင်လီကိုမြင်လိုက်ရ၍ စိတ်အေးသွားခဲ့ကျသည်။
သူတို့က ဘာကြောင့် ပိုင်လီကိုမြင်မှ စိတ်အေးနိုင်လဲဆိုတော့ ပိုင်လီက ပစ္စည်းတွေအများကြီးမှာထားပြီး သူတို့ကို တစ်ဝက်ဖိုးပဲ ငွေချေထားရသေးတာကြောင့်ပါပဲ။
သူတို့က...
"ညီအကိုပိုင်လီ ငါတို့ မင်းမှာထားတာတွေ လာပို့ပေးတာပါ နောက်မကျဘူးမလား"
ပိုင်လီက သူတို့ကိုဖြစ်နိုင်လျှင် မှာထားသည့် ပမာဏ အကုန်လုံးအား ဒီနေ့မနက်ခင်း ရချင်သည်ဟုဆိုခဲ့ကာ အကုန်မရနိုင်လျှင်လည်း ရသလောက်ကို မနက်ခင်းစောစော လာပို့ပေးဖို့ အထူးမှာထားခဲ့တာဖြစ်သည်။
ဒါပေမယ့် ပိုင်လီမှာထားတဲ့စောစောက ဒီလောက်စောစောတော့မဟုတ်ပါဘူး။ ပိုင်လီက ဒီလူတွေက အရမ်းအလုပ်ကြိုးစားတာပဲဟု တွေးမိကာ နောင်တွင်လည်း သူတို့နဲ့ အလုပ်တွဲလုပ်ရန် ဆုံးဖြတ်ခဲ့လိုက်၏။ သူက...
"နောက်မကျပါဘူးဗျာ အရမ်းတောင် စောနေသေးတယ် လာပါ နွေးသွားအောင် ရေနွေးကြမ်းလေး လာသောက်လှည့်ပါဦး မြူတွေထဲ လှည်းမောင်းလာရတာဆိုတော့ အေးနေမှာပဲ"
လူစိမ်းများသည်ပိုင်လီ၏ဖော်ရွေမှုကို လက်ခံခဲ့ကာ ရေနွေးကြမ်း ခွက်တချို့သောက်ပြီးနောက် သူတို့ကပစ္စည်းများကို ပိုင်လီ၏ခြံထဲသို့ သွင်းပေးခဲ့ကျသည်။ အဲတာက အိုးအလွတ်အကြီးကြီးတွေနဲ့ သကြားအိုးကြီးတွေပါပဲ။ ဒီမှာ ဆားအများကြီးဝယ်ရတာ သိပ်မလွယ်ကူပေမယ့် သကြားကတော့ ငွေပေးနိုင်ရင်ရနိုင်တာကြောင့် မှာယူတဲ့နေရာမှာ ပိုင်လီကသိပ်အခက်ခဲမတွေ့ခဲ့ရပေ။
ပိုင်လီက ဒီလူတွေကို ပစ္စည်းလာပို့တဲ့အခါ အရင် တစ်ဝက်ငွေချေထားတဲ့အကြောင်းကို မပြောမိစေဖို့သတိကြိုပေးထားခဲ့ပြီး သူက ပစ္စည်းတွေရဲ့တစ်ဝက်စျေးကိုပဲ မိသားစုရှေ့မှာ ငွေချေခဲ့ပေမယ် သူ့မိသားစုကတော့ အရမ်းများတယ်လို့ ထင်နေကျတုန်းပဲ။ ပိုင်အမေဆိုရင် သူမရင်ဘတ်ကိုတောင် ဖိလို့ထားတယ်။
ပိုင်လီအတွက် ကံကောင်းသွားသည်မှာ ထိုလူစိမ်းများသည် ပေးချေငွေယူပြီးနောက် အချိန်မဆိုင်းဘဲ ပြန်သွားခဲ့ကျခြင်းပင်ဖြစ်သည်။ ပိုင်မိသားစုက ပစ္စည်းဖိုးတွေအကြောင်း ဘာမှတောင် မေးချိန်မရလိုက်ပါဘူး။
ပိုင်အဖေက အိုးအလွတ်တွေနဲ့ သကြားအိုးတွေကိုကြည့်ပြီး သက်ပျင်းချလျက် တည်ငြိမ်နေသောသူ၏ဒုတိယသားကိုကြည့်ကာဖြင့်...
"အဖေပြောမယ် ဒုတိယ မင်းဒါကိုလုပ်မယ်ဆို အကောင်းဆုံးသာလုပ်တော့ အနည်းဆုံးတော့ ကုန်ထားတဲ့ငွေတွေ ပြန်ရမှဖြစ်မယ်"
ပိုင်အမေကလည်း....
"အမှန်ပဲ! မင်းဒါတွေအကုန်လုံးကိုသာ ဆုံးရှုံးလိုက်ရမယ်ဆိုရင် မင်းအမေက အသက်တိုလိမ့်မယ်!"
မော့ဟွာသည် သူမရှေ့ ပေးချေလိုက်သော ငွေများကြောင့် ခေါင်းမူးလျက်ပင်ရှိနေသည်။ သူမက သူမသားကို မယုံတာတော့မဟုတ်ပါဘူး။ ဒါပေမယ့် အကယ်၍များ အဆင်မပြေရင်ဆိုတဲ့ အတွေးကြီးက သူမကိုနှိပ်စက်နေတယ်လေ။
အဲဒီအချိန်မှာ ပိုင်မိန်လေးက သူမအမေကို ဝင်ထိန်းပေးပြီး သူမဒုတိယအကိုဘက်က ကာပြောပေးဖို့သူရဲကောင်းမလေးလို ထွက်လာခဲ့တော့ကာ...
"အမေကလည်း ဘာလို့ နိမိတ်မရှိတာတွေ ပြောရတာလဲ အမေပြန်စဥ်းစားကြည့်လေ အခုတလော ဒုတိယအကိုက အသုံးမဝင်တာတွေ လုပ်တယ်လို့များ အမေတွေ့ဖူးလို့လား အဆင်ပြေမှာပါ သမီးကတော့ ဒုတိယအကိုကိုယုံတယ် ဒါက သေချာပေါက်အဆင်ပြေလိမ့်မယ် ပြီးရင် ငွေတွေအများကြီးပြန်ရလာမှာ"
ဒါကိုကြားတော့ မော့ဟွာသည် ပိုင်မိန်၏လက်ကို ပုတ်လိုက်၍ ဆူပူလိုက်လေသည်။
"မင်းက မင်းရဲ့ဒုတိယအကိုဘက်က နေဖို့ပဲသိတယ် အဲတာကောင်းတယ်ထင်နေလား"
ပိုင်ကျန်းသည်လည်း ပိုင်အမေပြောတာကို ထောက်ခံသည့်တိုင် သူက ပစ္စည်းတွေ အဆင်သင့်ရှိနေတာကတစ်ကြောင်းနှင့် သူ၏ဒုတိယညီကလည်း ဒါကိုစမ်းလုပ်ကြည့်ဖို့ စိတ်ပိုင်းဖြတ်ထားတာကို တွေ့ရသဖြင့် ပိုင်အမေလို ပြောမနေချင်တော့ပေ။
ဒါကြောင့် သူက ဘာလုပ်ရမည်လဲကိုသာ မေးလိုက်ပြီး...
"ဒုတိယ မင်းမနေ့ကပြောတာ ဒီအသီးတွေကိုချေရမှာဆို အသီးတွေကများတယ် ဘာလို့အခုမစသေးတာလဲ"
ပိုင်ကျန်းပြောတာကြားတော့ ပိုင်အမေကလည်း ပွစိပွစိပြောနေတာကို ရပ်လိုက်ပြီး ပစ္စည်းတွေလည်းဝယ်ပြီးမှတော့ စလုပ်တာသာ ကောင်းမည်ဖြစ်ကြောင်း လက်ခံခဲ့လိုက်တော့သည်။
သူတို့က အလုပ်ကြိုးစားတဲ့ လယ်သမားတွေဖြစ်လို့အလုပ်ရှိရင် မြန်မြန်လုပ်တာက ကောင်းမယ်လို့ထင်နေကျပါတယ်။
ဒါပေမယ့် ပိုင်လီကတော့ မြူတွေသိပ်မကွဲသေးတာကိုကြည့်လိုက်ပြီး...
"စလို့က မရတာတော့မဟုတ်ပါဘူး ဒါပေမယ့် အရင်ဆုံး အသီးတွေကိုခြွေပြီး ရေဆေးရမှာဆိုတော့ ရေကိုင်ရမှာလေ ရာသီဥတုက နည်းနည်းအေးနေသေးလားလို့ပါ"
ပိုင်လီက ဤနေရာနှင့်ယှဥ်လျှင် ခေတ်သစ်ဟုပြောနိုင်သည့် နေရာကလာတာဖြစ်ပြီး ကျန်းမာရေးကို ဦးစားပေးချင်ခဲ့သည်။ သူက သူ့ကြောင့် ဘယ်သူမှအအေးမိပြီး ဖျားတာမျိုးလည်း မဖြစ်စေချင်ပါဘူး။
ပိုင်အဖေကိုကတော့ ပိုင်လီစကားကိုကြားတာနဲ့ ရယ်လိုက်၍...
"ငါတို့က အလုပ်ကြမ်းလုပ်တဲ့ လယ်သမားတွေပါ ဒီအချိန် ရေကိုင်ရတာလောက်ကို ထည့်ပြောနေ ဘာမှမဖြစ်ဘူး ဘယ်လိုလုပ်ရမယ်ဆိုတာကိုသာ ပြောတော့"
နောက်ဆုံးတွင် ခေါင်းမာသည့် လယ်သမားကြီးများကို ပိုင်လီကသာ အရှုံးပေးခဲ့ရပြီး သူတို့၏ စပျစ်သီးဝိုင် ပြုလုပ်ခြင်းကို စတင်ခဲ့ရတော့၏။
ယောင်္ကျားသားတွေက စပျစ်သီးတွေကို ခြွေကာ ရေဆေးဖို့တာဝန်ယူခဲ့၍ မိန်းမသားများနှင့်ကောများသည် ရေနွေးတည်ကာ အိုးအလွတ်များကိုရေနွေးနှင့် ပိုးသတ်သန့်စင်သည့်တာဝန်ကို ယူခဲ့ကျသည်။
အကုန်လုံးအလုပ်များနေချိန်မှာ အားလပ်နေတာကတော့ လူသားသေးသေးလေးတွေပါပဲ။ ထိုအားလပ်နေတဲ့ ကလေးသုံးယောက်က စပျစ်သီးတွေဝင်ခြွေလိုက် ရေနေးအိုးတည်တဲ့နေရာမှာ ထင်းတွေကူထိုးလိုက်နဲ့ လိုက်ရှုပ်နဲ့နေကျလို့ သူတို့ကို တစ်ဖက်အဖွဲ့ကိုသွားအောင် နှင်နှင်ထုတ်နေကျရတော့တယ်။
စပျစ်သီးတွေက အရမ်းများတာကြောင့် သူတို့ကအကုန်လုံးကို တစ်ခါထဲ ရေဆေးမထားနိုင်ကျဘူး။ ဘာကြောင့်လဲဆိုတော့ ရေဆေးပြီးရင် ရေစစ်ထားဖို့အတွက် ဝါးနဲ့လုပ်ထားတဲ့ ဗန်းကြီးတွေ အလုံလောက်မရှိတာကြောင့်ဖြစ်ပြီး အဲတာကြောင့်ပဲ တချို့ကိုဆေးအပြီးတွင် ခဏနားလိုက်ကျရသည်။
ပြီးနောက် စပျစ်သီးများ ရေခြောက်သွားချိန်မှ စပျစ်သီးတွေကို ချေဖို့စတင်ခဲ့ကျပြီး ပိုင်လီက အစမှာ စပျစ်သီးများချေဖို့ရန်အတွက် ကျောက်ကြိတ်ဆုံများကို သုံးရင်ကောင်းမလားဟု စဥ်းစားခဲ့သေးသော်လည်း စပျစ်သီးပမာဏက များတာကြောင့် ထိုအရာများအား အသုံးပြုလျှင် အတော်လေးကြာသွားနိုင်သည်ကို စဥ်းစားမိခဲ့သည်။ အဲဒီအစား လက်နဲ့ချေတာကမှ ပိုမြန်နိုင်ပြီး ဒါကြောင့် မတတ်နိုင်ဘဲ လက်နဲ့သာ ချေကျရတော့မှာပါပဲ။
ထို့ကြောင့် ပိုင်လီသည် စပျစ်သီးများ ချေမည့် လူတိုင်းကို လက်ကိုသေချာသန့်စင်စေခဲ့ပြီး စစ်ဆေးခဲ့သေးသဖြင့် အဲတာက လူတိုင်းဆီကနေ သူ့ကိုထူးဆန်းတဲ့အကြည့်တွေနဲ့တောင် ကြည့်လာစေခဲ့တော့၏။
အဲဒီနောက်မှာတော့ လူတိုင်းက စပျစ်သီးများကိုကြိုးကြိုးစားစား ဖိညှစ်ကြိတ်ချေခဲ့ကျပြီး စပျစ်သီးများကများလွန်းတာကြောင့် သူတို့လက်ချောင်းတွေပင် နာကျင်လာခဲ့တော့သည်။
အဖွဲ့ထဲမှ ဟုန်ရင်းနှင့်ချောင်လုပိုင်သည် အရင်ဆုံးထွက်သွားကျသည့်လူများဖြစ်ပြီး လုပိုင်က သူ့လို စာသင်သားတစ်ယောက်က ဘာလို့ ဒီနေရာမှာစပျစ်သီးတွေကို လာချေနေရလဲဆိုတာကို မေးခွန်းထုတ်နေမိခဲ့သည်။ သူ့ရဲ့စုတ်တံကိုင်တဲ့ လက်ချောင်းတွေက နာကျင်နေပြီး သူက ကံတရားကိုမုန်းမိပါတယ်။ မဟုတ်ဘူး ဦးလေးပိုင်အိမ်ကို မရမကလိုက်ပို့ခိုင်းခဲ့တဲ့ သူ့ညီမကို ပိုမုန်းတယ်။
ဟုန်ရင်းကတော့ သူမထသွားတာနဲ့ သူမနောက်ကလိုက်လာသည့် သူမသားကိုကြည့်၍...
"မင်းကြည့် မင်းရဲ့ညီမလေးက ငါးနှစ်ပဲရှိသေးတာတောင် သူမလေးက အခုထိ အသီးတွေကို ချေနေတုန်းပဲ ထပ်ကြည့်ဦး နှစ်နှစ်ပဲရှိသေးတဲ့ ကောငယ်လေးတွေကလည်း အသီးတွေကိုညှစ်နေကျတုန်းပဲ မင်းကရော ငါလက်နာလာလို့ခဏနားတာနဲ့ နောက်ကလိုက်လာတယ် ငါမွေးထားတာ ယောင်္ကျားလေးရောဟုတ်ရဲ့လားလို့ ပြန်စဥ်းစားမိတယ်"
လုပိုင်သည် ထိုစကားများကို မကြားချင်ယောင်သာ ဆောင်နေခဲ့ပေသည်။ သူက သူ့အမေက သူ့ကို မခံချင်အောင်ပြောပြီး အသီးတွေ ထပ်သွားချေအောင် ပြောနေမှန်းသိတာကြောင့် မသိချင်ယောင်ဆောင်နေလိုက်ပြီး ဘာပြောပြော အသီးများချေသည့်အနားကိုထပ်မသွားခဲ့တော့ပေ။
နောက်ထပ် တိုက်ပွဲကျသွားသည်မှာ စပျစ်သီးလုံးလေးတွေအား ပေါက်ထွက်သွားသည်ထိ ဖိညှစ်ရတာကို သဘောတွေ့နေကျသည့် ကလေးလေးသုံးယောက်ဖြစ်ပြီး ထိုကလေးသုံးယောက်နောက်မှာ ထပ်လိုက်လာသူများသည် ချောင်ရန်နှင့်ပိုင်မိန်ပင်ဖြစ်၏။
သိပ်မကြာခင်မှာ ပိုင်လီက ရှောင်ဟန်နဲ့ပိုင်အမေကို နားတော့ဖို့ အတင်းတိုက်တွန်းလိုက်တာကြောင့် စပျစ်သီးချေတဲ့နားမှာ ပိုင်လီနဲ့ ပိုင်အိမ်က ယောင်္ကျားတွေပဲကျန်ရှိတော့ကာ သူတို့လည်း သိပ်မကြာခင် တစ်ယောက်ပြီးတစ်ယောက် လက်မြောက်သွားခဲ့ကျတော့သည်။
သူတို့တွေက သူတို့လက်ချောင်းတွေ ကွေးလို့ဆန့်လို့တောင် မရတော့ဘူးလို့ ခံစားနေကျပြီး အေးအေးဆေးဆေးနှင့် လျှင်လျှင်မြန်မြန် ချေနေနိုင်သည့် ပိုင်လီကိုကြည့်ကာ မလေးစားပဲ မနေနိုင်ကျတော့ပေ။
တကယ်တော့ ပိုင်လီချေတဲ့အမြန်နှူန်းက အရမ်းမြန်ပါတယ်။ သူ့ကိုကြည့်ရတာ လောနေတဲ့ပုံ မပေါ်ပေမယ့် သူ့ရဲ့ကြွေဇလုံကြီးထဲက စပျစ်သီးရေတွေက ခဏလေးနဲ့ ပြည့်ပြည့်သွားတက်ပြီး သူ့ကိုကြည့်ရသည်မှာ သူတို့ခံစားနေကျရသည့် လက်နာသည်ဆိုသောနာကျင်မှုအား ဘာမှန်းတောင် မသိသည့်ပုံ ဖြစ်နေခဲ့သည်။
ပိုင်လီက တကယ်လည်း ဘာမှမခံစားခဲ့ရပါဘူး။ သူက အသီးတွေရဲ့သုံးပုံနှစ်ပုံလောက်ကို တစ်ယောက်ထဲချေခဲ့ပေမယ့် နာကျင်မှုလုံးဝမရှိခဲ့ဘူး။
....................................................................
(AN/ အားလုံးမေ့နေကျပြီး ဒီလောက်အများကြီးချေရတာတောင် ဘာမှမဖြစ်ဘူးလားဆိုပြီး တွေးနေမှာစိုးလို့။ ပိုင်လီမှာ ဝိညာဥ်ကူးပြောင်းရာကပါလာတဲ့ ရွှေလက်ချောင်းလိုမျိုး သာလွန်ခွန်အားရှိတယ်နော်။
ပြီးတော့ လက်ကြီးနဲ့ချေတာလားဆိုပြီးမတွေးပါနဲ့ ပိုင်လီကအသန့်ကြိုက်တဲ့သူမလို့ ခြေထောက်နဲ့မချေတာတောင် တော်တော်ကောင်းနေပါပြီ။🤣 အဲဒီခေတ်မှာဘာမှမရှိဘူးလေနော်။😆
paid ဝင်ချင်တဲ့သူတွေက Fb မှာဆို "ဒီအမျိုးသမီးမှာ ဒေါသတွေမရှိတော့ပါ "ဆိုတဲ့ acc ကိုလာလို့ရပြီး teleမှာဆို @PS12001100 ဆိုတဲ့ username ကိုလာခဲ့လို့ပါတယ်။
အားလုံးပဲ ပျော်ရွှင်ဖွယ် Christmas နေ့လေးကိုပိုင်ဆိုင်ကျပါစေရှင်။
###
အပိုင္း (၁၀၈) စပ်စ္သီးဝိုင္ ျပဳလုပ္ျခင္း
"စိတ္မရွိပါနဲ႕ညီအကို ဒီအိမ္က နန္ေခ်ာင္း႐ြာက ပိုင္လီတို႔အိမ္ မဟုတ္ဘူးလားဗ်"
ေခ်ာင္ရန္က ဒါကိုၾကားေတာ့ နန္ေခ်ာင္း႐ြာကလူေတြ မဟုတ္ေလာက္တာကို သတိထားမိသြားခဲဲ့ၿပီး...
"ဟုတ္တာက ဟုတ္ပါတယ္ ပိုင္လီကို ဘာလုပ္ဖို႔လာရွာက်တာလဲ "
ဤအိမ္က ပိုင္လီ၏အိမ္ ဟုတ္တယ္ဆိုေသာအခါတြင္ ထိုလူမ်ားက စိတ္သက္သာသြားက်ပဳံရသည္။ သူတို႔ထဲမွ ခုနကေမးခဲ့သည့္လူကပဲ...
"ဒါကဒီလိုပါ နန္ေခ်ာင္း႐ြာကပိုင္လီက ကြၽန္ေတာ္တို႔ဆီက အိုးေတြမွာထားလို႔ပါ အဲတာလာပို႔ေပးတာပါ"
တျခားတစ္ေယာက္ကလည္း....
"ကြၽန္ေတာ္တို႔ဆီကလည္း သၾကားေတြ မွာထားလို႔ပါ ဒီေန႕ အေရာက္ပို႔ေပးရမယ္ဆိုလို႔ လာပို႔တာပါ"
ေခ်ာင္ရန္သည္ ဒါကိုၾကားေတာ့ ျပႆနာတစ္ခုခုမဟုတ္၍ စိတ္ေအးသြားေသာ္လည္း အံၾသေတာ့သြားခဲ့ေသးသည္။ ဒီပိုင္လီဆိုတဲ့ေကာင္က မေန႕ကမွ စပ်စ္သီးေတြကို ဘာလုပ္မယ္ဆိုၿပီး ဖြင့္ေျပာခဲ့တာေပမယ့္ အကုန္လုံးကို ႀကိဳစီစဥ္ထားခဲ့တာပဲ။ သူကေနာက္ဆုံးမွာ သူ႕မိသားစုက သေဘာတူရမွာ ႀကိဳသိထားသလိုနဲ႕ အိုးေတြနဲ႕ သၾကားေတြကိုေတာင္ မွာထားခဲ့တယ္။
သို႔ေသာ္ ေခ်ာင္ရန္က ထိုလူမ်ား၏ေနာက္တြင္ ဘာမွမျမင္၍ ပစၥည္းမ်ားပါလာၿပီလားဟု ေမးေတာ့မည့္အခ်ိန္တြင္ ပိုင္အိမ္မွလူမ်ားလည္း ေရာက္လာခဲ့က်ၿပီး သူတို႔ အခ်င္းခ်င္း ေျပာဆိုလာက်ကာ...
"အဲဒီ အိုးေတြတင္ထားတဲ့လွည္းေတြက ဘာလုပ္တာလဲမသိဘူး"
"အမ်ားႀကီးပဲ ဒုတိယရဲ႕အိမ္ကို လာတာမ်ားလား"
ပိုင္မိသားစုက ပိုင္လီပဲဟုထင္သည္မွာ အဓိပ္ပါယ်မရှိတာတော့မဟုတ်ပေ။ ဒီ႐ြာမွာ ပစၥည္းေတြကို စုၿပဳံဝယ္ေနတာက သူတို႔အိမ္က သားတစ္ေယာက္ပဲရွိတာေလ။
ဒါေတြကိုၾကားမွ ေခ်ာင္ရန္သည္ ဤပစၥည္းလာပို႔သည့္လူမ်ားက လွည္းမ်ားကို လမ္းေထာင့္အကြယ္တြင္ထားခဲ့မွန္း သေဘာေပါက္သြားၿပီး အကုန္လုံးအားအိမ္ထဲေခၚခဲ့လိုက္ေတာ့၏။
အဲဒီအခ်ိန္မွာ ေရွာင္ဟန္နဲ႕ပိုင္လီကလည္း ထြက္လာၿပီး ပိုင္လီက လူစိမ္းေတြကိုျမင္ခ်ိန္မွာ သူမွာထားတာေတြ ေရာက္လာမွန္း သေဘာေပါက္သြားသလို လူစိမ္းေတြကလည္း ပိုင္လီကိုျမင္လိုက္ရ၍ စိတ္ေအးသြားခဲ့က်သည္။
သူတို႔က ဘာေၾကာင့္ ပိုင္လီကိုျမင္မွ စိတ္ေအးနိုင္လဲဆိုေတာ့ ပိုင္လီက ပစၥည္းေတြအမ်ားႀကီးမွာထားၿပီး သူတို႔ကို တစ္ဝက္ဖိုးပဲ ေငြေခ်ထားရေသးတာေၾကာင့္ပါပဲ။
သူတို႔က...
"ညီအကိုပိုင္လီ ငါတို႔ မင္းမွာထားတာေတြ လာပို႔ေပးတာပါ ေနာက္မက်ဘဴးမလား"
ပိုင္လီက သူတို႔ကိုျဖစ္နိုင္လွ်င္ မွာထားသည့္ ပမာဏ အကုန္လုံးအား ဒီေန႕မနက္ခင္း ရခ်င္သည္ဟုဆိုခဲ့ကာ အကုန္မရနိုင္လွ်င္လည္း ရသေလာက္ကို မနက္ခင္းေစာေစာ လာပို႔ေပးဖို႔ အထူးမွာထားခဲ့တာျဖစ္သည္။
ဒါေပမယ့္ ပိုင္လီမွာထားတဲ့ေစာေစာက ဒီေလာက္ေစာေစာေတာ့မဟုတ္ပါဘူး။ ပိုင္လီက ဒီလူေတြက အရမ္းအလုပ္ႀကိဳးစားတာပဲဟု ေတြးမိကာ ေနာင္တြင္လည္း သူတို႔နဲ႕ အလုပ္တြဲလုပ္ရန္ ဆုံးျဖတ္ခဲ့လိုက္၏။ သူက...
"ေနာက္မက်ပါဘူးဗ်ာ အရမ္းေတာင္ ေစာေနေသးတယ္ လာပါ ႏြေးသြားေအာင္ ေရႏြေးၾကမ္းေလး လာေသာက္လွည့္ပါဦး ျမဴေတြထဲ လွည္းေမာင္းလာရတာဆိုေတာ့ ေအးေနမွာပဲ"
လူစိမ္းမ်ားသည္ပိုင္လီ၏ေဖာ္ေ႐ြမႈကို လက္ခံခဲ့ကာ ေရႏြေးၾကမ္း ခြက္တခ်ိဳ႕ေသာက္ၿပီးေနာက္ သူတို႔ကပစၥည္းမ်ားကို ပိုင္လီ၏ၿခံထဲသို႔ သြင္းေပးခဲ့က်သည္။ အဲတာက အိုးအလြတ္အႀကီးႀကီးေတြနဲ႕ သၾကားအိုးႀကီးေတြပါပဲ။ ဒီမွာ ဆားအမ်ားႀကီးဝယ္ရတာ သိပ္မလြယ္ကူေပမယ့္ သၾကားကေတာ့ ေငြေပးနိုင္ရင္ရနိုင္တာေၾကာင့္ မွာယူတဲ့ေနရာမွာ ပိုင္လီကသိပ္အခက္ခဲမေတြ႕ခဲ့ရေပ။
ပိုင္လီက ဒီလူေတြကို ပစၥည္းလာပို႔တဲ့အခါ အရင္ တစ္ဝက္ေငြေခ်ထားတဲ့အေၾကာင္းကို မေျပာမိေစဖို႔သတိႀကိဳေပးထားခဲ့ၿပီး သူက ပစၥည္းေတြရဲ႕တစ္ဝက္ေစ်းကိုပဲ မိသားစုေရွ႕မွာ ေငြေခ်ခဲ့ေပမယ္ သူ႕မိသားစုကေတာ့ အရမ္းမ်ားတယ္လို႔ ထင္ေနက်တဳန္းပဲ။ ပိုင္အေမဆိုရင္ သူမရင္ဘတ္ကိုေတာင္ ဖိလို႔ထားတယ္။
ပိုင္လီအတြက္ ကံေကာင္းသြားသည္မွာ ထိုလူစိမ္းမ်ားသည္ ေပးေခ်ေငြယူၿပီးေနာက္ အခ်ိန္မဆိုင္းဘဲ ျပန္သြားခဲ့က်ျခင္းပင္ျဖစ္သည္။ ပိုင္မိသားစုက ပစၥည္းဖိုးေတြအေၾကာင္း ဘာမွေတာင္ ေမးခ်ိန္မရလိုက္ပါဘူး။
ပိုင္အေဖက အိုးအလြတ္ေတြနဲ႕ သၾကားအိုးေတြကိုၾကည့္ၿပီး သက္ပ်င္းခ်လ်က္ တည္ၿငိမ္ေနေသာသူ၏ဒုတိယသားကိုၾကည့္ကာျဖင့္...
"အေဖေျပာမယ္ ဒုတိယ မင္းဒါကိုလုပ္မယ္ဆို အေကာင္းဆုံးသာလုပ္ေတာ့ အနည္းဆုံးေတာ့ ကုန္ထားတဲ့ေငြေတြ ျပန္ရမွျဖစ္မယ္"
ပိုင္အေမကလည္း....
"အမွန္ပဲ! မင္းဒါေတြအကုန္လုံးကိုသာ ဆုံးရႈံးလိုက္ရမယ္ဆိုရင္ မင္းအေမက အသက္တိုလိမ့္မယ္!"
ေမာ့ဟြာသည္ သူမေရွ႕ ေပးေခ်လိဳက္ေသာ ေငြမ်ားေၾကာင့္ ေခါင္းမူးလ်က္ပင္ရွိေနသည္။ သူမက သူမသားကို မယုံတာေတာ့မဟုတ္ပါဘူး။ ဒါေပမယ့္ အကယ္၍မ်ား အဆင္မေျပရင္ဆိုတဲ့ အေတြးႀကီးက သူမကိုႏွိပ္စက္ေနတယ္ေလ။
အဲဒီအခ်ိန္မွာ ပိုင္မိန္ေလးက သူမအေမကို ဝင္ထိန္းေပးၿပီး သူမဒုတိယအကိုဘက္က ကာေျပာေပးဖို႔သူရဲေကာင္းမေလးလို ထြက္လာခဲ့ေတာ့ကာ...
"အေမကလည္း ဘာလို႔ နိမိတ္မရွိတာေတြ ေျပာရတာလဲ အေမျပန္စဥ္းစားၾကည့္ေလ အခုတေလာ ဒုတိယအကိုက အသုံးမဝင္တာေတြ လုပ္တယ္လို႔မ်ား အေမေတြ႕ဖူးလို႔လား အဆင္ေျပမွာပါ သမီးကေတာ့ ဒုတိယအကိုကိုယုံတယ္ ဒါက ေသခ်ာေပါက္အဆင္ေျပလိမ့္မယ္ ၿပီးရင္ ေငြေတြအမ်ားႀကီးျပန္ရလာမွာ"
ဒါကိုၾကားေတာ့ ေမာ့ဟြာသည္ ပိုင္မိန္၏လက္ကို ပုတ္လိုက္၍ ဆူပူလိုက္ေလသည္။
"မင္းက မင္းရဲ႕ဒုတိယအကိုဘက္က ေနဖို႔ပဲသိတယ္ အဲတာေကာင္းတယ္ထင္ေနလား"
ပိုင္က်န္းသည္လည္း ပိုင္အေမေျပာတာကို ေထာက္ခံသည့္တိုင္ သူက ပစၥည္းေတြ အဆင္သင့္ရွိေနတာကတစ္ေၾကာင္းႏွင့္ သူ၏ဒုတိယညီကလည္း ဒါကိုစမ္းလုပ္ၾကည့္ဖို႔ စိတ္ပိုင္းျဖတ္ထားတာကို ေတြ႕ရသျဖင့္ ပိုင္အေမလို ေျပာမေနခ်င္ေတာ့ေပ။
ဒါေၾကာင့္ သူက ဘာလုပ္ရမည္လဲကိုသာ ေမးလိုက္ၿပီး...
"ဒုတိယ မင္းမေန႕ကေျပာတာ ဒီအသီးေတြကိုေခ်ရမွာဆို အသီးေတြကမ်ားတယ္ ဘာလို႔အခုမစေသးတာလဲ"
ပိုင္က်န္းေျပာတာၾကားေတာ့ ပိုင္အေမကလည္း ပြစိပြစိေျပာေနတာကို ရပ္လိုက္ၿပီး ပစၥည္းေတြလည္းဝယ္ၿပီးမွေတာ့ စလုပ္တာသာ ေကာင္းမည္ျဖစ္ေၾကာင္း လက္ခံခဲ့လိုက္ေတာ့သည္။
သူတို႔က အလုပ္ႀကိဳးစားတဲ့ လယ္သမားေတြျဖစ္လို႔အလုပ္ရွိရင္ ျမန္ျမန္လုပ္တာက ေကာင္းမယ္လို႔ထင္ေနက်ပါတယ္။
ဒါေပမယ့္ ပိုင္လီကေတာ့ ျမဴေတြသိပ္မကြဲေသးတာကိုၾကည့္လိုက္ၿပီး...
"စလို႔က မရတာေတာ့မဟုတ္ပါဘူး ဒါေပမယ့္ အရင္ဆုံး အသီးေတြကိုေႁခြၿပီး ေရေဆးရမွာဆိုေတာ့ ေရကိုင္ရမွာေလ ရာသီဥတုက နည္းနည္းေအးေနေသးလားလို႔ပါ"
ပိုင္လီက ဤေနရာႏွင့္ယွဥ္လွ်င္ ေခတ္သစ္ဟုေျပာနိုင္သည့္ ေနရာကလာတာျဖစ္ၿပီး က်န္းမာေရးကို ဦးစားေပးခ်င္ခဲ့သည္။ သူက သူ႕ေၾကာင့္ ဘယ္သူမွအေအးမိၿပီး ဖ်ားတာမ်ိဳးလည္း မျဖစ္ေစခ်င္ပါဘူး။
ပိုင္အေဖကိုကေတာ့ ပိုင္လီစကားကိုၾကားတာနဲ႕ ရယ္လိုက္၍...
"ငါတို႔က အလုပ္ၾကမ္းလုပ္တဲ့ လယ္သမားေတြပါ ဒီအခ်ိန္ ေရကိုင္ရတာေလာက္ကို ထည့္ေျပာေန ဘာမွမျဖစ္ဘူး ဘယ္လိုလုပ္ရမယ္ဆိုတာကိုသာ ေျပာေတာ့"
ေနာက္ဆုံးတြင္ ေခါင္းမာသည့္ လယ္သမားႀကီးမ်ားကို ပိုင္လီကသာ အရႈံးေပးခဲ့ရၿပီး သူတို႔၏ စပ်စ္သီးဝိုင္ ျပဳလုပ္ျခင္းကို စတင္ခဲ့ရေတာ့၏။
ေယာကၤ်ားသားေတြက စပ်စ္သီးေတြကို ေႁခြကာ ေရေဆးဖို႔တာဝန္ယူခဲ့၍ မိန္းမသားမ်ားႏွင့္ေကာမ်ားသည္ ေရႏြေးတည္ကာ အိုးအလြတ္မ်ားကိုေရႏြေးႏွင့္ ပိုးသတ္သန့္စင္သည့္တာဝန္ကို ယူခဲ့က်သည္။
အကုန္လုံးအလုပ္မ်ားေနခ်ိန္မွာ အားလပ္ေနတာကေတာ့ လူသားေသးေသးေလးေတြပါပဲ။ ထိုအားလပ္ေနတဲ့ ကေလးသုံးေယာက္က စပ်စ္သီးေတြဝင္ေႁခြလိုက္ ေရေနးအိုးတည္တဲ့ေနရာမွာ ထင္းေတြကူထိုးလိုက္နဲ႕ လိုက္ရႈပ္နဲ႕ေနက်လိဳ႕ သူတို႔ကို တစ္ဖက္အဖြဲ႕ကိုသြားေအာင္ ႏွင္ႏွင္ထုတ္ေနက်ရေတာ့တယ္။
စပ်စ္သီးေတြက အရမ္းမ်ားတာေၾကာင့္ သူတို႔ကအကုန္လုံးကို တစ္ခါထဲ ေရေဆးမထားနိုင္က်ဘဴး။ ဘာေၾကာင့္လဲဆိုေတာ့ ေရေဆးၿပီးရင္ ေရစစ္ထားဖို႔အတြက္ ဝါးနဲ႕လုပ္ထားတဲ့ ဗန္းႀကီးေတြ အလုံေလာက္မရွိတာေၾကာင့္ျဖစ္ၿပီး အဲတာေၾကာင့္ပဲ တခ်ိဳ႕ကိုေဆးအၿပီးတြင္ ခဏနားလိုက္က်ရသည္။
ၿပီးေနာက္ စပ်စ္သီးမ်ား ေရေျခာက္သြားခ်ိန္မွ စပ်စ္သီးေတြကို ေခ်ဖိဳ႕စတင္ခဲ့က်ၿပီး ပိုင္လီက အစမွာ စပ်စ္သီးမ်ားေခ်ဖိဳ႕ရန္အတြက္ ေက်ာက္ႀကိတ္ဆုံမ်ားကို သုံးရင္ေကာင္းမလားဟု စဥ္းစားခဲ့ေသးေသာ္လည္း စပ်စ္သီးပမာဏက မ်ားတာေၾကာင့္ ထိုအရာမ်ားအား အသုံးျပဳလွ်င္ အေတာ္ေလးၾကာသြားနိုင္သည္ကို စဥ္းစားမိခဲ့သည္။ အဲဒီအစား လက္နဲ႕ေခ်တာကမွ ပိုျမန္နိုင္ၿပီး ဒါေၾကာင့္ မတတ္နိုင္ဘဲ လက္နဲ႕သာ ေခ်က်ရေတာ့မွာပါပဲ။
ထို႔ေၾကာင့္ ပိုင္လီသည္ စပ်စ္သီးမ်ား ေခ်မည့္ လူတိုင္းကို လက္ကိုေသခ်ာသန့္စင္ေစခဲ့ၿပီး စစ္ေဆးခဲ့ေသးသျဖင့္ အဲတာက လူတိုင္းဆီကေန သူ႕ကိုထူးဆန္းတဲ့အၾကည့္ေတြနဲ႕ေတာင္ ၾကည့္လာေစခဲ့ေတာ့၏။
အဲဒီေနာက္မွာေတာ့ လူတိုင္းက စပ်စ္သီးမ်ားကိုႀကိဳးႀကိဳးစားစား ဖိညွစ္ႀကိတ္ေခ်ခဲ့က်ၿပီး စပ်စ္သီးမ်ားကမ်ားလြန္းတာေၾကာင့္ သူတို႔လက္ေခ်ာင္းေတြပင္ နာက်င္လာခဲ့ေတာ့သည္။
အဖြဲ႕ထဲမွ ဟုန္ရင္းႏွင့္ေခ်ာင္လုပိုင္သည္ အရင္ဆုံးထြက္သြားက်သည့္လူမ်ားျဖစ္ၿပီး လုပိုင္က သူ႕လို စာသင္သားတစ္ေယာက္က ဘာလို႔ ဒီေနရာမွာစပ်စ္သီးေတြကို လာေခ်ေနရလဲဆိုတာကို ေမးခြန္းထုတ္ေနမိခဲ့သည္။ သူ႕ရဲ႕စုတ္တံကိုင္တဲ့ လက္ေခ်ာင္းေတြက နာက်င္ေနၿပီး သူက ကံတရားကိုမုန္းမိပါတယ္။ မဟုတ္ဘူး ဦးေလးပိုင္အိမ္ကို မရမကလိုက္ပို႔ခိုင္းခဲ့တဲ့ သူ႕ညီမကို ပိုမုန္းတယ္။
ဟုန္ရင္းကေတာ့ သူမထသြားတာနဲ႕ သူမေနာက္ကလိုက္လာသည့္ သူမသားကိုၾကည့္၍...
"မင္းၾကည့္ မင္းရဲ႕ညီမေလးက ငါးႏွစ္ပဲရွိေသးတာေတာင္ သူမေလးက အခုထိ အသီးေတြကို ေခ်ေနတုန္းပဲ ထပ္ၾကည့္ဦး ႏွစ္ႏွစ္ပဲရွိေသးတဲ့ ေကာငယ္ေလးေတြကလည္း အသီးေတြကိုညွစ္ေနက်တဳန္းပဲ မင္းကေရာ ငါလက္နာလာလို႔ခဏနားတာနဲ႕ ေနာက္ကလိုက္လာတယ္ ငါေမြးထားတာ ေယာကၤ်ားေလးေရာဟုတ္ရဲ႕လားလို႔ ျပန္စဥ္းစားမိတယ္"
လုပိုင္သည္ ထိုစကားမ်ားကို မၾကားခ်င္ေယာင္သာ ေဆာင္ေနခဲ့ေပသည္။ သူက သူ႕အေမက သူ႕ကို မခံခ်င္ေအာင္ေျပာၿပီး အသီးေတြ ထပ္သြားေခ်ေအာင္ ေျပာေနမွန္းသိတာေၾကာင့္ မသိခ်င္ေယာင္ေဆာင္ေနလိုက္ၿပီး ဘာေျပာေျပာ အသီးမ်ားေခ်သည့္အနားကိုထပ္မသြားခဲ့ေတာ့ေပ။
ေနာက္ထပ္ တိုက္ပြဲက်သြားသည္မွာ စပ်စ္သီးလုံးေလးေတြအား ေပါက္ထြက္သြားသည္ထိ ဖိညွစ္ရတာကို သေဘာေတြ႕ေနက်သည့္ ကေလးေလးသုံးေယာက္ျဖစ္ၿပီး ထိုကေလးသုံးေယာက္ေနာက္မွာ ထပ္လိုက္လာသူမ်ားသည္ ေခ်ာင္ရန္ႏွင့္ပိုင္မိန္ပင္ျဖစ္၏။
သိပ္မၾကာခင္မွာ ပိုင္လီက ေရွာင္ဟန္နဲ႕ပိုင္အေမကို နားေတာ့ဖို႔ အတင္းတိုက္တြန္းလိုက္တာေၾကာင့္ စပ်စ္သီးေခ်တဲ့နားမွာ ပိုင္လီနဲ႕ ပိုင္အိမ္က ေယာကၤ်ားေတြပဲက်န္ရွိေတာ့ကာ သူတို႔လည္း သိပ္မၾကာခင္ တစ္ေယာက္ၿပီးတစ္ေယာက္ လက္ေျမာက္သြားခဲ့က်ေတာ့သည္။
သူတို႔ေတြက သူတို႔လက္ေခ်ာင္းေတြ ေကြးလို႔ဆန့္လို႔ေတာင္ မရေတာ့ဘူးလို႔ ခံစားေနက်ၿပီး ေအးေအးေဆးေဆးႏွင့္ လွ်င္လွ်င္ျမန္ျမန္ ေခ်ေနနိုင္သည့္ ပိုင္လီကိုၾကည့္ကာ မေလးစားပဲ မေနနိုင္က်ေတာ့ေပ။
တကယ္ေတာ့ ပိုင္လီေခ်တဲ့အျမန္ႏႉန္းက အရမ္းျမန္ပါတယ္။ သူ႕ကိုၾကည့္ရတာ ေလာေနတဲ့ပုံ မေပၚေပမယ့္ သူ႕ရဲ႕ေႂကြဇလုံႀကီးထဲက စပ်စ္သီးေရေတြက ခဏေလးနဲ႕ ျပည့္ျပည့္သြားတက္ၿပီး သူ႕ကိုၾကည့္ရသည္မွာ သူတို႔ခံစားေနက်ရသည့္ လက္နာသည္ဆိုေသာနာက်င္မႈအား ဘာမွန္းေတာင္ မသိသည့္ပုံ ျဖစ္ေနခဲ့သည္။
ပိုင္လီက တကယ္လည္း ဘာမွမခံစားခဲ့ရပါဘူး။ သူက အသီးေတြရဲ႕သုံးပုံႏွစ္ပုံေလာက္ကို တစ္ေယာက္ထဲေခ်ခဲ့ေပမယ့္ နာက်င္မႈလုံးဝမရွိခဲ့ဘူး။
....................................................................
(AN/ အားလုံးေမ့ေနက်ၿပီး ဒီေလာက္အမ်ားႀကီးေခ်ရတာေတာင္ ဘာမွမျဖစ္ဘူးလားဆိုၿပီး ေတြးေနမွာစိုးလို႔။ ပိုင္လီမွာ ဝိညာဥ္ကူးေျပာင္းရာကပါလာတဲ့ ေ႐ႊလက္ေခ်ာင္းလိုမ်ိဳး သာလြန္ခြန္အားရွိတယ္ေနာ္။
ၿပီးေတာ့ လက္ႀကီးနဲ႕ေခ်တာလားဆိုၿပီးမေတြးပါနဲ႕ ပိုင္လီကအသန့္ႀကိဳက္တဲ့သူမလို႔ ေျခေထာက္နဲ႕မေခ်တာေတာင္ ေတာ္ေတာ္ေကာင္းေနပါၿပီ။ အဲဒီေခတ္မွာဘာမွမရွိဘူးေလေနာ္။😆
paidဝင္ခ်င္တဲ့သူေတြက Fb မွာဆို "ဒီအမ်ိဳးသမီးမွာ ေဒါသေတြမရွိေတာ့ပါ "ဆိုတဲ့ acc ကိုလာလို႔ရၿပီး teleမွာဆို @PS12001100 ဆိုတဲ့ username ကိုလာခဲ့လို႔ပါတယ္။
အားလုံးပဲ ေပ်ာ္႐ႊင္ဖြယ္ Christmas ေန႕ေလးကိုပိုင္ဆိုင္က်ပါေစရွင္။